Chapter(314)
ကြမ်းပြင်ကိုလျှာနဲ့လျက်စမ်း(2)
"လုံလောက်ပြီ"ဟေးရွမ်ရီက သူ့ရဲ့မျက်လုံးတွေကို ကာပေးပြီးပြောလိုက်တယ်။သူက သူ့ဇနီး ကိုယ်လုံးတီးယောကျာ်းတစ်ယောက်ကို စိုက်ကြည့်နေတာကို မကြိုက်ဘူး။
"အင်း"ဝူရုန်၏ခံစားချက်တွေက အေးစက်နေရာမှ နွေးထွေးလာတယ်။သူက ဟေးရွမ်ရီဘက်ကို လှည့်လိုက်ပြီး ဟေးရွမ်ရီကို ဖက်လိုက်ပြီး သူ့ရဲ့ပါးကိုနမ်းလိုက်ပြီး ဟေးရွမ်ရီ၏ရင်ဘတ်ကို သူ့ခေါင်းနှင့်ပွတ်တိုက်လိုက်ပြီး ပြောလိုက်တယ်"အသံတွေက ဘာကြောင့် ဒီလောပ်ကျယ်ရတာလဲ?"
စန်းလန်က ဒီအရိပ်အမြွတ်ကြောင့် လျှင်မြန်စွာ ဘာစီရဲ့ဦးနှောက်ကို ဖြတ်လိုက်တယ်။
ဟေးရွမ်ရီက သူတို့ကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး ဝူရုန်ကို အဝေးကို ခေါ်သွားလိုက်တယ်။
"ကြင်ယာတော် ကျွန်တော်တို့က လူနှစ်ယောက်ကို ဖမ်းခဲ့သေးတယ်"ဟေးရင်းကပြောလိုက်တယ်။
"ဘယ်သူတွေလဲ?"ဝူရုန်က မေးလိုက်တယ်။
"သူတို့ ဂိုလင်းမြို့က ဝူမိသားစုဘဲ။သူတို့နှစ်ယောက်က စွပ်ဖားလှည်းပြိုင်ပွဲတုန်းက ကြင်ယာတော်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့သူဘဲ"
"သူတို့ကို လွတ်ပေးလိုက်"ဝူရုန်ကပြောလိုက်တယ်။
"ဟုတ်"
ဟေးရင်းက ဝူရှန်းနှင့်ဝူရှားကို လွတ်ပေးလိုက်တယ်။ဝူရှားက ဝူရုန်ကို မြင်တာနှင့် ဓားဆွဲထုတ်လိုက်ပြီး ဝူရုန်ကို ဓားနဲ့ချိန်လိုက်ပြီး"ဝူရုန် မင်းက ငါ့ရှေ့မှာ လူကောင်းလိုဟန်ဆောင်စရာမလိုအပ်ဘူး။မင်းက ငါ့အစားကလဲ့စားချေပေးစရာမလိုအပ်ဘူး။ဘာစီကို ငါကိုယ်တိုင်သတ်မယ်"
သူတို့က ဘေးခန်းမှာဘဲ ရှိနေခဲ့တဲ့အတွက် ဝူရုန်က ဘာစီနှင့် စန်းလန်တို့ပြောနေတာကို ကြားခဲ့ပြီးသားဖြစ်တယ်။
ဟေးရင်းကဓားကို ကန်ထုတ်လိုက်တယ်။
"မင်းမှားနေပြီ"ဝူရုန်က ဆက်ပြောလိုက်တယ်"ငါက ငါ့ကိုထိခိုက်စေဖူးတဲ့လူအတွက်နဲ့ တစ်စုံတစ်ယောက်ကို ကလဲ့စားချေပေးမှာ မဟုတ်ဘူး။ဟေးရင်း သူတို့ကို အပြင်ပို့လိုက်"
မကောင်းဆိုးဝါးတွေက ရောက်လာပြီး ဝူရှန်းနှင့်ဝူရှားကို အပြင်ကို ပစ်ထုတ်လိုက်တယ်။
အထဲမှာနာကျင်စွာ အော်သံက ဆက်လက်ပြီး ထွက်ပေါ်နေပြီး အချိန်အနည်းငယ်ကြာပြီး နောက်ဆုံးမှာတော့ ရပ်တန့်သွားတယ်။
ဘာစီက ပြီးပြည့်စုံတဲ့ရုပ်သေးအဖြစ်ပြောင်းလဲသွားတဲ့အချိန်မှာတော့ ဝူရုန်နှင့်ဟေးရွမ်ရီက အိပ်ပျော်နေပြီဖြစ်တယ်။ဝူရုန်က ဘာစီရဲ့ဗလာဖြစ်နေတဲ့ပုံကို တွေ့တဲ့အချိန်မှာ သူက စိတ်ကျေနပ်သွားပေမဲ့ သူက မပျော်ပါဘူး။
ဘာကြောင့်လဲဆိုတော့ သူက တစ်ဖက်ကနေ အရင်ဘဝတုန်းက ဘာစီက ဝူရှိကိုရုပ်သေးရုပ်လုပ်တာကျရှုံးခဲ့သလိုမျိုး ဘာစီကိုလည်း ရုပ်သေးရုပ်လုပ်တာကျရှုံးဖို့ မျှော်လင့်ခဲ့တာကြောင့်ဖြစ်တယ်။သို့သော်လည်းအခြားတစ်ဖက်မှာတော့ ဘာစီအသက်ရှင်နေသေးတာက သူ့ရဲ့ဆရာသခင်နူမူအတွက် အသုံးဝင်နေတာကြောင့်ဖြစ်တယ်။
စန်းလန်က ဝူရုန်ကို လက်စွပ်အရွယ် ခေါင်းလောင်းလေးတစ်ခုကို ဝူရုန်ကို ပေးလိုက်ပြီး ပြောလိုက်တယ်"မင်းက သူ့ကိုခိုင်းချင်တာရှိရင် ဒီခေါင်းလောင်းလေးကို တီးပြီးပြောလိုက်ရုံဘဲ"
"ကုန်းပြီး ကြမ်းပြင်ကိုလျှာနဲ့လျက်စမ်း"ဝူရုန်က ခေါင်းလောင်းလေးကို ခါပြီးပြောလိုက်တယ်။ဘာစီက တုံ့ဆိုင်းမှုမရှိဘဲ ခွေးတစ်ကောင်လို ကုန်းလိုက်ပြီး ညစ်ပတ်နေတဲ့ ကြမ်းပြင်ကိုလျှာနှင့်လျက်လိုက်တယ်။
"........"စန်းလန်
သူက ပထမဆုံးအနေနဲ့ မာနကြီးတဲ့သခင်လေးက စော်ကားခံရတာကို မြင်ရတာဘဲ။
"ဒါက အောင်မြင်သားဘဲ"ဝူရုန်က ဘာစီကို ကြမ်းပြင်ကိုလျက်နေတာကို ရပ်ဖို့မပြောဘဲ စန်းလန်ကို ပြောလိုက်တယ်"ငါတစ်ယောက်ထဲကဘဲ သူ့ကို ထိန်းချုပ်နိုင်တာလား?"
