♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠...

By Neko_san_ZP

1.4M 159K 7.2K

Zawgyi and Unicode Started date: 1.3.2020 End date:???? "မင္း အမဲလိုက္ရတာကို ႀကိဳက္လား" "မေျပာတတ္ဘူး ဒါေပမယ့္... More

မိတ္ဆက္(မိတ်ဆက်)
Arc-1.1 (ဝမ်နင်ရဲ့)
Arc-1.2 (ဝမ်နင်ရဲ့)
Arc-1.3 (ဝမ်နင်ရဲ့)
Arc-1.4 (ဝမ်နင်ရဲ့) 🔞
Arc-1.5 (ဝမ်နင်ရဲ့)
Arc-1.6 (ဝမ်နင်ရဲ့)
Arc-1.7 (ဝမ်နင်ရဲ့)
Arc-1.8 (ဝမ်နင်ရဲ့)
Arc-1.9 (ဝမ်နင်ရဲ့)
Arc-1.10 (ဝမ်နင်ရဲ့)
Arc-1 END(ဝမ်နင်ရဲ့)
Arc-2.1 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.2 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.3 (တော်ဝန်ပြည့်တန်ဆာရှောင်) 🔞
Arc-2.4 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc.2.5(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.6(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.7(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.8(ေတာ္ဝင္ျပည့္တန္ဆာ)
Arc.2.9(ေ႐ွာင္ရမ္ဟြာ)
Arc.2.10(ေ႐ွာင္ရမ္ဟြာ)
Arc.2.11(ေ႐ွာင္ရမ္ဟြာ)
Arc.2.12(ေ႐ွာင္ရမ္ဟြာ)
Arc.2.13 - End (ေ႐ွာင္ရမ္ဟြာ)
Arc.3.1(ဖန္ခ်င္ယီြဘဝ)
Arc.3.2(ဖန္ခ်င္ယီြဘဝ)
Arc.3.3(ဖန္ခ်င္ယီြ)
Arc.3.4(ဖန္ခ်င္ယီြဘဝ)
Arc.3.5(ဖန္ခ်င္ယီြဘဝ)
Arc.3.6(ဖန္ခ်င္ယီြဘဝ)
Youngest GOD!
Arc.3.7(ဖန္ခ်င္ယီြဘဝ)
Arc.3.8(ဖန္ခ်င္ယီြဘဝ)
Arc.3.9(ဖန္ခ်င္ယီြဘဝ)🚫
Arc.3.10(ဖန္ခင္ယီြဘဝ)
Arc.3.11(ဖန္ခ်င္ယီြ ဘဝ)
Arc 3.12(ဖန္ခ်င္ယီြ ဘဝ End)
The seven gods
Arc.4.1(နဥ္ရြယ္လ်န္႔ ဘဝ)
Arc4.2(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.3(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.4(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.5(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.6(နဥ္ရြယ္လ်န္႔ဘဝ)
Arc 4.7(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.8(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.9(နဥ္ရြယ္လ်န္္ဘဝ)
Arc.4.10(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.11(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.12(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.13(နဥ္ရြယ္လ်န္႔ရဲ႕ဘဝ)
Arc.4.14(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.15(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.16(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.17(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.18(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.19(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.20(နဥ္ရြယ္လ်န္႔ဘဝ)
Arc.4.21(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.22(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4.23(နဥ္ရြယ္လ်န္႔ဘဝ)
Arc-4 End(နဥ္ရြယ္လ်န္႔ဘဝ)
Arc-5.1(The Sun's Tears)
plz read
Arc-5.2(The Sun's Tears)
Arc-5.3(The Sun's Tears)
Arc-5.4(The Sun's Tears)
Arc-5.5(The Sun's Tears)
Arc-5.6(The Sun's Tears)
Arc-5.7(The Sun's Tears)
Arc-5.8(The Sun's Tears)
Arc-5.9(The Sun's Tears)
Arc-5.10(The Sun's Tears)
Arc-5.11(The Sun's Tears)
Arc-5.12(The Sun's Tears)
Arc-5.13(The Sun's Tears)
Arc-5.14(The sun's Tears)
Arc-5.15(The sun's Tears)
Arc-5.16(The sun's tears)
Arc-5 End(The sun's tears)
Arc-6.1(နန္းက်အ႐ွင္ၾကင္ယာေတာ္)
Arc-6.2(နန္းက်အ႐ွင္ၾကင္ယာေတာ္)
Arc-6.3(နန်းကျအရှင်ကြင်ယာတော်)
Arc-6.4(နန်းကျအရှင်ကြင်ယာတော်)
Arc-6.5(နန်းကျအရှင်ကြင်ယာတော်)
Arc-6.6(နန်းကျအရှင်ကြင်ယာတော်)
Arc-6.8(နန်းကျအရှင်ကြင်ယာတော်)
Arc-6.9(နန်းကျအရှင်ကြင်ယာတော်)
Arc-6.10(နန်းကျအရှင်ကြင်ယာတော်)
Arc-6.11(နန်းကျအရှင်ကြင်ယာတော်)
Arc-6.12(နန်းကျကြင်ယာတော်)
Arc-6.13(နန်းကျကြင်ယာတော်)
Arc-6.14(နန်းကျအရှင်ကြင်ယာတော်)
Arc-6.15(နန်းကျအရှင်ကြင်ယာတော်)
Arv-6.16(နန်းကျကြင်ယာတော်)
Arc-6.17(နန်းကျအရှင်ကြင်ယာတော်)
Arc-6.18(နန်းကျအရှင်ကြင်ယာတော်)🚫
Arc-6.19🚫(နန်းကျအရှင်ကြင်ယာတော်)
Arc-6 The End(နန်းကျအရှင်ကြင်ယာတော်)
Arc-7.1(S Rank Guide)
about Guideverse

