အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 305K 23.6K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 58.1

11.8K 2K 49
By Xiao_Dream

Unicode

ရုပ်ရှင်ဧကရာဇ်ဖုက ကြိုးနီသွယ်ပေးဖို့(အောင်သွယ်ပေးဖို့)တောင်းဆိုလာတယ်
________________________________________________________________________

အမှန်တော့ရုပ်ရှင်ဧကရာဇ်ဖုရဲ့အသံက ကျယ်တယ်လို့ပြောလို့မရဘူး။ ဒါပေမဲ့နားကြပ်နဲ့ချိတ်ဆက်ထားတဲ့အပြင် အသံချဲ့စက်ရဲ့အကူအညီကြောင့် သူ့ရဲ့အသံကိုကြည်လင်ပြတ်သားစွာ ထုတ်လွှင့်ဖို့အတွက်လုံလောက်ခဲ့တယ်။

ကောင်မလေးက အံ့အားသင့်ကာမျက်လုံးတွေပြူးကျယ်နေပြီး live roomထဲကသူတွေကတော့ ရူးသွပ်မတတ်ဖြစ်နေကြတယ်။

ရုပ်ရှင်ဧကရာဇ်ဖုက တစ်လျှောက်လုံး ကောလာဟလမထွက်ခဲ့ဖူးဘူး။ ပြီးတော့ ပွဲဦးထွက်ခဲ့တဲ့အဲဒီနှစ်ကစလို့ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှလည်း CPမရှိခဲ့ဖူးဘူး။ တစ်ခါတစ်ရံမှာ မီဒီယာတွေရဲ့သံသယဝင်ခြင်းခံရပေမဲ့ မြန်မြန်ဆန်ဆန်ရှင်းလင်းသွားခဲ့တာချည်းပဲ။ တစ်ခါတစ်လေ မာကတ်တင်းအတွက် အရမ်းမြန်မြန်ကြီးမရှင်းလင်းလိုက်ပေမဲ့ မီဒီယာတွေအင်တာဗျူးလာတဲ့အခါ ရုပ်ရှင်ဧကရာဇ်ဖုက အမြဲတမ်းသေချာတိကျတဲ့အဖြေကိုပဲပြန်ပေးခဲ့တယ် "သူငယ်ချင်းပါပဲ"

သူကအမြဲတမ်းရှင်းလင်းတဲ့သူဖြစ်ပြီး နားလည်နိုင်တဲ့သူတစ်ယောက်လည်းဖြစ်တယ်။

အဲဒါကြောင့် သူကရည်ရွယ်ထားတဲ့သူရှိနေပြီလို့ပြောခဲ့တယ်ဆိုရင် သေချာပေါက်ရှိနေလို့ပဲ။ ဘာလို့ဆိုဖုကျင်းရှောင်းက မလိမ်ညာတတ်သလို ရိုက်ကူးရေးအဖွဲ့ရဲ့ကျော်ကြားမှုအတွက်နဲ့ အဲ့လိုခေါင်းရှုပ်စေမဲ့အရာတွေကို လုပ်မှာမဟုတ်လို့ပဲ။ ဒါပေမဲ့အဲဒီအကြောင်းအရင်းတွေကြောင့်လည်း ဖန်တွေကပိုပြီးစိတ်လှုပ်ရှားနေကြရတာဖြစ်တယ် :

"ငါဂရုမစိုက်ဘူး ဒါကသေချာပေါက်လျှောက်ပြောနေတာပဲဖြစ်ရမယ်"

"ဘယ်သူဖြစ်မှာလဲ ပါပါရာဇီတွေတောင် သတင်းသေးသေးလေးမှမရကြဘူးလေ"

"သူသေချာပေါက် သူ့လူကိုကောင်းကောင်းကာကွယ်ထားမှာပေါ့"

"ကောင်မလေးကိုလက်လျှော့သွားအောင် ဒီလိုပြောလိုက်တာပဲဖြစ်ရမယ်"

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဒီလိုပဲဖြစ်ရမယ်!"

ဘယ်လိုပဲဖြစ်ဖြစ် အင်တာနက်သုံးစွဲသူအများစုက ကိုယ့်ကိုယ်ကိုလှည့်စားတဲ့နေရာမှာ အတော်ဆုံးဖြစ်တယ်။ တခြားသူတွေရဲ့အိုင်ဒေါတွေ datingလုပ်ခဲ့တယ်ဆိုရင် မင်းတို့သတိလေးကပ် အိုင်ဒေါကလည်းလူပဲလေ သူတို့လည်းတစ်နေ့ လက်ထပ်ကြရမှာပဲလို့ ပြောကြမှာဖြစ်ပေမဲ့ သူတို့ကိုယ်တိုင်ရဲ့အိုင်ဒေါတွေ datingလုပ်ခဲ့တယ်ဆိုရင်တော့ အဲ့တာကအတင်းအဖျင်းတွေဖြစ်ပြီးတော့ ယုံစရာအကြောင်းမရှိဘူး။

ဘယ်လိုပဲပြောပြော ဖုကျင်းရှောင်းရဲ့အတန်းကတော့ စတင်နေပြီဖြစ်တယ်။

တခြားသူတွေရဲ့အလုပ်တွေကတော့ အရမ်းချောမွေ့မနေလေဘူး။ အထူးသဖြင့် မီးဖိုချောင်မှာ ထင်းခုတ်မီးမွှေးရတဲ့ထူရာနဲ့ ဘေးနားကဟင်းချက်ဖို့တာဝန်ကျတဲ့ ရှန်ရှင်းချန်အပါအဝင် သူတို့နှစ်ယောက်လုံးက ဟင်းမချက်တတ်ကြဘူး။ ရှန်ရှင်းချန်ကအဆိုးဆုံးဖြစ်ပြီး ကြက်သွန်မြိတ်နဲ့ဂျူးမြိတ်ကိုတောင် မခွဲခြားတတ်လေဘူး။

အန်းရန်နဲ့ရှန်ရှင်းဆွေ့တို့က သန့်ရှင်းရေးလုပ်နေကြတာဖြစ်တယ်။ နှစ်ယောက်သားမီးဖိုချောင်မှာ သန့်ရှင်းရေးပစ္စည်းတွေလာယူတဲ့အချိန်မှာ မီးဖိုချောင်ထဲမှာမငြိမ်မသက်ဖြစ်နေတာကိုတွေ့လိုက်ရပြီး တကယ်ပဲလူကိုမျက်စိပွင့်နားပွင့်ဖြစ်သွားစေခဲ့တယ်။

ထူရာကမီးမွှေးနေတာဖြစ်ပေမဲ့ မီးဖိုထဲကမီးကဘယ်လိုမှတောက်မလာလေဘူး။

အန်းရန်ကတစ်လျှောက်လုံးနတ်သားလေးဖြစ်တာကြောင့် ကြင်နာတဲ့စရိုက်ရှိလေတယ် "ထူရာလောင်ရှီးစိတ်မပူပါနဲ့ ဖြည်းဖြည်းလုပ်ရင်အဆင်ပြေသွားမှာပါ ဒီမီးကလည်းအရမ်းကောင်းတာမျိုးမဟုတ်ပါဘူး လောင်ရှီးကလည်းပထမဦးဆုံးလုပ်တာဆိုတော့ သေချာပေါက်အသားကျမှာမဟုတ်ဘူး ကိစ္စမရှိတာမလို့စိတ်မပူပါနဲ့"

ထူရာအားတင်းကာပြုံးပြလိုက်ပြီး "ကျေးဇူးပါရန်ရန်"

အမှန်တကယ်တော့ ထူရာကနိုင်ငံကွာခြားမှုကြောင့်ဖြစ်တယ်။ သူမရဲ့တရုတ်စကားက ကျွမ်းကျင်နေပြီဖြစ်ပေမဲ့ ပြဿနာက သူမတစ်ခါမှတရုတ်မြေစေးမီးဖိုးကိုမသုံးဖူးတာပဲ!

