Unicode
အန်းရန်ရဲ့ခွန်အားက အဖွဲ့သားတွေနဲ့ကိုက်ညီတယ်
_____________________________________________
ရှန်ရှင်းဆွေ့ဖုန်းကိုကိုင်ထားရတာ လက်ပူစေတဲ့အာလူးပူပူတစ်လုံးကိုကိုင်ထားရသလိုပဲ။
ဝမ်မိန်စန့် သူ့ကိုစူးစမ်းစွာကြည့်နေခဲ့တယ်။ ရှန်ရှင်းဆွေ့လက်ကို နောက်နည်းနည်းပြန်ရုတ်လိုက်ပြီး ထစ်ထစ်အအနဲ့ပြောလာတယ် "ဝမ်ကျဲ ကျွန်တော်ကျဲကို ပေးမပြချင်တာမဟုတ်ပါဘူး ဒီအရံအကောင့်က ကျွန်တော်လည်းသိပ်မသုံးဘူးလေ ဒီနေ့ကိစ္စရှိတော့မှာပြန်သုံးဖြစ်တာဆိုတော့ ကျဲ......"
သူတကယ်ဆန္ဒမရှိဘူးဆိုတာ ဝမ်ကျဲသိလိုက်ရတယ်။
အစကတည်းက သူလည်းမဖြစ်မနေကြီး ကြည့်ရမှမဟုတ်ပါဘူး။ ဒါပေမဲ့ရှန်ရှင်းဆွေ့ရဲ့ ဒီလိုကွယ်လိုက်ဝှက်နေတဲ့ပုံစံမျိုးက သူရဲ့စူးစမ်းချင်စိတ်ကို နှိုးဆွပေးနေတယ်။ ဒါပေမဲ့မျက်စိရှေ့က အနုပညာရှင်ကတောင် ဒီလိုခုခံလာမှတော့ သူလည်းလူဆိုးလုပ်ဖို့ မသင့်တော်တော့ဘူး။
ဝမ်မိန်စန့်ပြုံးလိုက်ပြီး "ရပါတယ် မင်းမှာတကယ်ပဲအခက်အခဲရှိနေတာဆိုတော့လည်း ထားလိုက်ပါတော့"
ရှန်ရှင်းဆွေ့အဲဒီတော့မှ သက်ပြင်းချလိုက်နိုင်တော့တယ်!
အရံအကောင့်လေးဆီပြန်ရောက်တော့ အရင်ကအမှတ်တရတွေ အများကြီးပြန်တွေ့လိုက်ရတယ်။ သူနောက်ဆုံးတင်ထားတဲ့ပို့စ်က လွန်ခဲ့တဲ့နှစ်နှစ်တုန်းကဖြစ်တယ်။ အဲဒီအချိန်တုန်းက ဖုကျင်းရှောင်းနောက်တစ်ကြိမ် 'ရွှေဆုသုံးဆု'ရခဲ့တာဖြစ်တယ်။ သူကဂုဏ်ပြုဖို့အတွက် blogတစ်ခုတင်ခဲ့တာဖြစ်ပြီး အရမ်းဂုဏ်ယူမိနေခဲ့တယ်။ အောက်မှာလည်း သူနဲ့အတူဂုဏ်ပြုပေးခဲ့တဲ့ အင်တာနက်သုံးစွဲသူတွေရှိနေသေးတယ်။ မှတ်ချက်တော်တော်များများက လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်လောက်ကဖြစ်တယ်။ ဒါပေမဲ့ကြည့်ရတာတော့ မနေ့ကအတိုင်းပဲ :
"ကောကောကအတော်ဆုံးပဲ"
"သခင်မက ပထမဆုံးတင်လိမ့်မယ်ဆို ငါသိသားပဲ ဝူးဝူး"
"သူ့ကိုယ်သူနောက်တစ်ကြိမ် သက်သေပြနိုင်ခဲ့ပြန်ပြီ!"
အောက်မှာအဓိပ္ပာယ်မရှိဝင်ရေးကြတဲ့ သူတွေလည်းသေချာပေါက်ရှိတယ်။ သူတို့ရဲ့ရွဲ့တဲ့တဲ့စကားတွေက မိုးပျံနေပြီး စည်စည်ကားကားဖြစ်တာကို သဘောမကျတဲ့ပုံနဲ့ :
"မင်းတို့အိုင်ဒေါဆုရတာလေ မင်းတို့ဆုရတာမှမဟုတ်တာ"
"တစ်ချို့ဖန်တွေများ ရယ်စရာကောင်းလိုက်ကြတာ စိတ်လှုပ်ရှားနေတာများ ဟိုဟာလိုပဲ"
"မင်းတို့အိုင်ဒေါက သူတို့ရတဲ့ဂုဏ်တွေနဲ့ပိုက်ဆံကို မင်းတို့ကိုခွဲပေးလို့လား?"
"အန္တရာယ်ကြုံနေရင်လည်း မင်းတို့ကိုလာကယ်မှာမဟုတ်ဘူး"
ဟုတ်တယ်။ အိုင်ဒေါနဲ့မင်းနဲ့က မိုးကောင်းကင်နဲ့မြေကြီးထက်တောင် ဝေးသေးတယ်။ ဒါကြောင့်သူဘယ်လိုမှလာကယ်နိုင်မှာမဟုတ်ဘူး။ အိုင်ဒေါနောက်ကို အမှန်တကယ်လိုက်ဖူးတဲ့သူတွေမှသာ ဒီခံစားချက်ကိုနားလည်နိုင်မှာ။ တကယ်တော့ အိုင်ဒေါက တကယ်ကြီးပင်လယ်တွေဖြတ်၊ တောင်တွေကျော်ပြီး မင်းဘေးနားရောက်လာစရာမလိုဘူး။ သေးငယ်တဲ့နေ့ရက်တိုင်းမှာ သူကမင်းရှေ့ဆက်လျှောက်နိုင်အောင် ပံ့ပိုးပေးတဲ့အလင်းရောင်လေးဖြစ်နေရုံနဲ့တင် လုံလောက်လှပြီ။
ရှန်ရှင်းဆွေ့private messageကိုဖွင့်လိုက်တယ်။ သူ့ကိုဂရုစိုက်ပေးတဲ့ အင်တာနက်သူငယ်ချင်းတွေရဲ့ မေးမြန်းမှုတွေပြီးရင် အနီးဆုံးဖြစ်တဲ့private chatက ဖုကျင်းရှောင်းပဲဖြစ်တယ်။
သူဖုကျင်းရှောင်းကို အများကြီးပို့ခဲ့ဖူးတယ်။
Auto rely messageတွေလည်း အများကြီးလက်ခံခဲ့ရဖူးတယ်။
နောက်ဆုံးတော့......
ရှန်ရှင်းဆွေ့ messageအနည်းငယ်ကို ပွတ်ဆွဲသွားပြီးတော့မှ သီချင်းစာသားတစ်ခုကို ရှာတွေ့လိုက်တယ်။ အဲဒီစာရွက်ကသာမန်ဆန်စက္ကူလေးပဲဖြစ်တယ်။ အပေါ်မှာကတော့ လက်ရေးနဲ့ရေးထားတဲ့သီချင်းစာသားတွေဖြစ်တယ်။ ပထမအကြည့်တစ်ချက်မှာတင် အရမ်းရှုတ်ရှပ်ခတ်နေတာကို မြင်တွေ့နိုင်လေတယ်။ ဒါပေမဲ့လည်းဝေဝေဝါးဝါးလေးမြင်နိုင်နေတုန်းပဲဖြစ်တယ်။ နှမြောစရာက သူရေးထားတဲ့သီချင်းတွေက အရမ်းများလွန်းနေပြီး ဖုကျင်းရှောင်းကိုပို့ထားတဲ့ဒီအပုဒ်မဟုတ်နေခဲ့ဘူး။ အဲတာကြောင့် ဒီစာသားတွေကိုထုတ်ပြလိုက်ရင်တောင် သက်သေအဖြစ်လုပ်ပြီး ယုံကြည်မှုမရနိုင်သေးဘူး။
ရှန်ရှင်းဆွေ့လည်း ဘေးကင်းဖို့အတွက် ဝမ်မိန်စန့်ကိုအသံတိုးတိုးနဲ့ပြောလိုက်တယ် "ဝမ်ကျဲ ကျွန်တော့်ဒီမှာအရင်ကစာမူရှိတယ် ဒါပေမဲ့ကျန်ကျစ်ယူတဲ့ဟာတော့မဟုတ်ဘူး ဒါပေမဲ့ဒီစာမူကိုလည်း လုံးဝမသက်ဆိုင်ဘူးလို့တော့ပြောလို့မရဘူး ဘာလို့လဲဆိုတော့ ဒီသီချင်းရဲ့အခြေခံသံစဥ်နဲ့ အဲဒီသီချင်းနဲ့က အခြေခံအားဖြင့်သိပ်မကွာဘူး ပြီးတော့ ကျွန်တော်သီချင်းရေးရင် အကျင့်ဆိုးတစ်ခုရှိတယ် ကျွန်တော်ရေးနေကျသီချင်းတွေက ရှေးလူတွေသုံးကြတဲ့ကာရံ13ချက်ကိုသုံးတာမဟုတ်ဘူး တခြားအဆိုတော်တွေသီချင်းရေးချိန်မှာသုံးတဲ့ ကာရံ18ချက်နဲ့လည်းမတူဘူး ကျွန်တော်သီချင်းရေးရင် eiကာရံကိုသုံးတာ ဒီသီချင်းchorusနှစ်ပုဒ်ကလည်းဒီလိုပဲ ဒီထဲကသံစဥ်အလှည့်အပြောင်းတွေကလည်း ကျွန်တော့်စတိုင်တွေပဲ......"
