♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠...

By Neko_san_ZP

1.4M 159K 7.2K

Zawgyi and Unicode Started date: 1.3.2020 End date:???? "မင္း အမဲလိုက္ရတာကို ႀကိဳက္လား" "မေျပာတတ္ဘူး ဒါေပမယ့္... More

မိတ္ဆက္(မိတ်ဆက်)
Arc-1.1 (ဝမ်နင်ရဲ့)
Arc-1.2 (ဝမ်နင်ရဲ့)
Arc-1.3 (ဝမ်နင်ရဲ့)
Arc-1.4 (ဝမ်နင်ရဲ့) 🔞
Arc-1.5 (ဝမ်နင်ရဲ့)
Arc-1.6 (ဝမ်နင်ရဲ့)
Arc-1.7 (ဝမ်နင်ရဲ့)
Arc-1.8 (ဝမ်နင်ရဲ့)
Arc-1.9 (ဝမ်နင်ရဲ့)
Arc-1.10 (ဝမ်နင်ရဲ့)
Arc-1 END(ဝမ်နင်ရဲ့)
Arc-2.1 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.2 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.3 (တော်ဝန်ပြည့်တန်ဆာရှောင်) 🔞
Arc-2.4 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc.2.5(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.6(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.7(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.8(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.9(ေ႐ွာင္ရမ္ဟြာ)
Arc.2.10(ေ႐ွာင္ရမ္ဟြာ)
Arc.2.11(ေ႐ွာင္ရမ္ဟြာ)
Arc.2.12(ေ႐ွာင္ရမ္ဟြာ)
Arc.2.13 - End (ေ႐ွာင္ရမ္ဟြာ)
Arc.3.1(ဖန္ခ်င္ယီြဘဝ)
Arc.3.2(ဖန္ခ်င္ယီြဘဝ)
Arc.3.3(ဖန္ခ်င္ယီြ)
Arc.3.4(ဖန္ခ်င္ယီြဘဝ)
Arc.3.5(ဖန္ခ်င္ယီြဘဝ)
Arc.3.6(ဖန္ခ်င္ယီြဘဝ)
Youngest GOD!
Arc.3.7(ဖန္ခ်င္ယီြဘဝ)
Arc.3.8(ဖန္ခ်င္ယီြဘဝ)
Arc.3.9(ဖန္ခ်င္ယီြဘဝ)🚫
Arc.3.10(ဖန္ခင္ယီြဘဝ)
Arc.3.11(ဖန္ခ်င္ယီြ ဘဝ)
Arc 3.12(ဖန္ခ်င္ယီြ ဘဝ End)
The seven gods
Arc.4.1(နဥ္ရြယ္လ်န္႔ ဘဝ)
Arc4.2(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.3(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.4(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.5(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.6(နဥ္ရြယ္လ်န္႔ဘဝ)
Arc 4.7(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.8(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.9(နဥ္ရြယ္လ်န္္ဘဝ)
Arc.4.10(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.11(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.12(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.13(နဥ္ရြယ္လ်န္႔ရဲ႕ဘဝ)
Arc.4.14(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.15(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.16(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.17(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.18(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.19(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.20(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.21(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.22(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.23(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4 End(နဥ္ရြယ္လ်န္႔ဘဝ)
Arc-5.1(The Sun's Tears)
plz read
Arc-5.2(The Sun's Tears)
Arc-5.3(The Sun's Tears)
Arc-5.4(The Sun's Tears)
Arc-5.5(The Sun's Tears)
Arc-5.6(The Sun's Tears)
Arc-5.7(The Sun's Tears)
Arc-5.8(The Sun's Tears)
Arc-5.9(The Sun's Tears)
Arc-5.10(The Sun's Tears)
Arc-5.11(The Sun's Tears)
Arc-5.12(The Sun's Tears)
Arc-5.13(The Sun's Tears)
Arc-5.14(The sun's Tears)
Arc-5.15(The sun's Tears)
Arc-5.16(The sun's tears)
Arc-5 End(The sun's tears)
Arc-6.1(နန္းက်အ႐ွင္ၾကင္ယာေတာ္)
Arc-6.2(နန္းက်အ႐ွင္ၾကင္ယာေတာ္)
Arc-6.3(နန်းကျအရှင်ကြင်ယာတော်)
Arc-6.4(နန်းကျအရှင်ကြင်ယာတော်)
Arc-6.5(နန်းကျအရှင်ကြင်ယာတော်)
Arc-6.6(နန်းကျအရှင်ကြင်ယာတော်)
Arc-6.7(နန်းကျအရှင်ကြင်ယာတော်)
Arc-6.8(နန်းကျအရှင်ကြင်ယာတော်)
Arc-6.9(နန်းကျအရှင်ကြင်ယာတော်)
Arc-6.10(နန်းကျအရှင်ကြင်ယာတော်)
Arc-6.11(နန်းကျအရှင်ကြင်ယာတော်)
Arc-6.13(နန်းကျကြင်ယာတော်)
Arc-6.14(နန်းကျအရှင်ကြင်ယာတော်)
Arc-6.15(နန်းကျအရှင်ကြင်ယာတော်)
Arv-6.16(နန်းကျကြင်ယာတော်)
Arc-6.17(နန်းကျအရှင်ကြင်ယာတော်)
Arc-6.18(နန်းကျအရှင်ကြင်ယာတော်)🚫
Arc-6.19🚫(နန်းကျအရှင်ကြင်ယာတော်)
Arc-6 The End(နန်းကျအရှင်ကြင်ယာတော်)
Arc-7.1(S Rank Guide)
about Guideverse