"ဟုတ်တယ်"စန်းလန်က သူအမှန်ပြောနေတာကို သက်သေပြဖို့အတွက် ရှင်းပြလိုက်တယ်"သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတာနဲ့ မင်းလက်ထဲမှာ ကိုင်ထားတာနဲ့က တစ်စုံဘဲ။ကမ္ဘာပေါ်မှာ ဒီတစ်ခုထဲဘဲရှိတယ်"
ဝူရုန်က ခေါင်းငြိမ့်လိုက်တယ်။
"ငါ အခု ထွက်သွားလို့ရပြီလား?"စန်းလန်က မေးလိုက်တယ်။
ဝူရုန်က ကောင်းကင်ကိုကြည့်လိုက်တယ်။အခု မနက်ငါးနာရီလောက်ဘဲရှိနေသေးတာကြောင့် မှော်နေသေးပြီး အခုချိန်ဆို လမ်းပေါ်မှာ ရှင်းနေလိမ့်မယ်။အခုချိန်ထွက်သွားတာက လုံခြုံလိမ့်မယ်။
"အင်း မင်းအခုသွားလို့ရပြီ"
စန်းလန်က ဝူရုန်က သူကိုဒီလောက်မြန်မြန်ကြီး ထွက်သွားခွင့်လိမ့်မယ်လို့ မထင်ထားတာကြောင့် အံ့သြသွားတယ်။သူက တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ဟေးအိမ်တော်ကနေ ချက်ချင်းဘဲ ထွက်သွားလိုက်တယ်။
ဝူရုန်က ဟေးဂန်းကို ပြောလိုက်တယ်"စန်းလန်မှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ရှိတယ်လို့ သတင်းဖြန့်လိုက်။ပြီးတော့ စန်းလိုက်ကို ဝူချန်ဇီရဲ့အမည်နဲ့ လိုက်ဖမ်းပြီး ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ထုတ်ပေးဖို့ ဖိအားပေးလိုက်။သူကို မသေစေဖို့ မှတ်ထားပါ။သူအသက်ရှင်ဖို့လိုတယ်"
"ကျွန်တော်သိပြီ"
ဝူရုန်က အခန်းထဲကို ပြန်လာခဲ့ပြီး သူရဲ့ကိစ္စတွေအားလုံးပြီးသွားသည့်နောက်မှာ ဟေးရွမ်ရီကို ခေါင်းဖီးပေးလိုက်ပြီး အဝတ်စားဝတ်ကူပေးလိုက်တယ်။
ဟေးရွမ်ရီက အပြင်ထွက်လာတော့ ဘာစီက ကြမ်းပြင်ကိုလျှာနှင့်လျက်နေတာကိုတွေ့ပြီး အံ့သြသွားတယ်။
"ကျွန်တော်တို့ မနက်စာသွားစားရင်း သူ့ကို ဆရာသခင်ကိုပေးလိုက်ရအောင်"ဝူရုန်က ကြမ်းပြင်ကိုလျှာနဲ့လျက်နေတဲ့သူကို ညွှန်ပြပြီး ပြောလိုက်တယ်။
"အင်း"ဟေးရွမ်ရီက သဘောတူလိုက်တယ်။ဝူရုန်က ခေါင်းလောင်းလေးကို တီးလိုက်ပြီး ပြောလိုက်တယ်"ခွေးလိုဟောင်ပြီး ငါတို့နောက်ကနေ လိုက်ခဲ့"
"ဝုတ် ဝုတ်"ဘာစီက ခွေးလိုဟောင်ပြီး ဝူရုန်ရဲ့နောက်ကိုလိုက်ခဲ့ပြီး နူမူရဲ့ခြံဝင်းကို သွားလိုက်ကြတယ်။
နူမူက ဘားစီက ခွေးလိုဟောင်နေတာကိုတွေ့တော့ အံ့သြသွားပြီး မေးလိုက်တယ်"သူက ဘာမှားနေတာလဲ?"
"ကျွန်တော်က စန်းလန်ကို သူ့ကိုရုပ်သေးရုပ်လုပ်ဖို့ ပြောလိုက်တာ"ဝူရုန်က အကျဉ်းချုပ်ပြောလိုက်တယ်။
နူမူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီးပြောလိုက်တယ်"ဘာစီ မင်းမှာလည်း ဒီနေ့လိုဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး"
ဝူရုန်က ခေါင်းလောင်းကို နူမူလက်ထဲထည့်ပေးလိုက်ပြီး ပြောလိုက်တယ်"ဆရာသခင် အခုသူက ဆရာပိုင်တာဖြစ်သွားပြီ။တကယ်လို့ သူက အသုံးမဝင်တဲ့အချိန်ကျရင် သတ်လိုက်တော့"
ဒီနည်းလမ်းအားဖြင့်သူက အရင်ဘဝတုန်းက ဝူရှိရဲ့နာကျင်မှုအတွက် ကလဲ့စားချေနိုင်လိမ့်မယ်။
နူမူက ခေါင်းလောင်းကို ခါလိုက်ပြီး ပြောလိုက်တယ်"ငါ့ဖိနပ်ကိုလာလျက်စမ်း"
ဘာစီက အပြေးအလွှားနှင့်သူ့ရဲ့ဖိနပ်တွေကိုလျက်လိုက်တယ်။
ဝူရုန်က ဖိနပ်တွေကိုလျက်နေတဲ့ ဘာစီကို တစ်ချက်ကြည့်လိုက်ပြီးေုပာလိုက်တယ်"ဆရာသခင် ကျွန်တော်တော့ စန်းလန်က ဒီလောက်ထိနှလုံးသားမဲ့လိမ့်မယ်လို့ မယုံကြည်ဘူး။ဒါ့ကြောင့် ဆရာက သူ့ကိုထိန်းချုပ်နိုင်ဖို့ သေချာအောင် ကပ်ပါးတွေနဲ့ပြုစားထားသင့်တယ်"
"မင်းပြောတာမှန်တယ်"နူမူက သူ့အိတ်ကပ်ထဲကနေ ကင်းခြေများတွေနှင့်တူတဲ့ ကပ်ပါးတွေကို ယူလိုက်ပြီး ဘာစီရဲ့ပါးစပ်ထဲထိုးထည့်လိုက်တယ်။သူက သူ့နောက်လိုက်တွေကို ဘာစီကို သေချာစောင့်ကြည့်ဖို့ အမိန့်ပေးလိုက်ပြီး သူက ဝူရုန် ဟေးရွမ်ရီတို့နှင့်အတူ မနက်စာစားဖို့ ထမင်းစားခန်းကို လာခဲ့တယ်။
အချိန်အနည်းငယ်ကြာပြီးနောက် တံခါးစောင့်က ရောက်လာပြီးဟတင်ပြလိုက်တယ်"သခင် ကြင်ယာတော် လူတစ်စုက အပြင်မှာရောက်နေပြီး သူတို့သားဝူယုကို ကြင်ယာတော်က သတ်လိုက်တယ်လို့ အော်နေပါတယ်။ပြီးတော့ သူတို့က သူတို့သားရဲ့အလောင်းနှင့်အတူ အပြင်မှာစောင့်နေတယ်လို့ ပြောပါတယ်"
ဝူရုန်က ဒါက ဝူချွင်လီတို့ဆိုတာ သိလိုက်တယ်။
ဒါကဆိုလိုတာက အခု ဝူယုကသေသွားပြီပေါ့။ဒါက အရင်ဘဝတုန်းက ဝူဇူအတွက်လည်း ကလဲ့စားချေပြီးပြီပေါ့။
အကိုကြီး ရှိအာ မင်းတို့အခုငြိမ်းချမ်းစွာ နေနိုင်ပြီ။
သူက နောက်ထပ်ကလဲ့စားချေဖို့ ဝူမိသားစုဝင်တွေ ရန်ကျီဇောင်နှင့်သူ့ရဲ့ဆရာသခင်ကကျန်နေသေးတယ်။
ရန်ကျီဇောင်နှင့်သူ့ရဲ့ဆရာသခင်အကြောင်းတွေးမိတာနှင့် ဝူရုန်၏မျက်လုံးတွေက အေးစက်လာတယ်။သူက အခုသူတို့ဘယ်မှာလဲဆိုတာ မသိသေးဘူး။
"သူတို့ကို ဂရုမစိုက်နဲ့"ဟေးရွမ်ရီကပြောလိုက်တယ်။
"ဟုတ်"
တံခါးစောင့်က ဝင်ပေါက်က သူ့ရဲ့နေရာကို ပြန်လာခဲ့ပြီး ဝူချွင်လီနှင့်ရန်လန်ယုတို့ကို လျစ်လျူရှူလိုက်တယ်။
ရန်လန်ယုက ကျယ်လောင်စွာငိုပြီးပြောလိုက်တယ်"ဝူရုန် နင်က ကိုယ့်ရဲ့ဝမ်းကွဲကိုတောင် သတ်တဲ့ နှလုံးသားမရှိတဲ့ရက်စက်သူဘဲ။နင်က ငရဲကိုသွားရလိမ့်မယ်"
အခြားတံခါးစောင့်က ပြန်အော်လိုက်တယ်"ဘယ်အရာကများ ငါတို့ရဲ့ကြင်ယာတော်က မင်းရဲ့သားကို သတ်တယ်လို့ ထင်နေရတာလဲ?"
