Chapter(346)
ဝိညာဉ်မုဆိုး(1)
"ငါ သူမကိုတွေ့ခဲ့ပြီး ညမှာဖြစ်ပျက်ခဲ့တာကို မှတ်မိသေးတယ်။အဲဒီအချိန်တုန်းက ငါက အကြောင်းပြချက်မရှိဘဲ အစာအိမ်နာနေခဲ့တယ်။ချွင်ချက်က ငါ့အတွက် သမားတော်တွေအများကြီးငှားရမ်းခဲ့ပေမဲ့ သူတို့က ဘာရောဂါလည်းဆိုတာ မပြောနိုင်ခဲ့ဘူး။သူတို့က ငါက ကုယ်ဝန်ဆောင်ထားတာကြောင့် ပြသနာရှိနေတယ်လို့ ယူဆခဲ့ကြတယ်။ဆေးဝါးတွေက အလုပ်မဖြစ်တာကြောင့် ငါက တစ်ညလုံးနာကျင်နေခဲ့တယ်။နောက်တစ်ရက်ကျတော့ ပိုပြီးနေလို့ကောင်းလာခဲ့တယ်"ဂေါင်တုန်က အဲဒီအချိန်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ဆိုးဝါးတဲ့အမှတ်တရကို ပြန်တွေးလိုက်ပြီး ဆက်ပြောလိုက်တယ်"အဲဒီအချိန်တုန်းက ငါက သေတော့မယ်လို့တောင်ထင်နေခဲ့တာ"
"ထူးဆန်းတယ်။ငါက အဲဒီတုန်းက အရာရာကိုမှတ်မိပေမဲ့ မင်းအတွက် သမားတော်တွေကို ခေါ်ပြီးတဲ့နောက်မှာတော့ ဘာဖြစ်လည်း မသိတော့ဘူး"ဝူချွင်ချင်က ပြန်စဉ်းစားလိုက်ပြီး ပြောလိုက်တယ်။
"ငါလည်း ဘာတွေဖြစ်သွားလည်း ဆိုတ မမှတ်တော့ဘူး။နောက်တစ်နေ့ ကျွန်မနိုးလာတော့ ရှင်က ကျွန်မအိပ်ရာဘေးမှာ အိပ်ပျော်နေတာလေ။ပြီးတော့ အစာအိမ်နာတာကလည်း "သက်သာသွားခဲ့တယ်"ဂေါင်တုန်က ပြောလိုက်တယ်။
"အမေ အဲဒီအချိန်တုန်းက အမေက ကပ်ပါးပြုစားကောင်တဲ့ ပြုစားခံရတာဖြစ်နိုင်လား?"ဝူရုန်က မေးလိုက်တယ်။
ဖြစ်နိုင်တာက အဲဒီအချိန်တုန်းက ကပ်ပါးပြုစားကောင်တွေက သူမရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေခဲ့တာဖြစ်နိုင်တယ်။
"ကပ်ပါးပြုစားကောင်လား?"ဂေါင်တုန်က ခေါင်းခါလိုက်ပြီး"အမေက ကပ်ပါးပြုစားကောင်တွေအကြောင်းမသိဘူး။တကယ်လို့ ပြုစားခံရရင်တောင် အမေက သိမှာမဟုတ်ဘူး"
"အဲဒါက နှစ်တွေအများကြီး ကြာခဲ့ပြီ။အခုချိန်မှာ အဲဒီအကြောင်း ပြန်တွေးဖို့ မလိုတော့ပါဘူး"ဝူချွင်ချင်က ဂေါင်တုန်၏ပခုံးကို ဖက်လိုက်ပြီးနှစ်သိမ့်ပေးလိုက်တယ်။
ဂေါင်တုန်က ခေါင်းငြိမ့်လိုက်တယ်။
ဝူရုန်နှင့်ဟေးရွမ်ရီက တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး စကားတော့ မပြောပါဘူး။
မြေမြှုပ်အခမ်းအနားပြီးတဲ့အချိန်မှာတော့ နှင်းတွေတောင် ကျလာပြီဖြစ်တယ်။
ဝူရုန်နှင့်တခြားသူတွေက အင်ပါယာမြို့တော်ကိုပြန်လာတဲ့အချိန်မှာတော့ ရထားလုံးက မြို့ဝင်ပေါက်မှာ စောင့်နေပြီဖြစ်တယ်။သူတို့ခုနှစ်ယောက်က ရထားလုံးပေါ်တက်လိုက်ပြီး ဟေးအိမ်တော်ကို ပြန်သွားကြတယ်။
သူတို့က လူရှုပ်တဲ့ လမ်းကြားကိုဖြတ်မောင်းတဲ့အချိန်မှာတော့ ရထားလုံးမောင်းတဲ့အစောင့်နှစ်ယောက်က ရထားလုံးထဲကို ကျလာခဲ့တယ်။
လူအိုကြီးဟေးက ဒီအခြေအနေနှင့် မရင်းနှီးတာကြောင့် သူက အော်လိုက်တယ်"သူတို့က သေနေပြီ။သူတို့က သေနေပြီ"
ဝူချွင်ချင်က ဂေါင်တုန်ကို သူ့လက်မောင်းထဲမှာ ကာကွယ်လိုက်တယ်။
ဝူဇူက ရထားလုံးအပြင်ကို ထွက်လိုက်ပြီး ထိတ်လန့်နေတဲ့ မြင်းတွေကို ရပ်တန့်ဖို့ မြင်းဇက်ကြိုးကို ဆွဲလိုက်တယ်။
