♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠...

Por Neko_san_ZP

1.4M 159K 7.2K

Zawgyi and Unicode Started date: 1.3.2020 End date:???? "မင္း အမဲလိုက္ရတာကို ႀကိဳက္လား" "မေျပာတတ္ဘူး ဒါေပမယ့္... Más

မိတ္ဆက္(မိတ်ဆက်)
Arc-1.1 (ဝမ်နင်ရဲ့)
Arc-1.2 (ဝမ်နင်ရဲ့)
Arc-1.3 (ဝမ်နင်ရဲ့)
Arc-1.4 (ဝမ်နင်ရဲ့) 🔞
Arc-1.5 (ဝမ်နင်ရဲ့)
Arc-1.6 (ဝမ်နင်ရဲ့)
Arc-1.7 (ဝမ်နင်ရဲ့)
Arc-1.8 (ဝမ်နင်ရဲ့)
Arc-1.9 (ဝမ်နင်ရဲ့)
Arc-1.10 (ဝမ်နင်ရဲ့)
Arc-1 END(ဝမ်နင်ရဲ့)
Arc-2.1 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.2 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.3 (တော်ဝန်ပြည့်တန်ဆာရှောင်) 🔞
Arc-2.4 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc.2.5(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.6(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.7(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.8(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.9(ေ႐ွာင္ရမ္ဟြာ)
Arc.2.10(ေ႐ွာင္ရမ္ဟြာ)
Arc.2.11(ေ႐ွာင္ရမ္ဟြာ)
Arc.2.12(ေ႐ွာင္ရမ္ဟြာ)
Arc.2.13 - End (ေ႐ွာင္ရမ္ဟြာ)
Arc.3.1(ဖန္ခ်င္ယီြဘဝ)
Arc.3.2(ဖန္ခ်င္ယီြဘဝ)
Arc.3.3(ဖန္ခ်င္ယီြ)
Arc.3.4(ဖန္ခ်င္ယီြဘဝ)
Arc.3.5(ဖန္ခ်င္ယီြဘဝ)
Arc.3.6(ဖန္ခ်င္ယီြဘဝ)
Youngest GOD!
Arc.3.7(ဖန္ခ်င္ယီြဘဝ)
Arc.3.8(ဖန္ခ်င္ယီြဘဝ)
Arc.3.9(ဖန္ခ်င္ယီြဘဝ)🚫
Arc.3.10(ဖန္ခင္ယီြဘဝ)
Arc.3.11(ဖန္ခ်င္ယီြ ဘဝ)
Arc 3.12(ဖန္ခ်င္ယီြ ဘဝ End)
The seven gods
Arc.4.1(နဥ္ရြယ္လ်န္႔ ဘဝ)
Arc4.2(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.3(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.4(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.5(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.6(နဥ္ရြယ္လ်န္႔ဘဝ)
Arc 4.7(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.8(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.9(နဥ္ရြယ္လ်န္္ဘဝ)
Arc.4.10(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.11(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.12(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.13(နဥ္ရြယ္လ်န္႔ရဲ႕ဘဝ)
Arc.4.14(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.15(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.16(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.17(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.18(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.19(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.20(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.21(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.22(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.23(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4 End(နဥ္ရြယ္လ်န္႔ဘဝ)
Arc-5.1(The Sun's Tears)
plz read
Arc-5.2(The Sun's Tears)
Arc-5.3(The Sun's Tears)
Arc-5.4(The Sun's Tears)
Arc-5.5(The Sun's Tears)
Arc-5.6(The Sun's Tears)
Arc-5.7(The Sun's Tears)
Arc-5.8(The Sun's Tears)
Arc-5.9(The Sun's Tears)
Arc-5.10(The Sun's Tears)
Arc-5.11(The Sun's Tears)
Arc-5.12(The Sun's Tears)
Arc-5.13(The Sun's Tears)
Arc-5.14(The sun's Tears)
Arc-5.15(The sun's Tears)
Arc-5.16(The sun's tears)
Arc-5 End(The sun's tears)
Arc-6.1(နန္းက်အ႐ွင္ၾကင္ယာေတာ္)
Arc-6.2(နန္းက်အ႐ွင္ၾကင္ယာေတာ္)
Arc-6.3(နန်းကျအရှင်ကြင်ယာတော်)
Arc-6.4(နန်းကျအရှင်ကြင်ယာတော်)
Arc-6.5(နန်းကျအရှင်ကြင်ယာတော်)
Arc-6.6(နန်းကျအရှင်ကြင်ယာတော်)
Arc-6.7(နန်းကျအရှင်ကြင်ယာတော်)
Arc-6.8(နန်းကျအရှင်ကြင်ယာတော်)
Arc-6.9(နန်းကျအရှင်ကြင်ယာတော်)
Arc-6.10(နန်းကျအရှင်ကြင်ယာတော်)
Arc-6.11(နန်းကျအရှင်ကြင်ယာတော်)
Arc-6.12(နန်းကျကြင်ယာတော်)
Arc-6.13(နန်းကျကြင်ယာတော်)
Arc-6.14(နန်းကျအရှင်ကြင်ယာတော်)
Arc-6.15(နန်းကျအရှင်ကြင်ယာတော်)
Arc-6.17(နန်းကျအရှင်ကြင်ယာတော်)
Arc-6.18(နန်းကျအရှင်ကြင်ယာတော်)🚫
Arc-6.19🚫(နန်းကျအရှင်ကြင်ယာတော်)
Arc-6 The End(နန်းကျအရှင်ကြင်ယာတော်)
Arc-7.1(S Rank Guide)
about Guideverse

