Chapter 77: The Prosperous Beverage Shop

4.5K 792 31
                                    

Unicode

ရှောင်မိသားစု။

" ဒီဝိညာဉ်ရေးဝိုင်ကို မင်းဘယ်ကရခဲ့တာလဲ? " ရှောင်လင်ဖုန်းက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

" ကျွန်မ ဆိုင်ကိုသွားတော့ ကျင်းဖုန်းကပေးလိုက်တယ်။ " ဝမ်လုက ပြောသည်။

" ကျင်းဖုန်းရဲ့ စီးပွားရေးက ဘယ်လိုလဲ? " ရှောင်လင်ဖုန်းက မေးသည်။

" တော်​တော်ကောင်းပုံရတယ်၊ ကျင်းဖုန်းက သို​လှောင်လက်စွပ်တစ်ကွင်းတောင် ဝယ်ခဲ့တာဆိုတော့ အရမ်းဆိုးမယ်မထင်ဘူး။ "

ရှောင်လင်ဖုန်းက အံ့သြမှုအပြည့်ဖြင့် " ကျင်းဖုန်းက သို​လှောင်လက်စွပ်တစ်ကွင်းတောင် ဝယ်ခဲ့တာလား? "

ဝမ်လုက ခေါင်းညိတ်ပြီး " ဟုတ်တယ်! ဒါပေမယ့် ကုန်ကျစရိတ်က မနည်းသလို အကျိုးကျေးဇူးတွေက အကန့်အသတ်ရှိတယ်လို့ ကျင်းဖုန်းက ပြောတယ်။ "

ရှောင်လင်ဖုန်းက ဝိညာဥ်ဝိုင်တစ်ပုလင်းယူကာ သောက်လိုက်ရင်း ပြောသည်: " အရသာကောင်းပြီး စွမ်းအားလည်း ပြင်းတယ်။ " သို့သော်၊ အဆင့် ၈ ချီကျင့်ကြံသူအနေဖြင့် သူ့အတွက် အကန့်အသတ်ဖြင့် အကျိုးရှိသော်လည်း ၎င်းကို သူတို့၏သားကြီးအားသောက်ရန် ပေးမည်ဆိုလျှင် အကျိုးသက်ရောက်မှုရှိသင့်သည်။

ဝမ်လုက ခေါင်းညိတ်ပြီး " ဟုတ်တယ်! ပြင်ပကဝယ်ယူတဲ့ တန်ဖိုးကြီးဝိညာဥ်အံ့ဖွယ်​ဆေးတွေပါရှိတယ်၊ ဒါ့ကြောင့် ၎င်းက အကျိုးသက်ရောက်မှုရှိတယ်လို့ သူက​ပြောတယ်။ "

" ဒီလိုဆိုရင် ကုန်ကျစရိတ်လည်း မနည်းဘူး! " ရှောင်လင်ဖုန်းက ပြောသည်။

" ဟုတ်တယ်! " ဝမ်လုသည် မူလက ဝိညာဥ်ဝိုင်လုပ်ငန်းကိုလွှဲပြောင်းယူရန် စဉ်းစားခဲ့သော်လည်း ရှောင်ကျင်းဖုန်း၏အဆိုအရ အမြတ်ငွေမှာ များစွာမရှိသောကြောင့် ဝမ်လုသည် ထိုအကြံကို ပယ်ချခဲ့သည်။

" ကျင့်ထျင်ရဲ့သားနှစ်ယောက်ကလည်း ဆိုင်မှာရှိနေတယ်။ သူ့သားအငယ်ဆုံးမွေးတုန်းက သူက ဉာဏ်ရည်မမှီဘူး၊ သူ့တုံ့ပြန်မှုက နည်းနည်းနှေးသွားပေမယ့် သူက မတုံးဘူး။ "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now