Arc-6.12(နန်းကျကြင်ယာတော်)

4.8K 663 23
By Neko_san_ZP

Zawgyi

ေနာက္တစ္ေန႕မနက္ပိုင္းေရာက္ခ်ိန္မွာေတာ့ ထ်န္းလုံဟာ ထ်န္းေကာင္းၿမိဳ႕ေတာ္ကို အလွေလးတစ္ဦးနဲ႕ျပန္ေရာက္လာေတာ့သည္၊

"တတိယမင္းသားကလည္း ၾကင္ယာေတာ္ရွာလာျပန္တာလား!"ၿမိဳ႕သူၿမိဳ႕သားေတြကေတာ့ ျမင္းနက္ေပၚ၌ထ်န္းလုံရင္ခြင္ထဲရွိ အလွေလးကိုၾကည့္ရင္း သူတို႔ထင္ျမင္ခ်က္ေတြကို ေျပာေနေတာ့သည္၊ထို႔ေနာက္မွာေတာ့ ထ်န္းလုံဟာ သူ႕ရဲ႕အိမ္ေတာ္ဆီ ဦးတည္သြားလိုက္ၿပီး သူတို႔ကိုလာႀကိဳတဲ့အထိန္းေတာ္ႀကီးကိုလည္း ေသခ်ာစကားမေျပာနိုင္ေတာ့ဘဲ ခ်င္းယုေယာင္အိပ္ေဆာင္ဆီသြားေတာ့သည္၊ တံခါးက ပိတ္ထားေပမယ့္ ထ်န္းလုံဟာ ဇြတ္မဝင္သြားပဲ အျပင္ကေနလွမ္းေအာ္ေျပာလိုက္သည္၊

"အစ္ကိုေတာ္...သမားေတာ္ရွင္းကို ညီေတာ္ေခၚလာခဲ့ၿပီးၿပီ" ထ်န္းလုံစကားၾကားခ်ိန္မွာ ခ်င္းယုေယာင္အေဆာင္တံခါးကပြင့္လာေတာ့သည္၊

"ေရာက္လာၿပီေပါ့" ထ်န္းမင္ဟာ ရွင္းလု႐ုံကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေျပာလိုက္သည္၊ရွင္းလုံ႐ုံက) ထ်န္းမင္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး အံ့အားသင့္ေနေတာ့သည္၊ထ်န္းလုံကို စေတြ႕တုန္းက အေတာ္ေခ်ာေမာတယ္လို႔ထင္ခဲ့ေပမယ့္ ထ်န္းမင္က်ေတာ့ ထ်န္းလုံနဲ႕အနည္းငယ္ဆင္ကာ ပိုၿပီးတည္ၿငိမ္ရင့္က်က္ကာခန့္ညားေနသည္ဟု ရွင္းလု႐ုံေတြးေနမိသည္၊ဒါေပမယ့္ ထ်န္းမင္ရဲ႕အၾကည့္စူးစူးေတြက ထ်န္းလုံလို ႏြေးေထြးမႈမရွိတာေၾကာင့္ ရွင္းလုံ႐ုံမွာ ေၾကာက္လန့္ေနမိေတာ့သည္၊

"သမားေတာ္ရွင္း အစ္ကိုေတာ္ကို မေၾကာက္နဲ႕... လာ အခန္းထဲဝင္ရေအာင္" ထ်န္းမင္က အရင္ဆုံးဝင္သြားၿပီျဖစ္တာေၾကာင့္ အနည္းငယ္တုန္ယင္ေနတဲ့ရွင္းလု႐ုံကို ထ်န္းလုံ ႏွစ္သိမ့္လိုက္ၿပီး အခန္းထဲကိုဖိတ္လိုက္သည္၊

"ယုေယာင္...သက္သာရဲ႕လား" ခုနက ေအးစက္စက္အသံနဲ႕မတူပဲ ႏြေးေထြးၿပီးနားေထာင္ေကာင္းလွတဲ့အသံေၾကာင့္ ရွင္းလု႐ုံမ်က္ေမွာင္ၾကဳတ္သြားေတာ့သည္၊ထိုေနာက္မွာ ရွင္းလု႐ုံရဲ႕အာ႐ုံဟာ ေမြ႕ယာေပၚကလူဆီကိုေရာက္သြားေတာ့သည္၊

