COTAW(Zawgyi)

By Phyomyatsoe

257K 49.2K 791

bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ More

Into
Chapter(1+2)
Chapter(3+4)
Chapter (5+6)
Chapter (7+8)
Chapter (9+10)
Chapter (11+12)
Chapter (13+14)
Chapter(15+16)
Chapter(17+18)
Chapter(19+20)ဟေးရွမ်ရီမြို့ပြင်ထွက်သွားတယ်
Chapter(21+22)
Chapter(23+24)
Chapter(25+26)
Chapter(27+28)
Chapter(29+30)
Chapyer(31+32):ပြဇာတ်(2)
Chapter(33+34+35)
Chapter 36:ဒီဘဝမှာတော့သူ့ကိုယုံကြည်မယ်
Chapter38:ဝူပုဖန်
Chapter39:ဒီလိုပြောရအောင်မင်းအရှက်မရှိဘူးလား?
Chapter40:မှော်လက်နက်တွေလုပ်ဖို့ပစ္စည်းတွေကမလုံလောက်ဘူးလား?
Chapter41:သူတို့အားလုံးကိုမှော်လက်နက်တွေလုပ်ပေးရမယ်
Chapter42:မင်းရူးနေတာလား?
Chapter43:ကျွန်တော့်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(1)
Chapter44:ကျွန်တော်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(2)
Chapter45:မင်းကငါ့ကိုမတွန်းလှန်နဲ့
Chapter46:ကိုင်လို့လဲမကောင်းဘူး
Chapter47:စုန်းတွေရဲ့ရိုးရာပွဲတော်
Chapter48:ခင်ဗျားတတ်နိုင်ပါတယ်
Chapter49:နိမိတ်ဆိုး
Chapter50:သူကအိမ်ရှေ့စံမင်းသား
Chapter51:သူ့ရဲ့ကံတရားကပြောင်းလဲသွားတယ်
Chapter52:သူတို့တော့တိုင်ပတ်ပြီ(1)
Chapter53:သူတို့တော့တိုင်ပတ်ပြီ(2)
Chapter54:ဒါက...
Chapter55:မင်းကအမှားလုပ်တာဖြစ်မယ်
Chapter56:လူတွေကိုကစားမယ်
Chapter57:မင်းတို့အရမ်းလွန်သွားပြီ
Chapter58-မင်းတို့ကိုယ်မင်းတို့လူလို့ခေါ်နိုင်သေးလား?
Chapter59:သူကကောင်းချီးပေးခံရတာဘဲ(1)
Chapter60:သူကကောင်းချီးပေးခံရတာဘဲ(2)
Chapter61:ဒါဆိုသူပေါ့
Chapter62:အဲဒါကအကောင်ပေါက်တော့မယ်
Chapter63:ကလေးလေးထွက်လာပြီ(1)
Chapter64:ကလေးလေးထွက်လာပြီ(2)
Chapter65:မင်းကကိုယ့်ကိုလက်ထပ်ထားတာလေ
Chapter66:ကလေးကကြီးတာအရမ်းမြန်တယ်
Chapter67:သူတို့ကရိုက်ခံရတယ်
Chapter68:သူကမွန်းစတားလေးဘဲ
Chapter(69)လင်းမိုဟန်
Chapter70:အပ်မှာအပ်ချည်ကိုထိုးမယ်(1)
Chapter(71+72)
Chapter73
Chapter74
Chapter(75+76)
Chapter(77-78)
Chapter79
Chapter:80
Chapter81:သူကကြင်နာတတ်တယ်(1)
Chapter:82
Chapter:83
Chapter:84
Chapter85
Chapter86
Chapter87
Chapter88
Chapter(89+90)
Chapter91
Chapter92
Chapter93
Chapter94
Chapter95
Chapter96
Chapter(97)
Chapter(98+99)
Chapter(100)
Chapter(101+102)
Chapter(103+104)
Chapter(105+106)
Chapter(107+108)
Chapter(109)
Chapter(110)A+B
Chapter(111+112+113)
Chapter(114+115)
Chapter(116)
Chapter(117+118)
Chapter(119+120)
Chapter(121+122)
Chapter(123+124)
Chapter(125)
(126+127)
Chapter(128+129+130)
Chapter(131+132+133+134)
Chapter(135+136+137)
Chapter(138+139+140)
Chapter(141+142+143)
Chapter(144+145)
Chapter(146+147+148)
Chapter(149+150+151+152)
Chapter(153+154+155+156+157)
Chapter(158 to 160)
Chapter(161 to 163)
Chapter(164 +165)
Chapter(166+167)
Chapter(168+169+170)
Chapter(171+172+173)
Chapter(174+175)
Chapter(176+177)
Chapter(178+179)
Chapter(180+181)
Chapter(182+183)
Chapter(184 +185)
Chapter(186+187)
Chapter(188+189)
Chapter(190+191)
Chapter(192+193+194)
Chapter(195+196+197)
Chapter(198+199+200)
Chapter(201-203)
Chapter(204+205)
Chapter(206-208)
Ch(209+210)
211-212
213-214
215-216
217-219
220+221
222-223
224+225
226-228
229+230
231+232
233-235
236-238
239-240
241-242
243-245
246-247
248-250
251-253
254-256
257-258
259-261
262-264
265-267
268-271
272-274
275-277
278-280
281-282
283+285
286-287
288-290
291-292
293-295
296-297
298-299
Ch(300-301)
302-303
304-305
306-308
309-310
311-313
314-316
317-318
319-320
321-322
323-324
325-326
327-328
Ch(329-330)
331-332
333-334
335-336
339-341
342-343
344-345
346-347
348-349
350-351
352-353
354-355
356-357
358-359
360-361
Hi

