အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 305K 23.6K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 48.2

14.4K 2.3K 125
By Xiao_Dream

Unicode

ကျန်ခေါ့၏အရှက်ကွဲမှု
____________________

ဒီပို့စ်ကိုforwardလုပ်လိုက်ပြီးနောက်မှာ အကုန်လုံးရုတ်တရက် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတော့တယ်။

ဒါကဘယ်လိုတောင်ပလေးတတ်ရတာလဲ။ ဒီနှစ်ယောက်အတူတူပြန်ရှိမယ်ပြောပြီး အန်းရန်ကမျက်နှာပြောင်လှစွာနဲ့ ပို့စ်ကိုတောင်forwardလုပ်လိုက်သေးတယ်။ ဒါကသာမာန်လူတွေ မလုပ်နိုင်တာမျိုးပဲ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျန်ရှင်းဆွေ့ရဲ့ဖန်တွေက ပြောလာကြတော့တယ် :

"ဘုရားရေ ကံဆိုးတာပဲ"

"သွားစမ်းပါ သွားစမ်းပါ"

"ရွံ့စရာကောင်းအောင်လုပ်နေတာ ရပ်ပါတော့"

အန်းရန်ရဲ့ဖန်တွေကတော့ ကျန်ရှင်းဆွေ့ရဲ့ဖန်တွေ သူတို့မင်းသားလေးကို ဒီလိုပြောနေကြတာမြင်တော့ သေချာပေါက်မပျော်ရွှင်လေတော့ဘူး။ အဲ့တာကြောင့် ခုခံပြီးပြောလာကြတယ် :

"ဘာလို့ဒီလိုလုပ်နေရတာလဲ? ရန်ရန်ကလည်း အကောင်းသဘောပြောတာပါ"

"အရင်ကနားလည်မှုလွဲတာတွေကို သေချာပေါက်ကြီးဆက်ထိန်းထားနေမှာလား?"

"ပြီးသွားတာတွေပြီးသွားပြီပဲဟာ ခွင့်လွှတ်ပေးလိုက်လို့မရဘူးလား?"

ကျန်ရှင်းဆွေ့ရဲ့ဖန်တွေက ဒေါသနဲ့ပဲရယ်မောလိုက်ကြတော့တယ်။ အန်းရန်ရဲ့အတန်းဖော်ဆိုတဲ့သူတွေက ကျန်ရှင်းဆွေ့ကျောင်းတွင်းအနိုင်ကျင့်မှုအတွက် ဝိုင်းပြီးတိုက်ခိုက်ကြတုန်းက ဖိအားပေးပြီး အသေသတ်တော့မလိုပဲ။ သူတို့ခွင့်လွှတ်ပေးဖို့ စဥ်းစားခဲ့ဖူးလို့လား?

ဒီအချိန်မှာပဲ တရားမျှတမှုရှိတဲ့ရှန်ရှင်းချန်က ထွက်ပေါ်လာခဲ့တယ်။ သခင်ကြီးကတူညီစွာပဲ ကျန်ရှင်းဆွေ့ရဲ့ပိုစ့်ကို စာသားအနည်းငယ်နဲ့ ပြန်ပြီးforwardလုပ်လိုက်တယ် "အဲဒီအချိန်ကျရင်တွေ့ကြပြီး ငါတို့အတူတူအကင်စားကြတာပေါ့ @ကျန်ရှင်းဆွေ့ @နင်ဇယ်"

ဘယ်သူ့ဆီကမှ တုံ့ပြန်မှုမရတဲ့ အန်းရန်လို့မဟုတ်ဘူး။ 

ကျန်ရှင်းဆွေ့ကမြန်မြန်ပဲ ရှန်ရှင်းချန်ကိုreplyပြန်လိုက်တယ် "ကောင်းပြီ"

နင်ဇယ်ကလည်း ချက်ချင်းပဲreplyပြန်လာတယ် "အိုကေလေ အချိန်နဲ့နေရာကို မင်းသတ်မှတ်လိုက်"

ဒီတုံ့ပြန်မှုတွေက အင်တနက်ပေါ်မှာပေါက်ကွဲသွားစေခဲ့တယ်။ အင်တာနက်သုံးစွဲသူတွေက ဖရဲသီးစားလို့ဗိုက်တောင်ပြည့်နေကြပြီ။ replyအပြန်မခံရတဲ့ကိတ်မုန့်နဲ့အန်းရန်၊ replyပြန်ခံရတဲ့အကင်နဲ့ရှန်ရှင်းချန်၊ ကျန်ရှင်းဆွေ့ရဲ့ခွဲခြားမှုကြီးက တကယ်ပဲလက်လန်လွန်းတာပဲ။ အန်းရန်ကိုမုန်းတယ်လို့မပြောပေမဲ့ အန်းရန်ကိုဂရုမစိုက်ဘူးဆိုတဲ့သဘောက သိသိသာသာပဲပေါ်ထွက်နေတယ်။

အင်တာနက်သုံးစွဲသူတွေက စိတ်လှုပ်ရှားနေကြတော့တယ် :

"ကျယ်မေ့တို့ရေ ငါတော့ သူတို့ရဲ့ရိုက်ကူးရေးကို တော်တော်ကြည့်ချင်နေပြီ"

"ဟားဟားဟား စဥ်းစားရင်းနဲ့ကို စိတ်လှုပ်ရှားပြီးအိပ်မပျော်တော့ဘူး"

"ငါကကျန်ရှင်းဆွေ့ရဲ့ဖန်တော့မဟုတ်ပါဘူး ဒါပေမဲ့ငါကပွဲတွေကြည့်ရတာကြိုက်တယ် ပြီးတော့အန်းရန်ကိုလည်းမုန်းသေးတယ်"

"ဟားဟားဟား ဖရဲသီးတွေစားရဖို့ ငါလည်းမဲပေးရမယ်!"

အစကကျန်ရှင်းဆွေ့ရဲ့မဲအရေအတွက်က မြင့်တယ်လို့သတ်မှတ်လို့မရဘူး။ ဒါပေမဲ့ဒီဂယက်တွေပြီးသွားပြီးနောက်မှာ သူ့ရဲ့မဲအရေအတွက်က မိုးလောက်ထိမြင့်တက်သွားတော့တယ်။ ဒီလအနည်းငယ်အတွင်းမှာ 'StarLight'ကပြီးဆုံးသွားပေမဲ့ ဘယ်သူကမှမခွဲခွာနိုင်ခဲ့ဘဲ အားလုံးကရူးမတတ်ဖြစ်နေခဲ့ကြတယ်။ ဒီစိတ်လှုပ်ရှားစရာပွဲကို သူတို့သေချာပေါက်ကြည့်ရမယ်။ ဒီနေ့တော့ဘယ်သူမှမတားနိုင်စေရဘူး။

ပြီးတော့ လိုင်းပေါ်မှာဆူပွက်နေကြချိန်မှာပဲ ကျန်ရှင်းဆွေ့ကညဘက်အချိန် သူ့အမေ့ရဲ့ဖုန်းကိုလက်ခံရရှိခဲ့တယ် "ဟယ်လို မားမား?"

ရွှီအန်းကျန်းရဲ့အသံက တစ်ဖက်ကနေထွက်ပေါ်လာတယ်။ သူမက ကလေးနဲ့ဆွေးနွေးဖို့အတွက် မေးလိုက်တယ် "ဆွေ့ဆွေ့ရေ ဒီနေ့မြို့တောင်ဘက်မှာ လေလံပွဲတစ်ခုရှိတယ် ပြီးတော့ အဖိုးတန်တဲ့ရှားပါးပစ္စည်းတွေလည်း အများကြီးရှိတယ်တဲ့ စိတ်ဝင်စားဖို့ကောင်းတယ်လို့လည်း ကြားထားတယ် သားလာခဲ့ချင်လား?"

ကျန်ရှင်းဆွေ့ဒါကိုကြားတော့ ချက်ချင်းပဲပြန်ဖြေလိုက်တယ် "မားမားသွားချင်ရင် ကျွန်တော်လိုက်ခဲ့ပေးမယ်လေ"

ရွှီအန်းကျန်းစိတ်ထဲနွေးထွေးသွားရတယ်။ ဆွေ့ဆွေ့ကသူမရဲ့အရင်းနှီးဆုံး အနွေးအင်္ကျီလေးလိုပဲ။ ဒီကလေးကတခြားသူတွေကို တကယ်ပဲချစ်တတ်တယ်။

"အင်း မားသွားမလို့ ဖုမိသားစုကလုပ်တဲ့ ပရဟိတလေလံပွဲမလို့ သားရဲ့ကောကောနဲ့ ပါးပါးရောသွားမှာ" ရွှီအန်းကျန်းက နာရီကအချိန်ကိုကြည့်လိုက်ပြီး နူးညံ့တဲ့အသံနဲ့ "သားသွားချင်တယ်ဆိုရင် လိပ်စာပြောလိုက် မားမားလာကြိုလှည့်မယ်"

ဖုအိမ်တော်...

ကျန်ရှင်းဆွေ့စဥ်းစားမိသွားတယ်။ ဖုကျင်းရှောင်းဒီနေ့ အစောကြီးထွက်သွားတာ ဒီကိစ္စကြောင့်ကိုး။ အဲ့တာကြောင့် "ဟုတ် သားအင်္ကျီလဲလိုက်ရဦးမလား?"

