အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 305K 23.6K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 45.1

15.8K 2.5K 221
By Xiao_Dream

*Extended Rolls Royce

Unicode

ကျန်းလင်မယား၏အဆုံးသတ်
____________________________

ကျန်ရှင်းဆွေ့ဘဝမှာ ဒီလောက်ဝမ်းသာဝမ်းနည်းမဖြစ်ခဲ့ဖူးဘူး။

လူတစ်စုကကော်ရစ်တာမှာ စကားပြောရင်း သွေးသားတော်စပ်မှု စစ်ဆေးဖို့အတွက် ဆေးရုံထဲဝင်သွားခဲ့တယ်။ ဓာတ်လှေကားစီးနေတဲ့အချိန်မှာ ရွှီအန်းကျန်းက တစ်လျှောက်လုံးကျန်ရှင်းဆွေ့ဘေးမှာ ရပ်နေခဲ့တယ်။ ကျန်ရှင်းဆွေ့ သွေးစစ်တဲ့အခန်းထဲကနေ ထွက်လာတာဘယ်လောက်မှ မကြာသေးဘဲ နောက်တစ်ခေါက်ထပ်သွားရလိမ့်မယ်လို့ မထင်ထားမိလေဘူး။ ရဲတွေကလည်း အမှုလိုက်နေတုန်းပဲရှိသေးတယ်။ သူပြန်ရောက်လာတာမြင်တော့ အံ့သြသွားကာ "မင်း..."

ကျန်ရှင်းဆွေ့တိတ်ဆိတ်သွားပြီး ဘယ်လိုပြောရမှန်းမသိ ဖြစ်နေလေတယ်။

ရှန်ယုံးကတော့ ရှေ့ထွက်ရပ်လာခဲ့တယ်။ ဒီအမျိုးသားကအချိန်တော်တော်များများမှာ တိတ်ဆိတ်နေတတ်ပေမဲ့ ကိစ္စတစ်ခုခုဖြစ်လာချိန်မှာတော့ အမြဲတမ်းရှေ့ဆုံးကထွက်လာတဲ့သူဖြစ်တယ်။ သူကအသံနိမ့်နဲ့ "မင်္ဂလာပါ ကျွန်တော်တို့ဒီကလေးနဲ့ သွေးသားတော်စပ်မှု စစ်ဆေးချင်လို့ပါ"

ရဲသားကတွေဝေသွားတယ်။

စောနကမှ သူတို့စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေကြတာဖြစ်တယ်။ သူတို့က ကျန်ရှင်းဆွေ့ရဲ့မိသားစုကို မြန်မြန်ရှာတွေ့နိုင်အောင် ကူညီပေးချင်နေကြတာ။ မထင်ထားမိတာက ဒီကလေးကျန်ရှင်းဆွေ့က သူ့ခွန်အားနဲ့သူမိသားစုတစ်စုရှာလာပြီး သွေးသားတော်စပ်မှု လာစစ်ဆေးကြလိမ့်မယ်လို့ပဲ!

ရွှီအန်းကျန်းလည်းအနောက်ကနေ ခံစားချက်တစ်ချို့နဲ့ ပြောလာခဲ့တယ် "ဟုတ်တယ် ကျွန်မတို့ဒီကလေးနဲ့ သွေးသားစစ်ဆေးမှုလုပ်ချင်လို့ပါ"

"....."

ရဲသားကလည်း အနည်းငယ်တွေဝေစွာနဲ့ "ခင်ဗျားတို့သေချာနေပြီလား?"

ရှန်ယုံးခေါင်းညိတ်ပြလာတယ် "သေချာပြီ"

ဒီအမျိုးသားကခေါင်းလှည့်လိုက်တယ်။ သူ့ရဲ့ခန္ဓာကိုယ်ဟာ အတော်လေးမြင့်မားလေတယ်။ အခုချိန်မှာရဲသားရှေ့မှာ မတ်တပ်ရပ်နေပြီး သူ့ဘေးတိုက်ခန္ဓာကိုယ်ဟာ လေဒဏ်မိုးဒဏ်လုံခြုံပြီး မှီခိုလို့ရနိုင်မဲ့ တောင်ကြီးတစ်လုံးနဲ့တူလေတယ်။ အသံသြသြနဲ့ "သူကကျွန်တော်တို့ရဲ့သားပါ"

ရဲသားကလည်း ဒီခံစားချက်တွေ ကူးစက်သွားပြီး ခေါင်းညိတ်ပြလိုက်တယ် "ကောင်းပြီ အဲ့တာဆိုစစ်လိုက်ပါ"

ဒီတစ်ခေါက်ရဲ့စိတ်ခံစားချက်နဲ့ အရင်တစ်ခေါက်နဲ့က လုံးဝမတူညီလေဘူး။

ကျန်ရှင်းဆွေ့ပြီးစီးသွားပြီးနောက် တစ်နေ့လုံးပင်ပန်းထားမှုနဲ့ နောက်တစ်ကြိမ်သွေးစစ်မှုကြောင့် မတ်တပ်ရပ်လိုက်ချိန် အနည်းငယ်မူးဝေသွားရတယ်။

ဆရာဝန်ကလည်း အကြံပေးစကားပြောလိုက်တယ် "ကောင်လေး မင်းခန္ဓာကိုယ်ကိုဂရုစိုက်ရမယ်နော် မင်းရဲ့ဒီသွေးအရောင်ပဲကြည့်  အရမ်းပင်ပန်းနေပြီဆိုတာကို ပြနေတယ် ပြီးတော့သွေးအားလည်းနည်းနေသေးတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ ခန္ဓာကိုယ်ကိုပျက်စီးမသွားစေနဲ့ဦး"

ကျန်ရှင်းဆွေ့လည်း ခေါင်းညိတ်ပြကာ "သိပါပြီ"

ဒီစကားကို ကျန်ရှင်းဆွေ့ ကြားလိုက်သလို အနောက်က ရွှီအန်းကျန်းလည်း ကြားလိုက်လေတယ်။ သူမလွယ်မကူနဲ့ကလေးလေးကို ပြန်ရှာတွေ့ခဲ့ပြီး ဒီအချိန်မှာပိုလို့တောင် ရင်နာရတော့တယ် "ဒေါက်တာ ကျွန်မတို့အိမ်ကကလေးက ခန္ဓာကိုယ်သိပ်မကောင်းဘူးလား? စစ်ဆေးစမ်းသပ်ဖို့ စာရင်းပေးထားဖို့များ လိုမလား?"

အရမ်းဂရုစိုက်ပေးတတ်တယ်။

ဆရာဝန်က ပြုံးကာခေါင်းခါလိုက်ရင်း ပြောလာတယ် "ခင်ဗျားလည်း အရမ်းစိတ်ပူမနေပါနဲ့ သူကငယ်ရွယ်ပြီး ခန္ဓာကိုယ်လည်းကောင်းပါတယ် စစ်ဆေးကြည့်ဖို့တော့ မလိုပါဘူး ဒါပေမဲ့ ပြန်သွားပြီးရင်တော့ သေချာလေးဂရုစိုက်ပေးလိုက်ပါ မဟုတ်ရင် သူ့ခန္ဓာကိုယ်က သံလိုမာကျောရင်တောင် ခံနိုင်တော့မှာမဟုတ်ဘူး"

ရွှီအန်းကျန်းလည်း အလျင်အမြန်ခေါင်းညိတ်ပြလိုက်တယ် "ဟုတ်ကဲ့ သိပါပြီ"

အနောက်ကရှန်ရှင်းချန်က ကြားသွားပြီးတဲ့နောက်မှာ အတော်လေးစိတ်ဆိုးသွားတော့တယ် "အဲ့ဒီကျန်းရှာက မင်းကိုအလုပ်ခိုင်းပြီး ထမင်းမကျွေးဘူးမလား?"

ကျန်ရှင်းဆွေ့ မငိုနိုင်မရယ်နိုင် ဖြစ်သွားရတော့တယ် "အဲ့လိုမဟုတ်ပါဘူး လုပ်ရတာနည်းနည်းပင်ပန်းသွားရုံပါ"

ရှန်ရှင်းချန် မကျေမနပ်နဲ့ ပြောလာခဲ့တယ် "အဲ့တာဆိုမင်းဘာစားတာလဲ ဆေးရုံတစ်ဝိုက်မှာရောင်းတဲ့ နေ့လယ်စာဘူးတွေလား?"

