အမြောက်စာခံအတုအယောင်သခင်လေးကပ...

Von Xiao_Dream

1.8M 302K 23.3K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... Mehr

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 56.1

11.9K 2K 154
Von Xiao_Dream

Unicode

မားမား ကျွန်တော်ပါ
___________________

ရှန်ရှင်းဆွေ့ရဲ့မျက်ဝန်းတွေက အပြစ်ကင်းစင်နေကာသံသယအချို့နဲ့ ဖုကျင်းရှောင်းကို ကြည့်လိုက်တယ်။

ဖုကျင်းရှောင်း ဒီမျက်ဝန်းတွေနဲ့ဆုံလိုက်ရချိန်မှာ စိတ်ထဲကူရာမဲ့စွာနဲ့သက်ပြင်းချလိုက်မိတယ်။ နောက်ဆုံး သူမျက်နှာကိုသုတ်ပေးလိုက်တယ်။ သူ့ရဲ့လေသံက အပြစ်တင်သံနည်းနည်းပါနေတယ်ဆိုပေမဲ့ တကယ်တမ်းတော့ အလိုလိုက်မှုပိုများနေတာဖြစ်တယ် "အသက်ဘယ်လောက်တောင်ရှိပြီလဲ ထစ်ခနဲရှိငိုနေတာ ကလေးမလေးကျနေတာပဲ ဖန်တွေဆီကအရယ်ခံရမှာမကြောက်ဘူးလား"

ရှန်ရှင်းဆွေ့အစကတည်းက ရှက်နေခဲ့တာဖြစ်တယ်။ သူဒီလိုပြောတာကြားတော့ ရှက်ရမ်းရမ်းပြီးပြန်ပြောလာတယ် "မဟုတ်ပါဘူးနော် ကျွန်တော်ကထစ်ခနဲရှိငိုတာမဟုတ်ပါဘူး ကျွန်တော်ကဟိုဟာကြောင့်...."

ဖုကျင်းရှောင်း မထင်မှတ်ထားစွာပဲ မျက်ခုံးပင့်လိုက်မိတယ် "ဘယ်ဟာကြောင့်လဲ?"

ရှန်ရှင်းဆွေ့ရဲ့ခေါင်းလေးငုံ့သွားပြီး သူ့လက်ထဲကစာရင်းစာအုပ်ကိုပဲ အာရုံလွှဲဖို့ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့ ဘေးနားကလူရဲ့စူးရှတဲ့အကြည့်တွေအောက်မှာ နောက်ဆုံးတော့အသံတိုးတိုးနဲ့ "ဘာကြောင့်လဲဆိုတော့ လောင်ရှီးအရမ်းပင်ပန်းခဲ့ရတာပဲဆိုပြီးတွေးမိသွားလို့ အဲ့တာကြောင့်..."

ပြောရင်းပြောရင်းနဲ့ ရှက်လာလို့ဖြစ်နိုင်တယ်။ အသံလေးကပိုပိုတိုးညှင်းသွားပြီး နောက်ဆုံးမကြားရတော့တဲ့အထိ ဖြစ်သွားတော့တယ်။

ဖုကျင်းရှောင်း မျက်စိရှေ့ကရိုးသားတဲ့ကလေးကိုကြည့်နေရင်း ဖွဖွရယ်လိုက်ကာ "အဲ့တာကြောင့် ကိုယ့်ကိုသနားနေတာပေါ့?"

ဖုကျင်းရှောင်း သူ့အစားပြောပေးလာခဲ့တယ်။

ရှန်ရှင်းဆွေ့သူ့ရဲ့အတွေးတွေပေါ်သွားပြီလို့ခံစားလိုက်ရတယ်။ ဒါပေမဲ့နားလည်ပေးခြင်းခံလိုက်ရတာကြောင့် အရမ်းပျော်ရွှင်နေမိတယ်။ ဒါကြောင့် သူခေါင်းဖွဖွညိတ်လိုက်လေတယ်။

ဖုကျင်းရှောင်း သူ့မျက်နှာချင်းဆိုင်မှာထိုင်နေရင်း တစ်ကိုယ်လုံးနေလောင်ပြီး အသားအရေတွေနီရဲနေတဲ့လူငယ်လေးကိုကြည့်လိုက်တယ်။ နေပူကြီးထဲမှာအပြေးလာခဲ့တာကြောင့် အခုချိန်နဖူးပေါ်မှာ ချွေးတစ်ထပ်ဖုံးနေခဲ့ပြီဖြစ်တယ်။ သူကပုံမှန်အချိန်တွေမှာ သေချာပြုစုပျိုးထောင်ခြင်းခံရပြီး ထိုင်ရင်ထိုင်တဲ့အနေအထားရှိပြီး မတ်တပ်ရပ်နေရင်ရပ်နေတဲ့အနေအထားရှိတယ်။ ဒါပေမဲ့ဒီအချိန်မှာတော့ ပင်ပန်းနေတာကြောင့် ခါးအနည်းငယ်ကိုင်းလျက်ရှိတာကို သူကိုယ်တိုင်တောင်သတိထားမိပုံမပေါ်ဘူး။

"မင်းဘာလို့ကိုယ့်ကိုယ်ကိုမသနားရတာလဲ" ဖုကျင်းရှောင်း ဘေးနားကရေကရားအိုးထဲကနေ ရေတစ်ခွက်ထည့်လိုက်ပြီး သူ့ကိုပေးလိုက်တယ် "ရိုက်ကူးရေးအဖွဲ့ကလည်း ဒီလိုရာသီဥတုကြီးမှာ မင်းကိုအစွမ်းကုန်ကြိုးစားခိုင်းတာမဟုတ်ဘူး ခဏနေရင်ဒါရိုက်တာအဖွဲ့ဆီသွားပြီး suncreamသွားတောင်းချည် မဟုတ်ရင် မင်းရိုက်ကူးလို့ပြီးသွားတာနဲ့ ဆေးရုံမှာနေလောင်ဒဏ်တွေသွားပြနေရလိမ့်မယ်"

ရှန်ရှင်းဆွေ့နောက်မှသိသွားပြီး "အာ?"

"ဘာအာတာတုန်း"

ဖုကျင်းရှောင်း ထိုင်ခုံပေါ်ပြန်ထိုင်ချလိုက်ပြီး သူ့အတွက်ပေးလာတဲ့ထမင်းဘူးဖွင့်ရင်း ဖြည်းဖြည်းပြောလာတယ် "ဒီလောက်ထိပင်ပန်းနေတာတောင် ကိုယ့်ကိုယ်ကိုသနားရကောင်းမှန်းမသိသေးဘူး လောင်ရှီးကမင်းလောက် အငိုမသန်လို့တော်သေးတာပေါ့ မဟုတ်ရင်ကိုယ်အခုမင်းပုံစံကိုမြင်ပြီး ဒီနေရာမှာတင်မျက်ရည်ကျရင်း ထမင်းစားနေရတော့မှာမဟုတ်လား?"

သူ့စကားထဲကစနောက်မှုလေးက ရှန်ရှင်းဆွေ့ကိုထိန်းမထားနိုင်တော့ဘဲ ရယ်သံလေးထွက်ပေါ်လာစေခဲ့တယ်။

ဒါပေမဲ့ရယ်ရင်းရယ်ရင်းနဲ့ ရှန်ရှင်းဆွေ့ဖြည်းဖြည်းချင်းထပ်ပြီး သတိထားမိသွားတယ်။ ရုပ်ရှင်ဧကရာဇ်ဖုဆိုလိုချင်တာက သူလည်းအခုသူ့အတွက်သနားနေတာလား?

တကယ်ကြီးလား....

