Chapter(356)
ခန့်မှန်းကြည့်(1)
ဝူရုန်သည် အင်ပါယာအမိန့်တော်ဆိုသည့် စကားကို ကြားတော့ သီးလုနီးပါးဖြစ်သွားတယ်"အဟန်း!ဘယ်သူက အင်ပါယာအမိန့်တော်ကို သုံးပြီးတော့ ထုပ်ပိုးဖို့ သတ္တိရှိတာလဲ?"
ဘယ်ဆိုင်ရှင်ကမှ အင်ပါယာအမိန့်တော်ကို မုန့်ထုပ်တဲ့စက္ကူအဖြစ်သုံးဖို့ သတ္တိရှိမှာ မဟုတ်ဘူး။ဒါက သေဒဏ်ဘဲ။
"......."ကျင်းရှင်
သူက သူတို့အင်ပါယာနန်းတော်ထဲကို ခိုးသွားခဲ့တာကို မဖမ်းမိဖို့ မျှော်လင့်ခဲ့တယ်။ဒါပေမဲ့ မဖြစ်နိုင်တော့ဘူး။သူက ဥကလေးကို ကျင့်ကြံခြင်းစွမ်းရည်တွေထက် စာဖတ်တတ်အောင် သင်ပေးခဲ့သင့်တာ။
ဥကလေးက အင်ပါယာအမိန့်တော်ဆိုတာ ဘာလည်းဆိုတာ မသိပါဘူး။
ဟေးရွမ်ရီက ကိတ်မုန့်တွေကို စားပွဲပေါ်က ပန်းကန်ပြားထဲကို ထည့်လ်ုက်ပြီး အင်ပါယာအမိန့်တော်မှာ ရေးသားထားတဲ့ စာတွေကို ဖတ်လ်ုက်တယ်။
ဝူရုန်ကလည်း လျှင်မြန်စွာ ဖတ်ကြည့်လိုက်ပြီး တုန်လှုပ်သွားတယ်။သူက ထခုန်လိုက်ပြီး ပြင်းထန်စွာ ပြောလိုက်တယ်"ထီးနန်းကို ဆက်ခံနိုင်တဲ့သူက သူလား"
ထီးနန်းကိုဆက်ခံနိုင်တဲ့သူက ဒုတိယမင်းသားဖြစ်နေတယ်။
ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီးတော့လဲ?
"ဥကလေးက အင်ပါယာအမိန့်တော်ကို ဘယ်ကယူလာတာလဲ?"
ဥကလေးက အင်ပါယာအမိန့်တော်ဆိုတာကို မသိတာကြောင့် စိတ်ရှုပ်သွားပြီး မေးလိုက်တယ်"ပါးပါး အင်ပါယာအမိန့်တော်က ဘာကိုပြောတာလဲ?"
"ဒီအဝါရောင် ပိုးချည်စကိုပြောတာ"ဝူရုန်က အင်ပါယာအမိန့်တော်ကို ညွှန်ပြပြီးပြောလိုက်တယ်။
ဥကလေးက ဝူရုန်၏မျက်လုံးတွေကို ရှောင်ပြီး ဖြေလိုက်တယ်"သားသားကို မုန့်ဆိုင်ပိုင်ရှင်က ပေးတာ"
"......."ဟေးရွမ်ရီ
"........"ကျင်းရှင်
ဝူရုန်က တခစ်ခစ်ရယ်လိုက်ပြီး ပြောလိုက်တယ်"သားကို မုန့်ဆိုင်ပိုင်ရှင်က ပေးတာတဲ့လား?ဥကလေး သား ဒီနေ့ညစာမစားချင်တော့ဘူးလား?"
"........"ဥကလေး
အိုး မဖြစ်ဘူး!ပါးပါးက သူလိမ်တာကို ဖမ်းမိသွားပြီ။သူ ဘယ်လိုလုပ်ရမလဲ?
သူက ကျင်းရှင်ကို အကူအညီတောင်းတဲ့အနေနှင့် တစ်ချက်ကြည့်လိုက်တယ်။
ဝူရုန်က ကျင်းရှင်ကို မေးလိုက်တယ်"ကျင်းရှင် မင်းတို့ အတိအကျကို ဘယ်ကိုသွားခဲ့တာလဲ?"
