အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 302K 23.3K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter- 71.2

10.2K 2K 153
By Xiao_Dream

Unicode

သတို့သားလောင်းဖုကျင်းရှောင်း
________________________________

သူတို့အားလုံးမတိုင်ပင်ထားပါဘဲ စိတ်ထဲချဥ်စူးလာခဲ့ရတယ်။ တခြားကြောင့်တော့မဟုတ်ပါဘူး။ သူတို့လည်းလက်ဆောင်လိုချင်တယ်လေ ဟုတ်ပြီလား!

ရှန်ရှင်းဆွေ့က ကြင်နာတတ်လို့ တော်သေးတယ်ပြောရမယ်။ သူကနောက်ထပ်ဘူးတစ်ခုကို ယူလာခဲ့တယ်။ နောက်တော့ ရှန်ယုံးကိုကြည့်ပြီးပြောလိုက်တယ် "အဖေ ကျွန်တော်အဖေ့အတွက်လည်း လက်ဆောင်ဝယ်ခဲ့တယ်"

ရှန်ယုံးတစ်ချိန်လုံး ဂရုမထားတဲ့ပုံစံ ဟန်ဆောင်နေခဲ့တာဖြစ်တယ်။ အခုချိန်မှာ တူကိုချက်ချင်းချလိုက်ပြီး ပြောလာတယ် "ဟုတ်လား ကျေးဇူးပါဆွေ့ဆွေ့ တကယ်တော့ အဖေကအရမ်းကြီးလည်းမလိုအပ်ပါဘူး သားအထူးတလည်ကြီး ပိုက်ဆံသုံးစရာမလိုပါဘူး......"

ရှန်ရှင်းချန်ဆိုတဲ့လူမိုက်လေးက ပြောလာတယ် "ဆွေ့ဆွေ့ ပါပါးကမလိုဘူးဆိုမှတော့ ငါ့ကိုပေးလိုက်ပါလား?"

ရှန်ယုံးသူ့ကို အေးစက်စက်စိုက်ကြည့်လိုက်တယ်။

ရှန်ရှင်းဆွေ့ ကူရာမဲ့စွာပြုံးလိုက်မိတယ်။ သူလက်ဆောင်ကို အဖေ့ရှေ့ပို့ပေးလိုက်ပြီး သတိတကြီးနဲ့ "ဒါကကျွန်တော်ဝယ်လာခဲ့တဲ့နာရီပါ အရမ်းကြီးကောင်းတယ်လို့တော့ သတ်မှတ်လို့မရဘူး......"

အထဲမှာက အနက်ရောင်နဲ့ရွှေရောင်သုံးထားတဲ့ စိန်ခြယ်နာရီတစ်လုံး ထည့်ထားတာဖြစ်တယ်။

စျေးကလည်း ၁သောင်း၂သောင်းပတ်ဝန်းကျင်လောက်ရှိတယ်။ ဒါပေမဲ့ ပုံမှန်ရှန်ယုံးဝတ်နေကျ ၁၀မီလီယံနားကပ်နေတဲ့ customizedနာရီတွေနဲ့ယှဥ်ရင်တော့ အမှန်တကယ်ကို အရမ်းကောင်းတယ်လို့ သတ်မှတ်လို့မရဘူး။

ဒါပေမဲ့ ရှန်ယုံးက ချက်ချင်းယူလိုက်ပြီး အသံနိမ့်နိမ့်နဲ့ ပြောလိုက်တယ် "ကျေးဇူးပါ အဖေတကယ်ကြိုက်တယ်"

ရှန်ရှင်းဆွေ့က အဖေလက်ခံလိုက်တာကို မြင်တော့ ပျော်ရွှင်သွားပြီး "အဖေသဘောကျရင် အဆင်ပြေပါတယ်"

ရှန်ယုံးစမ်းဝတ်ကြည့်လိုက်ပြီး သူနှစ်တွေအကြာကြီးဝတ်လာခဲ့တဲ့နာရီကို တွေဝေမှုမရှိဘေးမှာချထားလိုက်တော့တယ်။ သူရှန်ရှင်းဆွေ့ပေးတဲ့လက်ဆောင်ကို ဝတ်ထားချင်တာဖြစ်တယ်။ ဘေးနားကရှန်ရှင်းဆွေ့က သူတစ်ယောက်တည်း ဝတ်ရတာအဆင်မပြေတာကိုမြင်တော့ ဦးစွာပြောလိုက်တယ် "ကျွန်တော်ကူဝတ်ပေးမယ်"

ရှန်ယုံးက ပုံမှန်အချိန်တွေလို အေးစက်ပြီးခံစားချက်မဲ့နေတာမျိုး နည်းနည်းမှမရှိဘဲနဲ့ ရင်းနှီးနွေးထွေးစွာနဲ့ သဘောတူလိုက်တယ် "ကောင်းပြီ"

ရှန်ရှင်းဆွေ့ အပြုံးလေးနဲ့ သူ့ကိုကူပြီးဝတ်ပေးလိုက်တယ်။

အမဲရောင်နာရီကို ဝတ်ဆင်လိုက်ပြီးနောက် ရှန်ယုံးမျက်နှာပေါ်မှာ အပြုံးလေးထွက်ပေါ်လာရတယ်။ သူက အင်္ကျီလက်တွေကိုတောင် အပေါ်ခေါက်တင်လိုက်ပြီး အသံနိမ့်နိမ့်နဲ့ပြောလိုက်တယ် "အဖေအရမ်းကြိုက်တယ် ကျေးဇူးပါဆွေ့ဆွေ့"

ရှန်ရှင်းဆွေ့ "ကျေးဇူးတင်ဖို့မလိုပါဘူး အဖေကြိုက်တယ်ဆိုရင် ကောင်းတာပေါ့"

ရှန်မင်လောင်က တစ်ချိန်လုံး တိတ်တဆိတ်စောင့်ကြည့်နေခဲ့တယ်။

ဒါပေမဲ့ ကံကောင်းစွာနဲ့ သူ့အလှည့်ရောက်လာခဲ့ပြီဖြစ်တယ်။ ရှန်ရှင်းဆွေ့ ဘူးလေးတစ်ခုပိုက်ပြီး သူ့ဘေးနားရောက်လာခဲ့တယ်။ ဒီဘူးလေးက ကြည့်ရတာအရမ်းသေးပုံရပေမဲ့ အရမ်းလည်းအနုစိတ်ပုံရတယ်။ ဖွင့်လိုက်ချိန်မှာ တွေ့လိုက်ရတာက မျက်မှန်တစ်လက်ဖြစ်တယ်။

ရှန်ရှင်းဆွေ့ အသံတိုးတိုးနဲ့ပြောလိုက်တယ် "အရင်နေ့တုန်းက တာ့ကောရဲ့မျက်မှန်ပါဝါသိရဖို့ မားမားဆီသွားမေးလိုက်တာ ကောမှာ ဘာမှမလိုအပ်လောက်ဘူးဆိုတာ ကျွန်တော်သိတယ် မျက်မှန်ကတော့ ပုံမှန်လဲတပ်တာလေ အဲ့တာကြောင့် ကျွန်တော်ကောအတွက် မျက်မှန်တစ်လက်လုပ်ပေးချင်ခဲ့တာ ဒီမျက်မှန်ဆိုင်က ဖုလောင်ရှီးညွှန်းပေးတာလေ သူပြောတာက ဒီလိုဆိုကောပိုပြီး အသားကျလိမ့်မယ်ဆိုလို့"