တကယ်တော့ ရှန်ရှင်းချန်က အပြင်ဘက်မှာရောင်းတဲ့ နေ့လယ်စာဘူးတွေက ဘယ်လိုကောင်းကျိုးရှိနိုင်မှာလဲလို့ ပြောချင်တာဖြစ်တယ်။ ဒါပေမဲ့ကျန်ရှင်းဆွေ့က ဒီလိုပြောလိုက်လိမ့်မယ်လို့ ဘယ်သူထင်ထားမိမှာလဲ "မဟုတ်ပါဘူး ခေါက်ဆွဲနည်းနည်းပြုတ်လိုက်တာဖြစ်ဖြစ် ထမင်းဖြစ်ဖြစ်ပဲချက်စားလိုက်တာပါ"

"....."

ရှန်ရှင်းချန်ကပိန်ပါးနေတဲ့ သူ့ကိုယ်ကိုကြည့်လိုက်ပြီး ပိုစိတ်ဆိုးသွားရတယ် "မင်းကအရူးလား မင်းပါသာထမင်းသွားမဝယ်တတ်ဘူးလား?"

ကျန်ရှင်းဆွေ့ပြုံးပဲပြလိုက်တော့တယ်။

အနောက်ကရှန်မင်လောင်က ရှန်ရှင်းချန်ထက် ပိုဉာဏ်ကောင်းလေတယ်။ သူအစောကတည်းက စုံစမ်းပြီးသွားပြီဖြစ်တာကြောင့် သဘာဝကျစွာပဲ ကျန်းမိသားစုရဲ့ လတ်တလောအခြေအနေကို ခန့်မှန်းပြီးသွားပြီဖြစ်တယ်။ အဲ့တာကြောင့်လည်း ကျန်ရှင်းဆွေ့ဘာလို့ ဒီလောက်အလွယ်လေးပဲ စားသောက်ရသလဲဆိုတာ သူခန့်မှန်းနိုင်တယ်။ သူအရမ်းခက်ခဲခဲ့တာပဲ။

ရွှီအန်းကျန်း ဒါကိုကြားတော့ ရင်ထဲနာကျင်သွားရတော့တယ်။ မျက်လုံးထောင့်တွေ နီရဲလာရပြန်တယ်။ ပြီးတော့ကျန်ရှင်းဆွေ့ကို သူမအနားဆွဲကာပြောလိုက်တယ် "အမေတို့အိမ်ပြန်မယ် မားမား သားကိုဟင်းချက်ကျွေးမယ်"

သူမဝမ်းနည်းသွားတာမြင်တော့ ကျန်ရှင်းဆွေ့က အလျင်အမြန်ပဲ သူမကိုနှစ်သိမ့်ပေးလိုက်တယ်။

သူတို့ဆေးရုံကနေပြန်လာချိန် မထင်မှတ်ထားမိတာက ဆေးရုံအပြင်ဘက်ရောက်တာနဲ့ ပတ်ဝန်းကျင်မှာ ဖရဲသီးစားသူတွေ အပြည့်ဖြစ်လို့နေမယ်ဆိုတာပဲ။ တော်တော်များများက ရဲကားတွေကြောင့် ဆေးရုံကိုရှာတွေ့ကြတာဖြစ်တယ်။ ကျန်းလင်မယားတို့နေတဲ့ ဆေးရုံကိုသိပြီး လိုက်လာသူတစ်ချို့လည်းရှိကြတယ်။ ဒီကိစ္စဟာ Weiboမှာအရမ်းကျော်ကြားနေတာကြောင့် အတော်အများက အာရုံစိုက်နေကြတာဖြစ်တယ်။ ဖရဲသီးစားသူတွေအပြင် ပါပါရာဇီတွေလည်း ရှိကြသေးတယ်။

ကျန်ရှင်းဆွေ့တံခါးဝမရောက်ခင်မှာပဲ ဆေးရုံအပြင်ဘက်မှာ လူအများကြီးကိုတွေ့လိုက်ရတာကြောင့် ကြောင်အသွားရတယ်။

တစ်ယောက်ကသူ့ကိုမြင်သွားပြီးတော့ အော်ဟစ်လာခဲ့တယ် "ကျန်ရှင်းဆွေ့ပဲ!"

လူအုပ်ကြီးကခပ်မြန်မြန်ပဲ တုံ့ပြန်လာကြပြီး အကုန်လုံးကမေးမြန်းကြဖို့အတွက် အရှေ့ကိုအပြေးအလွှားသွားကြတော့တယ်။ အားလုံးကပထမဆုံးမေးမြန်းသူ ဖြစ်ချင်နေကြတယ်။ အနည်းငယ်ကွာဝေးနေသေးပေမဲ့ တစ်ချို့ကစတင်မေးမြန်းလာကြတော့တယ် :

"မင်းကတကယ်ပဲ ကျန်းမိသားစုရဲ့ကလေး မဟုတ်ဘူးလား?"

"အဲ့တာဆိုမင်းရဲ့မိဘအရင်းက ဘယ်သူတွေလဲ?"

"မင်းနဲ့အန်းရန်နဲ့က မတူကြဘူးလား?"

"ဒီကိစ္စက တကယ်ပဲအမှန်လား ဒါမှမဟုတ် သရုပ်ဆောင်နေတာလား?"

ရုတ်တရက်မေးလာကြတဲ့ လူအုပ်ကြောင့် ကျန်ရှင်းဆွေ့ စိတ်ရှုပ်သွားရတယ်။

တစ်ချို့က အနားထပ်တိုးချင်နေသေးပြီး ရှန်ရှင်းချန်ရဲ့တားဆီးခြင်းခံလိုက်ရတယ်။ *ကျွိုင်းကောကမကြောက်မရွံ့နဲ့ ကင်မရာကိုကြည့်ကာ "စကားဒီလောက်များနေတာ မင်းက*မေးခွန်းပေါင်းတစ်သိန်းများလား"

[*ကျွိုင်းကောဆိုတာက ဆွဲဆောင်မှုရှိပြီး မာနကြီးတဲ့သူလို့ပြောပါတယ်။

* မေးခွန်းပေါင်းတစ်သိန်းဆိုတာက စာအုပ်နာမည်ပါ။ တရုတ်မှာနာမည်ကြီးတဲ့ သိပ္ပံစာအုပ်တွဲပါတဲ့။]

မိုက်ခ်ကိုင်ထားတဲ့ သတင်းထောက်တစ်ယောက်ကလည်း တူညီစွာပဲပြန်အပြောခံလိုက်ရတယ်။

ရှန်ရှင်းချန်သူ့ကိုစိုက်ကြည့်လိုက်ပြီး "အမှန်လားဆိုတော့ ဆေးရုံတောင်ရောက်လာပြီလေ မင်းကအမှန်လားလို့မေးနေသေးတယ်ပေါ့?"

အနားကပ်လာပြီး မေးချင်နေတဲ့သူလည်း ရှိသေးလေတယ်။ ရှန်ရှင်းချန်ကဒေါသတွေ ပေါက်ကွဲထွက်သွားပြီးတော့ "မေးမေးမေး မင်း*င်ကြီးကိုမေးနေလိုက်ကြ ငါသိချင်တာကလေ အဲ့တာမင်းတို့နဲ့ဆိုင်နေလို့လား?"

ဒီအထဲမှာ ကျန်ရှင်းဆွေ့ကိုဂရုစိုက်ကြတဲ့သူတွေရှိသလို ဒီကိစ္စကိုစိတ်ဝင်စားလို့ ဝင်ရောက်လာကြတဲ့ ဖြတ်သွားဖြတ်လာတွေလည်း ရှိကြတယ်။ အထဲကကောင်မလေးတစ်ယောက်က အနားကိုမနဲကပ်လာပြီးတော့ ရှန်ရှင်းချန်ပြောတာကို ကြားလိုက်တော့ မပျော်ရွှင်စွာပဲပြောလာခဲ့တယ် "ကျွန်မကဖန်လေ ဆွေ့ဆွေ့ကိုဂရုစိုက်မိတာတောင် မရဘူးလား? မင်းကဘယ်လိုတောင်လဲ?"

