317-318
Chapter(317)
မရီးလာခဲ့တယ်(1)
ဝူဇူက ဆန်ပြုတ်စားပြီးတဲ့နောက်မှာတော့ မေးခွန်းအနည်းငယ်ကို ဖြေခဲ့တယ်။သူက နတ်တိုးတွေဖမ်းခံလိုက်ရပေမဲ့ သူက ဝူမိသားစုက အင်ပါယာမြို့တော်ကို ရောက်လာတာကိုသိသလို ဝူရုန်က စိတ်စွမ်းအင်ရှိသွားပြီး ပြိုင်ပွဲမှာနိုင်သွားတဲ့အကြောင်းကိုလည်း ကြားခဲ့တယ်။
ဝူဇူက ဆာလောင်နေတာပြေသွားတဲ့အချိန်မှာတော့ အနားယူဖို့ဝူချွင်ချင်တို့ခြံဝင်းကို သွားလိုက်တယ်။ဝူရုန်က ဝူဇူရဲ့ဒဏ်ရာတွေကို ဆေးလိမ်းပေးဖို့ကျန်နေခဲ့တယ်။ဒါကြောင့် သူက ကြာပွတ်နှင့်ရိုက်ခံထားရတဲ့ အရှိုးရာတွေကို ကြည့်လိုက်ပြီး မေးလိုက်တယ်"ဒါက ဘယ်သူလုပ်ထားတာလဲ?"
ဝူဇူက ဗိုက်ပြည့်သွားပြီဖြစ်တာကြောင့် သူကခေါင်းအုံးပေါ်မှာ လဲနေရင်း မျက်လုံးမှိတ်ထားပြီး စကားတစ်လုံးမှမပြောပါဘူး။
ဝူရုန်က သက်ပြင်းချလိုက်ပြီး"ကျင်းရှင် ကျွန်တော့်ကိုပြောတာတော့ အကိုကြီးကို မင်းသမီးကခေါ်သွားတာဆို"
ရုတ်တရက် ဝူဇူက တုန်ရီသွားတယ်။
ဝူရုန်က ဆေးလိမ်းပေးနေတာကို ရပ်လိုက်ပြီး ပြောလိုက်တယ်"ကျွန်တော် အကိုကြီးကို နာအောင် လုပ်မိတာလား?"
ဝူဇူက မျက်လုံးဖွင့်လိုက်ပြီး ပြောလိုက်တယ်"ငါက ဒါကို တခြားနေရာတွေမှာသုံးဖို့ ယူထားမယ်"
ဝူရုန်က သူ့ရဲ့ဒဏ်ရာတွေအများစုကို ကူညီပြီးဆေလိမ်းပေးထားပြီဖြစ်တယ်။သူက ဝူရုန်ကို သူ့ရဲ့ကိုယ်ပိုင်နေရာကဒဏ်ရာတွေကို ပြဖို့ရှက်တယ်။
ဝူရုန်က ဆေးပုလင်းကို ချလိုက်ပြီး"အကိုကြီးက ဆေးလိမ်းပြီးရင် အိမ်တော့။ညစာစားချိန်ရောက်မှ အကိုကြီးကို ကျွန်တော်လာနိုးမယ်"
"အင်း"ဝူဇူက ပြောလိုက်ပြီး ဝူရုန်က တံခါးနားကို လျှောက်သွားတဲ့အချိန်မှ"ရုန်အာ"
"ဟင်?"ဝူရုန်ကမေးလိုက်တယ်။
"တကယ်လို့...."ဝူဇူက တုံ့ဆိုင်းနေပြီးမှ ဆက်ပြောလိုက်တယ်"တကယ်လို့ တစ်စုံတစ်ယောက်က ငါ့ကိုတွေ့ဖို့လာရင် ငါ့စီကို ဘယ်တော့မှ မခေါ်လာနဲ့"
ဝူရုန်က ခေါင်းငြိမ့်လိုက်တဲ့အချိန်မှာဘဲ ဝူဇူက ထပ်ပြောလိုက်တယ်"မေ့လိုက်တော့။အဲလိုသာဖြစ်လာရင် တစ်ယောက်မှ သူ့ကိုတားနိုင်မှာ မဟုတ်ဘူး"
ဝူရုန်က သူပြောတာကို နားထောင်ပြီး စိတ်ရှုပ်သွားတယ်။
ဝူရုန်က အခန်းထဲက ထွက်လာတော့ ဂေါင်တုန်နှင့်တခြားသူတွေက သူ့နားမှစုရုံးပြီး"သူ့ကိုဘယ်သူက ထိခိုက်အောင် လုပ်တာလို့ ပြောလဲ?သူက ဘယ်လိုနေသေးလဲ?သူကဘာကြောင့် သတိုးသားဝတ်ဆုံကို ဝတ်ထားရတာလဲ?"