ကျင်းရှင်က သူတို့ကို ဖမ်းမိသွားပြီဖြစ်တာကြောင့် အမှန်အတိုင်းပြောလိုက်တယ်"အင်ပါယာနန်းတော်"
သူက သူ့ခါးကအိပ်ကပ်ကို ပေးလိုက်ပြီး ပြောလိုက်တယ်"ငါ မင်းတို့ စိတ်စွမ်းအင်နယ်မြေကုသဖို့အတွက် အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းတွေ ယူခဲ့တယ်"
သူက အင်ပါယာဆေးကုခန်းကနေဖြတ်တော့ ဆေးဖက်ဝင်ပစ္စည်းတစ်ချို့ကို ခိုးယူခဲ့တာဖြစ်တယ်။
"ကျေးဇူး"ဝူရုန်က အိတ်ကို စစ်ဆေးကြည့်လိုက်တော့ အထဲမှာ သူလိုအပ်နေတဲ့ ဆေးပင်တွေရှိနေတာကို တွေ့လိုက်ရတယ်။
"ဒါဆို အင်ပါယာအမိန့်တော်က အစစ်လို့ဆိုလိုချင်တာလား?"ဟေးရွမ်ရီက စောင်းကြည့်ပြီး ပြောလိုက်တယ်။
"......."ဝူရုန်
အင်ပါယာအမိန့်တော်က အစစ်ဆိုရင် ဒုတိယမင်းသားနန်းတက်တဲ့အချိန် သူတို့က ဝူချန်ဇီရဲ့အဓိကပစ်မှတ်ဖြစ်နေတာကြောင့် သူတို့ ပြသနာကြီးကြီးတက်ပြီ။
"ဒီအကြောင်းကို မင်းတို့ ဥကလေးကို မေး။အဲဒီအချိန်တုန်းက ငါက ဥကလေးနဲ့အတူရှိနေတာ မဟုတ်ဘူး"ကျင်းရှင်က ပြောလိုက်တယ်။
ဝူရုန်က ဥကလေးကို စားပွဲပေါ်တင်ပေးလိုက်ပြီး မျက်နှာချင်းဆိုင်မေးလိုက်တယ်"ဥကလေး ပါးပါးကို အမှန်အတိုင်းပြောပြ။မဟုတ်ရင် သား နောက်နှစ်ရက်အထိ ဘာမှမစားရဘူး"
"သားသားက အဲဒါကို သက်လတ်ပိုင်းလူကြီးရဲ့ဗီရိုထဲကနေ ယူခဲ့တာ"ဥကလေးက အပြစ်ရှိတဲ့လေသံနှင့် ပြောလိုက်တယ်။
"သက်လတ်ပိုင်းလူကြီးက ဘယ်သူလဲ?"
ဥကလေးက အဲဒီလူကြီးက ဘယ်သူလဲမသိတာကြောင့် ခေါင်းခါလိုက်တယ်။
"သူက ဘယ်လိုပုံစံနှင့်တူသလဲ?"
ဥကလေးက ခေါင်းခါလိုက်ပြီး ပြောလိုက်တယ်"သားက စားပွဲအောက်မှာ ပုန်းနေခဲ့တာ။ဒါကြောင့် သားသား သူဘယ်လိုပုံစံလဲဆိုတာမမြင်ရဘူး"
"သူ့ရဲ့မျက်နှာမှာ ထူးခြားတာ တစ်ခုခုမရှိဘူးလား?ပြောရမယ်ဆိုရင် မဲ့တို့ မဲ့ခြောက်တို့ အမှတ်တို့လိုပေါ့"
ဥကလေးက စဉ်းစားလိုက်ပြီး ဖြေလိုက်တယ်"သူ့ရဲ့လည်ပင်းအနောက်မှာ အနက်ရောင်ပန်းကို မြင်ခဲ့တယ်"
"အနက်ရောင်ပန်း"ဝူရုန်က ဒီအဖြေကြောင့် အံ့အားသင့်သွားတယ်။သူက ဟေးရွမ်ရီနှင့် အကြည့်ချင်းဆုံလိုက်တယ်။အကြီးအကဲထန်းကျီက ဧကရာဇ်ရဲ့ခါးမှာ အနက်ရောင်ပန်းရှိတယ်လို့ တစ်ခါပြောဖူးတယ်။ဥကလေးတွေ့ခဲ့တဲ့လူက ဧကရာဇ်ဖြစ်နိုင်တယ်။
ဒါပေမဲ့ အနက်ရောင်ပန်းက ဧကရာဇ်ရဲ့ခါးနားမှာရှိပြီး ဗုဒ္ဓမှော်လက်နက်နှင့်ဘဲ မြင်နိုင်တာလေ။
"သားက အနက်ရောင်ပန်းကို ဘယ်လိုတွေ့ခဲ့တာလဲ?"
"သားသားက မှန်ထဲကနေတွေ့တာ"ဥကလေးက ပြန်ဖြေလိုက်တယ်။
ဝူရုန်က မှန်ကမှော်လက်နက်ဖြစ်နိုင်တယ်လို့ ခန့်မှန်းလိုက်ပြီး မေးလိုက်တယ်"ပါးပါးကို သားတွေ့ခဲ့ရတာတွေကို အသေးစိတ်ပြောပြ"
ဥကလေးက အရာရာတိုင်းကို မှန်မိဖို့ငယ်လွန်းတယ်။ဒါပေမဲ့ ဝူရုန်နှင့် ဟေးရွမ်ရီက ဧကရာဇ်က သေဆုံးခြင်းကျိန်စာရဲ့သက်ရောက်မှုကို ခံနေရမှန်း သိနေတယ်ခန့်မှန်းနိုင်ဖို့တော့ လုံလောက်တယ်။
ဒါပေမဲ့ ဧကရာဇ်က သေဆုံးခြင်းကျိန်စာ သက်ရောက်ခံနေရတယ်ဆိုတာ သိနေကတည်းက ဒုတိယမင်းသားကို နောက်တင်မယ့်ဧကရာဇ်မဖြစ်ဖို့ ဘာကြောင့်မတားဆီးရတာလဲ?သူက ဝူချန်ဇီက သူ့ကိုကျိန်စာတိုက်တဲ့သူဆိုတာ မသိတာကြောင့်လား?
ဒါမှမဟုတ် ဧကရာဇ်က ဒီကိစ္စတွေအားလုံးရဲ့နောက်ကွယ်ကလူက အိမ်ရှေ့စံလို့ထင်နေတာလား?
ဒါမှမဟုတ် ဧကရာဇ်က ဒုတိယမင်းသားကို ပိုပြီးနှစ်သက်လို့ထီးနန်းလွှဲဖို့လုပ်ခဲ့တာဖြစ်နိုင်လား?