337-338

159 48 0
By Phyomyatsoe


Chapter(337)
ဧကရာဇ်ထံ တရားမျှတမှုတောင်းဆိုခြင်း(1)

အစောင့်တစ်ယောက်က ဇီထောင်ကို ဝူချန်ဇီအနားကို ဆွဲခေါ်လာခဲ့တယ်။

ဇီထောင်က ကြောက်ရွံ့မှုကြောင့် တုန်ရီနေပြီး ပြန်ဖြေလိုက်တယ်"ကျွန်မ ကျွန်မ ဘာဖြစ်သွားတာလဲဆိုတာ မသိဘူး"

ရှန်းကျီယောင်းက ဇီထောင်၏မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး "နင်မသိဘူးလား?ဘယ်သူက ဒီလိုလုပ်ခဲ့တာလဲ?ဝေ့ရွယ်က သတိုးသမီးခေါင်းစောင်းကြောင့် အဲဒီလူရဲ့မျက်နှာကို မမြင်နိုင်ဘူး။ဒါပေမဲ့ မင်းကရော ဘယ်လိုလဲ?မင်းက မျက်စိကန်းနေတာလား?မင်းက ဒီလူကို ဘာကြောင့်မမှတ်မိရလဲ?"

"ကျွန်မ ကျွန်မ....."ဇီထောင်က သူမရဲ့နာကျင်နေတဲ့ မျက်နှာကို ကာပြီး ပြောလိုက်တယ်"ကျွန်မက မင်္ဂလာဆောင်တုန်းက သူက မျက်နှာတုကို ဝတ်ထားတာတွေ့တယ်။ဒါ့အပြင် သူက သခင်မရဲ့ခင်ပွန်းဖြစ်တယ်။ဒါကြောင့် သူ့ကို အကြာကြီးစိုက်ကြည့်တာက မသင့်လျော်ဘူး။ဒါ့ကြောင့်...."

ရှန်းကျီယောင်းက သူမကို ထပ်ပြီး ရိုက်လိုက်ပြီး"အဲဒါက ငါ့သမီးအတွက် ကြီးမားတဲ့ အပေးအယူဘဲ။ဘယ်လိုလုပ်ပြီး မင်းက သူ့ကို ရှင်းရှင်းလင်းလင်း မကြည့်ရဲဘဲ သူတို့ကို ဒီလိုလက်ထပ်ဖြစ်သွားအောင် ဖြစ်စေခဲ့တာလဲ"

"ဒီအချိန်မှ ငါ  ဘယ်လိုလုပ်ရတော့မလဲ?"ဝူဝေ့ရွယ်က ဇီထောင်ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး"ငါက မင်းကို ကောင်းကောင်းဆက်ဆံခဲ့တယ်။မင်းက ဘာကြောင့် ငါ့ကို ဒီလိုလုပ်ရတာလဲ?"