ရွှီအန်းကျန်းက သူ့ကိုတစ်လျှောက်လုံး ဒီလိုသတိကြီးကြီးဖြစ်မနေစေချင်တာကြောင့် ပြုံးကာပြောလိုက်တယ် "မလိုဘူ မလိုဘူး အကုန်လုံးကမိသားစုတွေပဲဖြစ်နေပြီကို ပြီးတော့ တို့ဆွေ့ဆွေ့က ဘယ်လိုနေနေကြည့်ကောင်းပြီးသား"

ကျန်ရှင်းဆွေ့မျက်နှာတွေနီရဲလာပြီး စိတ်ထဲမှာတော့အလွန်ပျော်ရွှင်နေမိတယ်။

သူရှန်မိသားစုကိုပြန်ရောက်ပြီးကတည်းက နေ့ရက်တိုင်းဟာပျော်ရွှင်ချမ်းမြေ့နေရတယ်။ ဒီတစ်ဘဝလုံးရဲ့ကံကောင်းမှုတွေနဲ့ ပျော်ရွှင်မှုတွေအားလုံးကို သုံးလို့ကုန်တော့မဲ့အတိုင်းပဲ။ တကယ်လို့ဒါကသာအိမ်မက်တစ်ခုဆိုရင် သူဘယ်တော့မှနိုးထမလာတော့ဖို့ပဲ မျှော်လင့်မိတော့တယ်။

မကြာခင်ပဲ ကားရောက်လာခဲ့တယ်။ လေလံပွဲနေရာကိုရောက်သွားတော့မှ ပွဲကဖုအိမ်တော်မှာလုပ်တာဆိုတာ သိလိုက်ရတယ်။ သူကရှန်အိမ်တော်ကိုကြီးလှပြီမှတ်တာ။ ဖုအိမ်တော်ရဲ့villaက ပိုပြီးဇိမ်ကျကာပိုခမ်းနားလိမ့်မယ်လို့ မထင်ထားမိဘူး။

ရှန်ရှင်းချန်ကပြောလာတယ် "ဒီနေ့ဘာတွေရှိလိမ့်မလဲမသိဘူး"

ရွှီအန်းကျန်းခေါင်းခါကာပြောတယ် "ဖုမိသားစုက နှစ်ပေါင်းရာကျော်လောက် အဆက်ဆက်အမွေဆက်ခံလာခဲ့တဲ့ ပညာတတ်မိသားစုတစ်ခု စုဆောင်းလာခဲ့တဲ့ ရှေးဟောင်းရတနာတွေကလည်း မရေတွက်နိုင်အောင်ရှိတယ် အထူးသဖြင့်မစ္စတာဖုက နာမည်ကြီးလက်ရေးလှပန်းချီဆရာတစ်ယောက်လေ သူစုဆောင်းထားတဲ့ လက်ရေးလှပန်းချီတွေထဲက ကြိုက်တာတစ်ခုဆွဲယူလာရင်တောင် တစ်ခုစီတိုင်းက ရွှေထောင်ပေါင်းများစွာတန်တယ် ဘယ်လောက်တောင်ရှိသလဲ ဘယ်လောက်တောင် တန်ဖိုးကြီးသလဲဆိုတာတော့ အမေတောင်မသိဘူး"

ရှန်ရှင်းချန်သက်ပြင်းချကာပြောလာတယ် "ဖုကော ဘယ်အချိန်မှကျွန်တော့ကို နည်းနည်းလောက်ပေးမလဲမသိဘူး အဲ့လိုသာဆိုကျွန်တော့တန်ဖိုးက နှစ်ဆဖြစ်သွားမယ်မလား?"

"ဒီလိုကိစ္စကမင်းအလှည့် ရောက်လာနိုင်ပါ့မလား" ရွှီအန်းကျန်းက သူ့ရဲ့အရူးသားလေးကိုကြည့်လိုက်ပြီး ဘေးကမျက်လုံးမှိတ်ထားပြီး အနားယူနေတဲ့ကျန်ရှင်းဆွေ့ကို တစ်ချက်ကြည့်လိုက်တယ် ပြီးတော့ဖွဖွပြုံးကာ "မင်းရဲ့တိတိလေးကတော့ ဖြစ်နိုင်ချေရှိတယ်"

ကျန်ရှင်းဆွေ့မှိန်းနေရာကနေနိုးလာပြီး စိတ်ရှုပ်ထွေးစွာနဲ့ "အာ"လို့အသံပြုလာတယ်။

ရှန်ရှင်းချန်က "နေရာရောက်ပြီး ကားပေါ်ကဆင်းလို့ရပြီ"

သူတို့အုပ်စုကားပေါ်ကဆင်းလိုက်ပြီး အထဲလျှောက်သွားလိုက်တယ်။ ဖုမိသားစုက တကယ်ကြီးမားတဲ့လုပ်ငန်းစုကြီးဖြစ်တယ်။ သူတို့ကျင်းပတဲ့ ပရဟိတရွေးကောက်ပွဲကို အလွှာပေါင်းစုံကအကြီးအကဲတွေက လာပြီးထောက်ပံ့ကြတယ်။ လာရောက်တဲ့ဧည့်သည်တွေကလည်း အဆုံးမရှိဘဲအများကြီးဖြစ်တယ်။ တံခါးကနေဝင်လိုက်ပြီးနောက် သူတို့'ကျန်မိသားစု'ကလူတွေနဲ့ ဆုံမိကြတယ်။ ကျန်ခေါ့နဲ့ အန်းရန်အပါအဝင် တခြားသူတွေပါ အကုန်လုံးရှိနေကြတယ်။

ကျန်ရှင်းဆွေ့ မျက်နှာအရောင်ပြောင်းသွားပေမဲ့ ဘာမှတော့ပြောမလာဘူး။

ကျန်ခေါ့က ရှန်မိသားစုကသူတွေကိုမြင်တော့ ဦးဆောင်ပြီးရောက်လာခဲ့တယ်။ ကျန်ရှင်းဆွေ့ကိုဆက်ဆံသလို မျက်နှာသေနဲ့မဟုတ်ဘဲ အပြုံးလေးနဲ့ရောက်လာတာဖြစ်တယ် "ဥက္ကဌရှန် မတွေ့ရတာကြာပြီနော်"

ရှန်ယုံးက သူ့ထိုက်ထိုက်(ဇနီး)ကို လက်တစ်ဖက်နဲ့ဖက်ထားပြီးတော့ လက်ဆန့်ထုတ်လာတာမျိုးမရှိဘဲ ခေါင်းငုံ့ကာသူ့ကိုကြည့်လာတယ် "မကြာသေးပါဘူး မကြာသေးခင်က မြေသိမ်းတဲ့ကိစ္စမှာတုန်းကမှ တွေ့ထားတာမဟုတ်ဘူးလား?"

ကျန်မိသားစုက အခုတစ်လော ပရောဂျက်တစ်ခုမှာ ပူးပေါင်းချင်နေတာဖြစ်တယ်။ ပြီးတော့အဲဒီပရောဂျက်ကမှာ ရှန်လုပ်ငန်းစုက လုပ်ပိုင်ခွင့်အများဆုံးဖြစ်နေတယ်။ ဒါကြောင့် ကျန်ခေါ့မဖြစ်မနေလာခဲ့ရတာဖြစ်တယ်။

ကျန်ခေါ့ရဲ့လက်က မူလနေရာကလေထဲမှာပဲရပ်တန့်နေတယ်။ အနည်းငယ်ရှက်ရွံ့မှုနဲ့ စိတ်ဆိုးသွားရကာ ကျန်ရှင်းဆွေ့ကိုအမြန်ပဲကြည့်လိုက်တယ်။ ဆန့်ထုတ်ထားတဲ့လက်ကို ပြန်သိမ်းလိုက်ရင်း ပြုံးကာပြောလာတယ် "ဥက္ကဌရှန်ပြောတဲ့ကိစ္စ... ကျွန်တော်ကိုက မှတ်ဉာဏ်မကောင်းတာပါ"

ရင်းနီးလာဖို့အတွက် ကျန်ခေါ့ကြိုးစားတော့တယ်။

"ဆွေ့ဆွေ့ သားကိုဒီမှာတွေ့လိုက်ရတာပဲ" ကျန်ခေါ့အနားလျှောက်လာပြီးတော့ ကျန်ရှင်းဆွေ့ရဲ့လက်ကိုဆုပ်ကိုင်ကာ "အခုတစ်လောအဆင်ပြေရဲ့လား?"

သူ့ကိုမြင်တာနဲ့ ကျန်ရှင်းဆွေ့မသိစိတ်ကနေ ငြင်းဆန်နေမိတယ်။ နောက်ကိုခြေလှမ်းတစ်ဝက်လောက် ဆုတ်လိုက်မိပြီး ကျန်ခေါ့အတွက်နေရာအလွတ်ကြီးပဲချန်ထားခဲ့တယ်။

နှစ်ယောက်သားမျက်နှာချင်းဆိုင်တွေ့ဆုံမှုက အရင်တစ်ခေါက်ကျန်အိမ်တော်မှာ ခွဲခွာသွားပြီးနောက် လေးလေးနက်နက်တွေ့ဆုံဖြစ်တဲ့ ပထမဆုံးအကြိမ် ဖြစ်တယ်။ ကျန်ရှင်းဆွေ့မျက်နှာပေါ်မှာ ဘာအမူအရာမှရှိမနေဘဲ "ကောင်းကောင်းမကောင်းကောင်း ခင်များနဲ့ဘာမှမဆိုင်ဘူး"

ကျန်ခေါ့ရှက်ရွံ့စွာနဲ့ရယ်မောလိုက်ပြီး "ဒီကလေးကတော့ ဘယ်လိုတောင်စကားပြောနေရတာလဲ"

"ဒါကခင်များသင်ပေးထားတာပဲမဟုတ်လား?" အဲဒီနေ့ကသူ့ရဲ့နှလုံးသားမရှိတဲ့စကားတွေကို ပြန်ကြားယောင်လာမိပြီးတော့ "အဲဒီတံခါးကနေထွက်သွားတာနဲ့ ကျွန်တော်ကကျန်မိသားစုနဲ့ဘာမှမသက်ဆိုင်တော့ဘူး၊ ထွက်သွားပြီးရင်လည်း ကျွန်တော်အရင်က ကျန်မိသားစုက,ကလေးပါလို့ မပြောဖို့နဲ့ ကျန်မိသားစုကို အရှက်ရအောင်မလုပ်ဖို့ ခင်များပဲပြောခဲ့တာမဟုတ်လား"

ပြတ်သားကြည်လင်တဲ့ စကားသံဟာထွက်ပေါ်လာပြီး အကုန်လုံးရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။

