Unicode
အန်းရန်၏morning kiss
___________________
တခြားသူတွေအကုန်လုံးလည်း ပါးစပ်အုပ်ပြီးခိုးရယ်ကြလေတယ်။
ရှန်ရှင်းဆွေ့ရဲ့မျက်လုံးအောက်မှာလည်း ထိန်းမရစွာနဲ့အပြုံးလေး ထွက်ပေါ်လာရတယ်။ ဒါကလည်းအန်းရန်ကို စိတ်အနှောက်အယှက်ဖြစ်နေစေခဲ့တယ်။
ဒါပေမဲ့ကံကောင်းစွာပဲ ဒါကခဏတာပဲဖြစ်ပြီး မြန်မြန်ဆန်ဆန်ပဲ အရှေ့မှာရိုက်ကူးရေးအဖွဲ့ရဲ့ ဝန်ထမ်းလေးနဲ့တွေ့လိုက်ရတယ်။ သူက "အားလုံးကဒီမြို့ငယ်လေးအပေါ် မရင်းနှီးကြသေးတာမလို့ ကျွန်တော်တို့အကြံပြုထားတဲ့အလုပ်တွေရှိပါတယ် ဒီအလုပ်တွေကမကြာခင်ကပဲလူခေါ်နေတာပါ တကယ်လို့ဆန္ဒရှိတယ်ဆိုရင် မင်းတို့သွားလုပ်လို့ရပါတယ်"
စားသောက်ဆိုင်
စာအုပ်ဆိုင်
အိမ်တော်ကြီး
စျေးသည်
သန့်ရှင်းရေး
အားလုံးရပ်နေကြပြီး ကတ်ပေါ်ကနေရာ၄ခုကိုကြည့်နေကြတယ်။ အလုပ်မျိုးစုံလုပ်ရမှာဖြစ်နိုင်ပေမဲ့ ကြည့်ရတာစိတ်ဝင်စားစရာကောင်းလှတယ်။
ထူရာကအရင်မေးလေတယ် "ကျွန်မတစ်ခုမေးချင်လို့ ဒါကကျွန်မတို့ကြိုက်တာရွေးလို့ရတာလား?"
"မရပါဘူး" ဝန်ထမ်းကပြောတယ် "ဒါကမဲနှိုက်ဖို့လိုအပ်ပါတယ် ဘာလို့ဆို အားလုံးနားလည်ထားရမှာတစ်ခုက လူ့အဖွဲ့အစည်းနဲ့အလုပ်ဆိုတာက မင်းတို့ရွေးချယ်လို့မရဘူးဆိုတာပဲ ကံကြမ္မာရဲ့လမ်းညွှန်မှုအတိုင်းပဲလိုက်နာကြရမှာပါ"
"....."
မဲနှိုက်ရတာကို အနုပညာကောင်းတစ်ခုလို ပြောလိုက်တာပဲ။
ရှန်ရှင်းချန် အင်္ကျီလက်ကိုခေါက်တင်ရင်း ပြောလာတယ် "ကံဆိုလည်းကံပေါ့ ဘာအလုပ်ပဲဖြစ်ဖြစ် ငါကအဆင်ပြေတယ်"
သူကပထမဆုံးဦးဆောင်မဲနှိုက်တဲ့သူဖြစ်တယ်။ ရှေ့တစ်လှမ်းတိုးလိုက်ပြီး မဲနှိုက်လိုက်မိတဲ့အချိန်ပိုင်းအလုပ်နေရာက စျေးသည်ဖြစ်တယ်။ ပြီးနောက် တခြားသူတွေလည်း ဆက်ပြီးမဲနှိုက်လာလေတယ်။ လူတစ်စုမဲနှိုက်လို့ပြီးဆုံးသွားပြီးနောက် သူတို့နှိုက်မိလိုက်တဲ့နေရာတွေကို ဖွင့်ပြလာတယ်။
ရှန်ရှင်းဆွေ့ သူ့ရဲ့ကတ်ကိုဖွင့်ပြလိုက်ပြီး အသံတိုးတိုးနဲ့ "ကျွန်တော်ကစားသောက်ဆိုင်ကျတယ်"
အားလုံးအချင်းချင်းကြည့်လိုက်ကြပြီး ဘယ်သူကစားသောက်ဆိုင်ထပ်ဖြစ်မလဲဆိုတာ ခန့်မှန်းနေကြတယ်။
မလှမ်းမကမ်းရှိဖုကျင်းရှောင်းက သွယ်လျတဲ့လက်ချောင်းလေးတွေနဲ့ ကတ်ကိုဖွင့်လိုက်ရင်း ဖြည်းညှင်းစွာပြောလာတယ် "စားသောက်ဆိုင်"
အစကစားသောက်ဆိုင်ကိုနှိုက်မိတာ ဘာမှမဖြစ်ပေမဲ့ အခုဖုကျင်းရှောင်းနဲ့တစ်ဖွဲ့တည်းဆိုတော့ အားလုံးကရှန်ရှင်းဆွေ့ကို မနာလိုတဲ့မျက်ဝန်းတွေနဲ့ ကြည့်လာကြတော့တယ်။ ရှန်ရှင်းဆွေ့ကိုယ်တိုင်လည်း မယုံကြည်နိုင်ခဲ့ဘူး။ မျက်လုံးထဲမှာ ပျော်ရွှင်နေတဲ့အရိပ်အယောင်လေးတောင် ထွက်ပေါ်နေခဲ့တယ်။
နောက်ဆုံးအဖွဲ့ခွဲတာကလည်း မဲနှိုက်ခြင်းအရထွက်ပေါ်လာပြီဖြစ်တယ် :
ရှန်ရှင်းဆွေ့ နှင့် ဖုကျင်းရှောင်း -- စားသောက်ဆိုင်
ရှန်ရှင်းချန် နှင့် လီရွှိအန်း -- စျေးသည်
အန်းရန် နှင့် နင်ဇယ် -- အိမ်တော်ကြီး
ထူရာ နှင့် ရွှီချင်ခဲ့ -- စာအုပ်ဆိုင်
လီလောင်ရှီး နှင့် ဖုန်းဖန် -- သန့်ရှင်းရေး
ရှန်ရှင်းဆွေ့ကတ်ပေါ်က စားသောက်ဆိုင်ဆိုတာကိုကြည့်ရင်း သိချင်စိတ်အနည်းငယ်နဲ့ မေးလိုက်တယ် "ဒီစားသောက်ဆိုင်မှာ ဘာလုပ်ရမှာလဲ?"
ဖုကျင်းရှောင်းက "သွားလိုက်ရင်သိရပြီမဟုတ်လား"
'BrightStar'အစီအစဥ်က ပရိသတ်တွေကြည့်ရတာ အကြိုက်ဆုံးထဲကတစ်ခုဖြစ်စေတဲ့ ကြီးမားတဲ့ထူးခြားချက်တစ်ခုရှိတယ်။ အဲ့တာကတော့စစ်မှန်တာပဲ။ ကြိုတင်စီစဥ်ထားတဲ့ ဇာတ်လမ်းမရှိသလို ဖြတ်တောက်ထားတာတွေလည်းမရှိဘူး။ ဝန်ထမ်းတွေကအစ ဒါရိုက်တာအဆုံး ဘယ်သူမှအိုင်ဒေါတွေအပေါ်မှာ အထူးခံစားခွင့်မပေးကြဘူး။ အားလုံးကို ပြည်သူတွေရဲ့ဒုက္ခနဲ့အရသာတွေကို ကိုယ်တိုင်သွားပြီးခံစားစေတယ်။ ဒါကအစီအစဥ်ရဲ့သဘာဝဆန်မှုပဲ။
စားသောက်ဆိုင်ကို မြေပုံပေးထားတာမရှိလေဘူး။
ရှန်ရှင်းဆွေ့ကတ်ကိုကြည့်နေရင်း "ဘယ်စားသောက်ဆိုင်ဆိုတာ သူတို့ပြောမထားဘူး ကျွန်တော်တို့တစ်ဆိုင်ချင်းစီ လိုက်မေးရမလား?"