သူမက ဝူမိသားစုကို ပြန်လာတဲ့အချိန်မှာ ဇီထောင်ကို သူမနှင့်အတူခေါ်သွားဖို့ လုပ်ထားခဲ့တာဖြစ်တယ်။

"ကျွန်မ တကယ်ကိုဘဲ သူက သခင်ဟေးလို့ထင်ခဲ့တာပါ။ပြီးတော့ သခင်မကလည်း သတိုးသမီးခေါင်းဆောင်းကို ဖယ်ပြီးတာနဲ့ သူလို့ဘဲ ထင်ခဲ့တာဘဲလေ"ဇီထောင်က ငိုပြီး ပြောလိုက်တယ်။

"ပါးစပ်ပိတ်ထားစမ်း!ပါးစပ်ပိတ်ထားစမ်း!ငါက မင်းကို ယုံကြည်တာကြောင့် ငါ ကောင်းကောင်းမကြည့်ခဲ့ဘူး"ဝူဝေ့ရွယ်က ရူးနေတဲ့ မိန်းမတစ်ယောက်လို အော်လိုက်ပြီး"ပြီးတော့ မင်္ဂလာအခန်းကလည်းဟသူ့မျင်နှာကို မမြင်ရလောက်အောင် မှောင်လွန်းတယ်"

ပြီးတော့ သူမက သတိုးသားရဲ့မျက်နှာကို မမြင်ရသေးခင်မှာဘဲ သူတို့က အိပ်ရာပေါ်ကို ရောက်သွားခဲ့တာဖြစ်တယ်။

ရှန်းကျီယောင်းက အော်လိုက်တယ်"သူမကို အဝေးကို ခေါ်သွားပြီး သေအောင်ရိုက်လိုက်"

"သခင်မကြီး ကျေးဇူးပြုပြီး ကျွန်မအသက်ကို ချမ်းသာပေးပါ!ကျွန်မတောင်းပန်ပါတယ်"ဇီထောင်က ငိုပြီးတောင်းပန်လိုက်တယ်။

အစောင့်နှစ်ယောက်က သူမကို အဝေးကို ဆွဲခေါ်သွားလိုက်တယ်။

အဲဒီလူကတော့ အဲဒီနေရာမှာဘဲ ရှိနေတုန်းဘဲ။

"အမေ"ဝူဝေ့ရွယ်က ရှန်းကျီယောင်းရဲ့လက်မောင်းထဲကို ဝင်ပြီး ငိုကြွေးလိုက်တယ်။သူမက နောက်ဆုံးမှာတော့ ဟေးရွမ်ရီနှင့် လက်ထပ်နိုင်တာကြောင့် ပျော်နေခဲ့ပေမဲ့ အဆုံးမှာတော့ သူမက ဒီလိုမျိုး အကြီးကြီး ရှုံးသွားတယ်။

"ငါ နင့်ကို ဟေးရွမ်ရီနဲ့လက်မထပ်ဖို့ပြောသားဘဲ။ဒါပေမဲ့ နင်ကတော့ ငါ့စကားကို နားမထောင်ခဲ့ဘူး။အခု နင်က ဒီလိုရုပ်ဆိုးပြီး အသက်ကြီးလူနဲ့လက်ထပ်ရတာကို ပျော်ရဲ့လား?"ရှန်းကျီယောင်းက ဒေါသတကြီးပြောလိုက်တယ်။

