COTAW(Zawgyi)

By Phyomyatsoe

257K 49.2K 791

bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ More

Into
Chapter(1+2)
Chapter(3+4)
Chapter (5+6)
Chapter (7+8)
Chapter (9+10)
Chapter (11+12)
Chapter (13+14)
Chapter(15+16)
Chapter(17+18)
Chapter(19+20)ဟေးရွမ်ရီမြို့ပြင်ထွက်သွားတယ်
Chapter(21+22)
Chapter(23+24)
Chapter(25+26)
Chapter(27+28)
Chapter(29+30)
Chapyer(31+32):ပြဇာတ်(2)
Chapter(33+34+35)
Chapter 36:ဒီဘဝမှာတော့သူ့ကိုယုံကြည်မယ်
Chapter38:ဝူပုဖန်
Chapter39:ဒီလိုပြောရအောင်မင်းအရှက်မရှိဘူးလား?
Chapter40:မှော်လက်နက်တွေလုပ်ဖို့ပစ္စည်းတွေကမလုံလောက်ဘူးလား?
Chapter41:သူတို့အားလုံးကိုမှော်လက်နက်တွေလုပ်ပေးရမယ်
Chapter42:မင်းရူးနေတာလား?
Chapter43:ကျွန်တော့်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(1)
Chapter44:ကျွန်တော်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(2)
Chapter45:မင်းကငါ့ကိုမတွန်းလှန်နဲ့
Chapter46:ကိုင်လို့လဲမကောင်းဘူး
Chapter47:စုန်းတွေရဲ့ရိုးရာပွဲတော်
Chapter48:ခင်ဗျားတတ်နိုင်ပါတယ်
Chapter49:နိမိတ်ဆိုး
Chapter50:သူကအိမ်ရှေ့စံမင်းသား
Chapter51:သူ့ရဲ့ကံတရားကပြောင်းလဲသွားတယ်
Chapter52:သူတို့တော့တိုင်ပတ်ပြီ(1)
Chapter53:သူတို့တော့တိုင်ပတ်ပြီ(2)
Chapter54:ဒါက...
Chapter55:မင်းကအမှားလုပ်တာဖြစ်မယ်
Chapter56:လူတွေကိုကစားမယ်
Chapter57:မင်းတို့အရမ်းလွန်သွားပြီ
Chapter58-မင်းတို့ကိုယ်မင်းတို့လူလို့ခေါ်နိုင်သေးလား?
Chapter59:သူကကောင်းချီးပေးခံရတာဘဲ(1)
Chapter60:သူကကောင်းချီးပေးခံရတာဘဲ(2)
Chapter61:ဒါဆိုသူပေါ့
Chapter62:အဲဒါကအကောင်ပေါက်တော့မယ်
Chapter63:ကလေးလေးထွက်လာပြီ(1)
Chapter64:ကလေးလေးထွက်လာပြီ(2)
Chapter65:မင်းကကိုယ့်ကိုလက်ထပ်ထားတာလေ
Chapter66:ကလေးကကြီးတာအရမ်းမြန်တယ်
Chapter67:သူတို့ကရိုက်ခံရတယ်
Chapter68:သူကမွန်းစတားလေးဘဲ
Chapter(69)လင်းမိုဟန်
Chapter70:အပ်မှာအပ်ချည်ကိုထိုးမယ်(1)
Chapter(71+72)
Chapter73
Chapter74
Chapter(75+76)
Chapter(77-78)
Chapter79
Chapter:80
Chapter81:သူကကြင်နာတတ်တယ်(1)
Chapter:82
Chapter:83
Chapter:84
Chapter85
Chapter86
Chapter87
Chapter88
Chapter(89+90)
Chapter91
Chapter92
Chapter93
Chapter94
Chapter95
Chapter96
Chapter(97)
Chapter(98+99)
Chapter(100)
Chapter(101+102)
Chapter(103+104)
Chapter(105+106)
Chapter(107+108)
Chapter(109)
Chapter(110)A+B
Chapter(111+112+113)
Chapter(114+115)
Chapter(116)
Chapter(117+118)
Chapter(119+120)
Chapter(121+122)
Chapter(123+124)
Chapter(125)
(126+127)
Chapter(128+129+130)
Chapter(131+132+133+134)
Chapter(135+136+137)
Chapter(138+139+140)
Chapter(141+142+143)
Chapter(144+145)
Chapter(146+147+148)
Chapter(149+150+151+152)
Chapter(153+154+155+156+157)
Chapter(158 to 160)
Chapter(161 to 163)
Chapter(164 +165)
Chapter(166+167)
Chapter(168+169+170)
Chapter(171+172+173)
Chapter(174+175)
Chapter(176+177)
Chapter(178+179)
Chapter(180+181)
Chapter(182+183)
Chapter(184 +185)
Chapter(186+187)
Chapter(188+189)
Chapter(190+191)
Chapter(192+193+194)
Chapter(195+196+197)
Chapter(198+199+200)
Chapter(201-203)
Chapter(204+205)
Chapter(206-208)
Ch(209+210)
211-212
213-214
215-216
217-219
220+221
222-223
224+225
226-228
229+230
231+232
233-235
236-238
239-240
241-242
243-245
246-247
248-250
251-253
254-256
257-258
259-261
262-264
265-267
268-271
272-274
275-277
278-280
281-282
283+285
286-287
288-290
291-292
293-295
296-297
298-299
Ch(300-301)
302-303
304-305
306-308
309-310
311-313
314-316
317-318
319-320
321-322
323-324
325-326
327-328
Ch(329-330)
331-332
333-334
335-336
337-338
339-341
342-343
344-345
346-347
348-349
350-351
352-353
356-357
358-359
360-361
Hi