သူကဒေါသကြီးတာကြောင့် ရှန်ရှင်းချန်အပြောခံလိုက်ရချန် ပြန်ပြောဖို့ပြင်လိုက်ပေမဲ့ အတားခံလိုက်ရလေတယ်။

အရင်တုန်းက သူပဲတစ်လျှောက်လုံး ကျန်ရှင်းဆွေ့ကို ကာကွယ်ပေးလာတာြဖစ်တယ်။ ဒါပေမဲ့သူအပြောခံလိုက်ရချိန်မှာတော့ တစ်လျှောက်လုံးကာကွယ်ပေးခံခဲ့ရတဲ့ ကျန်ရှင်းဆွေ့က ဘေးကနေထွက်လာခဲ့တယ်။ သူ့မျက်နှာအရောင်က အရမ်းကောင်းမနေလေဘူး။ ဒါပေမဲ့ဖန်လေးကို မျက်နှာချင်းဆိုင်လိုက်တယ်။ သူပရိသတ်ကို မျက်နှာချင်းဆိုင်လိုက်ချိန်မှာတော့ နူးညံ့နေဆဲပဲဖြစ်တယ်။

ကျန်ရှင်းဆွေ့ပြောလိုက်တယ် "မင်္ဂလာပါ မိန်းကလေးက ကျွန်တော့ဖန်လို့ပြောလိုက်တာလား?"

ကောင်မလေးက ခေါင်းညိတ်လေတယ်။

"မိန်းကလေးရဲ့ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ် ကျွန်တော်အခုအဆင်ပြေသွားပါပြီ ဒါပေမဲ့ကျွန်တော်ပြောချင်တာက ဆေးရုံမှာလာစုဝေးနေတာက မလုပ်သင့်တာပဲလေ" ကျန်ရှင်းဆွေ့ရဲ့အသံက ရှင်းလင်းသန့်စင်နေတယ်။ အခုကဆောင်းတွင်းဝင်လာပြီဆိုပေမဲ့ ဆေးရုံပေါက်ဝကလူတွေ စုဝေးနေချိန်မှာ အရမ်းပင်ပန်းနေကြရတုန်းပဲ။ သူအိပ်ကပ်ထဲကနေ တစ်ရှူးထုတ်လိုက်ပြီး မျက်နှာပေါ်ကချွေးတွေကိုသုတ်ဖို့ ကောင်မလေးကိုပေးလိုက်တယ်။ ပြီးတော့မှ "ဆေးရုံဆိုတာလူနာတွေ ဆေးကုသတဲ့နေရာလေ သေချာပေါက် တိတ်ဆိတ်နေဖို့လိုအပ်တယ် မိန်းကလေးတို့ဒီလိုမျိုးစုဝေးနေတာက တခြားသူတွေအပေါ် အနှောင့်အယှက်ဖြစ်စေနိုင်တယ်လေ"

ကောင်မလေးလည်း အနည်းငယ်တွေဝေသွားကာ "ဒါပေမဲ့ကျွန်မ....."

ကျန်ရှင်းဆွေ့က "ကျွန်တော့ကိစ္စကြောင့် ဆေးရုံအပေါ်၊ အခြားသူတွေအပေါ် ဒုက္ခဖြစ်စေမိသွားရင် ကျွန်တော်လည်း အနှောင့်အယှက်ဖြစ်ရတယ် မိန်းကလေးကကျွန်တော့ဖန်ဆိုမှတော့ ကျွန်တော့ကို ဒီလိုမဖြစ်စေချင်ဘူးမလား?"

ကောင်မလေးကလည်း ခေါင်းဖွဖွညိတ်လေတယ်။

ကျန်ရှင်းဆွေ့အပြုံးပွင့်လေး ထွက်ပေါ်လာပြီးတော့ "အဲ့တာဆိုအိမ်ပြန်တော့"

အစကအလွန်ရှုပ်ထွေးနေတဲ့ကိစ္စက ဒီလိုစကားနှစ်ခွန်းသုံးခွန်းလောက်နဲ့တင် အဖျောင်းဖျခံလိုက်ရတော့တယ်။ ကောင်မလေးက လက်မလျော့သေးဘဲ ဘေးကရှန်ရှင်းချန်ကို တစ်ချက်ကြည့်လိုက်ပြီးတော့ ငြီးတွားလာတယ် "ဒါပေမဲ့လည်း သူကအရမ်းခက်ထန်လိုက်တာ ဘယ်လိုလုပ်ပြီးကောအစား ပြောပေးနေတာလဲ?"

ရှန်ရှင်းချန်ပြောဖို့ပြင်တုန်း ကျန်ရှင်းဆွေ့ပြောတာကို ကြားလိုက်ရတယ် "သူကသေချာပေါက် ကျွန်တော့အစားပြောပေးလို့ရတာပေါ့"

ကောင်မလေးက အံ့အားသင့်စွာနဲ့ ခေါင်းမော့ကြည့်လိုက်တယ်။ ကျန်ရှင်းဆွေ့ရဲ့မျက်လုံးတွေက အတော်လေးနူးညံ့လို့သွားတယ်။ အသံကလည်း လုံးဝသေချာနေတယ် "ဘာလို့ဆို သူကကျွန်တော့ကောမလို့လေ"

ဒါကပထမဆုံးအကြိမ်ပဲ။ လူအများရှေ့မှာ ကင်မရာတွေရှေ့မှာ ကျန်ရှင်းဆွေ့က ရှင်းချန်ကိုကောကောလို့ခေါ်တာ ပထမဆုံးအကြိမ်ပဲ။ 'StarLight'ရဲ့ရိုက်ကူးရေးမှာပဲဖြစ်ဖြစ် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ရှန်ရှင်းချန်ကသာ တစ်လျှောက်လုံး 'ရှောင်တိ ရှောင်တိ(ညီငယ်လေး)'နဲ့ ခေါ်နေပေမဲ့ အကြိမ်တိုင်းမှာကျန်ရှင်းဆွေ့က ပြုံးပြီးပဲလက်ခံခဲ့တယ်။ သူမခေါ်ချင်တာမဟုတ်ပေမဲ့ သူကမထိုက်တန်ဘူးဆိုတာ သိနေလို့ဖြစ်တယ်။

ဒါပေမဲ့ဒီနေ့ ဒီအချိန်မှာတော့ အားလုံးရဲ့ရှေ့မှာ သူခေါ်လိုက်တယ်။ နောက်ကျမှခေါ်လိုက်ရတဲ့ ကောကောပေါ့။

ရှန်ရှင်းချန်အံ့အားသင့်သွားပြီး သူ့ဘေးကကျန်ရှင်းဆွေ့ကို ကြည့်လိုက်တယ်။ တိတိလေးက ဖန်ကိုမျက်နှာချင်းဆိုင်နေချိန်မှာ တည်ငြိမ်နေပေမဲ့ ကောကောလို့ခေါ်ပြီးနောက်မှာတော့ အနည်းငယ်ရှက်ရွံ့သွားပုံနဲ့ နားရွက်တွေနီရဲလာတော့တယ်။

ရှန်ရှင်းချန်နှုတ်ခမ်းတွေကို တွန့်ကွေးကာ ပြုံးလိုက်ပြီးတော့ သူ့လက်ကို ကျန်ရှင်းဆွေ့ရဲ့ပုခုံးပေါ် တင်လိုက်တယ်။ ပြီးတော့ဖန်လေးကို မောက်မာစွာနဲ့ ရူးသွပ်နေတဲ့အစ်ကိုဆိုးတစ်ယောက်လို ပြောလာတယ် "ကြားလား ကြားလား ဒါကငါ့တိတိလေးလေ ငါသာမပြောနိုင်ရင် ဘယ်သူပြောနိုင်မှာလဲ!?"

ဖန်လေး "....."

