Zawgyi
ထ်န္းမင္ရဲ႕အနမ္းေတြဟာ ပိုမိုျပင္းထန္လာခ်ိန္မွာ ခ်င္းယုေယာင္ဟာ ထ်န္းမင္ရဲ႕ေက်ာကို လက္နဲ႕ရိုက္ပုတ္လာေတာ့သည္၊ထိုအခါမွ ထ်န္းမင္ဟာ လႊတ္လိုက္ၿပီး ရွက္ေသြးျဖာေနတဲ့ခ်င္းယုေယာင္မ်က္ႏွာေလးကို စိုက္ၾကည့္ေနေတာ့သည္၊
ခ်င္းယုေယာင္ဟာ အသက္ကိုျပင္းျပင္းရႉသြင္းလိုက္ၿပီးေနာက္မွာ ထ်န္းမင္ရဲ႕ရင္ဘက္ကိုတြန္းထုတ္လိုက္ၿပီး အေဝးမွာရပ္ေနေတာ့သည္၊ထိုေနာက္မွာေတာ့ ကန္ထဲကေန တက္သြားၿပီး ေရစိုေနတဲ့အဝတ္ကိုခြၽတ္လိုက္ၿပီး ခုံေပၚက ေအာက္ခံအဝတ္ျဖဴကိုယူကာဝတ္လိုက္သည္။
"ဒါက ကိုယ့္အဝတ္ေလ..."
"ျပန္ခြၽတ္ေပးရမလား"ခ်င္းယုေယာင္စကားေၾကာင့္ ထ်န္းမင္ဟာရီေမာလိုက္ၿပီး သူလည္း ကန္ထဲကေနတက္လိုက္ၿပီး အေနာက္ကေန ခ်င္းေယာင္ကိုဖက္လိုက္ၿပီး ခ်င္းယုေယာင္ရဲ႕နားကို ဖြဖြေလးကိုက္လိုက္ၿပီး နား႐ြက္ေအာက္ေလးကို နမ္းလိုက္သည္၊
"ကိုယ္ပိုင္တာေတြက မင္းအပိုင္ျဖစ္လာမွာပဲေလ" ထ်န္းမင္စကားေၾကာင့္ ခ်င္းယုေယာင္ဟာ မ်က္ျဖဴလွန္ျပလိုက္ၿပီး အေရးမစိုက္စြာျဖင့္ ေရခ်ိဳးေဆာင္ကေနထြက္လာေတာ့သည္၊
'ထိုလူကို လစ္လ်ဴရႈထားရဦးမည္မလား'
ထ်န္းမင္ကေတာ့ သူရဲ႕ဝတ္႐ုံကို ၿခဳံလိုက္ၿပီး အေနာက္ကေန လိုက္လာေတာ့သည္၊ထိုေနာက္မွာ ကုတင္ေပၚမွာ ၿငိမ္သက္စြာလဲေလ်ာင္းေနတဲ့ခ်င္းယုေယာင္ကိုျမင္ေတာ့ သူဟာလည္း ေဘးနားတြင္ ကပ္လဲလိုက္ၿပီး ခါးသိမ္သိမ္ကို ဆြဲဖက္လိုက္သည္၊ရင္ခြင္ထဲက အမ်ိဳးသားေလးဟာ ႐ုန္းကန္ေနေပမယ့္ ထ်န္းမင္ဟာ မသိက်ိဳးကြၽံျပဳလိုက္ၿပီး တင္းၾကပ္စြာဖက္ထားသည္၊
ဒါေပမယ့္ ခ်င္းယုေယာင္ရဲ႕႐ုန္းကန္မႈဟာ ထ်န္းမင္ရဲ႕ေအာက္ပိုင္း စိတ္ႂကြေစသည္၊သူဟာ တင္းမာလာတဲ့ေအာက္ပိုင္းကို ခ်ဳပ္ထိန္းလိုက္ၿပီး ခ်င္းေယာင္ယုရဲ႕နားအနား ကပ္ကာ ေျပာလိုက္သည္၊
"လႈပ္ေနမယ္ဆိုရင္ ထပ္ၿပီး ကိုယ္စိတ္ထိန္းနိုင္မွာမဟုတ္ဘူး"
