Unicode
ရုပ်ရှင်ဧကရာဇ်ဖုက ကြိုးနီသွယ်ပေးဖို့(အောင်သွယ်ပေးဖို့)တောင်းဆိုလာတယ်
________________________________________________________________________
ဖုကျင်းရှောင်းကတော့ မျက်ခုံးပင့်ရုံတင်ပင့်လိုက်ပြီး နှုတ်ခမ်းကိုတွန့်ကွေးလိုက်ကာ "မင်းကိုယ့်ကိုသံသယဝင်နေတာလား?"
"မဝင်ရဲပါဘူး" အန်းရန်လိမ်လိမ်မာမာလေးရပ်နေပြီး "ကတ်ပေါ်ကသဲလွန်စက ဒီလိုဖြစ်နေတာကြောင့်ပဲ ကျွန်တော်ဖုကောနဲ့လာမျှဝေတာ ကောဖက်မှာဘာသဲလွန်စတွေများရှိသေးလဲလို့"
ဖုကျင်းရှောင်း တိတ်ဆိတ်စွာခေါင်းညိတ်ပြလိုက်ပြီး သူက "ကိုယ့်မှာမစ်ရှင်သတိပေးချက်ကတ်တစ်ခုရှိတယ်။ ကတ်ပေါ်မှာရေးထားတာက : [အဲဒီနှစ်ကကိစ္စတွေကို အစေခံအိုကြီးကနေ့စဥ်ဒိုင်ယာရီအဖြစ်မှတ်တမ်းတင်ထားခဲ့ပြီး အိမ်ထပ်ခိုးကစာကြည့်ခန်းထဲမှာသိမ်းထားခဲ့တယ်။]"
အန်းရန်ရဲ့မျက်လုံးတွေက မသိလိုက်ဘာသာနဲ့ပြူးကျယ်သွားခဲ့တယ်။
ဖုကျင်းရှောင်းကတော့ အသံဖြည်းဖြည်းနဲ့ "ကိုယ်နဲ့ရှန်ရှင်းဆွေ့သွားရှာပြီးသွားပြီ အဲဒီဒိုင်ယာရီကိုရှာမတွေ့ခဲ့ဘူး ရှန်ရှင်းချန်တို့လည်းသွားရှာဖူးတယ် သူတို့လည်းမတွေ့ခဲ့ဘူး အဲဒါကြောင့်ဒီသဲလွန်စက အခုချိန်မှာအဓိပ္ပာယ်ဖော်ဖို့အခက်ဆုံးဖြစ်နေတာ"
အန်းရန်စိတ်သက်သာရာရသွားတဲ့ပုံစံနဲ့ ပြုံးပြလိုက်တယ် "ဟုတ်လား?"
ဖုကျင်းရှောင်းခေါင်းညိတ်လိုက်တယ် "အင်း ဒါပေမဲ့ကိုယ့်အထင်တော့ အဲ့တာကအဓိကသဲလွန်စဖြစ်လိမ့်မယ်"
"ကျွန်တော်မှတ်မိတာထပ်ခိုးရဲ့တံခါးကသော့ခတ်ထားတာမလား" အန်းရန်မေးလာတယ် "ကောတို့ဘယ်လိုဝင်သွားခဲ့တာလဲ"
ဖုကျင်းရှောင်းပြန်ဖြေလိုက်တယ် "ရိုက်ကူးရေးအဖွဲ့ကိုသော့တောင်းလိုက်တာ ဒါပေမဲ့သော့ကလည်းတစ်ချောင်းတည်းပဲရှိတာ အဓိကဒိုင်ယာရီကိုရှာမတွေ့သေးတာမလို့ သော့ကိုထပ်ခိုးအောက်က ကော်ဇောထဲမှာကိုယ်ဝှက်ထားခဲ့လိုက်တယ်"
အန်းရန်စဥ်းစားလျက်ခေါင်းညိတ်လိုက်တယ်။
ဖုကျင်းရှောင်းသူ့ကိုမျက်လုံးပင့်ကြည့်လိုက်တယ်။ အမျိုးသားရဲ့မျက်ဝန်းတွေကနက်မှောင်လျက်ရှိပြီးတော့ သူ့မျက်နှာပေါ်မှာလည်း ပုံမှန်ရှိနေကျဖြစ်တဲ့ အန္တရာယ်ကင်းတဲ့အပြုံးတစ်ခုချိတ်ဆွဲထားလေတယ်။ ထို့နောက်သူကသာမာန်အတိုင်းမေးလာခဲ့တယ် "မင်းကိုယ့်ကိုပြောတဲ့သဲလွန်စကအရမ်းအဓိကကျတယ် မင်းရဲ့ကတ်ကိုကိုယ့်ကိုပြကြည့်လို့ရမလား?"
အန်းရန်တောင့်တင်းသွားပြီး "ဟင်?"
"မင်းပြောတဲ့အဲဒီသဲလွန်စရဲ့ကတ်လေ" ဖုကျင်းရှောင်းလှေကာလက်ရမ်းပေါ်မှီထားလေတယ်။ အရပ်ရှည်ပြီးချောမောတဲ့အမျိုးသားက အပေါ်ကနေငုံ့ကြည့်လာပြီး "မဟုတ်ရင်အတုလားအစစ်လားဆိုတာ ကိုယ်ဘယ်လိုလုပ်သိမှာတုန်း"
သူ့မှာဒီတစ်ကွက်ရှိလိမ့်ဦးမယ်လို့ အန်းရန်လုံးဝထင်မထားမိလေဘူး။
Live roomထဲကပရိသတ်တွေကတော့ ချီးမွမ်းကြကုန်တယ် :
"ဒီယောက်ျားကတကယ်လျှို့ဝှက်ဆန်းကြယ်တာပဲ"
"ဟားဟားဟား ဖုကျင်းရှောင်းနဲ့ကစားမယ် နည်းနည်းကြင်နာစမ်းပါ"
"ငါလူး မင်းကသုံးထပ်မှာလို့ထင်နေတဲ့အချိန်မှာ သူကငါးထပ်ရောက်နေပြီကွ"
"မဟုတ်ဘူးကျယ်မေ့ သူကလေထုထဲရောက်နေပြီဆိုတာ မင်းမကြာခင်ပဲသိလာလိမ့်မယ်"
[လေထုထဲရောက်နေပြီဆိုတာ ချီးမွမ်းတဲ့စကားပါတဲ့။ သူများကအောက်ထစ်လေးမှာပဲရှိနေသေးပေမဲ့ သူကတော့ဟိုးထိပ်ထိရောက်သွားပြီပေါ့ကွာ။]
အန်းရန်ကတောင့်တင်းစွာနဲ့ရှင်းပြလာတယ် "အဲဒီသဲလွန်စရဲ့ကတ်ကို ကျွန်တော်နဲ့ယူမလာမိဘူး လုပ်ကြံသူကလာလုသွားမှာကြောက်လို့ ကျွန်တော်တခြားနေရာမှာထားခဲ့လိုက်ပြီ ဒါပေမဲ့ဖုကောစိတ်ချပါ ကျွန်တော်တကယ်ကောကိုမလိမ်ပါဘူး ဒါမှမဟုတ်ညကျပြန်ရောက်ရင် ကျွန်တော်ကတ်ကိုကောကြည့်ဖို့ ကောအခန်းဆီလာပို့မယ်လေ?"
"ထားလိုက်တော့" ဖုကျင်းရှောင်းပျင်းရိစွာနဲ့ငြင်းပယ်လိုက်တယ်။ မတ်တပ်ရပ်လိုက်ပြီးနောက် လှေကားအောက်ဘက်ကိုကြည့်လိုက်ရင်း ရှန်ရှင်းဆွေ့ရဲ့အရိပ်အယောင်ကိုတွေ့လိုက်ရချိန်မှာ နှုတ်ခမ်းလေးကွေးတက်သွားရတယ်။ သူကဖြည်းညှင်းစွာပြောလာခဲ့တယ် "တခြားသူမြင်သွားပြီး အထင်လွဲသွားရင်မကောင်းဘူး"
အန်းရန် ".....?"
ကျွန်တော်ကခင်ဗျားအခန်းကိုကိုယ်တိုင်လာရမှာကို ကျွန်တော်တောင်တခြားသူဝေဖန်မှာမကြောက်တာ ခင်ဗျားကအထင်လွဲမှာကြောက်တယ်ပေါ့။
ဒီလှိုင်းကအရမ်းကြီးအန္တရာယ်မရှိပေမဲ့ စော်ကားမှုကတော့အလွန်ပဲ။
Live roomထဲကပရိသတ်တွေလည်း ပျော်မြူးနေခဲ့ကြတယ် :
"ဟားဟားဟား ဖုကော အရမ်းသန့်ရှင်းစင်ကြယ်တဲ့ယောက်ျား"
"အတင်းအဖျင်း? မဖြစ်နိုင်ဘူး!"