ဝူယောင်းရှူက သူ့ထက်တောင်အသက်ကြီးပုံပေါ်တဲ့လူကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီး သူ့ဒေါသကို ထိန်းချုပ်ပြီး ပြောလိုက်တယ်"ငါတို့က ဒီအတိုင်းအလွတ်မပေးနိုင်ဘူး။ဟေးရွမ်ရီက သူ့နေရာမှာ ဒီလူနဲ့ အစားထိုးရဲကတည်းက သူက ဒီအတွက် ပြန်ပေးဆပ်ရမယ်။သူက အင်ပါယာအမိန့်တော်ကို မလိုက်နာတာက ဘယ်လောက်ပြင်းထန်လဲဆိုတာ မသိတဲ့ပုံဘဲ"

"ငါတို့က နန်းတော်ကို သွားပြီး ဧကရာဇ်ထံက တရားမျှတမှုကို တောင်းခံရမယ်"ဝူချန်ဇီက ပြောလိုက်တယ်။

"သဘောတူတယ်"

သူတို့က ခြံဝင်း၏အပြင်ကို ထွက်လာတော့ အိမ်တော်ထန်းက လာရောက်ပြီး တင်ပြလိုက်တယ်"သခင်ကြီး အစောင့်တစ်ယောက်က အပြင်က ပြန်လာတော့ သခင်မလေးဝေ့ရွယ်က ရုပ်ဆိုးပြီး အသက်ကြီးတဲ့လူနဲ့ လက်ထပ်လိုက်ပြီး သခင်မလေးဝေ့ရွယ်က မိန်းမပျက်လို နှစ်ရက်ကြာအောင် သတိုးသားကို အိပ်ရာထဲကနေ မထွက်အောင် ဆွဲဆောင်ထားပြီး သူတို့အခန်းရှေ့က ဖြတ်သွားတဲ့သူတိုင်းက အိပ်ရာထဲက သူမရဲ့ညည်းညူသံကို ကြားရတယ်လို့ ကောလဟာလကြားခဲ့ရတယ်လို့ ပြောပါတယ်"

ဝူချန်ဇီနှင့် ဝူယောင်းရှူက ပြင်းပြင်းထန်ထန်ပြောလိုက်တယ်"ဘယ်နေရာကနေ အဲဒီကောလဟာလပြန့်သွားတာလဲ?"

"သဲလွန်စမရှိပါဘူး"

"အဖေ ကျွန်တော်တို့က ဧကရာဇ်ကိုတွေ့ဖို့ ဦးစားပေးပြီး သွားရအောင်"ဝူယောင်းရှူက ပြောလိုက်တယ်။

ဝူချန်ဇီက သဘောတူပြီး ခေါင်းငြိမ့်လိုက်ပြီးနောက် ဝူယောင်းရှူနှင့်အတူ နန်းတော်ကို သွားလိုက်ကြတယ်။

ဧကရာဇ်က ဝူချန်ဇီတင်ပြတာကိ ကြားပြီးတော့ အချိန်အကြာကြီးဟတိတ်ဆိတ်သွားတယ်။အစတုန်းကတော့ လက်ထပ်ပွဲကို သဘောတူတာက သူ့ရဲ့ရည်ရွယ်ချက် မဟုတ်ပေမဲ့ သူက ရုတ်တရက်ကြီး သဘောတူခဲ့တယ်။သူအသိပြန်ဝင်လာတဲ့အချိန်မှာတော့ အင်ပါယာအမိန့်တော်ကို ဟေးအိမ်တော်ကို ပို့ပြီးသွားပြီ။သူက ကိစ္စတစ်ခုလုံးရဲ့နောပ်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ မသေချာပေမဲ့  သူသေချာသိနေတာက ဝူချန်ဇီက ပါဝင်နေတယ်ဆိုတာဘဲ။ပြီးတော့အင်ပါယာအမိန့်တော်ကို ခွင့်ပြုလိုက်တာကြောင့် သူက အဲဒါကိုပြန်ယူဖို့မာ မရှိဘူး။ဒါ့ကြောင့် သူက လကါထပ်ပွဲကို မတားခဲ့တာဖြစ်တယ်။ဒါကေမဲ့ သူ့ကိုအံ့အားသင့်စေတာက ဟေးရွမ်ရီက သူ့ရဲ့အင်ပါယာအမိန့်တော်ကို မလိုက်နာဘဲ သူ့ကို မရှိသလို ပြုမူလိုက်တာဘဲ။