ဖုကျင်းရှောင်းက "ဒီကတ်ပေါ်ကစားသောက်ဆိုင်မှာ မက်မွန်ပွင့်အမှတ်အသားတစ်ခုရှိတယ် ကိုယ်တို့မနေ့ကစားခဲ့တဲ့ စားသောက်ဆိုင်ရဲ့အပြင်အဆင်ကလည်း မက်မွန်ပန်းကိုအဓိကထား,ထားတာပဲ ဒီမြို့ငယ်လေးမှာစုစုပေါင်း စားသောက်ဆိုင်၅ဆိုင်ပဲရှိတယ် အဲဒီထဲကမှအနီးဆုံးဖြစ်တဲ့စားသောက်ဆိုင်တွေကို မနေ့ကလမ်းကြုံဖြတ်သွားတုန်းက ရိုက်ကူးရေးအဖွဲ့ရဲ့အမှတ်အသား ချိတ်ထားတာမျိုးမတွေ့ရဘူး"
ရှန်ရှင်းဆွေ့အံ့အားသင့်သွားရတယ်။ ဖုကျင်းရှောင်းကို လေးစားတဲ့အကြည့်တွေနဲ့ကြည့်ရင်း "လောင်ရှီးမနေ့ကတည်းက သတိထားမိနေခဲ့တာလား?"
"လမ်းကြုံလို့နည်းနည်းလောက်ပိုကြည့်ခဲ့ရုံပါပဲ" ဖုကျင်းရှောင်းကတ်ကိုသိမ်းယူလိုက်ပြီး ပြုံးကာ "ပြီးတော့ဒါတွေက ချန်ထားလို့မရနိုင်တဲ့ကိစ္စမျိုး ဖြစ်နေနိုင်တယ်လေ"
......
အတွေ့အကြုံရင့်နေတဲ့ ရုပ်ရှင်ဧကရာဇ်ဖုနဲ့ယှဥ်ရင် ရှန်ရှင်းဆွေ့က မရင့်ကျက်သေးဘူးဆိုတာ သိသာလွန်းလှတယ်။
မြန်မြန်ဆန်ဆန်ပဲ သူတို့စားသောက်ဆိုင်ဆီ ရောက်သွားကြတော့တယ်။ စားသောက်ဆိုင်အောက်ထပ်က ဧည့်ကြိုကသူတို့နှစ်ယောက်ဝင်လာတာမြင်တော့ အံ့သြမသွားဘဲ မေးလာတယ် "နှစ်ယောက်သား ဒီမှာအလုပ်လာရှာကြတာလား?"
ရှန်ရှင်းဆွေ့ခေါင်းညိတ်လေတယ်။
စားပွဲထိုးလေးကလည်း သူတို့နှစ်ယောက်အပေါ် ကောင်းကောင်းဆက်ဆံလေတယ် "ဒါဆိုကျွန်တော်နဲ့လိုက်ခဲ့ကြပါ"
မနေ့ကတင် သူတို့ဒီစားသောက်ဆိုင်မှာ စားသောက်ခဲ့ကြပြီး ဒီနေ့တော့အလုပ်လာလုပ်ကြရတယ်။ လူ့ဘဝက အချိုးအကွေ့ပေါင်းများစွာနဲ့ တကယ်ပဲထူးဆန်းလှလေတယ်။
သူတို့ကိုနောက်ဖေးက မီးဖိုချောင်ဆီတိုက်ရိုက်ခေါ်သွားခဲ့တယ်။ ဒီနေရာမှာပိုလို့အလုပ်များနေကြပြီး ချက်ပြုတ်နေတဲ့စားဖိုမှူးတွေရှိကြသလို ပါဝင်ပစ္စည်းတွေ ရွေ့ပြောင်းနေကြတဲ့ သူတွေလည်းရှိကြတယ်။ စားပွဲထိုးလေးက သူတို့နှစ်ယောက်ကိုခေါ်ပြီး ဒီနေရာကိုပတ်ကာ အတွင်းအကျဆုံးနေရာဆီ ခေါ်ဆောင်လာခဲ့တယ်။ ထို့နောက် မီးခိုးရောင်တရုတ်ဝတ်စုံဝတ်ထားတဲ့ အဘိုးအိုတစ်ယောက်အရှေ့မှာ သူတို့ကိုမိတ်ဆက်ပေးလာတယ် "ဒါကဆရာကြီးကူယွင် မင်းတို့နှစ်ယောက်က ဒီနေ့ဆရာကြီးပြောတဲ့အတိုင်း လုပ်ဆောင်ပေးရမှာ"
ရှန်ရှင်းဆွေ့နဲ့ဖုကျင်းရှောင်းလည်း ခါးညွတ်ပြီးဂါရဝပြုကာ ဆရာကြီးကိုနှုတ်ဆက်လိုက်ကြတယ်။
ဆရာကူယွင်ကပြုံးလိုက်ကာ ရှေ့တစ်လှမ်းတိုးလာတယ်။ ရှန်ရှင်းဆွေ့ရဲ့လက်ကိုကိုင်လိုက်ပြီး ဂါဝရပြုစရာမလိုကြောင်းပြောလာလေတယ် "အားမနာပါနဲ့ အားမနာပါနဲ့ ကြိုဆိုပါတယ်နော်"
ရှန်ရှင်းဆွေ့ကဒီဆရာကြီးက ရင်းနှီးဖို့လွယ်လိမ့်မယ်လို့ မထင်မှတ်ထားမိလေဘူး။ သူလည်းပြန်ပြုံးပြလိုက်လေတယ်။
ဆရာကူယွင်က ရှန်ရှင်းဆွေ့လက်ကိုကိုင်ထားဆဲပဲဖြစ်ပြီး ဂရုတစိုက်နဲ့မေးလာခဲ့တယ် "တစ်လျှောက်လုံးလာခဲ့ရတာ ပင်ပန်းနေပြီလား?"
ရှန်ရှင်းဆွေ့ ".....မပင်ပန်းပါဘူး"
"ဒါဆိုကောင်းပြီး ဒါဆိုကောင်းပြီ" ဆရာကူယွင်က ထပ်မေးပြန်တယ် "ခဏလောက်နားဦးမလား?"
ရှန်ရှင်းဆွေ့အံ့အားသင့်သွားရတယ်။ အကျိုးခံစားခွင့်တွေ ဒီလောက်ရနေလိမ့်မယ်လို့ မထင်ထားမိလေဘူး။ ဒါပေမဲ့ အထူးအခွင့်အရေးတွေ မယူရဲတာကြောင့် ချက်ချင်းပဲခေါင်းခါလိုက်ပြီး "မလိုပါဘူး မလိုပါဘူး ကျွန်တော်တို့အလုပ်လုပ်ရရင်အဆင်ပြေပါပြီ"
ဆရာကူယွင်က အဲဒီတော့မှကလေးရဲ့လက်ကိုလွှတ်ပေးလိုက်တော့တယ်။
အစကနေအဆုံးထိ ရုပ်ရှင်ဧကရာဇ်ဖုအပေါ်လည်း ယဥ်ကျေးတယ်ဆိုပေမဲ့ ရှန်ရှင်းဆွေ့အပေါ်မှာတော့ အရမ်းစိတ်အားထက်သန်နေလေတယ်။ အထူးသဖြင့် ရှန်ရှင်းဆွေ့ခံစားမိတာက ဒီဆရာကြီးရဲ့ သူ့ကိုကြည့်နေတဲ့အကြည့်တွေက အရမ်းပဲ.....ကြင်နာနေသလားလို့?