တစ်သက်လုံး ဒီလောက်မဆွံ့အဖူးဘူး။

သူတို့စကားပြောနေတုန်း ရှန်ယုံးကလည်း ရဲတွေနဲ့လုံခြုံရေးတွေဆီ အကြောင်းကြားပြီးသွားပြီဖြစ်တယ်။ တကယ်ပဲခဏနေတော့ အခြေအနေကိုထိန်းသိမ်းဖို့အတွက် ရောက်လာခဲ့ကြတယ်။ စောနကဒီလူတွေက ဆေးရုံအပေါက်ဝမှာ မစုဝေးဘဲရှိနေကြတာဖြစ်တယ်။ အဲ့တာကြောင့် အာရုံစိုက်စရာမဖြစ်သွားစေခဲ့ဘူး။ အခုမှာတော့ အုတ်အော်သောင်းတင်းဖြစ်သွားတာကြောင့် သေချာပေါက် အခြေအနေကို ထိန်းသိမ်းဖို့လာရပြီဖြစ်တယ်။

ရှန်ရှင်းချန် ကားရပ်ထားတဲ့နေရာစီသွားရင်း ကြွားလာလေတယ် "သူပထမဆုံးအကြိမ် ကျွန်တော့ကိုကောလို့ခေါ်တာ!"

ဘေးရှိရှန်မင်လောင်နှင့် ရှန်ယုံး "....."

နှစ်ယောက်စလုံးဟာ ရှန်ရှင်းချန်ကို အန္တရာယ်အငွေ့အသက်အပြည့်နဲ့ စိုက်ကြည့်လိုက်ကြတယ်။

ဒီနှစ်ယောက်လုံးက စိတ်အားထက်သန်စွာ ပြတ်ပြတ်သားသားနဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြတတ်တဲ့ ရွှီအန်းကျန်းတို့၊ ရှန်ရှင်းချန်တို့နဲ့မတူလေဘူး။ သူတို့ကကျန်ရှင်းဆွေ့အပေါ် ခံစားချက်ကောင်းတွေရှိပြီး သဘောကျနှစ်ခြိုက်ကြပေမဲ့ ရင်းနှီးမှုယူဖို့နဲ့ ဖွင့်ပြောဖို့အတွက် အခွင့်အရေးမရှိတာကြောင့် ရှန်ရှင်းချန်ရဲ့လုယူခြင်းခံလိုက်ရတော့တယ်။

ရွှီအန်းကျန်းကလည်း ဘေးကသွားနေရင်း ရယ်လိုက်ကာ "ငါ့ကိုလည်း အမေလို့ခေါ်ပြီးသွားပြီ"

ရှန်မင်လောင်နှင့် ရှန်ယုံး "....."

နောက်ဓားတစ်ချောင်းနဲ့ အထိုးခံလိုက်ရသလိုပဲ။

နောက်ဆုံးတော့ ကားရပ်တဲ့နေရာကို ရောက်သွားခဲ့ပြီ။ စီးရမှာကသေချာပေါက် ရှန်အိမ်ကကားပဲပေါ့။ ဒါက Extended Rolls Royceဖြစ်တာကြောင့် လူ၅ယောက်ထိုင်ဖို့က လုံးဝပြဿနာဖြစ်မနေခဲ့ဘူး။

ရှန်ရှင်းချန်ကားပေါ်တက်ပြီးနောက်မှာ ပြောလာခဲ့တယ် "ငါတို့ပုံမှန်ဆိုဒီကားမသုံးဘူး"

ကျန်ရှင်းဆွေ့က သံသယရှိစွာနဲ့သူ့ကိုကြည့်လိုက်တယ်။

ထိုက်ထိုက်(ဇနီး)ဘေးမှာထိုင်နေတဲ့ ရှန်ယုံးက နောက်ဆုံးတော့ ပြောဖို့အခွင့်အရေးရသွားပြီဖြစ်ကာ အသံသြသြနဲ့ပြန်ဖြေလာတယ် "သားကိုကြိုဖို့အတွက်လေ"

ရှန်မင်လောင်က မျက်မှန်ကိုပင့်တင်လိုက်ပြီး ဆက်ဖြေလိုက်တယ် "ဒီလိုဆို မင်းကားစီးရတာမကြပ်တော့ဘူး"

သူတို့ကလုပ်ငန်းနယ်ပယ်မှာ အရှိန်အဝါရှိပြီး ဂုဏ်သိက္ခာကြီးမားတဲ့ သူတွေဖြစ်တယ်။ ပုံမှန်အချိန်ဆို တွေ့ဖို့မလွယ်တဲ့ဥက္ကဌတွေက ဒီအချိန်မှာတော့ အခုမှပြန်ရှာတွေ့တဲ့ သားနဲ့တိတိလေးကို မျက်နှာချင်းဆိုင်ရချိန်မှာ သူငယ်တန်းကလေးလေးတွေလို မျက်နှာသာရဖို့ တိုက်ခိုက်ကြတော့တယ်။

ကျန်ရှင်းဆွေ့က ဒီလေထုကိုသတိမထားမိလေဘူး။ သူတို့ပြန်ဖြေတာကြားရချိန်မှာ စိတ်ထဲနွေးထွေးသွားရပြီး စိတ်လှုပ်ရှားမိသွားရတယ်။ သူတို့ကသွေးသားစစ်ဆေးမှုအဖြေကိုတောင် မကြည့်ရသေးဘဲနဲ့ သူ့အပေါ်ဒီလောက်ကောင်းပေးကြတယ်။ ဒါကသူ့ကိုကြောက်ရွံ့စေပေမဲ့ ပျော်လည်းပျော်ရွှင်ရစေတယ်။

____________________
Word – 3632
Dec 31, 2022 (Sat)
Xiao Dream

တိုသွားပေမဲ့ ဒီလောက်လေးနဲ့ပဲကျေနပ်လိုက်ပါနော်။ ၂နာရီထိုးသွားတော့ ဆက်မရိုက်နိုင်တော့လို့ပါ။

နှစ်သစ်မှာပျော်ရွှင်ပါစေနော်။ စိတ်သစ်လူသစ်နဲ့ ချစ်ရသူတွေနဲ့အတူ ၂၀၂၃ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေ။ အရင်နှစ်တွေကထက် ပိုကောင်းတဲ့နေ့ရက်တွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။ ပိုပိုအေးလာနေတာကြောင့် နွေးနွေးထွေးထွေးဝတ်ပြီး ကျန်းမာအောင်နေကြပါ။ ပြီးတော့စောစောအိပ်ကြပါ။ အိမ်မက်လှလှမက်ကြပါစေ။ ဂွတ်နိုက်ပါ။




Zawgyi

က်န္းလင္မယား၏အဆုံးသတ္
____________________________

က်န္ရွင္းေဆြ႕ဘဝမွာ ဒီေလာက္ဝမ္းသာဝမ္းနည္းမျဖစ္ခဲ့ဖူးဘူး။

လူတစ္စုကေကာ္ရစ္တာမွာ စကားေျပာရင္း ေသြးသားေတာ္စပ္မႈ စစ္ေဆးဖို႔အတြက္ ေဆး႐ုံထဲဝင္သြားခဲ့တယ္။ ဓာတ္ေလွကားစီးေနတဲ့အခ်ိန္မွာ ႐ႊီအန္းက်န္းက တစ္ေလွ်ာက္လုံးက်န္ရွင္းေဆြ႕ေဘးမွာ ရပ္ေနခဲ့တယ္။ က်န္ရွင္းေဆြ႕ ေသြးစစ္တဲ့အခန္းထဲကေန ထြက္လာတာဘယ္ေလာက္မွ မၾကာေသးဘဲ ေနာက္တစ္ေခါက္ထပ္သြားရလိမ့္မယ္လို႔ မထင္ထားမိေလဘူး။ ရဲေတြကလည္း အမႈလိုက္ေနတုန္းပဲရွိေသးတယ္။ သူျပန္ေရာက္လာတာျမင္ေတာ့ အံ့ၾသသြားကာ "မင္း..."