အဲဒီမတိုင်ခင်က ကျန်ခေါ့ကဖခင်ကောင်းတစ်ယောက်လိုမျိုး ဟန်ဆောင်တတ်တယ်။ နောက်တော့အန်းရန်ရှိလာခဲ့ပြီး ပိုပြီးတော့တောင်ချစ်ပြနေသေးတယ်။ အားလုံးကိုသူက မိဘကောင်းတစ်ယောက်ဖြစ်တယ်လို့ အထင်ရှိစေခဲ့တယ်။ ဒါပေမဲ့ဒီအချိန်မှာတော့ တခြားသူတွေက သူအရင်တုန်းက,သူ့ကလေးကို ဒီလိုဆက်ဆံတယ်ဆိုတာ ပထမဆုံးအကြိမ်အဖြစ် သိလိုက်ရတော့တယ်။

ရှန်မိသားစုတစ်ခုလုံး မျက်နှာမကောင်းကြတော့ဘူး။ အထူးသဖြင့်ရှန်ယုံးပဲ။ ဓားလိုစူးရှတဲ့မျက်လုံးတွေနဲ့ ကျန်ခေါ့ကိုစိုက်ကြည့်လာခဲ့တယ်။

အမြဲတမ်းစကားနားထောင်တတ်တဲ့ကလေးက ဒီလိုမျိုးလူရှေ့မှာပြောလာလိမ့်မယ်လို့ ကျန်ခေါ့မထင်ထားမိဘူး။ အနည်းငယ်ရှက်ရွံ့သွားပေမဲ့ အားတင်းပြီးပြုံးကာဆက်ပြောလိုက်တယ် "အဲ့တာက စိတ်ဆိုးလို့ပြောလိုက်မိတဲ့စကားပါ မင်းအဲ့လောက်ထိ အလေးနက်ထားနေခဲ့တာလား? ပြီးတော့အဲ့တုန်းကလည်း ငါမင်းအတွက် ၁၀သိန်းတန်ချက်လက်မှတ် ဖြတ်ပေးခဲ့သေးတယ်လေ အဲ့လိုဆိုနောက်ပိုင်း ကောင်းကောင်းရှင်သန်သွားလို့ရပြီကို မင်းပဲမယူခဲ့တာမဟုတ်လား"

ရှန်ယုံးပါးစပ်မဟရသေးခင်မှာပဲ ရှန်မင်လောင်က မျက်မှန်ကိုတွန်းတင်လိုက်ကာ ပြောလာတယ် "လူကြီးမင်းကျန် ဒီအဓိပ္ပာယ်ကလေးနက်တာပဲ လူကြီးမင်းက ကျန်မိသားစုရဲ့အိမ်ထောင်ဦးစီး၊ ကျန်လုပ်ငန်းစုရဲ့ တာဝန်ရှိသူအနေနဲ့ ဒီလိုစနောက်ပြောဆိုရတာကြိုက်တယ်ဆိုတော့ ကျွန်တော့်ကိုတကယ်ပဲ ကျန်လုပ်ငန်းစုအပေါ် လုပ်နိုင်စွမ်းနဲ့ယုံကြည်မှုကို သံသယဖြစ်လာစေတယ်"

ကျန်ခေါ့ထိတ်လန့်သွားပြီး ရှင်းပြချင်ခဲ့တယ် "မဟုတ်ပါဘူး မင်းနားလည်မှုလွဲနေပါပြီ အန်ကယ်ကဒီသဘောမဟုတ်....."

ရှန်ယုံးကသူ့စကားကို ဖြတ်ပြောလိုက်တယ် "နားလည်မှုလွဲတာဟုတ်ဟုတ်မဟုတ်ဟုတ် လူကြီးမင်းကျန်က အရင်တုန်းကကျွန်တော့်သားကို ဆက်ဆံရေးရပ်စဲဖို့ပြောခဲ့ဖူးမှတော့ ရှန်လုပ်ငန်းစုနဲ့ ကျန်လုပ်ငန်းစုနဲ့ကလည်း ဆက်ဆံရေးရပ်စဲလိုက်တာ သေချာပေါက်ကောင်းတာပေါ့ ကျွန်တော့်အမြင်တော့ ကျွန်တော်တို့ပူးပေါင်းထားတဲ့ပရောဂျက်ကို ဒီမှာတင်ရပ်လိုက်ကြတာပေါ့"

ကျန်ခေါ့မျက်နှာဖြူဆုတ်သွားရတော့တယ်။

အဲ့အချိန်တုန်းက အန်းရန်ဒဏ်ရာရပြီး လဲသွားခဲ့တာကြောင့် စိတ်ပူနေမိပြီး ဒေါသတွေအကုန်လုံးကို ကျန်ရှင်းဆွေ့အပေါ် ပုံလိုက်မိတာဖြစ်တယ်။ သက်သေအထောက်အထားမရှိပေမဲ့ ကျန်ရှင်းဆွေ့ရဲ့ရှင်းပြမှုကိုလည်း နားမထောင်ချင်ခဲ့ဘူး။ သူ့ကိုပဲမုန်းနေမိခဲ့ပြီး ဒီနေ့လိုမျိုးဖြစ်လာလိမ့်မယ်လို့ ဘယ်ထင်ထားမိမလဲ။

ရှန်မိသားစုက ဘေးကနေဖြတ်သွားကြတယ်။ ကျန်ခေါ့ကကျန်ရှင်းဆွေ့ရဲ့ပုခုံးကို ဖမ်းဆုပ်ထားလိုက်ပြီး မျက်စိအောက်မှာ ကြီးပြင်းလာတဲ့ကလေးကိုကြည့်လိုက်တယ်။ သူ့အကြည့်တွေကရှုပ်ထွေးနေကာ အသံတိုးတိုးနဲ့ "ဆွေ့ဆွေ့ အဲ့နေကငါ....."

ကျန်ရှင်းဆွေ့ သူ့ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး မျက်စိရှေ့ကအမျိုးသားကို ကြည့်လိုက်တယ်။ တကယ်တော့ သူလွတ်အောင်ရုန်းပြီး ထွက်သွားလို့ရပေမဲ့ ဒီအချိန်မှာ ကျန်ခေါ့နောက်က အန်းရန်ကိုကြည့်လိုက်ရင်း နောက်ဆုံးတော့ကျန်ခေါ့ကို ပြောလိုက်တယ် "အဲ့နေ့တုန်းက ကျွန်တော်ဘာလို့ အိမ်နဲ့အဲ့လောက်ဝေးတဲ့လမ်းမပေါ်မှာ ပေါ်လာခဲ့တာတုန်းသိလား?"

ကျန်ခေါ့ကခေါင်းခါတယ်။

"ဘာလို့လဲဆိုတော့ နောက်နှစ်ရက်နေရင် အဖေ့မွေးနေ့မလို့" ကျန်ရှင်းဆွေ့တိုးတိုးပြောလာတယ် "အဖေကအဲဒီလမ်းအဆုံးက အဖွားဝမ်လုပ်တဲ့ ကွေ့ဟွားမုန့်စားရတာ ကြိုက်တယ်ဆိုတာ ကျွန်တော်သိတယ် အဲ့တာကြောင့် အဲဒီနှစ်ရက်အတွင်းမှာ ခဏခဏသွားခဲ့ပြီး အဖေ့အတွက်နည်းနည်းဝယ်ပေးချင်ခဲ့တာ"

ကျန်ခေါ့တုန်လှုပ်သွားမိပြီး မယုံကြည်နိုင်စွာနဲ့ ကျန်ရှင်းဆွေ့ကိုကြည့်လိုက်တယ်။

သူအရင်က စားပွဲပေါ်ကနေ ကွေ့ဟွားမုန့်အနည်းငယ် လက်ခံခဲ့ဖူးတယ်။ ဒါပေမဲ့အဲ့တာက ဆိုးသွမ်းပြီးမိုက်မဲတဲ့သားလေးပေးတာလို့ မထင်ခဲ့မိဖူးဘူး။ လိမ္မာပြီးနားလည်တတ်တဲ့ အန်းရန်ပေးတာလို့ပဲ ထင်ထားခဲ့တာ။

ကျန်ခေါ့စိတ်ထဲတုန်လှုပ်သွားရပြီး မျက်လုံးထောင့်တွေစိုစွတ်လာကာ "ဆွေ့ဆွေ့ အဖေ..."

ကျန်ရှင်းဆွေ့က သူ့ပုခုံးကိုကိုင်ထားတဲ့လက်ကို ဖြည်းဖြည်းချင်းဖယ်ထုတ်လိုက်ပြီးတော့ တည်ငြိမ်စွာနဲ့သူ့ကိုကြည့်ကာ "ဒါပေမဲ့အခုတော့ ကျွန်တော်အရမ်းနောင်တရမိတယ်"

ကျန်ခေါ့ကြောင်အသွားရတော့တယ်။

"အစောကတည်းကသိရင် မသွားလိုက်သင့်ဘူး" ကျန်ရှင်းဆွေ့ရဲ့နှုတ်ခမ်းဖျားမှာ အေးစက်တဲ့အပြုံးတစ်ခု ဖြစ်တည်လာတော့တယ်။ သူ့ရဲ့မျက်လုံးတွေနာကျင်နေပေမဲ့ စိတ်သက်သာရာရမှုက ပိုများနေရတယ် "ဘာလို့လဲဆိုတော့ မတန်လို့"

ကျန်ခေါ့တစ်ကိုယ်လုံး အေးခဲသွားပြီးမူလနေရာမှာပဲ ရပ်နေမိတော့တယ်။ ကျန်ရှင်းဆွေ့သူ့ကိုကြည့်နေတဲ့အကြည့်က သူစိမ်းတစ်ယောက်လိုမျိုးပဲ။ တစ်ချိန်က မျှော်လင့်ချက်တွေအပြည့်နဲ့ သူ့ကိုကြည့်နေဖူးတဲ့ကလေး၊ ငယ်ငယ်ကတည်းက နောက်ကနေလိုက်ပြီး "ပါးပါး ပါးပါး"နဲ့ခေါ်နေတတ်တဲ့ကလေး၊ အမြဲတမ်း ရူးကြောင်ကြောင်နည်းလမ်းတွေသုံးပြီး သူ့ရဲ့နှစ်သက်မှုကို တောင်းခံတတ်တဲ့ကလေးက ဒီအချိန်မှာ သူစိမ်းတစ်ယောက်လိုပဲ သူ့ကိုဖြတ်ကျော်သွားခဲ့တယ်။ အရင်က ကျန်ရှင်းဆွေ့ကို ဝန်ထုပ်ဝန်ပိုးတစ်ခုအနေနဲ့မြင်ခဲ့ပေမဲ့ ဒီအခြေအနေကို အမှန်တကယ်ရောက်လာချိန်မှာတော့ သူမူလနေရာမှာပဲ အေးခဲစွာရပ်နေမိခဲ့တယ်။

အခုတော့ အရေးကြီးတဲ့ပစ္စည်းတစ်ခုခုက ကွဲအက်သွားသလို နှလုံးသားထဲမှာ ပဲ့တင်သံထပ်နေတော့တယ်။

..........

