အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 305K 23.6K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 72

11.6K 2K 132
By Xiao_Dream

Unicode

တိတ်တခိုးအချစ် အမိခံလိုက်ပြီ
_______________________________

ရှန်ရှင်းဆွေ့ခံစားမိတာက သူ့ဘဝမှာ တစ်ခါမှ ဒီလောက်ရှော့မရဖူးဘူး။

ဒီလိုခံစားချက်မျိုးကို ဘယ်လိုဖော်ပြရမလဲ။ ပြောရရင် သူကသာမန်လူတစ်ယောက်ဖြစ်ပြီး သူ့မှာအရမ်းမျှော်လင့်နေရတဲ့ ကာတွန်းဇာတ်ကောင်တစ်ယောက်ရှိတယ်။ အဲဒီဇာတ်ကောင်က အမြဲတမ်းသူ့ရဲ့ အတွေးတွေထဲမှာ ရှင်သန်နေခဲ့ပြီး သူ့နဲ့အများကြီးအလှမ်းဝေးလွန်းတယ်။ နောက်တော့နေ့တစ်နေ့ကို ရောက်လာခဲ့တယ်။ အဲဒါကအရမ်းသာမန်ဆန်တဲ့ နေ့တစ်နေ့ပဲဖြစ်ပြီး တစ်စုံတစ်ယောက်က သူ့ကိုပြောလာခဲ့တယ်။ အဲဒီကာတွန်းဇာတ်ကောင်က တကယ်တော့ မင်းနဲ့ထုတ်ဖော်မပြောနိုင်တဲ့ ဆက်နွယ်မှုတွေရှိနေတယ်တဲ့။ မင်းတို့နှစ်ယောက်မှာ ကောင်းကင်ဘုံက သတ်မှတ်ထားတဲ့ ကံကြမ္မာမျိုးရှိတယ်တဲ့။

......

ဒီလိုခံစားချက်မျိုးက လုံးဝကိုအံ့သြစရာကောင်းလွန်းတယ်။

သာမန်လူတွေ စဥ်းတောင်မစဥ်းစားရဲတဲ့လောက်ထိ အံ့သြစရာကောင်းမှုမျိုးဖြစ်တယ်။ ဒီလိုအံ့သြစရာကောင်းမှုမျိုးက ရှန်ရှင်းဆွေ့အတွက်ပြောရရင် ပိုက်ဆံသိန်း၅၀လောက် ထီပေါက်တဲ့ခံစားချက်မျိုးထက် လုံးဝမလျော့နည်းဘူး။

ရှန်ရှင်းဆွေ့ လည်ဇလုတ်လေးက အထက်အောက်ရွေ့လျားသွားပြီး တွန့်ဆုတ်စွာမေးလိုက်တယ် "အဖွားတကယ်... ကျွန်တော့်ကိုစနေတာမဟုတ်ဘူးလား?"

အမျိုးသမီးကြီးက ပြုံးကာပြောလာတယ် "ဆွေ့ဆွေ့ ဖွားဖွားကိုမယုံဘူးလား ဖွားဖွားက မြေးကိုဘာလို့လိမ်ရမှာလဲ"

အမှန်လည်း အဲဒီလိုပဲဖြစ်တယ်။

ရှန်ရှင်းဆွေ့ ကျောက်စိမ်းသေတ္တာထဲက လက်ကောက်လေးကိုကြည့်နေမိရင်း နှလုံးသားအောက်ခြေကနေ အံ့အားသင့်တဲ့ခံစားမှုမျိုးရနေလေတယ်။ ဒီခံစားမှုက သူ့ကိုလမ်းသွားချိန်မှာတောင် ခြေလှမ်းတွေမတည်မငြိမ် ဖြစ်သွားစေတယ်။

အမျိုးသမီးကြီးကမေးလာတယ် "ဆွေ့ဆွေ့ မပျော်ဘူးလား?"

ရှန်ရှင်းဆွေ့ မသိစိတ်ကနေပြောလိုက်မိတယ် "ကျွန်တော်ပျော်...... မဟုတ်... ကျွန်တော်ပြောချင်တာက ဒီလိုကိစ္စမျိုးက နှစ်ဦးနှစ်ဖက် ပျော်ရွှင်မှကောင်းမှာ ပြီးတော့ ကျွန်တော်ပြန်မလာသေးခင်အထိ ဖုကောက ကျွန်တော်ဘယ်သူလဲဆိုတာ မသိသေးဘူးလေ တကယ်ပဲမင်္ဂလာကိစ္စရှိတယ်ဆိုရင်တောင် နှစ်ဦးနှစ်ဖက်လုံးဆန္ဒရှိမှ အဆင်ပြေမှာ တကယ်လို့ ပုံစံကြောင့်သာဆိုရင်......"

သူအကြာကြီးပြောနေပြီး နောက်ဆုံးရောက်တော့ သူ့ပါသူဘာပြောနေလဲဆိုတာတောင် မသေချာတော့ဘူး။

အမျိုးသမီးကြီးက သူပြောချင်တာကို နားလည်လိုက်တယ်။ သူမကပြုံးကာပြောလာတယ် "ဆွေ့ဆွေ့ မြေးပြောတာမှန်တယ် ဒါပေမဲ့လည်း မှားနေပြန်တယ်"

ရှန်ရှင်းဆွေ့ ဇဝေဇဝါဖြစ်စွာနဲ့ အမျိုးသမီးကြီးကိုကြည့်လိုက်တယ်။

အမျိုးသမီးကြီးက သူ့ရဲ့လက်ကိုဆွဲကိုင်ကာ ဆက်ပြောလာတယ် "ဆွေ့ဆွေ့ ဖွားဖွားပြောပြမယ် ဒီလူအချင်းချင်းကြားထဲက ကံကြမ္မာဆိုတာက အမှန်ကိုအံ့သြစရာကောင်းလွန်းတယ် ဒါပေမဲ့ အချိန်တော်တော်များများမှာ အဲဒီလိုအံ့သြစရာကောင်းနေတာကြောင့်ပဲ တစ်ချို့ကိစ္စတွေကို စိတ်ရင်းစိတ်မှန်နဲ့ သွားကြည့်ဖို့လိုတာဆိုတာကိုလည်း မြေးသိထားရမယ်"

"အဲဒီကလေးကို အဖွားနဲ့မြေးရဲ့ဖိုးဖိုးတို့ တွေ့ဖူးတယ် မြေးရဲ့ဖိုးဖိုးလည်း စစ်ဆေးကြည့်ဖူးတယ် သူကအားကိုးဖို့ထိုက်တန်တဲ့လူတစ်ယောက်ပဲ ပြီးတော့ သူကမြေးအပေါ်ကိုလေ ခံစားမရှိတာမျိုးမဟုတ်ဘူး" အမျိုးသမီးကြီးက ကြင်နာစွာပြုံးရင်း "ဖွားဖွားဒီလိုပြောရင် မြေးနားလည်မလား?"

ရှန်ရှင်းဆွေ့ မူလအတိုင်းပဲ ကြောင်အစွာရပ်နေမိတယ်။ ဒီစကားတွေကို ခွဲပြီးနားထောင်ရင် စကားလုံးတစ်လုံးချင်းစီတိုင်းကို သူနားလည်တယ်။ ဒါပေမဲ့ အကုန်ပေါင်းလိုက်ချိန်မှာတော့ သူနားမလည်တော့ဘူး။

အမျိုးသမီးကြီးက ပြုံးစစနဲ့ သူ့ကိုကြည့်နေလေတယ်။

ရှန်ရှင်းဆွေ့ ဒီစကားရဲ့အဓိပ္ပာယ်ကို ဖြည်းဖြည်းချင်းနားလည်လာချိန် နားရွက်တွေအနီရောင်လွှမ်းသွားရတယ်။ သူရှက်ရွံ့စွာနဲ့ခေါင်းငုံ့လိုက်ပြီး အသံတိုးတိုးနဲ့ပြောလိုက်တယ် "ဖွားဖွား ကျွန်တော့်ကိုမစပါနဲ့တော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူကကျွန်တော့်ရဲ့လောင်ရှီးဖြစ်သလို စီနီယာလည်းဖြစ်တယ်လေ ပြီးတော့ ကျွန်တော့်မှာက ဘာထူးခြားချက်မှလည်းမရှိဘူး သူကဘယ်လိုလုပ်ပြီး ကျွန်တော့်ကိုသဘောကျနိုင်မှာလဲ"

"ဘာလို့မဖြစ်နိုင်ရမှာလဲ?" အမျိုးသမီးကြီးက သူမရဲ့မြေးလေးကိုကြည့်လိုက်တယ်။ သူမလက်ဆန့်ထုတ်ကာ ရှန်ရှင်းဆွေ့ရဲ့ပါးလေးကို ပွတ်သပ်လိုက်ပြီး ပြောလိုက်တယ် "ကလေး ယင်ယန်ထိုက်ကျိဆိုတာကို ကြားဖူးလား အရမ်းကိုပူပြင်းပြီး မာကျောတဲ့ပစ္စည်းနှစ်ခုက ပေါင်းစပ်ဖို့ အသင့်တော်ဆုံးဖြစ်မယ်ဆိုတာ မသေချာဘူး မာကျောမှုနဲ့နူးညံ့မှုပေါင်းစပ်ခြင်းကလည်း မမှားတဲ့ရွေးချယ်မှုတစ်ခုပဲ မြေးကိုယ့်ကိုယ်ကိုယ် အရမ်းကြီးအထင်မသေးနဲ့ ဒီနေ့ဒီနေရာကိုရောက်လာနိုင်တာနဲ့တင် အများကြီးကြိုးစားနေပြီးပါပြီ ကလေးရယ်"

နူးညံ့တဲ့စကားတစ်ခွန်းစီတိုင်းက ရှန်ရှင်းဆွေ့နှလုံးသားထဲ နစ်ဝင်သွားသလိုပဲ။

သူအရင်တုန်းက သိပ်ပြီးမဖြစ်နိုင်ဘူးလို့ ထင်နေခဲ့တယ်။ ဒါပေမဲ့ ဖွားဖွားဒီလိုပြောလာတော့လည်း စိတ်ထဲတဖန်ပြန်ပြီး လှုပ်ရှားလာရပြန်တယ်။ တကယ်ပဲဖြစ်နိုင်ချေရှိလား။ ဖုကောက တကယ်ပဲသူ့ကို သဘောကျမှာလား?

......

