အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 305K 23.6K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 60

13K 2.1K 263
By Xiao_Dream

Unicode

ဖုကော၏တစ်ဖက်သက်အချစ်ရှုံးနိမ့်သွားခြင်း
___________________________

ဖုကျင်းရှောင်းရဲ့ဒီလိုအမူအရာမျိုးကို အန်းရန်တစ်ခါမှမမြင်ဖူးဘူး။

ဒီဘဝမှာသေချာပေါက် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး အရင်ဘဝမှာတော့လုံးဝမရှိခဲ့ဖူးဘူး။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ်အမှန်တိုင်းပြန်မေးကြည့်ရမယ်ဆိုရင် သူ့မှတ်ဉာဏ်ထဲမှာ ဖုကျင်းရှောင်းကအဲဒီအမြင့်တစ်နေရာကရုပ်ရှင်ဧကရာဇ်အဖြစ်ပဲ တစ်လျှောက်လုံးရပ်တည်နေခဲ့တယ်။ ဒီလူဟာတစ်လျှောက်လုံး အေးစက်နေခဲ့ပြီး အရင်ဘဝကသူတို့ကြားမှာ အချိန်တစ်ခုလောက်ရင်းနှီးဖူးခဲ့တယ်ဆိုရင်တောင် သူနဲ့ဖုကျင်းရှောင်းကြားမှာ အလွှာတစ်ခုခြားနေသေးတယ်လို့ အန်းရန်ခံစားနေရတယ်။

သူ့ရဲ့စိတ်နှလုံးနားမကပ်နိုင်လေဘူး။

အရင်ဘဝတုန်းက နောက်ဆုံးမှာအိမ်ထောင်ကျပြီး လုပ်ငန်းတစ်ခုတည်ထောင်ခဲ့ပေမဲ့ ဖုကျင်းရှောင်းကတော့ singleအဖြစ်ပဲနေနေခဲ့တယ်။ အဲဒီလူကအထီးကျန်နေဖို့သတ်မှတ်ထားခံရသလိုမျိုး သူ့ကိုနားလည်နိုင်ပြီး သူ့ကိုလက်ခံနိုင်မဲ့သူဟာ တစ်လျှောက်လုံးထွက်ပေါ်မလာခဲ့လေဘူး။

ဒီဘဝမှာတော့ အန်းရန်ကသူလုပ်နိုင်ခဲ့ပြီလို့ထင်ခဲ့မိတယ်။ ဒါပေမဲ့အခုတော့ သူတို့ကြားမှာမြင့်မားတဲ့တောင်ကြီးတွေကာဆီးနေသေးတယ်လို့ ရုတ်တရက်ခံစားမိလိုက်တယ်။ ဖုကျင်းရှောင်းကို အလုံးစုံနားလည်ပြီလို့ သူ့ကိုယ်သူထင်လိုက်တဲ့အချိန်မှာ သူသိလိုက်ရတာက အဲ့တာကရေခဲတောင်ကြီးတစ်လုံးဆိုတာကိုပဲ။ အခုလိုမျိုး အမျိုးသားကကြင်နာတဲ့မျက်နှာဖုံးကိုခွာချလိုက်ချိန်မှာ ကြောက်ရွံ့မှုကြောင့်လူမကပ်ရဲလေတော့ဘူး။

......

Live roomထဲက ပရိသတ်တွေကတော့ အလွန်လောနေကြပြီဖြစ်တယ် :

"ဘယ်လိုဖြစ်တာလဲ သူတို့ဘာတွေပြောနေကြတာလဲ"

"အရမ်းဝေးလွန်းတယ် မကြားရဘူး"

"ဒါပေမဲ့ ကိုယ်နေဟန်ထားက အရမ်းဒွိဟဖြစ်နေနိုင်တယ်နော"

"ဒါပေမဲ့ငါကတော့ ဖုကောနဲ့ဆွေ့ဆွေ့ကိုပိုshipတယ်!"

ဖုကျင်းရှောင်း အန်းရန်ဆီကနေသက်ပြင်းရှိုက်သံကြားလိုက်ရပြီးနောက် ထွက်လာခဲ့လိုက်တယ်။ ထို့နောက်မိုက်ခ်ပြန်ဖွင့်လိုက်တယ်။ အနောက်ကကင်မရာမန်းက ဘယ်သွားမှာလဲလို့မေးလာခဲ့တယ်။

ဖုကျင်းရှောင်းနှုတ်ခမ်းကိုတွန့်ကွေးလိုက်ကာ "မက်မွန်တော"

အဲဒီတောက နွေဦးအစဖြစ်တာကြောင့် အရောင်အသွေးမစုံလင်လှဘူး။ သွားလိုက်ပြီးတဲ့နောက် မြင့်မားတဲ့မျှော်စင်ကို အလွယ်တကူမြင်လိုက်ရတယ်။ ဒါအပြင်အောက်မှာမတ်ရပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ကိုလည်းတွေ့လိုက်ရတယ်။ အဲဒီဝန်ထမ်းက ဖုကျင်းရှောင်းကိုမြင်လိုက်တဲ့အချိန်မှာ တားလိုက်လေတယ် "တောင်းပန်ပါတယ်ဖုကော ဒီမျှော်စင်ပေါ်တက်လို့မရပါဘူး"

ဖုကျင်းရှောင်းခြေလှမ်းတွေရပ်တန့်သွားပြီး မျက်ခုံးပင့်ကာသူ့ကိုကြည့်လိုက်တယ် "အကြောင်းပြချက်က"

"ဘာလို့လဲဆိုတော့ သော့ပိတ်ထားတာမလို့ပါ" ဝန်ထမ်းကရှင်းပြပြောဆိုလာတယ် "အဲ့တာကြောင့်စည်းမျဥ်းအရ တက်သွားလို့မရပါဘူး"

ဖုကျင်းရှောင်းတံခါးဝမှာရပ်နေပြီး ခေါင်းမော့ကြည့်လိုက်တယ်။ ဒီတိုင်းပဲအပေါ်ကိုမော့ကြည့်လိုက်ချိန် မျှော်စင်အပေါ်ထပ်မှာလွင့်နေတဲ့ အဝါရောင်အင်္ကျီတစ်ထည်ကိုတွေ့လိုက်ရလေတယ်။ မျှော်စင်ဘေးမှာလေနှင်ရာလွင့်နေတာက ကြည့်ရတာနည်းနည်းရယ်စရာကောင်းပြီး ချစ်စရာလည်းကောင်းလှတယ်။

ခေါင်းငုံ့ကာဝန်ထမ်းလေးနဲ့မျက်နှာချင်းဆိုင်လိုက်တယ်။ သူကတံခါးကနေဝင်သူဖြစ်ပြီး ဝန်ထမ်းလေးကတံခါးစောင့်ကြပ်နေတဲ့သူဆိုတာ အသိသာကြီးပေမဲ့ ဝန်ထမ်းလေးကိုကြည့်ရတာ သူ့ထပ်တောင်အများကြီး ပိုစိတ်လှုပ်ရှားနေလေတယ်။

ချောမောလှတဲ့ဖုကျင်းရှောင်းရဲ့မျက်ခုံးတွေဟာကွေးညွတ်သွားခဲ့တယ်။ သူကယုံကြည်မှုရှိစွာ မူလနေရာမှာပဲရပ်နေခဲ့တယ်။ မျက်နှာကကြင်နာပုံရနေပြီး "ဟုတ်လား?"

ဝန်ထမ်းကစိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်ပြလေတယ်။

"ဒါဆိုမင်းကိုဘယ်သူမှမပြောပြဖူးဘူးလား......" ဖုကျင်းရှောင်း ဖြည်းညှင်းစွာနဲ့ပြောလာတယ်။ ဒါပေမဲ့အသံကတဖြည်းဖြည်းနဲ့ အများကြီးနိမ့်ဆင်းသွားခဲ့တယ်။ သူ့မျက်လုံးထဲကအပြုံးရိပ်တွေဟာ အန္တရာယ်များလှစွာပဲတိုးပွားလာခဲ့တယ်။ အစောကအတိုင်း တည်ငြိမ်အေးဆေးတဲ့သဘောထားပဲဖြစ်နေပေမဲ့ ဖိနှိပ်မှုအားတွေအများကြီးပါဝင်လာခဲ့တယ်။ နှုတ်ခမ်းကိုတွန့်ကွေးလိုက်ပြီး အရိုးထဲမှာမြှုပ်နှံထားတဲ့ မာနကြီးမှုတွေထွက်ပေါ်လာခဲ့တယ် "ကိုယ်မလိုက်နာချင်ဆုံးက စည်းကမ်းတွေဆိုတာကိုလေ"

ဝန်ထမ်းလေးကြောင်အသွားတော့တယ်။

ဒီနှစ်တွေမှာဖုကျင်းရှောင်းက အများကြီးနှိမ့်ချနေခဲ့ပြီး အမြဲတမ်းယဥ်ကျေးမှုနဲ့နေထိုင်ခဲ့တယ်။ အဲတာကြောင့်မလို့ အစောပိုင်းနှစ်တွေမှာ သူကပုံမှန်အတိုင်းဖဲချပ်မထုတ်တတ်တဲ့သူဆိုတာကို သူတို့မေ့သွားခဲ့ကြတာဖြစ်တယ်။

ဖုကျင်းရှောင်းတင်းတင်းကြပ်ကြပ်ပိတ်ထားတဲ့တံခါးကိုအကဲဖြတ်လိုက်ပြီး မျက်လုံးထဲမှာစိတ်ဝင်စားမှုအနည်းငယ်ဖြတ်ပြေးသွားခဲ့တယ်။

ဝန်ထမ်းလေးကမသိစိတ်ကနေ သော့ကိုကွယ်ဝှက်ဖို့ နောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိတယ်။ ဖုကျင်းရှောင်းကလှုပ်ရှားမလာဘဲ အသံနိမ့်နဲ့ "ကျေးဇူးပြုပြီးဖယ်ပေးပါဦး"

စတင်လှုပ်ရှားမှုက သူ့လက်ထဲမှာရှိနေတာဆိုပေမဲ့ ဖုကျင်းရှောင်းအမိန့်ပေးလာတဲ့အချိန်မှာ ဝန်ထမ်းလေးကသူ့စကားအတိုင်း မလိုက်နာဘဲမနေနိုင်လေဘူး။ ကိုယ်ကိုဖြည်းဖြည်းချင်းဖယ်ပေးလိုက်ပြီး လိမ္မာစွာနဲ့လမ်းကိုထွက်ပေါ်လာစေခဲ့တယ်။

ဖုကျင်းရှောင်း တံခါးကိုလုံးဝလျစ်လျူရှုထားလိုက်ပြီး ပြတင်းပေါက်ကနေခုန်ဝင်သွားတော့တယ်။ လှုပ်ရှားမှုကသွက်လက်တဲ့အပြင် ချောမောနေလှတယ်။ လုံးဝတွေဝေမှုရှိမနေဘဲ အသက်တစ်ရှိုက်စာအတွင်းလုပ်ဆောင်သွားခဲ့တယ်။ အနောက်ကကင်မရာမန်းတောင်မှ မတုံ့ပြန်လိုက်နိုင်ဘဲ အမှီမလိုက်နိုင်ခဲ့ဘူး။

ဖုကျင်းရှောင်း အပြင်ဘက်မှာကြောင်အစွာရပ်နေတဲ့ဝန်ထမ်းကို လက်ပြလိုက်ပြီးနောက် အလျင်အမြန်ကိုယ်ကိုလှည့်လိုက်ပြီးထွက်ခွာသွားတော့တယ်။

ကင်မရာမန်းကကြီးမားတဲ့စက်ကိုသယ်ထားရတာဖြစ်ပြီး အပြင်ဘက်ကစောင့်ကြပ်နေတဲ့သူနဲ့မျက်နှာချင်းဆိုင်လိုက်မိတယ်။ ထို့နောက်အချိန်အတော်ကြာမှ စကားတစ်ခွန်းထွက်လာနိုင်တော့တယ် "တံခါးကိုဖွင့်ပေးလို့ရမလား ဒီပြတင်းပေါက်ကနေငါဝင်လို့မရဘူး"

ဝန်ထမ်းလေး "......ကောင်းပြီ"

Live roomထဲကပရိသတ်တွေလည်း ဒီမြင်ကွင်းကိုမြင်ရချိန်မှာ မြူးကြွနေခဲ့တယ် :

"အရမ်းနတ်ဘုရားဆန်တာပဲ"

"ဟားဟားဟား မထင်ထားမိဘူးမလား!"

"ဘုရားရေ ရသစုံရှိုးတွေမှာ ဖုကျင်းရှောင်း အမှန်တကယ်ကစားနေတာကို မမြင်ရတာအတော်ကြာခဲ့ပြီပဲ"

"ဝူးဝူး အရင်နှစ်တွေကလိုခံစားချက်မျိုးပဲ"

မျှော်စင်ပေါ်ကရှန်ရှင်းဆွေ့ အခန်းထဲမှာထိုင်နေတုန်းမှာပဲ အပြင်ဘက်ကနေလှုပ်ရှားသံကြားလိုက်ရတယ်။ သူကြောင်အသွားပြီး အလျင်အမြန်မေးလိုက်တယ် "ဘယ်သူလဲ?"

"ကိုယ်ပါ" အပြင်ဘက်ကနေ ဖုကျင်းရှောင်းရဲ့အသံပျံ့နှံ့လာခဲ့တယ်။ အမျိုးသားကတံခါးဝမှာရပ်နေပြီး မေးလာခဲ့တယ် "အဆင်ပြေရဲ့လား?"

သူလာပြီဆိုတာရှန်ရှင်းဆွေ့မြင်တော့ အလွန်အမင်းစိတ်လှုပ်ရှားနေတယ်ဆိုတာ သိသာလှတယ်။ သူစိတ်လှုပ်ရှားစွာနဲ့မတ်တပ်ရပ်လာပြီး "ဖုလောင်ရှီး! အဆင်ပြေပါတယ် ကျွန်တော်အဆင်ပြေပါတယ် လောင်ရှီးရောက်လာတာတကယ်ကောင်းတာပဲ ဒါပေမဲ့ဒီတံခါးက အပြင်ကနေသော့ခတ်ထားတာထင်တယ်!"

ဖုကျင်းရှောင်းက "ကိုယ်သိတယ်"

ရှန်ရှင်းဆွေ့တွန့်ဆုတ်စွာနဲ့ပြောလိုက်တယ် "လောင်ရှီးမှာသော့ရှိလား?"

ဖုကျင်းရှောင်း ဒီတံခါးချပ်ကိုစူးစမ်းကြည့်လိုက်တယ်။ ဒါကသစ်သားနဲ့လုပ်ထားတဲ့ အနည်းငယ်အိုဟောင်းနေပြီဖြစ်တဲ့တံခါးဖြစ်တယ်။ တကယ်လို့အားသုံးပြီးဖွင့်မယ်ဆိုရင် လုံးဝပြဿနာမရှိဘူး။ ဒါပေမဲ့မက်မွန်မြို့ကအစကတည်းက လက်ကျန်ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး ဒီမျှော်စင်ကလည်းယဥ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တယ်။ ယဥ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်သင့်တယ်ဆိုတဲ့ဘက်ကကြည့်ရင် လျော်နိုင်မလျော်နိုင်ဆိုတာက ပြဿနာတစ်ရပ်မဟုတ်တော့လေဘူး။

ဖုကျင်းရှောင်းချက်ချင်းပဲပြန်ဖြေလာခဲ့တယ် "မရှိဘူး"

ရှန်ရှင်းဆွေ့ကြောင်အသွားပြီး "အာ...အာ......?"

သူ့မသိစိတ်ကနေ ဖုကျင်းရှောင်းမလုပ်နိုင်တာမရှိဘူးလို့ သတ်မှတ်ထားမိတာဖြစ်တယ်။ ဒါပေမဲ့ သူ့အတွက်လည်းခက်ခဲတဲ့ကိစ္စမျိုးရှိနေလိမ့်ဦးမယ်လို့ သူမစဥ်းစားမိခဲ့ဘူး။

ရှန်ရှင်းဆွေ့ စိတ်ထဲသက်သာရာရသွားပြီးနောက်မှ စတင်ဖြောင်းဖြပြောဆိုနေချိန် "ကိစ္စမရှိပါဘူးဖုကော ဒီနေရာရဲ့ရှုခင်းကလည်းလှပါတယ် ကောအရင်သွားလိုက်ပါလား နည်းနည်းလောက်ကြာရင်......"

အပြင်ဘက်ကနေ တံခါးဖွင့်လိုက်တဲ့အသံကြားလိုက်ရပြီးနောက် မိနစ်ဝက်တောင်မကြာလိုက်ဘဲ တံခါးပွင့်သွားခဲ့တော့တယ်။

အခန်းတံခါးကဖြည်းညင်းစွာ တွန်းဖွင့်ခံလိုက်ရပြီး တံခါးအပြင်ဘက်မှာရပ်နေတဲ့အမျိုးသားက ဖြောင့်တန်းစွာမတ်တပ်ရပ်နေခဲ့တယ်။ ပြတ်သားတဲ့မျက်နှာပေါ်မှာ နူးညံ့တဲ့အပြုံးတစ်ချို့တောင်တပ်ဆင်ထားသေးတယ်။ သူမျက်ခုံးပင့်လိုက်ပြီး "နည်းနည်းလောက်ကြာရင်ဘာဖြစ်လဲ?"

ရှန်ရှင်းဆွေ့လျှာဖျားရောက်နေတဲ့စကားတွေကို ပြန်မျိုချလိုက်မိတော့တယ်။

ဒါပေမဲ့သူအံ့သြနေဆဲဖြစ်တာကြောင့် စူးစမ်းစွာနဲ့မေးလိုက်တယ် "လောင်ရှီးဘယ်လိုဖွင့်လိုက်တာလဲ?"

"မင်းဒီတံခါးကိုပြောတာလား?" ဖုကျင်းရှောင်းလက်ဖြန့်ကာပြောလာတယ် "မနေ့ကကျောင်းထဲမှာတုန်းက ကျောင်းသားတစ်ချို့က အရုပ်အသေးလေးလာပေးကြတာ အဲဒီအရုပ်ထဲမှာ ကြေးနန်းကြိုးတစ်ချောင်းပါနေတယ်လေ စောနကပဲကိုယ်အဲ့တာကိုခွာလိုက်ပြီး တံခါးဖွင့်လိုက်တာ"

ရှန်ရှင်းဆွေ့ဒါကိုကြားတော့ မယုံနိုင်စွာဘဲ မျက်လုံးပြူးကျယ်သွားတော့တယ်။ ခေါင်းပေါ်မှာတောင် question markကြီးတစ်ခုထွက်ပေါ်လာသလိုပဲ။

Live roomထဲကပရိသတ်တွေကြားမှာလည်း အလွန်ဆူညံနေတော့တယ် :

"ဟားဟားဟား ကောမှာဒီလိုအတတ်ပညာကလည်းရှိသေးတာလား?"

