Chapter 90: End of trial

4K 522 33
                                    

Unicode

အချို့သော မိသားစုဝင်များသည် ၎င်းတို့၏မိသားစုများမှ အကြီးအကဲများနှင့် လာကြသည်။ လျှို့ဝှက်နယ်မြေထဲမှ ထွက်လိုက်သည်နှင့် တစ်ယောက်ပြီးတစ်ယောက် မျက်နှာများ ဖြူဖျော့သွားကြသည်။ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်သူအများစုမှာ မိသားစုကြီးများမှ ထူးချွန်သူများဖြစ်သည်။ သူတို့သာ ရုတ်တရက် သေဆုံးသွားပါက မိသားစုသည် နောက်ဆုံးမျိုးဆက် ဆုံးရှုံးရမည်ဖြစ်ပြီး ပြင်းထန်သော အားနည်းချက်များ ဖြစ်ပေါ်လာနိုင်သည်။

နယ်စားခရိုင်အိမ်ကလူတွေက စည်းစနစ်ကျနစွာ ရပ်နေကြသည်။

ရှောင်ကျင့်ထျင်သည် မိသားစုများစွာကဤပြိုင်ပွဲတွင် ပြဿနာရှိပုံပေါက်သည်ကို မြင်နိုင်သော်လည်း ခရိုင်၏ဂုဏ်သိက္ခာကြောင့် ဒေါသနှင့်မပြောဝံ့ကြပေ။

ရှောင်ကျင်းဖုန်းက ရှောင်ကျင့်ထျင်ကို တိုးတိုးလေးပြောပြီး " ဒီတစ်ခါတော့ လျှို့ဝှက်နယ်မြေမှာ ခရိုင်အိမ်က နတ်ဆိုးကျင့်ကြံသူတွေ ရောနှောနေတဲ့လူတွေ အများကြီးရှိပုံရပြီး သေသွားခဲ့ရတာ၊ သူတို့ရဲ့ ဆုံးရှုံးမှုတွေက ကြီးမားတယ်။ "

ရှောင်ကျင့်ထျင်က ခေါင်းညိတ်လိုက်သည်။ ခရိုင်သည် ၎င်းအစိုးရလက်အောက်ရှိ မြို့အသီးသီး၏စွမ်းအားကို အားနည်းစေရန်နှင့် တစ်ဖက်တွင် ခရိုင်၏ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် ဤပြိုင်ပွဲကိုစီစဉ်ခဲ့သည်။ သို့သော် မတော်တဆမှုတစ်ခုရှိပုံပေါ်သော်လည်း ရှောင်ကျင့်ထျင်သည် သူနှင့်ဘာမှမဆိုင်ကြောင်း မကြာမီသဘောပေါက်လိုက်သည်။

" သခင်မ​လေး၊ မှော်ကြာပန်းကို မတွေ့ခဲ့ဘူး။ " အိုးယန်မင်ယွဲ့အနားက ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။

" အဓိပ္ပါယ်မရှိဘူး! " အိုးယန်မင်ယွဲ့ကပြောသည်။

ရှောင်ကျင့်ထျင်သည် အိုးယန်မင်ယွဲ့ကိုမြင်ပြီး အနည်းငယ် အပြစ်ရှိသလိုခံစားလိုက်ရသည်။ အိုးယန်မင်ယွဲ့က တကယ်ကြီး ဒီမှာ စောင့်နေတာပဲ။ ဒီမိန်းကလေးက တကယ်ကိုဒေါသကြီးနေပုံ​ပေါက်​နေသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now