ဝူရုန်က ဧကရာဇ်က ဒုတိယမင်းသားကို ပိုပြီးနှစ်သက်လို့ ထီးနန်းလွှဲအပ်တယ်ဆိုတဲ့ ခန့်မှန်းချက်ကို ငြင်းဆန်လိုက်တယ်။ဘာကြောင့်လဲဆိုတော့ ဧကရာဇ်က ဝူချန်ဇီကို ဂရန်းမစ္စတာနေရာကနေ ဖယ်ထုတ်ခဲ့တာက သူက ဝူချန်ဇီကိုလုံးဝဖယ်ရှားချင်ခဲ့တာကြောင့်ဖြစ်တယ်။
ဝူရုန်က ဟေးရန်ကို "အိမ်ရှေ့စံကို သူက သူ့အဖေကို သေဆုံးခြင်းကျိန်စာအကြောင်း ပြောပြလိုက်ပြီလားဆိုတာ မေးလိုက်"
"ဟုတ်"ဟေးရန်က ပျောက်ကွယ်သွားပြီး ၁၅မိနစ်လောက်ကြာတော့ ပြန်ရောက်လာပြီး ပြောလိုက်တယ်"အိမ်ရှေ့စံက ဧကရာဇ်ကို သေဆုံးခြင်းကျိန်စာအကြောင်း မပြောရသေးဘူးလို့ပြောတယ်"
"ရွမ်ရီ ခင်ဗျား ဘယ်လိုထင်လဲ?"ဝူရုန်က ဟေးရွမ်ရီကို မေးလိုက်တယ်။
ဟေးရွမ်ရီက အင်ပါယာအမိန့်တော်ကို ညွှန်ပြပြီး ပြောလိုက်တယ်"လက်ရေးကိုကြည့်လိုက်တာနဲ့ ကိုယ်တို့က စကားလုံးတွေက ဆိုးဝါးနေပြီး ခက်ခက်ခဲခဲထိန်းချုပ်ပြီး ရေးခဲ့တာကို မြင်နိုင်တယ်။ဒါက ဧကရာဇ်က အင်ပါယာအမိန့်တော်ရေးတဲ့အချိန်မှာ အရမ်းဒေါသထွက်နေခဲ့တယ်ဆိုတာ ပြနေတယ်။သူက ဒါကိုရေးနေတဲ့အချိန်မှာ ခြိမ်းခြောက်ခံနေရတယ်ဆိုတာ ကိုယ်တို့က မြင်နိုင်တယ်"
ဒါကဖြစ်နိုင်တယ်။ဝူရုန်က သဘောတူလိုက်ပြီး"ဒီလိုဆိုရင် ဝူချန်ဇီက သေဆုံးခြင်းကျိန်စာအကြောင်း ပြောပြပြီး ဧကရာဇ်ကို အင်ပါယာအမိန့်တော်ကို ရေးခိုင်းတာဖြစ်မယ်။ဒါပေမဲ့ သေဆုံးခြင်းကျိန်စာတိုက်တဲ့သူက သေသွားကတည်းက ဧကရာဇ်က အင်ပါယာအမိန့်တော်ကို ရေးတာ မရေးတာက အကြောင်းမဟုတ်တော့ဘူးမလား။ဖြစ်နိုင်တာက သူက ကျိန်စာကို ပယ်ဖျက်လို့မရတော့တာကို မသိတာဖြစ်နိုင်တယ်"
---------
ဟေးရွမ်ရီက ပြောလိုက်တယ်"မဟုတ်ရင်လည်း ဝူချန်ဇီက နတ်ဆရာကို အသက်ရှင်ရက် ထိန်းသိမ်းထားတာဖြစ်နိုင်တယ်။ဒါပေမဲ့ ဝူချန်ဇီက ဧကရာဇ်ကို အသက်ရှင်ဖို့ ခွင့်ပြုမှာ မဟုတ်တာကြောင့် အဲဒီ့ဖြစ်နိုင်ချေက အရမ်းနည်းတယ်"
"ဒုတိယမင်းသားက ဘယ်လိုဘဲဖြစ်ဖြစ် နောက်တက်မယ့်ဧကရာဇ်ဖြစ်လို့မရဘူး"ဝူရုန်က ပြောလိုက်တယ်။
သူက အင်ပါယာအမိန့်တော်ကို ဟေးရန်ကို ပေးလိုက်ပြီး လင်းမိုဟန်ကို သူတို့ရဲ့ခန့်မှန်းချက်တွေကို ပြောခိုင်းလိုက်တယ်။
ဟေးရန်က ထွက်သွားလိုက်တယ်။ဝူရုန်က ကျင်းရှင်ကို မေးလိုက်တယ်"မင်းတို့ကို တွေ့သွားတဲ့သူ တစ်ယေယက်ယောက်ရှိသေးလား?"