ဒါကဒီတိုင်းဥပမာပေးပြီး ပြောလိုက်တာလည်းဖြစ်နိုင်ပါတယ်။

ရှန်ရှင်းဆွေ့စိတ်ထဲ အဖြေကိုပြင်းထန်စွာစဥ်းစားနေခဲ့ပေမဲ့ တစ်ဘက်ကမျှော်လင့်နေချိန်မှာ တစ်ဘက်ကအတည်မပြုရဲဘူးဖြစ်နေရတယ်။ live roomထဲက အင်တာနက်သုံးစွဲသူတွေကတော့ အလွန်အမင်းစိတ်လှုပ်ရှားလျက်ရှိကြတယ် :

"ငါတစ်ခုခုသိသွားသလိုပဲ!"

"အမှန်ပဲဆွေ့ဆွေ့ သူကအမြဲတမ်းတခြားသူတွေအတွက် ပိုတွေးပေးတတ်တယ်"

"သနားစရာအကောင်းဆုံးကတော့ ဘယ်သူကမှသူ့အတွက်မတွေးပေးတာပဲ"

"ရှိတယ်လေ ရှိတယ်လေ ဖုကောကသူ့ကိုဂရုစိုက်ပေးတယ်လေ ဟီးဟီး"

"ဝူးဝူးဝူး ရုတ်တရက်ကြီးစိတ်လှုပ်ရှားသွားရပြီ ကျွန်မတို့ဆွေ့ဆွေ့လေးကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပါဖုကောရေ"

"ဒီအတွဲကိုမြန်မြန်လော့ခ်ချထားလိုက်ကြစမ်း!"

နေ့လည်ခင်းတစ်ခင်းကုန်ဆုံးသွားပြီးနောက် ဒီလယ်ယာထွက်ပစ္စည်းရောင်းတဲ့စျေးမှာ အသီးရောင်းနေတဲ့အိုင်ဒေါရှိတယ်လို့ လူတော်တော်များများသတင်းရသွားကြတယ်။ သူတို့ထဲကတစ်ချို့ကဖန်တွေဖြစ်ကြပြီး ငွေရေးကြေးရေးအဆင်ပြေကြတဲ့သူတွေလည်းဖြစ်တယ်။

နေ့လည်ခင်းနားချိန်မကုန်လွန်ခင်မှာပဲ အဝါရောင်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်က ဆိုင်ရှေ့ရောက်လာပြီး "ဆိုင်ရှင် ဒီအသီးတွေကဘယ်လိုရောင်းတာလဲရှင့်?"

ရှန်ရှင်းဆွေ့ ခြေလှမ်းသေးလေးနဲ့အမြန်သွားလိုက်ပြီး စျေးနှုန်းတွေပြောပြလိုက်တယ်။

အဝါရောင်ဝတ်မိန်းကလေးက လှုပ်ရှားလိုက်တာနဲ့ ရက်ရောတဲ့ပုံစံနဲ့ "အဆင်ပြေတယ် အဆင်ပြေတယ် ဒီအသီးအားလုံးကို၁၀ကျင်းဆီထည့်ပေးပါ!"

ရှန်ရှင်းဆွေ့အံ့အားသင့်စွာနဲ့ "ကျွန်တော်တို့စီးပွားရေးကိုအားပေးတဲ့အတွက် မိန်းကလေးကိုအရမ်းကျေးဇူးတင်ပေမဲ့ မိန်းကလေးဒီလောက်အများကြီးဝယ်တာ တကယ်စားလို့ကုန်ပါ့မလား?"

အဝါရောင်ဝတ်မိန်းကလေးက အနောက်ကဖုကျင်းရှောင်းကို ရှက်ကိုးရှက်ကန်းနဲ့ကြည့်လိုက်ပြီး "ကိစ္စမရှိပါဘူး ကောစိတ်မပူပါနဲ့ အကယ်၍တကယ်ကျေးဇူးတင်ချင်တယ်ဆိုရင် ညီမအတွက်နည်းလမ်းရှာပြီး လက်ဆောင်လေးထည့်ပေးပါလား?"

အိုင်ဒေါဆက်ဆံရေးကြောင့် ဖြစ်လာတဲ့ရောင်းဝယ်မှုကိုခွင့်မပြုဘူးဆိုတဲ့ ရိုက်ကူးရေးအဖွဲ့ရဲ့စည်းကမ်းကို သူတို့သိထားတာကြောင့် အတူတူဓာတ်ပုံရိုက်ပေးဖို့ကို တိုက်ရိုက်မပြောလာလေဘူး။ ရုပ်ရှင်ဧကရာဇ်ဖုရဲ့ဖန်တွေက ပိုရင့်ကျက်ပြီး နားလည်တတ်ကြတယ်။ ဒါကြောင့် ဒီလိုလိမ္မာပါးနပ်တဲ့နည်းလမ်းနဲ့ လက်ဆောင်တောင်းတာဖြစ်တယ်။

ရှန်ရှင်းဆွေ့အတွေးထဲနစ်ဝင်သွားခဲ့ပြီး ဘာကိုလက်ဆောင်အဖြစ်ပေးရမှန်းမသိဖြစ်နေခဲ့တယ် "ဒါဆိုကျွန်တော်...ဒါဆိုကျွန်တော်တို့....."

သူတုံ့ဆိုင်းနေတဲ့အချိန်မှာပဲ အနောက်ကနေဖုကျင်းရှောင်းရဲ့အသံကို ကြားလိုက်ရတယ်။ သူကစေတနာပြည့်ဝနေကာ ရက်ရောလှတယ် "လက်ဆောင်လား ကိစ္စမရှိပါဘူး"

ရှန်ရှင်းဆွေ့နောက်လှည့်ကြည့်လိုက်တယ်။

ဖုကျင်းရှောင်းက "ရှန်ရှင်းချန်တို့ကို မင်းကိုအသီးကူထုပ်ပိုးဖို့ ပြန်လာခိုင်းလိုက် ကိုယ်ချက်ချင်းပြန်လာခဲ့မယ်"

ရှန်ရှင်းဆွေ့ သူဘယ်သွားမှာလဲလို့ အများကြီးမေးမနေခဲ့ဘူး။ ခြွင်းချက်မရှိယုံကြည်မှုတစ်ခုပဲ ပေးထားတာဖြစ်တယ်။ သူအသံပြုလိုက်ပြီးနောက် ရှန်ရှင်းချန်ဆီမက်ဆေ့ပို့လိုက်တယ်။ ထို့နောက် အားလုံးအတူတူ ဧည့်သည်ကိုအသီးရွေးဖို့ ကူညီလိုက်ကြတယ်။

ဘယ်လောက်မှမကြာခင်မှာပဲ ဖုကျင်းရှောင်းပြန်ရောက်လာခဲ့တယ်။

ရုပ်ရှင်ဧကရာဇ်ဖုလက်ထဲမှာ မလှမ်းမကမ်းဆိုင်ကနေယူလာခဲ့တဲ့ စက္ကူ၊မှင်နဲ့စုတ်တံတို့ပါလာခဲ့တယ်။ သူအနောက်ကစားပွဲပေါ်မှာဖြန့်ခင်းလိုက်ပြီး မှင်စက်လေးတွေစွန်းထင်းစေလိုက်တယ်။ လက်ကအောက်ကိုအနည်းငယ်နိမ့်ဆင်းသွားကာ မှင်ရည်ထိထားတဲ့စုတ်တံထိပ်ဖျားလေးက စာရွက်ပေါ်ကျဆင်းသွားခဲ့တယ်။ ပါးလွှာပေမဲ့အင်အားပါလှတဲ့ စုတ်ချက်တွေထွက်ပေါ်လာခဲ့တယ်။ စုတ်တံနိမ့်ဆင်းသွားတာနဲ့ စုတ်ချက်တွေချရေးလိုက်တာဟာ အသက်တစ်ရှိုက်စာအတွင်းပြီးစီးသွားခဲ့တယ်။ 'ကိစ္စအားလုံးစိတ်သဘောအတိုင်းဖြစ်ပါစေ'ဆိုတဲ့စကားလုံးတွေဟာ စာရွက်ပေါ်မှခုန်ထွက်လာတော့မယောင်ရှိနေတယ်။ လှုပ်ရှားမှုတွေကလှပနေပြီး လက်ရေးဟာလည်းခမ်းနားလှတယ်။

ဘေးမှာစောင့်နေတဲ့ဖန်လေးက စိတ်လှုပ်ရှားစွာနဲ့ပါးစပ်လေးအုပ်ထားလေတယ်။

ဖုကျင်းရှောင်းစုတ်တံကို လက်ထဲကချလိုက်ပြီး ခေါင်းမော့ကာသူ့ကိုကြည့်လိုက်တယ်။ ထို့နောက်ပြုံးလိုက်ပြီး "ဒီလက်ဆောင်ကရောအဆင်ပြေလား?"

