Chapter 113: Go to sea

523 99 5
                                    

Unicode

အချိန်အတော်ကြာပြင်ဆင်ပြီးနောက် ဆေးဆိုင်ကို နောက်ဆုံးတွင် ဖွင့်လှစ်နိုင်ခဲ့သည်။

ရှောင်ကျင့်ထျင်၏ဆိုင်ရှိဆေးများအားလုံးသည် အဆင့်မြင့်ဆေးများဖြစ်သောကြောင့် ကျွမ်းကျင်သူများစွာအား ချက်ချင်းလာရောက်ဝယ်ယူရန် ဆွဲဆောင်နိုင်ခဲ့သည်။ အချိန်အတော်ကြာကြာအထိ ဆိတ်ငြိမ်ခဲ့သော သဲကန္တာရမြို့သည် အသက်ဝင်ပြီး သာယာဝပြောလာ၏။

အချိန်တွေကုန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်နှစ်ကျော်ကြာသွားခဲ့သည်။

ရှောင်ကျင့်ထျင်သည် မူလက ရှောင်ကျင်းဖုန်းအား သူ၏ အစွမ်းရှိသမျှဖြင့် အုတ်မြစ်ချအဆင့်ရောက်ရန် ကူညီပေးချင်ခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ရှောင်လင်ဖုန်းက သူ့စိတ်ကိုပြုပြင်ပြောင်းလဲလိုက်ပြီး သူ့ရဲ့ အောင်မြင်မှုတွေဟာ အရှိန်အဟုန်နှင့် တိုးတက်လာခဲ့လေသည်။ တစ်နှစ်အတွင်း ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးအများအပြား၏အကူအညီဖြင့် သူသည်ချီကျင့်ကြံဆင့်နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ အုတ်မြစ်ကို အောင်မြင်စွာတည်ဆောက်ပြီးနောက် ရှောင်လင်ဖုန်းသည် အနည်းငယ်နှေးကွေးသွားခဲ့သည်။

ရှောင်ကျင့်ထျင်သည် အုတ်မြစ်ချအဆင့်ကို ခိုင်မာအောင်ပြုလုပ်ရန် နှစ်နှစ်ကျော်အချိန်ယူခဲ့ပြီး ၎င်း၏ကျင့်ကြံဆင့်ကို အစောပိုင်းအုတ်မြစ်ချအဆင့်၏ အထွတ်အထိပ်သို့ တွန်းပို့ခဲ့သော်လည်း အလယ်အလတ်အုတ်မြစ်ချအဆင့်သို့ပင် မရောက်နိုင်သေးပေ။

ရှောင်ကျင့်ထျင်သည် မြေရိုင်းတိုက်ကြီး၏ အရင်းအမြစ်များဟာ အလွန်ညံ့ဖျင်းပြီး တိုးတက်ရန်အတွက် ဝိညာဉ်စွမ်းအား ပိုထူထပ်သောနေရာကို သွားရန်လိုအပ်ကြောင်း နားလည်လာခဲ့သည်။

“ကျင့်ထျင်.. မိန်းကလေးအိုးယန်က သတင်းပို့လိုက်တယ်။ ကုန်သည်သင်္ဘောကြီးရောက်လာပြီတဲ့။ ကုန်သည်သင်္ဘောက မြေရိုင်းတိုက်ကြီးမှာ တစ်လလောက်နေပြီး ပြန်ထွက်သွားမှာ” ဟု ရွှီမုရန်က လှမ်းပြောသည်။

ရှောင်ကျင့်ထျင်က သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး အသက်ပြင်းပြင်းရှူရင်း “နောက်ဆုံးတော့ ဒီနေ့ရောက်လာပြီပဲ!”

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now