"ခင္ဗ်ား!" ခ်င္းယုေယာင္ဟာ နားကို လက္နဲ႕အုပ္လိုက္ၿပီး ေဒါသထြက္သြားေပမယ့္ တုပ္တုပ္ေတာင္မလႈပ္ေတာ့ေပ၊မဟုတ္ရင္ အေနာက္က မေကာင္းဆိုးဝါးႀကီးဟာ သူ႕အေပၚ အမွန္တကယ္ပင္ ခုန္အုပ္လိမ့္မည္၊
ခ်င္းယုေယာင္ဟာ သတိကပ္ကာ ေနေနေပမယ့္ ေနာက္ဆုံးေတာ့ အိပ္ေပ်ာ္သြားေတာ့သည္၊အေမွာင္ထဲမွာ ေ႐ႊေရာင္မ်က္ဝန္းမ်ားတစ္စုံဟာ လင္းလက္ေတာက္ပေနကာ အိပ္ေပ်ာ္ေနတဲ့အလွေလးကိုစိုက္ကာၾကည့္ေနေတာ့သည္၊
ေနာက္တစ္ေန႕မွာေတာ့ ခ်င္းယုေယာင္ဟာ နိုးထလာေတာ့သည္၊သူရဲ႕တစ္ကိုယ္လုံးေနလို႔ေကာင္းကာ အိပ္ေရးဝေနတာေၾကာင့္ ႏူတ္ခမ္းေလးပင္ ၿပဳံးလို႔ေနေနေတာ့သည္၊
"ၾကင္ယာေတာ္" မိန္းမေစတစ္ဦးဟာ ခ်င္းယုေယာင္အနီးကိုေရာက္လာကာ အရိုအေသေပးလိုက္သည္၊သူဟာ ဇလုံတစ္ဇလုံယူလာကာ ထိုဇလုံဟာ မ်က္ႏွာသစ္ရန္အတြက္ အသုံးျပဳရတဲ့ဇလုံျဖစ္သည္၊
ဒါေပမယ့္ ခ်င္းယုေယာင္ရဲ႕အမူအရာဟာ တင္းမာသြားေတာ့သည္၊ဇလုံထဲက ေရေတြဟာ ညစ္ပတ္ေနျခင္းေၾကာင့္ျဖစ္သည္၊
"ၾကင္ယာေတာ္ ဘာျပႆနာမ်ားျဖစ္လို႔လဲရွင့္"မိန္းမေစဟာ ရီခ်င္စိတ္ကိုထိန္းလိုက္သလိုပုံစံမ်ိဳး ခ်င္းယုေယာင္ေရွ႕မွာ အလြန္ရိုက်ိဳးျပကာ ေမးေနေတာ့သည္၊
"ဒါက ဘယ္သူ႕အတြက္လဲ" ခ်င္းယုေယာင္အသံဟာ ေအးစက္ေနေပမယ့္ မ်က္ႏွာကေတာ့ ႏူးညံ့ႏြေးေထြးေနေတာ့သည္၊သူဟာ အၿပဳံးခ်ိဳခ်ိဳေလးတင္ထားတာေၾကာင့္ျဖစ္သည္၊မိန္းမေစဟာ သတိမထားမိဘဲ သူဟာ ခ်င္းယုေယာင္ကို အထင္ေသးစြာၾကည့္လိုက္ေပမယ့္ ဇလုံကို အေရွ႕တိုးလာကာေျပာလိုက္သည္၊
"ၾကင္ယာေတာ္အတြက္ပါရွင့္"
ခ်င္းယုေယာင္ဟာ မတ္တပ္ရပ္လိုက္ၿပီးေနာက္မွာ ခါးကို အနည္းငယ္ကိုင္းကာ ဇလုံအဖ်ားကို လက္နဲ႕ကိုင္လိုက္ၿပီး မလိုက္သည္၊ထိုေနာက္မွာ မဲ့ၿပဳံးၿပဳံးလိုက္ၿပီး မိန္းမေစရဲ႕ေခါင္းကေန ေလာင္းခ်လိဳက္ေတာ့သည္၊
"အား... အမေလး..." မိန္းမေစဟာ ညစ္ပတ္ေနတဲ့ေရေတြေၾကာင့္ ေအာ္ဟစ္ကာ အဝတ္ေတြ အျမန္သုတ္ေတာ့သည္၊ထိုေနာက္မွာေတာ့ ၾကင္ယာေတာ္ဘက္ကို ေဒါသတႀကီးစိုက္ၾကည့္လိုက္သည္၊
