အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 305K 23.6K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 48.1

14.8K 2.2K 231
By Xiao_Dream

Unicode

ကျန်ခေါ့၏အရှက်ကွဲမှု
____________________

ကျန်ရှင်းဆွေ့ ဖုန်းကိုလက်ခံယူလိုက်ပြီး Weiboရဲ့အချိန်နဲ့တစ်ပြေးညီတက်လာတဲ့ မဲအရေအတွက်စာရင်းကို ကြည့်လိုက်တယ်။

Top1 : ကျန်ရှင်းဆွေ့

Top2 : ဝမ်းရှန်းကော

Top3 : ..........

ကျန်ရှင်းဆွေ့ကြည့်လိုက်ပြီးနောက် အနည်းငယ်အံ့အားသင့်စွာနဲ့ ပြောလိုက်တယ် "ဝမ်းရှန်းကောကရော မျှော်လင့်ချက်ရှိလား?"

ဝမ်မိန်စန့် သူမရဲ့အဖြူရောင်မျက်မှန်ကိုင်းကိုတွန်းလိုက်ရင်း "သေချာတာပေါ့ ဒါပေမဲ့ပထမနေရာကသာ regular memberအဖြစ်ပါဝင်နိုင်မှာ ဒုတိယနေရာကစလို့နောက်ပိုင်းတွေက တစ်ပတ်စီလာပြီး guestအဖြစ်ပဲပါဝင်နိုင်မှာ"

ကျန်ရှင်းဆွေ့ ပထမတော့စိတ်ပျက်သွားပြီးမှ ပျော်ရွှင်လာရပြန်တယ် "အဲ့တာဆိုတကယ်လို့ ကျွန်တော်အရွေးမခံလိုက်ရဘူးဆိုရင်တောင် နောက်ပိုင်းကျguestလုပ်ဖို့ အခွင့်အရေးရှိသေးတယ်ပေါ့?"

ဝမ်မိန်စန့်သိပ်တော့ သဘောမတူချင်လေဘူး။ သူမက "ဆွေ့ဆွေ့ မင်းနားလည်လိမ့်မယ်လို့ ကျဲမျှော်လင့်တယ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုအခြေနေမျိုးပဲဖြစ်ဖြစ် အမြဲတမ်းအနိုင်ရရမယ်ဆိုတဲ့ စိတ်နဲ့ပဲလုပ်သင့်တယ် ဒီလောကထဲမှာ မင်းကသာရှေ့မတိုးဘူးဆိုရင် အနောက်ရောက်သွားမှာပဲ လူတော်တော်များများက အရင်းမြစ်ကိစ္စအတွက်နဲ့တင် သူငယ်ချင်းကောင်းတွေနဲ့လည်း အငြင်းပွားရတာတွေရှိကြရတာပဲ အခြေအနေနဲ့အချိန်အခါက မင်းကိုလူကောင်းတွေနဲ့တွေ့ဖို့ ကူညီပေးမှာပါ မင်းလုပ်ဖို့လိုအပ်တာက သတ္တိရှိရှိနဲ့ရှေ့ဆက်လှမ်းနေဖို့ပဲ မဟုတ်ရင်...."

ကျန်ရှင်းဆွေ့က လိမ်လိမ်မာမာနဲ့ သူမကိုကြည့်နေခဲ့တယ်။

ဝမ်မိန်စန့်က မဲအရေအတွက်တွေအောက်က ကောမန့်တွေကိုသူ့ကိုပြလိုက်တယ်။ သူမရယ်လိုက်ရင်း "မင်းကိုအားပေးနေတဲ့သူတွေကို လျစ်လျူရှုလိုက်မလို့လား?"

ကျန်ရှင်းဆွေ့ ကောမန့်တွေကိုကြည့်လိုက်တော့ သူ့ရဲ့ဖန်တွေအများကြီးကိုတွေ့လိုက်ရတယ် :

"ဆွေ့ဆွေ့ အရမ်းလွမ်းတာပဲ သေချာပေါက်ပြန်လာရမယ်နော်!"

"အားလုံးဆွေ့ဆွေ့ကို မဲပေး,ပေးလို့ရမလားဟင် ကလေးကအရင်တစ်ခေါက်တုန်းက ဖြတ်ချခံလိုက်ရတဲ့နေရာမှာကျန်ခဲ့တာ အရမ်းသနားဖို့ကောင်းတာပဲ"

"ငါတော့ အဒေါ်၈ယောက်ရဲ့ ဖုန်းတွေနဲ့အကုန်မဲပေးပြီးသွားပြီ"

"အရင်တစ်ခေါက်ကနောင်တတွေနဲ့ ဒီတစ်ခေါက်မှာတော့ ငါအဆုံးထိရပ်တည်သွားပေးမယ်!"

"ဆွေ့ဆွေ့စိတ်မပူနဲ့ ငါတို့ကအမြဲတမ်း မင်းနောက်မှာရှိနေပေးမှာပါ~"

ကျန်ရှင်းဆွေ့ တစ်ခုပြီးတစ်ခုသော ကောမန့်တွေကို ကြည့်ရင်းကြည့်ရင်းနဲ့ တစ်ချို့ဖန်တွေရဲ့ နှစ်သိမ့်ပေးမှုတွေနဲ့ အားပေးမှုတွေကိုတွေ့လိုက်ရတယ်။ သူ့နှာခေါင်းလေးချဥ်လာရပြီး နှလုံးသားထဲမှာလည်း အနွေးစီးကြောင်းလေးတစ်ခု ဖြတ်သန်းစီးဆင်းသွားရတယ်။ တခြားသူတွေဆီကနေ အားပေးမှုတွေနဲ့ သဘောကျနှစ်သက်မှုတွေခံရလိမ့်မယ်လို့ သူတစ်ခါမှမထင်ထားခဲ့ဖူးဘူး။ ရှက်သွားသလိုတောင် ခံစားလိုက်ရတော့တယ်။

ဝမ်မိန်စန့်ကဘေးကနေ "ဆိုတော့ မင်းနားလည်သွားပြီလား တကယ်လို့အရွေးမခံခဲ့ရဘူးဆိုရင် တကယ်လို့မကြိုးစားဘူးဆိုရင် လူတွေအများကြီးကို စိတ်ပျက်စေလိမ့်မယ်နော"

ကျန်ရှင်းဆွေ့ရဲ့မျက်လုံးတွေက တည်ငြိမ်သွားပြီး သူခေါင်းညိတ်လာတယ် "ကျွန်တော်ကြိုးစားမှာပါ!"

ဝမ်မိန်စန့်ကျေနပ်သွားတဲ့အပြုံးလေး ထွက်ပေါ်လာရတော့တယ်။

ကျန်ရှင်းဆွေ့က နောက်တစ်စက္ကန့်လောက်နေတော့ ထပ်ပြောလာလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ "ကျွန်တော့်အရန်ဖုန်းလေးကို သွားရှာပြီးတော့လည်း ကိုယ့်အတွက်ကိုယ်မဲပေးရမယ်"

".........."

အေးဂျင့်တိတ်ဆိတ်သွားရတော့တယ်။

ဝမ်မိန်စန့်က ဒီကလေးအားနည်းနေဦးမှာလို့ထင်မိတာကြောင့် အကူညီမဲ့စွာနဲ့ပြောလိုက်တယ် "တစ်မဲနှစ်မဲနဲ့က ဘယ်လောက်မှကွာမသွားဘူး ကျဲအထင်တော့မင်းweibo postတစ်ခုလောက်တင်သင့်တယ် ပထမအချက်အနေနဲ့ မင်းရဲ့selfieပုံကို ဖန်တွေအတွက်လက်ဆောင်အဖြစ်ပေါ့ နောက်အချက်အနေနဲ့ကတော့ ကျော်ကြားမှုပြန်ယူတာပေါ့ အကုန်လုံးကအကျိုးရှိမဲ့ဟာတွေချည်းပဲ"

ကျန်ရှင်းဆွေ့ ဆိုဖာပေါ်မှာထိုင်နေပြီး selfieဆိုတာကိုကြားချိန် တစ်ကိုယ်လုံးအေးခဲသွားတော့တယ်။

ဝမ်မိန်စန့်က သံသယဖြစ်စွာနဲ့မေးလိုက်တယ် "ဘာဖြစ်လို့လဲ?"

