အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 303K 23.3K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 74

11K 1.8K 243
By Xiao_Dream

Unicode

ဆွေ့ဆွေ့မင်းကိုစွန့်လွှတ်လိုက်တာလား
___________________________________

ရှန်ရှင်းဆွေ့ ဒီစကားကိုကြားတော့ အနည်းငယ်ကြောင်အသွားခဲ့ပြီး သူမေးလိုက်တယ် "ဘယ်သူကကျွန်တော့်ကို လာဖို့ဖိတ်ခေါ်လိုက်တာလဲ?"

အစေခံလေးက ပြုံးကာပြောလာတယ် "သခင်မကြီးပါ"

ရှန်ရှင်းဆွေ့ အမေပြောတာကြားဖူးတယ်။ သခင်မကြီးလုပ်တဲ့ စွပ်ပြုတ်ကအရမ်းသောက်ကောင်းတယ်တဲ့။ ဒီသခင်မကြီးအကြောင်းကို အမေအများကြီးမပြောဖူးပေမဲ့ သူမကလူကောင်းတစ်ယောက်ဆိုတာကိုတော့ ရှန်ရှင်းဆွေ့ခန့်မှန်းလိုက်နိုင်တယ်။

ရှန်ရှင်းချန်ကပြောလာတယ် "မင်းလိုက်သွားလိုက်လေ သခင်မကြီးကအရမ်းကောင်းတယ် ငါ့ကိုတောင်ဟုန်ပေါင်းပေးဖူးသေးတယ်!"

ရှန်ရှင်းချန်ရဲ့ အဲဒီရိုးရှင်းတဲ့ကမ္ဘာငယ်လေးထဲမှာတော့ ဟုန်ပေါင်းပေးတဲ့သူက လူကောင်းပဲဖြစ်တယ်။

ရှန်ရှင်းဆွေ့ ရယ်လိုက်ပြီး ခေါင်းညိတ်ကာပြောလိုက်တယ် "ကောင်းပြီ ငါအခုပဲသွားလိုက်မယ်"

သူတို့နှစ်ယောက်အတူတူ စည်ကားနေတဲ့ဧည့်ခန်းကိုဖြတ်လာခဲ့ပြီး ရှေးခေတ်ပုံစံသစ်သားလှေကားကနေ အပေါ်ထပ်ကိုတက်ခဲ့လိုက်တယ်။ ခပ်မြန်မြန်ပဲ အပေါ်ထပ်ကိုရောက်လာခဲ့တယ်။ ဖုမိသားစုအိမ်တော်ကြီးရဲ့ ပြင်ဆင်ထားတဲ့ပုံစံက ရှေးကျပြီးရိုးရိုးရှင်းရှင်းပဲဖြစ်တဲ့အပြင် သမိုင်းကျတဲ့ခံစားချက်မျိုးကို လုံးဝခံစားနိုင်လေတယ်။ နံရံပေါ်မှာ လက်ရေးလှပန်းချီတွေချိတ်ဆွဲထားပြီး မှန်ဗီရိုထဲမှာ ပန်းအိုးတွေပြထားတာက လက်ရာမြောက်လှတယ်။

အရှေ့ကသွားနေတဲ့အစေခံလေးက သွားရင်းပြောလာတယ် "လူကြီးမင်းမလာခင်ကတည်းက သခင်မကြီးက လူကြီးမင်းအကြောင်း တစ်ချိန်လုံးပြောနေတာ"

ရှန်ရှင်းဆွေ့ မေးလိုက်တယ် "သခင်မကြီးက ကျွန်တော့်ကိုသိတယ်လား?"

"သိတယ်ဗျ" အစေခံလေးကပြုံးကာ "သခင်မကြီးက လူကြီးမင်းရဲ့အစီအစဥ်တွေကြည့်တယ် ပြီးတော့လူကြီးမင်းရဲ့သီချင်းတွေလည်း နားထောင်တယ်"

"......"

ရှန်ရှင်းဆွေ့ အတွေးထဲနစ်မြုပ်သွားရတယ်။

တခြားကြောင့်တော့မဟုတ်ဘူး။ သူ့ရဲ့သီချင်းက ဘာလို့သက်ကြီးပိုင်းတွေရဲ့ ကြိုက်နှစ်သက်ခြင်းခံရတာလဲဆိုတာကို ရုတ်တရက်စဥ်းစားမိသွားလို့ဖြစ်တယ်။

ဒါကအကျိုးသင့်အကြောင်းသင့်ရောဖြစ်ရဲ့လား?

ဘာမှားယွင်းမှုမှလည်း မရှိတဲ့ပုံပါပဲ။

သူတို့နှစ်ယောက်အတူတူ အခန်းတစ်ခန်းရှေ့ကို လျှောက်သွားလိုက်ကြတယ်။ အစေခံလေးက ရှန်ရှင်းဆွေ့ဝင်ရအောင် တံခါးဖွင့်ပေးလိုက်တယ်။ ရှန်ရှင်းဆွေ့ စိတ်လှုပ်ရှားစွာ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး အထဲဝင်ခဲ့လိုက်တော့တယ်။

အခန်းတွင်းမှာ စန္ဒကူးအမွှေးခဲထွန်းထားတာကြောင့် ကြော့ရှင်းတဲ့အနံ့ရှိနေတယ်။

သခင်မကြီးတစ်ယောက်က ဆိုဖာပေါ်မှာထိုင်နေပြီး လက်ထဲမှာလည်း စာအုပ်တစ်အုပ်ကိုင်ထားလေတယ်။ လူဝင်လာတဲ့အသံကြားတော့ လှည့်ကြည့်လာပြီး အပြုံးလေးနဲ့ပြောလိုက်တယ် "ဆွေ့ဆွေ့ လာပြီလား"

ရှန်ရှင်းဆွေ့ ဒီသခင်မကြီးကိုမြင်တော့ အနည်းငယ်အံ့အားသင့်သွားရတယ်။

အရမ်းနုပျိုလွန်းတယ်။ သူ့ဖွားဖွားနဲ့ အသက်အရွယ်တူတူလောက်ပဲဆိုပေမဲ့ အသားအရေထိန်းသိမ်းထားတာ အရမ်းကောင်းတယ်။ ဆံပင်ဖြူတွေရှိနေပေမဲ့ အလွန်လှပသိမ်မွေ့နေဆဲပဲဖြစ်တယ်။

ရှန်ရှင်းဆွေ့ ဦးညွတ်လိုက်ပြီး "မင်္ဂလာညနေခင်းပါ ဖုသခင်မကြီး"

"အဲ့လောက်ယဥ်ကျေးနေဖို့မလိုပါဘူး" သခင်မကြီးကပြောလာတယ် "ဖွားဖွားလို့ခေါ်ရင်ပဲရပါပြီ ဖွားဖွားဖုလို့ခေါ်ပေါ့"

ဒါကစည်းမျဥ်းစည်းကမ်းတွေနဲ့ သိပ်မကိုက်ညီဘူးလို့ ရှန်ရှင်းဆွေ့ခံစားလိုက်ရတယ်။ တက်လာတာနဲ့ အမျိုးစပ်တဲ့သူဘယ်မှာရှိလို့လဲလေ။ သူသဘောမတူလိုက်ဘဲ ငြင်းဆိုချင်ခဲ့တယ်။ ဒါပေမဲ့ သခင်မကြီးရဲ့မျက်ဝန်းတွေနဲ့ ဆုံသွားချိန်မှာ ဘယ်ငြင်းဆိုတဲ့စကားမှ ထွက်မလာနိုင်တော့ဘူး။

သခင်မကြီးက သူ့ကိုလက်ဝေ့ယမ်းပြကာ ပြောလာတယ် "ကလေး အဖွားဘေးလာခဲ့"

ရှန်ရှင်းဆွေ့ အနားသွားလိုက်ပြီး သူမဘေးမှာထိုင်လိုက်တယ်။

"မြေးက တီဗီထဲကထက် ပိုချောတာပဲကွဲ့" သခင်မကြီးက ပြုံးစစနဲ့သူ့ကိုကြည့်လျက် ပြောလာတယ် "မြေးရဲ့မိဘတွေနဲ့ တကယ်ဆင်တယ်"

ရှန်ရှင်းဆွေ့ အချီမွမ်းခံလိုက်ရတာကြောင့် အနည်းငယ်ရှက်ရွံ့သွားပြီး ပြောလိုက်တယ် "ချီးမွမ်းပေးလို့ ကျေးဇူးပါဗျ"

သခင်မကြီးရဲ့အပြုံးက ရုတ်တရက်အများကြီး ပျောက်ကွယ်သွားရတယ်။ သူမက အသံနိမ့်နိမ့်နဲ့ "တကယ်တော့ အစပိုင်းတုန်းက မြေးမမွေးသေးခင်အချိန် လိနာ့ကအဖွားတို့ရဲ့မြေးအကြီးကို တိတ်တဆိတ်စေ့စပ်ထားတဲ့ကိစ္စကိုကြားတော့ အဖွားမလိုလားခဲ့ဘူး"

ရှန်ရှင်းဆွေ့ စိတ်လှုပ်ရှားလာရတယ်။

သခင်မကြီးက သူ့ကိုခေါ်ပြီး ဒီကိစ္စကိုပြောလိမ့်မယ်လို့ ရှန်ရှန်ဆွေ့မထင်ထားခဲ့ဘူး။ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုလုပ်ခဲ့ပေမဲ့လည်း အားလုံးတော့မလုပ်နိုင်ခဲ့ဘူး။

သခင်မကြီးက ဆက်ပြောလာတယ် "နောက်တော့ ယောက်ျားလေးတစ်ယောက်ဆိုတာကြားတော့ အဖွားကပိုလို့တောင် မလိုလားတော့ဘူး အခုခေတ်မှာ နည်းပညာတွေဖွံ့ဖြိုးတိုးတက်နေပြီး နောက်ကောက်ကျမနေခဲ့တော့ဘူးဆိုပေမဲ့ အဖွားတို့မိသားစုက တစ်လျှောက်လုံး သားယောက်ျားလေးတစ်ယောက်ကပဲ အမွေဆက်ခံခွင့်ရှိတာ တကယ်လို့အမှားအယွင်းတစ်ခုခုသာဖြစ်ခဲ့မယ်ဆိုရင် အဖွားတို့ရဲ့ဒီလောက်ကြီးတဲ့ မိသားစုစီးပွားရေးကြီးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ?"

ရှန်ရှင်းဆွေ့ သခင်မကြီးရဲ့စကားကိုကြားတော့ လက်တွေကိုမသိလိုက်ပါသာနဲ့ အချင်းချင်းဆုပ်ကိုင်လိုက်မိတော့တယ်။ သူသာမန်ကာလျှံကာအသံပြန်ပြုလိုက်ပြီး စိတ်ထဲမှာလည်းအလွန်ယောက်ယက်ခတ်နေရတော့တယ်။

သခင်မကြီးကတော့ သူစဥ်းစားနေတာကို နားလည်နေပုံနဲ့ သူစိတ်သက်သာရာရအောင်လို့ သူ့လက်လေးပုတ်ပေးပြီး ဆက်ပြောလာတယ် "ဒါပေမဲ့ နောက်ပိုင်းကျတော့ မြေးတို့အိမ်မှာပြဿနာဖြစ်တာကြားခဲ့ရတယ် ဒီငယ်ငယ်ကစေ့စပ်ထားတာကလည်း အဲဒီလိုနဲ့မရှိတော့ဘူးဆိုပေမဲ့ ဘယ်လိုကြောင့်မှန်းမသိ စိတ်ထဲမကောင်းဘူးဖြစ်နေခဲ့တာ ပြီးတော့ ဒီကလေးကျင်းရှောင်းက တစ်လျှောက်လုံးတစ်ယောက်မှမရှာခဲ့ဘူးလေ ဆိုတော့အဖွားတွေးမိတာက တကယ်တမ်းမြေးတို့နှစ်ယောက်မှာ သတ်မှတ်ထားတဲ့ကံကြမ္မာရှိနေနိုင်တယ်လို့လေ ကိစ္စတော်တော်များများက သဘာဝအတိုင်း အလိုက်သင့်လေးပဲ သွားသင့်တယ်"

ရှန်ရှင်းဆွေ့ ဒါကိုနားထောင်ပြီးချိန် ခံစားချက်တွေကလည်း ရှုပ်ထွေးသွားရတော့တယ်။ သူက "အဖွားကကျွန်တော့်ကိုချော့မော့နေတာပဲ ဖုလောင်ရှီးတစ်လျှောက်လုံး တစ်ယောက်မှမရှာခဲ့ဘူးဆိုတာက သင့်တော်တဲ့လူနဲ့မတွေ့သေးလို့ပဲ ဖြစ်ပါလိမ့်မယ်"

သခင်မကြီးကခေါင်းခါလေတယ်။

သူမကတစ်ခုခုကို စဥ်းစားမိသွားပုံနဲ့ ဘေးနားကနေ ဓာတ်ပုံalbumတစ်ခု ယူလိုက်တယ်။ တကယ်လို့ ရှန်ရှင်းဆွေ့သာအမှတ်မမှားဘူးဆိုရင် ဒီalbumက သူဒီအခန်းထဲဝင်လာတဲ့အချိန်တုန်းက သခင်မကြီးကြည့်နေခဲ့တဲ့ဟာဖြစ်လိမ့်မယ်။

သခင်မကြီးက ဒီဓာတ်ပုံalbumကိုဖွင့်လိုက်ပြီး အထဲကစာမျက်နှာတစ်ခုကိုလှန်လိုက်ပြီး သူ့ကိုပေးလာတယ် "ကြည့်ကြည့်"

ရှန်ရှင်းဆွေ့အနားကပ်ကြည့်လိုက်တော့ အဲ့တာကမိသားစုဓာတ်ပုံတစ်ခုဖြစ်နေတာကို တွေ့လိုက်ရတယ်။

ပြီးတော့ ဒီမိသားစုဓာတ်ပုံထဲက ဥက္ကဌဖုဘေးမှာ လက်တွဲလျက်ရပ်နေတဲ့အမျိုးသမီးက လိနာ့မဟုတ်ခဲ့ဘူး။

ရှန်ရှင်းဆွေ့ အံ့အားသင့်သွားပြီး ပြောလိုက်တယ် "ဒီအမျိုးသမီးက......"

"သူမက ဖုကျင်းရှောင်းရဲ့ မွေးမိခင်အရင်း 'ဝမ်းယုံ'တဲ့" သခင်မကြီးက ဓာတ်ပုံထဲကအမျိုးသမီးကိုကြည့်ရင်း ခံစားချက်နဲ့ပြောလာတယ် "ဝမ်းယုံအဲဒီနှစ်တုန်းက ဒီကလေးမွေးတဲ့အချိန် ကလေးမီးဖွားပြီး မဖြတ်ကျော်နိုင်တော့ဘဲ ဆုံးပါးသွားခဲ့တာ "

ရှန်ရှင်းဆွေ့အရင်တုန်းက ဖုလောင်ရှီးနဲ့သူ့အဖေရဲ့ ဆက်ဆံရေးကမကောင်းဘူးလို့ ကြားခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီလိုပတ်သက်မှုမျိုး ရှိနေလိမ့်ဦးမယ်လို့ သူမသိထားခဲ့ဘူး။

သခင်မကြီးက ဆက်ပြောလာတယ် "နောက်ပိုင်းဝမ်းယုံဆုံးပြီး နှစ်နှစ်လောက်ကြာတော့မှ လိနာ့ရောက်လာခဲ့တာ သူမကကျင်းရှောင်းကို သားအရင်းတစ်ယောက်လို ဆက်ဆံပေးပြီး အကျင့်လေးကလည်းမဆိုးလှပါဘူး ဒါပေမဲ့ ကျင်းရှောင်းကတော့ သူ့အမေရဲ့သေဆုံးမှုကို သူ့အဖေအပေါ်ပဲ အပြစ်တင်နေခဲ့တာ"

ရှန်ရှင်းဆွေ့ "ဘာလို့လဲ?"