"ဒီနေ့မင်းတို့နှစ်ယောက်က ဒီမှာအလုပ်လုပ်ရမှာ ဧည့်သည်တွေကိုဟင်းချက်ပေးရမှာ" ဆရာကူယွင်ကဆက်ပြောလာတယ် "ဟင်းချက်တာ၊ ဟင်းချပေးတာ၊ ပန်းကန်ဆေးတာ ဒီတာဝန်တွေလုပ်ရမှာ တကယ်လို့ဧည့်သည်တစ်ယောက်ယောက် မကျေနပ်တာမျိုးရှိလာခဲ့ရင် ပိုက်ဆံနုတ်မယ်"
ရှန်ရှင်းဆွေ့ ဒီနေရာကိုလာကတည်းက စိတ်ပြင်ဆင်ပြီးသွားပြီဖြစ်တယ်။ သူအသံပြုလိုက်ရင်း "နားလည်ပါပြီ"
ကူယွင်ပြောပြီးနောက် သူ့ကိုထပ်ကြည့်လာပြန်ပြီး စကားတစ်ခွန်းထပ်ပြောလာခဲ့တယ် "ဒါပေမဲ့တကယ်လို့ အရမ်းပင်ပန်းနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုအရမ်းတွန်းအားမပေးနဲ့နော် ပြောသင့်တာထုတ်ပြောပါ"
ရှန်ရှင်းဆွေ့ ".....ဟုတ်"
ဒီစားသောက်ဆိုင်ရဲ့တာဝန်ခံက အရမ်းကောင်းတာပဲ။
Liveကြည့်နေကြတဲ့ ပရိသတ်တွေကလည်း ဒီနေရာကအမှန်တကယ်ကောင်းတယ်လို့ သတိပြုမိလာကြတယ် :
"ဒါကနတ်ဘုရားတာဝန်ခံများလား?"
"ဟားဟားဟား ဘေးနားကအဖွဲ့ရဲ့ကံကတော့ ဒီလောက်ကောင်းမနေဘူးဟေ့"
"ရှန်ရှင်းချန်ကတော့ စျေးဆိုင်မှာပစ္စည်းတွေ ရွေ့ပြောင်းနေရပြီ သတ်မှတ်ထားတဲ့အရေအတွက်အတိုင်း မရွေ့နိုင်ရင်ထမင်းမကျွေးဘူးဆိုပဲ ဟားဟားဟား!"
"အန်းရန်တို့ကလည်း အိမ်တော်ကြီးမှာ ကြာကန်ရှင်းနေကြရတယ်"
"ထူရာကျယ်ကျဲတို့က စာအုပ်တွေရွေ့နေရတယ်"
ယှဥ်ကြည့်လိုက်မယ်ဆိုရင် ဒီဘက်ကပတ်ဝန်းကျင်နဲ့ ခံစားခွင့်တွေက သူတို့နဲ့ရိုက်ကူးရေးတစ်ခုတည်းက မဟုတ်သလိုတောင်ထင်ရတယ်။
ရှန်ရှင်းဆွေ့နဲ့ဖုကျင်းရှောင်းတို့ကို ပေးအပ်လိုက်တဲ့ပထမဆုံးအလုပ်က ဧည့်သည်မှာထားတဲ့ဟင်းတွေကို ချက်ပြုတ်ပေးရမှာဖြစ်ပြီး မိနစ်အနည်းငယ်အတွင်း ဧည့်သည်ဆီကိုအချိန်ပို့ပေးရမှာဖြစ်တယ်။
ရှန်ရှင်းဆွေ့ဒီတာဝန်ကို လက်ခံရရှိတဲ့အချိန်မှာ မျက်နှာအမူအယာက အခက်တွေ့သယောင်ဖြစ်သွားရတယ်။
ဖုကျင်းရှောင်းက "ဘာဖြစ်လို့လဲ?"
"ကျွန်တော်ဟင်းသိပ်မချက်တတ်ဘူး" ရှန်ရှင်းဆွေ့ခေါင်းမော့ကာ ဖုကျင်းရှောင်းကို ကြည့်လိုက်တယ်။ နောက်ဆုံးတော့ ထုတ်ပြောဖို့ခက်ခဲတဲ့စကားတွေကို ပြောလာခဲ့တယ် "ကျွန်တော်ချက်တဲ့ဟင်းတွေက အရမ်းစားရခက်တယ် ဘာလို့မှန်းတော့မသိဘူး ကျွန်တော်သင်ခဲ့ဖူးပေမဲ့ ဘယ်လိုမှမချက်တတ်ဘူး"
နောက်တော့ သူစဥ်းစားမိတာက ဖုကျင်းရှောင်းကလည်း ငယ်ငယ်ကတည်းက အစားအသောက်၊ အဝတ်အထည်အတွက် စိတ်ပူရတာမျိုး မရှိတာကြောင့် ဟင်းမချက်တတ်လောက်ဘူး။ ဒါဆိုရင်သူတို့နှစ်ယောက်က ရှုံးပြီမဟုတ်ဘူးလား?
ဖုကျင်းရှောင်းကတော့ ဂရုမထားလေဘူး။ အမျိုးသားက အင်္ကျီလက်ကိုခေါက်တင်ပြီး ဘေးနားကအေပရွန်ယူဝတ်လိုက်တယ်။ လှုပ်ရှားမှုတွေကလည်း ရင်းနှီးကျွမ်းဝင်လျက် အမိန့်ပေးလာခဲ့တယ် "ဟင်းသီးဟင်းရွက်တွေ သွားလှီးလိုက် ကိုယ်ဟင်းချက်လိုက်မယ်"
?
ရှန်ရှင်းဆွေ့ အံ့အားသင့်သွားရတယ်!
သူမလှုပ်ရှားသေးတာကို ဖုကျင်းရှောင်းမြင်တော့ မေးလာခဲ့တယ် "ဘာဖြစ်လို့လဲ?"
"မ... မဟုတ်ပါဘူး!" ရှန်ရှင်းဆွေ့စိတ်လှုပ်ရှားစွာပဲ အလျင်အမြန်လက်ခါယမ်းပြလေတယ်။ တာဝန်ခွဲပေးခံလိုက်ရတာကြောင့် ဖြောင့်တန်းနေဆဲဖြစ်တဲ့ခန္ဓာကိုယ်နဲ့အတူ အမိန့်အတိုင်းနာခံမဲ့ပုံနဲ့ ကျယ်လောင်စွာပြောလိုက်တယ် "ကျွန်တော်အခုပဲသွားလိုက်ပါမယ်!"
အလေးပြုမသွားတာ တော်သေးတယ်ပြောရလိမ့်မယ်။
ဒီလိုအလေးနက်ထားတဲ့ပုံစံက မကူနိုင်မကယ်နိုင်စွာနဲ့ရယ်မောစေနိုင်လေတယ်။ အထူးသဖြင့် မီးဖိုဘေးနားရောက်သွားပြီး ချက်ချင်းအလုပ်လုပ်နေတဲ့ နောက်ကျောပြင်လေးက ရိုးသားမှုတွေထပ်လောင်းလျက်ရှိတယ်။
အင်တာနက်သုံးစွဲသူတွေလည်း ပျော်မြူးနေကြလေတယ် :
"အမှန်တိုင်းပြောရရင် ငါရှန်ရှင်းဆွေ့ကို နားလည်နိုင်တယ်"
"သူကတကယ်ရိုးရိုးအအလေးနဲ့ အရမ်းလေးနက်တာပဲ"
"သူကငါတို့လိုသာမန်လူတွေနဲ့အရမ်းတူတယ်လို့ ခံစားနေရတယ် အရမ်းကြိုးစားပြီး အသက်ရှင်သန်နေရတာပဲ"
"သူ့ကိုမြင်တဲ့အကြိမ်တိုင်း ငါလည်းအရမ်းကြိုးစားချင်လာတယ်!"