မီးဖိုချောင်ထဲမှာဂက်စ်မိးဖိုတွေလည်းရှိတယ်ဆိုပေမဲ့ ရိုက်ကူးရေးအဖွဲ့က စောင့်ကြည့်ချင်တာကြောင့် မသုံးခိုင်းခဲ့လေဘူး။ ပြီးတော့ မြေစေးမီးဖိုကိုသိပ်မသုံးတတ်တဲ့ဧည့်သည်တွေကို မီးလာမွှေးခိုင်းလေတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အားလုံးကိုခါးသီးမှုနဲ့ချိုမြိန်မှုကို အမှတ်ရနေစေချင်တာဖြစ်ပြီး အရင်ကနေ့ရက်တွေဟာ ဘယ်လောက်တောင်ခက်ခဲခဲ့သလဲဆိုတာကို သိစေချင်တာဖြစ်တယ်။

Live roomထဲကပရိသတ်တွေကစိတ်လှုပ်ရှားစွာနဲ့ :

"ရန်ရန်ကအရမ်းဂရုစိုက်တတ်တာပဲ"

"အန်းရန်ကလူကောင်းပဲ ထူရာလောင်ရှီးကိုလည်းနှစ်သိမ့်ပေးလိုက်သေးတယ်"

ခဏကြာပြီးနောက် အနောက်ရှန်ရှင်းဆွေ့လည်းရောက်လာခဲ့တယ်။ မီးမှုတ်နေတာကြောင့် မီးခိုးမွှန်နေပြီး မျက်နှာပေါ်မှာလည်း ဖုန်မှုန့်တွေပေနေကာ လက်ရာမြောက်တဲ့မိတ်ကပ်တွေလည်း ကွယ်ပျောက်လုနီးပါးဖြစ်နေတဲ့ ထူရာကိုမြင်လိုက်ချိန်မှာ သူအလျင်အမြန်လျှောက်လာပြီး မေးလိုက်တယ် "ထူရာလောင်ရှီး အဆင်ပြေရဲ့လား?"

ထူရာအတော်လေးမီးခိုးမွှန်နေခဲ့တယ်။ သူမီးဖိုကိုညွှန်ပြလိုက်ရင်း "ကျဲကမီးလေးနည်းနည်းလောက်မှုတ်လိုက်ချင်တာ ဒါပေမဲ့မီးခိုးတွေချည်းထွက်လာတယ်"

စက္ကူလိုမျိုးမီးလောင်လွယ်တဲ့ပစ္စည်းတွေနဲ့ မီးမွှေးတာက သစ်သားတွေအပေါ်မှာတော့ သက်ရောက်မှာမရှိဘူးဆိုတာကို ရှန်ရှင်းဆွေ့သတိထားမိသွားရတယ်။

"ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး" ရှန်ရှင်းဆွေ့ပြုံးလိုက်တယ်။ သူဒါကိုသိလေတယ်။ ဒါကြောင့်ဒူးထောက်ထိုင်လိုက်ပြီး "ကျွန်တော်လုပ်မယ် မီးတောက်လာအောင် ကျွန်တော်ကူပေးလိုက်ရင် ကျဲအတွက်ပိုအဆင်ပြေသွားပြီ"

ထူရာပျော်ရွှင်သွားရတယ်။ သူမကိုလမ်းညွှန်ပေးလိုက်တဲ့အချိန်ကစပြီး ဒီကလေးအပေါ်မှာခံစားချက်ကောင်းတွေရှိနေတာဖြစ်တယ်။ တခြားအကြောင်းအရင်းတွေကြောင့်မဟုတ်ဘဲ ဒီလိုနောက်ကျိနေတဲ့အနုပညာလောကထဲမှာ ရှန်ရှင်းဆွေ့ဆိုတဲ့ကလေးက နားမလည်နိုင်စွာပဲ သန့်ရှင်းပြီးရိုးသားတယ်လို့ ခံစားရတာကြောင့်ဖြစ်တယ်။ အခုတော့သူမပျော်ရွှင်စွာနဲ့နေရာဖယ်ပေးလိုက်ပြီး စိတ်ပူစွာနဲ့ထပ်ပြောလာပြန်တယ် "စည်းကမ်းဖောက်ဖျက်သလိုများဖြစ်နေမလား?"

ရှန်ရှင်းဆွေ့လည်း အနောက်ကကင်မရာမန်းတွေကို လှည့်ကြည့်လိုက်တယ်။

ကင်မရာမန်းက "မင်းကိုယ်တိုင်ရဲ့သန့်ရှင်းရေးအလုပ်ကိုပြီးမြောက်ပြီး ကိစ္စတွေမနှောင့်နှေးစေရင်ရပြီ"

ရှန်ရှင်းဆွေ့ပြုံးလိုက်ပြီး ထူရာကိုပြောလိုက်တယ် "ကျဲကြည့် ကိစ္စမရှိပါဘူး"

ထူရာလည်းအဲဒီတော့မှစိတ်ချသွားရတယ်။ ရှန်ရှင်းဆွေ့ကဘေးကနေ သူမကိုမီးကိုမွှေးပေးနေတယ်။ ဒီအလုပ်ကလွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူး။ သူပထမဦးဆုံး သေးတဲ့သစ်ကိုင်းခြောက်လေးတွေကိုစုထားလိုက်တယ်။ ပြီးမှမီးလောင်လွယ်တဲ့ သစ်ရွက်ခြောက်တွေကိုမီးရှို့လိုက်တယ်။ မီးလောင်ပြီဆိုမှမီးဖိုထဲထည့်လိုက်တော့တယ်။ မီးစပြီးတောက်လာတဲ့အချိန်မှာ အပူချိန်ကအရမ်းပြင်းလွန်းတယ်။ နဖူးပေါ်မှာလည်းချွေးတွေထွက်လာပြီး ပြာမှုန့်တွေနဲ့ပေါင်းလိုက်တော့ မျက်နှာကလည်းအရမ်းတောက်ပနေတော့မှာမဟုတ်လေဘူး။

ဒါပေမဲ့ရှန်ရှင်းဆွေ့ မီးညှပ်ကိုသုံးပြီး မီးကိုသေချာထိန်းညှိလိုက်တယ်။ သစ်သားတွေလည်းထည့်ပြီးသွားလို့ ပုံမှန်အတိုင်းတောက်လောင်နေပြီဆိုမှ ချွေးသုတ်လိုက်ပြီး ဘေးကထူရာလောင်ရှီးကိုပြောလိုက်တယ် "ရပြီ"

ထူရာရဲ့မျက်ဝန်းတွေတောက်ပလာပြီး "ဆွေ့ဆွေ့ အရမ်းတော်တာပဲ ဒါကိုဘယ်လိုတောင်လုပ်တတ်ရတာလဲ?"

ရှန်ရှင်းဆွေ့ရှက်ရွံ့စွာပြုံးလိုက်ပြီး "ဒါကအရမ်းကြီးလည်းမခက်ပါဘူး ကျွန်တော်အရင်ကမသုံးဖူးပေမဲ့ ကျန်းမိသားစုမှာတုန်းက သူတို့အိမ်မှာမီးဖိုရှိတယ်လေ ကျွန်တော်အဲဒီတုန်းကစမ်းကြည့်ခဲ့ဖူးတယ်"

စောနကချွေးသုတ်လိုက်တာကြောင့် လက်ပေါ်ကပြာတွေကပါ မျက်နှာပေါ်ပေသွားတာကို ထူရာတွေ့လိုက်ရတယ်။ မီးခိုးရောင်အမှတ်အသားနှစ်ခု ဖြူဖွေးတဲ့ပါးပြင်ပေါ်မှာပေါ်လာတာက ကြည့်ရတာပူပြီးစိတ်မသက်မသာဖြစ်စေလှတယ်။ သူမစိတ်လှုပ်ရှားစွာနဲ့ သူ့ကိုဖက်လိုက်တယ်။ စိတ်အားထက်သန်စွာနဲ့ "အရမ်းချစ်ဖို့ကောင်းတာပဲ"

ရှန်ရှင်းဆွေ့အနောက်ကို တစ်လှမ်းဆုတ်လိုက်ပြီးပြောလာတယ် "မလုပ်နဲ့ ကျွန်တော့်တစ်ကိုယ်လုံးချွေးတွေချည်း......"

