Chapter(344)
ချစ်ခြင်းကျိန်စာ(1)
ဝူချန်ဇီက ဒီအော်သံကြောင့် သတိပြန်ဝင်လာတယ်။သူရဲ့မေးရိုးကို ဝူဝေ့ရွယ်က တွန်းထုတ်နေတာကြောင့် စိတ်ရှုပ်သွားပြီး မေးလိုက်တယ်"ဝေ့ရွယ် မင်းဘာလုပ်နေတာလဲ?"
"အဘိုး ကျွန်မက အဘိုးရဲ့မြေးပါ။အဘိုး ကျွန်မကို မနမ်းသင့်ဘူး။ဒီလိုလုပ်တာက မမှန်ကန်ဘူး"ဝူဝေ့ရွယ်က စိုးရိမ်တကြီး အော်လိုကါတယ်။
"မင်း ဘယ်လိုအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ?"ဝူချန်ဇီက အော်လိုက်တယ်။
အဲဒီနောက်မှာတော့ သူက ဝူဝေ့ရွယ်ကို ခိုင်မြဲစွာ ဖက်ထားတာကို တွေ့လိုက်ရတယ်။
သူက ပိုပြီးဒေါသထွက်လာပြီး ဝူဝေ့ရွယ်ကို တွန်းထုတ်လိုက်ပြီး"ဘာဖြစ်တာလဲ?ငါက အခု ခေါင်းဆောင်ဝူနဲ့ စကားပြောနေတာ မဟုတ်ဘူးလား?"
ဝူဝေ့ရွယ်က စိတ်ထဲကနေ ဝမ်းနည်းမှုကို ခံစားရတယ်။သူမက သူ့ကိုတောင် မကြည့်ရဲတော့ဘူး။
"ဝူချန်ဇီ ဝူဝေ့ရွယ် အပြင်ထွက်ခဲ့"ခေါင်းဆောင်ဝူက အော်လိုက်တယ်။
ဝူချန်ဇီက ခေါင်းဆောင်ဝူရဲ့နောက်ကို လိုက်ပြီး ခြံဝင်းအပြင်ကို ထွက်လာခဲ့ပြီး သူ့ရဲ့စိတ်ထဲမှာတော့ မေးခွန်းတွေပြည့်နေတယ်။
ခေါင်းဆောင်ဝူက ဒေါသကြောင့်တုန်ရီနေပြီး အော်လိုက်တယ်"မင်း မင်းတို့နှစ်ယောက် ဘယ်လိုလုပ်ပြီးတော့ ရိုးရာဓလေ့စည်းမျဉ်းကို ဆန့်ကျင်တဲ့ အဲဒီလုပ်ရပ်မျိုးကို လူတွေအများနဲ့ ငါတို့ရဲ့ဘိုးဘေးတွေရှေ့မှာ လုပ်ရလဲ?အရှက်မဲ့လိုက်တာ!"
