Chapter 66: Bad Friends

4.6K 804 20
                                    

Unicode

ရှောင်​ရှောင်ဖန်သည် အရုပ်များစွာဖြင့် သူတို့အိမ်ခြံဝင်းကို ပြန်လာခဲ့သည်။ ရှောင်​ရှောင်ဖန်၏ ပျော်ရွှင်နေသောမျက်နှာကို မြင်လိုက်ရ​သောအခါ ရှောင်ချင်းယန်သည် ဒေါသမထွက်ဘဲမ​နေနိုင်အောင် ဖြစ်သွားသည်။

သူ့သားက ဒဏ်ရာကြောင့် အိပ်ရာထဲမှာ လဲလျောင်းနေသေးပေမယ့် ရှောင်​ရှောင်ဖန်ကတော့ ရှောင်ကျင့်ထျင်နဲ့ ရှောင်ကျင်းဖုန်းတို့နဲ့အတူ အရသာရှိတဲ့ဟင်းလျာတွေကို နှစ်သက်စွာ စားသောက်နေခဲ့တယ်! ရှောင်ကျင့်ထျင်က ဒီအမိုက်အမဲလေးကို သင်ကြားပြသပေးမယ်လို့ ပြောခဲ့ပေမယ့် သူ့သားကို အစားအသောက်ကောင်းကောင်းနဲ့ ကစားစရာအရုပ်တွေ များများစားစား ဝယ်ထားပေးလိုက်တာပဲ ဖြစ်နေတယ်။

ရှောင်ချင်းယန်ကိုမြင်​သောအခါ ရှောင်​ရှောင်ဖန်သည် ရှောင်ကျင့်ထျင်၏နောက်တွင် အလျင်အမြန် ပုန်းနေလိုက်သည်။

ရှောင်​ရှောင်ဖန်သည် ထိုမျှ မလိမ္မာသော်လည်း အားသာချက်များကို မည်သို့ရှာကြံရမည်နှင့် အန္တရာယ်များကို ရှောင်ရှားရန် သဘာဝအားဖြင့် သိနေသေးသည်။ ရှောင်ချင်းယန်သည် အသေးအမွှား ဆက်ဆံရမည့်လူမဟုတ်ကြောင်း သူသိထားသောကြောင့် သူချက်ချင်းပင်သတိရှိလာခဲ့သည်။

ရှောင်ချင်းယန်သည် ရှောင်ကျင့်ထျင်ကို စိုက်ကြည့်ကာ လေးနက်စွာပြောသည်: " တတိယညီ... မင်း စိတ်ထားကကောင်းလိုက်တာ! မင်းရဲ့သားကို သင်ပေးမယ်လို့ ကတိမပေးဘူးလား! ဒါက မင်း သူ့ကို သင်ပေးနေတာလား? "

" အစ်ကိုကြီး... ကျွန်တော် သူ့ကိုသင်ပေးပြီးပြီ။ ကျွန်တော်ပြောထားတယ်၊ သူတပါးကို ထပ်ပြီး အနိုင်ကျင့်ရင်၊ အရသာရှိတဲ့ အစားအသောက်တွေနှင့် ကစားစရာအရုပ်တွေကို ရနိုင်မှာမဟုတ်ဘူးလို့! အခု သူကြောက်နေတယ်၊ မင်းမြင်လား.... ​​သူကိုယ်တိုင်က တခြားသူတွေဆီကနေ ပုန်းအောင်းနေတာပဲလေ။ " လို့ ရှောင်ကျင့်ထျင်က ပြောသည်။

ရှောင်ချင်းယန်က အပြုံးတုကို ပြုံးပြပြီး " မင်း ဘယ်လောက်တောင် တွေးနေတာလဲ တတိယညီ။ "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now