"မင်းစိတ်ပူစရာတောင်မလိုဘူး သူကိုယ်တိုင်ကအတင်းအဖျင်းတွေကို အပြတ်ရှင်းတဲ့ယောက်ျားပဲ"
နေ့လယ်ခင်းရောက်လာတဲ့အချိန်မှာ တော်တော်များများလည်း နေ့တစ်ဝက်လောက်အလုပ်တွေလုပ်ပြီးကြပြီဖြစ်တယ်။ ဒီမနက်ခင်းဟာ လူတိုင်းအတွက်ဒုက္ခရောက်ခဲ့ရတယ်။ ဒီထဲမှာဒုက္ခအရောက်ဆုံးကတော့ ရှန်ရှင်းချန်ပဲဖြစ်တယ်။ လီရွှိအန်းကအနောက်မှာ လုံခြုံရေးအဖြစ်လုပ်နေလို့ ကံကောင်းသွားပြီး မီးဖိုချောင်ကိုအချိန်မီကယ်တင်နိုင်ခဲ့တာဖြစ်တယ်။ အဲဒီတော့မှနေ့လယ်စာကို ခက်ခက်ခဲခဲလုပ်နိုင်ခဲ့တာဖြစ်တယ်။
ကလေးတွေကနေ့လယ်စာက ကျောင်းမှာပဲစားကြတာဖြစ်တာကြောင့် ထမင်းလာယူကြတယ်။
ရှန်ရှင်းဆွေ့လည်းလာကူညီလေတယ်။ သူကထမင်းထည့်ပေးဖို့တာဝန်ယူထားတာဖြစ်တယ်။ ဒါပေမဲ့တန်းစီရင်းကောင်လေးတစ်ယောက်အလှည့်ရောက်တဲ့အချိန်မှာ အဲဒီကောင်လေးကသူဟင်းထည့်ပေးတော့မဲ့အချိန်မှာငြင်းဆိုလာခဲ့တယ်။ သူအသံကျယ်ကျယ်နဲ့ပြောလာခဲ့တယ် "လောင်ရှီး ကျွန်တော်ထမင်းပဲလိုချင်ပါတယ်"
ရှန်ရှင်းဆွေ့ကြောင်အသွားရပြိး "ဘာလို့လဲ"
"ကျွန်တော့်ပါသာဟင်းယူလာခဲ့တာပါ" သူက "လောင်ရှီးကျွန်တော့်ကိုထမင်းပဲထည့်ပေးရင်ရပါပြီ"
ရှန်ရှင်းဆွေ့စိတ်ထဲသံသယဖြစ်မိပေမဲ့ ကလေးရဲ့တောင်းဆိုချက်အတိုင်းလုပ်ပေးလိုက်တယ်။ ဒါပေမဲ့သူ့စိတ်ထဲမှာတော့ စိတ်မချနိုင်ဖြစ်နေသေးတာကြောင့် ကောင်လေးထွက်သွားပြီးနောက်မှ အနောက်ကကလေးတွေကိုမေးလိုက်တယ် "သူကမင်းတို့အတန်းကလား?"
အနောက်ကသူကခေါင်းညိတ်ပြလာတယ်။
ရှန်ရှင်းဆွေ့က "သူတကယ်ပဲအိမ်ကနေဟင်းယူလာတာလား?"
ကလေးကပြန်ဖြေလာတယ် "သူကအမြဲတမ်းအိမ်ကနေယူလာတဲ့ အချဥ်ဟင်းတွေနဲ့ပဲစားတာ ပြီးခဲ့တဲ့အပတ်ကနေစပြီးအဲ့လိုပဲ"
"ဘာလို့လဲ?" ရှန်ရှင်းဆွေ့မျက်မှောင်ကြုတ်လိုက်ပြီး "ကျောင်းကအစားအသောက်စရိတ်ကြီးလို့လား? ဒါပေမဲ့ယွမ်နည်းနည်းနဲ့ဟင်းတွေအများကြီးရသလားလို့လေ"
အဲဒီကလေးကခေါင်းခါကာပြောလာတယ် "မဟုတ်ပါဘူး သူကိုယ်တိုင်ကဟင်းဖိုးမပေးချင်တာပါ သူကပိုက်ဆံစုပြီးmelodicaဝယ်ချင်တာကြောင့်လို့ပြောတယ်"
ရှန်ရှင်းဆွေ့အံ့သြသွားပြီး "အဲဒါဝယ်ပြီးဘာလုပ်မလို့လဲ?"
"သူကသီချင်းဆိုရတာကြိုက်တယ်လေ" အနောက်ကကောင်လေးက ရယ်မောကာပြောလာတယ် "သူကဂီတပညာရှင်တောင်လုပ်ချင်သေးတာ ဒါပေမဲ့သူကနည်းနည်းလေးတောင် သီချင်းမဆိုတတ်ဘူး သူသီချင်းဆိုတာနားထောင်ရအရမ်းဆိုးလွန်းတယ်"
"......"
ရှန်ရှင်းဆွေ့တိတ်ဆိတ်သွားရတယ်။
သူ့စိတ်ထဲမှာဂရုစိုက်မိနေတာကြောင့်ဖြစ်နိုင်တယ်။ အဲ့တာကြောင့် ကျောင်းသားတွေတော်တော်များများကို ထမင်းထည့်ပေးပြီးသွားချိန်မှာ ရှန်ရှင်းဆွေ့ထမင်းစားဆောင်ကနေ အပြင်ထွက်ခဲ့တော့တယ်။ ထို့နောက်မလှမ်းမကမ်းက ပန်းခုံပေါ်မှာအဲဒီကလေးကိုရှာတွေ့ခဲ့တယ်။
"မင်းကဒီမှာကိုး" ရှန်ရှင်းဆွေ့ခြေလှမ်းဖွဖွလေးနဲ့ အနားသွားလိုက်တယ်။ အဲဒီကလေးရဲ့ဘေးနားက ထမင်းဘူးကိုကြည့်လိုက်တော့ အမှန်ပဲမုန်လာဥခြောက်တစ်ချို့နဲ့ ငရုတ်သီးခြောက်တွေဖြစ်တယ်။ အဲဒါကြောင့်မျက်မှောင်ကြုတ်လိုက်ရင်း "မင်းဘယ်လိုလုပ်ပြီးဒီဟာပဲစားနေတာလဲ"
အဲဒီကလေးကရှန်ရှင်းဆွေ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တုန်လှုပ်သွားရတယ်။
"ငါမင်းအတွက်မုန့်ချပ်ကင်တစ်ချို့ယူလာခဲ့တယ်" ရှန်ရှင်းဆွေ့ အနောက်ကနေထုတ်ယူလာလိုက်တယ် "ဒါကရာရာလောင်ရှီးကင်ထားတာ အရမ်းမွှေးတာ မင်းမြည်းကြည့်"
ကောင်လေးကအနည်းငယ်တုံ့ဆိုင်းလျက်ရှိတယ်။
ရှန်ရှင်းဆွေ့ ဖွဖွပြုံးလိုက်ပြီး "ပိုက်ဆံပေးစရာမလိုဘူး"
သူဒီစကားကြားလိုက်တော့မှ ကောင်လေးကတုံ့ဆိုင်းမနေခဲ့တော့တာဖြစ်တယ်။ ဒီမုန့်ချပ်ကင်ကအသားနဲ့ဖြစ်တယ်။ အရမ်းလည်းမွှေးလှတယ်။ သူဒီလောက်မွှေးတဲ့အစားအသောက်ကို မစားရတာအရမ်းကြာနေခဲ့ပြီဖြစ်တယ်။ ဒါကြောင့်ပထမဆုံးအချိန်မှာ မထိန်းချုပ်နိုင်တော့ဘဲ အလောတကြီးစားလိုက်မိတော့တယ်။
ရှန်ရှင်းဆွေ့အလျင်အမြန်ပဲ သူ့ကျောကိုပုတ်ပေးလာခဲ့တယ် "မင်းမလောနဲ့ စားလို့ကုန်သွားရင် မင်းအတွက်ထပ်ပြီးသွားယူပေးမယ်"
ကောင်လေးကခေါင်းခါပြကာ အသံတိုးတိုးနိမ့်နိမ့်နဲ့ "ရှဲ့ရှဲ့"
"အားမနာပါနဲ့" ရှန်ရှင်းဆွေ့တစ်ခါတည်းမေးကြည့်လိုက်တယ် "မင်းmelodicaဝယ်ချင်နေတာဆို ဘာလို့လဲ မင်းသီချင်းဆိုရတာနဲ့ဂီတကိုအရမ်းကြိုက်တာပဲလား?"
ကောင်လေးကခဏလောက်တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ပြလိုက်တယ်။
ရှန်ရှင်းဆွေ့ပြုံးလိုက်ပြီး "မင်းဘယ်သီချင်းကိုကြိုက်လဲ?"
ကောင်လေးကပါးစပ်ထဲက မုန့်ချပ်ကိုမျိုချလိုက်ပြီး တိုးညှင်းစွာပြန်ဖြေလာတယ် "အလင်းမှိန်မှိန်"
?