"မရှိဘူး"ကျင်းရှင်က ပြောလိုက်တယ်။
ဝူရုန်က ခေါင်ငြိမ့်လိုက်တယ်။
သူတို့က လင်းမိုဟန်နှင့်အတူ ဒီကိစ္စတွေအားလုံးကို ဆွေးနွေးပြီးတဲ့နောက်မှာတော့ သူတို့က ဒီသတင်းတွေကို တစ်နိုင်ငံလုံးကိုဖြန့်ပစ်လိုက်တယ်။သတင်းထဲမှာပြောထားတာတော့ တစ်စုံတစ်ယောက်က ဧကရာဇ်၏အိပ်ဆောင်ထဲကို ခိုးဝင်ပြီး အင်ပါယာအမိန့်တော်ကိုဟမြင်ခဲ့ပြီး ဘယ်သူက ထီးနန်းကို ဆက်ခံရမယ်ဆိုတာ မြင်ခဲ့တယ်။အင်ပါယာအမိန့်တော်ထဲမှာ ဒုတိယမင်းသားက ထီးနန်းဆက်ခံရမည့်အကြောင်းကို ရေးထားတယ်။
မကြာခင်မှာတော့ ဧကရာဇ်က ဒီသတင်းကို ကြားရပြီး သူကဒေါသအရမ်းထွက်တယ်။သူက သူ့အိပ်ခန်းထဲကိုပြန်ပြီး ဗီရိုကိုဖွင့်ကြည့်တော့ အင်ပါယာအမိန့်တော်ကို အထဲမှာ မတွေ့ရတော့ဘူး။သူက ဒီကိစ္စကို ဝူချန်ဇီ မဟုတ်ရင် ဒုတိယမင်းသားဆိုတာ သေချာတယ်။ဘာကြောင့်လဲဆိုတော့ သူတို့က ဧကရာဇ်ကို ဒုတိယမင်းသားကို အာဏာပေးဖို့ တွန်းအားပေးချင်တာကြောင့်ဖြစ်တယ်။ဧကရာဇ်က ပိုပြီးဒေါသထွက်ပြီး သူတို့ကို သတ်ပစ်ဖို့ ဆန္ဒရှိတယ်။ဘာကြောင့်လဲဆိုတော့ သူကဧကရာဇ်တစ်ယောက်အနေနှင့် တစ်စုံတစ်ယောက်က ခြိမ်းခြောက်တာကို လက်ခံဖို့ မဖြစ်နိုင်တာကြောင့်ဖြစ်တယ်။
ဝူချန်ဇီနှင့် ဒုတိယမင်းသားက ဒီသတင်းကို ကြားတဲ့အချိန်မှာတော့ သူတို့က အင်ပါယာအမိန့်တော်ကို ခြိမ်းခြောက်ပြီး လုပ်ခဲ့တဲ့ဟု ဆိုလိုနေတာကြောင့် သူတို့က စိတ်လှုပ်ရှားနေတယ်။
သူတို့က ဧကရာဇ်ကို ဒီလိုလုပ်ဖို့ ဘာကြောင့်တွန်းအားပေးခဲ့လဲဆိုတော့ အိမ်ရှေ့စံမင်းသားက ဝူမိသားစုကို ထပ်ခါထပ်ခါ ပစ်မှတ်ထားနေတာကြောင့်ဖြစ်တယ်။
ဒါပေမဲ့ အခုမှတွေးကြည့်တော့ အင်ပါယာအမိန့်တော်က သူတို့လက်ထဲမှာ မရှိတာကြောင့် အဓိပ္ပာယ်မဲ့နေတယ်။အဲဒီအစား ဒီခြိမ်းခြောက်မှုကြောင့် ဧကရာဇ်က သူတို့ကို ပိုပြီးဒေါသထွက်လာနိုင်တယ်။
အဆုံးမှာတော့ ဧကရာဇ်က ဝူမိသားစုဝင်အနည်းငယ်ကို သူတို့ရဲ့သေးငယ်တဲ့အမှားကြောင့် ရာထူးကနေ ထုတ်ပယ်လိုက်တယ်။ပြီးတော့ သူတို့အတွက် ပြောပေးတဲ့ ဘယ်သူမဆို သူတို့ရဲ့နေရာကနေဖယ်ရှားခံရတယ်။ဒီရလဒ်ကြောင့် တစ်ယောက်ကမှ ဝူမိသားစုတွေအတွက် မရပ်တည်ရဲတော့ဘူး။ဒုတိယမင်းသားနှင့်ဝူချန်ဇီက အင်ပါယာရုံးတော်ထဲမှာ ဝူမိသားစုအရေအတွက် လျော့သထက်လျော့လာတာကြာင့် စတင်ပြီး ထိတ်လန့်လာတော့တယ်။
"သူက ကျုပ်တို့က ခြိမ်းခြောက်ထားလို့ သေမှာကြောက်နေတာမဟုတ်ဘူးလား?ဘာကြောင့် သူက ဝူမိသားစုတွေကို ဖယ်ရှားပစ်ရတာလဲ?"ဒုတိယမင်းသားက ဒေါသတကြီး ပြောလိုက်တယ်။