"ငါ့သားရဲ့ခန္ဓာကိုယ်ကို ဝူရုန်ပို့လိုက်တာ"ဝူချွင်လီကအော်လိုက်တယ်။
"ဒါကိုက အတိအကျကြံစည်ထားတာဘဲ။တကယ်လို့ ငါတို့ရဲ့ကြင်ယောတော်က မင်းရဲ့သားကို သတ်လိုက်တာဆိုရင် သူ့ကိုယ်သူလူသတ်သမားဆိုတာ မင်းတို့သိစေဖို့ ရူးနေလို့ မင်းတို့ကိုပြောပြမှာလား?မင်းတို့က အသိတရားမရှိဘူးလား?မင်းတို့က ရူးနေလို့ အလောင်းကို ပို့လိုက်တဲ့သူတွေကို ယုံကြည်နေတာဘဲ။မင်းတို့က လူသတ်သမားအစစ်ကို ကူညီပေးနေတယ်ဆိုတာ မသိဘူးလား?"အစောင့်က လှောင်လိုက်တယ်။
".........."ဝူချွင်လီ
".........."ရန်ကျီဇောင်
".........."ဝူအန်းရီ
-------------------------
315-316
Chapter(315)
ဝူဇူပြန်လာပြီ(1)
ဝူချွင်လီတို့က ဟေးအိမ်တော်ရှေ့မှာ တစ်နာရီလောက်ကြာအောင်အော်ပြီးချိန်မှာတော့ ဝူရုန်က သူတို့ကိုလျစ်လျူရှူထားပြီး ဖြတ်သွားတဲ့သူတွေကလည်း သူတို့ကိုလက်ညှိုးထိုးပြီးပြောဆိုနေကြတာကြောင် ရှက်လာပြီးရပ်တန့်လိုက်တယ်။သူတို့က ဝူယု၏ခန္ဓာကိုယ်ကို သယ်ပြီး ထွက်သွားကြတယ်။
သူတို့က ရထားလုံးပေါ်တက်ပြီးအိမ်ပြန်လာတဲ့ လမ်းမှာတော့ ဝူအန်းရီကပြောလိုက်တယ်"ကျွန်တော်က တံခါးစောင့်ပြောတာကို သဘောတူတယ်။တကယ်လို့ ဝူရုန်ကသာ ကျွန်တော့်ညီဝူယုကို သတ်လိုက်တာဆိုရင် သူက သူ့ကိုယ်သူ လူသတ်သမားမှန်းကျွန်တော်တို့သိအောင် ယုအာရဲ့ခန္ဓာကို်ယ်ကို ကျွန်တော့်တို့စီကို ပို့မှာ မဟုတ်ဘူး"
ဝူချွင်လီက ခေါင်းငြိမ့်ပြီး သဘောတူလိုက်တယ်။
ရန်လန်ယုက အတင်းဓမ္မကို ငြင်းခုံလိုက်တယ်"အဲဒီမိမစစ်ဖမစစ်ထက်ကို အခြားဘယ်သူကများ ငါ့သားကို သတ်မှာလဲ?ငါ့သားကို ဘယ်သူကများသတ်မှာလဲ?ပြောကြည့်စမ်းပါ"
ဝူအန်းရီက သူ့စိတ်သူမထိန်းနိုင်တဲ့သူနှင့် ခိုက်ရန်မဖြစ်ချင်ဘူး။ဒါ့ကြောင့် သူက ရထားလုံးရပ်တာနှင့် ဆင်းလိုက်ပြီးပြောလိုက်တယ်"တကယ်လို့ အမေက သူတို့နဲ့ထိပ်တိုက်ရင်ဆိုင်ချင်တယ်ဆိုရင် အမေ့ဘာသာကြိုက်သလိုသာလုပ်။ဒါပေမဲ့ကျွန်တော့်ကို လာပြီးဆွဲမထည့်နဲ့"
ဝူချွင်လီက ရထားပေါ်က မဆင်းခင် ရန်လန်ယုကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။
"မင်းတို့နှစ်ယောက်လုံးပြန်လာခဲ့"ရန်လန်ယုက ဝူယုက သေသွားတာတောင် အဖေနှင့်သားနှစ်ယောက်စလုံးက သူမဘက်မှာရှိမနေတာကြောင့် သူမရဲ့ခံစားချက်တွေက ပိုပြီးဆိုးဝါးလာတယ်။
သူမက ဒေါသတကြီးနှင့် ရထားလုံးပေါ်က ဆင်းလိုက်တဲ့ အချိန်မှာဘဲ တစ်စုံတစ်ယောက်က ခေါ်လိုက်တယ်"ဒေါ်လေး"
ရန်လန်ယုက ဒီအသံကို ရင်းနှီးတယ်လို့ခံစားရတယ်။သူမက ကြည့်လိုက်တော့ ဝူအိမ်တော်၏ဝင်ပေါက်မှာ ငယ်ရွယ်ချောမောတဲ့ အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရတယ်။
သူမက ခဏလောက်ကြာတော့ ဒီလူငယ်ကိုမှတ်မိသွားပြီး မေးလိုက်တယ်"မင်းက ရန်ကျီဇောင်လား?"