ဖုကျင်းရှောင်း သူ့ကိုဂျင်းထည့်ပေးလိုက်မှန်း ရှန်မင်လောင်သိလိုက်လေတယ်။

သူ့ရဲ့မျက်မှန်တွေအားလုံးက သီးသန့်မှာထားတာတွေချည်းပဲဖြစ်တယ်။ ဘယ်လိုလုပ်ပြီး မှာနေကျမျက်မှန်ဆိုင်ရှိမတဲ့လဲ။

ဒါပေမဲ့ ရှန်ရှင်းဆွေ့လက်ထဲက ရွှေဘောင်ကွတ်မျက်မှန်ကိုင်းလေးက အလွန်လှပလေတယ်။ ပြီးတော့ လက်ရာကလည်း အနုစိတ်လှတယ်။ စေတနာအပြည့် သုံးထားတယ်ဆိုတာ ကြည့်လိုက်တာနဲ့ သိသာလေတယ်။

အသုံးအဆောင်ပစ္စည်းတွေအပေါ် အရမ်းဇီဇာကြောင်ပြီး အကောင်းဆုံးကိုမှသုံးတတ်တဲ့ရှန်မင်လောင်က ပြောလာခဲ့တယ် "ကောတကယ်ကို ပိုပြီးနေသားကျတယ်ရယ် ကျေးဇူးပါဆွေ့ဆွေ့ အများကြီးတွေးပေးထားတာပဲ"

ရှန်ရှင်းဆွေ့ နှုတ်ခမ်းလေးတွန့်ကွေးကာ ပြုံးလိုက်တယ်။

လက်ဆောင်တွေလက်ခံလိုက်ရင်းနဲ့ ရှန်ရှင်းချန်အလှည့်ရောက်လာပြီဖြစ်တယ်။ သူ့ကိုပေးတာက limited editionဂိမ်းစက်တစ်ခုဖြစ်တယ်။ သခင်လေးရဲ့အကြိုက်နဲ့လည်း အလွန်ကိုက်ညီလှတယ်။

ထမင်းစားနေတုန်းက ရွှီအန်းကျန်းကမေးလာခဲ့တယ် "ဆွေ့ဆွေ့ ဒီလက်ဆောင်တွေအားလုံးက ပိုက်ဆံမနည်းလောက်ဘူးမလား သားထဲမှာပိုက်ဆံရော လုံလုံလောက်လောက်ကျန်သေးရဲ့လား?"

"လောက်ပါတယ်" ရှန်ရှင်းဆွေ့ ပန်းကန်လုံးကို ကိုင်ထားရင်း ပြောလိုက်တယ် "ကျွန်တော့်မှာမုန့်ဖိုးတွေရှိသေးတယ် မုန့်ဖိုးတွေကိုဘတ်ဂျက်ဆွဲထားတာလေ လုံလောက်သေးတယ် ပုံမှန်အချိန်တွေမှာ ပိုက်ဆံလျှောက်မဖြုန်းလို့တော်သေးတယ် အခုထိအဆင်ပြေနေသေးတယ်"

ရှန်ရှင်းချန် ရုတ်တရက်သဘောပေါက်သွားလေတယ် "မင်းတစ်ချိန်လုံး ဘာမှမဝယ်ရက်ဘဲ ဘာလို့အဲ့လောက်ချွေတာနေပါလိမ့်လို့ ငါတွေးနေတာ"

ရှန်ရှင်းဆွေ့ ပြုံးကာပြောလိုက်တယ် "ကျွန်တော့်မှာစားစရာ၊ဝတ်စရာတွေအကုန်ရှိနေတော့ ဘာမှလည်းမလိုဘူးလေ"

သူအတိအလင်းကြီးပြောမလာပေမဲ့ ရှန်ရှင်းဆွေ့မုန့်ဖိုးတွေအကုန် လက်ဆောင်ဝယ်ဖို့သုံးလိုက်တယ်ဆိုတာ အားလုံးခန့်မှန်းမိလိုက်ကြတယ်။ ဘာလို့ဒီလောက်တုံးတဲ့ကလေးလေးရှိနေရတာလဲ။ ကိုယ်စုထားတာတွေအားလုံး သုံးပစ်လိုက်တယ်?

ရွှီအန်းကျန်း စိတ်မကောင်းဖြစ်စွာနဲ့ သူ့ကိုပြောလိုက်တယ် "ဆွေ့ဆွေ့ တကယ်တော့ သားဝယ်တဲ့ဘယ်ပစ္စည်းမဆို ပါပါးနဲ့မားမားက သဘောကျပါတယ် နောက်တစ်ခါကျ ဒီလိုမျိုးချွေတာနေစရာမလိုပါဘူး သိလား?"

"မဟုတ်ပါဘူး....." ပြောလေပြောလေ ရှန်ရှင်းဆွေ့အသံက တိုးလာလေဖြစ်တယ်။ သူကအသံတိုးတိုးလေးနဲ့ "ကျွန်တော်က ကျွန်တော်တတ်နိုင်တဲ့ နယ်ပယ်အတွင်းကနေ မားတို့ကို အကောင်းဆုံးကိုပေးချင်တာမလို့ပါ"

ဒီပစ္စည်းတွေက ရှန်မိသားစုအတွက်ပြောရရင် အသုံးဝင်တယ်လို့ ပြောနိုင်ရုံလေးပဲဖြစ်တယ်။ ဒါပေမဲ့ ရှန်ရှင်းဆွေ့အတွက်ပြောရရင် ဒါကသူတတ်နိုင်တဲ့အတိုင်းအတာအတွင်းက အကောင်းဆုံးတွေဖြစ်တယ်။

အားလုံးအကြည့်ချင်းဆုံလိုက်မိကြပြီး အချင်းချင်းမျက်လုံးထဲမှာ တစ်ခုခုကို နားလည်သွားကြသလိုပဲ။

တကယ်လို့တစ်နေ့မှာ အဲဒီထွက်သွားတဲ့ကလေးပြန်ရောက်လာရင် ဒီအိမ်နဲ့အံ့ဝင်ခွင်ကျဖြစ်ပါ့မလားလို့ သူတို့အားလုံးတွေးကြည့်ဖူးကြတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ သူတို့အားလုံး ဒီကလေးကိုချစ်ခင်နေရပြီး အရာအားလုံးပေးထားကြတယ်။

သူတို့အကြည့်တွေလွှဲလိုက်ကြပြီး ကိုယ့်စိတ်ထဲမှာကိုယ် တွက်ချက်မှုလေးတွေ ပြုလုပ်လိုက်ကြတယ်။ ပြီးတော့ မျက်နှာသာရဖို့အစီအစဥ်ကို တခြားမြေခွေးအိုကြီးတွေ သိလို့မဖြစ်ဘူး။ မဟုတ်ရင် ကိုယ်မျက်နှာသာပေးခံရမဲ့အရေးက အလုခံလိုက်ရလိမ့်မယ်။

......