"......."ဝူဝေ့ရွယ်
သူမကလည်း ဒီလိုဖြစ်စေချင်မှမဟုတ်ဘဲ။
ချစ်ခြင်းကျိန်စာက လူနှစ်ယောက် မျက်နှာချင်းဆိုင်တဲ့အချိန်မှာဘဲ ဖြစ်ပေါ်လာနိုင်တယ်။ပြီးတော့ ချစ်ခြင်းကျိန်စာထိမိတဲ့သူက ကျန်စာတိုက်တဲ့သူကို ပထမဆုံးအကြိမ်မြင်တဲ့အချိန်မှာဘဲ ချစ်မိသွားတတ်တယ်။
ဒါကဘဲ သူမက ဘာကြောင့် ဟေးရွမ်ရီကို ချစ်ခြင်းကျိန်စာသက်ရောက်စေဖို့ အကောင်းဆုံးအခွင့်အရေးရှာရတာလဲဆိုတာ ဖြစ်တယ်။ဒါပေမဲ့ ဝူရုန်ကတစ်ချိန်လုံးကို သူမကို သတိထားနေခဲ့တာကြောင့် သူမက အခွင့်အရေးမရခဲ့ဘူး။ဒီနေ့က ဈာပနနောက်ဆုံးရက်ဖြစ်တယ်။တကယ်လို့ သူမက အခုချိန်မှာ ချစ်ခြင်းကျိန်စာကို မသုံးဘူးဆိုရင် နောက်ဆိုရင် သူမက အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ ဟေးရွမ်ရီက ဟေးအိမ်တော်ကနေ မထွက်သလောက်ရှားပါးလွန်းတာကြောင့်ဖြစ်တယ်။သူအပြင်ကို ထွက်ခဲ့ရင်တောင် သူမက မလုပ်နိုင်မှာ စိုးတာကြောင့်ဖြစ်တယ်။
"မင်း ဘာကို ဆိုလိုတာလဲ?ဘယ်အချိန်တုန်းက ငါက ဆိုးဝါးတာကို လုပ်ခဲ့လို့လဲ?"ဝူချန်ဇီက ပြင်းပြင်းထန်ထန်ပြောလိုက်တယ်။
"အခုလေးတင် ဘာဖြစ်ခဲ့တာလဲဆိုတာ မင်းမမှတ်မိဘူးလား?"ခေါင်းဆောင်ဝူက စိတ်ရှုပ်သွားတယ်။
"ငါမှတ်မိတာအားလုံးက ငါတို့က မြေမြှုပ်ခြင်းအခမ်းအနားအကြောင်းကို ပြောနေကြတာဘဲ။ပြီးတော့ ရွှေရောင်အလင်းတန်းက ငါ့ကို ထိသွားတယ်။နောက်တော့ ဘာဖြစ်သွားလဲ ငါမသိတော့ဘူး။ငါ သတိပြန်ဝင်လာတော့ ငါက ဝူဝေ့ရွယ်ကို ဖက်ထားမိတာဘဲ"
"ဝူဝေ့ရွယ် မင်း ဘာကျိန်စာကို သုံးလိုက်တာလဲပြောစမ်း"ခေါင်းဆောင်ဝူက ဒေါသတကြီးပြောလိုက်တယ်။
ဝူဝေ့ရွယ်က ကြောက်လန့်မှုကြောင့် သူမပခုံးတွေက တုန်ရီနေပြီး သူမက မပြောရဲဘူး။
"ပြောစမ်း"ဝူချန်ဇီက သူမကို စိုက်ကြည့်လိုက်တယ်။
"အဲ..အဲဒါက ချစ်ခြင်းကျိန်စာ"
"ချစ်ခြင်းကျိန်စာလား?"ဝူချန်ဇီက ထပ်မေးလိုက်တယ်။
"ကျွန်မကို လူတစ်ယောက်က ချစ်ခြင်းကျိန်စာကို ပေးခဲ့ပြီး သူ ကျွန်မကိုပြောခဲ့တာက ကျွန်မချစ်တဲ့လူကို ဒီကျိန်စာသုံးလိုက်ရင် ကျွန်မကို ချစ်သွားမယ်လို့ပြောခဲ့တယ်။ချစ်ခြင်းကျိန်စာထိမိသွားတဲ့သူက ကျွန်မကို ပထမဆုံးမြင်တဲ့အချိန်မှာဘဲ ကျွန်မကိုချစ်မိသွားလိမ့်မယ်လို့ပြောခဲ့တယ်"ဝူဝေ့ရွယ်က အသံနိမ့်ပြီးပြောလိုက်တယ်။
"......."ခေါင်းဆောင်ဝူ
ဝူချန်ဇီက ချစ်ခြင်းကျိန်စာက ဘာလဲဆိုတာ သိသွားပြီး မေးလိုက်တယ်"မင်းပြောတာက ငါ့ကို ထိမိသွားတဲ့အလင်းတန်းက ချစ်ခြင်းကျိန်စာလို့လား?"