ဝမ်မိန်စန့် ချက်ချင်းတက်ကြွလာတော့တယ် "ကျဲကြည့်ကြည့်မယ်"
ရှန်ရှင်းဆွေ့ ဓာတ်ပုံကိုဖုန်းထဲသိမ်းလိုက်ပြီးနောက် ဝမ်မိန်စန့်ဆီပို့ပေးလိုက်တယ်။
"ဆွေ့ဆွေ့... မင်းရဲ့ဒီလက်ရေးက......သော့လိုက်တာ" ဝမ်မိန်စန့် ကို့ရို့ကားရားနဲ့ပြုံးလိုက်မိတယ်။ ပြီးတော့အဓိကအချက်ကိုပဲ ပြောလိုက်တော့တယ် "အင်း တကယ်တော့ကျဲ စာသားတွေကိုသိပ်နားမလည်ဘူးရယ် မင်းဒီတိုင်းသာပြောလိုက်တော့ ဒီထဲကနေ သူမင်းဆီကနေယူထားတယ်ဆိုတဲ့ သက်သေရနိုင်လောက်လား?"
ရှန်ရှင်းဆွေ့ပြောလိုက်တယ် "ဒီထဲမှာကျွန်တော့်စတိုင်တွေအများကြီးရှိနေတာကို သူသတိမထားမိတာကြောင့်မလို့ သူနည်းနည်းလေးမှမပြင်လိုက်တာဖြစ်မယ် အဲတာကြောင့်ကျွန်တော့်အထင်တော့ တကယ်လို့ဒါကိုထုတ်ပြလိုက်မယ်ဆိုရင် နားလည်တဲ့သူတွေတော်တော်များများက မြင်နိုင်ကြမှာပဲ"
ဝမ်မိန်စန့်ချက်ချင်းပဲပြောလာခဲ့တယ် "ဒါဆိုလည်းတင်လိုက်ကြတာပေါ့! ကျဲတို့သူ့ကိုမကြောက်ဘူး!"
ရှန်ရှင်းဆွေ့ ဒါကိုကြားတော့ နှုတ်ခမ်းလေးကွေးကာ ပြုံးလိုက်မိတော့တယ်။
အရင်အခေါက်တွေနဲ့မတူဘဲ ဒီတစ်ခေါက်မှာတော့ သူဒီတိုင်းထားလိုက်ဖို့စဥ်းစားမထားဘူး။ သူအရင်ကကိစ္စတွေကို မလွှတ်ဘဲတွက်ကပ်နေမှာမဟုတ်ဘူး။ ဒါပေမဲ့တူညီစွာပဲ ကျန်ကျစ်ဆိုတဲ့ဒီသူခိုးကို ဥပဒေအပြင်မှာလွတ်မြောက်နေစေမှာမဟုတ်သလို သူ့ကိုယ်သူလည်း ဦးထုပ်အဆောင်းခံမှာမဟုတ်ဘူး။
စဥ်းစားနေရင်းနဲ့ပဲ အပြင်ဘက်ကနေ တံခါးတွန်းဖွင့်လာတဲ့အသံကြားလိုက်ရပြီး အခန်းထဲကလူတွေရဲ့အာရုံတွေကိုဆွဲဆောင်သွားခဲ့တယ်။
ရှန်ရှင်းဆွေ့နဲ့ဝမ်မိန်စန့်တို့ အတူတူလှည့်ကြည့်လိုက်မိကြတော့ တံခါးဝမှာထွက်ပေါ်လာတဲ့ ဖုကျင်းရှောင်းကို တွေ့လိုက်ရတယ်။ သူဝတ်ထားတာက ပုံမှန်အဝတ်အစားမျိုးမဟုတ်ဘဲ ဝိုင်နီရောင်အနောက်တိုင်းဝတ်စုံဖြစ်တယ်။ ဒီလိုအရောင်တောက်တောက်က ရုပ်ရှင်ဧကရာဇ်ဖုရဲ့ကိုယ်ပေါ်မှာ နည်းနည်းလေးတောင်မှ ကြောင်တောင်တောင်ဖြစ်မနေခဲ့ဘူး။ သွယ်လျတဲ့ခြေချောင်းတွေက တံခါးကနေဝင်ရောက်လာခဲ့တယ်။ ဖြည်းညင်းတဲ့လမ်းလျှောက်သံက အခန်းတွင်းကတိတ်ဆိတ်မှုကို ဖြိုခွဲလာခဲ့တယ်။ မီးရောင်တွေအောက်က ချောမောကြော့ရှင်းတဲ့အမျိုးသားက အခန်းတစ်ခုလုံးကို တောက်ပသွားအောင် အလင်းရောင်တွေပေးနေသလိုပဲ။
ဖုကျင်းရှောင်းကတော့ မျက်ခုံးနှစ်ခုအကြားနေရာကိုပွတ်လိုက်တယ်။ ခပ်နိမ့်နိမ့်ခပ်အက်အက်အသံနဲ့ "အကုန်လုံးရှိနေတာပဲ"
ဝမ်မိန်စန့်မတ်တပ်ရပ်လိုက်တယ် "ကောမနေ့ညကပဲ တခြားမြို့မှာပွဲတက်နေတာမဟုတ်ဘူးလား ဘယ်လိုလုပ်ဒီလောက်မြန်မြန်ကြီးပြန်ရောက်လာတာလဲ?"
"အင်း ပြီးသွားတာစောတော့ပြန်လာခဲ့တာ" ဖုကျင်းရှောင်း ဆိုဖာပေါ်တိုက်ရိုက်မှီချလိုက်တယ်။ သဘာဝအတိုင်းပဲ ရှန်ရှင်းဆွေ့ဘေးမှာထိုင်လိုက်တာဖြစ်တယ်။ သူ့ရဲ့ကိုယ်အလေးချိန်ကြောင့် ဆိုဖာကအိကျသွားကာ နှစ်ယောက်သားရဲ့အကွာအဝေးက တစ်ခဏလေးအတွင်းမှာတင် နီးကပ်လာခဲ့တယ်။ သူက "မင်းတို့ဒီဘက်မှာ အခြေနေဘယ်လိုရှိလဲ"
ဝမ်မိန်စန့် ရှန်ရှင်းဆွေ့ကိုတစ်ချက်ကြည့်ကာ ပြောလိုက်တယ် "PR teamဘက်ကို အကုန်ဆက်သွယ်ပြီးသွားပြီး ရေတပ်ဘက်ကိုလည်း အခြေအနေတွေဦးဆောင်သွားဖို့အတွက် စီစဥ်ပြီးသွားပြီ Weibo super topicနဲ့ guang chaoမှာလည်း ရှင်းလင်းပြီးသွားပြီ မကောင်းတဲ့hot searchတွေလည်း အားလုံးအောက်ကျလာပြီ အခုဆိုကျော်ကြားမှုအရှိန်က အတော်လေးလျော့နည်းသွားပြီ"
ဖုကျင်းရှောင်းခေါင်းညိတ်ကာ ရှန်ရှင်းဆွေ့ကိုတစ်ချက်ကြည့်လိုက်တယ်။
သူ့အကြည့်ကိုခံစားလိုက်ရတာကြောင့် ရှန်ရှင်းဆွေ့တစ်ကိုယ်လုံး ပုံစံပြောင်းသွားတော့တယ်။ မသိလိုက်ပါသာနဲ့ မတ်မတ်ပြင်ထိုင်လိုက်မိပြီး သူ့စိတ်ထဲမှာစိုးရိမ်မှုလေး နည်းနည်းပေါ်လာရတယ်။ ဖုကျင်းရှောင်း အင်တာနက်ပေါ်က အဲဒီအတင်းအဖျင်းတွေနားယောင်ပြီး သူ့ကိုခိုးကူးတဲ့သူလို့ ထင်သွားမှာကိုစိုးရိမ်နေမိတယ်။ အဲတာကြောင့်စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ် "ဖုလောင်ရှီး ကျွန်တော်သူ့ဆီကနေကူးတာမဟုတ်ပါဘူး သူ......သူကျွန်တော့်ရဲ့စာမူကိုယူသွားတာပါ"
ဖုကျင်းရှောင်းမျက်ခုံးပင့်လိုက်မိတယ်။ သူရယ်လည်းရယ်ချင်မိသလို သနားလည်းသနားမိတယ်။ အမျိုးသားကဖြည်းညင်းစွာပြောလိုက်တယ် "မင်းရှင်းပြစရာမလိုပါဘူး သတင်းတွေတွေ့ကတည်းက ကိုယ်ခန့်မှန်းမိလိုက်ပါတယ်"
ရှန်ရှင်းဆွေ့ အခုအခါမှာတော့ တကယ်အံ့အားသင့်သွားရတော့တယ် "လောင်ရှီးဘယ်လိုသိတာလဲ?"