Arv-6.16(နန်းကျကြင်ယာတော်)

2.8K 357 14
Por Neko_san_ZP

Zawgyi

ခ်င္းယုေယာင္က ေတာထဲကေန တေ႐ြ႕ေ႐ြ႕ထြက္လာၿပီးေနာက္မွာ လွည္းတစ္စင္းကို ထူးဆန္းစြာေတြ႕လိုက္သည္၊လွည္းထဲကေန တတိယမင္းသားထ်န္းလုံနဲ႕ရွင္းလု႐ုံက ထြက္လာေတာ့သည္၊

ထ်န္းလုံက စိုးရိမ္သြားၿပီး အနားေရာက္လာခ်ိန္မွာ ထ်န္းမင္က ခါးမတ္လာၿပီး ဘာမွမျဖစ္သလိုျပဳမူလာတာေၾကာင့္ ခ်င္းယုေယာင္မွာေၾကာင္အသြားေတာ့သည္၊

"အစ္ကိုေတာ္ ထိခိုက္ဒဏ္ရာရသြားေသးတာလား"

"မရပါဘူး နည္းနည္းပါးပါး သ႐ုပ္ေဆာင္ေပးလိုက္႐ုံပဲ"ထ်န္းမင္က ရယ္ေမာရင္းေျပာလာေတာ့သည္၊ထ်န္းလုံက ထ်န္းမင္အေနာက္က ေဒါသထြက္ေနတဲ့သူ႕မရီးေတာ္ကို တစ္ခ်က္ၾကည့္ရင္း ရွင္းလု႐ုံနားကပ္သြားလိုက္ၿပီး ေျပာလိုက္သည္၊

"ဒါဆို ညီေတာ္တို႔ သြားရေအာင္"

"ခင္ဗ်ားက တစ္ခ်ိန္လုံးဟန္ေဆာင္ေနတာေပါ့" ခ်င္းယုေယာင္ရဲ႕ေအးစက္စက္ေလသံေလးထြက္ေပၚလာခ်ိန္မွာ ထ်န္းမင္က မ်က္ႏွာငယ္နဲ႕ျဖစ္သြားေတာ့သည္၊ထ်န္းလုံကလည္း ရွင္းလု႐ုံကိုေခၚၿပီး လွည္းေပၚကိုတက္သြားႏွင့္ၿပီးၿပီ၊သူ႕မရီးရဲ႕ေဒါသေတြေတာ့ သူတို႔အတြဲဆီ အလာမခံနိုင္ေပ၊

'အေတာ္ေကာင္းတဲ့ညီ' ထ်န္းမင္က ထ်န္းလုံကို စိတ္ထဲကေနသာက်ိန္ဆဲလိုက္ေပမယ့္ အျပင္ပန္းမွာေတာ့ ခ်င္းယုေယာင္ကို ရွင္းျပေနေတာ့သည္၊

"အစတည္းက ကိုယ္နဲ႕ထ်န္းရိ အစီအစဥ္ေတြခ်မွတ္ၿပီးသားေလ...အဲ့တာေၾကာင့္ သူတို႔ေရွ႕မွာ ကိုယ္ဒဏ္ရာရမွျဖစ္မွာ... "

ထ်န္းမင္စကားေၾကာင့္ ခ်င္းယုေယာင္ကမ်က္ေမွာင္ၾကဳတ္ရင္း ထ်န္းမင္ကိုစိုက္ၾကည့္လိုက္သည္၊ထို႔ေနာက္မွာ မေက်နပ္စြာ ႏွာမႈတ္လိုက္ၿပီး ေဘးကေန ျဖတ္သြားကာ လွည္းထဲဝင္သြားေတာ့သည္၊ထ်န္းမင္ကလည္း အေနာက္ကေနလိုက္ရင္း လွည္းထဲဝင္ကာ ခ်င္းယုေယာက္ကို လိုက္လံေျဖရွင္းေနေတာ့သည္၊

