Chapter 86: Going out Together

3.2K 478 13
                                    

Unicode

ရှောင်ကျင့်ထျင်နှင့် အခြားသူများ ထွက်ခွာသွားသော်လည်း ရှောင်ကျင့်ထျင်နှင့် ရှောင်ကျင်းဖုန်းတို့သည် အဆင့် ၆ ချီကျင့်ကြံသူများဖြစ်လာကြောင်း ရှောင်မိသားစုထံ သတင်းကပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

ထိုသတင်းကိုရရှိပြီးနောက် ဝမ်လုသည် သူမသားနှစ်ယောက်၏ ခင်ပွန်းများဖြစ်သော ရွှီမုရန်နှင့် မုရှူးယွီကို ချက်ချင်းဆက်သွယ်မေးမြန်းခဲ့သည်။

" ရှောင်ဖန်၊ သူက ကျောက်​လောင်းရင်း ဝိညာဥ်ပုတီးစေ့ကို ရခဲ့တာက အမှန်ပဲလား? "

ရွှီမုရန်က ခေါင်းညိတ်ပြီး " ဟုတ်ပါတယ်၊ ရှောင်ဖန်က ကံကောင်းပြီး ကျောက်​လောင်းရင်း ဝိညာဥ်ပုတီးစေ့ကိုရခဲ့တဲ့အတွက် ကျင့်ထျင်က တစ်ယောက်ယောက်ကို စာငှက်သစ်ခွပန်းနဲ့ လဲလှယ်ပေးဖို့ တောင်းဆိုခဲ့တယ်။ "

" ဒီလောက် အဖိုးတန်တဲ့ ဝိညာဉ်ပုတီးစေ့ကို စာငှက်သစ်ခွပန်းနဲ့ လဲလှယ်လိုက်တာ၊ မင်းတို့တွေ လွဲချော်ကုန်ပြီ။ " ကျန်း​ဖေးအာက အံ့သြထိတ်လန့်စွာဖြင့်ပြောလိုက်သည်။

ရွှီမုရန်က ခေါင်းညိတ်ပြီး " ဒါပေမယ့် သူက မကြာခင် ပြိုင်ပွဲဝင်ရတော့မှာ မဟုတ်ဘူးလား? ဒီပြိုင်ပွဲက အရမ်းအန္တရာယ်များတယ်လို့ အဖေကပြောခဲ့တယ်။ အဆင့် ၅ ချီကျင့်ကြံသူတွေက ကိုယ်ကိုကိုယ် ကာကွယ်ဖို့ခက်ခဲတယ်လေ! ကျင့်ထျင်က စာငှက်သစ်ခွပန်းနဲ့ ဝိညာဉ်ပုတီးစေ့ကို အစားထိုးလဲလှယ်ဖို့ အတင်းအကြပ်တွန်းအား​ပေးခဲ့ရတာ၊ အကယ်၍ ဒီလိုပြိုင်ပွဲ နီးကပ်လာတာကြောင့်သာ မဟုတ်ရင် သူက ဒီလိုအဖိုးတန်တဲ့အရာကို စွန့်လွှတ်မှာမဟုတ်ဘူး။ "

ဝမ်လုက " မင်း ဒီကိစ္စကို ငါနဲ့ ဆွေးနွေးသင့်တယ်။ " လို့ရှုံ့မဲ့ကာပြောလိုက်သည်။

ရွှီမုရန်က ခေါင်းညိတ်ပြီး " အရင်က ဒီလိုလုပ်ဖို့ပါပဲ။ ဒါပေမယ့် ကျင့်ထျင်က အဖေနဲ့အမေကို ရှာဖို့လာတဲ့အချိန် အ​မေတို့ကအဲဒီမှာ မရှိတော့ဘူး။ ကျင့်ထျင်ရဲ့ တွေ့ရှိချက်အရ စာငှက်သစ်ခွပန်းက အလွန်အဖိုးတန်ပြီး သူစောင့်ဆိုင်းပါက အခြားသူတစ်ဦးအား ရောင်းချမယ်လို့​ပြောတယ်... ဒါ့ကြောင့် ကျင့်ထျင်က ခွင့်ပြုချက်မရှိဘဲ ဆုံးဖြတ်ချက်ချရန်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ဘူး​လေ။ "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now