နေ့လယ်ပိုင်း

ရှန်ရှင်းဆွေ့တို့မိသာားစု ဖိုးဖိုးရဲ့နေအိမ်ဆီကိုရောက်ပြီဖြစ်တယ်။

ဖိုးဖိုးကိုမြင်လိုက်ချိန် ရှန်ရှင်းဆွေ့ ကြောင်အသွားတော့တယ်။

ရှန်စုန်ရှန်းက စိတ်ခံစားမှုနဲ့အတူ ပြောလာတယ် "ဆွေ့ဆွေ့ မတွေ့ရတာကြာပြီနော်"

"ဖိုးဖိုးက...... ကျွန်တော်တို့တစ်နေရာရာမှာတွေ့ဖူးသလိုပဲ" ရှန်ရှင်းဆွေ့ရဲ့အသံက ထစ်အနေပြီဖြစ်တယ် "ဖြစ်နိုင်တာက အဲဒီနေရာ... ရိုက်ကူးရေးလုပ်နေတုန်းက?"

ရှန်စုန်ရှန်းက အဖြူရောင်တရုတ်အင်္ကျီကိုဝတ်ဆင်ထားတယ်။ သူကအနားရောက်လာပြီး မြေးလေးကိုလာကြည့်လေတယ်။ ကြည့်လေသဘောကျလေဖြစ်ပြီး သူပြောလာခဲ့တယ် "အဲဒီအချိန်တုန်းက ဖိုးဖိုးနဲ့သားဖွားဖွားနဲ့က မြေးလေးကိုအရမ်းတွေ့ချင်နေကြတာ ဒါပေမဲ့ မြေးလေးရိုက်ကူးရေး အဆင်မပြေဖြစ်စေမိမှာလည်းစိုးလို့ ကိုယ့်သဘောနဲ့ကိုယ်သွားခဲ့ကြတာ မြေးလေးစိတ်မဆိုးဘူးမလား?"

ရှန်ရှင်းဆွေ့ အလျင်အမြန်ခေါင်းခါလိုက်တယ် "မဆိုးပါဘူး! ကျွန်တော်က...ဒီတိုင်းအံ့သြသွားတာပါ နောက်ပြီးနည်းနည်းလည်း စိုးရိမ်သွားမိတာပါ အဲဒီအချိန်တုန်းက ပေါက်ကရတွေမပြောမိဘဲ ဖိုးဖိုးကိုစိတ်မပျက်စေမိလို့ တော်သေးတာပေါ့"

ရှန်စုန်ရှင်း သူ့ကိုအိမ်ထဲဆွဲခေါ်သွားရင်း ပြုံးကာပြောလာတယ် "ကလေး မြေးကအရမ်းတော်နေပါပြီ ဒီနှစ်တွေမှာ မြေးလေးအပြင်မှာပင်ပန်းခဲ့ရပြီ အခုအိမ်ပြန်ရောက်လာပြီဆိုတော့ ပိုလို့တောင်စိတ်ပူစရာမလိုတော့ဘူး ဒီနေရာကမြေးလေးရဲ့အိမ်ပဲ ဖိုးဖိုးတို့ကမြေးရဲ့အိမ်သားတွေပေါ့ မြေးအဲ့လောက်အများကြီး စိတ်ပူစရာမလိုပါဘူး"

ရှန်ရှင်းဆွေ့ မလာခင်တုန်းက အရမ်းစိုးရိမ်နေခဲ့တယ်။ သူတစ်ခုခုလုပ်တာမကောင်းဘဲ မနှစ်သက်ခံရတော့မှာကို ကြောက်နေမိခဲ့တယ်။ ဒါပေမဲ့ အဖိုးအဖွားနှစ်ယောက်က ဒီလောက်ကြင်နာပြီး သူ့ကိုသက်တောင့်သက်သာရှိစေလိမ့်မယ်လို့ သူလုံးဝမထင်ထားမိဘူး။

ကြင်နာတတ်တဲ့အမျိုးသမီးက တစ်ခေါင်းလုံး ငွေရောင်ဆံပင်တွေ ဖြစ်နေပေမဲ့လည်း ပုံပန်းသွင်ပြင်ကတော့ လှပနေဆဲဖြစ်တယ်။ ငယ်ရွယ်ချိန်တုန်းက လှပချောမောတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာကို စဥ်းစားကြည့်လို့ရနိုင်တယ်။ သူမကပြုံးကာပြောလာတယ် "ဆွေ့ဆွေ့ မြန်မြန်ဝင်ခဲ့ အဖွားမြေးတို့အတွက် မုန့်အချိုတွေနဲ့ နေ့လယ်ခင်းလက်ဖက်ရည်ပြင်ထားပေးတယ် အော ပြီးတော့ ဖွားဖွားမြေးလေးကို ပစ္စည်းတစ်ခုပေးစရာလည်းရှိသေးတယ်"

ရှန်ရှင်းဆွေ့ တစ်ခဏလောက် တုံ့ဆိုင်းသွားခဲ့တယ်။

ရွှီအန်းကျန်းကပြုံးကာ ပြောလိုက်တယ် "သွားလေ"

ရှန်ရှင်းဆွေ့ အမျိုးသမီးကြီးနဲ့အတူ အပေါ်ထပ်ကိုတက်သွားခဲ့တယ်။ သူမရှန်ရှင်းဆွေ့ကို ဆွဲထားရင်း စကားတွေအများကြီးပြောနေခဲ့တယ်။ အပေါ်ထပ်က စာကြည့်ခန်းထဲထိ သွားပြီးတော့မှ ဗီရိုထဲကနေ လက်ဝတ်ရတနာသေတ္တာတစ်ခုထုတ်လိုက်တယ် "အစတုန်းကလေ မြေးရဲ့မားမားကိုယ်ဝန်ရှိနေတဲ့အချိန်ုတုန်းက ဖွားဖွားက သူ့ကိုဂုဏ်ပြုပေးဖို့အတွက် လက်ကောက်ဆင်တူနှစ်ခုလုပ်ခဲ့တာ ပြီးတော့ တောက်ဆရာတစ်ယောက်ကိုလည်းရှာပြီး မကောင်းတာတွေပပျောက်အောင်လုပ်ခဲ့တာ ကလေးမွေးပြီးတာနဲ့ ကံကောင်းအောင်လို့ သူ့ကိုဒါလေးပေးမယ်ပေါ့ ဒါပေမဲ့ နောက်အဲဒီကိစ္စတွေဖြစ်သွားတော့ ဒီလက်ကောက်ကလည်း အဖွားဆီမှာပဲရှိနေပြီး မပေးရသေးဘူးဖြစ်နေခဲ့တာ"

အမျိုးသမီးကြီးက သက်ပြင်းချလိုက်တယ်။ ဒါပေမဲ့ ရှန်ရှင်းဆွေ့ကိုကြည့်ကာ ပြုံးလိုက်ပြန်တယ် "အခုတော့အဆင်ပြေသွားပြီ မြေးလေးပြန်ရောက်လာပြီဆိုတော့ ဖွားဖွားကဒီပစ္စည်းကို မူလပိုင်ရှင်ဆီပြန်ပေးလိုက်နိုင်ပြီ"

ရှန်ရှင်းဆွေ့ ကျေးဇူးတင်စွာနဲ့ လက်ကမ်းယူလိုက်တယ်။ နောက်တော့ သူသတိထားမိလိုက်တာက လက်ကောက်က အစုံလိုက်ဖြစ်တယ်ဆိုတာကိုပဲ။

သူစူးစမ်းစွာနဲ့မေးလိုက်တယ် "ဖွားဖွား ဒီလက်ကောက်က...... လက်တစ်ဖက်ကိုတစ်ကွင်းစီဝတ်ရမှာလား?"