ထ်န္းလုံကေတာ့ မသိခ်င္ေယာင္ေဆာင္လိုက္ၿပီး လွည္းေမာင္းသူေနရာကိုယူလိုက္ၿပီး လွည္းကိုစတင္ေမာင္းေတာ့သည္၊ရွင္းလု႐ုံကလည္း အူတူတူေလးၿပဳံးေနၿပီး ထ်န္းမင္က ခ်င္းယုေယာင္ကို ရွင္းျပသမွ်ကို ေခါင္းေလးတစ္ညိတ္ညိတ္နဲ႕သာ ေထာက္ခံေပးေနေတာ့သည္၊

"ဒါဆို အစီအစဥ္ကို ယုေယာင္တစ္ေယာက္တည္းပဲ မသိတာေပါ့...အရွင့္ရင္ထဲမွာ ယုေယာင္က အေရးမပါဘူးေပါ့" ရွင္းျပေလေလ ပိုဆိုးလာေလေလျဖစ္လာခ်ိန္မွာ ရွင္းလု႐ုံက ထ်န္းလုံရွိရာ ျမင္းလွည္းေမာင္းတဲ့ေနရာကို ကူးလိုက္ၿပီး ထ်န္းမင္နဲ႕ခ်င္းယုေယာင္တို႔ကို ထားခဲ့လိုက္သည္၊

ထ်န္းမင္ကေတာ့ ခ်င္းယုေယာင္ရဲ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး " မဟုတ္ပါဘူး...ယုေယာင္ရဲ႕က်န္းမာေရးက အခုမွ နာလံထူခါစဆိုေတာ့ ကိုယ္က ဒီအ​ေၾကာင္းေတြ မေျပာခဲ့မိတာပါ" စိုးရိမ္စြာေျပာလိုက္သည္၊ထ်န္းမင္ရဲ႕မ်က္ႏွာဟာ ဇီးသီးေလာက္သာက်န္ရစ္ေနၿပီး ခ်င္းယုေယာင္ကို မ်က္ႏွာငယ္ေလးနဲ႕ၾကည့္ေနေတာ့သည္၊

"ခင္ဗ်ား အေၾကာင္းျပခ်က္ေတြလာေပးမေနနဲ႕" ခ်င္းယုေယာင္က အျခားဘက္ကိုမ်က္ႏွာမူလိုက္ၿပီး ထ်န္းမင္ကို လုံးလုံးလ်ားလ်ားလစ္လ်ဴရႈလိုက္ေတာ့သည္၊ထ်န္းမင္မွာ ခ်င္းယုေယာင္ရဲ႕လက္ကို ဖြဖြေလးကိုင္ရင္း တစ္ခုမက်န္ေျပာျပလိုက္ေတာ့သည္၊

ထ်န္းမင္က ေတာင္ပိုင္းဘုရင္ခံကို ျဖဳတ္ခ်ခ်င္ေနခဲ့ေပမယ့္ ေတာင္ပိုင္းဘုရင္ခံရဲ႕အင္အားေတြက နန္းေတာ္ထဲမွာ စိမ့္ဝင္ေနၿပီးသားျဖစ္တာေၾကာင့္ သူတို႔အေနနဲ႕ခက္ခဲလွသည္၊ထို႔ေနာက္မွာေတာ့ ထ်န္းမင္က လုပ္ႀကံခံခဲ့ရၿပီး မင္ခ်န္ရိဆီကေန ကယ္တင္ခံခဲ့ရသည္၊သူက ပထမက မင္ခ်န္ရိကို ရိုးသားျဖဴစင္တယ္ထင္ခဲ့ေပမယ့္ ထ်န္းလုံရဲ႕သတင္းေပးခ်က္ေတြေၾကာင့္ အစတည္းက ေတာင္းပိုင္းဘုရင္ခံက ဧကရာဇ္ေနရာအတြက္ သူတို႔ေခြးတစ္ေကာင္လို ထိန္းခ်ဳပ္နိုင္မဲ့မင္းသားတစ္ပါးကို အလိုရွိေနခဲ့ၿပီး ထ်န္းမင္းက အေကာင္းဆုံးပင္၊

ဒါေၾကာင့္ ထ်န္းမင္က မင္ခ်န္ရိကို အလိုလိုက္အႀကိဳက္ေဆာင္ၿပီးေနထိုင္ခဲ့ကာ ေတာင္ပိုင္းဘုရင္ခံရဲ႕အေၾကာင္းကို တိတ္တဆိတ္စုံစမ္းေနေတာ့သည္၊ေနာက္ပိုင္းမွာေတာ့ ခ်င္းယုေယာင္နဲ႕ေတြ႕ခဲ့ၿပီး သူတို႔အစီအစဥ္ကို ျပန္ေျပာင္းခဲ့ရသည္၊