Arc-6.7(နန်းကျအရှင်ကြင်ယာတော်)

4.1K 636 8
By Neko_san_ZP

Zawgyi

"ၾကင္ယာေတာ္ရဲ႕သက္ညွာမႈအတြက္ ေက်းဇူးတင္ပါတယ္" ပိုင္ခ်န္႐ုန္က အသံတိုးတိုးနဲ႕ေျပာလိုက္သည္၊ထိုေနာက္မွာေတာ့ ထ်န္းဧကရာဇ္ဆီကို ေမာ့ၾကည့္လိုက္မိသည္၊

ပထမက ပိုင္ခ်န္႐ုန္ထင္ခဲ့တာက ခ်င္းယုေယာင္က အသက္ႀကီးႀကီးလူအိုဘုရင္ႀကီးနဲ႕လက္ထပ္ရၿပီထင္ခဲ့ၿပီး စိတ္ထဲ ၾကည္ႏူးေနခဲ့ေသးသည္၊ဒါေပမယ့္ ထ်န္းဧကရာဇ္က ေယာက်ာ္းဆန္ၿပီး အလြန္ခန့္ညား​သည္ကို ယမန္ေန႕ကျမင္လိုက္တည္းက သိ​​ေပမယ့္ လက္ရွိအခ်ိန္အခါမွာ အနီးကပ္ျမင္လိုက္ခ်ိန္မွာေတာ့
လ်န္လ်န့္ထိုက္ထက္ပင္ ပိုမိုခန့္ညားေခ်ာေမာေနၿပီး အရွိန္အဝါလည္းႀကီးလွသည္၊

ၿပီးေတာ့ သူအမုန္းဆုံးလူက ထိုေယာက်ာ္းေဘးနားမွာ တည္ရွိေနရၿပီး သူကေတာ့ သာမန္တိုင္းျပည္ရဲ႕မင္းသားတစ္ဦး၏ၾကင္ယာေတာ္မွ်သာျဖစ္သည္၊အခုေတာ့ ခ်င္းယုေယာင္နဲ႕ သူ႕ရဲ႕ကြာျခားမႈေတြက အရမ္းကိုကြာဟသြားေတာ့သည္၊ ၿပီးေတာ့ ျပန္လည္ေမြးဖြားလာၿပီးေနာက္မွာ ခ်င္းယုေယာင္ကို ေက်ာ္တက္ခဲ့ၿပီး အၿမဲအထက္စီးကေန ေနခဲ့ရေပမယ့္ အခုလို ခ်င္းယုေယာင္ဆီကေန အေစာ္ကားခံလိုက္ရသည္ကို ပိုင္ခ်န္႐ုန္လက္သင့္မခံနိုင္ျဖစ္ေနေတာ့သည္၊

"လ်န္မင္းသားက ၾကင္ယာေတာ္ခ်င္းကို ဘာအေၾကာင္းေၾကာင္​့ ေတြ႕ခ်င္ေနတာလဲ" ထ်န္းမင္ဟာ လ်န္လ်န့္ထိုက္ကိုၾကည့္ရင္းေမးလိုက္သည္၊လ်န္လ်န့္ထိုက္ဟာ ထ်န္းမင္ကိုၾကည့္ၿပီးေနာက္မွာ ခ်င္းယုေယာင္ကိုၾကည့္လိုက္သည္၊

လ်န္လ်န့္ထိုက္မ်က္လုံးမ်ားဟာ ရႈပ္ေထြးေနၿပီး သူဟာ တစ္ခုခုကို အတည္ျပဳခ်င္ေနသလိုပင္၊

"အရွင္ဧကရာဇ္... ဒီမင္းသားက ၾကင္ယာေတာ္နဲ႕ႏွစ္ေယာက္တည္းေျပာခ်င္တာပါခဗ်..."

ထ်န္းမင္ရဲ႕အၾကည့္ေတြက လ်န္လ်န့္ထိုက္ေပၚ စူးစိုက္စြာက်ေရာက္လာေတာ့သည္၊လ်န္လ်န့္ထိုက္ဟာ သူ႕ရဲ႕ဖခင္ထက္ပင္ အရွိန္အဝါႀကီးလွတဲ့ထ်န္းဧကရာဇ္ေၾကာင့္ လက္ပင္ အနည္းငယ္တုန္သြားေတာ့သည္၊

"ခဏ ေျပာေပးလိုက္ပါမယ္ အရွင္" ခ်င္းယုေယာင္ဟာ လ်န္လ်န့္ထိုက္ မည္သို႔ေသာလွည့္ကြက္ေတြ သုံးမလဲသိခ်င္တာေၾကာင့္ ထ်န္းမင္ဆီခြင့္ေတာင္းလိုက္သည္၊ထ်န္းမင္ဟာ ပထမက မ်က္ေမွာင္ၾကဳတ္သြားေပမယ့္ သူ႕အား ယုံၾကည္ခ်က္အျပည့္နဲ႕စိုက္ၾကည့္ေနတဲ့ခ်င္းယုေယာင္ေၾကာင့္ ထ်န္းမင္ဟာ ခြင့္ျပဳလိုက္ေတာ့သည္၊

"ျမင္ရတဲ့ေနရာမွာ ေျပာ" ထ်န္းမင္ဆီက ခြင့္ျပဳခ်က္ရတာနဲ႕ခ်င္းယုေယာင္လည္း မတ္တပ္ထရပ္လိုက္ၿပီး လ်န္လ်န့္ထိုက္ကို ၾကည့္လိုက္သည္၊

