Chapter 44: 500-year-old Lieyan Herb

5.2K 918 29
                                    

Unicode

ည​နေခင်းတွင်....

" မုရှူးယွီ၊ မင်းငါ့ကိုရှာနေတာလား!? " ရှောင်ကျင့်ထျင်ကမေးသည်။

မုရှူးယွီက ခေါင်းညိတ်ပြီးပြော၏ " ဟုတ်တယ်၊ မင်းရဲ့ ဒုတိယအစ်ကိုကို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါ့ကို ခေါ်လာပေးတဲ့အတွက် လည်းကျေးဇူးတင်ပါတယ် "

ရှောင်ကျင့်ထျင်က ပြုံးပြီးပြောတယ် " ငါ့အစ်ကိုကိုကူညီဖို့က ငါလုပ်သင့်လုပ်ထိုက်တာပဲလေ။ ငါ့ကို ကျေးဇူးတင်နေစရာမလိုဘူး။ မုရှူးယွီ၊ မင်းကငါ့ကိုဒီအချိန်အတောအတွင်းမှာအများကြီးကူညီပေးခဲ့တယ်၊ ဒါကြောင့်ငါကသာ မင်းကိုကျေးဇူးတင်သင့်တာပါ။ "

မုရှူးယွီသည် ရှောင်ကျင့်ထျင်ကိုကြည့်ကာ ဖြည်းညှင်းစွာပြောသည် " မင်းရဲ့ ဒုတိယအကို အဆိပ်ခတ်ခံရပြီးတဲ့နောက်မှာ သူ့အင်အားကတော်တော်ဆုတ်ယုတ်သွားတယ်။ ခွန်အားဆုတ်ယုတ်မှုသာဖြစ်သွားလျှင် ဘာမှဖြစ်လာ​တော့မည်မဟုတ်ပေ။ မင်းရဲ့ဒုတိယအစ်ကိုက ငယ်သေးတဲ့အတွက် မကြာခင်မှာ သူ့ရဲ့ကျင့်ကြံမှုကို ပြန်ရနိုင်လိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ဒုတိယအစ်ကိုက အဆိပ်ခတ်ခံရပြီး အဆိပ်ကသူ့ကိုယ်တွင်းအင်္ဂါတွေနဲ့ မန်ရိဒန်တွေကို ပျက်စီးစေခဲ့ပြီး သူ့ရဲ့နောက်ထပ်ဖွံ့ဖြိုးမှုဖြစ်နိုင်ခြေကို ဖြတ်တောက်ပစ်လိုက်တယ်။ "

ရှောင်ကျင့်ထျင်က သူမပြောခင် တခဏတာ အံ့အားသင့်သွားသည်။ " ဒါက ဘယ်လိုဖြစ်သွားတာလဲ? "

" သူက သူ့ဘဝမှာ ချီကိုအ​တော်ဆုံးကျင့်ကြံသူအဖြစ်ချင်ဆုံးလို့ ငါထင်ခဲ့တာဆိုတော့ သူ့ကိုမပြောရဲသေးဘူး။ ဒါပေမယ့် မကြာသေးခင်က၊ မင်းအစ်ကိုရဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့မန်ရိဒန်တွေ တဖြည်းဖြည်းနဲ့ ပြန်လည်ပြုပြင်နေတယ်ဆိုတာကို ငါတွေ့ရှိခဲ့တယ်။ ငါခဏ​လောက်စောင့်ကြည့်လိုက်​တော့ မင်းချက်တဲ့ဝိညာဉ်ရေးဝိုင်က အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်တယ်လို့ငါထင်တယ်။ " ဟု မုရှူးယွီက​ပြောသည်။

ရှောင်ကျင့်ထျင် " ...... "

မုရှူးယွီသည် ရှောင်ကျင့်ထျင်ကိုကြည့်ကာ " ဖြစ်နိုင်ရင် မင်းအစ်ကိုအတွက် ဝိညာဥ်ဝိုင်များများ ထားပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ် " လို့ပြောလိုက်၏။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now