လက္ရွိအစီအစဥ္မွာေတာ့ ထ်န္းရိက မင္ခ်န္ရိရဲ႕ေခြးေနရာမွာ ယာယီသ႐ုပ္ေဆာင္ရန္ျဖစ္ၿပီး ထ်န္းမင္က ဒဏ္ရာအျပင္းအထန္ရသြားကာ ထီးနန္းေနရာက လြတ္ေနလိမ့္မည္၊ထိုခ်ိန္မွာ ေတာင္ပိုင္းဘုရင္ခံမင္နဲ႕ထ်န္းရိက နန္းေတာ္ကို အာဏာဖိအားသုံးကာ သုံးယူမည္ျဖစ္သည္၊

ခ်င္းယုေယာင္က သူတို႔အစီအစဥ္ကိုၾကားေတာ့ အနည္းငယ္ေတာ့ အံ့အားသင့္သြားသည္၊ဒီညီအစ္ကိုသုံးေယာက္ရဲ႕ပူေပါင္းနိုင္မႈနဲ႕ဥာဏ္ရည္ကို အေတာ္ေလးစားမိသြားသည္၊တစ္ဖက္က မင္ခ်န္ရိက Hostျဖစ္ေနတာေတာင္ ထ်န္းမင္တို႔အစီအစဥ္ကို တစ္စက္ေတာင္ရိပ္မိပုံမရေပ၊

ရွင္းရွင္းေျပာရရင္ ထ်န္းမင္မေျပာခဲ့ရင္ သူလည္း ထ်န္းရိကို ပုန္ကန္သူလို႔ထင္ျမင္မိမွာအမွန္ေပ၊ၾကည့္ရတာ တာဝန္ထမ္းေဆာင္ရမဲ့ကမၻာအရည္အတြက္မ်ားလာေလေလ ပုံရိပ္ေယာင္ကမၻာထဲက ဇာတ္ေကာင္ေတြရဲ႕ဥာဏ္ရည္လည္း ျမင့္မားလာေလေလျဖစ္ပုံရသည္၊

"ထ်န္းလုံ သြားစရာမလိုဘူး...ယုေယာင္သြားမယ္"

"မျဖစ္ဘူး...ဒါက အႏၱရာယ္မ်ားလြန္းတယ္ ကိုယ္မလႊတ္နိုင္ဘူး" ထ်န္းမင္က ခ်င္းယုေယာင္စကားကို ခ်က္ခ်င္းျငင္းဆိုလိုက္သည္၊ခ်င္းယုေယာင္က ထ်န္းမင္ကို မေက်နပ္စြာစိုက္ၾကည့္လိုက္ၿပီး ေျပာလိုက္သည္၊

"ခင္ဗ်ား ႐ုပ္ဖ်က္ၿပီး လိုက္ခဲ့လို႔ရတယ္...ေတာင္ပိုင္းဘုရင္ခံက ခင္ဗ်ားကို နင္းေခ်ၿပီးေတာ့ ထ်န္းရိကို နန္းတင္ခ်င္ေနတာမလား...ယုေယာင္က သူတို႔ကို နင္းေခ်ၿပီးေတာ့ ထ်န္းအင္ပါယာရဲ႕ဧကရီလုပ္ေပးမယ္"

ခ်င္းယုေယာင္စကားေၾကာင့္ ထ်န္းမင္က အနည္းငယ္ေတြေဝသြားေပမယ့္ ဒါအေကာင္းဆုံးအခြင့္အေရးဆိုတာ နားလည္သည္၊ထ်န္းအင္ပါယာမွာ လူအမ်ားစုက မင္ခ်န္ရိကို ဧကရီအျဖစ္လိုလားေနၾကၿပီး ထ်န္းမင္က တျခားတိုင္းျပည္က ေကာအမ်ိဳးသားတစ္ဦးကို ဧကရီအျဖစ္ တင္ျမႇောက္လိုက္ခ်ိန္မွာေတာ့ ျပည္သူျပည္သားတစ္ခ်ိဳ႕က မေက်နပ္ၾကေပ၊

"အင္း ဒါေပမယ့္ ကိုယ္နဲ႕အနီးဆုံးမွာပဲ ေနရမယ္" ထ်န္းမင္ဆီကေန ခြင့္ျပဳခ်က္ရခ်ိန္မွာ ခ်င္းယုေယာင္ကေပ်ာ္႐ႊင္သြားေတာ့သည္၊ထို႔ေနာက္မွာေတာ့ သူတို႔ေတြက ထ်န္းလုံစီစဥ္ထားတဲ့အိမ္ေတာ္ႀကီးဆီေရာက္လာေတာ့သည္၊ အိမ္ေတာ္က ေတာေတာင္ဘက္မွာ တည္ရွိေနၿပီး ထ်န္းလုံေျပာၾကားခ်က္အရဆိုရင္ တစ္ၿမိဳ႕လုံးက သူတို႔လက္ေအာက္ခံတပ္သားမ်ားျဖစ္ၿပီး တစ္ခ်ိဳ႕ကေတာ့ ထ်န္းလုံမိခင္ရဲ႕တိုင္းျပည္ကစစ္ကူေတြျဖစ္သည္၊