"အေရွ႕က သြား" လ်န္လ်န့္ထိုက္ဟာ အရင္ခႏၶာကိုယ္ပိုင္ရွင္ကို နာက်င္ေအာင္လုပ္ထား႐ုံသာမကဘူး ရန္သူၾကားထဲထားရစ္တဲ့သူျဖစ္သည္၊ေနာက္ကြယ္က အႀကံေပးတဲ့သူက ပိုင္ခ်န္႐ုန္ျဖစ္ေနေပမယ့္ေပါ့၊ ခ်င္းယုေယာင္ဟာ မ်က္လုံးေစြကာ ပိုင္ခ်န္႐ုန္ကိုၾကည့္လိုက္ေတာ့ ပိုင္ခ်န္႐ုန္ရဲ႕အၾကည့္ေတြက ထ်န္းမင္ဆီကိုေရာက္ေနေတာ့သည္၊ဒါေၾကာင္​့ ခ်င္းယုေယာင္ရဲ႕မ်က္ခုံးတစ္ဖက္ဟာ ပင့္တက္သြားေပမယ့္ ေလွာင္ၿပဳံးၿပဳံးလိုက္ၿပီး လ်န္လ်န့္ထိုက္ေနာက္ကို လိုက္သြားေတာ့သည္၊သူတို႔က တစ္ဆယ္မီတာအကြာအေဝးေရာက္ခ်ိန္မွာ ခ်င္းယုေယာင္ဟာ ရပ္ခိုင္းလိုက္သည္၊

"ကြၽန္ေတာ္နဲ႕ ဘာေျပာစရာရွိလို႔လဲ"

"ဘာလို႔ ထ်န္းဧကရာဇ္ကို ေ႐ြးခ်ယ္လိုက္တာလဲ" လ်န္လ်န့္ထိုက္ေမးခြန္းေၾကာင့္ ခ်င္းယုေယာင္ မ်က္ေတာင္သုံး၊ေလး၊ငါးခ်က္ပုတ္ခတ္သြားေတာ့သည္၊

'ဒီေကာင္က အ႐ူးလားဟ'

"အရွင္မင္းသားက ဘာကိုေျပာခ်င္တာလဲ ဒီၾကင္ယာေတာ္ နားမလည္ဘူး...ၿပီးေတာ​့ ဒီၾကင္ယာေတာ္က ထ်န္းအင္ပါယာနဲ႕လ်န္တိုင္းျပည္ၾကားက ၿငိမ္းခ်မ္းျခင္းအျဖစ္ခွ်ည္ႏွောင္ထားတဲ့သူတစ္ေယာက္ပဲေလ..."

"အရွင္မင္းသားက ဘယ္လိုလုပ္ ဒီၾကင္ယာေတာ္ကို စြပ္စြဲရက္တာလဲ" ခ်င္းယုေယာင္စကားေတြက မွန္ကန္တာေၾကာင့္ လ်န္လ်န့္ထိုက္ ဘာမွမေျပာနိုင္ေတာ့ေပ၊ခ်င္းယုေယာင္လည္း အဓိပၸါယ္မရွိတာေတြ မေျပာခ်င္တာေၾကာင့္ လွည့္ထြက္သြားေတာ့သည္၊

"မင္းမလိုရင္ရင္ ငါ့အေဖ့ကို ေျပာေပးလို႔ရတယ္...လက္ထပ္ထိမ္းျမားဖို႔ အျခားလူတစ္ေယာက္ကို အစားထိုးလို႔ရတာပဲေလ"

"အစားထိုးမယ္..." လ်န္လ်န့္ထိုက္စကားေၾကာင့္ ခ်င္းယုေယာင္ဟာ ခပ္တိုးတိုးေလွာင္ရယ္လိုက္ေတာ့သည္၊ထိုေနာက္မွာ လ်န္လ်န့္ထိုက္ဘက္ကို လွည့္ကာ ေမးလိုက္သည္၊

"ကြၽန္ေတာ့္ေနရာမွာ အစားထိုးခ်င္တယ္ေပါ့...ဘယ္သူ႕ကိုလဲ အရွင္မင္းသားရဲ႕ခ်စ္ရတဲ့ပိုင္ခ်န္႐ုန္ကိုလား" ခ်င္းယုေယာင္ရဲ႕ထစ္ေငါ့တဲ့စကားေတြေၾကာင့္ လ်န္လ်န့္ထိုက္က အမူအရာမပ်က္သြားပင္ သူဟာ ခ်င္းယုေယာင္ကို စိုက္ၾကည့္ရင္းေျပာလိုက္သည္၊

"ဟုတ္တယ္"

ခ်င္းယုေယာင္ဟာ လ်န္လ်န့္ထိုက္ရဲ႕လက္ခံစကားေၾကာင့္ မဲ့ၿပဳံးၿပဳံးသြားေတာ့သည္၊ထိုေနာက္မွာ သူ႕ရဲ႕မ်က္ဝန္းမ်ားဟာ အေရာင္လက္သြားၿပီး လ်န္လ်န့္ထိုက္ကို စိုက္ၾကည့္လိုက္သည္၊

"ထ်န္းဧကရာဇ္ေရာ၊လ်န္ဘုရင္မင္းျမတ္ေကာ လက္ခံမယ္ဆိုရင္ ဒီၾကင္ယာေတာ္ဘက္က ျငင္းစရာအေၾကာင္းမရွိပါဘူး" ခ်င္းယုေယာင္စကားေၾကာင့္ လ်န္လ်န့္ထိုက္က ၿပဳံးသြားေတာ့သည္၊သူ႕ပုံစံဟာ ယုံၾကည္ခ်က္အျပည့္နဲ႕ပင္၊