"အဖြေကအရှင်းကြီးပဲမဟုတ်လား?" ဖုကျင်းရှောင်းရဲ့သွယ်လျတဲ့ခြေထောက်တွေက ချိတ်ထားလျက်ရှိတယ်။ လက်တံရှည်တွေကိုတော့ ဆိုဖာကျောမှီပေါ်တင်ထားတယ်။ ပျင်းရိနေတဲ့ကိုယ်နေဟန်ထားနဲ့ လေသံထဲမှာလည်း သရော်သံတွေပါဝင်နေတယ် "ကျန်ကျစ်လိုအရည်အချင်းမရှိတဲ့သူမျိုးက အဲဒီလိုနိမ့်ကျတဲ့လုပ်ရပ်တွေနဲ့ အိမ်ကပိုက်ဆံတွေကို အားကိုးနေတာကြောင့်သာမဟုတ်ရင် ဘယ်လိုလုပ်ပြီးဒီနေ့ထိရောက်လာနိုင်ပါ့မလဲ?"
"......"
အခန်းထဲတိတ်ဆိတ်သွားရတယ်။
ဘယ်သူမှချေပမလာကြဘူး။ ဝမ်မိန်စန့်က နှုတ်ခမ်းတွန့်ကွေးကာ ပြုံးတောင်ပြုံးလိုက်သေးတယ်။ သိက္ခာထိန်းရဦးမှာတွေ ရှိနေသေးတာကြောင့်သာမဟုတ်ရင် လက်ခုပ်လက်ဝါးတီးပြီးတောင် ချီးကျူးနေလိုက်ဦးမှာဖြစ်တယ်။
ရှန်ရှင်းဆွေ့အရင်ကတော့ ကောကောကိုအရမ်းတော်တယ်လို့ထင်ခဲ့မိတယ်။ ဒါပေမဲ့ဘာကြောင့်မှန်းမသိ ဖုကျင်းရှောင်း ကျန်ကျစ်ကိုဒီလိုဝေဖန်လာချိန်မှာတော့ သူဘာမှမှားနေတယ်လို့မခံစားခဲ့ရဘူး။ ဒါအပြင် ဒီနယ်ပယ်ထဲမှာ သူ့ကိုအကဲဖြတ်ဝေဖန်ဖို့ အရည်အချင်းအရှိဆုံးသူက ဖုကျင်းရှောင်းပဲလို့တောင် ခံစားမိလိုက်သေးတယ်။
တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲလည်း သက်တောင့်သက်သာဖြစ်သွားရတယ်။
အထင်လွဲမခံရတဲ့ခံစားချက်က အရမ်းကောင်းတာပဲ။ ကိစ္စတွေဖြစ်သွားပြီးနောက်မှာ သူအရမ်းစိတ်လှုပ်ရှားနေခဲ့တယ်။ သူ့ဘေးကသူတွေ သူ့အပေါ်အထင်လွဲသွားမှာကို စိတ်ပူနေခဲ့တယ်။ ဒါပေမဲ့အားလုံးအထင်မလွဲခဲ့ကြဘူး။ ရှန်ရှင်းချန်ကခွဲခြားမှုမရှိ သူ့ကိုယုံကြည်ခဲ့တယ်။ သူ့ဘေးနားကမိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အေးဂျင့်ကလည်း တွေဝေမှုမရှိ သူ့ဖက်မှာရပ်တည်ဖို့ ရွေးချယ်ခဲ့ကြတယ်။
ဒီခံစားချက်က......တကယ်ကောင်းလွန်းတယ်။
ဝမ်မိန်စန့်ရေတစ်ခွက်ငှဲ့ပြီး ဖုကျင်းရှောင်းကိုပေးလိုက်တယ်။ သူက "အခုချိန်မှာအခက်ခဲဆုံးကတော့ အချိန်ကွာခြားချက်ပဲ လွန်ခဲ့တဲ့နှစ်တွေကကိစ္စဆိုတော့ တုံ့ပြန်ဖို့ခိုင်လုံတဲ့သက်သေယူလာပြဖို့ မရှိဘူးဖြစ်နေတာ ကျန်ကျစ်တို့ဘက်က ဒီအခွင့်အရေးကိုသုံးပြီး ဆောင်းပါးအကြီးကြီးရေးလိုက်ရင် ပြဿနာတက်မှာကြောက်ရတာပဲ"
ရှန်ရှင်းဆွေ့နားထောင်နေရင်းနဲ့ စိတ်ထဲနေရခက်လာကာ "ကျွန်တော့်အပြစ်တွေပါ အဲဒီတုန်းကတခြားဘာသက်သေမှ ချန်မထားမိခဲ့ဘူး"
ဝမ်မိန်စန့်ချက်ချင်းပဲ သူ့ကိုနှစ်သိမ့်လာတယ် "ဆွေ့ဆွေ့ ဒါကဘယ်လိုလုပ်ပြီးမင်းအပြစ်ဖြစ်မှာလဲ အဲဒီမကောင်းတာလုပ်တဲ့သူတွေရဲ့အပြစ်လေ သူတို့ကိုယ်ကမျက်နှာပြောင်တိုက်လွန်းတာ မင်းနည်းနည်းလေးမှမမှားပါဘူး"
ဒါပေမဲ့ အခန်းထဲမှာဝန်းရံနေတဲ့ လေဖိအားနည်းမှုက ပျောက်ကွယ်မသွားခဲ့ဘူး။
အဲဒီအချိန်မှာပဲ စောနကစလို့တစ်လျှောက်လုံး စကားမပြောတဲ့ဖုကျင်းရှောင်းက လက်ထဲမှာရေခွက်ကိုကစားနေတယ်။ သူနည်းနည်းလေးမှစိတ်ပူမနေဘဲ ပါးစပ်ဖွင့်ဟကာ ဖြည်းဖြည်းပြောလာတယ် "ဘာတွေအလုပ်ရှုပ်ခံနေမှာလဲ သူအချိန်ရလို့ဆောင်းပါးရေးပစ်မှာစိတ်ပူတယ်ဆိုရင် သူ့ကိုအချိန်မရှိအောင်လုပ်လိုက်ရင် ရပြီမဟုတ်လား?"
ဝမ်မိန်စန့်ကြောင်သွားရတယ်။
သူသံသယဖြစ်စွာနဲ့ ဖုကျင်းရှောင်းကိုကြည့်လိုက်တယ်။ မဲမှောင်နက်ရှိုင်းတဲ့မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံလိုက်ရချိန်မှာတော့ ရုတ်တရက်ကြီးတစ်ခုခုကိုနားလည်သွားရသလိုပဲ။
အနုပညာနယ်ပယ်ထဲမှာ နှစ်တွေအကြာကြီးကျင်လည်လာခဲ့ပေမဲ့ တခါတရံမှာ ဖုကျင်းရှောင်းရဲ့အကြံအစည်တွေကြောင့် သူအံ့အားသင့်ရဆဲဖြစ်တယ်။ ဒီလူကဉာဏ်ကောင်းရုံတင်မကဘဲ ရန်သူကိုလည်းတိုက်ရိုက်လည်း တိုက်ခိုက်တတ်သေးတယ်။
ဝမ်မိန်စန့်တွန့်ဆုတ်စွာနဲ့ "ကောပြောချင်တာက?"
"အင်း" ဖုကျင်းရှောင်းစားပွဲပေါ်က အသီးခြင်းထဲကလိမ္မော်သီးကိုအခွံခွာရင်း "ကျန်ကျစ်ဒီနှစ်တွေမှာ သူခိုးလုပ်ရတာကိုစွဲလမ်းလာခဲ့တာ အဆိုတော်တွေဘယ်လောက်များများရဲ့ ဖန်တီးမှုတွေကိုဝယ်ပြီး သူ့နာမည်အောက်သွင်းလိုက်လဲဆိုတာ သူကိုယ်တိုင်တောင်မမှတ်မိလောက်တော့ဘူးမဟုတ်လား?"
ရှန်ရှင်းဆွေ့ဘေးမှာ ထိုင်နားထောင်ရင်းကနေ ဒီသတင်းထူးကိုကြားလိုက်ရချိန်မှာ အံ့အားသင့်ရပြန်တယ်။
ဖုကျင်းရှောင်း အခွံခွာပြီးသွားတဲ့လိမ္မော်သီးကို ရှန်ရှင်းဆွေ့လက်ထဲထည့်ပေးလိုက်ပြီး ပါးစပ်ဖျားကအပြုံးက ပိုလို့နက်ရှိုင်းသွားခဲ့တယ်။ အဲဒီမျက်ဝန်းတွေထဲမှာတော့ ကွယ်ဝှက်ထားခြင်းမရှိတဲ့ အမုန်းတရားတွေနဲ့ဖြစ်တယ် "သူ့ကိုပြန်ပြီးအမှတ်ရအောင် ကူညီပေးလိုက်ရင်ရော ဘယ်လိုလဲ?"
...
အခုအချိန်ကဆောင်းတွင်းရောက်နေပြီဖြစ်ကာ အခန်းတွင်းအပူချိန်ကလည်း အနည်းငယ်အေးလျက်ရှိတယ်။ ဒါပေမဲ့အေးခဲတဲ့အဆင့်ထိတော့ မရောက်သေးလေဘူး။ ဒါပေမဲ့ ဖုကျင်းရှောင်းရဲ့စကားသံပြီးဆုံးသွားတဲ့နောက် ကီလိုမီတာပေါင်းအများကြီးဝေးတဲ့ ကျန်ကျစ်ဆီမှာ နေ့ခင်းကြောင်တောင်ကြီး အအေးတိုက်ပွဲဖြစ်ပွားခဲ့ရတယ်။
...