ဧည့်သည်မှာတဲ့ဟင်းတွေက အာလူးချောင်းချဥ်စပ်၊ အသားငရုတ်ပွကြော် ပြီးတော့ ခရမ်းချဥ်သီးကြက်ဥစွပ်ပြုတ်တစ်ပွဲအပြင် ဝက်အသည်းကြက်သွန်ကြော်တစ်ပွဲတို့ဖြစ်တယ်။ ရှန်ရှင်းဆွေ့အားလူးအခွံခွာပြီးနောက် ဖုကျင်းရှောင်းရင်းနှီးကျွမ်းဝင်စွာနဲ့ ဟင်းချက်နေတာကိုကြည့်နေမိတယ်။ ပြီးတော့ ဟင်းခတ်အမွှေးအကြိုင်တွေကို ကောင်းမွန်စွာထည့်ထားတာကြောင့် နောက်ဆုံးတော့ထိန်းမထားနိုင်တော့ဘဲ "မွှေးလိုက်တာ"
ဖုကျင်းရှောင်း သူ့ကိုဘေးတစောင်းကြည့်လာကာ ပြုံးလိုက်ရင်း "မြည်းကြည့်ချင်လား?"
ရှန်ရှင်းဆွေ့က အတိုင်းအတာတစ်ခု ရှိနေဆဲပဲဖြစ်တယ် "တော်ပါပြီ တော်ပါပြီ ဒါကဧည့်သည်စားဖို့အတွက်ဟာ"
"အင်းဟုတ်တော့ဟုတ်တယ်" ဖုကျင်းရှောင်း ဟင်းတွေပန်းကန်ပြားပေါ်တင်လိုက်ရင်း ချောမောတဲ့မျက်နှာပေါ်မှာ အပြုံးလေးတစ်ခုချိတ်ဆွဲထားလေတယ်။ သူကအသံနိမ့်နိမ့်နဲ့ "မင်းစားချင်ရင် နောက်တစ်ခါမှထပ်လုပ်ကြတာပေါ့"
နောက်တစ်ခါ?
ဒါက.... ဘာအဓိပ္ပာယ်လဲ။
မဟုတ်မှ နောက်တစ်ခေါက်ကျရင် သူ့အတွက်ဟင်းချက်ပေးမှာလား?
မဖြစ်နိုင်တာ... မဖြစ်နိုင်ပါဘူး။ ဒါကငါ့ရဲ့အိုင်ဒေါကြီးလေ။ ငါသဘောကျရတဲ့ လူတွေအများကြီးရဲ့ယုံကြည်မှုလေးလေ။ သူကဘယ်လိုလုပ်ပြီး ငါ့အတွက်ဟင်းချက်ပေးမှာတဲ့လဲ။ ဒီတိုင်းပေါ့ပေါ့ပါးပါးပြောလိုက်တာနေမှာပါ။
ဖုကျင်းရှောင်းက "ဒါကိုအရင်သွားချထားပေးလိုက်"
ရှန်ရှင်းဆွေ့စိတ်နဲ့ကိုယ်ပြန်ကပ်သွားပြီး အလျင်အမြန်ခေါင်းညိတ်လိုက်တယ် "အွန်း!"
သူမြန်မြန်ပြေးသွားပြီး ဧည့်သည်ဆီဟင်းချပေးခဲ့တယ်။ သူပြန်လာတဲ့အချိန်မှာပဲ ဖုကျင်းရှောင်းက တခြားဟင်းတွေအတွက် ပါဝင်ပစ္စည်းတွေပြင်ဆင်နေတာကိုတွေ့လိုက်ရတယ်။ ရုပ်ရှင်ဧကရာဇ်ဖု ကြက်သွန်နီယူတာကိုမြင်လိုက်ရတဲ့အချိန်မှာပဲ ရှန်ရှင်းဆွေ့အလျင်အမြန် အနားရောက်သွားပြီး "ကျွန်တော်လုပ်မယ်!"
ခန္ဓာကိုယ်က ဦးနှောက်ရဲ့တုံ့ပြန်မှုထက်တောင် ပိုမြန်နေလေတယ်။
ဦးနှောက်ကလိုက်မှီသွားတဲ့အချိန်မှာတော့ ကြက်သွန်နီကသူ့လက်ထဲရောက်နေခဲ့ပြီဖြစ်တယ်။
အလုခံလိုက်ရတဲ့ဖုကျင်းရှောင်းက အံ့အားသင့်စွာနဲ့သူ့ကိုကြည့်လိုက်တယ်။ ရှန်ရှင်းဆွေ့ရဲ့ နီမြန်းနေတဲ့ပါးပြင်နဲ့ စိတ်ပူနေတဲ့မျက်ဝန်းတွေကို မြင်လိုက်ရချိန်မှာ ဖွဖွပြုံးလိုက်မိလေတယ်။ ထို့နောက် နူးညံ့ပြီးကူရာမဲ့သောအသံနဲ့ "ဘာတွေလောနေတာလဲ ဘယ်သူမှမင်းအလုပ်ကို လုမနေပါဘူး"
ရှန်ရှင်းဆွေ့ခေါင်းခါကာ ရှင်းပြလာတယ် "မဟုတ်ပါဘူး ကျွန်တော်အဲ့သဘောမဟုတ်ပါဘူး ဒီကြက်သွန်နီက မျက်လုံးစပ်စေလို့ပါ...."
ဖုကျင်းရှောင်းရဲ့စနောက်နေတဲ့အပြုံးက အနည်းငယ်လျော့ပါးသွားတော့တယ်။
ရှန်ရှင်းဆွေ့ခေါင်းငုံ့ထားရင်း အသံကပိုပိုတိုးညှင်းလာခဲ့တယ်။ ဒီဆူညံပြီးရှုပ်ပွနေတဲ့မီးဖိုချောင်ထဲမှာ တိုးညှင်းတဲ့စကားသံလေးကိုတော့ ဖုကျင်းရှောင်းနားထဲမှာ ရှင်းရှင်းလင်းလင်းကြားနေနိုင်ဆဲပဲဖြစ်တယ် "လောင်ရှီးရဲ့မျက်လုံးက ဒဏ်ရာဟောင်းရှိတော့ မသက်မသာဖြစ်နေလိမ့်မယ်"
____________________
Word - 3528
March 10, 2023(Fri)
Xiao Dream
Sorry for late guys! Good night and have a sweet dream. Love you!!
အာလူးချောင်းချဥ်စပ် / အာလူးေခ်ာင္းခ်ဥ္စပ္
အသားငရုတ်ပွကြော် / အသားင႐ုတ္ပြေၾကာ္
ခရမ်းချဥ်သီးကြက်ဥစွပ်ပြုတ် / ခရမ္းခ်ဥ္သီးၾကက္ဥစြပ္ျပဳတ္
ဝက်အသည်းကြက်သွန်ကြော် / ဝက္အသည္းၾကက္သြန္ေၾကာ္
Zawgyi
အန္းရန္၏morning kiss
___________________
တျခားသူေတြအကုန္လုံးလည္း ပါးစပ္အုပ္ၿပီးခိုးရယ္ၾကေလတယ္။
ရွန္ရွင္းေဆြ႕ရဲ႕မ်က္လုံးေအာက္မွာလည္း ထိန္းမရစြာနဲ႔အၿပဳံးေလး ထြက္ေပၚလာရတယ္။ ဒါကလည္းအန္းရန္ကို စိတ္အေႏွာက္အယွက္ျဖစ္ေနေစခဲ့တယ္။
ဒါေပမဲ့ကံေကာင္းစြာပဲ ဒါကခဏတာပဲျဖစ္ၿပီး ျမန္ျမန္ဆန္ဆန္ပဲ အေရွ႕မွာ႐ိုက္ကူးေရးအဖြဲ႕ရဲ႕ ဝန္ထမ္းေလးနဲ႔ေတြ႕လိုက္ရတယ္။ သူက "အားလုံးကဒီၿမိဳ႕ငယ္ေလးအေပၚ မရင္းႏွီးၾကေသးတာမလို႔ ကြၽန္ေတာ္တို႔အႀကံျပဳထားတဲ့အလုပ္ေတြရွိပါတယ္ ဒီအလုပ္ေတြကမၾကာခင္ကပဲလူေခၚေနတာပါ တကယ္လို႔ဆႏၵရွိတယ္ဆိုရင္ မင္းတို႔သြားလုပ္လို႔ရပါတယ္"
စားေသာက္ဆိုင္
စာအုပ္ဆိုင္
အိမ္ေတာ္ႀကီး
ေစ်းသည္
သန္႔ရွင္းေရး
အားလုံးရပ္ေနၾကၿပီး ကတ္ေပၚကေနရာ၄ခုကိုၾကည့္ေနၾကတယ္။ အလုပ္မ်ိဳးစုံလုပ္ရမွာျဖစ္ႏိုင္ေပမဲ့ ၾကည့္ရတာစိတ္ဝင္စားစရာေကာင္းလွတယ္။
ထူရာကအရင္ေမးေလတယ္ "ကြၽန္မတစ္ခုေမးခ်င္လို႔ ဒါကကြၽန္မတို႔ႀကိဳက္တာေ႐ြးလို႔ရတာလား?"