ရွင္းလု႐ုံတစ္ခြန္းတည္းသာ ေျပာနိုင္ေတာ့သည္၊

'အေတာ္ကိုလွပတယ္' မ်က္ႏွာက ေသြးမရွိသလိုျဖဴေဖ်ာ့ေနေပမယ့္ လူငယ္ရဲ႕အလွဟာ ေမွးမွိန္မသြားေပ၊အနည္းငယ္တည္ေနတဲ့မ်က္ႏွာေလးထက္မွာ ေကာင္းကင္ျပာလိုမ်က္ဝန္းမ်ားကေတာ့ ၾကည္လင္သန့္စင္ေနေတာ့သည္၊ဒီလိုမ်က္ဝန္းမ်ားက သူ႕ရဲ႕ဆရာဆီ၌သာ ေတြ႕ဖူးေပမယ့္ ဧကရာဇ္ရဲ႕ၾကင္ယာေတာ္ဆီမွာလည္း ေတြ႕ရျပန္သည္၊

"သမားေတာ္ရွင္း...အဟြတ္... စစ္ေဆးေပးလိုက္အုံးေလ" ထ်န္းလုံဟာ ရယ္ခ်င္ေပမယ့္ ေခ်ာင္းဟန့္ကာသတိေပးလိုက္သည္၊ရွင္းလု႐ုံက ေကာတစ္ေယာက္ေပမယ့္ အျခား'ေကာ'တစ္ေယာက္ကို ေငးေမာေနတာက သဘာဝေပမယ့္ အစ္ကိုေတာ္ရဲ႕သဝန္တိုနိုင္စြမ္းကို ဘယ္သူကနားလည္မွာလဲ၊

ထ်န္းလုံသာ သတိမေပးပဲ ရွင္းလု႐ုံသာဆက္ေငးေမာေနမယ္ဆိုရင္ ထ်န္းမင္ရဲ႕ေဒါသနဲ႕ရင္ဆိုင္ရမွာေသခ်ာလွသည္၊

"အာ...ဟုတ္ ဟုတ္" ထိုေနာက္မွာ ရွင္းလု႐ုံက ခ်င္းယုေယာင္ရဲ႕လက္ေကာက္ဝတ္က ေသြးေၾကာကို စမ္းရန္ လက္လွမ္းခ်ိန္မွာ လက္တစ္ဖက္က တားလာေတာ့သည္၊

"အသားမထိနဲ႕" ထ်န္းမင္ရဲ႕ေအးစက္စက္စကားေၾကာင့္ ရွင္းလု႐ုံမ်က္ေမွာင္ၾကဳတ္သြားေတာ့သည္၊'အသားမထိဘဲ ငါက ဘယ္လိုစမ္းရမွာလဲ...'

"အရွင္... မဟုတ္တာကို သဝန္တိုေနျပန္ၿပီ" ခ်င္းယုေယာင္ရဲ႕စကားသံထြက္လာခ်ိန္မွာ ရွင္းလု႐ုံက အံ့ေအာလြန္းလို႔ ေငးေမာေတြေဝေနေတာ့သည္၊

'႐ုပ္ေလးလည္းလွတယ္ အသံေလးကလည္း ျပည့္စုံတယ္...ဒီအက်င့္မေကာင္းတဲ့ဧကရာဇ္ရဲ႕ၾကင္ယာေတာ္က နတ္ျပည္က လမ္းမွားၿပီး အဖမ္းခံထားရတာမ်ားလား' ရွင္းလု႐ုံကေတာ့ ေတြးလည္းေတြး ခ်င္းယုေယာင္ကို ၾကည့္လည္းၾကည့္ေနေတာ့သည္၊

"အေတာ္မွ ၾကည့္လို႔ေကာင္းရဲ႕လား" ေအးစက္စက္အသံထြက္လာခ်ိန္မွာ ရွင္းလု႐ုံအာ႐ုံမ်ားျပန္တည္ေဆာက္နိုင္ၿပီး ထ်န္းမင္ကိုမေက်မနပ္ၾကည့္လိုက္သည္၊

"ေကာတစ္ေယာက္က အျခား'ေကာ'တစ္​ေယာက္လွလို႔ ၾကည့္တာေလ အရွင္မင္းျမတ္က ဘာေတြ...အု..."ထ်န္းလုံမွာ ရွင္းလု႐ုံရဲ႕စြာခ်က္ကိုနားလည္တာေၾကာင့္ ရွင္းလု႐ုံရဲ႕ပါးစပ္ကို အျမန္ပိတ္လိုက္ေတာ့သည္၊

"အစ္ကိုေတာ္ နားလည္ေပးလိုက္ပါေနာ္..."

"မင္းက 'ေကာ'တစ္ေယာက္ျဖစ္ေနလို႔ အခုလို အသက္ရွင္ေနေသးတာပဲ ေက်းဇူးတင္...မဟုတ္ရင္ ခုနတည္းက မင္းေခါင္းျပတ္ၿပီးၿပီ"

"ခင္ဗ်ား...အု အြန္း...မင္း..." ထ်န္းမင္စကားေၾကာင့္ ရွင္းလု႐ုံေဒါသထြက္သြားကာ ျပန္က်ိန္ဆဲခ်င္ေပမယ့္ သူ႕ပါးစပ္ကို အတင္းလိုက္အုပ္ေနတဲ့ထ်န္းလုံေၾကာင့္ ပိုမိုေဒါသထြက္လာေတာ့သည္၊