ရန်ကျီဇောင်က ပြုံးပြီးပြောလိုက်တယ်"ကျွန်တော်ပါ။ကျွန်တော်ကြားတာတော့ ဂိုလင်းမြို့ကမကောင်းဆိုးဝါးတွေရဲ့သက်ရောက်ခံရပြီးတော့ ဒေါ်လေးနဲ့တခြားဝူမိသားစုတွေက အင်ပါယာမြို့တော်ကို လာခဲ့ပြီး အင်ပါယာမြို့တော်က ဝူမိသားစုမှာ ပြောင်းလာတာဆို။ဒါ့ကြောင့် ကျွန်တော်က ဒီကိုလာပြီး ဒေါ်လေးရှိကို လာလည်တာ"
"ငါ့စီကိုလာလည်တာလား?"ရန်လန်ယုက ဂိုလင်းမြို့မှာတုန်းက အခြေအနေကို ပြန်တွေးမိပြီး သူမရဲ့တူ၏အထင်သေးမခံလိုတာကြောင့် ရန်ကျီဇောင်၏အရှေ့မှာ အေးစက်သည့်မျက်နှာထားကို ပြင်လိုက်တယ်။ဒီအချိန်မှာ သူမရဲ့ ကျိုးနေတဲ့နားရွက်တစ်ဖက်ကို သတိရသွားပြီး သူမရဲ့ခန္ဓာကိုယ်ကို အနည်းငယ်စောင်းလိုက်ပြီး ရန်ကျီဇောင်က သူမရဲ့ရှက်ရွံ့နေမှုကို မမြင်အောင် လုပ်လိုက်ပြီး"ဘာကြောင့် မင်းက ငါ့ကိုတွေ့ချင်ရတာလဲ?ငါက ဝူမိသားစုမှာ အံ့သြစရာကောင်းတဲ့ဘဝကို ရရှိပြီး အစေခံတွေအများကြီးကလည်း ငါ့ကိုစောင့်ရှောက်တယ်။ငါ့ဘဝက အရမ်းကောင်းမွန်နေတယ်"
ဒီကိစ္စမှာ ရန်ကျီဇောင်က သူမက ဖုန်းကွယ်ဖို့ကြိုးစားနေပေမဲ့ သူမရဲ့ကျိုးနေတဲနားရွက်ကို မြင်ပြီးပြီဖြစ်တယ်။သူက တောက်ပစွာပြုံးလိုက်ပြီး ပြောလိုက်တယ်"တကယ်လား?ဒါပေမဲ့ ကျွန်တော်ကြားတာတော့ ဝမ်းကွဲအကိုဝူယုက သေပြီဆို?ပြီးတော့ ကျွန်တော်က ဦးလေးမြ လက်တစ်ဖက်ဘဲရှိတာကို မြင်တယ်။ဒေါ်လေး တကယ်ဘဲ ဒေါ်လေးရဲ့ဘဝက သာလွန်ကောင်းမွန်နေရဲ့လား?"
"အခုချိန်မှာ ငါ့ဘဝက ဘယ်လိုဖြစ်နေလဲဆိုတာ မင်းကိစ္စမဟုတ်ဘူး။မင်းက မင်းဘာသာမင်းဂရုစိုက်တာ ပိုကောင်းမယ်။ဒီနှစ်ဝက်အတွင်းမှာ မင်းရဲ့စိတ်စွမ်းအင်က သန်မာလာလို့လား?"ရန်လန်ယုက ဒေါသတကြီးပြောလိုက်တယ်။
ရန်လန်ယုရဲ့မေးခွန်းက ရန်ကျီဇောင်ကို လည်ပင်းညစ်ခံရသလိုနာကျင်စေပြီး သူ့အပြုံးက ပျောက်ကွယ်သွားတယ်။
ရန်လန်ယုက ရန်ကျီဇောင်ကစိတ်ဆိုးနေတာကိုကြည့်ပြီး အများကြီးနေလို့ကောင်းလာပြီး"မင်းကဒီကိုရောက်နေကတည်းက မင်းမသိတာ တစ်ခုလောက်ရှိအုန်းမှာဘဲ။မင်းရဲ့အချစ်ဆုံးသူငယ်ချင်းဝူရုန်က အများကြီးပြောင်းလဲသွားပြီ။သူက အခုဆို ဝိတ်တွေအများကြီးကျသွားပြီး စိတ်စွမ်းအင်လည်းရှိနေပြီ။ပိုပြောရရင် သူက အခုဆို အဆင့်ခြောက်ကို ရောက်နေပြီ။သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းအနေနဲ့ မင်းက သူ့စီကိုသွားလည်ပြီး ထောက်ခံပေးသင့်တယ် မဟုတ်လား?"
"မင်းဘာပြောလိုက်တာလဲ?"ရန်ကျီဇောင်က တုန်လှုပ်သွားတယ်။
ရန်လန်ယုက လှောင်လိုက်ပြီး"ငါက ဘာပြောရမှာလဲ?ငါပြောတာကို မင်းရှင်းရှင်းလင်းလင်းကြားလိုက်တာ သေချာပါတယ်။တကယ်လို့ မင်းမယုံဘူးဆိုရင် ဟေးအိမ်တော်ကို သွားပြီး ငါပြောဟုတ်သလားဆိုတာ မင်းမျက်လုံးနဲ့သေချာကြည့်ပေါ့"
သူမက ဝူအိမ်တော်ထဲကို လျှောက်သွားလိုက်တယ်။
ရန်ကျီဇောင်က သူမသွားခင်မှာ အချိန်အကြာကြီး သူမပြောတာကို တွေးနေမိတယ်။
ဝူရုန်ကတော့ ဟေးအိမ်တော်ရဲ့ဝင်ပေါက်မှာ နူမူကို သွားခါနီးနှုတ်ဆက်စကားပြောနေပြီး သူ့သူငယ်ချင်းက အင်ပါယာမြို့တော်ကို ရောက်လာပြီဆိုတာ မသိပါဘူး။သူက နူမူတို့ထွက်သွားတာကို ကြည့်နေပြီး သူက ဘယ်အချိန်မှ ပြန်ဆုံနိုင်မလဲဆိုတာ တွေးနေပြီး သူ့ရဲ့မျက်နှာကို အေးစက်တဲ့လေပြေလေညှင်းတွေက တိုက်ခိုက်သွားတဲ့အချိန်မတိုင်ခင်အထိ သတိပြန်မဝင်လာဘူး။
"ငါတို့က ဘယ်အချိန်ကျမှ ထပ်ပြီးသခင်နူမူကို ပြန်တွေ့ရမှာလဲ?"ဝူရှိက ဝမ်းနည်းစွာပြောလိုက်တယ်။
"ငါ့မှာအချိန်ရတဲ့အခါကျရင် ငါမင်းကို သူ့ကိုတွေ့ဖို့ခေါ်သွားမယ်"ဟေးရွမ်ထန်က ပြုံးပြီးပြောလိုက်တယ်။
ဝူရှိက သူ့ကိုကြည့်လိုက်ပြီး ရုတ်တရက် ပြီးခဲ့တဲ့ညတုန်းက သူအရက်မူးနေတဲ့ အချိန်တုန်းက ပြောခဲ့တာကို သတိရသွားပြီး သူမက ရှက်သွေးဖျာသွားပြီး အိမ်ထဲကိုပြေးဝင်သွားတယ်။
ဟေးရွမ်ထန်က စိတ်ရှုပ်သွားတယ်။
ဝူရုန်င ဟေးရွမ်ထန်ကို မျက်လုံးလှန်ကြည့်လိုက်တယ်။အတိအကျကို ဟေးရွမ်ထန်က မနေ့ညတုန်းက အရက်မူးနေတဲ့အချိန်မှာ ဘာပြောခဲ့လဲဆိုတာ မေ့သွားပြီ။ပြီးတော့ ဝူရုန်ကလည်း သူ့ကိုသတိပေးဖို့ရည်ရွယ်ချက်မရှိဘူး။ဒါက ဟေးရွမ်ထန်ရဲ့ကိုယ်ပိုင်ပြသနာသာဖြစ်တယ်။
ဝူရုန်က ဟေးရွမ်ရီ၏လက်ကို ကိုင်လိုက်ပြီးပြောလိုက်တယ်"ဒီအချိန်က အေးလာပြီ။ကျွန်တော်တို့က ဆောင်းရာသီအတွက် အနွေးထည်တွေကို ပိုပြီးပြင်ဆင်ရတော့မယ်။ခင်ဗျားရဲ့အနွေးထည်ပေါ်မှာ ဘယ်လိုမျိုး ပန်းထိုးထားတဲ့ပုံစံကို ကြိုက်လဲ?ကျွန်တော်က အပ်ချုပ်သအားကို အဲဒီအပေါ်မှာ လုပ်ခိုင်းလိုက်မယ်"