သခင်မကြီးအစကတော့ အိမ်တွင်းရေးကိစ္စတွေ အပြင်ကတခြားသူကို မပြောရဘူးလို့တွေးခဲ့ပေမဲ့ ရှန်ရှင်းဆွေ့ကိုတော့ အမှန်အတိုင်းပဲပြောလိုက်တယ် "ဘာလို့လဲဆိုတော့ သူကသူ့အဖေလုပ်ခဲ့တာလို့ သံသယရှိနေခဲ့လို့"

ရှန်ရှင်းဆွေ့ မျက်လုံးပြူးသွားရတယ်။

"ဝမ်းယုံဆုံးတဲ့အချိန်တုန်းက သူUSကိုအလုပ်ခရီးထွက်နေပြီး အလျင်မီအောင်ပြန်မလာနိုင်ခဲ့ဘူးလေ" သခင်မကြီး သက်ပြင်းတစ်ချက်ချကာ "လိနာ့ကလည်းအမေရိကန်လူမျိုးဖြစ်နေခဲ့တယ် ဒီကြားထဲမှာ အထင်လွဲမှုတစ်ခုခုရှိနေတာမျိုး ဖြစ်ပါလိမ့်မယ် ဒါပေမဲ့ ကျင်းရှောင်းဆိုတဲ့ကလေးက အရမ်းခေါင်းမာတယ် ဝမ်းယုံရဲ့သေဆုံးမှုကြောင့် တစ်လျှောက်လုံး သူ့အဖေနဲ့မသင့်မမြတ်ဖြစ်နေခဲ့ပြီး လက်ထက်ဖို့ကိုငြင်းဆိုနေခဲ့တာ အရင်တစ်ချိန်တုန်းက ဒီကလေးတစ်ဘဝလုံး တွဲဖက်ရှိမလာတော့မှာကိုတောင် အဖွားစိတ်ပူခဲ့ရဖူးတယ်"

ရှန်ရှင်းဆွေ့စိတ်ထဲမှာလည်း အရမ်းတုန်လှုပ်နေခဲ့တယ်။ ဒါပေမဲ့ သခင်မကြီးရဲ့စကားကိုကြားပြီးနောက် မျက်နှာလေးနီရဲသွားရတယ်။ သူကထစ်အစွာနဲ့ "အဖွားအထင်လွဲနေပါပြီ ကျွန်တော်ကဖုလောင်ရှီးရဲ့တွဲဖက်မဟုတ်ပါဘူး"

သခင်မကြီးကတော့ ဒါကအနှေးနဲ့အမြန်ဖြစ်လာမှာပဲဆိုတဲ့ အမူအရာနဲ့ဖြစ်တယ်။

ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ရှန်ရှင်းဆွေ့တကယ်မသိတော့ဘူး။ သခင်မကြီးကတော့ သူမအနောက်ကနေ တံဆိပ်တုံးတစ်ခုထုတ်ယူလိုက်ပြီး ရှန်ရှင်းဆွေ့ကိုကမ်းပေးကာ ပြောလာတယ် "အဲတာကအဖွားရဲ့မြေးပါကွယ် အဖွားကဘယ်လိုလုပ်မသိဘဲနေပါ့မလဲ မြေးတို့နှစ်ယောက်ရဲ့ကိစ္စအတွက် ဖွားဖွားအရမ်းဝမ်းသာပါတယ် ဒါကနှုတ်ဆက်လက်ဆောင်လေး မြေးလေးကြိုက်ဖို့မျှော်လင့်ပါတယ်"

ဒီတံဆိပ်တုံးကထူးခြားပြီး သာမန်ပစ္စည်းတစ်ခုတင်မဟုတ်တာကို ရှန်ရှင်းဆွေ့ တစ်ချက်ကြည့်ရုံနဲ့တင် မြင်နိုင်လေတယ်။

သူအလျင်အမြန် ငြင်းဆိုလိုက်တယ် "ဖွားဖွား ဒါကအရမ်းတန်ဖိုးကြီးလွန်းပါတယ် ကျွန်တော်လက်မခံနိုင်ဘူး"

"ဒါကမြေးလေးရသင့်တာပါ" သခင်မကြီးက သူ့လက်ကိုပုတ်ကာပြောလာတယ် "ကလေး လက်ခံထားလိုက်ပါ"

ရှန်ရှင်းဆွေ့ အချိန်တစ်ခုလောက်ထိငြင်းဆိုနေပေမဲ့ အဖွားကိုတကယ်မလွန်ဆန်နိုင်တော့တာကြောင့် နောက်ဆုံးလက်ခံလိုက်ရတော့တယ်။

အရှေ့ကညစာစားပွဲကလည်း ကျင်းပနေတာတစ်ဝက်လောက်ထိ ရောက်နေပြီဖြစ်တယ်။ ခဏနေရင်ကပွဲစတင်တော့မှာဖြစ်တယ်။ သခင်မကြီးက သူ့ကိုအောက်ထပ်ဆင်းပြီး ကစားဖို့ပြောတော့မှ ရှန်ရှင်းဆွေ့လည်း ထွက်လာခဲ့လိုက်တော့တယ်။

အောက်ထပ်ရောက်ရောက်ချင်း ခန်းမထဲကသီချင်းသံတွေ ထွက်ပေါ်လာခဲ့တယ်။ ကြားထဲမှာလည်း ငြိမ့်ညောင်းထဲစန္ဒယားသံက ရောနှောပါဝင်နေလေတယ်။

ရှန်ရှင်းချန်က သူ့ကိုလက်ဝေ့ယမ်းပြလာပြီး ပြောလာတယ် "အကုန်စခါနီးကျမှပဲဆင်းလာတော့တယ်"

ရှန်ရှင်းဆွေ့ သူ့ဘေးလျှောက်သွားလိုက်ပြီး စင်မြင့်အလယ်ကိုကြည့်လိုက်ချိန် စန္ဒယားတီးနေတဲ့ဖုကျင်းရှောင်းကိုတွေ့လိုက်ရတယ်။ ထိုအမျိုးသားက နက်ပြာရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး စန္ဒယားဘေးမှာထိုင်နေခဲ့တယ်။ ခန်းမကြီးရဲ့ ဖြူစွတ်တဲ့အလင်းရောင်က ထိုအမျိုးသားပေါ်ကျရောက်နေလေတယ်။ သူ့ရဲ့ကျောကတစ်ဖြောင့်တည်းတန်းနေပြီး ကိုယ်နေဟန်ထားက ကြော့ရှင်းတင့်တယ်လှတယ်။ ချောမောတဲ့မျက်နှာပေါ်မှာ ရင့်ကျက်တဲ့အမျိုးသားရဲ့ဆွဲဆောင်မှုမျိုး ရှိနေလေတယ်။

အရပ်လေးမျက်နှာမှာလည်း ဧည့်သည်တွေအများကြီးဝန်းရံနေကြပြီး စန္ဒယားသံကိုလေးလေးနက်နက်နားထောင်နေကြတယ်။

ဖုကျင်းရှောင်းရဲ့ ဖြူဖွေးသွယ်လျတဲ့လက်ချောင်းလေးတွေက စန္ဒယားခလုတ်တွေပေါ် ကျရောက်နေတယ်။ အားလုံးရဲ့မျက်ဝန်းထဲမှာ သူကဇာတ်ဆောင်တစ်ယောက်လို အားလုံးရဲ့အကြည့်တွေကို ဆွဲဆောင်ထားလေတယ်။

ရှန်ရှင်းချန်က ဘေးကနေပြောလာခဲ့တယ် "ဖုလောင်ရှီးစန္ဒယားတီးတာ တကယ်ကောင်းတယ်"

"အင်း" ရှန်ရှင်းဆွေ့ ထိုအမျိုးသားကိုကြည့်ကာ ဖွဖွပြုံးလိုက်တယ် "သူအရင်တုန်းကပြောခဲ့ဖူးတယ် ဂီတမှာ အဆင့်အတန်းခွဲခြားမှုမရှိဘူးတဲ့ လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ကိုယ်ပိုင်ကမ္ဘာထဲမှာ ပြိုင်ဘက်ကင်းတွေချည်းပဲတဲ့"

အဲ့တာက သူကျန်ကျစ်ဆီကနေ စာမူအလုခံလိုက်ရတဲ့ ဒုတိယနေ့ဖြစ်တယ်။

အဲဒီညတုန်းက သူ့ကိုယ်သူအခန်းထဲမှာပိတ်ထားမိပြီး တစ်ညလုံးအိပ်မပျော်ခဲ့ဘူး။ ဂီတအပေါ် ချစ်မြတ်နိုးမှုနဲ့ မျှော်လင့်မှုက အသက်ရှင်လျက်နဲ့ နင်းချေခံရ၊ ချေမွေခံရတဲ့ မှန်တစ်ချပ်နဲ့တူပြီး သူစကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘူး။

အဲဒီညမှာပဲ သူvideoလေးတစ်ခုကို မတော်တဆဖွင့်မိသွားခဲ့တယ်။ အဲ့တာဖုကျင်းရှောင်းပါဝင်ထားတဲ့ ဂီတစွမ်းရည်အစီအစဥ်တစ်ခုဖြစ်တယ်။ အဲဒီအချိန်တုန်းက ဖုကျင်းရှောင်းသူ့အဖေနဲ့ ပြဿနာဖြစ်ထားခါစဖြစ်ပြီး တစ်ကိုယ်တည်း အနုပညာနယ်ပယ်ထဲ ဝင်ရောက်လာခဲ့တယ်။ နောက်ခံမရှိတဲ့လူငယ်လေးက သဘာဝကျစွာနဲ့ တရားမျှတမှုမရှိတဲ့ဆက်ဆံမှုတွေကို ခံစားခဲ့ရတယ်။ အဲဒီအစီအစဥ်ထဲမှာ သူ့ရဲ့သီချင်းကို အနှစ်သာရမရှိဘူး ကျွမ်းကျင်မှုမရှိဘူး အရည်အသွေးမရှိဘူး တခြားတစ်ဖွဲ့နဲ့အကွာကြီးလို့ ဝေဖန်ခံခဲ့ရတယ်။

အဲဒီအချိန်တုန်းက စင်ပေါ်ကလူငယ်လေးက ဒီစကားကြောင့်နဲ့ ဝမ်းနည်းမှုတစ်စွန်းတစ်စမှ ထွက်ပေါ်မလာခဲ့ဘူး။

ဖုကျင်းရှောင်းအဲဒီနေရာမှာရပ်နေပြီးတော့ ရှုံးနိမ့်သွားတာတောင်မှတည်ငြိမ်စွာနဲ့ ပြုံးကာပြောလာခဲ့တယ် "ဂီတမှာ အဆင့်အတန်းခွဲခြားမှုမရှိဘူး လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ကိုယ်ပိုင်ကမ္ဘာထဲမှာ ပြိုင်ဘက်ကင်းတွေချည်းပဲ"

ဒီစကားက စင်အောက်ကဒိုင်တွေကို သူတို့ရဲ့နှိမ့်ချနေတဲ့စကားတွေ လည်ချောင်းမှာတစ်သွားစေခဲ့တယ်။

နောက်တော့ ဖုကျင်းရှောင်း နောက်တစ်နှစ်ကြာတော့ နောက်တစ်ခေါက် ထပ်ဝင်ပြိုင်ခဲ့ပြီး ချန်ပီယံဆုရခဲ့တယ်။ အဲဒီအချိန်ကစလို့ သူကအနုပညာလောကထဲ ဝင်ရောက်လာခဲ့တော့တယ်။ အဲဒီအချိန်မှာပဲ ရှန်ရှင်းဆွေ့ကို အားပေးမှုကြီး ခံစားစေခဲ့ရတာဖြစ်တယ်။ သူ့ကိုယ်သူယုံကြည်မှုပျောက်ဆုံးနေချိန်မှာ ဖုကျင်းရှောင်းက ကမ္ဘာကြီးပေါ်ကလမ်းပြမီးအိမ်လေးလိုမျိုး သူ့ကိုမျှော်လင့်ချက်တွေနဲ့ အားအင်တွေယူဆောင်လာပေးခဲ့တယ်။

ဒီနေ့ထိတိုင်အောင်ပေါ့။

ဖုကျင်းရှောင်းက သူ့ရဲ့ဘဝထဲမှာတော့ တောက်ပနေတဲ့ကြယ်လေးတစ်လုံးလိုပဲ။ ကောင်းကင်အမြင့်မှာချိတ်ဆွဲထားပြီး အထင်သေးလို့မရဘူး။

သီချင်းသံပြီးဆုံးသွားတာနဲ့ ပတ်ပတ်လည်ကနေ လက်ခုပ်သံတွေထွက်လာခဲ့တယ်။

ကပွဲကလည်း ဒီလိုနဲ့ကန့်လန့်ကာဖွင့်လှစ်လိုက်တယ်လို့ ပြောလို့ရလေတယ်။ ကောင်းမွန်စွာဝတ်စားထားတဲ့ အမျိုးသမီးလေးတွေက တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်သွားကြတယ်။ အားလုံးရဲ့ပစ်မှတ်က အတော်လေးတူညီကြတယ်။ ခပ်မြန်မြန်ပဲ တစ်ယောက်ကမေးမြန်းလာခဲ့တယ် :

"လူကြီးမင်းဖု သင်နဲ့အတူကလို့ရနိုင်မလား?"

"ကျွန်မနဲ့တွဲကဖို့အတွက် သင့်ကိုဖိတ်ခေါ်ချင်ပါတယ်"

"လူကြီးမင်းဖု ဒီလိုကံကောင်းမှုမျိုး ကျွန်မရရှိနိုင်မလားမသိဘူး......"

ကပွဲတွေမှာ သာမန်အားဖြင့် အမျိုးသားတွေက အမျိုးသမီးတွေကို ကဖို့အတွက် ဖိတ်ခေါ်ကြတာဖြစ်တယ်။ ဒါပေမဲ့ ဒီနေ့ ဖုအိမ်တော်မှာတော့ ဒီလိုအခြေအနေမျိုးက လုံးဝပြောင်းပြန်လှန်လိုက်သလိုပါပဲ။

ဖုကျင်းရှောင်း မတ်တပ်ရပ်လိုက်ပြီး ရှည်းလျားတဲ့အရပ်က အားလုံးကိုအပေါ်စီးကနေ မြင်နိုင်စေတယ်။ အမျိုးသားရဲ့မျက်နှာပေါ်မှာ ဖုံးကွယ်ထားသလို ကြင်လည်းကြင်နာတဲ့အပြုံးလေး ချိတ်ဆွဲထားလေတယ် "အားလုံးရဲ့နှစ်သစ်မှုကို ကျေးဇူးတင်ပါတယ် ဒါကကျွန်တော့်အတွက်ဝမ်းသာစရာပါ ဒါပေမဲ့ အားလုံးကထူးချွန်ထက်မြက်ကြတော့ တကယ်ကိုပဲကျွန်တော့်ကို အခက်တွေ့စေပါတယ်......"

အမျိုးသမီးလေးတွေက အချင်းချင်းကြည့်လိုက်ကြပြီး တစ်ဖက်သားရဲ့မျက်ဝန်းထဲကနေ ရန်အငွေ့အသက်တွေတွေ့လိုက်ကြတယ်။

အားလုံးတွန့်ဆုတ်နေတဲ့အချိန်မှာပဲ ရုပ်ရှင်ဧကရာဇ်ဖု ပြောလာတာကိုကြားလိုက်ရတယ် "တရားမျှတဖို့အတွက် ဒီပန်းကိုပဲဆုံးဖြတ်ခိုင်းရင်ရော ဘယ်လိုလဲ သူကျသွားတဲ့နေရာကလူကိုပဲ ရွေးလိုက်တာပေါ့"

ကြည့်ရတာ ဒီလိုကပဲတရားမျှတပုံပဲ။

အားလုံးသဘောတူလိုက်ကြပြီးနောက် ဖုကျင်းရှောင်း အနောက်ကနေပန်းတစ်ပွင့်ယူလိုက်တယ်။ အနီရောင်နှင်းဆီပန်းလေးက အမျိုးသားရဲ့လက်ထဲမှာ ထူးခြားလှပနေလေတယ်။ သူလက်မြှောက်ပြီးပစ်လိုက်ပေမဲ့ ရလဒ်ကတော့ ပန်းကမျဥ်းကွေးအတိုင်းဖြစ်သွားပြီး ဘေးနားကနေပွဲကြည့်နေတဲ့ ရှန်ရှင်းဆွေ့ခေါင်းကို တိုက်မိသွားခဲ့တယ်။

"အာ"

ဖုကျင်းရှောင်းအသံကို ရှည်အောင်ဆွဲလိုက်ကာ "လက်ချော်သွားတာ"

"ဒါပေမဲ့ တရားမျှတဖို့အတွက် စောနကစည်းမျဥ်းတောင် ပြောခဲ့ပြီးပြီဆိုတော့" ဖုကျင်းရှောင်းရဲ့ နှုတ်ခမ်းတွေတွန့်ကွေးသွားခဲ့ပြီး ဖြည်းညင်းစွာပြောလိုက်တယ် "သူ့ကိုပဲရွေးလိုက်တာပေါ့ အားလုံးသဘောမတူညီတာများရှိကြလား?"

အမျိုးသမီးငယ်လေးများ : "......"

ဒါကြီးကတကယ်ကို 'တရားမျှတ'လွန်းသွားပြီ။

ဖုကျင်းရှောင်းကတော့ သူများတွေဘယ်လိုတွေးနေလဲဆိုတာ နည်းနည်းလေးမှဂရုမစိုက်လေဘူး။ အမျိုးသမီးလေးတွေကို ကျော်သွားပြီး ရှန်ရှင်းဆွေ့ဆီလျှောက်သွားလိုက်တယ်။ အသံနိမ့်နဲ့ "ထိမိပြီးနာသွားသေးလား?"

ရှန်ရှင်းဆွေ့ ခေါင်းခါလိုက်တယ်။ သူကတွေဝေစွာနဲ့ "ဒါကဘာအဓိပ္ပာယ်တုန်း?"