354-355

133 36 0
By Phyomyatsoe

Chapter(354)
ခင်ဗျား ကျွန်တော်တို့သားကို ခြောက်လန့်နေတာဘဲ(1)

ကျင်းရှင်က ဥကလေးဝတ်ဆင်ထားတဲ့ ခြူလုံးလေးတွေအားလုံးကိုဟဖယ်ရှားလိုက်ပြီး သူက ဥကလေးနှင့်ကွတ်ခူးကို အနောက်တံခါးကနေ ခေါ်ထုတ်သွားပြီး ထွက်သွားလိုက်တယ်။သူတို့က ဟေးအိမ်တော်၏အစောင့်တွေကို ပထုတ်ပြီး အိမ်တော်အပြင်ဘက်ကို ထွက်လာပြီး အင်ပါယာနန်းတော်ကို သွားလိုက်တယ်။သူတို့က အပြင်ဘက်ဝင်ပေါက်ကို ဖြတ်ကျော်ပြီးတဲ့ အချိန်မှာတော့ သူတို့က ထောင့်တစ်နေရာမှာ ပုန်းနေဖို့ ရွေးချယ်လိုက်တယ်။ကျင်းရှင်၏စွမ်းအားက ကန့်သက်ချက်ရှိတာကြောင့် သူက ကလေးတစ်ယောက်နှင့်အတူ ဒုတိယဝင်ပေါက်ကို မဖြတ်ကျော်နိုင်ဘူး။သူက အတွင်းဘက်ကို ညွှန်ပြပြီး ပြောလိုက်တယ်"အဲဒီထဲမှာ မင်းဖေဖေကို ကုသပေးနိုင်တဲ့ အသက်ရှည်ဆေးပြားတွေရှိတယ်။မင်း အဲဒါကို သွားခိုးလိုက်"

"အဲဒီနေရာက အကြီးကြီးဘဲ။သားက ဘယ်ကနေ စရှာရမှာလဲ"ဥကလေးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။

"အချိန်ပိုယူပေါ့"

"အသက်ရှည်ဆေးပြားက ဘာနဲ့တူလဲ?"ဥကလေးက မေးလိုက်တယ်။

"ငါလည်း မသိဘူး"သူက နောက်ပိုင်းမှာ ပျင်းနေပြီး ဥကလေးကိုကြည့်ရလည်း ပျင်းနေပုံပေါ်တာကြောင့် သူက ဥကလေးကို အပြင်ကိုခိုးထုတ်လာတာဖြစ်တယ်။

ဒါ့ကြောင့် သူက ဥကလေးကို အပြင်မှာပျော်စရာရှာဖို့ ခေါ်လာခဲ့တာဖြစ်တယ်။သူက ဟေးရွမ်ရီကို ကုသဖို့ အသက်ရှည်ဆေးရှာဖို့လာတာမဟုတ်ဘူး။အဆုံးမှာတော့ သူက ဟေးရွမ်ရီရဲ့ဒဏ်ရာကိုလည်း မစိုးရိမ်ပါဘူး။

"သားက အထဲကို ဘယ်လိုဝင်ရမလဲ?"ဥကလေးက မေးလိုက်တယ်။

ကျင်းရှင်က ဥကလေးကို မျင်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်တယ်"မင်းက မင်းဘာသာလုပ်ရမယ်လေ။တကယ်လို့ မင်းက ဒီလိုကိစ္စသေးသေးလေးကိုတောင်မလုပ်နိုင်ရင် မင်းက ဘယ်လိုလုပ်ပြီး မင်းမိဘတွေရဲ့သားလိမ္မာလေးဖြစ်မှာလဲ?မင်းက နေမဝင်ခင်မှာ အပြင်ထွက်လာပြီး ငါ့ကိုဒီမှာ လာရှာရမယ်ဆိုတာ မှတ်ထားပါ"

"သားသိပြီ"

