Chapter(358)
တွေ့ဆုံခြင်း(1)
ဝူရုန်၏အပြုံးက ပျောက်ကွယ်သွားတယ်။သူက ရန်ကျီဇောင်၏ဆရာသခင်က ဝူဝေ့ရွယ်ကို ကယ်တင်ခဲ့တဲ့သူဆိုတာ သေချာတယ်။အကြောင်းပြချက်တစ်ခုက ရန်ကျီဇောင်က ဟေးရွမ်ရီဒဏ်ရာရနေတဲ့အချိန်မှ သူ့ကိုလာတွေ့တာကြောင့်ဖြစ်တယ်။ဒါက အတိအကျကို ဝူပုဖန်တို့၏အသက်နှင့် သူ့ကိုခြိမ်းခြောက်မဲ့ အစီအစဉ်က အလုပ်မဖြစ်တာကြောင့်ဖြစ်တယ်။သူတို့က အစီအစဉ်အသစ်အနေနှင့် သူ့ကို အိမ်ပြင်ထွက်အောင် လှည့်စားပြီး သတ်ပစ်ဖို့ဖြစ်တယ်။သူ့ရဲ့ခန့်မှန်းချက်အရဆိုရင် ရန်ကျီဇောင်က သူ့ရဲ့ဆရာသခင်၏စေခိုင်းချက်အရ သူ့ကိုလာတွေ့တာဖြစ်နိုင်တယ်။
ဝူရုန်က ရန်ကျီဇောင်၏ဆရာသခင်က အရင်ဘဝတုန်းက သူ့ကိုသတ်ချင်တဲ့သူဘဲလားဆိုတာ မသေချာခဲ့ဘူး။ဒါပေမဲ့ ရန်ကျီဇောင်၏ဆရာသခင်က ဝူဝေ့ရွယ်ကို ကယ်ခဲ့တဲ့လူနှင့် တစ်ယောက်ထဲဆိုရင်တော့ အရင်ဘဝတုန်းက သူ့ကိုသတ်ခဲ့တဲ့သူနှင့် တစ်ယောက်ထဲဆိုတာ သေချာသွားတယ်။ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ကို သတ်ချင်နေတာမှန်း တူညီနေတာကြောင့်ဖြစ်တယ်။
ွှဒါပေမဲ့ ရန်ကျီဇောင်၏ဆရာသခင်က အတိအကျဘယ်သူလဲ?သူ့ကိုဘာကြောင့် သတ်ချင်နေရတာလဲ?
နေ့လယ်စာစားတဲ့အချိန် လူတိုင်းရောက်လာတဲ့အချိန်မှာတော့ ဝူရုန်က မေးလိုက်တယ်"တစ်ယောက်ယောက်များ ရှန်းဇီဆိုတာကို သိကြလား?"
လူတိုင်းက သူ့ကိုကြည့်ပြီးစိတ်ရှုပ်သွားတယ်။
"မင်းပြောတာက အင်ပါယာအမိန့်တော်ကိုဆိုလိုတာလား?"ကျင်းရှင်က သူ့ကိုစိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ်"အင်ပါယာအမိန့်တော်ဆိုရင်တော့ ငါတို့တကယ်ကိုသိတာပေါ့။လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကတောင် မြင်သေးတယ်လေ"
"......"ဝူရုန်က မျက်လုံးလှန်ကြည့်လိုက်ပြီး"ဧကရာဇ်ရဲ့အမိန့်တော် အင်ပါယာအမိန့်တော်ကို ပြောတာမဟုတ်ဘူး။လူအမည်ရှန်းဇီကိုပြောတာ"
"ဒါဆို ငါမသိဘူး"
"အဖေ အဖေသူ့ကိုသိလား?"ဝူရုန်က ဝူချွင်ချင်ကို မေးလိုက်တယ်။
"မသိဘူး"ဝူချွင်ချင်က ခေါင်းခါပြီးပြောလိုက်တယ်။
ဂေါင်တုန်ကလည်း ခေါင်းခါလိုက်ပြီး မသိကြောင်းပြလိုက်တယ်။
ပြီးတော့ ဝူဇူနှင့်ဝူရှိကလည်း အတူတူဘဲ။
ဝူရုန်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်တယ်"ကျေးဇူးပြုပြီး ပိုပြီးစဉ်းစားပေးကြည့်"
"အဲဒီလူက ဘာမှားလို့လဲ?"ဝူချွင်ချင်က မေးလိုက်တယ်။
"ငါသိရင် မင်းလည်းသိမဘဲလေ"
"ရှန်းဇီဆိုတဲ့အမည်ကို ဘယ်တော့မှမကြားဖူးဘူး"
"ရှန်းဇီလို့ခေါ်တဲ့ သူငယ်ချင်းဖြစ်ဖြစ် တစ်ယောက်ယောက်ဖြစ်ဖြစ် မကြားဖူးဘူးလား?တစ်ခါလောက်ဖြစ်ဖြစ် တွေ့ဖူးတဲ့သူရှိလား?"