အောက်ထပ်ကနေ အသံတွေပျံ့လွင့်လာခဲ့တယ်။

အမျိုးသမီးကြီးက အသိပြန်ဝင်လာပြီး ပြုံးကာပြောလိုက်တယ် "အောက်ထပ်ဆင်းရအောင် မြေးရဲ့ဖိုးဖိုးက အစောကတည်းက မြေးတို့ပြန်လာမဲ့အကြောင်းကိုပြောနေတာ ခဏနေရင် မြေးတို့ကိုဟုန်ပေါင်းလည်းပေးဦးမှာ"

ရှန်ရှင်းဆွေ့ အလျင်အမြန်ခေါင်းညိတ်ပြလိုက်တယ်။

သူတို့အောက်ထပ်ဆင်းလိုက်တော့ အောက်ထပ်မှာ အလွန်စည်ကားသိုက်မြိုက်နေလေတယ်။ အားလုံးကအတူစုဝေးနေကြပြီး ဖိုးဖိုးက တခြားကလေးတွေအကုန်လုံးကို ဟုန်ပေါင်းပေးနေတာဖြစ်တယ်။ ရှန်ရှင်းဆွေ့ အောက်ထပ်ဆင်းလာတာမြင်တော့ သူကလက်ယမ်းပြလာပြီး "ဒီလာခဲ့ကလေး"

ရှန်ရှင်းဆွေ့ ခြေလှမ်းသေးသေးနဲ့ လျှောက်သွားလိုက်တယ်။

တခြားသူတွေရဲ့ ဟုန်ပေါင်းတွေအားလုံးက ခပ်ထူထူတွေချည်းဖြစ်တယ်။ ရှန်ရှင်းဆွေ့ဟာတစ်ခုပဲ အရမ်းပါးလျနေတာြဖစ်တယ်။ သူတစ်ခဏလောက် တုံ့ဆိုင်းသွားပေမဲ့ အများကြီးမမေးခဲ့ဘူး။

ဖိုးဖိုးက နူးညံ့စွာပြောလာတယ် "ဖွင့်ပြီးကြည့်ကြည့်ပါဦး"

ရှန်ရှင်းဆွေ့ တစ်ခဏလောက် တွေဝေသွားပြီးနောက် ဖွင့်ကြည့်လိုက်တော့ ချက်လက်မှတ်တစ်စောင်ဖြစ်နေလေတယ်။ သူအံ့အားသင့်သွားရတယ်။ ချက်လက်မှတ်အနောက်က ကိန်းဂဏန်းက ၂၂သိန်းလို့ရေးထားတာဖြစ်နေလေတယ်။ သူထိတ်လန့်သွားရပြီး အလျင်အမြန်ပြောလိုက်တယ် "ဖိုးဖိုး ဒါကအရမ်းများလွန်းပါတယ် ကျွန်တော်လက်မခံနိုင်ဘူး"

အဖိုးက ထိုင်နေလျက် ပြုံးကာပြောလာတယ် "မများပါဘူး ဒါကမြေးအတွက်ပဲလေ"

ရှန်ရှင်းဆွေ့ကြောင်အသွားရတယ်။

ရှန်ရှင်းချန်က ဘေးနားကနေ ခပ်ထူထူရှိတဲ့ဟုန်ပေါင်းကို ယူထားပြီး ပျော်ရွှင်စွာပြောလာတယ် "ဖိုးဖိုးက နှစ်တိုင်း ငါတို့အတွက် ဟုန်ပေါင်းတစ်ခုပေးတယ်လေ"

ရှန်ရှင်းဆွေ့က ဒီနှစ် အသက်၂၂နှစ်ဖြစ်တယ်။

အဲ့တာကြောင့် အရင်ကဟာတွေနဲ့ အကုန်ပေါင်းလိုက်ရင် စုစုပေါင်း၂၂သိန်းဖြစ်တယ်။

ရှန်ရှင်းဆွေ့ လက်ထဲကချက်လက်မှတ်ကိုကြည့်နေမိတယ်။ ချက်လက်မှတ်ပေါ်က သုညတွေအများကြီးကိုကြည့်နေမိတယ်။ ပျော်ရွှင်နေတဲ့မျက်ဝန်းတွေနဲ့ အဖိုးကိုကြည့်နေမိတယ်။ စိတ်ထဲမှာလှုပ်ရှားသွားမှုလေးကို ခံစားလိုက်မိပြီး ချက်လက်မှတ်ကို စားပွဲတစ်ဖက်မှာချထားလိုက်တယ်။ နောက်တော့ ဒူးထောက်လိုက်ပြီး အဖိုးကိုနှစ်သစ်ဂါရဝပြုပြီး ကန်တော့လိုက်တယ်။

သုံးခေါက်ကန်တော့ပြီးတဲ့အထိ သူဆက်ပြီး ကန်တော့နေတုန်းပဲဖြစ်တယ်။

အဖိုးက အလျင်အမြန် သူ့ကိုတားလာပြီး "ဆွေ့ဆွေ့ ဒါကဘာလုပ်တာတုန်း?"

"ကျွန်တော်အရင်တုန်းက အဖိုးဆီကိုကိုယ်တိုင် လာပြီးဂါရဝမပြုနိုင်ခဲ့ဘူး အဲ့တာကြောင့် ကျွန်တော်အစားကန်တော့ချင်လို့" ရှန်ရှင်းဆွေ့ တိုးဖွဖွပြောလာခဲ့တယ်။ သူကနည်းနည်းတုံးတာကြောင့် တခြားပြန်ပေးဆပ်လို့ရမဲ့ နည်းလမ်းကိုမစဥ်းစားမိခဲ့ဘူး။ အဲ့တာကြောင့် ကန်တော့ရုံပဲတတ်နိုင်ခဲ့တယ်။

အဖိုးဒါကိုကြားတော့ ရယ်ရခက်ငိုရခက်ဖြစ်သွားရတယ်။

တစ်ချိန်တည်းမှာပဲ ရှန်ရှင်းဆွေ့ရဲ့အတွေးတွေက သန့်ရှင်းဖြူစင်တယ်ဆိုတာကို ခံစားမိလိုက်ရတယ်။ ကျေးဇူးသိတတ်တဲ့ကလေးတစ်ယောက်ပဲ။

"ဆွေ့ဆွေ့ ဒီနှစ်တွေမှာ မြေးမလာနိုင်ခဲ့ဘူးဆိုပေမဲ့ ဒါကမြေးအမှားမဟုတ်ပါဘူး ပြီးတော့ မြေးရှိမနေဘူးဆိုရင်တောင်မှ အဖိုးတို့နှလုံးသားထဲမှာ အမြဲတမ်းမြေးအတွက်နေရာရှိနေခဲ့ပါတယ်" အဖိုးအိုရဲ့အသံက ဖြည်းညင်းလှတယ်။ လူ့စိတ်ကိုအလိုအလျောက် သက်တောင့်သက်သာဖြစ်သွားစေတဲ့ အသံမျိုးဖြစ်တယ်။

ရှန်ရှင်းဆွေ့ နည်းနည်းအံ့အားသင့်သွားရတယ်။

ဘေးနားကအဖွားက နားလည်သွားလိုက်တယ်။ သူမပြုံးကာ ရှန်ရှင်းဆွေ့ကို ဧည့်ခန်းအနောက်ဘက်ကိုကြည့်ဖို့ ဆွဲခေါ်သွားလိုက်တယ်။ အဲ့တာကအရင်နှစ်တွေကရိုက်ထားတဲ့ ပြီးပြည့်စုံတဲ့ မိသားစုဓာတ်ပုံတစ်ခုဖြစ်တယ်။ အဖိုးအဖွားနှစ်ယောက်က အလယ်မှာရှိနေပြီး အနောက်မှာရွှီအန်းကျန်းတို့ လင်မယားနှစ်ယောက်က မတ်တပ်ရပ်နေလေတယ်။ မြေးနှစ်ယောက်ကတော့ ဘေးတစ်ဖက်စီမှာဖြစ်တယ်။ ဒါပေမဲ့သူတို့ရဲ့ ကင်မရာရှုထောင့်ထဲမှာ အမြဲတမ်း နေရာလွတ်တစ်ခု ချန်ထားလေတယ်။

မြေးရှိမနေဘူးဆိုရင်တောင်မှ အဖိုးတို့နှလုံးသားထဲမှာ အမြဲတမ်းမြေးအတွက်နေရာရှိနေခဲ့ပါတယ်။

ရှန်ရှင်းဆွေ့ ဒီပုံကိုမြင်လိုက်တော့ မျက်လုံးလေးတွေ နီရဲတက်လာခဲ့ရတယ်။ အနောက်ရှန်ရှင်းချန်က အကြံပြုပြောဆိုလာတယ် "ကျွန်တော်တို့ ဓာတ်ပုံအတူတူရိုက်ကြရအောင်လေ?"

ရှန်မင်လောင် မျက်မှန်ကို ပင့်တင်လိုက်ပြီး "မိသားစုဓာတ်ပုံ အသစ်တစ်ပုံလောက် ရိုက်ကြရအောင်"

ရှန်ရှင်းချန် ပြုံးကာပြောလိုက်တယ် "ကျွန်တော်ဒီနေ့ အင်္ကျီအသစ်ဝတ်ထားတာနဲ့ အတော်ပဲ"

"အိမ်တော်ထိန်းကို လာပြီးရိုက်ခိုင်းလိုက်တာပေါ့" ဖွားဖွားကအကြံပြုလာတယ် "ဒီနှစ်မှာ ဓာတ်ပုံအသစ်လည်း လဲသင့်ပြီလေ"

အားလုံးရဲ့ပျော်ရွှင်စွာ ဆွေးနွေးမှုအောက်မှာ ဒီအကြံပြုချက်က အောင်မြင်သွားတော့တယ်။ သူတို့အားလုံး အပြင်ဘက်ခြံထဲ သွားလိုက်ကြတယ်။ စောနကကျနေတဲ့ နှင်းဦးတွေရပ်တန့်သွားပြီဖြစ်ပြီး နွေးထွေးတဲ့နေရောင်က ကောင်းကင်တစ်ခွင်ကို ရွှေဝါရောင်အလင်းတွေ ဖြန့်ကျက်နေလေတယ်။

နောက်တော့

အိမ်ထိန်းက ပြောလာတယ် "အားလုံးအတူတူရပ်ပြီး ဓာတ်ပုံရိုက်မယ်နော်"

ရှန်ရှင်းချန်က ပြောလာတယ် "မနက်ခင်းနေရောင်က အရမ်းလင်းထိန်နေတာပဲ မျက်လုံးတွေတောင်စူးနေပြီ"

ရွှီးအန်းကျန်း ကလေးတွေနဲ့ အတူတူမတ်တပ်ရပ်နေပြီး ဒီစကားကြားတော့ ပြုံးကာပြောလိုက်တယ် "ဒီနှစ်က နှစ်ကောင်းတစ်နှစ် ဖြစ်ရင်ဖြစ်နေမှာ"

"တောက်ပတဲ့လမ်းကြောင်းပဲ!" ရှန်ရှင်းချန် နေကိုပြောနေရင်း ခါးကျောဆန့်လိုက်တယ် "ပြီးခဲ့တဲ့နှစ်နှစ် ဒီအချိန်လောက်တုန်းက တိမ်ထူနေတာလေ နေရောင်ဆိုတာမရှိနေဘူး"

ဖွားဖွားက အနောက်နေလှမ်းပြောလာတယ် "ဘာလို့လဲဆိုတော့ ဒီနှစ်ကနေစလို့ အဖွားတို့အိမ်ကမတူတော့ဘူး ဆွေ့ဆွေ့ပြန်ရောက်လာပြီလေ နောက်ပိုင်းနေ့ရက်တွေက နေသာပြီး ကောင်းမွန်တဲ့တဲ့နေ့ရက်တွေဖြစ်လာမှာ"

အားလုံးပန်းခြံထဲသွားလိုက်ကြပြီး ထိုင်ခုံရှည်ပေါ်မှာ ထိုင်လိုက်ကြတယ်။

ရှန်ရှင်းဆွေ့ တွန့်ဆုတ်စွာနဲ့ ရပ်နေတော့ ရွှီအန်းကျန်းက သူ့ကိုလက်ပြကာ လှမ်းခေါ်လာတယ် "ဆွေ့ဆွေ့ ဒီလာ အလယ်မှာရပ်!"