က်န္ရွင္းေဆြ႕တိတ္ဆိတ္သြားၿပီး ဘယ္လိုေျပာရမွန္းမသိ ျဖစ္ေနေလတယ္။

ရွန္ယုံးကေတာ့ ေရွ႕ထြက္ရပ္လာခဲ့တယ္။ ဒီအမ်ိဳးသားကအခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ တိတ္ဆိတ္ေနတတ္ေပမဲ့ ကိစၥတစ္ခုခုျဖစ္လာခ်ိန္မွာေတာ့ အၿမဲတမ္းေရွ႕ဆုံးကထြက္လာတဲ့သူျဖစ္တယ္။ သူကအသံနိမ့္နဲ႔ "မဂၤလာပါ ကြၽန္ေတာ္တို႔ဒီကေလးနဲ႔ ေသြးသားေတာ္စပ္မႈ စစ္ေဆးခ်င္လို႔ပါ"

ရဲသားကေတြေဝသြားတယ္။

ေစာနကမွ သူတို႔စုံစမ္းစစ္ေဆးဖို႔ ျပင္ဆင္ေနၾကတာျဖစ္တယ္။ သူတို႔က က်န္ရွင္းေဆြ႕ရဲ႕မိသားစုကို ျမန္ျမန္ရွာေတြ႕ႏိုင္ေအာင္ ကူညီေပးခ်င္ေနၾကတာ။ မထင္ထားမိတာက ဒီကေလးက်န္ရွင္းေဆြ႕က သူ႔ခြန္အားနဲ႔သူမိသားစုတစ္စုရွာလာၿပီး ေသြးသားေတာ္စပ္မႈ လာစစ္ေဆးၾကလိမ့္မယ္လို႔ပဲ!

႐ႊီအန္းက်န္းလည္းအေနာက္ကေန ခံစားခ်က္တစ္ခ်ိဳ႕နဲ႔ ေျပာလာခဲ့တယ္ "ဟုတ္တယ္ ကြၽန္မတို႔ဒီကေလးနဲ႔ ေသြးသားစစ္ေဆးမႈလုပ္ခ်င္လို႔ပါ"

"....."

ရဲသားကလည္း အနည္းငယ္ေတြေဝစြာနဲ႔ "ခင္ဗ်ားတို႔ေသခ်ာေနၿပီလား?"

ရွန္ယုံးေခါင္းညိတ္ျပလာတယ္ "ေသခ်ာၿပီ"

ဒီအမ်ိဳးသားကေခါင္းလွည့္လိုက္တယ္။ သူ႔ရဲ႕ခႏၶာကိုယ္ဟာ အေတာ္ေလးျမင့္မားေလတယ္။ အခုခ်ိန္မွာရဲသားေရွ႕မွာ မတ္တပ္ရပ္ေနၿပီး သူ႔ေဘးတိုက္ခႏၶာကိုယ္ဟာ ေလဒဏ္မိုးဒဏ္လုံၿခဳံၿပီး မွီခိုလို႔ရႏိုင္မဲ့ ေတာင္ႀကီးတစ္လုံးနဲ႔တူေလတယ္။ အသံၾသၾသနဲ႔ "သူကကြၽန္ေတာ္တို႔ရဲ႕သားပါ"

ရဲသားကလည္း ဒီခံစားခ်က္ေတြ ကူးစက္သြားၿပီး ေခါင္းညိတ္ျပလိုက္တယ္ "ေကာင္းၿပီ အဲ့တာဆိုစစ္လိုက္ပါ"

ဒီတစ္ေခါက္ရဲ႕စိတ္ခံစားခ်က္နဲ႔ အရင္တစ္ေခါက္နဲ႔က လုံးဝမတူညီေလဘူး။

က်န္ရွင္းေဆြ႕ၿပီးစီးသြားၿပီးေနာက္ တစ္ေန႔လုံးပင္ပန္းထားမႈနဲ႔ ေနာက္တစ္ႀကိမ္ေသြးစစ္မႈေၾကာင့္ မတ္တပ္ရပ္လိုက္ခ်ိန္ အနည္းငယ္မူးေဝသြားရတယ္။

ဆရာဝန္ကလည္း အႀကံေပးစကားေျပာလိုက္တယ္ "ေကာင္ေလး မင္းခႏၶာကိုယ္ကိုဂ႐ုစိုက္ရမယ္ေနာ္ မင္းရဲ႕ဒီေသြးအေရာင္ပဲၾကည့္  အရမ္းပင္ပန္းေနၿပီဆိုတာကို ျပေနတယ္ ၿပီးေတာ့ေသြးအားလည္းနည္းေနေသးတယ္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ခႏၶာကိုယ္ကိုပ်က္စီးမသြားေစနဲ႔ဦး"

က်န္ရွင္းေဆြ႕လည္း ေခါင္းညိတ္ျပကာ "သိပါၿပီ"

ဒီစကားကို က်န္ရွင္းေဆြ႕ ၾကားလိုက္သလို အေနာက္က ႐ႊီအန္းက်န္းလည္း ၾကားလိုက္ေလတယ္။ သူမလြယ္မကူနဲ႔ကေလးေလးကို ျပန္ရွာေတြ႕ခဲ့ၿပီး ဒီအခ်ိန္မွာပိုလို႔ေတာင္ ရင္နာရေတာ့တယ္ "ေဒါက္တာ ကြၽန္မတို႔အိမ္ကကေလးက ခႏၶာကိုယ္သိပ္မေကာင္းဘူးလား? စစ္ေဆးစမ္းသပ္ဖို႔ စာရင္းေပးထားဖို႔မ်ား လိုမလား?"

အရမ္းဂ႐ုစိုက္ေပးတတ္တယ္။

ဆရာဝန္က ၿပဳံးကာေခါင္းခါလိုက္ရင္း ေျပာလာတယ္ "ခင္ဗ်ားလည္း အရမ္းစိတ္ပူမေနပါနဲ႔ သူကငယ္႐ြယ္ၿပီး ခႏၶာကိုယ္လည္းေကာင္းပါတယ္ စစ္ေဆးၾကည့္ဖို႔ေတာ့ မလိုပါဘူး ဒါေပမဲ့ ျပန္သြားၿပီးရင္ေတာ့ ေသခ်ာေလးဂ႐ုစိုက္ေပးလိုက္ပါ မဟုတ္ရင္ သူ႔ခႏၶာကိုယ္က သံလိုမာေက်ာရင္ေတာင္ ခံႏိုင္ေတာ့မွာမဟုတ္ဘူး"

႐ႊီအန္းက်န္းလည္း အလ်င္အျမန္ေခါင္းညိတ္ျပလိုက္တယ္ "ဟုတ္ကဲ့ သိပါၿပီ"

အေနာက္ကရွန္ရွင္းခ်န္က ၾကားသြားၿပီးတဲ့ေနာက္မွာ အေတာ္ေလးစိတ္ဆိုးသြားေတာ့တယ္ "အဲ့ဒီက်န္းရွာက မင္းကိုအလုပ္ခိုင္းၿပီး ထမင္းမေကြၽးဘူးမလား?"

က်န္ရွင္းေဆြ႕ မငိုႏိုင္မရယ္ႏိုင္ ျဖစ္သြားရေတာ့တယ္ "အဲ့လိုမဟုတ္ပါဘူး လုပ္ရတာနည္းနည္းပင္ပန္းသြား႐ုံပါ"

ရွန္ရွင္းခ်န္ မေက်မနပ္နဲ႔ ေျပာလာခဲ့တယ္ "အဲ့တာဆိုမင္းဘာစားတာလဲ ေဆး႐ုံတစ္ဝိုက္မွာေရာင္းတဲ့ ေန႔လယ္စာဘူးေတြလား?"

တကယ္ေတာ့ ရွန္ရွင္းခ်န္က အျပင္ဘက္မွာေရာင္းတဲ့ ေန႔လယ္စာဘူးေတြက ဘယ္လိုေကာင္းက်ိဳးရွိႏိုင္မွာလဲလို႔ ေျပာခ်င္တာျဖစ္တယ္။ ဒါေပမဲ့က်န္ရွင္းေဆြ႕က ဒီလိုေျပာလိုက္လိမ့္မယ္လို႔ ဘယ္သူထင္ထားမိမွာလဲ "မဟုတ္ပါဘူး ေခါက္ဆြဲနည္းနည္းျပဳတ္လိုက္တာျဖစ္ျဖစ္ ထမင္းျဖစ္ျဖစ္ပဲခ်က္စားလိုက္တာပါ"

"....."