ခ်င္းယုေယာင္ဟာ စိတ္ဝင္စားမႈမရွိတဲ့အမူအရာနဲ႕ထြက္သြားေတာ့သည္၊ဒါေပမယ့္ သူ႕ရဲ႕မ်က္ဝန္းမ်ားကို လာမဲ့ကစားပြဲကို အရမ္းကိုစိတ္လႈပ္ရွားေနေတာ့သည္၊

အေဆာင္ဇရပ္နားျပန္ေရာက္လာခ်ိန္မွာ ပိုင္ခ်န္႐ုန္ဟာ ေျမျပင္မွာ ဒူးေထာက္ကာ ငိုယိုေနသည္ကိုေတြ႕ေတာ့ ခ်င္းယုေယာင္အၾကည့္ေတြဟာ အနည္းငယ္ေတာ့ ေၾကာင္အသြားတယ္၊သူတို႔စကားေျပာေနခ်ိန္ တစ္ခုခုျဖစ္သြားတာလား...၊

"ယုေယာင္... ကိုယ္ေတာ့္ရဲ႕ၾကင္ယာေတာ္ေလး ျပန္လာၿပီလား" ထ်န္းမင္ရဲ႕အသံဟာ ပုံမွန္ထက္ေအးစက္ေနခ်ိန္မွာ တစ္ခုခုေတာ့ ျဖစ္ခဲ့ၿပီဆိုတာ ခ်င္းယုေယာင္နားလည္သြားေတာ့သည္၊ၿပီးေတာ့ သူ႕ရဲ႕မ်က္ဝန္းေထာင့္ကေန ပိုင္ခ်န္႐ုန္ရဲ႕ေလွာင္ၿပဳံးကိုလည္း ျမင္လိုက္ေသးသည္၊

'ငါ့ကို ဝင္ၿပီးႏွောက္ခ်င္တာလား...'

ခ်င္းယုေယာင္ဟာ ထ်န္းမင္ရဲ႕အနီးကခုံမွာ ဝင္ထိုင္ရန္ျပင္ခ်ိန္မွာ ထ်န္းမင္ရဲ႕ေအးစက္စက္ေလသံက ထြက္လာေတာ့သည္၊

"ဘယ္သူက ခုံမွာ ထိုင္ခိုင္းလို႔လဲ... ဒီလာထိုင္" ထ်န္းမင္ဟာ သူ႕ရဲ႕ေပါင္ေပၚကို ပုတ္ျပခ်ိန္မွာ ခ်င္းယုေယာင္ကလည္း နားခံစြာျဖင္​့ ေပါင္ေပၚမွာထိုင္လိုက္သည္၊

"အကုန္ ထြက္သြားၾကစမ္း" ထ်န္းမင္စကားေၾကာင့္ အေစခံေတြအားလုံးလည္း ေၾကာင္လန့္တၾကားထြက္သြားေတာ့သည္၊ဒါေပမယ့္ သူတို႔ကို တင္းမာစြာစိုက္ၾကည့္ေနတဲ့ႏွစ္ေယာက္ကို ထ်န္းမင္ကလည္း ျပန္စိုက္ၾကည့္လိုက္သည္၊

"မင္းတို႔က မထြက္သြားေသးဘူးလား "

"က်ဳပ္တို႔ကို ခြင့္ျပဳပါဦး" လ်န္လ်န့္ထိုက္ဟာ အံႀကိတ္လိုက္ၿပီး ပိုင္ခ်န္႐ုန္ကို လက္ေမာင္းကေန ထနိုင္ေအာင္ ကူေပးလိုက္ၿပီးေနာက္မွာ ထြက္သြားေတာ့သည္၊

"ခင္ဗ်ားက ဘာေတြ မေပ်ာ္မ႐ႊင္ျဖစ္ေနတာလဲ" အကုန္လုံးထြက္သြားခ်ိန္ေရာက္မွ ခ်င္းယုေယာင္ဟာ ထ်န္းမင္ရင္ခြင္ထဲ သက္ေသာင့္သက္သာအေနအထားလုပ္လိုက္ၿပီး မွီလိုက္သည္၊

"ယုေယာင္... လ်န္မ်ိဳးရိုးနဲ႕ေကာင္ကို စကားေျပာခ်ိန္မွာ ဘာလို႔ၿပဳံးေနရတာလဲ"ခ်င္းယုေယာင္ဟာ ထ်န္းမင္ရဲ႕ေဒါသက ထိုကိစၥေသးေသးေလးေၾကာင့္ဆိုတာ သိသြားေတာ့ သူ႕မွာ ရယ္ရခက္၊ငိုရခက္ျဖစ္သြားေတာ့သည္၊သူ႕ရဲ႕မေကာင္းဆိုးဝါးႀကီးက အၿမဲသဝန္တိုၾကမ္းလွပါလား...၊

ခ်င္းယုေယာင္ဟာ ထ်န္းမင္ဘက္ကို လွည့္လိုက္ၿပီးထ်န္းမင္ရဲ႕ေမးကို ဖြဖြေလးအနမ္းေပးလိုက္သည္၊ထိုေနာက္မွာ ပခုံးေပၚ မွီလိုက္ၿပီး ရယ္သံစြတ္ရင္းေျပာလိုက္သည္၊

"အ႐ူးေတြက ႀကီးမားတဲ့အိပ္မက္ကို လိုခ်င္ေနတယ္ေလ...သူတို႔က ခင္ဗ်ားရဲ႕ၾကင္ယာေတာ္ေနရာကို ပိုင္ခ်န္႐ုန္ကို အစားထိုးခ်င္ေနတယ္..."