"ညီမနဲ့ဆွေ့ဆွေ့တောင်အံ့သြသွားရတယ်သိလား?"

"ဟားဟားဟား ဖုကောကတော့ ဖုကောပါပဲ"

"ဒါကနည်းပညာကျွမ်းကျင်မှုတွေရဲ့အားသာချက်လား?"

ရှန်ရှင်းဆွေ့ကြောင်အအလေးဖြစ်နေပြီးမှ အထစ်ထစ်အငေါ့ငေါ့နဲ့ စကားတစ်ခွန်းထွက်လာတော့တယ် "ကောအရမ်းမိုက်တာပဲ ဒါတောင်လုပ်တတ်တယ်ဆိုတော့"

ဖုကျင်းရှောင်းနူးညံ့စွာပြောလာတယ် "လှည့်စားမှုလေးတစ်ခုသာသာပါပဲ အချိန်ဖြုန်းဖို့ပေါ့ပေါ့ပါးပါးသင်ခဲ့တာလေးပါပဲ"

......

ကောင်းလိုက်တဲ့အချိန်ဖြုန်းနည်း။

သူရုတ်တရက်ကြီးပြောစရာတွေများလွန်းလို့ ဘယ်ကစပြောရမှန်းတောင်မသိတော့လေဘူး။

ဒါပေမဲ့ရှန်ရှင်းဆွေ့အလျင်အမြန်ပြောလိုက်တယ် "ကျေးဇူးပါ ကျွန်တော်စောနက အဝါရောင်အင်္ကျီကိုတောင် ပြတင်းပေါက်မှာချိတ်ထားလိုက်သေးတယ် တစ်ယောက်ယောက်များဒီနေရာကိုလမ်းကြုံဖြတ်သွားခဲ့ရင် မြင်ပြီးလာကယ်နိုင်အောင်လို့လေ ကောကတကယ်ကြီးရောက်လာခဲ့တာပဲ တကယ်အရမ်းကျေးဇူးတင်ပါတယ်"

"အင်?" ဖုကျင်းရှောင်းအသံတစ်ချက်ပြုလိုက်တယ်။ ထို့နောက်နှုတ်ခမ်းလေးတွန့်ကွေးကာ "ကိုယ်ကလမ်းကြုံဖြတ်သွားတာမဟုတ်ဘူး"

ရှန်ရှင်းဆွေ့ကြောင်သွားရပြန်တယ်။

ဖုကျင်းရှောင်းက နက်မှောင်လှတဲ့မျက်ဝန်းတွေနဲ့ သူ့ကိုကြည့်လာခဲ့ပြီး ဆက်ပြောမလာတော့ဘူး။

ဒီစကားတွေနဲ့တင် သူ့ကိုစိတ်မငြိမ်သက်စေဖို့ လုံလောက်နေခဲ့ပြီဖြစ်တယ်။ ရှန်ရှင်းဆွေ့ဒါကိုကြားပြီးနောက် လူတစ်ကိုယ်လုံးမူလနေရာမှာပဲ ရူးကြောင်ကြောင်လေးရပ်နေခဲ့တယ်။ မျက်တောင်တွေခတ်ရင်းခတ်ရင်း ဒီစကားတွေကိုအကျဥ်းချုပ်နေသလိုပဲ။

ဖုကျင်းရှောင်း "အခန်းထဲမှာပူတယ် အရင်ထွက်လာခဲ့"

ရှန်ရှင်းဆွေ့အဲဒီတော့မှာ စိတ်နဲ့ကိုယ်ပြန်ကပ်သွားတော့တယ်။ ဒါပေမဲ့သူလည်းမြန်မြန်ပဲတုံ့ပြန်လာခဲ့ပြီး "ခဏလေး ဖုလောင်ရှီး ကျွန်တော်ဒီအခန်းထဲမှာအသစ်တစ်ခုတွေ့ထားတယ်!"

ဖုကျင်းရှောင်းမျက်ခုံးပင့်ကာ "အို?"

ရှန်ရှင်းဆွေ့အခုချိန်မှာစိတ်အရမ်းလှုပ်ရှားနေခဲ့တယ်။ သူလည်းအများကြီးဂရုစိုက်မနေတော့ဘဲ အနားရောက်လာပြီး ဖုကျင်းရှောင်းရဲ့လက်ကိုဆွဲကာခေါ်သွားတော့တယ်။ ဆွဲသွားရင်းနဲ့ အပြင်ဘက်ကပြတင်းပေါက်နေရာကို ခေါ်သွားလိုက်တယ်။ ထို့နောက်အပြင်ဘက်ကရှုခင်းကိုကြည့်ကာ "ကောကြည့်လိုက် ဒီနေရာကနေပြီးမြို့တစ်ခုလုံးရဲ့ပုံစံကိုမြင်ရတယ် ဒီမြို့ကတစ်ခုခုနဲ့တူနေတယ်လို့ကောမထင်ဘူးလား?"

တကယ်လို့သူတို့သာဒီလောက်အမြင့်ကြီးမှာရပ်နေတာမဟုတ်ရင် သတိထားမိဖို့အရမ်းခက်လှတယ်။ လက်စသတ်တော့ ဒီမြို့လေးကမက်မွန်ပွင့်ပုံစံပုံဖော်ထားတာဖြစ်တယ်။ ပြီးတော့မက်မွန်ပွင့်တွေဖြန့်ကျက်ထားတဲ့ပုံစံက အလွန်အမင်းလှပလှတယ်။

ဖုကျင်းရှောင်းက "မက်မွန်ဆိုတဲ့နာမည်ပေးထားတာမထူးဆန်းတော့ပါဘူး"

ရှန်ရှင်းဆွေ့ရူးရူးမူးမူးခေါင်းညိတ်ပြလိုက်တယ်။ ဒါပေမဲ့ ဒါကသူ့ရဲ့တွေ့ရှိမှုအကုန်မဟုတ်သေးဘူး။ ဒါကြောင့်သူရှာတွေ့ထားတဲ့ကတ်တစ်ကတ်နဲ့ မြေပုံကိုယူလာလိုက်တယ်။ အလွန်အပြုသဘောဆောင်ကာပြောလာတယ် "ကျွန်တော်ဒီမက်မွန်ကတ်ကိုသေချာလေးထပ်ပြီးစူးစမ်းကြည့်လိုက်တော့ အရမ်းပါးနပ်တဲ့ကိစ္စတစ်ခုကိုသတိထားမိသွားတာ ကျွန်တော်တို့ပထမဦးဆုံးဒီမြို့ကိုရောက်လာတော့ အားလုံးကဘယ်နေရာတွေမှာအလုပ်လုပ်တာလဲဆိုတာကို ကောမှတ်မိလား?"

ဖုကျင်းရှောင်းရဲ့မှတ်ဉာဏ်ကအလွန်ကောင်းပြီး နာမည်တွေကိုရှင်းရှင်းလင်းလင်းပြောလာခဲ့တယ်။

"မမှားဘူး!" ရှန်ရှင်းဆွေ့ဆုံးဖြတ်ချက်ချပြီးနောက် မက်မွန်မြို့မြေပုံနဲ့ယှဥ်တွဲကြည့်လိုက်တယ်။ ထို့နောက်အလွန်စိတ်လှုပ်ရှားစွာနဲ့ပြောလာခဲ့တယ် "ကျွန်တော်ရှာတွေ့တာက ဥပမာစားသောက်ဆိုင်နဲ့စာအုပ်ဆိုင်က မက်မွန်ပွင့်တစ်ခုတည်းပေါ်မှာပဲရှိနေတာ ကျွန်တော့ရဲ့ဒီမြေပုံကတ်ကလည်း စားသောက်ဆိုင်မှာရှာတွေ့ခဲ့တာပဲ အဲ့တာကြောင့်အတင့်ရဲရဲခန့်မှန်းကြည့်ရရင် လျှို့ဝှက်ဆန်းကြယ်တဲ့ကတ်အပိုင်းအစတွေအားလုံးက ကျွန်တော်တို့အလုပ်လုပ်ခဲ့တဲ့နေရာတွေမှာပဲရှိလိမ့်မယ်!"

ဖုကျင်းရှောင်း သူ့ရဲ့ရှင်းပြမှုကိုနားထောင်ပြီးတဲ့နောက် နှုတ်ခမ်းလေးတွန့်ကွေးကာ သဘောတူညီစွာပဲခေါင်းညိတ်ပြလိုက်တယ် "မမှားဘူး အရမ်းစေ့စပ်တယ်"

ရှန်ရှင်းဆွေ့အခန်းထဲမှာချွေးတွေပျံလာခဲ့ရတယ်။ ဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာ သူ့ကိုယ်သူအရှုံးမပေးလိုက်လေဘူး။ အရမ်းခက်ခဲနေတဲ့ပတ်ဝန်းကျင်မှာ နောက်ဆုတ်ဖို့လမ်းနဲ့ ရှင်သန်ဖို့လမ်းကို ရှာဖွေလိုက်တဲ့တစ်ချိန်တည်းမှာပဲ ပြဿနာကိုဖြေရှင်းဖို့နည်းလမ်းကို ရှာတွေ့သွားတော့တယ်။ ဒီလိုအချက်လေးတွေနဲ့တင်ကို အရမ်းကောင်းနေပြီဖြစ်တယ်။

ပရိသတ်တွေလည်း အသိအမှတ်ပြုလာကြတယ် :

"လက်စသတ်တော့ဆွေ့ဆွေ့က မတုံးပါဘူး!"

"ဟားဟားဟား ဒီကလေးဉာဏ်ကောင်းလိုက်တာ"

"အဓိကအချက်က သူပထမဦးဆုံးရှာတွေ့သွားတာဆိုတာပဲ!"

"ချုံးယားချုံးယား အဲဒီမကောင်းတဲ့လုပ်ကြံသူအန်းရန်ကိုသွားလုပ်လိုက်တော့!"

(ချုံးယား - ဖိုက်တင်း)

ရှန်ရှင်းဆွေ့ရဲ့မျက်လုံးတွေက တောက်ပလျက်ရှိတယ်။ ဖုကျင်းရှောင်းရဲ့အသိမှတ်ပြုမှုကိုရရှိလိုက်ပြီးနောက် ပျော်ရွှင်သွားတာသိသာလှတယ်။ အပြုံးလေးထွက်ပေါ်လာကာ "ဒါဆိုရင်ကျွန်တော်တို့ ကတ်အပိုင်းအစတွေသွားရှာလို့ရပြီမလား ပြီးတော့......"

ဖုကျင်းရှောင်းက သူ့ရဲ့သဘောကိုအလုံးစုံနားလည်လေတယ်။ နှုတ်ခမ်းကိုဖွင့်ဟကာ ပြတ်သားတဲ့အဖြေတစ်ခုပေးလိုက်တယ် "လက်စားချေမယ်"

ရှန်ရှင်းဆွေ့ရဲ့အပြုံးလေးကပိုနက်ရှိုင်းသွားရတယ်။ နောက်ဆုံးမှာသူကအများကြီးပွင့်လင်းလာပြီး အရင်ကလိုစိတ်ဓာတ်ကျမှု သိမ်ငယ်မှုတွေမရှိတော့လေဘူး။ စကားကိုကြားတာနဲ့ ခေါင်းညိတ်ပြလာတယ် "သွားတာပေါ့!"

သဲလွန်စတွေရလာပြီးနောက်မှာ ပစ္စည်းရှာရတဲ့နှုန်းကပိုမိုမြန်ဆန်လာတော့တယ်။

မျှော်စင်ကနေဆင်းလာပြီးနောက် မြေပုံထဲကအတိုင်းစာအုပ်ဆိုင်မှာဝှက်ထားတဲ့သဲလွန်စကို ရှာတွေ့လိုက်ရတယ်။ သူတို့လက်ထဲမှာစုဆောင်းမိထားတဲ့အပိုင်းအစကတ်လေးက သုံးခုရှိနေပြီဖြစ်တယ်။ လမ်းမှာသွားနေရင်း ရှန်ရှင်းဆွေ့ဖုကျင်းရှောင်းနဲ့အစီအစဥ်တွေပြောနေတုန်းမှာပဲ တခြားနှစ်ယောက်နဲ့တွေ့လိုက်ရတယ်။ ရွှီချင်ခဲ့နဲ့ဖုန်းဖန်တို့နှစ်ယောက်က တစ်လျှောက်လုံးငုပ်လျှိုးနေတယ်ဆိုပေမဲ့ အခုချိန်ရှန်ရှင်းဆွေ့တို့ကိုတွေ့လိုက်ရချိန်မှာ အလွန်ပျော်ရွှင်သွားကြတယ်။

ရွှီချင်ခဲ့ဟောဟဲလိုက်လျက်ပြောလာတယ် "မင်းတို့ မင်းတို့သတိထားနေနော် ကျွန်တော်တို့လုပ်ကြံသူကဘယ်သူလဲဆိုတာ ခန့်မှန်းမိသလောက်ရှိနေပြီ"

သူတို့တွေနာမည်တစ်ခုကို ပြိုင်တူပြောဆိုလိုက်ကြတယ် "အန်းရန်!"

ရွှီချင်ခဲ့ကြောင်သွားပြီးမှ "မင်းတို့ခန့်မှန်းမိပြီးသွားကြပြီကိုး"

"အင်း ဒိုင်ယာရီစာအုပ်ရခဲ့တာ" ရှန်ရှင်းဆွေ့ခေါင်းညိတ်ပြလိုက်တယ်။ အနည်းငယ်ရယ်ရခက်ငိုရခက်စွာနဲ့ "ပြောရရင်ဒီဖြစ်စဥ်က အလှည့်အပြောင်းတွေနည်းနည်းများတယ်လို့ပြောရမယ် ဒါပေမဲ့နောက်ဆုံးမှာတော့ ခန့်မှန်းမိသွားတာပါပဲ"

ဖုန်းဖန်ကဘေးကနေပြောလာတယ် "ဒါပေမဲ့ကျွန်တော်တို့ခန့်မှန်းမိသေးတာက အန်းရန်တစ်ယောက်တည်းမဖြစ်နိုင်လောက်ဘူး"

ရှန်ရှင်းဆွေ့ချက်ချင်းပြောလာတယ် "သူ့မှတိတိရှိသေးတယ် အဲဒီသူကသူ့ရဲ့အကူပဲ ပြီးတော့အသက်ကလည်းငါတို့ထဲမှာအငယ်ဆုံး"

အကုန်လုံးကြောင်ကုန်ကြတော့တယ်။

ဘာလို့လဲဆိုတော့ ဒီထဲမှာအသက်အငယ်ဆုံးက ဘယ်နှယောက်မှာမရှိလို့ပဲ။ ရှန်ရှင်းဆွေ့နဲ့အန်းရန်က အငယ်ဆုံးတွေဖြစ်တယ်။

အားလုံးပြူးပြူးကြောင်ဖြစ်နေကြချိန် ဖုကျင်းရှောင်းကသက်ပြင်းချကာ အတွေးလမ်းလွဲသွားကြတဲ့ ဒီရူးအအအုပ်စုကိုအချိန်မီကယ်တင်လိုက်တော့တယ် "ဒီတိတိကဘာလို့အန်းရန်မဖြစ်နိုင်ရမှာလဲ?"

! ! !

လက်စသတ်တော့ဒီလိုကိုး!

ရှန်ရှင်းဆွေ့အပါအဝင်တခြားနှစ်ယောက်က လေးစားတဲ့အကြည့်တွေနဲ့ဖုကျင်းရှောင်းကိုကြည့်လာကြတယ်။ မျက်နှာပေါ်မှာလည်းအံ့အားသင့်မှုနဲ့ လေးစားမှုကိုချိတ်ဆွဲထားသေးတယ်။

ဖုကျင်းရှောင်း "......"

Live roomထဲကပရိသတ်တွေလည်း ဒီမြင်ကွင်းကိုမြင်တော့ ရယ်မောကြတော့တယ် :

"ဟားဟားဟား အုပ်စုခေါင်းဆောင်ပဲ"

"ဒီရူးအအအဖွဲ့က ဖုလောင်ရှီးသာမရှိရင် အကုန်ပျက်သုဥ်းသွားလောက်တယ်"

"ဒါရိုက်တာအဖွဲ့ကစေတနာကောင်းလိုက်တာ"

"ဟားဟားဟား ဒီပွဲမှာတော့ဖုကျင်းရှောင်းကသေချာပေါက်MVPပဲ!"

မှန်ကန်တဲ့လမ်းကြောင်းပြန်ရောက်သွားပြီးနောက် လူတိုင်းကပိုပြီးတရားဝင်ဖြစ်တဲ့လမ်းပေါ်သွားနေကြပြီဖြစ်တယ်။ အားလုံးသဲလွန်စတွေစုစည်းလိုက်ရင် တကယ်လို့ကောကောသာဆိုရင် အသက်ငယ်တဲ့တိတိတစ်ယောက်ရှိတယ်။ ကြည့်လိုက်တာနဲ့ဦးနှောက်မရှိတဲ့ရှန်ရှင်းချန်ကိုပယ်၊ တစ်ဦးတည်းသောသားဖုကျင်းရှောင်းကိုပယ်၊ တခြားသူတွေကိုပါပယ်လိုက်ရင် အချက်အလက်နဲ့ကိုက်ညီတဲ့သူတစ်ယောက်ပဲကျန်ရှိခဲ့တော့တယ်။ အဲ့တာကတော့ တစ်လျှောက်လုံးလျစ်လျူရှုခံထားရတဲ့ နင်ဇယ်ပဲ!

ကောင်းလိုက်တာ။

ရွှီချင်ခဲ့ကပြောလာတယ် "အဲတာဆိုရင်ရှန်ရှင်းချန်တော့အန္တရာယ်ရှိနေပြီ သူစောနကတုန်းကနင်ဇယ်နဲ့အတူတူသွားနေတာ"

စကားသံဆုံးသွားတာနဲ့ ထုတ်လွှင့်သံတစ်သံကြားလိုက်ရတယ် "ဒီအလှည့်မှာထူရာ၊ လီရွှီအန်း၊ လီလောင်ရှီးတို့ အထုတ်ခံလိုက်ရပါပြီ"

?

အားလုံးရဲ့မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်နေတဲ့အမူအရာတွေထွက်ပေါ်လာကြတယ်။ သိပ်ပြီးမဖြစ်သင့်ဘူးလို့ခံစားမိကြတယ်။ ရှန်ရှင်းချန်ကလုပ်ကြံသူနဲ့အနီးဆုံးဖြစ်ပြီး မနေ့ကလည်းအဆိပ်တစ်ဝက်မိလိုက်သေးတယ်လေ။ ဒါတောင်ဘာမှမဖြစ်ဘူး?