*ျဖန္း* က်ယ္ေလာင္တဲ့ပါးခ်သံဟာ ထြက္ေပၚလာၿပီး မိန္းမေစဟာ ေၾကာင္အေနတဲ့အမူအရာနဲ႕ ခ်င္းယုေယာင္ကိုၾကည့္လိုက္သည္၊
ခ်င္းယုေယာင္ဟာ ၿပဳံးေနေပမယ့္ သူ႕ကို ဓားေပါင္းမ်ားစြာျဖင့္ ခ်ိန္ထားသလိုပင္၊
"ငါက အခုထိ ေတာ္ဝင္ၾကင္ယာေတာ္ျဖစ္ေနေသးတယ္ဆိုတာ သင္ ေမ့ေနတာလား "
"ၾကင္...ၾကင္ယာေတာ္...ဘာကိုဆိုလိုခ်င္တာလဲ" မိန္းမေစဟာ မသိက်ိဳးကြၽံျပဳလိုက္ၿပီး ေမးလိုက္သည္၊
"ဒီဇလုံထဲကေရေတြက သန့္စင္းတယ္လို႔ မင္းသစၥာဆိုရဲလား" ခ်င္းယုေယာင္ရဲ႕ေအးစက္စက္အသံေၾကာင့္ မိန္းမေစဟာ ေျမျပင္ေပၚဒူးေထာက္လိုက္ၿပီး တုန္ယင္ေနေတာ့သည္၊
"ဘာေတြ ျဖစ္ေနတာလဲ" ထိုခ်ိန္မွာ ထ်န္းမင္နဲ႕အတူ မင္ခ်န္ရိဟာ ဝင္လာေတာ့သည္၊သူတို႔ဟာ အိပ္ခန္းထိဝင္လာတာခ်ိန္မွာ အနည္းငယ္ရႈပ္ယွက္ခတ္ေနတာကို ျမင္လိုက္ေတာ့သည္၊
"အရွင္မင္းႀကီး ၾကင္ယာေတာ္က ကြၽန္ေတာ္မ်ိဳးမ အျပဳအစုေပးမွာကို ျငင္းဆိုတဲ့အျပင္ ကြၽန္ေတာ္မ်ိဳးမေပၚကိုေတာင္ ေရေလာင္းခ်ၿပီး ၾကမ္းတမ္းစြာဆက္ဆံပါတယ္ရွင့္"ဦးစြာ တိုင္ေျပာတဲ့မိန္းမေစကို ခ်င္းယုေယာင္ဟာ လက္ပိုက္ကာၾကည့္ရင္း ေလွာင္ၿပဳံးၿပဳံးေနေတာ့သည္၊
"ယုေယာင္ ဘယ္နားထိသြားေသးလဲ" ထ်န္းမင္ဟာ မိန္းမေစကို ဂ႐ုပင္မစိုက္ပင္၊သူဟာ ခ်င္းယုေယာင္အနီးကို သြားကာ လက္ကိုၾကည့္လိုက္သည္၊ခုနက ရိုက္လိုက္တာေၾကာင့္ ခ်င္းယုေယာင္လက္ဟာ အနည္းငယ္နီရဲေနသည္ကိုျမင္ေတာ့ သူဟာ အလြန္ကိုစိတ္မေကာင္းျဖစ္သြားကာ လက္ဖဝါးေလးကို ဖြဖြေလးနမ္းလိုက္သည္၊
ခ်င္းယုေယာင္ရဲ႕မ်က္ႏွာဟာ သူရဲ႕နဖူးေပၚရွိ က်ဴးရွားရစ္နဲ႕အၿပိဳင္ နီရဲေတာက္ပေနေတာ့သည္၊ခ်င္းယုေယာင္ဟာ လက္ကိုေရွာင္ဖယ္လိုက္ခ်င္ေပမယ့္ အေနာက္ဘက္မွာ သူတို႔ကို မီးေတာက္မတက္ၾကည့္ေနတဲ့မင္ခ်န္ရိအၾကည့္ေတြေၾကာင့္ မ႐ုန္းကန္ေတာ့ေပ၊