ဝူဝေ့ရွယ်က ခေါင်းငြိမ့်လိုက်တယ်။
"အဓိပ္ပာယ်မရှိလိုက်တာ!အဓိပ္ပာယ်မရှိလိုက်တာ!အဓိပ္ပာယ်မရှိလိုက်တာ"ဝူချန်ဇီက မျက်ဖြူတောင်စိုက်လာတယ်။
သူက သူ့မြေးရဲ့ချစ်ခြင်းကျိန်စာကို ထိမိသွားတယ်။ဒါက ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။လူတွေက ဒီအကြောင်းကို သိရင် သူကို ရယ်မောလှောင်ပြောင်ပြီး ဝေဖန်အပြစ်တင်ကြတော့မယ်။
"အဘိုး ကျွန်မလည်း အတိအကျဘာဖြစ်သွားမှန်းမသိဘူး။ကျွန်မရဲ့ပန်းတိုင်က ဟေးရွမ်ရီဘဲ။ဒါပေမဲ့ ဘာကြောင့် အဘိုးကို ထိသွားလဲမသိဘူး"ဝူဝေ့ရွယ်က ရှင်းပြလိုက်တယ်။
"မင်း"ဝူချန်ဇီက ဒေါသထွက်လွန်းတာကြောင့် သူမကို ရိုက်ပစ်လိုက်တယ်။
ဝူဝေ့ရွယ်က မှော်လက်နက်ကို ထုတ်ယူလိုက်ပြီး သူ့ရဲ့ရိုက်ချက်ကို ကာကွယ်ဖို့ လုပ်လိုက်တယ်။ဒါပေမဲ့ ဝူချန်ဇီက သူ့ရဲ့လက်ကို ချလိုက်ပြီး သနားကြင်နာစွာနှင့် ပြောလိုက်တယ်"ဝေ့ရွယ် မင်းက ဘာလို့ မှော်လက်နက်ကို ကိုင်ထားလဲ?တစ်ယောက်ယောက်က မင်းကို နာကျင်စေလို့လား?"
"မင်းမလား?မင်းက ငါ့ရဲ့ဝေ့ရွယ်ကို နာကျင်စေချင်တာလား?"ဝူချန်ဇီက ခေါင်းဆောင်ဝူကို စိုက်ကြည့်လိုက်တယ်။
"......"ခေါင်းဆောင်ဝူ
သူက ဘာလုပ်ရသေးလို့လဲ?
"......."ဝူဝေ့ရွယ်
"ဝေ့ရွယ် မကြောက်နဲ့။သူက မင်းကို လက်တစ်ချောင်းတင်ရဲရင် ငါ သူ့ကို သတ်ပစ်လိုက်မယ်"
ခေါင်းဆောင်ဝူ၏နှုတ်ခမ်းတွေက တွန့်သွားတယ်။
ဝူဝေ့ရွယ်က ဝူချန်ဇီသည် ချစ်ခြင်းကျိန်စာကြောင့် ဒီလိုပြောနေမှန်း သိလိုက်တာကြောင့် သူမရဲ့လက်နက်ကို ပြန်ချထားလိုက်တယ်။
"ကျွန်မ နားကို မလာခဲ့နဲ့။အခု အဘိုးရဲ့ခြံဝင်းကို ပြန်ပါတော့"ဝူဝေ့ရွယ်က ပြောလိုက်တယ်။
"ကောင်းပြီ။မင်း ဘာဘဲလိုချင်လိုချင် ငါ့ကိုပြော။ဒေါသမထွက်နဲ့။ဒါက မင်းရဲ့ကျန်းမာရေးအတွက် မကောင်းဘူး"ဝူချန်ဇီက ပြောလိုက်တယ်။
"ကျေးဇူးပြုပြီး အခုသွားပါတော့"ဝူဝေ့ရွယ်က သူက ရုတ်တရက်ကြီး ထူးဆန်းတာတွေ လုပ်မှာစိုးတာကြောင့် သူ့ကို မြန်မြန်ထွက်သွားခိုင်းလိုက်တယ်။
"ငါသွားပြီ။ ငါသွားပြီ"ဝူချန်ဇီက အဝေးကို လျှောက်သွားလိုက်ပေမဲ့ လှည့်လိုက်ပြီး အော်လိုက်တယ်"တကယ်လို့ မင်းက သူ့ကို ထိခိုက်အောင်လုပ်ရင် ငါ မင်းကို အလွတ်မပေးဘူး"
ခေါင်းဆောင်ဝူက ဝမ်းနည်းသလိုခံစားလိုက်ရတယ်။ဝူချန်ဇီက လုံလောက်တဲ့အကွာအဝေးကို ရောက်သွားတဲ့အချိန်မှ ပြင်းထန်စွာ ပြောလိုက်တယ်"မင်းမှာ ကျိန်စာကို ချေဖျက်ဖို့ နည်းလမ်းရှိလား?"