ဟေးရွမ်ရီကလည်း အပြင်ကို ထွက်လိုက်ပြီး ရထားလုံးမောင်းသူရဲ့ဘေးကနေ ပတ်ဝန်းကျင်ကို စူးရှတဲ့ မျက်ဝန်းတွေနှင့် ကြည့်လိုက်တယ်။အဆောက်အအုံတွေ၏ခေါင်မိုးတွေပေါ်မှာ လူတွေအများကြီးရှိနေတာကြောင့် ဟေးရွမ်ရီက ပြောလိုက်တယ်"အကိုကြီး အိမ်ကိုမောင်း"
"အင်း"ဝူဇူက ရထားလုံးကို ဟေးအိမ်တော်ကို ဦးတည်မောင်းနှင်လိုက်တယ်။
တစ်ချိန်ထဲမှာဘဲ ခေါင်းမိုးတွေပေါ်က လူတွေက ဟေးရွမ်ရီထံကို ဦးတည်ဆင်းသက်လာကြတယ်။
ဟေးရွမ်ရီက သူ့ရဲ့စိတ်စွမ်းအင်ကို မရေမတွက်နိုင်တဲ့ ထိတွေ့လို့မရနိုင်တဲ့ အပ်ပုံစံဖြစ်ပေါ်စေလိုက်ပြီး အဘက်ဘက်ကို ဦးတည်ပြီး ပစ်လွတ်လိုက်တယ်။အပ်တွေက အဲဒီလူတွေရဲ့အရည်ပြားကို ဖြတ်သွားပြီး သွေးထွက်လာစေတယ်။
ဝူဇူက ရထားလုံးမောင်းဖို့ကို အာရုံစိုက်ထားပြီး အခြားအရာတွေကို သတိမထားဘူး။ဒါပေမဲ့ သူက ဟေးရွမ်ရီက ထူးဆန်းတဲ့ ဂါထာရွတ်နေတာကိုတော့ ကြားနိုင်တယ်။အဲဒီနောက်မှာတော့ အဲဒီလူတွေက သက်ရောက်ခံလိုက်ရပြီး ခြောက်သွေ့ကုန်ကာ တစ်ယောက်ပြီး တစ်ယောက် မြေကြီးပေါ်ကို ပြုတ်ကျလာတယ်။
သူ့ရဲ့မေးရိုးက တုန်လှုပ်မှုကြောင့် ပြုတ်ကျသွားတယ်။အဲဒီနောက်မှာတော့ ဟေးရွမ်ရီက အခြားဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်ပြီး ပြုတ်ကျသွားတဲ့ သူတွေက ဇွန်ဘိလို ထလာကြပြီး လုပ်ကြံသူတွေကို ပြန်တိုက်ခိုက်ကြတယ်။အချိန်တိုအတွင်းမှာဘဲ လုပ်ကြံသူအများအပြားက သေဆုံးကုန်တယ်။
ဝူဇူက ဟေးရွမ်ရီ၏ ထူးဆန်းတဲ့ ကျင့်ကြံခြင်းက တစ်ချက်ထဲနှင့် လုပ်ကြံသူအများအပြားကို ကျရှုံးစေတာကြောင့် လေးစားမိတယ်။
ဟေးရွမ်ရီက မှော်လက်နက်တစ်ခုကို ခေါင်းမိုးပေါ်ကို ပစ်လိုက်တယ်။
ဘုန်း!အဲဒီအိမ်က ပေါက်ကွဲသွားပြီး အပြာရောင်စာအုပ်ကို ကိုင်ဆောင်ထားတဲ့ လူတစ်ယောက်က ခုန်ထွက်လာတယ်။
ရှူဂျွန်!ဟေးရွမ်ရီက စောင်းကြည့်လိုက်ပြီး ခေါင်မိုးပေါ်ကို ခုန်တက်လိုပ်ပြီး သူ့ကို သတ်ဖို့ လှုပ်ရှားလိုက်တယ်။
အဲဒီအချိန်မှာဘဲ တစ်နေရာမှ အဖြူရောင်ပုံရိပ်က စိတ်စွမ်းအားတွေကို ရထားလုံးကို သက်ရောက်စေလိုက်တယ်။
ဟေးရွမ်ရီ၏နှလုံးသားက နှစ်မြှုပ်သွားပြီး သူတို့ကို ကယ်ဖို့ လုပ်လိုက်ပေမဲ့ ရှူဂျွန်က သူ့ကို တားဆီးလိုက်တယ်။
"ဟေးရွမ်ရီ ဒီနေ့မင်း ရင်ဆိုင်ရမဲ့သူက ငါတစ်ယောက်တည်းဘဲ"
ပြင်းထန်တဲ့စိတ်စွမ်းအားတွေက ရထားလုံးကို သက်ရောက်သွားပြီးနောက် ထောင်ချီတဲ့ ရွှေရောင်အလင်းတန်းတွေက ရထားလုံးကနေ ထွက်ပေါ်လာပြီး သက်ရောက်လာတဲ့ စိတ်စွမ်းအားကို ပြန်ကန်ထွက်လာစေတယ်။
အဖြူရောင်ပုံရိပ်က ပြန်ကန်ထွက်လာတဲ့ စိတ်စွမ်းအားတွေကို ရှောင်တိမ်းလိုက်တယ်။စိတ်စွမ်းအားတွေက ပေါက်ကွဲသွားပြီး နေရာအနှံ့ကို လွင့်စင်သွားပြီး ရုတ်တရက် ပတ်ဝန်းကျင်က အိမ်တွေကို ပျက်စီးသွားစေတယ်။
"အသုံးမကျလိုက်တာ"ရှူဂျွန်က နှာခေါင်းရှုံ့လိုက်တယ်။
သူက ဘယ်လိုလုပ်ပြီး ဒီအခွင့်ကောင်းကို လွှဲချော်စေရတာလဲ?