ထူရာဂရုမစိုက်စွာနဲ့ "ကျဲစိတ်ထဲမထားပါဘူး"

Live roomထဲကပရိသတ်တွေလည်း ဒီရယ်စရာမြင်ကွင်းကိုကြည့်ပြီး မြူးနေကြတော့တယ် :

"ဒီနှစ်ယောက်ကအရမ်းချစ်ဖို့ကောင်းတာပဲ"

"အမှန်တိုင်းပြောရရင် နားထောင်ကောင်းအောင်ပြောတာနဲ့ ကူလုပ်ပေးတယ်ဆိုတာက မတူညီတဲ့ကိစ္စနှစ်ခုပဲ"

"အန်းရန်ကဘေးမှာအကြာကြီးအကြံပေးနေပေမဲ့ သူကူလုပ်ပေးတာမတွေ့ရဘူး"

"သူအရင်ကကျန်းမိသားစုမှာ ၁၀နှစ်ကျော်လောက်နေခဲ့ဖူးတယ်မလား သူမလုပ်တတ်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဆွေ့ဆွေ့ကအရမ်းကောင်းတာပဲ သူကစကားလှလှလေးတွေပြောတတ်တဲ့ကလေးမဟုတ်ပေမဲ့ တခြားသူတွေအတွက် လုပ်ပေးတဲ့နေရာမှာတော့ အရမ်းရိုးသားတယ်"

"ငါနဲ့အရမ်းတူတာပဲလို့ ခံစားနေမိတယ်"

"ငါကလည်းအပြောမတတ်တဲ့သူတစ်ယောက်ပဲ ဆွေ့ဆွေ့ကိုကြည့်နေရတာအရမ်းခံစားရတာပဲ"

"ဆွေ့ဆွေ့ဆီမှာ ငါတို့ရဲ့ပုံရိပ်အသေးစားလေးတွေ အများကြီးရှိတာပဲ ဒါပေမဲ့သူကအရမ်းလည်းအကောင်းမြင်တတ်ပြီး ကြိုးလည်းကြိုးစားတယ် ငါတကယ်ဖန်ဖြစ်သွားခဲ့ပြီ!"

အနောက်ကရှန်ရှင်းချန်က မြန်မြန်ပဲဆွဲခွာလိုက်ပြီး "လောင်ရှီး ကျွန်တော့်တိတိနဲ့ဝေးဝေးနေမှရမယ်နော် သူအသက်ငယ်ငယ်လေးရှိသေးတယ် မသင့်တော်ဘူး မသင့်တော်ဘူး!"

"ဘယ်နားကငယ်လို့တုန်း" ထူရာစတင်ပြီး စနောက်လာတော့တယ်။ တမင်တကာရှန်ရှင်းဆွေ့ရဲ့ အင်္ကျီစလေးကိုဆွဲလိုက်ပြီး ပြောလာတယ် "နှစ်ဆယ်တောင်ကျော်နေပြီလေ လက်ထပ်ဖို့ကိစ္စပြောရမဲ့အရွယ်တောင်ရောက်နေပြီကို~"

ရှန်ရှင်းဆွေ့ ရယ်ရခက်ငိုရခက်ဖြစ်နေတော့တယ်။

ထူရာကသူ့ကိုစွဲလန်းသူတစ်ယောက်လို စနောက်နေခဲ့တယ် "ဆွေ့ဆွေ့သဘောကျရတဲ့သူရှိနေပြီလား?"

ရှန်ရှင်းဆွေ့ ဒီမေးခွန်းအမေးခံလိုက်ရတော့ ဆို့နင့်သွားပြီး မျက်နှာတွေနီရဲလာခဲ့တယ်။ ဒီနေရာကအစကတည်းကပူတာဖြစ်ပြီး အခုမျက်နှာတွေပါနီရဲလာတော့တယ်။ သူ့ရဲ့ရှက်ရွံ့မှုနဲ့ ကသိကအောက်ဖြစ်မှုတွေကို မြင်တတ်တဲ့သူတိုင်းမြင်နိုင်လေတယ်။ ဒီလိုချစ်စရာပုံစံလေးက ထူရာကိုတဟားဟားနဲ့ ရယ်မောသွားစေခဲ့တယ် "ငါတို့ဆွေ့ဆွေ့မှာလည်း အချစ်ရေးကိစ္စလေးတွေရှိနေပြီပဲ ကျဲကျဲပြောမယ် ဒီအနုပညာနယ်ပယ်ထဲမှာ မင်းဘယ်သူ့ကိုသဘောကျကျ ကျဲကိုပြောလိုက် ကျဲမင်းအတွက်အောင်သွယ်ပေးမယ်~"

ရှန်ရှင်းဆွေ့ရှက်ရွံ့စွာနဲ့ "ထူရာကျဲ!"

အနောက်ကဝန်ထမ်းလေးက ဆက်ပြီးသန့်ရှင်းရေးလုပ်သန့်ပြီဖြစ်ကြောင်းသတိပေးတော့မှ သူတို့သုံးယောက်ရဲ့စနောက်မှုတွေကရပ်တန့်သွားတော့တယ်။ ဒီမီးဖိုချောင်ထဲမှာ လူလေးယောက်ရှိနေတာပေမဲ့ အန်းရန်ကတော့လုံးဝလျစ်လျူရှုခံထားရလေတယ်။

တကယ်တော့မကြာသေးခင်က ရှန်ရှင်းဆွေ့ရဲ့ မတက်မကြွနဲ့ပျင်းရိစရာကောင်းတဲ့အမူအကျင့်ကြောင့် ရိုက်ကူးရေးအဖွဲ့ထဲမှာ သူကသတိထားမခံရတဲ့တည်ရှိမှုမျိုးဖြစ်တယ်။ ဒါပေမဲ့ဖြည်းဖြည်းချင်းပဲ အချိန်တွေကျော်လွန်လာတာနဲ့အမျှ အကြောင်းပြချက်မဲ့စွာပဲ စိတ်ကိုဖွင့်ဟလာခဲ့တယ်။ ဖန်မှုန့်တွေကပ်နေတဲ့ရတနာတစ်ခုက ဖြည်းဖြည်းချင်းတောက်ပလာသလိုပေါ့။ သူရှိနေတဲ့နေရာတိုင်းမှာ သူ့(အန်းရန်)ရဲ့တည်ရှိမှုကတဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာခဲ့တယ်။ ဒီလိုခံစားချက်ကြီးက အရမ်းဆိုးရွားလွန်းလှတယ်။

အန်းရန်သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး မလှမ်းမကမ်းက လမ်းမကြီးပေါ်မှာသန့်ရှင်းရေးလုပ်နေတဲ့ ရှန်ရှင်းဆွေ့ကိုကြည့်လိုက်တယ်။ လက်ဦးမှုရယူပြီး တတိယထပ်မှာဖုကျင်းရှောင်းကိုသွားရှာဖို့ ဆုံးဖြတ်လိုက်တယ်။

Live roomထဲကပရိသတ်တွေလည်း သံသယတွေထွက်ပေါ်လာပြီး :

"နှစ်ယောက်လုံးကသန့်ရှင်းရေးသမားတွေပဲကို အန်းရန်ကသန့်ရှင်းရေးမလုပ်ဘဲ ဘာသွားလုပ်တာတုန်း"

"ကြည့်ရတာစာသင်ဆောင်ဘက်သွားမလို့ထင်တယ်"

"ဟင်း အလုပ်ကောင်းကောင်းလုပ်လို့မရဘူးလား"

ဒီဘက်မှာတော့အန်းရန်က စာသင်ဆောင်ကိုရောက်နေပြီဖြစ်တယ်။ သူကော်ရစ်တာမှာသန့်ရှင်းရေးလုပ်နေခဲ့ပြီး နောက်ဆုံးမှာတော့ ကျောင်းသားတွေအတန်းဆင်းသွားခဲ့ပြီဖြစ်တယ်။ စာသင်ခန်းထဲကထွက်လာတဲ့ဖုကျင်းရှောင်းနဲ့ အမှတ်တမဲ့ဆုံချင်ယောင်ဆောင်ပြီး ဝင်တိုက်လိုက်တယ်။

အန်းရန်ပြုံးကာ ကုန်းရုန်းထလိုက်ပြီး "ဖုကော!"

ဖုကျင်းရှောင်း သူ့ကိုမြင်တော့အံ့အားသင့်သွားပြီး မျက်ခုံးပင့်ကာ "ဘယ်လိုလုပ်ပြီးမင်းလဲ?"