ရွန္ရွင္းခ်န္ကပိန္ပါးေနတဲ့ သူ႔ကိုယ္ကိုၾကည့္လိုက္ၿပီး ပိုစိတ္ဆိုးသြားရတယ္ "မင္းကအ႐ူးလား မင္းပါသာထမင္းသြားမဝယ္တတ္ဘူးလား?"

က်န္ရွင္းေဆြ႕ၿပဳံးပဲျပလိုက္ေတာ့တယ္။

အေနာက္ကရွန္မင္ေလာင္က ရွန္ရွင္းခ်န္ထက္ ပိုဉာဏ္ေကာင္းေလတယ္။ သူအေစာကတည္းက စုံစမ္းၿပီးသြားၿပီျဖစ္တာေၾကာင့္ သဘာဝက်စြာပဲ က်န္းမိသားစုရဲ႕ လတ္တေလာအေျခအေနကို ခန္႔မွန္းၿပီးသြားၿပီျဖစ္တယ္။ အဲ့တာေၾကာင့္လည္း က်န္ရွင္းေဆြ႕ဘာလို႔ ဒီေလာက္အလြယ္ေလးပဲ စားေသာက္ရသလဲဆိုတာ သူခန္႔မွန္းႏိုင္တယ္။ သူအရမ္းခက္ခဲခဲ့တာပဲ။

႐ႊီအန္းက်န္း ဒါကိုၾကားေတာ့ ရင္ထဲနာက်င္သြားရေတာ့တယ္။ မ်က္လုံးေထာင့္ေတြ နီရဲလာရျပန္တယ္။ ၿပီးေတာ့က်န္ရွင္းေဆြ႕ကို သူမအနားဆြဲကာေျပာလိုက္တယ္ "အေမတို႔အိမ္ျပန္မယ္ မားမား သားကိုဟင္းခ်က္ေကြၽးမယ္"

သူမဝမ္းနည္းသြားတာျမင္ေတာ့ က်န္ရွင္းေဆြ႕က အလ်င္အျမန္ပဲ သူမကိုႏွစ္သိမ့္ေပးလိုက္တယ္။

သူတို႔ေဆး႐ုံကေနျပန္လာခ်ိန္ မထင္မွတ္ထားမိတာက ေဆး႐ုံအျပင္ဘက္ေရာက္တာနဲ႔ ပတ္ဝန္းက်င္မွာ ဖရဲသီးစားသူေတြ အျပည့္ျဖစ္လို႔ေနမယ္ဆိုတာပဲ။ ေတာ္ေတာ္မ်ားမ်ားက ရဲကားေတြေၾကာင့္ ေဆး႐ုံကိုရွာေတြ႕ၾကတာျဖစ္တယ္။ က်န္းလင္မယားတို႔ေနတဲ့ ေဆး႐ုံကိုသိၿပီး လိုက္လာသူတစ္ခ်ိဳ႕လည္းရွိၾကတယ္။ ဒီကိစၥဟာ Weiboမွာအရမ္းေက်ာ္ၾကားေနတာေၾကာင့္ အေတာ္အမ်ားက အာ႐ုံစိုက္ေနၾကတာျဖစ္တယ္။ ဖရဲသီးစားသူေတြအျပင္ ပါပါရာဇီေတြလည္း ရွိၾကေသးတယ္။

က်န္ရွင္းေဆြ႕တံခါးဝမေရာက္ခင္မွာပဲ ေဆး႐ုံအျပင္ဘက္မွာ လူအမ်ားႀကီးကိုေတြ႕လိုက္ရတာေၾကာင့္ ေၾကာင္အသြားရတယ္။

တစ္ေယာက္ကသူ႔ကိုျမင္သြားၿပီးေတာ့ ေအာ္ဟစ္လာခဲ့တယ္ "က်န္ရွင္းေဆြ႕ပဲ!"

လူအုပ္ႀကီးကခပ္ျမန္ျမန္ပဲ တုံ႔ျပန္လာၾကၿပီး အကုန္လုံးကေမးျမန္းၾကဖို႔အတြက္ အေရွ႕ကိုအေျပးအလႊားသြားၾကေတာ့တယ္။ အားလုံးကပထမဆုံးေမးျမန္းသူ ျဖစ္ခ်င္ေနၾကတယ္။ အနည္းငယ္ကြာေဝးေနေသးေပမဲ့ တစ္ခ်ိဳ႕ကစတင္ေမးျမန္းလာၾကေတာ့တယ္ :

"မင္းကတကယ္ပဲ က်န္းမိသားစုရဲ႕ကေလး မဟုတ္ဘူးလား?"

"အဲ့တာဆိုမင္းရဲ႕မိဘအရင္းက ဘယ္သူေတြလဲ?"

"မင္းနဲ႔အန္းရန္နဲ႔က မတူၾကဘူးလား?"

"ဒီကိစၥက တကယ္ပဲအမွန္လား ဒါမွမဟုတ္ သ႐ုပ္ေဆာင္ေနတာလား?"

႐ုတ္တရက္ေမးလာၾကတဲ့ လူအုပ္ေၾကာင့္ က်န္ရွင္းေဆြ႕ စိတ္ရႈပ္သြားရတယ္။

တစ္ခ်ိဳ႕က အနားထပ္တိုးခ်င္ေနေသးၿပီး ရွန္ရွင္းခ်န္ရဲ႕တားဆီးျခင္းခံလိုက္ရတယ္။ *ကြၽိဳင္းေကာကမေၾကာက္မ႐ြံ႕နဲ႔ ကင္မရာကိုၾကည့္ကာ "စကားဒီေလာက္မ်ားေနတာ မင္းက*ေမးခြန္းေပါင္းတစ္သိန္းမ်ားလား"

[*ကြၽိဳင္းေကာဆိုတာက ဆြဲေဆာင္မႈရွိၿပီး မာနႀကီးတဲ့သူလို႔ေျပာပါတယ္။

* ေမးခြန္းေပါင္းတစ္သိန္းဆိုတာက စာအုပ္နာမည္ပါ။ တ႐ုတ္မွာနာမည္ႀကီးတဲ့ သိပၸံစာအုပ္တြဲပါတဲ့။]

မိုက္ခ္ကိုင္ထားတဲ့ သတင္းေထာက္တစ္ေယာက္ကလည္း တူညီစြာပဲျပန္အေျပာခံလိုက္ရတယ္။

ရွန္ရွင္းခ်န္သူ႔ကိုစိုက္ၾကည့္လိုက္ၿပီး "အမွန္လားဆိုေတာ့ ေဆး႐ုံေတာင္ေရာက္လာၿပီေလ မင္းကအမွန္လားလို႔ေမးေနေသးတယ္ေပါ့?"

အနားကပ္လာၿပီး ေမးခ်င္ေနတဲ့သူလည္း ရွိေသးေလတယ္။ ရွန္ရွင္းခ်န္ကေဒါသေတြ ေပါက္ကြဲထြက္သြားၿပီးေတာ့ "ေမးေမးေမး မင္း*င္ႀကီးကိုေမးေနလိုက္ၾက ငါသိခ်င္တာကေလ အဲ့တာမင္းတို႔နဲ႔ဆိုင္ေနလို႔လား?"

ဒီအထဲမွာ က်န္ရွင္းေဆြ႕ကိုဂ႐ုစိုက္ၾကတဲ့သူေတြရွိသလို ဒီကိစၥကိုစိတ္ဝင္စားလို႔ ဝင္ေရာက္လာၾကတဲ့ ျဖတ္သြားျဖတ္လာေတြလည္း ရွိၾကတယ္။ အထဲကေကာင္မေလးတစ္ေယာက္က အနားကိုမနဲကပ္လာၿပီးေတာ့ ရွန္ရွင္းခ်န္ေျပာတာကို ၾကားလိုက္ေတာ့ မေပ်ာ္႐ႊင္စြာပဲေျပာလာခဲ့တယ္ "ကြၽန္မကဖန္ေလ ေဆြ႕ေဆြ႕ကိုဂ႐ုစိုက္မိတာေတာင္ မရဘူးလား? မင္းကဘယ္လိုေတာင္လဲ?"