စဥ်းစားနေရင်းနဲ့ပဲ မလှမ်းမကမ်းကနေ လူတစ်စုလျှောက်လာကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှန်ရှင်းချန်တို့ဖြစ်တယ်။ ပြီးတော့လမ်းသွားနေရင်း ဘာတွေငြင်းနေကြတာလဲမသိဘူး။ အနားနီးလာမှရှင်းရှင်းလင်းလင်းကြားလိုက်ကြရတယ်။

ရှန်ရှင်းချန်ကစက်ဆုပ်စွာပြောလာတယ် "ငါမင်းကိုငါ့ကိုမကယ်ခိုင်းဘူးလေ'

လီရွှိအန်းသက်ပြင်းချကာ "မင်းဆီမှာနတ်လက်နက်အပိုင်းအစရှိတယ်လေ မင်းအသက်ရှင်နေတာပိုကောင်းတာပေါ့"

"ကိုယ့်ကိစ္စကိုယ်သာဂရုစိုက်စမ်းပါ!" ရှန်ရှင်းချန်သူ့ကိုရက်စက်စွာ တစ်ချက်ကြည့်ပေးလိုက်တယ်။ ထို့နောက် နင်ဇယ်ကိုတစ်ချက်ကန်လိုက်ရင်း "မင်းဆိုတဲ့သစ္စာဖောက်ကတော့"

နင်ဇယ်ကူရာမဲ့စွာနဲ့ ပုခုံးတွန့်လိုက်တယ်။

သူတို့အုပ်စု ရှန်ရှင်းဆွေ့တို့ကိုမြင်တာနဲ့ မျက်လုံးတွေတောက်လာကြတော့တယ်။ သခင်လေးကအလျင်အမြန်ပြေးလာပြီး ဒေါသထွက်စွာပြောလာတယ် "နင်ဇယ်နဲ့အန်းရန်က လုပ်ကြံသူတွေပဲ ငါတို့အမှားကြောင့်ပေးဆပ်လိုက်ရတယ်!"

ဖြူကောင်ဆံပင်လေးစိတ်ဆိုးနေတာကို ရှန်ရှင်းဆွေ့ကြည့်နေခဲ့တယ်။

ဒါပေမဲ့ချစ်စရာလည်းကောင်းပြန်တယ်။ သူကအမြဲဒီလိုပဲဖြစ်ပြီး တကယ်လို့သူ့ဘေးမှာညီအစ်ကိုသူငယ်ချင်းတွေရှိမနေဘူးဆိုရင် စိတ်ဆိုးနေလိမ့်မှာဖြစ်တယ်။ သူ့သဘောထားကရိုးရှင်းလွန်းတာကြောင့် ကိစ္စတော်တော်များများကို ရိုးရိုးလေးပဲတွေးတတ်လေတယ်။ သူမလုပ်နိုင်လို့မဟုတ်ဘဲ သူ့အကျင့်စရိုက်ကိုကဒီလိုမျိုးဖြစ်တယ်။

ရှန်ရှင်းချန်က "ငါ့ဆီမှာကတ်အပိုင်းအစတစ်ခုရှိတယ် မြန်မြန်သိမ်းထားလိုက် ငါတို့လက်စားသွားချေကြဦးမှာ မြို့လေးအတွက်ယုတ်မာကောက်ကျစ်တဲ့သူတွေကိုဖယ်ရှားပစ်လိုက်ရအောင်!"

ရှန်ရှင်းဆွေ့နဲ့ဖုကျင်းရှောင်းတို့ အကြည့်ချင်းဆုံလိုက်ကြတယ်။

ဖုကျင်းရှောင်းခေါင်းဖွဖွညိတ်ပြလိုက်ပြီး ကတ်အပိုင်းအစတွေအားလုံးကိုထုတ်ပြကာ "အကုန်ပေါင်းလိုက်ရင်၄ကတ်"

ရှန်ရှင်းချန်အံ့အားသင့်သွားခဲ့တယ်။ အခုကနေ့လယ်ခင်းဖြစ်ပြီး သူတို့အတော်လေးကြိုးစားမှ ကျန်တဲ့ဟာတွေကိုရှာတွေ့နိုင်မှာလို့ထင်မှတ်ထားခဲ့တယ်။ လုံးဝမထင်ထားမိတာက လေးကတ်တောင်ရှိနေလိမ့်မယ်လို့ပဲ။ နတ်လက်နတ်အပိုင်းအစတွေကခြောက်ခုလိုအပ်တာဖြစ်တယ်။ အခုဆိုရင်နှစ်ကတ်ပဲလိုတော့တယ်။

ရွှီချင်ခဲ့ကဒါကိုမြင်တော့ ဖျော့ဖျော့လေးပြောလာတယ် "တကယ်တော့ကျွန်တော်တို့မှာတစ်ကတ်ရှိသေးတယ်"

! ! ?

ကိစ္စကဒီလောက်ချောမွေ့လိမ့်မယ်လို့ အားလုံးမထင်ထားမိကြဘူး။

ဖုကျင်းရှောင်းကအဓိကကိုဖမ်းဆုပ်လိုက်ပြီး တိုက်ရိုက်ပဲမေးလိုက်တယ် "သူတို့သုံးယောက်ကဘယ်လိုအထုတ်ခံလိုက်ရတာလဲ မင်းကလည်းမနေ့ကဘယ်လိုအဆိပ်မိသွားခဲ့တာလဲ စဥ်းစားမိထားတာရှိလား?"

ရှန်ရှင်းချန်အမေးခံလိုက်ရတော့တယ်။

သူစေ့စေ့စပ်စပ်ပြန်တွေးကြည့်ပြီးတဲ့နောက် "ကျွန်တော်လည်းသေချာတော့မသိဘူး ကျွန်တော်တို့ကအစကတည်းကအတူတူသွားကြတာ ဘာမှလည်းမလုပ်ကြဘူး ဒီတိုင်းအတူတူသွားပြီးကတ်အပိုင်းအစတွေသွားရှာရုံပဲ ပြီးတော့အကုန်လုံးကလည်းမူမှန်မှန်ပဲ နောက်တော့ပေါ့ပေါ့ပါးပါးစကားစမြည်ပြောနေကြတယ် အဲဒီနောက်လီရွှိအန်းစကားနည်းနည်းဖြတ်ပြောခဲ့တယ် ပြီးတော့အထုတ်ခံလိုက်ရတာ့တာပဲ"

......

သူတို့တွေတိတ်ဆိတ်သွားကြတော့တယ်။

လုပ်ကြံသူရဲ့ထုတ်ပယ်တဲ့နည်းလမ်းကိုသူတို့မသိကြဘဲ သံသယကင်းစွာနဲ့ ကိုယ့်ကိုယ်ကိုယ်အန္တရာယ်အခြေအနေထဲမှာ ထားထားကြတာဖြစ်တယ်။

ရှန်ရှင်းဆွေ့မေးလိုက်တယ် "မင်းတို့ဘာအကြောင်းပြောနေကြတာလဲ?"

ရှန်ရှင်းချန်အမှန်တိုင်းဖြေလာခဲ့တယ်။ သခင်လေးကအခုချိန်မှာ အရမ်းစိတ်ဆတ်နေလေတယ် "နေ့စဥ်ဘဝထဲကအကြောင်းတွေပါပဲ နင်ဇယ်ကငါ့ကိုကိစ္စတစ်ချို့မေးတယ် နောက်တော့တခြားနေရာကိုသွားပြီးကြည့်လို့ရမလားလို့မေးတယ် ငါမဖြေလိုက်ရသေးဘဲ လီရွှိအန်းနဲ့ထူရာလောင်ရှီးကသွားလို့ရတယ်လို့ပြောလိုက်တာ နောက်တော့ငါတို့သွားနေရင်းမှာပဲ သူတို့တွေအထုတ်ခံလိုက်ရတော့တာပဲ"

ရှန်ရှင်းဆွေ့ရဲ့မျက်နှာကလည်းလေးနက်လာခဲ့တယ် "သေချာပေါက်ပြဿနာရှိရမယ် တစ်နေရာရာမူမမှန်နေတာရှိရမယ်......"

ဖုကျင်းရှောင်းရဲ့နက်မှောင်တဲ့မျက်ဝန်းတွေက အရောင်ဖျော့နေခဲ့တယ်။ သူစဥ်းစားနေတဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်ကလေထုက အလွန်လေးနက်လျက်ရှိတယ်။ သူမျက်လုံးလှန်ကာရှန်ရှင်းချန်ကိုကြည့်လိုက်တယ် "မနေ့ကမင်းနဲ့အန်းရန်နှစ်ယောက်တည်း ဘာတွေပြောခဲ့လဲ?"

ရှန်ရှင်းချန်ပြန်စဥ်းစားကြည့်လိုက်တော့ "ဘာမှတော့မပြောပါဘူး အော တစ်ခေါက်ရှိတယ် သူကလာပြီးထင်းကူခွဲပေးဖို့လုပ်သေးတယ် နောက်တော့မရှိတော့ဘူး"

"အသေးစိတ်ပြော" ဖုကျင်းရှောင်းပြောလာတယ် "သူဘာတွေပြောခဲ့လဲ"

ရှန်ရှင်းချန်ဝူးတူးဝါးတားနဲ့ "သူကကျွန်တော့်ကိုပုဆိန်သူ့ကိုပေးလို့ရလားလို့မေးတာ သူလည်းစမ်းကြည့်ချင်လို့တဲ့"

"......"

အားလုံးတိတ်ဆိတ်မှုလွှမ်းခြုံသွားခဲ့တယ်။

ဆက်ပြီးတော့

အားလုံးတိုင်ပင်ထားခြင်းမရှိဘဲ တစ်ချိန်တည်းပြောလာကြတယ် "အဆိပ်ခတ်တဲ့နည်းလမ်းက တစ်ဖက်လူကိုရလားမရဘူးလားမေးတာ!"

ဒီလျှို့ဝှက်မှုကိုဖြေရှင်းပြီးသွားတဲ့အချိန်မှာ အားလုံးရဲ့စိတ်ထဲအကျိုးနည်းတွေဖြစ်ကုန်ကြတယ်။ မှော်ဆေးရည်ချလိုက်တာတို့ ဒါမှမဟုတ်ပစ္စည်းတစ်ခုခုနဲ့ချိတ်ဆက်မိသွားတာမျိုးတို့ စဥ်းစားဖူးကြတယ်။ ဒါပေမဲ့အိပ်မက်ထဲတောင်ထည့်မမက်ဖူးတာက ဒီလိုနည်းလမ်းမျိုးဖြစ်နေလိမ့်မယ်လို့ပဲ။ အရမ်းထိတ်လန့်စရာကောင်းလွန်းတယ်။

ဘယ်သူကစတင်လိုက်မှန်းမသိဘဲ ရယ်သံတွေထွက်ပေါ်လာတော့တယ်။

အားလုံးခါးသက်စွာရယ်လိုက်ကြပြီး ပြောလိုက်မိကြတယ် "အရမ်းဆိုးရွားလွန်းတာပဲ"

ဒါပေမဲ့နည်းလမ်းကိုသိပြီဆိုမှတော့ ဘာမှကြောက်စရာမရှိတော့လေဘူး။ သူတို့လက်ထဲမှာမြေပုံလည်းရှိပြီး ဆက်လက်ပြီးလမ်းကြောင်းအတိုင်းနောက်ဆုံးတစ်နေရာဖြစ်တဲ့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ရှေ့ရောက်လာကြတယ်။ အမှန်ကိုပဲအဲဒီမှာဆိုင်ခင်းနေတဲ့သူတစ်ယောက်ကိုတွေ့လိုက်ရတယ်။ သူတို့ရဲ့လက်ထဲကနေပဲကတ်အပိုင်းအစကိုရခဲ့ပြန်တယ်။ ကတ်အပိုင်းအစခြောက်ခုလုံး နေမဝင်ခင်မှာစုစည်းနိုင်ခဲ့ကြလေတယ်။

ဒါရိုက်တာကဂုဏ်ပြလာတယ် "မင်းသားအိမ်တော်ကလူကောင်းအဖွဲ့အနိုင်ရတဲ့အတွက်ဂုဏ်ယူပါတယ်!"

တခြားသူတွေအားလုံးရောက်လာကြပြီး အချင်းချင်းဂုဏ်ပြုစကားဆိုကြလေတယ်။ ရှန်ရှင်းချန် နင်ဇယ်ကိုရိုက်နှက်လိုက်သေးပေမဲ့ မြန်မြန်ဆန်ဆန်ပဲသူငယ်ချင်းကောင်းကိုခွင့်လွှတ်လိုက်တော့တယ်။ သူ့ဒေါသကဝင်ရောက်လာတာလည်းမြန်သလို ပြန်ထွက်သွားတာလည်းမြန်လေတယ်။ စကားနှစ်ခွန်းလောက်နဲ့ချော့မော့ပေးလိုက်ရင် မြန်မြန်ပဲပြန်ကောင်းလာမဲ့အမျိုးဖြစ်တယ်။

ပရိသတ်တွေလည်း ခံစားချက်တွေပြည့်ဝနေခဲ့တယ် :

"ဒီအနိုင်ရမှုကလည်းခက်ခဲလိုက်တာ"

"နောက်ဆုံးမှာခွဲခြမ်းစိတ်ဖြာနိုင်သွားတာကြောင့်သာမဟုတ်ရင် သူတို့မျက်နှာချင်းဆိုင်တောင် တိုက်ရင်တိုက်နေရဦးမှာ"

"ဘာမှမပြောတော့ဘူး ဖုကောကyydsဟုတ်ပြီလား"

(yyds – Yǒng yuǎn de shén – အမြဲတမ်းသောနတ်ဘုရား)

"ဆွေ့ဆွေ့လည်းအရမ်းတော်တယ် သူကကတ်အပိုင်းအစတွေရဲ့နေရာတွေအားလုံးကိုခွဲခြမ်းသွားခဲ့တာ"

"ဒီပူးပေါင်းဆောင်ရွက်မှုကြီးက လုံးဝတန်ပြန်တိုက်ခိုက်မှုပဲ"

တကယ်တော့ဒီဂိမ်းကအရမ်းပဲခက်ခဲလွန်းတယ်။ မစ်ရှင်ကတ်ပေါ်က လုပ်ကြံသူနဲ့ပတ်သက်တဲ့သဲလွန်စတွေက အရမ်းဖုံးကွယ်ထားလွန်းတယ်။ လုပ်ကြံသူတွေကိုပေးထားတဲ့လုပ်ပိုင်ခွင့်ကလည်းအရမ်းကြီးမားလွန်းတယ်။ လူကောင်းအုပ်စုကလူပိုများတယ်ဆိုပေမဲ့ အားလုံးရလာတဲ့သတိပေးချက်တွေက အလွန့်အလွန်နည်းပါးလွန်းတယ်။ အထူးသဖြင့် ရှန်ရှင်းဆွေ့မျှော်စင်ထဲမှာအပိတ်ခံထားရတာပဲ။ တကယ်လို့သာဖုကျင်းရှောင်း ချက်ချင်းဆုံးဖြတ်ချက်ချခဲ့တာမဟုတ်ဘဲ သူတို့မြေပုံလည်းမယူနိုင်ခဲ့ဘူးဆိုရင် မတော်တဆမှုတွေလည်း တစ်ခုပြီးတစ်ခုဖြစ်လာတော့မှာဖြစ်တယ်။

'BrightStar' season1 ပထမဆုံးအပတ်လည်း ဒီဂိမ်းရဲ့အဆုံးသတ်နဲ့အတူ ပြီးပြည့်စုံတဲ့ဇာတ်သိမ်းလေးဖြစ်သွားခဲ့တော့တယ်။

ဒါရိုက်တာအဖွဲ့ကပြုံးကာပြောလာတယ် "အားလုံးပင်ပန်းခဲ့ကြရပြီး မလွယ်ကူခဲ့ပါဘူး ဒီငါးရက်တာကိုကျော်ဖြတ်ခဲ့ပြီးနောက် အားလုံးမှာနက်နဲတဲ့ခံစားချက်တွေဖြစ်တည်ခဲ့ကြပါတယ် ဒါကြောင့်ကျွန်တော်တို့အံ့အားသင့်စရာကောင်းတဲ့ အစီအစဥ်တစ်ခုကြိုတင်ပြင်ဆင်ထားခဲ့ပါတယ် အခုအားလုံးစားသောက်ဆိုင်ထဲဝင်သွားလိုက်ကြပါ ဒုတိယထပ်မှာကျွန်တော်တို့နာမည်တွေကပ်ပြီးသွားပါပြီ မင်းတို့ကကိုယ့်နာမည်ကပ်ထားတဲ့အခန်းထဲဝင်သွားလိုက်ရင်ရပါပြီ"

"......"

အံ့အားသင့်စရာလို့ပြောပေမဲ့ အားလုံးရဲ့စိတ်ထဲမှာ မကောင်းတဲ့ခံစားချက်တွေခံစားမိလိုက်ကြတယ်။

ရိုက်ကူးရေးအဖွဲ့နဲ့သိကျွမ်းခဲ့တဲ့ ဒီအချိန်အတွင်းမှာ ယုံကြည်မှုကအခြေခံအားဖြင့် ပူဖောင်းအဖြစ်ပြောင်းလဲပျောက်ကွယ်သွားခဲ့ပြီဖြစ်တယ်။ ရိုက်ကူးရေးအဖွဲ့ကိုအားမထားနဲ့။ မဟုတ်ရင်ကံမကောင်းအကြောင်းမလှဖြစ်သွားပါလိမ့်မယ်။

ရှန်ရှင်းချန်ကပထမဦးဆုံးလက်ခံလိုက်တယ်။ ဒါပေမဲ့သူမသွားခင်မှာ ခြိမ်းခြောက်စကားတစ်ချို့ပြောလိုက်သေးတယ် "ဒါရိုက်တာကြီး ကျွန်တော်တို့ကိုမလိမ်တာအကောင်းဆုံးပဲနော် မဟုတ်လို့ရိုက်ကူးရေးပြီးသွားရင် ကျွန်တော်ပြတင်းပေါက်ကနေ တွယ်တပ်လာမှာကိုသာ သတိထားနေလိုက်တော့"

ဒါရိုက်တာရယ်ရခက်ငိုရခက်ဖြစ်သွားရတယ်။

အားလုံးဒုတိယထပ်ကိုတက်သွားလိုက်ကြချိန် ရှန်ရှင်းဆွေ့သူ့အခန်းကပထမဆုံးအခန်းဆိုတာကို သတိထားမိလိုက်တယ်။ သူခဏလောက်တွေဝေသွားပြီးမှ အခုဝင်သွားလိုက်တယ်။ ထို့နောက်အထဲမှာကင်မရာတစ်လုံးရှိနေတာကိုတွေ့လိုက်ရတယ်။ ဝန်ထမ်းတစ်ယောက်ကလည်း အဲဒီမှာသူ့ကိုစောင့်နေလေတယ်။ သူဝင်လာတာမြင်တော့ အပြုံးလေးနဲ့ "ထိုင်ပါ"

ရှန်ရှင်းဆွေ့ထိုင်လိုက်တယ်။

ဝန်ထမ်းလေးကစားပွဲပေါ်ကစာရွက်ကိုညွှန်ပြကာ "ဒီစာရွက်ပေါ်မှာ ဒီအစီအစဥ်ထဲကမင်းအရင်းနှီးဆုံးသူရဲ့နာမည်၊ ပြီးတော့သူ့ကိုပြောချင်တဲ့စကားကိုချရေးလိုက်ပါ ပြီးရင်တော့သူကမင်းရဲ့လက်ဆောင်တစ်ခုကိုလက်ခံရရှိပါလိမ့်မယ်"

ရှန်ရှင်းဆွေ့အံ့အားသင့်သွားကာ "တစ်ယောက်ထဲပဲရေးလို့ရတာလား?"