"......"

မဟုတ်ရင်ရော ကောကဘယ်သူဖြစ်စေချင်နေတာလဲ?

အန်းရန်စိတ်ထဲမှာပြန်ပြောလိုက်ပေမဲ့ မျက်နှာပေါ်မှာတော့ ဘာမှပေါ်မလာစေခဲ့ဘူး။ ချိုမြိန်တဲ့အပြုံးလေးကိုဆက်ထိန်းထားရင်း "ကျွန်တော်လေ ကျွန်တော်စောနကပဲ ဒီအနီးနားတစ်ဝိုက် သန့်ရှင်းရေးလုပ်နေတာ ပြီးတော့ကောနဲ့တွေ့တာပဲ"

ဖုကျင်းရှောင်းဖြစ်သလိုခေါင်းညိတ်ပြလိုက်ပြီး တစ်လက်စတည်းမေးလိုက်တယ် "မင်းတို့အကုန်လုံးက သန့်ရှင်းရေးတွေပဲမလား ရှန်ရှင်းဆွေ့ရော?"

......

ရှန်ရှင်းဆွေ့ ရှန်ရှင်းဆွေ့ ရှန်ရှင်းဆွေ့နဲ့ ရှန်ရှင်းဆွေ့ပဲသိကြတယ်ပေါ့။

ကျွန်တော်ခင်များရှေ့မှာရပ်နေတာကိုတောင် ရှန်ရှင်းဆွေ့ကိုမေးနေသေးတယ်ပေါ့။ ဘယ်သူ့ကိုဒေါသထွက်ပြီးသေစေချင်နေတာတုန်း!

အန်းရန်အတော်ကြာတိတ်ဆိတ်သွားပြီးမှ ပြောလိုက်တယ် "......ကျွန်တော်မသိဘူးလေ ကျွန်တော်အစောကသူ့ကိုတွေ့တော့ သူကစာသင်ဆောင်ရဲ့အပြင်ဘက်မှာ အခုအချိန်လည်းနည်းနည်းကြာသွားပြီဆိုတော့ ဆွေ့ဆွေ့ဘယ်သွားလဲဆိုတာ ကျွန်တော်လည်းမသိတော့ဘူး"

ဖုကျင်းရှောင်း တိတ်တဆိတ်ပဲအသံပြုလိုက်တယ် "သိပြီ"

ရုပ်ရှင်ဧကရာဇ်ဖုသွားတော့မှာမြင်တော့ အန်းရန်နည်းနည်းပြာသွားပြီး အလျင်အမြန်လိုက်သွားလိုက်တယ် "ဖုကော!"

ဖုကျင်းရှောင်းခြေလှမ်းတွေရပ်တန့်လိုက်ပြီး သူ့ကိုလှည့်ကြည့်လာတယ် "ဘာလို့လဲ?"

"တကယ်တော့ ကျွန်တော်ကောကိုမေးချင်တာ ဒီအချိန်အတွင်းမှာ သဲလွန်စတစ်ခုခုများရှာတွေ့သေးလား?" အန်းရန်စကားဆက်ဖို့အတွက် အကြောင်းပြချက်တစ်ခုရှာလိုက်တယ်။ သူပြုံးကာ "ကျွန်တော်တို့သဲလွန်စလဲလို့ရနိုင်မယ်လို့စဥ်းစားမိလို့ ဒီနှစ်ရက်အတွင်းမှာ လုပ်ကြံသူကလှုပ်ရှားလာနိုင်တယ် အဲ့အချိန်ကျရင်ကျွန်တော်တို့အကုန်လုံးအန္တရာယ်ရှိတယ်လေ အဲတာကြောင့် ကျွန်တော်လည်းလုပ်ကြံသူကို မြန်မြန်ရှာတွေ့ချင်လို့"

ဖုကျင်းရှောင်းမျက်ခုံးပင့်သွားပြီး "မင်းကိုဘာလို့ယုံရမှာလဲ"

အန်းရန်ချက်ချင်းပဲအကြံပေးလာတယ် "ကျွန်တော်အရင်ဆုံး သဲလွန်စကိုပြောပြလို့ရပါတယ် ဖုကောနားထောင်ပြီးတော့မှ ကောရဲ့သဲလွန်စကိုပြောမယ်မပြောဘူးဆုံးဖြတ်လေ"

ဖုကျင်းရှောင်း "ရတယ်လေ"

သူသဘောတူလိုက်တာမြင်တော့ အန်းရန်ပြုံးလိုက်ပြီးပြောလာတယ် "ကျွန်တော့်မှာကတ်တစ်ကတ်ရှိတယ် ကတ်ပေါ်ကသဲလွန်စဖော်ပြမှုက : [ဒီနေ့ညကညကောင်းလေးဖြစ်တယ် (ကျင်းရှောင်းလျောင်ယဲ့)]"

ဒီသဲလွန်စကအရမ်းကိုသိသာလွန်းတယ်လို့ပြောလို့ရတယ်။ ညွှန်ပြချက်ကအရမ်းမြင့်မားပြီး အရမ်းလည်းရှင်းလင်းပြတ်သားတယ်။ တကယ်လို့အမှန်ကိုမသိတဲ့သူတွေက သေချာပေါက် အကြည့်တွေကိုဖုကျင်းရှောင်းဆီ ပို့လိုက်မိကြမှာပဲဖြစ်တယ်။ ပြီးတော့ယေယုယျအားဖြင့် ဒီလိုသံသယအဝင်ခံရတဲ့သူက သူတို့ကိုယ်သူတို့လည်း တုန်လှုပ်သွားမိကြမှာဖြစ်တယ်။

ဖုကျင်းရှောင်းကတော့ မျက်ခုံးပင့်ရုံတင်ပင့်လိုက်ပြီး နှုတ်ခမ်းကိုတွန့်ကွေးလိုက်ကာ "မင်းကိုယ့်ကိုသံသယဝင်နေတာလား?"

____________________
Word - 3752
April 17, 2023(Mon)
Xiao Dream

နည်းနည်းနောက်ကျသွားတယ်။ ဟီး" နှစ်သစ်မှာစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပြီး ပျော်ရွှင်မှုတွေပိုင်ဆိုင်နိုင်ကြပါစေ။ ဒါဒါလေးတွေအားလုံး ကျန်းမာရေးဂရုစိုက်ကြပါခင်ဗျာ။ ကောင်းသောညလေးဖြစ်ကြပါစေနော်။





Zawgyi

႐ုပ္ရွင္ဧကရာဇ္ဖုက ႀကိဳးနီသြယ္ေပးဖို႔(ေအာင္သြယ္ေပးဖို႔)ေတာင္းဆိုလာတယ္
________________________________________________________________________

အမွန္ေတာ့႐ုပ္ရွင္ဧကရာဇ္ဖုရဲ႕အသံက က်ယ္တယ္လို႔ေျပာလို႔မရဘူး။ ဒါေပမဲ့နားၾကပ္နဲ႔ခ်ိတ္ဆက္ထားတဲ့အျပင္ အသံခ်ဲ႕စက္ရဲ႕အကူအညီေၾကာင့္ သူ႔ရဲ႕အသံကိုၾကည္လင္ျပတ္သားစြာ ထုတ္လႊင့္ဖို႔အတြက္လုံေလာက္ခဲ့တယ္။

ေကာင္မေလးက အံ့အားသင့္ကာမ်က္လုံးေတြျပဴးက်ယ္ေနၿပီး live roomထဲကသူေတြကေတာ့ ႐ူးသြပ္မတတ္ျဖစ္ေနၾကတယ္။