"သူက ဘာမှမပြောဘူး"ဝူရုန်က ခေါင်းခါလိုက်တယ်။
"တကယ်လို့သူက မပြောချင်ဘူးဆိုရင် ငါတို့ကမမေးသင့်ဘူး။နေ့လယ်စာစားချိန်ရောက်ပြီ။ခန်းမထဲကို ပြန်ရအောင်"ဝူချွင်ချင်က သက်ပြင်းချလိုက်တယ်။
"အင်း"
သူတို့က ခန်းမကိုရောက်ပြီး ထိုင်ပြီး မကြာခင်မှာဘဲ တံခါးစောင့်ကရောက်လာပြီး တင်ပြလိုက်တယ်"သခင် ကြင်ယာတော် သတိုးသမီးဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က သူမရဲ့ခင်ပွန်းကြင်ယာတော်ရဲ့အကို ဝူဇူကိုတွေ့ချင်တယ်လို့ပြောပါတယ်"
"!!!"လူတိုင်း
"သတိုးသမီးဝတ်စုံနဲ့မိန်းကလေးလား?"ဂေါင်တုန်က တုန်လှုပ်သွားတယ်။
"အမေ ဒါက အမေက ယောက္ခမဖြစ်လာပြီး အကိုကလည်းနဲ့သမီးကလည်း မရီး(ယောင်းမ)ရှိလာတယ်လို့ဆိုလိုတာပေါ့"ဝူရှိက တုန်လှုပ်သွားတယ်။
"ဒီအကြောင်းကိုပြောရမယ့်အချိန်မဟုတ်သေးဘူး"ဝူချွင်ချင်ကပြောလိုက်တယ်။
ဝူရှိက မျက်နှာရှုံ့မဲ့လိုက်တယ်။
"မင်း သူမကို ဝူဇူက ဒီမှာရှိတယ်လို့ ပြောခဲ့သေးလား?"ဟေးရှင်းက တံခါးစောင့်ကို မေးလိုက်တယ်။
"မပြောဘူး။ကျွန်တော်တို့က သူမရဲ့ခင်ပွန်းကိုမသိသလို ဝူဇူကိုလည်းမသိဘူးလို့ပြောခဲ့တယ်။ဒါပေမဲ့ သူမက ကြင်ယာတော်ကိုတွေ့ချင်တယ်လို့ပြောတယ်"
"သူမက ဘယ်သူလဲဆိုတာ ပြောသေးလား?"ဝူရုန်ကမေးလိုက်တယ်။
"သူမပြောတာတော့ သူမက မွန်းစတားကလန်ရဲ့မင်းသမီးလို့ပြောတယ်"
ဝူရုန် ဟေးရွမ်ရီနှင့်ကျင်းရှင်က ရီကျဲကို လျှင်မြန်စွာ ကြည့်လိုက်တယ်။
"......."ရီကျဲ
ဘာလို့သူ့ကိုလာကြည့်နေရတာလဲ?သူမက သူ့ကိုလာရှာတာမှမဟုတ်ဘဲ။
ဝူရှိက ပိုပြီးတုန်လှုပ်သွားတယ်"မွန်းစတားကလန်ရဲ့မင်းသမီးလား?မွန်းစတားကလန်ရဲ့မင်းသမီးက ငါ့ရဲ့ယောင်းမဖြစ်လာမှာလား?အမေ အမေ့ချွေးမက မွန်းစတားကလန်ကဆိုရင် အဆင်ပြေရဲ့လား?"