သူကေဒါသႀကီးတာေၾကာင့္ ရွန္ရွင္းခ်န္အေျပာခံလိုက္ရခ်န္ ျပန္ေျပာဖို႔ျပင္လိုက္ေပမဲ့ အတားခံလိုက္ရေလတယ္။

အရင္တုန္းက သူပဲတစ္ေလွ်ာက္လုံး က်န္ရွင္းေဆြ႕ကို ကာကြယ္ေပးလာတာျဖစ္တယ္။ ဒါေပမဲ့သူအေျပာခံလိုက္ရခ်ိန္မွာေတာ့ တစ္ေလွ်ာက္လုံးကာကြယ္ေပးခံခဲ့ရတဲ့ က်န္ရွင္းေဆြ႕က ေဘးကေနထြက္လာခဲ့တယ္။ သူ႔မ်က္ႏွာအေရာင္က အရမ္းေကာင္းမေနေလဘူး။ ဒါေပမဲ့ဖန္ေလးကို မ်က္ႏွာခ်င္းဆိုင္လိုက္တယ္။ သူပရိသတ္ကို မ်က္ႏွာခ်င္းဆိုင္လိုက္ခ်ိန္မွာေတာ့ ႏူးညံ့ေနဆဲပဲျဖစ္တယ္။

က်န္ရွင္းေဆြ႕ေျပာလိုက္တယ္ "မဂၤလာပါ မိန္းကေလးက ကြၽန္ေတာ့ဖန္လို႔ေျပာလိုက္တာလား?"

ေကာင္မေလးက ေခါင္းညိတ္ေလတယ္။

"မိန္းကေလးရဲ႕ဂ႐ုစိုက္မႈအတြက္ ေက်းဇူးတင္ပါတယ္ ကြၽန္ေတာ္အခုအဆင္ေျပသြားပါၿပီ ဒါေပမဲ့ကြၽန္ေတာ္ေျပာခ်င္တာက ေဆး႐ုံမွာလာစုေဝးေနတာက မလုပ္သင့္တာပဲေလ" က်န္ရွင္းေဆြ႕ရဲ႕အသံက ရွင္းလင္းသန္႔စင္ေနတယ္။ အခုကေဆာင္းတြင္းဝင္လာၿပီဆိုေပမဲ့ ေဆး႐ုံေပါက္ဝကလူေတြ စုေဝးေနခ်ိန္မွာ အရမ္းပင္ပန္းေနၾကရတုန္းပဲ။ သူအိပ္ကပ္ထဲကေန တစ္ရႉးထုတ္လိုက္ၿပီး မ်က္ႏွာေပၚကေခြၽးေတြကိုသုတ္ဖို႔ ေကာင္မေလးကိုေပးလိုက္တယ္။ ၿပီးေတာ့မွ "ေဆး႐ုံဆိုတာလူနာေတြ ေဆးကုသတဲ့ေနရာေလ ေသခ်ာေပါက္ တိတ္ဆိတ္ေနဖို႔လိုအပ္တယ္ မိန္းကေလးတို႔ဒီလိုမ်ိဳးစုေဝးေနတာက တျခားသူေတြအေပၚ အေႏွာင့္အယွက္ျဖစ္ေစႏိုင္တယ္ေလ"

ေကာင္မေလးလည္း အနည္းငယ္ေတြေဝသြားကာ "ဒါေပမဲ့ကြၽန္မ....."

က်န္ရွင္းေဆြ႕က "ကြၽန္ေတာ့ကိစၥေၾကာင့္ ေဆး႐ုံအေပၚ၊ အျခားသူေတြအေပၚ ဒုကၡျဖစ္ေစမိသြားရင္ ကြၽန္ေတာ္လည္း အေႏွာင့္အယွက္ျဖစ္ရတယ္ မိန္းကေလးကကြၽန္ေတာ့ဖန္ဆိုမွေတာ့ ကြၽန္ေတာ့ကို ဒီလိုမျဖစ္ေစခ်င္ဘူးမလား?"

ေကာင္မေလးကလည္း ေခါင္းဖြဖြညိတ္ေလတယ္။

က်န္ရွင္းေဆြ႕အၿပဳံးပြင့္ေလး ထြက္ေပၚလာၿပီးေတာ့ "အဲ့တာဆိုအိမ္ျပန္ေတာ့"

အစကအလြန္ရႈပ္ေထြးေနတဲ့ကိစၥက ဒီလိုစကားႏွစ္ခြန္းသုံးခြန္းေလာက္နဲ႔တင္ အေဖ်ာင္းဖ်ခံလိုက္ရေတာ့တယ္။ ေကာင္မေလးက လက္မေလ်ာ့ေသးဘဲ ေဘးကရွန္ရွင္းခ်န္ကို တစ္ခ်က္ၾကည့္လိုက္ၿပီးေတာ့ ၿငီးတြားလာတယ္ "ဒါေပမဲ့လည္း သူကအရမ္းခက္ထန္လိုက္တာ ဘယ္လိုလုပ္ၿပီးေကာအစား ေျပာေပးေနတာလဲ?"

ရွန္ရွင္းခ်န္ေျပာဖို႔ျပင္တုန္း က်န္ရွင္းေဆြ႕ေျပာတာကို ၾကားလိုက္ရတယ္ "သူကေသခ်ာေပါက္ ကြၽန္ေတာ့အစားေျပာေပးလို႔ရတာေပါ့"

ေကာင္မေလးက အံ့အားသင့္စြာနဲ႔ ေခါင္းေမာ့ၾကည့္လိုက္တယ္။ က်န္ရွင္းေဆြ႕ရဲ႕မ်က္လုံးေတြက အေတာ္ေလးႏူးညံ့လို႔သြားတယ္။ အသံကလည္း လုံးဝေသခ်ာေနတယ္ "ဘာလို႔ဆို သူကကြၽန္ေတာ့ေကာမလို႔ေလ"

ဒါကပထမဆုံးအႀကိမ္ပဲ။ လူအမ်ားေရွ႕မွာ ကင္မရာေတြေရွ႕မွာ က်န္ရွင္းေဆြ႕က ရွင္းခ်န္ကိုေကာေကာလို႔ေခၚတာ ပထမဆုံးအႀကိမ္ပဲ။ 'StarLight'ရဲ႕႐ိုက္ကူးေရးမွာပဲျဖစ္ျဖစ္ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ရွန္ရွင္းခ်န္ကသာ တစ္ေလွ်ာက္လုံး 'ေရွာင္တိ ေရွာင္တိ(ညီငယ္ေလး)'နဲ႔ ေခၚေနေပမဲ့ အႀကိမ္တိုင္းမွာက်န္ရွင္းေဆြ႕က ၿပဳံးၿပီးပဲလက္ခံခဲ့တယ္။ သူမေခၚခ်င္တာမဟုတ္ေပမဲ့ သူကမထိုက္တန္ဘူးဆိုတာ သိေနလို႔ျဖစ္တယ္။

ဒါေပမဲ့ဒီေန႔ ဒီအခ်ိန္မွာေတာ့ အားလုံးရဲ႕ေရွ႕မွာ သူေခၚလိုက္တယ္။ ေနာက္က်မွေခၚလိုက္ရတဲ့ ေကာေကာေပါ့။

ရွန္ရွင္းခ်န္အံ့အားသင့္သြားၿပီး သူ႔ေဘးကက်န္ရွင္းေဆြ႕ကို ၾကည့္လိုက္တယ္။ တိတိေလးက ဖန္ကိုမ်က္ႏွာခ်င္းဆိုင္ေနခ်ိန္မွာ တည္ၿငိမ္ေနေပမဲ့ ေကာေကာလို႔ေခၚၿပီးေနာက္မွာေတာ့ အနည္းငယ္ရွက္႐ြံ႕သြားပုံနဲ႔ နား႐ြက္ေတြနီရဲလာေတာ့တယ္။

ရွန္ရွင္းခ်န္ႏႈတ္ခမ္းေတြကို တြန္႔ေကြးကာ ၿပဳံးလိုက္ၿပီးေတာ့ သူ႔လက္ကို က်န္ရွင္းေဆြ႕ရဲ႕ပုခုံးေပၚ တင္လိုက္တယ္။ ၿပီးေတာ့ဖန္ေလးကို ေမာက္မာစြာနဲ႔ ႐ူးသြပ္ေနတဲ့အစ္ကိုဆိုးတစ္ေယာက္လို ေျပာလာတယ္ "ၾကားလား ၾကားလား ဒါကငါ့တိတိေလးေလ ငါသာမေျပာႏိုင္ရင္ ဘယ္သူေျပာႏိုင္မွာလဲ!?"