အဖြူရောင်ပုံရိပ်က ရှူဂျွန်ကို ကြည့်လိုက်ပြီး ရှူဂျွန်က ရှုံးနိမ့်နေတာကြောင့် ခုန်တက်လိုက်ပြီး ဟေးရွမ်ရီ၏တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်ပြီး ရှူဂျွန်ကို ခေါ်ပြီး ထွက်ပြေးသွားလိုက်တယ်။
ဟေးရွမ်ရီက သူတို့ကို စိုက်ကြည့်လိုက်ပြီး သူက သူတို့နောက်ကို လိုက်ဖို့ အစီအစဉ်မရှိတာကာင့် ရထားလုံးရှိရာကို ပျံသန်းလာလိုက်တယ်။
အဖြူရောင်ပုံရိပ်က တစ်ယောက်မှမရှိတဲ့နေရာအထိတိုင်အောင် ရှူဂျွန်ကို ခေါ်ပြီး ပြေးလာတာကို မရပ်တန့်ခဲ့ဘူး။
"မင်းပြောတော့ ဒီအချိန်မှာ ငါတို့အောင်မြင်နိုင်တယ်ဆို။ဘာမှားသွားလို့လဲ?ဘာကြောင့် သူတို့ကို မသတ်နိုင်ခဲ့တာလဲ?အဆိုးဆုံးကတော့ ဒီအချိန်မှာ ငါ့လူတွေအများကြီးသေဆုံးခဲ့ရတယ်"ရှူဂျွန်က အော်လိုက်တယ်။
ဒီလူက သူ့ကို သူတို့က ရန်သူတွေတူနေတာကြောင့် အတူအလုပ်လုပ်ဖို့ ပြောခဲ့တာဖြစ်တယ်။သူကလည်း ဝူရုန်နှင့်ဟေးရွမ်ရီကို သတ်ချင်တာကြောင့် သူ့ကို ယုံကြည်ခဲ့တယ်။ဒါ့အပြင် ဒီလူက တကယ်ကို တကယ်ကို အစွမ်းထက်တယ်။
"သူ့မှာကောင်းကင်ဘုံနှင့် သက်ဆိုင်တဲ့မှော်လက်နက်ရှိတယ်။မဟုတ်ရင် ရထားလုံးပေါ်က တစ်ယောက်မှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"အဖြူရောင်ဝတ်စုံနှင့်လူက လှောင်လိုက်တယ်။
"ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်လား?"သူက ဒါကို မမျှော်လင့်ထားဘူး။ဒါပေမဲ့ သူက လင်းဖူဘုရားကျောင်းက ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ဆုံးရှုံးခဲ့တာကို သတိရသွားတယ်။ဝူရုန်ရှိမှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်က ရှိနေခဲ့တာလား?
"ငါတို့ဘယ်လိုလုပ်ကြမလဲ?ဟေးရွမ်ရီက စွမ်းအားကြီးလွန်းတယ်။ဝူရုန်မှာလည်း ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ရှိနေတယ်။ငါတို့က သူ့ကို ဘယ်လိုသတ်နိုင်မလဲ?"