ဥကလေးက အတွင်းထဲကို ကြည့်လိုက်ပြီး နှုတ်ခမ်းဆူလိုက်တယ်။

အပြင်ဝင်ပေါက်ကနေ အတွင်းဝင်ပေါက်ထဲကို ဝင်တဲ့သူတိုင်းက သူတို့ရဲ့မြင်းတွေ လှည်းအိမ်တွေပေါ်က ဆင်းပြီး ခွင့်ပြုချက်ရပြီးမှသာလျှင် အတွင်းထဲကို လမ်းလျှောက်ပြီးဝင်နိုင်တယ်။သူတို့ရဲ့မြင်းတွေ လှည်းအိမ်တွေကိုတော့ သတ်မှတ်ထားတဲ့နေရာမှာဘဲ ထားခဲ့ရတယ်။

သူက ရထားလုံးထဲကနေ ကောင်းမွန်စွာ ဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်နှင့် ကလေးသုံးယောက်ကို မြင်တဲ့အချိန်မာတော့ အစီအစဉ်ရသွားတယ်။သူက လျှင်မြန်စွာ တွားသွားလိုက်ပြီး ရထားလုံးနောက်ကနေ အမျိုးသမီးနောက်ကို သွားပူးပေါင်းလိုက်ပြီး ခေါင်းငုံ့လိုက်ပြီး ဒုတိယဝင်ပေါက်ကို လိုက်သွားလိုက်တယ်။

တံခါးစောင့်က အမျိုးသမီးနှင့် သူမနောက်က ကလေးလေးယောက်ကို ကြည့်လိုက်ပြီး ပြောလိုက်တယ်"ကျွန်တော်ကို ဖြတ်သန်းခွင့်ကတ်ကိုပြပါ"

အမျိုးသမီးက သူမရဲ့ဧကရီဖြတ်သန်းခွင့်ကတ်ကို ပြလိုက်တယ်။

တံခါးစောင့်က ကတ်ကို စစ်ဆေးပြီးတာနှင့် သူတို့ကို ဝသ်ခွင့်ပြုလိုက်တယ်။

ကျင်းရှင်က ဥကလေးက ဒုတိယဝသ်ပေါက်ကို အလွယ်တကူဝင်သွားတာကို ကြည့်လိုက်ပြီး ပြုံးပြီးပြောလိုက်တယ်"သူက တကယ်ကိုဉာဏ်ကောင်းတာဘဲ။အတိအကျကို သုံး-ခုနှစ်ကျောက်တုံးက ဖြစ်ပေါ်လာတဲ့ ကလေးဘဲလေ"

ဥကလေးက အတွင်းနန်းတော်ထဲကို ရောက်တဲ့အချိန်မှာတော့ အမျိုးသမီးနှင့်ခပ်ခွာခွာ လိုက်လာတယ်။

အမျိုးသမီးနှင့်အတူလိုက်လာတဲ့ အကြီးဆုံးကလောက မကြာခင်မှာတော့ ဥကလေးကို သတိထားမိလိုက်ပြီး"မယ်တော် အဲဒီကလေးက သားတို့နောက် လိုက်နေတယ်"

အမျိုးသမီးက လှည့်ကြည့်လိုက်တော့ အသက်ရှူမှားလောက်အောင် လှပတဲ့ ကလေးလေးကို တွေ့သွားပြီး"ဘယ်လောက်တောင် လှလိုက်တဲ့ ကလေးလဲ?"

သူမက ကလေးလေးဝတ်ဆင်ထားတဲ့ မင်းသားတွေသာ ဝတ်ဆင်နိုင်တဲ့ အထူးကောင်းမွန်တဲ့အသားနှင့်ချုပ်ထားတဲ့ အဝတ်စားတွေကို အကြည့်ရောက်သွားတယ်။ဒါပေမဲ့ သူမက မင်းသားတွေအားလုံးကို မြင်ဖူးတာကြောင့် ဒီကလေးက မင်းသားမဟုတ်ဘူးဆိုတာ သေချာတယ်။ဒါ့ကြောင့် သူမက ဒီကလေးက ရုံးတော်အရာရှိသား ဒါမှမဟုတ် ကိုယ်လုပ်တော်တွေရဲ့ဆွေမျိုးဖြစ်လိမ့်မယ်လို့ ခန့်မှန်းလိုက်တယ်။

"ကောင်းသော နေ့ပါ"ဥကလေးက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်တယ်။

အမျိုးသမီးက ဥကလေးရဲ့အပြုအမူကောင်းကို သဘောကျသွားပြီး သူမက ရှေ့တက်လာပြီး ဥကလေးနှင့်အရပ်တူအောင် ဒူးထောက်လိုက်ပြီး"ကလေး မင်းရဲ့မိဘတွေက ဘယ်သူလဲဆိုတာ  သိလို့ရမလား?"