ကျန်ရှင်းဆွေ့ သူ့မိဘတွေနားပြန်ရောက်လာခဲ့ပြီး ပရဟိတလေလံပွဲနေရာကို ရောက်လာခဲ့တယ်။

ရှန်မိသားစုရဲ့နေရာက အလွန်မြင့်တယ်။ လာပြီးနှုတ်ဆက်ကြတဲ့သူတွေလည်း အများကြီးရှိတယ်။ ပြီးတော့ရှန်လုပ်ငန်းစုဇနီးမောင်နှံကိုလည်း ပရဟိတလုပ်တဲ့စံပြတွေအဖြစ် ချီးမွမ်းကြသေးတယ်။ ကျန်ရှင်းဆွေ့အနည်းငယ်သိချင်သွားတာကြောင့် ရှန်ရှင်းချန်ကိုမေးလိုက်တယ် "ပါးနဲ့မားက အမြဲတမ်းပရဟိတလုပ်လေ့ရှိတာလား?"

ရှန်ရှင်းချန်ခေါင်းညိတ်လိုက်ရင်း ပြန်ဖြေလိုက်တယ် "အမြဲတမ်းလိုလိုပဲ ငါသိသလောက်ကတော့ *မျှော်လင့်ချက်ပရောဂျက်တွေမပြောနဲ့ဦး တစ်နိုင်ငံလုံးနေရာအနှံ့မှာ မူလတန်းကျောင်းတွေအများကြီးကိုလှူထားတာ!"

['မျှော်လင့်ချက်ပရောဂျက်'ဆိုတာက ကျောင်းပြင်ပက,ကလေးတွေကို ကျောင်းတက်နိုင်ဖို့အတွက် တရုတ်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကနေ လှူဒါန်းမှုပြုလုပ်တဲ့ ပရောဂျက်ပါတဲ့]

သူ့မိဘတွေက အရင်ကတည်းကတစ်လျှောက်လုံး ပရဟိတတွေလုပ်ခဲ့ကြတာဖြစ်တယ်။

ထုတ်တော့မပြောပေမဲ့ အဲဒီသေဆုံးသွားတဲ့ကလေးလေးအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးနေတာလို့ ပြောလို့ရတယ်။

ကျန်ရှင်းဆွေ့ အရမ်းသိချင်သွားမိပြီး "ဘယ်နားမှာတုန်း?"

"အသေးစိတ်ကတော့ ငါလည်းမသိဘူး" ရှန်ရှင်းချန်က ကျန်ရှင်းဆွေ့ကို အဓိပ္ပာယ်အပြည့်နဲ့ကြည့်ကာ ပြုံးလိုက်ရင်း "ဒါပေမဲ့တစ်နေ့မှာ မင်းတွေ့ခဲ့မယ်ဆိုရင်တော့ အကြည့်တစ်ချက်နဲ့တင် သိနိုင်မှာပါ"

သူဘာပြဇာတ်တွေ ကစားနေသလဲဆိုတာ ကျန်ရှင်းဆွေ့မသိတော့ဘူး။

လေလံပွဲကစတင်တော့မှာဖြစ်တယ်။ ဖုမိသားစုရဲ့ အိမ်ထောင်ဦးစီးနဲ့ဇနီးအပါအဝင် သားအကြီးဖုကျင်းရှောင်းပါ ဧည့်သည်တွေကိုနှုတ်ဆက်ဖို့ ထွက်လာခဲ့တယ်။ မိန့်ခွန်းအချို့ပြောပြီးနောက်မှာ လေလံပွဲကတရားဝင်စတင်ခဲ့တော့တယ်။

ရှန်မင်လောင်က မိသားစုဝင်တွေကိုထိုင်ခိုင်းလိုက်ပြီး သူကတော့ဖုကျင်းရှောင်းနဲ့သောက်ဖို့ စင်နောက်မှာသွားရှာတော့တယ်။

"ဆွေ့ဆွေ့နဲ့ရှင်းချန်က ရိုက်ကူးရေးမှာပါဝင်ဖို့ မကြာခင်ပဲသွားရတော့မှာ" ရှန်မင်လောင် ဝိုင်ကိုတစ်ငုံငုံလိုက်ပြီး "သူတို့နှစ်ယောက်ကိုစောင့်ရှောက်ပေးဖို့ မင်းကိုပဲတောင်းဆိုရတော့မှာ ရှန်ရှင်းချန်ကိုမသက်ညှာနဲ့ အမှားလုပ်မိတာရှိရင် အပြစ်ပေးသင့်ရင်ပေး သူငယ်ငယ်လေးကတည်းက စည်းမဲ့ကမ်းမဲ့နဲ့အသားကျနေခဲ့တာ သူ့ဒေါသကိုမထိန်းနိုင်ရင် အနာဂတ်မှာသူဒုက္ခရောက်လိမ့်မယ် ဆွေ့ဆွေ့ကတော့....."

ဖုကျင်းရှောင်း သူ့ကိုဘေးတစောင်းအနေအထားနဲ့ ကြည့်လိုက်တယ်။

ရှန်မင်လောင် မျက်မှန်ကိုတွန်းတင်လိုက်ရင်း "မင်းပိုပြီးစောင့်ရှောက်ပေးပါဦး တခြားသူတွေအနိုင်မကျင့်စေနဲ့"

ဖုကျင်းရှောင်း နှုတ်ခမ်းလေးတွန့်ကွေးကာ ပြုံးလိုက်ရင်း "ယိုး ရှန်သခင်လေး အကုန်လုံးကိုစောင့်ရှောက်ခိုင်းနေရအောင် ငါကမင်းတို့အိမ်က အလကားခေါ်ထားတဲ့ အထိန်းသည်မလို့လား?"

ဒီမြေခွေးအိုကြီး ဒုက္ခမခံချင်တာကို ရှန်မင်လောင်သိတာကြောင့် ပြောလိုက်တယ် "ငါစုဆောင်းထားတဲ့ပစ္စည်းတွေ မင်းကြိုက်တာရွေးလိုက် ဒီတိုင်းယူသွားလို့ရတယ်"

"စုဆောင်းထားတာတွေလား?" ဖုကျင်းရှောင်း ဝိုင်နီကိုတစ်ငုံသောက်လိုက်တယ်။ သူ့ရဲ့သွယ်လျတဲ့လည်ပင်းက ဆွဲဆောင်မှုရှိနေပြီး အမျိုးသားရဲ့မျက်လုံးထဲမှာ မကောင်းတဲ့အရိပ်အမြွက်တွေပြနေတယ်။ သူနှုတ်ခမ်းတွန့်ကွေးကာ ပြုံးလိုက်ရင်း "အဲ့တာတွေကိုငါမကြိုက်ဘူး"

ရှန်မင်လောင်မှာ ထူးဆန်းတဲ့သတိပေးချက်တစ်ခုရလိုက်ပြီး "အဲ့တာဆို မင်းဘာလိုချင်တာလဲ?"

____________________
Word – 4491
Jan 28, 2023(Fri)
Xiao Dream

ဖုကောလိုချင်တာ ဆွေ့ဆွေ့တဲ့ ဟီး" စတာနောက်တာ တကယ်ဟုတ်ချင်လည်းဟုတ်မှာပေါ့နော့😝




Zawgyi

က်န္ေခါ့၏အရွက္ကြဲမႈ
____________________

ဒီပို႔စ္ကိုforwardလုပ္လိုက္ၿပီးေနာက္မွာ အကုန္လုံး႐ုတ္တရက္ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္ၾကေတာ့တယ္။

ဒါကဘယ္လိုေတာင္ပေလးတတ္ရတာလဲ။ ဒီႏွစ္ေယာက္အတူတူျပန္ရွိမယ္ေျပာၿပီး အန္းရန္ကမ်က္ႏွာေျပာင္လွစြာနဲ႔ ပို႔စ္ကိုေတာင္forwardလုပ္လိုက္ေသးတယ္။ ဒါကသာမာန္လူေတြ မလုပ္ႏိုင္တာမ်ိဳးပဲ။ ဒီကိစၥနဲ႔ပတ္သတ္ၿပီး က်န္ရွင္းေဆြ႕ရဲ႕ဖန္ေတြက ေျပာလာၾကေတာ့တယ္ :

"ဘုရားေရ ကံဆိုးတာပဲ"

"သြားစမ္းပါ သြားစမ္းပါ"

"႐ြံ႕စရာေကာင္းေအာင္လုပ္ေနတာ ရပ္ပါေတာ့"

အန္းရန္ရဲ႕ဖန္ေတြကေတာ့ က်န္ရွင္းေဆြ႕ရဲ႕ဖန္ေတြ သူတို႔မင္းသားေလးကို ဒီလိုေျပာေနၾကတာျမင္ေတာ့ ေသခ်ာေပါက္မေပ်ာ္႐ႊင္ေလေတာ့ဘူး။ အဲ့တာေၾကာင့္ ခုခံၿပီးေျပာလာၾကတယ္ :

"ဘာလို႔ဒီလိုလုပ္ေနရတာလဲ? ရန္ရန္ကလည္း အေကာင္းသေဘာေျပာတာပါ"

"အရင္ကနားလည္မႈလြဲတာေတြကို ေသခ်ာေပါက္ႀကီးဆက္ထိန္းထားေနမွာလား?"

"ၿပီးသြားတာေတြၿပီးသြားၿပီပဲဟာ ခြင့္လႊတ္ေပးလိုက္လို႔မရဘူးလား?"