"မရပါဘူး" ဝန္ထမ္းကေျပာတယ္ "ဒါကမဲႏႈိက္ဖို႔လိုအပ္ပါတယ္ ဘာလို႔ဆို အားလုံးနားလည္ထားရမွာတစ္ခုက လူ႔အဖြဲ႕အစည္းနဲ႔အလုပ္ဆိုတာက မင္းတို႔ေ႐ြးခ်ယ္လို႔မရဘူးဆိုတာပဲ ကံၾကမၼာရဲ႕လမ္းၫႊန္မႈအတိုင္းပဲလိုက္နာၾကရမွာပါ"
"....."
မဲႏႈိက္ရတာကို အႏုပညာေကာင္းတစ္ခုလို ေျပာလိုက္တာပဲ။
ရွန္ရွင္းခ်န္ အက်ႌလက္ကိုေခါက္တင္ရင္း ေျပာလာတယ္ "ကံဆိုလည္းကံေပါ့ ဘာအလုပ္ပဲျဖစ္ျဖစ္ ငါကအဆင္ေျပတယ္"
သူကပထမဆုံးဦးေဆာင္မဲႏႈိက္တဲ့သူျဖစ္တယ္။ ေရွ႕တစ္လွမ္းတိုးလိုက္ၿပီး မဲႏႈိက္လိုက္မိတဲ့အခ်ိန္ပိုင္းအလုပ္ေနရာက ေစ်းသည္ျဖစ္တယ္။ ၿပီးေနာက္ တျခားသူေတြလည္း ဆက္ၿပီးမဲႏႈိက္လာေလတယ္။ လူတစ္စုမဲႏႈိက္လို႔ၿပီးဆုံးသြားၿပီးေနာက္ သူတို႔ႏႈိက္မိလိုက္တဲ့ေနရာေတြကို ဖြင့္ျပလာတယ္။
ရွန္ရွင္းေဆြ႕ သူ႔ရဲ႕ကတ္ကိုဖြင့္ျပလိုက္ၿပီး အသံတိုးတိုးနဲ႔ "ကြၽန္ေတာ္ကစားေသာက္ဆိုင္က်တယ္"
အားလုံးအခ်င္းခ်င္းၾကည့္လိုက္ၾကၿပီး ဘယ္သူကစားေသာက္ဆိုင္ထပ္ျဖစ္မလဲဆိုတာ ခန္႔မွန္းေနၾကတယ္။
မလွမ္းမကမ္းရွိဖုက်င္းေရွာင္းက သြယ္လ်တဲ့လက္ေခ်ာင္းေလးေတြနဲ႔ ကတ္ကိုဖြင့္လိုက္ရင္း ျဖည္းညႇင္းစြာေျပာလာတယ္ "စားေသာက္ဆိုင္"
အစကစားေသာက္ဆိုင္ကိုႏႈိက္မိတာ ဘာမွမျဖစ္ေပမဲ့ အခုဖုက်င္းေရွာင္းနဲ႔တစ္ဖြဲ႕တည္းဆိုေတာ့ အားလုံးကရွန္ရွင္းေဆြ႕ကို မနာလိုတဲ့မ်က္ဝန္းေတြနဲ႔ ၾကည့္လာၾကေတာ့တယ္။ ရွန္ရွင္းေဆြ႕ကိုယ္တိုင္လည္း မယုံၾကည္ႏိုင္ခဲ့ဘူး။ မ်က္လုံးထဲမွာ ေပ်ာ္႐ႊင္ေနတဲ့အရိပ္အေယာင္ေလးေတာင္ ထြက္ေပၚေနခဲ့တယ္။
ေနာက္ဆုံးအဖြဲ႕ခြဲတာကလည္း မဲႏႈိက္ျခင္းအရထြက္ေပၚလာၿပီျဖစ္တယ္ :
ရွန္ရွင္းေဆြ႕ ႏွင့္ ဖုက်င္းေရွာင္း -- စားေသာက္ဆိုင္
ရွန္ရွင္းခ်န္ ႏွင့္ လီ႐ႊိအန္း -- ေစ်းသည္
အန္းရန္ ႏွင့္ နင္ဇယ္ -- အိမ္ေတာ္ႀကီး
ထူရာ ႏွင့္ ႐ႊီခ်င္ခဲ့ -- စာအုပ္ဆိုင္
လီေလာင္ရွီး ႏွင့္ ဖုန္းဖန္ -- သန္႔ရွင္းေရး
ရွန္ရွင္းေဆြ႕ကတ္ေပၚက စားေသာက္ဆိုင္ဆိုတာကိုၾကည့္ရင္း သိခ်င္စိတ္အနည္းငယ္နဲ႔ ေမးလိုက္တယ္ "ဒီစားေသာက္ဆိုင္မွာ ဘာလုပ္ရမွာလဲ?"
ဖုက်င္းေရွာင္းက "သြားလိုက္ရင္သိရၿပီမဟုတ္လား"
'BrightStar'အစီအစဥ္က ပရိသတ္ေတြၾကည့္ရတာ အႀကိဳက္ဆုံးထဲကတစ္ခုျဖစ္ေစတဲ့ ႀကီးမားတဲ့ထူးျခားခ်က္တစ္ခုရွိတယ္။ အဲ့တာကေတာ့စစ္မွန္တာပဲ။ ႀကိဳတင္စီစဥ္ထားတဲ့ ဇာတ္လမ္းမရွိသလို ျဖတ္ေတာက္ထားတာေတြလည္းမရွိဘူး။ ဝန္ထမ္းေတြကအစ ဒါ႐ိုက္တာအဆုံး ဘယ္သူမွအိုင္ေဒါေတြအေပၚမွာ အထူးခံစားခြင့္မေပးၾကဘူး။ အားလုံးကို ျပည္သူေတြရဲ႕ဒုကၡနဲ႔အရသာေတြကို ကိုယ္တိုင္သြားၿပီးခံစားေစတယ္။ ဒါကအစီအစဥ္ရဲ႕သဘာဝဆန္မႈပဲ။
စားေသာက္ဆိုင္ကို ေျမပုံေပးထားတာမရွိေလဘူး။
ရွန္ရွင္းေဆြ႕ကတ္ကိုၾကည့္ေနရင္း "ဘယ္စားေသာက္ဆိုင္ဆိုတာ သူတို႔ေျပာမထားဘူး ကြၽန္ေတာ္တို႔တစ္ဆိုင္ခ်င္းစီ လိုက္ေမးရမလား?"