ဖုကျင်းရှောင်း ခါးကိုအနည်းငယ်ကိုင်းလိုက်တယ်။ ကိုယ်နေဟန်ထားကြော့ရှင်းပြီး ယဥ်ကျေးစွာနဲ့ လက်ကိုမြှောက်လိုက်ကာ ရှန်ရှင်းဆွေ့အရှေ့ကို ဆန့်ပေးလိုက်ပြီး ပြောလိုက်တယ် "အဓိပ္ပာယ်က လေးစားရပါသောလူကြီးမင်းရှန် သင်နဲ့အတူကဖို့ဖိတ်ခေါ်ရန်အတွက် ဂုဏ်အသရေမျိုး ကျွန်တော့်မှာရှိနိုင်မလား?"

အမျိုးသားရဲ့မျက်ဝန်းတွေက မီးရောင်အောက်မှာ ပိုပြီးချောမောနေလေတယ်။ အသံကနက်ရှိုင်းကာဆွဲငင်မှုရှိပြီး မြင့်မြတ်တဲ့မင်းသားတစ်ပါးနဲ့တောင် တူနေလေတယ်။

ရှန်ရှင်းဆွေ့ မယုံကြည်နိုင်စွာနဲ့ သူ့ကိုယ်သူညွှန်ပြကာ ပြောလိုက်တယ် "ကျွန်..ကျွန်တော်လား?"

ဖုကျင်းရှောင်း နှုတ်ခမ်းလေးတွန့်ကွေးကာ "မဟုတ်ရင်ရော?"

"ဒါပေမဲ့ ကျွန်တော် မကဖြစ်တော့တာကြာလှပြီ"

"ကိစ္စမရှိဘူး"

"ဒါပေမဲ့ ကျွန်တော်မိန်းကလေးခြေလှမ်းတွေ သိပ်မကတတ်ဘူး......"

ဖုကျင်းရှောင်း ဖြည်းညင်းစွာပြောလာတယ် "ကိုယ်ကမယ်"

! ! !

ရှန်ရှင်းဆွေ့တင်မဟုတ်ဘဲ ရှန်ရှင်းချန်ပါအံ့အားသင့်သွားရတယ်။

ပထမဆုံးအကကို ဖုကျင်းရှောင်းနဲ့တွဲကဖို့အတွက် အဲ့လောက်ကံကောင်းတဲ့သူရှိတယ်ပေါ့။ အထူးဆန်းဆုံးကတော့ ဒီလူက ဖုကျင်းရှောင်းကို ပထမဆုံးအကကို အကောင်းဆုံးကအောင်လုပ်နိုင်ခဲ့တာပဲ!

ရှန်ရှင်းဆွေ့ အလျင်အမြန်ပြောလာတယ် "မဟုတ်ဘူး ကိစ္စမရှိပါဘူး ကျွန်တော်မိန်းကလေးခြေလှမ်းကို စမ်းပြီးကကြည့်လို့ရတယ် သိပ်ပြီးမရင်းမနှီးပဲဖြစ်လောက်မှာ ကောစိတ်မဆိုးရင်အဆင်ပြေပါတယ်"

ဖုကျင်းရှောင်း သူ့လက်ကိုဆွဲသွားပြီး ကပွဲနေရာကိုဝင်ရောက်သွားလိုက်တယ်။

နေရာကတခြားမိန်းကလေးတွေအားလုံး ကြည့်နေရင်းနဲ့ဆွံ့အကုန်ကြတယ်။ သူတို့တစ်ချိန်လုံးကြည့်နေမိပြီး ဒါကိုအိပ်မက်ထဲမှာတောင် ထည့်မမက်ဖူးကြဘူး။ သူတို့ဖြတ်လုခံလိုက်ရတယ်တဲ့။ ပြီးတော့ အဲ့တာကယောက်ျားလေးတစ်ယောက်ဖြစ်နေသေးတယ်။

ဖုကျင်းရှောင်း ရှန်ရှင်းဆွေ့နဲ့အတူကရင်း လှုပ်ရှားမှုတွေက လုံးဝသဘာဝကျကာ ရင်းနှီးနေလေတယ်။

ရှန်ရှင်းဆွေ့ နောက်ကျောဘက်က မကျေနပ်နေတဲ့အကြည့်တွေကို ခံစားမိတာကြောင့် သူစကားပြောတာတောင် ထစ်အကုန်တော့တယ် "ဖုလောင်ရှီး လောင်ရှီးကျွန်တော့်ကိုခေါ်လိုက်တော့ တစ်ချို့သူတွေကို မပျော်မရွှင်များ ဖြစ်သွားစေလိမ့်မလား"

ဖုကျင်းရှောင်း တည်ငြိမ်စွာနဲ့ အသံပြုလိုက်တယ် "ဟုတ်လား?"

ရှန်ရှင်းဆွေ့ သတိတကြီးနဲ့ ခေါင်းညိတ်လိုက်တယ်။

"သူတို့ပျော်မပျော်က ကိုယ်နဲ့ဘာဆိုင်လို့လဲ?" ဖုကျင်းရှောင်းရဲ့အသံက ယုံကြည်ချက်ပြည့်ဝေနေလေတယ်။ ရှန်ရှင်းဆွေ့ကို တစ်ပတ်ပတ်စေလိုက်ပြီး လက်ကတော့ သူ့ခါးလေးကိုဆုပ်ကိုင်လိုက်တယ်။ ခေါင်းနည်းနည်းငုံ့ချလိုက်ပြီး ရှန်ရှင်းဆွေ့ နား,နားကပ်ကာ ဖြည်းညင်းစွာပြောလိုက်တယ် "ကိုယ်ပျော်ရင်ရပြီလေ"

"......"

ရှန်ရှင်းဆွေ့ နားတွေ တဖြည်းဖြည်းနီရဲလာရတယ်။

ရုတ်တရက်ကြီး ပျားရည်အိုးထဲမှာ အစိမ်ခံလိုက်ရသလိုမျိုး တစ်ကိုယ်လုံး ဘာလုပ်ရမှန်းမသိဖြစ်သွားတော့တယ်။ ဒါအပြင် အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ဖုကျင်းရှောင်းရဲ့ခြေထောက်ကို နင်းမိသွားတော့တဘ်။

ရှန်ရှင်းဆွေ့အလျင်အမြန်နဲ့ "တောင်းပန်ပါတယ် ဖုလောင်ရှီး!"

ဖုကျင်းရှောင်းသက်ပြင်းတစ်ချက်ချပြီး ရှန်ရှင်းဆွေ့ရဲ့ခါးကိုဖက်လိုက်တယ်။ ထို့နောက်ဖွဖွလေးတစ်ချက်ပုတ်ပေးကာ အသံတိုးတိုးနဲ့ "စိတ်လျော့ထား ပေါင်ပေ့"

! !

နား,နားက အသံနဲ့အနွေးဓာတ်လေးက သူ့နှလုံးသားထဲထိ ဝင်ရောက်သွားတယ်လို့ပဲ ရှန်ရှင်းဆွေ့ခံစားမိလိုက်တော့တယ်။

သူစိတ်မလျော့နိုင်တဲ့အပြင် ဆက်ပြီးတော့ပဲ အမှားတွေလုပ်မိနေတော့တယ်။ လေးငါးခါတက်နင်းမိနေပြီး အကပြီးဆုံးသွားချိန်မှာ ရှန်ရှင်းဆွေ့ရဲ့အပြစ်တင်စိတ်ရှိနေတဲ့မျက်နှာက သွေးထွက်တော့မတတ်နီရဲနေတော့တယ်။ တောင်းပန်စကားလည်း ခဏခဏပြောနေပြီးပြီဖြစ်တယ်။

ဖုကျင်းရှောင်းကတော့ သူ့ကိုအပြစ်တင်တဲ့ပုံစံမျိုး ရှိမနေလေဘူး။

"ဆွေ့ဆွေ့ မင်းရဲ့ဒီအကစွမ်းရည်က" အမျိုးသားရဲ့မျက်နှာပေါ်မှာ ကူရာမဲ့နေတဲ့အပြုံးမျိုး ရှိနေလေတယ်။ ရှန်ရှင်းဆွေ့ခေါင်းလေးကို နွေးထွေးစွာပုတ်လိုက်ရင်း "နောက်ဆို ကိုယ်ကလွဲလို့ တခြားဘယ်သူနဲ့မှ တွဲမကဖို့သတိရဦး"

! ! !

ရှန်ရှင်းဆွေ့ ရှက်ရွံ့နေတော့တယ်။

သူ့ရဲ့အကစွမ်းရည်က တကယ်ပဲအဲ့လောက်ဆိုးရွားတာလား ဝူးဝူး!

ကပွဲတစ်ဝက်လောက်တဲ့အချိန် ရှန်ရှင်းဆွေ့ ဆင်းလာခဲ့လိုက်တော့တယ်။ သူဒီလူကို အဆုံးရှုံးမခံနိုင်ဘူး။ ရှန်ရှင်းချန်က ဝင်မကတာကြောင့် သူ့ကိုဆွဲခေါ်ပြီး ခြံအနောက်ဖက်ကပါတီဆီ ကစားဖို့ထွက်ခဲ့တော့တယ်။ စားပွဲပေါ်မှာ အရသာရှိတဲ့စားစရာတွေအများကြီးရှိပြီး အစုံရှိလေတယ်။

ရှန်ရှင်းချန်က "ငါတကယ်ဗိုက်ဆာသေတော့မှာ မင်းသိရဲ့လား အရှေ့ကခန်းမထဲက ကိတ်မုန့်တွေကစားကောင်းပေမဲ့ အဆီများလွန်းတယ် တကယ်မစားနိုင်ဘူး ဒီနေရာက နံရိုးနှပ်ပဲမွှေးတယ်"

ဘေးနားက ကြက်ကြော်စားနေတဲ့ ရှန်ရှင်းဆွေ့က သူ့ကိုနားလည်နိုင်တယ်။

အဆင့်အတန်းမြင့်တဲ့လူတွေက လက်ရာမြောက်တဲ့မုန့်ချိုတစ်ချို့လုပ်ကြပြီး စားပွဲပေါ်ခင်းကျင်းရတာကို နှစ်သက်ကြတယ်။ ကြည့်ပဲကြည့်နိုင်ပြီး ဘာမှအသုံးမဝင်ဘူး။ အသားကပဲ စားရတာစစ်မှန်လေတယ်။

ရှန်ရှင်းချန်စားနေရင်းမှ အကြံပြုပြောလာတယ် "အော ဒါနဲ့ ဆွေ့ဆွေ့ ဖုလောင်ရှီးက ညပိုင်းအဲဒီအချိန်ကတည်းက အရှေ့မှာအလုပ်များနေတာ အခုလည်းကပွဲတွေပါတွေပါရပြန်တော့ နည်းနည်းမှမစားရသေးဘူးနေမှာ မင်းဒီမုန့်တွေနည်းနည်းစီထည့်ပြီး သူ့ကိုသွားပေးချေပါ့လား"

ရှန်ရှင်းဆွေ့လည်း ကောကောပြောတာ နည်းလမ်းကျတယ်လို့ ခံစားမိတာကြောင့် ခေါင်းညိတ်လိုက်တယ် "ကောင်းပြီ"

ကပွဲပြီးဆုံးသွားတော့ ဖုကျင်းရှောင်း ဖွားဖွားဆီသွားပြီးဂါရဝပြုမှာလို့ သူကြားမိသလိုပဲ။ သူလည်းလမ်းသိတယ်ဆိုတော့ ကော်ရစ်တာမှာသွားစောင့်တာပေါ့။

ရှန်ရှင်းဆွေ့ လက်ထဲကပန်းကန်ကို ကိုင်ထားရင်း အပေါ်ထပ်ကို ပြန်တက်လာခဲ့တယ်။ လှေကားတစ်ဆင့်ချင်းတက်သွားပြီး မှတ်ဉာဏ်ထဲကအတိုင်း ဖွားဖွားရဲ့အခန်းဆီ လျှောက်သွားလိုက်တယ်။ ဒီအိမ်ကြီးကကြီးလွန်းတာကြောင့် နောက်ဆုံး သူသွားရင်းသွားရင်းနဲ့ လမ်းပျောက်သွားတော့တယ်။

ဒုတိယထပ်က စာကြည့်ခန်းထဲမှာ အငြင်းပွားမှုတစ်ခု ဖြစ်ပေါ်နေခဲ့တယ် :

ဥက္ကဌဖုက ပြင်းထန်စွာပြောလိုက်တယ် "ငါအခုမင်းနဲ့ဆွေးနွေးနေတာမဟုတ်ဘူး မင်းရဲ့ဆန္ဒတွေကလည်း အတိုင်းအတာတစ်ခုတော့ ရှိသင့်တယ်လေ"

ဖုကျင်းရှောင်းရဲ့အသံက ခပ်ဖြည်းဖြည်းပဲဖြစ်တယ်။ ပြင်းထန်မှုမရှိပေမဲ့ စိတ်အခြေအနေဘယ်လိုရှိနေလဲဆိုတာ နားထောင်ကြည့်နိုင်လေတယ် "အဖေက ကျွန်တော်နဲ့ လာဆွေးနွေးနေတာမဟုတ်ဘူးဆိုမှတော့ ဘာလို့ဟန်ဆောင်ပန်ဆောင်နဲ့ ဒါတွေပြောနေသေးလဲ"

"ငါလုပ်တာတွေအားလုံးက မင်းကောင်းဖို့အတွက်ပဲ" ဥက္ကဌဖုကပြောလာတယ် "ငါမင်းအတွက် စီစဥ်ပေးတဲ့လမ်းကြောင်းက မှားယွင်းနေလို့လား မင်းရဲ့စွမ်းရည်နဲ့ဆိုရင် ဖုမိသားစုကို မင်းလက်ထဲထည့်လိုက်ဖို့ ငါစိတ်ချတယ် နောက်ပိုင်းမင်းငါ့နေရာရောက်လာရင် ဒါကမှားယွင်းတဲ့ရွေးချယ်မှုမဟုတ်ဘူးဆိုတာ မင်းနားလည်လာလိမ့်မယ်"

ဖုကျင်းရှောင်း အေးစက်စက်တစ်ချက်ရယ်လိုက်ပြီး "ကြည့်ရတာ အဖေကအစပိုင်းတုန်းကရွေးချယ်မှုကို လုံးဝနောင်တမရခဲ့ဘူးထင်တယ်"

ဒီစကားက ဥက္ကဌဖုကို ချက်ကောင်းထိသွားစေပုံရတယ်။

"ဖုကျင်းရှောင်း!" ဥက္ကဌဖုအော်လိုက်လေတယ် "ငါမင်းကို အကြိမ်ပေါင်းများစွာပြောပြီးသွားပြီ မင်းအမေရဲ့ကိစ္စက ဒီတိုင်းမတော်တဆတစ်ခုတင်ပဲ လိနာ့နဲ့မပတ်သက်ဘူး ငါနဲ့လည်း......"

ဖုကျင်းရှောင်း မျက်ခုံးပင့်ကာ "အဖေနဲ့လည်း မပတ်သက်ဘူး ဟုတ်လား?"

ဥက္ကဌဖု ရုတ်တရက်ဆို့နင့်လာရတယ်။

ဖုကျင်းရှောင်း အေးစက်စက်တစ်ချက်ရယ်လိုက်ပြီး "သူသတ်မှတ်ထားတဲ့ရက်ချိန်း ရောက်တော့မှာကိုသိရက်နဲ့လေ အဲဒီစီးပွားရေးက အဲ့လောက်တောင်အရေးကြီးတာလား သေချာပေါက်ကို USထိသွားပြီး ကိုယ်တိုင်ဆွေးနွေးမှရမှာလား?"

"အလုပ်က အရင်နှစ်ရက်ကတည်းက ပြီးသွားပေမဲ့ အဖေပြန်မလာဘဲ ကုမ္ပဏီကနေထွက်သွားပြီး တခြားနေရာကိုသွားတာလေ" ဖုကျင်းရှောင်းရဲ့အသံက ပြတ်တောင်းပြတ်တောင်းနဲ့ဖြစ်တယ်။ သူကထေ့ငေါ့နေတဲ့ပုံစံနဲ့ "အဲ့တော့ အဖေနဲ့လည်း မပတ်သက်ဘူးပေါ့ ဟုတ်လား?"

ခက်ခဲလွန်းတယ်။ ဒီအမျိုးသားနဲ့မပတ်သက်တာမျိုးလည်း ဖြစ်နိုင်တယ်။

ဒါပေမဲ့ အဲဒီအမျိုးသမီး မသေခင်အချိန်မှာ ခင်ပွန်းကိုအလိုအပ်နေဆုံးအချိန်မှာ ဘယ်လောက်တောင်မှ မျှော်လင့်ချက်မဲ့နေခဲ့လိမ့်မလဲ?