"ပြေတယ် ပြေတယ်!" ဖန်လေးရဲ့ခေါင်းက ပြုတ်ထွက်တော့မတတ်တောင် ဖြစ်နေခဲ့တယ်။ သူမူလနေရာမှာပဲ ပျော်ရွှင်စွာခုန်ပေါက်နေခဲ့ပြီး စကားတောင်ပြောမထွက်ဖြစ်နေခဲ့တယ် "တကယ်လား တကယ်ညီမကိုပေးတာလား?"

ဖုကျင်းရှောင်းခေါင်းညိတ်ပြကာ ယဥ်ကျေးသိမ်မွေ့ပြီးနွေးထွေးတဲ့အသံနဲ့ "ကိုယ်တို့ကိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ပင်ပန်းသွားရပြီ"

အဓိပ္ပာယ်နှစ်ခွနဲ့စကားတစ်ခွန်း။

ပထမအနေနဲ့ အသီးတွေအများကြီးဝယ်ပေးတဲ့အတွက် ဖန်လေးကိုကျေးဇူးတင်တာဖြစ်တယ်။ ဒုတိယအနေနဲ့ကတော့ နယ်စွန်နယ်ဖျားကဒီမြို့လေးကိုလာဖို့က အရမ်းခက်ခဲတာကြောင့်ဖြစ်တယ်။

အဝါရောင်ဝတ်မိန်းကလေးက မျက်ရည်ကျလုမတတ်ဖြစ်နေခဲ့ပြီး သိပ်ပြီးမသေချာမရေရာဖြစ်နေကာ "မပင်ပန်းပါဘူး မပင်ပန်းပါဘူး ညီ...ညီမတစ်ခုမေးလို့ရမလား ဒါကတကယ်ညီမကိုပေးတာပေါ့"

ဖုကျင်းရှောင်းရဲ့မျက်နှာပေါ်မှာ ပုံမှန်အတိုင်းအပြုံးလေးချိတ်ဆွဲထားတယ်။ ချောမောတဲ့အမျိုးသားက အလုပ်လုပ်ရလွယ်ကူစေတဲ့ အကြမ်းထည်အင်္ကျီကို ဝတ်ဆင်ထားတာဖြစ်ပေမဲ့ အရင်ကအတိုင်း အာရုံဆွဲဆောင်နိုင်နေဆဲပဲဖြစ်တယ် "တကယ်ပါ"

မိန်းကလေးရဲ့စိတ်လှုပ်ရှားနေမှုကို မလှမ်းမကမ်းကရှန်ရှင်းဆွေ့တို့တောင် သတိထားမိသွားရတယ်။

ရှန်ရှင်းဆွေ့ ပထမဆုံးအကြိမ်အဖြစ် ဖုကျင်းရှောင်းစာရေးတာကိုမြင်ဖူးတာကြောင့် သံသယဖြစ်စွာမေးလိုက်တယ် "ဖုလောင်ရှီးရဲ့လက်ရေးက ဒီလောက်တောင်လှတာလား?"

"မင်းဖုမိသားစုရဲ့နောက်ခံကိုကြည့်ကြည့်လေ ဖုသခင်ကြီးက အနုပညာပြတိုက်မှူးလေ ဖုမိသားစုက ဟိုးအရင်ကတည်းက နာမည်ကြီးပညာတတ်မိသားစုတစ်ခုလေ ဖုကောကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက ယဥ်ကျေးမှုတွေလွှမ်းမိုးခံခဲ့ရတယ် မင်းအရင်တစ်ခေါက်က ဖုမိသားစုရဲ့ပရဟိတလေလံပွဲကိုသိတယ်မလား ဖုသခင်ကြီးရဲ့လက်ရေးစာက သန်း၈၀နဲ့ရောင်းထွက်သွားတာလေ" ရှန်ရှင်းချန်အသံနှိမ့်လိုက်ပြီးပြောလာတယ် "ပြီးတော့ ဖုကောကလည်းပုံမှန်ဆိုစာသိပ်မရေးဘူး ဘာပစ္စည်းမှလည်းထွက်မလာခဲ့ဘူး ဒါပေမဲ့လွန်ခဲ့တဲ့နှစ်နှစ်တုန်းက သူ့ရဲ့လက်ရေးစာတစ်ခုကို လေလံတင်ရောင်းခဲ့သေးတယ် နောက်ဆုံးအရောင်းအဝယ်ဖြစ်သွားတဲ့စျေးကသန်း၃၀တဲ့"

ရှန်ရှင်းဆွေ့မျက်လုံးပြူးသွားရတယ်။

အဲဒီဖန်လေးဘာကြောင့် ဒီလောက်စိတ်လှုပ်ရှားနေရသလဲဆိုတာကို သူနောက်ဆုံးတော့နားလည်သွားခဲ့ရတယ်။ အသီးကျင်း၄၀၊၅၀လောက်ဝယ်လိုက်ပြီး ဒါကတစ်ညတည်းနဲ့ချမ်းသာသွားတာမဟုတ်လား?

Live roomထဲက ပရိသတ်တွေလည်းစိတ်လှုပ်ရှားလျက်ရှိကြတယ် :

"ဒီလိုကိစ္စကောင်းမျိုးက ဘာလို့ငါ့ဆီမှာမဖြစ်ရတာလဲ"

"မက်မွန်မြို့ဟုတ်တယ်မလား ငါညတွင်းချင်းပဲသွားတော့မယ်"

"အဲဒီဖန်ကျဲကျဲကအရင်ဘဝတုန်းက galaxyကြီးတစ်ခုလုံးကို ကယ်တင်ခဲ့တာမလို့များလား?"

"ဒါကကောကောရဲ့ဖန်အကြီးစားကြီးလေဟားဟားဟား ရောင်းမှာမဟုတ်ဘူး ကိုယ့်အိမ်မှာလည်းပိုက်ဆံရှိတယ်"

အစကသစ်သီးလှည်းပေါ်မှာ အသီးတွေအများကြီးရှိနေသေးပေမဲ့ အတော်အများအဝယ်ခံလိုက်ရပြီးနောက် သိပ်အများကြီးမကျန်ခဲ့တော့ဘဲ ရောင်းကုန်လုနီးပါးပဲဖြစ်တယ်။ ဒါပေမဲ့အနောက်မှာ တန်းစီနေတဲ့သူတွေ အများကြီးကျန်နေသေးတယ်။ တစ်ချို့သူတွေကအစောကြီးကတည်းက တန်းစီပြီးနေကြပြီဖြစ်တယ်။ ပူပြင်းတဲ့နေဟာတောင်လောင်လျက်ရှိပြီး မက်မွန်မြို့ရဲ့အပူချိန်ကမြင့်မားလှတယ်။ တန်းစီနေတဲ့အချိန်မှာလည်း အရမ်းပူလှတဲ့အပြင် သူတို့အလှည့်ရောက်ချိန် ဘာမှမကျန်တော့ဘူးဆိုရင် အရမ်းသနားစရာကောင်းလှတယ်။