ဥကလေးက သူမကို ဘာမှပြန်မဖြေပါဘူး။

အမျိုးသမီးက ဥကလေးက သူမပြောတာကို နားမလည်ဘူးလို့ ထင်လိုက်ပြီး"ကလေးက လမ်းပျောက်နေတာလား?"

"သားက သားရဲ့ဖေဖေကို ကယ်ဖို့ ဆေးရှာဖို့လာတာ"ဥကလေးက ပြောလိုက်တယ်။

"သားက အင်ပါယာသမားတော်ကို ရှာမလို့လား?"

ဥကလေးက ခေါင်းငြိမ့်လိုက်တယ်။

"မင်းကိ အဲဒီနေရာကို ခေါ်ဖို့ တစ်ယောက်ယောက်ကို ခေါ်သွားစေချင်လား?"

"သားက သာဘာသာ သွားလို့ရတယ်"ဥကလေးက သူ့ကို ဖမ်းမိသွားမှာ ကြောက်တာကြောင့် ခေါင်းခါလိုက်တယ်။

"အင်ပါယာ ဆေးကုခန်းက အဲဒီဘက်မှာရှိတယ်"အမျိုးသမီးနှင့်အတူ ပါလာတဲ့ အကြီးဆုံးကလေးက မြောက်ဘက်ကို ညွှန်ပြလိုက်တယ်။

"ကျေးဇူးတင်ပါတယ် အကိုကြီး"ဥကလေးက ချက်ချင်းဘဲ ပြေးသွားလိုက်တယ်။

အမျိုးသမီးက ဥကလေးက သူ့ခြေထောက်တိုတိုလေးတွေနှင့် ခက်ခက်ခဲခဲ ပြေးသွားတာကို ကြည့်ပြီး သဘောကျစွာ ရယ်မောလိုက်တယ်။ဒါပေမဲ့ ခဏလောက်ကြာတော့ သူမသား ညွှန်ပြလိုက်တဲ့နေရာက အင်ပါယာဆေးကုခန်းမဟုတ်ဘဲ ဧကရာဇ်နေထိုင်ရာ နေရာဆိုတာ နားလည်လိုက်တယ်။သူမက စိတ်လှုပ်ရှားသွားပြီး ကလေးကို ပြန်လာဖို့ ခေါ်ဖို့ လုပ်လိုက်ပေမဲ့ နောက်ဆုံးမှာတော့ တစ်စုံတစ်ခုကို တွေးမိပြီးမလုပ်တော့ဘူး။

သူက ကလေးလေးတစ်ယောက်ဘဲ။အဆင့်မြင့်အရာရှိတွေက ဒီကလေးကို တွေ့တဲ့အချိန်မှာ ဘာမှလုပ်မှာ မဟုတ်ဘူး။သူတို့က သူ့ကို အိမ်ပြန်ပို့ပေးလိမ့်မယ်။ဒါ့ကြောင့် သူမက ဒီအကြောင်းကို စိုးရိမ်စရာ မလိုအပ်ဘူး။

ဥကလေးက မြောက်ဘက်လမ်းအတိုင်း ပြေးလာခဲ့ပြီးနောက်မှာတော့ သူက လမ်းပေါ်က ဘေးကို ဆင်းလိုက်တယ်။သူက တံတိုင်းပေါ်ကိုဟကျော်တက်လိုက်ပြီးတဲ့ နောက်မှာတော့ ခြံဝင်းကျယ်တစ်ခုကို ရောက်သွားတယ်။သူပ အဆင့်မြင့်အရာရှိတွေ မိန်းမစိုးတွေ တော်ဝင်မိန်းမစေတွေကို ဖြတ်ကျော်ပြီးတဲ့ ခန်းမတစ်ခုရဲ့ဝင်ပေါက်ကို ရောက်သွားတယ်။သူက ခန်းမရဲ့ဆိုင်းပုဒ်ကို မော့ကြည့်လိုက်ပြီး စကားလုံးတွေကိုရေတွက်လိုက်တယ်။

"ဟုတ်ပြီ သုံးလုံးဘဲ"

ဆိုင်းပုဒ်ပေါ်မှာ စကားလုံးသုံးလုံးရှိနေပြီး ဒါက အင်ပါယာဆေးကုခန်းဘဲဖြစ်လိမ့်မယ်။ဒါ့ကြောင့် သူက အခု အင်ပါယာဆေးကုခန်းကို ရောက်ပြီ။

ဥကလေးက စကားလုံးတွေကို မသင်ယူရသေးဘူး။ဒါပေမဲ့ သူက ဒီနေရာက အကြီးဆုံးကလေးညွှန်ပြလိုက်တဲ့ နေရာဆိုတာသေချာတယ်။