က်န္ရွင္းေဆြ႕ရဲ႕ဖန္ေတြက ေဒါသနဲ႔ပဲရယ္ေမာလိုက္ၾကေတာ့တယ္။ အန္းရန္ရဲ႕အတန္းေဖာ္ဆိုတဲ့သူေတြက က်န္ရွင္းေဆြ႕ေက်ာင္းတြင္းအႏိုင္က်င့္မႈအတြက္ ဝိုင္းၿပီးတိုက္ခိုက္ၾကတုန္းက ဖိအားေပးၿပီး အေသသတ္ေတာ့မလိုပဲ။ သူတို႔ခြင့္လႊတ္ေပးဖို႔ စဥ္းစားခဲ့ဖူးလို႔လား?

ဒီအခ်ိန္မွာပဲ တရားမွ်တမႈရွိတဲ့ရွန္ရွင္းခ်န္က ထြက္ေပၚလာခဲ့တယ္။ သခင္ႀကီးကတူညီစြာပဲ က်န္ရွင္းေဆြ႕ရဲ႕ပိုစ့္ကို စာသားအနည္းငယ္နဲ႔ ျပန္ၿပီးforwardလုပ္လိုက္တယ္ "အဲဒီအခ်ိန္က်ရင္ေတြ႕ၾကၿပီး ငါတို႔အတူတူအကင္စားၾကတာေပါ့ @က်န္ရွင္းေဆြ႕ @နင္ဇယ္"

ဘယ္သူ႔ဆီကမွ တုံ႔ျပန္မႈမရတဲ့ အန္းရန္လို႔မဟုတ္ဘူး။ 

က်န္ရွင္းေဆြ႕ကျမန္ျမန္ပဲ ရွန္ရွင္းခ်န္ကိုreplyျပန္လိုက္တယ္ "ေကာင္းၿပီ"

နင္ဇယ္ကလည္း ခ်က္ခ်င္းပဲreplyျပန္လာတယ္ "အိုေကေလ အခ်ိန္နဲ႔ေနရာကို မင္းသတ္မွတ္လိုက္"

ဒီတုံ႔ျပန္မႈေတြက အင္တနက္ေပၚမွာေပါက္ကြဲသြားေစခဲ့တယ္။ အင္တာနက္သုံးစြဲသူေတြက ဖရဲသီးစားလို႔ဗိုက္ေတာင္ျပည့္ေနၾကၿပီ။ replyအျပန္မခံရတဲ့ကိတ္မုန္႔နဲ႔အန္းရန္၊ replyျပန္ခံရတဲ့အကင္နဲ႔ရွန္ရွင္းခ်န္၊ က်န္ရွင္းေဆြ႕ရဲ႕ခြဲျခားမႈႀကီးက တကယ္ပဲလက္လန္လြန္းတာပဲ။ အန္းရန္ကိုမုန္းတယ္လို႔မေျပာေပမဲ့ အန္းရန္ကိုဂ႐ုမစိုက္ဘူးဆိုတဲ့သေဘာက သိသိသာသာပဲေပၚထြက္ေနတယ္။

အင္တာနက္သုံးစြဲသူေတြက စိတ္လႈပ္ရွားေနၾကေတာ့တယ္ :

"က်ယ္ေမ့တို႔ေရ ငါေတာ့ သူတို႔ရဲ႕႐ိုက္ကူးေရးကို ေတာ္ေတာ္ၾကည့္ခ်င္ေနၿပီ"

"ဟားဟားဟား စဥ္းစားရင္းနဲ႔ကို စိတ္လႈပ္ရွားၿပီးအိပ္မေပ်ာ္ေတာ့ဘူး"

"ငါကက်န္ရွင္းေဆြ႕ရဲ႕ဖန္ေတာ့မဟုတ္ပါဘူး ဒါေပမဲ့ငါကပြဲေတြၾကည့္ရတာႀကိဳက္တယ္ ၿပီးေတာ့အန္းရန္ကိုလည္းမုန္းေသးတယ္"

"ဟားဟားဟား ဖရဲသီးေတြစားရဖို႔ ငါလည္းမဲေပးရမယ္!"

အစကက်န္ရွင္းေဆြ႕ရဲ႕မဲအေရအတြက္က ျမင့္တယ္လို႔သတ္မွတ္လို႔မရဘူး။ ဒါေပမဲ့ဒီဂယက္ေတြၿပီးသြားၿပီးေနာက္မွာ သူ႔ရဲ႕မဲအေရအတြက္က မိုးေလာက္ထိျမင့္တက္သြားေတာ့တယ္။ ဒီလအနည္းငယ္အတြင္းမွာ 'StarLight'ကၿပီးဆုံးသြားေပမဲ့ ဘယ္သူကမွမခြဲခြာႏိုင္ခဲ့ဘဲ အားလုံးက႐ူးမတတ္ျဖစ္ေနခဲ့ၾကတယ္။ ဒီစိတ္လႈပ္ရွားစရာပြဲကို သူတို႔ေသခ်ာေပါက္ၾကည့္ရမယ္။ ဒီေန႔ေတာ့ဘယ္သူမွမတားႏိုင္ေစရဘူး။

ၿပီးေတာ့ လိုင္းေပၚမွာဆူပြက္ေနၾကခ်ိန္မွာပဲ က်န္ရွင္းေဆြ႕ကညဘက္အခ်ိန္ သူ႔အေမ့ရဲ႕ဖုန္းကိုလက္ခံရရွိခဲ့တယ္ "ဟယ္လို မားမား?"

႐ႊီအန္းက်န္းရဲ႕အသံက တစ္ဖက္ကေနထြက္ေပၚလာတယ္။ သူမက ကေလးနဲ႔ေဆြးေႏြးဖို႔အတြက္ ေမးလိုက္တယ္ "ေဆြ႕ေဆြ႕ေရ ဒီေန႔ၿမိဳ႕ေတာင္ဘက္မွာ ေလလံပြဲတစ္ခုရွိတယ္ ၿပီးေတာ့ အဖိုးတန္တဲ့ရွားပါးပစၥည္းေတြလည္း အမ်ားႀကီးရွိတယ္တဲ့ စိတ္ဝင္စားဖို႔ေကာင္းတယ္လို႔လည္း ၾကားထားတယ္ သားလာခဲ့ခ်င္လား?"

က်န္ရွင္းေဆြ႕ဒါကိုၾကားေတာ့ ခ်က္ခ်င္းပဲျပန္ေျဖလိုက္တယ္ "မားမားသြားခ်င္ရင္ ကြၽန္ေတာ္လိုက္ခဲ့ေပးမယ္ေလ"

႐ႊီအန္းက်န္းစိတ္ထဲေႏြးေထြးသြားရတယ္။ ေဆြ႕ေဆြ႕ကသူမရဲ႕အရင္းႏွီးဆုံး အေႏြးအက်ႌေလးလိုပဲ။ ဒီကေလးကတျခားသူေတြကို တကယ္ပဲခ်စ္တတ္တယ္။

"အင္း မားသြားမလို႔ ဖုမိသားစုကလုပ္တဲ့ ပရဟိတေလလံပြဲမလို႔ သားရဲ႕ေကာေကာနဲ႔ ပါးပါးေရာသြားမွာ" ႐ႊီအန္းက်န္းက နာရီကအခ်ိန္ကိုၾကည့္လိုက္ၿပီး ႏူးညံ့တဲ့အသံနဲ႔ "သားသြားခ်င္တယ္ဆိုရင္ လိပ္စာေျပာလိုက္ မားမားလာႀကိဳလွည့္မယ္"

ဖုအိမ္ေတာ္...

က်န္ရွင္းေဆြ႕စဥ္းစားမိသြားတယ္။ ဖုက်င္းေရွာင္းဒီေန႔ အေစာႀကီးထြက္သြားတာ ဒီကိစၥေၾကာင့္ကိုး။ အဲ့တာေၾကာင့္ "ဟုတ္ သားအက်ႌလဲလိုက္ရဦးမလား?"

႐ႊီအန္းက်န္းက သူ႔ကိုတစ္ေလွ်ာက္လုံး ဒီလိုသတိႀကီးႀကီးျဖစ္မေနေစခ်င္တာေၾကာင့္ ၿပဳံးကာေျပာလိုက္တယ္ "မလိုဘူ မလိုဘူး အကုန္လုံးကမိသားစုေတြပဲျဖစ္ေနၿပီကို ၿပီးေတာ့ တို႔ေဆြ႕ေဆြ႕က ဘယ္လိုေနေနၾကည့္ေကာင္းၿပီးသား"

က်န္ရွင္းေဆြ႕မ်က္ႏွာေတြနီရဲလာၿပီး စိတ္ထဲမွာေတာ့အလြန္ေပ်ာ္႐ႊင္ေနမိတယ္။

သူရွန္မိသားစုကိုျပန္ေရာက္ၿပီးကတည္းက ေန႔ရက္တိုင္းဟာေပ်ာ္႐ႊင္ခ်မ္းေျမ့ေနရတယ္။ ဒီတစ္ဘဝလုံးရဲ႕ကံေကာင္းမႈေတြနဲ႔ ေပ်ာ္႐ႊင္မႈေတြအားလုံးကို သုံးလို႔ကုန္ေတာ့မဲ့အတိုင္းပဲ။ တကယ္လို႔ဒါကသာအိမ္မက္တစ္ခုဆိုရင္ သူဘယ္ေတာ့မွႏိုးထမလာေတာ့ဖို႔ပဲ ေမွ်ာ္လင့္မိေတာ့တယ္။

မၾကာခင္ပဲ ကားေရာက္လာခဲ့တယ္။ ေလလံပြဲေနရာကိုေရာက္သြားေတာ့မွ ပြဲကဖုအိမ္ေတာ္မွာလုပ္တာဆိုတာ သိလိုက္ရတယ္။ သူကရွန္အိမ္ေတာ္ကိုႀကီးလွၿပီမွတ္တာ။ ဖုအိမ္ေတာ္ရဲ႕villaက ပိုၿပီးဇိမ္က်ကာပိုခမ္းနားလိမ့္မယ္လို႔ မထင္ထားမိဘူး။