ဒါက ရွှေငွေရောစပ်ထားတဲ့ လက်ကောက်တစ်စုံဖြစ်ပြီးတော့ ကြည့်ရတာ အရမ်းလှပလေတယ်။ အပေါ်မှာလည်း အသည်းနှစ်ခုသော့ခတ်ထားတဲ့ပုံစံလေးပါဝင်ပြီးတော့ ကျက်သရေရှိကာ တန်ဖိုးကြီးပုံပေါ်လေတယ်။

အမျိုးသမီးကြီးက ပြောလာတယ် "မဟုတ်ဘူးလေ တစ်ခုကမြေးလေးအတွက် တခြားတစ်ခုကကျ မြေးလေးရဲ့ သတို့သားလောင်းလေးအတွက် မဟုတ်လား?"

ရှန်ရှင်းဆွေ့ကြောင်အသွားပြီး သူဘာသတို့သားလောင်းကိုမှ သိမနေလေဘူး "ဖွားဖွားဘာကိုပြောနေတာလဲ ကျွန်တော်မစေ့စပ်ရသေးဘူးလေ"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" အမျိုးသမီးကြီးက ပြုံးစစနဲ့ပြောလာခဲ့တယ် "အဲဒီအချိန်တုန်းက လက်ကောက်နှစ်ကွင်းလုပ်တော့ မြေးအမေကပြောလာတယ်လေ ပြောတာက မြေးလေးနဲ့ဖုမိသားစုက သားအကြီးနဲ့စေ့စပ်ထားတယ်တဲ့ အဖွားတွေးလိုက်မိတာက အဲ့လိုဆိုမှတော့ ဘယ်လိုလုပ်ပြီး သူများကိုလျစ်လျူရှုလိုက်နိုင်ပါ့မလဲ စေ့စပ်ထားတယ်ဆိုမှတော့ အဖွားတို့စည်းကမ်းလေးတော့ရှိရမှာပေါ့ အဲ့တာနဲ့ တခြားလက်ကောက်တစ်ခုက သူ့အတွက်ဖြစ်လာခဲ့တာ"

ရှန်ရှင်းဆွေ့ ဆန်းကြယ်တဲ့စကားတွေ ကြားလိုက်ရသလိုမျိုး မျက်လုံးပြူးသွားရပြီး ပါးစပ်အဟောင်းသားဖြစ်သွားရတယ်။

"ဖွား...ဖွားဖွား ဘာပြောတာလဲ?" ရှန်ရှင်းဆွေ့အ,ထစ်ထစ်အ,အအနဲ့ မေးလိုက်တယ် "ကျွန်တော်နဲ့ ဖုမိသားစုနဲ့ကစေ့စပ်ထားတယ်လား ကျွန်တော်ဘာလို့မသိတာပါလိမ့်?"

အမျိုးသမီးကြီးအံ့အားသင့်သွားပြီး ပြောလိုက်တယ် "ကြည့်ရတာ မြေးအမေအန်းကျန်းက မြေးကိုမပြောရသေးဘူးထင်တယ် အဲ့တာဟိုးအရင်တုန်းက ကိစ္စတွေလေ တကယ်လို့အဖွားသာ အမှတ်မမှားရင် ဖုမိသားစုကသားအကြီးက အရမ်းထူးချွန်တဲ့သူပါ မြေးစိတ်ပူဖို့မလိုဘူး"

ရှန်ရှင်းဆွေ့တုန်လှုပ်သွားပြီး "ကျွန်တော်စိတ်ပူတာက ဒီအကြောင်းမဟုတ်ဘူးလေ ဖွားဖွား......"

အဲဒီသူကသေချာပေါက်ကိုမဆိုးဘူးပေါ့။ ဒါပေမဲ့ ဖွားဖွားအမှတ်မမှားတာရော သေချာရဲ့လား?!

အမျိုးသမီးကြီးက ခေါင်းညိတ်လိုက်ပြီး ပြုံးကာပြောလာတယ် "ဟုတ်တယ် အဖွားမှတ်မိတာ သူ့နာမည်ကဘာဆိုလားပါလိမ့် အော ဖုမျိုးရိုးနဲ့ နာမည်က ဖုကျင်းရှောင်းတဲ့လေ အခုဆိုမြေးတို့နှစ်ယောက်လည်း အရွယ်ရောက်လာပြီ အသက်ကလည်းပြည့်ပြီဆိုတော့ ဘယ်တော့မှ သူ့ကိုခေါ်လာပြီး အဖွားတို့ကိုလာကြည့်မှာလဲ?"

____________________

Word – 3177
July 17, 2023(Mon)
Xiao Dream

Goodnight par!! (ငိုက်နေသောအီမိုဂျီ)




Zawgyi

သတို႔သားေလာင္းဖုက်င္းေရွာင္း
________________________________

သူတို႔အားလုံးမတိုင္ပင္ထားပါဘဲ စိတ္ထဲခ်ဥ္စူးလာခဲ့ရတယ္။ တျခားေၾကာင့္ေတာ့မဟုတ္ပါဘူး။ သူတို႔လည္းလက္ေဆာင္လိုခ်င္တယ္ေလ ဟုတ္ၿပီလား!

ရွန္ရွင္းေဆြ႕က ၾကင္နာတတ္လို႔ ေတာ္ေသးတယ္ေျပာရမယ္။ သူကေနာက္ထပ္ဘူးတစ္ခုကို ယူလာခဲ့တယ္။ ေနာက္ေတာ့ ရွန္ယုံးကိုၾကည့္ၿပီးေျပာလိုက္တယ္ "အေဖ ကြၽန္ေတာ္အေဖ့အတြက္လည္း လက္ေဆာင္ဝယ္ခဲ့တယ္"

ရွန္ယုံးတစ္ခ်ိန္လုံး ဂ႐ုမထားတဲ့ပုံစံ ဟန္ေဆာင္ေနခဲ့တာျဖစ္တယ္။ အခုခ်ိန္မွာ တူကိုခ်က္ခ်င္းခ်လိုက္ၿပီး ေျပာလာတယ္ "ဟုတ္လား ေက်းဇူးပါေဆြ႕ေဆြ႕ တကယ္ေတာ့ အေဖကအရမ္းႀကီးလည္းမလိုအပ္ပါဘူး သားအထူးတလည္ႀကီး ပိုက္ဆံသုံးစရာမလိုပါဘူး......"