"အိုး...သူတို႔က ဘယ္လိုယုံၾကည္ခ်က္ေတြေၾကာင့္လဲ"

"ခုနက ပိုင္ခ်န္႐ုန္က ကြၽန္ေတာ္က လ်န္မင္းသားေပၚ ခံစားခ်က္ရွိေသးေၾကာင္းနဲ႕လက္ထပ္ခ်င္ေသးေၾကာင္း မေတာ္တဆပုံစံနဲ႕လာေျပာသြားတာမလား..." ခ်င္းယုေယာင္စကားေၾကာင့္ ထ်န္းမင္က ေခါင္းညိတ္လိုက္သည္၊

"ေအး"

"ကြၽန္ေတာ္ထင္သားပဲ သူက အဲ့အကြက္ေဟာင္းႀကီးပဲ သုံးေနျပန္တာပဲေလ...အရင္ကလည္း လ်န္မင္းသားကို ကြၽန္ေတာ္က အျခားတစ္ေယာက္နဲ႕ခ်စ္ႀကိဳက္ေနတဲ့ပုံစံေျပာဖူးတယ္..."

"သူက ပ်င္းစရာေကာင္းတာကိုပဲ ထပ္တလဲလဲလုပ္ေနတာပဲ..." ခ်င္းယုေယာင္ဟာ ပ်င္းရိပ်င္းတြဲအသံျဖင့္ေျပာလိုက္ေတာ့ ထ်န္းမင္ကၿပဳံးသြားေတာ့သည္၊ရွင္းရွင္းေျပာရရင္ ပိုင္ခ်န္႐ုန္စကားကို ယုံကိုမယုံေပ၊သူက လ်န္လ်န့္ထိုက္လို စဥ္းစားဥာဏ္မရွိတဲ့ငပိန္းမွ မဟုတ္တာ၊

ဒါေပမယ့္ သူ႕ရဲ႕ဇနီးေလးကို အျခားသူေတြနဲ႕မရယ္ေမာေစခ်င္တာေတာ့ အမွန္ေပ၊

"ကိုယ္ေတာ့္အမိန့္ကို နာခံေစ...ၾကင္ယာေတာ္ခ်င္း"

"ကိုယ္ေတာ္ေရွ႕ကလြဲၿပီး ဘယ္သူ႕ေရွ႕မွာမွ မၿပဳံးရဘူး မရယ္ေမာရဘူး ၾကားလား"

"ၾကားပါတယ္ အရွင္" ခ်င္းယုေယာင္ဟာ ခပ္တိုးတိုးေလးရယ္ေမာရင္းေျဖလိုက္သည္၊ဒီလူႀကီးရဲ႕သဝန္တိုမႈေတြက အရင္ကမၻာေတြကလိုပဲ၊

ခ်င္းယုေယာင္ရဲ႕အူျမဴးတဲ့အမူအရာေလးေၾကာင့္ ထ်န္းမင္ကလည္း ၿပဳံးသြားေတာ့သည္၊ထ်န္းမင္ဟာ ခ်င္းယုေယာင္ရဲ႕ေမးေလးကို ပင့္လိုက္ၿပီး ဖြဖြေလးနနမ္းလိုက္သည္၊ထ်န္းမင္မ်က္ဝန္းတစ္စုံဟာ ေ႐ႊေရာင္ေတာက္ပေနၿပီးေနာက္မွာေတာ့ သူဟာ ခ်င္းယုေယာင္ကို ေျပာလိုက္ေတာ့သည္၊

"မွတ္ထား ဇနီးေလး... မင္းက ကိုယ့္ရဲ႕ပိုင္ဆိုင္မႈေလးပဲ"

-*-*-*-*-*-*-*-*-*-
Unicode

"ကြင်ယာတော်ရဲ့သက်ညှာမှုအတွက် ကျေးဇူးတင်ပါတယ်" ပိုင်ချန်ရုန်က အသံတိုးတိုးနဲ့ပြောလိုက်သည်၊ထိုနောက်မှာတော့ ထျန်းဧကရာဇ်ဆီကို မော့ကြည့်လိုက်မိသည်၊

ပထမက ပိုင်ချန်ရုန်ထင်ခဲ့တာက ချင်းယုယောင်က အသက်ကြီးကြီးလူအိုဘုရင်ကြီးနဲ့လက်ထပ်ရပြီထင်ခဲ့ပြီး စိတ်ထဲ ကြည်နူးနေခဲ့သေးသည်၊ဒါပေမယ့် ထျန်းဧကရာဇ်က ယောကျာ်းဆန်ပြီး အလွန်ခန့်ညား​သည်ကို ယမန်နေ့ကမြင်လိုက်တည်းက သိ​​ပေမယ့် လက်ရှိအချိန်အခါမှာ အနီးကပ်မြင်လိုက်ချိန်မှာတော့
လျန်လျန့်ထိုက်ထက်ပင် ပိုမိုခန့်ညားချောမောနေပြီး အရှိန်အဝါလည်းကြီးလှသည်၊

ပြီးတော့ သူအမုန်းဆုံးလူက ထိုယောကျာ်းဘေးနားမှာ တည်ရှိနေရပြီး သူကတော့ သာမန်တိုင်းပြည်ရဲ့မင်းသားတစ်ဦး၏ကြင်ယာတော်မျှသာဖြစ်သည်၊အခုတော့ ချင်းယုယောင်နဲ့ သူ့ရဲ့ကွာခြားမှုတွေက အရမ်းကိုကွာဟသွားတော့သည်၊ ပြီးတော့ ပြန်လည်မွေးဖွားလာပြီးနောက်မှာ ချင်းယုယောင်ကို ကျော်တက်ခဲ့ပြီး အမြဲအထက်စီးကနေ နေခဲ့ရပေမယ့် အခုလို ချင်းယုယောင်ဆီကနေ အစော်ကားခံလိုက်ရသည်ကို ပိုင်ချန်ရုန်လက်သင့်မခံနိုင်ဖြစ်နေတော့သည်၊