"သူက ကြောက်နေတယ်။ဒါပေမဲ့ သူ့ရဲ့ကိုယ်ပိုင်ဂုဏ်သိက္ခာရှိသေးတယ်"ဝူချန်ဇီက နှာခေါင်းရှုံ့လိုက်ပြီး"နှစ်ပေါင်းများစွာ ဧကရာဇ်ဖြစ်လာခဲ့တဲ့သူအနေနဲ့ သူက သူလိုချင်တဲ့အရာရာတိုင်းကို ရရှိခဲ့တယ်။တစ်ယောက်ကမှ သူ့ကို မဆန့်ကျင်ရဲခဲ့ဘူး။အခု ငါတို့က သူ့ရဲ့အသက်ကိုခြိမ်းခြောက်လိုက်တော့ သူက ဒေါသထွက်နေမှာ သေချာတယ်။ဒါပေမဲ့ မစိုးရိမ်နဲ့။သူက သေခြင်းတရားကို ကြောက်နေတဲ့ သူတစ်ယောက်အနေနဲ့ သူက ငါတို့ကို ဘာမှမလုပ်နိုင်ဘူး။ဒါ့အပြင် ငါတို့မှာ အရန်အစီအစဉ်ရှိသေးတယ်လေ"
ဒုတိယမင်းသားက ဒီအချိန်မှ တည်ငြိမ်နိုင်တယ်။
--------------------
Chapter(357)
ခန့်မှန်းကြည့်(2)
ဝူရုန်က လင်းမိုဟန်ကနေတစ်ဆင့် အင်ပါယာတရားရုံးတော်မှာ ဖြစ်ပျက်နေသမျှကို သိနေပေမဲ့ စိတ်သက်သာရာမရသေးဘူး။ဘာကြောင့်လဲဆိုတော့ သူတို့လက်ထဲမှာ အင်ပါယာအမိန့်တော်ရှိနေသော်လည်းဘဲ ဝူချန်ဇီက ဧကရာဇ်ကို ခြိမ်းခြောက်ပြီး ထပ်မံလုပ်ဆောင်နေသောကြောင့်ဖြစ်တယ်။ဧကရာဇ်က နောက်ထပ်အင်ပါယာအမိန့်တော်ကို ရေးသားနိုင်တာကြောင့်ဖြစ်တယ်။ဥကလေးရဲ့စကားအရဆိုရင် အနက်ရောင်ပန်းက ဧကရာဇ်ရဲ့ခါးကနေ လည်ပင်းအနောက်ကိုရောက်နေပြီး ပွင့်နေပြီဖြစ်တယ်။ဒါက ဧကရာဇ်က သေတော့မယ်လို့ဆိုလိုတာဖြစ်တယ်။
"ကြင်ယာတော် ရန်မျိုးနွယ်အမည်နဲ့ သခင်လေးတစ်ယောက်က ကြင်ယာတော်ကို တွေ့ခွင့်တောင်းနေပါတယ်"တံခါးစောင့်က တင်ပြလိုက်တယ်။
ဝူရုန်က ရန်ကျီဇောင်က ရောက်လာလိမ့်မယ်ဆိုတာ ကြိုတင်မျှော်လင့်ထားပြီးဖြစ်တာကြောင့် သူက အံ့သြဘူး။
သူက ခန်းမထဲ့ကလူတိုင်းကို ထွက်သွားဖို့ ပြောလိုက်ပြီး တံခါးစောင့်ကို ပြောလိုက်တယ်"သူ့ကိုအထဲကိုခေါ်ခဲ့"
"ဟုတ်"
မကြာခင်မှာတော့ ရန်ကျီဇောင်က ရောက်လာပြီး သူ့နောက်မှာတော့ ရန်ရင်းနှင့်ရန်ရှန်းက လိုက်ပါလာတယ်။သူတို့က နေမင်းထက်တောင် တောက်ပတဲ့အပြုံးတွေကို ပြုံးနေသေးတယ်။
"ရုန်အာ"
"သခင်လေးရုန်"
"သခင်လေးရုန် မတွေ့ရတာကြာပြီ"
ဝူရုန်က မတ်တပ်ရပ်လိုက်ပြီး သူတို့ကို ကြိုဆိုလိုက်ပြီး"ကြည့်ရတာဟမင်းမှာ ငါ့ကိုမျှဝေဖို့ သတင်းကောင်းရှိတဲ့ပုံဘဲ။ဒါ့ကြောင့် မင်းကပျော်နေတာဖြစ်မယ်"
ရန်ကျီဇောင်က အကူအညီမဲ့စွာနှင့် ပျော်ရွှင်မှုကြောင့် ရယ်မောလိုက်တယ်။
ရန်ရင်းနှင့်ရန်ရှန်းကလည်း ရယ်လိုက်ပြီး ဝင့်ကြွားနေပုံပေါ်တယ်။
ဝူရုန်က ရန်ကျီဇောင်အတွက် လက်ဖက်ရည်တစ်ခွက်ထည့်ပေးလိုက်ပြီး"ငါက မင်းရဲ့ညီအကိုကောင်းမဟုတ်ဘူးလား?လုပ်စမ်းပါ။ငါ့ကိုပြောပြ။ဘာက မင်းကို ဒီလိုပျော်ရွှင်စေတာလဲ?"
ရန်ကျီဇောင်က ထိုင်လိုက်ပြီး လက်ဖက်ရည်ကို သောက်လိုက်ပြီး"အခု ငါအရမ်းပျော်နေတာက သိသာနေတာလား?"
"အင်း လုံးဝသိသာတယ်"
ဝူရုန်က ရန်ရင်းနှင့် ရန်ရှန်းကို ပြောလိုက်တယ်"မင်းတို့အနောက်ခြံဝင်းမှာ သွားသောက်ချင်လား?"