"သူမက သာမိန်းမကောင်းလေးဆိုရင် သူမက ဘယ်ကလန်ကဘဲဖြစ်ဖြစ် ငါကစိတ်ထဲမထားဘူး။ပြီးတော့ ငါက သူမကို မင်းရဲ့အကိုသာနှစ်သက်မယ်ဆိုရင် အဆင်ပြေတယ်"ဂေါင်တုန်က ပြုံးပြီးပြောလိုက်တယ်။
တကယ်လို့ ဝူဇူရဲ့ဒဏ်ရာတွေက အဲဒီမင်းသမီးကြောင့်ဖြစ်လာတယ်ဖြစ်လိမ့်မယ်လို့ သူမကထင်နေတယ်။
"အမေက အရမ်းကောင်းတဲ့ယောက္ခမဘဲ"
ဟေးရွမ်ရီကလည်း ဝူရှိ၏အမြင်ကို သဘောတူတယ်။သူက မျက်နှာဖုံးတပ်ထားတဲ့အချိန်တုန်းကတောင် သူ့ရဲ့ယောက္ခမတွေက သူကရုပ်ဆိုးတာကို ဘယ်တော့မှမနှစ်သက်သလို မလုပ်ခဲ့သလို သူတို့သားနှင့်လက်ထပ်ဖို့ကိုလည်း မဆန့်ကျင်ခဲ့ဘူး။
ကျင်းရှင်က ရီကျဲရှေ့ကို ပျံသွားလိုက်ပြီး ထေ့ငေါ့လိုက်တယ်"အခု မွန်းစတားကလန်ရဲ့မင်းသမီးက ဒီကိုရောက်လာပြီ။ဘာကြောင့် မင်းကသွားမတွေ့ရတာလဲ?"
"ကိုယ်က သူမရှာနေတဲ့ သူလို့မထင်ဘူး"ရီကျဲကဖြေလိုက်တယ်။
"......."ကျင်းရှင်
"အဖေ အဖေသူမနဲ့တွေ့ချင်လား?"ဝူရုန်က ဝူချွင်ချင်ကိုမေးလိုက်တယ်။
"သူမက သူမရဲ့ခင်ပွန်းဝူဇူကို တွေ့ချင်တယ်လို့ပြောကတည်းက ငါတို့က သူမနဲ့တွေ့ရလိမ့်မယ်။မဟုတ်ရင် သူမက ငါတို့က ဝူဇူက ဒီမှာရှိနေပြီး သူမရဲ့တည်ရှိမှုကို သိနေပြီးသားလို့ ထင်နေလိမ့်မယ်"ဝူချွင်ချင်ကခေါင်းငြိမ့်လိုက်တယ်။
"မင်းက ဒီမှာဘဲ ဆက်နေမှာလား?"ဝူရုန်က ကျင်းရှင်ကိုမေးလိုက်တယ်။
ကျင်းရှင်က ထွက်သွားဖို့ရည်ရွယ်ချက်မရှိတာကြောင့်"ငါက အဲဒီမင်းသမီးက ဘယ်လောက်လှလဲဆိုတာ ကြည့်ချင်သေးတယ်"
"မင်း သူမကိုတစ်ခါမှမတွေ့ဖူးဘူးလား?"ဝူရုန်က အံ့အားသင့်သွားတယ်။
"မတွေ့ဖူးဘူး"
ရီကျဲက ကျင်းရှင်ကို သယ်သွားပြီး နံရံနောက်မှာ သွားနေလိုက်တယ်။
"အမေ ရှိအာ အတတ်နိုင်ဆုံးဘာမှမပြောမိအောင်ကြိုးစားပါ။ဘာကြောင့်လဲဆိုတော့ အမေတို့က စကားပြောမှားပြီး သူမက အကိုကြီးက ဒီမှာရှိတယ်ဆိုတာ သိသွားမှာ စိုးလို့ဘဲ"ဝူရုန်က ပြောလိုက်တယ်။
ဂေါင်တုန်နှင့်ဝူရှိကခေါင်းငြိမ့်လိုက်တယ်။
"သူမကိုခေါ်ခဲ့"ဟေးရွမ်ရီက တံခါးစောင့်ကိုပြောလိုက်တယ်။
"ဟုတ်"တခါးစောင့်က ထွက်သွားလိုက်တယ်။