ရှန်ရှင်းဆွေ့အံ့အားသင့်သွားပြီး "ဘယ်အလင်းမှိန်မှိန်တုန်း ဟို..."
"ဟိုသီချင်းလေ" ကောင်လေးကစာသားနည်းနည်းလောက်ဆိုပြလာခဲ့တယ် "မင်းမော့ကြည့်လိုက် ငါမင်းကိုအပ်နှံထားပြီး တောက်လောင်နေတဲ့အလင်းမှိန်မှိန်လေးကိုကြည့်လိုက်စမ်းပါ~"
ရှန်ရှင်းဆွေ့ရဲရဲကြီးပြောရဲတယ်။ ဒါကသူ့သီချင်းကိုတစ်စုံတစ်ယောက်က ကာဗာဆိုတာကိုပထမဆုံးအကြိမ်ကြားလိုက်ရတာပဲ။ အံ့အားသင့်စရာအကောင်းဆုံးကတော့ အဲဒီသူကသူ့ရှေ့မှာတင်ကီးလွဲသွားခဲ့တယ်လေ။
ရှန်ရှင်းဆွေ့နှုတ်ခမ်းတွေတွန့်ကွေးကာ ဖွဖွပြုံးလိုက်ပြီး ချီတုံချတုံနဲ့မေးလိုက်တယ် "ဒီသီချင်းဆိုဘယ်သူဆိုထားတာလဲဆိုတာမင်းသိလား?"
"ကောကောတွေအများကြီးဆိုထားတာထင်တယ်" ကောင်လေးကခေါင်းငုံ့ထားရင်း "တကယ်တော့ ကျွန်တော်လည်းကောင်းကောင်းမမှတ်မိတော့ဘူး ဒါပေမဲ့ကျွန်တော့်အဖွားက ဒီသီချင်းကိုအရမ်းကြိုက်တာ ဒါပေမဲ့အဖွားရဲ့အသက်အရွယ်ကအရမ်းကြီးနေပြီမလို့ အမြဲတမ်းလိုလိုနာကျင်ပြီးအိပ်မပျော်နိုင်ဘူး တကယ်လို့ကျွန်တော်အဖွားကို ဒီသီချင်းဆိုပြလိုက်ရင် အဖွားကအမြဲပြုံးနေတတ်တယ်"
ရှန်ရှင်းဆွေ့ရဲ့စောနကပျော်နေခဲ့တဲ့စိတ်တွေက ချက်ချင်းပဲနိမ့်ဆင်းလာခဲ့ရတယ်။ သူအသံတိုးတိုးနဲ့မေးလိုက်တယ် "မင်းအဖွားရဲ့ရောဂါကအရမ်းပြင်းထန်တာလား?"
ကောင်လေးကအသံတစ်ချက်ပြုလိုက်ပြီး "အဖွားပြောတာတော့ ရောဂါဟောင်းပါပဲတဲ့"
ရှန်ရှင်းဆွေ့မေးလိုက်ပြန်တယ် "မင်းရဲ့မိဘတွေကရော သူတို့ကတော့မင်းအဖွားကို စောင့်ရှောက်ပေးကြတယ်မလား?"
"သူတို့အကုန်လုံးက တခြားမြို့မှာအလုပ်လုပ်နေကြတာ အိမ်မှာကျွန်တော်နဲ့အဖွားပဲရှိတာ" ကောင်လေးရဲ့မျက်နှာက နေလောင်ထားတာကြောင့် အမည်းရောင်သန်းနေတယ်။ အသက်ငယ်သေးတယ်ဆိုပေမဲ့ သူ့လက်နှစ်ဖက်ကအရမ်းကြမ်းတမ်းလှတယ်။ ဒါ့အပြင်အသားမာတွေတောင်ရှိနေခဲ့သေးတယ် "ကျွန်တော်တစ်လျှောက်လုံးအဖွားနဲ့ပဲနေလာခဲ့တာ ကျွန်တော့်အဖေနဲ့အမေက လတိုင်းပိုက်ဆံနည်းနည်းပြန်ပို့ပေးတယ် တစ်ခါတစ်လေကျတော့မေ့သွားတာတွေလည်းရှိတယ် ကျွန်တော်နဲ့အဖွားနဲ့က အတူတူသွားပြီးလယ်ထွန်ကြတယ် ဟင်းသီးဟင်းရွက်တစ်ချို့ရောင်းကြတယ်"
ပုံမှန်ရက်တွေမှာ ဘယ်သူမှသူစကားပြောတာကို နားထောင်မပေးကြတာကြောင့် ဖြစ်နိုင်တယ်။ အခုလည်းသူပြောတာကို နားထောင်ပေးနေတဲ့သူရှိတော့ ကောင်လေးကအများကြီးပြောလာခဲ့တယ်။
အဖွားကတီဗွီထဲကသူတွေ သီချင်းဆိုတာကိုနားထောင်ရတာကြိုက်တယ်လို့ သူပြောပြလာတယ်။
အိမ်ကအင်တာနက်လိုင်းမကောင်းတာကြောင့် တကယ်တော့သူအဖွားကို သီချင်းဆိုပြတာတွေကပိုများတယ်လို့ သူပြောလာတယ်။
သူကသီချင်းဆိုရတာအရမ်းကြိုက်တယ်။ နောက်ကျသူအဆိုတော်ဖြစ်လာရင် ကောင်းမယ်လို့စဥ်းစားမိတယ်တဲ့။
သူကိုယ်တိုင်သီချင်းရေးထားတယ်လို့လည်း ပြောလာခဲ့သေးတယ်။ ဒါပေမဲ့အတန်းဖော်တွေအကုန်လုံးက သူရေးတာအဆင်မပြေဘူး၊ ရေးထားတာနည်းနည်းလေးတောင်မကောင်းဘူးလို့ပြောကြတယ်တဲ့။
ရှန်ရှင်းဆွေ့မေးလိုက်တယ် "မင်းရေးထားတဲ့သီချင်းကို ကောကိုပြလို့ရလား?"
ကောင်ငယ်လေးကခဏလောက်တုံ့ဆိုင်းနေပြီးမှ အိတ်ကပ်ထဲကနေသပ်သပ်ရပ်ရပ်ခေါက်ထားတဲ့ စာရွက်တစ်ရွက်ကိုထုတ်ပေးလာခဲ့တယ်။ ဒါပေမဲ့ကြည့်ရတာ စာရွက်ကအနည်းငယ်ဟောင်းနွမ်းနေပြီဖြစ်တယ်။ အပေါ်မှာရေးထားတာတွေက လေးထောင့်ကျပြီးလေးနက်တဲ့စကားလုံးတွေဖြစ်တယ်။ တကယ်တော့ကာရံသိပ်မညီလှဘူး။ စကားလုံးနဲ့စာကြောင်းရွေးချယ်ပုံတွေကလည်း အလွန်ဆိုးရွားပုံပေါ်တယ်။ ကြည့်ရတာအနည်းငယ်ရယ်စရာကောင်းနေပြီး ကလေးဆန်နေလှတယ်။
ရှန်ရှင်းဆွေ့က "ဒါကမင်းကိုယ်တိုင်ရေးထားတာလား?"
ကောင်ငယ်လေးကခေါင်းညိတ်ပြလာတယ်။
ရှန်ရှင်းဆွေ့ရဲ့အမူအရာကိုကြည့်နေရင်းနဲ့ သူသိပ်ပြီးယုံကြည်ချက်မရှိတော့ဘဲ တုံ့ဆိုင်းစွာနဲ့ထပ်ပြောလာတယ် "ကျွန်တော့်အဖွားကအမြဲပြောတယ် တကယ်လို့ကျွန်တော်သီချင်းဆိုရတာကြိုက်တယ်ဆိုရင်ဆိုသာဆိုတဲ့ နောက်ကျလို့အဆိုတော်ဖြစ်လာရင် အဖွားကကျွန်တော်သီချင်းဆိုတာကို သေချာပေါက်နေ့တိုင်းနားထောင်နေမှာ ဒါပေမဲ့အဖွားကျန်းမာရေးကမကောင်းတော့ နောက်ကျရင်အဖွားမကြားနိုင်တော့မှာစိုးမိတယ် အဲ့တာကြောင့်ကျွန်တော်သီချင်းအစမ်းရေးကြည့်ထားတာ ဒါပေမဲ့ကြည့်ရတာသိပ်ပြီးမအောင်မြင်တဲ့ပုံပဲ......"