"ဟေးရွမ်ရီနဲ့ဝူရုန်ကို နန်းတော်ကို ဆင့်ခေါ်လိုက်။သူ့တို့ဘယ်လိုလုပ်မလဲ ကြည့်သေးတာပေါ့။သူတို့က ဘယ်လိုလုပ်ပြီး ကိုယ့်တော့်အမိန့်ကို မနာခံရဲတာလဲ?ပြီးတော့ ဝူဝေ့ရွယ်နဲ့ သူမနှင့်လက်ထပ်လိုက်တဲ့ သူကိုလည်း ဒီကို ဆင့်ခေါ်လိုက်"

"ဟုတ်"မိန်းမစိုးခေါင်းဆောင်က ချက်ချင်းဘဲ စီစဉ်လိုက်တယ်။

လင်းမိုဟန်က  ဒီသတင်းကြားပြီးတာနှင့် ဟေးရန်ကို ဝူရုန်ထံကို စာတစ်စောင်ပို့ခိုင်းလိုက်တယ်။

ဝူရုန်နှင့် ဟေးရွမ်ရီက ဒီသတင်းကိုကြားတော့ တည်တည်ငြိမ်ငြိမ်ရှိေိတယ်။သူတို့က မိန်းမစိုးက နန်းတော်ကိုလာဖို့ လာခေါ်တာနှင့် တုံ့ဆိုင်းမှုမရှိဘဲ လိုက်လာကြတယ်။

သူတို့က နန်းတော်ထဲကိုရောက်တော့ ဝူဝေ့ရွယ်ကလည်း ရောက်လာပြီဖြစ်တယ်။

ဝူဝေ့ရွယ်က ဒီစုံတွဲက လက်ချင်းတွဲထားတာကို တွေ့တော့ ဒေါသချောင်းချောင်းထွက်သွားတယ်။သူမက တကယ်လို့ နန်းတော်ထဲမှာမဟုတ်ဘဲ အခြားနေရာမှာသာရှိနေခဲ့ရင် ဝူရုန်ကို ရိုက်ပစ်လိုက်ပြီးပြီ။

သူမက အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ပြုံးလိုက်ပြီး ဟေးရွမ်ရီထံကိုလျှောက်လာခဲ့ပြီး သူမက ဖြစ်နိုင်သမျှအချိုသာဆုံးအသံနှင့်"ကျွန်မခင်ပွန်း"

ဟေးရွမ်ရီနှင့် ဝူရုန်က သူမကို မမြင်သလိုမျိုး သူတို့က မိန်းမစိုးရဲ့နောက်ကို လိုက်ပြီး ဧကရာဇ်ရဲ့စာကြည့်ဆောင်ကို လျှောက်သွားလိုက်တယ်။

"ငါ့ဇနီး ငါဒီမှာရှိတယ်"ဝူဝေ့ရွယ်နှင့် လက်ထပ်ထားသည့်ယောကျာ်းကျဖြလိုက်တယ်။ဝူဝေ့ရွယ်က ဒေါသထွက်သွားပြီး သူ့ရဲ့မျက်နှာကို ရိုက်လိုက်ပြီး"ငါက နင့်မိန်းမမဟုတ်ဘူး။နင်က ရုပ်ရင်းကြမ်းတမ်းတဲ့သူဘဲ"