လီရွှိအန်းကအကြံပေးလာတယ် "ကျွန်တော်စောနက လီလောင်ရှီးတို့ရန်ရန်တို့နဲ့ အဆက်အသွယ်ရတော့ သူတို့မှာရောင်းမကုန်သေးတဲ့ ပန်းတစ်ချို့ရှိသေးတယ်တဲ့"

ရှန်ရှင်းချန်နားထောင်ပြီးတဲ့နောက်မှာ အကြံရသွားပြီး "ဒါမှမဟုတ် ကျွန်တော်တို့ပန်းတစ်ချို့သွားဝယ်လိုက်ရအောင် အကြာကြီးတန်းစီထားပြီး မဝယ်လိုက်နိုင်တဲ့ဧည့်သည်တွေကိုပေးကြမယ်လေ မဟုတ်ရင်အရမ်းသနားစရာကောင်းသွားလိမ့်မယ်"

နှစ်ယောက်လုံးစကားပြောပြီးသွားတဲ့နောက် ဖုကျင်းရှောင်းကိုကြည့်လိုက်ကြတယ်။

ဒါကမှငွေကြေးထိန်းသိမ်းတဲ့သူဖြစ်တယ်။ သူ့ရဲ့သဘောတူညီမှုမပါရင် အရာအားလုံးကအလကားပဲဖြစ်တယ်။

ဖုကျင်းရှောင်းစားပွဲရှေ့မှာထိုင်ရင်းစာရင်းတွက်နေလေတယ်။ သူဒီနေ့ရဲ့ဝင်ငွေကိုတွက်ကြည့်လိုက်ပြီးနောက် ပြောလိုက်တယ် "ငါတို့ရဲ့အသီးတွေအားလုံးက ပေါက်စျေးအတိုင်းပဲရောင်းတာ မင်းတို့နှစ်ယောက် ဒီနေ့စာရင်းတွက်တော့ မှားတွက်ထားတာတွေကလည်းရှိနေသေးတယ် ပိုက်ဆံရှာတဲ့အချိန်မှာ အလေးနက်ထားတာကျမတွေ့ရဘူး အခုပိုက်ဆံသုံးဖို့ကျတော့ တက်ကြွနေတယ်ပေါ့?"

သူကလည်း စာရင်းမှားတွက်တဲ့သူတွေထဲက တစ်ယောက်ဖြစ်တာကြောင့် လီရွှိအန်းပါးစပ်ပိတ်သွားရတယ်။

ရှန်ရှင်းချန်လည်းနောက်ဆုတ်သွားပေမဲ့ စိတ်မလျော့သေးဘဲခေါင်းကုတ်ကာ ရှန်ရှင်းဆွေ့ကိုတစ်ချက်ကြည့်လိုက်ပြန်တယ်။ သူ့ကိုအကြံဉာဏ်လေး ထုတ်ပြောလာစေချင်တာဖြစ်တယ်။

ဘေးကရှန်ရှင်းဆွေ့က အနောက်ကိုကြည့်လိုက်တော့ အနောက်မှာတန်းစီနေတဲ့သူတွေ အများကြီးရှိနေသေးတာကိုတွေ့လိုက်ရတယ်။ သူတို့လည်းအရမ်းပူနေကြပြီဖြစ်တယ်။ တစ်ချို့သူတွေက အရမ်းအကြာကြီးရပ်နေရတာကြောင့် နောက်ကျောတွေတောင် စိုရွှဲနေကြပြီဖြစ်တယ်။ တစ်လျှောက်လုံးအိတ်ကိုကိုင်ထားပြီး နေကာထားကြကာ အရမ်းပင်ပန်းလျက်ရှိကြတယ်။

ရှန်ရှင်းဆွေ့ အနည်းငယ်တုံ့ဆိုင်းစွာနဲ့ "လီလောင်ရှီးဘက်မှာ ကျန်နေတဲ့ပန်းတွေက ရောင်းမကုန်တာဆိုရင် လျှော့စျေးနဲ့ရနိုင်လောက်တယ် အကယ်၍ကျွန်တော်တို့ပေးချင်တယ်ဆိုရင် အများကြီးမပေးဘဲ အကြာဆုံးတန်းစီနေကြတဲ့အဲဒီသူတွေကိုပဲပေးကြတာပေါ့ မဟုတ်ရင်တကယ်ပဲ အားနာစရာကောင်းသွားလိမ့်မယ်..."

လီရွှိအန်းသက်ပြင်းချလိုက်မိတယ်။

သူစောနကပဲပြောပြီးသွားတာလေ။ မင်းအခုထပ်ပြောတော့လည်း ဘာအသုံးဝင်မှာလဲ။ ငါစောနကပြောတာလည်းဒီအဓိပ္ပာယ်ပဲလေ။ ဖုကောတောင်ငြင်းပြီးသွားပြီကို မင်းထပ်ပြောတော့ရောအသုံးဝင်မှာတဲ့လား? ရှန်ရှင်းဆွေ့ကိုစိတ်ပျက်သွားစေတဲ့အတွက် သူသွားပြီးနှစ်သိမ့်တော့မလို့အချိန်မှာပဲ မလှမ်းမကမ်းကစာရင်းမှတ်နေတဲ့ဖုကျင်းရှောင်း ခေါင်းမော့လာတာကိုတွေ့လိုက်ရတယ်။ အဲဒီမျက်နှာကဘယ်လောက်တောင် နူးညံ့နေလိုက်သလဲဆိုတာပြောမနေနဲ့တော့။ သူကအသိအမှတ်ပြုပုံနဲ့ ခေါင်းညိတ်ပြလာပြီး "မင်းပြောတာအဓိပ္ပာယ်ရှိတယ်"

လီရွှိအန်း ".....?"

____________________
Word - 3517
April 1, 2023(Sat)
Xiao Dream

Dreamရဲ့လောင်ကုန်းက စာရေးမရအောင် လူကိုအတင်းတွေကပ်နေလို့ updateတွေနောက်ကျနေတာပါ။ တောင်းပန်ပါတယ်နော်။ ဒါဒါလေးတွေစိတ်မဆိုးကြဘူးမလား။ အခုလည်းအိပ်ရအောင်ဆိုပြီးတော့ အတင်းနှောင့်ယှက်နေလို့ နည်းနည်းတိုသွားရတယ်ဗျာ။ နောက်နေ့ပြန်လာခဲ့မယ်နော်။ ဂွတ်နိုက်ပါ။






Zawgyi

မားမား ကြၽန္ေတာ္ပါ
___________________

ရွန္ရွင္းေဆြ႕ရဲ႕မ်က္ဝန္းေတြက အျပစ္ကင္းစင္ေနကာသံသယအခ်ိဳ႕နဲ႔ ဖုက်င္းေရွာင္းကို ၾကည့္လိုက္တယ္။

ဖုက်င္းေရွာင္း ဒီမ်က္ဝန္းေတြနဲ႔ဆုံလိုက္ရခ်ိန္မွာ စိတ္ထဲကူရာမဲ့စြာနဲ႔သက္ျပင္းခ်လိုက္မိတယ္။ ေနာက္ဆုံး သူမ်က္ႏွာကိုသုတ္ေပးလိုက္တယ္။ သူ႔ရဲ႕ေလသံက အျပစ္တင္သံနည္းနည္းပါေနတယ္ဆိုေပမဲ့ တကယ္တမ္းေတာ့ အလိုလိုက္မႈပိုမ်ားေနတာျဖစ္တယ္ "အသက္ဘယ္ေလာက္ေတာင္ရွိၿပီလဲ ထစ္ခနဲရွိငိုေနတာ ကေလးမေလးက်ေနတာပဲ ဖန္ေတြဆီကအရယ္ခံရမွာမေၾကာက္ဘူးလား"

ရွန္ရွင္းေဆြ႕အစကတည္းက ရွက္ေနခဲ့တာျဖစ္တယ္။ သူဒီလိုေျပာတာၾကားေတာ့ ရွက္ရမ္းရမ္းၿပီးျပန္ေျပာလာတယ္ "မဟုတ္ပါဘူးေနာ္ ကြၽန္ေတာ္ကထစ္ခနဲရွိငိုတာမဟုတ္ပါဘူး ကြၽန္ေတာ္ကဟိုဟာေၾကာင့္...."