"သမားေတာ္ရွင္းကိုမေျခာက္ပါနဲ႕ အရွင္"

"သမားေတာ္ရွင္း ယုေယာင္ကပဲ အရွင့္ကိုယ္စားေတာင္းပန္ပါတယ္... သမားေတာ္ရွင္းက နားလည္ေပးဖို႔ေမွ်ာ္လင့္မိပါတယ္"ၾကင္ယာေတာ္အလွေလးဆီက ေတာင္းပန္စကားၾကားရခ်ိန္မွာ ရွင္းလု႐ုံရဲ႕နားမ်ားက နီရဲသြားေတာ့သည္၊

"မဟုတ္တာ...ကြၽန္ေတာ္က သေဘာထားႀကီးပါတယ္" ရွင္းလု႐ုံက ေျပာလိုက္ၿပီးေနာက္မွာေတာ့ ခ်င္းယုေယာင္ရဲ႕လက္ေကာက္ဝတ္ကေသြးေၾကာကိုစမ္းလိုက္သည္၊

"ဟမ္...!" ရွင္းလု႐ုံမ်က္ေမွာင္ၾကဳတ္သြားၿပီး ေနာက္တစ္ႀကိမ္ထပ္စမ္းခ်ိန္မွာ သူက အနည္းငယ္ထိတ္လန့္ေနေတာ့သည္၊

"ဒီအဆိပ္က ေပ်ာက္ကြယ္သြားၿပီမဟုတ္ဘူးလား...ဘယ္လိုလုပ္ ၾကင္ယာေတာ္ခ်င္းကိုယ္ထဲမွာ ရွိေနတာလဲ" ရွင္းလု႐ုံက ထိုစကားကိုေျပာလိုက္ၿပီးေနာက္မွာ ထပ္ေျပာလိုက္သည္၊

"ဒီအဆိပ္က ဟြာအန့္အဆိပ္ျဖစ္ဖို႔မ်ားတယ္...ၾကင္ယာေတာ္ ေနဝင္တာနဲ႕အိပ္ခ်င္စိတ္ေပၚလာၿပီး သန္းေခါင္ယံသုံးေခါက္တီးခ်ိန္တိုင္း ေခါင္းေတြအေသကိုက္ခဲတယ္မလား" ရွင္းလု႐ုံစကားေၾကာင့္ ထ်န္းမင္မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္၊ရွင္းလု႐ုံရဲ႕မ်က္ႏွာအရိပ္အကဲၾကည့္႐ုံနဲ႕ သူေျပာတာမွန္ကန္ေၾကာင္းသိလိုက္ရသည္၊

"ဒီအဆိပ္က ကုသလို႔ရလား" ထ်န္းမင္အမူအရာက စိုးရိမ္ေနၿပီး ခုနကရန္လိုမႈေတြပင္ေပ်ာက္ကြယ္သြားေတာ့သည္၊ဘာလို႔လဲဆိုေတာ့ ရွင္းလု႐ုံက အဆိပ္အေၾကာင္းကို သိေနၿပီး နန္းတြင္းသမားေတာ္ေတြကေတာ့ အဆိပ္နဲ႕ပတ္သတ္ၿပီးေသခ်ာပင္မေျပာနိုင္ၾကေပ၊

"လမ္းမွာ ထ်န္းလုံေျပာၾကားခ်က္အရဆိုရင္ ၾကင္ယာေတာ္ခ်င္းအဆိပ္မိေနတာက ငါးရက္ေလာက္ရွိေနၿပီ... အဲ့တာကိုက ထူးဆန္ေနတာ ဟြာအန့္အဆိပ္က တစ္လေက်ာ္ၿပီးတဲ့အခ်ိန္မွ အဆိပ္လကၡဏာျပသတာပဲ... အင္း ကြၽန္ေတာ္အထင္ေတာ့ အဆိပ္ခတ္တဲ့သူက ဟြာအန့္အဆိပ္အေၾကာင္းကို မသိပဲ အဆိပ္ပမာဏမ်ားမ်ားထည့္လိုက္တာပဲ..."

"သူတို႔က ၾကင္ယာေတာ္ခ်င္းကို ျမန္ျမန္သတ္ခ်င္တာေၾကာင့္ စိတ္ေလာသြားတယ္ဆိုေပမယ့္ အဲ့အခ်က္ေၾကာင့္ ၾကင္ယာေတာ္ခ်င္းက ကံေကာင္းသြားတာပဲ... "ရွင္းလု႐ုံက သက္ျပင္းခ်ရင္းေျပာလိုက္သည္၊

"မဟုတ္ရင္ ေနာက္တစ္လအၾကာထိ လကၡဏာမျပခဲ့ရင္ ဘုရားသခင္ဆင္းကယ္ရင္ေတာင္ ကယ္တင္နိုင္မွာမဟုတ္ဘူး" ရွင္းလု႐ုံစကားေၾကာင့္ ထ်န္းမင္ရဲ႕အမူအရာဟာတင္းမာေနေတာ့သည္၊ခ်င္းယုေယာင္ကို တစ္ခ်ိန္လုံး သူ႕အနီးနားေတြသာထားထားေပမယ့္ အဆိပ္မိျဖစ္ေအာင္ မိသြားေသးသည္၊

