အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

2.3M 346K 25.9K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3
Extra - 4
Extra - 5
Extra - 6
Message From Dream

Chapter - 64.1

14.1K 2.3K 74
By Xiao_Dream

Unicode

မူလစာမူအားပြန်လည်ရယူခြင်း
___________________________
ရှန်ရှင်းဆွေ့နဲ့အန်းရန် စကားပြောပြီးတဲ့နောက်မှာပဲ အန်းရန်ကမစောင့်နိုင်စွာနဲ့ ထွက်သွားခဲ့တယ်။

သူအန်းရန်အပေါ်ထားတဲ့ ဇာတ်လိုက်shou filterကလည်း ကွဲကြေသွားရတော့တယ်။ တကယ်တော့ အရင်ကတည်းက အန်းရန်ကသူဖော်ပြသလောက် မကြင်နာတတ်ဘူးဆိုတာ သူသိခဲ့ရတယ်။ အန်းရန်ကသူ့ကို တမင်ဖြစ်စေ မတော်တဆဖြစ်စေ အမြဲဒုက္ခပေးတတ်တယ်။ ရံဖန်ရံခါ ဖြစ်ပေါ်လာတတ်တဲ့ ရန်လိုမှုကလည်း ပြင်းထန်လွန်းလှတယ်။ ပြင်းထန်တာကဟိုးအမြင့်ဆုံးအဆင့်ထိတောင်ရောက်တတ်သေးတယ်။ သူ့လိုတုံးအလွန်းတဲ့သူတောင် ခံစားမိလောက်တဲ့အထိကို ပြင်းထန်လွန်းတာဖြစ်တယ်။

ဒါကပထမဆုံးအကြိမ် အန်းရန်နဲ့ပူးပေါင်းတာဖြစ်ပြီး သူ့စိတ်ထဲနည်းနည်းရှုပ်ထွေးနေမိတယ်။ သူအန်းရန်ကို အရမ်းကြီးယုံကြည်တာမျိုးမဟုတ်ဘူး။ အဲတာကြောင့် သူလှည့်ထွက်လာလိုက်တာနဲ့ ဟန်ထုန်းအဆောက်အဦရဲ့ စောင့်ကြည့်ရေးအခန်းကိုသွားလိုက်တယ်။ အားနည်းနည်းစိုက်ထုတ်လိုက်ရပြီးနောက် ဝန်ထမ်းလေးဆီကနေ ကော်ရစ်တာထက်ကvideoကိုရလာခဲ့တော့တယ်။ ဒီနေရာမှာCCTVတွေအများကြီးရှိတာကြောင့် သူတို့နှစ်ယောက်ကြားကပြောဆိုဆက်ဆံမှုကို အပြည့်အဝမှတ်တမ်းတင်ထားနိုင်လေတယ်။

အနည်းဆုံးတော့ ဒီလိုလုပ်ထားတာက နည်းနည်းကြိုတင်ကာကွယ်ရာရောက်တယ်မဟုတ်လား။

ဒါတွေအားလုံးလုပ်ပြီးသွားတဲ့နောက် ညနေတောင်ရောက်တော့မှာဖြစ်တယ်။ သူကော်ရစ်တာဆီပြန်သွားပြီး ဒါရိုက်တာကျန်းကျောင်းကို စောင့်နေလိုက်တော့တယ်။ ကံကောင်းတယ်လို့ပြောရမယ်။ တစ်နာရီလောက်ကြာပြီးနောက် ဝန်ထမ်းလေးကသူ့ကိုအသိပေးလာခဲ့တယ် "ထုတ်လုပ်သူပြန်လာပါပြီ မင်းဝင်လာခဲ့ပါ"

ရှန်ရှင်းဆွေ့ခေါင်းညိတ်လိုက်ပြီး "ဟုတ် ကျေးဇူးပါ"

ဒီကြားသာကြားဖူးပြီး တစ်ခါမှမတွေ့ဖူးတဲ့ ထုတ်လုပ်သူနဲ့ပတ်သက်လို့ ရှန်ရှင်းဆွေ့နည်းနည်းစူးစမ်းချင်မိလေတယ်။ ဝင်သွားပြီးနောက် ထိုင်ခုံပေါ်မှာထိုင်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။ အမျိုးသားတစ်ယောက်ဖြစ်ပြီး ဦးထုပ်ကိုခပ်နိမ့်နိမ့်ဆောင်းထားတယ်။ cargo pantတစ်ထည်နဲ့ hoodie jacketတစ်ထည်ကို ဝတ်ဆင်ထားလေတယ်။ မုတ်ဆိတ်မွှေးရှည်တွေက မျက်နှာတစ်ဝက်လောက်ထိ ရှည်လျားနေလေတယ်။ သူကထိုင်ခုံပေါ်မှာမှေးနေတာဖြစ်တယ်။ ခြေထောက်ကိုလည်း ကော်ဖီစားပွဲပေါ်တင်ထားပြီး အမှန်တကယ်အိပ်ပျော်တော့မဲ့ပုံဖြစ်တယ်။

ရှန်ရှင်းဆွေ့ခေါင်းကိုခါယမ်းလိုက်ပြီး အလျင်အမြန်ဦးညွှတ်လိုက်တယ် "ထုတ်လုပ်သူကျန်း မင်္ဂလာပါဗျ"

"ဆွေ့ဆွေ့လား?" ကျန်းကျောင်းရဲ့အသံက အိပ်ချင်မူးတူးဖြစ်နေလေတယ်။ သူအိတ်ကပ်ထဲကနေ ဘူးတစ်ခုထုတ်လာပြီး မေးလေတယ် "ကိုယ်ဆေးလိပ်သောက်လို့ အနှောင့်အယှက်မဖြစ်ဘူးမလား"

ရှန်ရှင်းဆွေ့ခေါင်းခါကာ "မဖြစ်ပါဘူး"

မီးခြစ်ရဲ့အလင်းရောင်က အခန်းထဲလင်းလာခဲ့ပြီး ဆေးလိပ်နံ့ကတဖြည်းဖြည်းပျံ့နှံ့လာခဲ့တယ်။ ကျန်းကျောင်းတစ်ချက်ရှိုက်လိုက်ပြီးတော့မှ ရှန်ရှင်းဆွေ့ကိုကြည့်လာခဲ့တယ် "ကိုယ်လွန်ခဲ့တဲ့နှစ်ရက်တုန်းက 'ရှန်းဟယ်'ရဲ့အသံသွင်းအခန်းထဲမှာ မင်းရဲ့ဖန်တီးမှုကိုနားထောင်ခဲ့ရဖူးတယ် မဆိုးဘူးလို့ခံစားမိလို့လေ ပြောသံကြားတာ မင်းသူတို့နဲ့လက်တွဲမလုပ်တော့ဘူးဆို?"

ရှန်ရှင်းဆွေ့ အံ့အားသင့်သွားသလို သံသယလည်းဖြစ်သွားရတယ်။ နောက်ဆုံးလိမ်လိမ်မာမာနဲ့ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ် သူတို့တခြားတစ်ယောက်ရှာလိုက်ကြတာ ဒါပေမဲ့လောင်ရှီးက ဘယ်လိုလုပ်အဲ့မှာရှိနေတာလဲ"

"သူတို့ကိုယ့်ကိုအကူညီတောင်းထားတာ" ကျန်းကျောင်းသက်ပြင်းတစ်ချက်ချလိုက်ပြီး "အဲ့အဖွဲ့ကသိပ်အဆင်မပြေပါဘူး အလုပ်မဟုတ်တာတွေကများနေတာ"

ရှန်ရှင်းဆွေ့ သဘောမတူလိုက်ရဲဘူး။

ကျန်းကျောင်း ဆေးလိပ်ပြာတွေကိုတောက်ချလိုက်ပြီး ဆက်ပြောလာတယ် "မင်းရဲ့သီချင်းစီစဥ်မှုက မဆိုးဘူးဆိုပေမဲ့ မင်းမှာလည်းပြဿနာတွေအများကြီးရှိသေးတယ် အမှန်တိုင်းပြောရရင် အစတုန်းကမင်းကိုထည့်စဥ်းစားဖို့မတွေးခဲ့ဘူး"

ရှန်ရှင်းဆွေ့ရဲ့ပျော်ရွှင်နေတဲ့စိတ်လေးက ဒီမှာတင်ဆတ်ခနဲရပ်တန့်သွားရတော့တယ်။ ပြီးတော့ကျန်းကျောင်းဆက်ပြောတာကိုကြားလိုက်ရတယ် "ဒါပေမဲ့Weiboမှာ မင်းအရင်နှစ်တွေတုန်းက ဖန်တီးထားတဲ့သီချင်းတွေကိုနားထောင်မိတော့ မင်းကအခြေသိပ်မခိုင်သေးဘဲ အခြေခံအမှားတွေလည်းရှိနေသေးတယ်ဆိုပေမဲ့ ပါရမီတော့ရှိတယ်လို့ခံစားမိလိုက်တာ ပြုပြင်ပေးလို့ရသေးတဲ့အမျိုးအစားထဲလည်းပါတော့ မင်းကိုတွေ့ကြည့်ဖို့ရှာလိုက်တာ"