"လျန်မင်းသားက ကြင်ယာတော်ချင်းကို ဘာအကြောင်းကြောင်​့ တွေ့ချင်နေတာလဲ" ထျန်းမင်ဟာ လျန်လျန့်ထိုက်ကိုကြည့်ရင်းမေးလိုက်သည်၊လျန်လျန့်ထိုက်ဟာ ထျန်းမင်ကိုကြည့်ပြီးနောက်မှာ ချင်းယုယောင်ကိုကြည့်လိုက်သည်၊

လျန်လျန့်ထိုက်မျက်လုံးများဟာ ရှုပ်ထွေးနေပြီး သူဟာ တစ်ခုခုကို အတည်ပြုချင်နေသလိုပင်၊

"အရှင်ဧကရာဇ်... ဒီမင်းသားက ကြင်ယာတော်နဲ့နှစ်ယောက်တည်းပြောချင်တာပါခဗျ..."

ထျန်းမင်ရဲ့အကြည့်တွေက လျန်လျန့်ထိုက်ပေါ် စူးစိုက်စွာကျရောက်လာတော့သည်၊လျန်လျန့်ထိုက်ဟာ သူ့ရဲ့ဖခင်ထက်ပင် အရှိန်အဝါကြီးလှတဲ့ထျန်းဧကရာဇ်ကြောင့် လက်ပင် အနည်းငယ်တုန်သွားတော့သည်၊

"ခဏ ပြောပေးလိုက်ပါမယ် အရှင်" ချင်းယုယောင်ဟာ လျန်လျန့်ထိုက် မည်သို့သောလှည့်ကွက်တွေ သုံးမလဲသိချင်တာကြောင့် ထျန်းမင်ဆီခွင့်တောင်းလိုက်သည်၊ထျန်းမင်ဟာ ပထမက မျက်မှောင်ကြုတ်သွားပေမယ့် သူ့အား ယုံကြည်ချက်အပြည့်နဲ့စိုက်ကြည့်နေတဲ့ချင်းယုယောင်ကြောင့် ထျန်းမင်ဟာ ခွင့်ပြုလိုက်တော့သည်၊

"မြင်ရတဲ့နေရာမှာ ပြော" ထျန်းမင်ဆီက ခွင့်ပြုချက်ရတာနဲ့ချင်းယုယောင်လည်း မတ်တပ်ထရပ်လိုက်ပြီး လျန်လျန့်ထိုက်ကို ကြည့်လိုက်သည်၊

"အရှေ့က သွား" လျန်လျန့်ထိုက်ဟာ အရင်ခန္ဓာကိုယ်ပိုင်ရှင်ကို နာကျင်အောင်လုပ်ထားရုံသာမကဘူး ရန်သူကြားထဲထားရစ်တဲ့သူဖြစ်သည်၊နောက်ကွယ်က အကြံပေးတဲ့သူက ပိုင်ချန်ရုန်ဖြစ်နေပေမယ့်ပေါ့၊ ချင်းယုယောင်ဟာ မျက်လုံးစွေကာ ပိုင်ချန်ရုန်ကိုကြည့်လိုက်တော့ ပိုင်ချန်ရုန်ရဲ့အကြည့်တွေက ထျန်းမင်ဆီကိုရောက်နေတော့သည်၊ဒါကြောင်​့ ချင်းယုယောင်ရဲ့မျက်ခုံးတစ်ဖက်ဟာ ပင့်တက်သွားပေမယ့် လှောင်ပြုံးပြုံးလိုက်ပြီး လျန်လျန့်ထိုက်နောက်ကို လိုက်သွားတော့သည်၊သူတို့က တစ်ဆယ်မီတာအကွာအဝေးရောက်ချိန်မှာ ချင်းယုယောင်ဟာ ရပ်ခိုင်းလိုက်သည်၊

"ကျွန်တော်နဲ့ ဘာပြောစရာရှိလို့လဲ"

"ဘာလို့ ထျန်းဧကရာဇ်ကို ရွေးချယ်လိုက်တာလဲ" လျန်လျန့်ထိုက်မေးခွန်းကြောင့် ချင်းယုယောင် မျက်တောင်သုံး၊လေး၊ငါးချက်ပုတ်ခတ်သွားတော့သည်၊

'ဒီကောင်က အရူးလားဟ'

"အရှင်မင်းသားက ဘာကိုပြောချင်တာလဲ ဒီကြင်ယာတော် နားမလည်ဘူး...ပြီးတော​့ ဒီကြင်ယာတော်က ထျန်းအင်ပါယာနဲ့လျန်တိုင်းပြည်ကြားက ငြိမ်းချမ်းခြင်းအဖြစ်ချှည်နှောင်ထားတဲ့သူတစ်ယောက်ပဲလေ..."