ဥက္ကဌဖု သက်ပြင်းတစ်ချက်ချလိုက်တယ် "အဲ့တာတွေအကုန်လုံးက မတော်တဆဖြစ်သွားတာတွေချည်းပဲ အဖေလည်း ဒီလိုဖြစ်သွားလိမ့်မယ်လို့ မထင်ထားဘူးလေ အဖေကဘာမှမဖြစ်လောက်ဘူးလို့ပဲ ထင်ထားခဲ့တာ"

ဖုကျင်းရှောင်းမျက်လုံးအောက်က ထေ့ငေါ့တဲ့အရိပ်အယောင်တွေက ပိုများပြားလာခဲ့တယ်။

"ပြီးတော့ အဖေလိနာ့ကိုလက်ထက်လိုက်တယ် သူမကမင်းအပေါ်လည်း ကောင်းတယ်မဟုတ်ဘူးလား?" ဥက္ကဌဖု သူ့သားကိုကြည့်လိုက်တယ် "အဖေတွေးခဲ့တာက မင်းဝမ်းယုံကိုမတွေ့ခဲ့ဖူးတော့ လိနာ့ကိုမင်းရဲ့အမေဖြစ်စေပြီး မင်းကိုသေချာဂရုစိုက်နိုင်လိမ့်မယ်လို့ မင်းကို ငယ်ဘဝကနောင်တတွေရှိနေမှာ မလိုလားခဲ့ဘူး......"

ဖုကျင်းရှောင်းတစ်ခွန်းမှ မပြောလေဘူး။

ဥက္ကဌဖု သူ့ရဲ့မာနအကြီးဆုံး သားအကြီးကိုကြည့်လိုက်တယ်။ သူ့ဒေါသကိုကောင်းကောင်းသိတာကြောင့် တစ်လှမ်းဆုတ်ပေးလိုက်ပြီး ညင်သာစွာပြောလိုက်တယ် "ကောင်းပြီ အဖေမင်းကို အတင်းမပြောတော့ဘူး အရင်ကအဖေပြောခဲ့တဲ့ ဝမ်မိသားစုကသမီးကို မင်းသဘောမကျရင်လည်းထားတော့ ရှန်မိသားစုက အဲဒီသားလေးပြန်လာပြီမဟုတ်လား ရှန်မိသားစုက အဖေတို့လုပ်ငန်းစုနဲ့ အမြဲတမ်းဆက်ဆံရေးကောင်းခဲ့တာလေ ကြည့်ရတာမင်းသူ့အပေါ်တော့ အတော်လေးသဘောကျတဲ့ပုံပဲ......"

ရှန်ရှင်းဆွေ့ အကြာကြီးရှာနေပေမဲ့ ရှာမတွေ့ခဲ့ဘူး။ သူလက်လျော့လိုက်တဲ့မဲ့အချိန်မှာပဲ အခန်းတစ်ခန်းကိုဖြတ်သွားခဲ့တယ်။ ဖြတ်သွားချိန် အထဲကစကားသံကို ကြားလိုက်ရတယ်။ အနည်းငယ်ရင်းနှီးသလိုခံစားနေရတာကြောင့် မသိလိုက်ပါသာနဲ့ ခြေလှမ်းတွေကိုရပ်တန့်လိုက်မိတယ်။

ဥက္ကဌဖုက ဆက်ပြောလာတယ် "တကယ်လို့ မင်းအဆင်ပြေတယ်ထင်ရင် ရှန်ရှင်းဆွေ့နဲ့ များများဆက်ဆံလို့ရတယ်"

ရှန်ရှင်းဆွေ့ကြောင်အသွားခဲ့တယ်။ အဲ့တာဥက္ကဌဖုမလား?

သူ့ရဲ့ဒီစကားက ဘာအဓိပ္ပာယ်လဲ......

အကုန်လုံးမကြားလိုက်တာကြောင့် ရှန်ရှင်းဆွေ့ စိတ်လည်းလှုပ်ရှားမိသလို အနည်းငယ်လည်း မျှော်လင့်နေမိတယ်။ သူတစ်လျှောက်လုံး ဖုကျင်းရှောင်းနဲ့ လက်ထက်ဖို့အကြောင်းကို မပြောရဲခဲ့ဘူး။ ပြီးတော့ ရုပ်ရှင်ဧကရာဇ်ဖု ဘယ်လိုစဥ်းစားလဲဆိုတာကိုလည်း သူမသိလေဘူး။

နောက်တော့ ဆက်ပြီး

အခန်းထဲကနေ အမှန်ကိုရင်းနှီးတဲ့အသံကြားလိုက်ရတယ်။ ဖုကျင်းရှောင်းရဲ့အသံဖြစ်တယ်။ အေးစက်စက်နဲ့ဖြစ်ကာ လှောင်ရယ်မှုတွေတောင် ပါဝင်နေသေးသလိုပဲ "အဖေဒါက ဒီကိစ္စကိုတောင်မှ အစီအစဥ်ချပြီးသွားပြီလား?"

ဥက္ကဌဖုက "မင်းဆန္ဒမရှိဘူးလား?"

"ကျွန်တော်အဖေ့ကို အမုန်းဆုံးကဘာလဲဆိုတာ အဖေသိလား?" ဖုကျင်းရှောင်း မျက်ခွံပင့်ကာ သူ့ကိုကြည့်လိုက်တယ်။ ဆိုဖာပေါ်မှာထိုင်နေတဲ့လူကခံ့ညားလှတယ်။ ဥက္ကဌဖုကိုကြည့်နေတဲ့အကြည့်တွေထဲမှာလည်း ရန်လိုတဲ့အငွေ့အသက်တွေ ပါဝင်နေခဲ့တယ် "အဖေထင်တာက အဖေထင်တာပဲ? ကျွန်တော့်ကိစ္စတွေကို အဖေဝင်စွက်ဖက်စရာမလိုဘူး ပြီးတော့ ကျွန်တော့်မင်္ဂလာကိစ္စကိုလည်း အဖေတို့လုပ်ထားတဲ့ စေ့စပ်သဘောတူချက်နဲ့ လာလွှမ်းမို့ဖို့မဖြစ်နိုင်ဘူး နားလည်လား?"

ဥက္ကဌဖုဆို့နင့်သွားရတယ်။

သူအခုမှနားလည်သွားခဲ့ရတာက သူ့ရဲ့ဒီကလေးက အရင်ကလို သူသဘောရှိထိန်းချုပ်လို့ရတဲ့သူလိုမျိုး ဘယ်တော့မှမဟုတ်တော့ဘူးဆိုတာပဲ။

တံခါးအပြင်ဘက်က ရှန်ရှင်းဆွေ့ရဲ့ခန္ဓာကိုယ်လည်း အေးခဲသွားခဲ့တယ်။ သူအရင်တုန်းက မရှိသင့်တဲ့စိတ်ကူးယဥ်မှုတွေရှိခဲ့ပေမဲ့ အခုချိန်မှာတော့ အားလုံးပျောက်ကွယ်သွားရတော့တယ်။ အမှန်ကိုပဲ စေ့စပ်သဘောတူတယ်ဆိုတာက အစကတည်းက ရယ်ရတယ်မဟုတ်လား။ ဖုကျင်းရှောင်းက ဘယ်တုန်းကမှ စည်းမျဥ်းတွေနဲ့ထိန်းချုပ်ခံမဲ့သူမဟုတ်ဘူး။ ဘယ်လိုလုပ်ပြီး စေ့စပ်တယ်ဆိုတာကြောင့်နဲ့ သူနဲ့အတူနေလိမ့်မတဲ့လဲ?

ရှန်ရှင်းဆွေ့ မင်းတကယ်ပဲ ဘာတွေစဥ်းစားနေတာလဲ။

သူအိပ်မောကျနေသလိုမျိုး ထွက်လာခဲ့ပြီးတော့ ကွေ့ချိုးတစ်ခုကွေ့လိုက်တယ်။ နောက်တော့ သူရှာနေတဲ့နေရာဖြစ်တဲ့ သခင်မကြီးရဲ့အခန်းကို ရှာတွေ့သွားခဲ့တယ်။

တံခါးဝကအစေခံလေးက သခင်မကြီးကို အပြင်ထွက်ဖို့ကူညီပေးနေတာဖြစ်တယ်။ အဖွားက ရှန်ရှင်းဆွေ့ကိုမြင်တော့ အရမ်းပျော်ရွှင်သွားပြီး "ဆွေ့ဆွေ့ မြေးဘယ်လိုလုပ်ရောက်လာတာလဲ ဖွားဖွားကိုလာရှာတာလား?"

ရှန်ရှင်းဆွေ့ ဘာပြောရမှန်းမသိတာကြောင့် တောင့်တင်းစွာပဲ ခေါင်းညိတ်ပြလိုက်တယ်။

သခင်မကြီးက သူမျက်နှာမကောင်းနေတာကို သတိထားမိသွားခဲ့ပြီး "မြေးဘာဖြစ်လို့လဲ?"

"ဘာမှမဟုတ်ပါဘူး" ရှန်ရှင်းဆွေ့ အတင်းပြုံးပြလိုက်တယ်။ သူတစ်ခုခုကိုသတိရသွားတဲ့ပုံစံနဲ့ပြောလိုက်တယ် "ဖွားဖွား ကျွန်တော် ဖွားဖွားနဲ့ကိစ္စတစ်ခု ပြောစရာရှိတယ်"

ဖွားဖွားက ရှန်ရှင်းဆွေ့ကို သံသယဖြစ်စွာကြည့်လိုက်ပြီး တစ်နေရာရာက မှားနေတယ်လို့ခံစားလိုက်ရတယ်။ ဒါပေမဲ့ မငြင်းဆိုလိုက်ပဲ နွေးထွေးစွာပြောလိုက်တယ် "ကောင်းပြီ မြေးဝင်လာခဲ့လေ"

ရှန်ရှင်းဆွေ့မဝင်သွားပဲ စောနကသိမ်းထားခဲ့တဲ့ တံဆိပ်တုံးလေးကို ပြန်ထုတ်ယူလာလိုက်တယ်။ နောက် ရိုသေစွာနဲ့ အဖွားရဲ့လက်ထဲကို ပြန်ထည့်ပေးလိုက်တယ်။ နောက်တော့ လေးနက်စွာဦးညွတ်လိုက်ပြီး "တောင်းပန်ပါတယ် ဖွားဖွား ကျွန်တော်သေချာစဥ်းစားပြီးပြီ ဒီတံဆိပ်တုံးကအရမ်းတန်ဖိုးကြီးလွန်းတယ် ကျွန်တော်အဖွားရဲ့ပစ္စည်းကိုလက်မခံနိုင်ဘူး"

သခင်မကြီးက သူ့ကိုအလျင်အမြန်တားလိုက်ပြီး "ဆွေ့ဆွေ့ ဖွားဖွားပြောခဲ့တယ်မဟုတ်လား ဒါကမြေးရသင့်တာပါလို့"

ရှန်ရှင်းဆွေ့ ခေါင်းခါကာပြောလိုက်တယ် "မဟုတ်ပါဘူး ဒါကကျွန်တော်ရသင့်တာမဟုတ်ပါဘူး ဒီတံဆိပ်တုံးရဲ့ပိုင်ရှင်က ကျွန်တော့်ထက်ပိုသင့်တော်ပြီး ကျွန်တော့်ထက် လက်ခံဖို့အကြောင်းပြချက်ပိုရှိတဲ့ သူပဲဖြစ်သင့်တယ် ကျွန်တော်အဖွားရဲ့ ကြင်နာမှုကို နားလည်ပါတယ် ဒါပေမဲ့အခု ကျွန်တော့်မှာတကယ် အကြောင်းပြချက်မရှိနေဘူး သူ့ကိုပိုင်ဆိုင်ဖို့လည်း မထိုက်တန်နေဘူး အဖွားရဲ့ကြင်နာမှုအတွက် ကျေးဇူးပါ ကျွန်တော်သွားနှင့်တော့မယ်"

ရှန်ရှင်းဆွေ့ သူမကိုဦးညွတ်ပြီးထွက်သွားတာကို သခင်မကြီးကြောင်ကြည့်နေခဲ့မိတယ်။ စောနတုန်းကမှ အကောင်းကြီးကို အခုမှဘာလို့ပြောင်းလဲသွားပါလိမ့်။

......

တွေဝေနေတုန်းမှာပဲ သခင်မကြီးအခန်းထောင့်ချိုးလိုက်တော့ အဖေနဲ့စကားများပြီးလာတဲ့ ဖုကျင်းရှောင်းနဲ့တွေ့လိုက်ရတယ်။ ရုပ်ရှင်ဧကရာဇ်ဖုရဲ့မျက်နှာကလည်း သိပ်မကောင်းနေလေဘူး။ ဒါပေမဲ့ အဖွားကိုတွေ့တော့ ဂါရဝပြုလိုက်လေတယ်။

သခင်မကြီးက သူ့ကိုလက်ပြခေါ်လိုက်ပြီး "မြေးလာဦး အဖွားတစ်ခုမေးချင်လို့"

ဖုကျင်းရှောင်း မေးလိုက်တယ် "ဘာဖြစ်လို့လဲ?"

"မင်း...... မင်းနဲ့ဆွေ့ဆွေ့ ရန်ဖြစ်ထားတာလား" သခင်မကြီးကတွန့်ဆုတ်စွာနဲ့ "ဒါမှမဟုတ် သူမင်းကိုစွန့်လွတ်လိုက်တာလား"

___________________

Word – 7774
August 3, 2023(Thu)
Xiao Dream

Sorry for late. Goodnight!!

နံရိုးနှပ် / နံ႐ိုးႏွပ္

Zawgyi

ေဆြ႕ေဆြ႕မင္းကိုစြန္႔လႊတ္လိုက္တာလား
___________________________________

ရွန္ရွင္းေဆြ႕ ဒီစကားကိုၾကားေတာ့ အနည္းငယ္ေၾကာင္အသြားခဲ့ၿပီး သူေမးလိုက္တယ္ "ဘယ္သူကကြၽန္ေတာ့္ကို လာဖို႔ဖိတ္ေခၚလိုက္တာလဲ?"

အေစခံေလးက ၿပဳံးကာေျပာလာတယ္ "သခင္မႀကီးပါ"

ရွန္ရွင္းေဆြ႕ အေမေျပာတာၾကားဖူးတယ္။ သခင္မႀကီးလုပ္တဲ့ စြပ္ျပဳတ္ကအရမ္းေသာက္ေကာင္းတယ္တဲ့။ ဒီသခင္မႀကီးအေၾကာင္းကို အေမအမ်ားႀကီးမေျပာဖူးေပမဲ့ သူမကလူေကာင္းတစ္ေယာက္ဆိုတာကိုေတာ့ ရွန္ရွင္းေဆြ႕ခန္႔မွန္းလိုက္ႏိုင္တယ္။

ရွန္ရွင္းခ်န္ကေျပာလာတယ္ "မင္းလိုက္သြားလိုက္ေလ သခင္မႀကီးကအရမ္းေကာင္းတယ္ ငါ့ကိုေတာင္ဟုန္ေပါင္းေပးဖူးေသးတယ္!"

ရွန္ရွင္းခ်န္ရဲ႕ အဲဒီ႐ိုးရွင္းတဲ့ကမာၻငယ္ေလးထဲမွာေတာ့ ဟုန္ေပါင္းေပးတဲ့သူက လူေကာင္းပဲျဖစ္တယ္။

ရွန္ရွင္းေဆြ႕ ရယ္လိုက္ၿပီး ေခါင္းညိတ္ကာေျပာလိုက္တယ္ "ေကာင္းၿပီ ငါအခုပဲသြားလိုက္မယ္"

သူတို႔ႏွစ္ေယာက္အတူတူ စည္ကားေနတဲ့ဧည့္ခန္းကိုျဖတ္လာခဲ့ၿပီး ေရွးေခတ္ပုံစံသစ္သားေလွကားကေန အေပၚထပ္ကိုတက္ခဲ့လိုက္တယ္။ ခပ္ျမန္ျမန္ပဲ အေပၚထပ္ကိုေရာက္လာခဲ့တယ္။ ဖုမိသားစုအိမ္ေတာ္ႀကီးရဲ႕ ျပင္ဆင္ထားတဲ့ပုံစံက ေရွးက်ၿပီး႐ိုး႐ိုးရွင္းရွင္းပဲျဖစ္တဲ့အျပင္ သမိုင္းက်တဲ့ခံစားခ်က္မ်ိဳးကို လုံးဝခံစားႏိုင္ေလတယ္။ နံရံေပၚမွာ လက္ေရးလွပန္းခ်ီေတြခ်ိတ္ဆြဲထားၿပီး မွန္ဗီ႐ိုထဲမွာ ပန္းအိုးေတြျပထားတာက လက္ရာေျမာက္လွတယ္။

အေရွ႕ကသြားေနတဲ့အေစခံေလးက သြားရင္းေျပာလာတယ္ "လူႀကီးမင္းမလာခင္ကတည္းက သခင္မႀကီးက လူႀကီးမင္းအေၾကာင္း တစ္ခ်ိန္လုံးေျပာေနတာ"

ရွန္ရွင္းေဆြ႕ ေမးလိုက္တယ္ "သခင္မႀကီးက ကြၽန္ေတာ့္ကိုသိတယ္လား?"