"ငါကလည်း ဆောင်းရာသီအတွက် အနွေးထည်လိုတယ်"ဟေးရွမါထန်က ဖြတ်ပြောလိုက်တယ်။
ဟေးရွမ်ရီကလှည့်လိုက်ပြီး သူ့ကို စူးစိုက်ကြည့်လိုက်တယ်။
ဟေးရွမ်ထန်က သူဘာပြောရမလဲဆိုတာ သိသွားပြီးပြောလိုက်တယ်"ငါက ငါ့အတွက်တစ်ချို့ကို ပြင်ဆင်ရမယ်။ငါက ဘယ်လိုပန်းထိုးထားတာကို ကြိုက်တယ်ဆိုတာ ငါသိတယ်"
"........."ဝူရုန်
ဟေးရွမ်ရီနှင့်ဝူရုန်က တစ်ယောက်လက်တစ်ယောက်ဆုတ်ကိုင်ပြီး သူတို့အခန်းကို ပြန်လာခဲ့တယ်။ဟေးရွမ်ရီက အဖြူရောင်အနွေးထည်တစ်ထည်၏ ထောင့်နားလေးမှာ"ရုန်"ဆိုသည့် စကားလုံးကို ရေးလိုက်တယ်။
"ခင်ဗျားရဲ့အနွေးထည်ပေါ်မှာ'ရုန်'ဆိုတဲ့စကားလုံးကို ပန်းထိုးချင်တာလား?"ဝူရုန်က ဒါကို မမျှော်လင့်ထားဘူး။
"အင်း"ဟေးရွမ်ရီက ဝူရုန်ကို သူ့လက်မောင်းထဲမှာ ဖက်ထားလိုက်တယ်။
ဝူရုန်က တောက်ပစွာပြုံးလိုက်ပြီး ပြောလိုက်တယ်"ဒါဆို ကျွန်တော့်ရဲ့အင်္ကျီပေါ်မှာတော့ အရောင်မတူတာနဲ့'ရီ'လို့ထိုးမယ်။ဒါပေမဲ့ ဒါက နည်းနည်းပျင်းစရာကောင်းတယ်လို့ထင်လို့ တခြားအသေးစိတ်အချက်အလက်တွေကို ထပ်ပေါင်းထည့်ရမယ်"
သူက အနွေးထည်ရဲ့အင်္ကျီလက် ကော်လံတွေပေါ်မှာ ရိုးရှင်းတဲ့ ပုံစံကို ထပ်ပေါင်းထည့်လိုက်ပြီး ပြောလိုက်တယ်"ဒါဆို ပိုပြီးကောင်းသွားပြီ။ကျွန်တော်တို့က ပိုပြီးနွေးအောင်လို့ ကော်လံအပေါ်မှာ သားမွှေးတွေ လှပတဲ့ ငှက်မွှေးတွေကို ထပ်ထည့်လို့ရတယ်"
ဟေးရွမ်ရီက ဝူရုန်ဘာပြောပြော သဘောတူလိုက်တယ်။သူရဲ့အူကမ္ဘာထဲမှာ ဝူရုန်ရဲ့အပြုံးကို မြင်တယ်။
အခန်းအပြင်မှာစောင့်နေတဲ့ ဟေးဂန်းက သူ့သခင်နှင့်သခင့်ဇနီးက အတူတကွအချိန်ကောင်းကို ရှိနေတာကြောင့် သူကပျော်ရွှင်နေတယ်။သူက သူတို့ကို အမြဲတမ်းပျော်ရွှင်နေစေဖို့ ဆန္ဒရှိတယ်။
အောက်တိုဘာလရောက်လာတော့ အေးလာပြီး သစ်ရွက်တွေကလည်း စတင်ပြီးကြွေကျလာတယ်။
ဘုရားစေတီကို မီးလောင်သွားတဲ့ကိစ္စနှင့် ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ခိုးသွားတဲ့ကိစ္စက လင်းမိုဟန်၏ကြီးကြပ်မှုအောက်မှာ ပိတ်သိမ်းသွားတယ်။သဲလွန်စတိုင်းက ဝူချန်ဇီကိုဦးတည်နေပေမဲ့ ဝူချန်ဇီက အပြစ်တွေအားလုံးကို ယိုကျင်းခန်ကိုပုံချခဲ့တယ်။ဒါ့ကြောင့် ယိုမိသားစုက အပြစ်တွေအားလုံးခံယူဖို့ဖြစ်လာတယ်။မထင်မှတ်ထားစရာက ဝူချန်ဇီက သူက ယိုမိသားစုကို ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကိုရှာပြီး ယိုမိသားစုအတွက် အင်ပါယာအရှင်ထံမှာ ခွင့်လွတ်မှုတောင်းပေးမယ်လို့ ကတိပေးခဲ့တာတောင်မှယိုမိသားစုက သူတို့ရဲ့အပြစ်ဟုဝန်မခံခဲ့ဘူး။ယိုမိသားစုက ယိုကျင်းခန်က ဝူချန်ဇီ၏အမိန့်ကြောင့်လုပ်ခဲ့တာလို့ခုခံခဲ့ပြီး ဝူချန်ဇီထံမှာ ကောင်းက်င်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ရှိကြောင်း သူတို့က သက်သေနှင့်တကွ ခုခံခဲ့တယ်။
ဝူချန်ဇီက စန်းလန်က ထွက်လာပြီး ဝူချန်ဇီ၏အမိန့်ကြောင့် ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကိုခိုးရတဲ့အကြောင်း ဝန်ခံခဲ့တဲ့အချိန်မှာတော့ သူကဒေါသအရမ်းထွက်ပြီး"စန်းလန် ဘယ်အချိန်တုန်းက ငါက မင်းကို ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ခိုးဖို့ ပြောခဲ့လို့လဲ?မင်းလိမ်နေတာဘဲ"
"ငါလိမ်တာလား?ဝူချန်ဇီ ငါက ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို မခိုးခဲ့ဘူး။ဒါပေမဲ့ မင်းက ငါလုပ်တယ်လို့ လိမ်သေးတာဘဲ"စန်းလန်က ဒေါသတကြီးအော်လိုက်တယ်။
သူက ဝူချန်ဇီက လိုက်ဖမ်းတာကို မှတ်မိသေးတယ်။သူက အခုချိန်မှာ ဘယ်မှသွားစရာမရှိပေမဲ့ ယိုမိသားစုကို သူ့ကိုကူညီဖို့ရှာနိုင်သေးတယ်။သူပြန်လာခဲ့ပြီး ယိုမိသားစုကို ကူညီပြီး ဝူချန်ဇီရဲ့အပြစ်တွေကို သက်သေခံရတာကို သူအနှစ်သက်ဆုံးဘဲ။
"......."ဝူချန်ဇီက သူကအပြစ်တွေအားလုံးကို ယိုကျင်းခန်အပေါ်ပုံချခဲ့တာကို နောင်တရတယ်။မဟုတ်ရင် ဒီလိုမျိုးဖြစ်လာစရာအကြောင်းမရှိဘူး။