ရှန်ရှင်းဆွေ့ အလယ်နေရာကို အလျင်အမြန်သွားပြီး ရပ်လိုက်တယ်။ ရှန်ရှင်းချန်အနားရောက်လာပြီး သူ့ပုခုံးကိုဖက်လာတယ်။ ရှန်မင်လောင်က သူ့တခြားတစ်ဖက်မှာ ရပ်နေလေတယ်။ သူတို့သုံးယောက်ရဲ့ဘေးမှာတော့ ရွှီအန်းကျန်းနဲ့ရှန်ယုံးတို့ရပ်နေလေတယ်။ ဖိုးဖိုးနဲ့ဖွားဖွားက သူတို့ရှေ့က ထိုင်ခုံရှည်ပေါ် ထိုင်နေကြတယ်။

အိမ်တော်ထိန်းက အသံမြင့်မြင့်နဲ့ "လာ ရိုက်မယ်နော် သုံး နှစ် တစ် ချိစ့်!"

ဆောင်းတွင်းရဲ့နေရောင်က နွေးထွေးသာယာလှတယ်။

တောက်ပတဲ့အဖြူရောင်နှင်းတွေက မှောင်မဲတဲ့ကမ္ဘာလောကကြီးကို ဖုံးအုပ်ထားသယောင်ရှိတယ်။ နိမိတ်ကောင်းတဲ့နှစ်သစ်ဖြစ်ပြီး အစကမြူမှုန်တွေနဲ့ မှုန်မှိုင်းနေတဲ့ မိသားစုက နေရောင်အောက်မှာ တစ်ဖန်ပြန်ပြီး ရပ်တည်နေကြပြီဖြစ်တယ်။ သူတို့တွေပုခုံးချင်းယှဥ်ရပ်နေကြပြီး မျက်နှာပေါ်မှာ အပြုံးကိုယ်စီချိတ်ဆွဲလျက်ရှိကြတယ်။

ကင်မရာအသံထွက်ပေါ်လာခဲ့တယ်။

အားလုံးလည်း တညီတည်းအော်လိုက်ကြတယ် "ချိစ့်!"

ဒါကမိသားစုဓာတ်ပုံအသစ်ဖြစ်ပြီး အစကလွတ်နေခဲ့တဲ့နေရာကိုလည်း ဖြည့်နိုင်ခဲ့ပြီဖြစ်တယ်။ အပြင်ဘက်မှာ နှင်းတွေအရည်ပျော်နေပြီး တိုက်ခတ်လာတဲ့လေတွေကလည်း အေးစက်နေလေတယ်။ အားလုံးအထဲပြန်ဝင်ကြတော့ ရှန်ရှင်းဆွေ့ဖိုးဖိုးရဲ့ အနည်းငယ်ပိန်ပါးတဲ့ ခန္ဓာကိုယ်ကိုကြည့်ကာ အသံတိုးတိုးနဲ့ပြောလိုက်တယ် "ကျွန်တော့်ကြောင့်ပါ အပြင်ဘက်မှာအရမ်းအေးနေတာကို ဖိုးဖိုးကို အပြင်ဘက်ထွက်ဓာတ်ပုံရိုက်ပြီး ပင်ပန်းစေမိသေးတယ်"

"မင်းအပြစ်မဟုတ်ပါဘူး အဖိုးကအရမ်းပျော်နေတာပါ" ဘေးကနေတည်ငြိမ်တဲ့အသံ ထွက်ပေါ်လာလေတယ်။ ရှန်ရှင်းဆွေ့လှည့်ကြည့်လိုက်တော့ ရှန်မင်လောင်ဖြစ်လေတယ်။

ဒီတာ့ကောနဲ့ပတ်သက်လို့ သူတစ်လျှောက်လုံး ရိုသေနေခဲ့တာဖြစ်တယ်။ သူတို့နှစ်ယောက်က ဘာမှလည်း စကားစမြည်မပြောဖူးကြဘူး။

ဒါပေမဲ့ သူမကြောက်ပါဘူး။ ဘာလို့လဲဆိုတော့ တာ့ကောကဘယ်တော့မှ ထုတ်မပြတတ်ပေမဲ့ သူ့အပေါ်တကယ်ကောင်းတယ်ဆိုတာ သူသိနေတာကြောင့်ဖြစ်တယ်။

ရှန်မင်လောင် သူ့ကိုကြည့်ပြီး ပြောလာတယ် "ပြောင်းပြန်အနေနဲ့ မင်းကိုအပြစ်မတင်တဲ့အပြင် မင်းကိုတောင်ကျေးဇူးတင်နေသေးတာ"

ရှန်ရှင်းဆွေ့ အံ့အားသင့်စွာနဲ့ "ကျွန်တော့်ကိုကျေးဇူးတင်တယ်?"

"အင်း" ရှန်မင်လောင် ခေါင်းညိတ်လိုက်တယ်။ သူပထမဆုံးအကြိမ်အဖြစ် အပြုံးလေးထွက်ပေါ်လာပြီး ပြောလိုက်တယ် "ဘာလို့ဆို မင်းပြန်လာတာကြောင့် ဒီမိသားစုက အရင်ကထက် ပိုပြီးအသက်ဝင်လာခဲ့တာ မင်းပြန်လာတာကြောင့်ပဲ အားလုံးအရင်ကထက် ပိုပြီးရင်းနှီးလာကြတာ ပိုပြီးတော့မိသားစုနဲ့တူလာခဲ့တာ"

သူ့မှာဒီလိုအသုံးဝင်ပုံမျိုး ရှိလိမ့်ဦးမယ်လို့ ရှန်ရှင်းဆွေ့လုံးဝ မထင်ထားမိလေဘူး။

ရှန်မင်လောင် ပထမဆုံးအကြိမ်အဖြစ် လက်ချောင်းလေးတွေကို ဆန့်ထုတ်လိုက်ပြီး တိတိရဲ့ခေါင်းလေးကို ပွတ်လိုက်တယ်။ သူ့အသံကဆွဲဆောင်မှုရှိပြီး "ကျေးဇူးပါ ဆွေ့ဆွေ့"

ရှန်ရှင်းဆွေ့တစ်ကိုယ်လုံး အေးခဲသွားရတယ်။

ရှန်မင်လောင်က နွေးထွေးစွာနဲ့ "ဒီမိသားစုကို ပြန်ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

အပြင်မှာ ဆောင်းလေအေးတွေ တိုက်နေဆဲဖြစ်ပေမဲ့ ရှန်ရှင်းဆွေ့ရဲ့မျက်နှာကတော့ အနည်းငယ်နီရဲနေလေတယ်။ တာ့ကောနဲ့ ဒီလိုရင်းရင်းနှီးနှီးပြောဆိုနိုင်မယ်လို့ သူမထင်ထားဘူး။ သူအရင်ကတည်းက အစ်ကိုတွေရဲ့ဂရုစိုက်မှုကိုရရှိဖို့ မျှော်လင့်နေခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ကျန်ကျစ်တို့က သူ့ကိုအေးစက်တဲ့အကြည့်တွေပဲ ပေးခဲ့ကြတယ်။ ရှန်မင်လောင်ကတော့ တင်းကြပ်တဲ့ပုံစံပေါက်ပေမဲ့ အမည်မသိစွာ နူးညံ့နေပုံလည်း ပေါက်နေသေးတယ်။

ရှန်ရှင်းဆွေ့ရဲ့အသံက တိုးဖျော့နေပေမဲ့ အလွန်ရိုးသားနေဆဲဖြစ်တယ် "ဒီမိသားစုကို ပြန်လာနိုင်တာ ကျွန်တော့်အတွက်လည်း ကံကောင်းမှုတစ်ခုပါ"

"ကျွန်တော်သေချာပေါက် တန်ဖိုးထားပါ့မယ်" ရှန်ရှင်းဆွေ့ ခေါင်းငုံ့ထားကာ အသံဖျော့ဖျော့နဲ့ပြောလာတယ် "တာ့ကော စိတ်ချပါ ကျွန်တော်သေချာပေါက် ကောတို့ကို မျက်နှာမပျက်စေရပါဘူး"

ရှန်မင်လောင် သူ့ရဲ့လိမ္မာပြီးချစ်စရာကောင်းတဲ့တိတိကို ကြည့်နေမိတယ်။ ဘယ်လိုလုပ်ပြီးမျက်နှာပျက်စေမှာလဲ။ ဒါကအဲဒီပြဿနာကောင်လေး ရှန်ရှင်းချန်ထက် အများကြီးပိုချိုတယ်လေ။ စောနကရှန်ရှင်းဆွေ့ကိုင်ထားတဲ့ စုံတွဲလက်ကောက်လေးကို ပြန်သတိရမိသွားတယ်။ တိတိလေးကနောက်ကျရင် တခြားသူကိုလက်ထပ်သွားမှာဆိုတာကို တွေးမိပြန်တော့ သူ့စိတ်ထဲပြန်တည်ကြည်သွားရပြန်တယ်။

ရှန်မင်လောင် သူ့ကိုပြောလိုက်တယ် "ဆွေ့ဆွေ့ မျက်နှာပျက်စေမယ်ဆိုပြီး တွေးပူနေစရာမလိုဘူး ရှန်မိသားစုက အမြဲတမ်းမင်းအနောက်မှာ ရှိနေတယ်"

ရှန်ရှင်းဆွေ့ တွန့်ဆုတ်စွာနဲ့ ခေါင်းမော့ကြည့်လိုက်တယ်။

"အဲ့တာကြောင့် မင်းဘာအာဏာတွေကိုမှ ကြောက်နေစရာမလိုဘူး နောက်ကျရင် မင်းရဲ့မင်္ဂလာကိစ္စကို မင်းပါသာဆုံးဖြတ်နိုင်တယ်" ရှန်မင်လောင် မျက်မှန်ကိုပင့်တင်လိုက်တယ်။ ထို့နောက်ဆက်ပြောလာတယ် "အထူးသဖြင့် မင်းရဲ့အခုနဲ့အရင်ကနဲ့ရဲ့ အနေအထားကမတူတော့ဘူး ဖုံးကွယ်ထားတဲ့စိတ်ဓာတ်တွေနဲ့လူတွေကို သတိထားရမယ် နားလည်လား?"

ဟမ်?