"စိတ္မပူနဲ႕ ဒီေရာဂါကို ကြၽန္ေတာ္ကုသေပးနိုင္တယ္ " ရွင္းလု႐ုံကေျပာလိုက္ၿပီး မတ္တပ္ထရပ္လိုက္ၿပီး ထ်န္းမင္ကိုၾကည့္လိုက္သည္၊

"ၾကင္ယာေတာ္ခ်င္းကို ေနထိထားတဲ့အစားအစာေတြ မေကြၽးမိေစနဲ႕...အဲ့တာက အဆိပ္ကိုေမြးသလိုျဖစ္ေနလိမ့္မယ္... ကြၽန္ေတာ္ကေတာ့ အဆိပ္ေျဖေဆးအတြက္ လုပ္စရာရွိတာလုပ္လိုက္အုံးမယ္"ရွင္းလု႐ုံကေျပာလိုက္ၿပီးေနာက္မွာ ထ်န္းမင္နဲ႕ခ်င္းယုေယာင္ကို အရိုအေသေပးကာထြက္သြားေတာ့သည္၊ထ်န္းလုံကလည္း အရိုအေသေပးကာ ရွင္းလု႐ုံေနာက္ကိုလိုက္သြားေတာ့သည္၊

"သမားေတာ္ရွင္းက အလွေလးေတြကို သေဘာက်တာလား" ထ်န္းလုံက ရွင္းလု႐ုံေဘးမွာရပ္ရင္းေမးလိုက္သည္၊ရွင္းလု႐ုံက ထ်န္းလုံကို ေမာ့ၾကည့္လိုက္ၿပီး ၿပဳံးရင္းေမးလိုက္သည္၊

"အလွတရားနဲ႕ပတ္သတ္ၿပီး မႏွစ္သက္တဲ့သူရွိလို႔လား...ကြၽန္ေတာ္က ၾကင္ယာေတာ္ခ်င္းက လွလို႔ေငးမိ႐ုံပါပဲ "

"မင္းလည္း လွပါတယ္... မင္းအလွကလည္း တမူထူးျခားတာပဲေလ" ထ်န္းလုံက ထိုစကားကိုေျပာၿပီးခ်ိန္မွာ နားထိပ္မ်ားရဲသြားေတာ့သည္၊သူက လူတစ္ေယာက္ကို ဒီလိုမ်ိဳးမခ်ီးက်ဴးဖူးေပ၊ထ်န္းလုံစကားေၾကာင့္ ရွင္းလု႐ုံကာ ရယ္ေမာသြားေတာ့သည္၊

"ကြၽန္ေတာ္ကလည္း ခင္ဗ်ားလို ႏြေးေထြးၿပီးရွက္တတ္တဲ့ပုံစံမ်ိဳးကို သေဘာက်တာ"

"ဗ်ာ!"

"ကဲ ေဆးေတြ သိုေလွာင္တဲ့ေနရာကို လိုက္ပို႔ေတာ့ အရွင္မင္းသားေရ" ရွင္းလု႐ုံက ခပ္တိုးတိုးရီလိုက္ၿပီးေရွ႕ကေန လမ္းေလွ်ာက္ရင္း ေျပာလိုက္သည္၊ထ်န္းလုံကေတာ့ ေၾကာင္အေနရာမွ မ်က္ႏွာေတြနီရဲသြားေပမယ့္ ရွင္းလု႐ုံအေနာက္ကေနလိုက္သြားေတာ့သည္၊

-*-*-*-*-*-
Unicode

နောက်တစ်နေ့မနက်ပိုင်းရောက်ချိန်မှာတော့ ထျန်းလုံဟာ ထျန်းကောင်းမြို့တော်ကို အလှလေးတစ်ဦးနဲ့ပြန်ရောက်လာတော့သည်၊

"တတိယမင်းသားကလည်း ကြင်ယာတော်ရှာလာပြန်တာလား!"မြို့သူမြို့သားတွေကတော့ မြင်းနက်ပေါ်၌ထျန်းလုံရင်ခွင်ထဲရှိ အလှလေးကိုကြည့်ရင်း သူတို့ထင်မြင်ချက်တွေကို ပြောနေတော့သည်၊ထို့နောက်မှာတော့ ထျန်းလုံဟာ သူ့ရဲ့အိမ်တော်ဆီ ဦးတည်သွားလိုက်ပြီး သူတို့ကိုလာကြိုတဲ့အထိန်းတော်ကြီးကိုလည်း သေချာစကားမပြောနိုင်တော့ဘဲ ချင်းယုယောင်အိပ်ဆောင်ဆီသွားတော့သည်၊ တံခါးက ပိတ်ထားပေမယ့် ထျန်းလုံဟာ ဇွတ်မဝင်သွားပဲ အပြင်ကနေလှမ်းအော်ပြောလိုက်သည်၊

"အစ်ကိုတော်...သမားတော်ရှင်းကို ညီတော်ခေါ်လာခဲ့ပြီးပြီ" ထျန်းလုံစကားကြားချိန်မှာ ချင်းယုယောင်အဆောင်တံခါးကပွင့်လာတော့သည်၊