"မနက္ျဖန္ဆိုရင္ အင္ပါယာရဲ႕ဖခင္ေပ်ာက္ဆုံးမဲ့သတင္းကို မင္ခ်န္ရိတို႔က ေၾကျငာလိမ့္မယ္...သူတို႔က အစ္ကိုေတာ္ဒဏ္ရာရေနတာေၾကာင့္ ေပၚမလာေတာ့ဘူးလို႔ ယုံၾကည္ေနလိမ့္မွာ ေသခ်ာတယ္" ထ်န္းလုံက ေျပာလိုက္ေတာ့ သူတို႔လည္းေခါင္းညိတ္လိုက္သည္၊ဒါေပမယ့္ မင္ခ်န္ရိက Systemရွိမွန္း ခ်င္းယုေယာင္က သိတာေၾကာင့္ သူက ပခုံးထက္မွာ ေနေနတဲ့ေျမေခြးျဖဴေလးကို အကူညီေတာင္းလိုက္သည္၊

'တကယ္လို႔ မင္ခ်န္ရိက ဒီေနရာအေၾကာင္းစုံစမ္းလာခဲ့ရင္ သူ႕ဘက္က စုံစမ္းလို႔မရေအာင္ လုပ္ထားလို႔ရလား...'

[Fox:Host သတိမထားမိတာ ျဖစ္မယ္...Hostရွိေနတဲ့ေနရာတိုင္းမွာ Hostနဲ႕ပတ္သတ္တာေကာ Hostနားကလူေတြနဲ႕ပတ္သတ္တာေတြကို သူတို႔စုံစမ္းနိုင္မွာမဟုတ္ဘူး]

'ဟမ္...ဟုတ္လား'

အရင္ကမၻာတုန္းက အဲေလာက္အေရးမပါတာေၾကာင့္ ခ်င္းယုေယာင္(ယြမ္နဥ္ခ်င့္)သတိမထားမိခဲ့တာအမွန္ေပ၊

'မဆိုးပါဘူး' Skillေတြထက္စာရင္ေတာ့ သာပါေသးတယ္၊သူ႕Skillေတြက တိရစ္ဆာန္ေတြဆီက ခ်စ္ခင္ခံရတာနဲ႕ ႐ုပ္ရည္တိုးတက္ခ်င္တဲ့skillေတြမလား၊ ေျပာရရင္ ဘာမွအသုံးမဝင္တဲ့အရာေတြႀကီးပဲ၊

"ဒုတိယအစ္ကိုေတာ္ရဲ႕စာလႊာအရဆိုရင္ သဖက္ခါမွာ နန္းတက္ပြဲက်င္းပလိမ့္မယ္... သူတို႔က အင္ပါယာရဲ႕တံဆိပ္တုံးကိုေတာင္ အစားထိုးဖို႔အတြက္ စီစဥ္ေနၾကၿပီေလ"

"သူတို႔ကို အိပ္မက္ႀကီးႀကီးမက္ခိုင္းထားလိုက္မယ္"ထ်န္းမင္က ရယ္ေမာၿပီးေျပာဆိုေနေပမယ့္ သူ႕မ်က္ဝန္းေတြက ေအးစက္ေနေတာ့သည္၊

----****------****------****

Unicode.

ချင်းယုယောင်က တောထဲကနေ တရွေ့ရွေ့ထွက်လာပြီးနောက်မှာ လှည်းတစ်စင်းကို ထူးဆန်းစွာတွေ့လိုက်သည်၊လှည်းထဲကနေ တတိယမင်းသားထျန်းလုံနဲ့ရှင်းလုရုံက ထွက်လာတော့သည်၊

ထျန်းလုံက စိုးရိမ်သွားပြီး အနားရောက်လာချိန်မှာ ထျန်းမင်က ခါးမတ်လာပြီး ဘာမှမဖြစ်သလိုပြုမူလာတာကြောင့် ချင်းယုယောင်မှာကြောင်အသွားတော့သည်၊

"အစ်ကိုတော် ထိခိုက်ဒဏ်ရာရသွားသေးတာလား"

"မရပါဘူး နည်းနည်းပါးပါး သရုပ်ဆောင်ပေးလိုက်ရုံပဲ"ထျန်းမင်က ရယ်မောရင်းပြောလာတော့သည်၊ထျန်းလုံက ထျန်းမင်အနောက်က ဒေါသထွက်နေတဲ့သူ့မရီးတော်ကို တစ်ချက်ကြည့်ရင်း ရှင်းလုရုံနားကပ်သွားလိုက်ပြီး ပြောလိုက်သည်၊

"ဒါဆို ညီတော်တို့ သွားရအောင်"