သူက အနီးအနားကို ကြည့်လိုက်တော့ တစ်ယောက်မှမတွေ့ဘူး။သူက ခန်းမရဲ့အနောက်ကို ခိုးကြောင်ခိုးဝှက်သွားပြီးပြတင်းပေါက်ကိုဖွင့်လိုက်ပြီး အတွင်းထဲကို ခုန်ဝင်လိုက်တယ်။ခန်းမက ကြီးကျယ်ခမ်ူနားပြီး ဇိပ်ခံပစ္စည်းတွေရှိနေတယ်။အခန်းထဲက နေရာတိုင်းမှာ သာအုပ်စင်တွေရှိနေပြီး များပြားလှတဲ့ စာအုပ်တွေရှိတယ်။ဒီနေရာက အသက်ရှည်ဆေးရှိမဲ့ပုံမပေါ်ဘူး။

ဥကလေးက နဂါးနှစ်ကောင်ပုံပန်းပုထုထားသည့် ထိုင်ခုံပေါ်တက်လိုက်ပြီး စားပွဲပေါ်က စာအုပ်တွေကိုဖယ်ပြီး ရှာလိုက်ပေမဲ့ အသက်ရှည်ဆေးတစ်ပုလင်းကို တောင်မတွေ့ဘူး။အဲဒီနောက်မှာတော့ သူက ထိုင်ခုံပေါ်က ဆင်းလိုက်ပြီး တစ်စုံတစ်ယောက်၏ဟောက်သံထွက်ပေါ်နေတဲ့ အတွင်းခန်းထဲကို ဝင်လာခဲ့တယ်။

သိချင်စိတ်ပြင်းပြစွာနှင့် ဥကလေးက ကုတင်ဘေးကို ကပ်သွားပြီး ထွင်းဖောက်မြင်ရတဲ့ လိုက်ကာကနေ ကြည့်လိုက်တယ်။အိပ်ရာပေါ်မှာတော့ လူတစ်ယောက်က အိပ်ပျော်နေတယ်။

"ဟင်း...."အဲဒီလူက သက်သောင့်သက်သာ မဖြစ်တာကြောင့် လှည့်လာပြီး ဒါက ဥကလေးကို ကြောက်လန့်စေတာကြောင့် သူက စားပွဲအောက်ကို ဝင်ပုန်းလိုက်တယ်။

အိပ်ရာပေါ်က လူက မအိပ်တော့ဘဲ ထလာတယ်။သူက ဖိနပ်စီးလိုက်ပြီး ဝတ်ရုံကို ချွတ်လိုက်ပြီး သူ့ရဲ့ရှည်လျားသည့် ဆံပင်တွေကို လည်ပင်းအရှေ့ကို ဆွဲယူလိုက်တယ်။သူက မှန်တင်ခုံရှေ့ကို သွားလိုက်ပြီး သတ္ထုစပ်မှန်တစ်ခုကို ရှေ့မှာထားပြီး တစ်ခုကိုတော့ လည်ပင်းနားမှာ ထားလိုက်ပြီး ကြည့်လိုက်တယ်။

------------------
Chapter(355)
ခင်ဗျား ကျွန်တော်တို့သားကို ခြောက်လန့်နေတာဘဲ(2)

မှန်ထဲမှာတော့ အနက်ရောင်ပန်းဖူးက သူ့ရဲ့လည်ပင်းပေါ်မှာ ရှိနေတယ်။သူက ဒေါသတကြီးနှင့် စားပွဲပေါ်က မှန်ကို ပစ်ပေါက်လိုက်တယ်။

အသံကိုကြားလိုက်ရတဲ့ အပြင်ဘက်မှာ စောင့်နေတဲ့ မိန်းမစိုးက အထဲကို ဝင်လာပြီး ပြောလိုက်တယ်"ခစားလျက်ပါ အရှင်မင်းကြီး"

"ထွက်သွား"ဧကရာဇ်က အေးစက်စွာ ပြောလိုက်တယ်။

မိန်းမစိုးက ဧကရာဇ်က ထပ်ပြီး ဒေါသမထွက်လာခင် မြန်မြန်လေး ထွက်သွားလိုက်တယ်။

ဧကရာဇ်က မှန်ထဲကို ကြည့်လိုက်ပြီး ပြောလိုက်တယ်"မင်းတို့အားလုံးက ကိုယ်တော့်ကို သေစေချင်နေကြတာဘဲ"

သူက မတ်တပ်ရပ်လိုက်ပြီး အံ့ဆွဲထဲက လေးထောင့်ပုံသေတ္တာကိုဟထုတ်ယူလိုက်တယ်။သူက သေတ္တာရဲ့မျက်နှာပြင်ကို ပြင်းပြင်းထန်ထန်စူးစိုက်ကြည့်လိုက်ပြီး သူ့လက်တွေက တုန်ရီစွာ ထိတွေ့လိုက်တယ်။