"ဘယ်ကသာ" ရှန်ရှင်းဆွေ့ပြုံးလိုက်ပြီး "ရေးထားတာအရမ်းကောင်းတာအသိသာကြီးကို"
ကောင်လေးကချီတုံချတုံနဲ့ "ဒါပေမဲ့သူတို့တွေအကုန်လုံးက ကျွန်တော့်စာသားတွေက အရမ်းဆိုးရွားလွန်းတယ်လို့ပြောကြတာလေ ပြန်စီစဥ်လိုက်ရင်တော့ အရမ်းနားထောင်ရဆိုးလိမ့်မယ်"
"အဲတာတွေကလျှောက်ပြောနေကြတာတွေ" ရှန်ရှင်းဆွေ့သူ့ရဲ့ခေါင်းကိုပွတ်ပေးလိုက်ပြီး "ဂီတကအကန့်အသတ်မရှိဘူး မင်းရဲ့စာသားတွေကအရမ်းကောင်းပါတယ် စီစဥ်ထားတာလည်းမဆိုးဘူး သေချာပေါက်အရမ်းကောင်းတဲ့သီချင်းဖြစ်လာမှာပဲ"
ကောင်လေးရဲ့မျက်နှာပေါ်မှာ မသိလိုက်ပါသာနဲ့ ရိုးသားတဲ့အပြုံးလေးထွက်ပေါ်လာရတယ်။ နက်မှောင်တဲ့မျက်ဝန်းတွေမှာ အလင်းရောင်လေးတွေတောက်ပနေခဲ့ပြီး "တကယ်လား?"
ရှန်ရှင်းဆွေ့နှုတ်ခမ်းလေးတွန့်ကွေးလိုက်ရင်း "ကောကိုယုံလိုက်ပါ"
Live roomထဲကပရိသတ်တွေလည်း ရယ်မောနေခဲ့ကြတယ် :
"ကောင်ငယ်လေး မင်းရှေ့ကသူက'အလင်းမှိန်မှိန်'ရဲ့ အသန်မာဆုံးသီချင်းစီစဥ်သူနော"
"ဟားဟားဟား ရှန်ရှင်းဆွေ့ကိုမင်းထာဝရယုံကြည်လို့ရတယ်"
"တကယ်လို့တခြားသူဆိုရင်တော့ထားလိုက်တော့ သူကသာစီစဥ်ထားတာကောင်းတယ်ဆိုရင် အဲတာတကယ်ကောင်းလို့ပဲ!"
"ဖြတ်သွားဖြတ်လာပါ တကယ်ပဲအဲလောက်တော်တာလား?"
"ချဲ့ကားပြောနေတာမဟုတ်ဘူး လေ့ကျင့်ရေးစခန်းတစ်ခုလုံးမှာ ဘယ်အဖွဲ့ကများ ရှန်ရှင်းဆွေ့စီသံစဥ်ပြောင်းဖို့ အကူအညီမတောင်းခဲ့လို့လဲ?"
အခုကနေ့လယ်ထမင်းစားချိန်ဖြစ်တာကြောင့် ဧည့်သည်တော်တော်များများက အနားယူနေကြပြီဖြစ်တယ်။ တစ်ယောက်ကရှန်ရှင်းဆွေ့ပျောက်နေလို့ ထွက်လာရှာတဲ့အချိန်မှာပဲ မလှမ်းမကမ်းကအားကစားကွင်းနားမှာ ကလေးတစ်ယောက်နဲ့သီချင်းစာသားတွေကြည့်နေတဲ့ ရှန်ရှင်းဆွေ့ကိုတွေ့လိုက်ရတယ်။ နေ့လယ်ခင်းနေရောင်ခြည်က သစ်ရွက်ကြားကကွက်လပ်နေရာတွေကနေ လူပေါ်ကိုကျရောက်နေခဲ့တယ်။ အကြီးလေးနဲ့အသေးလေး အတူတူထိုင်နေကြတာက ကြည့်ရတာနွေးထွေးလှပြီး မျက်လုံးအေးချမ်းစေလှတယ်။
ထူရာကမုန့်ချပ်ကိုင်ထားကာကိုင်လိုက်ရင်း ခံစားချက်တွေနဲ့ပြောလာခဲ့တယ် "ဆွေ့ဆွေ့ကတကယ်ကိုစိတ်ထားကောင်းပြီး ရုပ်လေးကလည်းချောတယ် နောက်ပိုင်းအလုပ်လုပ်တဲ့အချိန်တွေမှာ သေချာပေါက်ကိုလူတွေသူ့ကို ပိုပိုပြီးနှစ်သက်လာကြတော့မှာပဲ"
ရှန်ရှင်းချန်ကပြင်းပြင်းထန်ထန်ခေါင်းညိတ်လာပြီး သူ့ကိုဘေးတစ်စောင်းကြည့်ကာ "ဒါကပြောစရာတောင်မလိုဘူး"
ဘေးကဖုကျင်းရှောင်းက တံခါးကိုမှီလိုက်တယ်။ အားကစားကွင်းကနေအကြည့်လွှဲလိုက်ပြီးနောက် မျက်နှာပေါ်မှာအဓိပ္ပာယ်မရှင်းလင်းတဲ့အပြုံးတစ်ခုကိုဆောင်ထားရင်း ဖြည်းဖြည်းပြောလာတယ် "ငါကြားတာ နင်ကသူ့ကိုအနုပညာနယ်ပယ်ထဲမှာ အောင်သွယ်ပေးမလို့ဆို?"
ထူရာမုန့်ချပ်စားနေရင်းနဲ့ ရုတ်တရက်ကြီးနောက်ကျောအေးလာသလိုခံစားလိုက်ရတယ်။ အဲဒီခြိမ်းခြောက်တဲ့ခံစားချက်မျိုးက အဆိပ်ပြင်းမြွေတစ်ကောင်ဆီကနေ ပစ်မှတ်ထားခံလိုက်ရတဲ့ ကြောက်မက်ဖွယ်ခံစားချက်မျိုးဖြစ်တယ်။ သူသီးတော့မလိုဖြစ်သွားပြီး "အဟွတ်... အဟွတ်အဟွတ်... ဘာဖြစ်လို့လဲ?"
"ဘာမှမဟုတ်ပါဘူး နင်အရမ်းနွေးထွေးတာပဲလို့ ခံစားလိုက်ရလို့ပါ" ဖုကျင်းရှောင်းရွေးချယ်လိုက်ပြီး အရပ်ရှည်တဲ့အမျိုးသားက ကိုယ်ဟန်အနေအထားကိုပြောင်းလဲလိုက်တယ်။ ထို့နောက်ထိတ်လန့်နေတဲ့ထူရာကို မျက်နှာချင်းဆိုင်လိုက်ပြီးနောက် မျက်နှာပေါ်ကအပြုံးက ပိုပြီးကြင်နာလာတယ်လို့ပြောလို့ရလေတယ်။ သူ့ရဲ့နက်ရှိုင်းပြီးဆွဲဆောင်မှုရှိတဲ့အသံကိုဆွဲဆန့်လိုက်ပြီးနောက် ခါးအနည်းငယ်ကိုင်းလိုက်တယ်။ ထို့နောက်ထူရာနားနားကပ်ကာ သူတို့နှစ်ယောက်တည်းကြားနိုင်လောက်တဲ့အသံနဲ့ပြောလိုက်တယ် "ငါ့ကိုလည်းကူပြီးအောင်သွယ်ပေးလေ?"
ထူရာ "...?"
____________________
Word – 4058
April 20, 2023(Thu)
Xiao Dream
အင်းးးးး ဖုကော..ဖုကော
Zawgyi
႐ုပ္ရွင္ဧကရာဇ္ဖုက ႀကိဳးနီသြယ္ေပးဖို႔(ေအာင္သြယ္ေပးဖို႔)ေတာင္းဆိုလာတယ္
________________________________________________________________________
ဖုက်င္းေရွာင္းကေတာ့ မ်က္ခုံးပင့္႐ုံတင္ပင့္လိုက္ၿပီး ႏႈတ္ခမ္းကိုတြန္႔ေကြးလိုက္ကာ "မင္းကိုယ့္ကိုသံသယဝင္ေနတာလား?"
"မဝင္ရဲပါဘူး" အန္းရန္လိမ္လိမ္မာမာေလးရပ္ေနၿပီး "ကတ္ေပၚကသဲလြန္စက ဒီလိုျဖစ္ေနတာေၾကာင့္ပဲ ကြၽန္ေတာ္ဖုေကာနဲ႔လာမွ်ေဝတာ ေကာဖက္မွာဘာသဲလြန္စေတြမ်ားရွိေသးလဲလို႔"
ဖုက်င္းေရွာင္း တိတ္ဆိတ္စြာေခါင္းညိတ္ျပလိုက္ၿပီး သူက "ကိုယ့္မွာမစ္ရွင္သတိေပးခ်က္ကတ္တစ္ခုရွိတယ္။ ကတ္ေပၚမွာေရးထားတာက : [အဲဒီႏွစ္ကကိစၥေတြကို အေစခံအိုႀကီးကေန႔စဥ္ဒိုင္ယာရီအျဖစ္မွတ္တမ္းတင္ထားခဲ့ၿပီး အိမ္ထပ္ခိုးကစာၾကည့္ခန္းထဲမွာသိမ္းထားခဲ့တယ္။]"
အန္းရန္ရဲ႕မ်က္လုံးေတြက မသိလိုက္ဘာသာနဲ႔ျပဴးက်ယ္သြားခဲ့တယ္။
ဖုက်င္းေရွာင္းကေတာ့ အသံျဖည္းျဖည္းနဲ႔ "ကိုယ္နဲ႔ရွန္ရွင္းေဆြ႕သြားရွာၿပီးသြားၿပီ အဲဒီဒိုင္ယာရီကိုရွာမေတြ႕ခဲ့ဘူး ရွန္ရွင္းခ်န္တို႔လည္းသြားရွာဖူးတယ္ သူတို႔လည္းမေတြ႕ခဲ့ဘူး အဲဒါေၾကာင့္ဒီသဲလြန္စက အခုခ်ိန္မွာအဓိပၸာယ္ေဖာ္ဖို႔အခက္ဆုံးျဖစ္ေနတာ"
အန္းရန္စိတ္သက္သာရာရသြားတဲ့ပုံစံနဲ႔ ၿပဳံးျပလိုက္တယ္ "ဟုတ္လား?"