ရွန္ရွင္းခ်န္ဆိုတဲ့လူမိုက္ေလးက ေျပာလာတယ္ "ေဆြ႕ေဆြ႕ ပါပါးကမလိုဘူးဆိုမွေတာ့ ငါ့ကိုေပးလိုက္ပါလား?"

ရွန္ယုံးသူ႔ကို ေအးစက္စက္စိုက္ၾကည့္လိုက္တယ္။

ရွန္ရွင္းေဆြ႕ ကူရာမဲ့စြာၿပဳံးလိုက္မိတယ္။ သူလက္ေဆာင္ကို အေဖ့ေရွ႕ပို႔ေပးလိုက္ၿပီး သတိတႀကီးနဲ႔ "ဒါကကြၽန္ေတာ္ဝယ္လာခဲ့တဲ့နာရီပါ အရမ္းႀကီးေကာင္းတယ္လို႔ေတာ့ သတ္မွတ္လို႔မရဘူး......"

အထဲမွာက အနက္ေရာင္နဲ႔ေ႐ႊေရာင္သုံးထားတဲ့ စိန္ျခယ္နာရီတစ္လုံး ထည့္ထားတာျဖစ္တယ္။

ေစ်းကလည္း ၁ေသာင္း၂ေသာင္းပတ္ဝန္းက်င္ေလာက္ရွိတယ္။ ဒါေပမဲ့ ပုံမွန္ရွန္ယုံးဝတ္ေနက် ၁၀မီလီယံနားကပ္ေနတဲ့ customizedနာရီေတြနဲ႔ယွဥ္ရင္ေတာ့ အမွန္တကယ္ကို အရမ္းေကာင္းတယ္လို႔ သတ္မွတ္လို႔မရဘူး။

ဒါေပမဲ့ ရွန္ယုံးက ခ်က္ခ်င္းယူလိုက္ၿပီး အသံနိမ့္နိမ့္နဲ႔ ေျပာလိုက္တယ္ "ေက်းဇူးပါ အေဖတကယ္ႀကိဳက္တယ္"

ရွန္ရွင္းေဆြ႕က အေဖလက္ခံလိုက္တာကို ျမင္ေတာ့ ေပ်ာ္႐ႊင္သြားၿပီး "အေဖသေဘာက်ရင္ အဆင္ေျပပါတယ္"

ရွန္ယုံးစမ္းဝတ္ၾကည့္လိုက္ၿပီး သူႏွစ္ေတြအၾကာႀကီးဝတ္လာခဲ့တဲ့နာရီကို ေတြေဝမႈမရွိေဘးမွာခ်ထားလိုက္ေတာ့တယ္။ သူရွန္ရွင္းေဆြ႕ေပးတဲ့လက္ေဆာင္ကို ဝတ္ထားခ်င္တာျဖစ္တယ္။ ေဘးနားကရွန္ရွင္းေဆြ႕က သူတစ္ေယာက္တည္း ဝတ္ရတာအဆင္မေျပတာကိုျမင္ေတာ့ ဦးစြာေျပာလိုက္တယ္ "ကြၽန္ေတာ္ကူဝတ္ေပးမယ္"

ရွန္ယုံးက ပုံမွန္အခ်ိန္ေတြလို ေအးစက္ၿပီးခံစားခ်က္မဲ့ေနတာမ်ိဳး နည္းနည္းမွမရွိဘဲနဲ႔ ရင္းႏွီးေႏြးေထြးစြာနဲ႔ သေဘာတူလိုက္တယ္ "ေကာင္းၿပီ"

ရွန္ရွင္းေဆြ႕ အၿပဳံးေလးနဲ႔ သူ႔ကိုကူၿပီးဝတ္ေပးလိုက္တယ္။

အမဲေရာင္နာရီကို ဝတ္ဆင္လိုက္ၿပီးေနာက္ ရွန္ယုံးမ်က္ႏွာေပၚမွာ အၿပဳံးေလးထြက္ေပၚလာရတယ္။ သူက အက်ႌလက္ေတြကိုေတာင္ အေပၚေခါက္တင္လိုက္ၿပီး အသံနိမ့္နိမ့္နဲ႔ေျပာလိုက္တယ္ "အေဖအရမ္းႀကိဳက္တယ္ ေက်းဇူးပါေဆြ႕ေဆြ႕"

ရွန္ရွင္းေဆြ႕ "ေက်းဇူးတင္ဖို႔မလိုပါဘူး အေဖႀကိဳက္တယ္ဆိုရင္ ေကာင္းတာေပါ့"

ရွန္မင္ေလာင္က တစ္ခ်ိန္လုံး တိတ္တဆိတ္ေစာင့္ၾကည့္ေနခဲ့တယ္။

ဒါေပမဲ့ ကံေကာင္းစြာနဲ႔ သူ႔အလွည့္ေရာက္လာခဲ့ၿပီျဖစ္တယ္။ ရွန္ရွင္းေဆြ႕ ဘူးေလးတစ္ခုပိုက္ၿပီး သူ႔ေဘးနားေရာက္လာခဲ့တယ္။ ဒီဘူးေလးက ၾကည့္ရတာအရမ္းေသးပုံရေပမဲ့ အရမ္းလည္းအႏုစိတ္ပုံရတယ္။ ဖြင့္လိုက္ခ်ိန္မွာ ေတြ႕လိုက္ရတာက မ်က္မွန္တစ္လက္ျဖစ္တယ္။

ရွန္ရွင္းေဆြ႕ အသံတိုးတိုးနဲ႔ေျပာလိုက္တယ္ "အရင္ေန႔တုန္းက တာ့ေကာရဲ႕မ်က္မွန္ပါဝါသိရဖို႔ မားမားဆီသြားေမးလိုက္တာ ေကာမွာ ဘာမွမလိုအပ္ေလာက္ဘူးဆိုတာ ကြၽန္ေတာ္သိတယ္ မ်က္မွန္ကေတာ့ ပုံမွန္လဲတပ္တာေလ အဲ့တာေၾကာင့္ ကြၽန္ေတာ္ေကာအတြက္ မ်က္မွန္တစ္လက္လုပ္ေပးခ်င္ခဲ့တာ ဒီမ်က္မွန္ဆိုင္က ဖုေလာင္ရွီးၫႊန္းေပးတာေလ သူေျပာတာက ဒီလိုဆိုေကာပိုၿပီး အသားက်လိမ့္မယ္ဆိုလို႔"

ဖုက်င္းေရွာင္း သူ႔ကိုဂ်င္းထည့္ေပးလိုက္မွန္း ရွန္မင္ေလာင္သိလိုက္ေလတယ္။

သူ႔ရဲ႕မ်က္မွန္ေတြအားလုံးက သီးသန္႔မွာထားတာေတြခ်ည္းပဲျဖစ္တယ္။ ဘယ္လိုလုပ္ၿပီး မွာေနက်မ်က္မွန္ဆိုင္ရွိမတဲ့လဲ။

ဒါေပမဲ့ ရွန္ရွင္းေဆြ႕လက္ထဲက ေ႐ႊေဘာင္ကြတ္မ်က္မွန္ကိုင္းေလးက အလြန္လွပေလတယ္။ ၿပီးေတာ့ လက္ရာကလည္း အႏုစိတ္လွတယ္။ ေစတနာအျပည့္ သုံးထားတယ္ဆိုတာ ၾကည့္လိုက္တာနဲ႔ သိသာေလတယ္။