မွန်းတည့်အချိန်
Weiboမှာ ကျန်ကျစ်နဲ့ရှန်ရှင်းဆွေ့တို့ရဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆူညံနေကြဆဲဖြစ်တယ်။
တခြားအကြောင်းအရင်းကြောင့်မဟုတ်ဘဲ ကျန်ကျစ်ရဲ့ဖန်တွေကဝီရိယရှိစွာနဲ့ ရှန်ရှင်းဆွေ့ရဲ့super topicနဲ့ Weiboဆီအပြေးသွားကြပြီး တိုက်ပွဲဝင်နေလို့ဖြစ်တယ်။ ဒါအပြင်ရှန်ရှင်းဆွေ့ရဲ့ဖန်တွေကိုတောင် အပြစ်ရှာနေလိုက်ကြသေးလေတယ်။
မွန်းလွဲချိန်ရောက်တော့ ရှန်ရှင်းဆွေ့ပို့စ်အသစ်တင်လိုက်ပြီး အရင်ဗားရှင်းရဲ့သီချင်းစာသားကို တင်ပေးလိုက်တယ်။ ဒါအပြင် သူဖျော်ဖြေထားတဲ့အပိုင်းအစလေးကိုပါ ထည့်သွင်းလိုက်သေးတယ်။ ဒီသီချင်းကသူလွန်ခဲ့တဲ့နှစ်များစွာတုန်းက ဖန်တီးထားတာဖြစ်တယ်။ ဒါပေမဲ့ အံ့သြစရာက ကျန်ကျစ်ရဲ့အဲဒီသံစဥ်နဲ့ တွဲဖက်နိုင်ခဲ့တာဖြစ်တယ်။ ဒါအပြင် ရှန်ရှင်းဆွေ့ရဲ့ကိုယ်ပိုင်ရှင်းလင်းချက်ပါ,ပါဝင်တဲ့ ဒီပို့စ်တင်လိုက်ချိန်မှာ ကျန်ကျစ်ရဲ့ကျော်ကြားမှုအတိုင်း ချက်ချင်းပဲhot searchဝင်သွားတော့တယ်။
ဝမ်မိန်စန့်ရဲ့PR teamက ပထမဆုံးအချိန်မှာပဲ ကွင်းဆင်းကာသုံးသပ်ချက်တွေထိန်းချုပ်လိုက်ပြီး အသာစီးရယူလိုက်တယ် :
"မူရင်းသံစဥ်နဲ့chorusအပိုဒ်ကမှ ပြီးပြည့်စုံတဲ့သီချင်းတစ်ပုဒ်ပဲ"
"ကျန်ကျစ်ရဲ့အဲဒီတုန်းကသီချင်းက chorusအပိုဒ်မိုက်လွန်းနေတာကလွဲရင် တခြားနေရာတွေအားလုံးကသာမန်ပဲ"
"ဘယ်သူမှထူးဆန်းနေတာကို သတိမထားမိကြဘူးလား ရှန်ရှင်းဆွေ့သာတကယ်လို့ အမှန်တကယ်ခိုးကူးမယ်ဆိုရင် သူပေါ်သွားမှာကိုသူမသိဘူးလား ပုံမှန်လူတွေက သူ့ကိုယ်သူအဆဲခံရအောင်လုပ်ပါ့မလား?"
အရှေ့မှာသက်သေပြလာတဲ့သူတွေရှိလာတော့ တစ်ချို့အင်တာနက်သုံးစွဲသူတွေကလည်း နည်းနည်းဆင်ခြင်တုံတရားရှိလာကြတယ် :
"ဆွေ့ဆွေ့ရဲ့သီချင်းက တကယ်ပဲသူ့ကိုယ်ပိုင်စတိုင်ရှိတယ်"
"သူ့ရဲ့သံစဥ်တွေက တခါတလေမှာ တစ်ချက်နားထောင်လိုက်တာနဲ့ သူ့ဟာမှန်းသိသာတယ်"
"ဟားဟားဟား ဟုတ်တယ် သူကအမြဲတမ်းeiကာရံနဲ့အဆုံးသတ်တာ"
"ပြီးတော့အလယ်ပိုင်းမှာတကယ်ပဲ ကာရံမညီဘဲသံစဥ်လွဲနေတဲ့နေရာရှိတယ် ငါအစတုန်းကစဥ်းစားနေတာ ကျန်ကျစ်လိုမျိုး ရင့်ကျက်နေတဲ့အဆိုတော်က ဘယ်လိုလုပ်ပြီးဒီလိုအမှားမျိုးလုပ်ရပါလိမ့်လို့ပေါ့ လက်စသတ်တော့တိတိဟာကူးထားတာကိုး"
အခုချိန်ရောက်လာတော့ ရှန်ရှင်းဆွေ့ကိုလှောင်ပြောင်နေကြတဲ့သူတွေ တဖြည်းဖြည်းနဲ့အများကြီးလျော့ကျသွားခဲ့တယ်။
ဒါပေမဲ့ကျန်ကျစ်ရဲ့ဖန်တွေကတော့ လုံးဝမယုံကြည်ကြသေးဘူး။ ဒါအပြင်စတင်ပြီးတောင်ကဲ့ရဲ့လာကြတယ် :
"ဒါကခိုင်မာတဲ့သက်သေဆိုတာလား?"
"ငါဘယ်ကလာမှန်းမသိတဲ့ဂီတနုတ်တွေယူပြီး ငါလည်းငါ့ဟာပါလို့ပြောမယ်လေ"
"ငါတို့ကောကောရဲ့ကျော်ကြားမှုကို ခုတုံးလုပ်ချင်နေတာမဟုတ်လား?"
ဒါပေမဲ့အရင်ကနဲ့မတူတော့တာက ကျန်ကျစ်ကိုထောက်ခံတဲ့သူတွေက အရင်ကလောက်မများတော့တာပဲ။
အားလုံးဆွေးနွေးနေကြတဲ့အချိန်မှာပဲ အန်းရန်ပို့စ်အသစ်တင်လာတာကို တစ်ယောက်ကသတိပြုမိသွားခဲ့တယ်။ သူကWeiboမှာ အဖွဲ့လိုက်ဓာတ်ပုံတစ်ခုတင်ထားတာဖြစ်တယ်။ ညလယ်ခေါင်အချိန်ဖြစ်ပြီး အနောက်ကကျန်ကျစ်နဲ့ဖြစ်တယ်။ အဲဒီသူကမိုးလင်းချိန်လောက်ထိ စားပွဲပေါ်ခေါင်းငုံ့နေပြီး ဂီတာကိုပိုက်ကာသီချင်းရေးနေခဲ့တယ်။ ဘေးပတ်လည်မှာလည်း အသုံးမလိုတော့တဲ့စာမူတွေအများကြီးရှိနေခဲ့တယ်။
အန်းရန်ကစာနဲ့တွဲတင်ထားတာဖြစ်တယ် : ကောကောတစ်လျှောက်လုံးအရမ်းကြိုးစားနေခဲ့တာ။
____________________
Word - 4276
May 11, 2023(Thu)
Xiao Dream
ဖုကျင်းရှောင်းရတဲ့ 'ရွှေဆုသုံးဆု'ဆိုတာက Golden Rooster Award, Hong Kong Film Award, Taiwan Film Golden Horse Award ဆိုတဲ့ ဆုသုံးဆုလုံး ရထားတာပါတဲ့။
Dreamက သီချင်းတွေနဲ့ပတ်သက်ပြီး ဘာမှမသိတာမလို့ ဖတ်ရတာထောက်နေတာမျိုးရှိခဲ့ရင် တောင်းပန်ပါတယ်နော်။ ပြင်စေချင်တဲ့စကားလုံးရှိရင်လည်းပြောခဲ့ပါ။ ပြင်ပေးပါမယ်နော်။
Zawgyi
အန္းရန္ရဲ႕ခြန္အားက အဖြဲ႕သားေတြနဲ႔ကိုက္ညီတယ္
_____________________________________________
ရွန္ရွင္းေဆြ႕ဖုန္းကိုကိုင္ထားရတာ လက္ပူေစတဲ့အာလူးပူပူတစ္လုံးကိုကိုင္ထားရသလိုပဲ။
ဝမ္မိန္စန္႔ သူ႔ကိုစူးစမ္းစြာၾကည့္ေနခဲ့တယ္။ ရွန္ရွင္းေဆြ႕လက္ကို ေနာက္နည္းနည္းျပန္႐ုတ္လိုက္ၿပီး ထစ္ထစ္အအနဲ႔ေျပာလာတယ္ "ဝမ္က်ဲ ကြၽန္ေတာ္က်ဲကို ေပးမျပခ်င္တာမဟုတ္ပါဘူး ဒီအရံအေကာင့္က ကြၽန္ေတာ္လည္းသိပ္မသုံးဘူးေလ ဒီေန႔ကိစၥရွိေတာ့မွာျပန္သုံးျဖစ္တာဆိုေတာ့ က်ဲ......"