ရှန်ရှင်းဆွေ့ သူ့မှာဆိုးရာကနေကောင်းသွားနိုင်တဲ့အခြေနေမျိုး ရှိလာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။

"ကျွန်တော့်ရဲ့အခြေခံက အမှန်တကယ်ကို သိပ်စိတ်မချရဘူး ဒါပေမဲ့ကျွန်တော်သင်ယူလို့ရပါတယ်" ရှန်ရှင်းဆွေ့ရဲ့အမူအရာက လုံးဝကျိုးနွံနေလေတယ် "တကယ်တော့ဟိုနေ့က'ရှန်းဟယ်'ရဲ့သီချင်းက ကျွန်တော်တစ်ညတည်းနဲ့ရေးထားတာမလို့ အမှန်တကယ်ကို မကောင်းတဲ့နေရာတွေအများကြီးရှိနေသေးတယ် ဒါပေမဲ့ကျွန်တော်အချိန်တွေအင်အားတွေသုံးပြီး သင်ယူဖို့ဆန္ဒရှိပါတယ် ကျွန်တော်သီချင်းတွေဖန်တီးချင်တယ်!"

ကျန်းကျောင်းဒီစကားကိုကြားတော့ တကယ်ပဲအံ့အားသင့်သွားရတယ်။ သူပထမဆုံးအကြိမ်အဖြစ် ဦးထုပ်အစွန်းကိုလှန်ကြည့်လိုက်တယ်။ နက်မှောင်တဲ့မျက်ဝန်းတွေက အရှေ့ကလူငယ်လေးကို အပေါ်အောက်စုန်ဆန်ကြည့်လိုက်တယ်။ သူအစတုန်းက ဒီကလေးရှန်ရှင်းဆွေ့အပေါ်ကို နည်းနည်းစိတ်ဝင်စားရုံနဲ့ စူးစမ်းချင်မိရုံပဲဖြစ်တယ်။ ဒါပေမဲ့အခုတော့ ရှန်ရှင်းဆွေ့ရဲ့စကားတွေက သူ့ကိုလှုပ်ခတ်သွားစေခဲ့တယ်။ သူ့ရဲ့ရိုးသားမှုကြောင့် ဒီလူငယ်လေးအပေါ်ကို စတင်အလေးထားကြည့်မိလာတော့တယ်။

ကျန်းကျောင်း နှုတ်ခမ်းတွန့်ကွေးကာပြုံးလိုက်ရင်း "တစ်ညလား?"

ရှန်ရှင်းဆွေ့ ခေါင်းကိုဖြည်းညင်းစွာညိတ်ပြလိုက်တယ်။

ဒီအချိန်မှာသူသိပ်ပြီးမရှင်းလင်းနိုင်သေးဘူး။ တစ်ညတည်းနဲ့ ပြီးပြည့်စုံတဲ့သီချင်းတစ်ပုဒ်ကို ဖန်တီးနိုင်တယ်ဆိုတော့ ပါရမီရှင်တစ်ယောက်လို့ ပြောလို့ရနေပြီမဟုတ်ဘူးလား။

ကျန်းကျောင်းမတ်တပ်ထလိုက်ပြီး သူ့လက်ကိုဆွဲလိုက်တယ် "လာခဲ့"

ရှန်ရှင်းဆွေ့နောက်ကနေလိုက်သွားလိုက်တယ်။

ကျန်းကျောင်းက အခန်းထဲကစန္ဒယားတစ်ခုရှေ့မှာရပ်လိုက်တယ်။ သူထိုင်လိုက်ပြီး ဆေးလိပ်ခေါ်တော့ ပါးစပ်ထဲမှာခဲထားလိုက်တယ်။ လက်ချောင်းတွေကိုစန္ဒယားကီးတွေပေါ်တင်လိုက်ပြီး နှိပ်ချကာစတင်တီးခတ်တော့တယ်။ အများကြီးတီးတာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းပဲလေးငါးချက်တီးလိုက်တာဖြစ်တယ်။ အနည်းငယ်တီးပြီးသွားတော့ လွှတ်လိုက်တော့တယ်။

"မင်းလာ ကိုယ်စောနကသုံးသွားတဲ့သံစဥ်နဲ့ ရိုးရိုးရှင်းရှင်းသီချင်းအတိုလေးတီးပြ" ကျန်းကျောင်းမတ်တပ်ရပ်လိုက်ပြီး သူ့ကိုငုံ့ကြည့်လိုက်တယ်။ တမင်ရန်စနေတဲ့ပုံနည်းနည်းပေါက်လေတယ် "လုပ်နိုင်လား?"

ရှန်ရှင်းဆွေ့တစ်ခဏလောက်တွေဝေသွားပြီးမှ လေးနက်စွာခေါင်းညိတ်ပြလေတယ် "ကျွန်တော်လုပ်နိုင်ပါတယ်!"

သူစန္ဒယားဘေးမှာထိုင်လိုက်ပြီး စောနကသီချင်းသံစဥ်ကို စိတ်ထဲမှာပြန်ပုံဖော်ကြည့်လိုက်တယ်။ ရှန်ရှင်းဆွေ့အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့လက်နှစ်ဖက်ကို စန္ဒယားပေါ်တင်လိုက်တော့တယ်။ ခဏလောက်ငြိမ်သက်သွားပြီးမှ နောက်ဆုံးတဖြည်းဖြည်းနဲ့စတင်လှုပ်ရှားလာတော့တယ်။ အစပိုင်းမှာတော့ခပ်နှေးနှေးနဲ့ ပေါ့ပါးတဲ့သံစဥ်က စန္ဒယားကနေဖြည်းဖြည်းချင်းထွက်လာခဲ့တယ်။ နောက်တော့လက်အရှိန်ကပိုမိုမြန်ဆန်လာပြီး ပြီးပြည့်စုံတဲ့သံစဥ်တစ်ခုက ချောမွေ့နူးညံ့စွာထွက်ပေါ်လာတော့တယ်။

အစတုန်းကတော့ကြည့်ရတာ သတိတကြီးရှိလွန်းပြီး ရင့်ကျက်ပုံမရသေးတဲ့လူငယ်လေးက စန္ဒယားရှေ့မှာထိုင်လိုက်ချိန် ခန္ဓာကိုယ်ပေါ်ကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့လေထုက လွှမ်းခြုံသွားခဲ့တယ်။ မျက်ခုံးကြားမှာလည်းသေချာမှုတွေရှိနေပြီး ကိုယ့်သီချင်းအပေါ်ကို ယုံကြည်မှုအပြည့်အဝရှိနေလေတယ်။ ဒီလိုပဲ သီချင်းကလည်း သူ့အပေါ်ယုံကြည်မှုအပြည့်ရှိနေခဲ့တယ်။

သီချင်းပြီးဆုံးသွားတာနဲ့ အခန်းထဲတိတ်ဆိတ်သွားရတော့တယ်။

ထို့နောက် လက်ခုပ်သံခပ်ဖြည်းဖြည်းထွက်လာခဲ့တယ်။ ကျန်းကျောင်းရဲ့မျက်နှာပေါ်မှာ အပြုံးလေးထွက်ပေါ်လာတော့တယ် "ကိုယ်တကယ်ကိုအမြင်မမှားခဲ့ဘူးပဲ ဒါဆိုလည်းကိုယ်အမှန်တိုင်းပဲပြောတော့မယ် ဖုလောင်ရှီးရဲ့သီချင်းအသစ်အတွက် စာသားကို ကိုယ်ရေးပြီးသွားပြီ အဲဒီသီချင်းက ကိုယ့်ဆီမှာသောင်တင်နေတာ နှစ်ဝက်လောက်ရှိနေပြီ ဒီအချိန်အတွင်းမှာ သံစဥ်တွေအများကြီးနဲ့စမ်းခဲ့ပေမဲ့ သူလုံးဝသဘောမကျဘူးဖြစ်နေတာ အဲတာကြောင့်မင်းကိုစမ်းခိုင်းကြည့်ချင်လို့"

? !

ရှန်ရှင်းဆွေ့ 'ဘန်း'ကနဲမတ်တပ်ထရပ်လိုက်လေတယ်။ လှုပ်ရှားမှုနဲ့အားကအရမ်းများလွန်းတာကြောင့် ထိုင်ခုံကိုတောင်ရွေ့သွားစေခဲ့တယ်။ သူအထစ်ထစ်အ,အအနဲ့ သူ့ကိုယ်သူလက်ညွှန်းထိုးကာ "ဖုလောင်ရှီးရဲ့သီချင်းအသစ်? !"