ဖုက်င္းေရွာင္းက "ဒီကတ္ေပၚကစားေသာက္ဆိုင္မွာ မက္မြန္ပြင့္အမွတ္အသားတစ္ခုရွိတယ္ ကိုယ္တို႔မေန႔ကစားခဲ့တဲ့ စားေသာက္ဆိုင္ရဲ႕အျပင္အဆင္ကလည္း မက္မြန္ပန္းကိုအဓိကထား,ထားတာပဲ ဒီၿမိဳ႕ငယ္ေလးမွာစုစုေပါင္း စားေသာက္ဆိုင္၅ဆိုင္ပဲရွိတယ္ အဲဒီထဲကမွအနီးဆုံးျဖစ္တဲ့စားေသာက္ဆိုင္ေတြကို မေန႔ကလမ္းႀကဳံျဖတ္သြားတုန္းက ႐ိုက္ကူးေရးအဖြဲ႕ရဲ႕အမွတ္အသား ခ်ိတ္ထားတာမ်ိဳးမေတြ႕ရဘူး"
ရွန္ရွင္းေဆြ႕အံ့အားသင့္သြားရတယ္။ ဖုက်င္းေရွာင္းကို ေလးစားတဲ့အၾကည့္ေတြနဲ႔ၾကည့္ရင္း "ေလာင္ရွီးမေန႔ကတည္းက သတိထားမိေနခဲ့တာလား?"
"လမ္းႀကဳံလို႔နည္းနည္းေလာက္ပိုၾကည့္ခဲ့႐ုံပါပဲ" ဖုက်င္းေရွာင္းကတ္ကိုသိမ္းယူလိုက္ၿပီး ၿပဳံးကာ "ၿပီးေတာ့ဒါေတြက ခ်န္ထားလို႔မရႏိုင္တဲ့ကိစၥမ်ိဳး ျဖစ္ေနႏိုင္တယ္ေလ"
......
အေတြ႕အႀကဳံရင့္ေနတဲ့ ႐ုပ္ရွင္ဧကရာဇ္ဖုနဲ႔ယွဥ္ရင္ ရွန္ရွင္းေဆြ႕က မရင့္က်က္ေသးဘူးဆိုတာ သိသာလြန္းလွတယ္။
ျမန္ျမန္ဆန္ဆန္ပဲ သူတို႔စားေသာက္ဆိုင္ဆီ ေရာက္သြားၾကေတာ့တယ္။ စားေသာက္ဆိုင္ေအာက္ထပ္က ဧည့္ႀကိဳကသူတို႔ႏွစ္ေယာက္ဝင္လာတာျမင္ေတာ့ အံ့ၾသမသြားဘဲ ေမးလာတယ္ "ႏွစ္ေယာက္သား ဒီမွာအလုပ္လာရွာၾကတာလား?"
ရွန္ရွင္းေဆြ႕ေခါင္းညိတ္ေလတယ္။
စားပြဲထိုးေလးကလည္း သူတို႔ႏွစ္ေယာက္အေပၚ ေကာင္းေကာင္းဆက္ဆံေလတယ္ "ဒါဆိုကြၽန္ေတာ္နဲ႔လိုက္ခဲ့ၾကပါ"
မေန႔ကတင္ သူတို႔ဒီစားေသာက္ဆိုင္မွာ စားေသာက္ခဲ့ၾကၿပီး ဒီေန႔ေတာ့အလုပ္လာလုပ္ၾကရတယ္။ လူ႔ဘဝက အခ်ိဳးအေကြ႕ေပါင္းမ်ားစြာနဲ႔ တကယ္ပဲထူးဆန္းလွေလတယ္။
သူတို႔ကိုေနာက္ေဖးက မီးဖိုေခ်ာင္ဆီတိုက္႐ိုက္ေခၚသြားခဲ့တယ္။ ဒီေနရာမွာပိုလို႔အလုပ္မ်ားေနၾကၿပီး ခ်က္ျပဳတ္ေနတဲ့စားဖိုမႉးေတြရွိၾကသလို ပါဝင္ပစၥည္းေတြ ေ႐ြ႕ေျပာင္းေနၾကတဲ့ သူေတြလည္းရွိၾကတယ္။ စားပြဲထိုးေလးက သူတို႔ႏွစ္ေယာက္ကိုေခၚၿပီး ဒီေနရာကိုပတ္ကာ အတြင္းအက်ဆုံးေနရာဆီ ေခၚေဆာင္လာခဲ့တယ္။ ထို႔ေနာက္ မီးခိုးေရာင္တ႐ုတ္ဝတ္စုံဝတ္ထားတဲ့ အဘိုးအိုတစ္ေယာက္အေရွ႕မွာ သူတို႔ကိုမိတ္ဆက္ေပးလာတယ္ "ဒါကဆရာႀကီးကူယြင္ မင္းတို႔ႏွစ္ေယာက္က ဒီေန႔ဆရာႀကီးေျပာတဲ့အတိုင္း လုပ္ေဆာင္ေပးရမွာ"
ရွန္ရွင္းေဆြ႕နဲ႔ဖုက်င္းေရွာင္းလည္း ခါးၫြတ္ၿပီးဂါရဝျပဳကာ ဆရာႀကီးကိုႏႈတ္ဆက္လိုက္ၾကတယ္။
ဆရာကူယြင္ကၿပဳံးလိုက္ကာ ေရွ႕တစ္လွမ္းတိုးလာတယ္။ ရွန္ရွင္းေဆြ႕ရဲ႕လက္ကိုကိုင္လိုက္ၿပီး ဂါဝရျပဳစရာမလိုေၾကာင္းေျပာလာေလတယ္ "အားမနာပါနဲ႔ အားမနာပါနဲ႔ ႀကိဳဆိုပါတယ္ေနာ္"
ရွန္ရွင္းေဆြ႕ကဒီဆရာႀကီးက ရင္းႏွီးဖို႔လြယ္လိမ့္မယ္လို႔ မထင္မွတ္ထားမိေလဘူး။ သူလည္းျပန္ၿပဳံးျပလိုက္ေလတယ္။
ဆရာကူယြင္က ရွန္ရွင္းေဆြ႕လက္ကိုကိုင္ထားဆဲပဲျဖစ္ၿပီး ဂ႐ုတစိုက္နဲ႔ေမးလာခဲ့တယ္ "တစ္ေလွ်ာက္လုံးလာခဲ့ရတာ ပင္ပန္းေနၿပီလား?"
ရွန္ရွင္းေဆြ႕ ".....မပင္ပန္းပါဘူး"
"ဒါဆိုေကာင္းၿပီး ဒါဆိုေကာင္းၿပီ" ဆရာကူယြင္က ထပ္ေမးျပန္တယ္ "ခဏေလာက္နားဦးမလား?"
ရွန္ရွင္းေဆြ႕အံ့အားသင့္သြားရတယ္။ အက်ိဳးခံစားခြင့္ေတြ ဒီေလာက္ရေနလိမ့္မယ္လို႔ မထင္ထားမိေလဘူး။ ဒါေပမဲ့ အထူးအခြင့္အေရးေတြ မယူရဲတာေၾကာင့္ ခ်က္ခ်င္းပဲေခါင္းခါလိုက္ၿပီး "မလိုပါဘူး မလိုပါဘူး ကြၽန္ေတာ္တို႔အလုပ္လုပ္ရရင္အဆင္ေျပပါၿပီ"
ဆရာကူယြင္က အဲဒီေတာ့မွကေလးရဲ႕လက္ကိုလႊတ္ေပးလိုက္ေတာ့တယ္။
အစကေနအဆုံးထိ ႐ုပ္ရွင္ဧကရာဇ္ဖုအေပၚလည္း ယဥ္ေက်းတယ္ဆိုေပမဲ့ ရွန္ရွင္းေဆြ႕အေပၚမွာေတာ့ အရမ္းစိတ္အားထက္သန္ေနေလတယ္။ အထူးသျဖင့္ ရွန္ရွင္းေဆြ႕ခံစားမိတာက ဒီဆရာႀကီးရဲ႕ သူ႔ကိုၾကည့္ေနတဲ့အၾကည့္ေတြက အရမ္းပဲ.....ၾကင္နာေနသလားလို႔?