မကြာခင်မှာတော့ တံခါးစောင့်က ပြန်လာခဲ့ပြီး သူ့နောက်မှာတော့ စိတ်ကူးစရာကောင်းတဲ့ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်က လိုက်လာတယ်။
လူတိုင်းက မိန်းကလေးကိုကြည့်လိုက်တော့ မိန်းကလေးက အလွန်ကိုလှပပေမဲ့ အေးစက်နေတာကိုတွေ့လိုက်ရတယ်။အထူးသဖြင့် သူမရဲ့နှုတ်ခမ်းတွေက တင်းတင်းစေ့ထားတယ်။လူတိုင်းက သူမရဲ့မျက်နှာကို ကြည့်ပြီးတော့ ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီးတော့ အံ့သြသွားကြတယ်။
"!!!"လူတိုင်း
-----------------------
Chapter(318)
မရီးက လာခဲ့တယ်(2)
သူမက မယုံနိုင်စရာကောင်းလောက်အောင် အရပ်ရှည်တယ်!သူမကို ကြည့်ရတာ ဟေးရွမ်ရီနှင့်ရီကျဲတို့လောက်အရပ်ရှည်ပြီး ဝူဇူထက်တောင်ရှည်တယ်။ဝူဇူက မင်္ဂလာပွဲကနေ ထွက်ပြေးလာတာ အံ့သြစရာ မဟုတ်တော့ဘူး။
ဝူရုန်က မျက်မှောင်ကြုတ်လိုက်တယ်။ဒီလူက တကယ်ဘဲ မိန်းကလေးလား?
မင်းသမီးက လျှင်မြန်စွာ ကြည့်လိုက်ပြီး သူမက ဝူရုန်တို့ကို ကြည့်ပြီး ရင်းနှီးနေသလိုမျိုး သူမက ဝူချွင်ချင်နှင့်ဂေါင်တုန်ရှေ့ကိုလျှောက်လာပြီး အရိုအသေပေးလိုက်ပြီး သူတို့ကို နှုတ်ဆက်လိုက်တယ်။
"ချွေးမယူအာက နှုတ်ဆက်ပါတယ်။တွေ့ရတာဝမ်းသာပါတယ် ယောက္ခမ(ထီး) ယောက္ခမ မတ်လေး မတ်လေးရဲ့ခင်ပွန်း ယောင်းမလေး ပထမဆုံးတွေ့ဆုံးမှုမှာ လက်ဆောင်မယူလာခဲ့တာ တောင်းပန်ပါတယ်။ကျွန်မက ပြေးလွှားခဲ့လို့ပါ။ကျွန်မရဲ့အမှားပါ"
ဝူချွင်ချင် ဂေါင်တုန်နှင့်ဝူရှိက အမှတ်တမဲ့နှင့် ခေါင်းငြိမ့်လိုက်တယ်။
မတ်လေးရဲ့ခင်ပွန်းဟုတ်လား?ဟေးရွမ်ရီက အတိအကျကို ဒီလိုအမည်ကြီးခေါ်ခံရတာကို မနှစ်သက်ပါဘူး။
"မွန်းစတားကလန်ရဲ့မင်းသမီး..."ဝူရုန်က ဟန်လုပ်ချောင်းဟန့်လိုက်တယ်။
"မတ်လေး ကျွန်မကို မရီးလို့ခေါ်သင့်တယ်"သူမက ဝူရုန်ကို အမှန်ပြင်ပေးလိုက်တယ်။
"......."လူတိုင်း
ဒါက ဝူရုန်ကို အကျပ်တွေ့စေတယ်။