ကျန်းကျောင်းကသူ့ရဲ့ ဒီလိုလှုပ်ရှားမှုကြောင့် လန့်သွားပြီး ခေါင်းညိတ်ပြလေတယ် "ဟုတ်တယ်လေ"

ရှန်ရှင်းဆွေ့တကယ်ကြောင်အသွားရတယ်။ သူ့တစ်ကိုယ်လုံးလည်း စိတ်လှုပ်ရှားလွန်းလို့ ကမောက်ကမတွေဖြစ်ကုန်တော့တယ် "ကျွန်တော်လား...ကျွန်တော်ကဖုလောင်ရှီးအတွက် သီချင်းသံစဥ်ရေးပေးရမယ်? လောင်ရှီးကျွန်တော့်ကိုအရမ်းအကောင်းမြင်လွန်းနေတာပဲ ကျွန်တော်မလုပ်နိုင်ပါဘူး ကျွန်တော်ကဘယ်လိုလုပ်ပြီး ဖုလောင်ရှီးအတွက် သီချင်းသံစဥ်ရေးပေးနိုင်မှာလဲ... ကျွန်တော်......"

ကျန်းကျောင်းဆီက ရယ်သံတစ်ချက်ထွက်လာခဲ့ပြီး ဒီကလေးကအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားလိုက်ရတော့တယ် "ဝေ့ မင်းဒီလောက်ဆန္ဒမရှိဖြစ်နေတာ ဖုလောင်ရှီးက မင်းနဲ့ရန်ငြှိုးများရှိလို့လား?"

ရန်ငြှိုး?

ရှန်ရှင်းဆွေ့ခေါင်းကိုယမ်းခါလိုက်တာ ပလုတ်တုတ်လေးနဲ့တောင်တူလှတယ် "ရန်ငြှိုးမရှိပါဘူး ရန်ငြှိုးမရှိပါဘူး ကျွန်တော်ဒီတိုင်းခံစားမိတာက ကျွန်တော်....ကျွန်တော်က ဖုလောင်ရှီးကိုသံစဥ်ရေးပေးဖို့ မထိုက်တန်ဘူးလို့ခံစားမိရုံပါ"

ဒီစကားက ကိုယ့်ကိုယ်ကိုယ်နှိမ့်ချလွန်းနေတာမျိုး လုံးဝမဟုတ်ဘူး။ ဒီအကြောင်းကြောင့်လည်း ကျန်းကျောင်းအရင်တုန်းက ရှန်ရှင်းဆွေ့ကိုဖိတ်ခေါ်ဖို့အတွေးကို ငြင်းပယ်ခဲ့တာဖြစ်တယ်။ အမှန်တကယ်ကို ရှန်ရှင်းဆွေ့ရဲ့အတွေ့အကြုံနဲ့အသက်အရွယ်က ငယ်လွန်းနေတာကြောင့်ပဲ။ ဖုကျင်းရှောင်းကတော့ ဂီတလောကထဲမှာ နှစ်တွေအများကြီးရှင်သန်ခဲ့ပြီးပြီ။ သူကရုပ်ရှင်ဧကရာဇ်ဖြစ်တဲ့အပြင် ကောင်းကင်ဘုံရဲ့ဘုရင်တစ်ပါးလို တည်ရှိမှုမျိုးဖြစ်တယ်။ သူ့ရဲ့ဂီတဖန်တွေနဲ့ ရုပ်ရှင်ဖန်တွေအားလုံးက တရုတ်ပြည်တစ်ပြည်လုံးအနှံ့ပဲ။ ကျော်ကြားတဲ့သီချင်းတွေကလည်း မရေမတွက်နိုင်လောက်အောင်များပြားလှတယ်။ သူ့အတွက်သီချင်းစာသား သီချင်းသံစဥ်ရေးပေးနိုင်တဲ့သူတွေက အတွေ့အကြုံများပြားသလို လုပ်နိုင်စွမ်းကလည်းသာလွန်လှတယ်။

ရှန်ရှင်းဆွေ့လို ဂျူနီယာမျိုးလေးက အမှန်ကိုမကိုက်ညီလှဘူး။

ကျန်းကျောင်းမေးစေ့ပွတ်လိုက်ပြီး "ထိုက်တန်မထိုက်တန်ဆိုတာက မင်းပြောလို့ရတာမှမဟုတ်တာ အတွေ့အကြုံဆိုတာက တစ်ခါတစ်လေမှာ အရည်အချင်းကိုတိုင်းတာဖို့ တစ်ခုတည်းသောစံနှုန်းမဟုတ်ဘူး ပြီးတော့နောက်ဆုံးမှာ မင်းကိုသေချာပေါက်ရွေးမယ်လို့လည်းမပြောပါဘူး မင်းရဲ့စွမ်းဆောင်ရည်ပေါ်မှာ မူတည်နေသေးတယ် တကယ်လို့မင်းရဲ့လုပ်နိုင်စွမ်းက မပြည့်ဝဘူးလို့ထင်ပြီး မင်းဖန်တီးမှုမှာတမင်......"

ရှန်ရှင်းဆွေ့ဖြတ်ပြောလိုက်တယ် "ကျွန်တော်သေချာပေါက်လုပ်မှာမဟုတ်ပါဘူး!"

ကျန်းကျောင်းကြောင်သွားရတယ်။

"ဖုလောင်ရှီးရဲ့သီချင်းကို ကျွန်တော်သေချာပေါက် ကျွန်တော့်ရဲ့အကောင်းဆုံးအခြေအနေတွေ ဖန်တီးမှုတွေအားလုံးသုံးပြီး ရေးပါ့မယ်!" သူ့ရဲ့အသံအနေအထားက သစ္စာဆိုနေတဲ့ပုံစံနဲ့တောင်တူနေလေတယ် "သေချာပေါက် လျှောက်မလုပ်ပါဘူး"

ကျန်းကျောင်းစိတ်အေးသွားပြီး ရယ်သံလေးထွက်လာရတယ် "ဒါဆိုကောင်းပြီ မင်းအတော်လေးစိတ်လှုပ်ရှားနေတာပဲ ဒါဆိုကိုယ်မင်းကိုအချက်အလက်တွေပေးလိုက်မယ် မင်းယူသွားပြီးကြည့်ကြည့်လိုက် အိမ်မှာအလုပ်လုပ်လည်းရတယ် ဒီမှာလာလုပ်လည်းရတယ် တစ်ခုခုနားမလည်တာရှိရင်ကိုယ့်ကိုမေး ဒီငါးရက်အတွင်းမှာ ကိုယ်မင်းကိုအကူအညီအားလုံးပေးနိုင်တယ် Ok?"

ရှန်ရှင်းဆွေ့ချက်ချင်းပဲပြောလိုက်တယ် "ပြဿနာမရှိပါဘူး!"

မကြာခင်တုန်းကပဲ ကျန်မိသားစုရဲ့ကိစ္စကြောင့် သူအရမ်းဝမ်းနည်းနေခဲ့ရတယ်၊ 'ရှန်းဟယ်'သူနဲ့ချိန်းဆိုမှုဖျက်လိုက်တာက သူ့ထိုးနှက်နေခဲ့တယ်ဆိုပေမဲ့ ရုတ်တရက်ကြီး ကောင်းကင်ပေါ်ကပြုတ်ကျလာတဲ့ မုန့်ပိုင်းကြီးက သူ့တစ်ကိုယ်လုံးကို ပြန်ပြီးတက်ကြွလာစေခဲ့တယ်။ အရင်ကစိတ်ဓာတ်ကျမှုတွေအားလုံးကို ပျောက်ကွယ်သွားစေတော့တယ်။

ရှန်ရှင်းဆွေ့အပြင်ကနေ အိမ်ပြန်ရောက်တော့ အစကအပေါ်ထပ်တက်ပြီး ပြင်ဆင်ချင်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့တစ်အိမ်လုံး မီးထိန်ထိန်လင်းနေလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ သူတံခါးဝမှာပဲကြောင်တောင်တောင်လေးရပ်နေမိပြီး မလှမ်းမကမ်းကဆိုဖာပေါ်မှာထိုင်နေတဲ့ မိသားစုဝင်တွေကိုကြည့်နေမိတယ်။ ရှန်ယုံးနဲ့ရှန်မင်လောင်က ဘေးချင်းကပ်ရပ်ထိုင်နေကြတာဖြစ်ပြီး ရှန်ရှင်းချန်ကတော့ ရွှီအန်းကျန်းဘေးမှာ အစောလေးကမှလှီးထားတဲ့ပန်းသီးကို စားနေတာဖြစ်တယ်။ တရားရုံးစတင်ဖွင့်လှစ်ပြီး အကြီးအကဲသုံးယောက်ရဲ့ အမှုတွဲကြားနာမှုတိုက်ပွဲစတင်တော့မဲ့ပုံစံက ရှန်ရှင်းဆွေ့ကိုကြောင်အသွားစေခဲ့တယ်။

သူတွန့်ဆုတ်စွာနဲ့ပြောလိုက်တယ် "အဖေတို့......ဒီနေ့ဘယ်လိုလုပ်အိမ်မှာရှိနေတာလဲ? ပါး တကော အဖေတို့အရမ်းအလုပ်များနေကြတာမဟုတ်ဘူးလား ပုံမှန်ဆိုဒီအချိန် ကုမ္ပဏီမှာရှိနေတာ ဒါမှမဟုတ် အလုပ်ခရီးထွက်နေကြရတာမဟုတ်ဘူးလား မားမားကနိုင်ငံခြားမှာ ထုတ်ကုန်အသစ်အတွက် ပွဲသွားတက်နေတာမဟုတ်ဘူးလား?"