"ဒီေန႔မင္းတို႔ႏွစ္ေယာက္က ဒီမွာအလုပ္လုပ္ရမွာ ဧည့္သည္ေတြကိုဟင္းခ်က္ေပးရမွာ" ဆရာကူယြင္ကဆက္ေျပာလာတယ္ "ဟင္းခ်က္တာ၊ ဟင္းခ်ေပးတာ၊ ပန္းကန္ေဆးတာ ဒီတာဝန္ေတြလုပ္ရမွာ တကယ္လို႔ဧည့္သည္တစ္ေယာက္ေယာက္ မေက်နပ္တာမ်ိဳးရွိလာခဲ့ရင္ ပိုက္ဆံႏုတ္မယ္"
ရွန္ရွင္းေဆြ႕ ဒီေနရာကိုလာကတည္းက စိတ္ျပင္ဆင္ၿပီးသြားၿပီျဖစ္တယ္။ သူအသံျပဳလိုက္ရင္း "နားလည္ပါၿပီ"
ကူယြင္ေျပာၿပီးေနာက္ သူ႔ကိုထပ္ၾကည့္လာျပန္ၿပီး စကားတစ္ခြန္းထပ္ေျပာလာခဲ့တယ္ "ဒါေပမဲ့တကယ္လို႔ အရမ္းပင္ပန္းေနတယ္ဆိုရင္ ကိုယ့္ကိုယ္ကိုအရမ္းတြန္းအားမေပးနဲ႔ေနာ္ ေျပာသင့္တာထုတ္ေျပာပါ"
ရွန္ရွင္းေဆြ႕ ".....ဟုတ္"
ဒီစားေသာက္ဆိုင္ရဲ႕တာဝန္ခံက အရမ္းေကာင္းတာပဲ။
Liveၾကည့္ေနၾကတဲ့ ပရိသတ္ေတြကလည္း ဒီေနရာကအမွန္တကယ္ေကာင္းတယ္လို႔ သတိျပဳမိလာၾကတယ္ :
"ဒါကနတ္ဘုရားတာဝန္ခံမ်ားလား?"
"ဟားဟားဟား ေဘးနားကအဖြဲ႕ရဲ႕ကံကေတာ့ ဒီေလာက္ေကာင္းမေနဘူးေဟ့"
"ရွန္ရွင္းခ်န္ကေတာ့ ေစ်းဆိုင္မွာပစၥည္းေတြ ေ႐ြ႕ေျပာင္းေနရၿပီ သတ္မွတ္ထားတဲ့အေရအတြက္အတိုင္း မေ႐ြ႕ႏိုင္ရင္ထမင္းမေကြၽးဘူးဆိုပဲ ဟားဟားဟား!"
"အန္းရန္တို႔ကလည္း အိမ္ေတာ္ႀကီးမွာ ၾကာကန္ရွင္းေနၾကရတယ္"
"ထူရာက်ယ္က်ဲတို႔က စာအုပ္ေတြေ႐ြ႕ေနရတယ္"
ယွဥ္ၾကည့္လိုက္မယ္ဆိုရင္ ဒီဘက္ကပတ္ဝန္းက်င္နဲ႔ ခံစားခြင့္ေတြက သူတို႔နဲ႔႐ိုက္ကူးေရးတစ္ခုတည္းက မဟုတ္သလိုေတာင္ထင္ရတယ္။
ရွန္ရွင္းေဆြ႕နဲ႔ဖုက်င္းေရွာင္းတို႔ကို ေပးအပ္လိုက္တဲ့ပထမဆုံးအလုပ္က ဧည့္သည္မွာထားတဲ့ဟင္းေတြကို ခ်က္ျပဳတ္ေပးရမွာျဖစ္ၿပီး မိနစ္အနည္းငယ္အတြင္း ဧည့္သည္ဆီကိုအခ်ိန္ပို႔ေပးရမွာျဖစ္တယ္။
ရွန္ရွင္းေဆြ႕ဒီတာဝန္ကို လက္ခံရရွိတဲ့အခ်ိန္မွာ မ်က္ႏွာအမူအယာက အခက္ေတြ႕သေယာင္ျဖစ္သြားရတယ္။
ဖုက်င္းေရွာင္းက "ဘာျဖစ္လို႔လဲ?"
"ကြၽန္ေတာ္ဟင္းသိပ္မခ်က္တတ္ဘူး" ရွန္ရွင္းေဆြ႕ေခါင္းေမာ့ကာ ဖုက်င္းေရွာင္းကို ၾကည့္လိုက္တယ္။ ေနာက္ဆုံးေတာ့ ထုတ္ေျပာဖို႔ခက္ခဲတဲ့စကားေတြကို ေျပာလာခဲ့တယ္ "ကြၽန္ေတာ္ခ်က္တဲ့ဟင္းေတြက အရမ္းစားရခက္တယ္ ဘာလို႔မွန္းေတာ့မသိဘူး ကြၽန္ေတာ္သင္ခဲ့ဖူးေပမဲ့ ဘယ္လိုမွမခ်က္တတ္ဘူး"
ေနာက္ေတာ့ သူစဥ္းစားမိတာက ဖုက်င္းေရွာင္းကလည္း ငယ္ငယ္ကတည္းက အစားအေသာက္၊ အဝတ္အထည္အတြက္ စိတ္ပူရတာမ်ိဳး မရွိတာေၾကာင့္ ဟင္းမခ်က္တတ္ေလာက္ဘူး။ ဒါဆိုရင္သူတို႔ႏွစ္ေယာက္က ရႈံးၿပီမဟုတ္ဘူးလား?
ဖုက်င္းေရွာင္းကေတာ့ ဂ႐ုမထားေလဘူး။ အမ်ိဳးသားက အက်ႌလက္ကိုေခါက္တင္ၿပီး ေဘးနားကေအပ႐ြန္ယူဝတ္လိုက္တယ္။ လႈပ္ရွားမႈေတြကလည္း ရင္းႏွီးကြၽမ္းဝင္လ်က္ အမိန္႔ေပးလာခဲ့တယ္ "ဟင္းသီးဟင္း႐ြက္ေတြ သြားလွီးလိုက္ ကိုယ္ဟင္းခ်က္လိုက္မယ္"
?
ရွန္ရွင္းေဆြ႕ အံ့အားသင့္သြားရတယ္!
သူမလႈပ္ရွားေသးတာကို ဖုက်င္းေရွာင္းျမင္ေတာ့ ေမးလာခဲ့တယ္ "ဘာျဖစ္လို႔လဲ?"
"မ... မဟုတ္ပါဘူး!" ရွန္ရွင္းေဆြ႕စိတ္လႈပ္ရွားစြာပဲ အလ်င္အျမန္လက္ခါယမ္းျပေလတယ္။ တာဝန္ခြဲေပးခံလိုက္ရတာေၾကာင့္ ေျဖာင့္တန္းေနဆဲျဖစ္တဲ့ခႏၶာကိုယ္နဲ႔အတူ အမိန္႔အတိုင္းနာခံမဲ့ပုံနဲ႔ က်ယ္ေလာင္စြာေျပာလိုက္တယ္ "ကြၽန္ေတာ္အခုပဲသြားလိုက္ပါမယ္!"
