Chapter 61: Finally Home

4.2K 814 19
                                    

Unicode

လမ်းတစ်လျှောက်ရှိ ပြည့်တန်ဆာအိမ်တွေကို ကြည့်လိုက်ရင်း ရှောင်ကျင့်ထျင်၏နှလုံးသားဟာ ရင်းနှီးသောခံစားချက်များနှင့် ပြည့်နှက်နေသည်။

မူလပိုင်ရှင်က တကယ်ကို တပ်မက်​သောလူရှုပ်တစ်ယောက်ပေ။ တစ်မြို့လုံးတွင် သူ့အတွက် အရင်းနှီးဆုံးအရာမှာ အမျိုးမျိုးသော ပြည့်တန်ဆာများဖြစ်သည်။

ရွှီမုရန်က ရှောင်ကျင့်ထျင်ရဲ့ မျက်နှာကိုကြည့်ပြီး " မင်း အဆင်ပြေရဲ့လား? "

ရှောင်ကျင့်ထျင်က သူ့ခေါင်းကို ခါလိုက်ပြီး " အဆင်​ပြေပါတယ်၊ အဆင်​ပြေတယ်။ " မူလခန္ဓာကိုယ်ပိုင်ရှင်သည် ငယ်စဉ်ကတည်းကပင် ပြည့်တန်ဆာခန်းထဲတွင် တစ်နေကုန်နှစ်မြုပ်နေခဲ့သည်ကို အံ့အားသင့်ခဲ့ရသော်လည်း ထိုအချက်က အ​ရေးမကြီးခဲ့ပေ။ ဒီကမ္ဘာက လူတွေဟာ တကယ်ကို ကြံ့ခိုင်တဲ့ရုပ်ပိုင်းဆိုင်ရာ အရည်အ​သွေး​တွေရှိကြသည်။

" ငါတို့ရောက်ခါနီးနေပြီ " ရှောင်ကျင့်ထျင်က ပြောသည်။

ရွှီမုရန်က ခေါင်းညိမ့်လိုက်ကာ " ဟုတ်တယ်! "

ရှောင်အိမ်​တော်တံခါးဝတွင် ရှောင်ယွဲ့ရုန်သည် ပျင်းရိစွာ သမ်းနေသည်။

" အခုထိဘာလို့မလာသေးတာလဲ?! ကျွန်တော်တို့ဘယ်လောက်ကြာကြာစောင့်ရမလဲ?! " ရှောင်ယွဲ့ရုန်သည် ကျန်း​ဖေးအာ၏လက်မောင်းကို ပွေ့ဖက်ကာ ချွဲချွဲနွဲ့နွဲ့ပြုမူကာ လှုပ်ယမ်းလိုက်သည်။

ကျန်း​ဖေးအာသည် ရှက်ကိုးရှက်ကန်းဖြင့် မျက်မှောင်ကြုတ်ကာ " သူတို့ ဘယ်တော့ လာမယ်ဆိုတာ အ​မေလည်းမသိဘူး။ "

ရှောင်ယွဲ့ရုန်က " ရုန်ရုန် အရမ်းပင်ပန်းနေပြီ! "

ဝမ်လုသည် ရှောင်ယွဲ့ရုန်ကို ဂရုစိုက်သောမျက်လုံးများဖြင့်ကြည့်ကာ " ရုန်ရုန်! မင်းပင်ပန်းရင် အရင်သွားအနားယူလိုက်လေ။ "

ရှောင်ယွဲ့ရုန်သည် သူ၏တောက်ပသော မျက်လုံးနက်နက်များကိုမှိတ်ပြီး လိမ္မာပါးနပ်သောအမူအရာနဲ့ ပြောသည်: " ဒုတိယဦး​လေးနဲ့ တတိယဦးလေး ပြန်လာဖို့ဆိုတာ ရှားပါတယ်။ ရုန်ရုန် နည်းနည်းကြာကြာ စောင့်မယ်။ "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now