Chapter 15: Villain

5.6K 985 19
                                    

Unicode

ရှောင်ကျင့်ထျင် စပျစ်ခင်းကို ပြုပြင်နေ​သောအချိန်တွင် မဖိတ်ကြားထားသော ဧည့်သည်တစ်ယောက် အိမ်တံခါးဆီသို့ ရောက်လာသည်။

" ညီအစ်ကိုရှောင် ငါမင်းကိုမတွေ့တာကြာပြီ။ " ချောမောသည့်အသွင်အပြင်ရှိသော အမျိုးသားတစ်ဦးက တံခါးဝသို့ လျှောက်လာပြီး ရှောင်ကျင့်ထျင်၏ အပြာရောင်အိမ်ကြီးကို လှမ်းကြည့်လိုက်သည်။

ရှောင်ကျင့်ထျင်သည် ထိုလူကို ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် အနည်းငယ် သတိပေးချက်များဖြစ်​ပေါ်လာသည်။

ယခုရောက်ရှိလာသူ၏ အမည်မှာ ဝမ်အာ့ဟူ ဖြစ်ပြီး မူလပိုင်ရှင်၏ "အကောင်းဆုံးသူငယ်ချင်း" ဖြစ်သည်။ မူလပိုင်ရှင်သည် Xiaoyaosan ဆေးကိုသုံးပြီး၊ လောင်းကစားလုပ်သော​ကြောင့် ဝမ်အာ့ဟူကို ပေးစရာ အကြွေးတစ်ခုရှိနေသည်။ ကံကောင်းထောက်မစွာပဲ သူစောစောရောက်လာခဲ့တယ်၊ မဟုတ်ရင် မူလပိုင်ရှင်က လောင်းကစားရုံမှာ နောက်ထပ်ရက်အနည်းငယ်ကြာအောင်နေမှာ၊ သူ့ခင်ပွန်းနဲ့ ကလေးတွေရဲ့အိမ်နှင့် အရာအားလုံးဆုံးရှုံးသွားမှာကို ငါကြောက်တယ်။

ရှောင်ကျင့်ထျင်သည် မူလပိုင်ရှင်ထံ ဤဝမ်အာ့ဟူ၏ ချဉ်းကပ်မှုသည် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်နိုင်သည်ဟု အမြဲတမ်းခံစားရသလို မူလပိုင်ရှင်သည်လည်း မကောင်းမှုများစွာကို လုပ်ခဲ့၏။

ဝမ်အာ့ဟူသည် ရှောင်ကျင့်ထျင်ကို ကြည့်လိုက်ကာ " ညီအစ်ကိုရှောင် မင်းအိမ်က အရမ်းကောင်းတာပဲ "

ရှောင်ကျင့်ထျင်က ပြုံးကာပြောလိုက်၏
" ဒီနေရာနဲ့ အိမ်က ဘယ်လောက်ပဲ ကောင်းနေပါစေ ဘာမှလုပ်လို့မရဘူး၊ ဒီလောက်ကြီးတဲ့ အခန်းက မြို့ထဲမှာ ပျက်စီးနေတဲ့ အိမ်တစ်လုံးကို ရဖို့မတတ်နိုင်ဘူး "

ရှောင်​ရှောင်ဖန်သည် ရှောင်ကျင့်ထျင်အနားတွင် ရပ်နေပြီး ဝမ်အာ့ဟူကို စူးစူးစိုက်စိုက် ကြည့်နေသည်။

" ညီအစ်ကိုရှောင်၊ ဒါက ရှောင်ဖန်လား... သူကအရမ်းချစ်စရာကောင်းတာပဲ၊ ကံမကောင်းစွာနဲ့ သူက ရူးနေတာပဲ ... " ဝမ်အာ့ဟူက သက်ပြင်းချလိုက်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now