ကျန်ရှင်းဆွေ့ အနည်းငယ်ရှက်ရွံ့စွာနဲ့ပြန်ဖြေလာတယ် "ကျွန်... ကျွန်တော်က selfieရိုက်တဲ့နေရာမှာ သိပ်မတော်ဘူး"

အနုပညာရှင်တစ်ယောက်အနေနဲ့ အနည်းနဲ့အများတော့ အရည်အချင်းရှိလိမ့်မယ်လို့ ဝမ်မိန့်စန်းထင်လိုက်တယ်။ အဲဒါကြောင့် "အဲ့တာဆို မင်းဒီမှာပဲတစ်ပုံလောက်ရိုက်ပြီး ကျဲကိုပြကြည့်လေ"

ကျန်ရှင်းဆွေ့ကသေချာပေါက်ပဲ အေးဂျင့်ကိုမျက်နှာပျက်စေမှာမဟုတ်ဘူး။ အဲဒါကြောင့်ဝမ်မိန်စန့်ရဲ့ရှေ့မှာပဲ ဖုန်းထုတ်လိုက်ပြီး ရှေ့ကင်မရာဖွင့်လိုက်တယ်။ ပြီးတော့ ကင်မရာကိုကြည့်လိုက်ပြီး လက်နှစ်ချောင်းထောင်လိုက်တယ်။

ဝမ်မိန်စန့် "....."

ကျန်ရှင်းဆွေ့ရဲ့ မေးမြန်းနေတဲ့မျက်လုံးတွေအောက်မှာ သူမပြန်ဖြေလိုက်တယ် "ဒီလိုပြောရအောင်ဆွေ့ဆွေ့ ဒီလက်ပုံစံကို ကျဲလွန်ခဲ့တဲ့၁၀နှစ်လောက်ကတည်းက မသုံးတော့ဘူး"

ကျန်ရှင်းဆွေ့ငိုချင်ပေမဲ့ မျက်ရည်တော့ကျမလာခဲ့ဘူး။

နှစ်ယောက်သားစကားပြောနေကြတုန်း အပေါ်ထပ်ကနေ အစည်းအဝေးလုပ်ပြီးသွာတဲ့ ဖုကျင်းရှောင်းကပြန်လာခဲ့တယ်။ ရုပ်ရှင်ဧကရာဇ်လူကြီးမင်းက ဒီနေ့တော့ပိုပြီးသက်တောင့်သက်သာရှိတဲ့ အမဲရောင်ထသွားထလာဝတ်စုံကို ဝတ်ဆင်ထားတယ်။ အရင်တစ်ခေါက်က အစီအစဥ်ကိုလာတုန်းကနဲ့မတူလေဘူး။ ရုပ်ရှင်ဧကရာဇ်လူကြီးမင်းက ပုံမှန်ဝတ်တာတွေက ကျော်ကြားတဲ့brandအဝတ်အစားတွေပဲဖြစ်တယ်။ အနက်ရောင်fittingသိုးမွှေးဆွယ်တာနဲ့ ကော်ဖီဖျော့ရောင်ကုတ်က ကြည့်ရတာပိုကျော့ရှင်းနေပြီး သက်တောင့်သက်သာရှိပုံလည်းပေါ်တယ်။ ဆံပင်ကိုပုံသွင်းမထားတာကလည်း ဆွဲဆောင်မှုတစ်မျိုးဖြစ်ပြီး ချောမောနေပြန်တယ်။

ဖုကျင်းရှောင်းကဝင်လာလိုက်ရင်း "ဆွေးနွေးပြီးသွားပြီလား?"

ဝမ်မိန်စန့်က ဒီလူမှာလုပ်နိုင်စွမ်းရှိလိမ့်မယ်လို့ ခန်မှန်းလိုက်မိတာကြောင့် "ဆွေ့ဆွေ့ကselfieမဆွဲတတ်ဘူးဖြစ်နေလို့ ကျဲကသူ့ကိုselfieတစ်ပုံလောက် Weiboမှာတင်စေချင်တာ ဒါပေမဲ့သူကလည်းသိပ်မရိုက်တတ်တော့ ဓာတ်ပုံဆရာခေါ်ရင်ကောင်းမလားလို့ ကျဲစဥ်းစားနေတာ"

ဖုကျင်းရှောင်းက ဆိုဖာပေါ်မှာသတိကြီးကြီးနဲ့ထိုင်နေတဲ့ ကောင်လေးကိုကြည့်လိုက်တယ်။

ကျန်ရှင်းဆွေ့ သူ့အိုင်ဒေါရှေ့မှာမျက်နှာပျက်ရတာကြောင့် ရှက်နေမိတယ်။ မျက်နှာကမသိလိုက်ပါသာနဲ့နီရဲလာပြီး မျက်ဝန်းလေးကလည်း သနားစရာကောင်းတဲ့အကြည့်လေးနဲ့ ဖုကျင်းရှောင်းကိုကြည့်လိုက်မိတယ်။

ဖုကျင်းရှောင်းမျက်ခုံးပင့်လိုက်မိပြီး ဆိုဖာကိုမှီကာသူ့ကိုပျင်းပျင်းရိရိကြည့်လိုက်တယ် "selfieလား?"

ကျန်ရှင်းဆွေ့ အသံတိုးတိုးနဲ့တုံ့ပြန်လိုက်တယ်။

"လာ ကိုယ်ကူပြီးရိုက်ပေးမယ်" ဖုကျင်းရှောင်းလက်ဆန့်လိုက်ပြီး သူ့ဆီကဖုန်းတောင်းလိုက်တယ်။

ကျန်ရှင်းဆွေ့ကြောင်အသွားမိတယ်။

ဖုကျင်းရှောင်း ခါးကိုတစ်ဝက်နီးပါးကိုင်းထားပြီး အပြုံးလေးနဲ့ပြောလာတယ် "ကိုယ့်ကိုမယုံဘူးလား?"

ကျန်ရှင်းဆွေ့ အလျင်အမြန်ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး မဟုတ်ပါဘူး!"

တစ်နေ့ကျရင် ဖုကျင်းရှောင်းကသူ့ကိုဓာတ်ပုံရိုက်ပေးလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒါကအိမ်မက်တစ်ခုလိုပဲ ယုံဖို့ရာခက်ခဲလွန်းလှတယ်။

ဖုကျင်းရှောင်းဖုန်းကိုလက်ခံယူလိုက်ပြီး ကျန်ရှင်းဆွေ့ကိုကြည့်ကာပြောလာတယ် "ရူးအအလေးထိုင်နေရင်တော့ အဆင်မပြေဘူးနော် မင်းပို့စ်ပေးဖို့လိုတယ်လေ"

ကျန်ရှင်းဆွေ့ တောင့်တောင့်ကြီးလက်ဆန့်ထုတ်လာကာ လက်နှစ်ချောင်းထောင်ဖို့ပြင်လိုက်တယ်။

ဖုကျင်းရှောင်း မသိလိုက်ပါသာနဲ့ပါးစပ်ထောင့်စွန်းလေးက အပေါ်ကိုကွေးတက်သွားရတော့တယ်။ ကျန်ရှင်းဆွေ့က အဖိုးတန်ကောင်လေးတစ်ယောက်ဆိုတာ သူသတိထားမိလာရတယ်။ သူတို့နှစ်ယောက်တွေ့တဲ့အချိန်တိုင်း ဘာပဲလုပ်လုပ်သူ့စိတ်ကို ပျော်ရွှင်လာအောင်လုပ်နိုင်တယ်။

ဖုကျင်းရှောင်းရဲ့မျက်ဝန်းထဲမှာ ပြုံးယောင်သန်းနေတာကိုကြည့်ရင်း ကျန်ရှင်းဆွေ့ရှက်သွားတော့တယ်။ လက်လေးကိုပြန်ချလိုက်ရင်း ဘယ်နားမှားသွားမှန်းမသိဖြစ်နေတော့တယ်။

ဖုကျင်းရှောင်းက သူစိတ်လှုပ်ရှားနေတာကိုသိတာကြောင့် လက်ထဲကဖုန်းကိုချလိုက်ပြီး သူ့ရှေ့ကိုလျှောက်သွားလိုက်တယ်။ ပြီးတော့ကိုယ်တိုင်ပဲ သူ့ကိုပိုစ့်ပြင်ပေးလိုက်တော့တယ်။ အမျိုးသားရဲ့လက်ဖဝါးကြီးက နွေးထွေးနေပြီး ကျန်ရှင်းဆွေ့ရဲ့လက်မောင်းကိုကိုင်လိုက်ကာ အောက်ချစေတယ်။ ပြီးတော့ဘေးစားပွဲပေါ်က စာအုပ်တစ်အုပ်ယူလိုက်ပြီး ကျန်ရှင်းဆွေ့ကိုစာအုပ်လှန်ထားစေကာ ကိုယ်နေဟန်ထားပြင်ပေးနေတယ်။ သူတို့နှစ်ယောက်ရဲ့အကွာအဝေးက အရမ်းနီးကပ်လွန်းနေတယ်။ နီးလွန်းလို့ဖုကျင်းရှောင်းကိုယ်ပေါ်က အလွန်မွှေးပြီး ကျော့ရှင်းနေတဲ့ကိုယ်သင်းနံ့ကိုတောင် ကျန်ရှင်းဆွေ့ရနေရတယ်။

နှလုံးခုန်နှုန်းက မသိလိုက်ပါသာနဲ့မြန်ဆန်လာရတယ်။ သူ့တစ်ကိုယ်လုံးလည်း တောင့်တင်းသွားရတော့တယ်။ ဖုကျင်းရှောင်းကအနားကပ်ပြီး သူ့ကိုပိုစ့်ပေးဖို့လုပ်ပေးနေချိန် သူ့ဦးနှောက်ကပါဝါပိတ်သွားသလို ဘာမှမတုံ့ပြန်နိုင်တော့ဘူး။

ဖုကျင်းရှောင်းရဲ့အသံက နားအထက်ကနေ ထွက်ပေါ်လာတယ် "ကျန်ရှင်းဆွေ့"

ကျန်ရှင်းဆွေ့ကြောင်အသွားပြီးမှ စိတ်နဲ့ကိုယ်ပြန်ကပ်လာပြီး ထစ်အအနဲ့ "ဖုလောင်ရှီး?"