"ရောက်လာပြီပေါ့" ထျန်းမင်ဟာ ရှင်းလုရုံကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်၊ရှင်းလုံရုံက) ထျန်းမင်ကိုတစ်ချက်ကြည့်လိုက်ပြီး အံ့အားသင့်နေတော့သည်၊ထျန်းလုံကို စတွေ့တုန်းက အတော်ချောမောတယ်လို့ထင်ခဲ့ပေမယ့် ထျန်းမင်ကျတော့ ထျန်းလုံနဲ့အနည်းငယ်ဆင်ကာ ပိုပြီးတည်ငြိမ်ရင့်ကျက်ကာခန့်ညားနေသည်ဟု ရှင်းလုရုံတွေးနေမိသည်၊ဒါပေမယ့် ထျန်းမင်ရဲ့အကြည့်စူးစူးတွေက ထျန်းလုံလို နွေးထွေးမှုမရှိတာကြောင့် ရှင်းလုံရုံမှာ ကြောက်လန့်နေမိတော့သည်၊

"သမားတော်ရှင်း အစ်ကိုတော်ကို မကြောက်နဲ့... လာ အခန်းထဲဝင်ရအောင်" ထျန်းမင်က အရင်ဆုံးဝင်သွားပြီဖြစ်တာကြောင့် အနည်းငယ်တုန်ယင်နေတဲ့ရှင်းလုရုံကို ထျန်းလုံ နှစ်သိမ့်လိုက်ပြီး အခန်းထဲကိုဖိတ်လိုက်သည်၊

"ယုယောင်...သက်သာရဲ့လား" ခုနက အေးစက်စက်အသံနဲ့မတူပဲ နွေးထွေးပြီးနားထောင်ကောင်းလှတဲ့အသံကြောင့် ရှင်းလုရုံမျက်မှောင်ကြုတ်သွားတော့သည်၊ထိုနောက်မှာ ရှင်းလုရုံရဲ့အာရုံဟာ မွေ့ယာပေါ်ကလူဆီကိုရောက်သွားတော့သည်၊

ရှင်းလုရုံတစ်ခွန်းတည်းသာ ပြောနိုင်တော့သည်၊

'အတော်ကိုလှပတယ်' မျက်နှာက သွေးမရှိသလိုဖြူဖျော့နေပေမယ့် လူငယ်ရဲ့အလှဟာ မှေးမှိန်မသွားပေ၊အနည်းငယ်တည်နေတဲ့မျက်နှာလေးထက်မှာ ကောင်းကင်ပြာလိုမျက်ဝန်းများကတော့ ကြည်လင်သန့်စင်နေတော့သည်၊ဒီလိုမျက်ဝန်းများက သူ့ရဲ့ဆရာဆီ၌သာ တွေ့ဖူးပေမယ့် ဧကရာဇ်ရဲ့ကြင်ယာတော်ဆီမှာလည်း တွေ့ရပြန်သည်၊

"သမားတော်ရှင်း...အဟွတ်... စစ်ဆေးပေးလိုက်အုံးလေ" ထျန်းလုံဟာ ရယ်ချင်ပေမယ့် ချောင်းဟန့်ကာသတိပေးလိုက်သည်၊ရှင်းလုရုံက ကောတစ်ယောက်ပေမယ့် အခြား'ကော'တစ်ယောက်ကို ငေးမောနေတာက သဘာဝပေမယ့် အစ်ကိုတော်ရဲ့သဝန်တိုနိုင်စွမ်းကို ဘယ်သူကနားလည်မှာလဲ၊

ထျန်းလုံသာ သတိမပေးပဲ ရှင်းလုရုံသာဆက်ငေးမောနေမယ်ဆိုရင် ထျန်းမင်ရဲ့ဒေါသနဲ့ရင်ဆိုင်ရမှာသေချာလှသည်၊

"အာ...ဟုတ် ဟုတ်" ထိုနောက်မှာ ရှင်းလုရုံက ချင်းယုယောင်ရဲ့လက်ကောက်ဝတ်က သွေးကြောကို စမ်းရန် လက်လှမ်းချိန်မှာ လက်တစ်ဖက်က တားလာတော့သည်၊

"အသားမထိနဲ့" ထျန်းမင်ရဲ့အေးစက်စက်စကားကြောင့် ရှင်းလုရုံမျက်မှောင်ကြုတ်သွားတော့သည်၊'အသားမထိဘဲ ငါက ဘယ်လိုစမ်းရမှာလဲ...'