႐ုပ္ရွင္ဧကရာဇ္ဖုက တစ္ေလွ်ာက္လုံး ေကာလာဟလမထြက္ခဲ့ဖူးဘူး။ ၿပီးေတာ့ ပြဲဦးထြက္ခဲ့တဲ့အဲဒီႏွစ္ကစလို႔ ဘယ္သူတစ္ဦးတစ္ေယာက္နဲ႔မွလည္း CPမရွိခဲ့ဖူးဘူး။ တစ္ခါတစ္ရံမွာ မီဒီယာေတြရဲ႕သံသယဝင္ျခင္းခံရေပမဲ့ ျမန္ျမန္ဆန္ဆန္ရွင္းလင္းသြားခဲ့တာခ်ည္းပဲ။ တစ္ခါတစ္ေလ မာကတ္တင္းအတြက္ အရမ္းျမန္ျမန္ႀကီးမရွင္းလင္းလိုက္ေပမဲ့ မီဒီယာေတြအင္တာဗ်ဴးလာတဲ့အခါ ႐ုပ္ရွင္ဧကရာဇ္ဖုက အၿမဲတမ္းေသခ်ာတိက်တဲ့အေျဖကိုပဲျပန္ေပးခဲ့တယ္ "သူငယ္ခ်င္းပါပဲ"

သူကအၿမဲတမ္းရွင္းလင္းတဲ့သူျဖစ္ၿပီး နားလည္ႏိုင္တဲ့သူတစ္ေယာက္လည္းျဖစ္တယ္။

အဲဒါေၾကာင့္ သူကရည္႐ြယ္ထားတဲ့သူရွိေနၿပီလို႔ေျပာခဲ့တယ္ဆိုရင္ ေသခ်ာေပါက္ရွိေနလို႔ပဲ။ ဘာလို႔ဆိုဖုက်င္းေရွာင္းက မလိမ္ညာတတ္သလို ႐ိုက္ကူးေရးအဖြဲ႕ရဲ႕ေက်ာ္ၾကားမႈအတြက္နဲ႔ အဲ့လိုေခါင္းရႈပ္ေစမဲ့အရာေတြကို လုပ္မွာမဟုတ္လို႔ပဲ။ ဒါေပမဲ့အဲဒီအေၾကာင္းအရင္းေတြေၾကာင့္လည္း ဖန္ေတြကပိုၿပီးစိတ္လႈပ္ရွားေနၾကရတာျဖစ္တယ္ :

"ငါဂ႐ုမစိုက္ဘူး ဒါကေသခ်ာေပါက္ေလွ်ာက္ေျပာေနတာပဲျဖစ္ရမယ္"

"ဘယ္သူျဖစ္မွာလဲ ပါပါရာဇီေတြေတာင္ သတင္းေသးေသးေလးမွမရၾကဘူးေလ"

"သူေသခ်ာေပါက္ သူ႔လူကိုေကာင္းေကာင္းကာကြယ္ထားမွာေပါ့"

"ေကာင္မေလးကိုလက္ေလွ်ာ့သြားေအာင္ ဒီလိုေျပာလိုက္တာပဲျဖစ္ရမယ္"

"ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္ ဒီလိုပဲျဖစ္ရမယ္!"

ဘယ္လိုပဲျဖစ္ျဖစ္ အင္တာနက္သုံးစြဲသူအမ်ားစုက ကိုယ့္ကိုယ္ကိုလွည့္စားတဲ့ေနရာမွာ အေတာ္ဆုံးျဖစ္တယ္။ တျခားသူေတြရဲ႕အိုင္ေဒါေတြ datingလုပ္ခဲ့တယ္ဆိုရင္ မင္းတို႔သတိေလးကပ္ အိုင္ေဒါကလည္းလူပဲေလ သူတို႔လည္းတစ္ေန႔ လက္ထပ္ၾကရမွာပဲလို႔ ေျပာၾကမွာျဖစ္ေပမဲ့ သူတို႔ကိုယ္တိုင္ရဲ႕အိုင္ေဒါေတြ datingလုပ္ခဲ့တယ္ဆိုရင္ေတာ့ အဲ့တာကအတင္းအဖ်င္းေတြျဖစ္ၿပီးေတာ့ ယုံစရာအေၾကာင္းမရွိဘူး။

ဘယ္လိုပဲေျပာေျပာ ဖုက်င္းေရွာင္းရဲ႕အတန္းကေတာ့ စတင္ေနၿပီျဖစ္တယ္။

တျခားသူေတြရဲ႕အလုပ္ေတြကေတာ့ အရမ္းေခ်ာေမြ႕မေနေလဘူး။ အထူးသျဖင့္ မီးဖိုေခ်ာင္မွာ ထင္းခုတ္မီးေမႊးရတဲ့ထူရာနဲ႔ ေဘးနားကဟင္းခ်က္ဖို႔တာဝန္က်တဲ့ ရွန္ရွင္းခ်န္အပါအဝင္ သူတို႔ႏွစ္ေယာက္လုံးက ဟင္းမခ်က္တတ္ၾကဘူး။ ရွန္ရွင္းခ်န္ကအဆိုးဆုံးျဖစ္ၿပီး ၾကက္သြန္ၿမိတ္နဲ႔ဂ်ဴးၿမိတ္ကိုေတာင္ မခြဲျခားတတ္ေလဘူး။

အန္းရန္နဲ႔ရွန္ရွင္းေဆြ႕တို႔က သန္႔ရွင္းေရးလုပ္ေနၾကတာျဖစ္တယ္။ ႏွစ္ေယာက္သားမီးဖိုေခ်ာင္မွာ သန္႔ရွင္းေရးပစၥည္းေတြလာယူတဲ့အခ်ိန္မွာ မီးဖိုေခ်ာင္ထဲမွာမၿငိမ္မသက္ျဖစ္ေနတာကိုေတြ႕လိုက္ရၿပီး တကယ္ပဲလူကိုမ်က္စိပြင့္နားပြင့္ျဖစ္သြားေစခဲ့တယ္။

ထူရာကမီးေမႊးေနတာျဖစ္ေပမဲ့ မီးဖိုထဲကမီးကဘယ္လိုမွေတာက္မလာေလဘူး။

အန္းရန္ကတစ္ေလွ်ာက္လုံးနတ္သားေလးျဖစ္တာေၾကာင့္ ၾကင္နာတဲ့စ႐ိုက္ရွိေလတယ္ "ထူရာေလာင္ရွီးစိတ္မပူပါနဲ႔ ျဖည္းျဖည္းလုပ္ရင္အဆင္ေျပသြားမွာပါ ဒီမီးကလည္းအရမ္းေကာင္းတာမ်ိဳးမဟုတ္ပါဘူး ေလာင္ရွီးကလည္းပထမဦးဆုံးလုပ္တာဆိုေတာ့ ေသခ်ာေပါက္အသားက်မွာမဟုတ္ဘူး ကိစၥမရွိတာမလို႔စိတ္မပူပါနဲ႔"

ထူရာအားတင္းကာၿပဳံးျပလိုက္ၿပီး "ေက်းဇူးပါရန္ရန္"

အမွန္တကယ္ေတာ့ ထူရာကႏိုင္ငံကြာျခားမႈေၾကာင့္ျဖစ္တယ္။ သူမရဲ႕တ႐ုတ္စကားက ကြၽမ္းက်င္ေနၿပီျဖစ္ေပမဲ့ ျပႆနာက သူမတစ္ခါမွတ႐ုတ္ေျမေစးမီးဖိုးကိုမသုံးဖူးတာပဲ!

မီးဖိုေခ်ာင္ထဲမွာဂက္စ္မိးဖိုေတြလည္းရွိတယ္ဆိုေပမဲ့ ႐ိုက္ကူးေရးအဖြဲ႕က ေစာင့္ၾကည့္ခ်င္တာေၾကာင့္ မသုံးခိုင္းခဲ့ေလဘူး။ ၿပီးေတာ့ ေျမေစးမီးဖိုကိုသိပ္မသုံးတတ္တဲ့ဧည့္သည္ေတြကို မီးလာေမႊးခိုင္းေလတယ္။ သူ႔ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ အားလုံးကိုခါးသီးမႈနဲ႔ခ်ိဳၿမိန္မႈကို အမွတ္ရေနေစခ်င္တာျဖစ္ၿပီး အရင္ကေန႔ရက္ေတြဟာ ဘယ္ေလာက္ေတာင္ခက္ခဲခဲ့သလဲဆိုတာကို သိေစခ်င္တာျဖစ္တယ္။

Live roomထဲကပရိသတ္ေတြကစိတ္လႈပ္ရွားစြာနဲ႔ :

"ရန္ရန္ကအရမ္းဂ႐ုစိုက္တတ္တာပဲ"

"အန္းရန္ကလူေကာင္းပဲ ထူရာေလာင္ရွီးကိုလည္းႏွစ္သိမ့္ေပးလိုက္ေသးတယ္"

ခဏၾကာၿပီးေနာက္ အေနာက္ရွန္ရွင္းေဆြ႕လည္းေရာက္လာခဲ့တယ္။ မီးမႈတ္ေနတာေၾကာင့္ မီးခိုးမႊန္ေနၿပီး မ်က္ႏွာေပၚမွာလည္း ဖုန္မႈန္႔ေတြေပေနကာ လက္ရာေျမာက္တဲ့မိတ္ကပ္ေတြလည္း ကြယ္ေပ်ာက္လုနီးပါးျဖစ္ေနတဲ့ ထူရာကိုျမင္လိုက္ခ်ိန္မွာ သူအလ်င္အျမန္ေလွ်ာက္လာၿပီး ေမးလိုက္တယ္ "ထူရာေလာင္ရွီး အဆင္ေျပရဲ႕လား?"