ဧကရာဇ်က အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး သေတ္တာကို အံ့ဆွဲထဲကို ပြန်ထည့်ထားလိုက်တယ်။

"ကိုယ်တော် ဝတ်ရုံတော်လဲဖို့ လုပ်ပေး"

မိန်းမစိုးက ဒီအမိန့်ကြောင့် အထဲကို ဝင်လာခဲ့တယ်။

ဧကရာဇ်က အဝတ်စားလဲပြီးတာနှင့် အခန်းထဲက ထွက်သွားလိုက်တယ်။

ဥကလေးက ခန်းမထဲမှာ ဘယ်သူ့မှမရှိတော့တာကြောင့် စားပွဲအောက်ကနေတွားသွားပြီး အပြင်ထွက်လာတယ်။သူက ဧကရာဇ်ကြည့်သွာူတဲ့ အံဆွဲထဲက သေတ္တာကို ထုတ်ယူလိုက်တယ်။သူက သေတ္တာကိုဟဖွင့်ကြည့်လိုက်တော့ အထဲမှာ အဝါရောင်စာလိပ်တစ်ခုကို တွေ့လိုက်ရတယ်။

သူက စာလိပ်ကို ထုတ်ယူပြီး စစ်ဆေးလိုက်ပေမဲ့ သေတ္တာထဲမှာ သူက အသက်ရှည်ဆေးပြားကို မတွေ့ပါဘူး။

သူက စိတ်ပျက်စွာ နှုတ်ခမ်းဆူလိုက်တယ်။အဲဒီအချိန်မှာ သူ့ဗိုက်က အသံမြည်လာတယ်။သူက ဗိုက်ဆာနေပြီ။

သူက စားပွဲပေါ်က ပန်းကန်ပြားတွေပေါ်က ဒင်းစမ်းမုန့်တွေကို တွေ့လိုက်ရတာကြောင့် သေတ္တာနှင့် စာလိပ်ကို ပစ်ထားလိုက်ပြီး စားပွဲနားကို သွားလိုက်ပြီး ကိတ်မုန့်သေးသေးလေးကို သူ့လက်တွေနှင့် ယူလိုက်ပြီး စားကြည့်လိုက်တယ်။

"အရမ်းအရသာရှိတာဘဲ"ဥကလေးရဲ့မျက်ဝန်းတွေက တောက်ပသွားတယ်။သူက အခြားမုန့်တစ်ခုကိုလည်း ယူစားလိုက်တယ်။ဒါပေမဲ့ သူက အများကြီးစားလို့မရဘူး။ဘာကြောင့်လဲဆိုတော့ တကယ်လို့ သူက ညစာမစားဘူးဆိုရင် ပါးပါးက သူ့ကို အပြစ်ပေးပြီး ကိတ်မုန့်တွေမစားဖို့ တားမြစ်လိမ့်မယ်။ဒါပေမဲ့ သူက ဒင်းစမ်းမုန့်တွေကို လိုချင်တယ်။

ဥကလေးက သူ့ခါးက အိတ်ကို ကြည့်လိုက်တော့ မှော်လက်နက်တွေနှင့်ပြည့်နေပြီး ဒင်းစမ်းမုန့်အတွက် နေရာလွတ်မရှိဘူး။

သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အောက်မှာကျနေတဲ့ စာလိပ်ပေါ်ကို သူ့မျက်လုံးတွေက ရောက်သွားတယ်။အဟင်း....

ဥကလေးက စိတ်ကူးတစ်ခုရသွားတယ်။သူက စာလိပ်ကို ကောက်ယူလိုက်ပြီး စားပွဲပေါ်မှာ တင်လိုက်ပြီး မုန့်တွေကို စာလိပ်ပေါ်မှာတင်လိုက်ပြီး မုန့်တွေကို ထုတ်လိုက်တယ်။အဲဒီနောက်မှာတော့ သူက ခန်းမထဲကနေ မုန့်စားရင်း ထွက်လာခဲ့တယ်။

သူက ရုတ်တရက် သေတ္တာကို သူ့နေရာကို ပြန်မထားရသေးဘူးဆိုတာ သတိရသွားတာကြောင့် ခန်းမထဲကို ပြန်ပြေးခဲ့ပြီး သေတ္တာကို အံ့ဆွဲထဲကို ပြန်ထည့်လိုက်တယ်။အဲဒီနောက်မှာတော့ ကိတ်မုန့်တွေထည့်ထားတဲ့ အထုတ်ကို သူ့လက်မောင်းထဲမှာထည့်ပြီး ခန်းမအပြင်ကို ထွက်လာခဲ့တယ်။