"ေနာက္တစ္ခါ မင္းအသား အနာမခံနဲ႕... အမိန့္တစ္ခ်က္ဘဲေပးလိုက္ ဘယ္သူက မင္းစကားကို မနာခံဘဲ ေနလိမ့္မလဲ"ထ်န္းမင္စကားေၾကာင့္ ခ်င္းယုေယာင္ဟာ ခပ္တိုးတိုးေလးရီေမာလိုက္ေတာ့သည္၊ထိုေနာက္မွာ ေမွာက္ေနတဲ့ဇလုံကို ၾကည့္လိုက္ၿပီး ေျပာလိုက္သည္၊
"ခင္ဗ်ားစကားကို အတည္မွတ္ယူနိုင္ပမလား... လာပို႔တဲ့ေရကေတာင္ သန့္စင္မႈမရွိေတာ့ အစားအေသာက္နဲ႕က်န္တဲ့အပိုင္းမွာ ကြၽန္ေတာ္က ယုံၾကည္ရပမလား"
ခ်င္းယုေယာင္စကားေၾကာင့္ ထ်န္းမင္ဟာ မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္၊သူဟာ မိန္းမေစဘက္ကို လွည့္လာၿပီး အမွန္ကိုေျပာခိုင္းလိုက္သည္၊
မိန္းမေစရဲ႕အၾကည့္ေတြဟာ မင္ခ်န္ရိေပၚ ေခတၱျဖတ္သန္းသြားေပမယ့္ သူဟာ ငိုေႂကြးကာ ခြင့္လႊတ္အသနားခံေနေတာ့သည္၊
"အေစခံကို ခြင့္လႊတ္ေပးလိုက္ပါ က်န္း၊သူလည္း အမွားကို သိေလာက္ပါၿပီ ၿပီးေတာ့ သူကလည္း ကြၽန္ေတာ္တို႔နန္းေဆာင္မွာ တာဝန္ထမ္းေဆာင္လာတာ ႏွစ္ခ်ီေနၿပီပဲေလ ဒီအမွားေသးေသးေလးအတြက္နဲ႕ ဒီေလာက္ထိ မလိုပါဘူး" မင္ခ်န္ရိဟာဝင္ေျပာလာေတာ့သည္၊မိန္းမေစဟာ အနည္းငယ္စိတ္ဓာတ္တက္ႂကြသြားေတာ့သည္၊သခင္ေလးမင္ေျပာသည္နဲ႕ သူမတို႔မင္းႀကီးဟာ နားေထာင္တတ္သည္ကိုး၊ ဘာမွမဟုတ္တဲ့နန္းက်ၾကင္ယာေတာ္ေၾကာင့္ သူမကို ပစ္ဒဏ္ႀကီးႀကီးမားမားေပးလိမ့္မည္မဟုတ္ေပ၊
"အဟက္... တကယ္လို႔ သူက ကြၽန္ေတာ့္ကို အဆိပ္ခတ္ၿပီး လုပ္ႀကံလာခ်ိန္မွာေတာ့ ခင္ဗ်ားတို႔က သံေယာဇဥ္ေၾကာင့္ ဒီမိန္းမေစကို ခြင့္လႊတ္မွာလား" ခ်င္းယုေယာင္ဟာ အလႊတ္ေပးမည္ထင္ေနလား၊မင္ခ်န္ရိကို ၿပဳံးကာၾကည့္ရင္း စိန္ေခၚလိုက္သည္၊
မင္ခ်န္ရိဟာလည္း ၿပဳံးကာၾကည့္ေနၿပီး သူဟာယုံၾကည္ခ်င္အျပည့္ႏွင့္ေပ၊ဒါေပမယ့္ ထ်န္းမင္ဆီကေန အေစခံမအား ႀကိမ္ဒဏ္ အခ်က္ငါးဆယ္နဲ႕ နန္းေတာ္ကေန ႏွင္ထုတ္ရန္ အမိန့္ေပးလိုက္ခ်ိန္မွာ သူရဲ႕မ်က္ႏွာဟာ ထိန္းသိမ္းမရေအာင္ပ်က္သြားေတာ့သည္၊
"က်န္း...!"