"ကျွန်တော်တို့က သခင်လေးရုန်ကို မတွေ့ရတာကြာပြီ။ကျွန်တော်တို့က ဒီမှာဘဲ နေပြီး စကားပြောတော့မယ်"ရန်းရှန်းက ပြောလိုက်တယ်။
ဝူရုန်က ပြုံးလိုက်ပြီး လက်ဖက်ရည်သောက်သလိုနှင့် သူ့ရဲ့လှောင်ပြောင်မှုကို ဖုန်းကွယ်လိုက်တယ်။
သူတို့က သူနှင့်စကားပြောချင်တယ်လို့ ပြောနေပေမဲ့ တကယ်တော့ သူတို့က သူ့ရှေ့မှာကြွားဝါချင်တာဖြစ်တယ်။
ရန်ကျီဇောင်က နောက်ဆုံးမှာတော့ သူ့ရဲ့အပျော်တွေကို ထိန်းချုပ်နိုင်တဲ့အခါ သူရဲ့ထိုင်ခုံကို ဝူရုန်ဘေးကို ဆွဲကပ်လိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်တယ်"ငါ ဒီနေ့မင်းစီကို ဘာလာလုပ်တာလို့ထင်လဲ?"
"ဘာလာလုပ်တာလဲ?"ဝူရုန်က မေးလိုက်တယ်။
"ခန့်မှန်းကြည့်လေ"
ဝူရုန်က သူက သူ့ရဲ့ဆရာသခင်ရှာတွေ့တဲ့အကြောင်းဆိုတာ သေချာပေမဲ့ သူက ပြောလိုက်တယ်"ငါမပြောတတ်ဘူး။ဘာလို့လဲ?"
"မင်းက ခန့်မှန်းဖို့ ကြိုးစားကြည့်လေ"ရန်ကျီဇောင်က ဝူရုန်ကို ခန့်မှန်းခိုင်းလိုက်တယ်။
ဝူရုန်က ခန့်မှန်းသလိုဟန်ဆောင်လိုက်ပြီး"မင်းက ချစ်သူမိန်းကလေးကို တွေ့ခဲ့တာလား?ဟုတ်တယ်မလား?"
"ငါ့ဘဝရဲ့အောင်မြင်မှုကို မရခင် ငါကဘယ်လိုလုပ်ပြီး လက်ထပ်ဖို့တွေးနိုင်ရမှာလဲ?"ရန်ကျီဇောင်က နှာခေါင်းရှုံ့လိုက်တယ်။
"မင်းက ချစ်သူမိန်းကလေးကို တွေ့ခဲ့တာမဟုတ်ဘူးလား?ဒါဆိုရင် မြို့ထဲမှာ မင်းရဲ့မိသားစုဝင်တစ်ယောက်ယောက်ကို တွေ့ခဲ့တာလား?"
ရန်ကျီဇောင်က သူက ဒီလိုမျိုးပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ဒါပေမဲ့ သူက သူ့မိသားစုအကြောင်းကို မပြောချင်ဘူး။သူက လက်ဝေ့ယမ်းလိုက်ပြီး"မဟုတ်ဘူး။အဲဒီလိုမျိုးမဟုတ်ဘူး။ခန့်မှန်းတာ လုံလောက်ပြီ။ ရုန်အာ ငါမင်းကို ပြောပြမယ်"
သူက ဝူရုန်ရဲ့လက်မောင်းကို တင်းကျပ်စွာ ဆုတ်ကိုင်လိုက်ပြီး ပြောလိုက်တယ်"ရုန်အာ ငါ ဆရာသခင်တစ်ယောက်ကို တွေ့ခဲ့တယ်။သူက အရမ်းအစွမ်းထက်တဲ့ ဆရာသခင်ဘဲ"
ရန်ရင်းနှင့်ရန်ရှန်းကလည်း စိတ်လှုပ်ရှားနေတယ်။
ဝူရုန်က မျက်မှောင်ကြုတ်လိုက်တယ်။
"ရုန်အာ မင်းက ငါ့အတွက် ဘာလို့မပျော်ရွှင်ပေးရတာလဲ?"ရန်ကျီဇောင်က ဝူရုန်က မပျော်ရွှင်တာကိုတွေ့တော့ အံ့သြသွားတယ်။
"ငါက တကယ်ကို မပျော်ရွှင်ဘူး"ဝူရုန်က သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီး ပြောလိုက်တယ်"မင်းဘဲ လွန်ခဲ့ရက်အနည်းငယ်တုန်းက ဆရာသခင်တစ်ယောက်ရဲ့ အရူးလုပ်ခံရတယ်လို့ ပြောတာလေ။အခုတော့ မင်ူက အသစ်တစ်ယောက်တွေ့ပြန်ပြီ။သူက လူလိမ်မဟုတ်ဘူးဆိုတာ သေချာရဲ့လား?ကျီဇောင် ထပ်ပြီးအရူးမလုပ်ခံနဲ့"
"ငါက ဒီအချိန်မှာတော့ အစစ်မှန်ဆိုတာ သေချာတယ်။သူက ငါ့ခန္ဓာကိုယ်ထဲက စိတ်စွမ်းအင်တွေကို သန့်စင်နိုင်တဲ့ အသက်ရှည်ဆေးပြားတစ်ပြားပေးတယ်။အခုဆိုရင် ငါက အဆင့်တစ်ကနေ အဆင့်နှစ်ကျင့်ကြံသူအဖြစ် ချိုးဖြတ်နိုင်ခဲ့တယ်။ငါက နှစ်ပေါင်းများစွာ အဆင့်တစ်ကနေ မချိုးဖြတ်နိုင်ခဲ့ဘူးဆိုတာ မင်းသိရဲ့လား?ဒါပေမဲ့ သူ့ရဲ့အကူအညီနဲ့ အချိန်တိုအတွင်းမှာ ငါက အဆင့်တက်နိုငခဲ့တယ်။သိပ်မကြာခင်မှာ ငါက အဆင့်သုံးကို ချိုးဖြတ်နိုင်လိမ့်မယ်"
ရန်ကျီဇောင်က စိတ်ဝိညာဉ်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး"ကြည့်လိုက် ဒီမကောင်းဆိုးဝါးဝိညာဉ်က ငါ့ရဲ့ဆရာသခင်က ငါ့အတွက်ဖမ်းပေခဲ့တာ။သူက အရမ်းစွမ်းအားမမြင့်ဘူး။ဒါပေမဲ့သူက ငါက အဆင့်နှစ်ကျင့်ကြံသူသာဖြစ်သေးလို့ အဆင့်နိမ့်မကောင်းဆိုးဝါးဝိညာဉ်ကိုဘဲ ထိန်းချုပ်နိုင်သေးတယ်လို့ပြောတယ်။သူက ငါက အဆင့်ခြောက်နဲ့ အထက်ကို ရောက်တဲ့အချိန်ကျရင် ငါ့ကို မွန်းစတားစိတ်ဝိညာဉ်ကို ဖမ်းပေးမယ်လို့ပြောတယ်။မင်း ဘယ်လိုထင်လဲ?"