သူက ကောင်းကင်ကို မော့ကြည့်လိုက်တော့ နေဝင်တော့မှာကိုတွေ့လိုက်ရတယ်။

သူက ဒုတိယဝင်ပေါင်ကို အမျိုးသမီးနှင့်ကလေးတွေကို တွေ့လိုက်ရတာကြောင့် အရင်နည်းအတိုင်း အပြင်ပြန်ထွက်ခဲ့တယ်။

"ကလေး မင်း အင်ပါယာဆေးကုခန်းကိုတွေ့ခဲ့လား?"အမျိုးသမီးက မေးလိုက်တယ်။

"မတွေ့ဘူး"ဥကလေးက ခေါင်းခါလိုက်တယ်။

အမျိုးသမီးက ဥကလေးလက်မောင်းထဲက စာတွေရေးသားထားတဲ့ အရာကို တွေ့လိုက်ရတာကြောင့် မေးလိုက်တယ်"မင်းလက်မောင်းထဲက ဘာလဲ?"

ဥကလေးက အမျိုးသမီးက သူခိုးထားတာကိုဖမ်းမိသွားမှာ ကြောက်တာကြောင့် နှုတ်ဆက်လိုက်ပြီး ကျင်းရှင်နှင့် ဆုံမယ့်နေရာကိုဟအမြန်ပြေးခဲ့တယ်။

ကျင်းရှင်ရဲ့အေးစက်နေတဲ့ မျက်နှာက ဥကလေးကို မြင်လိုက်တဲ့အချိန်မှ သူက စိတ်သက်သာရာရသွားတယ်။

"မင်းလက်ထဲက ဘာလဲ?"

"ဒင်းစမ်းမုန့်"ဥကလေးက ပျော်ရွှင်စွာ ပြုံးပြီးဖြေလိုက်တယ်။

"မင်းက အသက်ရှည်ဆေးရှာဖို့ သွားတာ မဟုတ်ဘူးလား?"ကျင်းရှင်က မေးလိုက်တယ်။

"သားက ရှာမတွေ့ဘူး"

"မေ့လိုက်တော့ အိမ်ပြန်ရအောင်။ဝူရုန်က မင်းကို စိုးရိမ်နေလောက်ပြီ"

"ပါးပါးက သိတာလား?"ဥကလေးက တုန်လှုပ်သွားတယ်။

"မင်းရဲ့အဖေက ဟေးအိမ်တော်ကို ကာကွယ်ဖို့ အစီအရင်လုပ်ထားတာလေ။သူက အိမ်တော်ထဲကို ဘယ်သူဝင်တယ် ထွက်တယ်ဆိုတာ သိတာပေါ့"ကျင်းရှင်က နှာခေါင်းရှုံ့လိုက်တယ်။

ဥကလေးက မျက်မှောင်ကြုတ်လိုက်ပြီး"ဖေဖေက သားကို စိတ်ဆိုးမယ်လို့ထင်လား?"

"သူ စိတ်ဆိုးမှာလဲ။ဒါ့ကြောင့် မင်းက အိမ်ပြန်ရောက်တဲ့အခါ မင်းရဲ့ပါးပါးကို စကားချိုချိုလေး ပြောဖို့လိုတယ်။ဒါဆို မင်းရဲ့အဖေက စိတ်ဆိုးတော့မှာ မဟုတ်ဘူး"ကျင်းရှင်က ဥကလေးကို ကောက်ချီလိုက်ပြီး ကွတ်ခူးရဲ့ကျောပေါ်ကို တက်လိုက်ပြီး ပြောလိုက်တယ်"သွားကြစို့"

သူတို့က ဟေးအိမ်တော်ကို ပျံသန်းပြီး ပြန်လာခဲ့တယ်။သူတို့က သူတို့ရဲ့ခြံဝင်းထဲကို ဝင်ပြီး မကြာခင်မှာတော့ ပွဲကြည့်စင်မှာ ထိုင်နျေဲ့ ဟေးရွမ်ရီနှင့် ဝူရုန်ကို တွေ့လိုက်ရတယ်။ဟေးရွမ်ရီက တည်ကြည်လေးနက်နေပုံပေါ်နေပြီး ဝူရုန်က စိုးရိမ်နေတယ်။

ဥကလေးက အပြစ်ရှိသလို ခံစားရတယ်။ဒါပေမဲ့ သူက ကျင်းရှင်အကြံပေးတာကို သတိရသွားတော့ သူ့ကိုယ်သူ ဝူရုန်ရဲ့လက်မောင်းထဲကို ပစ်ဝင်လိုက်ပြီး"ပါးပါး ပါးပါး သားတို့ပြန်လာပြီ"

ဝူရုန်က သူ့ကို ပွေ့ချီလိုက်ပြီး မေးလိုက်တယ်"သားတို့ ဘယ်သွားတာလဲ?လူဆိုးတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ?"