"ယုေယာင္ေျပာတာ မွန္တယ္ မင္းက နန္းတြင္းမွာေနတဲ့သူမဟုတ္ေတာ့ နန္းတြင္းအေၾကာင္းကို သိတာမဟုတ္ဘူး" ထ်န္းမင္ဟာ ထိုစကားကို ေျပာလိုက္ၿပီးေနာက္မွာ ခ်င္းယုေယာင္ရဲ႕လက္ကို ဆြဲကာ ေခၚသြားေတာ့သည္၊
ထိုေန႕ဟာ နန္းေတာ္မွာ ဧကရာဇ္ဟာ ကိုယ္တိုင္ကိုယ္က် နန္းက်အရွင္ၾကင္ယာေတာ္ကို တကိုယ္ရည္သန့္ရွင္းေရးလုပ္ခဲ့ေပးသည့္သတင္းဟာ နန္းေတာ္တခြင္ ျပန့္ႏွံ႕သြားေတာ့သည္။
-*-*-*-*-*-*-*-*-*-*
Unicode
ထျန်းမင်ရဲ့အနမ်းတွေဟာ ပိုမိုပြင်းထန်လာချိန်မှာ ချင်းယုယောင်ဟာ ထျန်းမင်ရဲ့ကျောကို လက်နဲ့ရိုက်ပုတ်လာတော့သည်၊ထိုအခါမှ ထျန်းမင်ဟာ လွှတ်လိုက်ပြီး ရှက်သွေးဖြာနေတဲ့ချင်းယုယောင်မျက်နှာလေးကို စိုက်ကြည့်နေတော့သည်၊
ချင်းယုယောင်ဟာ အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီးနောက်မှာ ထျန်းမင်ရဲ့ရင်ဘက်ကိုတွန်းထုတ်လိုက်ပြီး အဝေးမှာရပ်နေတော့သည်၊ထိုနောက်မှာတော့ ကန်ထဲကနေ တက်သွားပြီး ရေစိုနေတဲ့အဝတ်ကိုချွတ်လိုက်ပြီး ခုံပေါ်က အောက်ခံအဝတ်ဖြူကိုယူကာဝတ်လိုက်သည်။
"ဒါက ကိုယ့်အဝတ်လေ..."
"ပြန်ချွတ်ပေးရမလား"ချင်းယုယောင်စကားကြောင့် ထျန်းမင်ဟာရီမောလိုက်ပြီး သူလည်း ကန်ထဲကနေတက်လိုက်ပြီး အနောက်ကနေ ချင်းယောင်ကိုဖက်လိုက်ပြီး ချင်းယုယောင်ရဲ့နားကို ဖွဖွလေးကိုက်လိုက်ပြီး နားရွက်အောက်လေးကို နမ်းလိုက်သည်၊
"ကိုယ်ပိုင်တာတွေက မင်းအပိုင်ဖြစ်လာမှာပဲလေ" ထျန်းမင်စကားကြောင့် ချင်းယုယောင်ဟာ မျက်ဖြူလှန်ပြလိုက်ပြီး အရေးမစိုက်စွာဖြင့် ရေချိုးဆောင်ကနေထွက်လာတော့သည်၊
'ထိုလူကို လစ်လျူရှုထားရဦးမည်မလား'
ထျန်းမင်ကတော့ သူရဲ့ဝတ်ရုံကို ခြုံလိုက်ပြီး အနောက်ကနေ လိုက်လာတော့သည်၊ထိုနောက်မှာ ကုတင်ပေါ်မှာ ငြိမ်သက်စွာလဲလျောင်းနေတဲ့ချင်းယုယောင်ကိုမြင်တော့ သူဟာလည်း ဘေးနားတွင် ကပ်လဲလိုက်ပြီး ခါးသိမ်သိမ်ကို ဆွဲဖက်လိုက်သည်၊ရင်ခွင်ထဲက အမျိုးသားလေးဟာ ရုန်းကန်နေပေမယ့် ထျန်းမင်ဟာ မသိကျိုးကျွံပြုလိုက်ပြီး တင်းကြပ်စွာဖက်ထားသည်၊