"ခင်ဗျားက တစ်ချိန်လုံးဟန်ဆောင်နေတာပေါ့" ချင်းယုယောင်ရဲ့အေးစက်စက်လေသံလေးထွက်ပေါ်လာချိန်မှာ ထျန်းမင်က မျက်နှာငယ်နဲ့ဖြစ်သွားတော့သည်၊ထျန်းလုံကလည်း ရှင်းလုရုံကိုခေါ်ပြီး လှည်းပေါ်ကိုတက်သွားနှင့်ပြီးပြီ၊သူ့မရီးရဲ့ဒေါသတွေတော့ သူတို့အတွဲဆီ အလာမခံနိုင်ပေ၊

'အတော်ကောင်းတဲ့ညီ' ထျန်းမင်က ထျန်းလုံကို စိတ်ထဲကနေသာကျိန်ဆဲလိုက်ပေမယ့် အပြင်ပန်းမှာတော့ ချင်းယုယောင်ကို ရှင်းပြနေတော့သည်၊

"အစတည်းက ကိုယ်နဲ့ထျန်းရိ အစီအစဥ်တွေချမှတ်ပြီးသားလေ...အဲ့တာကြောင့် သူတို့ရှေ့မှာ ကိုယ်ဒဏ်ရာရမှဖြစ်မှာ... "

ထျန်းမင်စကားကြောင့် ချင်းယုယောင်ကမျက်မှောင်ကြုတ်ရင်း ထျန်းမင်ကိုစိုက်ကြည့်လိုက်သည်၊ထို့နောက်မှာ မကျေနပ်စွာ နှာမှုတ်လိုက်ပြီး ဘေးကနေ ဖြတ်သွားကာ လှည်းထဲဝင်သွားတော့သည်၊ထျန်းမင်ကလည်း အနောက်ကနေလိုက်ရင်း လှည်းထဲဝင်ကာ ချင်းယုယောက်ကို လိုက်လံဖြေရှင်းနေတော့သည်၊

ထျန်းလုံကတော့ မသိချင်ယောင်ဆောင်လိုက်ပြီး လှည်းမောင်းသူနေရာကိုယူလိုက်ပြီး လှည်းကိုစတင်မောင်းတော့သည်၊ရှင်းလုရုံကလည်း အူတူတူလေးပြုံးနေပြီး ထျန်းမင်က ချင်းယုယောင်ကို ရှင်းပြသမျှကို ခေါင်းလေးတစ်ညိတ်ညိတ်နဲ့သာ ထောက်ခံပေးနေတော့သည်၊

"ဒါဆို အစီအစဥ်ကို ယုယောင်တစ်ယောက်တည်းပဲ မသိတာပေါ့...အရှင့်ရင်ထဲမှာ ယုယောင်က အရေးမပါဘူးပေါ့" ရှင်းပြလေလေ ပိုဆိုးလာလေလေဖြစ်လာချိန်မှာ ရှင်းလုရုံက ထျန်းလုံရှိရာ မြင်းလှည်းမောင်းတဲ့နေရာကို ကူးလိုက်ပြီး ထျန်းမင်နဲ့ချင်းယုယောင်တို့ကို ထားခဲ့လိုက်သည်၊

ထျန်းမင်ကတော့ ချင်းယုယောင်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး " မဟုတ်ပါဘူး...ယုယောင်ရဲ့ကျန်းမာရေးက အခုမှ နာလံထူခါစဆိုတော့ ကိုယ်က ဒီအ​ကြောင်းတွေ မပြောခဲ့မိတာပါ" စိုးရိမ်စွာပြောလိုက်သည်၊ထျန်းမင်ရဲ့မျက်နှာဟာ ဇီးသီးလောက်သာကျန်ရစ်နေပြီး ချင်းယုယောင်ကို မျက်နှာငယ်လေးနဲ့ကြည့်နေတော့သည်၊

"ခင်ဗျား အကြောင်းပြချက်တွေလာပေးမနေနဲ့" ချင်းယုယောင်က အခြားဘက်ကိုမျက်နှာမူလိုက်ပြီး ထျန်းမင်ကို လုံးလုံးလျားလျားလစ်လျူရှုလိုက်တော့သည်၊ထျန်းမင်မှာ ချင်းယုယောင်ရဲ့လက်ကို ဖွဖွလေးကိုင်ရင်း တစ်ခုမကျန်ပြောပြလိုက်တော့သည်၊