"မရှိဘူး"
"ငါက ရှန်းဇီလို့ခေါ်တဲ့တစ်ယောက်ကိုမှ မသိဘူး။ဒါပေမဲ့ ကောင်းကင်ဘုံရဲ့သားတော်အဖြစ် အလုပ်အကျွေးပြုရတဲ့ တစ်စုံတစ်ယောက်ကိုတော့ ရှန်းဇီအဖြစ်သတ်မှတ်တာကို သိတယ်။သူက ရိုးရာဓလေ့ပူဇော်တဲ့ပွဲတွေအားလုံးမှာ အဓိကလူဘဲ"နူမူက ပြောလိုက်တယ်။
"ဒါပေမဲ့ ဆရာသခင်တို့ကလန်မှာ မိုးကောင်းကင်ရဲ့သမီးတော်မဟုတ်ဘူးလား?"
"ငါတို့ကလန်ရဲ့ကောင်းကင်ဘုံရဲ့သမီးတော်က မိန်းမပျိုဆိုတာ အမှန်ဘဲ။ဒါပေမဲ့ ကဝေတွေနှင့်ပေါင်းပြီး သစ္စာဖောက်က ငါတို့ရဲ့ကောင်းကင်ဘုံရဲ့သမီးတော်ကို သတ်ပစ်ခဲ့တယ်။အဲဒီအချိန်တုန်းက ကောင်းကင်ဘုံရဲ့သားတော် ဒါမှမဟုတ် သမီးတော်အဖြစ် အရည်အသွေးပြည့်မှီတဲ့သူက ဆယ်ကျော်သက်လူငယ်လေးသာရှိခဲ့တယ်။ပြီးတော့ ငါတို့က သူ့ကို ကောင်းကင်ဘုံရဲ့သားတော်အဖြစ် ပိုပြီးသင့်လျော်တဲ့သူကိ မတွေ့ခင်အထိ ရွေးချယ်လိုက်တယ်"နူမူက ပြောလိုက်တယ်။
ဝူရုန်က တွေးပြီးတော့ မေးလိုက်တယ်"ဒါဆို ဆရာတို့ရဲ့ကောင်းကင်ဘုံရဲ့သားတော်က အခုကလန်မှာဘဲရှိနေသေးလား?"
"တကယ်ကိုဘဲ သူကရှိတာပေါ့။ကောင်းကင်ဘုံရဲ့သားတော် သမီးတော်တွေက အနည်းဆုံးတော့ အလွန့်အလွန်ကို အရေးကြီးကိစ္စမရှိဘဲ ကလန်ကနေ မထွက်သွားနိုင်ဘူး"
"........"ဝူရုန်
ဒါဆို သူက အခြားတစ်ယောက်ဖြစ်နိုင်တယ်။
နေ့လယ်စာစားပြီးချိန်မှာတော့ ဝူရုန်က ရန်ကျီဇောင်ထံက စာရရှိခဲ့တယ်။ရန်ကျီဇောင်က သူရဲ့ဆရာသခင်နှင့်တွေ့ဆုံဖို့ သဘက်ခါကျရင် ရီပင်းရှင်းစားသောက်ဆိုင်မှာ နေ့လယ်စာဖိတ်ကျွေးဖို့ ဖိတ်ခေါ်ခဲ့တယ်။
သူတို့အိပ်ခန်းထဲကို ပြန်ရောက်တဲ့အချိန်မှာတော့ ဟေးရွမ်ရီက မေးလိုက်တယ်"မင်းပြောတဲ့ ရှန်းဇီဆိုတဲ့သူက ဘယ်သူလဲ?"