ဒါပေမယ့် ချင်းယုယောင်ရဲ့ရုန်းကန်မှုဟာ ထျန်းမင်ရဲ့အောက်ပိုင်း စိတ်ကြွစေသည်၊သူဟာ တင်းမာလာတဲ့အောက်ပိုင်းကို ချုပ်ထိန်းလိုက်ပြီး ချင်းယောင်ယုရဲ့နားအနား ကပ်ကာ ပြောလိုက်သည်၊
"လှုပ်နေမယ်ဆိုရင် ထပ်ပြီး ကိုယ်စိတ်ထိန်းနိုင်မှာမဟုတ်ဘူး"
"ခင်ဗျား!" ချင်းယုယောင်ဟာ နားကို လက်နဲ့အုပ်လိုက်ပြီး ဒေါသထွက်သွားပေမယ့် တုပ်တုပ်တောင်မလှုပ်တော့ပေ၊မဟုတ်ရင် အနောက်က မကောင်းဆိုးဝါးကြီးဟာ သူ့အပေါ် အမှန်တကယ်ပင် ခုန်အုပ်လိမ့်မည်၊
ချင်းယုယောင်ဟာ သတိကပ်ကာ နေနေပေမယ့် နောက်ဆုံးတော့ အိပ်ပျော်သွားတော့သည်၊အမှောင်ထဲမှာ ရွှေရောင်မျက်ဝန်းများတစ်စုံဟာ လင်းလက်တောက်ပနေကာ အိပ်ပျော်နေတဲ့အလှလေးကိုစိုက်ကာကြည့်နေတော့သည်၊
နောက်တစ်နေ့မှာတော့ ချင်းယုယောင်ဟာ နိုးထလာတော့သည်၊သူရဲ့တစ်ကိုယ်လုံးနေလို့ကောင်းကာ အိပ်ရေးဝနေတာကြောင့် နူတ်ခမ်းလေးပင် ပြုံးလို့နေနေတော့သည်၊
"ကြင်ယာတော်" မိန်းမစေတစ်ဦးဟာ ချင်းယုယောင်အနီးကိုရောက်လာကာ အရိုအသေပေးလိုက်သည်၊သူဟာ ဇလုံတစ်ဇလုံယူလာကာ ထိုဇလုံဟာ မျက်နှာသစ်ရန်အတွက် အသုံးပြုရတဲ့ဇလုံဖြစ်သည်၊
ဒါပေမယ့် ချင်းယုယောင်ရဲ့အမူအရာဟာ တင်းမာသွားတော့သည်၊ဇလုံထဲက ရေတွေဟာ ညစ်ပတ်နေခြင်းကြောင့်ဖြစ်သည်၊
"ကြင်ယာတော် ဘာပြဿနာများဖြစ်လို့လဲရှင့်"မိန်းမစေဟာ ရီချင်စိတ်ကိုထိန်းလိုက်သလိုပုံစံမျိုး ချင်းယုယောင်ရှေ့မှာ အလွန်ရိုကျိုးပြကာ မေးနေတော့သည်၊
"ဒါက ဘယ်သူ့အတွက်လဲ" ချင်းယုယောင်အသံဟာ အေးစက်နေပေမယ့် မျက်နှာကတော့ နူးညံ့နွေးထွေးနေတော့သည်၊သူဟာ အပြုံးချိုချိုလေးတင်ထားတာကြောင့်ဖြစ်သည်၊မိန်းမစေဟာ သတိမထားမိဘဲ သူဟာ ချင်းယုယောင်ကို အထင်သေးစွာကြည့်လိုက်ပေမယ့် ဇလုံကို အရှေ့တိုးလာကာပြောလိုက်သည်၊
"ကြင်ယာတော်အတွက်ပါရှင့်"
ချင်းယုယောင်ဟာ မတ်တပ်ရပ်လိုက်ပြီးနောက်မှာ ခါးကို အနည်းငယ်ကိုင်းကာ ဇလုံအဖျားကို လက်နဲ့ကိုင်လိုက်ပြီး မလိုက်သည်၊ထိုနောက်မှာ မဲ့ပြုံးပြုံးလိုက်ပြီး မိန်းမစေရဲ့ခေါင်းကနေ လောင်းချလိုက်တော့သည်၊
"အား... အမလေး..." မိန်းမစေဟာ ညစ်ပတ်နေတဲ့ရေတွေကြောင့် အော်ဟစ်ကာ အဝတ်တွေ အမြန်သုတ်တော့သည်၊ထိုနောက်မှာတော့ ကြင်ယာတော်ဘက်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်၊