ထူရာအေတာ္ေလးမီးခိုးမႊန္ေနခဲ့တယ္။ သူမီးဖိုကိုၫႊန္ျပလိုက္ရင္း "က်ဲကမီးေလးနည္းနည္းေလာက္မႈတ္လိုက္ခ်င္တာ ဒါေပမဲ့မီးခိုးေတြခ်ည္းထြက္လာတယ္"

စကၠဴလိုမ်ိဳးမီးေလာင္လြယ္တဲ့ပစၥည္းေတြနဲ႔ မီးေမႊးတာက သစ္သားေတြအေပၚမွာေတာ့ သက္ေရာက္မွာမရွိဘူးဆိုတာကို ရွန္ရွင္းေဆြ႕သတိထားမိသြားရတယ္။

"ကိစၥမရွိပါဘူး ကိစၥမရွိပါဘူး" ရွန္ရွင္းေဆြ႕ၿပဳံးလိုက္တယ္။ သူဒါကိုသိေလတယ္။ ဒါေၾကာင့္ဒူးေထာက္ထိုင္လိုက္ၿပီး "ကြၽန္ေတာ္လုပ္မယ္ မီးေတာက္လာေအာင္ ကြၽန္ေတာ္ကူေပးလိုက္ရင္ က်ဲအတြက္ပိုအဆင္ေျပသြားၿပီ"

ထူရာေပ်ာ္႐ႊင္သြားရတယ္။ သူမကိုလမ္းၫႊန္ေပးလိုက္တဲ့အခ်ိန္ကစၿပီး ဒီကေလးအေပၚမွာခံစားခ်က္ေကာင္းေတြရွိေနတာျဖစ္တယ္။ တျခားအေၾကာင္းအရင္းေတြေၾကာင့္မဟုတ္ဘဲ ဒီလိုေနာက္က်ိေနတဲ့အႏုပညာေလာကထဲမွာ ရွန္ရွင္းေဆြ႕ဆိုတဲ့ကေလးက နားမလည္ႏိုင္စြာပဲ သန္႔ရွင္းၿပီး႐ိုးသားတယ္လို႔ ခံစားရတာေၾကာင့္ျဖစ္တယ္။ အခုေတာ့သူမေပ်ာ္႐ႊင္စြာနဲ႔ေနရာဖယ္ေပးလိုက္ၿပီး စိတ္ပူစြာနဲ႔ထပ္ေျပာလာျပန္တယ္ "စည္းကမ္းေဖာက္ဖ်က္သလိုမ်ားျဖစ္ေနမလား?"

ရွန္ရွင္းေဆြ႕လည္း အေနာက္ကကင္မရာမန္းေတြကို လွည့္ၾကည့္လိုက္တယ္။

ကင္မရာမန္းက "မင္းကိုယ္တိုင္ရဲ႕သန္႔ရွင္းေရးအလုပ္ကိုၿပီးေျမာက္ၿပီး ကိစၥေတြမေႏွာင့္ေႏွးေစရင္ရၿပီ"

ရွန္ရွင္းေဆြ႕ၿပဳံးလိုက္ၿပီး ထူရာကိုေျပာလိုက္တယ္ "က်ဲၾကည့္ ကိစၥမရွိပါဘူး"

ထူရာလည္းအဲဒီေတာ့မွစိတ္ခ်သြားရတယ္။ ရွန္ရွင္းေဆြ႕ကေဘးကေန သူမကိုမီးကိုေမႊးေပးေနတယ္။ ဒီအလုပ္ကလြယ္ကူတဲ့အလုပ္ေတာ့မဟုတ္ဘူး။ သူပထမဦးဆုံး ေသးတဲ့သစ္ကိုင္းေျခာက္ေလးေတြကိုစုထားလိုက္တယ္။ ၿပီးမွမီးေလာင္လြယ္တဲ့ သစ္႐ြက္ေျခာက္ေတြကိုမီးရႈိ႕လိုက္တယ္။ မီးေလာင္ၿပီဆိုမွမီးဖိုထဲထည့္လိုက္ေတာ့တယ္။ မီးစၿပီးေတာက္လာတဲ့အခ်ိန္မွာ အပူခ်ိန္ကအရမ္းျပင္းလြန္းတယ္။ နဖူးေပၚမွာလည္းေခြၽးေတြထြက္လာၿပီး ျပာမႈန္႔ေတြနဲ႔ေပါင္းလိုက္ေတာ့ မ်က္ႏွာကလည္းအရမ္းေတာက္ပေနေတာ့မွာမဟုတ္ေလဘူး။

ဒါေပမဲ့ရွန္ရွင္းေဆြ႕ မီးညႇပ္ကိုသုံးၿပီး မီးကိုေသခ်ာထိန္းညႇိလိုက္တယ္။ သစ္သားေတြလည္းထည့္ၿပီးသြားလို႔ ပုံမွန္အတိုင္းေတာက္ေလာင္ေနၿပီဆိုမွ ေခြၽးသုတ္လိုက္ၿပီး ေဘးကထူရာေလာင္ရွီးကိုေျပာလိုက္တယ္ "ရၿပီ"

ထူရာရဲ႕မ်က္ဝန္းေတြေတာက္ပလာၿပီး "ေဆြ႕ေဆြ႕ အရမ္းေတာ္တာပဲ ဒါကိုဘယ္လိုေတာင္လုပ္တတ္ရတာလဲ?"

ရွန္ရွင္းေဆြ႕ရွက္႐ြံ႕စြာၿပဳံးလိုက္ၿပီး "ဒါကအရမ္းႀကီးလည္းမခက္ပါဘူး ကြၽန္ေတာ္အရင္ကမသုံးဖူးေပမဲ့ က်န္းမိသားစုမွာတုန္းက သူတို႔အိမ္မွာမီးဖိုရွိတယ္ေလ ကြၽန္ေတာ္အဲဒီတုန္းကစမ္းၾကည့္ခဲ့ဖူးတယ္"

ေစာနကေခြၽးသုတ္လိုက္တာေၾကာင့္ လက္ေပၚကျပာေတြကပါ မ်က္ႏွာေပၚေပသြားတာကို ထူရာေတြ႕လိုက္ရတယ္။ မီးခိုးေရာင္အမွတ္အသားႏွစ္ခု ျဖဴေဖြးတဲ့ပါးျပင္ေပၚမွာေပၚလာတာက ၾကည့္ရတာပူၿပီးစိတ္မသက္မသာျဖစ္ေစလွတယ္။ သူမစိတ္လႈပ္ရွားစြာနဲ႔ သူ႔ကိုဖက္လိုက္တယ္။ စိတ္အားထက္သန္စြာနဲ႔ "အရမ္းခ်စ္ဖို႔ေကာင္းတာပဲ"

ရွန္ရွင္းေဆြ႕အေနာက္ကို တစ္လွမ္းဆုတ္လိုက္ၿပီးေျပာလာတယ္ "မလုပ္နဲ႔ ကြၽန္ေတာ့္တစ္ကိုယ္လုံးေခြၽးေတြခ်ည္း......"