"သိတယ္ဗ်" အေစခံေလးကၿပဳံးကာ "သခင္မႀကီးက လူႀကီးမင္းရဲ႕အစီအစဥ္ေတြၾကည့္တယ္ ၿပီးေတာ့လူႀကီးမင္းရဲ႕သီခ်င္းေတြလည္း နားေထာင္တယ္"

"......"

ရွန္ရွင္းေဆြ႕ အေတြးထဲနစ္ျမဳပ္သြားရတယ္။

တျခားေၾကာင့္ေတာ့မဟုတ္ဘူး။ သူ႔ရဲ႕သီခ်င္းက ဘာလို႔သက္ႀကီးပိုင္းေတြရဲ႕ ႀကိဳက္ႏွစ္သက္ျခင္းခံရတာလဲဆိုတာကို ႐ုတ္တရက္စဥ္းစားမိသြားလို႔ျဖစ္တယ္။

ဒါကအက်ိဳးသင့္အေၾကာင္းသင့္ေရာျဖစ္ရဲ႕လား?

ဘာမွားယြင္းမႈမွလည္း မရွိတဲ့ပုံပါပဲ။

သူတို႔ႏွစ္ေယာက္အတူတူ အခန္းတစ္ခန္းေရွ႕ကို ေလွ်ာက္သြားလိုက္ၾကတယ္။ အေစခံေလးက ရွန္ရွင္းေဆြ႕ဝင္ရေအာင္ တံခါးဖြင့္ေပးလိုက္တယ္။ ရွန္ရွင္းေဆြ႕ စိတ္လႈပ္ရွားစြာ သက္ျပင္းတစ္ခ်က္ရႈိက္လိုက္ၿပီး အထဲဝင္ခဲ့လိုက္ေတာ့တယ္။

အခန္းတြင္းမွာ စႏၵကူးအေမႊးခဲထြန္းထားတာေၾကာင့္ ေၾကာ့ရွင္းတဲ့အနံ႔ရွိေနတယ္။

သခင္မႀကီးတစ္ေယာက္က ဆိုဖာေပၚမွာထိုင္ေနၿပီး လက္ထဲမွာလည္း စာအုပ္တစ္အုပ္ကိုင္ထားေလတယ္။ လူဝင္လာတဲ့အသံၾကားေတာ့ လွည့္ၾကည့္လာၿပီး အၿပဳံးေလးနဲ႔ေျပာလိုက္တယ္ "ေဆြ႕ေဆြ႕ လာၿပီလား"

ရွန္ရွင္းေဆြ႕ ဒီသခင္မႀကီးကိုျမင္ေတာ့ အနည္းငယ္အံ့အားသင့္သြားရတယ္။

အရမ္းႏုပ်ိဳလြန္းတယ္။ သူ႔ဖြားဖြားနဲ႔ အသက္အ႐ြယ္တူတူေလာက္ပဲဆိုေပမဲ့ အသားအေရထိန္းသိမ္းထားတာ အရမ္းေကာင္းတယ္။ ဆံပင္ျဖဴေတြရွိေနေပမဲ့ အလြန္လွပသိမ္ေမြ႕ေနဆဲပဲျဖစ္တယ္။

ရွန္ရွင္းေဆြ႕ ဦးၫြတ္လိုက္ၿပီး "မဂၤလာညေနခင္းပါ ဖုသခင္မႀကီး"

"အဲ့ေလာက္ယဥ္ေက်းေနဖို႔မလိုပါဘူး" သခင္မႀကီးကေျပာလာတယ္ "ဖြားဖြားလို႔ေခၚရင္ပဲရပါၿပီ ဖြားဖြားဖုလို႔ေခၚေပါ့"

ဒါကစည္းမ်ဥ္းစည္းကမ္းေတြနဲ႔ သိပ္မကိုက္ညီဘူးလို႔ ရွန္ရွင္းေဆြ႕ခံစားလိုက္ရတယ္။ တက္လာတာနဲ႔ အမ်ိဳးစပ္တဲ့သူဘယ္မွာရွိလို႔လဲေလ။ သူသေဘာမတူလိုက္ဘဲ ျငင္းဆိုခ်င္ခဲ့တယ္။ ဒါေပမဲ့ သခင္မႀကီးရဲ႕မ်က္ဝန္းေတြနဲ႔ ဆုံသြားခ်ိန္မွာ ဘယ္ျငင္းဆိုတဲ့စကားမွ ထြက္မလာႏိုင္ေတာ့ဘူး။

သခင္မႀကီးက သူ႔ကိုလက္ေဝ့ယမ္းျပကာ ေျပာလာတယ္ "ကေလး အဖြားေဘးလာခဲ့"

ရွန္ရွင္းေဆြ႕ အနားသြားလိုက္ၿပီး သူမေဘးမွာထိုင္လိုက္တယ္။

"ေျမးက တီဗီထဲကထက္ ပိုေခ်ာတာပဲကြဲ႕" သခင္မႀကီးက ၿပဳံးစစနဲ႔သူ႔ကိုၾကည့္လ်က္ ေျပာလာတယ္ "ေျမးရဲ႕မိဘေတြနဲ႔ တကယ္ဆင္တယ္"

ရွန္ရွင္းေဆြ႕ အခ်ီမြမ္းခံလိုက္ရတာေၾကာင့္ အနည္းငယ္ရွက္႐ြံ႕သြားၿပီး ေျပာလိုက္တယ္ "ခ်ီးမြမ္းေပးလို႔ ေက်းဇူးပါဗ်"

သခင္မႀကီးရဲ႕အၿပဳံးက ႐ုတ္တရက္အမ်ားႀကီး ေပ်ာက္ကြယ္သြားရတယ္။ သူမက အသံနိမ့္နိမ့္နဲ႔ "တကယ္ေတာ့ အစပိုင္းတုန္းက ေျမးမေမြးေသးခင္အခ်ိန္ လိနာ့ကအဖြားတို႔ရဲ႕ေျမးအႀကီးကို တိတ္တဆိတ္ေစ့စပ္ထားတဲ့ကိစၥကိုၾကားေတာ့ အဖြားမလိုလားခဲ့ဘူး"

ရွန္ရွင္းေဆြ႕ စိတ္လႈပ္ရွားလာရတယ္။

သခင္မႀကီးက သူ႔ကိုေခၚၿပီး ဒီကိစၥကိုေျပာလိမ့္မယ္လို႔ ရွန္ရွန္ေဆြ႕မထင္ထားခဲ့ဘူး။ စိတ္ပိုင္းဆိုင္ရာျပင္ဆင္မႈလုပ္ခဲ့ေပမဲ့လည္း အားလုံးေတာ့မလုပ္ႏိုင္ခဲ့ဘူး။

သခင္မႀကီးက ဆက္ေျပာလာတယ္ "ေနာက္ေတာ့ ေယာက္်ားေလးတစ္ေယာက္ဆိုတာၾကားေတာ့ အဖြားကပိုလို႔ေတာင္ မလိုလားေတာ့ဘူး အခုေခတ္မွာ နည္းပညာေတြဖြံ႕ၿဖိဳးတိုးတက္ေနၿပီး ေနာက္ေကာက္က်မေနခဲ့ေတာ့ဘူးဆိုေပမဲ့ အဖြားတို႔မိသားစုက တစ္ေလွ်ာက္လုံး သားေယာက္်ားေလးတစ္ေယာက္ကပဲ အေမြဆက္ခံခြင့္ရွိတာ တကယ္လို႔အမွားအယြင္းတစ္ခုခုသာျဖစ္ခဲ့မယ္ဆိုရင္ အဖြားတို႔ရဲ႕ဒီေလာက္ႀကီးတဲ့ မိသားစုစီးပြားေရးႀကီးကို ဘယ္လိုကိုင္တြယ္ေျဖရွင္းၾကမလဲ?"

ရွန္ရွင္းေဆြ႕ သခင္မႀကီးရဲ႕စကားကိုၾကားေတာ့ လက္ေတြကိုမသိလိုက္ပါသာနဲ႔ အခ်င္းခ်င္းဆုပ္ကိုင္လိုက္မိေတာ့တယ္။ သူသာမန္ကာလွ်ံကာအသံျပန္ျပဳလိုက္ၿပီး စိတ္ထဲမွာလည္းအလြန္ေယာက္ယက္ခတ္ေနရေတာ့တယ္။

သခင္မႀကီးကေတာ့ သူစဥ္းစားေနတာကို နားလည္ေနပုံနဲ႔ သူစိတ္သက္သာရာရေအာင္လို႔ သူ႔လက္ေလးပုတ္ေပးၿပီး ဆက္ေျပာလာတယ္ "ဒါေပမဲ့ ေနာက္ပိုင္းက်ေတာ့ ေျမးတို႔အိမ္မွာျပႆနာျဖစ္တာၾကားခဲ့ရတယ္ ဒီငယ္ငယ္ကေစ့စပ္ထားတာကလည္း အဲဒီလိုနဲ႔မရွိေတာ့ဘူးဆိုေပမဲ့ ဘယ္လိုေၾကာင့္မွန္းမသိ စိတ္ထဲမေကာင္းဘူးျဖစ္ေနခဲ့တာ ၿပီးေတာ့ ဒီကေလးက်င္းေရွာင္းက တစ္ေလွ်ာက္လုံးတစ္ေယာက္မွမရွာခဲ့ဘူးေလ ဆိုေတာ့အဖြားေတြးမိတာက တကယ္တမ္းေျမးတို႔ႏွစ္ေယာက္မွာ သတ္မွတ္ထားတဲ့ကံၾကမၼာရွိေနႏိုင္တယ္လို႔ေလ ကိစၥေတာ္ေတာ္မ်ားမ်ားက သဘာဝအတိုင္း အလိုက္သင့္ေလးပဲ သြားသင့္တယ္"

ရွန္ရွင္းေဆြ႕ ဒါကိုနားေထာင္ၿပီးခ်ိန္ ခံစားခ်က္ေတြကလည္း ရႈပ္ေထြးသြားရေတာ့တယ္။ သူက "အဖြားကကြၽန္ေတာ့္ကိုေခ်ာ့ေမာ့ေနတာပဲ ဖုေလာင္ရွီးတစ္ေလွ်ာက္လုံး တစ္ေယာက္မွမရွာခဲ့ဘူးဆိုတာက သင့္ေတာ္တဲ့လူနဲ႔မေတြ႕ေသးလို႔ပဲ ျဖစ္ပါလိမ့္မယ္"

သခင္မႀကီးကေခါင္းခါေလတယ္။

သူမကတစ္ခုခုကို စဥ္းစားမိသြားပုံနဲ႔ ေဘးနားကေန ဓာတ္ပုံalbumတစ္ခု ယူလိုက္တယ္။ တကယ္လို႔ ရွန္ရွင္းေဆြ႕သာအမွတ္မမွားဘူးဆိုရင္ ဒီalbumက သူဒီအခန္းထဲဝင္လာတဲ့အခ်ိန္တုန္းက သခင္မႀကီးၾကည့္ေနခဲ့တဲ့ဟာျဖစ္လိမ့္မယ္။

သခင္မႀကီးက ဒီဓာတ္ပုံalbumကိုဖြင့္လိုက္ၿပီး အထဲကစာမ်က္ႏွာတစ္ခုကိုလွန္လိုက္ၿပီး သူ႔ကိုေပးလာတယ္ "ၾကည့္ၾကည့္"

ရွန္ရွင္းေဆြ႕အနားကပ္ၾကည့္လိုက္ေတာ့ အဲ့တာကမိသားစုဓာတ္ပုံတစ္ခုျဖစ္ေနတာကို ေတြ႕လိုက္ရတယ္။

ၿပီးေတာ့ ဒီမိသားစုဓာတ္ပုံထဲက ဥကၠဌဖုေဘးမွာ လက္တြဲလ်က္ရပ္ေနတဲ့အမ်ိဳးသမီးက လိနာ့မဟုတ္ခဲ့ဘူး။

ရွန္ရွင္းေဆြ႕ အံ့အားသင့္သြားၿပီး ေျပာလိုက္တယ္ "ဒီအမ်ိဳးသမီးက......"

"သူမက ဖုက်င္းေရွာင္းရဲ႕ ေမြးမိခင္အရင္း 'ဝမ္းယုံ'တဲ့" သခင္မႀကီးက ဓာတ္ပုံထဲကအမ်ိဳးသမီးကိုၾကည့္ရင္း ခံစားခ်က္နဲ႔ေျပာလာတယ္ "ဝမ္းယုံအဲဒီႏွစ္တုန္းက ဒီကေလးေမြးတဲ့အခ်ိန္ ကေလးမီးဖြားၿပီး မျဖတ္ေက်ာ္ႏိုင္ေတာ့ဘဲ ဆုံးပါးသြားခဲ့တာ "

ရွန္ရွင္းေဆြ႕အရင္တုန္းက ဖုေလာင္ရွီးနဲ႔သူ႔အေဖရဲ႕ ဆက္ဆံေရးကမေကာင္းဘူးလို႔ ၾကားခဲ့ဖူးတယ္။ ဒါေပမဲ့ ဒီလိုပတ္သက္မႈမ်ိဳး ရွိေနလိမ့္ဦးမယ္လို႔ သူမသိထားခဲ့ဘူး။

သခင္မႀကီးက ဆက္ေျပာလာတယ္ "ေနာက္ပိုင္းဝမ္းယုံဆုံးၿပီး ႏွစ္ႏွစ္ေလာက္ၾကာေတာ့မွ လိနာ့ေရာက္လာခဲ့တာ သူမကက်င္းေရွာင္းကို သားအရင္းတစ္ေယာက္လို ဆက္ဆံေပးၿပီး အက်င့္ေလးကလည္းမဆိုးလွပါဘူး ဒါေပမဲ့ က်င္းေရွာင္းကေတာ့ သူ႔အေမရဲ႕ေသဆုံးမႈကို သူ႔အေဖအေပၚပဲ အျပစ္တင္ေနခဲ့တာ"

ရွန္ရွင္းေဆြ႕ "ဘာလို႔လဲ?"

သခင္မႀကီးအစကေတာ့ အိမ္တြင္းေရးကိစၥေတြ အျပင္ကတျခားသူကို မေျပာရဘူးလို႔ေတြးခဲ့ေပမဲ့ ရွန္ရွင္းေဆြ႕ကိုေတာ့ အမွန္အတိုင္းပဲေျပာလိုက္တယ္ "ဘာလို႔လဲဆိုေတာ့ သူကသူ႔အေဖလုပ္ခဲ့တာလို႔ သံသယရွိေနခဲ့လို႔"

ရွန္ရွင္းေဆြ႕ မ်က္လုံးျပဴးသြားရတယ္။

"ဝမ္းယုံဆုံးတဲ့အခ်ိန္တုန္းက သူUSကိုအလုပ္ခရီးထြက္ေနၿပီး အလ်င္မီေအာင္ျပန္မလာႏိုင္ခဲ့ဘူးေလ" သခင္မႀကီး သက္ျပင္းတစ္ခ်က္ခ်ကာ "လိနာ့ကလည္းအေမရိကန္လူမ်ိဳးျဖစ္ေနခဲ့တယ္ ဒီၾကားထဲမွာ အထင္လြဲမႈတစ္ခုခုရွိေနတာမ်ိဳး ျဖစ္ပါလိမ့္မယ္ ဒါေပမဲ့ က်င္းေရွာင္းဆိုတဲ့ကေလးက အရမ္းေခါင္းမာတယ္ ဝမ္းယုံရဲ႕ေသဆုံးမႈေၾကာင့္ တစ္ေလွ်ာက္လုံး သူ႔အေဖနဲ႔မသင့္မျမတ္ျဖစ္ေနခဲ့ၿပီး လက္ထက္ဖို႔ကိုျငင္းဆိုေနခဲ့တာ အရင္တစ္ခ်ိန္တုန္းက ဒီကေလးတစ္ဘဝလုံး တြဲဖက္ရွိမလာေတာ့မွာကိုေတာင္ အဖြားစိတ္ပူခဲ့ရဖူးတယ္"

ရွန္ရွင္းေဆြ႕စိတ္ထဲမွာလည္း အရမ္းတုန္လႈပ္ေနခဲ့တယ္။ ဒါေပမဲ့ သခင္မႀကီးရဲ႕စကားကိုၾကားၿပီးေနာက္ မ်က္ႏွာေလးနီရဲသြားရတယ္။ သူကထစ္အစြာနဲ႔ "အဖြားအထင္လြဲေနပါၿပီ ကြၽန္ေတာ္ကဖုေလာင္ရွီးရဲ႕တြဲဖက္မဟုတ္ပါဘူး"