"မင်းကတော့လေ" ဖုကျင်းရှောင်း တစ်ဝက်ကစနောက်မှုနဲ့ ပြောလာတယ် "ကိုယ်ကတခြားတစ်ယောက်အတွက် ပထမဆုံးအကြိမ် ဓာတ်ပုံဆရာလုပ်ပေးတာပဲ ကိုယ်ကမင်းအတွက် အချိန်ပိုင်းလုပ်နေတာကို မင်းကစိတ်လွတ်သွားဖို့ အချိန်ရှိနေသေးတယ်ပေါ့?"

ကျန်ရှင်းဆွေ့မျက်နှာနီရဲလာပြီး နှလုံးခုန်တွေမြန်လာရပြန်တယ်။ သူစိတ်လှုပ်ရှားစွာနဲ့ ရှင်းပြလာတယ် "မဟုတ်ပါဘူး ကျွန်တော်တမင်မဟုတ်ပါဘူး....."

ကောင်လေးက သနားစရာကောင်းနေတယ်။

အဆောက်အဦအပြင်ဘက်က နေအလင်းရောင်ဟာ အခန်းထဲဝင်ရောက်လာခဲ့တယ်။ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ လူငယ်လေးရဲ့ပုခုံးပေါ်ကို ရွှေဝါရောင်အလင်းရောင်က ကျရောက်နေတယ်။ သူ့ရဲ့မျက်နှာကအနည်းငယ်နီရဲနေပြီး လက်ထဲမှာလည်းစာမျက်နှာအနည်းငယ်လှန်ထားတဲ့ စာအုပ်ကိုကိုင်ထားတယ်။ နှလုံးသားအပြည့်နဲ့ ဂရုတစိုက်အကြည့်ခံရလိုက်တဲ့အချိန်မှာ ဒါကသူ့ကမ္ဘာကြီးဆိုတဲ့ ခံစားချက်မျိုးရလာစေတယ်။ ခံစားချက်တွေစတင်လာပြီး အချစ်ကလည်းပေါက်ဖွားလာခဲ့တယ်။

ဖုကျင်းရှောင်းက "ပြုံးပါဦး"

ကျန်ရှင်းဆွေ့သူ့ကိုကြည့်နေရင်း ရှက်ရွံ့နေတဲ့အပြုံးလေးထွက်ပေါ်လာတယ်။

ဖုန်းက'ချလပ်'ဆိုပြီးအသံထွက်လာကာ ဒီနွေးထွေးနဲ့နေ့လယ်ခင်းလေးကို မှတ်တမ်းတင်ထားလိုက်တယ်။ ဒါကFengHuaအင်တာတိန်းမန့်ရဲ့ရုံးခန်းထဲမှာ ပထမဆုံးရိုက်ဖြစ်တဲ့ဓာတ်ပုံဖြစ်ခဲ့ပြီး ကျန်ရှင်းဆွေ့FengHuaရဲ့အနုပညာရှင်အဖြစ် ပထမဆုံးအမှတ်တရအနေနဲ့ ချန်ထားခဲ့တဲ့ဓာတ်ပုံလည်းဖြစ်တော့တယ်။

ဓာတ်ပုံရိုက်လိုက်ပြီးနောက် ဖုကျင်းရှောင်းသူ့လက်ထဲကပုံကို တစ်ချက်ကြည့်လိုက်တယ်။ ရှက်ရွံ့မှုအနည်းငယ်ရှိနေပေမဲ့ အလွန်ချောမောလှလေတယ်။ ကြည့်မိလိုက်ရင်ဘယ်သူက စိတ်မလှုပ်ရှားဘဲနေမတဲ့လဲ။ ဒီဓာတ်ပုံကိုရိုက်ထားတာမကောင်းဘူးလို့ပြောလို့မရဘူး။ အရမ်းကောင်းတယ်လို့တောင် ပြောရလောက်မယ်။ ဒီပုံသာထုတ်ပေးလိုက်ရင် ဆူညံပွက်လောရိုက်သွားမှာစိုးရတယ်။

ဝမ်မိန်စန့်အနားကပ်လာပြီး "ဘယ်လိုလဲဘယ်လိုလဲ? ကျဲကြည့်ကြည့်ရမလား?"

ဖုကျင်းရှောင်းခဏစဥ်းစားလိုက်ပြီးမှ "ဘယ်လိုမှမနေပါဘူး"

ဝမ်မိန်စန့်ကြောင်အသွားတော့တယ်။

ဖုကျင်းရှောင်းဖုန်းစခရင်ကိုပိတ်လိုက်ပြီး သူမကိုမပြလေဘူး "ကျဲသူ့အတွက်ဓာတ်ပုံဆရာကိုလာခိုင်းလိုက်ပါ ကောင်းတာလေးရှာဖို့မမေ့နဲ့နော် ကျွန်တော်ပုံမှန်ရိုက်နေကျတစ်ယောက်လေ"

အရမ်းမဝေးတဲ့နေရာကကျန်ရှင်းဆွေ့က သူတို့ဘာပြောနေတာလဲဆိုတာ ကောင်းကောင်းမကြားရတာကြောင့် ခြေလှမ်းသေးသေးလေးတွေနဲ့ရောက်လာပြီး နည်းနည်းတုံ့ဆိုင်းစွာနဲ့မေးလာတယ် "ဘာဖြစ်လို့လဲ?"

"အော ဘာမှမဟုတ်ပါဘူး" ဖုကျင်းရှောင်းကလေးနက်စွာပဲ သိမ်မွေ့တဲ့မျက်နှာပေါ်မှာ အပြုံးလေးဖြစ်ပေါ်လာပြီး လူကြီးလူကောင်းတစ်ယောက်လို "မင်းရဲ့ဝမ်ကျဲက ကိုယ်ပုံရိုက်တာမကောင်းဘူးပြောပြီး မင်းအတွက်ဓာတ်ပုံဆရာတစ်ယောက် ထပ်ရှာပေးဖို့ပြောနေတာ"

ကျန်ရှင်းဆွေ့ "အာ"ခနဲဖြစ်သွားပြီး ဝမ်မိန်စန့်ကိုကြည့်လိုက်တယ်။

ဖုကျင်းရှောင်းခေါင်းညိတ်လိုက်ရင်း "အင်း ဒါပေမဲ့ကိုယ့်အထင်တော့မဆိုးပါဘူး ပြီးတော့ ကိုယ့်ရဲ့ပထမဆုံးဓာတ်ပုံလေးလည်းဖြစ်တယ်လေ ဒီမှာမင်းရဲ့ဖုန်း ခဏနေရင်Wechatကနေ ပို့ပေးပါဦး ကိုယ်သိမ်းထားချင်လို့"

ကျန်ရှင်းဆွေ့သူ့ကိုသံသယမဝင်ခဲ့ဘူး။ ရုပ်ရှင်ဧကရာဇ်ဖုက သူ့ဓာတ်ပုံဖြစ်တာကြောင့် သိမ်းထားချင်တာမျိုး ဘယ်ဟုတ်ပါ့မလဲ။ ပထမဆုံးရိုက်ပေးတဲ့ဓာတ်ပုံမလို့နေမှာပါ။ သူကောင်းကောင်းမလုပ်နိုင်ခဲ့တာဆိုးတာပဲ။ ဖုကောကိုတောင် ဝမ်ကျဲသံသယဝင်တာ ခံရစေခဲ့သေးတယ် "ဟုတ်ကဲ့ဖုလောင်ရှီး ကောကိုအလုပ်ရှုပ်စေမိခဲ့ပြီ"

ဖုကျင်းရှောင်းကစီနီယာတစ်ယောက်လို မျက်နှာပေါ်မှာအပြုံးလေးချိတ်ဆွဲရင်း ယဥ်ကျေးသိမ်မွေ့စွာပဲ "အားနာစရာမလိုပါဘူး လုပ်ပေးသင့်တာပါ"

အကုန်လုံးကိုမျက်မြင်တွေ့ခဲ့ရသူ ဝမ်မိန်စန့် ".........."

ထုံနေပါပြီလေ။

..........