ဝူရုန်က ရန်ကျီဇောင် သူ့ကိုပြောခဲ့တာတွေနှင့် သူ့အတွေးတွေကို ဟေးရွမ်ရီကို မျှဝေလိုက်တယ်။
ဟေးရွမ်ရီက ပြောလိုက်တယ်"မင်းပြောတာက ကိုယ်တို့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူက ရန်ကျီဇောင်ရဲ့ဆရာသခင်လို့လား?"
"အင်း သူတို့ကတူတယ်"
"မင်း သူ့ကို တွေ့ဖို့သွားမှာလား?"
ဝူရုန်က နှုတ်ခမ်းကိ တင်းတင်းစေ့ထားလိုက်တယ်။
ဝူရုန်က အဲဒီလူက သူနှင့်လာတွေ့မှာ မဟုတ်ဘဲ ဒါကထောက်ချောက်တစ်ခုဆိုတာ ကောင်းကောင်းနားလည်ပေမဲ့လည်း သူကတော့ သွားတွေ့ရမှာဘဲ။ဘာကြောင့်လဲဆိုတော့ သူက သူ့ကိုသတ်ခဲ့တဲ့လူကို တွေ့ဆုံမယ့်အခွင့်အရေးကို မလွှဲချော်ချင်တာကြောင့်ဖြစ်တယ်။
"ဒါက ရှူဂျွန်ကို ပထုတ်နိုင်ဖို့ အခွင့်ကောင်းဘဲ"
ဟေးရွမ်ရီက ဝူရုန်ရဲ့ဆံပင်ကြိုးကို ဖြေပေးလိုက်ပြီး ဘာမှမပြောပါဘူး။သူက တစ်ခုခုတွေးနေပုံရတယ်။
နှစ်ရက်ကလျှင်မြန်စွာ ကုန်ဆုံးသွားတယ်။ဝူရုန်က ဟေးရှင်း ဟေးဂန်း ဟေးရန် ဟေးရင်းနှင့် အခြားကိုယ်ရံတော်ဆယ့်နှစ်ယောက်ကို ခေါ်ပြီး ရီပင်းရှင်းစားသောက်ဆိုင်ကို လာခဲ့တယ်။
ရန်ရှန်းက ဒီအချိန်မှာတော့ စားသောင်ဆိုင်ရဲ့ဝင်ပေါက်မှာ စောင့်နေတယ်။သူက ဝူရုန်က ရထားလုံးထဲကနေ ဆင်းလာတာကို တွေ့တာနှင့်"သခင်လေးရုန် ကောင်းသောနေ့ပါ"
"ကျီဇောင်ဘယ်မှာလဲ?"ဝူရုန်က မေးလိုက်တယ်။
ရန်ရှန်းက တတိယထပ်ကို ကြည့်လိုက်ပြီး ပြောလိုက်တယ်"သူက အပေါ်ထပ်မှာရှိပါတယ်"
ရန်ကျီဇောင်က တတိယထပ် သီးသန့်ခန်းပြတင်းပေါက်ကနေ ပြုံးပြီး လက်ဝေ့ယမ်းပြပြီး"ရုန်အာ ဒီကိုလာခဲ့"
ဝူရုန်က ပြန်ပြုံးပြလိုက်ပြီး ရန်းရှန်းရဲ့နောက်ကိုလိုက်ပြီး ဟေးရှင်း ဟေးဂန်း ဟေးရန် ဟေးရင်းတို့နှင့်အတူ အပေါ်ထပ်ကို တက်လာခဲ့တယ်။
စားသောက်ဆိုင်ထဲမှာတော့ လူအုပ်ကြီးက အလုပ်များနေတယ်။
ရန်ရှန်းက တတိယထပ်ကို ဦးဆောင် လမ်းပြလိုက်တယ်။
ဝူရုန်က ပတ်ဝန်းကျင်ကို လျှင်မြန်စွာ တစ်ချင်ကြည့်လိုက်ပြီး သီးသန့်ခန်းထဲကို ဝင်သွားလိုက်ပြီး"တောင်းပန်ပါတယ်။ငါ နောက်ကျသွားတယ်"