ရှူဂျွန်က စိတ်ရှုပ်နေတယ်။ဒီအချိန်မှာ ဝူရုန်နှင့်သူ့မိသားစုက ကံကောင်းလွန်းတယ်။သူက တစ်ခါက ဝူဇူကို ကာကွယ်ပေးနေတဲ့ မကောင်းဆိုးဝါးတွေကို တားဆီးခဲ့တယ်။အဲဒါကြောင့် သူက ဝူဇူကို သတ်နိုင်မယ်လို့ ထင်ခဲ့တယ်။ဒါပေမဲ့ အဆုံးမှာတော့ ဝူဇူကို မွန်းစတားကလန်က အဝေးကို ခေါ်သွားခဲ့တယ်။ပုံမှန်ဆိုရင် မွန်းစတားတွေက ဝူဇူကို သတ်ပစ်လိမ့်မယ်။ဒါပေမဲ့ သူက သူ့မိသားစုကို လုံခြုံစွာနှင့် ပြန်လာနိုင်ခဲ့တယ်။
အခြားတစ်ဖက်မှာတော့ သူက ဝူယုကို လက်နက်တစ်ခုလို အသုံးချပြီး ဝူရုန်ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ဒါပေမဲ့ ဝူရုန်က ရုတ်တရက်ကြီး စိတ်စွမ်းအင်ရှိသွားခဲ့တယ်။ပြီးတော့ အခုဆိုရင် ဝူရုန်မှာ သူ့ကိုကာကွယ်နိုင်တဲ့ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ရှိနေပြီ။သူလုပ်သမျှအရာတိုင်းက မဖြစ်မြှောက်ခဲ့ဘူး။
အဖြူရောင်ဝတ်စုံနှင့်လူက"ငါက ဟေးရွမ်ရီရဲ့စွမ်းအားကို ယာယီလျော့ကျပြီး ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ဖျက်ဆီးနိုင်အောင် လုပ်မယ်။မင်းက ကောင်းကောင်းအနားယူလိုက်။သူတို့သတ်ဖို့ မလုပ်နဲ့အုန်း"
"မင်းက ဟေးရွမ်ရီရဲ့စွမ်းအားကို ယာယီလျော့ကျနိုင်အောင် လုပ်နိုင်မှာသေချာရဲ့လား?ဒါပေမဲ့ မင်းက ငါ့ကို ကူညီဖို့ ဘာလို့မပြောတာလဲ?"ရှူဂျွန်က မေးလိုက်ပြီး စောင်းကြည့်လိုက်တယ်။
"ငါ့က ငါ့ကိုယ်ငါ ကူညီနိုင်တယ်။ငါက ထန်းရှင်းနိုင်ငံတော်ကို လာရတာက သူတို့ကို သတ်ဖို့ဘဲ။သူတို့က ထန်းရှင်းနိုင်ငံက ထွက်ပြီး မင်းတို့နိုင်ငံ သေခြင်းဝိညာဉ်နိုင်ငံတော်ကို မရောက်လာခင် သတ်နိုင်ရမယ်"အဖြူရောင်နှင့်လူက လှည့်လိုက်ပြီး ပြောလိုက်တယ်"ငါ အရာရာတိုင်းက အဆင့်သင့်ဖြစ်ရင် မင်းသိပါလိမ့်မယ်"
"ငါသိပြီ"
ရှူဂျွန်က အဖြူရောင်နှင့်လူထွက်သွားတဲ့ဘက်ကို ကြည့်လိုက်တယ်။သူကဘယ်သူလဲ?ဘာကြောင့် သူက သေခြင်းဝိညာဉ်နိုင်ငံတော်ကို သိနေရတာလဲ?
ဟေးအိမ်တော်
မကြာခင်မှာ သူတို့က ဟေးအိမ်တော်ကို ပြန်ရောက်တဲ့အချိန်မှ ဝူရုန်က စိတ်သက်သာရာရသွားတယ်။ဝူရုန်က ဝူချွင်ချင်နှင့်တခြားလူတွေကိုသူတို့အခန်းကို ပြန်ပို့ပြီးမှ ဟေးရွမ်ရီကို မေးလိုက်တယ်"အဖြူရောင်နှင့်လူက ဝူဝေ့ရွယ်ကို ကယ်ခဲ့တဲ့လူဖြစ်နိုင်လား?"
အဖြူရောင်နှင့်လူက သူ့ရဲ့စွမ်းအားတွေကို ပစ်လွတ်လိုက်တဲ့အချိန်မှာ သူ့ရဲ့စွမ်းအားက ပြင်းထန်လွန်းတာကြောင့် ရထားလုံးကတုန်ခါသွားပြီး မြင်းတွေက မကောင်းတဲ့ခံစားချက်ကိုရရှိတာကြောင့် သူတို့ကရှူးရှူးရှဲရှဲတောင် လုပ်ခဲ့ကြတယ်။
ကံကောင်းစွာဘဲ ဟေးရွမ်ရီက သူ့ကို ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ပေးထားခဲ့တယ်။မဟုတ်ရင် အခုလောက်ဆို သူနှင့်သူ့မိသားစုက သေနေလောက်ပြီ။
"စွမ်းအားအရတော့ သူဖြစ်နိုင်တယ်"ဟေးရွမ်ရီက ဝူရုန်ကို သူ့လက်မောင်းထဲမှာ ဖက်ထားလိုက်ပြီး"သူက မင်းနဲ့မင်းမိသားစုကို သတ်ချင်နေတယ်။မင်းတို့က တစ်ယောက်ယောက်ကို အမှားလုပ်ထားတာရှိလား?တစ်ယောက်ယောက်က မင်းတို့ကို ကလဲ့စားချေချင်တာဖြစ်နိုင်လား?"