"မရှိဘူး။ကျွန်မမတတ်နိုင်ဘူး။ဒါက တစ်ခါဖြစ်သွားရင် အမြဲတမ်းရှိနေလိမ့်မယ်"ဝူဝေ့ရွယ်က ဝူချန်ဇီသည် အဝေးကို ရောက်သွားတာကြောင့် စိတ်သက်သာရာရသွားတယ်။
ချစ်ခြင်းကျိန်စာကို ချေဖျက်ဖို့ဆိုရင် ချစ်ခြင်းကျိန်စာသက်ရောင်ခံရတဲ့သူထဲက တသ်ယောက်ကသေဆုံးမှသာလျှင်ရလိမ့်မယ်။ဒါပေမဲ့ တကယ်လို့ သူမသာပြောလိုက်ရင် ခေါင်းဆောင်ဝူက သူမကို သတ်လိမ့်မယ်။
"မင်း"ခေါင်းဆောင်ဝူက ဒေါသထွက်သွားပြီး ပြောလိုက်တယ်"မင်းပြောသလိုဆိုရင် မင်းအဘိုးက ဒီကျိန်စာကြောင့် သူ့ရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး မင်းကိုချစ်နေတဲ့အပြုအမူတွေပြလိမ့်မယ်လို့လား?အဓိပ္ပာယ်မရှိလိုက်တာ!ရယ်စရာကောင်းလိုက်တာ!တကယ်လို့ ဒီအကြောင်းသာ ပြန့်သွားရင် လူတွေက မင်းကို ပြစ်တင်ဝေဖန်ပြီး ငါတို့ကို အထင်သေးကြလိမ့်မယ်။ဝူဝေ့ရွယ် မင်းဒီကျိန်စာကို ချေဖျက်ဖို့ကြိုးစားသင့်တယ်။မဟုတ်ရင် ဝူမိသားစုကို ပြန်မလာနဲ့တော့!မင်းက ဝူမိသားစုကို အရှက်ကွဲစေတာဘဲ"
ဝူဝေ့ရွယ်က မိသာစုအတွက်ပြသနာကြီးဘဲ။သူမက မိသားစုအတွက်ကောင်းတာ ဘာမှမရှိဘူး။သူက သူမကို ဝူမိသားစုက ကန်ထုတ်ပစ်သင့်တယ်။
ဝူဝေ့ရွယ်ကလည်း သူမအဘိုးက သူ့တစ်ဘဝလုံး သူမကို ချစ်သွားမှာကို မုန်းတီးတယ်။
"ကျွန်မ ကျိန်စာကို ချေဖျက်ဖို့ အကောင်းဆုံးကြိုးစားပါ့မယ်။ကျွန်မကို ဒီကျိန်စာပေးခဲ့တဲ့သူကို မေးကြည့်ပါ့မယ်"ဝူဝေ့ရွယ်က ပြောလိုက်တယ်။
အဲဒီနောက်မှာတော့ သူမက ဝူမိသားစုကထွက်သွားလိုက်တယ်။
---------------------
Chapter(345)
ချစ်ခြင်းကျိန်စာ(2)
ဝမ်းနည်းခြင်းအထိမ်းအမှတ်ခန်းမထဲမှာတော့ လူတိုင်းက အေးခဲသွားတယ်။သူတို့က ဝူချန်ဇီက ဝူဝေ့ရွယ်ကို နမ်းလိုက်တဲ့ဖြစ်စဉ်ကိုဘဲ တွေးနေမိတယ်။
"အခု ဘာဖြစ်သွားတာလဲ?"ဝူဇူက သတိပြန်ဝင်လာတဲ့အခါ မေးလိုက်တယ်"အဲဒါက ရွှေရောင်အလင်းတန်းက ဝူချန်ဇီရဲ့ခန္ဓာကိုယ်ကို ရိုက်မိသွားတာကြောင့်လား?အဲဒါက သူက ဘာကြောင့် ပုံမှန်မဟုတ်တော့တာလဲဆိုတာလား?"