"ကိစ္စမရှိဘူး။ငါလည်း အခုမှရောက်တာ"ရန်ကျီဇောင်က ပြုံးပြီးပြောလိုက်တယ်။ဟေးရှင်းက အခန်းထဲကို လိုက်ဝင်လာပြီး အခြားသူတွေကတော့ အပြင်မှာဘဲ စောင့်နေတယ်။
"မင်းရဲ့ဆရာသခင်က ဘယ်မှာလဲ?"ဝူရုန်က ထိုင်လိုက်ပြီး မေးလိုပ်တယ်။
ရန်ကျီဇောင်က သူ့အတွက် လက်ဖက်ရည်တစ်ခွက် ထည့်ပေးလိုက်ပြီး ပြောလိုက်တယ်"ငါ့ရဲ့ဆရာသခင်က အလုပ်များနေလို့ နောက်မှ ရောက်လိမ့်မယ်။အရင်ဆုံး မင်းက လက်ဖက်ရည် သောက်လိုက်အုန်း"
"ကျေးဇူး"ဝူရုန်က လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး သူ့ရဲ့မျက်လုံးထောင့်ကနေ ရန်ကျီဇောင်ကိ လေ့လာလိုက်တော့ သူက အနည်းငယ်စိတ်လှုပ်ရှားနေတာကို တွေ့လိုက်ရတယ်။
ဝူရုန်က လှောင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို မှုတ်လိုက်ပြီး ပြန်ချထားလိုက်ပြီး ပြောလိုက်တယ်"အရမ်းပူသေးတယ်။နောက်မှ သောက်မယ်"
"ကောင်းပြီ"ရန်ကျီဇောင်က ဝူရုန်ရဲ့အနောက်မှာ ရပ်နေတဲ့ ဟေးရှင်းကို လေ့လာလိုက်တယ်။
"မင်းက ဘယ်နေရာကို သွားသွား လူအများကြီးခေါ်သွားရတာကို မကြိုက်ဘူးမဟုတ်လား?အခုက ဘာကြောင့် ဒီလောက်ထိ ကိုယ်ရံတော်တွေ အများကြီးခေါ်ခဲ့ရတာလဲ?"
ဝူရုန်က သက်ပြင်းချပြီး ပြောလိုက်တယ်"ငါ့ခင်ပွန်းက အခုနောက်ပိုင်းမှာ လူအများကြီးကို အမှားလုပ်ထားတယ်။သူက ငါ့ကိုအန္တရာယ်ဖြစ်မှာစိုးတာကြောင့် ငါ့ကို ကာကွယ်ပေးဖို့ ကိုယ်ရံတော်တွေအများကြီး ခေါ်သွားခိုင်းတာဘဲ"
"မင်းပြောမှဘဲ ငါက မင်းခင်ပွန်းကို မတွေ့ဖူးသေးဘူး"ရန်ကျီဇောင်က အရင်တုန်းက ဝူရုန်ရဲ့ခင်ပွန်းက ကြောက်စရာကောင်းလောက်အောင် ရုပ်ဆိုးလွန်းတာကြောင့် ပုံပြင်ပြောတဲ့သူတွေက သူ့အကြောင်းကို ရယ်စရာပြောတာကို ကြားဖူးတယ်။ဒါပေမဲ့ သူက အင်ပါယာမြို့တော်ကို ရောက်တော့ ဝူရုန်ရဲ့ခင်ပွန်းက အရမ်းကိုချောမောတယ်ဆိုတာ ကြားခဲ့ရတယ်။ဝူဝေ့ရွယ်လို အရမ်းလှတဲ့သူကတောင် ဟေးရွမ်ရီကို ချစ်မိသွားခဲ့တယ်လို့ ကြားတယ်။
"ငါလည်း မင်းနဲ့တွေ့ဖို့ သူ့ကို ဒီနေရာကို ခေါ်ခဲ့ချင်တယ်။ဒါပေမဲ့ မကြာသေးခင်တုန်းက သူက ထိခိုက်သွားခဲ့တယ်။သူက အပြင်ထွက်လို့မရသေးဘူး"ဝူရုန်က သက်ပြင်းချပြီး ပြောလိုက်တယ်။
"အရမ်းပြင်းထန်လို့လား?"