သူက အဖြူရောင်နှင့်လူက မျက်နှာဖုံးကို ဝတ်ထားသော်လည်းဘဲ သူက အဲဒီလူက ရထားလုံးထဲမှာရှိတဲ့သူကို မုန်းတီးလွန်းတာကြောင့် သူ့ရဲ့အစွမ်းထက်ဆုံးစွမ်းအားကို ထုတ်ဖော်ပြီးတိုက်ခိုက်ခဲ့တာမှန်း ခံစားမိတယ်။
"ကျွန်တော်က ဂိုလင်းမြို့ကဝူမိသားစု ဝူချန်ဇီနဲ့ဝူဝေ့ရွယ်က လွှဲရင် ဘယ်သူ့ကိုမှအမှားအလုပ်ထားမှန်း သေချာတယ်"ဝူရုန်က မျက်မှောင်ကြုတ်လိုက်ပြီး ဆက်ပြောလိုက်တယ်"အရင်တုန်းက ကျွန်တော်က ဝပြီးတော့ စိတ်စွမ်းအင်မရှိဘူးဆိုတာ ခင်ဗျားလည်း သိပါတယ်။ဒါကို ဘယ်သူ့ကို အမှားလုပ်မိရမှာလဲ?ပြီးတော့ ကျွန်တော်အဖေရဲ့စိတ်စွမ်းအင်ကမမြင့်သလို ကျွန်တော့်အမေကလည်း စိတ်စွမ်းအင်မရှိတာကြောင့် ကျွန်တော့်မိဘတွေ မဖြစ်နိုင်ဘူး။တကယ်လို့ ကျွန်တော့်မိဘတွေကသာ ပစ်မှတ်ဆိုရင် အချိန်အတော်ကြာကတည်းက သေနေလောက်ပြီ။ဝူရှိက ပိုပြီးတောင် မဖြစ်နိုင်ဘူး။ကျွန်တော့်အကိုကြီးက....."
-------
346-347
Chapter(347)
ဝိညာဉ်မုဆိုး(2)
"လုပ်ကြံသူတွေက မွန်းစတားဧကရာဇ်ရဲ့ကိုယ်လုပ်တော်က ပို့လိုက်တာ ဖြစ်နိုင်လား?"သူက ဟေးရွမ်ရီကို မေးလိုက်တယ်။
ဟေးရွမ်ရီက သေချာစွာ ပြောလိုက်တယ်"သူ့ရဲ့စိတ်စွမ်းအားက သန့်စင်တယ်။မွန်းစတားကလန်ကမဖြစ်နိုင်ဘူး။ပြီးတော့ မွန်းစတားကလန်ရဲ့ဧကရာဇ်ရဲ့ကိုယ်လုပ်တော်က အဲဒီလောက်စွမ်းအားကြီးတဲ့မစ္စတာကို အမိန့်ပေးနိုင်မှာ မဟုတ်ဘူး။မဟုတ်ရင် သူမကိုယ်တိုင် ဘုရင်မတက်လုပ်နေလောက်ပြီ။သူမက ဝူဇူကို သတ်ဖို့လိုတော့မှာမဟုတ်ဘူး။ပြီးတော့ ဝူဇူက ရထားလုံးမောင်းတဲ့နေရာမှာ ရှိနေတာလေ။အဖြူရောင်နှင့်လူကသာ ဝူဇူက သူ့ပစ်မှတ်ဆိုရင် သူက ရထားလုံးတစ်ခုလုံးကို တိုက်ခိုက်ဖို့ မလိုအပ်ဘူး"
"သူက ရှူဂျွန်နဲ့အတူရှိနေတာလေ။သူက ခင်ဗျားရဲ့ရန်သူဖြစ်နိုင်လား?"
ဟေးရွမ်ရီက ခေါင်းခါလိုက်ပြီး ပြောလိုက်တယ်"ကိုယ်ကတော့ သူက ကိုယ့်ရန်သူလို့မထင်ဘူး။သူတို့က ကိုယ်တို့ကို ဆန့်ကျင်တိုက်ခိုက်ဖို့ အဖွဲ့ဖွဲ့ထားတာဖြစ်နိုင်တယ်။ဒါပေမဲ့ သူတို့က တစ်ယောက်ကိုတစ်ယောက် မသိတာတောင်မှဖြစ်နိုင်တယ်။ကိုယ်တို့က တစ်ယောက်ကိုမှမသိထဲက ထားလိုက်ပါတော့။ကိုယ်တို့က တစ်ချိန်ကျရင်တော့ သိနိုင်မှာပါ"
သူနှင့်ဝူရုန်က သူတို့အခန်းထဲကို ပြန်ရောက်လာတဲ့အချိန်မှာတော့ ဟေးရင်းကို ဆင့်ခေါ်လိုက်ပြီး ပြောလိုက်တယ်"သူတို့ကို အထဲကိုပို့လိုက်တော့"
"ဟုတ်"ဟေးရင်းက ပျောက်ကွယ်သွားပြီး မကြာခင်မှာတော့ သူက ခြောက်သွေ့နေတဲ့လူတစ်စုနှင့်အတူ ပြန်လာခဲ့တယ်။
"ဒီ...ဒီအလောင်းတွေက ခင်ဗျားရဲ့ဂါထာကြောင့် ခန်းခြောက်သွားတာလား?"
