Chapter 33: Villagers' Reactions

5K 893 11
                                    

Unicode

ရှောင်ကျင့်ထျင်သည် ရုတ်တရက် လင်းယုန်အော်သံ ထွက်ပေါ်လာသောအခါတွင် ရှောင်​ရှောင်ဖန်နှင့် ရှောင်​ရှောင်တုန်တို့ကို အလယ်အလတ်လယ်ကွင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

လင်းယုန်ကြီးတစ်ကောင်က ကောင်းကင်မှာ ပျံဝဲနေပြီး ရှောင်ကျင့်ထျင်က သူ့နောက်ကွယ်မှကလေးနှစ်ယောက်ကို ပြင်းထန်တဲ့ရန်သူနဲ့ ရင်ဆိုင်ရသလိုမျိုး ကာကွယ်ပေးခဲ့သည်။

သာမာန်အခြေအနေအရ ရွာထဲကို နတ်ဆိုးသားရဲတစ်ကောင်မှ ဝင်မလာဘူးပေ။ သို့သော် ရှောင်ကျင့်ထျင်သည် ကောင်းကင်ယံ၌ရှိ​သောလင်းယုန်ကြီးအား ကြည့်နေချိန်တွင် ၎င်းကို ချက်ခြင်း သတိပြုမိလိုက်သည်၊ ထိုလင်းယုန်ကြီးသည် ယခင်က စပါးအုံးမြွေနှင့် တိုက်ခိုက်ခဲ့သည့်အ​ကောင်နှင့် အတူတူပင် ဖြစ်သည်။

ထိုနေ့က လင်းယုန်ကြီးသည် ဒေါသတကြီး ဆုတ်ခွာသွားခဲ့သော်လည်း ဒီနေ့တော့ သူတစ်ယောက်တည်း ဖြစ်နေတာကို မြင်ပြီး သူ့ကိုရန်စရန် အပြေးအလွှားပြေးလာသည်ကို မြင်လိုက်ရသည်။

ရှောင်ကျင့်ထျင်သည် လယ်လုပ်ရန်အတွက် လယ်ကွင်းသို့သွားစဉ်တွင် ထိုကဲ့သို့ ကြမ်းတမ်းသော သားရဲတစ်ကောင်နှင့် ကြုံတွေ့ရမည်ဟု မမျှော်လင့်ထားသောကြောင့် သူ၏ဝါးစိမ်းဓားကို ယူဆောင်လာခြင်းမရှိပေ။

ရှောင်ကျင့်ထျင်သည် သူ့လက်ကို ဝှေ့ယမ်းကာ လင်းယုန်ကြီး၏ဝမ်းကို ထိုးဖောက်နိုင်သော ဆူးနွယ်ပင်နှစ်ပင်ကို ပေါက်ဖွားစေခဲ့သည်။ ရှောင်ကျင့်ထျင်က ဒီလိုလုပ်လိုက်တာနဲ့ ဆူးပင်တွေပေါက်တဲ့အရှိန်က ပုံမှန်ထက် နှစ်ဆသုံးဆ ပိုမြန်တာကို သူတွေ့လိုက်ရ၏။ ရှောင်ကျင့်ထျင်သည် ရုတ်တရက် စိတ်ငြိမ်သက်သွားလေသည်။ လင်းယုန်ကြီးသည် ဒဏ်ရာရသွားခဲ့ပြီး သူ၏အဆင့်ကို အခြားအဆင့်တစ်ခုဖြင့် အဆင့်မြှင့်တင်ခဲ့သည်။ မ​တော်တဆမှာမရှိလျှင် သူ့(လင်းယုန်ကြီး) အတွက် အနိုင်ရဖို့အခွင့်အလမ်းတွေ အများကြီးရှိနေတယ်ဆိုတာ အံ့ဩစရာမဟုတ်ပေ။

ရှောင်​ရှောင်တုန်သည် ရှောင်ကျင့်ထျင်၊ လင်းယုန်ငှက်ကြီးနှင့် တိုက်ခိုက်ခြင်းကို ကြည့်ရှုနေကာ သူ့နောက်ကွယ်မှ ရှောင်ရှောင်ဖန်အား ကာကွယ်ရင်း ကြောက်ရွံ့နေပုံရသည်။ ရှောင်​ရှောင်ဖန်သည် ရှောင်ကျင့်ထျင်ကိုကြည့်ရင်း စိတ်လှုပ်ရှားကာ စူးစမ်းချင်စိတ်ဖြင့် မျက်တောင်ခတ်လိုက်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now