"ငါထင်တာမှန်ရင် ဝူဝေ့ရွယ်က ချစ်ခြင်းကျိန်စာကို သုံးခဲ့တာဘဲ။ကျိန်စာသက်ရောက်ခံရတဲ့သူက အဲဒီလူကို ပထမဆုံးမြင်တဲ့အချိန်မှာဘဲ ချစ်မိသွားပြီး ဘဝတစ်လျှောက်လုံး ချစ်မျိနလိမ့်မယ်။စုံတွဲထဲက တစ်ယောက်က မသေမချင်း ကျိန်စာက မပျက်နိုင်ဘူး"ဝူရုန်က ခေါင်းငြိမ့်ပြီး ပြောလိုက်တယ်။
"အိုး ဘုရားရေ!ငါက ဒါကို တစ်ခါမှမကြားဖူးဘူး။ကံကောင်းလို့ ငါက ရွမ်ရီကို တွန်းထုတ်လိုက်တာဘဲ။မဟုတ်ရင် ဘယ်လိုဖြစ်လာမလဲဆိုတာ မတွေးရဲဘူး။အဲဒီမိန်းမက ဆိုးလွန်းတယ်။သူမက ရွမ်ရီကို ရဖို့ဆိုရင် အရာရာတိုင်းကို လုပ်မယ့်ပုံဘဲ"ဝူရှိက ပြောလိုက်တယ်။
"ချစ်ခြင်းကျိန်စာက မိန်းမချင်း မိန်းမဆိုရင် မသက်ရောက်ဘူးလား?"ဝူဇူက စိတ်ရှုပ်သွားတယ်။
"အဲဒီလိုမဟုတ်ဘူး"
"ဒါပေမဲ့ ဘာကြောင့် ရွှေရောင်အလင်းတန်းက ရှိအာကိုထိတော့ ပြန်ကန်ထွက်လာတာလဲ?"
ဝူရုန်က ဝူရှိရဲ့ခါးချိတ်အဆင်တန်ဆာကို ညွှန်ပြလိုက်ပြီး ရှင်းပြလိုက်တယ်"ရှိအာကို ငါပေးထားတဲ့ အဆင်တန်ဆာက ဘယ်လိုကျိန်စာမျိုးကိုမဆို ပြန်ကန်ထွက်နိုင်စေတယ်"
သူက အရင်ဘဝတုန်းကလိုမျိုး ဝူရှိက ဘာစီရဲ့ကျိန်စာကို သက်ရောက်ခံရမှာစိုးတာကြောင့် သူက ဗုဒ္ဓခါးဝတ်အဆင်တန်ဆာကို ပေးခဲ့တာဖြစ်တယ်။ဒါ့ကြောင့် သူက ဟေးရွမ်ရီကို တစ်ခုလုပ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်။ဒီနေ့မှာတော့ ဗုဒ္ဓအဆင်တန်ဆာက အသုံးဝင်ခဲ့ပြီ။
ဝူရှိက ဗုဒ္ဓအဆင်တန်ဆာကို ချွတ်ယူလိုက်ပြီး ဟေးရွမ်ရီလက်ထဲထည့်ပေးလိုက်ပြီး ပြောလိုက်တယ်"ရွမ်ရီ ဒီဗုဒ္ဓအဆင်တန်ဆာကို ယူထား"
ဟေးရွမ်ရီက တုံ့ဆိုင်းလိုက်တယ်။
ဝူရုန်က အဲဒါကိုဟယူလိုက်ပြီး ဟေးရွမ်ရီကို ဝတ်ပေးလိုက်ပြီး"ဝူဝေ့ရွယ်က နောက်တစ်ကြိမ်ခင်ဗျားကို အဲဒီကျိန်စာမျိုးအသုံးပြုလာနိုင်တယ်။ခင်ဗျားက ဒါကို ဝတ်ထားသင့်တယ်"
