Chapter 83: Accused of Prodigal

4.7K 683 29
                                    

Unicode

ရှောင်အိမ်​တော်တွင်...

" မေမေ၊ ဒီနေ့ အရူးလေးကို တွေ့ခဲ့တယ်။ " ရှောင်ယွဲ့ဖုန်းက စားပွဲမှာထိုင်ရင်း ရုတ်တရက်ပြောလိုက်သည်။

" သူ့ကို ဘယ်မှာတွေ့တာလဲ? " ကျန်း​ဖေးအာက တအံ့တသြဖြင့် မေးလိုက်၏။

" လောင်းကစားအိမ်ထဲမှာ... မေမေ အရူး​လေးက ကျောက်လောင်းဖို့ သွားတယ်။ " ရှောင်ယွဲ့ဖုန်းက ပြောသည်။

ကျန်း​ဖေးအာ ခဏတာ အံ့အားသင့်သွားသည်။ ရှောင်ကျင့်ထျင်သည်ယခင်က ဘာမှလုပ်စရာမရှိလျှင် လောင်းကစားအိမ်သို့ သွားလေ့ရှိသည်။ သူ ဒီတစ်ခေါက်ပြန်ရောက်လာပြီး​နောက် ရှောင်ကျင့်ထျင်က လောင်းကစား သိပ်မလုပ်ခဲ့​ပေ။ မထင်မှတ်ဘဲ အရူးလေးကလည်း လောင်းကစားအိမ်ကိုသွားမယ်လို့ မမျှော်လင့်ထားခဲ့ချေ။ အသက်ငယ်ငယ်​လေးနဲ့ ရှောင်​ရှောင်ဖန်က တကယ်ကြီး လောင်းကစားလုပ်တယ်ပေါ့! အခု ရှောင်ကျင့်ထျင်က ကလေးတွေကို ဘယ်လိုသင်ပေးနေတာလဲ?

" သူတစ်ယောက်တည်းသွားတာလား? " ကျန်း​ဖေးအာက မေးသည်။

" မဟုတ်ဘူး ဒုတိယဦး​လေးက သူနဲ့အတူလိုက်ခဲ့တာ။ " ရှောင်ယွဲ့ဖုန်းက ပြောသည်။

ရှောင်ချင်းယန်သည် ထိုသတင်းကိုကြားသောအခါ ခေါင်းကို မော့ပြီး ရှောင်ယွဲ့ဖုန်းကိုကြည့်ကာ သံသယအချို့ဖြင့် ပြောသည် "အရင်တုန်းက ငွေမရှိရင် ကျောက်လောင်းကစားနဲ့ တခြားလောင်းကစားအိမ်တွေမှာ ပြည့်နေမှာမဟုတ်ဘူးလို့ ပြောကြတယ်။ ငွေထောင်နဲ့ သောင်းနဲ့ချီပြီးသုံးရတဲ့နေရာမျိုးကို မသွားရဲကြဘူး။ အဲ့ဒီအရူးမှာ ပိုက်ဆံအများကြီးရှိတာလား? "

" အရူး​လေးက ကျောက်တုံးတွေ အများကြီးရွေးထားပြီး နောက်ဆုံး ရွေးလိုက်တာက ရှစ်ထောင်ကျော်တန်တယ်၊ အရူးလေးမှာ ငွေသုံးထောင်ရှိတယ်၊ ရှောင်​ရှောင်တုန်က သူ့ကို ငွေသုံးထောင်ပေးတယ်၊ ဒုတိယဦးလေးက သူ့ကို ငွေနှစ်ထောင်ပေးတယ်။ " လို့ ရှောင်ယွဲ့ဖုန်းက ပြောပြလိုက်သည်။

" ငွေရှစ်ထောင်လား? သားလေး မှားနေတာလား? တကယ်က ငွေရှစ်ရာများလား? " ရှောင်ယွဲ့ဖုန်းကို စိုက်ကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် ကျန်း​ဖေးအာက မေးလိုက်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now