သူတကယ္ဆႏၵမရွိဘူးဆိုတာ ဝမ္က်ဲသိလိုက္ရတယ္။
အစကတည္းက သူလည္းမျဖစ္မေနႀကီး ၾကည့္ရမွမဟုတ္ပါဘူး။ ဒါေပမဲ့ရွန္ရွင္းေဆြ႕ရဲ႕ ဒီလိုကြယ္လိုက္ဝွက္ေနတဲ့ပုံစံမ်ိဳးက သူရဲ႕စူးစမ္းခ်င္စိတ္ကို ႏႈိးဆြေပးေနတယ္။ ဒါေပမဲ့မ်က္စိေရွ႕က အႏုပညာရွင္ကေတာင္ ဒီလိုခုခံလာမွေတာ့ သူလည္းလူဆိုးလုပ္ဖို႔ မသင့္ေတာ္ေတာ့ဘူး။
ဝမ္မိန္စန္႔ၿပဳံးလိုက္ၿပီး "ရပါတယ္ မင္းမွာတကယ္ပဲအခက္အခဲရွိေနတာဆိုေတာ့လည္း ထားလိုက္ပါေတာ့"
ရွန္ရွင္းေဆြ႕အဲဒီေတာ့မွ သက္ျပင္းခ်လိုက္ႏိုင္ေတာ့တယ္!
အရံအေကာင့္ေလးဆီျပန္ေရာက္ေတာ့ အရင္ကအမွတ္တရေတြ အမ်ားႀကီးျပန္ေတြ႕လိုက္ရတယ္။ သူေနာက္ဆုံးတင္ထားတဲ့ပို႔စ္က လြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းကျဖစ္တယ္။ အဲဒီအခ်ိန္တုန္းက ဖုက်င္းေရွာင္းေနာက္တစ္ႀကိမ္ 'ေ႐ႊဆုသုံးဆု'ရခဲ့တာျဖစ္တယ္။ သူကဂုဏ္ျပဳဖို႔အတြက္ blogတစ္ခုတင္ခဲ့တာျဖစ္ၿပီး အရမ္းဂုဏ္ယူမိေနခဲ့တယ္။ ေအာက္မွာလည္း သူနဲ႔အတူဂုဏ္ျပဳေပးခဲ့တဲ့ အင္တာနက္သုံးစြဲသူေတြရွိေနေသးတယ္။ မွတ္ခ်က္ေတာ္ေတာ္မ်ားမ်ားက လြန္ခဲ့တဲ့ႏွစ္ႏွစ္၊ သုံးႏွစ္ေလာက္ကျဖစ္တယ္။ ဒါေပမဲ့ၾကည့္ရတာေတာ့ မေန႔ကအတိုင္းပဲ :
"ေကာေကာကအေတာ္ဆုံးပဲ"
"သခင္မက ပထမဆုံးတင္လိမ့္မယ္ဆို ငါသိသားပဲ ဝူးဝူး"
"သူ႔ကိုယ္သူေနာက္တစ္ႀကိမ္ သက္ေသျပႏိုင္ခဲ့ျပန္ၿပီ!"
ေအာက္မွာအဓိပၸာယ္မရွိဝင္ေရးၾကတဲ့ သူေတြလည္းေသခ်ာေပါက္ရွိတယ္။ သူတို႔ရဲ႕႐ြဲ႕တဲ့တဲ့စကားေတြက မိုးပ်ံေနၿပီး စည္စည္ကားကားျဖစ္တာကို သေဘာမက်တဲ့ပုံနဲ႔ :
"မင္းတို႔အိုင္ေဒါဆုရတာေလ မင္းတို႔ဆုရတာမွမဟုတ္တာ"
"တစ္ခ်ိဳ႕ဖန္ေတြမ်ား ရယ္စရာေကာင္းလိုက္ၾကတာ စိတ္လႈပ္ရွားေနတာမ်ား ဟိုဟာလိုပဲ"
"မင္းတို႔အိုင္ေဒါက သူတို႔ရတဲ့ဂုဏ္ေတြနဲ႔ပိုက္ဆံကို မင္းတို႔ကိုခြဲေပးလို႔လား?"
"အႏၲရာယ္ႀကဳံေနရင္လည္း မင္းတို႔ကိုလာကယ္မွာမဟုတ္ဘူး"
ဟုတ္တယ္။ အိုင္ေဒါနဲ႔မင္းနဲ႔က မိုးေကာင္းကင္နဲ႔ေျမႀကီးထက္ေတာင္ ေဝးေသးတယ္။ ဒါေၾကာင့္သူဘယ္လိုမွလာကယ္ႏိုင္မွာမဟုတ္ဘူး။ အိုင္ေဒါေနာက္ကို အမွန္တကယ္လိုက္ဖူးတဲ့သူေတြမွသာ ဒီခံစားခ်က္ကိုနားလည္ႏိုင္မွာ။ တကယ္ေတာ့ အိုင္ေဒါက တကယ္ႀကီးပင္လယ္ေတြျဖတ္၊ ေတာင္ေတြေက်ာ္ၿပီး မင္းေဘးနားေရာက္လာစရာမလိုဘူး။ ေသးငယ္တဲ့ေန႔ရက္တိုင္းမွာ သူကမင္းေရွ႕ဆက္ေလွ်ာက္ႏိုင္ေအာင္ ပံ့ပိုးေပးတဲ့အလင္းေရာင္ေလးျဖစ္ေန႐ုံနဲ႔တင္ လုံေလာက္လွၿပီ။
ရွန္ရွင္းေဆြ႕private messageကိုဖြင့္လိုက္တယ္။ သူ႔ကိုဂ႐ုစိုက္ေပးတဲ့ အင္တာနက္သူငယ္ခ်င္းေတြရဲ႕ ေမးျမန္းမႈေတြၿပီးရင္ အနီးဆုံးျဖစ္တဲ့private chatက ဖုက်င္းေရွာင္းပဲျဖစ္တယ္။
သူဖုက်င္းေရွာင္းကို အမ်ားႀကီးပို႔ခဲ့ဖူးတယ္။
Auto rely messageေတြလည္း အမ်ားႀကီးလက္ခံခဲ့ရဖူးတယ္။
ေနာက္ဆုံးေတာ့......
ရွန္ရွင္းေဆြ႕ messageအနည္းငယ္ကို ပြတ္ဆြဲသြားၿပီးေတာ့မွ သီခ်င္းစာသားတစ္ခုကို ရွာေတြ႕လိုက္တယ္။ အဲဒီစာ႐ြက္ကသာမန္ဆန္စကၠဴေလးပဲျဖစ္တယ္။ အေပၚမွာကေတာ့ လက္ေရးနဲ႔ေရးထားတဲ့သီခ်င္းစာသားေတြျဖစ္တယ္။ ပထမအၾကည့္တစ္ခ်က္မွာတင္ အရမ္းရႈတ္ရွပ္ခတ္ေနတာကို ျမင္ေတြ႕ႏိုင္ေလတယ္။ ဒါေပမဲ့လည္းေဝေဝဝါးဝါးေလးျမင္ႏိုင္ေနတုန္းပဲျဖစ္တယ္။ ႏွေျမာစရာက သူေရးထားတဲ့သီခ်င္းေတြက အရမ္းမ်ားလြန္းေနၿပီး ဖုက်င္းေရွာင္းကိုပို႔ထားတဲ့ဒီအပုဒ္မဟုတ္ေနခဲ့ဘူး။ အဲတာေၾကာင့္ ဒီစာသားေတြကိုထုတ္ျပလိုက္ရင္ေတာင္ သက္ေသအျဖစ္လုပ္ၿပီး ယုံၾကည္မႈမရႏိုင္ေသးဘူး။
ရွန္ရွင္းေဆြ႕လည္း ေဘးကင္းဖို႔အတြက္ ဝမ္မိန္စန္႔ကိုအသံတိုးတိုးနဲ႔ေျပာလိုက္တယ္ "ဝမ္က်ဲ ကြၽန္ေတာ့္ဒီမွာအရင္ကစာမူရွိတယ္ ဒါေပမဲ့က်န္က်စ္ယူတဲ့ဟာေတာ့မဟုတ္ဘူး ဒါေပမဲ့ဒီစာမူကိုလည္း လုံးဝမသက္ဆိုင္ဘူးလို႔ေတာ့ေျပာလို႔မရဘူး ဘာလို႔လဲဆိုေတာ့ ဒီသီခ်င္းရဲ႕အေျခခံသံစဥ္နဲ႔ အဲဒီသီခ်င္းနဲ႔က အေျခခံအားျဖင့္သိပ္မကြာဘူး ၿပီးေတာ့ ကြၽန္ေတာ္သီခ်င္းေရးရင္ အက်င့္ဆိုးတစ္ခုရွိတယ္ ကြၽန္ေတာ္ေရးေနက်သီခ်င္းေတြက ေရွးလူေတြသုံးၾကတဲ့ကာရံ13ခ်က္ကိုသုံးတာမဟုတ္ဘူး တျခားအဆိုေတာ္ေတြသီခ်င္းေရးခ်ိန္မွာသုံးတဲ့ ကာရံ18ခ်က္နဲ႔လည္းမတူဘူး ကြၽန္ေတာ္သီခ်င္းေရးရင္ eiကာရံကိုသုံးတာ ဒီသီခ်င္းchorusႏွစ္ပုဒ္ကလည္းဒီလိုပဲ ဒီထဲကသံစဥ္အလွည့္အေျပာင္းေတြကလည္း ကြၽန္ေတာ့္စတိုင္ေတြပဲ......"