အေလးျပဳမသြားတာ ေတာ္ေသးတယ္ေျပာရလိမ့္မယ္။
ဒီလိုအေလးနက္ထားတဲ့ပုံစံက မကူႏိုင္မကယ္ႏိုင္စြာနဲ႔ရယ္ေမာေစႏိုင္ေလတယ္။ အထူးသျဖင့္ မီးဖိုေဘးနားေရာက္သြားၿပီး ခ်က္ခ်င္းအလုပ္လုပ္ေနတဲ့ ေနာက္ေက်ာျပင္ေလးက ႐ိုးသားမႈေတြထပ္ေလာင္းလ်က္ရွိတယ္။
အင္တာနက္သုံးစြဲသူေတြလည္း ေပ်ာ္ျမဴးေနၾကေလတယ္ :
"အမွန္တိုင္းေျပာရရင္ ငါရွန္ရွင္းေဆြ႕ကို နားလည္ႏိုင္တယ္"
"သူကတကယ္႐ိုး႐ိုးအအေလးနဲ႔ အရမ္းေလးနက္တာပဲ"
"သူကငါတို႔လိုသာမန္လူေတြနဲ႔အရမ္းတူတယ္လို႔ ခံစားေနရတယ္ အရမ္းႀကိဳးစားၿပီး အသက္ရွင္သန္ေနရတာပဲ"
"သူ႔ကိုျမင္တဲ့အႀကိမ္တိုင္း ငါလည္းအရမ္းႀကိဳးစားခ်င္လာတယ္!"
ဧည့္သည္မွာတဲ့ဟင္းေတြက အာလူးေခ်ာင္းခ်ဥ္စပ္၊ အသားင႐ုတ္ပြေၾကာ္ ၿပီးေတာ့ ခရမ္းခ်ဥ္သီးၾကက္ဥစြပ္ျပဳတ္တစ္ပြဲအျပင္ ဝက္အသည္းၾကက္သြန္ေၾကာ္တစ္ပြဲတို႔ျဖစ္တယ္။ ရွန္ရွင္းေဆြ႕အားလူးအခြံခြာၿပီးေနာက္ ဖုက်င္းေရွာင္းရင္းႏွီးကြၽမ္းဝင္စြာနဲ႔ ဟင္းခ်က္ေနတာကိုၾကည့္ေနမိတယ္။ ၿပီးေတာ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြကို ေကာင္းမြန္စြာထည့္ထားတာေၾကာင့္ ေနာက္ဆုံးေတာ့ထိန္းမထားႏိုင္ေတာ့ဘဲ "ေမႊးလိုက္တာ"
ဖုက်င္းေရွာင္း သူ႔ကိုေဘးတေစာင္းၾကည့္လာကာ ၿပဳံးလိုက္ရင္း "ျမည္းၾကည့္ခ်င္လား?"
ရွန္ရွင္းေဆြ႕က အတိုင္းအတာတစ္ခု ရွိေနဆဲပဲျဖစ္တယ္ "ေတာ္ပါၿပီ ေတာ္ပါၿပီ ဒါကဧည့္သည္စားဖို႔အတြက္ဟာ"
"အင္းဟုတ္ေတာ့ဟုတ္တယ္" ဖုက်င္းေရွာင္း ဟင္းေတြပန္းကန္ျပားေပၚတင္လိုက္ရင္း ေခ်ာေမာတဲ့မ်က္ႏွာေပၚမွာ အၿပဳံးေလးတစ္ခုခ်ိတ္ဆြဲထားေလတယ္။ သူကအသံနိမ့္နိမ့္နဲ႔ "မင္းစားခ်င္ရင္ ေနာက္တစ္ခါမွထပ္လုပ္ၾကတာေပါ့"
ေနာက္တစ္ခါ?
ဒါက.... ဘာအဓိပၸာယ္လဲ။
မဟုတ္မွ ေနာက္တစ္ေခါက္က်ရင္ သူ႔အတြက္ဟင္းခ်က္ေပးမွာလား?
မျဖစ္ႏိုင္တာ... မျဖစ္ႏိုင္ပါဘူး။ ဒါကငါ့ရဲ႕အိုင္ေဒါႀကီးေလ။ ငါသေဘာက်ရတဲ့ လူေတြအမ်ားႀကီးရဲ႕ယုံၾကည္မႈေလးေလ။ သူကဘယ္လိုလုပ္ၿပီး ငါ့အတြက္ဟင္းခ်က္ေပးမွာတဲ့လဲ။ ဒီတိုင္းေပါ့ေပါ့ပါးပါးေျပာလိုက္တာေနမွာပါ။
ဖုက်င္းေရွာင္းက "ဒါကိုအရင္သြားခ်ထားေပးလိုက္"
ရွန္ရွင္းေဆြ႕စိတ္နဲ႔ကိုယ္ျပန္ကပ္သြားၿပီး အလ်င္အျမန္ေခါင္းညိတ္လိုက္တယ္ "အြန္း!"
သူျမန္ျမန္ေျပးသြားၿပီး ဧည့္သည္ဆီဟင္းခ်ေပးခဲ့တယ္။ သူျပန္လာတဲ့အခ်ိန္မွာပဲ ဖုက်င္းေရွာင္းက တျခားဟင္းေတြအတြက္ ပါဝင္ပစၥည္းေတြျပင္ဆင္ေနတာကိုေတြ႕လိုက္ရတယ္။ ႐ုပ္ရွင္ဧကရာဇ္ဖု ၾကက္သြန္နီယူတာကိုျမင္လိုက္ရတဲ့အခ်ိန္မွာပဲ ရွန္ရွင္းေဆြ႕အလ်င္အျမန္ အနားေရာက္သြားၿပီး "ကြၽန္ေတာ္လုပ္မယ္!"
ခႏၶာကိုယ္က ဦးေႏွာက္ရဲ႕တုံ႔ျပန္မႈထက္ေတာင္ ပိုျမန္ေနေလတယ္။
ဦးေႏွာက္ကလိုက္မွီသြားတဲ့အခ်ိန္မွာေတာ့ ၾကက္သြန္နီကသူ႔လက္ထဲေရာက္ေနခဲ့ၿပီျဖစ္တယ္။
အလုခံလိုက္ရတဲ့ဖုက်င္းေရွာင္းက အံ့အားသင့္စြာနဲ႔သူ႔ကိုၾကည့္လိုက္တယ္။ ရွန္ရွင္းေဆြ႕ရဲ႕ နီျမန္းေနတဲ့ပါးျပင္နဲ႔ စိတ္ပူေနတဲ့မ်က္ဝန္းေတြကို ျမင္လိုက္ရခ်ိန္မွာ ဖြဖြၿပဳံးလိုက္မိေလတယ္။ ထို႔ေနာက္ ႏူးညံ့ၿပီးကူရာမဲ့ေသာအသံနဲ႔ "ဘာေတြေလာေနတာလဲ ဘယ္သူမွမင္းအလုပ္ကို လုမေနပါဘူး"
ရွန္ရွင္းေဆြ႕ေခါင္းခါကာ ရွင္းျပလာတယ္ "မဟုတ္ပါဘူး ကြၽန္ေတာ္အဲ့သေဘာမဟုတ္ပါဘူး ဒီၾကက္သြန္နီက မ်က္လုံးစပ္ေစလို႔ပါ...."
ဖုက်င္းေရွာင္းရဲ႕စေနာက္ေနတဲ့အၿပဳံးက အနည္းငယ္ေလ်ာ့ပါးသြားေတာ့တယ္။
ရွန္ရွင္းေဆြ႕ေခါင္းငုံ႔ထားရင္း အသံကပိုပိုတိုးညႇင္းလာခဲ့တယ္။ ဒီဆူညံၿပီးရႈပ္ပြေနတဲ့မီးဖိုေခ်ာင္ထဲမွာ တိုးညႇင္းတဲ့စကားသံေလးကိုေတာ့ ဖုက်င္းေရွာင္းနားထဲမွာ ရွင္းရွင္းလင္းလင္းၾကားေနႏိုင္ဆဲပဲျဖစ္တယ္ "ေလာင္ရွီးရဲ႕မ်က္လုံးက ဒဏ္ရာေဟာင္းရွိေတာ့ မသက္မသာျဖစ္ေနလိမ့္မယ္"
____________________
Word - 3528
March 10, 2023(Fri)
Xiao Dream
Sorry for late guys! Good night and have a sweet dream. Love you!!