ဖြတ်သွားတဲ့ ငယ်ရွယ်တဲ့ မိန်းမစိုးတွေက လျှို့ဝှက်စွာ တခစ်ခသ်ရယ်လိုက်ကြတယ်။

အဲဒီလူက သူနှင့်ချစ်တင်းနှောခဲ့တဲ့ မိန်းမက သူ့ရဲ့မျက်နှာကို ရိုက်လိုက်တာကြောင့် သူကဒေါသထွက်လာတယ်။သူက အရှက်ရသွားတယ်။သူက ဝူဝေ့ရွယ်က သူ့ကို သတ်မှာကြောက်သော်လည်းဘဲ သူရဲ့ပတ်ဝန်းကျင်မှာ အဆင်မြင့်ကိုယ်ရံတော်တွေရှိသည့် နန်းတော်ထဲကို ရောက်နေတာကြောင့် သူကအော်လိုက်တယ်"ဥာဏ်မရှိတဲ့ မိန်းမ!ငါတို့က လူတွေရှေ့မှာ လက်ထပ်ပြီးသွားပြီ။ဒါ့ကြောင့် မင်းက ငါ့ဇနီးဘဲ။မင်းက ဒီရက်တွေမှာ ငါ့ရဲ့ကြီးမားတဲ့လိင်တံနဲ့ပျော်ရွှင်နေတဲ့အချိန်မှာ ငါ့ကို ခင်ပွန်းလို့ခေါ်ခဲ့တာကို မှတ်မိသေးရဲ့လား?အခုတော့ မင်း ငါ့ကို လှည့်စားချင်တာလား?"

"နင်!နင်"ဝူဝေ့ရွယ်က ကသိကအောက်နှင့် ရှက်ရွံ့လာပြီး ဒေါသထွက်လာတယ်။

သူတို့ကို ဦးဆောင်လာတဲ့ မိန်းမစိုးကြီးက "ပါးစပ်ပိတ်ထားကြစမ်း!မင်းတို့က နန်းတော်ထဲကို ရောက်နေတာ ဈေးတမ်းမဟုတ်ဘူး။မင်းတို့က ဘယ်လိုလုပ်ပြီး တစ်ယောက်ကို တစ်ယောက် အော်နေရတာလဲ?မင်းတို့က အရှင်မင်းကြီးကို အမှားလုပိရင် ခေါင်းဖြတ်ခံရမယ်ဆိုတာ သိရဲ့လား?"

အဲဒီလူနှင့် ဝူဝေ့ရွယ်က ချက်ချင်းဘဲ ပါးစပ်ပိတ်ထားလိုက်တယ်။

----------------------------

Chapter(338)
ဧကရာဇ်ထံတရားမျှတမှုတောင်းဆိုခြင်း(2)

လူလေးယောက်က အင်ပါယာစာကြည့်ဆောင်ကို ရောက်လာပြီး ဧကရာဇ်ကို နှုတ်ဆက်လိုက်တယ်။ဝူဝေ့ရွယ်က ဧကရာဇ်ကိုတွေ့တာနှင့် ကြမ်းပြင်ပေါ်မှာ ဒူးထောက်လိုက်ပြီး တောင်းဆိုလိုက်တယ်"အရှင်မင်းကြီး ကျွန်မအတွက် တရာမျှတမှုရှာပေးဖို့ တောင်းဆိုပါတယ်"

"အရင်ဆုံး ထပြီးမှပြော"ဧကရာဇ်က ဝူဝေ့ရွယ်ကို ပြောလိုက်တယ်။

"ဟုတ် အရှင်မင်းကြီး"ဝူဝေ့ရွယ်က မတ်တပ်ရပ်လိုက်တယ်။

ဧကရာဇ်က ဟေးရွမ်ရီကို ပြင်းထန်စွာ ပြောလိုက်တယ်"ဟေးရွမ်ရီ မောင်မင်းက ဘာလို့ ငါ့ကိုယ်တော်ရဲ့လက်ထပ်ထိမ်းမြှားခွင့် အမိန့်တော်ကို မနာခံရတာလဲ?မောင်မင်းရဲ့အပြစ်ကို သိရဲ့လား?"

ဟေးရွမ်ရီက တည်ငြိမ်စွာ ပြောလိုက်တယ်"ကျွန်တော့်ကို မေးခွင့်ပြုပါ။ကျွန်တော့်အတွက် အရှင်က လက်ထပ်ပွဲစီစဉ်ပေးခဲ့တာလား?"