ဖုက်င္းေရွာင္းေခါင္းညိတ္လိုက္တယ္ "အင္း ဒါေပမဲ့ကိုယ့္အထင္ေတာ့ အဲ့တာကအဓိကသဲလြန္စျဖစ္လိမ့္မယ္"
"ကြၽန္ေတာ္မွတ္မိတာထပ္ခိုးရဲ႕တံခါးကေသာ့ခတ္ထားတာမလား" အန္းရန္ေမးလာတယ္ "ေကာတို႔ဘယ္လိုဝင္သြားခဲ့တာလဲ"
ဖုက်င္းေရွာင္းျပန္ေျဖလိုက္တယ္ "႐ိုက္ကူးေရးအဖြဲ႕ကိုေသာ့ေတာင္းလိုက္တာ ဒါေပမဲ့ေသာ့ကလည္းတစ္ေခ်ာင္းတည္းပဲရွိတာ အဓိကဒိုင္ယာရီကိုရွာမေတြ႕ေသးတာမလို႔ ေသာ့ကိုထပ္ခိုးေအာက္က ေကာ္ေဇာထဲမွာကိုယ္ဝွက္ထားခဲ့လိုက္တယ္"
အန္းရန္စဥ္းစားလ်က္ေခါင္းညိတ္လိုက္တယ္။
ဖုက်င္းေရွာင္းသူ႔ကိုမ်က္လုံးပင့္ၾကည့္လိုက္တယ္။ အမ်ိဳးသားရဲ႕မ်က္ဝန္းေတြကနက္ေမွာင္လ်က္ရွိၿပီးေတာ့ သူ႔မ်က္ႏွာေပၚမွာလည္း ပုံမွန္ရွိေနက်ျဖစ္တဲ့ အႏၲရာယ္ကင္းတဲ့အၿပဳံးတစ္ခုခ်ိတ္ဆြဲထားေလတယ္။ ထို႔ေနာက္သူကသာမာန္အတိုင္းေမးလာခဲ့တယ္ "မင္းကိုယ့္ကိုေျပာတဲ့သဲလြန္စကအရမ္းအဓိကက်တယ္ မင္းရဲ႕ကတ္ကိုကိုယ့္ကိုျပၾကည့္လို႔ရမလား?"
အန္းရန္ေတာင့္တင္းသြားၿပီး "ဟင္?"
"မင္းေျပာတဲ့အဲဒီသဲလြန္စရဲ႕ကတ္ေလ" ဖုက်င္းေရွာင္းေလွကာလက္ရမ္းေပၚမွီထားေလတယ္။ အရပ္ရွည္ၿပီးေခ်ာေမာတဲ့အမ်ိဳးသားက အေပၚကေနငုံ႔ၾကည့္လာၿပီး "မဟုတ္ရင္အတုလားအစစ္လားဆိုတာ ကိုယ္ဘယ္လိုလုပ္သိမွာတုန္း"
သူ႔မွာဒီတစ္ကြက္ရွိလိမ့္ဦးမယ္လို႔ အန္းရန္လုံးဝထင္မထားမိေလဘူး။
Live roomထဲကပရိသတ္ေတြကေတာ့ ခ်ီးမြမ္းၾကကုန္တယ္ :
"ဒီေယာက္်ားကတကယ္လွ်ိဳ႕ဝွက္ဆန္းၾကယ္တာပဲ"
"ဟားဟားဟား ဖုက်င္းေရွာင္းနဲ႔ကစားမယ္ နည္းနည္းၾကင္နာစမ္းပါ"
"ငါလူး မင္းကသုံးထပ္မွာလို႔ထင္ေနတဲ့အခ်ိန္မွာ သူကငါးထပ္ေရာက္ေနၿပီကြ"
"မဟုတ္ဘူးက်ယ္ေမ့ သူကေလထုထဲေရာက္ေနၿပီဆိုတာ မင္းမၾကာခင္ပဲသိလာလိမ့္မယ္"
[ေလထုထဲေရာက္ေနၿပီဆိုတာ ခ်ီးမြမ္းတဲ့စကားပါတဲ့။ သူမ်ားကေအာက္ထစ္ေလးမွာပဲရွိေနေသးေပမဲ့ သူကေတာ့ဟိုးထိပ္ထိေရာက္သြားၿပီေပါ့ကြာ။]
အန္းရန္ကေတာင့္တင္းစြာနဲ႔ရွင္းျပလာတယ္ "အဲဒီသဲလြန္စရဲ႕ကတ္ကို ကြၽန္ေတာ္နဲ႔ယူမလာမိဘူး လုပ္ႀကံသူကလာလုသြားမွာေၾကာက္လို႔ ကြၽန္ေတာ္တျခားေနရာမွာထားခဲ့လိုက္ၿပီ ဒါေပမဲ့ဖုေကာစိတ္ခ်ပါ ကြၽန္ေတာ္တကယ္ေကာကိုမလိမ္ပါဘူး ဒါမွမဟုတ္ညက်ျပန္ေရာက္ရင္ ကြၽန္ေတာ္ကတ္ကိုေကာၾကည့္ဖို႔ ေကာအခန္းဆီလာပို႔မယ္ေလ?"
"ထားလိုက္ေတာ့" ဖုက်င္းေရွာင္းပ်င္းရိစြာနဲ႔ျငင္းပယ္လိုက္တယ္။ မတ္တပ္ရပ္လိုက္ၿပီးေနာက္ ေလွကားေအာက္ဘက္ကိုၾကည့္လိုက္ရင္း ရွန္ရွင္းေဆြ႕ရဲ႕အရိပ္အေယာင္ကိုေတြ႕လိုက္ရခ်ိန္မွာ ႏႈတ္ခမ္းေလးေကြးတက္သြားရတယ္။ သူကျဖည္းညႇင္းစြာေျပာလာခဲ့တယ္ "တျခားသူျမင္သြားၿပီး အထင္လြဲသြားရင္မေကာင္းဘူး"
အန္းရန္ ".....?"
ကြၽန္ေတာ္ကခင္ဗ်ားအခန္းကိုကိုယ္တိုင္လာရမွာကို ကြၽန္ေတာ္ေတာင္တျခားသူေဝဖန္မွာမေၾကာက္တာ ခင္ဗ်ားကအထင္လြဲမွာေၾကာက္တယ္ေပါ့။
ဒီလႈိင္းကအရမ္းႀကီးအႏၲရာယ္မရွိေပမဲ့ ေစာ္ကားမႈကေတာ့အလြန္ပဲ။
Live roomထဲကပရိသတ္ေတြလည္း ေပ်ာ္ျမဴးေနခဲ့ၾကတယ္ :
"ဟားဟားဟား ဖုေကာ အရမ္းသန္႔ရွင္းစင္ၾကယ္တဲ့ေယာက္်ား"
"အတင္းအဖ်င္း? မျဖစ္ႏိုင္ဘူး!"