မိသားစုနှစ်ခုကြားက တိုက်ခိုက်မှုကနောက်ဆုံးမှာတော့ ထိန်းချုပ်လို့မရတော့ဘူး။နောက်ဆုံးမှာတော့ တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ အင်ပါယာအရှင်မင်းကြီးက ဝင်စွပ်ဖက်ရတော့တယ်။ဝူမိသားစုနင့်ယိုမိသားစုက တစ်ဖက်စီကိုမျှခံဖို့သာရှိတော့တယ်။ဝူချန်ဇီက အစိုးရနှင့် သက်ဆိုင်တဲ့နေရာကို အမြဲတမ်းဖယ်ရှားခံရပြီး ဘယ်တော့မှမရရှိနိုင်ျတာ့ဘူး။အခြားတစ်ဖက်မှာတော့ ဝူချန်ဇီက ဘုရားစေတီတည်ဆောက်ရာမှာ ဂရုစိုက်ပေးရိလမ့်မယ်။ယိုကျင်းခန်၏ပြစ်မှုက အပြင်းထန်ဆုံးဖြစ်တယ်။အင်ပါယာအရှင်မင်းကြီးက သူ့ဇနီး ကလေးတွေနှင့်မြေးတွေကို သေမိန့်ပေးလိုက်တယ်။သူ့ဇနီး၏မိသားစုကတောင် သက်ရောက်ခံရတယ်။နောက်ဆုံးမှာတော့ ဝူမိသားစုနှင့်ယိုမိသားစုနှစ်ဖက်စလုံးက ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ပြန်ရအောင် ယူပေးရလိမ့်မယ်။
ယိုမိသားစုက အပြစ်ဒဏ်ကို လက်ခံခဲ့တယ်။အနည်းဆုံးတော့ ယိုမိသားစုတစ်ခုလုံးခေါင်းဖြတ်မခံရတာကြောင့် အဆိုးဆုံးအခြေအနေတော့ မဟုတ်ဘူး။
-----------------------
Chapter(316)
ဝူဇူပြန်လာပြီ(2)
ဒါကလင်းမိုဟန်မျှော်လင့်ထားခဲ့တဲ့အတိုင်းပင်ဖြစ်တယ်။ဝူမိသားစုနှင့်ယိုမိသားစုဆိုတာက နှစ်ထောင်ချီသက်တမ်းရှိတဲ့ ကလန်ကြီးတွေဖြစ်တယ်။အင်ပါယာအရှင်မင်းကြီးအနေဖြင့် တစ်ခါတည်းနှင့် မိသားစုနှစ်ခုလုံးကို ရှင်းပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ဒီမိသားစုနှစ်ခုက အုပ်ချုပ်ရေးနှင့်နီးနီးကပ်ကပ်ဆက်နွယ်မှုလည်း ရှိနေသေးတယ်။သူက ယိုမိသားစုနှင့်ဝူမိသားစုက တစ်ဖက်တစ်ဖက်ဆန့်ကျင်နေတာက သူ့ကိုစိတ်ကျေနပ်စေတယ်။ဒါက ကျန်းမိသားစု ရှန်းမိသားစုနှင့်တောင်မိသားစုတွေကိုလည်း ဝူမိသားစုကို ဆန့်ကျင်ဖို့ တွေးလာနိုင်စေတယ်။နောင်တစ်ချိန်မှာ နည်းနည်းလေးတွန်းအားပေးလိုက်တာနှင့်မိသားစုငါးခုက လျှင်မြန်စွာချည်နှောင်ထားတာကို ဖြေလျော့သွားစေလိမ့်မယ်။
သူက ဒီကိစ္စရဲ့ရလဒ်ကို ဝူရုန်ထံကို စာပို့ခဲ့တယ်။
"စန်းလန်ကရော ဘယ်လိုလဲ?"ဝူရုန်ကမေးလိုက်တယ်။
"သူက သေဒဏ်ချမှတ်ခံရတယ်"ဟေးရန်ကပြောလိုက်တယ်။
ဝူရုန်က လှောင်လိုက်တယ်။
တကယ်လို့သူကသေဒဏ်ချမှတ်မခံရရင်တောင် ဝူချန်ဇီက သူ့ကိုအလွယ်တကူအလွတ်ပေးမှာ မဟုတ်ဘူး။
"အခုဆို ဝူချန်ဇီကဂရန်းမစ္စတာမဟုတ်တော့တာကြောင့် အိမ်ရှေ့စံအတွက် ဝူမိသားစုကို ပထုတ်ဖို့ ပိုပြီးလွယ်ကူသွားပြီမဟုတ်လား?ဟုတ်တယ်မလား?"
သူက ဝူချန်ဇီကို ဂရန်းမစ္စတာဆိုသည့်နေရာက ပထုတ်ဖို့စီစဉ်နိုင်ခဲ့တယ်။ဒါပေမဲ့ ဝူချန်ဇီက သူ့ကိုအလွယ်တကူလွတ်ပေးမှာမဟုတ်ဘူး။ဖြစ်နိုင်တာက ဝူချန်ဇီက ဝူရုန်ထံမှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ရှိတယ်ဆိုတဲ့ သတင်းကိုဖြန့်လိမ့်မယ်။
"အိမ်ရှေ့စံမင်းသားက ဝူမိသားစုတွေ အလုပ်လုပ်တဲ့နေရာကနေ ပထုတ်ဖို့ အစီအစဉ်ရှိတယ်"ဟေးရန်က ပြောလိုက်တယ်။
ဝူရုန်က ခေါင်းငုံ့လိုက်တယ်။
အစိုးရနှင့်သက်ဆိုင်တဲ့ဌာနတွေမှာ သူက ဝင်ရောက်စွပ်ဖက်နိုင်တဲ့ နည်းလမ်းမရှိဘူး။သူက လင်းမိုဟန်အပေါ်မှာသာ မှီခိုဖို့သာရှိတယ်။ဒါပေမဲ့ တကယ်လို့ လင်းမိုဟန်က ဒီလောက်ပြသနာသေးသေးလေးကိုတောင် မဖြေရှင်းနိုင်ရင် သူ့အတွက် ထီးနန်းကို ရရှိဖို့ တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
"မင်းစိတ်ထဲမှာ ဘာတွေတွေးနေတာလဲ?"ဟေးရွမ်ရီက ဝူရုန်၏လက်ကို ဆုတ်ကိုင်လိုက်ပြီးမေးလိုက်တယ်။
ဝူရုန်က ပြုံးပြီး ဟေးရွမ်ရီ၏လက်ကိုပြန်လည်ဆုတ်ကိုင်လိုက်ပြီး ပြောလိုက်တယ်"ကျွန်တော်တွေးနေတာ အချိန်တွေက အရမ်းမြန်တယ်။ကျွန်တော်တို့ လက်ထပ်ထားတာ တစ်နှစ်တောင်ရှိတော့မယ်"
ဝူရုန်၏စိတ်ထဲမှာတော့ သူနှင့်ဟေးရွမ်ရီလက်ထပ်ထားတာ၁၆နှစ်ရှိပြီဖြစ်တယ်။ဒါက သူနောက်နှစ်ဝက်လောက်ကြာရင် ဟေးရွမ်ရီ၏အိမ်ကို လိုက်သွားရတော့မယ်။ဒါပေမဲ့ သူက သူ့အကိုကြီးက ဘယ်ကိုရောက်နေလဲဆိုတာ မသိသလို ရန်ကျီဇောင်နှင့်သူ့ရဲ့ဆရာသခင်ကလည်း ဘယ်မှာရှိနေမှန်းမသိသေးပါဘူး။သူတို့တွေကို တွေ့ရဖို့ ဆယ်နှစ်လောက်ထပ်စောင့်ရမှာဖြစ်နိုင်လား?ဝူရုန်က အရာရာတိုင်းကိုဖြေရှင်းပြီးမှ ထန်းရှင်းနိုင်ငံတော်က ထွက်သွားဖို့ဆန္ဒရှိတယ်။
"ကြင်ယာတာ် ကြင်ယာတော်"တံခါးစောင့်က ပြေးလာပြီး ဝူရုန်ကိုပြောလိုက်တယ်"သတိုးသားဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်က ကြင်ယာတော်ကို တွေ့ချင်တယ်လို့ ပြောနေတယ်။သူက ကြင်ယာတော်ရဲ့အကိုလို့ပြောတယ်"
ဝူရုန်က ထခုန်လိုက်ပြီး"ငါ့အကိုကြီးလား?"