ဘယ်လိုလုပ်ပြီးအကုန်စုမိနေကြတာလဲ?

ရှန်ရှင်းဆွေ့ရဲ့စကားကိုကြားပြီးနောက် ရွှီအန်းကျန်းသက်ပြင်းတစ်ချက်ရှိုက်လိုက်တယ် "ဆွေ့ဆွေ့ မားတို့ဘာလို့ဒီရောက်နေတယ်လို့ထင်လဲ?"

ရှန်ရှင်းဆွေ့တွန့်ဆုတ်စွာနဲ့ "ဘာ......လို့လဲ?"

တကယ်တော့ သူဒါပထမဆုံးအကြိမ် ဒီလောက်ကြီးမားတဲ့ပြဿနာကြုံဖူးတာပဲ။ သူတို့ကလည်းဘယ်တုန်းကမှ သူ့ကိုဒေါသတကြီးမပြောဖူးဘူး။ ဒါပေမဲ့ ဒီနေ့ဒီမြင်ကွင်းက သူ့ကိုအနည်းငယ်ပျာယာခတ်သွားစေခဲ့တယ်။ ကူရာမဲ့စွာနဲ့စတင်တွေးတောမိတာက သူ့ရဲ့မကောင်းသတင်းတွေကများပြားလွန်းပြီး မိသားစုကိုထိခိုက်စေမိတာလား? ဒါမှမဟုတ် သူခိုးကူးတဲ့ကိစ္စမှာပါဝင်နေတာက အားလုံးကိုသူကမကောင်းတဲ့ကလေးတစ်ယောက်လို့ ထင်သွားစေခဲ့တာလား?

မကောင်းတဲ့ခန့်မှန်းမှုတွေက ဦးနှောက်ထဲမှာအမျိုးမျိုးဖြတ်ပြေးနေခဲ့ပြီး သူ့ကိုခြေမကိုင်လက်မကိုင်ဖြစ်စေခဲ့တယ်။ အမေ့ကိုကြည့်နေတဲ့မျက်ဝန်းတွေကလည်း စတင်ဝေဝါးလာရတော့တယ်။ ဝမ်းနည်းမိသလို ဘယ်လိုစကားစရမှန်းလည်းမသိဘူး။

ရှန်ယုံးကမတ်မတ်ထိုင်လိုက်တယ်။ သူကတစ်အိမ်လုံးမှာအရှိန်အဝါအကြီးဆုံးဖြစ်ပြီး လေးလေးနက်နက်ပြောလာခဲ့တယ် "ဒီလောက်ကြီးတဲ့ကိစ္စဖြစ်တာတောင် အိမ်နဲ့မတိုင်ပင်ဘူး"

"မားနိုင်ငံခြားရောက်နေတော့ သတင်းကသိပ်မရောက်ဘူး မားမားကလည်း အနုပညာလောကနဲ့ပတ်သက်တဲ့ အတင်းတွေကြည့်လေ့မရှိဘူး ရှန်ရှင်းချန်သာမားကိုမပြောရင် မားသိမှာတောင်မဟုတ်ဘူး" ရွှီအန်းကျန်းပြောတဲ့စကားထဲမှာ ဒေါသတွေလည်းပါသလို စိုးရိမ်မှုတွေလည်းပါဝင်နေခဲ့တယ် "ဒီကလေးကတော့ မားကိုဒေါသထွက်ပြီးသေစေချင်နေတာလား?"

ရှန်ရှင်းဆွေ့ကြောင်အသွားရတယ်။

ရှန်ရှင်းချန်က ဘေးမှာထိုင်နေပြီးအမှတ်ဝင်ယူတယ် "မား ဒါကျွန်တော့်ကိုကျေးဇူးတင်သင့်တယ်နော်"

ရှန်မင်လောင်က မျက်မှန်ကိုတွန်းတင်လိုက်ပြီး "ကိုယ်ကအပြင်မှာအလုပ်ခရီးသွားနေလို့ အချိန်ကွာခြားချက်နဲ့လေယာဥ်စီးနေရတာနဲ့ကိစ္စတွေကြောင့် ဒီနေ့မှရှန်ရှင်းချန်ပြောတာသိရတာ ကိုယ့်အပြစ်တွေပါ"

ရှန်ရှင်းဆွေ့သူတို့ကိုကြည့်ပြီး အလျင်အမြန်ပြောလိုက်တယ် "မဟုတ်ပါဘူး မဟုတ်ပါဘူး တကော ဒါကဘယ်လိုလုပ်ကောအပြစ်ဖြစ်မှာလဲ? ကျွန်တော်မကောင်းတာပါ တကယ်တော့ကျွန်တော်လည်း စောစောဖြေရှင်းလိုက်ချင်တာပါ ပြီးတော့လူထုအမြင်နဲ့အတင်းအဖျင်းတွေရှိနေရင် ပြင်ပသုံးသပ်ချက်တွေကလည်း အမြဲမကောင်းတတ်ဘူးလ မတော်လို့အိမ်ကစီးပွားရေးကို သက်ရောက်မှုတစ်ခုခုရှိသွားစေမိရင်မကောင်းဘူးလေ ပြီးတော့ အားလုံးလည်းဒီလောက်အလုပ်ရှုပ်နေကြတာကို ကျွန်တော်ကမကူညီနိုင်တဲ့အပြင် ဒုက္ခပါပေးမိသေးတယ်......"

____________________
Word – 3954
May 18, 2023(Thu)
Xiao Dream

Good night and sweet dreams guys!!



Zawgyi

မူလစာမူအားျပန္လည္ရယူျခင္း
___________________________

ရွန္ရွင္းေဆြ႕နဲ႔အန္းရန္ စကားေျပာၿပီးတဲ့ေနာက္မွာပဲ အန္းရန္ကမေစာင့္ႏိုင္စြာနဲ႔ ထြက္သြားခဲ့တယ္။

သူအန္းရန္အေပၚထားတဲ့ ဇာတ္လိုက္shou filterကလည္း ကြဲေၾကသြားရေတာ့တယ္။ တကယ္ေတာ့ အရင္ကတည္းက အန္းရန္ကသူေဖာ္ျပသေလာက္ မၾကင္နာတတ္ဘူးဆိုတာ သူသိခဲ့ရတယ္။ အန္းရန္ကသူ႔ကို တမင္ျဖစ္ေစ မေတာ္တဆျဖစ္ေစ အၿမဲဒုကၡေပးတတ္တယ္။ ရံဖန္ရံခါ ျဖစ္ေပၚလာတတ္တဲ့ ရန္လိုမႈကလည္း ျပင္းထန္လြန္းလွတယ္။ ျပင္းထန္တာကဟိုးအျမင့္ဆုံးအဆင့္ထိေတာင္ေရာက္တတ္ေသးတယ္။ သူ႔လိုတုံးအလြန္းတဲ့သူေတာင္ ခံစားမိေလာက္တဲ့အထိကို ျပင္းထန္လြန္းတာျဖစ္တယ္။