ထျန်းမင်က တောင်ပိုင်းဘုရင်ခံကို ဖြုတ်ချချင်နေခဲ့ပေမယ့် တောင်ပိုင်းဘုရင်ခံရဲ့အင်အားတွေက နန်းတော်ထဲမှာ စိမ့်ဝင်နေပြီးသားဖြစ်တာကြောင့် သူတို့အနေနဲ့ခက်ခဲလှသည်၊ထို့နောက်မှာတော့ ထျန်းမင်က လုပ်ကြံခံခဲ့ရပြီး မင်ချန်ရိဆီကနေ ကယ်တင်ခံခဲ့ရသည်၊သူက ပထမက မင်ချန်ရိကို ရိုးသားဖြူစင်တယ်ထင်ခဲ့ပေမယ့် ထျန်းလုံရဲ့သတင်းပေးချက်တွေကြောင့် အစတည်းက တောင်းပိုင်းဘုရင်ခံက ဧကရာဇ်နေရာအတွက် သူတို့ခွေးတစ်ကောင်လို ထိန်းချုပ်နိုင်မဲ့မင်းသားတစ်ပါးကို အလိုရှိနေခဲ့ပြီး ထျန်းမင်းက အကောင်းဆုံးပင်၊

ဒါကြောင့် ထျန်းမင်က မင်ချန်ရိကို အလိုလိုက်အကြိုက်ဆောင်ပြီးနေထိုင်ခဲ့ကာ တောင်ပိုင်းဘုရင်ခံရဲ့အကြောင်းကို တိတ်တဆိတ်စုံစမ်းနေတော့သည်၊နောက်ပိုင်းမှာတော့ ချင်းယုယောင်နဲ့တွေ့ခဲ့ပြီး သူတို့အစီအစဥ်ကို ပြန်ပြောင်းခဲ့ရသည်၊

လက်ရှိအစီအစဥ်မှာတော့ ထျန်းရိက မင်ချန်ရိရဲ့ခွေးနေရာမှာ ယာယီသရုပ်ဆောင်ရန်ဖြစ်ပြီး ထျန်းမင်က ဒဏ်ရာအပြင်းအထန်ရသွားကာ ထီးနန်းနေရာက လွတ်နေလိမ့်မည်၊ထိုချိန်မှာ တောင်ပိုင်းဘုရင်ခံမင်နဲ့ထျန်းရိက နန်းတော်ကို အာဏာဖိအားသုံးကာ သုံးယူမည်ဖြစ်သည်၊

ချင်းယုယောင်က သူတို့အစီအစဥ်ကိုကြားတော့ အနည်းငယ်တော့ အံ့အားသင့်သွားသည်၊ဒီညီအစ်ကိုသုံးယောက်ရဲ့ပူပေါင်းနိုင်မှုနဲ့ဥာဏ်ရည်ကို အတော်လေးစားမိသွားသည်၊တစ်ဖက်က မင်ချန်ရိက Hostဖြစ်နေတာတောင် ထျန်းမင်တို့အစီအစဥ်ကို တစ်စက်တောင်ရိပ်မိပုံမရပေ၊

ရှင်းရှင်းပြောရရင် ထျန်းမင်မပြောခဲ့ရင် သူလည်း ထျန်းရိကို ပုန်ကန်သူလို့ထင်မြင်မိမှာအမှန်ပေ၊ကြည့်ရတာ တာဝန်ထမ်းဆောင်ရမဲ့ကမ္ဘာအရည်အတွက်များလာလေလေ ပုံရိပ်ယောင်ကမ္ဘာထဲက ဇာတ်ကောင်တွေရဲ့ဥာဏ်ရည်လည်း မြင့်မားလာလေလေဖြစ်ပုံရသည်၊

"ထျန်းလုံ သွားစရာမလိုဘူး...ယုယောင်သွားမယ်"

"မဖြစ်ဘူး...ဒါက အန္တရာယ်များလွန်းတယ် ကိုယ်မလွှတ်နိုင်ဘူး" ထျန်းမင်က ချင်းယုယောင်စကားကို ချက်ချင်းငြင်းဆိုလိုက်သည်၊ချင်းယုယောင်က ထျန်းမင်ကို မကျေနပ်စွာစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်၊

"ခင်ဗျား ရုပ်ဖျက်ပြီး လိုက်ခဲ့လို့ရတယ်...တောင်ပိုင်းဘုရင်ခံက ခင်ဗျားကို နင်းချေပြီးတော့ ထျန်းရိကို နန်းတင်ချင်နေတာမလား...ယုယောင်က သူတို့ကို နင်းချေပြီးတော့ ထျန်းအင်ပါယာရဲ့ဧကရီလုပ်ပေးမယ်"

ချင်းယုယောင်စကားကြောင့် ထျန်းမင်က အနည်းငယ်တွေဝေသွားပေမယ့် ဒါအကောင်းဆုံးအခွင့်အရေးဆိုတာ နားလည်သည်၊ထျန်းအင်ပါယာမှာ လူအများစုက မင်ချန်ရိကို ဧကရီအဖြစ်လိုလားနေကြပြီး ထျန်းမင်က တခြားတိုင်းပြည်က ကောအမျိုးသားတစ်ဦးကို ဧကရီအဖြစ် တင်မြှောက်လိုက်ချိန်မှာတော့ ပြည်သူပြည်သားတစ်ချို့က မကျေနပ်ကြပေ၊