ဝူရုန်က သူတို့အထက်မှာ ပျံသန်းနေတဲ့ မကောင်းဆိုးဝါးဝိညာဉ်ကို ကြည့်ပြီး ချူးကျူးလိုက်ပြီး"ဒီမကောင်းဆိုးဝါးဝိညာဉ်က မင်းအတွက် မင်းရဲ့ဆရာသခင်က ပေးခဲ့တာလား?မင်းရဲ့ဆရာသခင်က မင်းအပေါ်အရမ်းကောင်းတာဘဲ။သူက မင်းကို မကောင်းဆိုးဝါးဝိညာဉ်တွေကိုတောင် ပေးတယ်။ငါ မင်းကို မနာလိုတောင်ဖြစ်တယ်။ငါ့မှာတော့ မကောင်းဆိုးဝါးစိတ်ဝိညာဉ်တွေ မွန်းစတားဝိညာဉ်တွေကို ရရှိအောင် ကူညီပေးနိုင်တဲ့ ဆရာသခင်မရှိဘူး"
ရန်ကျီဇောင်က ကျယ်လောင်စွာ ရယ်မောလိုက်တယ်။
ရန်ရှန်းက ပြောလိုက်တယ်"သခင်လေးရုန် သူ့ရဲ့ဆရာသခင်က သူ့ကို မကောင်းဆိုးဝါးစိတ်ဝိညာဉ်ကို ပေးရုံသာမကဘူး။သူ့ကို ကျင့်ကြံခြင်းပညာရပ်တွေကိုလည်း သင်ပေးတယ်"
"ဘာကျင့်ကြံခြင်းပညာရပ်လဲ?"ဝူရုန်က မေးလိုက်တယ်။
"ယင်ယန်ပညာရပ်"
"ကျီဇောင် မင်းရဲ့ဆရာသခင်က ယင်ယန်ဆရာသခင်လား?"ဝူရုန်ကအံ့အားသင့်သွားတယ်။
ရန်ကျီဇောင်က အပြုံးကို ရပ်တန့်လိုက်ပြီး ပြောလိုက်တယ်"ကောင်းပြီ။ဒီအကြောင်းကို အရိုးသားဆုံး ပြောရမယ်ဆိုရင် ငါက သူက ယင်ယန်ဆရာသခင်ဟုတ်သလားဆိုတာ မသိဘူး။ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ် သူက အရမ်းအစွမ်းထက်တယ်။သူက ကောင်းကင်ဘုံနဲ့ဆိုင်တဲ့ပညာရပ်တွေ နတ်ဆရာတွေလိုမျိုး ပညာရပ်တွေလို အမျိုးမျိုးသော ပညာရပ်တွေမှာ သာလွန်ထူးချွန်တယ်"
"အမျိုးမျိုးသော ပညာရပ်တွေမှာ ထူးချွန်တာလား?ဘယ်လိုဖြစ်နိုင်မှာလဲ?သူက ဘယ်လိုလုပ်ပြီး ကျင့်ကြံခြင်းစွမ်းရည်အများကြီးကို ကျွမ်းကျင်တာလဲ?"ဝူရုန်က ပိုပြီး အံ့အားသင့်သွားတယ်။
"ဒါက ငါ့ကိုလည်း စိတ်ရှုပ်စေတယ်။ဒါပေမဲ့ ငါ့ရဲ့ဆရာသခင်က အဲဒီလိုကျွမ်းကျင်တယ်ဆိုတာက အမှန်ဘဲ"
"မင်းရဲ့ဆရာသခင်က ဘယ်သူလဲ?သူက ဘယ်ကနေလာတာလဲ?ငါထင်တာတော့ သူ့လိုမျိုးအံ့သြစရာကောင်းတဲ့သူဆိုရင် မစ္စတာဝူချန်ဇီလိုမျိုး ကျော်ကြားတဲ့သူဖြစ်မှာဘဲ"ဝူရုန်က ပြောလိုက်တယ်။
"ငါသိတာအားလုံးက သူ့ရဲ့အမည်က ရှန်းကျီဆိုတာဘဲ။သူဘယ်ကလာလဲဆိုတာတော့ ငါလည်း မသိဘူး"ရန်ကျီဇောင်က ခေါင်းခါပြီျးလြိုက်တယ်။
"ရှန်းဇီလား?"ဝူရုန်က မျက်မှောင်ကြုတ်လိုက်တယ်။
ရှန်းကျီဆိုတာ ဝူဝေ့ရွယ်ကို ကယ်ခဲ့တဲ့လူနှင့်အမည်တူတူဘဲလား?ရန်ကျီဇောင်ရဲ့စကားအတိုင်းဆို အဲဒီလူကလည်း စွမ်းအားကြီးတယ်။သူတို့က တစ်ယောက်ထဲဘဲလား?