ဒါကပထမဆုံးအႀကိမ္ အန္းရန္နဲ႔ပူးေပါင္းတာျဖစ္ၿပီး သူ႔စိတ္ထဲနည္းနည္းရႈပ္ေထြးေနမိတယ္။ သူအန္းရန္ကို အရမ္းႀကီးယုံၾကည္တာမ်ိဳးမဟုတ္ဘူး။ အဲတာေၾကာင့္ သူလွည့္ထြက္လာလိုက္တာနဲ႔ ဟန္ထုန္းအေဆာက္အဦရဲ႕ ေစာင့္ၾကည့္ေရးအခန္းကိုသြားလိုက္တယ္။ အားနည္းနည္းစိုက္ထုတ္လိုက္ရၿပီးေနာက္ ဝန္ထမ္းေလးဆီကေန ေကာ္ရစ္တာထက္ကvideoကိုရလာခဲ့ေတာ့တယ္။ ဒီေနရာမွာCCTVေတြအမ်ားႀကီးရွိတာေၾကာင့္ သူတို႔ႏွစ္ေယာက္ၾကားကေျပာဆိုဆက္ဆံမႈကို အျပည့္အဝမွတ္တမ္းတင္ထားႏိုင္ေလတယ္။

အနည္းဆုံးေတာ့ ဒီလိုလုပ္ထားတာက နည္းနည္းႀကိဳတင္ကာကြယ္ရာေရာက္တယ္မဟုတ္လား။

ဒါေတြအားလုံးလုပ္ၿပီးသြားတဲ့ေနာက္ ညေနေတာင္ေရာက္ေတာ့မွာျဖစ္တယ္။ သူေကာ္ရစ္တာဆီျပန္သြားၿပီး ဒါ႐ိုက္တာက်န္းေက်ာင္းကို ေစာင့္ေနလိုက္ေတာ့တယ္။ ကံေကာင္းတယ္လို႔ေျပာရမယ္။ တစ္နာရီေလာက္ၾကာၿပီးေနာက္ ဝန္ထမ္းေလးကသူ႔ကိုအသိေပးလာခဲ့တယ္ "ထုတ္လုပ္သူျပန္လာပါၿပီ မင္းဝင္လာခဲ့ပါ"

ရွန္ရွင္းေဆြ႕ေခါင္းညိတ္လိုက္ၿပီး "ဟုတ္ ေက်းဇူးပါ"

ဒီၾကားသာၾကားဖူးၿပီး တစ္ခါမွမေတြ႕ဖူးတဲ့ ထုတ္လုပ္သူနဲ႔ပတ္သက္လို႔ ရွန္ရွင္းေဆြ႕နည္းနည္းစူးစမ္းခ်င္မိေလတယ္။ ဝင္သြားၿပီးေနာက္ ထိုင္ခုံေပၚမွာထိုင္ေနတဲ့လူတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။ အမ်ိဳးသားတစ္ေယာက္ျဖစ္ၿပီး ဦးထုပ္ကိုခပ္နိမ့္နိမ့္ေဆာင္းထားတယ္။ cargo pantတစ္ထည္နဲ႔ hoodie jacketတစ္ထည္ကို ဝတ္ဆင္ထားေလတယ္။ မုတ္ဆိတ္ေမႊးရွည္ေတြက မ်က္ႏွာတစ္ဝက္ေလာက္ထိ ရွည္လ်ားေနေလတယ္။ သူကထိုင္ခုံေပၚမွာေမွးေနတာျဖစ္တယ္။ ေျခေထာက္ကိုလည္း ေကာ္ဖီစားပြဲေပၚတင္ထားၿပီး အမွန္တကယ္အိပ္ေပ်ာ္ေတာ့မဲ့ပုံျဖစ္တယ္။

ရွန္ရွင္းေဆြ႕ေခါင္းကိုခါယမ္းလိုက္ၿပီး အလ်င္အျမန္ဦးၫႊတ္လိုက္တယ္ "ထုတ္လုပ္သူက်န္း မဂၤလာပါဗ်"

"ေဆြ႕ေဆြ႕လား?" က်န္းေက်ာင္းရဲ႕အသံက အိပ္ခ်င္မူးတူးျဖစ္ေနေလတယ္။ သူအိတ္ကပ္ထဲကေန ဘူးတစ္ခုထုတ္လာၿပီး ေမးေလတယ္ "ကိုယ္ေဆးလိပ္ေသာက္လို႔ အေႏွာင့္အယွက္မျဖစ္ဘူးမလား"

ရွန္ရွင္းေဆြ႕ေခါင္းခါကာ "မျဖစ္ပါဘူး"

မီးျခစ္ရဲ႕အလင္းေရာင္က အခန္းထဲလင္းလာခဲ့ၿပီး ေဆးလိပ္နံ႔ကတျဖည္းျဖည္းပ်ံ႕ႏွံ႔လာခဲ့တယ္။ က်န္းေက်ာင္းတစ္ခ်က္ရႈိက္လိုက္ၿပီးေတာ့မွ ရွန္ရွင္းေဆြ႕ကိုၾကည့္လာခဲ့တယ္ "ကိုယ္လြန္ခဲ့တဲ့ႏွစ္ရက္တုန္းက 'ရွန္းဟယ္'ရဲ႕အသံသြင္းအခန္းထဲမွာ မင္းရဲ႕ဖန္တီးမႈကိုနားေထာင္ခဲ့ရဖူးတယ္ မဆိုးဘူးလို႔ခံစားမိလို႔ေလ ေျပာသံၾကားတာ မင္းသူတို႔နဲ႔လက္တြဲမလုပ္ေတာ့ဘူးဆို?"

ရွန္ရွင္းေဆြ႕ အံ့အားသင့္သြားသလို သံသယလည္းျဖစ္သြားရတယ္။ ေနာက္ဆုံးလိမ္လိမ္မာမာနဲ႔ေခါင္းညိတ္ျပလိုက္ၿပီး "ဟုတ္ သူတို႔တျခားတစ္ေယာက္ရွာလိုက္ၾကတာ ဒါေပမဲ့ေလာင္ရွီးက ဘယ္လိုလုပ္အဲ့မွာရွိေနတာလဲ"

"သူတို႔ကိုယ့္ကိုအကူညီေတာင္းထားတာ" က်န္းေက်ာင္းသက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး "အဲ့အဖြဲ႕ကသိပ္အဆင္မေျပပါဘူး အလုပ္မဟုတ္တာေတြကမ်ားေနတာ"

ရွန္ရွင္းေဆြ႕ သေဘာမတူလိုက္ရဲဘူး။

က်န္းေက်ာင္း ေဆးလိပ္ျပာေတြကိုေတာက္ခ်လိုက္ၿပီး ဆက္ေျပာလာတယ္ "မင္းရဲ႕သီခ်င္းစီစဥ္မႈက မဆိုးဘူးဆိုေပမဲ့ မင္းမွာလည္းျပႆနာေတြအမ်ားႀကီးရွိေသးတယ္ အမွန္တိုင္းေျပာရရင္ အစတုန္းကမင္းကိုထည့္စဥ္းစားဖို႔မေတြးခဲ့ဘူး"

ရွန္ရွင္းေဆြ႕ရဲ႕ေပ်ာ္႐ႊင္ေနတဲ့စိတ္ေလးက ဒီမွာတင္ဆတ္ခနဲရပ္တန္႔သြားရေတာ့တယ္။ ၿပီးေတာ့က်န္းေက်ာင္းဆက္ေျပာတာကိုၾကားလိုက္ရတယ္ "ဒါေပမဲ့Weiboမွာ မင္းအရင္ႏွစ္ေတြတုန္းက ဖန္တီးထားတဲ့သီခ်င္းေတြကိုနားေထာင္မိေတာ့ မင္းကအေျခသိပ္မခိုင္ေသးဘဲ အေျခခံအမွားေတြလည္းရွိေနေသးတယ္ဆိုေပမဲ့ ပါရမီေတာ့ရွိတယ္လို႔ခံစားမိလိုက္တာ ျပဳျပင္ေပးလို႔ရေသးတဲ့အမ်ိဳးအစားထဲလည္းပါေတာ့ မင္းကိုေတြ႕ၾကည့္ဖို႔ရွာလိုက္တာ"

ရွန္ရွင္းေဆြ႕ သူ႔မွာဆိုးရာကေနေကာင္းသြားႏိုင္တဲ့အေျခေနမ်ိဳး ရွိလာလိမ့္မယ္လို႔ မထင္ထားမိခဲ့ဘူး။

"ကြၽန္ေတာ့္ရဲ႕အေျခခံက အမွန္တကယ္ကို သိပ္စိတ္မခ်ရဘူး ဒါေပမဲ့ကြၽန္ေတာ္သင္ယူလို႔ရပါတယ္" ရွန္ရွင္းေဆြ႕ရဲ႕အမူအရာက လုံးဝက်ိဳးႏြံေနေလတယ္ "တကယ္ေတာ့ဟိုေန႔က'ရွန္းဟယ္'ရဲ႕သီခ်င္းက ကြၽန္ေတာ္တစ္ညတည္းနဲ႔ေရးထားတာမလို႔ အမွန္တကယ္ကို မေကာင္းတဲ့ေနရာေတြအမ်ားႀကီးရွိေနေသးတယ္ ဒါေပမဲ့ကြၽန္ေတာ္အခ်ိန္ေတြအင္အားေတြသုံးၿပီး သင္ယူဖို႔ဆႏၵရွိပါတယ္ ကြၽန္ေတာ္သီခ်င္းေတြဖန္တီးခ်င္တယ္!"

