Chapter 56: Xiao Family's News

4.4K 851 13
                                    

Unicode

မုရှူးယွီသည် ကလေးအား ပွေ့ချီလျက် ရှောင်ကျင်းဖုန်းဆီသို့ လမ်းလျှောက်သွားနေသည်။ သူသည် ကော သားငယ်လေးကို မွေးဖွားခဲ့သော်လည်း ရှောင်ကျင်းဖုန်းသည် ဤသားကို အရမ်းချစ်ခဲ့ပြီး မုရှူးယွီကို အလွန်ပျော်ရွှင်စေခဲ့သည်။

" ထပ်သောက်ပြန်ပြီ.... မင်းဆီကဝိုင်နံ့ရ​နေပြီ။ သားက မင်းကို မထီမဲ့မြင်ပြုလိမ့်မယ်။ "လို့ မုရှူးယွီက ပြုံးပြီးညည်းညူလိုက်သည်။

" ဘာလို့ ငါ့ကိုဒီကိစ္စအတွက် အပြစ်တင်နေတာလဲ? အပြစ်တင်လို့ရတဲ့ တစ်ခုတည်းသော အရာကတော့ မုရန်ရဲ့ဝိုင်တွေ ပိုကောင်းလာပြီး သောက်ရတာ သက်တောင့်သက်သာ ရှိစေတာပဲ။ "လို့ ရှောင်ကျင်းဖုန်းက ပြောသည်။

မုရှူးယွီက ခေါင်းညိတ်ပြီးပြောလိုက်သည်။ " ဒါအမှန်ပဲ! "

အိမ်မှာချက်သည့် အကောင်းဆုံးဝိုင်ကို မိသားစု သောက်ဖို့ သီးသန့်ထားပြီး ရောင်းချသည့်ဝိုင်ကို သူတို့သပ်သပ်ဖယ်ထုတ်ထားခဲ့သည်။ ရောင်းရန်ဖယ်ထုတ်ထား​သော ဝိုင်များသည်ပင် ဖုန်းချန်မြို့တွင် အကြီးအကျယ် လှုပ်ခတ်သွားစေခဲ့သည်။ သူတို့မိသားစု မြန်မြန်တိုးတက်ရခြင်းအကြောင်းမှာ ဤဝိညာဥ်ဝိုင်ကို မကြာခဏ သောက်သောကြောင့်ဖြစ်သည်။

" ငါ သူ့ကို ချီထားပေးမယ်။ " ရှောင်ကျင်းဖုန်းသည် သူ့လက်ကို မုရှူးယွီဆီသို့ ဆန့်လိုက်သည်။

မုရှူးယွီက သူ့လက်ထဲမှကလေးကို ရှောင်ကျင်းဖုန်းကို ပေးလိုက်သည်။

" ရှောင်ဖူက အရမ်းချစ်စရာကောင်းတယ်။ သူ့နှာခေါင်းလေးက ငါနဲ့တူတယ်။ " ရှောင်ကျင်းဖုန်းသည် အပြုံးများဖြင့် ပြည့်နေသည်။

မုရှူးယွီသည် ရှောင်ကျင်းဖုန်းကိုကြည့်ကာ " သူကြီးပြင်းလာတဲ့အခါ မင်းလိုအရက်သမားမဖြစ်လာ​စေဖို့ ငါမျှော်လင့်ပါတယ်။ "

ရှောင်ကျင်းဖုန်းက ရှက်ရွံ့စွာ ပြုံးလိုက်သည်။

ရှောင်​ရှောင်ဖူသည် ရှောင်ကျင်းဖုန်း၏ ပါးစပ်ဆီသို့မှီ၍ ညင်သာစွာ ရှူရှိုက်လိုက်သည်။ ရှောင်ကျင်းဖုန်းက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။ " ငါ့ခန္ဓာကိုယ်က အနံ့ကောင်းတယ်၊ ဒါကြောင့် ငါတို့သားက အဲဒါကိုအရမ်းကြိုက်တာ! "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now