အခုမှတွေးကြည့်တော့ ကျိန်စာက ဟေးရွမ်ရီအပေါ်ကို သက်ရောက်သွားမယ်ဆိုရင် ကြောက်စရာကောင်းတာဖြစ်လာနိုင်တယ်။ဟေးရွမ်ရီ၏အကာအကွယ်နှင့်ဆိုရင် ဝူဝေ့ရွယ်ကို သတ်ဖို့အလွန်ကို ခက်ခဲသွားလိမ့်မယ်။
ဟေးရွမ်ရီက ဗုဒ္ဓအဆင်တန်ဆာကို ကြည့်လိုက်ပြီး သူက ဝူရုန်ကလည်း ဒီလိုကျိန်စာမျိုးကို သက်ရောက်ခံရမှာကို စိုးရိမ်တယ်။သူက မိသားစုဝင်တိုင်းအတွက် ဒီလိုမျိုးအဆင်တန်ဆာတွေ ဆံထိုးတွေကို ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
နောက်ဆုံးမှာတော့ဝူချွင်ချင်နှင့် ဂေါင်တုန်က သတိပြန်ဝင်လာပြီး"ဝူဝေ့ရွယ်က အရမ်းပျက်စီးနေတာဘဲ"
"မြေမြှုပ်အခမ်းအနားကျင်းပမယ့်အချိန်ရောက်ပြီ"တစ်စုံတစ်ယောက်က ရုတ်တရက်အော်လိုက်တယ်။
ဝူမိသားစုတွေက သတိပြန်ဝင်လာပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ခန်းမ၏ဘေးနှစ်ဖက်နှာ ဒူးထောက်လိုက်ကြပြီး ဝမ်းနည်းစွာ ငိုကြွေးလိုက်ကြတယ်။
အသုဘတန်း၏ရှေ့ဆုံးမှာတော့ လမ်းအလံကိုကိုင်ဆောင်ထားတဲ့သူတွေက ရှေ့ဆုံးမှာ ဦးဆောင်လမ်းပြပြီး သေသူ၏ဝိညာဉ်တွေကို လမ်းတစ်လျှောက် လမ်းညွှန်ခေါ်ဆောင်လာတယ်။ရှေ့ဆုံးကနေ လမ်းတစ်လျှောက်ကို ဝိညာဉ်တွေထံက ဝူယူဖို့ ငွေစက္ကူတွေကိုလည်းပစ်ကျဲတဲ့လူတွေလည်းရှိတယ်။သူတို့ရဲ့နောက်မှာတော့ အခမ်းအနားကျင်းပမယ့်လူတွေဖြစ်တဲ့ အမျိုးမျိုးသောပေးကမ်းတဲ့စက္ကူတွေပစ်ကျဲတဲ့သူတွေ တူရိယတီးမှုတ်တဲ့အဖွဲ့တွေ သေသူ၏ဝိညာဉ်ကိုပို့ဆောင်တဲ့ တူတွေဒါမှမဟုတ် မြေးတွေကလိုက်ပါလာတယ်။သူတို့ရဲ့နောက်မှာတော့ စွန့်ကျဲတဲ့သူယောက်ျားလေးတွေ သူတို့ရဲ့နောက်မှာတော့ အခေါင်းနှင့် အမျိုးသမီးတွေနှင့် ဆွေမျိုးတွေက လိုက်ပါလာတယ်။
သူတို့က မြို့ပြင်ကို ရောက်တဲ့အချိန်မှာတော့ ဆွေမျိုးတွေက ရပ်ကျန်ခဲ့ပြီး အခြားသူတွေကတော့ ဝူမိသားစု၏သင်ချိုင်းကို ဆက်သွားကြတယ်။