အနည်းငယ်မှောင်လာတဲ့အချိန်မှာ အင်တာနက်သုံးစွဲသူတွေ လိုင်းတက်လာကြတယ်။ နှစ်တစ်သောင်းလောက် ပိုစ့်အသစ်မတင်တဲ့ကျန်ရှင်းဆွေ့က..... ပိုစ့်အသစ်တင်ထားတယ်!

ဓာတ်ပုံထဲကလူငယ်လေးက လအနည်းငယ်လောက်မတွေ့လိုက်ရတာ ဆံပင်တွေတောင်အတော်လေးရှည်လာခဲ့ပြီ။ ဒါပေမဲ့ကတုံးပေါက်လေးနဲ့ယှဥ်ရင်တော့ ပိုပြီးချောလာသလိုပဲ။ သူကစန္ဒယားရှေ့မှာထိုင်နေပြီး မျှော်လင့်ချက်ရောင်ခြည်သန်းနေတဲ့အကြည့်လေးနဲ့ နောက်လှည့်ကြည့်နေခဲ့တယ်။ နီရဲနေတဲ့နှုတ်ခမ်းလေးတွေနဲ့ ဖြူဖွေးနေတဲ့သွားလေးတွေ၊ အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ထားပြီး ဖြောင့်မတ်စွာထိုင်နေတဲ့ကိုယ်ခန္ဓာ။ သူကမြင့်မြတ်တဲ့ သခင်ငယ်လေးတစ်ယောက်လိုဖြစ်ပြီး မျက်လုံးလေးတွေကလည်း တောက်ပနေကာ အလွန်လှပနေခဲ့တယ်။

ဖန်တွေလည်းပြောလာကြတယ် :

"လနည်းနည်းလောက်မတွေ့ရတာ ဆွေ့ဆွေ့ပေါင်ပေ့(ကလေးလေးဆွေ့ဆွေ့) ဘယ်လိုလောက်ဒီလောက်တောင် ပိုကြည့်လို့ကောင်းလာရတာလဲ!"

"ကတုံးပေါက်လေးက အရွယ်ရောက်လာခဲ့သလို ပိုလည်းသန်မာလာခဲ့ပြီပဲ"

"အိမ်ကကလေးလေး အရွယ်ရောက်လာတဲ့ခံစားချက်မျိုးပဲ ဝူးဝူး....."

"အရင်ကခံစားချက်မျိုးနဲ့မတူတော့ဘူးလို့ အမြဲပဲခံစားမိနေခဲ့တာ ပိုပြီးပျော်ရွှင်လာသလိုပဲနော်"

"ငါ့ရဲ့ဆွေ့ဆွေ့လေး အခုတစ်လောပျော်ရွှင်နေရရဲ့လား?"

ပိုစ့်မှာကစာသားအနည်းငယ်နဲ့ တွဲတင်ထားတာဖြစ်တယ်။ အရမ်းတိုနေတယ်ဆိုပေမဲ့ စိတ်ရင်းအမှန်နဲ့ဖြစ်တယ်။ ကျန်ရှင်းဆွေ့V : "အခုတစ်လော ကောင်းကောင်းရှင်သန်သွားဖို့အတွက် ပြင်ဆင်နေပါတယ် မင်းလေးတို့ရဲ့တည်ရှိပေးနေမှုအတွက်လည်း ကျေးဇူးတင်ပါတယ် အနာဂတ်နေ့ရက်တွေမှာ ငါတို့အတူတူ ထွန်းလင်းတောက်ပကြရအောင်"

သွယ်ဝိုက်ပြီးပြောသွားပေမဲ့ ကြိုးစားတဲ့ဖန်တော်တော်များများကို ပျော်ရွှင်သွားစေတုန်းပဲ :

"ဆွေ့ဆွေ့ ကောင်းကောင်းရှင်သန်ရမယ်နော်!"

"ကျန်းမိသားစုမှာ ကောခံစားခဲ့ရတာတွေကို ပြန်စဥ်းစားမိရင် ရင်နာရတုန်းပဲ"

"ပြီးတော့'StarLight'မှာတုန်းက မွေးနေ့ကတစ်ရက်တည်းဆိုတာ အသိသာကြီးပေမဲ့ ငါတို့ဆွေ့ဆွေ့လေးကျပါမလာခဲ့ဘူး"

"ဝူးဝူးဝူး ကောရဲ့မိဘအရင်းက ဘယ်သူတွေမှန်းမသိပေမဲ့ ငါတို့ဆွေ့ဆွေ့လေးနောက်ဆုံးတော့ ကောင်းကောင်းရှင်သန်နိုင်တော့မယ် အရမ်းပျော်တာပဲ!"

တခြားအိုင်ဒေါနောက်လိုက်တဲ့သူတွေလိုမဟုတ်ဘဲ ကျန်ရှင်းဆွေ့ရဲ့ဖန်တွေက သူတို့ရဲ့အိုင်ဒေါကို အရမ်းချစ်ခင်ကြတယ်။

တော်တော်များများက 'StarLight'ကနေ ကျန်ရှင်းဆွေ့ကိုသိလာခဲ့ကြတာဖြစ်တယ်။ သူ့ကိုသဘောကျသွားရတဲ့ အကြောင်းအရင်းကတော့ အရမ်းရိုးရှင်းတယ်။ လူတိုင်းကကျန်ရှင်းဆွေ့ကိုယ်ပေါ်ကနေ အရမ်းကြိုးစားပေမဲ့ အောင်မြင်မှုမရရှိတာကိုတွေ့ခဲ့ရတယ်။ သာမာန်ဖြစ်နေပေမဲ့ အံ့ဩစရာတွေစောင့်မျှော်နေတာကိုလည်း မြင်ခဲ့ရတယ်။ ဒီကလေးက အခက်အခဲတွေနဲ့ မိုးပြင်းလေပြင်းတွေ ရင်ဆိုင်ခဲ့ရတာကိုလည်း မြင်တွေ့ခဲ့ကြရသေးတယ်။ ဒါကြောင့်လည်း သူတို့အရမ်းချစ်နေရတာဖြစ်တယ်။

အားလုံးကဆုတောင်းပေးနေကြချိန် ပို့စ်တင်ပြီး၁၀မိနစ်လောက်ကြာတော့ အန်းရန်ကforwardလုပ်လိုက်တဲ့အပြင် အပြုံးမျက်နှာလေးတောင်ပါလာသေးတယ်။ သူကအပြုသဘောဆောင်လျက်ရှိပြီး "ဆွေ့ဆွေ့ ငါတို့အတူတူကြိုးစားကြမယ်! မကြာခင်မှာပဲ မင်းနဲ့တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ် အဲ့ကျရင်ကိတ်မုန့်စားဖို့ဖိတ်မယ်နော်~"

____________________
Word – 3903
Jan 23, 2023(Mon)
Xiao Dream

ဆွေ့ဆွေ့လိုဓာတ်ပုံရိုက်ရင် ပို့စ်မပေးတတ်တာတော့တူပေမဲ့ Dreamမှာက ပို့စ်ပြင်ပေးမဲ့ဖုကောမရှိဘူး ဆိုးဆပ်။ အိုင်း😣 ဂွတ်နိုက်ပါ။





Zawgyi

က်န္ေခါ့၏အရွက္ကြဲမႈ
____________________

က်န္ရွင္းေဆြ႕ ဖုန္းကိုလက္ခံယူလိုက္ၿပီး Weiboရဲ႕အခ်ိန္နဲ႔တစ္ေျပးညီတက္လာတဲ့ မဲအေရအတြက္စာရင္းကို ၾကည့္လိုက္တယ္။

Top1 : က်န္ရွင္းေဆြ႕

Top2 : ဝမ္းရွန္းေကာ

Top3 : ..........

က်န္ရွင္းေဆြ႕ၾကည့္လိုက္ၿပီးေနာက္ အနည္းငယ္အံ့အားသင့္စြာနဲ႔ ေျပာလိုက္တယ္ "ဝမ္းရွန္းေကာကေရာ ေမွ်ာ္လင့္ခ်က္ရွိလား?"

ဝမ္မိန္စန္႔ သူမရဲ႕အျဖဴေရာင္မ်က္မွန္ကိုင္းကိုတြန္းလိုက္ရင္း "ေသခ်ာတာေပါ့ ဒါေပမဲ့ပထမေနရာကသာ regular memberအျဖစ္ပါဝင္ႏိုင္မွာ ဒုတိယေနရာကစလို႔ေနာက္ပိုင္းေတြက တစ္ပတ္စီလာၿပီး guestအျဖစ္ပဲပါဝင္ႏိုင္မွာ"

က်န္ရွင္းေဆြ႕ ပထမေတာ့စိတ္ပ်က္သြားၿပီးမွ ေပ်ာ္႐ႊင္လာရျပန္တယ္ "အဲ့တာဆိုတကယ္လို႔ ကြၽန္ေတာ္အေ႐ြးမခံလိုက္ရဘူးဆိုရင္ေတာင္ ေနာက္ပိုင္းက်guestလုပ္ဖို႔ အခြင့္အေရးရွိေသးတယ္ေပါ့?"