ဖုက်င္းေရွာင္း မထင္မွတ္ထားစြာပဲ မ်က္ခုံးပင့္လိုက္မိတယ္ "ဘယ္ဟာေၾကာင့္လဲ?"

ရွန္ရွင္းေဆြ႕ရဲ႕ေခါင္းေလးငုံ႔သြားၿပီး သူ႔လက္ထဲကစာရင္းစာအုပ္ကိုပဲ အာ႐ုံလႊဲဖို႔ႀကိဳးစားေနခဲ့တယ္။ ဒါေပမဲ့ ေဘးနားကလူရဲ႕စူးရွတဲ့အၾကည့္ေတြေအာက္မွာ ေနာက္ဆုံးေတာ့အသံတိုးတိုးနဲ႔ "ဘာေၾကာင့္လဲဆိုေတာ့ ေလာင္ရွီးအရမ္းပင္ပန္းခဲ့ရတာပဲဆိုၿပီးေတြးမိသြားလို႔ အဲ့တာေၾကာင့္..."

ေျပာရင္းေျပာရင္းနဲ႔ ရွက္လာလို႔ျဖစ္ႏိုင္တယ္။ အသံေလးကပိုပိုတိုးညႇင္းသြားၿပီး ေနာက္ဆုံးမၾကားရေတာ့တဲ့အထိ ျဖစ္သြားေတာ့တယ္။

ဖုက်င္းေရွာင္း မ်က္စိေရွ႕က႐ိုးသားတဲ့ကေလးကိုၾကည့္ေနရင္း ဖြဖြရယ္လိုက္ကာ "အဲ့တာေၾကာင့္ ကိုယ့္ကိုသနားေနတာေပါ့?"

ဖုက်င္းေရွာင္း သူ႔အစားေျပာေပးလာခဲ့တယ္။

ရွန္ရွင္းေဆြ႕သူ႔ရဲ႕အေတြးေတြေပၚသြားၿပီလို႔ခံစားလိုက္ရတယ္။ ဒါေပမဲ့နားလည္ေပးျခင္းခံလိုက္ရတာေၾကာင့္ အရမ္းေပ်ာ္႐ႊင္ေနမိတယ္။ ဒါေၾကာင့္ သူေခါင္းဖြဖြညိတ္လိုက္ေလတယ္။

ဖုက်င္းေရွာင္း သူ႔မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနရင္း တစ္ကိုယ္လုံးေနေလာင္ၿပီး အသားအေရေတြနီရဲေနတဲ့လူငယ္ေလးကိုၾကည့္လိုက္တယ္။ ေနပူႀကီးထဲမွာအေျပးလာခဲ့တာေၾကာင့္ အခုခ်ိန္နဖူးေပၚမွာ ေခြၽးတစ္ထပ္ဖုံးေနခဲ့ၿပီျဖစ္တယ္။ သူကပုံမွန္အခ်ိန္ေတြမွာ ေသခ်ာျပဳစုပ်ိဳးေထာင္ျခင္းခံရၿပီး ထိုင္ရင္ထိုင္တဲ့အေနအထားရွိၿပီး မတ္တပ္ရပ္ေနရင္ရပ္ေနတဲ့အေနအထားရွိတယ္။ ဒါေပမဲ့ဒီအခ်ိန္မွာေတာ့ ပင္ပန္းေနတာေၾကာင့္ ခါးအနည္းငယ္ကိုင္းလ်က္ရွိတာကို သူကိုယ္တိုင္ေတာင္သတိထားမိပုံမေပၚဘူး။

"မင္းဘာလို႔ကိုယ့္ကိုယ္ကိုမသနားရတာလဲ" ဖုက်င္းေရွာင္း ေဘးနားကေရကရားအိုးထဲကေန ေရတစ္ခြက္ထည့္လိုက္ၿပီး သူ႔ကိုေပးလိုက္တယ္ "႐ိုက္ကူးေရးအဖြဲ႕ကလည္း ဒီလိုရာသီဥတုႀကီးမွာ မင္းကိုအစြမ္းကုန္ႀကိဳးစားခိုင္းတာမဟုတ္ဘူး ခဏေနရင္ဒါ႐ိုက္တာအဖြဲ႕ဆီသြားၿပီး suncreamသြားေတာင္းခ်ည္ မဟုတ္ရင္ မင္း႐ိုက္ကူးလို႔ၿပီးသြားတာနဲ႔ ေဆး႐ုံမွာေနေလာင္ဒဏ္ေတြသြားျပေနရလိမ့္မယ္"

ရွန္ရွင္းေဆြ႕ေနာက္မွသိသြားၿပီး "အာ?"

"ဘာအာတာတုန္း"

ဖုက်င္းေရွာင္း ထိုင္ခုံေပၚျပန္ထိုင္ခ်လိုက္ၿပီး သူ႔အတြက္ေပးလာတဲ့ထမင္းဘူးဖြင့္ရင္း ျဖည္းျဖည္းေျပာလာတယ္ "ဒီေလာက္ထိပင္ပန္းေနတာေတာင္ ကိုယ့္ကိုယ္ကိုသနားရေကာင္းမွန္းမသိေသးဘူး ေလာင္ရွီးကမင္းေလာက္ အငိုမသန္လို႔ေတာ္ေသးတာေပါ့ မဟုတ္ရင္ကိုယ္အခုမင္းပုံစံကိုျမင္ၿပီး ဒီေနရာမွာတင္မ်က္ရည္က်ရင္း ထမင္းစားေနရေတာ့မွာမဟုတ္လား?"

သူ႔စကားထဲကစေနာက္မႈေလးက ရွန္ရွင္းေဆြ႕ကိုထိန္းမထားႏိုင္ေတာ့ဘဲ ရယ္သံေလးထြက္ေပၚလာေစခဲ့တယ္။

ဒါေပမဲ့ရယ္ရင္းရယ္ရင္းနဲ႔ ရွန္ရွင္းေဆြ႕ျဖည္းျဖည္းခ်င္းထပ္ၿပီး သတိထားမိသြားတယ္။ ႐ုပ္ရွင္ဧကရာဇ္ဖုဆိုလိုခ်င္တာက သူလည္းအခုသူ႔အတြက္သနားေနတာလား?

တကယ္ႀကီးလား....

ဒါကဒီတိုင္းဥပမာေပးၿပီး ေျပာလိုက္တာလည္းျဖစ္ႏိုင္ပါတယ္။

ရွန္ရွင္းေဆြ႕စိတ္ထဲ အေျဖကိုျပင္းထန္စြာစဥ္းစားေနခဲ့ေပမဲ့ တစ္ဘက္ကေမွ်ာ္လင့္ေနခ်ိန္မွာ တစ္ဘက္ကအတည္မျပဳရဲဘူးျဖစ္ေနရတယ္။ live roomထဲက အင္တာနက္သုံးစြဲသူေတြကေတာ့ အလြန္အမင္းစိတ္လႈပ္ရွားလ်က္ရွိၾကတယ္ :

"ငါတစ္ခုခုသိသြားသလိုပဲ!"

"အမွန္ပဲေဆြ႕ေဆြ႕ သူကအၿမဲတမ္းတျခားသူေတြအတြက္ ပိုေတြးေပးတတ္တယ္"

"သနားစရာအေကာင္းဆုံးကေတာ့ ဘယ္သူကမွသူ႔အတြက္မေတြးေပးတာပဲ"

"ရွိတယ္ေလ ရွိတယ္ေလ ဖုေကာကသူ႔ကိုဂ႐ုစိုက္ေပးတယ္ေလ ဟီးဟီး"

"ဝူးဝူးဝူး ႐ုတ္တရက္ႀကီးစိတ္လႈပ္ရွားသြားရၿပီ ကြၽန္မတို႔ေဆြ႕ေဆြ႕ေလးကို ဂ႐ုစိုက္ေပးတဲ့အတြက္ ေက်းဇူးပါဖုေကာေရ"

"ဒီအတြဲကိုျမန္ျမန္ေလာ့ခ္ခ်ထားလိုက္ၾကစမ္း!"