လမ်းတစ်လျှောက်မှာရှိတဲ့ ဖြတ်သွားဖြတ်လာတဲ့သူတွေက အသုဘကျင်းပနေမှန်းသိတာကြောင့် သူတို့က ခေါင်းငုံ့ထားကြတယ်။ဒါပေမဲ့ သူတို့ကသင်ချိုင်းနှင့်နီးလာတဲ့အချိန်မှာတော့ လူတစ်စုက မြင်းတွေဒုန်းစိုင်းမောင်းလာနေတယ်။သူတို့ရဲ့မျက်နှာမှာ တက်တူးတွေရှိနေပြီး သူတို့ကို ကြည့်ရတာ လူဆိုးတွေနှင့်တူတယ်။သူတို့ကို အသုဘပို့တဲ့ လူစုက လမ်းဖယ်မပေးနိုင်ဘူး။
သူတို့က အသုဘပို့လာတဲ့လူစုနဲ့ မီတာအနည်းငယ်လောက်အကွာကို ရောက်တဲ့အချိန်မှာတော့ ရှေ့ဆုံးမှတက်တူးအပြည့်နှင့်မိန်းမက"လူတိုင်း မြင်းပေါ်က ဆင်းပြီး လမ်းဖယ်ပေးလိုက်"
အခြားသူတွေက လျှင်မြန်စွာ မြင်းပေါ်ကဆင်းလိုက်ကြ၍ ဘေးကပ်လိုက်ကြတယ်။ဒါပေမဲ့ သူတို့က ခေါင်းတော့မငုံ့ပါဘူး။
ဝူရုန်က သူတို့ရဲ့တက်တူးတွေကြောင့် သူတို့ကို သေချာကြည့်တယ်။ရှေ့ဆုံးကမိန်းမကအသားမဲပြီး တောက်ပတဲ့မျက်လုံးတွေနှင့်ဆံကျစ်နှစ်ခုကျစ်ထားတယ်။သူမက ဝတ်စားဆင်ယင်မှုက ရိုးရှင်းပေမဲ့လည်း သူမက ထူးဆန်းစွာနှင့်သူမရဲ့လက်ကောက်ဝတ်နှင့်လည်ပင်းတွေမှာ ကြက်သွန်ဖြူအတွဲလိုက်ဝတ်ဆင်ထားတယ်။
အဲဒီအမျိုးသမီးက တစ်စုံတစ်ယောက်က သူမကိုလေ့လာနေတာကို အာရုံခံမိတာကြောင့် အရှေ့ကို ကြည့်လာတယ်။သူမက ဝူရုန်ကိုကြည့်လိုက်ပြီး ရင်းနှီးတယ်ဟု ခံစားရတာကြောင့် မျက်မှောင်ကြုတ်လိုက်တယ်။
"သူမဘဲ"ဂေါင်တုန်က ပင့်သက်ရှိုက်လိုက်တယ်။
လူတိုင်းက သူမကို ကြည့်လိုက်တယ်။
"အမေ သူမက ဘယ်သူလဲ?"ဝူရုန်က မေးလိုက်တယ်။
"နောက်မှပြောပြမယ်"ဝူရုန်က အဲဒီမိန်းမက လှည့်ကြည့်လာတာကြောင့် အသံနိမ့်ပြီး ပြောလိုက်တယ်။
"အင်း"
အသုဘပို့တဲ့လူတန်းက အတော်ကိုရှည်လျားတယ်။တစ်နာရီလောက်ကြာတဲ့အချိန်မှာ မြင်းစီးလာတဲ့လူစုက ဆက်သွားနိုင်တယ်။
"ခေါင်းဆောင် ကျုပ်တို့က ဘာကြောင့် သူတို့ကို လမ်းဖယ်ပေးရတာလဲ"?သန်မာတဲ့အမျိုးသားက ရှေ့ဆုံးက အမျိုးသမီးကို မေးလိုက်တယ်။