မဟုတ်မှ အရင်ဘဝတုန်းက သူ့ရဲ့ရန်သူနှင့်တစ်ယောက်ထဲလား?
ဝူရုန်က လက်ဖက်ရည်ခွက်ကို တင်းကျပ်စွာ ဆုတ်ကိုင်လိုက်ပြီး ပြောလိုက်တယ်"ငါက ဒီအမည်ကို တစ်ခါမှမကြားဖူးဘူး"
"သူက ထန်းရှင်းနိုင်ငံကနဲ့ မတူဘူး"
"သူက ဘယ်နေရာကနေလာခဲ့တာလဲ?သူက ထန်းရှင်းနိုင်ငံကို ဘာကြောင့် လာရတာလဲ?"ဝူရုန်က မေးလိုက်တယ်။
"သူက ငါ့ကိုမပြောပြဘူး။မင်းလည်းသိတဲ့အတိုင်း သူက ဆရာသခင် ငါက တပည့်လေ။ငါက သူ့ရဲ့ကိုယ်ရေးကိုယ်တာကို ဘယ်လိုလုပ်ပြီးမေးရမှာလဲ?ငါက သူ့အပေါ်လေးစားမှုရှိရမယ်လေ"
"သူပြောတာမှန်တယ်"ရန်ရင်းနှင့် ရန်ရှန်းက ခေါင်းငြိမ့်လိုက်တယ်။
ဝူရုန်က လှောင်လိုက်တယ်။ရန်ကျီဇောင်က ဒီလောက်မြန်မြန်ပါသွားပြီပေါ့။
"ကျီဇောင် မင်းရဲ့ဆရာသခင်က ယောက်ျားလား?မိန်းမလား?"
"မင်းကအရူးလား?သူ့ရဲ့အမည်ကနေ သူက ယောက်ျားဆိုတာ သိသာနေတာဘဲ"ရန်ကျီဇောင်က ဝူရုန်ဘက်ကို ယိုင်လိုက်ပြီး အသံတိုးတိုးနှင့်ပြောလိုက်တယ်"မင်းကို ပြောရအုန်းမယ်။ငါ့ရဲ့ဆရာသခင်က တကယ်ကို ကြည့်ကောင်းတဲ့လူဘဲ။သူက အရမ်းလှတယ်"
"တကယ်လား?"ဝူရုန်က တစ်စုံတစ်ယောက်က ဟေးရွမ်ရီထက်ပိုပြီး ကြည့်ကောင်းတယ်ဆိုတာကို မယုံကြည်ပါဘူး။သူ့မျက်လုံးထဲမှာတော့ ဟေးရွမ်ရီက အကောင်းဆုံးဘဲ။
"သခင်လေးရုန် သူပြောတာအမှန်ဘဲ။သခင်လေးက သူ့ကိုတွေ့တဲ့အချိန်ကျရင် သူက ချဲ့ကားပြောတာမဟုတ်ဘူးဆိုတာ သိလိမ့်မယ်"
"ဒါဆိုလည်း ကောင်းပြီ။မင်းက ဘယ်အချိန်ကျရင် ငါ့ကို မင်းရဲ့ဆရာသခင်နဲ့ မိတ်ဆက်ပေးမှာလဲ?ငါက သူက မင်းပြောတဲ့အတိုင်း ကြည့်ျကာင်းလားဆိုတာ တကယ်သိချင်တယ်"ဝူရုန်က ပြုံးပြီးပြောလိုက်တယ်။
"ငါက အရင်ဆုံး ငါ့ရဲ့ဆရာသခင်ကို ခွင့်တောင်းဖို့လိုအပ်တယ်။တကယ်လို့ သူက မင်းကိုတွေ့ဖို့ သဘောတူရင် ငါမင်းကို ချိန်းလိုက်မယ်။မင်းဘယ်လိုထင်လဲ?"ရန်ကျီဇောင်က အကြံပြုလိုက်တယ်။
"ကောင်းတယ်။ဒါပေမဲ့ မကြာခင်မှာ နှစ်သစ်ကူးတော့မယ်။ငါက သူ့ကိုနှစ်သစ်ကူးမတိုင်ခင်မှာ တွေ့ရဖို့ မျှော်လင့်တယ်"
ရန်ကျီဇောင်က မတ်တပ်ရပ်ပြီး ပြောလိုက်တယ်"ဒီလိုဆိုရင် ငါ အခုသူ့ကို သွားမေးလိုက်မယ်။တကယ်လို့ သူသဘောတူရင် မနက်ဖြန် သဘက်ခါလောက် တွေ့ကြမယ်လေ"
"ဘာလို့လောနေရတာလဲ"ဝူရုန်က မတ်တပ်ရပ်ပြီး မေးလိုက်တယ်။
"ငါ့က ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့ သတင်းကောင်းကိုမျှဖို့လိုတယ်ျလ။ငါ့ရဲ့သတင်းကောင်းကို စောင့်နေပါ"ရန်ကျီဇောင် ရန်ရှန်းနှင့်ရန်ရင်းက ထွက်သွားလိုက်တယ်။
-----------------------
paid gpဝင်လို့ရပြီနော်