ေန႔လည္ခင္းတစ္ခင္းကုန္ဆုံးသြားၿပီးေနာက္ ဒီလယ္ယာထြက္ပစၥည္းေရာင္းတဲ့ေစ်းမွာ အသီးေရာင္းေနတဲ့အိုင္ေဒါရွိတယ္လို႔ လူေတာ္ေတာ္မ်ားမ်ားသတင္းရသြားၾကတယ္။ သူတို႔ထဲကတစ္ခ်ိဳ႕ကဖန္ေတြျဖစ္ၾကၿပီး ေငြေရးေၾကးေရးအဆင္ေျပၾကတဲ့သူေတြလည္းျဖစ္တယ္။

ေန႔လည္ခင္းနားခ်ိန္မကုန္လြန္ခင္မွာပဲ အဝါေရာင္ဝတ္ထားတဲ့မိန္းကေလးတစ္ေယာက္က ဆိုင္ေရွ႕ေရာက္လာၿပီး "ဆိုင္ရွင္ ဒီအသီးေတြကဘယ္လိုေရာင္းတာလဲရွင့္?"

ရွန္ရွင္းေဆြ႕ ေျခလွမ္းေသးေလးနဲ႔အျမန္သြားလိုက္ၿပီး ေစ်းႏႈန္းေတြေျပာျပလိုက္တယ္။

အဝါေရာင္ဝတ္မိန္းကေလးက လႈပ္ရွားလိုက္တာနဲ႔ ရက္ေရာတဲ့ပုံစံနဲ႔ "အဆင္ေျပတယ္ အဆင္ေျပတယ္ ဒီအသီးအားလုံးကို၁၀က်င္းဆီထည့္ေပးပါ!"

ရွန္ရွင္းေဆြ႕အံ့အားသင့္စြာနဲ႔ "ကြၽန္ေတာ္တို႔စီးပြားေရးကိုအားေပးတဲ့အတြက္ မိန္းကေလးကိုအရမ္းေက်းဇူးတင္ေပမဲ့ မိန္းကေလးဒီေလာက္အမ်ားႀကီးဝယ္တာ တကယ္စားလို႔ကုန္ပါ့မလား?"

အဝါေရာင္ဝတ္မိန္းကေလးက အေနာက္ကဖုက်င္းေရွာင္းကို ရွက္ကိုးရွက္ကန္းနဲ႔ၾကည့္လိုက္ၿပီး "ကိစၥမရွိပါဘူး ေကာစိတ္မပူပါနဲ႔ အကယ္၍တကယ္ေက်းဇူးတင္ခ်င္တယ္ဆိုရင္ ညီမအတြက္နည္းလမ္းရွာၿပီး လက္ေဆာင္ေလးထည့္ေပးပါလား?"

အိုင္ေဒါဆက္ဆံေရးေၾကာင့္ ျဖစ္လာတဲ့ေရာင္းဝယ္မႈကိုခြင့္မျပဳဘူးဆိုတဲ့ ႐ိုက္ကူးေရးအဖြဲ႕ရဲ႕စည္းကမ္းကို သူတို႔သိထားတာေၾကာင့္ အတူတူဓာတ္ပုံ႐ိုက္ေပးဖို႔ကို တိုက္႐ိုက္မေျပာလာေလဘူး။ ႐ုပ္ရွင္ဧကရာဇ္ဖုရဲ႕ဖန္ေတြက ပိုရင့္က်က္ၿပီး နားလည္တတ္ၾကတယ္။ ဒါေၾကာင့္ ဒီလိုလိမၼာပါးနပ္တဲ့နည္းလမ္းနဲ႔ လက္ေဆာင္ေတာင္းတာျဖစ္တယ္။

ရွန္ရွင္းေဆြ႕အေတြးထဲနစ္ဝင္သြားခဲ့ၿပီး ဘာကိုလက္ေဆာင္အျဖစ္ေပးရမွန္းမသိျဖစ္ေနခဲ့တယ္ "ဒါဆိုကြၽန္ေတာ္...ဒါဆိုကြၽန္ေတာ္တို႔....."

သူတုံ႔ဆိုင္းေနတဲ့အခ်ိန္မွာပဲ အေနာက္ကေနဖုက်င္းေရွာင္းရဲ႕အသံကို ၾကားလိုက္ရတယ္။ သူကေစတနာျပည့္ဝေနကာ ရက္ေရာလွတယ္ "လက္ေဆာင္လား ကိစၥမရွိပါဘူး"

ရွန္ရွင္းေဆြ႕ေနာက္လွည့္ၾကည့္လိုက္တယ္။

ဖုက်င္းေရွာင္းက "ရွန္ရွင္းခ်န္တို႔ကို မင္းကိုအသီးကူထုပ္ပိုးဖို႔ ျပန္လာခိုင္းလိုက္ ကိုယ္ခ်က္ခ်င္းျပန္လာခဲ့မယ္"

ရွန္ရွင္းေဆြ႕ သူဘယ္သြားမွာလဲလို႔ အမ်ားႀကီးေမးမေနခဲ့ဘူး။ ႁခြင္းခ်က္မရွိယုံၾကည္မႈတစ္ခုပဲ ေပးထားတာျဖစ္တယ္။ သူအသံျပဳလိုက္ၿပီးေနာက္ ရွန္ရွင္းခ်န္ဆီမက္ေဆ့ပို႔လိုက္တယ္။ ထို႔ေနာက္ အားလုံးအတူတူ ဧည့္သည္ကိုအသီးေ႐ြးဖို႔ ကူညီလိုက္ၾကတယ္။

ဘယ္ေလာက္မွမၾကာခင္မွာပဲ ဖုက်င္းေရွာင္းျပန္ေရာက္လာခဲ့တယ္။

႐ုပ္ရွင္ဧကရာဇ္ဖုလက္ထဲမွာ မလွမ္းမကမ္းဆိုင္ကေနယူလာခဲ့တဲ့ စကၠဴ၊မွင္နဲ႔စုတ္တံတို႔ပါလာခဲ့တယ္။ သူအေနာက္ကစားပြဲေပၚမွာျဖန္႔ခင္းလိုက္ၿပီး မွင္စက္ေလးေတြစြန္းထင္းေစလိုက္တယ္။ လက္ကေအာက္ကိုအနည္းငယ္နိမ့္ဆင္းသြားကာ မွင္ရည္ထိထားတဲ့စုတ္တံထိပ္ဖ်ားေလးက စာ႐ြက္ေပၚက်ဆင္းသြားခဲ့တယ္။ ပါးလႊာေပမဲ့အင္အားပါလွတဲ့ စုတ္ခ်က္ေတြထြက္ေပၚလာခဲ့တယ္။ စုတ္တံနိမ့္ဆင္းသြားတာနဲ႔ စုတ္ခ်က္ေတြခ်ေရးလိုက္တာဟာ အသက္တစ္ရႈိက္စာအတြင္းၿပီးစီးသြားခဲ့တယ္။ 'ကိစၥအားလုံးစိတ္သေဘာအတိုင္းျဖစ္ပါေစ'ဆိုတဲ့စကားလုံးေတြဟာ စာ႐ြက္ေပၚမွခုန္ထြက္လာေတာ့မေယာင္ရွိေနတယ္။ လႈပ္ရွားမႈေတြကလွပေနၿပီး လက္ေရးဟာလည္းခမ္းနားလွတယ္။

ေဘးမွာေစာင့္ေနတဲ့ဖန္ေလးက စိတ္လႈပ္ရွားစြာနဲ႔ပါးစပ္ေလးအုပ္ထားေလတယ္။

ဖုက်င္းေရွာင္းစုတ္တံကို လက္ထဲကခ်လိုက္ၿပီး ေခါင္းေမာ့ကာသူ႔ကိုၾကည့္လိုက္တယ္။ ထို႔ေနာက္ၿပဳံးလိုက္ၿပီး "ဒီလက္ေဆာင္ကေရာအဆင္ေျပလား?"