က်န္းေက်ာင္းဒီစကားကိုၾကားေတာ့ တကယ္ပဲအံ့အားသင့္သြားရတယ္။ သူပထမဆုံးအႀကိမ္အျဖစ္ ဦးထုပ္အစြန္းကိုလွန္ၾကည့္လိုက္တယ္။ နက္ေမွာင္တဲ့မ်က္ဝန္းေတြက အေရွ႕ကလူငယ္ေလးကို အေပၚေအာက္စုန္ဆန္ၾကည့္လိုက္တယ္။ သူအစတုန္းက ဒီကေလးရွန္ရွင္းေဆြ႕အေပၚကို နည္းနည္းစိတ္ဝင္စား႐ုံနဲ႔ စူးစမ္းခ်င္မိ႐ုံပဲျဖစ္တယ္။ ဒါေပမဲ့အခုေတာ့ ရွန္ရွင္းေဆြ႕ရဲ႕စကားေတြက သူ႔ကိုလႈပ္ခတ္သြားေစခဲ့တယ္။ သူ႔ရဲ႕႐ိုးသားမႈေၾကာင့္ ဒီလူငယ္ေလးအေပၚကို စတင္အေလးထားၾကည့္မိလာေတာ့တယ္။

က်န္းေက်ာင္း ႏႈတ္ခမ္းတြန္႔ေကြးကာၿပဳံးလိုက္ရင္း "တစ္ညလား?"

ရွန္ရွင္းေဆြ႕ ေခါင္းကိုျဖည္းညင္းစြာညိတ္ျပလိုက္တယ္။

ဒီအခ်ိန္မွာသူသိပ္ၿပီးမရွင္းလင္းႏိုင္ေသးဘူး။ တစ္ညတည္းနဲ႔ ၿပီးျပည့္စုံတဲ့သီခ်င္းတစ္ပုဒ္ကို ဖန္တီးႏိုင္တယ္ဆိုေတာ့ ပါရမီရွင္တစ္ေယာက္လို႔ ေျပာလို႔ရေနၿပီမဟုတ္ဘူးလား။

က်န္းေက်ာင္းမတ္တပ္ထလိုက္ၿပီး သူ႔လက္ကိုဆြဲလိုက္တယ္ "လာခဲ့"

ရွန္ရွင္းေဆြ႕ေနာက္ကေနလိုက္သြားလိုက္တယ္။

က်န္းေက်ာင္းက အခန္းထဲကစႏၵယားတစ္ခုေရွ႕မွာရပ္လိုက္တယ္။ သူထိုင္လိုက္ၿပီး ေဆးလိပ္ေခၚေတာ့ ပါးစပ္ထဲမွာခဲထားလိုက္တယ္။ လက္ေခ်ာင္းေတြကိုစႏၵယားကီးေတြေပၚတင္လိုက္ၿပီး ႏွိပ္ခ်ကာစတင္တီးခတ္ေတာ့တယ္။ အမ်ားႀကီးတီးတာမဟုတ္ဘဲ ႐ိုး႐ိုးရွင္းရွင္းပဲေလးငါးခ်က္တီးလိုက္တာျဖစ္တယ္။ အနည္းငယ္တီးၿပီးသြားေတာ့ လႊတ္လိုက္ေတာ့တယ္။

"မင္းလာ ကိုယ္ေစာနကသုံးသြားတဲ့သံစဥ္နဲ႔ ႐ိုး႐ိုးရွင္းရွင္းသီခ်င္းအတိုေလးတီးျပ" က်န္းေက်ာင္းမတ္တပ္ရပ္လိုက္ၿပီး သူ႔ကိုငုံ႔ၾကည့္လိုက္တယ္။ တမင္ရန္စေနတဲ့ပုံနည္းနည္းေပါက္ေလတယ္ "လုပ္ႏိုင္လား?"

ရွန္ရွင္းေဆြ႕တစ္ခဏေလာက္ေတြေဝသြားၿပီးမွ ေလးနက္စြာေခါင္းညိတ္ျပေလတယ္ "ကြၽန္ေတာ္လုပ္ႏိုင္ပါတယ္!"

သူစႏၵယားေဘးမွာထိုင္လိုက္ၿပီး ေစာနကသီခ်င္းသံစဥ္ကို စိတ္ထဲမွာျပန္ပုံေဖာ္ၾကည့္လိုက္တယ္။ ရွန္ရွင္းေဆြ႕အသက္ျပင္းျပင္းရႉလိုက္ၿပီး သူ႔လက္ႏွစ္ဖက္ကို စႏၵယားေပၚတင္လိုက္ေတာ့တယ္။ ခဏေလာက္ၿငိမ္သက္သြားၿပီးမွ ေနာက္ဆုံးတျဖည္းျဖည္းနဲ႔စတင္လႈပ္ရွားလာေတာ့တယ္။ အစပိုင္းမွာေတာ့ခပ္ေႏွးေႏွးနဲ႔ ေပါ့ပါးတဲ့သံစဥ္က စႏၵယားကေနျဖည္းျဖည္းခ်င္းထြက္လာခဲ့တယ္။ ေနာက္ေတာ့လက္အရွိန္ကပိုမိုျမန္ဆန္လာၿပီး ၿပီးျပည့္စုံတဲ့သံစဥ္တစ္ခုက ေခ်ာေမြ႕ႏူးညံ့စြာထြက္ေပၚလာေတာ့တယ္။

အစတုန္းကေတာ့ၾကည့္ရတာ သတိတႀကီးရွိလြန္းၿပီး ရင့္က်က္ပုံမရေသးတဲ့လူငယ္ေလးက စႏၵယားေရွ႕မွာထိုင္လိုက္ခ်ိန္ ခႏၶာကိုယ္ေပၚကို ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိတဲ့ေလထုက လႊမ္းၿခဳံသြားခဲ့တယ္။ မ်က္ခုံးၾကားမွာလည္းေသခ်ာမႈေတြရွိေနၿပီး ကိုယ့္သီခ်င္းအေပၚကို ယုံၾကည္မႈအျပည့္အဝရွိေနေလတယ္။ ဒီလိုပဲ သီခ်င္းကလည္း သူ႔အေပၚယုံၾကည္မႈအျပည့္ရွိေနခဲ့တယ္။

သီခ်င္းၿပီးဆုံးသြားတာနဲ႔ အခန္းထဲတိတ္ဆိတ္သြားရေတာ့တယ္။

ထို႔ေနာက္ လက္ခုပ္သံခပ္ျဖည္းျဖည္းထြက္လာခဲ့တယ္။ က်န္းေက်ာင္းရဲ႕မ်က္ႏွာေပၚမွာ အၿပဳံးေလးထြက္ေပၚလာေတာ့တယ္ "ကိုယ္တကယ္ကိုအျမင္မမွားခဲ့ဘူးပဲ ဒါဆိုလည္းကိုယ္အမွန္တိုင္းပဲေျပာေတာ့မယ္ ဖုေလာင္ရွီးရဲ႕သီခ်င္းအသစ္အတြက္ စာသားကို ကိုယ္ေရးၿပီးသြားၿပီ အဲဒီသီခ်င္းက ကိုယ့္ဆီမွာေသာင္တင္ေနတာ ႏွစ္ဝက္ေလာက္ရွိေနၿပီ ဒီအခ်ိန္အတြင္းမွာ သံစဥ္ေတြအမ်ားႀကီးနဲ႔စမ္းခဲ့ေပမဲ့ သူလုံးဝသေဘာမက်ဘူးျဖစ္ေနတာ အဲတာေၾကာင့္မင္းကိုစမ္းခိုင္းၾကည့္ခ်င္လို႔"

? !

ရွန္ရွင္းေဆြ႕ 'ဘန္း'ကနဲမတ္တပ္ထရပ္လိုက္ေလတယ္။ လႈပ္ရွားမႈနဲ႔အားကအရမ္းမ်ားလြန္းတာေၾကာင့္ ထိုင္ခုံကိုေတာင္ေ႐ြ႕သြားေစခဲ့တယ္။ သူအထစ္ထစ္အ,အအနဲ႔ သူ႔ကိုယ္သူလက္ၫႊန္းထိုးကာ "ဖုေလာင္ရွီးရဲ႕သီခ်င္းအသစ္? !"