"ကောင်းပြီ ဒီတော့ မင်းပြောသလိုဆို ကျွန်တော့်အကိုကြီးက မင်းရဲ့ခင်ပွန်းပေါ့။သူက ထွက်သွားတာနှစ်ဝက်ကျော်ကြာပြီဆိုပေမဲ့ သူက တစ်ခါမှ ကျွန်တော်တို့ကို သူလက်ထပ်ထားတဲ့အကြောင်းမပြောခဲ့ဘူး။တကယ်လို့ သူက လက်ထပ်မယ်ဆိုရင်တောင် ကျွန်တော့်မိဘတွေက သူ့ကိုအခြားလူသားတစ်ယောက်နှင့်ဘဲ စီစဉ်ပေးလောက်တယ်။ကျွန်တော့်တို့မိဘတွေက ကျွန်တော်တို့ရဲ့အချစ်ရေးကို မတားဆီးထားပေမဲ့ အနည်းဆုံးတော့ အကိုကြီးရဲ့လက်ထပ်ပွဲကိုတော့ တက်ရောက်ပေးပးလိမ့်မယ်။လက်ထပ်တာဆိုတာ ဘဝရဲ့အရေးကြီးတဲ့ကိစ္စဘဲလေ။မင်းရော ဘယ်လိုထင်လဲ?ကျွန်တော့်အကိုကြီးကလည်း ဒါကို သိသင့်တယ်"
"သူကအရင်တုန်းက ဒါကို ကျွန်မကိုပြောဖူးပါတယ်။ဒါပေမဲ့ ကျွန်မက သူ့ကိုအရမ်းလက်ထပ်ချင်ခဲ့တယ်။ဒါ့ကြောင့် ကျွန်မတို့မင်္ဂလာဆောင်ကို ကျွန်မတို့ကလန်မှာ ကျင်းပပြီး နောက်တစ်ကြိမ်မင်္ဂလာဆောင်တဲ့အခါမှ သူ့ရဲ့မိဘတွေရှိတဲ့ လူသားကလန်မှာ လုပ်ဖို့ကျွန်မက အကြံပေးခဲ့တာ"ယူအာက ပြောလိုက်တယ်။
"ဒီလိုဆိုရင် သူက ဘယ်မှာလဲ?တံခါးစောင့်ကပြောတာတော့ မင်းက အကိုကြီးကိုရှာနေတာဆို။သူကပျောက်နေတာလား?"ဝူရုန်က မင်းသမီးရဲ့အရှေ့ကိုလျှောက်လာပြီး ရပ်လိုက်တယ်။
အဲဒီနောက်မှာတော့ သူက မင်းသမီးကို မော့ကြည့်နေရတယ်ဆိုတာ နားလည်သွားတယ်။
"ငါ့သားကပျောက်နေတယ်"ဝူချွင်ချင်နှင့်ဂေါင်တုန်က ဟန်လုပ်စိုးရိမ်သွားကြတယ်။
ယူအာက ဒီမိသားစုက သူမကို မလိမ်ဘူးလို့ခံစားရပြီး"သူက မင်းတို့ကိုတွေ့ဖို့ ဒီကိုမလာဘူးလား?"
သူက သူမကိုရှောင်ဖို့အတွက် ဒီကိုမလာဘူးဆိုတာ ဖြစ်နိုင်တယ်။
"သူက မင်းကိုလက်မထပ်ချင်လို့ မင်္ဂလာဆောင်က ထွက်ပြေးသွားတာ ဖြစ်နိုင်လား?"ဝူရှိက ပြောလိုက်တယ်။
ယူအာက ဝမ်းနည်းသွားတယ်။
ဂေါင်တုန်က မိန်းကလေးတစ်ယောက်၏နှလုံးသားကို နာကျင်စေဖို့ စိတ်မရှိတာကြောင့် ပြောလိုက်တယ်"ရှိအာ မင်းရဲ့နေရာက တစ်စုံယောက်ကို ဝေဖန်ပိုင်ခွင့်မရှိဘူး"
"ငါတောင်းပန်ပါတယ်"ဝူရှိကတောင်းပန်လိုက်တယ်။
ယူအာက သူမရဲ့စကားကို စိတ်ထဲမထားပါဘူး။သူမက ဂေါင်တုန်ကို ဦးညွှန်ပြီးပြောလိုက်တယ်"တောင်းပန်ပါတယ်။ကျွန်မက အခုကျွန်မခင်ပွန်းကို သွားရှာတော့မယ်။ဒီမှာကြာကြာမနေနိုင်တော့ဘူး။ကျွန်မက သူ့ကိုရှာတွေ့တဲ့အချိန်မှ ဒီကိုလာပြီးယောက္ခမတို့ကို ထပ်လာတွေ့ပါ့မယ်"