ရွန္ရွင္းခ်န္ကေျပာလာတယ္ "ဒီေန႔ဘာေတြရွိလိမ့္မလဲမသိဘူး"

႐ႊီအန္းက်န္းေခါင္းခါကာေျပာတယ္ "ဖုမိသားစုက ႏွစ္ေပါင္းရာေက်ာ္ေလာက္ အဆက္ဆက္အေမြဆက္ခံလာခဲ့တဲ့ ပညာတတ္မိသားစုတစ္ခု စုေဆာင္းလာခဲ့တဲ့ ေရွးေဟာင္းရတနာေတြကလည္း မေရတြက္ႏိုင္ေအာင္ရွိတယ္ အထူးသျဖင့္မစၥတာဖုက နာမည္ႀကီးလက္ေရးလွပန္းခ်ီဆရာတစ္ေယာက္ေလ သူစုေဆာင္းထားတဲ့ လက္ေရးလွပန္းခ်ီေတြထဲက ႀကိဳက္တာတစ္ခုဆြဲယူလာရင္ေတာင္ တစ္ခုစီတိုင္းက ေ႐ႊေထာင္ေပါင္းမ်ားစြာတန္တယ္ ဘယ္ေလာက္ေတာင္ရွိသလဲ ဘယ္ေလာက္ေတာင္ တန္ဖိုးႀကီးသလဲဆိုတာေတာ့ အေမေတာင္မသိဘူး"

ရွန္ရွင္းခ်န္သက္ျပင္းခ်ကာေျပာလာတယ္ "ဖုေကာ ဘယ္အခ်ိန္မွကြၽန္ေတာ့ကို နည္းနည္းေလာက္ေပးမလဲမသိဘူး အဲ့လိုသာဆိုကြၽန္ေတာ့တန္ဖိုးက ႏွစ္ဆျဖစ္သြားမယ္မလား?"

"ဒီလိုကိစၥကမင္းအလွည့္ ေရာက္လာႏိုင္ပါ့မလား" ႐ႊီအန္းက်န္းက သူ႔ရဲ႕အ႐ူးသားေလးကိုၾကည့္လိုက္ၿပီး ေဘးကမ်က္လုံးမွိတ္ထားၿပီး အနားယူေနတဲ့က်န္ရွင္းေဆြ႕ကို တစ္ခ်က္ၾကည့္လိုက္တယ္ ၿပီးေတာ့ဖြဖြၿပဳံးကာ "မင္းရဲ႕တိတိေလးကေတာ့ ျဖစ္ႏိုင္ေခ်ရွိတယ္"

က်န္ရွင္းေဆြ႕မွိန္းေနရာကေနႏိုးလာၿပီး စိတ္ရႈပ္ေထြးစြာနဲ႔ "အာ"လို႔အသံျပဳလာတယ္။

ရွန္ရွင္းခ်န္က "ေနရာေရာက္ၿပီး ကားေပၚကဆင္းလို႔ရၿပီ"

သူတို႔အုပ္စုကားေပၚကဆင္းလိုက္ၿပီး အထဲေလွ်ာက္သြားလိုက္တယ္။ ဖုမိသားစုက တကယ္ႀကီးမားတဲ့လုပ္ငန္းစုႀကီးျဖစ္တယ္။ သူတို႔က်င္းပတဲ့ ပရဟိတေ႐ြးေကာက္ပြဲကို အလႊာေပါင္းစုံကအႀကီးအကဲေတြက လာၿပီးေထာက္ပံ့ၾကတယ္။ လာေရာက္တဲ့ဧည့္သည္ေတြကလည္း အဆုံးမရွိဘဲအမ်ားႀကီးျဖစ္တယ္။ တံခါးကေနဝင္လိုက္ၿပီးေနာက္ သူတို႔'က်န္မိသားစု'ကလူေတြနဲ႔ ဆုံမိၾကတယ္။ က်န္ေခါ့နဲ႔ အန္းရန္အပါအဝင္ တျခားသူေတြပါ အကုန္လုံးရွိေနၾကတယ္။

က်န္ရွင္းေဆြ႕ မ်က္ႏွာအေရာင္ေျပာင္းသြားေပမဲ့ ဘာမွေတာ့ေျပာမလာဘူး။

က်န္ေခါ့က ရွန္မိသားစုကသူေတြကိုျမင္ေတာ့ ဦးေဆာင္ၿပီးေရာက္လာခဲ့တယ္။ က်န္ရွင္းေဆြ႕ကိုဆက္ဆံသလို မ်က္ႏွာေသနဲ႔မဟုတ္ဘဲ အၿပဳံးေလးနဲ႔ေရာက္လာတာျဖစ္တယ္ "ဥကၠဌရွန္ မေတြ႕ရတာၾကာၿပီေနာ္"

ရွန္ယုံးက သူ႔ထိုက္ထိုက္(ဇနီး)ကို လက္တစ္ဖက္နဲ႔ဖက္ထားၿပီးေတာ့ လက္ဆန္႔ထုတ္လာတာမ်ိဳးမရွိဘဲ ေခါင္းငုံ႔ကာသူ႔ကိုၾကည့္လာတယ္ "မၾကာေသးပါဘူး မၾကာေသးခင္က ေျမသိမ္းတဲ့ကိစၥမွာတုန္းကမွ ေတြ႕ထားတာမဟုတ္ဘူးလား?"

က်န္မိသားစုက အခုတစ္ေလာ ပေရာဂ်က္တစ္ခုမွာ ပူးေပါင္းခ်င္ေနတာျဖစ္တယ္။ ၿပီးေတာ့အဲဒီပေရာဂ်က္ကမွာ ရွန္လုပ္ငန္းစုက လုပ္ပိုင္ခြင့္အမ်ားဆုံးျဖစ္ေနတယ္။ ဒါေၾကာင့္ က်န္ေခါ့မျဖစ္မေနလာခဲ့ရတာျဖစ္တယ္။

က်န္ေခါ့ရဲ႕လက္က မူလေနရာကေလထဲမွာပဲရပ္တန္႔ေနတယ္။ အနည္းငယ္ရွက္႐ြံ႕မႈနဲ႔ စိတ္ဆိုးသြားရကာ က်န္ရွင္းေဆြ႕ကိုအျမန္ပဲၾကည့္လိုက္တယ္။ ဆန္႔ထုတ္ထားတဲ့လက္ကို ျပန္သိမ္းလိုက္ရင္း ၿပဳံးကာေျပာလာတယ္ "ဥကၠဌရွန္ေျပာတဲ့ကိစၥ... ကြၽန္ေတာ္ကိုက မွတ္ဉာဏ္မေကာင္းတာပါ"

ရင္းနီးလာဖို႔အတြက္ က်န္ေခါ့ႀကိဳးစားေတာ့တယ္။

"ေဆြ႕ေဆြ႕ သားကိုဒီမွာေတြ႕လိုက္ရတာပဲ" က်န္ေခါ့အနားေလွ်ာက္လာၿပီးေတာ့ က်န္ရွင္းေဆြ႕ရဲ႕လက္ကိုဆုပ္ကိုင္ကာ "အခုတစ္ေလာအဆင္ေျပရဲ႕လား?"

သူ႔ကိုျမင္တာနဲ႔ က်န္ရွင္းေဆြ႕မသိစိတ္ကေန ျငင္းဆန္ေနမိတယ္။ ေနာက္ကိုေျခလွမ္းတစ္ဝက္ေလာက္ ဆုတ္လိုက္မိၿပီး က်န္ေခါ့အတြက္ေနရာအလြတ္ႀကီးပဲခ်န္ထားခဲ့တယ္။

ႏွစ္ေယာက္သားမ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံမႈက အရင္တစ္ေခါက္က်န္အိမ္ေတာ္မွာ ခြဲခြာသြားၿပီးေနာက္ ေလးေလးနက္နက္ေတြ႕ဆုံျဖစ္တဲ့ ပထမဆုံးအႀကိမ္ ျဖစ္တယ္။ က်န္ရွင္းေဆြ႕မ်က္ႏွာေပၚမွာ ဘာအမူအရာမွရွိမေနဘဲ "ေကာင္းေကာင္းမေကာင္းေကာင္း ခင္မ်ားနဲ႔ဘာမွမဆိုင္ဘူး"

က်န္ေခါ့ရွက္႐ြံ႕စြာနဲ႔ရယ္ေမာလိုက္ၿပီး "ဒီကေလးကေတာ့ ဘယ္လိုေတာင္စကားေျပာေနရတာလဲ"

"ဒါကခင္မ်ားသင္ေပးထားတာပဲမဟုတ္လား?" အဲဒီေန႔ကသူ႔ရဲ႕ႏွလုံးသားမရွိတဲ့စကားေတြကို ျပန္ၾကားေယာင္လာမိၿပီးေတာ့ "အဲဒီတံခါးကေနထြက္သြားတာနဲ႔ ကြၽန္ေတာ္ကက်န္မိသားစုနဲ႔ဘာမွမသက္ဆိုင္ေတာ့ဘူး၊ ထြက္သြားၿပီးရင္လည္း ကြၽန္ေတာ္အရင္က က်န္မိသားစုက,ကေလးပါလို႔ မေျပာဖို႔နဲ႔ က်န္မိသားစုကို အရွက္ရေအာင္မလုပ္ဖို႔ ခင္မ်ားပဲေျပာခဲ့တာမဟုတ္လား"

ျပတ္သားၾကည္လင္တဲ့ စကားသံဟာထြက္ေပၚလာၿပီး အကုန္လုံးရွင္းရွင္းလင္းလင္း ၾကားလိုက္ရတယ္။

အဲဒီမတိုင္ခင္က က်န္ေခါ့ကဖခင္ေကာင္းတစ္ေယာက္လိုမ်ိဳး ဟန္ေဆာင္တတ္တယ္။ ေနာက္ေတာ့အန္းရန္ရွိလာခဲ့ၿပီး ပိုၿပီးေတာ့ေတာင္ခ်စ္ျပေနေသးတယ္။ အားလုံးကိုသူက မိဘေကာင္းတစ္ေယာက္ျဖစ္တယ္လို႔ အထင္ရွိေစခဲ့တယ္။ ဒါေပမဲ့ဒီအခ်ိန္မွာေတာ့ တျခားသူေတြက သူအရင္တုန္းက,သူ႔ကေလးကို ဒီလိုဆက္ဆံတယ္ဆိုတာ ပထမဆုံးအႀကိမ္အျဖစ္ သိလိုက္ရေတာ့တယ္။