ဝမ္မိန္စန္႔သိပ္ေတာ့ သေဘာမတူခ်င္ေလဘူး။ သူမက "ေဆြ႕ေဆြ႕ မင္းနားလည္လိမ့္မယ္လို႔ က်ဲေမွ်ာ္လင့္တယ္ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ဘယ္လိုအေျခေနမ်ိဳးပဲျဖစ္ျဖစ္ အၿမဲတမ္းအႏိုင္ရရမယ္ဆိုတဲ့ စိတ္နဲ႔ပဲလုပ္သင့္တယ္ ဒီေလာကထဲမွာ မင္းကသာေရွ႕မတိုးဘူးဆိုရင္ အေနာက္ေရာက္သြားမွာပဲ လူေတာ္ေတာ္မ်ားမ်ားက အရင္းျမစ္ကိစၥအတြက္နဲ႔တင္ သူငယ္ခ်င္းေကာင္းေတြနဲ႔လည္း အျငင္းပြားရတာေတြရွိၾကရတာပဲ အေျခအေနနဲ႔အခ်ိန္အခါက မင္းကိုလူေကာင္းေတြနဲ႔ေတြ႕ဖို႔ ကူညီေပးမွာပါ မင္းလုပ္ဖို႔လိုအပ္တာက သတၱိရွိရွိနဲ႔ေရွ႕ဆက္လွမ္းေနဖို႔ပဲ မဟုတ္ရင္...."

က်န္ရွင္းေဆြ႕က လိမ္လိမ္မာမာနဲ႔ သူမကိုၾကည့္ေနခဲ့တယ္။

ဝမ္မိန္စန္႔က မဲအေရအတြက္ေတြေအာက္က ေကာမန္႔ေတြကိုသူ႔ကိုျပလိုက္တယ္။ သူမရယ္လိုက္ရင္း "မင္းကိုအားေပးေနတဲ့သူေတြကို လ်စ္လ်ဴရႈလိုက္မလို႔လား?"

က်န္ရွင္းေဆြ႕ ေကာမန္႔ေတြကိုၾကည့္လိုက္ေတာ့ သူ႔ရဲ႕ဖန္ေတြအမ်ားႀကီးကိုေတြ႕လိုက္ရတယ္ :

"ေဆြ႕ေဆြ႕ အရမ္းလြမ္းတာပဲ ေသခ်ာေပါက္ျပန္လာရမယ္ေနာ္!"

"အားလုံးေဆြ႕ေဆြ႕ကို မဲေပး,ေပးလို႔ရမလားဟင္ ကေလးကအရင္တစ္ေခါက္တုန္းက ျဖတ္ခ်ခံလိုက္ရတဲ့ေနရာမွာက်န္ခဲ့တာ အရမ္းသနားဖို႔ေကာင္းတာပဲ"

"ငါေတာ့ အေဒၚ၈ေယာက္ရဲ႕ ဖုန္းေတြနဲ႔အကုန္မဲေပးၿပီးသြားၿပီ"

"အရင္တစ္ေခါက္ကေနာင္တေတြနဲ႔ ဒီတစ္ေခါက္မွာေတာ့ ငါအဆုံးထိရပ္တည္သြားေပးမယ္!"

"ေဆြ႕ေဆြ႕စိတ္မပူနဲ႔ ငါတို႔ကအၿမဲတမ္း မင္းေနာက္မွာရွိေနေပးမွာပါ~"

က်န္ရွင္းေဆြ႕ တစ္ခုၿပီးတစ္ခုေသာ ေကာမန္႔ေတြကို ၾကည့္ရင္းၾကည့္ရင္းနဲ႔ တစ္ခ်ိဳ႕ဖန္ေတြရဲ႕ ႏွစ္သိမ့္ေပးမႈေတြနဲ႔ အားေပးမႈေတြကိုေတြ႕လိုက္ရတယ္။ သူ႔ႏွာေခါင္းေလးခ်ဥ္လာရၿပီး ႏွလုံးသားထဲမွာလည္း အေႏြးစီးေၾကာင္းေလးတစ္ခု ျဖတ္သန္းစီးဆင္းသြားရတယ္။ တျခားသူေတြဆီကေန အားေပးမႈေတြနဲ႔ သေဘာက်ႏွစ္သက္မႈေတြခံရလိမ့္မယ္လို႔ သူတစ္ခါမွမထင္ထားခဲ့ဖူးဘူး။ ရွက္သြားသလိုေတာင္ ခံစားလိုက္ရေတာ့တယ္။

ဝမ္မိန္စန္႔ကေဘးကေန "ဆိုေတာ့ မင္းနားလည္သြားၿပီလား တကယ္လို႔အေ႐ြးမခံခဲ့ရဘူးဆိုရင္ တကယ္လို႔မႀကိဳးစားဘူးဆိုရင္ လူေတြအမ်ားႀကီးကို စိတ္ပ်က္ေစလိမ့္မယ္ေနာ"

က်န္ရွင္းေဆြ႕ရဲ႕မ်က္လုံးေတြက တည္ၿငိမ္သြားၿပီး သူေခါင္းညိတ္လာတယ္ "ကြၽန္ေတာ္ႀကိဳးစားမွာပါ!"

ဝမ္မိန္စန္႔ေက်နပ္သြားတဲ့အၿပဳံးေလး ထြက္ေပၚလာရေတာ့တယ္။

က်န္ရွင္းေဆြ႕က ေနာက္တစ္စကၠန္႔ေလာက္ေနေတာ့ ထပ္ေျပာလာလိမ့္မယ္လို႔ ဘယ္သူထင္ထားမွာလဲ "ကြၽန္ေတာ့္အရန္ဖုန္းေလးကို သြားရွာၿပီးေတာ့လည္း ကိုယ့္အတြက္ကိုယ္မဲေပးရမယ္"

".........."

ေအးဂ်င့္တိတ္ဆိတ္သြားရေတာ့တယ္။

ဝမ္မိန္စန္႔က ဒီကေလးအားနည္းေနဦးမွာလို႔ထင္မိတာေၾကာင့္ အကူညီမဲ့စြာနဲ႔ေျပာလိုက္တယ္ "တစ္မဲႏွစ္မဲနဲ႔က ဘယ္ေလာက္မွကြာမသြားဘူး က်ဲအထင္ေတာ့မင္းweibo postတစ္ခုေလာက္တင္သင့္တယ္ ပထမအခ်က္အေနနဲ႔ မင္းရဲ႕selfieပုံကို ဖန္ေတြအတြက္လက္ေဆာင္အျဖစ္ေပါ့ ေနာက္အခ်က္အေနနဲ႔ကေတာ့ ေက်ာ္ၾကားမႈျပန္ယူတာေပါ့ အကုန္လုံးကအက်ိဳးရွိမဲ့ဟာေတြခ်ည္းပဲ"

က်န္ရွင္းေဆြ႕ ဆိုဖာေပၚမွာထိုင္ေနၿပီး selfieဆိုတာကိုၾကားခ်ိန္ တစ္ကိုယ္လုံးေအးခဲသြားေတာ့တယ္။

ဝမ္မိန္စန္႔က သံသယျဖစ္စြာနဲ႔ေမးလိုက္တယ္ "ဘာျဖစ္လို႔လဲ?"

က်န္ရွင္းေဆြ႕ အနည္းငယ္ရွက္႐ြံ႕စြာနဲ႔ျပန္ေျဖလာတယ္ "ကြၽန္... ကြၽန္ေတာ္က selfie႐ိုက္တဲ့ေနရာမွာ သိပ္မေတာ္ဘူး"

အႏုပညာရွင္တစ္ေယာက္အေနနဲ႔ အနည္းနဲ႔အမ်ားေတာ့ အရည္အခ်င္းရွိလိမ့္မယ္လို႔ ဝမ္မိန္႔စန္းထင္လိုက္တယ္။ အဲဒါေၾကာင့္ "အဲ့တာဆို မင္းဒီမွာပဲတစ္ပုံေလာက္႐ိုက္ၿပီး က်ဲကိုျပၾကည့္ေလ"

က်န္ရွင္းေဆြ႕ကေသခ်ာေပါက္ပဲ ေအးဂ်င့္ကိုမ်က္ႏွာပ်က္ေစမွာမဟုတ္ဘူး။ အဲဒါေၾကာင့္ဝမ္မိန္စန္႔ရဲ႕ေရွ႕မွာပဲ ဖုန္းထုတ္လိုက္ၿပီး ေရွ႕ကင္မရာဖြင့္လိုက္တယ္။ ၿပီးေတာ့ ကင္မရာကိုၾကည့္လိုက္ၿပီး လက္ႏွစ္ေခ်ာင္းေထာင္လိုက္တယ္။

ဝမ္မိန္စန္႔ "....."