*ဖြန်း* ကျယ်လောင်တဲ့ပါးချသံဟာ ထွက်ပေါ်လာပြီး မိန်းမစေဟာ ကြောင်အနေတဲ့အမူအရာနဲ့ ချင်းယုယောင်ကိုကြည့်လိုက်သည်၊
ချင်းယုယောင်ဟာ ပြုံးနေပေမယ့် သူ့ကို ဓားပေါင်းများစွာဖြင့် ချိန်ထားသလိုပင်၊
"ငါက အခုထိ တော်ဝင်ကြင်ယာတော်ဖြစ်နေသေးတယ်ဆိုတာ သင် မေ့နေတာလား "
"ကြင်...ကြင်ယာတော်...ဘာကိုဆိုလိုချင်တာလဲ" မိန်းမစေဟာ မသိကျိုးကျွံပြုလိုက်ပြီး မေးလိုက်သည်၊
"ဒီဇလုံထဲကရေတွေက သန့်စင်းတယ်လို့ မင်းသစ္စာဆိုရဲလား" ချင်းယုယောင်ရဲ့အေးစက်စက်အသံကြောင့် မိန်းမစေဟာ မြေပြင်ပေါ်ဒူးထောက်လိုက်ပြီး တုန်ယင်နေတော့သည်၊
"ဘာတွေ ဖြစ်နေတာလဲ" ထိုချိန်မှာ ထျန်းမင်နဲ့အတူ မင်ချန်ရိဟာ ဝင်လာတော့သည်၊သူတို့ဟာ အိပ်ခန်းထိဝင်လာတာချိန်မှာ အနည်းငယ်ရှုပ်ယှက်ခတ်နေတာကို မြင်လိုက်တော့သည်၊
"အရှင်မင်းကြီး ကြင်ယာတော်က ကျွန်တော်မျိုးမ အပြုအစုပေးမှာကို ငြင်းဆိုတဲ့အပြင် ကျွန်တော်မျိုးမပေါ်ကိုတောင် ရေလောင်းချပြီး ကြမ်းတမ်းစွာဆက်ဆံပါတယ်ရှင့်"ဦးစွာ တိုင်ပြောတဲ့မိန်းမစေကို ချင်းယုယောင်ဟာ လက်ပိုက်ကာကြည့်ရင်း လှောင်ပြုံးပြုံးနေတော့သည်၊
"ယုယောင် ဘယ်နားထိသွားသေးလဲ" ထျန်းမင်ဟာ မိန်းမစေကို ဂရုပင်မစိုက်ပင်၊သူဟာ ချင်းယုယောင်အနီးကို သွားကာ လက်ကိုကြည့်လိုက်သည်၊ခုနက ရိုက်လိုက်တာကြောင့် ချင်းယုယောင်လက်ဟာ အနည်းငယ်နီရဲနေသည်ကိုမြင်တော့ သူဟာ အလွန်ကိုစိတ်မကောင်းဖြစ်သွားကာ လက်ဖဝါးလေးကို ဖွဖွလေးနမ်းလိုက်သည်၊
ချင်းယုယောင်ရဲ့မျက်နှာဟာ သူရဲ့နဖူးပေါ်ရှိ ကျူးရှားရစ်နဲ့အပြိုင် နီရဲတောက်ပနေတော့သည်၊ချင်းယုယောင်ဟာ လက်ကိုရှောင်ဖယ်လိုက်ချင်ပေမယ့် အနောက်ဘက်မှာ သူတို့ကို မီးတောက်မတက်ကြည့်နေတဲ့မင်ချန်ရိအကြည့်တွေကြောင့် မရုန်းကန်တော့ပေ၊
"နောက်တစ်ခါ မင်းအသား အနာမခံနဲ့... အမိန့်တစ်ချက်ဘဲပေးလိုက် ဘယ်သူက မင်းစကားကို မနာခံဘဲ နေလိမ့်မလဲ"ထျန်းမင်စကားကြောင့် ချင်းယုယောင်ဟာ ခပ်တိုးတိုးလေးရီမောလိုက်တော့သည်၊ထိုနောက်မှာ မှောက်နေတဲ့ဇလုံကို ကြည့်လိုက်ပြီး ပြောလိုက်သည်၊