အသုံးအေဆာင္ပစၥည္းေတြအေပၚ အရမ္းဇီဇာေၾကာင္ၿပီး အေကာင္းဆုံးကိုမွသုံးတတ္တဲ့ရွန္မင္ေလာင္က ေျပာလာခဲ့တယ္ "ေကာတကယ္ကို ပိုၿပီးေနသားက်တယ္ရယ္ ေက်းဇူးပါေဆြ႕ေဆြ႕ အမ်ားႀကီးေတြးေပးထားတာပဲ"

ရွန္ရွင္းေဆြ႕ ႏႈတ္ခမ္းေလးတြန္႔ေကြးကာ ၿပဳံးလိုက္တယ္။

လက္ေဆာင္ေတြလက္ခံလိုက္ရင္းနဲ႔ ရွန္ရွင္းခ်န္အလွည့္ေရာက္လာၿပီျဖစ္တယ္။ သူ႔ကိုေပးတာက limited editionဂိမ္းစက္တစ္ခုျဖစ္တယ္။ သခင္ေလးရဲ႕အႀကိဳက္နဲ႔လည္း အလြန္ကိုက္ညီလွတယ္။

ထမင္းစားေနတုန္းက ႐ႊီအန္းက်န္းကေမးလာခဲ့တယ္ "ေဆြ႕ေဆြ႕ ဒီလက္ေဆာင္ေတြအားလုံးက ပိုက္ဆံမနည္းေလာက္ဘူးမလား သားထဲမွာပိုက္ဆံေရာ လုံလုံေလာက္ေလာက္က်န္ေသးရဲ႕လား?"

"ေလာက္ပါတယ္" ရွန္ရွင္းေဆြ႕ ပန္းကန္လုံးကို ကိုင္ထားရင္း ေျပာလိုက္တယ္ "ကြၽန္ေတာ့္မွာမုန္႔ဖိုးေတြရွိေသးတယ္ မုန္႔ဖိုးေတြကိုဘတ္ဂ်က္ဆြဲထားတာေလ လုံေလာက္ေသးတယ္ ပုံမွန္အခ်ိန္ေတြမွာ ပိုက္ဆံေလွ်ာက္မျဖဳန္းလို႔ေတာ္ေသးတယ္ အခုထိအဆင္ေျပေနေသးတယ္"

ရွန္ရွင္းခ်န္ ႐ုတ္တရက္သေဘာေပါက္သြားေလတယ္ "မင္းတစ္ခ်ိန္လုံး ဘာမွမဝယ္ရက္ဘဲ ဘာလို႔အဲ့ေလာက္ေခြၽတာေနပါလိမ့္လို႔ ငါေတြးေနတာ"

ရွန္ရွင္းေဆြ႕ ၿပဳံးကာေျပာလိုက္တယ္ "ကြၽန္ေတာ့္မွာစားစရာ၊ဝတ္စရာေတြအကုန္ရွိေနေတာ့ ဘာမွလည္းမလိုဘူးေလ"

သူအတိအလင္းႀကီးေျပာမလာေပမဲ့ ရွန္ရွင္းေဆြ႕မုန္႔ဖိုးေတြအကုန္ လက္ေဆာင္ဝယ္ဖို႔သုံးလိုက္တယ္ဆိုတာ အားလုံးခန္႔မွန္းမိလိုက္ၾကတယ္။ ဘာလို႔ဒီေလာက္တုံးတဲ့ကေလးေလးရွိေနရတာလဲ။ ကိုယ္စုထားတာေတြအားလုံး သုံးပစ္လိုက္တယ္?

႐ႊီအန္းက်န္း စိတ္မေကာင္းျဖစ္စြာနဲ႔ သူ႔ကိုေျပာလိုက္တယ္ "ေဆြ႕ေဆြ႕ တကယ္ေတာ့ သားဝယ္တဲ့ဘယ္ပစၥည္းမဆို ပါပါးနဲ႔မားမားက သေဘာက်ပါတယ္ ေနာက္တစ္ခါက် ဒီလိုမ်ိဳးေခြၽတာေနစရာမလိုပါဘူး သိလား?"

"မဟုတ္ပါဘူး....." ေျပာေလေျပာေလ ရွန္ရွင္းေဆြ႕အသံက တိုးလာေလျဖစ္တယ္။ သူကအသံတိုးတိုးေလးနဲ႔ "ကြၽန္ေတာ္က ကြၽန္ေတာ္တတ္ႏိုင္တဲ့ နယ္ပယ္အတြင္းကေန မားတို႔ကို အေကာင္းဆုံးကိုေပးခ်င္တာမလို႔ပါ"

ဒီပစၥည္းေတြက ရွန္မိသားစုအတြက္ေျပာရရင္ အသုံးဝင္တယ္လို႔ ေျပာႏိုင္႐ုံေလးပဲျဖစ္တယ္။ ဒါေပမဲ့ ရွန္ရွင္းေဆြ႕အတြက္ေျပာရရင္ ဒါကသူတတ္ႏိုင္တဲ့အတိုင္းအတာအတြင္းက အေကာင္းဆုံးေတြျဖစ္တယ္။

အားလုံးအၾကည့္ခ်င္းဆုံလိုက္မိၾကၿပီး အခ်င္းခ်င္းမ်က္လုံးထဲမွာ တစ္ခုခုကို နားလည္သြားၾကသလိုပဲ။

တကယ္လို႔တစ္ေန႔မွာ အဲဒီထြက္သြားတဲ့ကေလးျပန္ေရာက္လာရင္ ဒီအိမ္နဲ႔အံ့ဝင္ခြင္က်ျဖစ္ပါ့မလားလို႔ သူတို႔အားလုံးေတြးၾကည့္ဖူးၾကတယ္။ ဒါေပမဲ့ ဒီအခ်ိန္မွာေတာ့ သူတို႔အားလုံး ဒီကေလးကိုခ်စ္ခင္ေနရၿပီး အရာအားလုံးေပးထားၾကတယ္။

သူတို႔အၾကည့္ေတြလႊဲလိုက္ၾကၿပီး ကိုယ့္စိတ္ထဲမွာကိုယ္ တြက္ခ်က္မႈေလးေတြ ျပဳလုပ္လိုက္ၾကတယ္။ ၿပီးေတာ့ မ်က္ႏွာသာရဖို႔အစီအစဥ္ကို တျခားေျမေခြးအိုႀကီးေတြ သိလို႔မျဖစ္ဘူး။ မဟုတ္ရင္ ကိုယ္မ်က္ႏွာသာေပးခံရမဲ့အေရးက အလုခံလိုက္ရလိမ့္မယ္။

......