"အင်း"ဟေးရွမ်ရီက သူတို့ကို ထိန်းချုပ်လိုက်ပြီး ပြောလိုက်တယ်"ကိုယ်က သူတို့ရဲ့သွေးတွေကို ခန်းခြောက်အောင်လုပ်ခဲ့ပေမဲ့ သူတို့ရဲ့စိတ်စွမ်းအင်တော့မပါဘူး။အခု မင်းက သူတို့ရဲ့စိတ်စွမ်းအင်တွေကို စုတ်ယူလိုက်တော့"
"ကျွန်တော်တို့က အဲဒီလိုလုပ်လို့ရတာလား?"ဝူရုန်က ပျော်မြူးသွားတယ်။
"အင်း"ဟေးရွမ်ရီက ဝူရုန်ရဲ့အပြုံးကိုမြင်ရတာကြောင့် ပျော်သွားတယ်"မင်းက သူတို့ရဲ့စိတ်စွမ်းအင်ကို စုတ်ယူပြီးသွားရင် အဆင့်တက်နိုင်လိမ့်မယ်"
ဟေးရွမ်ရီက သူတို့ကို သေးငယ်တဲ့လှည့်စားမှုနှင့် စိတ်ညှို့လိုက်တဲ့အချိန်အတွင်းမှာ ဝူရုန်က သူတို့ရဲ့စိတ်စွမ်းအင်ကို စုတ်ယူဖို့အခွင့်အရေးရလိမ့်တယ်။အလောင်းကောင်တွေက အသုံးမဝင်ဘူး။ဟေးရင်းက သူတို့ကို မီးရှို့လိုက်တယ်။
"မင်းအဆင့်တက်နိုင်ပြီလား?"ဟေးရွမ်ရီက မေးလိုက်တယ်။
"တက်လုနီးပါးဘဲ"ဝူရုန်က ဖြေလိုက်တယ်။
သူက အဆင့်ခုနှစ်ကိုချိုးဖြတ်နိုင်ဖို့အတွက် စိတ်စွမ်းအင်တွေကို ပိုများများလိုအပ်တယ်။
"အလျှင်မလိုနဲ့။မင်းက နောက်ကျရင် စိတ်စွမ်းအင်တွေစုတ်ယူဖို့ အခွင့်အရေးတွေပိုရလိမ့်မယ်"
ဟေးရွမ်ရီက သူ့ကို အနောက်ခြံဝင်းကို ခေါ်သွားလိုက်ပြီး ရေချိုးပြီး အိပ်လိုက်ကြတယ်။သူတို့က ငါးရက်လောက်မအိပ်ခဲ့ရဘူး။ဒါ့ကြောင့် သူတို့က လဲလျောင်းပြီး မကြာခင်မှာတော့ အိပ်ပျော်သွားကြတယ်။
ဝူဝေ့ရွယ်က ဝူချန်ဇီကို အချစ်ကျိန်စာပြုစားခဲ့တဲ့သတင်းက မတော်တဆ ပြန်နှံ့လာပြီး တစ်ရက်အတွင်းမှာ အင်ပါယာမြို့ထဲက လူတွေက သိသွားပြီး သူတို့က ဒီအကြောင်းကို အတင်းပြောကြပြီး ရယ်မောကြတယ်။
လင်းမိုဟန်က ဒီသတင်းကို ကြားတဲ့အချိန်မှာတော့ ဟေးရန်ကို ဆင့်ခေါ်ခဲ့တယ်။ဟေးရန်က အဲဒီနေ့က ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြလိုက်ပြီး ဒါက သူ့ကို အရမ်းကို သဘောကျစေတယ်။
လင်းမိုဟန်နှင့် စကားပြောဖို့ရောက်လာတဲ့ လင်းကျီရှန်းက မရယ်မိအောင် ခက်ခက်ခဲခဲကြိုးစားပြီး မေးလိုက်တယ်"အဲဒီကျိန်စာက ဖြေရှင်ူလို့ရလား?"
"ဟုတ် ကျိန်စာတိုက်တဲ့သူကသာ သေဆုံးသွားရင် အဆင်ပြေသွားလိမ့်မယ်"ဟေးရန်က ပြောလိုက်တယ်။
"ငါထင်တာတော့ ဝူချန်ဇီက ဒီဖြေရှင်းချက်ကို သိလောက်မယ်လို့ထင်လား?"လင်းမိုဟန်က ပြောလိုက်တယ်။
"အရှင်က အရှင့်ရဲ့နောက်လိုက်တွေကို မေးသင့်တယ်"ဟေးရန်က ဝူမိသားစုက သူ့ရဲ့သူလျိုတွေကို ရည်ညွှန်းလိုက်တယ်။
လင်းမိုဟန်က သူ့ရဲ့သူလျိုတွေကို ဆင့်ခေါ်ပြီး ဒီအကြောင်းကို မေးလိုက်တယ်။