"အရမ်းပြင်းထန်တယ်။သူ့ရဲ့စိတ်စွမ်းအင်နယ်မြေက ပျက်စီးသွားခဲ့တယ်"
--------------------
Chapter(359)
တွေ့ဆုံခြင်း(2)
ရန်ကျီဇောင်သည် ဝူရုန်က သူ့ကိုအရာရာတိုင်းကို မျှဝေလာတာကြောင့် မျက်နှာချိုသွေးလိုက်တယ်"မစိုးရိမ်ပါနဲ့။သူအဆင်ပြေသွားမှာပါ"
ဝူရုန်က ခေါင်းငြိမ့်လိုက်ပြီး"ဒီလိုဆိုမှ ငါက ငါ့ရဲ့ဆရာသခင်ကို မင်းကိုမိတ်ဆက်ပေးဖို့ တွေးထားတာ။ကံမကောင်းစွာနဲ့ဘဲ ဒီနေ့ သူက အလုပ်များနေတယ်။နောက်ရက်ကျမှ ငါမင်းကို သူနဲ့ မိတ်ဆက်ပေးမယ်"
ရန်ကျီဇောင်က တုန်လှုပ်သွားပြီး မေးလိုက်တယ်"မင်းမှာ ဆရာသခင်ရှိတာလား?မင်းက အရင်က ငါ့ကို ဘာလို့မပြောတာလဲ?မင်းက ငါ့ရဲ့ဆရာသခင်က ငါ့အတွက် မကောင်းဆိုးဝါးစိတ်ဝိညာဉ်ပေးခဲ့လို့ မနာလိုဖြစ်မိတယ်လို့တောင် ပြောခဲ့သေးတယ်။လုပ်စမ်းပါ ရုန်အာ ငါက မင်းရဲ့ညီအကိုကောင်းမဟုတ်ဘူးလား?"
"တကယ်ကိုဘဲ မင်းက ငါ့ရဲ့ညီအကိုကောင်းဘဲ။ဒါပေမဲ့ ငါ့ရဲ့ဆရာသခင်ကိုတွေ့ရတဲ့အချိန်က မများတာကြောင့် မင်းကို ငါ့ရဲ့ဆရာသခင်အကြောင်းကို မပြောခဲ့တာ။ပြီးတော့ သူက ငါ့ကိုဆေးပညာဘဲသင်ပေးတာလေ။အဆိုးဆုံးကတော့ ငါက ဆေးပညာကို ကောင်းကောင်းမသင်ယူနိုင်တာဘဲ။ဒါ့ကြောင့် ငါက မင်းကို သူ့အကြောင်းမပြောခဲ့တာ။ဒါပေမဲ့ အခုတော့ မင်းက မင်းရဲ့ဆရာသခင်ကို ငါ့ကိုမိတ်ဆက်ပေးမယ်ဆိုတော့ ငါကလည်း ငါ့ရဲ့ဆရာသခင်ကို မင်းကို မိတ်ဆက်ပေးသင့်တယ်လေ။သူက လွန်ခဲ့ရက်အနည်းကမှ အင်ပါယာမြို့တော်ကို ပြန်ရောက်တာ။ဒါ့ကြောင့် ငါက မင်းကို သူနဲ့မိတ်ဆက်ပေးဖို့ ဆန္ဒရှိတယ်။ဒါပေမဲ့ ကံမကောင်းစွာဘဲ ဒီနေ့ သူက မအားလပ်ဘူး"ဝူရုန်က ရန်ကျီဇောင်ကို အချို့အကြောင်းတွေကို လိမ်ပြောခဲ့သော်လည်းဘဲ ရန်ကျီဇောင် သံသယမဝင်အောင်လို့ အမှန်တရားတွေကို ထည့်ပြောလိုက်တယ်။
ရန်ကျီဇောင်၏ခံစားချက်က ပိုကောင်းလာပြီး ပြောလိုက်တယ်"အခု ငါးနားလည်ပြီ။သူ့မှာအချိန်ရတဲ့အခါ တစ်ရက်ကျရင် ငါတို့တွေ့ကြတာပေါ့။လက်ဖက်ရည်သောက်လိုက်အုန်း။အဲဒါက အေးနေပြီ"