သူက အခုလေးတင်မှ သူ့အကိုကြီးကို သတိရနေသေးတယ်။အခုတော့ သူ့အကိုကြီးကရောက်လာပြီ။ဒါပေမဲ့ သူကြားတာတော့ သူ့အကိုကြီးကို မွန်းစတားတွေက ဖမ်းသွားတာဆို။အခုဘာလို့ ဟေးအိမ်တော်ရဲ့အပြင်ဘက်မှာရောက်နေတာလဲ?
ဟေးဂန်းက ဝူရုန်ကို တားလိုက်ပြီး အကြံပြုလိုက်တယ်"ကျေးဇူးပြုပြီး ကျွန်တော်က အရင်သွားကြည့်ပြီး ထောင်ချောက်လားဆိုတာ စစ်ဆေးခွင့်ပြု"
ဝူရုန်က ခေါင်းငြိမ့်ပြီး သဘောတူလိုက်တယ်။
ဟေးဂန်းက လျှင်မြန်စွာ ထွက်သွားပြီး မကြာခင်မှာတော့ အနီရောင်ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်ကို သူ့လက်မောင်းထဲမှာ သယ်ပြီးပြန်လသခဲ့ပြီး"ကြင်ယာတော် သူက တကယ်ကိုဘဲ သခင်လေးဝူဇူဘဲ"
"အကိုကြီး"ဝူရုန်က ပြေးသွားလိုက်ပြီး ဝူဇူက မောပန်းနွမ်းနယ်နေတာကိုတွေ့တော့"သူက ဘာမှားနေတာလဲ?"
ဟေးဂန်းက ဝူဇူကို ထိုင်ခုံပေါ်မှာချလိုက်ပြီးပြောလိုက်တယ်"ကျွန်တော်လည်း မသိဘူး။ကျွန်တော်သူ့ကိုတွေ့တော့ သူကမြေကြီးပေါ်မှာလဲနေတာ"
"ရုန်အာလား?"ဝူဇူက လှပတဲ့အမျိုးသားကို မှတ်မိဖို့ကြိုးစားလိုက်တယ်။သူက ဒီလှပတဲ့လူငယ်က သူ့ရဲ့ဖက်တီးညီလေးလားဆိုတာ မသေချာဘူး။ဒါပေမဲ့ ကံကောင်းစွာဘဲ သူက ဝူရုန်၏အသံကိုမှတ်မိတယ်။
"ကျွန်တော်ပါ။အကိုကြီး"ဝူရုန်က ဝူဇူရဲ့သွေးခန်နှုန်းကို စမ်းသပ်ရင်း ဝူဇူရဲ့လက်မောင်းပေါ်က အရှိုးရာတွေကို တွေ့လိုက်ရတယ်။
"မစိုးရိမ်နဲ့။ငါက ဆာလောင်ငတ်မွတ်နေရုံပါ။ငါက ရက်အတော်ကြာအစာမစားခဲ့ရဘူး"ဝူဇူက နှစ်သိမ့်ပေးလိုက်တယ်။
"ကျွန်တော်အခု အစားအစာကို ပြင်ဆင်လိုက်မယ်"ဟေးရှင်းက ပြောလိုက်တယ်။
ဝူရုန်က ဝူဇူရဲ့ခန္ဓာကိုယ်ကို အနီးကပ်စစ်ဆေးကြည့်လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်မှာ အရှိုးရာတွေကလွဲလို့ အခြားဒဏ်ရာတွေမရှိတာကြောင့် စိတ်သက်သာရာရသွားတယ်။သူက အရှိုးရာတွေပေါ်မှာ ဆေးလိမ်းပေးလိုက်ပြီးပြောလိုက်တယ်"ဟေးဂန်း ငါ့မိဘတွေနဲ့ဝူရှိကို ငါ့အကိုကြီးပြန်လာပြီလို့ပြောလိုက်။ပြီးတော့ကျင်းရှင်နဲ့ရီကျဲကိုလည်းခေါ်ခဲ့"
ဝူဇူက နောက်ဆုံးမှာတော့ ဟေးရွမ်ရီသူ့ကိုပေးတဲ့ ရေသောက်ပြီးချိန်မှာတော့ အားနည်းနည်းရှိလာပြီး ပြောလိုက်တယ်"ရုန်အာ မင်းက ဘာလို့ဒီလောက်မြန်မြန်ကြီး ဝိတ်ကျသွားရတာလဲ?"
"ပိန်လာတာက ကြည့်လို့မကောင်းဘူးလား?"ဝူရုန်ကပြုံးပြီးပြောလိုက်တယ်။
"တကယ်ကို ကြည့်ကောင်းတယ်။တကယ်ကို ကောင်းတယ်။မင်းက အခုဆို အမေနဲ့အရမ်းတူတယ်"ဝူဇူက ဟေးရွမ်ရီကို ကြည့်လိုက်ပြီး
"မင်းက....."
"ကျုပ်ပါ။ရွမ်ရီ"ဟေးရွမ်ရီကပြောလိုက်တယ်။
ဝူဇူက တုန်လှုပ်သွားပြီး ပြောလိုက်တယ်"နှစ်ဝက်အတွင်းမှာ မင်းကအများကြီးပြောင်းလဲသွားတာဘဲ"
ဒါပေမဲ့ သူတို့က တစ်ယောက်ကလည်း မဝတော့သလို တစ်ယောက်ကလည်း ရုပ်မဆိုးတော့တာကြောင့် ပြီးပြည့်စုံတဲ့ စုံတွဲနှင့်တူတယ်။
"သူက မျက်နှာကို ဖုန်းကွယ်ဖို့အတွက် မျက်နှာတုကို တပ်ထားတာ"ဝူရုန်က ရှင်းပြလိုက်တယ်။
"ငါနားလည်ပြီ"
မကြာခင်မှာတော ဝူချွင်ချင် ဂေါင်တုန် ဝူရှိ ကျင်းရှင် ရီကျဲတို့ကရောက်လာတယ်။
"ဇူအာ ဇူအာ မင်းအဆင်ပြေရဲ့လား?"ဂေါင်တုန်က ဟေးဂန်းက သူတို့ကို ဝူဇူကဆာလောင်မှုကြောင့် အားနည်းနေတာလို့ ပြောခဲ့တာကြောင့် သူမက သူ့ကိုအရမ်းစိုးရိမ်နေတယ်။
ဝူရှိက ရှေ့တက်လာပြီး ဝူဇူရဲ့လက်ကိုကိုင်လိုက်ပြီး"အကိုကြီး အခုဘယ်လိုနေသေးလဲ?"
