Chapter 32: Advancing to the Fourth Level

4.9K 884 6
                                    

Unicode

နံနက်စာစားပြီးနောက် ရှောင်ကျင့်ထျင်သည် လယ်ကွင်းများဆီသို့ အလျင်စလိုမသွားဘဲ အိမ်ထဲသို့ပြန်ဝင်ကာ ကျောက်စိမ်းဆွဲသီးနေရာမှ ကြည်လင်​သောအစေ့တစ်စေ့ကိုထုတ်ကာ ရေနှင့်အတူယူလိုက်သည်။

ရှောင်ကျင့်ထျင် ယခင်က ရရှိရန်ကြိုးပမ်းခဲ့သည့် ကျောက်စိမ်းတိမ်မြက်သည် သူ့မျှော်မှန်းချက်အတိုင်း အမှန်တကယ် ရှင်သန်ခဲ့သည်။ ဝိညာဉ်နွေဦးရေ၏ ရေလောင်းမှုအောက်တွင်မြက်ပင်ကိုစိုက်ပြီးနောက် ရှင်သန်ခဲ့သည်။ ရွှီမုရန်ဒီမနက် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ မျိုးစေ့တွေ ကြွေကျလာသည်။

ရှောင်​ရှောင်တုန်သည် ရှောင်ကျင့်ထျင် အိမ်ထဲသို့ ပြန်ဝင်လာသည်ကိုကြည့်ပြီး လျှို့ဝှက်စွာတွေးလိုက်သည်- ဖေဖေ မရှိတာနှင့်အမျှ သူ့အဖေ ပျင်းလာပြန်သည်။ ထမင်းစားပြီးတာနဲ့ အိမ်ထဲကို ပြန်ဝင်အိပ်နေတယ်။

ရှောင်​ရှောင်တုန်သည် ပန်းကန်များကို သန့်ရှင်းရေးလုပ်လိုက်သည်။

ကျောက်စိမ်းတိမ်မြက်များကိုယူပြီးနောက် ရှောင်ကျင့်ထျင်သည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သောအပူစွမ်းရည်ကိုခံစားလိုက်ရပြီး ရှောင်ကျင့်ထျင်သည် သူ၏အိပ်ရာပေါ်တွင် တရားထိုင်သည့်ပုံစံဖြင့်ထိုင်ကာ သူ့ခန္ဓာကိုယ်ထဲသို့ စွမ်းရည်စီးကြောင်းအဖြစ် လေထဲတွင်ရှိ​သော ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်သည်။ ရှောင်ကျင့်ထျင်သည် သူ့အား အလွန်သက်တောင့်သက်သာဖြစ်စေသော ရေနွေးနွေးတွင် စိမ်ထားသလို ခံစားလိုက်ရသည်။

နှစ်နာရီကြာပြီးနောက် ရှောင်ကျင့်ထျင်သည် စတုတ္ထအဆင့်ချီ ကျင့်ကြံသူဖြစ်လာရန် ရည်မှန်းချက်ကိုအောင်မြင်ခဲ့သည်။

ရှောင်ကျင့်ထျင်သည် သူ့ခန္ဓာကိုယ်ကို ဆန့်ထုတ်ကြည့်လိုက်စဥ်တွင် သူ့ခန္ဓာကိုယ်ရှိခွန်အားသည် ယခင်ကထက် နှစ်ဆ သို့မဟုတ် သုံးဆ ပိုများလာသည်ဟု ခံစားလိုက်ရသည်။

ရှောင်ကျင့်ထျင် တံခါးအပြင်သို့ထွက်ချိန်၌ ယနေ့နံနက်တွင် အသုံးပြုခဲ့သည့် ပန်းကန်များနှင့်တူများအားလုံးကိုရှင်းလင်းပြီးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ရှောင်​ရှောင်တုန်သည် အသီးအရွက်မွှေရန် ခွေးခြေငယ်ပေါ်တွင် ရပ်နေပြီး ရှောင်​ရှောင်ဖန်က မီးထဲသို့ လောင်စာထည့်ပေးနေသည်။ ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ ရှောင်ကျင့်ထျင်ဟာ ​​အပြစ်ရှိသလိုခံစားလိုက်ရ၏။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now