ထူရာဂ႐ုမစိုက္စြာနဲ႔ "က်ဲစိတ္ထဲမထားပါဘူး"

Live roomထဲကပရိသတ္ေတြလည္း ဒီရယ္စရာျမင္ကြင္းကိုၾကည့္ၿပီး ျမဴးေနၾကေတာ့တယ္ :

"ဒီႏွစ္ေယာက္ကအရမ္းခ်စ္ဖို႔ေကာင္းတာပဲ"

"အမွန္တိုင္းေျပာရရင္ နားေထာင္ေကာင္းေအာင္ေျပာတာနဲ႔ ကူလုပ္ေပးတယ္ဆိုတာက မတူညီတဲ့ကိစၥႏွစ္ခုပဲ"

"အန္းရန္ကေဘးမွာအၾကာႀကီးအႀကံေပးေနေပမဲ့ သူကူလုပ္ေပးတာမေတြ႕ရဘူး"

"သူအရင္ကက်န္းမိသားစုမွာ ၁၀ႏွစ္ေက်ာ္ေလာက္ေနခဲ့ဖူးတယ္မလား သူမလုပ္တတ္ဘူးဆိုတာ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ"

"ေဆြ႕ေဆြ႕ကအရမ္းေကာင္းတာပဲ သူကစကားလွလွေလးေတြေျပာတတ္တဲ့ကေလးမဟုတ္ေပမဲ့ တျခားသူေတြအတြက္ လုပ္ေပးတဲ့ေနရာမွာေတာ့ အရမ္း႐ိုးသားတယ္"

"ငါနဲ႔အရမ္းတူတာပဲလို႔ ခံစားေနမိတယ္"

"ငါကလည္းအေျပာမတတ္တဲ့သူတစ္ေယာက္ပဲ ေဆြ႕ေဆြ႕ကိုၾကည့္ေနရတာအရမ္းခံစားရတာပဲ"

"ေဆြ႕ေဆြ႕ဆီမွာ ငါတို႔ရဲ႕ပုံရိပ္အေသးစားေလးေတြ အမ်ားႀကီးရွိတာပဲ ဒါေပမဲ့သူကအရမ္းလည္းအေကာင္းျမင္တတ္ၿပီး ႀကိဳးလည္းႀကိဳးစားတယ္ ငါတကယ္ဖန္ျဖစ္သြားခဲ့ၿပီ!"

အေနာက္ကရွန္ရွင္းခ်န္က ျမန္ျမန္ပဲဆြဲခြာလိုက္ၿပီး "ေလာင္ရွီး ကြၽန္ေတာ့္တိတိနဲ႔ေဝးေဝးေနမွရမယ္ေနာ္ သူအသက္ငယ္ငယ္ေလးရွိေသးတယ္ မသင့္ေတာ္ဘူး မသင့္ေတာ္ဘူး!"

"ဘယ္နားကငယ္လို႔တုန္း" ထူရာစတင္ၿပီး စေနာက္လာေတာ့တယ္။ တမင္တကာရွန္ရွင္းေဆြ႕ရဲ႕ အက်ႌစေလးကိုဆြဲလိုက္ၿပီး ေျပာလာတယ္ "ႏွစ္ဆယ္ေတာင္ေက်ာ္ေနၿပီေလ လက္ထပ္ဖို႔ကိစၥေျပာရမဲ့အ႐ြယ္ေတာင္ေရာက္ေနၿပီကို~"

ရွန္ရွင္းေဆြ႕ ရယ္ရခက္ငိုရခက္ျဖစ္ေနေတာ့တယ္။

ထူရာကသူ႔ကိုစြဲလန္းသူတစ္ေယာက္လို စေနာက္ေနခဲ့တယ္ "ေဆြ႕ေဆြ႕သေဘာက်ရတဲ့သူရွိေနၿပီလား?"

ရွန္ရွင္းေဆြ႕ ဒီေမးခြန္းအေမးခံလိုက္ရေတာ့ ဆို႔နင့္သြားၿပီး မ်က္ႏွာေတြနီရဲလာခဲ့တယ္။ ဒီေနရာကအစကတည္းကပူတာျဖစ္ၿပီး အခုမ်က္ႏွာေတြပါနီရဲလာေတာ့တယ္။ သူ႔ရဲ႕ရွက္႐ြံ႕မႈနဲ႔ ကသိကေအာက္ျဖစ္မႈေတြကို ျမင္တတ္တဲ့သူတိုင္းျမင္ႏိုင္ေလတယ္။ ဒီလိုခ်စ္စရာပုံစံေလးက ထူရာကိုတဟားဟားနဲ႔ ရယ္ေမာသြားေစခဲ့တယ္ "ငါတို႔ေဆြ႕ေဆြ႕မွာလည္း အခ်စ္ေရးကိစၥေလးေတြရွိေနၿပီပဲ က်ဲက်ဲေျပာမယ္ ဒီအႏုပညာနယ္ပယ္ထဲမွာ မင္းဘယ္သူ႔ကိုသေဘာက်က် က်ဲကိုေျပာလိုက္ က်ဲမင္းအတြက္ေအာင္သြယ္ေပးမယ္~"

ရွန္ရွင္းေဆြ႕ရွက္႐ြံ႕စြာနဲ႔ "ထူရာက်ဲ!"

အေနာက္ကဝန္ထမ္းေလးက ဆက္ၿပီးသန္႔ရွင္းေရးလုပ္သန္႔ၿပီျဖစ္ေၾကာင္းသတိေပးေတာ့မွ သူတို႔သုံးေယာက္ရဲ႕စေနာက္မႈေတြကရပ္တန္႔သြားေတာ့တယ္။ ဒီမီးဖိုေခ်ာင္ထဲမွာ လူေလးေယာက္ရွိေနတာေပမဲ့ အန္းရန္ကေတာ့လုံးဝလ်စ္လ်ဴရႈခံထားရေလတယ္။

တကယ္ေတာ့မၾကာေသးခင္က ရွန္ရွင္းေဆြ႕ရဲ႕ မတက္မႂကြနဲ႔ပ်င္းရိစရာေကာင္းတဲ့အမူအက်င့္ေၾကာင့္ ႐ိုက္ကူးေရးအဖြဲ႕ထဲမွာ သူကသတိထားမခံရတဲ့တည္ရွိမႈမ်ိဳးျဖစ္တယ္။ ဒါေပမဲ့ျဖည္းျဖည္းခ်င္းပဲ အခ်ိန္ေတြေက်ာ္လြန္လာတာနဲ႔အမွ် အေၾကာင္းျပခ်က္မဲ့စြာပဲ စိတ္ကိုဖြင့္ဟလာခဲ့တယ္။ ဖန္မႈန႔္ေတြကပ္ေနတဲ့ရတနာတစ္ခုက ျဖည္းျဖည္းခ်င္းေတာက္ပလာသလိုေပါ့။ သူရွိေနတဲ့ေနရာတိုင္းမွာ သူ႔(အန္းရန္)ရဲ႕တည္ရွိမႈကတျဖည္းျဖည္းနဲ႔ ေပ်ာက္ကြယ္လာခဲ့တယ္။ ဒီလိုခံစားခ်က္ႀကီးက အရမ္းဆိုး႐ြားလြန္းလွတယ္။

အန္းရန္သက္ျပင္းတစ္ခ်က္ရႈိက္လိုက္ၿပီး မလွမ္းမကမ္းက လမ္းမႀကီးေပၚမွာသန္႔ရွင္းေရးလုပ္ေနတဲ့ ရွန္ရွင္းေဆြ႕ကိုၾကည့္လိုက္တယ္။ လက္ဦးမႈရယူၿပီး တတိယထပ္မွာဖုက်င္းေရွာင္းကိုသြားရွာဖို႔ ဆုံးျဖတ္လိုက္တယ္။

Live roomထဲကပရိသတ္ေတြလည္း သံသယေတြထြက္ေပၚလာၿပီး :

"ႏွစ္ေယာက္လုံးကသန္႔ရွင္းေရးသမားေတြပဲကို အန္းရန္ကသန္႔ရွင္းေရးမလုပ္ဘဲ ဘာသြားလုပ္တာတုန္း"

"ၾကည့္ရတာစာသင္ေဆာင္ဘက္သြားမလို႔ထင္တယ္"

"ဟင္း အလုပ္ေကာင္းေကာင္းလုပ္လို႔မရဘူးလား"

ဒီဘက္မွာေတာ့အန္းရန္က စာသင္ေဆာင္ကိုေရာက္ေနၿပီျဖစ္တယ္။ သူေကာ္ရစ္တာမွာသန္႔ရွင္းေရးလုပ္ေနခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ေက်ာင္းသားေတြအတန္းဆင္းသြားခဲ့ၿပီျဖစ္တယ္။ စာသင္ခန္းထဲကထြက္လာတဲ့ဖုက်င္းေရွာင္းနဲ႔ အမွတ္တမဲ့ဆုံခ်င္ေယာင္ေဆာင္ၿပီး ဝင္တိုက္လိုက္တယ္။

အန္းရန္ၿပဳံးကာ ကုန္း႐ုန္းထလိုက္ၿပီး "ဖုေကာ!"