ေန႔လယ္ပိုင္း

ရွန္ရွင္းေဆြ႕တို႔မိသာားစု ဖိုးဖိုးရဲ႕ေနအိမ္ဆီကိုေရာက္ၿပီျဖစ္တယ္။

ဖိုးဖိုးကိုျမင္လိုက္ခ်ိန္ ရွန္ရွင္းေဆြ႕ ေၾကာင္အသြားေတာ့တယ္။

ရွန္စုန္ရွန္းက စိတ္ခံစားမႈနဲ႔အတူ ေျပာလာတယ္ "ေဆြ႕ေဆြ႕ မေတြ႕ရတာၾကာၿပီေနာ္"

"ဖိုးဖိုးက...... ကြၽန္ေတာ္တို႔တစ္ေနရာရာမွာေတြ႕ဖူးသလိုပဲ" ရွန္ရွင္းေဆြ႕ရဲ႕အသံက ထစ္အေနၿပီျဖစ္တယ္ "ျဖစ္ႏိုင္တာက အဲဒီေနရာ... ႐ိုက္ကူးေရးလုပ္ေနတုန္းက?"

ရွန္စုန္ရွန္းက အျဖဴေရာင္တ႐ုတ္အက်ႌကိုဝတ္ဆင္ထားတယ္။ သူကအနားေရာက္လာၿပီး ေျမးေလးကိုလာၾကည့္ေလတယ္။ ၾကည့္ေလသေဘာက်ေလျဖစ္ၿပီး သူေျပာလာခဲ့တယ္ "အဲဒီအခ်ိန္တုန္းက ဖိုးဖိုးနဲ႔သားဖြားဖြားနဲ႔က ေျမးေလးကိုအရမ္းေတြ႕ခ်င္ေနၾကတာ ဒါေပမဲ့ ေျမးေလး႐ိုက္ကူးေရး အဆင္မေျပျဖစ္ေစမိမွာလည္းစိုးလို႔ ကိုယ့္သေဘာနဲ႔ကိုယ္သြားခဲ့ၾကတာ ေျမးေလးစိတ္မဆိုးဘူးမလား?"

ရွန္ရွင္းေဆြ႕ အလ်င္အျမန္ေခါင္းခါလိုက္တယ္ "မဆိုးပါဘူး! ကြၽန္ေတာ္က...ဒီတိုင္းအံ့ၾသသြားတာပါ ေနာက္ၿပီးနည္းနည္းလည္း စိုးရိမ္သြားမိတာပါ အဲဒီအခ်ိန္တုန္းက ေပါက္ကရေတြမေျပာမိဘဲ ဖိုးဖိုးကိုစိတ္မပ်က္ေစမိလို႔ ေတာ္ေသးတာေပါ့"

ရွန္စုန္ရွင္း သူ႔ကိုအိမ္ထဲဆြဲေခၚသြားရင္း ၿပဳံးကာေျပာလာတယ္ "ကေလး ေျမးကအရမ္းေတာ္ေနပါၿပီ ဒီႏွစ္ေတြမွာ ေျမးေလးအျပင္မွာပင္ပန္းခဲ့ရၿပီ အခုအိမ္ျပန္ေရာက္လာၿပီဆိုေတာ့ ပိုလို႔ေတာင္စိတ္ပူစရာမလိုေတာ့ဘူး ဒီေနရာကေျမးေလးရဲ႕အိမ္ပဲ ဖိုးဖိုးတို႔ကေျမးရဲ႕အိမ္သားေတြေပါ့ ေျမးအဲ့ေလာက္အမ်ားႀကီး စိတ္ပူစရာမလိုပါဘူး"

ရွန္ရွင္းေဆြ႕ မလာခင္တုန္းက အရမ္းစိုးရိမ္ေနခဲ့တယ္။ သူတစ္ခုခုလုပ္တာမေကာင္းဘဲ မႏွစ္သက္ခံရေတာ့မွာကို ေၾကာက္ေနမိခဲ့တယ္။ ဒါေပမဲ့ အဖိုးအဖြားႏွစ္ေယာက္က ဒီေလာက္ၾကင္နာၿပီး သူ႔ကိုသက္ေတာင့္သက္သာရွိေစလိမ့္မယ္လို႔ သူလုံးဝမထင္ထားမိဘူး။

ၾကင္နာတတ္တဲ့အမ်ိဳးသမီးက တစ္ေခါင္းလုံး ေငြေရာင္ဆံပင္ေတြ ျဖစ္ေနေပမဲ့လည္း ပုံပန္းသြင္ျပင္ကေတာ့ လွပေနဆဲျဖစ္တယ္။ ငယ္႐ြယ္ခ်ိန္တုန္းက လွပေခ်ာေမာတဲ့ အမ်ိဳးသမီးတစ္ေယာက္ဆိုတာကို စဥ္းစားၾကည့္လို႔ရႏိုင္တယ္။ သူမကၿပဳံးကာေျပာလာတယ္ "ေဆြ႕ေဆြ႕ ျမန္ျမန္ဝင္ခဲ့ အဖြားေျမးတို႔အတြက္ မုန္႔အခ်ိဳေတြနဲ႔ ေန႔လယ္ခင္းလက္ဖက္ရည္ျပင္ထားေပးတယ္ ေအာ ၿပီးေတာ့ ဖြားဖြားေျမးေလးကို ပစၥည္းတစ္ခုေပးစရာလည္းရွိေသးတယ္"

ရွန္ရွင္းေဆြ႕ တစ္ခဏေလာက္ တုံ႔ဆိုင္းသြားခဲ့တယ္။

႐ႊီအန္းက်န္းကၿပဳံးကာ ေျပာလိုက္တယ္ "သြားေလ"

ရွန္ရွင္းေဆြ႕ အမ်ိဳးသမီးႀကီးနဲ႔အတူ အေပၚထပ္ကိုတက္သြားခဲ့တယ္။ သူမရွန္ရွင္းေဆြ႕ကို ဆြဲထားရင္း စကားေတြအမ်ားႀကီးေျပာေနခဲ့တယ္။ အေပၚထပ္က စာၾကည့္ခန္းထဲထိ သြားၿပီးေတာ့မွ ဗီ႐ိုထဲကေန လက္ဝတ္ရတနာေသတၱာတစ္ခုထုတ္လိုက္တယ္ "အစတုန္းကေလ ေျမးရဲ႕မားမားကိုယ္ဝန္ရွိေနတဲ့အခ်ိႏ္ုတုန္းက ဖြားဖြားက သူ႔ကိုဂုဏ္ျပဳေပးဖို႔အတြက္ လက္ေကာက္ဆင္တူႏွစ္ခုလုပ္ခဲ့တာ ၿပီးေတာ့ ေတာက္ဆရာတစ္ေယာက္ကိုလည္းရွာၿပီး မေကာင္းတာေတြပေပ်ာက္ေအာင္လုပ္ခဲ့တာ ကေလးေမြးၿပီးတာနဲ႔ ကံေကာင္းေအာင္လို႔ သူ႔ကိုဒါေလးေပးမယ္ေပါ့ ဒါေပမဲ့ ေနာက္အဲဒီကိစၥေတြျဖစ္သြားေတာ့ ဒီလက္ေကာက္ကလည္း အဖြားဆီမွာပဲရွိေနၿပီး မေပးရေသးဘူးျဖစ္ေနခဲ့တာ"