"မင္းစိတ္ပူစရာေတာင္မလိုဘူး သူကိုယ္တိုင္ကအတင္းအဖ်င္းေတြကို အျပတ္ရွင္းတဲ့ေယာက္်ားပဲ"
ေန႔လယ္ခင္းေရာက္လာတဲ့အခ်ိန္မွာ ေတာ္ေတာ္မ်ားမ်ားလည္း ေန႔တစ္ဝက္ေလာက္အလုပ္ေတြလုပ္ၿပီးၾကၿပီျဖစ္တယ္။ ဒီမနက္ခင္းဟာ လူတိုင္းအတြက္ဒုကၡေရာက္ခဲ့ရတယ္။ ဒီထဲမွာဒုကၡအေရာက္ဆုံးကေတာ့ ရွန္ရွင္းခ်န္ပဲျဖစ္တယ္။ လီ႐ႊိအန္းကအေနာက္မွာ လုံၿခဳံေရးအျဖစ္လုပ္ေနလို႔ ကံေကာင္းသြားၿပီး မီးဖိုေခ်ာင္ကိုအခ်ိန္မီကယ္တင္ႏိုင္ခဲ့တာျဖစ္တယ္။ အဲဒီေတာ့မွေန႔လယ္စာကို ခက္ခက္ခဲခဲလုပ္ႏိုင္ခဲ့တာျဖစ္တယ္။
ကေလးေတြကေန႔လယ္စာက ေက်ာင္းမွာပဲစားၾကတာျဖစ္တာေၾကာင့္ ထမင္းလာယူၾကတယ္။
ရွန္ရွင္းေဆြ႕လည္းလာကူညီေလတယ္။ သူကထမင္းထည့္ေပးဖို႔တာဝန္ယူထားတာျဖစ္တယ္။ ဒါေပမဲ့တန္းစီရင္းေကာင္ေလးတစ္ေယာက္အလွည့္ေရာက္တဲ့အခ်ိန္မွာ အဲဒီေကာင္ေလးကသူဟင္းထည့္ေပးေတာ့မဲ့အခ်ိန္မွာျငင္းဆိုလာခဲ့တယ္။ သူအသံက်ယ္က်ယ္နဲ႔ေျပာလာခဲ့တယ္ "ေလာင္ရွီး ကြၽန္ေတာ္ထမင္းပဲလိုခ်င္ပါတယ္"
ရွန္ရွင္းေဆြ႕ေၾကာင္အသြားရၿပိး "ဘာလို႔လဲ"
"ကြၽန္ေတာ့္ပါသာဟင္းယူလာခဲ့တာပါ" သူက "ေလာင္ရွီးကြၽန္ေတာ့္ကိုထမင္းပဲထည့္ေပးရင္ရပါၿပီ"
ရွန္ရွင္းေဆြ႕စိတ္ထဲသံသယျဖစ္မိေပမဲ့ ကေလးရဲ႕ေတာင္းဆိုခ်က္အတိုင္းလုပ္ေပးလိုက္တယ္။ ဒါေပမဲ့သူ႔စိတ္ထဲမွာေတာ့ စိတ္မခ်ႏိုင္ျဖစ္ေနေသးတာေၾကာင့္ ေကာင္ေလးထြက္သြားၿပီးေနာက္မွ အေနာက္ကကေလးေတြကိုေမးလိုက္တယ္ "သူကမင္းတို႔အတန္းကလား?"
အေနာက္ကသူကေခါင္းညိတ္ျပလာတယ္။
ရွန္ရွင္းေဆြ႕က "သူတကယ္ပဲအိမ္ကေနဟင္းယူလာတာလား?"
ကေလးကျပန္ေျဖလာတယ္ "သူကအၿမဲတမ္းအိမ္ကေနယူလာတဲ့ အခ်ဥ္ဟင္းေတြနဲ႔ပဲစားတာ ၿပီးခဲ့တဲ့အပတ္ကေနစၿပီးအဲ့လိုပဲ"
"ဘာလို႔လဲ?" ရွန္ရွင္းေဆြ႕မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး "ေက်ာင္းကအစားအေသာက္စရိတ္ႀကီးလို႔လား? ဒါေပမဲ့ယြမ္နည္းနည္းနဲ႔ဟင္းေတြအမ်ားႀကီးရသလားလို႔ေလ"
အဲဒီကေလးကေခါင္းခါကာေျပာလာတယ္ "မဟုတ္ပါဘူး သူကိုယ္တိုင္ကဟင္းဖိုးမေပးခ်င္တာပါ သူကပိုက္ဆံစုၿပီးmelodicaဝယ္ခ်င္တာေၾကာင့္လို႔ေျပာတယ္"
ရွန္ရွင္းေဆြ႕အံ့ၾသသြားၿပီး "အဲဒါဝယ္ၿပီးဘာလုပ္မလို႔လဲ?"
"သူကသီခ်င္းဆိုရတာႀကိဳက္တယ္ေလ" အေနာက္ကေကာင္ေလးက ရယ္ေမာကာေျပာလာတယ္ "သူကဂီတပညာရွင္ေတာင္လုပ္ခ်င္ေသးတာ ဒါေပမဲ့သူကနည္းနည္းေလးေတာင္ သီခ်င္းမဆိုတတ္ဘူး သူသီခ်င္းဆိုတာနားေထာင္ရအရမ္းဆိုးလြန္းတယ္"
"......"
ရွန္ရွင္းေဆြ႕တိတ္ဆိတ္သြားရတယ္။
သူ႔စိတ္ထဲမွာဂ႐ုစိုက္မိေနတာေၾကာင့္ျဖစ္ႏိုင္တယ္။ အဲ့တာေၾကာင့္ ေက်ာင္းသားေတြေတာ္ေတာ္မ်ားမ်ားကို ထမင္းထည့္ေပးၿပီးသြားခ်ိန္မွာ ရွန္ရွင္းေဆြ႕ထမင္းစားေဆာင္ကေန အျပင္ထြက္ခဲ့ေတာ့တယ္။ ထို႔ေနာက္မလွမ္းမကမ္းက ပန္းခုံေပၚမွာအဲဒီကေလးကိုရွာေတြ႕ခဲ့တယ္။
"မင္းကဒီမွာကိုး" ရွန္ရွင္းေဆြ႕ေျခလွမ္းဖြဖြေလးနဲ႔ အနားသြားလိုက္တယ္။ အဲဒီကေလးရဲ႕ေဘးနားက ထမင္းဘူးကိုၾကည့္လိုက္ေတာ့ အမွန္ပဲမုန္လာဥေျခာက္တစ္ခ်ိဳ႕နဲ႔ င႐ုတ္သီးေျခာက္ေတြျဖစ္တယ္။ အဲဒါေၾကာင့္မ်က္ေမွာင္ၾကဳတ္လိုက္ရင္း "မင္းဘယ္လိုလုပ္ၿပီးဒီဟာပဲစားေနတာလဲ"
အဲဒီကေလးကရွန္ရွင္းေဆြ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ တုန္လႈပ္သြားရတယ္။
"ငါမင္းအတြက္မုန္႔ခ်ပ္ကင္တစ္ခ်ိဳ႕ယူလာခဲ့တယ္" ရွန္ရွင္းေဆြ႕ အေနာက္ကေနထုတ္ယူလာလိုက္တယ္ "ဒါကရာရာေလာင္ရွီးကင္ထားတာ အရမ္းေမႊးတာ မင္းျမည္းၾကည့္"
ေကာင္ေလးကအနည္းငယ္တုံ႔ဆိုင္းလ်က္ရွိတယ္။
ရွန္ရွင္းေဆြ႕ ဖြဖြၿပဳံးလိုက္ၿပီး "ပိုက္ဆံေပးစရာမလိုဘူး"
သူဒီစကားၾကားလိုက္ေတာ့မွ ေကာင္ေလးကတုံ႔ဆိုင္းမေနခဲ့ေတာ့တာျဖစ္တယ္။ ဒီမုန႔္ခ်ပ္ကင္ကအသားနဲ႔ျဖစ္တယ္။ အရမ္းလည္းေမႊးလွတယ္။ သူဒီေလာက္ေမႊးတဲ့အစားအေသာက္ကို မစားရတာအရမ္းၾကာေနခဲ့ၿပီျဖစ္တယ္။ ဒါေၾကာင့္ပထမဆုံးအခ်ိန္မွာ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ အေလာတႀကီးစားလိုက္မိေတာ့တယ္။
ရွန္ရွင္းေဆြ႕အလ်င္အျမန္ပဲ သူ႔ေက်ာကိုပုတ္ေပးလာခဲ့တယ္ "မင္းမေလာနဲ႔ စားလို႔ကုန္သြားရင္ မင္းအတြက္ထပ္ၿပီးသြားယူေပးမယ္"
ေကာင္ေလးကေခါင္းခါျပကာ အသံတိုးတိုးနိမ့္နိမ့္နဲ႔ "ရွဲ႕ရွဲ႕"
"အားမနာပါနဲ႔" ရွန္ရွင္းေဆြ႕တစ္ခါတည္းေမးၾကည့္လိုက္တယ္ "မင္းmelodicaဝယ္ခ်င္ေနတာဆို ဘာလို႔လဲ မင္းသီခ်င္းဆိုရတာနဲ႔ဂီတကိုအရမ္းႀကိဳက္တာပဲလား?"
ေကာင္ေလးကခဏေလာက္တုံ႔ဆိုင္းသြားၿပီး ေခါင္းညိတ္ျပလိုက္တယ္။
ရွန္ရွင္းေဆြ႕ၿပဳံးလိုက္ၿပီး "မင္းဘယ္သီခ်င္းကိုႀကိဳက္လဲ?"
ေကာင္ေလးကပါးစပ္ထဲက မုန္႔ခ်ပ္ကိုမ်ိဳခ်လိုက္ၿပီး တိုးညႇင္းစြာျပန္ေျဖလာတယ္ "အလင္းမွိန္မွိန္"
?