က်န္ရွင္းေဆြ႕ရဲ႕ ေမးျမန္းေနတဲ့မ်က္လုံးေတြေအာက္မွာ သူမျပန္ေျဖလိုက္တယ္ "ဒီလိုေျပာရေအာင္ေဆြ႕ေဆြ႕ ဒီလက္ပုံစံကို က်ဲလြန္ခဲ့တဲ့၁၀ႏွစ္ေလာက္ကတည္းက မသုံးေတာ့ဘူး"

က်န္ရွင္းေဆြ႕ငိုခ်င္ေပမဲ့ မ်က္ရည္ေတာ့က်မလာခဲ့ဘူး။

ႏွစ္ေယာက္သားစကားေျပာေနၾကတုန္း အေပၚထပ္ကေန အစည္းအေဝးလုပ္ၿပီးသြာတဲ့ ဖုက်င္းေရွာင္းကျပန္လာခဲ့တယ္။ ႐ုပ္ရွင္ဧကရာဇ္လူႀကီးမင္းက ဒီေန႔ေတာ့ပိုၿပီးသက္ေတာင့္သက္သာရွိတဲ့ အမဲေရာင္ထသြားထလာဝတ္စုံကို ဝတ္ဆင္ထားတယ္။ အရင္တစ္ေခါက္က အစီအစဥ္ကိုလာတုန္းကနဲ႔မတူေလဘူး။ ႐ုပ္ရွင္ဧကရာဇ္လူႀကီးမင္းက ပုံမွန္ဝတ္တာေတြက ေက်ာ္ၾကားတဲ့brandအဝတ္အစားေတြပဲျဖစ္တယ္။ အနက္ေရာင္fittingသိုးေမႊးဆြယ္တာနဲ႔ ေကာ္ဖီေဖ်ာ့ေရာင္ကုတ္က ၾကည့္ရတာပိုေက်ာ့ရွင္းေနၿပီး သက္ေတာင့္သက္သာရွိပုံလည္းေပၚတယ္။ ဆံပင္ကိုပုံသြင္းမထားတာကလည္း ဆြဲေဆာင္မႈတစ္မ်ိဳးျဖစ္ၿပီး ေခ်ာေမာေနျပန္တယ္။

ဖုက်င္းေရွာင္းကဝင္လာလိုက္ရင္း "ေဆြးေႏြးၿပီးသြားၿပီလား?"

ဝမ္မိန္စန္႔က ဒီလူမွာလုပ္ႏိုင္စြမ္းရွိလိမ့္မယ္လို႔ ခန္မွန္းလိုက္မိတာေၾကာင့္ "ေဆြ႕ေဆြ႕ကselfieမဆြဲတတ္ဘူးျဖစ္ေနလို႔ က်ဲကသူ႔ကိုselfieတစ္ပုံေလာက္ Weiboမွာတင္ေစခ်င္တာ ဒါေပမဲ့သူကလည္းသိပ္မ႐ိုက္တတ္ေတာ့ ဓာတ္ပုံဆရာေခၚရင္ေကာင္းမလားလို႔ က်ဲစဥ္းစားေနတာ"

ဖုက်င္းေရွာင္းက ဆိုဖာေပၚမွာသတိႀကီးႀကီးနဲ႔ထိုင္ေနတဲ့ ေကာင္ေလးကိုၾကည့္လိုက္တယ္။

က်န္ရွင္းေဆြ႕ သူ႔အိုင္ေဒါေရွ႕မွာမ်က္ႏွာပ်က္ရတာေၾကာင့္ ရွက္ေနမိတယ္။ မ်က္ႏွာကမသိလိုက္ပါသာနဲ႔နီရဲလာၿပီး မ်က္ဝန္းေလးကလည္း သနားစရာေကာင္းတဲ့အၾကည့္ေလးနဲ႔ ဖုက်င္းေရွာင္းကိုၾကည့္လိုက္မိတယ္။

ဖုက်င္းေရွာင္းမ်က္ခုံးပင့္လိုက္မိၿပီး ဆိုဖာကိုမွီကာသူ႔ကိုပ်င္းပ်င္းရိရိၾကည့္လိုက္တယ္ "selfieလား?"

က်န္ရွင္းေဆြ႕ အသံတိုးတိုးနဲ႔တုံ႔ျပန္လိုက္တယ္။

"လာ ကိုယ္ကူၿပီး႐ိုက္ေပးမယ္" ဖုက်င္းေရွာင္းလက္ဆန္႔လိုက္ၿပီး သူ႔ဆီကဖုန္းေတာင္းလိုက္တယ္။

က်န္ရွင္းေဆြ႕ေၾကာင္အသြားမိတယ္။

ဖုက်င္းေရွာင္း ခါးကိုတစ္ဝက္နီးပါးကိုင္းထားၿပီး အၿပဳံးေလးနဲ႔ေျပာလာတယ္ "ကိုယ့္ကိုမယုံဘူးလား?"

က်န္ရွင္းေဆြ႕ အလ်င္အျမန္ေခါင္းခါလိုက္ၿပီး "မဟုတ္ပါဘူး မဟုတ္ပါဘူး!"

တစ္ေန႔က်ရင္ ဖုက်င္းေရွာင္းကသူ႔ကိုဓာတ္ပုံ႐ိုက္ေပးလိမ့္မယ္လို႔ မထင္ထားမိဘူး။ ဒါကအိမ္မက္တစ္ခုလိုပဲ ယုံဖို႔ရာခက္ခဲလြန္းလွတယ္။

ဖုက်င္းေရွာင္းဖုန္းကိုလက္ခံယူလိုက္ၿပီး က်န္ရွင္းေဆြ႕ကိုၾကည့္ကာေျပာလာတယ္ "႐ူးအအေလးထိုင္ေနရင္ေတာ့ အဆင္မေျပဘူးေနာ္ မင္းပို႔စ္ေပးဖို႔လိုတယ္ေလ"

က်န္ရွင္းေဆြ႕ ေတာင့္ေတာင့္ႀကီးလက္ဆန္႔ထုတ္လာကာ လက္ႏွစ္ေခ်ာင္းေထာင္ဖို႔ျပင္လိုက္တယ္။

ဖုက်င္းေရွာင္း မသိလိုက္ပါသာနဲ႔ပါးစပ္ေထာင့္စြန္းေလးက အေပၚကိုေကြးတက္သြားရေတာ့တယ္။ က်န္ရွင္းေဆြ႕က အဖိုးတန္ေကာင္ေလးတစ္ေယာက္ဆိုတာ သူသတိထားမိလာရတယ္။ သူတို႔ႏွစ္ေယာက္ေတြ႕တဲ့အခ်ိန္တိုင္း ဘာပဲလုပ္လုပ္သူ႔စိတ္ကို ေပ်ာ္႐ႊင္လာေအာင္လုပ္ႏိုင္တယ္။

ဖုက်င္းေရွာင္းရဲ႕မ်က္ဝန္းထဲမွာ ၿပဳံးေယာင္သန္းေနတာကိုၾကည့္ရင္း က်န္ရွင္းေဆြ႕ရွက္သြားေတာ့တယ္။ လက္ေလးကိုျပန္ခ်လိုက္ရင္း ဘယ္နားမွားသြားမွန္းမသိျဖစ္ေနေတာ့တယ္။

ဖုက်င္းေရွာင္းက သူစိတ္လႈပ္ရွားေနတာကိုသိတာေၾကာင့္ လက္ထဲကဖုန္းကိုခ်လိုက္ၿပီး သူ႔ေရွ႕ကိုေလွ်ာက္သြားလိုက္တယ္။ ၿပီးေတာ့ကိုယ္တိုင္ပဲ သူ႔ကိုပိုစ့္ျပင္ေပးလိုက္ေတာ့တယ္။ အမ်ိဳးသားရဲ႕လက္ဖဝါးႀကီးက ေႏြးေထြးေနၿပီး က်န္ရွင္းေဆြ႕ရဲ႕လက္ေမာင္းကိုကိုင္လိုက္ကာ ေအာက္ခ်ေစတယ္။ ၿပီးေတာ့ေဘးစားပြဲေပၚက စာအုပ္တစ္အုပ္ယူလိုက္ၿပီး က်န္ရွင္းေဆြ႕ကိုစာအုပ္လွန္ထားေစကာ ကိုယ္ေနဟန္ထားျပင္ေပးေနတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕အကြာအေဝးက အရမ္းနီးကပ္လြန္းေနတယ္။ နီးလြန္းလို႔ဖုက်င္းေရွာင္းကိုယ္ေပၚက အလြန္ေမႊးၿပီး ေက်ာ့ရွင္းေနတဲ့ကိုယ္သင္းနံ႔ကိုေတာင္ က်န္ရွင္းေဆြ႕ရေနရတယ္။

ႏွလုံးခုန္ႏႈန္းက မသိလိုက္ပါသာနဲ႔ျမန္ဆန္လာရတယ္။ သူ႔တစ္ကိုယ္လုံးလည္း ေတာင့္တင္းသြားရေတာ့တယ္။ ဖုက်င္းေရွာင္းကအနားကပ္ၿပီး သူ႔ကိုပိုစ့္ေပးဖို႔လုပ္ေပးေနခ်ိန္ သူ႔ဦးေႏွာက္ကပါဝါပိတ္သြားသလို ဘာမွမတုံ႔ျပန္ႏိုင္ေတာ့ဘူး။

ဖုက်င္းေရွာင္းရဲ႕အသံက နားအထက္ကေန ထြက္ေပၚလာတယ္ "က်န္ရွင္းေဆြ႕"

က်န္ရွင္းေဆြ႕ေၾကာင္အသြားၿပီးမွ စိတ္နဲ႔ကိုယ္ျပန္ကပ္လာၿပီး ထစ္အအနဲ႔ "ဖုေလာင္ရွီး?"