အမ်ိဳးသမီးႀကီးက သက္ျပင္းခ်လိုက္တယ္။ ဒါေပမဲ့ ရွန္ရွင္းေဆြ႕ကိုၾကည့္ကာ ၿပဳံးလိုက္ျပန္တယ္ "အခုေတာ့အဆင္ေျပသြားၿပီ ေျမးေလးျပန္ေရာက္လာၿပီဆိုေတာ့ ဖြားဖြားကဒီပစၥည္းကို မူလပိုင္ရွင္ဆီျပန္ေပးလိုက္ႏိုင္ၿပီ"

ရွန္ရွင္းေဆြ႕ ေက်းဇူးတင္စြာနဲ႔ လက္ကမ္းယူလိုက္တယ္။ ေနာက္ေတာ့ သူသတိထားမိလိုက္တာက လက္ေကာက္က အစုံလိုက္ျဖစ္တယ္ဆိုတာကိုပဲ။

သူစူးစမ္းစြာနဲ႔ေမးလိုက္တယ္ "ဖြားဖြား ဒီလက္ေကာက္က...... လက္တစ္ဖက္ကိုတစ္ကြင္းစီဝတ္ရမွာလား?"

ဒါက ေ႐ႊေငြေရာစပ္ထားတဲ့ လက္ေကာက္တစ္စုံျဖစ္ၿပီးေတာ့ ၾကည့္ရတာ အရမ္းလွပေလတယ္။ အေပၚမွာလည္း အသည္းႏွစ္ခုေသာ့ခတ္ထားတဲ့ပုံစံေလးပါဝင္ၿပီးေတာ့ က်က္သေရရွိကာ တန္ဖိုးႀကီးပုံေပၚေလတယ္။

အမ်ိဳးသမီးႀကီးက ေျပာလာတယ္ "မဟုတ္ဘူးေလ တစ္ခုကေျမးေလးအတြက္ တျခားတစ္ခုကက် ေျမးေလးရဲ႕ သတို႔သားေလာင္းေလးအတြက္ မဟုတ္လား?"

ရွန္ရွင္းေဆြ႕ေၾကာင္အသြားၿပီး သူဘာသတို႔သားေလာင္းကိုမွ သိမေနေလဘူး "ဖြားဖြားဘာကိုေျပာေနတာလဲ ကြၽန္ေတာ္မေစ့စပ္ရေသးဘူးေလ"

"ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?" အမ်ိဳးသမီးႀကီးက ၿပဳံးစစနဲ႔ေျပာလာခဲ့တယ္ "အဲဒီအခ်ိန္တုန္းက လက္ေကာက္ႏွစ္ကြင္းလုပ္ေတာ့ ေျမးအေမကေျပာလာတယ္ေလ ေျပာတာက ေျမးေလးနဲ႔ဖုမိသားစုက သားအႀကီးနဲ႔ေစ့စပ္ထားတယ္တဲ့ အဖြားေတြးလိုက္မိတာက အဲ့လိုဆိုမွေတာ့ ဘယ္လိုလုပ္ၿပီး သူမ်ားကိုလ်စ္လ်ဴရႈလိုက္ႏိုင္ပါ့မလဲ ေစ့စပ္ထားတယ္ဆိုမွေတာ့ အဖြားတို႔စည္းကမ္းေလးေတာ့ရွိရမွာေပါ့ အဲ့တာနဲ႔ တျခားလက္ေကာက္တစ္ခုက သူ႔အတြက္ျဖစ္လာခဲ့တာ"

ရွန္ရွင္းေဆြ႕ ဆန္းၾကယ္တဲ့စကားေတြ ၾကားလိုက္ရသလိုမ်ိဳး မ်က္လုံးျပဴးသြားရၿပီး ပါးစပ္အေဟာင္းသားျဖစ္သြားရတယ္။

"ဖြား...ဖြားဖြား ဘာေျပာတာလဲ?" ရွန္ရွင္းေဆြ႕အ,ထစ္ထစ္အ,အအနဲ႔ ေမးလိုက္တယ္ "ကြၽန္ေတာ္နဲ႔ ဖုမိသားစုနဲ႔ကေစ့စပ္ထားတယ္လား ကြၽန္ေတာ္ဘာလို႔မသိတာပါလိမ့္?"

အမ်ိဳးသမီးႀကီးအံ့အားသင့္သြားၿပီး ေျပာလိုက္တယ္ "ၾကည့္ရတာ ေျမးအေမအန္းက်န္းက ေျမးကိုမေျပာရေသးဘူးထင္တယ္ အဲ့တာဟိုးအရင္တုန္းက ကိစၥေတြေလ တကယ္လို႔အဖြားသာ အမွတ္မမွားရင္ ဖုမိသားစုကသားအႀကီးက အရမ္းထူးခြၽန္တဲ့သူပါ ေျမးစိတ္ပူဖို႔မလိုဘူး"

ရွန္ရွင္းေဆြ႕တုန္လႈပ္သြားၿပီး "ကြၽန္ေတာ္စိတ္ပူတာက ဒီအေၾကာင္းမဟုတ္ဘူးေလ ဖြားဖြား......"

အဲဒီသူကေသခ်ာေပါက္ကိုမဆိုးဘူးေပါ့။ ဒါေပမဲ့ ဖြားဖြားအမွတ္မမွားတာေရာ ေသခ်ာရဲ႕လား?!

အမ်ိဳးသမီးႀကီးက ေခါင္းညိတ္လိုက္ၿပီး ၿပဳံးကာေျပာလာတယ္ "ဟုတ္တယ္ အဖြားမွတ္မိတာ သူ႔နာမည္ကဘာဆိုလားပါလိမ့္ ေအာ ဖုမ်ိဳး႐ိုးနဲ႔ နာမည္က ဖုက်င္းေရွာင္းတဲ့ေလ အခုဆိုေျမးတို႔ႏွစ္ေယာက္လည္း အ႐ြယ္ေရာက္လာၿပီ အသက္ကလည္းျပည့္ၿပီဆိုေတာ့ ဘယ္ေတာ့မွ သူ႔ကိုေခၚလာၿပီး အဖြားတို႔ကိုလာၾကည့္မွာလဲ?"

____________________

Word – 3177
July 17, 2023(Mon)
Xiao Dream

Goodnight par!! (ငိုက္ေနေသာအီမိုဂ်ီ)

Continue Reading

You'll Also Like

1.9M 334K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
248K 24.1K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
23.9K 3K 14
လုကျင်းမင်...ခင်ဗျားကို ကျွန်တော် ဘယ်တော့မှ ထပ်မတွေ့တော့ဘူး...အိမ်မက်ထဲမှာတောင်မှပဲ။ လုက်င္းမင္...ခင္ဗ်ားကို ကြၽန္ေတာ္ ဘယ္ေတာ့မွ ထပ္မေတြ႕ေတာ့ဘူး...အိ...
3.4K 310 45
another description ဘယ်အရာကသူမကိုဖြစ်တည်လာတာလည်းဘာ့ကြောင့် system နဲ့ချိတ်ဆက်မိတာလည်း စတဲ့မေးခွန်းပေါင်းများစွာတေကစိတ်ထဲမှာရှိနေပြီး မှတ်ဉာဏ်တေဟာလည်...