ဝူရုန်က လကါဖက်ရည်ခွက်ကို ယူလိုက်ပြီး တစ်ချိုက်ထဲသောက်လိုက်ပြီး အပြုံးလေးနှင့် ပြောလိုက်တယ်"ငါအခု နေလို့ပိုကောင်းလာပြီ"
ရန်ကျီဇောင်က ခွက်ရဲ့အောက်ခြေကို ကြည့်လိုက်ပြီး သူ့ရဲ့အပြုံးတွေက ပိုတောက်ပလာကာ လက်ဖက်ရည်ခွက်ကို ထပ်ဖြည့်ပေးလိုက်တယ်။
ဝူရုန်က ပြတင်းပေါက်ရဲ့အပြင်ဘက်ကို ကြည့်လိုက်ပြီး ပြောလိုက်တယ်"ကျီဇောင် မင်းရဲ့ဆရာသခင်က အခုထိမလာသေးဘူး။သူက လုပ်စရာရှိလို့ မလာသေးတာများလား?"
ရှန်းဇီဆိုတဲ့အမည်နှင့်လူက အခုထိမပေါ်လာသေးဘူး။
"ဖြစ်နိုင်ပါတယ်"ရန်ကျီဇောင်က စားပွဲပေါ်က အချိုပွဲကို ညွှန်ပြလိုက်ပြီး"မင်းဗိုက်ဆာရင် ဒင်းဆမ်းမုန့်တွေကို အရင်စားလိုက်။ငါ့ရဲ့ဆရာသခင်က ဒီကိုရောက်လာတဲ့အချိန်မှ ငါတို့က နေ့လယ်စာစားရအောင်"
"ငါထင်တာတော့ ဒီလိုလုပ်တာ မသင့်လျော်ဘူး"ဝူရုန်က သူ့လက်ကို ဝေ့ယမ်းပြီး ပြောလိုက်တယ်။
"ငါတို့လက်ဖက်ရည်ဘဲ ပိုသောက်ကြတာပေါ့"
ဝူရုန်က လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး ပြန်ချထားလိုက်ပြီး မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်"ငါနေလို့သိပ်မကောင်းဘူး"
"မင်းက မူးဝေသလိုခံစားရလို့လား?"ရန်ကျီဇောင်က မေးလိုက်တယ်။
"အင်း ငါခေါင်းမူးတယ်"
"ကြင်ယာတော် အိမ်ပြန်ပြီး အနားယူမလား?"ဟေးရှင်းကမေးလိုက်တယ်။
"အတွင်းခန်းထဲမှာ အိပ်ရာရှိတယ်။ရုန်အာ မင်းအဲဒီမှာ အနားယူလို့ရတယ်"ရန်ကျီဇောင်က ဟေးရှင်းကို တင်းမာစွာစိုက်ကြည့်လိုက်ပြီး လြေိုက်တယ်။
"ကောင်းပြီ။ငါ အနားယူလိုက်ပြီ။မင်းရဲ့ဆရာသခင်ရောက်လာရင် ကျေးဇူးပြုပြီး ငါ့ကိုနိုးလိုက်"
"သခင်လေးရုန် ကျွန်တော်တို့ကူညီပေးမယ်"ရန်ရှန်းနှင့်ရန်ရင်းက ဟေးရှင်းကို တွန်းထုတ်လိုက်ပြီး ဝူရုန်ရဲ့လက်မောင်းကို တွဲပြီး အတွင်းခန်းကို ခေါ်သွားလိုက်တယ်။
ရန်ကျီဇောင်နှင့်ဟေးရှင်းက နောက်ကလိုက်ခဲ့တယ်။