ရွန္မိသားစုတစ္ခုလုံး မ်က္ႏွာမေကာင္းၾကေတာ့ဘူး။ အထူးသျဖင့္ရွန္ယုံးပဲ။ ဓားလိုစူးရွတဲ့မ်က္လုံးေတြနဲ႔ က်န္ေခါ့ကိုစိုက္ၾကည့္လာခဲ့တယ္။

အၿမဲတမ္းစကားနားေထာင္တတ္တဲ့ကေလးက ဒီလိုမ်ိဳးလူေရွ႕မွာေျပာလာလိမ့္မယ္လို႔ က်န္ေခါ့မထင္ထားမိဘူး။ အနည္းငယ္ရွက္႐ြံ႕သြားေပမဲ့ အားတင္းၿပီးၿပဳံးကာဆက္ေျပာလိုက္တယ္ "အဲ့တာက စိတ္ဆိုးလို႔ေျပာလိုက္မိတဲ့စကားပါ မင္းအဲ့ေလာက္ထိ အေလးနက္ထားေနခဲ့တာလား? ၿပီးေတာ့အဲ့တုန္းကလည္း ငါမင္းအတြက္ ၁၀သိန္းတန္ခ်က္လက္မွတ္ ျဖတ္ေပးခဲ့ေသးတယ္ေလ အဲ့လိုဆိုေနာက္ပိုင္း ေကာင္းေကာင္းရွင္သန္သြားလို႔ရၿပီကို မင္းပဲမယူခဲ့တာမဟုတ္လား"

ရွန္ယုံးပါးစပ္မဟရေသးခင္မွာပဲ ရွန္မင္ေလာင္က မ်က္မွန္ကိုတြန္းတင္လိုက္ကာ ေျပာလာတယ္ "လူႀကီးမင္းက်န္ ဒီအဓိပၸာယ္ကေလးနက္တာပဲ လူႀကီးမင္းက က်န္မိသားစုရဲ႕အိမ္ေထာင္ဦးစီး၊ က်န္လုပ္ငန္းစုရဲ႕ တာဝန္ရွိသူအေနနဲ႔ ဒီလိုစေနာက္ေျပာဆိုရတာႀကိဳက္တယ္ဆိုေတာ့ ကြၽန္ေတာ့္ကိုတကယ္ပဲ က်န္လုပ္ငန္းစုအေပၚ လုပ္ႏိုင္စြမ္းနဲ႔ယုံၾကည္မႈကို သံသယျဖစ္လာေစတယ္"

က်န္ေခါ့ထိတ္လန္႔သြားၿပီး ရွင္းျပခ်င္ခဲ့တယ္ "မဟုတ္ပါဘူး မင္းနားလည္မႈလြဲေနပါၿပီ အန္ကယ္ကဒီသေဘာမဟုတ္....."

ရွန္ယုံးကသူ႔စကားကို ျဖတ္ေျပာလိုက္တယ္ "နားလည္မႈလြဲတာဟုတ္ဟုတ္မဟုတ္ဟုတ္ လူႀကီးမင္းက်န္က အရင္တုန္းကကြၽန္ေတာ့္သားကို ဆက္ဆံေရးရပ္စဲဖို႔ေျပာခဲ့ဖူးမွေတာ့ ရွန္လုပ္ငန္းစုနဲ႔ က်န္လုပ္ငန္းစုနဲ႔ကလည္း ဆက္ဆံေရးရပ္စဲလိုက္တာ ေသခ်ာေပါက္ေကာင္းတာေပါ့ ကြၽန္ေတာ့္အျမင္ေတာ့ ကြၽန္ေတာ္တို႔ပူးေပါင္းထားတဲ့ပေရာဂ်က္ကို ဒီမွာတင္ရပ္လိုက္ၾကတာေပါ့"

က်န္ေခါ့မ်က္ႏွာျဖဴဆုတ္သြားရေတာ့တယ္။

အဲ့အခ်ိန္တုန္းက အန္းရန္ဒဏ္ရာရၿပီး လဲသြားခဲ့တာေၾကာင့္ စိတ္ပူေနမိၿပီး ေဒါသေတြအကုန္လုံးကို က်န္ရွင္းေဆြ႕အေပၚ ပုံလိုက္မိတာျဖစ္တယ္။ သက္ေသအေထာက္အထားမရွိေပမဲ့ က်န္ရွင္းေဆြ႕ရဲ႕ရွင္းျပမႈကိုလည္း နားမေထာင္ခ်င္ခဲ့ဘူး။ သူ႔ကိုပဲမုန္းေနမိခဲ့ၿပီး ဒီေန႔လိုမ်ိဳးျဖစ္လာလိမ့္မယ္လို႔ ဘယ္ထင္ထားမိမလဲ။

ရွန္မိသားစုက ေဘးကေနျဖတ္သြားၾကတယ္။ က်န္ေခါ့ကက်န္ရွင္းေဆြ႕ရဲ႕ပုခုံးကို ဖမ္းဆုပ္ထားလိုက္ၿပီး မ်က္စိေအာက္မွာ ႀကီးျပင္းလာတဲ့ကေလးကိုၾကည့္လိုက္တယ္။ သူ႔အၾကည့္ေတြကရႈပ္ေထြးေနကာ အသံတိုးတိုးနဲ႔ "ေဆြ႕ေဆြ႕ အဲ့ေနကငါ....."

က်န္ရွင္းေဆြ႕ သူ႔ေျခလွမ္းေတြကိုရပ္တန္႔လိုက္ၿပီး မ်က္စိေရွ႕ကအမ်ိဳးသားကို ၾကည့္လိုက္တယ္။ တကယ္ေတာ့ သူလြတ္ေအာင္႐ုန္းၿပီး ထြက္သြားလို႔ရေပမဲ့ ဒီအခ်ိန္မွာ က်န္ေခါ့ေနာက္က အန္းရန္ကိုၾကည့္လိုက္ရင္း ေနာက္ဆုံးေတာ့က်န္ေခါ့ကို ေျပာလိုက္တယ္ "အဲ့ေန႔တုန္းက ကြၽန္ေတာ္ဘာလို႔ အိမ္နဲ႔အဲ့ေလာက္ေဝးတဲ့လမ္းမေပၚမွာ ေပၚလာခဲ့တာတုန္းသိလား?"

က်န္ေခါ့ကေခါင္းခါတယ္။

"ဘာလို႔လဲဆိုေတာ့ ေနာက္ႏွစ္ရက္ေနရင္ အေဖ့ေမြးေန႔မလို႔" က်န္ရွင္းေဆြ႕တိုးတိုးေျပာလာတယ္ "အေဖကအဲဒီလမ္းအဆုံးက အဖြားဝမ္လုပ္တဲ့ ေကြ႕ဟြားမုန္႔စားရတာ ႀကိဳက္တယ္ဆိုတာ ကြၽန္ေတာ္သိတယ္ အဲ့တာေၾကာင့္ အဲဒီႏွစ္ရက္အတြင္းမွာ ခဏခဏသြားခဲ့ၿပီး အေဖ့အတြက္နည္းနည္းဝယ္ေပးခ်င္ခဲ့တာ"

က်န္ေခါ့တုန္လႈပ္သြားမိၿပီး မယုံၾကည္ႏိုင္စြာနဲ႔ က်န္ရွင္းေဆြ႕ကိုၾကည့္လိုက္တယ္။

သူအရင္က စားပြဲေပၚကေန ေကြ႕ဟြားမုန္႔အနည္းငယ္ လက္ခံခဲ့ဖူးတယ္။ ဒါေပမဲ့အဲ့တာက ဆိုးသြမ္းၿပီးမိုက္မဲတဲ့သားေလးေပးတာလို႔ မထင္ခဲ့မိဖူးဘူး။ လိမၼာၿပီးနားလည္တတ္တဲ့ အန္းရန္ေပးတာလို႔ပဲ ထင္ထားခဲ့တာ။

က်န္ေခါ့စိတ္ထဲတုန္လႈပ္သြားရၿပီး မ်က္လုံးေထာင့္ေတြစိုစြတ္လာကာ "ေဆြ႕ေဆြ႕ အေဖ..."

က်န္ရွင္းေဆြ႕က သူ႔ပုခုံးကိုကိုင္ထားတဲ့လက္ကို ျဖည္းျဖည္းခ်င္းဖယ္ထုတ္လိုက္ၿပီးေတာ့ တည္ၿငိမ္စြာနဲ႔သူ႔ကိုၾကည့္ကာ "ဒါေပမဲ့အခုေတာ့ ကြၽန္ေတာ္အရမ္းေနာင္တရမိတယ္"

က်န္ေခါ့ေၾကာင္အသြားရေတာ့တယ္။

"အေစာကတည္းကသိရင္ မသြားလိုက္သင့္ဘူး" က်န္ရွင္းေဆြ႕ရဲ႕ႏႈတ္ခမ္းဖ်ားမွာ ေအးစက္တဲ့အၿပဳံးတစ္ခု ျဖစ္တည္လာေတာ့တယ္။ သူ႔ရဲ႕မ်က္လုံးေတြနာက်င္ေနေပမဲ့ စိတ္သက္သာရာရမႈက ပိုမ်ားေနရတယ္ "ဘာလို႔လဲဆိုေတာ့ မတန္လို႔"

က်န္ေခါ့တစ္ကိုယ္လုံး ေအးခဲသြားၿပီးမူလေနရာမွာပဲ ရပ္ေနမိေတာ့တယ္။ က်န္ရွင္းေဆြ႕သူ႔ကိုၾကည့္ေနတဲ့အၾကည့္က သူစိမ္းတစ္ေယာက္လိုမ်ိဳးပဲ။ တစ္ခ်ိန္က ေမွ်ာ္လင့္ခ်က္ေတြအျပည့္နဲ႔ သူ႔ကိုၾကည့္ေနဖူးတဲ့ကေလး၊ ငယ္ငယ္ကတည္းက ေနာက္ကေနလိုက္ၿပီး "ပါးပါး ပါးပါး"နဲ႔ေခၚေနတတ္တဲ့ကေလး၊ အၿမဲတမ္း ႐ူးေၾကာင္ေၾကာင္နည္းလမ္းေတြသုံးၿပီး သူ႔ရဲ႕ႏွစ္သက္မႈကို ေတာင္းခံတတ္တဲ့ကေလးက ဒီအခ်ိန္မွာ သူစိမ္းတစ္ေယာက္လိုပဲ သူ႔ကိုျဖတ္ေက်ာ္သြားခဲ့တယ္။ အရင္က က်န္ရွင္းေဆြ႕ကို ဝန္ထုပ္ဝန္ပိုးတစ္ခုအေနနဲ႔ျမင္ခဲ့ေပမဲ့ ဒီအေျခအေနကို အမွန္တကယ္ေရာက္လာခ်ိန္မွာေတာ့ သူမူလေနရာမွာပဲ ေအးခဲစြာရပ္ေနမိခဲ့တယ္။

အခုေတာ့ အေရးႀကီးတဲ့ပစၥည္းတစ္ခုခုက ကြဲအက္သြားသလို ႏွလုံးသားထဲမွာ ပဲ့တင္သံထပ္ေနေတာ့တယ္။

..........