ရှန်ရှင်းဆွေ့ မျက်လုံးပြူးသွားရတယ်။ ဒါပေမဲ့လိမ္မာစွာနဲ့ ကောကောစကားနားထောင်ပြီး အပြုံးလေးနဲ့ပြောလိုက်တယ် "နားလည်ပါပြီ"

ရှန်မင်လောင် အဲဒီတော့မှ နည်းနည်းစိတ်ချသွားရတယ်။ ဖုကျင်းရှောင်းက ဆွေ့ဆွေ့ကို ကလေးတစ်ယောက်လိုပဲ မြင်တယ်ဆိုပြီးတော့လည်း ပြောဖူးပါတယ်။ လိမ်ပြောတာတော့ မဟုတ်လောက်ပါဘူး။ သူအတွေးလွန်နေတာပဲဖြစ်မှာပါ။

ရှန်မင်လောင်က "အရင်ဝင်နှင့်လေ ခဏနေထမင်းစားမယ်"

ရှန်ရှင်းဆွေ့ လေးနက်စွာ ခေါင်းညိတ်ပြလိုက်တယ်။

သူရေချိုးခန်းထဲသွားပြီး သန့်စင်လိုက်တယ်။ ဖုန်းမြည်သံကြောင့် သူဖွင့်ကြည့်လိုက်တော့ ဖုလောင်ရှီး ဆက်တာဖြစ်နေလေတယ်။ ပထမတော့အံ့အားသင့်သွားပြီး နောက်မှ အလျင်အမြန်ဖုန်းကိုင်လိုက်လေတယ် "ဝေ ဖုလောင်ရှီး?"

"အင်း"

ဖုကျင်းရှောင်းရဲ့ ခပ်နိမ့်နိမ့်နဲ့ကျော့ရှင်းတဲ့အသံက ဖုန်းတစ်ဖက်ကနေ ထွက်ပေါ်လာခဲ့တယ် "ရဲဘော်ရှောင်ရှန် နှစ်သစ်မှာပျော်ရွှင်ပါစေ"

ရှန်ရှင်းဆွေ့ သူ့အသံကိုနားထောင်ရင်း စိတ်ထဲမှာ ပျော်ရွှင်မှုတွေကို ခံစားမိလိုက်တယ်။ သူလည်းအသံပြန်ပြုလိုက်ပြီး "ဖုလောင်ရှီး နှစ်သစ်မှာပျော်ရွှင်ပါစေ"

ပြောပြီးနောက် အနည်းငယ်ထူးဆန်းတယ်လို့ ခံစားလိုက်ရတယ်။

ရှန်ရှင်းဆွေ့ တုံ့ဆိုင်းစွာမေးလိုက်တယ် "လောင်ရှီး ကျွန်တော့်ဆီဖုန်းဆက်တာ ဘာကိစ္စရှိလို့လဲဟင်?"

ဖုကျင်းရှောင်း ဖြည်းညင်းစွာပြောလာလေတယ် "ဘာလဲ ကိစ္စမရှိရင် မင်းဆီဖုန်းဆက်လို့မရဘူးလား ရှန်လောင်ရှီး အခုတော့ပါဝါတွေကြီးနေပြီပေါ့"

! ! !

ရှန်ရှင်းဆွေ့ရဲ့ပါးလျတဲ့မျက်နှာလေးက အစမခံနိုင်လေဘူး။ သူအလျင်အမြန်နဲ့ "မဟုတ်ပါဘူး... မဟုတ်ပါဘူး ကျွန်တော်ပြောတာ အဲ့သဘောမဟုတ်ပါဘူး ကျွန်တော်ကဒီတိုင်း မေးကြည့်ရုံတင်ပါ..."

ဖုကျင်းရှောင်း နှုတ်ခမ်းထက်မှာ အပြုံးလေးပေါ်လာရတယ်။ သူကဖြည်းညင်းစွာနဲ့ "မင်းဘယ်မှာလဲ"

ရှန်ရှင်းဆွေ့ အမှန်တိုင်းပြောလိုက်တယ် "ဖိုးဖိုးဖွားဖွားတို့ဆီ ပထမဆုံးအကြိမ်သွားလည်နေတာ"

ဖုကျင်းရှောင်း စနောက်မှုတွေကို ပြန်သိမ်းယူလိုက်ပြီး "ကိုယ့်အစား အဖိုးနဲ့အဖွားကို နေကောင်းလားမေးပေးပါဦး နောက်နေ့ကျမှ လာပြီးဂါရဝပြုလှည့်ပါမယ်လို့"

ရှန်ရှင်းဆွေ့ တစ်နေရာရာက မူမမှန်ကြောင်း ခံစားမိနေပေမဲ့ ဘယ်နားကမှားနေမှန်းလည်း မပြောနိုင်ဘူးဖြစ်နေလေတယ်။ သူအသံတစ်ချက်ပဲ ပြန်ပြုလိုက်တယ်။ စေ့စပ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးရနိုးနိုး မမေးရနိုးနိုး တွေဝေနေတာဖြစ်တယ်။ အဲ့တာက မပြေမပြစ်ဖြစ်နေမှာကိုလည်း စိုးရိမ်နေမိတာဖြစ်တယ်။ သူတွေဝေနေချိန်မှာပဲ ဖုကျင်းရှောင်းက စကားစလာလေတယ် "တကယ်တော့ ဒီနေ့မင်းဆီဖုန်းဆက်တာက ဒီရက်ပိုင်း မင်းအားလားလို့မေးချင်လို့"

ရှန်ရှင်းဆွေ့ ကြောင်အသွားရတယ်။

ဖွားဖွားပြောသလိုမျိုး ရုပ်ရှင်ဧကရာဇ်ဖုက သူ့အပေါ်စိတ်ဝင်စားပြီး သူ့ကိုသဘောကျနေတာမျိုး ဖြစ်နိုင်လောက်တယ်။

တကယ်တော့ အစကရှန်ရှင်းဆွေ့မယုံဘူး။ ဒါပေမဲ့ ဖုကျင်းရှောင်း သူ့ကိုဖုန်းဆက်လာတဲ့အပြင် သူ့ကိုပါချိန်းလိုက်သေးတယ်။ ဒါတွေက ဖွားဖွားပြောတဲ့စကားတွေ မှန်နေတယ်ဆိုတာကို သက်သေပြနေတာပဲမဟုတ်လား?

ရှန်ရှင်းဆွေ့ တစ်ခဏလေးအတွင်း အများကြီးစဥ်းစားလိုက်မိတယ်။ သူအနည်းငယ်စိတ်လှုပ်ရှားနေမိတယ်။ ဒါပေမဲ့သူ ရှက်ရွံ့စွာနဲ့ မဝံ့မရဲဖြေလိုက်တယ် "အင်း...... မများလောက်ဘူး လောင်ရှီးကျွန်တော့်ကိုချိန်းမလို့လား?"

ဖုကျင်းရှောင်း အသံနိမ့်နိမ့်နဲ့ တစ်ချက်ရယ်လိုက်တယ်။ နားထောင်လို့ကောင်းတဲ့ အမျိုးသားရဲ့ခပ်နိမ့်နိမ့်အသံက ဖြားယောင်းသွေးဆောင်နေပုံပေါက်နေတယ်။ သူစကားပြောမလို့ ပြင်တုန်းမှာပဲ ဖုန်းတစ်ဖက်ကနေ တံခါးဖွင့်သံထွက်ပေါ်လာခဲ့ပြီး ရှန်ရှင်းဆွေ့အနောက်ကနေ စကားသံထွက်လာခဲ့တယ်။

ရှန်မင်လောင် တံခါးဝမှာရပ်နေပြီး သူ့ကိုပြောလာတယ် "ဆွေ့ဆွေ့ မားမားက မင်းကိုထမင်းစားဖို့ ခေါ်ခိုင်းလိုက်လို့"

ရှန်ရှင်းဆွေ့ရဲ့ဖုန်းကိုင်ထားတဲ့လက်က တုန်ယင်သွားရတယ်။ မိဘနောက်ကွယ်မှာ ထားထားတဲ့ချစ်သူနဲ့ကို မိသွားသလိုမျိုး သူထိတ်ထိတ်လန့်လန့်နဲ့ပြောလိုက်တယ် "အော... အောကောင်းပြီ... ကျွန်တော်ချက်ချင်းလာခဲ့မယ်"

ပြောပြီးနောက် သူအပြစ်ရှိစိတ်ကြောင့် ဖုန်းလေးကို အနောက်ဘက်ထားဝှက်လိုက်မိလေတယ်။

ရှန်ရှင်းဆွေ့ရဲ့ လုပ်ပုံကိုင်ပုံက သိသာနေပြီး အကုန်လုံးကို မျက်နှာပေါ်ရေးထားသလို ဖြစ်နေတာကြောင့် အကြည့်တစ်ချက်နဲ့တင် သိသွားနိုင်လေတယ်။

မျက်နှာချင်းဆိုင်က ရှန်မင်လောင်ရဲ့စူးရှတဲ့မျက်ဝန်းတွေက တိတိကိုကြည့်လာပြီး အကြည့်တွေက ဖုန်းဆီရောက်သွားလေတယ်။ ထို့နောက် သူမေးလာလေတယ် "မင်းဘယ်သူ့ဆီဖုန်းခေါ်နေတာလဲ?"

___________________

Word – 5059
July 20, 2023 (Thu
Xiao Dream

ဒီအပိုင်းကတော့ မခွဲရပါဘူးဗျာ ဟီး" ကောင်းသောညလေးဖြစ်ပါစေ

Zawgyi

တိတ္ခိုးခ်စ္ အမိခံလိုက္ရၿပီ
_______________________________

ရွန္ရွင္းေဆြ႕ခံစားမိတာက သူ႔ဘဝမွာ တစ္ခါမွ ဒီေလာက္ေရွာ့မရဖူးဘူး။

ဒီလိုခံစားခ်က္မ်ိဳးကို ဘယ္လိုေဖာ္ျပရမလဲ။ ေျပာရရင္ သူကသာမန္လူတစ္ေယာက္ျဖစ္ၿပီး သူ႔မွာအရမ္းေမွ်ာ္လင့္ေနရတဲ့ ကာတြန္းဇာတ္ေကာင္တစ္ေယာက္ရွိတယ္။ အဲဒီဇာတ္ေကာင္က အၿမဲတမ္းသူ႔ရဲ႕ အေတြးေတြထဲမွာ ရွင္သန္ေနခဲ့ၿပီး သူ႔နဲ႔အမ်ားႀကီးအလွမ္းေဝးလြန္းတယ္။ ေနာက္ေတာ့ေန႔တစ္ေန႔ကို ေရာက္လာခဲ့တယ္။ အဲဒါကအရမ္းသာမန္ဆန္တဲ့ ေန႔တစ္ေန႔ပဲျဖစ္ၿပီး တစ္စုံတစ္ေယာက္က သူ႔ကိုေျပာလာခဲ့တယ္။ အဲဒီကာတြန္းဇာတ္ေကာင္က တကယ္ေတာ့ မင္းနဲ႔ထုတ္ေဖာ္မေျပာႏိုင္တဲ့ ဆက္ႏြယ္မႈေတြရွိေနတယ္တဲ့။ မင္းတို႔ႏွစ္ေယာက္မွာ ေကာင္းကင္ဘုံက သတ္မွတ္ထားတဲ့ ကံၾကမၼာမ်ိဳးရွိတယ္တဲ့။

......