ဝူရုန်က အိပ်ရာပေါ်မှာလဲပြီး မကြာခင်မှာဘဲ အိပ်ပျော်သွားတယ်။
ရန်ကျီဇောင်က ရန်ရင်းနှင့်ရန်ရှန်းကို အချက်ပြလိုက်တယ်။
ရန်ကျီဇောင်၏အရိပ်အမြွတ်ကြောင့် ရန်ရင်းက ဟေးရှင်းကို ပြုံးပြီးပြောလိုက်တယ်"ငါတို့က သခင်လေးရုန် ကောင်းကောင်းအနားယူလို့ရအောင် တစ်ယောက်ထဲထားခဲ့တာပိုကောင်းမယ်"
"ကျုပ်က သူ့ကိုကာကွယ်ပေးဖို့ ဒီမှာဘဲ နေရမယ်"ဟေးရှင်းက တည်ငြိမ်စွာ ပြောလိုက်တယ်။
"ငါတို့သခင်လေးက သူ့ကိုကာကွယ်ပေးလိမ့်မယ်။ဒီအကြောင်းကို စိုးရိမ်စရာမလိုဘူး"
ဟေးရှင်းက တုံ့ဆိုင်းနေပြီး နောက်မှ သူတို့နှင့်အတူ အပြင်ထွက်လာခဲ့တယ်။
သူတို့က အတွင်းခန်းက ထွက်သွားတာကြောင့် ရန်ကျီဇောင်က ဝူရုန်နားကို ကပ်ပြီးအသံတိုးတိုးနှင့် ပြောလိုက်တယ်"ရုန်အာ ရုန်အာ"
ဝူရုန်က ဘာမှမတုံ့ပြန်ပါဘူး။
ွှရန်ကျီဇောင်က သူ့ရဲ့မျက်နှာကို ပုတ်လိုက်ပြီး လှောင်လိုက်တယ်"ဝူဝေ့ရွယ်က ငါ့ကို မင်းက လိမ္မာပါးနပ်လာပြီး ကောင်းကောင်းလှည့်စားတတ်တယ်လို့ပြောတယ်။ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ မင်းက အရူးဘဲ။ဘယ်လိုလုပ်ပြီး မင်းက ငါ့ကိုဆန့်ကျင်နိုင်မှာလဲ?"
သူက ရှေးအက္ခရာ ဂါထာတွေထွင်းထုထားသည့် လက်ကောက်ကို ထုတ်ယူလိုက်ပြီး"ရုန်အာ မင်းကို ဒီလိုလုပ်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။ငါ့ရဲ့ဆရာသခင်က မင်းကို အရမ်းမုန်းနေတယ်။သူ့ရဲ့တပည့်တစ်ယောက်အနေနဲ့ သူ့ရဲ့ပြသနာတွေကို တာဝန်ယူဖြေရှင်းပေးဖို့ ငါ့မှာတာဝန်ရှိတယ်"
ရန်ကျီဇောင်က လက်ကောက်ကို ဝူရုန်၏လက်ကောက်ဝတ်မှာ ဝတ်ဆင်ပေးဖို့ လုပ်လိုက်တယ်။
ရုတ်တရက် ဝူရုန်ရဲ့မျက်လုံးတွေက ဖွင့်လာပြီး ရန်ကျီဇောင်ကို တင်းမာခက်ထန်စွာ စိုက်ကြည့်လိုက်တယ်။
"ရုန်အာ ရုန်အာ မင်း... "
ဝူရုန်က လက်ကောက်ကို လုယူလိုက်ပြီး သူက ဝိညာဉ်အေးခဲခြင်းစွမ်းရည်ကို အသုံးပြုလိုက်တာကြောင့် ရန်ကျီဇောင်က နည်းနည်းလေးတောင် လုပ်လို့မရတဲ့အချိန်မှာ ရန်ကျီဇောင်၏လက်ကောက်ဝတ်မှာ ဝတ်ဆင်ပေးလိုက်တယ်။