"ကျင်းရှင်နဲ့သားက ကိတ်မုန့်သွားဝယ်တာ"ဥကလေးက ဝူရုန်ကို ကိတ်မုန့်ထုပ်ကို ပေးလိုက်တယ်။

ဝူရုန်က ကိတ်မုန့်ကို ယူလိုက်ပြီး ပြောလိုက်တယ်"ကျေးဇူးတင်ဘဲ"

ဥကလေးက အခြားကလေးတွေနှင့် အတူမကစားရတာကို မပြောရင်တောင် ဥကလေးက အိမ်ထဲမှာလအနည်းငယ်လောက်နေခဲ့ရတာကြောင့် အရမ်းကိုပျင်းနေမယ်ဆိုတာ တွေးမိတာကြောင့် ဝူရုန်က စိတ်မျကာင်းဖြစ်မိတယ်။ဒါ့ကြောင့် သူက ဥကလေးက ဒီတစ်ကြိမ်အပြင်ထွက်လည်တာကို အပြစ်မတင်ဖို့ ဆုံးဖြတ်လိုက်တယ်။

"ပါးပါး နည်းနည်းစားကြည့် အရမ်းအရသာရှိတယ်"

"အင်း"ဝူရုန်က ကိတ်မုန့်ထုတ်ကို ဖွင့်လိုက်တယ်။ဒီထဲမှာတော့ ကိတ်မုန့် အမျိုးမျိုးရှိနေတယ်။ဝူရုန်က ကိတ်မုန့်တစ်ခုကို ယူစားလိုက်ပြီး"အရမ်းအရသာရှိတယ်"

သူက နောက်ထပ်ကိတ်မုန့်တစ်ခုကို ယူလိုက်ပြီး ဟေးရွမ်ရီကို ကျွေးလိုက်ပြီး"ရွမ်ရီ အရသာခံကြည့်"

"ဖေဖေ အရသာရှိလား?"ဥကလေးက ဂရုတစိုင်နှင့်မေးလိုက်တယ်။

ဟေးရွမ်ရီက ဥကလေးကို အေးစက်စက် ကြည့်လိုက်တယ်။

"ခင်ဗျားက ကျွန်တော်တို့သားကို ခြောက်လန့်စေတာဘဲ"ဝူရုန်က သူ့ကို တစ်ချက် စိုက်ကြည့်လိုက်တယ်။

"....."ဟေးရွမ်ရီ

သူ့ကိုဘယ်သူက ဥကလေးပြန်လာရင် သင်ခန်းစာပေးရမယ်လို့ ပြောတာလဲ?

"ခင်ဗျားကို ဥကလေးက အရသာရှိလားလို့ မေးနေတယ်လေ"

"အရသာရှိတယ်"ဟေးရွမ်ရီက ဖြေလိုက်တယ်။

တကယ်ကိုဘဲ ခိုးစားတဲ့ဟာက အရာသာပိုရှိတယ်လေ။

ဝူရုန်က ကိတ်မုန့်နောက်တစ်ခုကို စားလိုက်ပြီး မေးလိုက်တယ်"သားတို့က ဒီကိတ်မုန့်တွေကို ဘယ်ကနေ ဝယ်ခဲ့တာလဲ?"

"......."ကျင်းရှင်

သူက ဥကလေးက အင်ပါယာနန်းတော်ထဲက ဒါတွေကို ခိုးခဲ့တယ်ဆိုတာ သူတို့ကို ပြောပြသင့်လား?

ဥကလေးက အပြစ်ရှိတယ်လို့ ခံစားရတာကြောင့် ကိတ်မုန့်ကို သူ့ပါးစပ်ထဲသွပ်ထည့်လိုက်ပြီး ဝူရုန် ပြောတာကို မကြားသလိုဟန်ဆောင်လိုက်တယ်။

ဟေးရွမ်ရီက ကိတ်မုန့်ထုတ်ထားတဲ့ အဝါရောင်ပိတ်စရဲ့အစွန်းနှစ်ဖက်က ကျောက်စိမ်းနှစ်ခုကို ကြည့်ပြီး သူ့မျက်ခုံးတွေက မြင့်တက်သွားတယ်။ဒါက အတိအကျကို မုန့်ထုတ်တဲ့ အရာမဟုတ်ဘူး။

သူက ကိတ်မုန့်မရှိတဲ့ ပိတ်စရဲအလယ်က ရွှေရောင်အမောက်ငါးခုနှင့် နဂါးနှစ်ကောင်ပုံကြားထဲက"အင်ပါယာအမိန့်တော်"ဆိုသည့် စကားနှစ်လုံးကို တွေ့လိုက်ရတယ်။

-------------------
paid gpဝင်လို့ရပြီနော်။

Continue Reading

You'll Also Like

1M 84.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
821K 120K 137
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
226K 5.6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
581K 57.4K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...