"မင်းသမီး မင်းက ကျွန်တော့်အကိုကြီးကို ဘယ်နေရာမှာနောက်ဆုံးတွေ့ခဲ့တာလဲ?ကျွန်တော်တို့လည်း သူ့ကိုသွားရှာမယ်"ဝူရုန်က မေးလိုက်တယ်။
"မလိုအပ်ဘူး။ကျွန်မဘဲ သူ့ကိုသွားရှာမယ်"ယူအာက လျှင်မြန်စွာ ထွက်သွားလိုက်တယ်။
နောက်တော့ လုံးဝတိတ်ဆိတ်သွားတယ်။
"ဟေးရှင်း နေ့လယ်စာအဆင့်သင့်ဖြစ်ပြီလား?ငါဗိုက်ဆာနေပြီ"ဟေးရွမ်ထန်က ခန်မထဲကို မဝင်ရသေးခင် အပြင်ကနေ အော်ပြောလိုက်တယ်။
သူ့လက်မောင်းထဲက ဥကလေးကလည်း အော်လိုက်တယ်"သားလည်းဗိုက်ဆာပြီ"
"ကျွန်တော်က သူတို့ကိုနေ့လယ်စာပြင်ဖို့ပြောလိုက်မယ်"ဟေးရှင်ူက ပြုံးပြီးပြောလိုက်တယ်။
ဟေးရွမ်ထန်က ဥကလေးကိုပွေ့ချီပြီး အထဲဝင်လာတဲ့အချိန်မှာတော့ လူတိုင်းရဲ့ဗလာဖြစ်နေတဲ့ မျက်နှာကိုကြည့်ပြီး စိတ်ရှုပ်သွားတယ်"မင်းတို့ ဘာမှားနေကြတာလဲ?"
"ငါ့ရဲ့ယောင်းမလောင်းက အရပ်အရမ်းရှည်တယ်။အကိုရုန်ထက်တောင် ပိုပြီးရှည်သေးတယ်"ဝူရှိက သတိပြန်ဝင်လာပြီး ပြောလိုက်ပြီး သူမက ဒါကိုမယုံနိုင်သေးဘူး။
ဂေါင်တုန်ကလည်း ခေါင်းငြိမ့်လိုက်ပြီး"သူမက ရွမ်ရီလောက်ရှည်တယ်"
"သူမက အဲဒီလောက်ရှည်နေလို့ ငါ့အကိုကရှက်နေတာဖြစ်မယ်။သူက ထွက်ပြေးလာတာ အံ့သြစရာမရှိတော့ဘူး"
"အမှန်တရားကို မသိခင်လျှောက်မပြောကြနဲ့"
ဝူရုန်က မျက်မှောင်ကြုတ်လိုက်ပြီး အကာအရံအကွယ်ကနေ ထွက်လာတဲ့ ရီကျဲကိုမြင်တော့ မေးလိုက်တယ်"သူမက တကယ်ဘဲ မွန်းစတားကလန်ရဲ့မင်းသမီးလား?"
"ကျုပ်က အရင်တုန်းကသူမကိုတစ်ခါမှမတွေ့ဖူးဘူး"ရီကျဲက ခေါင်းခါလိုက်တယ်။
"မင်းလိမ်နေတာ"ကျင်းရှင်က သူ့ကို စူးစိုက်ကြည့်လိုက်ပြီး"မင်းကသူမကို လက်ထပ်ဖို့တောင်လုပ်သေးတာဘဲ။ဘယ်လိုလုပ်ပြီး သူမကို မမြင်ဖူးရမှာလဲ?"
ဝူချွင်ချင် ဂေါင်တုန်နှင့်ဝူရှိက ရီကျဲကို တုန်လှုပ်စွာ ကြည့်လိုက်ပြီူ"ဘာ?ရီကျဲက မင်းသမီးကို လက်ထပ်ချင်တာလား?ဒါက သူက သူမနဲ့ငါ့သားကြားမှာ ဝင်ရှုပ်တာဘဲ မဟုတ်လား?"
