Chapter 69: Partiality

4.1K 773 17
                                    

Unicode

" အကိုကြီး၊ မင်းက တော်​တော်သိတာပဲ၊ ကျွန်တော် ဝိညာဥ်စေတီကို ဝယ်ပြီးတာမကြာ​သေးဘူး... မင်းကအခုသိ​နေပြီ။ " ရှောင်ကျင့်ထျင်က လှောင်ရယ်လိုက်သည်။

" မင်းလို ဖောက်သည်ကြီးတွေ အများကြီးမရှိဘူးလေ။ ဒါကြောင့် လူတွေက အဲဒီအကြောင်းကိုပြောရတာ သဘောကျကြပြီး သဘာဝအတိုင်း သတင်းတွေမြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားတာ​ပေါ့...။ " လို့ ရှောင်ချင်းယန်က ပြောသည်။

ရှောင်ချင်းယန်က သူ့ဘာသာ​တွေး​နေမိသည်: ရှောင်ကျင့်ထျင်က မှော်ကိရိယာကို အရစ်ကျဝယ်ယူခဲ့ပြီး ကျန်ငွေကိုပေးဆောင်ဖို့ရန် သူ့မိဘများကို အားကိုးရမည်ဖြစ်သည်။ သူ့မိဘတွေက ပိုက်ဆံမပေးရင် ရှောင်ကျင့်ထျင်ကိုထိုဆိုင်က ဖမ်းဆီးပြီး ထောင်ချလိမ့်မယ်။ ဟုတ်ပါတယ်၊ သူ့မိဘတွေက ဘာမှမလုပ်ဘဲ​နေမှာမဟုတ်ဘူး။ သူ့မိဘများထံမှ လစဉ်ထောက်ပံ့ကြေးမှာ ဝိညာဉ်ကျောက်စိမ်း၅ခု ဒါမှမဟုတ် ၆ခု၊ ငွေတစ်​ထောင် သို့မဟုတ် နှစ်ထောင်သာရှိပြီး ပေါင်းလိုက်ရင် ငွေသုံးထောင်လောက်သာရှိသည်။

ရှောင်ကျင့်ထျင်သည် ဤမှော်ကိရိယာကိုဝယ်ယူ​သော်လည်း လစဉ်ငွေတစ်သောင်းပြန်ပေးရသည်။ ရှောင်ကျင့်ထျင်က သူ့မိဘတွေကို ဒီကိရိယာအတွက် ပိုက်ဆံသုံးခိုင်းမှာလား? လက်မခံနိုင်စရာပါပဲ။

ဝမ်လုသည် ရှောင်ကျင့်ထျင်ကိုကြည့်ပြီး သက်ပြင်းချကာ " ကျင့်ထျင်၊ မင်းကတော်ရုံတန်ရုံလုပ်​ပေါ့။ ငွေတွေအများကြီးကို ဘယ်လိုသုံးလိုက်တာလဲ? မင်းငွေတွေကို နောက်ပိုင်းမှာ ဘယ်လိုပြန်ဆပ်ဖို့ စီစဉ်ထားလဲ? "

ရှောင်ကျင့်ထျင်က ဖြည်းညှင်းစွာပြောသည်: " ကျွန်တော့်အတွက် လယ်မြေအချို့ကိုခွဲပေးဖို့ ဖေဖေနဲ့မေမေကို တောင်းဆိုဖို့စီစဥ်ထားပါတယ်။ ကျွန်တော် တုချိုးရွာမှာတုန်းက နေထွက်ချိန်မှာအလုပ်လုပ်ပြီး နေဝင်ချိန်ကျမှ အနားယူလေ့ရှိတယ်။ အခုချိန်မှာ ဘာမှလုပ်စရာမရှိလို့ ဘဝက အသုံးမကျဘူးလို့ ခံစား​နေရပါတယ်။ မေမေ၊ ကျွန်တော့်ကို လယ်မြေနည်းနည်းပါးပါးပေးပါ၊ ကျွန်တော်လယ်လုပ်ပြီးတော့ ပိုက်ဆံပြန်ဆပ်ရမယ်။ "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now