အဲဒီအမျိုးသမီးက သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်"အဲဒီလူတန်းက အတော်ကိုရှည်လျားတယ်။အဲဒါက သာမာန်မိသားစုမဟုတ်ဘူးလို့ဆိုလိုတာဘဲ။ငါတို့က သူတို့ကို အခုချိန်မှာ အမှားလုပ်မိမယ်ဆိုရင် ငါတို့က အကြောင်းပြချက်မရှိဘဲ သတ်ခံရလိမ့်မယ်။ငါ့စကားကိုမှတ်ထား။ဒီနေရာက အင်ပါယာမြို့တော် ငါတို့လုပ်ချင်တိုင်းလုပ်လို့ရတဲ့ ငါတို့ရဲ့နယ်မြေမဟုတ်ဘူး"
"ဟုတ်"
"မြင်းပေါ်ပြန်တက်ပြီး ဆက်သွားရအောင်"အမျိုးသမီးက မြင်းပေါ်ပြန်တက်လိုက်ပြီး ရှေ့ဆုံးကနေ သူမရဲ့နောက်လိုက်တွေနှင့်အတူ အင်ပါယာမြို့ထဲကို ဆက်သွားလိုက်တယ်။
သူတို့က ပိုပိုဝေးကွာလာပြီး အသုဘပို့တဲ့သူတွေက သင်ချိုင်းကို ရောက်ရှိလာတယ်။
ဝူရုန်နှင့် ဂေါင်တုန်က ထောင့်တစ်နေရာမှာ ရပ်လိုက်ပြီး"အမေ သူတို့က ဘယ်သူလဲ?"
"သူမက ဘယ်သူလဲဆိုတာ အမေလည်းမသိဘူး"ဂေါင်တုန်က ပြောလိုက်တယ်"ဒါပေမဲ့ သူမကို သိတယ်လို့လည်း ပြောလို့ရတယ်"
"လွန်ခဲ့တဲ့နှစ်နှစ်ဆယ် အမေမင်းကို ကိုယ်ဝန်ဆောင်ထားတုန်းက သူမကို အကြိမ်အတော်များများတွေ့ခဲ့ဖူးတယ်။အဲဒီအချိန်တုန်းက သူမက အမေဆိုလိုတာက ရှေ့ဆုံးကအမျိုးသမီး သူမက အမေက သူမခင်ပွန်းကို ဆွဲဆောင်တယ်ဆိုပြီး အမေကို သတ်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ အမေက သူမရဲ့ခင်ပွန်းက ဘယ်သူလဲဆိုတာတောင် မသဘူး။ဒါပေမဲ့ အဲဒီအချိန်မတိုင်ခင်တုန်းက လူတစ်ယောက်က အမေ့ကိုလိုက်ခဲ့ပြီး စာတွေပို့ခဲ့တယ်။ဒါပေမဲ့ အမေက အဲဒီလူက ဘာနှင့်တူသလဲဆိုတာတောင် မမှတ်မိတော့ဘူး။အမေက သူမရဲ့မျက်နျှာပ်ါက တက်တူးကြောင့်သာ မှတ်မိနေတာ။ပြီးတော့ နှစ်နှစ်ဆယ်ကြာတာတောင် သူမပုံက မပြောင်းလဲသေးဘူး။ချွင်ချင် ရှင် သူမကို မှတ်မိလား?"
"အင်း ငါ မှတ်မိတယ်"ဝူချွင်ချင်က ပြောလိုက်တယ်။
----------------------------------
paid gpဝင်လို့ရပြီနော်။teleမှာလည်းရပါပြီ