ဝမ္မိန္စန္႔ ခ်က္ခ်င္းတက္ႂကြလာေတာ့တယ္ "က်ဲၾကည့္ၾကည့္မယ္"
ရွန္ရွင္းေဆြ႕ ဓာတ္ပုံကိုဖုန္းထဲသိမ္းလိုက္ၿပီးေနာက္ ဝမ္မိန္စန္႔ဆီပို႔ေပးလိုက္တယ္။
"ေဆြ႕ေဆြ႕... မင္းရဲ႕ဒီလက္ေရးက......ေသာ့လိုက္တာ" ဝမ္မိန္စန္႔ ကို႔႐ို႕ကားရားနဲ႔ၿပဳံးလိုက္မိတယ္။ ၿပီးေတာ့အဓိကအခ်က္ကိုပဲ ေျပာလိုက္ေတာ့တယ္ "အင္း တကယ္ေတာ့က်ဲ စာသားေတြကိုသိပ္နားမလည္ဘူးရယ္ မင္းဒီတိုင္းသာေျပာလိုက္ေတာ့ ဒီထဲကေန သူမင္းဆီကေနယူထားတယ္ဆိုတဲ့ သက္ေသရႏိုင္ေလာက္လား?"
ရွန္ရွင္းေဆြ႕ေျပာလိုက္တယ္ "ဒီထဲမွာကြၽန္ေတာ့္စတိုင္ေတြအမ်ားႀကီးရွိေနတာကို သူသတိမထားမိတာေၾကာင့္မလို႔ သူနည္းနည္းေလးမွမျပင္လိုက္တာျဖစ္မယ္ အဲတာေၾကာင့္ကြၽန္ေတာ့္အထင္ေတာ့ တကယ္လို႔ဒါကိုထုတ္ျပလိုက္မယ္ဆိုရင္ နားလည္တဲ့သူေတြေတာ္ေတာ္မ်ားမ်ားက ျမင္ႏိုင္ၾကမွာပဲ"
ဝမ္မိန္စန္႔ခ်က္ခ်င္းပဲေျပာလာခဲ့တယ္ "ဒါဆိုလည္းတင္လိုက္ၾကတာေပါ့! က်ဲတို႔သူ႔ကိုမေၾကာက္ဘူး!"
ရွန္ရွင္းေဆြ႕ ဒါကိုၾကားေတာ့ ႏႈတ္ခမ္းေလးေကြးကာ ၿပဳံးလိုက္မိေတာ့တယ္။
အရင္အေခါက္ေတြနဲ႔မတူဘဲ ဒီတစ္ေခါက္မွာေတာ့ သူဒီတိုင္းထားလိုက္ဖို႔စဥ္းစားမထားဘူး။ သူအရင္ကကိစၥေတြကို မလႊတ္ဘဲတြက္ကပ္ေနမွာမဟုတ္ဘူး။ ဒါေပမဲ့တူညီစြာပဲ က်န္က်စ္ဆိုတဲ့ဒီသူခိုးကို ဥပေဒအျပင္မွာလြတ္ေျမာက္ေနေစမွာမဟုတ္သလို သူ႔ကိုယ္သူလည္း ဦးထုပ္အေဆာင္းခံမွာမဟုတ္ဘူး။
စဥ္းစားေနရင္းနဲ႔ပဲ အျပင္ဘက္ကေန တံခါးတြန္းဖြင့္လာတဲ့အသံၾကားလိုက္ရၿပီး အခန္းထဲကလူေတြရဲ႕အာ႐ုံေတြကိုဆြဲေဆာင္သြားခဲ့တယ္။
ရွန္ရွင္းေဆြ႕နဲ႔ဝမ္မိန္စန္႔တို႔ အတူတူလွည့္ၾကည့္လိုက္မိၾကေတာ့ တံခါးဝမွာထြက္ေပၚလာတဲ့ ဖုက်င္းေရွာင္းကို ေတြ႕လိုက္ရတယ္။ သူဝတ္ထားတာက ပုံမွန္အဝတ္အစားမ်ိဳးမဟုတ္ဘဲ ဝိုင္နီေရာင္အေနာက္တိုင္းဝတ္စုံျဖစ္တယ္။ ဒီလိုအေရာင္ေတာက္ေတာက္က ႐ုပ္ရွင္ဧကရာဇ္ဖုရဲ႕ကိုယ္ေပၚမွာ နည္းနည္းေလးေတာင္မွ ေၾကာင္ေတာင္ေတာင္ျဖစ္မေနခဲ့ဘူး။ သြယ္လ်တဲ့ေျခေခ်ာင္းေတြက တံခါးကေနဝင္ေရာက္လာခဲ့တယ္။ ျဖည္းညင္းတဲ့လမ္းေလွ်ာက္သံက အခန္းတြင္းကတိတ္ဆိတ္မႈကို ၿဖိဳခြဲလာခဲ့တယ္။ မီးေရာင္ေတြေအာက္က ေခ်ာေမာေၾကာ့ရွင္းတဲ့အမ်ိဳးသားက အခန္းတစ္ခုလုံးကို ေတာက္ပသြားေအာင္ အလင္းေရာင္ေတြေပးေနသလိုပဲ။
ဖုက်င္းေရွာင္းကေတာ့ မ်က္ခုံးႏွစ္ခုအၾကားေနရာကိုပြတ္လိုက္တယ္။ ခပ္နိမ့္နိမ့္ခပ္အက္အက္အသံနဲ႔ "အကုန္လုံးရွိေနတာပဲ"
ဝမ္မိန္စန္႔မတ္တပ္ရပ္လိုက္တယ္ "ေကာမေန႔ညကပဲ တျခားၿမိဳ႕မွာပြဲတက္ေနတာမဟုတ္ဘူးလား ဘယ္လိုလုပ္ဒီေလာက္ျမန္ျမန္ႀကီးျပန္ေရာက္လာတာလဲ?"
"အင္း ၿပီးသြားတာေစာေတာ့ျပန္လာခဲ့တာ" ဖုက်င္းေရွာင္း ဆိုဖာေပၚတိုက္႐ိုက္မွီခ်လိုက္တယ္။ သဘာဝအတိုင္းပဲ ရွန္ရွင္းေဆြ႕ေဘးမွာထိုင္လိုက္တာျဖစ္တယ္။ သူ႔ရဲ႕ကိုယ္အေလးခ်ိန္ေၾကာင့္ ဆိုဖာကအိက်သြားကာ ႏွစ္ေယာက္သားရဲ႕အကြာအေဝးက တစ္ခဏေလးအတြင္းမွာတင္ နီးကပ္လာခဲ့တယ္။ သူက "မင္းတို႔ဒီဘက္မွာ အေျခေနဘယ္လိုရွိလဲ"
ဝမ္မိန္စန္႔ ရွန္ရွင္းေဆြ႕ကိုတစ္ခ်က္ၾကည့္ကာ ေျပာလိုက္တယ္ "PR teamဘက္ကို အကုန္ဆက္သြယ္ၿပီးသြားၿပီး ေရတပ္ဘက္ကိုလည္း အေျခအေနေတြဦးေဆာင္သြားဖို႔အတြက္ စီစဥ္ၿပီးသြားၿပီ Weibo super topicနဲ႔ guang chaoမွာလည္း ရွင္းလင္းၿပီးသြားၿပီ မေကာင္းတဲ့hot searchေတြလည္း အားလုံးေအာက္က်လာၿပီ အခုဆိုေက်ာ္ၾကားမႈအရွိန္က အေတာ္ေလးေလ်ာ့နည္းသြားၿပီ"
ဖုက်င္းေရွာင္းေခါင္းညိတ္ကာ ရွန္ရွင္းေဆြ႕ကိုတစ္ခ်က္ၾကည့္လိုက္တယ္။
သူ႔အၾကည့္ကိုခံစားလိုက္ရတာေၾကာင့္ ရွန္ရွင္းေဆြ႕တစ္ကိုယ္လုံး ပုံစံေျပာင္းသြားေတာ့တယ္။ မသိလိုက္ပါသာနဲ႔ မတ္မတ္ျပင္ထိုင္လိုက္မိၿပီး သူ႔စိတ္ထဲမွာစိုးရိမ္မႈေလး နည္းနည္းေပၚလာရတယ္။ ဖုက်င္းေရွာင္း အင္တာနက္ေပၚက အဲဒီအတင္းအဖ်င္းေတြနားေယာင္ၿပီး သူ႔ကိုခိုးကူးတဲ့သူလို႔ ထင္သြားမွာကိုစိုးရိမ္ေနမိတယ္။ အဲတာေၾကာင့္စိတ္လႈပ္ရွားစြာနဲ႔ ေျပာလိုက္တယ္ "ဖုေလာင္ရွီး ကြၽန္ေတာ္သူ႔ဆီကေနကူးတာမဟုတ္ပါဘူး သူ......သူကြၽန္ေတာ့္ရဲ႕စာမူကိုယူသြားတာပါ"
ဖုက်င္းေရွာင္းမ်က္ခုံးပင့္လိုက္မိတယ္။ သူရယ္လည္းရယ္ခ်င္မိသလို သနားလည္းသနားမိတယ္။ အမ်ိဳးသားကျဖည္းညင္းစြာေျပာလိုက္တယ္ "မင္းရွင္းျပစရာမလိုပါဘူး သတင္းေတြေတြ႕ကတည္းက ကိုယ္ခန္႔မွန္းမိလိုက္ပါတယ္"
ရွန္ရွင္းေဆြ႕ အခုအခါမွာေတာ့ တကယ္အံ့အားသင့္သြားရေတာ့တယ္ "ေလာင္ရွီးဘယ္လိုသိတာလဲ?"
