Chapter 48: Mu Shuyu Has a Baby

4.9K 904 20
                                    

Unicode

" မုရှူးယွီက ကိုယ်ဝန်ရှိနေတာလား? " ရှောင်ကျင့်ထျင် အရမ်းအံ့သြသွား၏။

ရွှီမုရန်က ခေါင်းညိတ်ပြီး " ဟုတ်တယ်၊ ဆရာဝန်က​ပြောတယ် ကိုယ်ဝန်သုံးလရှိနေပြီ၊ သူအရမ်းပင်ပန်းလို့မူးလဲသွားတာ "

ရှောင်ကျင့်ထျင်သည် ထိုသတင်းကို ကြားလိုက်ရသောအခါတွင် သူအနည်းငယ်စိတ်မ​ကောင်းဖြစ်သွားခဲ့သည်။ မုရှူးယွီသည် ရှောင်ကျင်းဖုန်း၏ အ​ရေးကိစ္စများကို လုပ်​ဆောင်​ပေးခဲ့ပြီး ရှောင်ကျင်းဖုန်း ပိုမိုကောင်းမွန်လာသောအခါတွင် သူသည် လယ်ယာလုပ်ငန်းကို ကူညီပေးခဲ့သည်။ သူသည် နေ့တိုင်း အလုပ်များနေပြီး သူ၏ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားမှသာ ရပ်သွားခဲ့သည်။

ရှောင်ကျင့်ထျင်သည် စိတ်ရှုပ်ထွေးနေသော ရှောင်ကျင်းဖုန်းကို ဘေးသို့ဆွဲထုတ်လိုက်ပြီး " ဒုတိယအစ်ကို၊ မင်း မုရှူးယွီနဲ့ အိပ်ခဲ့တာလား? "

ရှောင်ကျင်းဖုန်းက မပြောမီ ရှက်ရွံ့စွာရယ်မောလိုက်သည်။ " အဲ့ဒီလို ထင်တာပဲ။ "

" မင်း ဘာကိုဆိုလိုတာလဲ၊ ထင်တာပဲက! " ရှောင်ကျင့်ထျင် အံ့ဩသွားသည်။

" လွန်ခဲ့တဲ့ သုံးလလောက်က ကြေးစားအဖွဲ့က အလုပ်တွေအများကြီးလုပ်ခဲ့ပြီး အဲဒီအချိန်က လူတိုင်း အရက်အလွန်အကျွံသောက်ကြတယ်။ မင်းသိပါတယ်၊ အရက်က ငါ့အတွက်တကယ်ပဲ၊ ဒါကြောင့် အနည်းငယ်ထပ်သောက်ခဲ့တယ်။ အဲဒီတုန်းက သူများတွေသောက်ဖို့ ဖြားယောင်းသွေးဆောင်နေတဲ့လူတွေရှိတော့ အားလုံးကပြိုင်ကြတယ်။ ငါလည်း အများကြီးသောက်နိုင်ပေမယ့် နောက်ဆုံးတော့လည်း မူးလာတယ်။ "

" တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့သလားတော့ မသိဘူး၊ ဒါပေမယ့် ဝိုင်တော်တော်များများမှာ aphrodisiac ဆေးတွေပါတယ်။ ငါ တော်​တော်မူးနေပြီမို့ ဘာမှသတိမထားမိဘူး။ "

" ဝိုင်က ပြင်းတယ်၊ ဒါကြောင့် ညသန်းခေါင်မှာ ငါ နာကျင်ကိုက်ခဲလာပြီး မုရှူးယွီကို ငါ့ရင်ခွင်ထဲထည့်ထားလိုက်တယ်။ နောက်တစ်နေ့ ငါနိုးလာ​တော့ ငါ့ဘေးမှာ ဘယ်သူမှမရှိသလို မုရှူးယွီကလည်း ပုံမှန်အတိုင်းပဲ။ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို ရှင်းဖို့ကြိုးစားပေမယ့် မုရှူးယွီက ပုံမှန်အတိုင်းပဲ ပြုမူ​နေတော့... ငါအရမ်းမူးနေပြီး သူနဲ့လိင်ဆက်ဆံဖို့ မက်မောဖွယ်​ကောင်းတဲ့ အိပ်မက်မက်နေတာဖြစ်နိုင်တယ်လို့ ထင်ခဲ့တာ...... "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now