က်န္ရွင္းေဆြ႕ သူ႔မိဘေတြနားျပန္ေရာက္လာခဲ့ၿပီး ပရဟိတေလလံပြဲေနရာကို ေရာက္လာခဲ့တယ္။

ရွန္မိသားစုရဲ႕ေနရာက အလြန္ျမင့္တယ္။ လာၿပီးႏႈတ္ဆက္ၾကတဲ့သူေတြလည္း အမ်ားႀကီးရွိတယ္။ ၿပီးေတာ့ရွန္လုပ္ငန္းစုဇနီးေမာင္ႏွံကိုလည္း ပရဟိတလုပ္တဲ့စံျပေတြအျဖစ္ ခ်ီးမြမ္းၾကေသးတယ္။ က်န္ရွင္းေဆြ႕အနည္းငယ္သိခ်င္သြားတာေၾကာင့္ ရွန္ရွင္းခ်န္ကိုေမးလိုက္တယ္ "ပါးနဲ႔မားက အၿမဲတမ္းပရဟိတလုပ္ေလ့ရွိတာလား?"

ရွန္ရွင္းခ်န္ေခါင္းညိတ္လိုက္ရင္း ျပန္ေျဖလိုက္တယ္ "အၿမဲတမ္းလိုလိုပဲ ငါသိသေလာက္ကေတာ့ *ေမွ်ာ္လင့္ခ်က္ပေရာဂ်က္ေတြမေျပာနဲ႔ဦး တစ္ႏိုင္ငံလုံးေနရာအႏွံ႔မွာ မူလတန္းေက်ာင္းေတြအမ်ားႀကီးကိုလႉထားတာ!"

['ေမွ်ာ္လင့္ခ်က္ပေရာဂ်က္'ဆိုတာက ေက်ာင္းျပင္ပက,ကေလးေတြကို ေက်ာင္းတက္ႏိုင္ဖို႔အတြက္ တ႐ုတ္လူငယ္ဖြံ႕ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္းကေန လႉဒါန္းမႈျပဳလုပ္တဲ့ ပေရာဂ်က္ပါတဲ့]

သူ႔မိဘေတြက အရင္ကတည္းကတစ္ေလွ်ာက္လုံး ပရဟိတေတြလုပ္ခဲ့ၾကတာျဖစ္တယ္။

ထုတ္ေတာ့မေျပာေပမဲ့ အဲဒီေသဆုံးသြားတဲ့ကေလးေလးအတြက္ ကုသိုလ္ေကာင္းမႈေတြ လုပ္ေပးေနတာလို႔ ေျပာလို႔ရတယ္။

က်န္ရွင္းေဆြ႕ အရမ္းသိခ်င္သြားမိၿပီး "ဘယ္နားမွာတုန္း?"

"အေသးစိတ္ကေတာ့ ငါလည္းမသိဘူး" ရွန္ရွင္းခ်န္က က်န္ရွင္းေဆြ႕ကို အဓိပၸာယ္အျပည့္နဲ႔ၾကည့္ကာ ၿပဳံးလိုက္ရင္း "ဒါေပမဲ့တစ္ေန႔မွာ မင္းေတြ႕ခဲ့မယ္ဆိုရင္ေတာ့ အၾကည့္တစ္ခ်က္နဲ႔တင္ သိႏိုင္မွာပါ"

သူဘာျပဇာတ္ေတြ ကစားေနသလဲဆိုတာ က်န္ရွင္းေဆြ႕မသိေတာ့ဘူး။

ေလလံပြဲကစတင္ေတာ့မွာျဖစ္တယ္။ ဖုမိသားစုရဲ႕ အိမ္ေထာင္ဦးစီးနဲ႔ဇနီးအပါအဝင္ သားအႀကီးဖုက်င္းေရွာင္းပါ ဧည့္သည္ေတြကိုႏႈတ္ဆက္ဖို႔ ထြက္လာခဲ့တယ္။ မိန္႔ခြန္းအခ်ိဳ႕ေျပာၿပီးေနာက္မွာ ေလလံပြဲကတရားဝင္စတင္ခဲ့ေတာ့တယ္။

ရွန္မင္ေလာင္က မိသားစုဝင္ေတြကိုထိုင္ခိုင္းလိုက္ၿပီး သူကေတာ့ဖုက်င္းေရွာင္းနဲ႔ေသာက္ဖို႔ စင္ေနာက္မွာသြားရွာေတာ့တယ္။

"ေဆြ႕ေဆြ႕နဲ႔ရွင္းခ်န္က ႐ိုက္ကူးေရးမွာပါဝင္ဖို႔ မၾကာခင္ပဲသြားရေတာ့မွာ" ရွန္မင္ေလာင္ ဝိုင္ကိုတစ္ငုံငုံလိုက္ၿပီး "သူတို႔ႏွစ္ေယာက္ကိုေစာင့္ေရွာက္ေပးဖို႔ မင္းကိုပဲေတာင္းဆိုရေတာ့မွာ ရွန္ရွင္းခ်န္ကိုမသက္ညႇာနဲ႔ အမွားလုပ္မိတာရွိရင္ အျပစ္ေပးသင့္ရင္ေပး သူငယ္ငယ္ေလးကတည္းက စည္းမဲ့ကမ္းမဲ့နဲ႔အသားက်ေနခဲ့တာ သူ႔ေဒါသကိုမထိန္းႏိုင္ရင္ အနာဂတ္မွာသူဒုကၡေရာက္လိမ့္မယ္ ေဆြ႕ေဆြ႕ကေတာ့....."

ဖုက်င္းေရွာင္း သူ႔ကိုေဘးတေစာင္းအေနအထားနဲ႔ ၾကည့္လိုက္တယ္။

ရွန္မင္ေလာင္ မ်က္မွန္ကိုတြန္းတင္လိုက္ရင္း "မင္းပိုၿပီးေစာင့္ေရွာက္ေပးပါဦး တျခားသူေတြအႏိုင္မက်င့္ေစနဲ႔"

ဖုက်င္းေရွာင္း ႏႈတ္ခမ္းေလးတြန္႔ေကြးကာ ၿပဳံးလိုက္ရင္း "ယိုး ရွန္သခင္ေလး အကုန္လုံးကိုေစာင့္ေရွာက္ခိုင္းေနရေအာင္ ငါကမင္းတို႔အိမ္က အလကားေခၚထားတဲ့ အထိန္းသည္မလို႔လား?"

ဒီေျမေခြးအိုႀကီး ဒုကၡမခံခ်င္တာကို ရွန္မင္ေလာင္သိတာေၾကာင့္ ေျပာလိုက္တယ္ "ငါစုေဆာင္းထားတဲ့ပစၥည္းေတြ မင္းႀကိဳက္တာေ႐ြးလိုက္ ဒီတိုင္းယူသြားလို႔ရတယ္"

"စုေဆာင္းထားတာေတြလား?" ဖုက်င္းေရွာင္း ဝိုင္နီကိုတစ္ငုံေသာက္လိုက္တယ္။ သူ႔ရဲ႕သြယ္လ်တဲ့လည္ပင္းက ဆြဲေဆာင္မႈရွိေနၿပီး အမ်ိဳးသားရဲ႕မ်က္လုံးထဲမွာ မေကာင္းတဲ့အရိပ္အႁမြက္ေတြျပေနတယ္။ သူႏႈတ္ခမ္းတြန္႔ေကြးကာ ၿပဳံးလိုက္ရင္း "အဲ့တာေတြကိုငါမႀကိဳက္ဘူး"

ရွန္မင္ေလာင္မွာ ထူးဆန္းတဲ့သတိေပးခ်က္တစ္ခုရလိုက္ၿပီး "အဲ့တာဆို မင္းဘာလိုခ်င္တာလဲ?"

____________________
Word – 4491
Jan 28, 2023(Fri)
Xiao Dream

ဖုေကာလိုခ်င္တာ ေဆြ႕ေဆြ႕တဲ့ ဟီး" စတာေနာက္တာ တကယ္ဟုတ္ခ်င္လည္းဟုတ္မွာေပါ့ေနာ့😝

Continue Reading

You'll Also Like

1.1M 57.6K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
375K 46.6K 36
Raising Children in Ancient County Town Chinese Title - 在古代县城养儿_欲来迟 Original Author - 欲来迟 English Translator - Erishi An Status -35chapters (complete...
3.5K 310 45
another description ဘယ်အရာကသူမကိုဖြစ်တည်လာတာလည်းဘာ့ကြောင့် system နဲ့ချိတ်ဆက်မိတာလည်း စတဲ့မေးခွန်းပေါင်းများစွာတေကစိတ်ထဲမှာရှိနေပြီး မှတ်ဉာဏ်တေဟာလည်...