"ဟုတ်ပါတယ်" ဝန်ထမ်းလေးကသူ့ကို စည်းကမ်းတွေအကြောင်း အသေးစိတ်မိတ်ဆက်ပေးလာတယ် "ပြီးတော့ တစ်ဖက်သူကလည်းမင်းနာမည်ကိုရေးမယ်ဆိုတာ သေချာရင်အကောင်းဆုံးပါ ဘာလို့လဲဆိုတော့ နောက်ကျရင်ဒါတွေကို ကျွန်တော်တို့ကတရားဝင်ချပြမှာဖြစ်ပါတယ် ဒါကြောင့်မင်းကတစ်ဖက်သက်ဖြစ်နေပြီး တစ်ဖက်သားကမင်းကိုမရေးဘူးဆိုရင် မင်းကကို့ယို့ကားယားနိုင်တဲ့အခြေအနေထဲ ရောက်သွားပါလိမ့်မယ် ဒါကြောင့်သေချာစဥ်းစားပြီးမှဖြည့်စေချင်ပါတယ်"

.......

ဒီလှည့်ဖျားတတ်တဲ့ရိုက်ကူးရေးအဖွဲ့က အရမ်းလှည့်ဖျားလွန်းတာပဲ!

ရှန်ရှင်းဆွေ့နားထောင်ပြီးနောက် တစ်ကိုယ်လုံးရှုပ်ထွေးနေခဲ့တော့တယ်။ ဒီစာကရေးလိုက်ဖို့ခက်ခဲလှတယ်။ အရင်းနီးဆုံးသူဆိုရင်တော့ သေချာပေါက်သူ့ကောကောရှန်ရှင်းချန်ပေါ့။ ဒါပေမဲ့အနှစ်သက်ဆုံးသူဆိုရင်တော့...သေချာပေါက်..သူ့အိုင်ဒေါပဲပေါ့။

ဒါပေမဲ့မေးခွန်းက ဖုကျင်းရှောင်းကသူ့ကိုရွေးမှာလား?

သူနဲ့ထူရာနဲ့လီလောင်ရှီးတို့က နှစ်အတော်ကြာခင်ခဲ့တဲ့သူငယ်ချင်းဟောင်းတွေ။ သဘောတရားအတိုင်းပြောရရင် ရွေးချယ်သင့်တာက သူတို့ကိုဖြစ်တယ်။ သိတာနှစ်ဝက်တောင်မကြာသေးတဲ့ ဂျူနီယာလေးသူမဟုတ်ဘူး။

ဒါကြောင့် သူစိတ်ကူးယဥ်တာတွေမရှိမှမှန်မှာ။ မဟုတ်ရင်နာမည်နဲ့လက်ဆောင်ပေးလိုက်တဲ့အချိန်မှာ ကို့ယို့ကားယားနိုင်တဲ့အခြေနေတစ်ခုဖြစ်သွားလိမ့်မယ်။ သူအရှက်ရတဲ့ကိစ္စဆိုရင်ထားတော့။ အချိန်ရောက်လို့ အကယ်၍သူ့ရဲ့စာတို့ဘာတို့က ဖုကောကိုစိတ်ရှုပ်စေခဲ့မိရင်မကောင်းဘူးလေ။ သူသေချာပေါက်ဖုကောကို ကိုင်တွယ်ရမခက်စေချင်ဘူး။

......

ဝန်ထမ်းလေးကသူ့ကိုလောလာတယ် "မြန်မြန်ရေးဖို့လိုပါတယ် ကျွန်တော်တို့ပေးထားတဲ့အချိန်ကအကန့်အသတ်ရှိပါတယ်"

ရှန်ရှင်းဆွေ့ကိုတွေဝေနေဖို့ အချိန်အများကြီးမပေးခဲ့လေဘူး။ သူဘောပင်ကိုင်ထားလျက် တစ်ခဏလောက်တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးသက်ပြင်းချကာ ရှန်ရှင်းချန်ရဲ့နာမည်ကိုပဲဖြည့်လိုက်တော့တယ်။

ဝန်ထမ်းလေးကနာမည်ကိုယူလိုက်ပြီးနောက်တစ်ချက်ကြည့်ကာ ရှန်ရှင်းဆွေ့ကိုပြောလာတယ် "သေချာပြီလား?"

ရှန်ရှင်းဆွေ့ခေါင်းညိတ်လိုက်တယ်။

"ကောင်းပါပြီ ဒါဆိုရင်အပြင်ဘက်မှာစောင့်နေပေးပါ"

"ဟုတ်"

အထဲကနေထွက်လာပြီးနောက် တဖြည်းဖြည်းနဲ့တခြားသူတွေလည်းထွက်လာကြတယ်။ အားလုံးကအချင်းချင်းကြည့်နေကြပြီး မျက်ဝန်းအကြည့်တွေထဲကနေ ခန့်မှန်းနေကြတယ်။ အချင်းချင်းမေးမြန်းနေကြတာတွေလည်းရှိတယ်။ ရှန်ရှင်းချန်အထဲကနေထွက်လာပြီးနောက် "မင်းဘယ်သူ့ကိုရေးလိုက်တာလဲ?"

ရှန်ရှင်းဆွေ့အမှန်တိုင်းဖြေလိုက်တယ် "မင်း"

ရှန်ရှင်းချန် သူ့ရင်ဘက်သူပုတ်လိုက်ပြီး "ငါလည်းမင်းကိုရေးလိုက်တာ တည်ငြိမ်သွားရပြီ"

မကြာခင်မှာပဲ ဝန်ထမ်းတွေအထဲကနေထွက်လာကြတော့တယ်။ သူတို့တွေတွန်းလှည်းတစ်စီးစာ လက်ဆောင်တွေယူလာခဲ့ကြတယ်။ ထို့နောက်မျက်နှာပေါ်မှာအပြုံးလေးတွေနဲ့ပြောလာကြတယ် "အားလုံးစိန်ခေါ်မှုကိုအောင်မြင်သွားတဲ့အတွက်ဂုဏ်ပြုပါတယ် ဒါကြောင့်အခုကျွန်တော်တို့ စာနဲ့လက်ဆောင်ရရှိတဲ့သူစာရင်းကို ကြေညာပါမယ်"

အားလုံးမသိလိုက်ပါသာနဲ့ အသက်အောင့်ထားမိလိုက်ကြတယ်။

ဝန်ထမ်းလေးက လက်ထဲကကတ်ကိုကြည့်ရင်းဖတ်ပြလာတယ် "ပထမဦးဆုံးတစ်ယောက်က ရွှီချင်ခဲ့ မင်းစာတစ်စောင်နဲ့လက်ဆောင်တစ်ခုရရှိတဲ့အတွက်ဂုဏ်ယူပါတယ်"

ရွှီချင်ခဲ့ပြုံးလိုက်ပြီး အားလုံးဘက်ကိုခါးညွတ်ကာ "ရှဲ့ရှဲ့"

ဝန်ထမ်းလေးကပြုံးကာပြောလာတယ် "မင်းရွေးချယ်ထားတဲ့သူကလည်းမင်းကိုစာပို့လိုက်ပါတယ် ဂုဏ်ယူပါတယ်!"

ရွှီချင်ခဲ့ကိုယ်ကိုလှည့်ကာ ဖုန်းဖန်နဲ့ပွေ့ဖက်လိုက်တယ်။ သူတို့နှစ်ယောက်လုံးမှာ အပြုံးလေးတွေဝေဆာလျက်ရှိတယ်။

ဝန်ထမ်းလေးကပျော်ရွှင်စာနဲ့ ကျန်တဲ့သူတွေရဲ့နာမည်စာရင်းတွေကိုရွတ်ပြလာတယ် :

"ရှန်ရှင်းချန် မင်းစာနှစ်စောင်နဲ့လက်ဆောင်နှစ်ခုရရှိတဲ့အတွက်ဂုဏ်ယူပါတယ်"

"ရှန်ရှင်းဆွေ့ မင်းစာနှစ်စောင်နဲ့လက်ဆောင်နှစ်ခုရရှိတဲ့အတွက်ဂုဏ်ယူပါတယ်"

ဝန်ထမ်းလေးကသူတို့နှစ်ယောက်ကိုကြည့်ကာ ပြုံးလျက် "မင်းတို့ရွေးချယ်ထားတဲ့သူကလည်း မင်းတို့ကိုလက်ဆောင်ပို့လိုက်တဲ့အတွက် ဂုဏ်ယူပါတယ်!"

ရှန်ရှင်းဆွေ့နဲ့ ရှန်ရှင်းချန်တို့ High Fiveလုပ်လိုက်ကြတယ်။

ဒါပေမဲ့High Fiveလုပ်ပြီးနောက် သူမသိလိုက်ပါသာနဲ့ ဖုကျင်းရှောင်းဘက်ကိုကြည့်လိုက်မိတယ်။ စိတ်ထဲမှာအနည်းငယ်စိုးရိမ်စိတ်နဲ့ မှန်းဆမှုတွေရှိနေတယ်။ ဖုကျင်းရှောင်းက တစ်ခုတည်းသောနာမည်နဲ့အခွင့်အရေးကို ဘယ်သူ့ကိုပေးလိုက်သလဲဆိုတာ သူမသိလေဘူး။ ဒါကြောင့်အလွန်သိချင်နေမိတယ်။

မလှမ်းမကမ်းကဆိုဖာပေါ်မှာ ပျင်းရိစွာထိုင်နေတဲ့ရုပ်ရှင်ဧကရာဇ်ဖုက မျက်လုံးပင့်ကြည့်လာကာ အဓိပ္ပာယ်နက်ရှိုင်းနေလှတယ်။

ဝန်ထမ်းလေးကဆက်လက်ဖတ်ပြလာတယ် "ဖုလောင်ရှီး လူနှစ်ယောက်ဆီကနေရွေးချယ်ခံရတဲ့အတွက်ဂုဏ်ယူပါတယ် စာနှစ်စောင်နဲ့လက်ဆောင်နှစ်ခုလက်ခံရရှိပါတယ် ဒါပေမဲ့စိတ်မကောင်းစွာပဲ လောင်ရှီးရွေးချယ်လိုက်တဲ့သူဟာ လောင်ရှီးကိုမရွေးချယ်ခဲ့ပါဘူး"

"......"

စကားသံဆုံးတာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားရတယ်။

တစ်ခဏလေးအတွင်းမှာပဲ အားလုံးရဲ့အကြည့်တွေက ရွှားရွှားရွှားနဲ့ ဖုကျင်းရှောင်းဆီစုဝေးရောက်ရှိသွားတော့တယ်။ ထို့နောက်အချင်းချင်းကြည့်လိုက်မိကြပြန်တယ်။ အခြေအနေကတော့တစ်ခဏလေးအတွင်းမှာ စိတ်ဝင်စားစရာအဖြစ်ပြောင်းလဲလာခဲ့တယ်။

ထူရာကပထမဦးဆုံးရယ်လာတဲ့သူဖြစ်တယ် "ဒါကဒီလိုဆိုပေမဲ့လည်း နင်ဒါကတစ်ဖက်သက်ဖြစ်သွားတာလား?"

လီလောင်ရှီးလည်း သူငယ်ချင်းကောင်းကို ခံစားချက်မရှိလှောင်ရယ်လာတော့တယ် "ငါမင်းကိုရွေးလိုက်ပေမဲ့ မင်းဆီကတော့အရွေးမခံလိုက်ရဘူး ဒါပေမဲ့ငါအခုနည်းနည်းလေးတောင်ဝမ်းမနည်းဘူး ပြီးတော့ငါခန့်မှန်းမိတာ မင်းကငါ့ထက်တောင်ဝမ်းနည်းနေဦးမယ်မလား"

ဆိုပေါ်မှာပေါ်ထိုင်နေတဲ့ဖုကျင်းရှောင်းက အကြည့်တွေကိုသဘာဝကျစွာခံယူနေပြီးနောက် မျက်လုံးပင့်ကြည့်ကာ မျက်နှာပေါ်မှာပုံမှန်သုံးနေကျ ကြင်နာတဲ့အပြုံးလေးကို တပ်ဆင်ထားလေတယ်။ ဒီသူငယ်ချင်းဆိုးနှစ်ယောက်ကိုကြည့်လိုက်ပြီး "ဘာရယ်စရာပါလို့လဲ?"

နှစ်ယောက်သားစည်းစည်းလုံးလုံးနဲ့ခေါင်းညိတ်လိုက်ကြကာ ပြန်ဖြေလာတယ် "အရမ်းရယ်စရာကောင်းလွန်းတယ်!"

"......"

ဒီကိစ္စကအံ့သြစရာကောင်းလွန်းတဲ့စကားပြောဖြစ်တယ်။

ဒါပေမဲ့ နတ်ဘုရားလို့လူသိများတဲ့ ရေပန်းအစားဆုံးအမျိုးသားဆုကို ငါးနှစ်ဆက်တိုက်ရရှိထားတဲ့ ဖုကျင်းရှောင်းမှာလည်း ဒီလိုနေ့မျိုးရှိလာသေးတယ်!

Live roomထဲကပရိသတ်တွေလည်း အလွန်ပွက်ပွက်ဆူနေကြပြီး သူတို့လည်းသေချာပေါက်အရမ်းစိတ်လှုပ်ရှားလျက်ရှိကြတယ် :

"ဟားဟားဟား ကျဲမေ့တို့ ကောကောကတစ်ဖက်သက်ဖြစ်နေပြီ"

"xswl(ရယ်သေပြီ) အဲဒီအမျိုးသားကောင်းကဘယ်သူပါလိမ့် မင်းအရမ်းသတ္တိရှိတာပဲ!"

"ငါ့ဖုကောကိုငြင်းတယ်ပေါ့? သူကသေသင့်တဲ့ချိုမြိန်မှုလေးပဲ"

"ငါအခုပဲအရမ်းသိချင်နေတာ တကယ်ပဲဘယ်သူများလဲ?"

"ဟားဟားဟား မားရား မြန်မြန်နာမည်ကိုကြေညာလိုက်ပါဟုတ်ပြီလား မဟုတ်ရင် ဒီတစ်နေ့လုံးငါစိတ်အေးနိုင်မှာမဟုတ်ဘူး!"

____________________
Word – 8732
April 27, 2023(Thu)
Xiao Dream

နှစ်ပိုင်းခွဲမထားဘူးနော်ဗျ။ နောက်ကျတာတော့ ခွေးလွှတ်ကြပါ။ ဟီး"

Zawgyi

ဖုေကာ၏တစ္ဖက္သက္အခ်စ္ရႈံးနိမ့္သြားျခင္း
___________________________

ဖုက်င္းေရွာင္းရဲ႕ဒီလိုအမူအရာမ်ိဳးကို အန္းရန္တစ္ခါမွမျမင္ဖူးဘူး။

ဒီဘဝမွာေသခ်ာေပါက္ ပထမဦးဆုံးအႀကိမ္ျဖစ္ၿပီး အရင္ဘဝမွာေတာ့လုံးဝမရွိခဲ့ဖူးဘူး။ တကယ္ေတာ့ ကိုယ့္ကိုယ္ကိုယ္အမွန္တိုင္းျပန္ေမးၾကည့္ရမယ္ဆိုရင္ သူ႔မွတ္ဉာဏ္ထဲမွာ ဖုက်င္းေရွာင္းကအဲဒီအျမင့္တစ္ေနရာက႐ုပ္ရွင္ဧကရာဇ္အျဖစ္ပဲ တစ္ေလွ်ာက္လုံးရပ္တည္ေနခဲ့တယ္။ ဒီလူဟာတစ္ေလွ်ာက္လုံး ေအးစက္ေနခဲ့ၿပီး အရင္ဘဝကသူတို႔ၾကားမွာ အခ်ိန္တစ္ခုေလာက္ရင္းႏွီးဖူးခဲ့တယ္ဆိုရင္ေတာင္ သူနဲ႔ဖုက်င္းေရွာင္းၾကားမွာ အလႊာတစ္ခုျခားေနေသးတယ္လို႔ အန္းရန္ခံစားေနရတယ္။

သူ႔ရဲ႕စိတ္ႏွလုံးနားမကပ္ႏိုင္ေလဘူး။

အရင္ဘဝတုန္းက ေနာက္ဆုံးမွာအိမ္ေထာင္က်ၿပီး လုပ္ငန္းတစ္ခုတည္ေထာင္ခဲ့ေပမဲ့ ဖုက်င္းေရွာင္းကေတာ့ singleအျဖစ္ပဲေနေနခဲ့တယ္။ အဲဒီလူကအထီးက်န္ေနဖို႔သတ္မွတ္ထားခံရသလိုမ်ိဳး သူ႔ကိုနားလည္ႏိုင္ၿပီး သူ႔ကိုလက္ခံႏိုင္မဲ့သူဟာ တစ္ေလွ်ာက္လုံးထြက္ေပၚမလာခဲ့ေလဘူး။

ဒီဘဝမွာေတာ့ အန္းရန္ကသူလုပ္ႏိုင္ခဲ့ၿပီလို႔ထင္ခဲ့မိတယ္။ ဒါေပမဲ့အခုေတာ့ သူတို႔ၾကားမွာျမင့္မားတဲ့ေတာင္ႀကီးေတြကာဆီးေနေသးတယ္လို႔ ႐ုတ္တရက္ခံစားမိလိုက္တယ္။ ဖုက်င္းေရွာင္းကို အလုံးစုံနားလည္ၿပီလို႔ သူ႔ကိုယ္သူထင္လိုက္တဲ့အခ်ိန္မွာ သူသိလိုက္ရတာက အဲ့တာကေရခဲေတာင္ႀကီးတစ္လုံးဆိုတာကိုပဲ။ အခုလိုမ်ိဳး အမ်ိဳးသားကၾကင္နာတဲ့မ်က္ႏွာဖုံးကိုခြာခ်လိုက္ခ်ိန္မွာ ေၾကာက္႐ြံ႕မႈေၾကာင့္လူမကပ္ရဲေလေတာ့ဘူး။

......

Live roomထဲက ပရိသတ္ေတြကေတာ့ အလြန္ေလာေနၾကၿပီျဖစ္တယ္ :

"ဘယ္လိုျဖစ္တာလဲ သူတို႔ဘာေတြေျပာေနၾကတာလဲ"

"အရမ္းေဝးလြန္းတယ္ မၾကားရဘူး"

"ဒါေပမဲ့ ကိုယ္ေနဟန္ထားက အရမ္းဒြိဟျဖစ္ေနႏိုင္တယ္ေနာ"

"ဒါေပမဲ့ငါကေတာ့ ဖုေကာနဲ႔ေဆြ႕ေဆြ႕ကိုပိုshipတယ္!"