ဖန္ေလး "....."

တစ္သက္လုံး ဒီေလာက္မဆြံ႕အဖူးဘူး။

သူတို႔စကားေျပာေနတုန္း ရွန္ယုံးကလည္း ရဲေတြနဲ႔လုံၿခဳံေရးေတြဆီ အေၾကာင္းၾကားၿပီးသြားၿပီျဖစ္တယ္။ တကယ္ပဲခဏေနေတာ့ အေျခအေနကိုထိန္းသိမ္းဖို႔အတြက္ ေရာက္လာခဲ့ၾကတယ္။ ေစာနကဒီလူေတြက ေဆး႐ုံအေပါက္ဝမွာ မစုေဝးဘဲရွိေနၾကတာျဖစ္တယ္။ အဲ့တာေၾကာင့္ အာ႐ုံစိုက္စရာမျဖစ္သြားေစခဲ့ဘူး။ အခုမွာေတာ့ အုတ္ေအာ္ေသာင္းတင္းျဖစ္သြားတာေၾကာင့္ ေသခ်ာေပါက္ အေျခအေနကို ထိန္းသိမ္းဖို႔လာရၿပီျဖစ္တယ္။

ရွန္ရွင္းခ်န္ ကားရပ္ထားတဲ့ေနရာစီသြားရင္း ႂကြားလာေလတယ္ "သူပထမဆုံးအႀကိမ္ ကြၽန္ေတာ့ကိုေကာလို႔ေခၚတာ!"

ေဘးရွိရွန္မင္ေလာင္ႏွင့္ ရွန္ယုံး "....."

ႏွစ္ေယာက္စလုံးဟာ ရွန္ရွင္းခ်န္ကို အႏၲရာယ္အေငြ႕အသက္အျပည့္နဲ႔ စိုက္ၾကည့္လိုက္ၾကတယ္။

ဒီႏွစ္ေယာက္လုံးက စိတ္အားထက္သန္စြာ ျပတ္ျပတ္သားသားနဲ႔ ခံစားခ်က္ေတြကို ထုတ္ေဖာ္ျပတတ္တဲ့ ႐ႊီအန္းက်န္းတို႔၊ ရွန္ရွင္းခ်န္တို႔နဲ႔မတူေလဘူး။ သူတို႔ကက်န္ရွင္းေဆြ႕အေပၚ ခံစားခ်က္ေကာင္းေတြရွိၿပီး သေဘာက်ႏွစ္ၿခိဳက္ၾကေပမဲ့ ရင္းႏွီးမႈယူဖို႔နဲ႔ ဖြင့္ေျပာဖို႔အတြက္ အခြင့္အေရးမရွိတာေၾကာင့္ ရွန္ရွင္းခ်န္ရဲ႕လုယူျခင္းခံလိုက္ရေတာ့တယ္။

႐ႊီအန္းက်န္းကလည္း ေဘးကသြားေနရင္း ရယ္လိုက္ကာ "ငါ့ကိုလည္း အေမလို႔ေခၚၿပီးသြားၿပီ"

ရွန္မင္ေလာင္ႏွင့္ ရွန္ယုံး "....."

ေနာက္ဓားတစ္ေခ်ာင္းနဲ႔ အထိုးခံလိုက္ရသလိုပဲ။

ေနာက္ဆုံးေတာ့ ကားရပ္တဲ့ေနရာကို ေရာက္သြားခဲ့ၿပီ။ စီးရမွာကေသခ်ာေပါက္ ရွန္အိမ္ကကားပဲေပါ့။ ဒါက Extended Rolls Royceျဖစ္တာေၾကာင့္ လူ၅ေယာက္ထိုင္ဖို႔က လုံးဝျပႆနာျဖစ္မေနခဲ့ဘူး။

ရွန္ရွင္းခ်န္ကားေပၚတက္ၿပီးေနာက္မွာ ေျပာလာခဲ့တယ္ "ငါတို႔ပုံမွန္ဆိုဒီကားမသုံးဘူး"

က်န္ရွင္းေဆြ႕က သံသယရွိစြာနဲ႔သူ႔ကိုၾကည့္လိုက္တယ္။

ထိုက္ထိုက္(ဇနီး)ေဘးမွာထိုင္ေနတဲ့ ရွန္ယုံးက ေနာက္ဆုံးေတာ့ ေျပာဖို႔အခြင့္အေရးရသြားၿပီျဖစ္ကာ အသံၾသၾသနဲ႔ျပန္ေျဖလာတယ္ "သားကိုႀကိဳဖို႔အတြက္ေလ"

ရွန္မင္ေလာင္က မ်က္မွန္ကိုပင့္တင္လိုက္ၿပီး ဆက္ေျဖလိုက္တယ္ "ဒီလိုဆို မင္းကားစီးရတာမၾကပ္ေတာ့ဘူး"

သူတို႔ကလုပ္ငန္းနယ္ပယ္မွာ အရွိန္အဝါရွိၿပီး ဂုဏ္သိကၡာႀကီးမားတဲ့ သူေတြျဖစ္တယ္။ ပုံမွန္အခ်ိန္ဆို ေတြ႕ဖို႔မလြယ္တဲ့ဥကၠဌေတြက ဒီအခ်ိန္မွာေတာ့ အခုမွျပန္ရွာေတြ႕တဲ့ သားနဲ႔တိတိေလးကို မ်က္ႏွာခ်င္းဆိုင္ရခ်ိန္မွာ သူငယ္တန္းကေလးေလးေတြလို မ်က္ႏွာသာရဖို႔ တိုက္ခိုက္ၾကေတာ့တယ္။

က်န္ရွင္းေဆြ႕က ဒီေလထုကိုသတိမထားမိေလဘူး။ သူတို႔ျပန္ေျဖတာၾကားရခ်ိန္မွာ စိတ္ထဲေႏြးေထြးသြားရၿပီး စိတ္လႈပ္ရွားမိသြားရတယ္။ သူတို႔ကေသြးသားစစ္ေဆးမႈအေျဖကိုေတာင္ မၾကည့္ရေသးဘဲနဲ႔ သူ႔အေပၚဒီေလာက္ေကာင္းေပးၾကတယ္။ ဒါကသူ႔ကိုေၾကာက္႐ြံ႕ေစေပမဲ့ ေပ်ာ္လည္းေပ်ာ္႐ႊင္ရေစတယ္။

____________________
Word – 3632
Dec 31, 2022 (Sat)
Xiao Dream

တိုသြားေပမဲ့ ဒီေလာက္ေလးနဲ႔ပဲေက်နပ္လိုက္ပါေနာ္။ ၂နာရီထိုးသြားေတာ့ ဆက္မ႐ိုက္ႏိုင္ေတာ့လို႔ပါ။

ႏွစ္သစ္မွာေပ်ာ္႐ႊင္ပါေစေနာ္။ စိတ္သစ္လူသစ္နဲ႔ ခ်စ္ရသူေတြနဲ႔အတူ ၂၀၂၃ကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းႏိုင္ၾကပါေစ။ အရင္ႏွစ္ေတြကထက္ ပိုေကာင္းတဲ့ေန႔ရက္ေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္။ ပိုပိုေအးလာေနတာေၾကာင့္ ေႏြးေႏြးေထြးေထြးဝတ္ၿပီး က်န္းမာေအာင္ေနၾကပါ။ ၿပီးေတာ့ေစာေစာအိပ္ၾကပါ။ အိမ္မက္လွလွမက္ၾကပါေစ။ ဂြတ္ႏိုက္ပါ။

Continue Reading

You'll Also Like

1.1M 57.2K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
258K 24.7K 74
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...