"အရှင်... မဟုတ်တာကို သဝန်တိုနေပြန်ပြီ" ချင်းယုယောင်ရဲ့စကားသံထွက်လာချိန်မှာ ရှင်းလုရုံက အံ့အောလွန်းလို့ ငေးမောတွေဝေနေတော့သည်၊

'ရုပ်လေးလည်းလှတယ် အသံလေးကလည်း ပြည့်စုံတယ်...ဒီအကျင့်မကောင်းတဲ့ဧကရာဇ်ရဲ့ကြင်ယာတော်က နတ်ပြည်က လမ်းမှားပြီး အဖမ်းခံထားရတာများလား' ရှင်းလုရုံကတော့ တွေးလည်းတွေး ချင်းယုယောင်ကို ကြည့်လည်းကြည့်နေတော့သည်၊

"အတော်မှ ကြည့်လို့ကောင်းရဲ့လား" အေးစက်စက်အသံထွက်လာချိန်မှာ ရှင်းလုရုံအာရုံများပြန်တည်ဆောက်နိုင်ပြီး ထျန်းမင်ကိုမကျေမနပ်ကြည့်လိုက်သည်၊

"ကောတစ်ယောက်က အခြား'ကော'တစ်​ယောက်လှလို့ ကြည့်တာလေ အရှင်မင်းမြတ်က ဘာတွေ...အု..."ထျန်းလုံမှာ ရှင်းလုရုံရဲ့စွာချက်ကိုနားလည်တာကြောင့် ရှင်းလုရုံရဲ့ပါးစပ်ကို အမြန်ပိတ်လိုက်တော့သည်၊

"အစ်ကိုတော် နားလည်ပေးလိုက်ပါနော်..."

"မင်းက 'ကော'တစ်ယောက်ဖြစ်နေလို့ အခုလို အသက်ရှင်နေသေးတာပဲ ကျေးဇူးတင်...မဟုတ်ရင် ခုနတည်းက မင်းခေါင်းပြတ်ပြီးပြီ"

"ခင်ဗျား...အု အွန်း...မင်း..." ထျန်းမင်စကားကြောင့် ရှင်းလုရုံဒေါသထွက်သွားကာ ပြန်ကျိန်ဆဲချင်ပေမယ့် သူ့ပါးစပ်ကို အတင်းလိုက်အုပ်နေတဲ့ထျန်းလုံကြောင့် ပိုမိုဒေါသထွက်လာတော့သည်၊

"သမားတော်ရှင်းကိုမခြောက်ပါနဲ့ အရှင်"

"သမားတော်ရှင်း ယုယောင်ကပဲ အရှင့်ကိုယ်စားတောင်းပန်ပါတယ်... သမားတော်ရှင်းက နားလည်ပေးဖို့မျှော်လင့်မိပါတယ်"ကြင်ယာတော်အလှလေးဆီက တောင်းပန်စကားကြားရချိန်မှာ ရှင်းလုရုံရဲ့နားများက နီရဲသွားတော့သည်၊

"မဟုတ်တာ...ကျွန်တော်က သဘောထားကြီးပါတယ်" ရှင်းလုရုံက ပြောလိုက်ပြီးနောက်မှာတော့ ချင်းယုယောင်ရဲ့လက်ကောက်ဝတ်ကသွေးကြောကိုစမ်းလိုက်သည်၊

"ဟမ်...!" ရှင်းလုရုံမျက်မှောင်ကြုတ်သွားပြီး နောက်တစ်ကြိမ်ထပ်စမ်းချိန်မှာ သူက အနည်းငယ်ထိတ်လန့်နေတော့သည်၊

"ဒီအဆိပ်က ပျောက်ကွယ်သွားပြီမဟုတ်ဘူးလား...ဘယ်လိုလုပ် ကြင်ယာတော်ချင်းကိုယ်ထဲမှာ ရှိနေတာလဲ" ရှင်းလုရုံက ထိုစကားကိုပြောလိုက်ပြီးနောက်မှာ ထပ်ပြောလိုက်သည်၊

"ဒီအဆိပ်က ဟွာအန့်အဆိပ်ဖြစ်ဖို့များတယ်...ကြင်ယာတော် နေဝင်တာနဲ့အိပ်ချင်စိတ်ပေါ်လာပြီး သန်းခေါင်ယံသုံးခေါက်တီးချိန်တိုင်း ခေါင်းတွေအသေကိုက်ခဲတယ်မလား" ရှင်းလုရုံစကားကြောင့် ထျန်းမင်မျက်မှောင်ကြုတ်သွားတော့သည်၊ရှင်းလုရုံရဲ့မျက်နှာအရိပ်အကဲကြည့်ရုံနဲ့ သူပြောတာမှန်ကန်ကြောင်းသိလိုက်ရသည်၊

"ဒီအဆိပ်က ကုသလို့ရလား" ထျန်းမင်အမူအရာက စိုးရိမ်နေပြီး ခုနကရန်လိုမှုတွေပင်ပျောက်ကွယ်သွားတော့သည်၊ဘာလို့လဲဆိုတော့ ရှင်းလုရုံက အဆိပ်အကြောင်းကို သိနေပြီး နန်းတွင်းသမားတော်တွေကတော့ အဆိပ်နဲ့ပတ်သတ်ပြီးသေချာပင်မပြောနိုင်ကြပေ၊

"လမ်းမှာ ထျန်းလုံပြောကြားချက်အရဆိုရင် ကြင်ယာတော်ချင်းအဆိပ်မိနေတာက ငါးရက်လောက်ရှိနေပြီ... အဲ့တာကိုက ထူးဆန်နေတာ ဟွာအန့်အဆိပ်က တစ်လကျော်ပြီးတဲ့အချိန်မှ အဆိပ်လက္ခဏာပြသတာပဲ... အင်း ကျွန်တော်အထင်တော့ အဆိပ်ခတ်တဲ့သူက ဟွာအန့်အဆိပ်အကြောင်းကို မသိပဲ အဆိပ်ပမာဏများများထည့်လိုက်တာပဲ..."