"ငါအဆင်ပြေတယ်။ငါက ဗိုက်ဆာလို့ အားမရှိသလိုဖြစ်နေတာပါ"ဝူဇူက အားနည်းစွာ ပြောလိုက်တယ်။
"အစားအသောက်တွေ ပြင်ဆင်ကြ"ဝူချွင်ချင်က အမိန့်ပေးလိုက်တယ်။
"ဟေးရှင်းက သွားလုပ်နေပြီ"ဝူရုန်ကပြောလိုက်တယ်။
သူတို့ရဲ့အနောက်မှာရှိနေတဲ့ ရီကျဲက ကျင်းရှင်ကို အသံနိမ့်ပြီးမေးလိုက်တယ်"သူလား? မင်းကိုကယ်ခဲ့တဲ့တစ်ယောက်လား?"
"အင်း"ကျင်းရှင်က စိတ်ခံစားချက်ကောင်းစွာဖြေလိုက်တယ်။
သူက လူသားတစ်ယောက်က သူ့လိုမွန်းစတားတစ်ယောက်ကို ကယ်ခဲ့တာကြောင့် သူကမှတ်မိနေတယ်။ဒါကြောင့်ဘဲ သူက လူသားတိုင်းကမွန်းစတားတွေကို မမုန်းဘူးဆိုတာ သိလိုက်ရတယ်။
ရီကျဲက ခေါင်းငြိမ့်ပြီး သူ့ကိုစိတ်ထဲမှာ နှစ်သက်စွာ မှတ်သားထားလိုက်တယ်။
"ဇူအာ မင်းကဘယ်လိုလုပ် အဖေတို့က အင်ပါယာမြို့တော်မှာရှိနေတာကို သိတာလဲ?"ဝူချွင်ချင်ကမေးလိုက်တယ်။
"တစ်စုံတစ်ယောက်က ကျွန်တော့်ကိုပြောပြတာ"ဝူဇူကပြောလိုက်တယ်။
ဝူချွင်ချင်က ဝူဇူဝတ်ဆင်ထားတဲ့ သတိုးသားဝတ်စုံကို သတိထားမိပြီးမေးလိုက်တယ်"မင်းက ဘယ်လိုလုပ်ဒီလိုမျိုးဝတ်ထားရတာလဲ?"
လူတိုင်းက သူ့ရဲ့ဝတ်စုံကို စိတ်ဝင်စားနေကြတယ်။
ဝူဇူက ခေါင်းငုံ့လိုက်ပြီး ဘာမှမပြောပါဘူး။
"ဒါက မွန်းစတားကလန်ရဲ့သတိုးသားဝတ်စုံမဟုတ်ဘူးလား?"ကျင်းရှင်ကပြောလိုက်တယ်။
လူသားတွေရဲ့မင်္ဂလာဝတ်စုံက အနီရောင်အပေါ်မှာရွှေရောင်ပန်းထိုးထားတာဖြစ်တယ်။မကောင်းဆိုးဝါးတွေရဲ့မင်္ဂလာဝတ်စုံမှာ သတိုးသားက အနက်ရောင်ဝတ်စုံဝတ်ပြီး သတိုးသမီးက အဖြူရောင်ဝတ်စုံဝတ်ဆင်တယ်။ပုံမှန်ဝတ်နေကြဝတ်စုံနှင့်မတူညီတာက ဝတ်စုံပေါ်မှာ ငှက်မွှေးတွေနှင့်အလှဆင်ထားတာကြောင့်ဖြစ်တယ်။နတ်ဆိုးကလန်မှာတော့ သူတို့ရဲ့မင်္ဂလာဝတ်စုံမှာ အမျိုးစုံသောအရောင်စုံပန်းထိုးထားတာဖြစ်တယ်။မွန်းစတားကလန်ကတော့ အခြားကလန်တွေနှင့်မတူဘဲ သူတို့ရဲ့မင်္ဂလာဝတ်စုံက အနီရောင်ဝတ်စုံမှာရွှေရောင် ပန်းထိုးထားတာမဟုတ်ရင် အနက်ရောင်ဝတ်စုံမှာ အနီရောင်ပန်းထိုးထားတာဖြစ်တယ်။လူတိုင်းက ကျင်းရှင်ကို ကြည့်လိုက်တယ်။
"မင်းက အဲဒီကောင်လေးဘဲ"ဝူဇူက ကျင်းရှင်ကို မှတ်မိသွားတယ်။
ကျင်းရှင်က ခေါင်းငြိမ့်လိုက်ပြီးပြောလိုက်တယ်"ကျင်းရှင်လို့ခေါ်ပါတယ်။ငါ့ကိုကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။တကယ်လို့ မင်းက အကူအညီလိုရင် ငါ့ကိုပြောပါ။ငါက အကြွေးမတင်ချင်ဘူး"
"မင်းက စိတ်ထဲမထားနဲ့ ငါကမင်းကို ကူညီခဲ့တာက ဘာကိုမှပြန်ရဖို့မမျှော်လင့်ထားပါဘူး"ဝူဇူကပြောလိုက်တယ်။
"အကိုကြီးက ဘယ်သူနဲ့လက်ထပ်မလို့လဲ?"ဝူရှိက ဝူဇူက သတိုးသားဝတ်စုံကို ဝတ်ထားတာကြောင့် အံ့အားသင့်နေတယ်။
လူတိုင်းက ဝူဇူကို ထပ်ကြည့်လိုက်တယ်။
"......."ဝူဇူ
အဲဒီအချိန်မှာဘဲ ဟေးရှင်းက အစားအစာတွေထည့်ထားသည့် လင်းဗန်းနှင့်ရောက်လာပြီး"ဆန်ပြုတ်တစ်ပန်းကန်ယူလာခဲ့တယ်။မင်းက ရက်အတော်ကြာ အစားမစားခဲ့ကတည်းက ဆန်ပြုတ်က မင်းအတွက်အကောင်းဆုံးဘဲ"
ဝူရုန်က ဝူဇူက သူ့ရဲ့မင်္ဂလာဝတ်စုံနှင့်ပတ်သက်ပြီး မပြောချင်မှန်းသိလိုက်ပြီး"အခု သူ့ကို ကျွန်တော်တို့က စားသောက်ဖို့အချိန်ပေးရအောင်"
အခုချိန်မှာ သူ့အကိုပြန်ရောက်လာတာက သူ့ကိုစိတ်သက်သာရာရစေတယ်။
ဝူရှိက ဝူဇူသည် ဇွန်းကိုကိုင်ဖို့အားနည်းတာကြောင့် ရှေ့တက်လာပြီး ပန်းကန်လုံးနှင့်ဇွန်းကိုယူလိုက်ပြီး"ညီမလေးကို ခွင့်ပြုပေး"
ဝူဇူက သူ့ရဲ့အခြေအနေကို နားလည်တာကြောင့် မငြင်းဆန်ပါဘူး။
"ကျေးဇူးဘဲ"
--------------------------------------