"ေျပတယ္ ေျပတယ္!" ဖန္ေလးရဲ႕ေခါင္းက ျပဳတ္ထြက္ေတာ့မတတ္ေတာင္ ျဖစ္ေနခဲ့တယ္။ သူမူလေနရာမွာပဲ ေပ်ာ္႐ႊင္စြာခုန္ေပါက္ေနခဲ့ၿပီး စကားေတာင္ေျပာမထြက္ျဖစ္ေနခဲ့တယ္ "တကယ္လား တကယ္ညီမကိုေပးတာလား?"

ဖုက်င္းေရွာင္းေခါင္းညိတ္ျပကာ ယဥ္ေက်းသိမ္ေမြ႕ၿပီးေႏြးေထြးတဲ့အသံနဲ႔ "ကိုယ္တို႔ကိုအားေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္ ပင္ပန္းသြားရၿပီ"

အဓိပၸာယ္ႏွစ္ခြနဲ႔စကားတစ္ခြန္း။

ပထမအေနနဲ႔ အသီးေတြအမ်ားႀကီးဝယ္ေပးတဲ့အတြက္ ဖန္ေလးကိုေက်းဇူးတင္တာျဖစ္တယ္။ ဒုတိယအေနနဲ႔ကေတာ့ နယ္စြန္နယ္ဖ်ားကဒီၿမိဳ႕ေလးကိုလာဖို႔က အရမ္းခက္ခဲတာေၾကာင့္ျဖစ္တယ္။

အဝါေရာင္ဝတ္မိန္းကေလးက မ်က္ရည္က်လုမတတ္ျဖစ္ေနခဲ့ၿပီး သိပ္ၿပီးမေသခ်ာမေရရာျဖစ္ေနကာ "မပင္ပန္းပါဘူး မပင္ပန္းပါဘူး ညီ...ညီမတစ္ခုေမးလို႔ရမလား ဒါကတကယ္ညီမကိုေပးတာေပါ့"

ဖုက်င္းေရွာင္းရဲ႕မ်က္ႏွာေပၚမွာ ပုံမွန္အတိုင္းအၿပဳံးေလးခ်ိတ္ဆြဲထားတယ္။ ေခ်ာေမာတဲ့အမ်ိဳးသားက အလုပ္လုပ္ရလြယ္ကူေစတဲ့ အၾကမ္းထည္အက်ႌကို ဝတ္ဆင္ထားတာျဖစ္ေပမဲ့ အရင္ကအတိုင္း အာ႐ုံဆြဲေဆာင္ႏိုင္ေနဆဲပဲျဖစ္တယ္ "တကယ္ပါ"

မိန္းကေလးရဲ႕စိတ္လႈပ္ရွားေနမႈကို မလွမ္းမကမ္းကရွန္ရွင္းေဆြ႕တို႔ေတာင္ သတိထားမိသြားရတယ္။

ရွန္ရွင္းေဆြ႕ ပထမဆုံးအႀကိမ္အျဖစ္ ဖုက်င္းေရွာင္းစာေရးတာကိုျမင္ဖူးတာေၾကာင့္ သံသယျဖစ္စြာေမးလိုက္တယ္ "ဖုေလာင္ရွီးရဲ႕လက္ေရးက ဒီေလာက္ေတာင္လွတာလား?"

"မင္းဖုမိသားစုရဲ႕ေနာက္ခံကိုၾကည့္ၾကည့္ေလ ဖုသခင္ႀကီးက အႏုပညာျပတိုက္မႉးေလ ဖုမိသားစုက ဟိုးအရင္ကတည္းက နာမည္ႀကီးပညာတတ္မိသားစုတစ္ခုေလ ဖုေကာကိုယ္တိုင္လည္း ငယ္ငယ္ကတည္းက ယဥ္ေက်းမႈေတြလႊမ္းမိုးခံခဲ့ရတယ္ မင္းအရင္တစ္ေခါက္က ဖုမိသားစုရဲ႕ပရဟိတေလလံပြဲကိုသိတယ္မလား ဖုသခင္ႀကီးရဲ႕လက္ေရးစာက သန္း၈၀နဲ႔ေရာင္းထြက္သြားတာေလ" ရွန္ရွင္းခ်န္အသံႏွိမ့္လိုက္ၿပီးေျပာလာတယ္ "ၿပီးေတာ့ ဖုေကာကလည္းပုံမွန္ဆိုစာသိပ္မေရးဘူး ဘာပစၥည္းမွလည္းထြက္မလာခဲ့ဘူး ဒါေပမဲ့လြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းက သူ႔ရဲ႕လက္ေရးစာတစ္ခုကို ေလလံတင္ေရာင္းခဲ့ေသးတယ္ ေနာက္ဆုံးအေရာင္းအဝယ္ျဖစ္သြားတဲ့ေစ်းကသန္း၃၀တဲ့"

ရွန္ရွင္းေဆြ႕မ်က္လုံးျပဴးသြားရတယ္။

အဲဒီဖန္ေလးဘာေၾကာင့္ ဒီေလာက္စိတ္လႈပ္ရွားေနရသလဲဆိုတာကို သူေနာက္ဆုံးေတာ့နားလည္သြားခဲ့ရတယ္။ အသီးက်င္း၄၀၊၅၀ေလာက္ဝယ္လိုက္ၿပီး ဒါကတစ္ညတည္းနဲ႔ခ်မ္းသာသြားတာမဟုတ္လား?

Live roomထဲက ပရိသတ္ေတြလည္းစိတ္လႈပ္ရွားလ်က္ရွိၾကတယ္ :

"ဒီလိုကိစၥေကာင္းမ်ိဳးက ဘာလို႔ငါ့ဆီမွာမျဖစ္ရတာလဲ"

"မက္မြန္ၿမိဳ႕ဟုတ္တယ္မလား ငါညတြင္းခ်င္းပဲသြားေတာ့မယ္"

"အဲဒီဖန္က်ဲက်ဲကအရင္ဘဝတုန္းက galaxyႀကီးတစ္ခုလုံးကို ကယ္တင္ခဲ့တာမလို႔မ်ားလား?"

"ဒါကေကာေကာရဲ႕ဖန္အႀကီးစားႀကီးေလဟားဟားဟား ေရာင္းမွာမဟုတ္ဘူး ကိုယ့္အိမ္မွာလည္းပိုက္ဆံရွိတယ္"

အစကသစ္သီးလွည္းေပၚမွာ အသီးေတြအမ်ားႀကီးရွိေနေသးေပမဲ့ အေတာ္အမ်ားအဝယ္ခံလိုက္ရၿပီးေနာက္ သိပ္အမ်ားႀကီးမက်န္ခဲ့ေတာ့ဘဲ ေရာင္းကုန္လုနီးပါးပဲျဖစ္တယ္။ ဒါေပမဲ့အေနာက္မွာ တန္းစီေနတဲ့သူေတြ အမ်ားႀကီးက်န္ေနေသးတယ္။ တစ္ခ်ိဳ႕သူေတြကအေစာႀကီးကတည္းက တန္းစီၿပီးေနၾကၿပီျဖစ္တယ္။ ပူျပင္းတဲ့ေနဟာေတာင္ေလာင္လ်က္ရွိၿပီး မက္မြန္ၿမိဳ႕ရဲ႕အပူခ်ိန္ကျမင့္မားလွတယ္။ တန္းစီေနတဲ့အခ်ိန္မွာလည္း အရမ္းပူလွတဲ့အျပင္ သူတို႔အလွည့္ေရာက္ခ်ိန္ ဘာမွမက်န္ေတာ့ဘူးဆိုရင္ အရမ္းသနားစရာေကာင္းလွတယ္။