ရွန္ရွင္းေဆြ႕အံ့အားသင့္သြားၿပီး "ဘယ္အလင္းမွိန္မွိန္တုန္း ဟို..."
"ဟိုသီခ်င္းေလ" ေကာင္ေလးကစာသားနည္းနည္းေလာက္ဆိုျပလာခဲ့တယ္ "မင္းေမာ့ၾကည့္လိုက္ ငါမင္းကိုအပ္ႏွံထားၿပီး ေတာက္ေလာင္ေနတဲ့အလင္းမွိန္မွိန္ေလးကိုၾကည့္လိုက္စမ္းပါ~"
ရွန္ရွင္းေဆြ႕ရဲရဲႀကီးေျပာရဲတယ္။ ဒါကသူ႔သီခ်င္းကိုတစ္စုံတစ္ေယာက္က ကာဗာဆိုတာကိုပထမဆုံးအႀကိမ္ၾကားလိုက္ရတာပဲ။ အံ့အားသင့္စရာအေကာင္းဆုံးကေတာ့ အဲဒီသူကသူ႔ေရွ႕မွာတင္ကီးလြဲသြားခဲ့တယ္ေလ။
ရွန္ရွင္းေဆြ႕ႏႈတ္ခမ္းေတြတြန္႔ေကြးကာ ဖြဖြၿပဳံးလိုက္ၿပီး ခ်ီတုံခ်တုံနဲ႔ေမးလိုက္တယ္ "ဒီသီခ်င္းဆိုဘယ္သူဆိုထားတာလဲဆိုတာမင္းသိလား?"
"ေကာေကာေတြအမ်ားႀကီးဆိုထားတာထင္တယ္" ေကာင္ေလးကေခါင္းငုံ႔ထားရင္း "တကယ္ေတာ့ ကြၽန္ေတာ္လည္းေကာင္းေကာင္းမမွတ္မိေတာ့ဘူး ဒါေပမဲ့ကြၽန္ေတာ့္အဖြားက ဒီသီခ်င္းကိုအရမ္းႀကိဳက္တာ ဒါေပမဲ့အဖြားရဲ႕အသက္အ႐ြယ္ကအရမ္းႀကီးေနၿပီမလို႔ အၿမဲတမ္းလိုလိုနာက်င္ၿပီးအိပ္မေပ်ာ္ႏိုင္ဘူး တကယ္လို႔ကြၽန္ေတာ္အဖြားကို ဒီသီခ်င္းဆိုျပလိုက္ရင္ အဖြားကအၿမဲၿပဳံးေနတတ္တယ္"
ရွန္ရွင္းေဆြ႕ရဲ႕ေစာနကေပ်ာ္ေနခဲ့တဲ့စိတ္ေတြက ခ်က္ခ်င္းပဲနိမ့္ဆင္းလာခဲ့ရတယ္။ သူအသံတိုးတိုးနဲ႔ေမးလိုက္တယ္ "မင္းအဖြားရဲ႕ေရာဂါကအရမ္းျပင္းထန္တာလား?"
ေကာင္ေလးကအသံတစ္ခ်က္ျပဳလိုက္ၿပီး "အဖြားေျပာတာေတာ့ ေရာဂါေဟာင္းပါပဲတဲ့"
ရွန္ရွင္းေဆြ႕ေမးလိုက္ျပန္တယ္ "မင္းရဲ႕မိဘေတြကေရာ သူတို႔ကေတာ့မင္းအဖြားကို ေစာင့္ေရွာက္ေပးၾကတယ္မလား?"
"သူတို႔အကုန္လုံးက တျခားၿမိဳ႕မွာအလုပ္လုပ္ေနၾကတာ အိမ္မွာကြၽန္ေတာ္နဲ႔အဖြားပဲရွိတာ" ေကာင္ေလးရဲ႕မ်က္ႏွာက ေနေလာင္ထားတာေၾကာင့္ အမည္းေရာင္သန္းေနတယ္။ အသက္ငယ္ေသးတယ္ဆိုေပမဲ့ သူ႔လက္ႏွစ္ဖက္ကအရမ္းၾကမ္းတမ္းလွတယ္။ ဒါ့အျပင္အသားမာေတြေတာင္ရွိေနခဲ့ေသးတယ္ "ကြၽန္ေတာ္တစ္ေလွ်ာက္လုံးအဖြားနဲ႔ပဲေနလာခဲ့တာ ကြၽန္ေတာ့္အေဖနဲ႔အေမက လတိုင္းပိုက္ဆံနည္းနည္းျပန္ပို႔ေပးတယ္ တစ္ခါတစ္ေလက်ေတာ့ေမ့သြားတာေတြလည္းရွိတယ္ ကြၽန္ေတာ္နဲ႔အဖြားနဲ႔က အတူတူသြားၿပီးလယ္ထြန္ၾကတယ္ ဟင္းသီးဟင္း႐ြက္တစ္ခ်ိဳ႕ေရာင္းၾကတယ္"
ပုံမွန္ရက္ေတြမွာ ဘယ္သူမွသူစကားေျပာတာကို နားေထာင္မေပးၾကတာေၾကာင့္ ျဖစ္ႏိုင္တယ္။ အခုလည္းသူေျပာတာကို နားေထာင္ေပးေနတဲ့သူရွိေတာ့ ေကာင္ေလးကအမ်ားႀကီးေျပာလာခဲ့တယ္။
အဖြားကတီဗြီထဲကသူေတြ သီခ်င္းဆိုတာကိုနားေထာင္ရတာႀကိဳက္တယ္လို႔ သူေျပာျပလာတယ္။
အိမ္ကအင္တာနက္လိုင္းမေကာင္းတာေၾကာင့္ တကယ္ေတာ့သူအဖြားကို သီခ်င္းဆိုျပတာေတြကပိုမ်ားတယ္လို႔ သူေျပာလာတယ္။
သူကသီခ်င္းဆိုရတာအရမ္းႀကိဳက္တယ္။ ေနာက္က်သူအဆိုေတာ္ျဖစ္လာရင္ ေကာင္းမယ္လို႔စဥ္းစားမိတယ္တဲ့။
သူကိုယ္တိုင္သီခ်င္းေရးထားတယ္လို႔လည္း ေျပာလာခဲ့ေသးတယ္။ ဒါေပမဲ့အတန္းေဖာ္ေတြအကုန္လုံးက သူေရးတာအဆင္မေျပဘူး၊ ေရးထားတာနည္းနည္းေလးေတာင္မေကာင္းဘူးလို႔ေျပာၾကတယ္တဲ့။
ရွန္ရွင္းေဆြ႕ေမးလိုက္တယ္ "မင္းေရးထားတဲ့သီခ်င္းကို ေကာကိုျပလို႔ရလား?"
ေကာင္ငယ္ေလးကခဏေလာက္တုံ႔ဆိုင္းေနၿပီးမွ အိတ္ကပ္ထဲကေနသပ္သပ္ရပ္ရပ္ေခါက္ထားတဲ့ စာ႐ြက္တစ္႐ြက္ကိုထုတ္ေပးလာခဲ့တယ္။ ဒါေပမဲ့ၾကည့္ရတာ စာ႐ြက္ကအနည္းငယ္ေဟာင္းႏြမ္းေနၿပီျဖစ္တယ္။ အေပၚမွာေရးထားတာေတြက ေလးေထာင့္က်ၿပီးေလးနက္တဲ့စကားလုံးေတြျဖစ္တယ္။ တကယ္ေတာ့ကာရံသိပ္မညီလွဘူး။ စကားလုံးနဲ႔စာေၾကာင္းေ႐ြးခ်ယ္ပုံေတြကလည္း အလြန္ဆိုး႐ြားပုံေပၚတယ္။ ၾကည့္ရတာအနည္းငယ္ရယ္စရာေကာင္းေနၿပီး ကေလးဆန္ေနလွတယ္။
ရွန္ရွင္းေဆြ႕က "ဒါကမင္းကိုယ္တိုင္ေရးထားတာလား?"
ေကာင္ငယ္ေလးကေခါင္းညိတ္ျပလာတယ္။
ရွန္ရွင္းေဆြ႕ရဲ႕အမူအရာကိုၾကည့္ေနရင္းနဲ႔ သူသိပ္ၿပီးယုံၾကည္ခ်က္မရွိေတာ့ဘဲ တုံ႔ဆိုင္းစြာနဲ႔ထပ္ေျပာလာတယ္ "ကြၽန္ေတာ့္အဖြားကအၿမဲေျပာတယ္ တကယ္လို႔ကြၽန္ေတာ္သီခ်င္းဆိုရတာႀကိဳက္တယ္ဆိုရင္ဆိုသာဆိုတဲ့ ေနာက္က်လို႔အဆိုေတာ္ျဖစ္လာရင္ အဖြားကကြၽန္ေတာ္သီခ်င္းဆိုတာကို ေသခ်ာေပါက္ေန႔တိုင္းနားေထာင္ေနမွာ ဒါေပမဲ့အဖြားက်န္းမာေရးကမေကာင္းေတာ့ ေနာက္က်ရင္အဖြားမၾကားႏိုင္ေတာ့မွာစိုးမိတယ္ အဲ့တာေၾကာင့္ကြၽန္ေတာ္သီခ်င္းအစမ္းေရးၾကည့္ထားတာ ဒါေပမဲ့ၾကည့္ရတာသိပ္ၿပီးမေအာင္ျမင္တဲ့ပုံပဲ......"