"မင်းက ကိုယ့်တော်ရှေ့မှာ ဘယ်လိုလုပ်မသိချင်ဟန်ဆောင်နေရတာလဲ?"ဧကရာဇ်က ဒေါသတကြီး ပြောလိုက်တယ်။

"အရှင်မင်းကြီး ကျွန်တော်က အရှင့်ရဲ့အမိန့်စာကို လက်ခံမရရှိတာက အမှန်ပါ"

"မင်းက လိမ်နေတာဘဲ။ငါကိုယ်တော်ရဲ့အင်ပါယာအမိန့်စာကို နိုဝင်ဘာလပထမရက်မှာ မိန်းမစိုးက မင်းအိမ်တော်မှာ ကြေငြာခဲ့ပြီးပြီ။ဒါက လဝက်နီးပါးရှိနေပြီ။ဒါကို မောင်မင်းက မသိဘူးလို့ ဟန်ဆောင်ချင်နေသေးတာလား?အစောင့်တွေ!"

ဟေးရွမ်ရီက ဖြတ်ပြောလိုက်တယ်"အရှင်မင်းကြီး ဒါပေမဲ့ အရှင့်ရဲ့အမိန့်တော်က သူ့အတွက် လက်ထပ်ပွဲစီစဉ်ပေးတာ မဟုတ်ဘူးလား?"

သူက ဝူဝေ့ရွယ်ဘေးမှာ ရပ်နေတဲ့ အမျိုးသားကို လက်ညှိုးထိုးလိုက်တယ်။

"ဟုတ်တယ်။လက်ထပ်ပွဲ စီစဉ်ပေးတာက ကျွန်တော့်အတွက်ဘဲ။အင်ပါယာအမိန့်စာကို ကျွန်တော်ကိုယ်တိုင် လက်ခံခဲ့တာဘဲ"အဲဒီလူက ပြောလိုက်တယ်။

ဧကရာဇ်က စိတ်ရှုပ်သွားတယ်။

ဝူချန်ဇီက အော်လိုက်တယ်"ငါက ဧကရာဇ်ကို ဝူဝေ့ရွယ်နဲ့ ဟေးရွမ်ရီ ကြားက လက်ထပ်ပွဲကို တောင်းဆိုခဲ့တာဘဲ။ဒါက မင်းနဲ့ ဘယ်လိုသက်ဆိုင်လို့လဲ?"

"ကျွန်တော်က ဟေးရွမ်ရီဘဲ"

"......."ဝူချန်ဇီ

"......."ဧကရာဇ်

"........"ဝူဝေ့ရွယ်

"......."ဝူယောင်းရှူ

"ဒါပေမဲ့ ကိုယ်တော်က အင်ပါယာအမိန့်စာထဲမှာ ဟေးအိမ်တော်၏ပိုင်ရှင် ဟေးရွမ်ရီ ချောခေန့်ညားပြီး ပါရမီရှင်ကျင့်ကြံသူ ပြီးတော့ အမျိုးသားဇနီးသည်ရှိသူ ဒါပေမဲ့ မောင်မင်းက....."ဧကရာဇ်တစ်ယောက်အနေနှင့် လူတစ်ယောက်ကို ရုပ်ဆိုးတာကို ပြောဖို့ ခွင့်မပြုတာကြောင့် ရပ်တန့်လိုက်တယ်။

"အရှင်မင်းကြီး ကျွန်တော်က ဟေးအိမ်တော်ပိုင်ရှင် ဟေးရွမ်ရီပါ"ဒီဟေးရွမ်ရီက ယုံကြည်ချက်ရှိစွာ ပြောလိုက်တယ်"ကျွန်တော်က ကြွားပြောတာ မဟုတ်ပေမဲ့ ကျွန်တော်က ကျင့်ကြံခြင်းမှာလည်း ပါရမီရှင်ပါ။ကျွန်တော်ကို့ သင်ပေးမဲ့သူတစ်ယောက်မှ မရှိပေမဲ့ အသက်၃၀မှာ အဆင့်တစ်စိတ်စွမ်းအားရှင်ဖြစ်နေပြီ။ကျွန်တော့်ရဲ့ရုပ်ရည်ကလည်း သာမန်ထက်ကို သာလွန်တာဘဲ။ကျွန်တော့်ရွာမှာရှိတဲ့ မိန်းမတွေဆိုရင် ကျွန်တော့်ရဲ့ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်ကြောင့် ချစ်သွားကြတာဘဲ။သူတို့က ကျွန်တော့်ကို ရဖို့ တိုက်ခိုက်ကြတာက ကျွန်တော့်အတွက် ပြသနာကြီးဘဲ"

ဧကရာဇ်၏နှုတ်ခမ်းတွေက တွန့်သွားတယ်။

ဒီလူက ဘယ်လိုလုပ် ဒီလောက်ယုံကြည်မှုရှိနေရတာလဲ?