သူလျိုကဖြေလိုက်တယ်"သူက တကယ်ကိုဘဲ ဒီအဖြေကို သိပါတယ်။ဒါပေမဲ့ သူက ဝူဝေ့ရွယ်ကို မြင်တဲ့အချိန်တိုင်း အချိန်ကျိန်စာရဲ့ကျေးဇူးရဲ့ သူမကို ချစ်မြတ်နိုးပြီး သူမနာကျင်စေဖို့ နှလုံးသားမရှိဘူး။သူက ဝူဝေ့ရွယ်ကို သတ်ဖို့ လုပ်ကြံသူတွေကို ပို့တာတောင်အသုံးမဝင်ဘူး။သို့သော်လည်း သူက အချစ်ကျိန်စာရဲ့သက်ရောက်မှုကြောင့် လုပ်ကြံသူတွေကို သူကိုယ်တိုင်တားဆီးခဲ့တယ်။ဝူချန်ဇီကလည်း သူ့ကိုယ်သူ ဒီိလိုဖြစ်နေတာကို မုန်းတယ်။ဘာကြောင့်လဲဆိုတော့ ကျိန်စာသက်ရောက်စေတဲ့သူက စွမ်းအားကြီးလွန်းတာကြောင့် သူက သူ့ကိုယ်သူအချိန်တိုလေးသာ ထိန်းချုပ်နိုင်တာကြောင့်ဖြစ်တယ်။သူက အချိန်နည်းနည်းလေးကြာတာနဲ့ ဝူဝေ့ရွယ်ကို ထပ်ပြီး ချစ်မိနေတယ်။အခု သူက ခေါင်းဆောင်ဝူနဲ့ ဝူဝေ့ရွယ်ကို နှာင်ထုတ်ဖို့ ဆွေးနွေးနေတယ်"
လင်းကျီရှန်းနှင့် လင်းမိုဟန်က ကျယ်လောင်စွာ ရယ်မောလိုက်ကြတယ်။
"ဒါက ဝူချန်ဇီရဲ့ဘဝတစ်လျှောက်လုံးသာ ဆုံးဝါးတဲ့ထိုးနှက်မှုဖြစ်လိမ့်မယ်"
"ဝူဝေ့ရွယ်က ဘယ်မှာလဲ"ဟေးရန်က မေးလိုက်တယ်။
****
ဟေးရန်က ဟေးအိမ်တော်ကို ပြန်ရောက်တဲ့အချိန်မှာတော့ ဝူရုန်ကို တင်ပြလိုက်တယ်"ဝူဝေ့ရွယ်က တစ်နေရာမှာ ပုန်းနေတယ်"
"သူမအတွက် ဝူအိမ်တော်မှာနေရာမှာ ရှိမှာမဟုတ်ဘူး"ဝူရုန်က လှောင်လိုက်တယ်။
"ရွမ်ရီ ခင်ဗျားဘယ်လိုထင်လဲ?"ဝူရုန်က ကောင်းကင်ကို ကြည့်နေတဲ့ ဟေးရွမ်ရီကို မေးလိုက်တယ်။
"ကြယ်တွေက ရွှေ့လျားနေတယ်။လရဲ့အလင်းရောင်က အရင်ကထက်မေးမှိန်နေတယ်။လေတွေရဲ့အနံ့အသက်က ပြောင်းလဲနေတယ်"ဟေးရွမ်ရီက ကောင်းကင်ကို ကြည့်ပြီး ပြောလိုက်တယ်"တစ်ခုခုတော့ ဖြစ်တော့မယ်"
သူ့စကားဆုံးပြီးမကြာခင်မှာတော့ လေတွေက ဝူရုန်ရဲ့လည်ပင်းနားကို ဖြတ်သန်းသွားပြီး သူ့ကို တုန်ရီလာစေတယ်။လေတိုက်ခိုက်တာက ထူးဆန်းတယ်လို့ ဝူရုန်ကိုလည်း ခံစားရစေတယါ။ဆောင်းရာသီရဲ့လေက အေးစိမ့်စိမ့်နိုင်တယ်ဆိုပေမဲ့ ကြက်သီးတော့မထစေနိုင်ဘူး။
"မကောင်းတော့ဘူး။ဝိညာဉ်မုဆိုးတွေက လာနေပြီ။ဟေးရန် မင်းတို့က ဖြစ်နိုင်သမျှ ဒီကနေ မြန်မြန်သွားတော့"ဟေးရွမ်ရီက ပြင်းထန်စွာပြောလိုက်တယ်။
"ဝိညာဉ်မုဆိုးလား?"ဟေးရန်က စိတ်ရှုပ်သွားတယ်"ဝိညာဉ်မုဆိုးတွေက လူသားဝိညာဉ်တွေကို အမဲလိုက်ဖို့ လူသားကမ္ဘာကိုလာတတ်တယ်။ဒါပေမဲ့ သူတို့က မကြာခဏလာတတ်တာတော့ မဟုတ်ပါဘူး။ဒီအချိန်မှာ သူတို့က ဘာကြောင့် ခြားနားနေတာလဲ?"
"သူတို့ကို တစ်စုံတစ်ယောက်က ငါတို့ကို ခေါ်ဆောင်ဖို့ငှားထားတာဖြစ်မယ်"ဟေးရွမ်ရီက လှည့်ထွက်သွားပြီး ဟေးဂန်းကို ကြီးမားတဲ့အစီအရင်လုပ်ဖို့ ပြောလိုက်ပြီး လူတိုင်းကို အိမ်ထဲက မထွက်ဖို့ ပြောလိုက်တယ်။
ဟေးရန်က ပျောက်ကွယ်သွားတယ်။
ဝူရုန်က ဝိညာဉ်မုဆိုးဆိုတာကို ကြားတာနှင့် အရင်ဘဝတုန်းက သူက ဝိညာဉ်မုဆိုးနှင့်တစ်ကြိမ်ကြုံဖူးတာကြောင့် ကြောက်ရွံ့လာတယ်။ဝိညာဉ်မုဆိုးတွေက အင်မော်တယ်အဆင့်တွေဘဲ သူတို့က သေမျိုးတွေထက် စွမ်းအားကြီးတယ်။
"ခင်ဗျားဆိုလိုတာက ဝိညာဉ်မုဆိုးတွေလာနေပြီလို့လား?သူတို့ကို ကျွန်တော်တို့ကို ခေါ်ဆောင်ဖို့ ဘယါသူက ငှားထားတာလဲ?စွမ်းအားကြီးတဲ့သူလား?"