က်န္းေက်ာင္းကသူ႔ရဲ႕ ဒီလိုလႈပ္ရွားမႈေၾကာင့္ လန္႔သြားၿပီး ေခါင္းညိတ္ျပေလတယ္ "ဟုတ္တယ္ေလ"

ရွန္ရွင္းေဆြ႕တကယ္ေၾကာင္အသြားရတယ္။ သူ႔တစ္ကိုယ္လုံးလည္း စိတ္လႈပ္ရွားလြန္းလို႔ ကေမာက္ကမေတြျဖစ္ကုန္ေတာ့တယ္ "ကြၽန္ေတာ္လား...ကြၽန္ေတာ္ကဖုေလာင္ရွီးအတြက္ သီခ်င္းသံစဥ္ေရးေပးရမယ္? ေလာင္ရွီးကြၽန္ေတာ့္ကိုအရမ္းအေကာင္းျမင္လြန္းေနတာပဲ ကြၽန္ေတာ္မလုပ္ႏိုင္ပါဘူး ကြၽန္ေတာ္ကဘယ္လိုလုပ္ၿပီး ဖုေလာင္ရွီးအတြက္ သီခ်င္းသံစဥ္ေရးေပးႏိုင္မွာလဲ... ကြၽန္ေတာ္......"

က်န္းေက်ာင္းဆီက ရယ္သံတစ္ခ်က္ထြက္လာခဲ့ၿပီး ဒီကေလးကအရမ္းစိတ္ဝင္စားဖို႔ေကာင္းတယ္လို႔ ခံစားလိုက္ရေတာ့တယ္ "ေဝ့ မင္းဒီေလာက္ဆႏၵမရွိျဖစ္ေနတာ ဖုေလာင္ရွီးက မင္းနဲ႔ရန္ျငႇိဳးမ်ားရွိလို႔လား?"

ရန္ျငႇိဳး?

ရွန္ရွင္းေဆြ႕ေခါင္းကိုယမ္းခါလိုက္တာ ပလုတ္တုတ္ေလးနဲ႔ေတာင္တူလွတယ္ "ရန္ျငႇိဳးမရွိပါဘူး ရန္ျငႇိဳးမရွိပါဘူး ကြၽန္ေတာ္ဒီတိုင္းခံစားမိတာက ကြၽန္ေတာ္....ကြၽန္ေတာ္က ဖုေလာင္ရွီးကိုသံစဥ္ေရးေပးဖို႔ မထိုက္တန္ဘူးလို႔ခံစားမိ႐ုံပါ"

ဒီစကားက ကိုယ့္ကိုယ္ကိုယ္ႏွိမ့္ခ်လြန္းေနတာမ်ိဳး လုံးဝမဟုတ္ဘူး။ ဒီအေၾကာင္းေၾကာင့္လည္း က်န္းေက်ာင္းအရင္တုန္းက ရွန္ရွင္းေဆြ႕ကိုဖိတ္ေခၚဖို႔အေတြးကို ျငင္းပယ္ခဲ့တာျဖစ္တယ္။ အမွန္တကယ္ကို ရွန္ရွင္းေဆြ႕ရဲ႕အေတြ႕အႀကဳံနဲ႔အသက္အ႐ြယ္က ငယ္လြန္းေနတာေၾကာင့္ပဲ။ ဖုက်င္းေရွာင္းကေတာ့ ဂီတေလာကထဲမွာ ႏွစ္ေတြအမ်ားႀကီးရွင္သန္ခဲ့ၿပီးၿပီ။ သူက႐ုပ္ရွင္ဧကရာဇ္ျဖစ္တဲ့အျပင္ ေကာင္းကင္ဘုံရဲ႕ဘုရင္တစ္ပါးလို တည္ရွိမႈမ်ိဳးျဖစ္တယ္။ သူ႔ရဲ႕ဂီတဖန္ေတြနဲ႔ ႐ုပ္ရွင္ဖန္ေတြအားလုံးက တ႐ုတ္ျပည္တစ္ျပည္လုံးအႏွံ႔ပဲ။ ေက်ာ္ၾကားတဲ့သီခ်င္းေတြကလည္း မေရမတြက္ႏိုင္ေလာက္ေအာင္မ်ားျပားလွတယ္။ သူ႔အတြက္သီခ်င္းစာသား သီခ်င္းသံစဥ္ေရးေပးႏိုင္တဲ့သူေတြက အေတြ႕အႀကဳံမ်ားျပားသလို လုပ္ႏိုင္စြမ္းကလည္းသာလြန္လွတယ္။

ရွန္ရွင္းေဆြ႕လို ဂ်ဴနီယာမ်ိဳးေလးက အမွန္ကိုမကိုက္ညီလွဘူး။

က်န္းေက်ာင္းေမးေစ့ပြတ္လိုက္ၿပီး "ထိုက္တန္မထိုက္တန္ဆိုတာက မင္းေျပာလို႔ရတာမွမဟုတ္တာ အေတြ႕အႀကဳံဆိုတာက တစ္ခါတစ္ေလမွာ အရည္အခ်င္းကိုတိုင္းတာဖို႔ တစ္ခုတည္းေသာစံႏႈန္းမဟုတ္ဘူး ၿပီးေတာ့ေနာက္ဆုံးမွာ မင္းကိုေသခ်ာေပါက္ေ႐ြးမယ္လို႔လည္းမေျပာပါဘူး မင္းရဲ႕စြမ္းေဆာင္ရည္ေပၚမွာ မူတည္ေနေသးတယ္ တကယ္လို႔မင္းရဲ႕လုပ္ႏိုင္စြမ္းက မျပည့္ဝဘူးလို႔ထင္ၿပီး မင္းဖန္တီးမႈမွာတမင္......"

ရွန္ရွင္းေဆြ႕ျဖတ္ေျပာလိုက္တယ္ "ကြၽန္ေတာ္ေသခ်ာေပါက္လုပ္မွာမဟုတ္ပါဘူး!"

က်န္းေက်ာင္းေၾကာင္သြားရတယ္။

"ဖုေလာင္ရွီးရဲ႕သီခ်င္းကို ကြၽန္ေတာ္ေသခ်ာေပါက္ ကြၽန္ေတာ့္ရဲ႕အေကာင္းဆုံးအေျခအေနေတြ ဖန္တီးမႈေတြအားလုံးသုံးၿပီး ေရးပါ့မယ္!" သူ႔ရဲ႕အသံအေနအထားက သစၥာဆိုေနတဲ့ပုံစံနဲ႔ေတာင္တူေနေလတယ္ "ေသခ်ာေပါက္ ေလွ်ာက္မလုပ္ပါဘူး"

က်န္းေက်ာင္းစိတ္ေအးသြားၿပီး ရယ္သံေလးထြက္လာရတယ္ "ဒါဆိုေကာင္းၿပီ မင္းအေတာ္ေလးစိတ္လႈပ္ရွားေနတာပဲ ဒါဆိုကိုယ္မင္းကိုအခ်က္အလက္ေတြေပးလိုက္မယ္ မင္းယူသြားၿပီးၾကည့္ၾကည့္လိုက္ အိမ္မွာအလုပ္လုပ္လည္းရတယ္ ဒီမွာလာလုပ္လည္းရတယ္ တစ္ခုခုနားမလည္တာရွိရင္ကိုယ့္ကိုေမး ဒီငါးရက္အတြင္းမွာ ကိုယ္မင္းကိုအကူအညီအားလုံးေပးႏိုင္တယ္ Ok?"

ရွန္ရွင္းေဆြ႕ခ်က္ခ်င္းပဲေျပာလိုက္တယ္ "ျပႆနာမရွိပါဘူး!"