ဒီလိုခံစားခ်က္မ်ိဳးက လုံးဝကိုအံ့ၾသစရာေကာင္းလြန္းတယ္။

သာမန္လူေတြ စဥ္းေတာင္မစဥ္းစားရဲတဲ့ေလာက္ထိ အံ့ၾသစရာေကာင္းမႈမ်ိဳးျဖစ္တယ္။ ဒီလိုအံ့ၾသစရာေကာင္းမႈမ်ိဳးက ရွန္ရွင္းေဆြ႕အတြက္ေျပာရရင္ ပိုက္ဆံသိန္း၅၀ေလာက္ ထီေပါက္တဲ့ခံစားခ်က္မ်ိဳးထက္ လုံးဝမေလ်ာ့နည္းဘူး။

ရွန္ရွင္းေဆြ႕ လည္ဇလုတ္ေလးက အထက္ေအာက္ေ႐ြ႕လ်ားသြားၿပီး တြန္႔ဆုတ္စြာေမးလိုက္တယ္ "အဖြားတကယ္... ကြၽန္ေတာ့္ကိုစေနတာမဟုတ္ဘူးလား?"

အမ်ိဳးသမီးႀကီးက ၿပဳံးကာေျပာလာတယ္ "ေဆြ႕ေဆြ႕ ဖြားဖြားကိုမယုံဘူးလား ဖြားဖြားက ေျမးကိုဘာလို႔လိမ္ရမွာလဲ"

အမွန္လည္း အဲဒီလိုပဲျဖစ္တယ္။

ရွန္ရွင္းေဆြ႕ ေက်ာက္စိမ္းေသတၱာထဲက လက္ေကာက္ေလးကိုၾကည့္ေနမိရင္း ႏွလုံးသားေအာက္ေျခကေန အံ့အားသင့္တဲ့ခံစားမႈမ်ိဳးရေနေလတယ္။ ဒီခံစားမႈက သူ႔ကိုလမ္းသြားခ်ိန္မွာေတာင္ ေျခလွမ္းေတြမတည္မၿငိမ္ ျဖစ္သြားေစတယ္။

အမ်ိဳးသမီးႀကီးကေမးလာတယ္ "ေဆြ႕ေဆြ႕ မေပ်ာ္ဘူးလား?"

ရွန္ရွင္းေဆြ႕ မသိစိတ္ကေနေျပာလိုက္မိတယ္ "ကြၽန္ေတာ္ေပ်ာ္...... မဟုတ္... ကြၽန္ေတာ္ေျပာခ်င္တာက ဒီလိုကိစၥမ်ိဳးက ႏွစ္ဦးႏွစ္ဖက္ ေပ်ာ္႐ႊင္မွေကာင္းမွာ ၿပီးေတာ့ ကြၽန္ေတာ္ျပန္မလာေသးခင္အထိ ဖုေကာက ကြၽန္ေတာ္ဘယ္သူလဲဆိုတာ မသိေသးဘူးေလ တကယ္ပဲမဂၤလာကိစၥရွိတယ္ဆိုရင္ေတာင္ ႏွစ္ဦးႏွစ္ဖက္လုံးဆႏၵရွိမွ အဆင္ေျပမွာ တကယ္လို႔ ပုံစံေၾကာင့္သာဆိုရင္......"

သူအၾကာႀကီးေျပာေနၿပီး ေနာက္ဆုံးေရာက္ေတာ့ သူ႔ပါသူဘာေျပာေနလဲဆိုတာေတာင္ မေသခ်ာေတာ့ဘူး။

အမ်ိဳးသမီးႀကီးက သူေျပာခ်င္တာကို နားလည္လိုက္တယ္။ သူမကၿပဳံးကာေျပာလာတယ္ "ေဆြ႕ေဆြ႕ ေျမးေျပာတာမွန္တယ္ ဒါေပမဲ့လည္း မွားေနျပန္တယ္"

ရွန္ရွင္းေဆြ႕ ဇေဝဇဝါျဖစ္စြာနဲ႔ အမ်ိဳးသမီးႀကီးကိုၾကည့္လိုက္တယ္။

အမ်ိဳးသမီးႀကီးက သူ႔ရဲ႕လက္ကိုဆြဲကိုင္ကာ ဆက္ေျပာလာတယ္ "ေဆြ႕ေဆြ႕ ဖြားဖြားေျပာျပမယ္ ဒီလူအခ်င္းခ်င္းၾကားထဲက ကံၾကမၼာဆိုတာက အမွန္ကိုအံ့ၾသစရာေကာင္းလြန္းတယ္ ဒါေပမဲ့ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ အဲဒီလိုအံ့ၾသစရာေကာင္းေနတာေၾကာင့္ပဲ တစ္ခ်ိဳ႕ကိစၥေတြကို စိတ္ရင္းစိတ္မွန္နဲ႔ သြားၾကည့္ဖို႔လိုတာဆိုတာကိုလည္း ေျမးသိထားရမယ္"

"အဲဒီကေလးကို အဖြားနဲ႔ေျမးရဲ႕ဖိုးဖိုးတို႔ ေတြ႕ဖူးတယ္ ေျမးရဲ႕ဖိုးဖိုးလည္း စစ္ေဆးၾကည့္ဖူးတယ္ သူကအားကိုးဖို႔ထိုက္တန္တဲ့လူတစ္ေယာက္ပဲ ၿပီးေတာ့ သူကေျမးအေပၚကိုေလ ခံစားမရွိတာမ်ိဳးမဟုတ္ဘူး" အမ်ိဳးသမီးႀကီးက ၾကင္နာစြာၿပဳံးရင္း "ဖြားဖြားဒီလိုေျပာရင္ ေျမးနားလည္မလား?"

ရွန္ရွင္းေဆြ႕ မူလအတိုင္းပဲ ေၾကာင္အစြာရပ္ေနမိတယ္။ ဒီစကားေတြကို ခြဲၿပီးနားေထာင္ရင္ စကားလုံးတစ္လုံးခ်င္းစီတိုင္းကို သူနားလည္တယ္။ ဒါေပမဲ့ အကုန္ေပါင္းလိုက္ခ်ိန္မွာေတာ့ သူနားမလည္ေတာ့ဘူး။

အမ်ိဳးသမီးႀကီးက ၿပဳံးစစနဲ႔ သူ႔ကိုၾကည့္ေနေလတယ္။

ရွန္ရွင္းေဆြ႕ ဒီစကားရဲ႕အဓိပၸာယ္ကို ျဖည္းျဖည္းခ်င္းနားလည္လာခ်ိန္ နား႐ြက္ေတြအနီေရာင္လႊမ္းသြားရတယ္။ သူရွက္႐ြံ႕စြာနဲ႔ေခါင္းငုံ႔လိုက္ၿပီး အသံတိုးတိုးနဲ႔ေျပာလိုက္တယ္ "ဖြားဖြား ကြၽန္ေတာ့္ကိုမစပါနဲ႔ေတာ့ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ သူကကြၽန္ေတာ့္ရဲ႕ေလာင္ရွီးျဖစ္သလို စီနီယာလည္းျဖစ္တယ္ေလ ၿပီးေတာ့ ကြၽန္ေတာ့္မွာက ဘာထူးျခားခ်က္မွလည္းမရွိဘူး သူကဘယ္လိုလုပ္ၿပီး ကြၽန္ေတာ့္ကိုသေဘာက်ႏိုင္မွာလဲ"

"ဘာလို႔မျဖစ္ႏိုင္ရမွာလဲ?" အမ်ိဳးသမီးႀကီးက သူမရဲ႕ေျမးေလးကိုၾကည့္လိုက္တယ္။ သူမလက္ဆန္႔ထုတ္ကာ ရွန္ရွင္းေဆြ႕ရဲ႕ပါးေလးကို ပြတ္သပ္လိုက္ၿပီး ေျပာလိုက္တယ္ "ကေလး ယင္ယန္ထိုက္က်ိဆိုတာကို ၾကားဖူးလား အရမ္းကိုပူျပင္းၿပီး မာေက်ာတဲ့ပစၥည္းႏွစ္ခုက ေပါင္းစပ္ဖို႔ အသင့္ေတာ္ဆုံးျဖစ္မယ္ဆိုတာ မေသခ်ာဘူး မာေက်ာမႈနဲ႔ႏူးညံ့မႈေပါင္းစပ္ျခင္းကလည္း မမွားတဲ့ေ႐ြးခ်ယ္မႈတစ္ခုပဲ ေျမးကိုယ့္ကိုယ္ကိုယ္ အရမ္းႀကီးအထင္မေသးနဲ႔ ဒီေန႔ဒီေနရာကိုေရာက္လာႏိုင္တာနဲ႔တင္ အမ်ားႀကီးႀကိဳးစားေနၿပီးပါၿပီ ကေလးရယ္"

ႏူးညံ့တဲ့စကားတစ္ခြန္းစီတိုင္းက ရွန္ရွင္းေဆြ႕ႏွလုံးသားထဲ နစ္ဝင္သြားသလိုပဲ။

သူအရင္တုန္းက သိပ္ၿပီးမျဖစ္ႏိုင္ဘူးလို႔ ထင္ေနခဲ့တယ္။ ဒါေပမဲ့ ဖြားဖြားဒီလိုေျပာလာေတာ့လည္း စိတ္ထဲတဖန္ျပန္ၿပီး လႈပ္ရွားလာရျပန္တယ္။ တကယ္ပဲျဖစ္ႏိုင္ေခ်ရွိလား။ ဖုေကာက တကယ္ပဲသူ႔ကို သေဘာက်မွာလား?

......

ေအာက္ထပ္ကေန အသံေတြပ်ံ႕လြင့္လာခဲ့တယ္။

အမ်ိဳးသမီးႀကီးက အသိျပန္ဝင္လာၿပီး ၿပဳံးကာေျပာလိုက္တယ္ "ေအာက္ထပ္ဆင္းရေအာင္ ေျမးရဲ႕ဖိုးဖိုးက အေစာကတည္းက ေျမးတို႔ျပန္လာမဲ့အေၾကာင္းကိုေျပာေနတာ ခဏေနရင္ ေျမးတို႔ကိုဟုန္ေပါင္းလည္းေပးဦးမွာ"

ရွန္ရွင္းေဆြ႕ အလ်င္အျမန္ေခါင္းညိတ္ျပလိုက္တယ္။

သူတို႔ေအာက္ထပ္ဆင္းလိုက္ေတာ့ ေအာက္ထပ္မွာ အလြန္စည္ကားသိုက္ၿမိဳက္ေနေလတယ္။ အားလုံးကအတူစုေဝးေနၾကၿပီး ဖိုးဖိုးက တျခားကေလးေတြအကုန္လုံးကို ဟုန္ေပါင္းေပးေနတာျဖစ္တယ္။ ရွန္ရွင္းေဆြ႕ ေအာက္ထပ္ဆင္းလာတာျမင္ေတာ့ သူကလက္ယမ္းျပလာၿပီး "ဒီလာခဲ့ကေလး"

ရွန္ရွင္းေဆြ႕ ေျခလွမ္းေသးေသးနဲ႔ ေလွ်ာက္သြားလိုက္တယ္။

တျခားသူေတြရဲ႕ ဟုန္ေပါင္းေတြအားလုံးက ခပ္ထူထူေတြခ်ည္းျဖစ္တယ္။ ရွန္ရွင္းေဆြ႕ဟာတစ္ခုပဲ အရမ္းပါးလ်ေနတာျဖစ္တယ္။ သူတစ္ခဏေလာက္ တုံ႔ဆိုင္းသြားေပမဲ့ အမ်ားႀကီးမေမးခဲ့ဘူး။