"ဘယ္ကသာ" ရွန္ရွင္းေဆြ႕ၿပဳံးလိုက္ၿပီး "ေရးထားတာအရမ္းေကာင္းတာအသိသာႀကီးကို"
ေကာင္ေလးကခ်ီတုံခ်တုံနဲ႔ "ဒါေပမဲ့သူတို႔ေတြအကုန္လုံးက ကြၽန္ေတာ့္စာသားေတြက အရမ္းဆိုး႐ြားလြန္းတယ္လို႔ေျပာၾကတာေလ ျပန္စီစဥ္လိုက္ရင္ေတာ့ အရမ္းနားေထာင္ရဆိုးလိမ့္မယ္"
"အဲတာေတြကေလွ်ာက္ေျပာေနၾကတာေတြ" ရွန္ရွင္းေဆြ႕သူ႔ရဲ႕ေခါင္းကိုပြတ္ေပးလိုက္ၿပီး "ဂီတကအကန္႔အသတ္မရွိဘူး မင္းရဲ႕စာသားေတြကအရမ္းေကာင္းပါတယ္ စီစဥ္ထားတာလည္းမဆိုးဘူး ေသခ်ာေပါက္အရမ္းေကာင္းတဲ့သီခ်င္းျဖစ္လာမွာပဲ"
ေကာင္ေလးရဲ႕မ်က္ႏွာေပၚမွာ မသိလိုက္ပါသာနဲ႔ ႐ိုးသားတဲ့အၿပဳံးေလးထြက္ေပၚလာရတယ္။ နက္ေမွာင္တဲ့မ်က္ဝန္းေတြမွာ အလင္းေရာင္ေလးေတြေတာက္ပေနခဲ့ၿပီး "တကယ္လား?"
ရွန္ရွင္းေဆြ႕ႏႈတ္ခမ္းေလးတြန္႔ေကြးလိုက္ရင္း "ေကာကိုယုံလိုက္ပါ"
Live roomထဲကပရိသတ္ေတြလည္း ရယ္ေမာေနခဲ့ၾကတယ္ :
"ေကာင္ငယ္ေလး မင္းေရွ႕ကသူက'အလင္းမွိန္မွိန္'ရဲ႕ အသန္မာဆုံးသီခ်င္းစီစဥ္သူေနာ"
"ဟားဟားဟား ရွန္ရွင္းေဆြ႕ကိုမင္းထာဝရယုံၾကည္လို႔ရတယ္"
"တကယ္လို႔တျခားသူဆိုရင္ေတာ့ထားလိုက္ေတာ့ သူကသာစီစဥ္ထားတာေကာင္းတယ္ဆိုရင္ အဲတာတကယ္ေကာင္းလို႔ပဲ!"
"ျဖတ္သြားျဖတ္လာပါ တကယ္ပဲအဲေလာက္ေတာ္တာလား?"
"ခ်ဲ႕ကားေျပာေနတာမဟုတ္ဘူး ေလ့က်င့္ေရးစခန္းတစ္ခုလုံးမွာ ဘယ္အဖြဲ႕ကမ်ား ရွန္ရွင္းေဆြ႕စီသံစဥ္ေျပာင္းဖို႔ အကူအညီမေတာင္းခဲ့လို႔လဲ?"
အခုကေန႔လယ္ထမင္းစားခ်ိန္ျဖစ္တာေၾကာင့္ ဧည့္သည္ေတာ္ေတာ္မ်ားမ်ားက အနားယူေနၾကၿပီျဖစ္တယ္။ တစ္ေယာက္ကရွန္ရွင္းေဆြ႕ေပ်ာက္ေနလို႔ ထြက္လာရွာတဲ့အခ်ိန္မွာပဲ မလွမ္းမကမ္းကအားကစားကြင္းနားမွာ ကေလးတစ္ေယာက္နဲ႔သီခ်င္းစာသားေတြၾကည့္ေနတဲ့ ရွန္ရွင္းေဆြ႕ကိုေတြ႕လိုက္ရတယ္။ ေန႔လယ္ခင္းေနေရာင္ျခည္က သစ္႐ြက္ၾကားကကြက္လပ္ေနရာေတြကေန လူေပၚကိုက်ေရာက္ေနခဲ့တယ္။ အႀကီးေလးနဲ႔အေသးေလး အတူတူထိုင္ေနၾကတာက ၾကည့္ရတာေႏြးေထြးလွၿပီး မ်က္လုံးေအးခ်မ္းေစလွတယ္။
ထူရာကမုန႔္ခ်ပ္ကိုင္ထားကာကိုင္လိုက္ရင္း ခံစားခ်က္ေတြနဲ႔ေျပာလာခဲ့တယ္ "ေဆြ႕ေဆြ႕ကတကယ္ကိုစိတ္ထားေကာင္းၿပီး ႐ုပ္ေလးကလည္းေခ်ာတယ္ ေနာက္ပိုင္းအလုပ္လုပ္တဲ့အခ်ိန္ေတြမွာ ေသခ်ာေပါက္ကိုလူေတြသူ႔ကို ပိုပိုၿပီးႏွစ္သက္လာၾကေတာ့မွာပဲ"
ရွန္ရွင္းခ်န္ကျပင္းျပင္းထန္ထန္ေခါင္းညိတ္လာၿပီး သူ႔ကိုေဘးတစ္ေစာင္းၾကည့္ကာ "ဒါကေျပာစရာေတာင္မလိုဘူး"
ေဘးကဖုက်င္းေရွာင္းက တံခါးကိုမွီလိုက္တယ္။ အားကစားကြင္းကေနအၾကည့္လႊဲလိုက္ၿပီးေနာက္ မ်က္ႏွာေပၚမွာအဓိပၸာယ္မရွင္းလင္းတဲ့အၿပဳံးတစ္ခုကိုေဆာင္ထားရင္း ျဖည္းျဖည္းေျပာလာတယ္ "ငါၾကားတာ နင္ကသူ႔ကိုအႏုပညာနယ္ပယ္ထဲမွာ ေအာင္သြယ္ေပးမလို႔ဆို?"
ထူရာမုန႔္ခ်ပ္စားေနရင္းနဲ႔ ႐ုတ္တရက္ႀကီးေနာက္ေက်ာေအးလာသလိုခံစားလိုက္ရတယ္။ အဲဒီၿခိမ္းေျခာက္တဲ့ခံစားခ်က္မ်ိဳးက အဆိပ္ျပင္းေႁမြတစ္ေကာင္ဆီကေန ပစ္မွတ္ထားခံလိုက္ရတဲ့ ေၾကာက္မက္ဖြယ္ခံစားခ်က္မ်ိဳးျဖစ္တယ္။ သူသီးေတာ့မလိုျဖစ္သြားၿပီး "အဟြတ္... အဟြတ္အဟြတ္... ဘာျဖစ္လို႔လဲ?"
"ဘာမွမဟုတ္ပါဘူး နင္အရမ္းေႏြးေထြးတာပဲလို႔ ခံစားလိုက္ရလို႔ပါ" ဖုက်င္းေရွာင္းေ႐ြးခ်ယ္လိုက္ၿပီး အရပ္ရွည္တဲ့အမ်ိဳးသားက ကိုယ္ဟန္အေနအထားကိုေျပာင္းလဲလိုက္တယ္။ ထို႔ေနာက္ထိတ္လန္႔ေနတဲ့ထူရာကို မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီးေနာက္ မ်က္ႏွာေပၚကအၿပဳံးက ပိုၿပီးၾကင္နာလာတယ္လို႔ေျပာလို႔ရေလတယ္။ သူ႔ရဲ႕နက္ရႈိင္းၿပီးဆြဲေဆာင္မႈရွိတဲ့အသံကိုဆြဲဆန္႔လိုက္ၿပီးေနာက္ ခါးအနည္းငယ္ကိုင္းလိုက္တယ္။ ထို႔ေနာက္ထူရာနားနားကပ္ကာ သူတို႔ႏွစ္ေယာက္တည္းၾကားႏိုင္ေလာက္တဲ့အသံနဲ႔ေျပာလိုက္တယ္ "ငါ့ကိုလည္းကူၿပီးေအာင္သြယ္ေပးေလ?"
ထူရာ "...?"
____________________
Word – 4058
April 20, 2023(Thu)
Xiao Dream
အင္းးးးး ဖုေကာ..ဖုေကာ