"အင်း ဒါပေမယ့် ကိုယ်နဲ့အနီးဆုံးမှာပဲ နေရမယ်" ထျန်းမင်ဆီကနေ ခွင့်ပြုချက်ရချိန်မှာ ချင်းယုယောင်ကပျော်ရွှင်သွားတော့သည်၊ထို့နောက်မှာတော့ သူတို့တွေက ထျန်းလုံစီစဥ်ထားတဲ့အိမ်တော်ကြီးဆီရောက်လာတော့သည်၊ အိမ်တော်က တောတောင်ဘက်မှာ တည်ရှိနေပြီး ထျန်းလုံပြောကြားချက်အရဆိုရင် တစ်မြို့လုံးက သူတို့လက်အောက်ခံတပ်သားများဖြစ်ပြီး တစ်ချို့ကတော့ ထျန်းလုံမိခင်ရဲ့တိုင်းပြည်ကစစ်ကူတွေဖြစ်သည်၊

"မနက်ဖြန်ဆိုရင် အင်ပါယာရဲ့ဖခင်ပျောက်ဆုံးမဲ့သတင်းကို မင်ချန်ရိတို့က ကြေငြာလိမ့်မယ်...သူတို့က အစ်ကိုတော်ဒဏ်ရာရနေတာကြောင့် ပေါ်မလာတော့ဘူးလို့ ယုံကြည်နေလိမ့်မှာ သေချာတယ်" ထျန်းလုံက ပြောလိုက်တော့ သူတို့လည်းခေါင်းညိတ်လိုက်သည်၊ဒါပေမယ့် မင်ချန်ရိက Systemရှိမှန်း ချင်းယုယောင်က သိတာကြောင့် သူက ပခုံးထက်မှာ နေနေတဲ့မြေခွေးဖြူလေးကို အကူညီတောင်းလိုက်သည်၊

'တကယ်လို့ မင်ချန်ရိက ဒီနေရာအကြောင်းစုံစမ်းလာခဲ့ရင် သူ့ဘက်က စုံစမ်းလို့မရအောင် လုပ်ထားလို့ရလား...'

[Fox:Host သတိမထားမိတာ ဖြစ်မယ်...Hostရှိနေတဲ့နေရာတိုင်းမှာ Hostနဲ့ပတ်သတ်တာကော Hostနားကလူတွေနဲ့ပတ်သတ်တာတွေကို သူတို့စုံစမ်းနိုင်မှာမဟုတ်ဘူး]

'ဟမ်...ဟုတ်လား'

အရင်ကမ္ဘာတုန်းက အဲလောက်အရေးမပါတာကြောင့် ချင်းယုယောင်(ယွမ်နဥ်ချင့်)သတိမထားမိခဲ့တာအမှန်ပေ၊

'မဆိုးပါဘူး' Skillတွေထက်စာရင်တော့ သာပါသေးတယ်၊သူ့Skillတွေက တိရစ္ဆာန်တွေဆီက ချစ်ခင်ခံရတာနဲ့ ရုပ်ရည်တိုးတက်ချင်တဲ့skillတွေမလား၊ ပြောရရင် ဘာမှအသုံးမဝင်တဲ့အရာတွေကြီးပဲ၊

"ဒုတိယအစ်ကိုတော်ရဲ့စာလွှာအရဆိုရင် သဖက်ခါမှာ နန်းတက်ပွဲကျင်းပလိမ့်မယ်... သူတို့က အင်ပါယာရဲ့တံဆိပ်တုံးကိုတောင် အစားထိုးဖို့အတွက် စီစဥ်နေကြပြီလေ"

"သူတို့ကို အိပ်မက်ကြီးကြီးမက်ခိုင်းထားလိုက်မယ်"ထျန်းမင်က ရယ်မောပြီးပြောဆိုနေပေမယ့် သူ့မျက်ဝန်းတွေက အေးစက်နေတော့သည်၊

----****------****------****

Seguir leyendo

También te gustarán

10.4K 968 5
ကျွန်တော်က systemနဲ့အတူ တာဝန်ထမ်းဆောင်တဲ့ Hostတစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ ဘာလဲ။ ကျွန်တော် ဘယ်သူနဲ့တွေ့ခဲ့တာတဲ့လဲ ကၽြန္ေတာ္က systemနဲ႔အတူ တာဝန္ထမ္းေဆာင္...
1.3M 44.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
611K 59.2K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
321K 25.6K 87
နာမည်ကြီး Actor တယောက်ဖြစ်တဲ့ Xia TingWan(ရှထင်ဝမ်) ဟာ Accident တစ်ခု ဖြစ်ပြီးတဲ့နောက်မှာ ကြယ်တစ်ပွင့်လို ကျော်ကြားနေရာကနေ ဝေဖန်ကဲ့ရဲ့တာတွေ ခံခဲ့ရပါ...