ဖုက်င္းေရွာင္း အန္းရန္ဆီကေနသက္ျပင္းရႈိက္သံၾကားလိုက္ရၿပီးေနာက္ ထြက္လာခဲ့လိုက္တယ္။ ထို႔ေနာက္မိုက္ခ္ျပန္ဖြင့္လိုက္တယ္။ အေနာက္ကကင္မရာမန္းက ဘယ္သြားမွာလဲလို႔ေမးလာခဲ့တယ္။

ဖုက်င္းေရွာင္းႏႈတ္ခမ္းကိုတြန္႔ေကြးလိုက္ကာ "မက္မြန္ေတာ"

အဲဒီေတာက ေႏြဦးအစျဖစ္တာေၾကာင့္ အေရာင္အေသြးမစုံလင္လွဘူး။ သြားလိုက္ၿပီးတဲ့ေနာက္ ျမင့္မားတဲ့ေမွ်ာ္စင္ကို အလြယ္တကူျမင္လိုက္ရတယ္။ ဒါအျပင္ေအာက္မွာမတ္ရပ္ေနတဲ့ ဝန္ထမ္းတစ္ေယာက္ကိုလည္းေတြ႕လိုက္ရတယ္။ အဲဒီဝန္ထမ္းက ဖုက်င္းေရွာင္းကိုျမင္လိုက္တဲ့အခ်ိန္မွာ တားလိုက္ေလတယ္ "ေတာင္းပန္ပါတယ္ဖုေကာ ဒီေမွ်ာ္စင္ေပၚတက္လို႔မရပါဘူး"

ဖုက်င္းေရွာင္းေျခလွမ္းေတြရပ္တန္႔သြားၿပီး မ်က္ခုံးပင့္ကာသူ႔ကိုၾကည့္လိုက္တယ္ "အေၾကာင္းျပခ်က္က"

"ဘာလို႔လဲဆိုေတာ့ ေသာ့ပိတ္ထားတာမလို႔ပါ" ဝန္ထမ္းကရွင္းျပေျပာဆိုလာတယ္ "အဲ့တာေၾကာင့္စည္းမ်ဥ္းအရ တက္သြားလို႔မရပါဘူး"

ဖုက်င္းေရွာင္းတံခါးဝမွာရပ္ေနၿပီး ေခါင္းေမာ့ၾကည့္လိုက္တယ္။ ဒီတိုင္းပဲအေပၚကိုေမာ့ၾကည့္လိုက္ခ်ိန္ ေမွ်ာ္စင္အေပၚထပ္မွာလြင့္ေနတဲ့ အဝါေရာင္အက်ႌတစ္ထည္ကိုေတြ႕လိုက္ရေလတယ္။ ေမွ်ာ္စင္ေဘးမွာေလႏွင္ရာလြင့္ေနတာက ၾကည့္ရတာနည္းနည္းရယ္စရာေကာင္းၿပီး ခ်စ္စရာလည္းေကာင္းလွတယ္။

ေခါင္းငုံ႔ကာဝန္ထမ္းေလးနဲ႔မ်က္ႏွာခ်င္းဆိုင္လိုက္တယ္။ သူကတံခါးကေနဝင္သူျဖစ္ၿပီး ဝန္ထမ္းေလးကတံခါးေစာင့္ၾကပ္ေနတဲ့သူဆိုတာ အသိသာႀကီးေပမဲ့ ဝန္ထမ္းေလးကိုၾကည့္ရတာ သူ႔ထပ္ေတာင္အမ်ားႀကီး ပိုစိတ္လႈပ္ရွားေနေလတယ္။

ေခ်ာေမာလွတဲ့ဖုက်င္းေရွာင္းရဲ႕မ်က္ခုံးေတြဟာေကြးၫြတ္သြားခဲ့တယ္။ သူကယုံၾကည္မႈရွိစြာ မူလေနရာမွာပဲရပ္ေနခဲ့တယ္။ မ်က္ႏွာကၾကင္နာပုံရေနၿပီး "ဟုတ္လား?"

ဝန္ထမ္းကစိတ္လႈပ္ရွားစြာနဲ႔ ေခါင္းညိတ္ျပေလတယ္။

"ဒါဆိုမင္းကိုဘယ္သူမွမေျပာျပဖူးဘူးလား......" ဖုက်င္းေရွာင္း ျဖည္းညႇင္းစြာနဲ႔ေျပာလာတယ္။ ဒါေပမဲ့အသံကတျဖည္းျဖည္းနဲ႔ အမ်ားႀကီးနိမ့္ဆင္းသြားခဲ့တယ္။ သူ႔မ်က္လုံးထဲကအၿပဳံးရိပ္ေတြဟာ အႏၲရာယ္မ်ားလွစြာပဲတိုးပြားလာခဲ့တယ္။ အေစာကအတိုင္း တည္ၿငိမ္ေအးေဆးတဲ့သေဘာထားပဲျဖစ္ေနေပမဲ့ ဖိႏွိပ္မႈအားေတြအမ်ားႀကီးပါဝင္လာခဲ့တယ္။ ႏႈတ္ခမ္းကိုတြန္႔ေကြးလိုက္ၿပီး အ႐ိုးထဲမွာျမႇဳပ္ႏွံထားတဲ့ မာနႀကီးမႈေတြထြက္ေပၚလာခဲ့တယ္ "ကိုယ္မလိုက္နာခ်င္ဆုံးက စည္းကမ္းေတြဆိုတာကိုေလ"

ဝန္ထမ္းေလးေၾကာင္အသြားေတာ့တယ္။

ဒီႏွစ္ေတြမွာဖုက်င္းေရွာင္းက အမ်ားႀကီးႏွိမ့္ခ်ေနခဲ့ၿပီး အၿမဲတမ္းယဥ္ေက်းမႈနဲ႔ေနထိုင္ခဲ့တယ္။ အဲတာေၾကာင့္မလို႔ အေစာပိုင္းႏွစ္ေတြမွာ သူကပုံမွန္အတိုင္းဖဲခ်ပ္မထုတ္တတ္တဲ့သူဆိုတာကို သူတို႔ေမ့သြားခဲ့ၾကတာျဖစ္တယ္။

ဖုက်င္းေရွာင္းတင္းတင္းၾကပ္ၾကပ္ပိတ္ထားတဲ့တံခါးကိုအကဲျဖတ္လိုက္ၿပီး မ်က္လုံးထဲမွာစိတ္ဝင္စားမႈအနည္းငယ္ျဖတ္ေျပးသြားခဲ့တယ္။

ဝန္ထမ္းေလးကမသိစိတ္ကေန ေသာ့ကိုကြယ္ဝွက္ဖို႔ ေနာက္ကိုေျခလွမ္းအနည္းငယ္ဆုတ္လိုက္မိတယ္။ ဖုက်င္းေရွာင္းကလႈပ္ရွားမလာဘဲ အသံနိမ့္နဲ႔ "ေက်းဇူးျပဳၿပီးဖယ္ေပးပါဦး"

စတင္လႈပ္ရွားမႈက သူ႔လက္ထဲမွာရွိေနတာဆိုေပမဲ့ ဖုက်င္းေရွာင္းအမိန္႔ေပးလာတဲ့အခ်ိန္မွာ ဝန္ထမ္းေလးကသူ႔စကားအတိုင္း မလိုက္နာဘဲမေနႏိုင္ေလဘူး။ ကိုယ္ကိုျဖည္းျဖည္းခ်င္းဖယ္ေပးလိုက္ၿပီး လိမၼာစြာနဲ႔လမ္းကိုထြက္ေပၚလာေစခဲ့တယ္။

ဖုက်င္းေရွာင္း တံခါးကိုလုံးဝလ်စ္လ်ဴရႈထားလိုက္ၿပီး ျပတင္းေပါက္ကေနခုန္ဝင္သြားေတာ့တယ္။ လႈပ္ရွားမႈကသြက္လက္တဲ့အျပင္ ေခ်ာေမာေနလွတယ္။ လုံးဝေတြေဝမႈရွိမေနဘဲ အသက္တစ္ရႈိက္စာအတြင္းလုပ္ေဆာင္သြားခဲ့တယ္။ အေနာက္ကကင္မရာမန္းေတာင္မွ မတုံ႔ျပန္လိုက္ႏိုင္ဘဲ အမွီမလိုက္ႏိုင္ခဲ့ဘူး။

ဖုက်င္းေရွာင္း အျပင္ဘက္မွာေၾကာင္အစြာရပ္ေနတဲ့ဝန္ထမ္းကို လက္ျပလိုက္ၿပီးေနာက္ အလ်င္အျမန္ကိုယ္ကိုလွည့္လိုက္ၿပီးထြက္ခြာသြားေတာ့တယ္။

ကင္မရာမန္းကႀကီးမားတဲ့စက္ကိုသယ္ထားရတာျဖစ္ၿပီး အျပင္ဘက္ကေစာင့္ၾကပ္ေနတဲ့သူနဲ႔မ်က္ႏွာခ်င္းဆိုင္လိုက္မိတယ္။ ထို႔ေနာက္အခ်ိန္အေတာ္ၾကာမွ စကားတစ္ခြန္းထြက္လာႏိုင္ေတာ့တယ္ "တံခါးကိုဖြင့္ေပးလို႔ရမလား ဒီျပတင္းေပါက္ကေနငါဝင္လို႔မရဘူး"

ဝန္ထမ္းေလး "......ေကာင္းၿပီ"

Live roomထဲကပရိသတ္ေတြလည္း ဒီျမင္ကြင္းကိုျမင္ရခ်ိန္မွာ ျမဴးႂကြေနခဲ့တယ္ :

"အရမ္းနတ္ဘုရားဆန္တာပဲ"

"ဟားဟားဟား မထင္ထားမိဘူးမလား!"

"ဘုရားေရ ရသစုံရႈိးေတြမွာ ဖုက်င္းေရွာင္း အမွန္တကယ္ကစားေနတာကို မျမင္ရတာအေတာ္ၾကာခဲ့ၿပီပဲ"

"ဝူးဝူး အရင္ႏွစ္ေတြကလိုခံစားခ်က္မ်ိဳးပဲ"

ေမွ်ာ္စင္ေပၚကရွန္ရွင္းေဆြ႕ အခန္းထဲမွာထိုင္ေနတုန္းမွာပဲ အျပင္ဘက္ကေနလႈပ္ရွားသံၾကားလိုက္ရတယ္။ သူေၾကာင္အသြားၿပီး အလ်င္အျမန္ေမးလိုက္တယ္ "ဘယ္သူလဲ?"

"ကိုယ္ပါ" အျပင္ဘက္ကေန ဖုက်င္းေရွာင္းရဲ႕အသံပ်ံ႕ႏွံ႔လာခဲ့တယ္။ အမ်ိဳးသားကတံခါးဝမွာရပ္ေနၿပီး ေမးလာခဲ့တယ္ "အဆင္ေျပရဲ႕လား?"

သူလာၿပီဆိုတာရွန္ရွင္းေဆြ႕ျမင္ေတာ့ အလြန္အမင္းစိတ္လႈပ္ရွားေနတယ္ဆိုတာ သိသာလွတယ္။ သူစိတ္လႈပ္ရွားစြာနဲ႔မတ္တပ္ရပ္လာၿပီး "ဖုေလာင္ရွီး! အဆင္ေျပပါတယ္ ကြၽန္ေတာ္အဆင္ေျပပါတယ္ ေလာင္ရွီးေရာက္လာတာတကယ္ေကာင္းတာပဲ ဒါေပမဲ့ဒီတံခါးက အျပင္ကေနေသာ့ခတ္ထားတာထင္တယ္!"

ဖုက်င္းေရွာင္းက "ကိုယ္သိတယ္"

ရွန္ရွင္းေဆြ႕တြန္႔ဆုတ္စြာနဲ႔ေျပာလိုက္တယ္ "ေလာင္ရွီးမွာေသာ့ရွိလား?"

ဖုက်င္းေရွာင္း ဒီတံခါးခ်ပ္ကိုစူးစမ္းၾကည့္လိုက္တယ္။ ဒါကသစ္သားနဲ႔လုပ္ထားတဲ့ အနည္းငယ္အိုေဟာင္းေနၿပီျဖစ္တဲ့တံခါးျဖစ္တယ္။ တကယ္လို႔အားသုံးၿပီးဖြင့္မယ္ဆိုရင္ လုံးဝျပႆနာမရွိဘူး။ ဒါေပမဲ့မက္မြန္ၿမိဳ႕ကအစကတည္းက လက္က်န္ေရွးေဟာင္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ဒီေမွ်ာ္စင္ကလည္းယဥ္ေက်းမႈအေမြအႏွစ္တစ္ခုျဖစ္တယ္။ ယဥ္ေက်းမႈအေမြအႏွစ္ကို ထိန္းသိမ္းေစာင့္ေရွာက္သင့္တယ္ဆိုတဲ့ဘက္ကၾကည့္ရင္ ေလ်ာ္ႏိုင္မေလ်ာ္ႏိုင္ဆိုတာက ျပႆနာတစ္ရပ္မဟုတ္ေတာ့ေလဘူး။

ဖုက်င္းေရွာင္းခ်က္ခ်င္းပဲျပန္ေျဖလာခဲ့တယ္ "မရွိဘူး"

ရွန္ရွင္းေဆြ႕ေၾကာင္အသြားၿပီး "အာ...အာ......?"

သူ႔မသိစိတ္ကေန ဖုက်င္းေရွာင္းမလုပ္ႏိုင္တာမရွိဘူးလို႔ သတ္မွတ္ထားမိတာျဖစ္တယ္။ ဒါေပမဲ့ သူ႔အတြက္လည္းခက္ခဲတဲ့ကိစၥမ်ိဳးရွိေနလိမ့္ဦးမယ္လို႔ သူမစဥ္းစားမိခဲ့ဘူး။

ရွန္ရွင္းေဆြ႕ စိတ္ထဲသက္သာရာရသြားၿပီးေနာက္မွ စတင္ေျဖာင္းျဖေျပာဆိုေနခ်ိန္ "ကိစၥမရွိပါဘူးဖုေကာ ဒီေနရာရဲ႕ရႈခင္းကလည္းလွပါတယ္ ေကာအရင္သြားလိုက္ပါလား နည္းနည္းေလာက္ၾကာရင္......"

အျပင္ဘက္ကေန တံခါးဖြင့္လိုက္တဲ့အသံၾကားလိုက္ရၿပီးေနာက္ မိနစ္ဝက္ေတာင္မၾကာလိုက္ဘဲ တံခါးပြင့္သြားခဲ့ေတာ့တယ္။

အခန္းတံခါးကျဖည္းညင္းစြာ တြန္းဖြင့္ခံလိုက္ရၿပီး တံခါးအျပင္ဘက္မွာရပ္ေနတဲ့အမ်ိဳးသားက ေျဖာင့္တန္းစြာမတ္တပ္ရပ္ေနခဲ့တယ္။ ျပတ္သားတဲ့မ်က္ႏွာေပၚမွာ ႏူးညံ့တဲ့အၿပဳံးတစ္ခ်ိဳ႕ေတာင္တပ္ဆင္ထားေသးတယ္။ သူမ်က္ခုံးပင့္လိုက္ၿပီး "နည္းနည္းေလာက္ၾကာရင္ဘာျဖစ္လဲ?"

ရွန္ရွင္းေဆြ႕လွ်ာဖ်ားေရာက္ေနတဲ့စကားေတြကို ျပန္မ်ိဳခ်လိုက္မိေတာ့တယ္။

ဒါေပမဲ့သူအံ့ၾသေနဆဲျဖစ္တာေၾကာင့္ စူးစမ္းစြာနဲ႔ေမးလိုက္တယ္ "ေလာင္ရွီးဘယ္လိုဖြင့္လိုက္တာလဲ?"

"မင္းဒီတံခါးကိုေျပာတာလား?" ဖုက်င္းေရွာင္းလက္ျဖန္႔ကာေျပာလာတယ္ "မေန႔ကေက်ာင္းထဲမွာတုန္းက ေက်ာင္းသားတစ္ခ်ိဳ႕က အ႐ုပ္အေသးေလးလာေပးၾကတာ အဲဒီအ႐ုပ္ထဲမွာ ေၾကးနန္းႀကိဳးတစ္ေခ်ာင္းပါေနတယ္ေလ ေစာနကပဲကိုယ္အဲ့တာကိုခြာလိုက္ၿပီး တံခါးဖြင့္လိုက္တာ"

ရွန္ရွင္းေဆြ႕ဒါကိုၾကားေတာ့ မယုံႏိုင္စြာဘဲ မ်က္လုံးျပဴးက်ယ္သြားေတာ့တယ္။ ေခါင္းေပၚမွာေတာင္ question markႀကီးတစ္ခုထြက္ေပၚလာသလိုပဲ။

Live roomထဲကပရိသတ္ေတြၾကားမွာလည္း အလြန္ဆူညံေနေတာ့တယ္ :

"ဟားဟားဟား ေကာမွာဒီလိုအတတ္ပညာကလည္းရွိေသးတာလား?"

"ညီမနဲ႔ေဆြ႕ေဆြ႕ေတာင္အံ့ၾသသြားရတယ္သိလား?"

"ဟားဟားဟား ဖုေကာကေတာ့ ဖုေကာပါပဲ"

"ဒါကနည္းပညာကြၽမ္းက်င္မႈေတြရဲ႕အားသာခ်က္လား?"

ရွန္ရွင္းေဆြ႕ေၾကာင္အအေလးျဖစ္ေနၿပီးမွ အထစ္ထစ္အေငါ့ေငါ့နဲ႔ စကားတစ္ခြန္းထြက္လာေတာ့တယ္ "ေကာအရမ္းမိုက္တာပဲ ဒါေတာင္လုပ္တတ္တယ္ဆိုေတာ့"

ဖုက်င္းေရွာင္းႏူးညံ့စြာေျပာလာတယ္ "လွည့္စားမႈေလးတစ္ခုသာသာပါပဲ အခ်ိန္ျဖဳန္းဖို႔ေပါ့ေပါ့ပါးပါးသင္ခဲ့တာေလးပါပဲ"

......