"ခင်ဗျားစကားကို အတည်မှတ်ယူနိုင်ပမလား... လာပို့တဲ့ရေကတောင် သန့်စင်မှုမရှိတော့ အစားအသောက်နဲ့ကျန်တဲ့အပိုင်းမှာ ကျွန်တော်က ယုံကြည်ရပမလား"
ချင်းယုယောင်စကားကြောင့် ထျန်းမင်ဟာ မျက်မှောင်ကြုတ်သွားတော့သည်၊သူဟာ မိန်းမစေဘက်ကို လှည့်လာပြီး အမှန်ကိုပြောခိုင်းလိုက်သည်၊
မိန်းမစေရဲ့အကြည့်တွေဟာ မင်ချန်ရိပေါ် ခေတ္တဖြတ်သန်းသွားပေမယ့် သူဟာ ငိုကြွေးကာ ခွင့်လွှတ်အသနားခံနေတော့သည်၊
"အစေခံကို ခွင့်လွှတ်ပေးလိုက်ပါ ကျန်း၊သူလည်း အမှားကို သိလောက်ပါပြီ ပြီးတော့ သူကလည်း ကျွန်တော်တို့နန်းဆောင်မှာ တာဝန်ထမ်းဆောင်လာတာ နှစ်ချီနေပြီပဲလေ ဒီအမှားသေးသေးလေးအတွက်နဲ့ ဒီလောက်ထိ မလိုပါဘူး" မင်ချန်ရိဟာဝင်ပြောလာတော့သည်၊မိန်းမစေဟာ အနည်းငယ်စိတ်ဓာတ်တက်ကြွသွားတော့သည်၊သခင်လေးမင်ပြောသည်နဲ့ သူမတို့မင်းကြီးဟာ နားထောင်တတ်သည်ကိုး၊ ဘာမှမဟုတ်တဲ့နန်းကျကြင်ယာတော်ကြောင့် သူမကို ပစ်ဒဏ်ကြီးကြီးမားမားပေးလိမ့်မည်မဟုတ်ပေ၊
"အဟက်... တကယ်လို့ သူက ကျွန်တော့်ကို အဆိပ်ခတ်ပြီး လုပ်ကြံလာချိန်မှာတော့ ခင်ဗျားတို့က သံယောဇဥ်ကြောင့် ဒီမိန်းမစေကို ခွင့်လွှတ်မှာလား" ချင်းယုယောင်ဟာ အလွှတ်ပေးမည်ထင်နေလား၊မင်ချန်ရိကို ပြုံးကာကြည့်ရင်း စိန်ခေါ်လိုက်သည်၊
မင်ချန်ရိဟာလည်း ပြုံးကာကြည့်နေပြီး သူဟာယုံကြည်ချင်အပြည့်နှင့်ပေ၊ဒါပေမယ့် ထျန်းမင်ဆီကနေ အစေခံမအား ကြိမ်ဒဏ် အချက်ငါးဆယ်နဲ့ နန်းတော်ကနေ နှင်ထုတ်ရန် အမိန့်ပေးလိုက်ချိန်မှာ သူရဲ့မျက်နှာဟာ ထိန်းသိမ်းမရအောင်ပျက်သွားတော့သည်၊
"ကျန်း...!"
"ယုယောင်ပြောတာ မှန်တယ် မင်းက နန်းတွင်းမှာနေတဲ့သူမဟုတ်တော့ နန်းတွင်းအကြောင်းကို သိတာမဟုတ်ဘူး" ထျန်းမင်ဟာ ထိုစကားကို ပြောလိုက်ပြီးနောက်မှာ ချင်းယုယောင်ရဲ့လက်ကို ဆွဲကာ ခေါ်သွားတော့သည်၊
ထိုနေ့ဟာ နန်းတော်မှာ ဧကရာဇ်ဟာ ကိုယ်တိုင်ကိုယ်ကျ နန်းကျအရှင်ကြင်ယာတော်ကို တကိုယ်ရည်သန့်ရှင်းရေးလုပ်ခဲ့ပေးသည့်သတင်းဟာ နန်းတော်တခွင် ပြန့်နှံ့သွားတော့သည်။
-*-*-*-*-*-*-*-*-*-*