"မင္းကေတာ့ေလ" ဖုက်င္းေရွာင္း တစ္ဝက္ကစေနာက္မႈနဲ႔ ေျပာလာတယ္ "ကိုယ္ကတျခားတစ္ေယာက္အတြက္ ပထမဆုံးအႀကိမ္ ဓာတ္ပုံဆရာလုပ္ေပးတာပဲ ကိုယ္ကမင္းအတြက္ အခ်ိန္ပိုင္းလုပ္ေနတာကို မင္းကစိတ္လြတ္သြားဖို႔ အခ်ိန္ရွိေနေသးတယ္ေပါ့?"

က်န္ရွင္းေဆြ႕မ်က္ႏွာနီရဲလာၿပီး ႏွလုံးခုန္ေတြျမန္လာရျပန္တယ္။ သူစိတ္လႈပ္ရွားစြာနဲ႔ ရွင္းျပလာတယ္ "မဟုတ္ပါဘူး ကြၽန္ေတာ္တမင္မဟုတ္ပါဘူး....."

ေကာင္ေလးက သနားစရာေကာင္းေနတယ္။

အေဆာက္အဦအျပင္ဘက္က ေနအလင္းေရာင္ဟာ အခန္းထဲဝင္ေရာက္လာခဲ့တယ္။ ထိုင္ခုံေပၚမွာထိုင္ေနတဲ့ လူငယ္ေလးရဲ႕ပုခုံးေပၚကို ေ႐ႊဝါေရာင္အလင္းေရာင္က က်ေရာက္ေနတယ္။ သူ႔ရဲ႕မ်က္ႏွာကအနည္းငယ္နီရဲေနၿပီး လက္ထဲမွာလည္းစာမ်က္ႏွာအနည္းငယ္လွန္ထားတဲ့ စာအုပ္ကိုကိုင္ထားတယ္။ ႏွလုံးသားအျပည့္နဲ႔ ဂ႐ုတစိုက္အၾကည့္ခံရလိုက္တဲ့အခ်ိန္မွာ ဒါကသူ႔ကမာၻႀကီးဆိုတဲ့ ခံစားခ်က္မ်ိဳးရလာေစတယ္။ ခံစားခ်က္ေတြစတင္လာၿပီး အခ်စ္ကလည္းေပါက္ဖြားလာခဲ့တယ္။

ဖုက်င္းေရွာင္းက "ၿပဳံးပါဦး"

က်န္ရွင္းေဆြ႕သူ႔ကိုၾကည့္ေနရင္း ရွက္႐ြံ႕ေနတဲ့အၿပဳံးေလးထြက္ေပၚလာတယ္။

ဖုန္းက'ခ်လပ္'ဆိုၿပီးအသံထြက္လာကာ ဒီေႏြးေထြးနဲ႔ေန႔လယ္ခင္းေလးကို မွတ္တမ္းတင္ထားလိုက္တယ္။ ဒါကFengHuaအင္တာတိန္းမန္႔ရဲ႕႐ုံးခန္းထဲမွာ ပထမဆုံး႐ိုက္ျဖစ္တဲ့ဓာတ္ပုံျဖစ္ခဲ့ၿပီး က်န္ရွင္းေဆြ႕FengHuaရဲ႕အႏုပညာရွင္အျဖစ္ ပထမဆုံးအမွတ္တရအေနနဲ႔ ခ်န္ထားခဲ့တဲ့ဓာတ္ပုံလည္းျဖစ္ေတာ့တယ္။

ဓာတ္ပုံ႐ိုက္လိုက္ၿပီးေနာက္ ဖုက်င္းေရွာင္းသူ႔လက္ထဲကပုံကို တစ္ခ်က္ၾကည့္လိုက္တယ္။ ရွက္႐ြံ႕မႈအနည္းငယ္ရွိေနေပမဲ့ အလြန္ေခ်ာေမာလွေလတယ္။ ၾကည့္မိလိုက္ရင္ဘယ္သူက စိတ္မလႈပ္ရွားဘဲေနမတဲ့လဲ။ ဒီဓာတ္ပုံကို႐ိုက္ထားတာမေကာင္းဘူးလို႔ေျပာလို႔မရဘူး။ အရမ္းေကာင္းတယ္လို႔ေတာင္ ေျပာရေလာက္မယ္။ ဒီပုံသာထုတ္ေပးလိုက္ရင္ ဆူညံပြက္ေလာ႐ိုက္သြားမွာစိုးရတယ္။

ဝမ္မိန္စန္႔အနားကပ္လာၿပီး "ဘယ္လိုလဲဘယ္လိုလဲ? က်ဲၾကည့္ၾကည့္ရမလား?"

ဖုက်င္းေရွာင္းခဏစဥ္းစားလိုက္ၿပီးမွ "ဘယ္လိုမွမေနပါဘူး"

ဝမ္မိန္စန္႔ေၾကာင္အသြားေတာ့တယ္။

ဖုက်င္းေရွာင္းဖုန္းစခရင္ကိုပိတ္လိုက္ၿပီး သူမကိုမျပေလဘူး "က်ဲသူ႔အတြက္ဓာတ္ပုံဆရာကိုလာခိုင္းလိုက္ပါ ေကာင္းတာေလးရွာဖို႔မေမ့နဲ႔ေနာ္ ကြၽန္ေတာ္ပုံမွန္႐ိုက္ေနက်တစ္ေယာက္ေလ"

အရမ္းမေဝးတဲ့ေနရာကက်န္ရွင္းေဆြ႕က သူတို႔ဘာေျပာေနတာလဲဆိုတာ ေကာင္းေကာင္းမၾကားရတာေၾကာင့္ ေျခလွမ္းေသးေသးေလးေတြနဲ႔ေရာက္လာၿပီး နည္းနည္းတုံ႔ဆိုင္းစြာနဲ႔ေမးလာတယ္ "ဘာျဖစ္လို႔လဲ?"

"ေအာ ဘာမွမဟုတ္ပါဘူး" ဖုက်င္းေရွာင္းကေလးနက္စြာပဲ သိမ္ေမြ႕တဲ့မ်က္ႏွာေပၚမွာ အၿပဳံးေလးျဖစ္ေပၚလာၿပီး လူႀကီးလူေကာင္းတစ္ေယာက္လို "မင္းရဲ႕ဝမ္က်ဲက ကိုယ္ပုံ႐ိုက္တာမေကာင္းဘူးေျပာၿပီး မင္းအတြက္ဓာတ္ပုံဆရာတစ္ေယာက္ ထပ္ရွာေပးဖို႔ေျပာေနတာ"

က်န္ရွင္းေဆြ႕ "အာ"ခနဲျဖစ္သြားၿပီး ဝမ္မိန္စန္႔ကိုၾကည့္လိုက္တယ္။

ဖုက်င္းေရွာင္းေခါင္းညိတ္လိုက္ရင္း "အင္း ဒါေပမဲ့ကိုယ့္အထင္ေတာ့မဆိုးပါဘူး ၿပီးေတာ့ ကိုယ့္ရဲ႕ပထမဆုံးဓာတ္ပုံေလးလည္းျဖစ္တယ္ေလ ဒီမွာမင္းရဲ႕ဖုန္း ခဏေနရင္Wechatကေန ပို႔ေပးပါဦး ကိုယ္သိမ္းထားခ်င္လို႔"

က်န္ရွင္းေဆြ႕သူ႔ကိုသံသယမဝင္ခဲ့ဘူး။ ႐ုပ္ရွင္ဧကရာဇ္ဖုက သူ႔ဓာတ္ပုံျဖစ္တာေၾကာင့္ သိမ္းထားခ်င္တာမ်ိဳး ဘယ္ဟုတ္ပါ့မလဲ။ ပထမဆုံး႐ိုက္ေပးတဲ့ဓာတ္ပုံမလို႔ေနမွာပါ။ သူေကာင္းေကာင္းမလုပ္ႏိုင္ခဲ့တာဆိုးတာပဲ။ ဖုေကာကိုေတာင္ ဝမ္က်ဲသံသယဝင္တာ ခံရေစခဲ့ေသးတယ္ "ဟုတ္ကဲ့ဖုေလာင္ရွီး ေကာကိုအလုပ္ရႈပ္ေစမိခဲ့ၿပီ"

ဖုက်င္းေရွာင္းကစီနီယာတစ္ေယာက္လို မ်က္ႏွာေပၚမွာအၿပဳံးေလးခ်ိတ္ဆြဲရင္း ယဥ္ေက်းသိမ္ေမြ႕စြာပဲ "အားနာစရာမလိုပါဘူး လုပ္ေပးသင့္တာပါ"

အကုန္လုံးကိုမ်က္ျမင္ေတြ႕ခဲ့ရသူ ဝမ္မိန္စန္႔ ".........."