ေကာင္းလိုက္တဲ့အခ်ိန္ျဖဳန္းနည္း။

သူ႐ုတ္တရက္ႀကီးေျပာစရာေတြမ်ားလြန္းလို႔ ဘယ္ကစေျပာရမွန္းေတာင္မသိေတာ့ေလဘူး။

ဒါေပမဲ့ရွန္ရွင္းေဆြ႕အလ်င္အျမန္ေျပာလိုက္တယ္ "ေက်းဇူးပါ ကြၽန္ေတာ္ေစာနက အဝါေရာင္အက်ႌကိုေတာင္ ျပတင္းေပါက္မွာခ်ိတ္ထားလိုက္ေသးတယ္ တစ္ေယာက္ေယာက္မ်ားဒီေနရာကိုလမ္းႀကဳံျဖတ္သြားခဲ့ရင္ ျမင္ၿပီးလာကယ္ႏိုင္ေအာင္လို႔ေလ ေကာကတကယ္ႀကီးေရာက္လာခဲ့တာပဲ တကယ္အရမ္းေက်းဇူးတင္ပါတယ္"

"အင္?" ဖုက်င္းေရွာင္းအသံတစ္ခ်က္ျပဳလိုက္တယ္။ ထို႔ေနာက္ႏႈတ္ခမ္းေလးတြန္႔ေကြးကာ "ကိုယ္ကလမ္းႀကဳံျဖတ္သြားတာမဟုတ္ဘူး"

ရွန္ရွင္းေဆြ႕ေၾကာင္သြားရျပန္တယ္။

ဖုက်င္းေရွာင္းက နက္ေမွာင္လွတဲ့မ်က္ဝန္းေတြနဲ႔ သူ႔ကိုၾကည့္လာခဲ့ၿပီး ဆက္ေျပာမလာေတာ့ဘူး။

ဒီစကားေတြနဲ႔တင္ သူ႔ကိုစိတ္မၿငိမ္သက္ေစဖို႔ လုံေလာက္ေနခဲ့ၿပီျဖစ္တယ္။ ရွန္ရွင္းေဆြ႕ဒါကိုၾကားၿပီးေနာက္ လူတစ္ကိုယ္လုံးမူလေနရာမွာပဲ ႐ူးေၾကာင္ေၾကာင္ေလးရပ္ေနခဲ့တယ္။ မ်က္ေတာင္ေတြခတ္ရင္းခတ္ရင္း ဒီစကားေတြကိုအက်ဥ္းခ်ဳပ္ေနသလိုပဲ။

ဖုက်င္းေရွာင္း "အခန္းထဲမွာပူတယ္ အရင္ထြက္လာခဲ့"

ရွန္ရွင္းေဆြ႕အဲဒီေတာ့မွာ စိတ္နဲ႔ကိုယ္ျပန္ကပ္သြားေတာ့တယ္။ ဒါေပမဲ့သူလည္းျမန္ျမန္ပဲတုံ႔ျပန္လာခဲ့ၿပီး "ခဏေလး ဖုေလာင္ရွီး ကြၽန္ေတာ္ဒီအခန္းထဲမွာအသစ္တစ္ခုေတြ႕ထားတယ္!"

ဖုက်င္းေရွာင္းမ်က္ခုံးပင့္ကာ "အို?"

ရွန္ရွင္းေဆြ႕အခုခ်ိန္မွာစိတ္အရမ္းလႈပ္ရွားေနခဲ့တယ္။ သူလည္းအမ်ားႀကီးဂ႐ုစိုက္မေနေတာ့ဘဲ အနားေရာက္လာၿပီး ဖုက်င္းေရွာင္းရဲ႕လက္ကိုဆြဲကာေခၚသြားေတာ့တယ္။ ဆြဲသြားရင္းနဲ႔ အျပင္ဘက္ကျပတင္းေပါက္ေနရာကို ေခၚသြားလိုက္တယ္။ ထို႔ေနာက္အျပင္ဘက္ကရႈခင္းကိုၾကည့္ကာ "ေကာၾကည့္လိုက္ ဒီေနရာကေနၿပီးၿမိဳ႕တစ္ခုလုံးရဲ႕ပုံစံကိုျမင္ရတယ္ ဒီၿမိဳ႕ကတစ္ခုခုနဲ႔တူေနတယ္လို႔ေကာမထင္ဘူးလား?"

တကယ္လို႔သူတို႔သာဒီေလာက္အျမင့္ႀကီးမွာရပ္ေနတာမဟုတ္ရင္ သတိထားမိဖို႔အရမ္းခက္လွတယ္။ လက္စသတ္ေတာ့ ဒီၿမိဳ႕ေလးကမက္မြန္ပြင့္ပုံစံပုံေဖာ္ထားတာျဖစ္တယ္။ ၿပီးေတာ့မက္မြန္ပြင့္ေတြျဖန္႔က်က္ထားတဲ့ပုံစံက အလြန္အမင္းလွပလွတယ္။

ဖုက်င္းေရွာင္းက "မက္မြန္ဆိုတဲ့နာမည္ေပးထားတာမထူးဆန္းေတာ့ပါဘူး"

ရွန္ရွင္းေဆြ႕႐ူး႐ူးမူးမူးေခါင္းညိတ္ျပလိုက္တယ္။ ဒါေပမဲ့ ဒါကသူ႔ရဲ႕ေတြ႕ရွိမႈအကုန္မဟုတ္ေသးဘူး။ ဒါေၾကာင့္သူရွာေတြ႕ထားတဲ့ကတ္တစ္ကတ္နဲ႔ ေျမပုံကိုယူလာလိုက္တယ္။ အလြန္အျပဳသေဘာေဆာင္ကာေျပာလာတယ္ "ကြၽန္ေတာ္ဒီမက္မြန္ကတ္ကိုေသခ်ာေလးထပ္ၿပီးစူးစမ္းၾကည့္လိုက္ေတာ့ အရမ္းပါးနပ္တဲ့ကိစၥတစ္ခုကိုသတိထားမိသြားတာ ကြၽန္ေတာ္တို႔ပထမဦးဆုံးဒီၿမိဳ႕ကိုေရာက္လာေတာ့ အားလုံးကဘယ္ေနရာေတြမွာအလုပ္လုပ္တာလဲဆိုတာကို ေကာမွတ္မိလား?"

ဖုက်င္းေရွာင္းရဲ႕မွတ္ဉာဏ္ကအလြန္ေကာင္းၿပီး နာမည္ေတြကိုရွင္းရွင္းလင္းလင္းေျပာလာခဲ့တယ္။

"မမွားဘူး!" ရွန္ရွင္းေဆြ႕ဆုံးျဖတ္ခ်က္ခ်ၿပီးေနာက္ မက္မြန္ၿမိဳ႕ေျမပုံနဲ႔ယွဥ္တြဲၾကည့္လိုက္တယ္။ ထို႔ေနာက္အလြန္စိတ္လႈပ္ရွားစြာနဲ႔ေျပာလာခဲ့တယ္ "ကြၽန္ေတာ္ရွာေတြ႕တာက ဥပမာစားေသာက္ဆိုင္နဲ႔စာအုပ္ဆိုင္က မက္မြန္ပြင့္တစ္ခုတည္းေပၚမွာပဲရွိေနတာ ကြၽန္ေတာ့ရဲ႕ဒီေျမပုံကတ္ကလည္း စားေသာက္ဆိုင္မွာရွာေတြ႕ခဲ့တာပဲ အဲ့တာေၾကာင့္အတင့္ရဲရဲခန္႔မွန္းၾကည့္ရရင္ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ကတ္အပိုင္းအစေတြအားလုံးက ကြၽန္ေတာ္တို႔အလုပ္လုပ္ခဲ့တဲ့ေနရာေတြမွာပဲရွိလိမ့္မယ္!"

ဖုက်င္းေရွာင္း သူ႔ရဲ႕ရွင္းျပမႈကိုနားေထာင္ၿပီးတဲ့ေနာက္ ႏႈတ္ခမ္းေလးတြန္႔ေကြးကာ သေဘာတူညီစြာပဲေခါင္းညိတ္ျပလိုက္တယ္ "မမွားဘူး အရမ္းေစ့စပ္တယ္"

ရွန္ရွင္းေဆြ႕အခန္းထဲမွာေခြၽးေတြပ်ံလာခဲ့ရတယ္။ ဒါေပမဲ့ဒီလိုအေျခအေနမ်ိဳးမွာ သူ႔ကိုယ္သူအရႈံးမေပးလိုက္ေလဘူး။ အရမ္းခက္ခဲေနတဲ့ပတ္ဝန္းက်င္မွာ ေနာက္ဆုတ္ဖို႔လမ္းနဲ႔ ရွင္သန္ဖို႔လမ္းကို ရွာေဖြလိုက္တဲ့တစ္ခ်ိန္တည္းမွာပဲ ျပႆနာကိုေျဖရွင္းဖို႔နည္းလမ္းကို ရွာေတြ႕သြားေတာ့တယ္။ ဒီလိုအခ်က္ေလးေတြနဲ႔တင္ကို အရမ္းေကာင္းေနၿပီျဖစ္တယ္။

ပရိသတ္ေတြလည္း အသိအမွတ္ျပဳလာၾကတယ္ :

"လက္စသတ္ေတာ့ေဆြ႕ေဆြ႕က မတုံးပါဘူး!"

"ဟားဟားဟား ဒီကေလးဉာဏ္ေကာင္းလိုက္တာ"

"အဓိကအခ်က္က သူပထမဦးဆုံးရွာေတြ႕သြားတာဆိုတာပဲ!"

"ခ်ဳံးယားခ်ဳံးယား အဲဒီမေကာင္းတဲ့လုပ္ႀကံသူအန္းရန္ကိုသြားလုပ္လိုက္ေတာ့!"

(ခ်ဳံးယား - ဖိုက္တင္း)

ရွန္ရွင္းေဆြ႕ရဲ႕မ်က္လုံးေတြက ေတာက္ပလ်က္ရွိတယ္။ ဖုက်င္းေရွာင္းရဲ႕အသိမွတ္ျပဳမႈကိုရရွိလိုက္ၿပီးေနာက္ ေပ်ာ္႐ႊင္သြားတာသိသာလွတယ္။ အၿပဳံးေလးထြက္ေပၚလာကာ "ဒါဆိုရင္ကြၽန္ေတာ္တို႔ ကတ္အပိုင္းအစေတြသြားရွာလို႔ရၿပီမလား ၿပီးေတာ့......"

ဖုက်င္းေရွာင္းက သူ႔ရဲ႕သေဘာကိုအလုံးစုံနားလည္ေလတယ္။ ႏႈတ္ခမ္းကိုဖြင့္ဟကာ ျပတ္သားတဲ့အေျဖတစ္ခုေပးလိုက္တယ္ "လက္စားေခ်မယ္"

ရွန္ရွင္းေဆြ႕ရဲ႕အၿပဳံးေလးကပိုနက္ရႈိင္းသြားရတယ္။ ေနာက္ဆုံးမွာသူကအမ်ားႀကီးပြင့္လင္းလာၿပီး အရင္ကလိုစိတ္ဓာတ္က်မႈ သိမ္ငယ္မႈေတြမရွိေတာ့ေလဘူး။ စကားကိုၾကားတာနဲ႔ ေခါင္းညိတ္ျပလာတယ္ "သြားတာေပါ့!"

သဲလြန္စေတြရလာၿပီးေနာက္မွာ ပစၥည္းရွာရတဲ့ႏႈန္းကပိုမိုျမန္ဆန္လာေတာ့တယ္။

ေမွ်ာ္စင္ကေနဆင္းလာၿပီးေနာက္ ေျမပုံထဲကအတိုင္းစာအုပ္ဆိုင္မွာဝွက္ထားတဲ့သဲလြန္စကို ရွာေတြ႕လိုက္ရတယ္။ သူတို႔လက္ထဲမွာစုေဆာင္းမိထားတဲ့အပိုင္းအစကတ္ေလးက သုံးခုရွိေနၿပီျဖစ္တယ္။ လမ္းမွာသြားေနရင္း ရွန္ရွင္းေဆြ႕ဖုက်င္းေရွာင္းနဲ႔အစီအစဥ္ေတြေျပာေနတုန္းမွာပဲ တျခားႏွစ္ေယာက္နဲ႔ေတြ႕လိုက္ရတယ္။ ႐ႊီခ်င္ခဲ့နဲ႔ဖုန္းဖန္တို႔ႏွစ္ေယာက္က တစ္ေလွ်ာက္လုံးငုပ္လွ်ိဳးေနတယ္ဆိုေပမဲ့ အခုခ်ိန္ရွန္ရွင္းေဆြ႕တို႔ကိုေတြ႕လိုက္ရခ်ိန္မွာ အလြန္ေပ်ာ္႐ႊင္သြားၾကတယ္။

႐ႊီခ်င္ခဲ့ေဟာဟဲလိုက္လ်က္ေျပာလာတယ္ "မင္းတို႔ မင္းတို႔သတိထားေနေနာ္ ကြၽန္ေတာ္တို႔လုပ္ႀကံသူကဘယ္သူလဲဆိုတာ ခန္႔မွန္းမိသေလာက္ရွိေနၿပီ"

သူတို႔ေတြနာမည္တစ္ခုကို ၿပိဳင္တူေျပာဆိုလိုက္ၾကတယ္ "အန္းရန္!"

႐ႊီခ်င္ခဲ့ေၾကာင္သြားၿပီးမွ "မင္းတို႔ခန္႔မွန္းမိၿပီးသြားၾကၿပီကိုး"

"အင္း ဒိုင္ယာရီစာအုပ္ရခဲ့တာ" ရွန္ရွင္းေဆြ႕ေခါင္းညိတ္ျပလိုက္တယ္။ အနည္းငယ္ရယ္ရခက္ငိုရခက္စြာနဲ႔ "ေျပာရရင္ဒီျဖစ္စဥ္က အလွည့္အေျပာင္းေတြနည္းနည္းမ်ားတယ္လို႔ေျပာရမယ္ ဒါေပမဲ့ေနာက္ဆုံးမွာေတာ့ ခန္႔မွန္းမိသြားတာပါပဲ"

ဖုန္းဖန္ကေဘးကေနေျပာလာတယ္ "ဒါေပမဲ့ကြၽန္ေတာ္တို႔ခန္႔မွန္းမိေသးတာက အန္းရန္တစ္ေယာက္တည္းမျဖစ္ႏိုင္ေလာက္ဘူး"

ရွန္ရွင္းေဆြ႕ခ်က္ခ်င္းေျပာလာတယ္ "သူ႔မွတိတိရွိေသးတယ္ အဲဒီသူကသူ႔ရဲ႕အကူပဲ ၿပီးေတာ့အသက္ကလည္းငါတို႔ထဲမွာအငယ္ဆုံး"

အကုန္လုံးေၾကာင္ကုန္ၾကေတာ့တယ္။

ဘာလို႔လဲဆိုေတာ့ ဒီထဲမွာအသက္အငယ္ဆုံးက ဘယ္ႏွေယာက္မွာမရွိလို႔ပဲ။ ရွန္ရွင္းေဆြ႕နဲ႔အန္းရန္က အငယ္ဆုံးေတြျဖစ္တယ္။

အားလုံးျပဴးျပဴးေၾကာင္ျဖစ္ေနၾကခ်ိန္ ဖုက်င္းေရွာင္းကသက္ျပင္းခ်ကာ အေတြးလမ္းလြဲသြားၾကတဲ့ ဒီ႐ူးအအအုပ္စုကိုအခ်ိန္မီကယ္တင္လိုက္ေတာ့တယ္ "ဒီတိတိကဘာလို႔အန္းရန္မျဖစ္ႏိုင္ရမွာလဲ?"

! ! !

လက္စသတ္ေတာ့ဒီလိုကိုး!

ရွန္ရွင္းေဆြ႕အပါအဝင္တျခားႏွစ္ေယာက္က ေလးစားတဲ့အၾကည့္ေတြနဲ႔ဖုက်င္းေရွာင္းကိုၾကည့္လာၾကတယ္။ မ်က္ႏွာေပၚမွာလည္းအံ့အားသင့္မႈနဲ႔ ေလးစားမႈကိုခ်ိတ္ဆြဲထားေသးတယ္။

ဖုက်င္းေရွာင္း "......"

Live roomထဲကပရိသတ္ေတြလည္း ဒီျမင္ကြင္းကိုျမင္ေတာ့ ရယ္ေမာၾကေတာ့တယ္ :

"ဟားဟားဟား အုပ္စုေခါင္းေဆာင္ပဲ"

"ဒီ႐ူးအအအဖြဲ႕က ဖုေလာင္ရွီးသာမရွိရင္ အကုန္ပ်က္သုဥ္းသြားေလာက္တယ္"

"ဒါ႐ိုက္တာအဖြဲ႕ကေစတနာေကာင္းလိုက္တာ"

"ဟားဟားဟား ဒီပြဲမွာေတာ့ဖုက်င္းေရွာင္းကေသခ်ာေပါက္MVPပဲ!"

မွန္ကန္တဲ့လမ္းေၾကာင္းျပန္ေရာက္သြားၿပီးေနာက္ လူတိုင္းကပိုၿပီးတရားဝင္ျဖစ္တဲ့လမ္းေပၚသြားေနၾကၿပီျဖစ္တယ္။ အားလုံးသဲလြန္စေတြစုစည္းလိုက္ရင္ တကယ္လို႔ေကာေကာသာဆိုရင္ အသက္ငယ္တဲ့တိတိတစ္ေယာက္ရွိတယ္။ ၾကည့္လိုက္တာနဲ႔ဦးေႏွာက္မရွိတဲ့ရွန္ရွင္းခ်န္ကိုပယ္၊ တစ္ဦးတည္းေသာသားဖုက်င္းေရွာင္းကိုပယ္၊ တျခားသူေတြကိုပါပယ္လိုက္ရင္ အခ်က္အလက္နဲ႔ကိုက္ညီတဲ့သူတစ္ေယာက္ပဲက်န္ရွိခဲ့ေတာ့တယ္။ အဲ့တာကေတာ့ တစ္ေလွ်ာက္လုံးလ်စ္လ်ဴရႈခံထားရတဲ့ နင္ဇယ္ပဲ!

ေကာင္းလိုက္တာ။

႐ႊီခ်င္ခဲ့ကေျပာလာတယ္ "အဲတာဆိုရင္ရွန္ရွင္းခ်န္ေတာ့အႏၲရာယ္ရွိေနၿပီ သူေစာနကတုန္းကနင္ဇယ္နဲ႔အတူတူသြားေနတာ"

စကားသံဆုံးသြားတာနဲ႔ ထုတ္လႊင့္သံတစ္သံၾကားလိုက္ရတယ္ "ဒီအလွည့္မွာထူရာ၊ လီ႐ႊီအန္း၊ လီေလာင္ရွီးတို႔ အထုတ္ခံလိုက္ရပါၿပီ"

?

အားလုံးရဲ႕မ်က္ႏွာေပၚမွာ ဇေဝဇဝါျဖစ္ေနတဲ့အမူအရာေတြထြက္ေပၚလာၾကတယ္။ သိပ္ၿပီးမျဖစ္သင့္ဘူးလို႔ခံစားမိၾကတယ္။ ရွန္ရွင္းခ်န္ကလုပ္ႀကံသူနဲ႔အနီးဆုံးျဖစ္ၿပီး မေန႔ကလည္းအဆိပ္တစ္ဝက္မိလိုက္ေသးတယ္ေလ။ ဒါေတာင္ဘာမွမျဖစ္ဘူး?