ဖိုးဖိုးက ႏူးညံ့စြာေျပာလာတယ္ "ဖြင့္ၿပီးၾကည့္ၾကည့္ပါဦး"

ရွန္ရွင္းေဆြ႕ တစ္ခဏေလာက္ ေတြေဝသြားၿပီးေနာက္ ဖြင့္ၾကည့္လိုက္ေတာ့ ခ်က္လက္မွတ္တစ္ေစာင္ျဖစ္ေနေလတယ္။ သူအံ့အားသင့္သြားရတယ္။ ခ်က္လက္မွတ္အေနာက္က ကိန္းဂဏန္းက ၂၂သိန္းလို႔ေရးထားတာျဖစ္ေနေလတယ္။ သူထိတ္လန္႔သြားရၿပီး အလ်င္အျမန္ေျပာလိုက္တယ္ "ဖိုးဖိုး ဒါကအရမ္းမ်ားလြန္းပါတယ္ ကြၽန္ေတာ္လက္မခံႏိုင္ဘူး"

အဖိုးက ထိုင္ေနလ်က္ ၿပဳံးကာေျပာလာတယ္ "မမ်ားပါဘူး ဒါကေျမးအတြက္ပဲေလ"

ရွန္ရွင္းေဆြ႕ေၾကာင္အသြားရတယ္။

ရွန္ရွင္းခ်န္က ေဘးနားကေန ခပ္ထူထူရွိတဲ့ဟုန္ေပါင္းကို ယူထားၿပီး ေပ်ာ္႐ႊင္စြာေျပာလာတယ္ "ဖိုးဖိုးက ႏွစ္တိုင္း ငါတို႔အတြက္ ဟုန္ေပါင္းတစ္ခုေပးတယ္ေလ"

ရွန္ရွင္းေဆြ႕က ဒီႏွစ္ အသက္၂၂ႏွစ္ျဖစ္တယ္။

အဲ့တာေၾကာင့္ အရင္ကဟာေတြနဲ႔ အကုန္ေပါင္းလိုက္ရင္ စုစုေပါင္း၂၂သိန္းျဖစ္တယ္။

ရွန္ရွင္းေဆြ႕ လက္ထဲကခ်က္လက္မွတ္ကိုၾကည့္ေနမိတယ္။ ခ်က္လက္မွတ္ေပၚက သုညေတြအမ်ားႀကီးကိုၾကည့္ေနမိတယ္။ ေပ်ာ္႐ႊင္ေနတဲ့မ်က္ဝန္းေတြနဲ႔ အဖိုးကိုၾကည့္ေနမိတယ္။ စိတ္ထဲမွာလႈပ္ရွားသြားမႈေလးကို ခံစားလိုက္မိၿပီး ခ်က္လက္မွတ္ကို စားပြဲတစ္ဖက္မွာခ်ထားလိုက္တယ္။ ေနာက္ေတာ့ ဒူးေထာက္လိုက္ၿပီး အဖိုးကိုႏွစ္သစ္ဂါရဝျပဳၿပီး ကန္ေတာ့လိုက္တယ္။

သုံးေခါက္ကန္ေတာ့ၿပီးတဲ့အထိ သူဆက္ၿပီး ကန္ေတာ့ေနတုန္းပဲျဖစ္တယ္။

အဖိုးက အလ်င္အျမန္ သူ႔ကိုတားလာၿပီး "ေဆြ႕ေဆြ႕ ဒါကဘာလုပ္တာတုန္း?"

"ကြၽန္ေတာ္အရင္တုန္းက အဖိုးဆီကိုကိုယ္တိုင္ လာၿပီးဂါရဝမျပဳႏိုင္ခဲ့ဘူး အဲ့တာေၾကာင့္ ကြၽန္ေတာ္အစားကန္ေတာ့ခ်င္လို႔" ရွန္ရွင္းေဆြ႕ တိုးဖြဖြေျပာလာခဲ့တယ္။ သူကနည္းနည္းတုံးတာေၾကာင့္ တျခားျပန္ေပးဆပ္လို႔ရမဲ့ နည္းလမ္းကိုမစဥ္းစားမိခဲ့ဘူး။ အဲ့တာေၾကာင့္ ကန္ေတာ့႐ုံပဲတတ္ႏိုင္ခဲ့တယ္။

အဖိုးဒါကိုၾကားေတာ့ ရယ္ရခက္ငိုရခက္ျဖစ္သြားရတယ္။

တစ္ခ်ိန္တည္းမွာပဲ ရွန္ရွင္းေဆြ႕ရဲ႕အေတြးေတြက သန္႔ရွင္းျဖဴစင္တယ္ဆိုတာကို ခံစားမိလိုက္ရတယ္။ ေက်းဇူးသိတတ္တဲ့ကေလးတစ္ေယာက္ပဲ။

"ေဆြ႕ေဆြ႕ ဒီႏွစ္ေတြမွာ ေျမးမလာႏိုင္ခဲ့ဘူးဆိုေပမဲ့ ဒါကေျမးအမွားမဟုတ္ပါဘူး ၿပီးေတာ့ ေျမးရွိမေနဘူးဆိုရင္ေတာင္မွ အဖိုးတို႔ႏွလုံးသားထဲမွာ အၿမဲတမ္းေျမးအတြက္ေနရာရွိေနခဲ့ပါတယ္" အဖိုးအိုရဲ႕အသံက ျဖည္းညင္းလွတယ္။ လူ႔စိတ္ကိုအလိုအေလ်ာက္ သက္ေတာင့္သက္သာျဖစ္သြားေစတဲ့ အသံမ်ိဳးျဖစ္တယ္။

ရွန္ရွင္းေဆြ႕ နည္းနည္းအံ့အားသင့္သြားရတယ္။

ေဘးနားကအဖြားက နားလည္သြားလိုက္တယ္။ သူမၿပဳံးကာ ရွန္ရွင္းေဆြ႕ကို ဧည့္ခန္းအေနာက္ဘက္ကိုၾကည့္ဖို႔ ဆြဲေခၚသြားလိုက္တယ္။ အဲ့တာကအရင္ႏွစ္ေတြက႐ိုက္ထားတဲ့ ၿပီးျပည့္စုံတဲ့ မိသားစုဓာတ္ပုံတစ္ခုျဖစ္တယ္။ အဖိုးအဖြားႏွစ္ေယာက္က အလယ္မွာရွိေနၿပီး အေနာက္မွာ႐ႊီအန္းက်န္းတို႔ လင္မယားႏွစ္ေယာက္က မတ္တပ္ရပ္ေနေလတယ္။ ေျမးႏွစ္ေယာက္ကေတာ့ ေဘးတစ္ဖက္စီမွာျဖစ္တယ္။ ဒါေပမဲ့သူတို႔ရဲ႕ ကင္မရာရႈေထာင့္ထဲမွာ အၿမဲတမ္း ေနရာလြတ္တစ္ခု ခ်န္ထားေလတယ္။

ေျမးရွိမေနဘူးဆိုရင္ေတာင္မွ အဖိုးတို႔ႏွလုံးသားထဲမွာ အၿမဲတမ္းေျမးအတြက္ေနရာရွိေနခဲ့ပါတယ္။

ရွန္ရွင္းေဆြ႕ ဒီပုံကိုျမင္လိုက္ေတာ့ မ်က္လုံးေလးေတြ နီရဲတက္လာခဲ့ရတယ္။ အေနာက္ရွန္ရွင္းခ်န္က အႀကံျပဳေျပာဆိုလာတယ္ "ကြၽန္ေတာ္တို႔ ဓာတ္ပုံအတူတူ႐ိုက္ၾကရေအာင္ေလ?"

ရွန္မင္ေလာင္ မ်က္မွန္ကို ပင့္တင္လိုက္ၿပီး "မိသားစုဓာတ္ပုံ အသစ္တစ္ပုံေလာက္ ႐ိုက္ၾကရေအာင္"

ရွန္ရွင္းခ်န္ ၿပဳံးကာေျပာလိုက္တယ္ "ကြၽန္ေတာ္ဒီေန႔ အက်ႌအသစ္ဝတ္ထားတာနဲ႔ အေတာ္ပဲ"

"အိမ္ေတာ္ထိန္းကို လာၿပီး႐ိုက္ခိုင္းလိုက္တာေပါ့" ဖြားဖြားကအႀကံျပဳလာတယ္ "ဒီႏွစ္မွာ ဓာတ္ပုံအသစ္လည္း လဲသင့္ၿပီေလ"

အားလုံးရဲ႕ေပ်ာ္႐ႊင္စြာ ေဆြးေႏြးမႈေအာက္မွာ ဒီအႀကံျပဳခ်က္က ေအာင္ျမင္သြားေတာ့တယ္။ သူတို႔အားလုံး အျပင္ဘက္ၿခံထဲ သြားလိုက္ၾကတယ္။ ေစာနကက်ေနတဲ့ ႏွင္းဦးေတြရပ္တန္႔သြားၿပီျဖစ္ၿပီး ေႏြးေထြးတဲ့ေနေရာင္က ေကာင္းကင္တစ္ခြင္ကို ေ႐ႊဝါေရာင္အလင္းေတြ ျဖန္႔က်က္ေနေလတယ္။

ေနာက္ေတာ့

အိမ္ထိန္းက ေျပာလာတယ္ "အားလုံးအတူတူရပ္ၿပီး ဓာတ္ပုံ႐ိုက္မယ္ေနာ္"

ရွန္ရွင္းခ်န္က ေျပာလာတယ္ "မနက္ခင္းေနေရာင္က အရမ္းလင္းထိန္ေနတာပဲ မ်က္လုံးေတြေတာင္စူးေနၿပီ"

႐ႊီးအန္းက်န္း ကေလးေတြနဲ႔ အတူတူမတ္တပ္ရပ္ေနၿပီး ဒီစကားၾကားေတာ့ ၿပဳံးကာေျပာလိုက္တယ္ "ဒီႏွစ္က ႏွစ္ေကာင္းတစ္ႏွစ္ ျဖစ္ရင္ျဖစ္ေနမွာ"

"ေတာက္ပတဲ့လမ္းေၾကာင္းပဲ!" ရွန္ရွင္းခ်န္ ေနကိုေျပာေနရင္း ခါးေက်ာဆန္႔လိုက္တယ္ "ၿပီးခဲ့တဲ့ႏွစ္ႏွစ္ ဒီအခ်ိန္ေလာက္တုန္းက တိမ္ထူေနတာေလ ေနေရာင္ဆိုတာမရွိေနဘူး"

ဖြားဖြားက အေနာက္ေနလွမ္းေျပာလာတယ္ "ဘာလို႔လဲဆိုေတာ့ ဒီႏွစ္ကေနစလို႔ အဖြားတို႔အိမ္ကမတူေတာ့ဘူး ေဆြ႕ေဆြ႕ျပန္ေရာက္လာၿပီေလ ေနာက္ပိုင္းေန႔ရက္ေတြက ေနသာၿပီး ေကာင္းမြန္တဲ့တဲ့ေန႔ရက္ေတြျဖစ္လာမွာ"

အားလုံးပန္းၿခံထဲသြားလိုက္ၾကၿပီး ထိုင္ခုံရွည္ေပၚမွာ ထိုင္လိုက္ၾကတယ္။

ရွန္ရွင္းေဆြ႕ တြန္႔ဆုတ္စြာနဲ႔ ရပ္ေနေတာ့ ႐ႊီအန္းက်န္းက သူ႔ကိုလက္ျပကာ လွမ္းေခၚလာတယ္ "ေဆြ႕ေဆြ႕ ဒီလာ အလယ္မွာရပ္!"