ထုံေနပါၿပီေလ။

..........

အနည္းငယ္ေမွာင္လာတဲ့အခ်ိန္မွာ အင္တာနက္သုံးစြဲသူေတြ လိုင္းတက္လာၾကတယ္။ ႏွစ္တစ္ေသာင္းေလာက္ ပိုစ့္အသစ္မတင္တဲ့က်န္ရွင္းေဆြ႕က..... ပိုစ့္အသစ္တင္ထားတယ္!

ဓာတ္ပုံထဲကလူငယ္ေလးက လအနည္းငယ္ေလာက္မေတြ႕လိုက္ရတာ ဆံပင္ေတြေတာင္အေတာ္ေလးရွည္လာခဲ့ၿပီ။ ဒါေပမဲ့ကတုံးေပါက္ေလးနဲ႔ယွဥ္ရင္ေတာ့ ပိုၿပီးေခ်ာလာသလိုပဲ။ သူကစႏၵယားေရွ႕မွာထိုင္ေနၿပီး ေမွ်ာ္လင့္ခ်က္ေရာင္ျခည္သန္းေနတဲ့အၾကည့္ေလးနဲ႔ ေနာက္လွည့္ၾကည့္ေနခဲ့တယ္။ နီရဲေနတဲ့ႏႈတ္ခမ္းေလးေတြနဲ႔ ျဖဴေဖြးေနတဲ့သြားေလးေတြ၊ အျဖဴေရာင္ရွပ္အက်ႌကိုဝတ္ထားၿပီး ေျဖာင့္မတ္စြာထိုင္ေနတဲ့ကိုယ္ခႏၶာ။ သူကျမင့္ျမတ္တဲ့ သခင္ငယ္ေလးတစ္ေယာက္လိုျဖစ္ၿပီး မ်က္လုံးေလးေတြကလည္း ေတာက္ပေနကာ အလြန္လွပေနခဲ့တယ္။

ဖန္ေတြလည္းေျပာလာၾကတယ္ :

"လနည္းနည္းေလာက္မေတြ႕ရတာ ေဆြ႕ေဆြ႕ေပါင္ေပ့(ကေလးေလးေဆြ႕ေဆြ႕) ဘယ္လိုေလာက္ဒီေလာက္ေတာင္ ပိုၾကည့္လို႔ေကာင္းလာရတာလဲ!"

"ကတုံးေပါက္ေလးက အ႐ြယ္ေရာက္လာခဲ့သလို ပိုလည္းသန္မာလာခဲ့ၿပီပဲ"

"အိမ္ကကေလးေလး အ႐ြယ္ေရာက္လာတဲ့ခံစားခ်က္မ်ိဳးပဲ ဝူးဝူး....."

"အရင္ကခံစားခ်က္မ်ိဳးနဲ႔မတူေတာ့ဘူးလို႔ အၿမဲပဲခံစားမိေနခဲ့တာ ပိုၿပီးေပ်ာ္႐ႊင္လာသလိုပဲေနာ္"

"ငါ့ရဲ႕ေဆြ႕ေဆြ႕ေလး အခုတစ္ေလာေပ်ာ္႐ႊင္ေနရရဲ႕လား?"

ပိုစ့္မွာကစာသားအနည္းငယ္နဲ႔ တြဲတင္ထားတာျဖစ္တယ္။ အရမ္းတိုေနတယ္ဆိုေပမဲ့ စိတ္ရင္းအမွန္နဲ႔ျဖစ္တယ္။ က်န္ရွင္းေဆြ႕V : "အခုတစ္ေလာ ေကာင္းေကာင္းရွင္သန္သြားဖို႔အတြက္ ျပင္ဆင္ေနပါတယ္ မင္းေလးတို႔ရဲ႕တည္ရွိေပးေနမႈအတြက္လည္း ေက်းဇူးတင္ပါတယ္ အနာဂတ္ေန႔ရက္ေတြမွာ ငါတို႔အတူတူ ထြန္းလင္းေတာက္ပၾကရေအာင္"

သြယ္ဝိုက္ၿပီးေျပာသြားေပမဲ့ ႀကိဳးစားတဲ့ဖန္ေတာ္ေတာ္မ်ားမ်ားကို ေပ်ာ္႐ႊင္သြားေစတုန္းပဲ :

"ေဆြ႕ေဆြ႕ ေကာင္းေကာင္းရွင္သန္ရမယ္ေနာ္!"

"က်န္းမိသားစုမွာ ေကာခံစားခဲ့ရတာေတြကို ျပန္စဥ္းစားမိရင္ ရင္နာရတုန္းပဲ"

"ၿပီးေတာ့'StarLight'မွာတုန္းက ေမြးေန႔ကတစ္ရက္တည္းဆိုတာ အသိသာႀကီးေပမဲ့ ငါတို႔ေဆြ႕ေဆြ႕ေလးက်ပါမလာခဲ့ဘူး"

"ဝူးဝူးဝူး ေကာရဲ႕မိဘအရင္းက ဘယ္သူေတြမွန္းမသိေပမဲ့ ငါတို႔ေဆြ႕ေဆြ႕ေလးေနာက္ဆုံးေတာ့ ေကာင္းေကာင္းရွင္သန္ႏိုင္ေတာ့မယ္ အရမ္းေပ်ာ္တာပဲ!"

တျခားအိုင္ေဒါေနာက္လိုက္တဲ့သူေတြလိုမဟုတ္ဘဲ က်န္ရွင္းေဆြ႕ရဲ႕ဖန္ေတြက သူတို႔ရဲ႕အိုင္ေဒါကို အရမ္းခ်စ္ခင္ၾကတယ္။

ေတာ္ေတာ္မ်ားမ်ားက 'StarLight'ကေန က်န္ရွင္းေဆြ႕ကိုသိလာခဲ့ၾကတာျဖစ္တယ္။ သူ႔ကိုသေဘာက်သြားရတဲ့ အေၾကာင္းအရင္းကေတာ့ အရမ္း႐ိုးရွင္းတယ္။ လူတိုင္းကက်န္ရွင္းေဆြ႕ကိုယ္ေပၚကေန အရမ္းႀကိဳးစားေပမဲ့ ေအာင္ျမင္မႈမရရွိတာကိုေတြ႕ခဲ့ရတယ္။ သာမာန္ျဖစ္ေနေပမဲ့ အံ့ဩစရာေတြေစာင့္ေမွ်ာ္ေနတာကိုလည္း ျမင္ခဲ့ရတယ္။ ဒီကေလးက အခက္အခဲေတြနဲ႔ မိုးျပင္းေလျပင္းေတြ ရင္ဆိုင္ခဲ့ရတာကိုလည္း ျမင္ေတြ႕ခဲ့ၾကရေသးတယ္။ ဒါေၾကာင့္လည္း သူတို႔အရမ္းခ်စ္ေနရတာျဖစ္တယ္။

အားလုံးကဆုေတာင္းေပးေနၾကခ်ိန္ ပို႔စ္တင္ၿပီး၁၀မိနစ္ေလာက္ၾကာေတာ့ အန္းရန္ကforwardလုပ္လိုက္တဲ့အျပင္ အၿပဳံးမ်က္ႏွာေလးေတာင္ပါလာေသးတယ္။ သူကအျပဳသေဘာေဆာင္လ်က္ရွိၿပီး "ေဆြ႕ေဆြ႕ ငါတို႔အတူတူႀကိဳးစားၾကမယ္! မၾကာခင္မွာပဲ မင္းနဲ႔ေတြ႕ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ အဲ့က်ရင္ကိတ္မုန္႔စားဖို႔ဖိတ္မယ္ေနာ္~"

____________________
Word – 3903
Jan 23, 2023(Mon)
Xiao Dream

ေဆြ႕ေဆြ႕လိုဓာတ္ပုံ႐ိုက္ရင္ ပို႔စ္မေပးတတ္တာေတာ့တူေပမဲ့ Dreamမွာက ပို႔စ္ျပင္ေပးမဲ့ဖုေကာမရွိဘူး ဆိုးဆပ္။ အိုင္း😣 ဂြတ္ႏိုက္ပါ။

Continue Reading

You'll Also Like

228K 20.6K 90
Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛 BL love novel (We have PaidGP) 💛💙💜💚❤...
280K 10.1K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...