"အဲဒီလိုဆိုရင် နင့်ရွာက မိန်းမတွေက မျက်စိကန်းနေတာဘဲဖြစ်ရမယ်"ဝူဝေ့ရွယ်က လှောင်လိုက်တယ်။

"သူတို့က မျက်စိကန်းနေတယ်ဆိုရင်တောင် မင်းကတော့ မကန်းဘူးမဟုတ်လား?"ဒီဟေးရွမ်ရီက မေးလိုက်တယ်"မင်းက အိပ်ရာထဲမှာ ငါ့ကို မလွတ်ပေးဘဲ ပိုပိုပြီးပေးဖို့တောင်းဆိုခဲ့တာဘဲ"

ဝူရုန်က မရယ်မိအောင် ထိန်းချုပ်နေရတယ်။

"နင်!"ဝူဝေ့ရွယ်ရဲ့မျက်နှာက ဒေါသကြောင့် နီရဲနေပြီး"အရှက်မရှိလိုက်တာ"

ဝူယောင်းရှူက ရှက်လွန်းလို့ သူသာ တတ်နိုင်ရင် ဒီကနေ ပျောက်ကွယ်သွားဖို့ ဆန္ဒရှိတယ်။

"မင်းကိုယ်မင်းရော အရှက်ရှိတယ်များထင်နေတာလား?မင်းသာ ရှက်တတ်ရင် ငါနဲ့ကာမဆက်ဆံပြီး ဒီလူကို ယောကျာ်းလို့ ခေါ်နေမှာ မဟုတ်ဘူး"ဒီဟေးရွမ်ရီက ဟေးရွမ်ရီကို ညွှန်ပြပြီး ပြောလိုက်တယ်"ငါတို့က တရားဝင်လက်ထပ်ပြီးသွားပြီ။မင်းက ငါ့ကလေးကို ကိုယ်ဝန်လွယ်ထားရတောင် ဖြစ်နိုင်တယ်။ဒါကို မင်းက အခြားယောကျာ်းတစ်ယောက်ကို ယောကျာ်းလို့ ခေါ်သေးတယ်။မင်းကအရှက်မဲ့လိုက်တာ"

"နင်"

ဝူချန်ဇီက သူတို့တိုက်ခိုက်နေတာကို တားဆီးလိုက်ပြီး"အင်ပါယာအမိန့်တော်မှာ ဟေးရွမ်ရီမှာ အမျိုးသားဇနီးသည်ရှိတယ်လို့ပြောထားတယ်။မင်းမှာ အမျိုးသားဇနီးသည် ရှိလို့လား?"

"အခန်းက သေးလွန်းတယ်။ဒါ့ကြောင့် ငါက သူ့ကို သူ့မိခင်မိသားစုကို ပြန်ပို့ထားတယ်။ဝူဝေ့ရွယ်က ကိုယ်ဝန်ရှိတဲ့အချိန်ကျရင် သူ့ကို ပြန်ခေါ်ဖို့ လုပ်ထားတယ်"ဒီဟေးရွမ်ရီက ရှင်းပြလိုက်တယ်။

"ငါ့ရဲ့အမျိုးသားဇနီးသည်က လူကောင်းလေးဘဲ။မင်းက သူပြန်လာတဲ့အခါ လေးလေးစားစား ဆက်ဆံရမယ်"ဒီဟေးရွမ်ရီက ဝူဝေ့ရွယ်ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။

"........."ဝူချန်ဇီ

----------------------

paid gp ဝင်လို့ရပါပြီနော်

Continue Reading

You'll Also Like

364K 25.1K 83
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
235K 6.2K 64
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
580K 57.4K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...