လီ႐ႊိအန္းကအႀကံေပးလာတယ္ "ကြၽန္ေတာ္ေစာနက လီေလာင္ရွီးတို႔ရန္ရန္တို႔နဲ႔ အဆက္အသြယ္ရေတာ့ သူတို႔မွာေရာင္းမကုန္ေသးတဲ့ ပန္းတစ္ခ်ိဳ႕ရွိေသးတယ္တဲ့"

ရွန္ရွင္းခ်န္နားေထာင္ၿပီးတဲ့ေနာက္မွာ အႀကံရသြားၿပီး "ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ပန္းတစ္ခ်ိဳ႕သြားဝယ္လိုက္ရေအာင္ အၾကာႀကီးတန္းစီထားၿပီး မဝယ္လိုက္ႏိုင္တဲ့ဧည့္သည္ေတြကိုေပးၾကမယ္ေလ မဟုတ္ရင္အရမ္းသနားစရာေကာင္းသြားလိမ့္မယ္"

ႏွစ္ေယာက္လုံးစကားေျပာၿပီးသြားတဲ့ေနာက္ ဖုက်င္းေရွာင္းကိုၾကည့္လိုက္ၾကတယ္။

ဒါကမွေငြေၾကးထိန္းသိမ္းတဲ့သူျဖစ္တယ္။ သူ႔ရဲ႕သေဘာတူညီမႈမပါရင္ အရာအားလုံးကအလကားပဲျဖစ္တယ္။

ဖုက်င္းေရွာင္းစားပြဲေရွ႕မွာထိုင္ရင္းစာရင္းတြက္ေနေလတယ္။ သူဒီေန႔ရဲ႕ဝင္ေငြကိုတြက္ၾကည့္လိုက္ၿပီးေနာက္ ေျပာလိုက္တယ္ "ငါတို႔ရဲ႕အသီးေတြအားလုံးက ေပါက္ေစ်းအတိုင္းပဲေရာင္းတာ မင္းတို႔ႏွစ္ေယာက္ ဒီေန႔စာရင္းတြက္ေတာ့ မွားတြက္ထားတာေတြကလည္းရွိေနေသးတယ္ ပိုက္ဆံရွာတဲ့အခ်ိန္မွာ အေလးနက္ထားတာက်မေတြ႕ရဘူး အခုပိုက္ဆံသုံးဖို႔က်ေတာ့ တက္ႂကြေနတယ္ေပါ့?"

သူကလည္း စာရင္းမွားတြက္တဲ့သူေတြထဲက တစ္ေယာက္ျဖစ္တာေၾကာင့္ လီ႐ႊိအန္းပါးစပ္ပိတ္သြားရတယ္။

ရွန္ရွင္းခ်န္လည္းေနာက္ဆုတ္သြားေပမဲ့ စိတ္မေလ်ာ့ေသးဘဲေခါင္းကုတ္ကာ ရွန္ရွင္းေဆြ႕ကိုတစ္ခ်က္ၾကည့္လိုက္ျပန္တယ္။ သူ႔ကိုအႀကံဉာဏ္ေလး ထုတ္ေျပာလာေစခ်င္တာျဖစ္တယ္။

ေဘးကရွန္ရွင္းေဆြ႕က အေနာက္ကိုၾကည့္လိုက္ေတာ့ အေနာက္မွာတန္းစီေနတဲ့သူေတြ အမ်ားႀကီးရွိေနေသးတာကိုေတြ႕လိုက္ရတယ္။ သူတို႔လည္းအရမ္းပူေနၾကၿပီျဖစ္တယ္။ တစ္ခ်ိဳ႕သူေတြက အရမ္းအၾကာႀကီးရပ္ေနရတာေၾကာင့္ ေနာက္ေက်ာေတြေတာင္ စို႐ႊဲေနၾကၿပီျဖစ္တယ္။ တစ္ေလွ်ာက္လုံးအိတ္ကိုကိုင္ထားၿပီး ေနကာထားၾကကာ အရမ္းပင္ပန္းလ်က္ရွိၾကတယ္။

ရွန္ရွင္းေဆြ႕ အနည္းငယ္တုံ႔ဆိုင္းစြာနဲ႔ "လီေလာင္ရွီးဘက္မွာ က်န္ေနတဲ့ပန္းေတြက ေရာင္းမကုန္တာဆိုရင္ ေလွ်ာ့ေစ်းနဲ႔ရႏိုင္ေလာက္တယ္ အကယ္၍ကြၽန္ေတာ္တို႔ေပးခ်င္တယ္ဆိုရင္ အမ်ားႀကီးမေပးဘဲ အၾကာဆုံးတန္းစီေနၾကတဲ့အဲဒီသူေတြကိုပဲေပးၾကတာေပါ့ မဟုတ္ရင္တကယ္ပဲ အားနာစရာေကာင္းသြားလိမ့္မယ္..."

လီ႐ႊိအန္းသက္ျပင္းခ်လိုက္မိတယ္။

သူေစာနကပဲေျပာၿပီးသြားတာေလ။ မင္းအခုထပ္ေျပာေတာ့လည္း ဘာအသုံးဝင္မွာလဲ။ ငါေစာနကေျပာတာလည္းဒီအဓိပၸာယ္ပဲေလ။ ဖုေကာေတာင္ျငင္းၿပီးသြားၿပီကို မင္းထပ္ေျပာေတာ့ေရာအသုံးဝင္မွာတဲ့လား? ရွန္ရွင္းေဆြ႕ကိုစိတ္ပ်က္သြားေစတဲ့အတြက္ သူသြားၿပီးႏွစ္သိမ့္ေတာ့မလို႔အခ်ိန္မွာပဲ မလွမ္းမကမ္းကစာရင္းမွတ္ေနတဲ့ဖုက်င္းေရွာင္း ေခါင္းေမာ့လာတာကိုေတြ႕လိုက္ရတယ္။ အဲဒီမ်က္ႏွာကဘယ္ေလာက္ေတာင္ ႏူးညံ့ေနလိုက္သလဲဆိုတာေျပာမေနနဲ႔ေတာ့။ သူကအသိအမွတ္ျပဳပုံနဲ႔ ေခါင္းညိတ္ျပလာၿပီး "မင္းေျပာတာအဓိပၸာယ္ရွိတယ္"

လီ႐ႊိအန္း ".....?"

____________________
Word - 3517
April 1, 2023(Sat)
Xiao Dream

Dreamရဲ႕ေလာင္ကုန္းက စာေရးမရေအာင္ လူကိုအတင္းေတြကပ္ေနလို႔ updateေတြေနာက္က်ေနတာပါ။ ေတာင္းပန္ပါတယ္ေနာ္။ ဒါဒါေလးေတြစိတ္မဆိုးၾကဘူးမလား။ အခုလည္းအိပ္ရေအာင္ဆိုၿပီးေတာ့ အတင္းေႏွာင့္ယွက္ေနလို႔ နည္းနည္းတိုသြားရတယ္ဗ်ာ။ ေနာက္ေန႕ျပန္လာခဲ့မယ္ေနာ္။ ဂြတ္နိုက္ပါ။

Weiterlesen

Das wird dir gefallen

23.9K 3K 14
လုကျင်းမင်...ခင်ဗျားကို ကျွန်တော် ဘယ်တော့မှ ထပ်မတွေ့တော့ဘူး...အိမ်မက်ထဲမှာတောင်မှပဲ။ လုက်င္းမင္...ခင္ဗ်ားကို ကြၽန္ေတာ္ ဘယ္ေတာ့မွ ထပ္မေတြ႕ေတာ့ဘူး...အိ...
267K 6.5K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.4M 47K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
639K 60.5K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...