သခင္မႀကီးကေတာ့ ဒါကအေႏွးနဲ႔အျမန္ျဖစ္လာမွာပဲဆိုတဲ့ အမူအရာနဲ႔ျဖစ္တယ္။

ဘယ္လိုေျဖရွင္းရမလဲဆိုတာကို ရွန္ရွင္းေဆြ႕တကယ္မသိေတာ့ဘူး။ သခင္မႀကီးကေတာ့ သူမအေနာက္ကေန တံဆိပ္တုံးတစ္ခုထုတ္ယူလိုက္ၿပီး ရွန္ရွင္းေဆြ႕ကိုကမ္းေပးကာ ေျပာလာတယ္ "အဲတာကအဖြားရဲ႕ေျမးပါကြယ္ အဖြားကဘယ္လိုလုပ္မသိဘဲေနပါ့မလဲ ေျမးတို႔ႏွစ္ေယာက္ရဲ႕ကိစၥအတြက္ ဖြားဖြားအရမ္းဝမ္းသာပါတယ္ ဒါကႏႈတ္ဆက္လက္ေဆာင္ေလး ေျမးေလးႀကိဳက္ဖို႔ေမွ်ာ္လင့္ပါတယ္"

ဒီတံဆိပ္တုံးကထူးျခားၿပီး သာမန္ပစၥည္းတစ္ခုတင္မဟုတ္တာကို ရွန္ရွင္းေဆြ႕ တစ္ခ်က္ၾကည့္႐ုံနဲ႔တင္ ျမင္ႏိုင္ေလတယ္။

သူအလ်င္အျမန္ ျငင္းဆိုလိုက္တယ္ "ဖြားဖြား ဒါကအရမ္းတန္ဖိုးႀကီးလြန္းပါတယ္ ကြၽန္ေတာ္လက္မခံႏိုင္ဘူး"

"ဒါကေျမးေလးရသင့္တာပါ" သခင္မႀကီးက သူ႔လက္ကိုပုတ္ကာေျပာလာတယ္ "ကေလး လက္ခံထားလိုက္ပါ"

ရွန္ရွင္းေဆြ႕ အခ်ိန္တစ္ခုေလာက္ထိျငင္းဆိုေနေပမဲ့ အဖြားကိုတကယ္မလြန္ဆန္ႏိုင္ေတာ့တာေၾကာင့္ ေနာက္ဆုံးလက္ခံလိုက္ရေတာ့တယ္။

အေရွ႕ကညစာစားပြဲကလည္း က်င္းပေနတာတစ္ဝက္ေလာက္ထိ ေရာက္ေနၿပီျဖစ္တယ္။ ခဏေနရင္ကပြဲစတင္ေတာ့မွာျဖစ္တယ္။ သခင္မႀကီးက သူ႔ကိုေအာက္ထပ္ဆင္းၿပီး ကစားဖို႔ေျပာေတာ့မွ ရွန္ရွင္းေဆြ႕လည္း ထြက္လာခဲ့လိုက္ေတာ့တယ္။

ေအာက္ထပ္ေရာက္ေရာက္ခ်င္း ခန္းမထဲကသီခ်င္းသံေတြ ထြက္ေပၚလာခဲ့တယ္။ ၾကားထဲမွာလည္း ၿငိမ့္ေညာင္းထဲစႏၵယားသံက ေရာေႏွာပါဝင္ေနေလတယ္။

ရွန္ရွင္းခ်န္က သူ႔ကိုလက္ေဝ့ယမ္းျပလာၿပီး ေျပာလာတယ္ "အကုန္စခါနီးက်မွပဲဆင္းလာေတာ့တယ္"

ရွန္ရွင္းေဆြ႕ သူ႔ေဘးေလွ်ာက္သြားလိုက္ၿပီး စင္ျမင့္အလယ္ကိုၾကည့္လိုက္ခ်ိန္ စႏၵယားတီးေနတဲ့ဖုက်င္းေရွာင္းကိုေတြ႕လိုက္ရတယ္။ ထိုအမ်ိဳးသားက နက္ျပာေရာင္အေနာက္တိုင္းဝတ္စုံကိုဝတ္ဆင္ထားၿပီး စႏၵယားေဘးမွာထိုင္ေနခဲ့တယ္။ ခန္းမႀကီးရဲ႕ ျဖဴစြတ္တဲ့အလင္းေရာင္က ထိုအမ်ိဳးသားေပၚက်ေရာက္ေနေလတယ္။ သူ႔ရဲ႕ေက်ာကတစ္ေျဖာင့္တည္းတန္းေနၿပီး ကိုယ္ေနဟန္ထားက ေၾကာ့ရွင္းတင့္တယ္လွတယ္။ ေခ်ာေမာတဲ့မ်က္ႏွာေပၚမွာ ရင့္က်က္တဲ့အမ်ိဳးသားရဲ႕ဆြဲေဆာင္မႈမ်ိဳး ရွိေနေလတယ္။

အရပ္ေလးမ်က္ႏွာမွာလည္း ဧည့္သည္ေတြအမ်ားႀကီးဝန္းရံေနၾကၿပီး စႏၵယားသံကိုေလးေလးနက္နက္နားေထာင္ေနၾကတယ္။

ဖုက်င္းေရွာင္းရဲ႕ ျဖဴေဖြးသြယ္လ်တဲ့လက္ေခ်ာင္းေလးေတြက စႏၵယားခလုတ္ေတြေပၚ က်ေရာက္ေနတယ္။ အားလုံးရဲ႕မ်က္ဝန္းထဲမွာ သူကဇာတ္ေဆာင္တစ္ေယာက္လို အားလုံးရဲ႕အၾကည့္ေတြကို ဆြဲေဆာင္ထားေလတယ္။

ရွန္ရွင္းခ်န္က ေဘးကေနေျပာလာခဲ့တယ္ "ဖုေလာင္ရွီးစႏၵယားတီးတာ တကယ္ေကာင္းတယ္"

"အင္း" ရွန္ရွင္းေဆြ႕ ထိုအမ်ိဳးသားကိုၾကည့္ကာ ဖြဖြၿပဳံးလိုက္တယ္ "သူအရင္တုန္းကေျပာခဲ့ဖူးတယ္ ဂီတမွာ အဆင့္အတန္းခြဲျခားမႈမရွိဘူးတဲ့ လူတိုင္းလူတိုင္းက ကိုယ့္ရဲ႕ကိုယ္ပိုင္ကမာၻထဲမွာ ၿပိဳင္ဘက္ကင္းေတြခ်ည္းပဲတဲ့"

အဲ့တာက သူက်န္က်စ္ဆီကေန စာမူအလုခံလိုက္ရတဲ့ ဒုတိယေန႔ျဖစ္တယ္။

အဲဒီညတုန္းက သူ႔ကိုယ္သူအခန္းထဲမွာပိတ္ထားမိၿပီး တစ္ညလုံးအိပ္မေပ်ာ္ခဲ့ဘူး။ ဂီတအေပၚ ခ်စ္ျမတ္ႏိုးမႈနဲ႔ ေမွ်ာ္လင့္မႈက အသက္ရွင္လ်က္နဲ႔ နင္းေခ်ခံရ၊ ေခ်ေမြခံရတဲ့ မွန္တစ္ခ်ပ္နဲ႔တူၿပီး သူစကားတစ္ခြန္းမွ မေျပာႏိုင္ခဲ့ဘူး။

အဲဒီညမွာပဲ သူvideoေလးတစ္ခုကို မေတာ္တဆဖြင့္မိသြားခဲ့တယ္။ အဲ့တာဖုက်င္းေရွာင္းပါဝင္ထားတဲ့ ဂီတစြမ္းရည္အစီအစဥ္တစ္ခုျဖစ္တယ္။ အဲဒီအခ်ိန္တုန္းက ဖုက်င္းေရွာင္းသူ႔အေဖနဲ႔ ျပႆနာျဖစ္ထားခါစျဖစ္ၿပီး တစ္ကိုယ္တည္း အႏုပညာနယ္ပယ္ထဲ ဝင္ေရာက္လာခဲ့တယ္။ ေနာက္ခံမရွိတဲ့လူငယ္ေလးက သဘာဝက်စြာနဲ႔ တရားမွ်တမႈမရွိတဲ့ဆက္ဆံမႈေတြကို ခံစားခဲ့ရတယ္။ အဲဒီအစီအစဥ္ထဲမွာ သူ႔ရဲ႕သီခ်င္းကို အႏွစ္သာရမရွိဘူး ကြၽမ္းက်င္မႈမရွိဘူး အရည္အေသြးမရွိဘူး တျခားတစ္ဖြဲ႕နဲ႔အကြာႀကီးလို႔ ေဝဖန္ခံခဲ့ရတယ္။

အဲဒီအခ်ိန္တုန္းက စင္ေပၚကလူငယ္ေလးက ဒီစကားေၾကာင့္နဲ႔ ဝမ္းနည္းမႈတစ္စြန္းတစ္စမွ ထြက္ေပၚမလာခဲ့ဘူး။

ဖုက်င္းေရွာင္းအဲဒီေနရာမွာရပ္ေနၿပီးေတာ့ ရႈံးနိမ့္သြားတာေတာင္မွတည္ၿငိမ္စြာနဲ႔ ၿပဳံးကာေျပာလာခဲ့တယ္ "ဂီတမွာ အဆင့္အတန္းခြဲျခားမႈမရွိဘူး လူတိုင္းလူတိုင္းက ကိုယ့္ရဲ႕ကိုယ္ပိုင္ကမာၻထဲမွာ ၿပိဳင္ဘက္ကင္းေတြခ်ည္းပဲ"

ဒီစကားက စင္ေအာက္ကဒိုင္ေတြကို သူတို႔ရဲ႕ႏွိမ့္ခ်ေနတဲ့စကားေတြ လည္ေခ်ာင္းမွာတစ္သြားေစခဲ့တယ္။

ေနာက္ေတာ့ ဖုက်င္းေရွာင္း ေနာက္တစ္ႏွစ္ၾကာေတာ့ ေနာက္တစ္ေခါက္ ထပ္ဝင္ၿပိဳင္ခဲ့ၿပီး ခ်န္ပီယံဆုရခဲ့တယ္။ အဲဒီအခ်ိန္ကစလို႔ သူကအႏုပညာေလာကထဲ ဝင္ေရာက္လာခဲ့ေတာ့တယ္။ အဲဒီအခ်ိန္မွာပဲ ရွန္ရွင္းေဆြ႕ကို အားေပးမႈႀကီး ခံစားေစခဲ့ရတာျဖစ္တယ္။ သူ႔ကိုယ္သူယုံၾကည္မႈေပ်ာက္ဆုံးေနခ်ိန္မွာ ဖုက်င္းေရွာင္းက ကမာၻႀကီးေပၚကလမ္းျပမီးအိမ္ေလးလိုမ်ိဳး သူ႔ကိုေမွ်ာ္လင့္ခ်က္ေတြနဲ႔ အားအင္ေတြယူေဆာင္လာေပးခဲ့တယ္။

ဒီေန႔ထိတိုင္ေအာင္ေပါ့။

ဖုက်င္းေရွာင္းက သူ႔ရဲ႕ဘဝထဲမွာေတာ့ ေတာက္ပေနတဲ့ၾကယ္ေလးတစ္လုံးလိုပဲ။ ေကာင္းကင္အျမင့္မွာခ်ိတ္ဆြဲထားၿပီး အထင္ေသးလို႔မရဘူး။

သီခ်င္းသံၿပီးဆုံးသြားတာနဲ႔ ပတ္ပတ္လည္ကေန လက္ခုပ္သံေတြထြက္လာခဲ့တယ္။

ကပြဲကလည္း ဒီလိုနဲ႔ကန္႔လန္႔ကာဖြင့္လွစ္လိုက္တယ္လို႔ ေျပာလို႔ရေလတယ္။ ေကာင္းမြန္စြာဝတ္စားထားတဲ့ အမ်ိဳးသမီးေလးေတြက တစ္ေယာက္ၿပီးတစ္ေယာက္ ေရွ႕တက္သြားၾကတယ္။ အားလုံးရဲ႕ပစ္မွတ္က အေတာ္ေလးတူညီၾကတယ္။ ခပ္ျမန္ျမန္ပဲ တစ္ေယာက္ကေမးျမန္းလာခဲ့တယ္ :

"လူႀကီးမင္းဖု သင္နဲ႔အတူကလို႔ရႏိုင္မလား?"

"ကြၽန္မနဲ႔တြဲကဖို႔အတြက္ သင့္ကိုဖိတ္ေခၚခ်င္ပါတယ္"

"လူႀကီးမင္းဖု ဒီလိုကံေကာင္းမႈမ်ိဳး ကြၽန္မရရွိႏိုင္မလားမသိဘူး......"

ကပြဲေတြမွာ သာမန္အားျဖင့္ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြကို ကဖို႔အတြက္ ဖိတ္ေခၚၾကတာျဖစ္တယ္။ ဒါေပမဲ့ ဒီေန႔ ဖုအိမ္ေတာ္မွာေတာ့ ဒီလိုအေျခအေနမ်ိဳးက လုံးဝေျပာင္းျပန္လွန္လိုက္သလိုပါပဲ။

ဖုက်င္းေရွာင္း မတ္တပ္ရပ္လိုက္ၿပီး ရွည္းလ်ားတဲ့အရပ္က အားလုံးကိုအေပၚစီးကေန ျမင္ႏိုင္ေစတယ္။ အမ်ိဳးသားရဲ႕မ်က္ႏွာေပၚမွာ ဖုံးကြယ္ထားသလို ၾကင္လည္းၾကင္နာတဲ့အၿပဳံးေလး ခ်ိတ္ဆြဲထားေလတယ္ "အားလုံးရဲ႕ႏွစ္သစ္မႈကို ေက်းဇူးတင္ပါတယ္ ဒါကကြၽန္ေတာ့္အတြက္ဝမ္းသာစရာပါ ဒါေပမဲ့ အားလုံးကထူးခြၽန္ထက္ျမက္ၾကေတာ့ တကယ္ကိုပဲကြၽန္ေတာ့္ကို အခက္ေတြ႕ေစပါတယ္......"

အမ်ိဳးသမီးေလးေတြက အခ်င္းခ်င္းၾကည့္လိုက္ၾကၿပီး တစ္ဖက္သားရဲ႕မ်က္ဝန္းထဲကေန ရန္အေငြ႕အသက္ေတြေတြ႕လိုက္ၾကတယ္။

အားလုံးတြန္႔ဆုတ္ေနတဲ့အခ်ိန္မွာပဲ ႐ုပ္ရွင္ဧကရာဇ္ဖု ေျပာလာတာကိုၾကားလိုက္ရတယ္ "တရားမွ်တဖို႔အတြက္ ဒီပန္းကိုပဲဆုံးျဖတ္ခိုင္းရင္ေရာ ဘယ္လိုလဲ သူက်သြားတဲ့ေနရာကလူကိုပဲ ေ႐ြးလိုက္တာေပါ့"

ၾကည့္ရတာ ဒီလိုကပဲတရားမွ်တပုံပဲ။

အားလုံးသေဘာတူလိုက္ၾကၿပီးေနာက္ ဖုက်င္းေရွာင္း အေနာက္ကေနပန္းတစ္ပြင့္ယူလိုက္တယ္။ အနီေရာင္ႏွင္းဆီပန္းေလးက အမ်ိဳးသားရဲ႕လက္ထဲမွာ ထူးျခားလွပေနေလတယ္။ သူလက္ေျမႇာက္ၿပီးပစ္လိုက္ေပမဲ့ ရလဒ္ကေတာ့ ပန္းကမ်ဥ္းေကြးအတိုင္းျဖစ္သြားၿပီး ေဘးနားကေနပြဲၾကည့္ေနတဲ့ ရွန္ရွင္းေဆြ႕ေခါင္းကို တိုက္မိသြားခဲ့တယ္။

"အာ"

ဖုက်င္းေရွာင္းအသံကို ရွည္ေအာင္ဆြဲလိုက္ကာ "လက္ေခ်ာ္သြားတာ"

"ဒါေပမဲ့ တရားမွ်တဖို႔အတြက္ ေစာနကစည္းမ်ဥ္းေတာင္ ေျပာခဲ့ၿပီးၿပီဆိုေတာ့" ဖုက်င္းေရွာင္းရဲ႕ ႏႈတ္ခမ္းေတြတြန္႔ေကြးသြားခဲ့ၿပီး ျဖည္းညင္းစြာေျပာလိုက္တယ္ "သူ႔ကိုပဲေ႐ြးလိုက္တာေပါ့ အားလုံးသေဘာမတူညီတာမ်ားရွိၾကလား?"

အမ်ိဳးသမီးငယ္ေလးမ်ား : "......"

ဒါႀကီးကတကယ္ကို 'တရားမွ်တ'လြန္းသြားၿပီ။

ဖုက်င္းေရွာင္းကေတာ့ သူမ်ားေတြဘယ္လိုေတြးေနလဲဆိုတာ နည္းနည္းေလးမွဂ႐ုမစိုက္ေလဘူး။ အမ်ိဳးသမီးေလးေတြကို ေက်ာ္သြားၿပီး ရွန္ရွင္းေဆြ႕ဆီေလွ်ာက္သြားလိုက္တယ္။ အသံနိမ့္နဲ႔ "ထိမိၿပီးနာသြားေသးလား?"