ဖုက်င္းေရွာင္း သူ႔ကိုျမင္ေတာ့အံ့အားသင့္သြားၿပီး မ်က္ခုံးပင့္ကာ "ဘယ္လိုလုပ္ၿပီးမင္းလဲ?"

"......"

မဟုတ္ရင္ေရာ ေကာကဘယ္သူျဖစ္ေစခ်င္ေနတာလဲ?

အန္းရန္စိတ္ထဲမွာျပန္ေျပာလိုက္ေပမဲ့ မ်က္ႏွာေပၚမွာေတာ့ ဘာမွေပၚမလာေစခဲ့ဘူး။ ခ်ိဳၿမိန္တဲ့အၿပဳံးေလးကိုဆက္ထိန္းထားရင္း "ကြၽန္ေတာ္ေလ ကြၽန္ေတာ္ေစာနကပဲ ဒီအနီးနားတစ္ဝိုက္ သန္႔ရွင္းေရးလုပ္ေနတာ ၿပီးေတာ့ေကာနဲ႔ေတြ႕တာပဲ"

ဖုက်င္းေရွာင္းျဖစ္သလိုေခါင္းညိတ္ျပလိုက္ၿပီး တစ္လက္စတည္းေမးလိုက္တယ္ "မင္းတို႔အကုန္လုံးက သန္႔ရွင္းေရးေတြပဲမလား ရွန္ရွင္းေဆြ႕ေရာ?"

......

ရွန္ရွင္းေဆြ႕ ရွန္ရွင္းေဆြ႕ ရွန္ရွင္းေဆြ႕နဲ႔ ရွန္ရွင္းေဆြ႕ပဲသိၾကတယ္ေပါ့။

ကြၽန္ေတာ္ခင္မ်ားေရွ႕မွာရပ္ေနတာကိုေတာင္ ရွန္ရွင္းေဆြ႕ကိုေမးေနေသးတယ္ေပါ့။ ဘယ္သူ႔ကိုေဒါသထြက္ၿပီးေသေစခ်င္ေနတာတုန္း!

အန္းရန္အေတာ္ၾကာတိတ္ဆိတ္သြားၿပီးမွ ေျပာလိုက္တယ္ "......ကြၽန္ေတာ္မသိဘူးေလ ကြၽန္ေတာ္အေစာကသူ႔ကိုေတြ႕ေတာ့ သူကစာသင္ေဆာင္ရဲ႕အျပင္ဘက္မွာ အခုအခ်ိန္လည္းနည္းနည္းၾကာသြားၿပီဆိုေတာ့ ေဆြ႕ေဆြ႕ဘယ္သြားလဲဆိုတာ ကြၽန္ေတာ္လည္းမသိေတာ့ဘူး"

ဖုက်င္းေရွာင္း တိတ္တဆိတ္ပဲအသံျပဳလိုက္တယ္ "သိၿပီ"

႐ုပ္ရွင္ဧကရာဇ္ဖုသြားေတာ့မွာျမင္ေတာ့ အန္းရန္နည္းနည္းျပာသြားၿပီး အလ်င္အျမန္လိုက္သြားလိုက္တယ္ "ဖုေကာ!"

ဖုက်င္းေရွာင္းေျခလွမ္းေတြရပ္တန္႔လိုက္ၿပီး သူ႔ကိုလွည့္ၾကည့္လာတယ္ "ဘာလို႔လဲ?"

"တကယ္ေတာ့ ကြၽန္ေတာ္ေကာကိုေမးခ်င္တာ ဒီအခ်ိန္အတြင္းမွာ သဲလြန္စတစ္ခုခုမ်ားရွာေတြ႕ေသးလား?" အန္းရန္စကားဆက္ဖို႔အတြက္ အေၾကာင္းျပခ်က္တစ္ခုရွာလိုက္တယ္။ သူၿပဳံးကာ "ကြၽန္ေတာ္တို႔သဲလြန္စလဲလို႔ရႏိုင္မယ္လို႔စဥ္းစားမိလို႔ ဒီႏွစ္ရက္အတြင္းမွာ လုပ္ႀကံသူကလႈပ္ရွားလာႏိုင္တယ္ အဲ့အခ်ိန္က်ရင္ကြၽန္ေတာ္တို႔အကုန္လုံးအႏၲရာယ္ရွိတယ္ေလ အဲတာေၾကာင့္ ကြၽန္ေတာ္လည္းလုပ္ႀကံသူကို ျမန္ျမန္ရွာေတြ႕ခ်င္လို႔"

ဖုက်င္းေရွာင္းမ်က္ခုံးပင့္သြားၿပီး "မင္းကိုဘာလို႔ယုံရမွာလဲ"

အန္းရန္ခ်က္ခ်င္းပဲအႀကံေပးလာတယ္ "ကြၽန္ေတာ္အရင္ဆုံး သဲလြန္စကိုေျပာျပလို႔ရပါတယ္ ဖုေကာနားေထာင္ၿပီးေတာ့မွ ေကာရဲ႕သဲလြန္စကိုေျပာမယ္မေျပာဘူးဆုံးျဖတ္ေလ"

ဖုက်င္းေရွာင္း "ရတယ္ေလ"

သူသေဘာတူလိုက္တာျမင္ေတာ့ အန္းရန္ၿပဳံးလိုက္ၿပီးေျပာလာတယ္ "ကြၽန္ေတာ့္မွာကတ္တစ္ကတ္ရွိတယ္ ကတ္ေပၚကသဲလြန္စေဖာ္ျပမႈက : [ဒီေန႔ညကညေကာင္းေလးျဖစ္တယ္ (က်င္းေရွာင္းေလ်ာင္ယဲ့)]"

ဒီသဲလြန္စကအရမ္းကိုသိသာလြန္းတယ္လို႔ေျပာလို႔ရတယ္။ ၫႊန္ျပခ်က္ကအရမ္းျမင့္မားၿပီး အရမ္းလည္းရွင္းလင္းျပတ္သားတယ္။ တကယ္လို႔အမွန္ကိုမသိတဲ့သူေတြက ေသခ်ာေပါက္ အၾကည့္ေတြကိုဖုက်င္းေရွာင္းဆီ ပို႔လိုက္မိၾကမွာပဲျဖစ္တယ္။ ၿပီးေတာ့ေယယုယ်အားျဖင့္ ဒီလိုသံသယအဝင္ခံရတဲ့သူက သူတို႔ကိုယ္သူတို႔လည္း တုန္လႈပ္သြားမိၾကမွာျဖစ္တယ္။

ဖုက်င္းေရွာင္းကေတာ့ မ်က္ခုံးပင့္႐ုံတင္ပင့္လိုက္ၿပီး ႏႈတ္ခမ္းကိုတြန္႔ေကြးလိုက္ကာ "မင္းကိုယ့္ကိုသံသယဝင္ေနတာလား?"

____________________
Word - 3752
April 17, 2023(Mon)
Xiao Dream

နည္းနည္းေနာက္က်သြားတယ္။ ဟီး" ႏွစ္သစ္မွာစိတ္ခ်မ္းသာ၊ ကိုယ္က်န္းမာရွိၾကၿပီး ေပ်ာ္႐ႊင္မႈေတြပိုင္ဆိုင္ႏိုင္ၾကပါေစ။ ဒါဒါေလးေတြအားလုံး က်န္းမာေရးဂ႐ုစိုက္ၾကပါခင္ဗ်ာ။ ေကာင္းေသာညေလးျဖစ္ၾကပါေစေနာ္။

Continue Reading

You'll Also Like

27.4K 3.1K 31
Hello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါခ...
282K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
258K 24.7K 74
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...