ရွန္ရွင္းေဆြ႕ အလယ္ေနရာကို အလ်င္အျမန္သြားၿပီး ရပ္လိုက္တယ္။ ရွန္ရွင္းခ်န္အနားေရာက္လာၿပီး သူ႔ပုခုံးကိုဖက္လာတယ္။ ရွန္မင္ေလာင္က သူ႔တျခားတစ္ဖက္မွာ ရပ္ေနေလတယ္။ သူတို႔သုံးေယာက္ရဲ႕ေဘးမွာေတာ့ ႐ႊီအန္းက်န္းနဲ႔ရွန္ယုံးတို႔ရပ္ေနေလတယ္။ ဖိုးဖိုးနဲ႔ဖြားဖြားက သူတို႔ေရွ႕က ထိုင္ခုံရွည္ေပၚ ထိုင္ေနၾကတယ္။

အိမ္ေတာ္ထိန္းက အသံျမင့္ျမင့္နဲ႔ "လာ ႐ိုက္မယ္ေနာ္ သုံး ႏွစ္ တစ္ ခ်ိစ့္!"

ေဆာင္းတြင္းရဲ႕ေနေရာင္က ေႏြးေထြးသာယာလွတယ္။

ေတာက္ပတဲ့အျဖဴေရာင္ႏွင္းေတြက ေမွာင္မဲတဲ့ကမာၻေလာကႀကီးကို ဖုံးအုပ္ထားသေယာင္ရွိတယ္။ နိမိတ္ေကာင္းတဲ့ႏွစ္သစ္ျဖစ္ၿပီး အစကျမဴမႈန္ေတြနဲ႔ မႈန္မႈိင္းေနတဲ့ မိသားစုက ေနေရာင္ေအာက္မွာ တစ္ဖန္ျပန္ၿပီး ရပ္တည္ေနၾကၿပီျဖစ္တယ္။ သူတို႔ေတြပုခုံးခ်င္းယွဥ္ရပ္ေနၾကၿပီး မ်က္ႏွာေပၚမွာ အၿပဳံးကိုယ္စီခ်ိတ္ဆြဲလ်က္ရွိၾကတယ္။

ကင္မရာအသံထြက္ေပၚလာခဲ့တယ္။

အားလုံးလည္း တညီတည္းေအာ္လိုက္ၾကတယ္ "ခ်ိစ့္!"

ဒါကမိသားစုဓာတ္ပုံအသစ္ျဖစ္ၿပီး အစကလြတ္ေနခဲ့တဲ့ေနရာကိုလည္း ျဖည့္ႏိုင္ခဲ့ၿပီျဖစ္တယ္။ အျပင္ဘက္မွာ ႏွင္းေတြအရည္ေပ်ာ္ေနၿပီး တိုက္ခတ္လာတဲ့ေလေတြကလည္း ေအးစက္ေနေလတယ္။ အားလုံးအထဲျပန္ဝင္ၾကေတာ့ ရွန္ရွင္းေဆြ႕ဖိုးဖိုးရဲ႕ အနည္းငယ္ပိန္ပါးတဲ့ ခႏၶာကိုယ္ကိုၾကည့္ကာ အသံတိုးတိုးနဲ႔ေျပာလိုက္တယ္ "ကြၽန္ေတာ့္ေၾကာင့္ပါ အျပင္ဘက္မွာအရမ္းေအးေနတာကို ဖိုးဖိုးကို အျပင္ဘက္ထြက္ဓာတ္ပုံ႐ိုက္ၿပီး ပင္ပန္းေစမိေသးတယ္"

"မင္းအျပစ္မဟုတ္ပါဘူး အဖိုးကအရမ္းေပ်ာ္ေနတာပါ" ေဘးကေနတည္ၿငိမ္တဲ့အသံ ထြက္ေပၚလာေလတယ္။ ရွန္ရွင္းေဆြ႕လွည့္ၾကည့္လိုက္ေတာ့ ရွန္မင္ေလာင္ျဖစ္ေလတယ္။

ဒီတာ့ေကာနဲ႔ပတ္သက္လို႔ သူတစ္ေလွ်ာက္လုံး ႐ိုေသေနခဲ့တာျဖစ္တယ္။ သူတို႔ႏွစ္ေယာက္က ဘာမွလည္း စကားစျမည္မေျပာဖူးၾကဘူး။

ဒါေပမဲ့ သူမေၾကာက္ပါဘူး။ ဘာလို႔လဲဆိုေတာ့ တာ့ေကာကဘယ္ေတာ့မွ ထုတ္မျပတတ္ေပမဲ့ သူ႔အေပၚတကယ္ေကာင္းတယ္ဆိုတာ သူသိေနတာေၾကာင့္ျဖစ္တယ္။

ရွန္မင္ေလာင္ သူ႔ကိုၾကည့္ၿပီး ေျပာလာတယ္ "ေျပာင္းျပန္အေနနဲ႔ မင္းကိုအျပစ္မတင္တဲ့အျပင္ မင္းကိုေတာင္ေက်းဇူးတင္ေနေသးတာ"

ရွန္ရွင္းေဆြ႕ အံ့အားသင့္စြာနဲ႔ "ကြၽန္ေတာ့္ကိုေက်းဇူးတင္တယ္?"

"အင္း" ရွန္မင္ေလာင္ ေခါင္းညိတ္လိုက္တယ္။ သူပထမဆုံးအႀကိမ္အျဖစ္ အၿပဳံးေလးထြက္ေပၚလာၿပီး ေျပာလိုက္တယ္ "ဘာလို႔ဆို မင္းျပန္လာတာေၾကာင့္ ဒီမိသားစုက အရင္ကထက္ ပိုၿပီးအသက္ဝင္လာခဲ့တာ မင္းျပန္လာတာေၾကာင့္ပဲ အားလုံးအရင္ကထက္ ပိုၿပီးရင္းႏွီးလာၾကတာ ပိုၿပီးေတာ့မိသားစုနဲ႔တူလာခဲ့တာ"

သူ႔မွာဒီလိုအသုံးဝင္ပုံမ်ိဳး ရွိလိမ့္ဦးမယ္လို႔ ရွန္ရွင္းေဆြ႕လုံးဝ မထင္ထားမိေလဘူး။

ရွန္မင္ေလာင္ ပထမဆုံးအႀကိမ္အျဖစ္ လက္ေခ်ာင္းေလးေတြကို ဆန္႔ထုတ္လိုက္ၿပီး တိတိရဲ႕ေခါင္းေလးကို ပြတ္လိုက္တယ္။ သူ႔အသံကဆြဲေဆာင္မႈရွိၿပီး "ေက်းဇူးပါ ေဆြ႕ေဆြ႕"

ရွန္ရွင္းေဆြ႕တစ္ကိုယ္လုံး ေအးခဲသြားရတယ္။

ရွန္မင္ေလာင္က ေႏြးေထြးစြာနဲ႔ "ဒီမိသားစုကို ျပန္ေရာက္လာေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္"

အျပင္မွာ ေဆာင္းေလေအးေတြ တိုက္ေနဆဲျဖစ္ေပမဲ့ ရွန္ရွင္းေဆြ႕ရဲ႕မ်က္ႏွာကေတာ့ အနည္းငယ္နီရဲေနေလတယ္။ တာ့ေကာနဲ႔ ဒီလိုရင္းရင္းႏွီးႏွီးေျပာဆိုႏိုင္မယ္လို႔ သူမထင္ထားဘူး။ သူအရင္ကတည္းက အစ္ကိုေတြရဲ႕ဂ႐ုစိုက္မႈကိုရရွိဖို႔ ေမွ်ာ္လင့္ေနခဲ့တာျဖစ္တယ္။ ဒါေပမဲ့ က်န္က်စ္တို႔က သူ႔ကိုေအးစက္တဲ့အၾကည့္ေတြပဲ ေပးခဲ့ၾကတယ္။ ရွန္မင္ေလာင္ကေတာ့ တင္းၾကပ္တဲ့ပုံစံေပါက္ေပမဲ့ အမည္မသိစြာ ႏူးညံ့ေနပုံလည္း ေပါက္ေနေသးတယ္။

ရွန္ရွင္းေဆြ႕ရဲ႕အသံက တိုးေဖ်ာ့ေနေပမဲ့ အလြန္႐ိုးသားေနဆဲျဖစ္တယ္ "ဒီမိသားစုကို ျပန္လာႏိုင္တာ ကြၽန္ေတာ့္အတြက္လည္း ကံေကာင္းမႈတစ္ခုပါ"

"ကြၽန္ေတာ္ေသခ်ာေပါက္ တန္ဖိုးထားပါ့မယ္" ရွန္ရွင္းေဆြ႕ ေခါင္းငုံ႔ထားကာ အသံေဖ်ာ့ေဖ်ာ့နဲ႔ေျပာလာတယ္ "တာ့ေကာ စိတ္ခ်ပါ ကြၽန္ေတာ္ေသခ်ာေပါက္ ေကာတို႔ကို မ်က္ႏွာမပ်က္ေစရပါဘူး"

ရွန္မင္ေလာင္ သူ႔ရဲ႕လိမၼာၿပီးခ်စ္စရာေကာင္းတဲ့တိတိကို ၾကည့္ေနမိတယ္။ ဘယ္လိုလုပ္ၿပီးမ်က္ႏွာပ်က္ေစမွာလဲ။ ဒါကအဲဒီျပႆနာေကာင္ေလး ရွန္ရွင္းခ်န္ထက္ အမ်ားႀကီးပိုခ်ိဳတယ္ေလ။ ေစာနကရွန္ရွင္းေဆြ႕ကိုင္ထားတဲ့ စုံတြဲလက္ေကာက္ေလးကို ျပန္သတိရမိသြားတယ္။ တိတိေလးကေနာက္က်ရင္ တျခားသူကိုလက္ထပ္သြားမွာဆိုတာကို ေတြးမိျပန္ေတာ့ သူ႔စိတ္ထဲျပန္တည္ၾကည္သြားရျပန္တယ္။

ရွန္မင္ေလာင္ သူ႔ကိုေျပာလိုက္တယ္ "ေဆြ႕ေဆြ႕ မ်က္ႏွာပ်က္ေစမယ္ဆိုၿပီး ေတြးပူေနစရာမလိုဘူး ရွန္မိသားစုက အၿမဲတမ္းမင္းအေနာက္မွာ ရွိေနတယ္"

ရွန္ရွင္းေဆြ႕ တြန္႔ဆုတ္စြာနဲ႔ ေခါင္းေမာ့ၾကည့္လိုက္တယ္။

"အဲ့တာေၾကာင့္ မင္းဘာအာဏာေတြကိုမွ ေၾကာက္ေနစရာမလိုဘူး ေနာက္က်ရင္ မင္းရဲ႕မဂၤလာကိစၥကို မင္းပါသာဆုံးျဖတ္ႏိုင္တယ္" ရွန္မင္ေလာင္ မ်က္မွန္ကိုပင့္တင္လိုက္တယ္။ ထို႔ေနာက္ဆက္ေျပာလာတယ္ "အထူးသျဖင့္ မင္းရဲ႕အခုနဲ႔အရင္ကနဲ႔ရဲ႕ အေနအထားကမတူေတာ့ဘူး ဖုံးကြယ္ထားတဲ့စိတ္ဓာတ္ေတြနဲ႔လူေတြကို သတိထားရမယ္ နားလည္လား?"