ရွန္ရွင္းေဆြ႕ ေခါင္းခါလိုက္တယ္။ သူကေတြေဝစြာနဲ႔ "ဒါကဘာအဓိပၸာယ္တုန္း?"

ဖုက်င္းေရွာင္း ခါးကိုအနည္းငယ္ကိုင္းလိုက္တယ္။ ကိုယ္ေနဟန္ထားေၾကာ့ရွင္းၿပီး ယဥ္ေက်းစြာနဲ႔ လက္ကိုေျမႇာက္လိုက္ကာ ရွန္ရွင္းေဆြ႕အေရွ႕ကို ဆန္႔ေပးလိုက္ၿပီး ေျပာလိုက္တယ္ "အဓိပၸာယ္က ေလးစားရပါေသာလူႀကီးမင္းရွန္ သင္နဲ႔အတူကဖို႔ဖိတ္ေခၚရန္အတြက္ ဂုဏ္အသေရမ်ိဳး ကြၽန္ေတာ့္မွာရွိႏိုင္မလား?"

အမ်ိဳးသားရဲ႕မ်က္ဝန္းေတြက မီးေရာင္ေအာက္မွာ ပိုၿပီးေခ်ာေမာေနေလတယ္။ အသံကနက္ရႈိင္းကာဆြဲငင္မႈရွိၿပီး ျမင့္ျမတ္တဲ့မင္းသားတစ္ပါးနဲ႔ေတာင္ တူေနေလတယ္။

ရွန္ရွင္းေဆြ႕ မယုံၾကည္ႏိုင္စြာနဲ႔ သူ႔ကိုယ္သူၫႊန္ျပကာ ေျပာလိုက္တယ္ "ကြၽန္..ကြၽန္ေတာ္လား?"

ဖုက်င္းေရွာင္း ႏႈတ္ခမ္းေလးတြန္႔ေကြးကာ "မဟုတ္ရင္ေရာ?"

"ဒါေပမဲ့ ကြၽန္ေတာ္ မကျဖစ္ေတာ့တာၾကာလွၿပီ"

"ကိစၥမရွိဘူး"

"ဒါေပမဲ့ ကြၽန္ေတာ္မိန္းကေလးေျခလွမ္းေတြ သိပ္မကတတ္ဘူး......"

ဖုက်င္းေရွာင္း ျဖည္းညင္းစြာေျပာလာတယ္ "ကိုယ္ကမယ္"

! ! !

ရွန္ရွင္းေဆြ႕တင္မဟုတ္ဘဲ ရွန္ရွင္းခ်န္ပါအံ့အားသင့္သြားရတယ္။

ပထမဆုံးအကကို ဖုက်င္းေရွာင္းနဲ႔တြဲကဖို႔အတြက္ အဲ့ေလာက္ကံေကာင္းတဲ့သူရွိတယ္ေပါ့။ အထူးဆန္းဆုံးကေတာ့ ဒီလူက ဖုက်င္းေရွာင္းကို ပထမဆုံးအကကို အေကာင္းဆုံးကေအာင္လုပ္ႏိုင္ခဲ့တာပဲ!

ရွန္ရွင္းေဆြ႕ အလ်င္အျမန္ေျပာလာတယ္ "မဟုတ္ဘူး ကိစၥမရွိပါဘူး ကြၽန္ေတာ္မိန္းကေလးေျခလွမ္းကို စမ္းၿပီးကၾကည့္လို႔ရတယ္ သိပ္ၿပီးမရင္းမႏွီးပဲျဖစ္ေလာက္မွာ ေကာစိတ္မဆိုးရင္အဆင္ေျပပါတယ္"

ဖုက်င္းေရွာင္း သူ႔လက္ကိုဆြဲသြားၿပီး ကပြဲေနရာကိုဝင္ေရာက္သြားလိုက္တယ္။

ေနရာကတျခားမိန္းကေလးေတြအားလုံး ၾကည့္ေနရင္းနဲ႔ဆြံ႕အကုန္ၾကတယ္။ သူတို႔တစ္ခ်ိန္လုံးၾကည့္ေနမိၿပီး ဒါကိုအိပ္မက္ထဲမွာေတာင္ ထည့္မမက္ဖူးၾကဘူး။ သူတို႔ျဖတ္လုခံလိုက္ရတယ္တဲ့။ ၿပီးေတာ့ အဲ့တာကေယာက္်ားေလးတစ္ေယာက္ျဖစ္ေနေသးတယ္။

ဖုက်င္းေရွာင္း ရွန္ရွင္းေဆြ႕နဲ႔အတူကရင္း လႈပ္ရွားမႈေတြက လုံးဝသဘာဝက်ကာ ရင္းႏွီးေနေလတယ္။

ရွန္ရွင္းေဆြ႕ ေနာက္ေက်ာဘက္က မေက်နပ္ေနတဲ့အၾကည့္ေတြကို ခံစားမိတာေၾကာင့္ သူစကားေျပာတာေတာင္ ထစ္အကုန္ေတာ့တယ္ "ဖုေလာင္ရွီး ေလာင္ရွီးကြၽန္ေတာ့္ကိုေခၚလိုက္ေတာ့ တစ္ခ်ိဳ႕သူေတြကို မေပ်ာ္မ႐ႊင္မ်ား ျဖစ္သြားေစလိမ့္မလား"

ဖုက်င္းေရွာင္း တည္ၿငိမ္စြာနဲ႔ အသံျပဳလိုက္တယ္ "ဟုတ္လား?"

ရွန္ရွင္းေဆြ႕ သတိတႀကီးနဲ႔ ေခါင္းညိတ္လိုက္တယ္။

"သူတို႔ေပ်ာ္မေပ်ာ္က ကိုယ္နဲ႔ဘာဆိုင္လို႔လဲ?" ဖုက်င္းေရွာင္းရဲ႕အသံက ယုံၾကည္ခ်က္ျပည့္ေဝေနေလတယ္။ ရွန္ရွင္းေဆြ႕ကို တစ္ပတ္ပတ္ေစလိုက္ၿပီး လက္ကေတာ့ သူ႔ခါးေလးကိုဆုပ္ကိုင္လိုက္တယ္။ ေခါင္းနည္းနည္းငုံ႔ခ်လိုက္ၿပီး ရွန္ရွင္းေဆြ႕ နား,နားကပ္ကာ ျဖည္းညင္းစြာေျပာလိုက္တယ္ "ကိုယ္ေပ်ာ္ရင္ရၿပီေလ"

"......"

ရွန္ရွင္းေဆြ႕ နားေတြ တျဖည္းျဖည္းနီရဲလာရတယ္။

႐ုတ္တရက္ႀကီး ပ်ားရည္အိုးထဲမွာ အစိမ္ခံလိုက္ရသလိုမ်ိဳး တစ္ကိုယ္လုံး ဘာလုပ္ရမွန္းမသိျဖစ္သြားေတာ့တယ္။ ဒါအျပင္ အရမ္းစိတ္လႈပ္ရွားေနတာေၾကာင့္ ဖုက်င္းေရွာင္းရဲ႕ေျခေထာက္ကို နင္းမိသြားေတာ့တဘ္။

ရွန္ရွင္းေဆြ႕အလ်င္အျမန္နဲ႔ "ေတာင္းပန္ပါတယ္ ဖုေလာင္ရွီး!"

ဖုက်င္းေရွာင္းသက္ျပင္းတစ္ခ်က္ခ်ၿပီး ရွန္ရွင္းေဆြ႕ရဲ႕ခါးကိုဖက္လိုက္တယ္။ ထို႔ေနာက္ဖြဖြေလးတစ္ခ်က္ပုတ္ေပးကာ အသံတိုးတိုးနဲ႔ "စိတ္ေလ်ာ့ထား ေပါင္ေပ့"

! !

နား,နားက အသံနဲ႔အေႏြးဓာတ္ေလးက သူ႔ႏွလုံးသားထဲထိ ဝင္ေရာက္သြားတယ္လို႔ပဲ ရွန္ရွင္းေဆြ႕ခံစားမိလိုက္ေတာ့တယ္။

သူစိတ္မေလ်ာ့ႏိုင္တဲ့အျပင္ ဆက္ၿပီးေတာ့ပဲ အမွားေတြလုပ္မိေနေတာ့တယ္။ ေလးငါးခါတက္နင္းမိေနၿပီး အကၿပီးဆုံးသြားခ်ိန္မွာ ရွန္ရွင္းေဆြ႕ရဲ႕အျပစ္တင္စိတ္ရွိေနတဲ့မ်က္ႏွာက ေသြးထြက္ေတာ့မတတ္နီရဲေနေတာ့တယ္။ ေတာင္းပန္စကားလည္း ခဏခဏေျပာေနၿပီးၿပီျဖစ္တယ္။

ဖုက်င္းေရွာင္းကေတာ့ သူ႔ကိုအျပစ္တင္တဲ့ပုံစံမ်ိဳး ရွိမေနေလဘူး။

"ေဆြ႕ေဆြ႕ မင္းရဲ႕ဒီအကစြမ္းရည္က" အမ်ိဳးသားရဲ႕မ်က္ႏွာေပၚမွာ ကူရာမဲ့ေနတဲ့အၿပဳံးမ်ိဳး ရွိေနေလတယ္။ ရွန္ရွင္းေဆြ႕ေခါင္းေလးကို ေႏြးေထြးစြာပုတ္လိုက္ရင္း "ေနာက္ဆို ကိုယ္ကလြဲလို႔ တျခားဘယ္သူနဲ႔မွ တြဲမကဖို႔သတိရဦး"

! ! !

ရွန္ရွင္းေဆြ႕ ရွက္႐ြံ႕ေနေတာ့တယ္။

သူ႔ရဲ႕အကစြမ္းရည္က တကယ္ပဲအဲ့ေလာက္ဆိုး႐ြားတာလား ဝူးဝူး!

ကပြဲတစ္ဝက္ေလာက္တဲ့အခ်ိန္ ရွန္ရွင္းေဆြ႕ ဆင္းလာခဲ့လိုက္ေတာ့တယ္။ သူဒီလူကို အဆုံးရႈံးမခံႏိုင္ဘူး။ ရွန္ရွင္းခ်န္က ဝင္မကတာေၾကာင့္ သူ႔ကိုဆြဲေခၚၿပီး ၿခံအေနာက္ဖက္ကပါတီဆီ ကစားဖို႔ထြက္ခဲ့ေတာ့တယ္။ စားပြဲေပၚမွာ အရသာရွိတဲ့စားစရာေတြအမ်ားႀကီးရွိၿပီး အစုံရွိေလတယ္။

ရွန္ရွင္းခ်န္က "ငါတကယ္ဗိုက္ဆာေသေတာ့မွာ မင္းသိရဲ႕လား အေရွ႕ကခန္းမထဲက ကိတ္မုန္႔ေတြကစားေကာင္းေပမဲ့ အဆီမ်ားလြန္းတယ္ တကယ္မစားႏိုင္ဘူး ဒီေနရာက နံ႐ိုးႏွပ္ပဲေမႊးတယ္"

ေဘးနားက ၾကက္ေၾကာ္စားေနတဲ့ ရွန္ရွင္းေဆြ႕က သူ႔ကိုနားလည္ႏိုင္တယ္။

အဆင့္အတန္းျမင့္တဲ့လူေတြက လက္ရာေျမာက္တဲ့မုန္႔ခ်ိဳတစ္ခ်ိဳ႕လုပ္ၾကၿပီး စားပြဲေပၚခင္းက်င္းရတာကို ႏွစ္သက္ၾကတယ္။ ၾကည့္ပဲၾကည့္ႏိုင္ၿပီး ဘာမွအသုံးမဝင္ဘူး။ အသားကပဲ စားရတာစစ္မွန္ေလတယ္။

ရွန္ရွင္းခ်န္စားေနရင္းမွ အႀကံျပဳေျပာလာတယ္ "ေအာ ဒါနဲ႔ ေဆြ႕ေဆြ႕ ဖုေလာင္ရွီးက ညပိုင္းအဲဒီအခ်ိန္ကတည္းက အေရွ႕မွာအလုပ္မ်ားေနတာ အခုလည္းကပြဲေတြပါေတြပါရျပန္ေတာ့ နည္းနည္းမွမစားရေသးဘူးေနမွာ မင္းဒီမုန္႔ေတြနည္းနည္းစီထည့္ၿပီး သူ႔ကိုသြားေပးေခ်ပါ့လား"

ရွန္ရွင္းေဆြ႕လည္း ေကာေကာေျပာတာ နည္းလမ္းက်တယ္လို႔ ခံစားမိတာေၾကာင့္ ေခါင္းညိတ္လိုက္တယ္ "ေကာင္းၿပီ"

ကပြဲၿပီးဆုံးသြားေတာ့ ဖုက်င္းေရွာင္း ဖြားဖြားဆီသြားၿပီးဂါရဝျပဳမွာလို႔ သူၾကားမိသလိုပဲ။ သူလည္းလမ္းသိတယ္ဆိုေတာ့ ေကာ္ရစ္တာမွာသြားေစာင့္တာေပါ့။

ရွန္ရွင္းေဆြ႕ လက္ထဲကပန္းကန္ကို ကိုင္ထားရင္း အေပၚထပ္ကို ျပန္တက္လာခဲ့တယ္။ ေလွကားတစ္ဆင့္ခ်င္းတက္သြားၿပီး မွတ္ဉာဏ္ထဲကအတိုင္း ဖြားဖြားရဲ႕အခန္းဆီ ေလွ်ာက္သြားလိုက္တယ္။ ဒီအိမ္ႀကီးကႀကီးလြန္းတာေၾကာင့္ ေနာက္ဆုံး သူသြားရင္းသြားရင္းနဲ႔ လမ္းေပ်ာက္သြားေတာ့တယ္။

ဒုတိယထပ္က စာၾကည့္ခန္းထဲမွာ အျငင္းပြားမႈတစ္ခု ျဖစ္ေပၚေနခဲ့တယ္ :

ဥကၠဌဖုက ျပင္းထန္စြာေျပာလိုက္တယ္ "ငါအခုမင္းနဲ႔ေဆြးေႏြးေနတာမဟုတ္ဘူး မင္းရဲ႕ဆႏၵေတြကလည္း အတိုင္းအတာတစ္ခုေတာ့ ရွိသင့္တယ္ေလ"

ဖုက်င္းေရွာင္းရဲ႕အသံက ခပ္ျဖည္းျဖည္းပဲျဖစ္တယ္။ ျပင္းထန္မႈမရွိေပမဲ့ စိတ္အေျခအေနဘယ္လိုရွိေနလဲဆိုတာ နားေထာင္ၾကည့္ႏိုင္ေလတယ္ "အေဖက ကြၽန္ေတာ္နဲ႔ လာေဆြးေႏြးေနတာမဟုတ္ဘူးဆိုမွေတာ့ ဘာလို႔ဟန္ေဆာင္ပန္ေဆာင္နဲ႔ ဒါေတြေျပာေနေသးလဲ"

"ငါလုပ္တာေတြအားလုံးက မင္းေကာင္းဖို႔အတြက္ပဲ" ဥကၠဌဖုကေျပာလာတယ္ "ငါမင္းအတြက္ စီစဥ္ေပးတဲ့လမ္းေၾကာင္းက မွားယြင္းေနလို႔လား မင္းရဲ႕စြမ္းရည္နဲ႔ဆိုရင္ ဖုမိသားစုကို မင္းလက္ထဲထည့္လိုက္ဖို႔ ငါစိတ္ခ်တယ္ ေနာက္ပိုင္းမင္းငါ့ေနရာေရာက္လာရင္ ဒါကမွားယြင္းတဲ့ေ႐ြးခ်ယ္မႈမဟုတ္ဘူးဆိုတာ မင္းနားလည္လာလိမ့္မယ္"

ဖုက်င္းေရွာင္း ေအးစက္စက္တစ္ခ်က္ရယ္လိုက္ၿပီး "ၾကည့္ရတာ အေဖကအစပိုင္းတုန္းကေ႐ြးခ်ယ္မႈကို လုံးဝေနာင္တမရခဲ့ဘူးထင္တယ္"

ဒီစကားက ဥကၠဌဖုကို ခ်က္ေကာင္းထိသြားေစပုံရတယ္။

"ဖုက်င္းေရွာင္း!" ဥကၠဌဖုေအာ္လိုက္ေလတယ္ "ငါမင္းကို အႀကိမ္ေပါင္းမ်ားစြာေျပာၿပီးသြားၿပီ မင္းအေမရဲ႕ကိစၥက ဒီတိုင္းမေတာ္တဆတစ္ခုတင္ပဲ လိနာ့နဲ႔မပတ္သက္ဘူး ငါနဲ႔လည္း......"

ဖုက်င္းေရွာင္း မ်က္ခုံးပင့္ကာ "အေဖနဲ႔လည္း မပတ္သက္ဘူး ဟုတ္လား?"

