Chapter 12: Grapes are sour

5.5K 983 21
                                    

Unicode

ရွှီမုရန် နိုး​လာသောအခါ ​ရှောင်​ရှောင်တုန် နှင့် ​ရှောင်​ရှောင်ဖန် တို့လည်း နိုးလာသည်။ မနေ့က ဝက်သားစားပြီး ညီအကိုနှစ်ယောက်လုံး ခွန်အားတွေရခဲ့၏။

ညီအကိုနှစ်ယောက်က ပြတင်းပေါက်နားမှာ လှဲ​နေပြီး ရွှီမုရန် ထွက်သွားသည်နှင့် ​ရှောင်ကျင့်ထျင်၏ လှုပ်ရှားမှုများကို ​စောင့်ကြည့်​နေကြသည်။

" အစ်ကို၊ သူ ဘာလုပ်နေတာလဲ! " ​ရှောင်​ရှောင်ဖန်က စိတ်ဝင်တစား မေးသည်။

​ရှောင်​ရှောင်တုန်က သူ့ခေါင်း​လေးကို စောင်းလိုက်ပြီး
" ဒါက စပျစ်သီးတွေ စိုက်နေပုံရတယ် " လို့ ပြောလိုက်တယ်။

" စပျစ်သီးစိုက်တာလား? " ​ရှောင်​ရှောင်ဖန်၏ မျက်လုံးနှင့် နှာခေါင်းတို့မှာ တွန့်သွား၏။

" စပျစ်သီး? စပျစ်သီးက ချဉ်တယ်၊ ငါမစားချင်ဘူး။ " ​
ရှောင်​ရှောင်ဖန်က ပါး​လေးဖောင်းကာ ပြောလိုက်သည်။

​ရှောင်​ရှောင်တုန်က တခစ်ခစ်ရယ်ပြီး " သူများက စိုက်ပျိုးထားတာ၊ အဲဒါ မင်းအတွက်မဟုတ်ဘူး၊ မင်းစားချင်ရင်​တောင် မင်းမစားနိုင်ဘူး " လို့ပြောလိုက်တယ်။

​ရှောင်​ရှောင်ဖန်က သူ့ပါးပြင်ကို ပွတ်လိုက်ပြီး ​ရှောင်​ရှောင်တုန်ကိုဒေါသတကြီး ကြည့်လိုက်၏။

​ရှောင်ကျင့်ထျင်က ​ရှောင်​ရှောင်တုန်နှင့် ​ရှောင်​ရှောင်ဖန် ဘက်ကို လှမ်းကြည့်လိုက်၏။ ​ရှောင်​ရှောင်တုန်က ​ရှောင်ကျင့်ထျင်၏ အကြည့်ကိုသတိထားမိလိုက်ကာ ပြတင်းပေါက်ကိုပိတ်ပြီး ​ရှောင်​ရှောင်ဖန်ကို ပြန်ခေါ်သွားသည်။

​ရှောင်ကျင့်ထျင်က တိုးတိတ်စွာပြောလိုက်သည်- နောင်တော်ထားခဲ့တဲ့ အရိပ်က ဖျောက်ဖျက်ဖို့ရန် ခက်ခဲ​နေသေးသည်။ ဖြေးဖြေးချင်းလုပ်မှဖြစ်မယ်။

ရွာကလူတွေက မြို့ကိုသွားချင်ကြပြီး အများစုကတော့ လီမိသားစုရဲ့ နွားလှည်းကို စီးသွားကြရသည်။ ရွှီမုရန်သည်လည်း ချွင်းချက်မဟုတ်​ပေ။ ရွှီမုရန် သားကောင်များကို မရှာဖွေမီကတည်းက ၎င်းတို့အားလုံး လီရှန်၏ နွားလှည်းဖြင့် သွားလာခဲ့ကြသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now