"အရှင်မင်းသားက ဘယ်လိုလုပ် ဒီကြင်ယာတော်ကို စွပ်စွဲရက်တာလဲ" ချင်းယုယောင်စကားတွေက မှန်ကန်တာကြောင့် လျန်လျန့်ထိုက် ဘာမှမပြောနိုင်တော့ပေ၊ချင်းယုယောင်လည်း အဓိပ္ပါယ်မရှိတာတွေ မပြောချင်တာကြောင့် လှည့်ထွက်သွားတော့သည်၊

"မင်းမလိုရင်ရင် ငါ့အဖေ့ကို ပြောပေးလို့ရတယ်...လက်ထပ်ထိမ်းမြားဖို့ အခြားလူတစ်ယောက်ကို အစားထိုးလို့ရတာပဲလေ"

"အစားထိုးမယ်..." လျန်လျန့်ထိုက်စကားကြောင့် ချင်းယုယောင်ဟာ ခပ်တိုးတိုးလှောင်ရယ်လိုက်တော့သည်၊ထိုနောက်မှာ လျန်လျန့်ထိုက်ဘက်ကို လှည့်ကာ မေးလိုက်သည်၊

"ကျွန်တော့်နေရာမှာ အစားထိုးချင်တယ်ပေါ့...ဘယ်သူ့ကိုလဲ အရှင်မင်းသားရဲ့ချစ်ရတဲ့ပိုင်ချန်ရုန်ကိုလား" ချင်းယုယောင်ရဲ့ထစ်ငေါ့တဲ့စကားတွေကြောင့် လျန်လျန့်ထိုက်က အမူအရာမပျက်သွားပင် သူဟာ ချင်းယုယောင်ကို စိုက်ကြည့်ရင်းပြောလိုက်သည်၊

"ဟုတ်တယ်"

ချင်းယုယောင်ဟာ လျန်လျန့်ထိုက်ရဲ့လက်ခံစကားကြောင့် မဲ့ပြုံးပြုံးသွားတော့သည်၊ထိုနောက်မှာ သူ့ရဲ့မျက်ဝန်းများဟာ အရောင်လက်သွားပြီး လျန်လျန့်ထိုက်ကို စိုက်ကြည့်လိုက်သည်၊

"ထျန်းဧကရာဇ်ရော၊လျန်ဘုရင်မင်းမြတ်ကော လက်ခံမယ်ဆိုရင် ဒီကြင်ယာတော်ဘက်က ငြင်းစရာအကြောင်းမရှိပါဘူး" ချင်းယုယောင်စကားကြောင့် လျန်လျန့်ထိုက်က ပြုံးသွားတော့သည်၊သူ့ပုံစံဟာ ယုံကြည်ချက်အပြည့်နဲ့ပင်၊

ချင်းယုယောင်ဟာ စိတ်ဝင်စားမှုမရှိတဲ့အမူအရာနဲ့ထွက်သွားတော့သည်၊ဒါပေမယ့် သူ့ရဲ့မျက်ဝန်းများကို လာမဲ့ကစားပွဲကို အရမ်းကိုစိတ်လှုပ်ရှားနေတော့သည်၊

အဆောင်ဇရပ်နားပြန်ရောက်လာချိန်မှာ ပိုင်ချန်ရုန်ဟာ မြေပြင်မှာ ဒူးထောက်ကာ ငိုယိုနေသည်ကိုတွေ့တော့ ချင်းယုယောင်အကြည့်တွေဟာ အနည်းငယ်တော့ ကြောင်အသွားတယ်၊သူတို့စကားပြောနေချိန် တစ်ခုခုဖြစ်သွားတာလား...၊

"ယုယောင်... ကိုယ်တော့်ရဲ့ကြင်ယာတော်လေး ပြန်လာပြီလား" ထျန်းမင်ရဲ့အသံဟာ ပုံမှန်ထက်အေးစက်နေချိန်မှာ တစ်ခုခုတော့ ဖြစ်ခဲ့ပြီဆိုတာ ချင်းယုယောင်နားလည်သွားတော့သည်၊ပြီးတော့ သူ့ရဲ့မျက်ဝန်းထောင့်ကနေ ပိုင်ချန်ရုန်ရဲ့လှောင်ပြုံးကိုလည်း မြင်လိုက်သေးသည်၊

'ငါ့ကို ဝင်ပြီးနှောက်ချင်တာလား...'

ချင်းယုယောင်ဟာ ထျန်းမင်ရဲ့အနီးကခုံမှာ ဝင်ထိုင်ရန်ပြင်ချိန်မှာ ထျန်းမင်ရဲ့အေးစက်စက်လေသံက ထွက်လာတော့သည်၊

"ဘယ်သူက ခုံမှာ ထိုင်ခိုင်းလို့လဲ... ဒီလာထိုင်" ထျန်းမင်ဟာ သူ့ရဲ့ပေါင်ပေါ်ကို ပုတ်ပြချိန်မှာ ချင်းယုယောင်ကလည်း နားခံစွာဖြင်​့ ပေါင်ပေါ်မှာထိုင်လိုက်သည်၊

"အကုန် ထွက်သွားကြစမ်း" ထျန်းမင်စကားကြောင့် အစေခံတွေအားလုံးလည်း ကြောင်လန့်တကြားထွက်သွားတော့သည်၊ဒါပေမယ့် သူတို့ကို တင်းမာစွာစိုက်ကြည့်နေတဲ့နှစ်ယောက်ကို ထျန်းမင်ကလည်း ပြန်စိုက်ကြည့်လိုက်သည်၊

"မင်းတို့က မထွက်သွားသေးဘူးလား "

"ကျုပ်တို့ကို ခွင့်ပြုပါဦး" လျန်လျန့်ထိုက်ဟာ အံကြိတ်လိုက်ပြီး ပိုင်ချန်ရုန်ကို လက်မောင်းကနေ ထနိုင်အောင် ကူပေးလိုက်ပြီးနောက်မှာ ထွက်သွားတော့သည်၊

"ခင်ဗျားက ဘာတွေ မပျော်မရွှင်ဖြစ်နေတာလဲ" အကုန်လုံးထွက်သွားချိန်ရောက်မှ ချင်းယုယောင်ဟာ ထျန်းမင်ရင်ခွင်ထဲ သက်သောင့်သက်သာအနေအထားလုပ်လိုက်ပြီး မှီလိုက်သည်၊