စဥ္းစားေနရင္းနဲ႔ပဲ မလွမ္းမကမ္းကေန လူတစ္စုေလွ်ာက္လာၾကတယ္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ ရွန္ရွင္းခ်န္တို႔ျဖစ္တယ္။ ၿပီးေတာ့လမ္းသြားေနရင္း ဘာေတြျငင္းေနၾကတာလဲမသိဘူး။ အနားနီးလာမွရွင္းရွင္းလင္းလင္းၾကားလိုက္ၾကရတယ္။

ရွန္ရွင္းခ်န္ကစက္ဆုပ္စြာေျပာလာတယ္ "ငါမင္းကိုငါ့ကိုမကယ္ခိုင္းဘူးေလ'

လီ႐ႊိအန္းသက္ျပင္းခ်ကာ "မင္းဆီမွာနတ္လက္နက္အပိုင္းအစရွိတယ္ေလ မင္းအသက္ရွင္ေနတာပိုေကာင္းတာေပါ့"

"ကိုယ့္ကိစၥကိုယ္သာဂ႐ုစိုက္စမ္းပါ!" ရွန္ရွင္းခ်န္သူ႔ကိုရက္စက္စြာ တစ္ခ်က္ၾကည့္ေပးလိုက္တယ္။ ထို႔ေနာက္ နင္ဇယ္ကိုတစ္ခ်က္ကန္လိုက္ရင္း "မင္းဆိုတဲ့သစၥာေဖာက္ကေတာ့"

နင္ဇယ္ကူရာမဲ့စြာနဲ႔ ပုခုံးတြန္႔လိုက္တယ္။

သူတို႔အုပ္စု ရွန္ရွင္းေဆြ႕တို႔ကိုျမင္တာနဲ႔ မ်က္လုံးေတြေတာက္လာၾကေတာ့တယ္။ သခင္ေလးကအလ်င္အျမန္ေျပးလာၿပီး ေဒါသထြက္စြာေျပာလာတယ္ "နင္ဇယ္နဲ႔အန္းရန္က လုပ္ႀကံသူေတြပဲ ငါတို႔အမွားေၾကာင့္ေပးဆပ္လိုက္ရတယ္!"

ျဖဴေကာင္ဆံပင္ေလးစိတ္ဆိုးေနတာကို ရွန္ရွင္းေဆြ႕ၾကည့္ေနခဲ့တယ္။

ဒါေပမဲ့ခ်စ္စရာလည္းေကာင္းျပန္တယ္။ သူကအၿမဲဒီလိုပဲျဖစ္ၿပီး တကယ္လို႔သူ႔ေဘးမွာညီအစ္ကိုသူငယ္ခ်င္းေတြရွိမေနဘူးဆိုရင္ စိတ္ဆိုးေနလိမ့္မွာျဖစ္တယ္။ သူ႔သေဘာထားက႐ိုးရွင္းလြန္းတာေၾကာင့္ ကိစၥေတာ္ေတာ္မ်ားမ်ားကို ႐ိုး႐ိုးေလးပဲေတြးတတ္ေလတယ္။ သူမလုပ္ႏိုင္လို႔မဟုတ္ဘဲ သူ႔အက်င့္စ႐ိုက္ကိုကဒီလိုမ်ိဳးျဖစ္တယ္။

ရွန္ရွင္းခ်န္က "ငါ့ဆီမွာကတ္အပိုင္းအစတစ္ခုရွိတယ္ ျမန္ျမန္သိမ္းထားလိုက္ ငါတို႔လက္စားသြားေခ်ၾကဦးမွာ ၿမိဳ႕ေလးအတြက္ယုတ္မာေကာက္က်စ္တဲ့သူေတြကိုဖယ္ရွားပစ္လိုက္ရေအာင္!"

ရွန္ရွင္းေဆြ႕နဲ႔ဖုက်င္းေရွာင္းတို႔ အၾကည့္ခ်င္းဆုံလိုက္ၾကတယ္။

ဖုက်င္းေရွာင္းေခါင္းဖြဖြညိတ္ျပလိုက္ၿပီး ကတ္အပိုင္းအစေတြအားလုံးကိုထုတ္ျပကာ "အကုန္ေပါင္းလိုက္ရင္၄ကတ္"

ရွန္ရွင္းခ်န္အံ့အားသင့္သြားခဲ့တယ္။ အခုကေန႔လယ္ခင္းျဖစ္ၿပီး သူတို႔အေတာ္ေလးႀကိဳးစားမွ က်န္တဲ့ဟာေတြကိုရွာေတြ႕ႏိုင္မွာလို႔ထင္မွတ္ထားခဲ့တယ္။ လုံးဝမထင္ထားမိတာက ေလးကတ္ေတာင္ရွိေနလိမ့္မယ္လို႔ပဲ။ နတ္လက္နတ္အပိုင္းအစေတြကေျခာက္ခုလိုအပ္တာျဖစ္တယ္။ အခုဆိုရင္ႏွစ္ကတ္ပဲလိုေတာ့တယ္။

႐ႊီခ်င္ခဲ့ကဒါကိုျမင္ေတာ့ ေဖ်ာ့ေဖ်ာ့ေလးေျပာလာတယ္ "တကယ္ေတာ့ကြၽန္ေတာ္တို႔မွာတစ္ကတ္ရွိေသးတယ္"

! ! ?

ကိစၥကဒီေလာက္ေခ်ာေမြ႕လိမ့္မယ္လို႔ အားလုံးမထင္ထားမိၾကဘူး။

ဖုက်င္းေရွာင္းကအဓိကကိုဖမ္းဆုပ္လိုက္ၿပီး တိုက္႐ိုက္ပဲေမးလိုက္တယ္ "သူတို႔သုံးေယာက္ကဘယ္လိုအထုတ္ခံလိုက္ရတာလဲ မင္းကလည္းမေန႔ကဘယ္လိုအဆိပ္မိသြားခဲ့တာလဲ စဥ္းစားမိထားတာရွိလား?"

ရွန္ရွင္းခ်န္အေမးခံလိုက္ရေတာ့တယ္။

သူေစ့ေစ့စပ္စပ္ျပန္ေတြးၾကည့္ၿပီးတဲ့ေနာက္ "ကြၽန္ေတာ္လည္းေသခ်ာေတာ့မသိဘူး ကြၽန္ေတာ္တို႔ကအစကတည္းကအတူတူသြားၾကတာ ဘာမွလည္းမလုပ္ၾကဘူး ဒီတိုင္းအတူတူသြားၿပီးကတ္အပိုင္းအစေတြသြားရွာ႐ုံပဲ ၿပီးေတာ့အကုန္လုံးကလည္းမူမွန္မွန္ပဲ ေနာက္ေတာ့ေပါ့ေပါ့ပါးပါးစကားစျမည္ေျပာေနၾကတယ္ အဲဒီေနာက္လီ႐ႊိအန္းစကားနည္းနည္းျဖတ္ေျပာခဲ့တယ္ ၿပီးေတာ့အထုတ္ခံလိုက္ရတာ့တာပဲ"

......

သူတို႔ေတြတိတ္ဆိတ္သြားၾကေတာ့တယ္။

လုပ္ႀကံသူရဲ႕ထုတ္ပယ္တဲ့နည္းလမ္းကိုသူတို႔မသိၾကဘဲ သံသယကင္းစြာနဲ႔ ကိုယ့္ကိုယ္ကိုယ္အႏၲရာယ္အေျခအေနထဲမွာ ထားထားၾကတာျဖစ္တယ္။

ရွန္ရွင္းေဆြ႕ေမးလိုက္တယ္ "မင္းတို႔ဘာအေၾကာင္းေျပာေနၾကတာလဲ?"

ရွန္ရွင္းခ်န္အမွန္တိုင္းေျဖလာခဲ့တယ္။ သခင္ေလးကအခုခ်ိန္မွာ အရမ္းစိတ္ဆတ္ေနေလတယ္ "ေန႔စဥ္ဘဝထဲကအေၾကာင္းေတြပါပဲ နင္ဇယ္ကငါ့ကိုကိစၥတစ္ခ်ိဳ႕ေမးတယ္ ေနာက္ေတာ့တျခားေနရာကိုသြားၿပီးၾကည့္လို႔ရမလားလို႔ေမးတယ္ ငါမေျဖလိုက္ရေသးဘဲ လီ႐ႊိအန္းနဲ႔ထူရာေလာင္ရွီးကသြားလို႔ရတယ္လို႔ေျပာလိုက္တာ ေနာက္ေတာ့ငါတို႔သြားေနရင္းမွာပဲ သူတို႔ေတြအထုတ္ခံလိုက္ရေတာ့တာပဲ"

ရွန္ရွင္းေဆြ႕ရဲ႕မ်က္ႏွာကလည္းေလးနက္လာခဲ့တယ္ "ေသခ်ာေပါက္ျပႆနာရွိရမယ္ တစ္ေနရာရာမူမမွန္ေနတာရွိရမယ္......"

ဖုက်င္းေရွာင္းရဲ႕နက္ေမွာင္တဲ့မ်က္ဝန္းေတြက အေရာင္ေဖ်ာ့ေနခဲ့တယ္။ သူစဥ္းစားေနတဲ့အခ်ိန္မွာ ေဘးပတ္ဝန္းက်င္ကေလထုက အလြန္ေလးနက္လ်က္ရွိတယ္။ သူမ်က္လုံးလွန္ကာရွန္ရွင္းခ်န္ကိုၾကည့္လိုက္တယ္ "မေန႔ကမင္းနဲ႔အန္းရန္ႏွစ္ေယာက္တည္း ဘာေတြေျပာခဲ့လဲ?"

ရွန္ရွင္းခ်န္ျပန္စဥ္းစားၾကည့္လိုက္ေတာ့ "ဘာမွေတာ့မေျပာပါဘူး ေအာ တစ္ေခါက္ရွိတယ္ သူကလာၿပီးထင္းကူခြဲေပးဖို႔လုပ္ေသးတယ္ ေနာက္ေတာ့မရွိေတာ့ဘူး"

"အေသးစိတ္ေျပာ" ဖုက်င္းေရွာင္းေျပာလာတယ္ "သူဘာေတြေျပာခဲ့လဲ"

ရွန္ရွင္းခ်န္ဝူးတူးဝါးတားနဲ႔ "သူကကြၽန္ေတာ့္ကိုပုဆိန္သူ႔ကိုေပးလို႔ရလားလို႔ေမးတာ သူလည္းစမ္းၾကည့္ခ်င္လို႔တဲ့"

"......"

အားလုံးတိတ္ဆိတ္မႈလႊမ္းၿခဳံသြားခဲ့တယ္။

ဆက္ၿပီးေတာ့

အားလုံးတိုင္ပင္ထားျခင္းမရွိဘဲ တစ္ခ်ိန္တည္းေျပာလာၾကတယ္ "အဆိပ္ခတ္တဲ့နည္းလမ္းက တစ္ဖက္လူကိုရလားမရဘူးလားေမးတာ!"

ဒီလွ်ိဳ႕ဝွက္မႈကိုေျဖရွင္းၿပီးသြားတဲ့အခ်ိန္မွာ အားလုံးရဲ႕စိတ္ထဲအက်ိဳးနည္းေတြျဖစ္ကုန္ၾကတယ္။ ေမွာ္ေဆးရည္ခ်လိုက္တာတို႔ ဒါမွမဟုတ္ပစၥည္းတစ္ခုခုနဲ႔ခ်ိတ္ဆက္မိသြားတာမ်ိဳးတို႔ စဥ္းစားဖူးၾကတယ္။ ဒါေပမဲ့အိပ္မက္ထဲေတာင္ထည့္မမက္ဖူးတာက ဒီလိုနည္းလမ္းမ်ိဳးျဖစ္ေနလိမ့္မယ္လို႔ပဲ။ အရမ္းထိတ္လန္႔စရာေကာင္းလြန္းတယ္။

ဘယ္သူကစတင္လိုက္မွန္းမသိဘဲ ရယ္သံေတြထြက္ေပၚလာေတာ့တယ္။

အားလုံးခါးသက္စြာရယ္လိုက္ၾကၿပီး ေျပာလိုက္မိၾကတယ္ "အရမ္းဆိုး႐ြားလြန္းတာပဲ"

ဒါေပမဲ့နည္းလမ္းကိုသိၿပီဆိုမွေတာ့ ဘာမွေၾကာက္စရာမရွိေတာ့ေလဘူး။ သူတို႔လက္ထဲမွာေျမပုံလည္းရွိၿပီး ဆက္လက္ၿပီးလမ္းေၾကာင္းအတိုင္းေနာက္ဆုံးတစ္ေနရာျဖစ္တဲ့ ေရွးေဟာင္းပစၥည္းအေရာင္းဆိုင္ေရွ႕ေရာက္လာၾကတယ္။ အမွန္ကိုပဲအဲဒီမွာဆိုင္ခင္းေနတဲ့သူတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။ သူတို႔ရဲ႕လက္ထဲကေနပဲကတ္အပိုင္းအစကိုရခဲ့ျပန္တယ္။ ကတ္အပိုင္းအစေျခာက္ခုလုံး ေနမဝင္ခင္မွာစုစည္းႏိုင္ခဲ့ၾကေလတယ္။

ဒါ႐ိုက္တာကဂုဏ္ျပလာတယ္ "မင္းသားအိမ္ေတာ္ကလူေကာင္းအဖြဲ႕အႏိုင္ရတဲ့အတြက္ဂုဏ္ယူပါတယ္!"

တျခားသူေတြအားလုံးေရာက္လာၾကၿပီး အခ်င္းခ်င္းဂုဏ္ျပဳစကားဆိုၾကေလတယ္။ ရွန္ရွင္းခ်န္ နင္ဇယ္ကို႐ိုက္ႏွက္လိုက္ေသးေပမဲ့ ျမန္ျမန္ဆန္ဆန္ပဲသူငယ္ခ်င္းေကာင္းကိုခြင့္လႊတ္လိုက္ေတာ့တယ္။ သူ႔ေဒါသကဝင္ေရာက္လာတာလည္းျမန္သလို ျပန္ထြက္သြားတာလည္းျမန္ေလတယ္။ စကားႏွစ္ခြန္းေလာက္နဲ႔ေခ်ာ့ေမာ့ေပးလိုက္ရင္ ျမန္ျမန္ပဲျပန္ေကာင္းလာမဲ့အမ်ိဳးျဖစ္တယ္။

ပရိသတ္ေတြလည္း ခံစားခ်က္ေတြျပည့္ဝေနခဲ့တယ္ :

"ဒီအႏိုင္ရမႈကလည္းခက္ခဲလိုက္တာ"

"ေနာက္ဆုံးမွာခြဲျခမ္းစိတ္ျဖာႏိုင္သြားတာေၾကာင့္သာမဟုတ္ရင္ သူတို႔မ်က္ႏွာခ်င္းဆိုင္ေတာင္ တိုက္ရင္တိုက္ေနရဦးမွာ"

"ဘာမွမေျပာေတာ့ဘူး ဖုေကာကyydsဟုတ္ၿပီလား"

(yyds – Yǒng yuǎn de shén – အၿမဲတမ္းေသာနတ္ဘုရား)

"ေဆြ႕ေဆြ႕လည္းအရမ္းေတာ္တယ္ သူကကတ္အပိုင္းအစေတြရဲ႕ေနရာေတြအားလုံးကိုခြဲျခမ္းသြားခဲ့တာ"

"ဒီပူးေပါင္းေဆာင္႐ြက္မႈႀကီးက လုံးဝတန္ျပန္တိုက္ခိုက္မႈပဲ"

တကယ္ေတာ့ဒီဂိမ္းကအရမ္းပဲခက္ခဲလြန္းတယ္။ မစ္ရွင္ကတ္ေပၚက လုပ္ႀကံသူနဲ႔ပတ္သက္တဲ့သဲလြန္စေတြက အရမ္းဖုံးကြယ္ထားလြန္းတယ္။ လုပ္ႀကံသူေတြကိုေပးထားတဲ့လုပ္ပိုင္ခြင့္ကလည္းအရမ္းႀကီးမားလြန္းတယ္။ လူေကာင္းအုပ္စုကလူပိုမ်ားတယ္ဆိုေပမဲ့ အားလုံးရလာတဲ့သတိေပးခ်က္ေတြက အလြန္႔အလြန္နည္းပါးလြန္းတယ္။ အထူးသျဖင့္ ရွန္ရွင္းေဆြ႕ေမွ်ာ္စင္ထဲမွာအပိတ္ခံထားရတာပဲ။ တကယ္လို႔သာဖုက်င္းေရွာင္း ခ်က္ခ်င္းဆုံးျဖတ္ခ်က္ခ်ခဲ့တာမဟုတ္ဘဲ သူတို႔ေျမပုံလည္းမယူႏိုင္ခဲ့ဘူးဆိုရင္ မေတာ္တဆမႈေတြလည္း တစ္ခုၿပီးတစ္ခုျဖစ္လာေတာ့မွာျဖစ္တယ္။

'BrightStar' season1 ပထမဆုံးအပတ္လည္း ဒီဂိမ္းရဲ႕အဆုံးသတ္နဲ႔အတူ ၿပီးျပည့္စုံတဲ့ဇာတ္သိမ္းေလးျဖစ္သြားခဲ့ေတာ့တယ္။

ဒါ႐ိုက္တာအဖြဲ႕ကၿပဳံးကာေျပာလာတယ္ "အားလုံးပင္ပန္းခဲ့ၾကရၿပီး မလြယ္ကူခဲ့ပါဘူး ဒီငါးရက္တာကိုေက်ာ္ျဖတ္ခဲ့ၿပီးေနာက္ အားလုံးမွာနက္နဲတဲ့ခံစားခ်က္ေတြျဖစ္တည္ခဲ့ၾကပါတယ္ ဒါေၾကာင့္ကြၽန္ေတာ္တို႔အံ့အားသင့္စရာေကာင္းတဲ့ အစီအစဥ္တစ္ခုႀကိဳတင္ျပင္ဆင္ထားခဲ့ပါတယ္ အခုအားလုံးစားေသာက္ဆိုင္ထဲဝင္သြားလိုက္ၾကပါ ဒုတိယထပ္မွာကြၽန္ေတာ္တို႔နာမည္ေတြကပ္ၿပီးသြားပါၿပီ မင္းတို႔ကကိုယ့္နာမည္ကပ္ထားတဲ့အခန္းထဲဝင္သြားလိုက္ရင္ရပါၿပီ"

"......"