မၾကာခင္တုန္းကပဲ က်န္မိသားစုရဲ႕ကိစၥေၾကာင့္ သူအရမ္းဝမ္းနည္းေနခဲ့ရတယ္၊ 'ရွန္းဟယ္'သူနဲ႔ခ်ိန္းဆိုမႈဖ်က္လိုက္တာက သူ႔ထိုးႏွက္ေနခဲ့တယ္ဆိုေပမဲ့ ႐ုတ္တရက္ႀကီး ေကာင္းကင္ေပၚကျပဳတ္က်လာတဲ့ မုန္႔ပိုင္းႀကီးက သူ႔တစ္ကိုယ္လုံးကို ျပန္ၿပီးတက္ႂကြလာေစခဲ့တယ္။ အရင္ကစိတ္ဓာတ္က်မႈေတြအားလုံးကို ေပ်ာက္ကြယ္သြားေစေတာ့တယ္။

ရွန္ရွင္းေဆြ႕အျပင္ကေန အိမ္ျပန္ေရာက္ေတာ့ အစကအေပၚထပ္တက္ၿပီး ျပင္ဆင္ခ်င္ခဲ့တာျဖစ္တယ္။ ဒါေပမဲ့တစ္အိမ္လုံး မီးထိန္ထိန္လင္းေနလိမ့္မယ္လို႔ မထင္ထားမိခဲ့ဘူး။ သူတံခါးဝမွာပဲေၾကာင္ေတာင္ေတာင္ေလးရပ္ေနမိၿပီး မလွမ္းမကမ္းကဆိုဖာေပၚမွာထိုင္ေနတဲ့ မိသားစုဝင္ေတြကိုၾကည့္ေနမိတယ္။ ရွန္ယုံးနဲ႔ရွန္မင္ေလာင္က ေဘးခ်င္းကပ္ရပ္ထိုင္ေနၾကတာျဖစ္ၿပီး ရွန္ရွင္းခ်န္ကေတာ့ ႐ႊီအန္းက်န္းေဘးမွာ အေစာေလးကမွလွီးထားတဲ့ပန္းသီးကို စားေနတာျဖစ္တယ္။ တရား႐ုံးစတင္ဖြင့္လွစ္ၿပီး အႀကီးအကဲသုံးေယာက္ရဲ႕ အမႈတြဲၾကားနာမႈတိုက္ပြဲစတင္ေတာ့မဲ့ပုံစံက ရွန္ရွင္းေဆြ႕ကိုေၾကာင္အသြားေစခဲ့တယ္။

သူတြန္႔ဆုတ္စြာနဲ႔ေျပာလိုက္တယ္ "အေဖတို႔......ဒီေန႔ဘယ္လိုလုပ္အိမ္မွာရွိေနတာလဲ? ပါး တေကာ အေဖတို႔အရမ္းအလုပ္မ်ားေနၾကတာမဟုတ္ဘူးလား ပုံမွန္ဆိုဒီအခ်ိန္ ကုမၸဏီမွာရွိေနတာ ဒါမွမဟုတ္ အလုပ္ခရီးထြက္ေနၾကရတာမဟုတ္ဘူးလား မားမားကႏိုင္ငံျခားမွာ ထုတ္ကုန္အသစ္အတြက္ ပြဲသြားတက္ေနတာမဟုတ္ဘူးလား?"

ဘယ္လိုလုပ္ၿပီးအကုန္စုမိေနၾကတာလဲ?

ရွန္ရွင္းေဆြ႕ရဲ႕စကားကိုၾကားၿပီးေနာက္ ႐ႊီအန္းက်န္းသက္ျပင္းတစ္ခ်က္ရႈိက္လိုက္တယ္ "ေဆြ႕ေဆြ႕ မားတို႔ဘာလို႔ဒီေရာက္ေနတယ္လို႔ထင္လဲ?"

ရွန္ရွင္းေဆြ႕တြန္႔ဆုတ္စြာနဲ႔ "ဘာ......လို႔လဲ?"

တကယ္ေတာ့ သူဒါပထမဆုံးအႀကိမ္ ဒီေလာက္ႀကီးမားတဲ့ျပႆနာႀကဳံဖူးတာပဲ။ သူတို႔ကလည္းဘယ္တုန္းကမွ သူ႔ကိုေဒါသတႀကီးမေျပာဖူးဘူး။ ဒါေပမဲ့ ဒီေန႔ဒီျမင္ကြင္းက သူ႔ကိုအနည္းငယ္ပ်ာယာခတ္သြားေစခဲ့တယ္။ ကူရာမဲ့စြာနဲ႔စတင္ေတြးေတာမိတာက သူ႔ရဲ႕မေကာင္းသတင္းေတြကမ်ားျပားလြန္းၿပီး မိသားစုကိုထိခိုက္ေစမိတာလား? ဒါမွမဟုတ္ သူခိုးကူးတဲ့ကိစၥမွာပါဝင္ေနတာက အားလုံးကိုသူကမေကာင္းတဲ့ကေလးတစ္ေယာက္လို႔ ထင္သြားေစခဲ့တာလား?

မေကာင္းတဲ့ခန္႔မွန္းမႈေတြက ဦးေႏွာက္ထဲမွာအမ်ိဳးမ်ိဳးျဖတ္ေျပးေနခဲ့ၿပီး သူ႔ကိုေျခမကိုင္လက္မကိုင္ျဖစ္ေစခဲ့တယ္။ အေမ့ကိုၾကည့္ေနတဲ့မ်က္ဝန္းေတြကလည္း စတင္ေဝဝါးလာရေတာ့တယ္။ ဝမ္းနည္းမိသလို ဘယ္လိုစကားစရမွန္းလည္းမသိဘူး။

ရွန္ယုံးကမတ္မတ္ထိုင္လိုက္တယ္။ သူကတစ္အိမ္လုံးမွာအရွိန္အဝါအႀကီးဆုံးျဖစ္ၿပီး ေလးေလးနက္နက္ေျပာလာခဲ့တယ္ "ဒီေလာက္ႀကီးတဲ့ကိစၥျဖစ္တာေတာင္ အိမ္နဲ႔မတိုင္ပင္ဘူး"

"မားႏိုင္ငံျခားေရာက္ေနေတာ့ သတင္းကသိပ္မေရာက္ဘူး မားမားကလည္း အႏုပညာေလာကနဲ႔ပတ္သက္တဲ့ အတင္းေတြၾကည့္ေလ့မရွိဘူး ရွန္ရွင္းခ်န္သာမားကိုမေျပာရင္ မားသိမွာေတာင္မဟုတ္ဘူး" ႐ႊီအန္းက်န္းေျပာတဲ့စကားထဲမွာ ေဒါသေတြလည္းပါသလို စိုးရိမ္မႈေတြလည္းပါဝင္ေနခဲ့တယ္ "ဒီကေလးကေတာ့ မားကိုေဒါသထြက္ၿပီးေသေစခ်င္ေနတာလား?"

ရွန္ရွင္းေဆြ႕ေၾကာင္အသြားရတယ္။

ရွန္ရွင္းခ်န္က ေဘးမွာထိုင္ေနၿပီးအမွတ္ဝင္ယူတယ္ "မား ဒါကြၽန္ေတာ့္ကိုေက်းဇူးတင္သင့္တယ္ေနာ္"

ရွန္မင္ေလာင္က မ်က္မွန္ကိုတြန္းတင္လိုက္ၿပီး "ကိုယ္ကအျပင္မွာအလုပ္ခရီးသြားေနလို႔ အခ်ိန္ကြာျခားခ်က္နဲ႔ေလယာဥ္စီးေနရတာနဲ႔ကိစၥေတြေၾကာင့္ ဒီေန႔မွရွန္ရွင္းခ်န္ေျပာတာသိရတာ ကိုယ့္အျပစ္ေတြပါ"

ရွန္ရွင္းေဆြ႕သူတို႔ကိုၾကည့္ၿပီး အလ်င္အျမန္ေျပာလိုက္တယ္ "မဟုတ္ပါဘူး မဟုတ္ပါဘူး တေကာ ဒါကဘယ္လိုလုပ္ေကာအျပစ္ျဖစ္မွာလဲ? ကြၽန္ေတာ္မေကာင္းတာပါ တကယ္ေတာ့ကြၽန္ေတာ္လည္း ေစာေစာေျဖရွင္းလိုက္ခ်င္တာပါ ၿပီးေတာ့လူထုအျမင္နဲ႔အတင္းအဖ်င္းေတြရွိေနရင္ ျပင္ပသုံးသပ္ခ်က္ေတြကလည္း အၿမဲမေကာင္းတတ္ဘူးလ မေတာ္လို႔အိမ္ကစီးပြားေရးကို သက္ေရာက္မႈတစ္ခုခုရွိသြားေစမိရင္မေကာင္းဘူးေလ ၿပီးေတာ့ အားလုံးလည္းဒီေလာက္အလုပ္ရႈပ္ေနၾကတာကို ကြၽန္ေတာ္ကမကူညီႏိုင္တဲ့အျပင္ ဒုကၡပါေပးမိေသးတယ္......"

____________________
Word – 3954
May 18, 2023(Thu)
Xiao Dream

Good night and sweet dreams guys!!

Continue Reading

You'll Also Like

42K 5.4K 6
နတ်ဆိုးလေးတစ်ကောင်က ကျင့်ကြံသူလေးရဲ့နောက်ကို တကောက်ကောက်လိုက်ပြီး သူနဲ့အိပ်ဖို့ ပြောနေတယ်။ I am just Translator and this precious story is not belong...
641K 19.5K 26
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
30.7K 3.6K 12
မြေခွေးငယ်‌ေလးနှင့် မင်းကြီးတို့၏ အချစ်ဇာတ်လမ်း ေျမေခြးငယ္ေလးႏွင့္ ‌မင္းႀကီးတို႔၏အခ်စ္ဇာတ္လမ္း Author(s) : 吕天逸 (Lu Tianyi) Associated Name : 狐妖篡位日常...