"မင်း သတိလစ်နေတာ မဟုတ်ဘူးလား?"ရန်ကျီဇောင်က မခံချိမခံသာဖြစ်သွားတယ်။
ဝူရုန်က ရန်ကျီဇောင် သူ့ကိုလုပ်သလို ရန်ကျီဇောင်၏ပါးကို ပုတ်လိုက်ပြီး"ငါသတိမလစ်လို့ မင်းစိတ်ပျက်နေလား?မင်းကိုပြောပြရမယ်ဆိုရင် ငါက လက်ဖက်ရည်မသောက်ခဲ့ဘူး"
"မဖြစ်နိုင်ဘူး!မင်းသောက်လိုက်တာကို ငါ့မျက်လုံးနဲ့ မြင်လိုက်တယ်"ရန်ကျီဇောင်က ပြောရင်းနှင့် သူ့မျက်လုံးတွေက ပျူးကျယ်လာပြီး"မင်း ငါ့ကို ပုံရိပ်ယောင်မြင်တဲ့ပညာရပ်ကို သုံးခဲ့တာလား?မဟုတ်ဘူး။ဒါက ဘယ်လိုအလုပ်မဖြစ်နိုင်ဘူး။ငါက ပုံရိပ်ယောင်တွေမသက်ရောက်ခံရအောင် မှော်လက်နက်ယူခဲ့တယ်။မင်းက ငါ့ကို ပုံရိပ်ယောင်စွမ်းရည်ကို အသုံးပြုလို့မရဘူး"
"ငါက မင်းကို ရှင်းပြဖို့မလိုအပ်ဘူး"ဝူရုန်က တခစ်ခစ်ရယ်မောလိုက်တယ်။
သူက လက်ဖက်ရည်သောက်သလိုနှင့် သူ့ရဲ့အရိပ်သိုလှောင်ရာနေရာထဲကို သွန်ပစ်ခဲ့တာဖြစ်တယ်။ဒါကြောင့်ဘဲ ရန်ကျီဇောင်က သူလက်ဖက်ရည်သောက်လိုက်တယ်ဟု ထင်ခဲ့တာဖြစ်တယ်။
ရန်ကျီဇောင်က သူ့ကိုခက်ထန်စွာ စိုက်ကြည့်လိုက်ပြီး"ဆရာသခင်က မေ့ဆေးရည်ရဲ့အနံ့ကို တစ်ယောက်မှ သတိမပြုနိုင်ဘူးလို့ပြောခဲ့တယ်။ဒါပေမဲ့ မင်းက ဘယ်လိုလုပ်ပြီး သတိထားမိသွားတာလဲ?"
"ငါက မေ့ဆေးရည်ရဲ့အနံ့ကို သတိမထားမိဘူးဆိုတာ အမှန်ဘဲ"ဝူရုန်က လှောင်လိုက်တယ်။
သူက သတိမထားမိဘူးဆိုရင်တောင် လက်ဖက်ရည်ထဲမှာ အခြားသောဆေးတွေပါလိမ့်မယ်ဆိုတာ မျှော်လင့်ထားပြီးဖြစ်တယ်။ဒါကဘဲ ဘာကြောင့် သူနေလို့မကောင်းဘူးလို့ ပြောခဲ့တာဖြစ်တယ်။သူက ရောဂါလက္ခဏာရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိခဲ့ဘူး။အဲဒီအချိန်မှာ ရန်ကျီဇောင်ကို သူ့ကို မူးဝေနေတာလားလို့ အရူးလိုမေးခဲ့တာ်။ဝူရုန်ကလည်း သူပြောသလို မူးနေတာလို့ ပြောလိုက်ပြီး သူ့ကိုတစ်လျှောက်လုံး လှည့်စားနေခဲ့တာဖြစ်တယ်။
--------------------------------
paid gpဝင်လို့ရပြီနော်