"အေျဖကအရွင္းႀကီးပဲမဟုတ္လား?" ဖုက်င္းေရွာင္းရဲ႕သြယ္လ်တဲ့ေျခေထာက္ေတြက ခ်ိတ္ထားလ်က္ရွိတယ္။ လက္တံရွည္ေတြကိုေတာ့ ဆိုဖာေက်ာမွီေပၚတင္ထားတယ္။ ပ်င္းရိေနတဲ့ကိုယ္ေနဟန္ထားနဲ႔ ေလသံထဲမွာလည္း သေရာ္သံေတြပါဝင္ေနတယ္ "က်န္က်စ္လိုအရည္အခ်င္းမရွိတဲ့သူမ်ိဳးက အဲဒီလိုနိမ့္က်တဲ့လုပ္ရပ္ေတြနဲ႔ အိမ္ကပိုက္ဆံေတြကို အားကိုးေနတာေၾကာင့္သာမဟုတ္ရင္ ဘယ္လိုလုပ္ၿပီးဒီေန႔ထိေရာက္လာႏိုင္ပါ့မလဲ?"
"......"
အခန္းထဲတိတ္ဆိတ္သြားရတယ္။
ဘယ္သူမွေခ်ပမလာၾကဘူး။ ဝမ္မိန္စန္႔က ႏႈတ္ခမ္းတြန္႔ေကြးကာ ၿပဳံးေတာင္ၿပဳံးလိုက္ေသးတယ္။ သိကၡာထိန္းရဦးမွာေတြ ရွိေနေသးတာေၾကာင့္သာမဟုတ္ရင္ လက္ခုပ္လက္ဝါးတီးၿပီးေတာင္ ခ်ီးက်ဴးေနလိုက္ဦးမွာျဖစ္တယ္။
ရွန္ရွင္းေဆြ႕အရင္ကေတာ့ ေကာေကာကိုအရမ္းေတာ္တယ္လို႔ထင္ခဲ့မိတယ္။ ဒါေပမဲ့ဘာေၾကာင့္မွန္းမသိ ဖုက်င္းေရွာင္း က်န္က်စ္ကိုဒီလိုေဝဖန္လာခ်ိန္မွာေတာ့ သူဘာမွမွားေနတယ္လို႔မခံစားခဲ့ရဘူး။ ဒါအျပင္ ဒီနယ္ပယ္ထဲမွာ သူ႔ကိုအကဲျဖတ္ေဝဖန္ဖို႔ အရည္အခ်င္းအရွိဆုံးသူက ဖုက်င္းေရွာင္းပဲလို႔ေတာင္ ခံစားမိလိုက္ေသးတယ္။
တစ္ခ်ိန္တည္းမွာပဲ သူ႔စိတ္ထဲလည္း သက္ေတာင့္သက္သာျဖစ္သြားရတယ္။
အထင္လြဲမခံရတဲ့ခံစားခ်က္က အရမ္းေကာင္းတာပဲ။ ကိစၥေတြျဖစ္သြားၿပီးေနာက္မွာ သူအရမ္းစိတ္လႈပ္ရွားေနခဲ့တယ္။ သူ႔ေဘးကသူေတြ သူ႔အေပၚအထင္လြဲသြားမွာကို စိတ္ပူေနခဲ့တယ္။ ဒါေပမဲ့အားလုံးအထင္မလြဲခဲ့ၾကဘူး။ ရွန္ရွင္းခ်န္ကခြဲျခားမႈမရွိ သူ႔ကိုယုံၾကည္ခဲ့တယ္။ သူ႔ေဘးနားကမိသားစုေတြ၊ သူငယ္ခ်င္းေတြနဲ႔ ေအးဂ်င့္ကလည္း ေတြေဝမႈမရွိ သူ႔ဖက္မွာရပ္တည္ဖို႔ ေ႐ြးခ်ယ္ခဲ့ၾကတယ္။
ဒီခံစားခ်က္က......တကယ္ေကာင္းလြန္းတယ္။
ဝမ္မိန္စန္႔ေရတစ္ခြက္ငွဲ႔ၿပီး ဖုက်င္းေရွာင္းကိုေပးလိုက္တယ္။ သူက "အခုခ်ိန္မွာအခက္ခဲဆုံးကေတာ့ အခ်ိန္ကြာျခားခ်က္ပဲ လြန္ခဲ့တဲ့ႏွစ္ေတြကကိစၥဆိုေတာ့ တုံ႔ျပန္ဖို႔ခိုင္လုံတဲ့သက္ေသယူလာျပဖို႔ မရွိဘူးျဖစ္ေနတာ က်န္က်စ္တို႔ဘက္က ဒီအခြင့္အေရးကိုသုံးၿပီး ေဆာင္းပါးအႀကီးႀကီးေရးလိုက္ရင္ ျပႆနာတက္မွာေၾကာက္ရတာပဲ"
ရွန္ရွင္းေဆြ႕နားေထာင္ေနရင္းနဲ႔ စိတ္ထဲေနရခက္လာကာ "ကြၽန္ေတာ့္အျပစ္ေတြပါ အဲဒီတုန္းကတျခားဘာသက္ေသမွ ခ်န္မထားမိခဲ့ဘူး"
ဝမ္မိန္စန္႔ခ်က္ခ်င္းပဲ သူ႔ကိုႏွစ္သိမ့္လာတယ္ "ေဆြ႕ေဆြ႕ ဒါကဘယ္လိုလုပ္ၿပီးမင္းအျပစ္ျဖစ္မွာလဲ အဲဒီမေကာင္းတာလုပ္တဲ့သူေတြရဲ႕အျပစ္ေလ သူတို႔ကိုယ္ကမ်က္ႏွာေျပာင္တိုက္လြန္းတာ မင္းနည္းနည္းေလးမွမမွားပါဘူး"
ဒါေပမဲ့ အခန္းထဲမွာဝန္းရံေနတဲ့ ေလဖိအားနည္းမႈက ေပ်ာက္ကြယ္မသြားခဲ့ဘူး။
အဲဒီအခ်ိန္မွာပဲ ေစာနကစလို႔တစ္ေလွ်ာက္လုံး စကားမေျပာတဲ့ဖုက်င္းေရွာင္းက လက္ထဲမွာေရခြက္ကိုကစားေနတယ္။ သူနည္းနည္းေလးမွစိတ္ပူမေနဘဲ ပါးစပ္ဖြင့္ဟကာ ျဖည္းျဖည္းေျပာလာတယ္ "ဘာေတြအလုပ္ရႈပ္ခံေနမွာလဲ သူအခ်ိန္ရလို႔ေဆာင္းပါးေရးပစ္မွာစိတ္ပူတယ္ဆိုရင္ သူ႔ကိုအခ်ိန္မရွိေအာင္လုပ္လိုက္ရင္ ရၿပီမဟုတ္လား?"
ဝမ္မိန္စန္႔ေၾကာင္သြားရတယ္။
သူသံသယျဖစ္စြာနဲ႔ ဖုက်င္းေရွာင္းကိုၾကည့္လိုက္တယ္။ မဲေမွာင္နက္ရႈိင္းတဲ့မ်က္ဝန္းေတြနဲ႔ အၾကည့္ခ်င္းဆုံလိုက္ရခ်ိန္မွာေတာ့ ႐ုတ္တရက္ႀကီးတစ္ခုခုကိုနားလည္သြားရသလိုပဲ။
အႏုပညာနယ္ပယ္ထဲမွာ ႏွစ္ေတြအၾကာႀကီးက်င္လည္လာခဲ့ေပမဲ့ တခါတရံမွာ ဖုက်င္းေရွာင္းရဲ႕အႀကံအစည္ေတြေၾကာင့္ သူအံ့အားသင့္ရဆဲျဖစ္တယ္။ ဒီလူကဉာဏ္ေကာင္း႐ုံတင္မကဘဲ ရန္သူကိုလည္းတိုက္႐ိုက္လည္း တိုက္ခိုက္တတ္ေသးတယ္။
ဝမ္မိန္စန္႔တြန္႔ဆုတ္စြာနဲ႔ "ေကာေျပာခ်င္တာက?"
"အင္း" ဖုက်င္းေရွာင္းစားပြဲေပၚက အသီးျခင္းထဲကလိေမၼာ္သီးကိုအခြံခြာရင္း "က်န္က်စ္ဒီႏွစ္ေတြမွာ သူခိုးလုပ္ရတာကိုစြဲလမ္းလာခဲ့တာ အဆိုေတာ္ေတြဘယ္ေလာက္မ်ားမ်ားရဲ႕ ဖန္တီးမႈေတြကိုဝယ္ၿပီး သူ႔နာမည္ေအာက္သြင္းလိုက္လဲဆိုတာ သူကိုယ္တိုင္ေတာင္မမွတ္မိေလာက္ေတာ့ဘူးမဟုတ္လား?"
ရွန္ရွင္းေဆြ႕ေဘးမွာ ထိုင္နားေထာင္ရင္းကေန ဒီသတင္းထူးကိုၾကားလိုက္ရခ်ိန္မွာ အံ့အားသင့္ရျပန္တယ္။
ဖုက်င္းေရွာင္း အခြံခြာၿပီးသြားတဲ့လိေမၼာ္သီးကို ရွန္ရွင္းေဆြ႕လက္ထဲထည့္ေပးလိုက္ၿပီး ပါးစပ္ဖ်ားကအၿပဳံးက ပိုလို႔နက္ရႈိင္းသြားခဲ့တယ္။ အဲဒီမ်က္ဝန္းေတြထဲမွာေတာ့ ကြယ္ဝွက္ထားျခင္းမရွိတဲ့ အမုန္းတရားေတြနဲ႔ျဖစ္တယ္ "သူ႔ကိုျပန္ၿပီးအမွတ္ရေအာင္ ကူညီေပးလိုက္ရင္ေရာ ဘယ္လိုလဲ?"