ဟမ္?

ရွန္ရွင္းေဆြ႕ မ်က္လုံးျပဴးသြားရတယ္။ ဒါေပမဲ့လိမၼာစြာနဲ႔ ေကာေကာစကားနားေထာင္ၿပီး အၿပဳံးေလးနဲ႔ေျပာလိုက္တယ္ "နားလည္ပါၿပီ"

ရွန္မင္ေလာင္ အဲဒီေတာ့မွ နည္းနည္းစိတ္ခ်သြားရတယ္။ ဖုက်င္းေရွာင္းက ေဆြ႕ေဆြ႕ကို ကေလးတစ္ေယာက္လိုပဲ ျမင္တယ္ဆိုၿပီးေတာ့လည္း ေျပာဖူးပါတယ္။ လိမ္ေျပာတာေတာ့ မဟုတ္ေလာက္ပါဘူး။ သူအေတြးလြန္ေနတာပဲျဖစ္မွာပါ။

ရွန္မင္ေလာင္က "အရင္ဝင္ႏွင့္ေလ ခဏေနထမင္းစားမယ္"

ရွန္ရွင္းေဆြ႕ ေလးနက္စြာ ေခါင္းညိတ္ျပလိုက္တယ္။

သူေရခ်ိဳးခန္းထဲသြားၿပီး သန္႔စင္လိုက္တယ္။ ဖုန္းျမည္သံေၾကာင့္ သူဖြင့္ၾကည့္လိုက္ေတာ့ ဖုေလာင္ရွီး ဆက္တာျဖစ္ေနေလတယ္။ ပထမေတာ့အံ့အားသင့္သြားၿပီး ေနာက္မွ အလ်င္အျမန္ဖုန္းကိုင္လိုက္ေလတယ္ "ေဝ ဖုေလာင္ရွီး?"

"အင္း"

ဖုက်င္းေရွာင္းရဲ႕ ခပ္နိမ့္နိမ့္နဲ႔ေက်ာ့ရွင္းတဲ့အသံက ဖုန္းတစ္ဖက္ကေန ထြက္ေပၚလာခဲ့တယ္ "ရဲေဘာ္ေရွာင္ရွန္ ႏွစ္သစ္မွာေပ်ာ္႐ႊင္ပါေစ"

ရွန္ရွင္းေဆြ႕ သူ႔အသံကိုနားေထာင္ရင္း စိတ္ထဲမွာ ေပ်ာ္႐ႊင္မႈေတြကို ခံစားမိလိုက္တယ္။ သူလည္းအသံျပန္ျပဳလိုက္ၿပီး "ဖုေလာင္ရွီး ႏွစ္သစ္မွာေပ်ာ္႐ႊင္ပါေစ"

ေျပာၿပီးေနာက္ အနည္းငယ္ထူးဆန္းတယ္လို႔ ခံစားလိုက္ရတယ္။

ရွန္ရွင္းေဆြ႕ တုံ႔ဆိုင္းစြာေမးလိုက္တယ္ "ေလာင္ရွီး ကြၽန္ေတာ့္ဆီဖုန္းဆက္တာ ဘာကိစၥရွိလို႔လဲဟင္?"

ဖုက်င္းေရွာင္း ျဖည္းညင္းစြာေျပာလာေလတယ္ "ဘာလဲ ကိစၥမရွိရင္ မင္းဆီဖုန္းဆက္လို႔မရဘူးလား ရွန္ေလာင္ရွီး အခုေတာ့ပါဝါေတြႀကီးေနၿပီေပါ့"

! ! !

ရွန္ရွင္းေဆြ႕ရဲ႕ပါးလ်တဲ့မ်က္ႏွာေလးက အစမခံႏိုင္ေလဘူး။ သူအလ်င္အျမန္နဲ႔ "မဟုတ္ပါဘူး... မဟုတ္ပါဘူး ကြၽန္ေတာ္ေျပာတာ အဲ့သေဘာမဟုတ္ပါဘူး ကြၽန္ေတာ္ကဒီတိုင္း ေမးၾကည့္႐ုံတင္ပါ..."

ဖုက်င္းေရွာင္း ႏႈတ္ခမ္းထက္မွာ အၿပဳံးေလးေပၚလာရတယ္။ သူကျဖည္းညင္းစြာနဲ႔ "မင္းဘယ္မွာလဲ"

ရွန္ရွင္းေဆြ႕ အမွန္တိုင္းေျပာလိုက္တယ္ "ဖိုးဖိုးဖြားဖြားတို႔ဆီ ပထမဆုံးအႀကိမ္သြားလည္ေနတာ"

ဖုက်င္းေရွာင္း စေနာက္မႈေတြကို ျပန္သိမ္းယူလိုက္ၿပီး "ကိုယ့္အစား အဖိုးနဲ႔အဖြားကို ေနေကာင္းလားေမးေပးပါဦး ေနာက္ေန႔က်မွ လာၿပီးဂါရဝျပဳလွည့္ပါမယ္လို႔"

ရွန္ရွင္းေဆြ႕ တစ္ေနရာရာက မူမမွန္ေၾကာင္း ခံစားမိေနေပမဲ့ ဘယ္နားကမွားေနမွန္းလည္း မေျပာႏိုင္ဘူးျဖစ္ေနေလတယ္။ သူအသံတစ္ခ်က္ပဲ ျပန္ျပဳလိုက္တယ္။ ေစ့စပ္ထားတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေမးရႏိုးႏိုး မေမးရႏိုးႏိုး ေတြေဝေနတာျဖစ္တယ္။ အဲ့တာက မေျပမျပစ္ျဖစ္ေနမွာကိုလည္း စိုးရိမ္ေနမိတာျဖစ္တယ္။ သူေတြေဝေနခ်ိန္မွာပဲ ဖုက်င္းေရွာင္းက စကားစလာေလတယ္ "တကယ္ေတာ့ ဒီေန႔မင္းဆီဖုန္းဆက္တာက ဒီရက္ပိုင္း မင္းအားလားလို႔ေမးခ်င္လို႔"

ရွန္ရွင္းေဆြ႕ ေၾကာင္အသြားရတယ္။

ဖြားဖြားေျပာသလိုမ်ိဳး ႐ုပ္ရွင္ဧကရာဇ္ဖုက သူ႔အေပၚစိတ္ဝင္စားၿပီး သူ႔ကိုသေဘာက်ေနတာမ်ိဳး ျဖစ္ႏိုင္ေလာက္တယ္။

တကယ္ေတာ့ အစကရွန္ရွင္းေဆြ႕မယုံဘူး။ ဒါေပမဲ့ ဖုက်င္းေရွာင္း သူ႔ကိုဖုန္းဆက္လာတဲ့အျပင္ သူ႔ကိုပါခ်ိန္းလိုက္ေသးတယ္။ ဒါေတြက ဖြားဖြားေျပာတဲ့စကားေတြ မွန္ေနတယ္ဆိုတာကို သက္ေသျပေနတာပဲမဟုတ္လား?

ရွန္ရွင္းေဆြ႕ တစ္ခဏေလးအတြင္း အမ်ားႀကီးစဥ္းစားလိုက္မိတယ္။ သူအနည္းငယ္စိတ္လႈပ္ရွားေနမိတယ္။ ဒါေပမဲ့သူ ရွက္႐ြံ႕စြာနဲ႔ မဝံ့မရဲေျဖလိုက္တယ္ "အင္း...... မမ်ားေလာက္ဘူး ေလာင္ရွီးကြၽန္ေတာ့္ကိုခ်ိန္းမလို႔လား?"

ဖုက်င္းေရွာင္း အသံနိမ့္နိမ့္နဲ႔ တစ္ခ်က္ရယ္လိုက္တယ္။ နားေထာင္လို႔ေကာင္းတဲ့ အမ်ိဳးသားရဲ႕ခပ္နိမ့္နိမ့္အသံက ျဖားေယာင္းေသြးေဆာင္ေနပုံေပါက္ေနတယ္။ သူစကားေျပာမလို႔ ျပင္တုန္းမွာပဲ ဖုန္းတစ္ဖက္ကေန တံခါးဖြင့္သံထြက္ေပၚလာခဲ့ၿပီး ရွန္ရွင္းေဆြ႕အေနာက္ကေန စကားသံထြက္လာခဲ့တယ္။

ရွန္မင္ေလာင္ တံခါးဝမွာရပ္ေနၿပီး သူ႔ကိုေျပာလာတယ္ "ေဆြ႕ေဆြ႕ မားမားက မင္းကိုထမင္းစားဖို႔ ေခၚခိုင္းလိုက္လို႔"

ရွန္ရွင္းေဆြ႕ရဲ႕ဖုန္းကိုင္ထားတဲ့လက္က တုန္ယင္သြားရတယ္။ မိဘေနာက္ကြယ္မွာ ထားထားတဲ့ခ်စ္သူနဲ႔ကို မိသြားသလိုမ်ိဳး သူထိတ္ထိတ္လန္႔လန္႔နဲ႔ေျပာလိုက္တယ္ "ေအာ... ေအာေကာင္းၿပီ... ကြၽန္ေတာ္ခ်က္ခ်င္းလာခဲ့မယ္"

ေျပာၿပီးေနာက္ သူအျပစ္ရွိစိတ္ေၾကာင့္ ဖုန္းေလးကို အေနာက္ဘက္ထားဝွက္လိုက္မိေလတယ္။

ရွန္ရွင္းေဆြ႕ရဲ႕ လုပ္ပုံကိုင္ပုံက သိသာေနၿပီး အကုန္လုံးကို မ်က္ႏွာေပၚေရးထားသလို ျဖစ္ေနတာေၾကာင့္ အၾကည့္တစ္ခ်က္နဲ႔တင္ သိသြားႏိုင္ေလတယ္။

မ်က္ႏွာခ်င္းဆိုင္က ရွန္မင္ေလာင္ရဲ႕စူးရွတဲ့မ်က္ဝန္းေတြက တိတိကိုၾကည့္လာၿပီး အၾကည့္ေတြက ဖုန္းဆီေရာက္သြားေလတယ္။ ထို႔ေနာက္ သူေမးလာေလတယ္ "မင္းဘယ္သူ႔ဆီဖုန္းေခၚေနတာလဲ?"

___________________

Word – 5059
July 20, 2023 (Thu)
Xiao Dream

ဒီအပိုင္းကေတာ့ မခြဲရပါဘူးဗ်ာ ဟီး" ေကာင္းေသာညေလးျဖစ္ပါေစ

Continue Reading

You'll Also Like

27.4K 3.1K 31
Hello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါခ...
1.9M 336K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...