"သူတို့က ကြင်ယာတော်ချင်းကို မြန်မြန်သတ်ချင်တာကြောင့် စိတ်လောသွားတယ်ဆိုပေမယ့် အဲ့အချက်ကြောင့် ကြင်ယာတော်ချင်းက ကံကောင်းသွားတာပဲ... "ရှင်းလုရုံက သက်ပြင်းချရင်းပြောလိုက်သည်၊

"မဟုတ်ရင် နောက်တစ်လအကြာထိ လက္ခဏာမပြခဲ့ရင် ဘုရားသခင်ဆင်းကယ်ရင်တောင် ကယ်တင်နိုင်မှာမဟုတ်ဘူး" ရှင်းလုရုံစကားကြောင့် ထျန်းမင်ရဲ့အမူအရာဟာတင်းမာနေတော့သည်၊ချင်းယုယောင်ကို တစ်ချိန်လုံး သူ့အနီးနားတွေသာထားထားပေမယ့် အဆိပ်မိဖြစ်အောင် မိသွားသေးသည်၊

"စိတ်မပူနဲ့ ဒီရောဂါကို ကျွန်တော်ကုသပေးနိုင်တယ် " ရှင်းလုရုံကပြောလိုက်ပြီး မတ်တပ်ထရပ်လိုက်ပြီး ထျန်းမင်ကိုကြည့်လိုက်သည်၊

"ကြင်ယာတော်ချင်းကို နေထိထားတဲ့အစားအစာတွေ မကျွေးမိစေနဲ့...အဲ့တာက အဆိပ်ကိုမွေးသလိုဖြစ်နေလိမ့်မယ်... ကျွန်တော်ကတော့ အဆိပ်ဖြေဆေးအတွက် လုပ်စရာရှိတာလုပ်လိုက်အုံးမယ်"ရှင်းလုရုံကပြောလိုက်ပြီးနောက်မှာ ထျန်းမင်နဲ့ချင်းယုယောင်ကို အရိုအသေပေးကာထွက်သွားတော့သည်၊ထျန်းလုံကလည်း အရိုအသေပေးကာ ရှင်းလုရုံနောက်ကိုလိုက်သွားတော့သည်၊

"သမားတော်ရှင်းက အလှလေးတွေကို သဘောကျတာလား" ထျန်းလုံက ရှင်းလုရုံဘေးမှာရပ်ရင်းမေးလိုက်သည်၊ရှင်းလုရုံက ထျန်းလုံကို မော့ကြည့်လိုက်ပြီး ပြုံးရင်းမေးလိုက်သည်၊

"အလှတရားနဲ့ပတ်သတ်ပြီး မနှစ်သက်တဲ့သူရှိလို့လား...ကျွန်တော်က ကြင်ယာတော်ချင်းက လှလို့ငေးမိရုံပါပဲ "

"မင်းလည်း လှပါတယ်... မင်းအလှကလည်း တမူထူးခြားတာပဲလေ" ထျန်းလုံက ထိုစကားကိုပြောပြီးချိန်မှာ နားထိပ်များရဲသွားတော့သည်၊သူက လူတစ်ယောက်ကို ဒီလိုမျိုးမချီးကျူးဖူးပေ၊ထျန်းလုံစကားကြောင့် ရှင်းလုရုံကာ ရယ်မောသွားတော့သည်၊

"ကျွန်တော်ကလည်း ခင်ဗျားလို နွေးထွေးပြီးရှက်တတ်တဲ့ပုံစံမျိုးကို သဘောကျတာ"

"ဗျာ!"

"ကဲ ဆေးတွေ သိုလှောင်တဲ့နေရာကို လိုက်ပို့တော့ အရှင်မင်းသားရေ" ရှင်းလုရုံက ခပ်တိုးတိုးရီလိုက်ပြီးရှေ့ကနေ လမ်းလျှောက်ရင်း ပြောလိုက်သည်၊ထျန်းလုံကတော့ ကြောင်အနေရာမှ မျက်နှာတွေနီရဲသွားပေမယ့် ရှင်းလုရုံအနောက်ကနေလိုက်သွားတော့သည်၊

-*-*-*-*-*-

Continue Reading

You'll Also Like

108K 7.7K 115
bl system manhwaလေးပါ စိတ်ဝင်စားရင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်
149K 9.5K 64
Barကို လာတဲ့ Customer 80%က Bottom‌ေတွ။ 15%က စိတ်လှုပ်ရှားစရာကိုလာရှာကြတဲ့မိန်းကလေးတွေ။ Barမှာအလုပ်လုပ်‌ေနတဲ့ အဖြောင့်ကောင်လေး Xia Zhiကတော့ လာအီတဲ့သူတ...
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
233K 22.8K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...