"စေ့စပ်ပွဲကို ဧကရာဇ်ကစီစဉ်ခဲ့တာပါ။ကျုပ်က သုံး-ခုနှစ်ကျောက်တုံးကို လိုချင်တာကြောင့် သဘောတူခဲ့တယ်။ကျုပ်က မင်္ဂလာဆောင်တဲ့နေ့မှာဘဲ သုံး-ခုနှစ်ကျောက်တုံးကို ယူပြီး ထွက်လာခဲ့တာ။ဒါ့ကြောင့် ကျုပ်က သူမရဲ့မျက်နှာကို မမြင်ဖူးဘူး"ရီကျဲကရှင်းပြလိုက်တယ်။
ကျင်းရှင်က တုန်လှုပ်သွားတယ်။သူကနှာမှုတ်လိုက်ပြီး အဝေးကို ကြည့်လိုက်တယ်။
ဝူရှိက မင်းသမီးကို စာနာသနားသွားပြီး"နင်က သူမအပေါ်ဆိုးဝါးတာလုပ်ခဲ့တာဘဲ"
"........"ရီကျဲ
သူ့မှာလည်းရွေးချယ်စရာမရှိခဲ့ဘူး။ဘာကြောင့်လဲဆိုတော့ ကျင်းရှင်ရဲ့မိခင်က သူနှင့်ကျင်းရှင်က ကလေးမရနိုင်တာကြောင့် ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့တာကြောင့်ဖြစ်တယ်။ကျင်းရှင်က သားလိမ္မာလေးဘဲ။သူက ကျင်းရှင်ကိုခက်ခဲတဲ့အခြေအနေမဖြစ်စေချင်ဘူး။ဒါ့ကြောင့် သူက သုံး-ခုနှစ်ကျောက်တုံးကိုလှည့်စားလိမ်ယူခဲ့ပြီး ကျင်းရှင်၏မိဘတွေရဲ့ခွင့်ပြုချက်ကိုတောင်းခံဖို့ဖြစ်တယ်။
ဒါပေမဲ့ သူမမျှော်လင့်ခဲ့တာက ကျင်းရှင်က သူကမင်းသမီးကို လက်ထပ်ဖို့ လုပ်ခဲ့တာကို တွေ့ရှိသွားကတည်းက ပြင်းပြင်းထန်ထန်ပြသနာရှာတော့တာဘဲ။တကယ်လို့ သူက ကျင်းရှင်က ဒီလောက်ဒေါသထွက်မယ်မှန်းသိခဲ့ရင် သူ့ရဲ့အသက်ကိုဆုံးရှုံးရင် ဆုံးရှုံးပါစေ ဧကရာဇ်ထံကဘဲ သုံး-ခုနှစ်ကျောက်တုံးကိုခိုးယူဖို့လုပ်ခဲ့မှာ။
"နတ်ဆိုးကလန်က မင်းသမီးရဲ့အမည်က ယူအာလား?"ဝူရုန်ကမေးလိုက်တယ်။
"မွန်းစတားကလန်က တော်ဝင်မိသားစုဝင်တိုင်းရဲ့မိသားစုအမည်က'ယူ'ဘဲ"ရီကျဲကပြောလိုက်တယ်။
"........"ဝူရုန်
ဟေးရွမ်ထန်က စိတ်ရှုပ်သွားပြီး"မွန်းစတားကလန်က မင်းသမီးလား?မင်းတို့က ဘာအကြောင်းပြောနေကြတာလဲ?သူမက ဘယ်မှာလဲ?သူမက သွားပြီလား?"
"မွန်းစတားကလန်ရဲ့မင်းသမီးက စားစရာလား?"ဥကလေးကမေးလိုက်ပြီးနောက်မှတော့ သူ့ရဲ့ဗိုက်ကအသံမြည်လာတယ်။သူက လုံးဝကိုဗိုက်ဆာနေပြီ။လူတိုင်းက ရယ်မောလိုက်တယ်။
ဝူရှိက သူ့ရဲ့ပါးလေးကိုဆွဲဖဲ့လိုက်ပြီး"မင်းက မကြာခဏဆိုသလိုစားနေတာတောင် ဘာကြောင့်ဗိုက်ဆာနေသေးတာလဲ?"
"သားမသိဘူး"ဥကလေးက ခေါင်းခါလိုက်တယ်။
"ငါတို့က နေ့လယ်စာအရင်စားပြီး နောက်တော့မှ စကားပြောသင့်တယ်"ဂေါင်တုန်ကပြောလိုက်တယ်။
----------------------------------
Merry Chirstmas ပါ။
ခရစ္စမတ်အတွက် လျော့ဈေးလေးရှိပါတယ်။
(25.12.22မှ26.12.22)အတွင်း gpဝင်ရင် gpတစ်ခုစီကို 500လျော့ဈေးနဲ့ရပါမယ်။gpမဝင်ရင်လည်း ဖြည်းဖြည်းချင်း အဆုံးထိ တင်ပေးပါမှာပါနော်။
---------