ဥကၠဌဖု ႐ုတ္တရက္ဆို႔နင့္လာရတယ္။

ဖုက်င္းေရွာင္း ေအးစက္စက္တစ္ခ်က္ရယ္လိုက္ၿပီး "သူသတ္မွတ္ထားတဲ့ရက္ခ်ိန္း ေရာက္ေတာ့မွာကိုသိရက္နဲ႔ေလ အဲဒီစီးပြားေရးက အဲ့ေလာက္ေတာင္အေရးႀကီးတာလား ေသခ်ာေပါက္ကို USထိသြားၿပီး ကိုယ္တိုင္ေဆြးေႏြးမွရမွာလား?"

"အလုပ္က အရင္ႏွစ္ရက္ကတည္းက ၿပီးသြားေပမဲ့ အေဖျပန္မလာဘဲ ကုမၸဏီကေနထြက္သြားၿပီး တျခားေနရာကိုသြားတာေလ" ဖုက်င္းေရွာင္းရဲ႕အသံက ျပတ္ေတာင္းျပတ္ေတာင္းနဲ႔ျဖစ္တယ္။ သူကေထ့ေငါ့ေနတဲ့ပုံစံနဲ႔ "အဲ့ေတာ့ အေဖနဲ႔လည္း မပတ္သက္ဘူးေပါ့ ဟုတ္လား?"

ခက္ခဲလြန္းတယ္။ ဒီအမ်ိဳးသားနဲ႔မပတ္သက္တာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။

ဒါေပမဲ့ အဲဒီအမ်ိဳးသမီး မေသခင္အခ်ိန္မွာ ခင္ပြန္းကိုအလိုအပ္ေနဆုံးအခ်ိန္မွာ ဘယ္ေလာက္ေတာင္မွ ေမွ်ာ္လင့္ခ်က္မဲ့ေနခဲ့လိမ့္မလဲ?

ဥကၠဌဖု သက္ျပင္းတစ္ခ်က္ခ်လိုက္တယ္ "အဲ့တာေတြအကုန္လုံးက မေတာ္တဆျဖစ္သြားတာေတြခ်ည္းပဲ အေဖလည္း ဒီလိုျဖစ္သြားလိမ့္မယ္လို႔ မထင္ထားဘူးေလ အေဖကဘာမွမျဖစ္ေလာက္ဘူးလို႔ပဲ ထင္ထားခဲ့တာ"

ဖုက်င္းေရွာင္းမ်က္လုံးေအာက္က ေထ့ေငါ့တဲ့အရိပ္အေယာင္ေတြက ပိုမ်ားျပားလာခဲ့တယ္။

"ၿပီးေတာ့ အေဖလိနာ့ကိုလက္ထက္လိုက္တယ္ သူမကမင္းအေပၚလည္း ေကာင္းတယ္မဟုတ္ဘူးလား?" ဥကၠဌဖု သူ႔သားကိုၾကည့္လိုက္တယ္ "အေဖေတြးခဲ့တာက မင္းဝမ္းယုံကိုမေတြ႕ခဲ့ဖူးေတာ့ လိနာ့ကိုမင္းရဲ႕အေမျဖစ္ေစၿပီး မင္းကိုေသခ်ာဂ႐ုစိုက္ႏိုင္လိမ့္မယ္လို႔ မင္းကို ငယ္ဘဝကေနာင္တေတြရွိေနမွာ မလိုလားခဲ့ဘူး......"

ဖုက်င္းေရွာင္းတစ္ခြန္းမွ မေျပာေလဘူး။

ဥကၠဌဖု သူ႔ရဲ႕မာနအႀကီးဆုံး သားအႀကီးကိုၾကည့္လိုက္တယ္။ သူ႔ေဒါသကိုေကာင္းေကာင္းသိတာေၾကာင့္ တစ္လွမ္းဆုတ္ေပးလိုက္ၿပီး ညင္သာစြာေျပာလိုက္တယ္ "ေကာင္းၿပီ အေဖမင္းကို အတင္းမေျပာေတာ့ဘူး အရင္ကအေဖေျပာခဲ့တဲ့ ဝမ္မိသားစုကသမီးကို မင္းသေဘာမက်ရင္လည္းထားေတာ့ ရွန္မိသားစုက အဲဒီသားေလးျပန္လာၿပီမဟုတ္လား ရွန္မိသားစုက အေဖတို႔လုပ္ငန္းစုနဲ႔ အၿမဲတမ္းဆက္ဆံေရးေကာင္းခဲ့တာေလ ၾကည့္ရတာမင္းသူ႔အေပၚေတာ့ အေတာ္ေလးသေဘာက်တဲ့ပုံပဲ......"

ရွန္ရွင္းေဆြ႕ အၾကာႀကီးရွာေနေပမဲ့ ရွာမေတြ႕ခဲ့ဘူး။ သူလက္ေလ်ာ့လိုက္တဲ့မဲ့အခ်ိန္မွာပဲ အခန္းတစ္ခန္းကိုျဖတ္သြားခဲ့တယ္။ ျဖတ္သြားခ်ိန္ အထဲကစကားသံကို ၾကားလိုက္ရတယ္။ အနည္းငယ္ရင္းႏွီးသလိုခံစားေနရတာေၾကာင့္ မသိလိုက္ပါသာနဲ႔ ေျခလွမ္းေတြကိုရပ္တန္႔လိုက္မိတယ္။

ဥကၠဌဖုက ဆက္ေျပာလာတယ္ "တကယ္လို႔ မင္းအဆင္ေျပတယ္ထင္ရင္ ရွန္ရွင္းေဆြ႕နဲ႔ မ်ားမ်ားဆက္ဆံလို႔ရတယ္"

ရွန္ရွင္းေဆြ႕ေၾကာင္အသြားခဲ့တယ္။ အဲ့တာဥကၠဌဖုမလား?

သူ႔ရဲ႕ဒီစကားက ဘာအဓိပၸာယ္လဲ......

အကုန္လုံးမၾကားလိုက္တာေၾကာင့္ ရွန္ရွင္းေဆြ႕ စိတ္လည္းလႈပ္ရွားမိသလို အနည္းငယ္လည္း ေမွ်ာ္လင့္ေနမိတယ္။ သူတစ္ေလွ်ာက္လုံး ဖုက်င္းေရွာင္းနဲ႔ လက္ထက္ဖို႔အေၾကာင္းကို မေျပာရဲခဲ့ဘူး။ ၿပီးေတာ့ ႐ုပ္ရွင္ဧကရာဇ္ဖု ဘယ္လိုစဥ္းစားလဲဆိုတာကိုလည္း သူမသိေလဘူး။

ေနာက္ေတာ့ ဆက္ၿပီး

အခန္းထဲကေန အမွန္ကိုရင္းႏွီးတဲ့အသံၾကားလိုက္ရတယ္။ ဖုက်င္းေရွာင္းရဲ႕အသံျဖစ္တယ္။ ေအးစက္စက္နဲ႔ျဖစ္ကာ ေလွာင္ရယ္မႈေတြေတာင္ ပါဝင္ေနေသးသလိုပဲ "အေဖဒါက ဒီကိစၥကိုေတာင္မွ အစီအစဥ္ခ်ၿပီးသြားၿပီလား?"

ဥကၠဌဖုက "မင္းဆႏၵမရွိဘူးလား?"

"ကြၽန္ေတာ္အေဖ့ကို အမုန္းဆုံးကဘာလဲဆိုတာ အေဖသိလား?" ဖုက်င္းေရွာင္း မ်က္ခြံပင့္ကာ သူ႔ကိုၾကည့္လိုက္တယ္။ ဆိုဖာေပၚမွာထိုင္ေနတဲ့လူကခံ့ညားလွတယ္။ ဥကၠဌဖုကိုၾကည့္ေနတဲ့အၾကည့္ေတြထဲမွာလည္း ရန္လိုတဲ့အေငြ႕အသက္ေတြ ပါဝင္ေနခဲ့တယ္ "အေဖထင္တာက အေဖထင္တာပဲ? ကြၽန္ေတာ့္ကိစၥေတြကို အေဖဝင္စြက္ဖက္စရာမလိုဘူး ၿပီးေတာ့ ကြၽန္ေတာ့္မဂၤလာကိစၥကိုလည္း အေဖတို႔လုပ္ထားတဲ့ ေစ့စပ္သေဘာတူခ်က္နဲ႔ လာလႊမ္းမို႔ဖို႔မျဖစ္ႏိုင္ဘူး နားလည္လား?"

ဥကၠဌဖုဆို႔နင့္သြားရတယ္။

သူအခုမွနားလည္သြားခဲ့ရတာက သူ႔ရဲ႕ဒီကေလးက အရင္ကလို သူသေဘာရွိထိန္းခ်ဳပ္လို႔ရတဲ့သူလိုမ်ိဳး ဘယ္ေတာ့မွမဟုတ္ေတာ့ဘူးဆိုတာပဲ။

တံခါးအျပင္ဘက္က ရွန္ရွင္းေဆြ႕ရဲ႕ခႏၶာကိုယ္လည္း ေအးခဲသြားခဲ့တယ္။ သူအရင္တုန္းက မရွိသင့္တဲ့စိတ္ကူးယဥ္မႈေတြရွိခဲ့ေပမဲ့ အခုခ်ိန္မွာေတာ့ အားလုံးေပ်ာက္ကြယ္သြားရေတာ့တယ္။ အမွန္ကိုပဲ ေစ့စပ္သေဘာတူတယ္ဆိုတာက အစကတည္းက ရယ္ရတယ္မဟုတ္လား။ ဖုက်င္းေရွာင္းက ဘယ္တုန္းကမွ စည္းမ်ဥ္းေတြနဲ႔ထိန္းခ်ဳပ္ခံမဲ့သူမဟုတ္ဘူး။ ဘယ္လိုလုပ္ၿပီး ေစ့စပ္တယ္ဆိုတာေၾကာင့္နဲ႔ သူနဲ႔အတူေနလိမ့္မတဲ့လဲ?

ရွန္ရွင္းေဆြ႕ မင္းတကယ္ပဲ ဘာေတြစဥ္းစားေနတာလဲ။

သူအိပ္ေမာက်ေနသလိုမ်ိဳး ထြက္လာခဲ့ၿပီးေတာ့ ေကြ႕ခ်ိဳးတစ္ခုေကြ႕လိုက္တယ္။ ေနာက္ေတာ့ သူရွာေနတဲ့ေနရာျဖစ္တဲ့ သခင္မႀကီးရဲ႕အခန္းကို ရွာေတြ႕သြားခဲ့တယ္။

တံခါးဝကအေစခံေလးက သခင္မႀကီးကို အျပင္ထြက္ဖို႔ကူညီေပးေနတာျဖစ္တယ္။ အဖြားက ရွန္ရွင္းေဆြ႕ကိုျမင္ေတာ့ အရမ္းေပ်ာ္႐ႊင္သြားၿပီး "ေဆြ႕ေဆြ႕ ေျမးဘယ္လိုလုပ္ေရာက္လာတာလဲ ဖြားဖြားကိုလာရွာတာလား?"

ရွန္ရွင္းေဆြ႕ ဘာေျပာရမွန္းမသိတာေၾကာင့္ ေတာင့္တင္းစြာပဲ ေခါင္းညိတ္ျပလိုက္တယ္။

သခင္မႀကီးက သူမ်က္ႏွာမေကာင္းေနတာကို သတိထားမိသြားခဲ့ၿပီး "ေျမးဘာျဖစ္လို႔လဲ?"

"ဘာမွမဟုတ္ပါဘူး" ရွန္ရွင္းေဆြ႕ အတင္းၿပဳံးျပလိုက္တယ္။ သူတစ္ခုခုကိုသတိရသြားတဲ့ပုံစံနဲ႔ေျပာလိုက္တယ္ "ဖြားဖြား ကြၽန္ေတာ္ ဖြားဖြားနဲ႔ကိစၥတစ္ခု ေျပာစရာရွိတယ္"

ဖြားဖြားက ရွန္ရွင္းေဆြ႕ကို သံသယျဖစ္စြာၾကည့္လိုက္ၿပီး တစ္ေနရာရာက မွားေနတယ္လို႔ခံစားလိုက္ရတယ္။ ဒါေပမဲ့ မျငင္းဆိုလိုက္ပဲ ေႏြးေထြးစြာေျပာလိုက္တယ္ "ေကာင္းၿပီ ေျမးဝင္လာခဲ့ေလ"

ရွန္ရွင္းေဆြ႕မဝင္သြားပဲ ေစာနကသိမ္းထားခဲ့တဲ့ တံဆိပ္တုံးေလးကို ျပန္ထုတ္ယူလာလိုက္တယ္။ ေနာက္ ႐ိုေသစြာနဲ႔ အဖြားရဲ႕လက္ထဲကို ျပန္ထည့္ေပးလိုက္တယ္။ ေနာက္ေတာ့ ေလးနက္စြာဦးၫြတ္လိုက္ၿပီး "ေတာင္းပန္ပါတယ္ ဖြားဖြား ကြၽန္ေတာ္ေသခ်ာစဥ္းစားၿပီးၿပီ ဒီတံဆိပ္တုံးကအရမ္းတန္ဖိုးႀကီးလြန္းတယ္ ကြၽန္ေတာ္အဖြားရဲ႕ပစၥည္းကိုလက္မခံႏိုင္ဘူး"

သခင္မႀကီးက သူ႔ကိုအလ်င္အျမန္တားလိုက္ၿပီး "ေဆြ႕ေဆြ႕ ဖြားဖြားေျပာခဲ့တယ္မဟုတ္လား ဒါကေျမးရသင့္တာပါလို႔"

ရွန္ရွင္းေဆြ႕ ေခါင္းခါကာေျပာလိုက္တယ္ "မဟုတ္ပါဘူး ဒါကကြၽန္ေတာ္ရသင့္တာမဟုတ္ပါဘူး ဒီတံဆိပ္တုံးရဲ႕ပိုင္ရွင္က ကြၽန္ေတာ့္ထက္ပိုသင့္ေတာ္ၿပီး ကြၽန္ေတာ့္ထက္ လက္ခံဖို႔အေၾကာင္းျပခ်က္ပိုရွိတဲ့ သူပဲျဖစ္သင့္တယ္ ကြၽန္ေတာ္အဖြားရဲ႕ ၾကင္နာမႈကို နားလည္ပါတယ္ ဒါေပမဲ့အခု ကြၽန္ေတာ့္မွာတကယ္ အေၾကာင္းျပခ်က္မရွိေနဘူး သူ႔ကိုပိုင္ဆိုင္ဖို႔လည္း မထိုက္တန္ေနဘူး အဖြားရဲ႕ၾကင္နာမႈအတြက္ ေက်းဇူးပါ ကြၽန္ေတာ္သြားႏွင့္ေတာ့မယ္"

ရွန္ရွင္းေဆြ႕ သူမကိုဦးၫြတ္ၿပီးထြက္သြားတာကို သခင္မႀကီးေၾကာင္ၾကည့္ေနခဲ့မိတယ္။ ေစာနတုန္းကမွ အေကာင္းႀကီးကို အခုမွဘာလို႔ေျပာင္းလဲသြားပါလိမ့္။

......

ေတြေဝေနတုန္းမွာပဲ သခင္မႀကီးအခန္းေထာင့္ခ်ိဳးလိုက္ေတာ့ အေဖနဲ႔စကားမ်ားၿပီးလာတဲ့ ဖုက်င္းေရွာင္းနဲ႔ေတြ႕လိုက္ရတယ္။ ႐ုပ္ရွင္ဧကရာဇ္ဖုရဲ႕မ်က္ႏွာကလည္း သိပ္မေကာင္းေနေလဘူး။ ဒါေပမဲ့ အဖြားကိုေတြ႕ေတာ့ ဂါရဝျပဳလိုက္ေလတယ္။

သခင္မႀကီးက သူ႔ကိုလက္ျပေခၚလိုက္ၿပီး "ေျမးလာဦး အဖြားတစ္ခုေမးခ်င္လို႔"

ဖုက်င္းေရွာင္း ေမးလိုက္တယ္ "ဘာျဖစ္လို႔လဲ?"

"မင္း...... မင္းနဲ႔ေဆြ႕ေဆြ႕ ရန္ျဖစ္ထားတာလား" သခင္မႀကီးကတြန္႔ဆုတ္စြာနဲ႔ "ဒါမွမဟုတ္ သူမင္းကိုစြန္႔လြတ္လိုက္တာလား"

___________________

Word – 7774
August 3, 2023(Thu)
Xiao Dream

Sorry for late. Goodnight!!

Continue Reading

You'll Also Like

252K 24.3K 74
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
3.5K 310 45
another description ဘယ်အရာကသူမကိုဖြစ်တည်လာတာလည်းဘာ့ကြောင့် system နဲ့ချိတ်ဆက်မိတာလည်း စတဲ့မေးခွန်းပေါင်းများစွာတေကစိတ်ထဲမှာရှိနေပြီး မှတ်ဉာဏ်တေဟာလည်...
1M 56.2K 47
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.9M 335K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...