...
အခုအခ်ိန္ကေဆာင္းတြင္းေရာက္ေနၿပီျဖစ္ကာ အခန္းတြင္းအပူခ်ိန္ကလည္း အနည္းငယ္ေအးလ်က္ရွိတယ္။ ဒါေပမဲ့ေအးခဲတဲ့အဆင့္ထိေတာ့ မေရာက္ေသးေလဘူး။ ဒါေပမဲ့ ဖုက်င္းေရွာင္းရဲ႕စကားသံၿပီးဆုံးသြားတဲ့ေနာက္ ကီလိုမီတာေပါင္းအမ်ားႀကီးေဝးတဲ့ က်န္က်စ္ဆီမွာ ေန႔ခင္းေၾကာင္ေတာင္ႀကီး အေအးတိုက္ပြဲျဖစ္ပြားခဲ့ရတယ္။
...
မြန္းတည့္အခ်ိန္
Weiboမွာ က်န္က်စ္နဲ႔ရွန္ရွင္းေဆြ႕တို႔ရဲ႕ကိစၥနဲ႔ပတ္သက္ၿပီး ဆူညံေနၾကဆဲျဖစ္တယ္။
တျခားအေၾကာင္းအရင္းေၾကာင့္မဟုတ္ဘဲ က်န္က်စ္ရဲ႕ဖန္ေတြကဝီရိယရွိစြာနဲ႔ ရွန္ရွင္းေဆြ႕ရဲ႕super topicနဲ႔ Weiboဆီအေျပးသြားၾကၿပီး တိုက္ပြဲဝင္ေနလို႔ျဖစ္တယ္။ ဒါအျပင္ရွန္ရွင္းေဆြ႕ရဲ႕ဖန္ေတြကိုေတာင္ အျပစ္ရွာေနလိုက္ၾကေသးေလတယ္။
မြန္းလြဲခ်ိန္ေရာက္ေတာ့ ရွန္ရွင္းေဆြ႕ပို႔စ္အသစ္တင္လိုက္ၿပီး အရင္ဗားရွင္းရဲ႕သီခ်င္းစာသားကို တင္ေပးလိုက္တယ္။ ဒါအျပင္ သူေဖ်ာ္ေျဖထားတဲ့အပိုင္းအစေလးကိုပါ ထည့္သြင္းလိုက္ေသးတယ္။ ဒီသီခ်င္းကသူလြန္ခဲ့တဲ့ႏွစ္မ်ားစြာတုန္းက ဖန္တီးထားတာျဖစ္တယ္။ ဒါေပမဲ့ အံ့ၾသစရာက က်န္က်စ္ရဲ႕အဲဒီသံစဥ္နဲ႔ တြဲဖက္ႏိုင္ခဲ့တာျဖစ္တယ္။ ဒါအျပင္ ရွန္ရွင္းေဆြ႕ရဲ႕ကိုယ္ပိုင္ရွင္းလင္းခ်က္ပါ,ပါဝင္တဲ့ ဒီပို႔စ္တင္လိုက္ခ်ိန္မွာ က်န္က်စ္ရဲ႕ေက်ာ္ၾကားမႈအတိုင္း ခ်က္ခ်င္းပဲhot searchဝင္သြားေတာ့တယ္။
ဝမ္မိန္စန္႔ရဲ႕PR teamက ပထမဆုံးအခ်ိန္မွာပဲ ကြင္းဆင္းကာသုံးသပ္ခ်က္ေတြထိန္းခ်ဳပ္လိုက္ၿပီး အသာစီးရယူလိုက္တယ္ :
"မူရင္းသံစဥ္နဲ႔chorusအပိုဒ္ကမွ ၿပီးျပည့္စုံတဲ့သီခ်င္းတစ္ပုဒ္ပဲ"
"က်န္က်စ္ရဲ႕အဲဒီတုန္းကသီခ်င္းက chorusအပိုဒ္မိုက္လြန္းေနတာကလြဲရင္ တျခားေနရာေတြအားလုံးကသာမန္ပဲ"
"ဘယ္သူမွထူးဆန္းေနတာကို သတိမထားမိၾကဘူးလား ရွန္ရွင္းေဆြ႕သာတကယ္လို႔ အမွန္တကယ္ခိုးကူးမယ္ဆိုရင္ သူေပၚသြားမွာကိုသူမသိဘူးလား ပုံမွန္လူေတြက သူ႔ကိုယ္သူအဆဲခံရေအာင္လုပ္ပါ့မလား?"
အေရွ႕မွာသက္ေသျပလာတဲ့သူေတြရွိလာေတာ့ တစ္ခ်ိဳ႕အင္တာနက္သုံးစြဲသူေတြကလည္း နည္းနည္းဆင္ျခင္တုံတရားရွိလာၾကတယ္ :
"ေဆြ႕ေဆြ႕ရဲ႕သီခ်င္းက တကယ္ပဲသူ႔ကိုယ္ပိုင္စတိုင္ရွိတယ္"
"သူ႔ရဲ႕သံစဥ္ေတြက တခါတေလမွာ တစ္ခ်က္နားေထာင္လိုက္တာနဲ႔ သူ႔ဟာမွန္းသိသာတယ္"
"ဟားဟားဟား ဟုတ္တယ္ သူကအၿမဲတမ္းeiကာရံနဲ႔အဆုံးသတ္တာ"
"ၿပီးေတာ့အလယ္ပိုင္းမွာတကယ္ပဲ ကာရံမညီဘဲသံစဥ္လြဲေနတဲ့ေနရာရွိတယ္ ငါအစတုန္းကစဥ္းစားေနတာ က်န္က်စ္လိုမ်ိဳး ရင့္က်က္ေနတဲ့အဆိုေတာ္က ဘယ္လိုလုပ္ၿပီးဒီလိုအမွားမ်ိဳးလုပ္ရပါလိမ့္လို႔ေပါ့ လက္စသတ္ေတာ့တိတိဟာကူးထားတာကိုး"
အခုခ်ိန္ေရာက္လာေတာ့ ရွန္ရွင္းေဆြ႕ကိုေလွာင္ေျပာင္ေနၾကတဲ့သူေတြ တျဖည္းျဖည္းနဲ႔အမ်ားႀကီးေလ်ာ့က်သြားခဲ့တယ္။
ဒါေပမဲ့က်န္က်စ္ရဲ႕ဖန္ေတြကေတာ့ လုံးဝမယုံၾကည္ၾကေသးဘူး။ ဒါအျပင္စတင္ၿပီးေတာင္ကဲ့ရဲ႕လာၾကတယ္ :
"ဒါကခိုင္မာတဲ့သက္ေသဆိုတာလား?"
"ငါဘယ္ကလာမွန္းမသိတဲ့ဂီတႏုတ္ေတြယူၿပီး ငါလည္းငါ့ဟာပါလို႔ေျပာမယ္ေလ"
"ငါတို႔ေကာေကာရဲ႕ေက်ာ္ၾကားမႈကို ခုတုံးလုပ္ခ်င္ေနတာမဟုတ္လား?"
ဒါေပမဲ့အရင္ကနဲ႔မတူေတာ့တာက က်န္က်စ္ကိုေထာက္ခံတဲ့သူေတြက အရင္ကေလာက္မမ်ားေတာ့တာပဲ။
အားလုံးေဆြးေႏြးေနၾကတဲ့အခ်ိန္မွာပဲ အန္းရန္ပို႔စ္အသစ္တင္လာတာကို တစ္ေယာက္ကသတိျပဳမိသြားခဲ့တယ္။ သူကWeiboမွာ အဖြဲ႕လိုက္ဓာတ္ပုံတစ္ခုတင္ထားတာျဖစ္တယ္။ ညလယ္ေခါင္အခ်ိန္ျဖစ္ၿပီး အေနာက္ကက်န္က်စ္နဲ႔ျဖစ္တယ္။ အဲဒီသူကမိုးလင္းခ်ိန္ေလာက္ထိ စားပြဲေပၚေခါင္းငုံ႔ေနၿပီး ဂီတာကိုပိုက္ကာသီခ်င္းေရးေနခဲ့တယ္။ ေဘးပတ္လည္မွာလည္း အသုံးမလိုေတာ့တဲ့စာမူေတြအမ်ားႀကီးရွိေနခဲ့တယ္။
အန္းရန္ကစာနဲ႔တြဲတင္ထားတာျဖစ္တယ္ : ေကာေကာတစ္ေလွ်ာက္လုံးအရမ္းႀကိဳးစားေနခဲ့တာ။
____________________
Word - 4276
May 11, 2023(Thu)
Xiao Dream
ဖုက်င္းေရွာင္းရတဲ့ 'ေ႐ႊဆုသုံးဆု'ဆိုတာက Golden Rooster Award, Hong Kong Film Award, Taiwan Film Golden Horse Award ဆိုတဲ့ ဆုသုံးဆုလုံး ရထားတာပါတဲ့။
Dreamက သီခ်င္းေတြနဲ႔ပတ္သက္ၿပီး ဘာမွမသိတာမလို႔ ဖတ္ရတာေထာက္ေနတာမ်ိဳးရွိခဲ့ရင္ ေတာင္းပန္ပါတယ္ေနာ္။ ျပင္ေစခ်င္တဲ့စကားလုံးရွိရင္လည္းေျပာခဲ့ပါ။ ျပင္ေပးပါမယ္ေနာ္။