"ဖြစ်နိုင်တယ်"
"ကျွန်တော်က ဘာလုပ်ရမလဲ?"ဝူရုန်က မေးလိုက်တယ်။
အရင်ဘဝတုန်းက ဟေးရွမ်ရီတစ်ယောက်ထဲကသာ ဝိညာဉ်မုဆိုးတွေကို ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။သူကလည်း ဟေးရွမ်ရီကို ကူညီပေးချင်တယ်။
"မင်းက အဆင့်ခုနှစ်ကို ရောက်ခါနီးဘဲရှိသေးတယ်။မင်းက အခန်းထဲမှာနေတာ ပိုကောင်းတယ်။တကယ်လို့လိုအပ်လာရင် ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်နဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ပါ"
ဟေးရွမ်ရီက ထပ်မပြောတော့ဘဲ ကြီးမားတဲ့အစီအရင်ရှိတဲ့ ခြံဝင်းကျယ်ထဲကို သွားလိုက်တယ်။
ဝူရုန်က တုံ့ဆိုင်းနေတယ်။အရင်ဘဝတုန်းက ဟေးရွမ်ရီက ဝိညာဉ်မုဆိုးတစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်နိုင်တယ်။ဒါပေမဲ့အခုချိန်က ဆယ်နှစ်လောက်စောနေသေးတာကြောင့် ဟေးရွမ်ရီက ဝိညာဉ်မုဆိုးကို ဆန့်ကျင်တိုက်ခိုက်နိုင်ပါ့မလားဆိုတာ မသေချာဘူး။အဆုံးမှာတော့ သူက ဟေးရွမ်ရီနောက်ကို မလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။သူက လူတိုင်းကို စောင့်ရှောက်နိုင်ဖို့ တစ်နေရာထဲမှာ စုလိုက်တယ်။
ဝူရှိနှင့်တခြားသူတွေက ဝူရုန်ရဲ့အခန်းထဲကို ရောက်တဲ့အချိန်မှာ သူမက မေးလိုက်တယ်"ဘာဖြစ်တာလဲ?ငါတို့က ဒီမှာ ဘာကြောင့် စုနေရတာလဲ?"
"ရွမ်ရီက ငါတို့ကို သတ်ဖို့ တစ်ယောက်ယောက်က ဝိညာဉ်မုဆိုးတွေကို ငှားခဲ့တယ်လို့ ပြောတယ်"ဝူရုန်က သူတို့ကို ရှင်းပြလိုက်ပြီး အကာအကွယ်အစီအရင်တစ်ခုကို စီရင်လိုက်တယ်။ဒါက အရမ်းအစွမ်းမထက်ပေမဲ့ သူတို့ကို အတိုင်းအတာတစ်ခုလောက်တော့ ကာကွယ်ျပးလိမ့်မယ်။
ကျင်းရှင်က ဝိညာဉ်မုဆိုးလို့ပြောတာကို ကြားတော့"ဝိညာဉ်မုဆိုးကို ငှားရမ်းနိုင်တဲ့တစ်ယောက်က အတော့်ကို အစွမ်းထက်တဲ့သူဖြစ်လိမ့်မယ်"
ဝူရှိ ဝူဇူ ဂေါင်တုန်နှင့်ဝူချွင်ချင်ကလည်း ဝိညာဉ်မုဆိုးအကြောင်းပြောတဲ့အချိန်မှာ ပိုပြီး စိုးရိမ်နေတယ်။သူတို့က ဝူရုန်နှင့်အတူ အစီအရင်ကို ကူလုပ်ပေးလိုက်တယ်။
"ရုန်အာ ဝူချန်ဇီက ဝိညာဉ်မုဆိုးငှားလိုက်တဲ့သူဖြစ်နိုင်လား?"ဝူရှိက မေးလိုက်တယ်။
"ငါ မသိဘူး"
"ဟေးရန်တို့က မကောင်းဆိုးဝါးဝိညာဉ်ကလန်ကဘဲ။ဝိညာဉ်မုဆိုးက သူတို့ကို သတ်နိုင်လား?"ဝူချွင်ချင်က စိုးရိမ်နေတယ်။
"ရွမ်ရီက ဟေးရန်နဲ့တခြားသူတွေကို ထွက်သွားဖို့ ပြောပြီးသွားပြီ။သူတို့က ဝိညာဉ်မုဆိုးမတွေ့အောင် တစ်နေရာမှာ သူတို့ကိုယ်သူတို့ ပုန်းကွယ်နေလောက်ပြီ"
"ဒါဆို တော်သေးတယ်"
အဲဒီအချိန်မှာဘဲ လေပြင်းတွေက တိုက်ခတ်လာပြီး အခန်းရဲ့ပြတင်းပေါက်တွေ တံခါးတွေက တစ်ကျွိကျွိမြည်လာပြီး ဥကလေးက သူ့ကိုယ်သူ ကျင်းရှင်ရဲ့လက်မောင်းထဲမှာ ပုန်းကွယ်နေလိုက်တယ်။
"သတ္တိနဲလိုက်တာ"ကျင်းရှင်က သူ့ခေါင်းကို ပွတ်ပေးလိုက်တယ်။
----------------------------------