အံ့အားသင့္စရာလို႔ေျပာေပမဲ့ အားလုံးရဲ႕စိတ္ထဲမွာ မေကာင္းတဲ့ခံစားခ်က္ေတြခံစားမိလိုက္ၾကတယ္။

႐ိုက္ကူးေရးအဖြဲ႕နဲ႔သိကြၽမ္းခဲ့တဲ့ ဒီအခ်ိန္အတြင္းမွာ ယုံၾကည္မႈကအေျခခံအားျဖင့္ ပူေဖာင္းအျဖစ္ေျပာင္းလဲေပ်ာက္ကြယ္သြားခဲ့ၿပီျဖစ္တယ္။ ႐ိုက္ကူးေရးအဖြဲ႕ကိုအားမထားနဲ႔။ မဟုတ္ရင္ကံမေကာင္းအေၾကာင္းမလွျဖစ္သြားပါလိမ့္မယ္။

ရွန္ရွင္းခ်န္ကပထမဦးဆုံးလက္ခံလိုက္တယ္။ ဒါေပမဲ့သူမသြားခင္မွာ ၿခိမ္းေျခာက္စကားတစ္ခ်ိဳ႕ေျပာလိုက္ေသးတယ္ "ဒါ႐ိုက္တာႀကီး ကြၽန္ေတာ္တို႔ကိုမလိမ္တာအေကာင္းဆုံးပဲေနာ္ မဟုတ္လို႔႐ိုက္ကူးေရးၿပီးသြားရင္ ကြၽန္ေတာ္ျပတင္းေပါက္ကေန တြယ္တပ္လာမွာကိုသာ သတိထားေနလိုက္ေတာ့"

ဒါ႐ိုက္တာရယ္ရခက္ငိုရခက္ျဖစ္သြားရတယ္။

အားလုံးဒုတိယထပ္ကိုတက္သြားလိုက္ၾကခ်ိန္ ရွန္ရွင္းေဆြ႕သူ႔အခန္းကပထမဆုံးအခန္းဆိုတာကို သတိထားမိလိုက္တယ္။ သူခဏေလာက္ေတြေဝသြားၿပီးမွ အခုဝင္သြားလိုက္တယ္။ ထို႔ေနာက္အထဲမွာကင္မရာတစ္လုံးရွိေနတာကိုေတြ႕လိုက္ရတယ္။ ဝန္ထမ္းတစ္ေယာက္ကလည္း အဲဒီမွာသူ႔ကိုေစာင့္ေနေလတယ္။ သူဝင္လာတာျမင္ေတာ့ အၿပဳံးေလးနဲ႔ "ထိုင္ပါ"

ရွန္ရွင္းေဆြ႕ထိုင္လိုက္တယ္။

ဝန္ထမ္းေလးကစားပြဲေပၚကစာ႐ြက္ကိုၫႊန္ျပကာ "ဒီစာ႐ြက္ေပၚမွာ ဒီအစီအစဥ္ထဲကမင္းအရင္းႏွီးဆုံးသူရဲ႕နာမည္၊ ၿပီးေတာ့သူ႔ကိုေျပာခ်င္တဲ့စကားကိုခ်ေရးလိုက္ပါ ၿပီးရင္ေတာ့သူကမင္းရဲ႕လက္ေဆာင္တစ္ခုကိုလက္ခံရရွိပါလိမ့္မယ္"

ရွန္ရွင္းေဆြ႕အံ့အားသင့္သြားကာ "တစ္ေယာက္ထဲပဲေရးလို႔ရတာလား?"

"ဟုတ္ပါတယ္" ဝန္ထမ္းေလးကသူ႔ကို စည္းကမ္းေတြအေၾကာင္း အေသးစိတ္မိတ္ဆက္ေပးလာတယ္ "ၿပီးေတာ့ တစ္ဖက္သူကလည္းမင္းနာမည္ကိုေရးမယ္ဆိုတာ ေသခ်ာရင္အေကာင္းဆုံးပါ ဘာလို႔လဲဆိုေတာ့ ေနာက္က်ရင္ဒါေတြကို ကြၽန္ေတာ္တို႔ကတရားဝင္ခ်ျပမွာျဖစ္ပါတယ္ ဒါေၾကာင့္မင္းကတစ္ဖက္သက္ျဖစ္ေနၿပီး တစ္ဖက္သားကမင္းကိုမေရးဘူးဆိုရင္ မင္းကကို႔ယို႔ကားယားႏိုင္တဲ့အေျခအေနထဲ ေရာက္သြားပါလိမ့္မယ္ ဒါေၾကာင့္ေသခ်ာစဥ္းစားၿပီးမွျဖည့္ေစခ်င္ပါတယ္"

.......

ဒီလွည့္ဖ်ားတတ္တဲ့႐ိုက္ကူးေရးအဖြဲ႕က အရမ္းလွည့္ဖ်ားလြန္းတာပဲ!

ရွန္ရွင္းေဆြ႕နားေထာင္ၿပီးေနာက္ တစ္ကိုယ္လုံးရႈပ္ေထြးေနခဲ့ေတာ့တယ္။ ဒီစာကေရးလိုက္ဖို႔ခက္ခဲလွတယ္။ အရင္းနီးဆုံးသူဆိုရင္ေတာ့ ေသခ်ာေပါက္သူ႔ေကာေကာရွန္ရွင္းခ်န္ေပါ့။ ဒါေပမဲ့အႏွစ္သက္ဆုံးသူဆိုရင္ေတာ့...ေသခ်ာေပါက္..သူ႔အိုင္ေဒါပဲေပါ့။

ဒါေပမဲ့ေမးခြန္းက ဖုက်င္းေရွာင္းကသူ႔ကိုေ႐ြးမွာလား?

သူနဲ႔ထူရာနဲ႔လီေလာင္ရွီးတို႔က ႏွစ္အေတာ္ၾကာခင္ခဲ့တဲ့သူငယ္ခ်င္းေဟာင္းေတြ။ သေဘာတရားအတိုင္းေျပာရရင္ ေ႐ြးခ်ယ္သင့္တာက သူတို႔ကိုျဖစ္တယ္။ သိတာႏွစ္ဝက္ေတာင္မၾကာေသးတဲ့ ဂ်ဴနီယာေလးသူမဟုတ္ဘူး။

ဒါေၾကာင့္ သူစိတ္ကူးယဥ္တာေတြမရွိမွမွန္မွာ။ မဟုတ္ရင္နာမည္နဲ႔လက္ေဆာင္ေပးလိုက္တဲ့အခ်ိန္မွာ ကို႔ယို႔ကားယားႏိုင္တဲ့အေျခေနတစ္ခုျဖစ္သြားလိမ့္မယ္။ သူအရွက္ရတဲ့ကိစၥဆိုရင္ထားေတာ့။ အခ်ိန္ေရာက္လို႔ အကယ္၍သူ႔ရဲ႕စာတို႔ဘာတို႔က ဖုေကာကိုစိတ္ရႈပ္ေစခဲ့မိရင္မေကာင္းဘူးေလ။ သူေသခ်ာေပါက္ဖုေကာကို ကိုင္တြယ္ရမခက္ေစခ်င္ဘူး။

......

ဝန္ထမ္းေလးကသူ႔ကိုေလာလာတယ္ "ျမန္ျမန္ေရးဖို႔လိုပါတယ္ ကြၽန္ေတာ္တို႔ေပးထားတဲ့အခ်ိန္ကအကန္႔အသတ္ရွိပါတယ္"

ရွန္ရွင္းေဆြ႕ကိုေတြေဝေနဖို႔ အခ်ိန္အမ်ားႀကီးမေပးခဲ့ေလဘူး။ သူေဘာပင္ကိုင္ထားလ်က္ တစ္ခဏေလာက္တုံ႔ဆိုင္းေနၿပီးမွ ေနာက္ဆုံးသက္ျပင္းခ်ကာ ရွန္ရွင္းခ်န္ရဲ႕နာမည္ကိုပဲျဖည့္လိုက္ေတာ့တယ္။

ဝန္ထမ္းေလးကနာမည္ကိုယူလိုက္ၿပီးေနာက္တစ္ခ်က္ၾကည့္ကာ ရွန္ရွင္းေဆြ႕ကိုေျပာလာတယ္ "ေသခ်ာၿပီလား?"

ရွန္ရွင္းေဆြ႕ေခါင္းညိတ္လိုက္တယ္။

"ေကာင္းပါၿပီ ဒါဆိုရင္အျပင္ဘက္မွာေစာင့္ေနေပးပါ"

"ဟုတ္"

အထဲကေနထြက္လာၿပီးေနာက္ တျဖည္းျဖည္းနဲ႔တျခားသူေတြလည္းထြက္လာၾကတယ္။ အားလုံးကအခ်င္းခ်င္းၾကည့္ေနၾကၿပီး မ်က္ဝန္းအၾကည့္ေတြထဲကေန ခန္႔မွန္းေနၾကတယ္။ အခ်င္းခ်င္းေမးျမန္းေနၾကတာေတြလည္းရွိတယ္။ ရွန္ရွင္းခ်န္အထဲကေနထြက္လာၿပီးေနာက္ "မင္းဘယ္သူ႔ကိုေရးလိုက္တာလဲ?"

ရွန္ရွင္းေဆြ႕အမွန္တိုင္းေျဖလိုက္တယ္ "မင္း"

ရွန္ရွင္းခ်န္ သူ႔ရင္ဘက္သူပုတ္လိုက္ၿပီး "ငါလည္းမင္းကိုေရးလိုက္တာ တည္ၿငိမ္သြားရၿပီ"

မၾကာခင္မွာပဲ ဝန္ထမ္းေတြအထဲကေနထြက္လာၾကေတာ့တယ္။ သူတို႔ေတြတြန္းလွည္းတစ္စီးစာ လက္ေဆာင္ေတြယူလာခဲ့ၾကတယ္။ ထို႔ေနာက္မ်က္ႏွာေပၚမွာအၿပဳံးေလးေတြနဲ႔ေျပာလာၾကတယ္ "အားလုံးစိန္ေခၚမႈကိုေအာင္ျမင္သြားတဲ့အတြက္ဂုဏ္ျပဳပါတယ္ ဒါေၾကာင့္အခုကြၽန္ေတာ္တို႔ စာနဲ႔လက္ေဆာင္ရရွိတဲ့သူစာရင္းကို ေၾကညာပါမယ္"

အားလုံးမသိလိုက္ပါသာနဲ႔ အသက္ေအာင့္ထားမိလိုက္ၾကတယ္။

ဝန္ထမ္းေလးက လက္ထဲကကတ္ကိုၾကည့္ရင္းဖတ္ျပလာတယ္ "ပထမဦးဆုံးတစ္ေယာက္က ႐ႊီခ်င္ခဲ့ မင္းစာတစ္ေစာင္နဲ႔လက္ေဆာင္တစ္ခုရရွိတဲ့အတြက္ဂုဏ္ယူပါတယ္"

႐ႊီခ်င္ခဲ့ၿပဳံးလိုက္ၿပီး အားလုံးဘက္ကိုခါးၫြတ္ကာ "ရွဲ႕ရွဲ႕"

ဝန္ထမ္းေလးကၿပဳံးကာေျပာလာတယ္ "မင္းေ႐ြးခ်ယ္ထားတဲ့သူကလည္းမင္းကိုစာပို႔လိုက္ပါတယ္ ဂုဏ္ယူပါတယ္!"

႐ႊီခ်င္ခဲ့ကိုယ္ကိုလွည့္ကာ ဖုန္းဖန္နဲ႔ေပြ႕ဖက္လိုက္တယ္။ သူတို႔ႏွစ္ေယာက္လုံးမွာ အၿပဳံးေလးေတြေဝဆာလ်က္ရွိတယ္။

ဝန္ထမ္းေလးကေပ်ာ္႐ႊင္စာနဲ႔ က်န္တဲ့သူေတြရဲ႕နာမည္စာရင္းေတြကို႐ြတ္ျပလာတယ္ :

"ရွန္ရွင္းခ်န္ မင္းစာႏွစ္ေစာင္နဲ႔လက္ေဆာင္ႏွစ္ခုရရွိတဲ့အတြက္ဂုဏ္ယူပါတယ္"

"ရွန္ရွင္းေဆြ႕ မင္းစာႏွစ္ေစာင္နဲ႔လက္ေဆာင္ႏွစ္ခုရရွိတဲ့အတြက္ဂုဏ္ယူပါတယ္"

ဝန္ထမ္းေလးကသူတို႔ႏွစ္ေယာက္ကိုၾကည့္ကာ ၿပဳံးလ်က္ "မင္းတို႔ေ႐ြးခ်ယ္ထားတဲ့သူကလည္း မင္းတို႔ကိုလက္ေဆာင္ပို႔လိုက္တဲ့အတြက္ ဂုဏ္ယူပါတယ္!"

ရွန္ရွင္းေဆြ႕နဲ႔ ရွန္ရွင္းခ်န္တို႔ High Fiveလုပ္လိုက္ၾကတယ္။

ဒါေပမဲ့High Fiveလုပ္ၿပီးေနာက္ သူမသိလိုက္ပါသာနဲ႔ ဖုက်င္းေရွာင္းဘက္ကိုၾကည့္လိုက္မိတယ္။ စိတ္ထဲမွာအနည္းငယ္စိုးရိမ္စိတ္နဲ႔ မွန္းဆမႈေတြရွိေနတယ္။ ဖုက်င္းေရွာင္းက တစ္ခုတည္းေသာနာမည္နဲ႔အခြင့္အေရးကို ဘယ္သူ႔ကိုေပးလိုက္သလဲဆိုတာ သူမသိေလဘူး။ ဒါေၾကာင့္အလြန္သိခ်င္ေနမိတယ္။

မလွမ္းမကမ္းကဆိုဖာေပၚမွာ ပ်င္းရိစြာထိုင္ေနတဲ့႐ုပ္ရွင္ဧကရာဇ္ဖုက မ်က္လုံးပင့္ၾကည့္လာကာ အဓိပၸာယ္နက္ရႈိင္းေနလွတယ္။

ဝန္ထမ္းေလးကဆက္လက္ဖတ္ျပလာတယ္ "ဖုေလာင္ရွီး လူႏွစ္ေယာက္ဆီကေနေ႐ြးခ်ယ္ခံရတဲ့အတြက္ဂုဏ္ယူပါတယ္ စာႏွစ္ေစာင္နဲ႔လက္ေဆာင္ႏွစ္ခုလက္ခံရရွိပါတယ္ ဒါေပမဲ့စိတ္မေကာင္းစြာပဲ ေလာင္ရွီးေ႐ြးခ်ယ္လိုက္တဲ့သူဟာ ေလာင္ရွီးကိုမေ႐ြးခ်ယ္ခဲ့ပါဘူး"

"......"

စကားသံဆုံးတာနဲ႔ ပတ္ဝန္းက်င္တစ္ခုလုံးတိတ္ဆိတ္သြားရတယ္။

တစ္ခဏေလးအတြင္းမွာပဲ အားလုံးရဲ႕အၾကည့္ေတြက ႐ႊား႐ႊား႐ႊားနဲ႔ ဖုက်င္းေရွာင္းဆီစုေဝးေရာက္ရွိသြားေတာ့တယ္။ ထို႔ေနာက္အခ်င္းခ်င္းၾကည့္လိုက္မိၾကျပန္တယ္။ အေျခအေနကေတာ့တစ္ခဏေလးအတြင္းမွာ စိတ္ဝင္စားစရာအျဖစ္ေျပာင္းလဲလာခဲ့တယ္။

ထူရာကပထမဦးဆုံးရယ္လာတဲ့သူျဖစ္တယ္ "ဒါကဒီလိုဆိုေပမဲ့လည္း နင္ဒါကတစ္ဖက္သက္ျဖစ္သြားတာလား?"

လီေလာင္ရွီးလည္း သူငယ္ခ်င္းေကာင္းကို ခံစားခ်က္မရွိေလွာင္ရယ္လာေတာ့တယ္ "ငါမင္းကိုေ႐ြးလိုက္ေပမဲ့ မင္းဆီကေတာ့အေ႐ြးမခံလိုက္ရဘူး ဒါေပမဲ့ငါအခုနည္းနည္းေလးေတာင္ဝမ္းမနည္းဘူး ၿပီးေတာ့ငါခန္႔မွန္းမိတာ မင္းကငါ့ထက္ေတာင္ဝမ္းနည္းေနဦးမယ္မလား"

ဆိုေပၚမွာေပၚထိုင္ေနတဲ့ဖုက်င္းေရွာင္းက အၾကည့္ေတြကိုသဘာဝက်စြာခံယူေနၿပီးေနာက္ မ်က္လုံးပင့္ၾကည့္ကာ မ်က္ႏွာေပၚမွာပုံမွန္သုံးေနက် ၾကင္နာတဲ့အၿပဳံးေလးကို တပ္ဆင္ထားေလတယ္။ ဒီသူငယ္ခ်င္းဆိုးႏွစ္ေယာက္ကိုၾကည့္လိုက္ၿပီး "ဘာရယ္စရာပါလို႔လဲ?"

ႏွစ္ေယာက္သားစည္းစည္းလုံးလုံးနဲ႔ေခါင္းညိတ္လိုက္ၾကကာ ျပန္ေျဖလာတယ္ "အရမ္းရယ္စရာေကာင္းလြန္းတယ္!"

"......"

ဒီကိစၥကအံ့ၾသစရာေကာင္းလြန္းတဲ့စကားေျပာျဖစ္တယ္။

ဒါေပမဲ့ နတ္ဘုရားလို႔လူသိမ်ားတဲ့ ေရပန္းအစားဆုံးအမ်ိဳးသားဆုကို ငါးႏွစ္ဆက္တိုက္ရရွိထားတဲ့ ဖုက်င္းေရွာင္းမွာလည္း ဒီလိုေန႔မ်ိဳးရွိလာေသးတယ္!

Live roomထဲကပရိသတ္ေတြလည္း အလြန္ပြက္ပြက္ဆူေနၾကၿပီး သူတို႔လည္းေသခ်ာေပါက္အရမ္းစိတ္လႈပ္ရွားလ်က္ရွိၾကတယ္ :

"ဟားဟားဟား က်ဲေမ့တို႔ ေကာေကာကတစ္ဖက္သက္ျဖစ္ေနၿပီ"

"xswl(ရယ္ေသၿပီ) အဲဒီအမ်ိဳးသားေကာင္းကဘယ္သူပါလိမ့္ မင္းအရမ္းသတၱိရွိတာပဲ!"

"ငါ့ဖုေကာကိုျငင္းတယ္ေပါ့? သူကေသသင့္တဲ့ခ်ိဳၿမိန္မႈေလးပဲ"

"ငါအခုပဲအရမ္းသိခ်င္ေနတာ တကယ္ပဲဘယ္သူမ်ားလဲ?"

"ဟားဟားဟား မားရား ျမန္ျမန္နာမည္ကိုေၾကညာလိုက္ပါဟုတ္ၿပီလား မဟုတ္ရင္ ဒီတစ္ေန႔လုံးငါစိတ္ေအးႏိုင္မွာမဟုတ္ဘူး!"

____________________
Word – 8732
April 27, 2023(Thu)
Xiao Dream

ႏွစ္ပိုင္းခြဲမထားဘူးေနာ္ဗ်။ ေနာက္က်တာေတာ့ ေခြးလႊတ္ၾကပါ။ ဟီး"

Continue Reading

You'll Also Like

351K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
375K 46.6K 36
Raising Children in Ancient County Town Chinese Title - 在古代县城养儿_欲来迟 Original Author - 欲来迟 English Translator - Erishi An Status -35chapters (complete...
283K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
797K 66.2K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...