"ယုယောင်... လျန်မျိုးရိုးနဲ့ကောင်ကို စကားပြောချိန်မှာ ဘာလို့ပြုံးနေရတာလဲ"ချင်းယုယောင်ဟာ ထျန်းမင်ရဲ့ဒေါသက ထိုကိစ္စသေးသေးလေးကြောင့်ဆိုတာ သိသွားတော့ သူ့မှာ ရယ်ရခက်၊ငိုရခက်ဖြစ်သွားတော့သည်၊သူ့ရဲ့မကောင်းဆိုးဝါးကြီးက အမြဲသဝန်တိုကြမ်းလှပါလား...၊

ချင်းယုယောင်ဟာ ထျန်းမင်ဘက်ကို လှည့်လိုက်ပြီးထျန်းမင်ရဲ့မေးကို ဖွဖွလေးအနမ်းပေးလိုက်သည်၊ထိုနောက်မှာ ပခုံးပေါ် မှီလိုက်ပြီး ရယ်သံစွတ်ရင်းပြောလိုက်သည်၊

"အရူးတွေက ကြီးမားတဲ့အိပ်မက်ကို လိုချင်နေတယ်လေ...သူတို့က ခင်ဗျားရဲ့ကြင်ယာတော်နေရာကို ပိုင်ချန်ရုန်ကို အစားထိုးချင်နေတယ်..."

"အိုး...သူတို့က ဘယ်လိုယုံကြည်ချက်တွေကြောင့်လဲ"

"ခုနက ပိုင်ချန်ရုန်က ကျွန်တော်က လျန်မင်းသားပေါ် ခံစားချက်ရှိသေးကြောင်းနဲ့လက်ထပ်ချင်သေးကြောင်း မတော်တဆပုံစံနဲ့လာပြောသွားတာမလား..." ချင်းယုယောင်စကားကြောင့် ထျန်းမင်က ခေါင်းညိတ်လိုက်သည်၊

"အေး"

"ကျွန်တော်ထင်သားပဲ သူက အဲ့အကွက်ဟောင်းကြီးပဲ သုံးနေပြန်တာပဲလေ...အရင်ကလည်း လျန်မင်းသားကို ကျွန်တော်က အခြားတစ်ယောက်နဲ့ချစ်ကြိုက်နေတဲ့ပုံစံပြောဖူးတယ်..."

"သူက ပျင်းစရာကောင်းတာကိုပဲ ထပ်တလဲလဲလုပ်နေတာပဲ..." ချင်းယုယောင်ဟာ ပျင်းရိပျင်းတွဲအသံဖြင့်ပြောလိုက်တော့ ထျန်းမင်ကပြုံးသွားတော့သည်၊ရှင်းရှင်းပြောရရင် ပိုင်ချန်ရုန်စကားကို ယုံကိုမယုံပေ၊သူက လျန်လျန့်ထိုက်လို စဥ်းစားဥာဏ်မရှိတဲ့ငပိန်းမှ မဟုတ်တာ၊

ဒါပေမယ့် သူ့ရဲ့ဇနီးလေးကို အခြားသူတွေနဲ့မရယ်မောစေချင်တာတော့ အမှန်ပေ၊

"ကိုယ်တော့်အမိန့်ကို နာခံစေ...ကြင်ယာတော်ချင်း"

"ကိုယ်တော်ရှေ့ကလွဲပြီး ဘယ်သူ့ရှေ့မှာမှ မပြုံးရဘူး မရယ်မောရဘူး ကြားလား"

"ကြားပါတယ် အရှင်" ချင်းယုယောင်ဟာ ခပ်တိုးတိုးလေးရယ်မောရင်းဖြေလိုက်သည်၊ဒီလူကြီးရဲ့သဝန်တိုမှုတွေက အရင်ကမ္ဘာတွေကလိုပဲ၊

ချင်းယုယောင်ရဲ့အူမြူးတဲ့အမူအရာလေးကြောင့် ထျန်းမင်ကလည်း ပြုံးသွားတော့သည်၊ထျန်းမင်ဟာ ချင်းယုယောင်ရဲ့မေးလေးကို ပင့်လိုက်ပြီး ဖွဖွလေးနနမ်းလိုက်သည်၊ထျန်းမင်မျက်ဝန်းတစ်စုံဟာ ရွှေရောင်တောက်ပနေပြီးနောက်မှာတော့ သူဟာ ချင်းယုယောင်ကို ပြောလိုက်တော့သည်၊

"မှတ်ထား ဇနီးလေး... မင်းက ကိုယ့်ရဲ့ပိုင်ဆိုင်မှုလေးပဲ"

-*-*-*-*-*-*-*-*-*-

Continue Reading

You'll Also Like

108K 7.7K 115
bl system manhwaလေးပါ စိတ်ဝင်စားရင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်
1.2M 90.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
149K 9.5K 64
Barကို လာတဲ့ Customer 80%က Bottom‌ေတွ။ 15%က စိတ်လှုပ်ရှားစရာကိုလာရှာကြတဲ့မိန်းကလေးတွေ။ Barမှာအလုပ်လုပ်‌ေနတဲ့ အဖြောင့်ကောင်လေး Xia Zhiကတော့ လာအီတဲ့သူတ...
321K 25.6K 87
နာမည်ကြီး Actor တယောက်ဖြစ်တဲ့ Xia TingWan(ရှထင်ဝမ်) ဟာ Accident တစ်ခု ဖြစ်ပြီးတဲ့နောက်မှာ ကြယ်တစ်ပွင့်လို ကျော်ကြားနေရာကနေ ဝေဖန်ကဲ့ရဲ့တာတွေ ခံခဲ့ရပါ...