Chapter(309)
ကိုယ်ကအဲဒါကိုအထဲမှာ ပိုထားရရင်လည်း စိတ်မရှိဘူး(1)
"ရုန်အာ ဒါက ငါမကောင်းတာပါ။ကျေးဇူးပြုပြီး ငါ့ကိုသွားခွင့်ပေးပါ။ငါက အဲဒီလိုဘာကြောင့်လဲခဲ့လဲဆိုတာ ငါမသိဘူး"
"မစိုးရိမ်နဲ့။ငါ မင်းကို လွတ်ပေးမှာပါ။ငါတို့က ဝမ်းကွဲတွေဘဲလေ။ငါက ဘယ်လိုလုပ်ပြီး မင်းသေမှာကိုကြည့်နေနိုင်မှာလဲ?"ဝူရုန်က အစောင့် တစ်ယောက်ကို ပြောလိုက်တယ်"သူ့ကို သေတ္တာတစ်ခုထဲထည့်ပြီး ဝူချန်ဇီထံကို ပို့လိုက်"
ဝူယု၏မျက်နှာက ရုတ်တရက် ဖြူဖျော့သွားပြီး ကြောက်လန့်တကြားအော်လိုက်တယ်"ရုန်အာ မင်း ငါ့ကို ဒီလိုလုပ်လို့မရဘူး။ မင်း ငါ့ကို ဝူချန်ဇီထံ မပို့ပါနဲ့။သူက ငါ့အသက်ကို ချန်ထားမှာ မဟုတ်ဘူး။မင်း ငါ့ကိုသေစေချင်တာဘဲ။ရုန်အာ ကျေးဇူးပြုပြီး ငါမင်းကို တောင်းပန်ပါတယ်။ငါက မင်းရဲ့ဝမ်းကွဲလေ။မင်း ဘယ်လိုလုပ်ပြီး ငါ့ကို ဒီလိုလုပ်နိုငါတာလဲ?"
"ငါ့အကိုကြီးကို နတ်ဆိုးတွေ ဖမ်းသွားတဲ့အချိန်တုန်းကရော သူက မင်းရဲ့ဝမ်းကွဲဆိုတာ မင်းသတိရလို့လား?"ဝူရုန်က လှောင်လိုက်တယ်။
အစောင့်တစ်ယောက်က ဝူယု၏ပါးစပ်ကို အဝတ်ဖြူတစ်ခုနှင့် ပိတ်လိုက်တယ်။
ဝူယုက ကြောက်ရွံ့စွာ ရုန်းကန်လိုက်တယ်။
အစောင့်က သူ့ကို သေတ္တာတစ်လုံးထဲကို ထည့်လိုက်ပြီး သေတ္တာကို အပြင်ကို သယ်သွားလိုက်တယ်။
"ရုန်အာ မင်းသူ့ကို တကယ်ဘဲ ဝူချန်ဇီထံကို ပို့မလို့လား?"နူမူက ပေးလိုက်တယ်။
"ကျွန်တော်က ကျွန်တော့်ဝမ်းကွဲအပေါ် အရမ်းရက်စက်တယ်လို့ထင်လား?"ဝူရုန်က မေးလိုက်တယ်။
"ငါက အနာဂတ်မှာ မင်းကနောင်တရမှာကို စိုးရိမ်တာပါ။ဒါက ဘာကြောင့် ငါက မင်းကို အတည်ပြုတာလဲဆိုတာဘဲ"နူမူက ဝူရှိထံကနေ ဝူယုအကြောင်းကို ကြားဖူးတာကြောင့် ဝူယုက ကြင်နာတတ်တဲ့လူမဟုတ်ဘူးဆိုတာ သိပြီးသားဖြစ်တယ်။ဒါ့ကြောင့် သူက ဝူယုအတွက် မပြောပေးတာဖြစ်တယ်။ဒါပေမဲ့ သူက ဝူရုန်က မိသားစုကို သတ်မိတယ်ဆိုပြီး နောင်တရမှာ စိုးရိမ်နေတာဖြစ်တယ်။
"အခု ဆရာက ဖူဂျင်ကိုရပြီ။ဆရာက နောက်ထပ် ဘာဆက်လုပ်မလဲ?"ဝူရုန်က စကားလမ်းကြောင်းလွှဲလိုက်တယ်။
"ငါ သူ့ကို ငါ့ကလန်ကိုပြန်ခေါ်သွားမယ်။ပြီးရင် ကလန်ရဲ့စည်းမျဉ်းအတိုင်း သူ့ကိုအပြစ်ပေးမယ်"
"ဆရာသခင် သူ့ကိုမျက်စိအောက်မှာဘဲ ထန်းသိမ်းထားသင့်တယ်။သူ့ကို ထွက်မပြေးနိုင်အောင်လုပ်ရမယ်"
"ငါ သူ့ရဲ့စိတ်စွမ်းအင်နယ်မြေကို ဖျက်ဆီးပြီး သူ့ခြေလက်တွေကို ရိုက်ချိုးထားတယ်။ဒါ့ကြောင့် သူက ငါ့စီကနေ ထွက်ပြေးဖို့ မဖြစ်နိုင်ဘူး"နူမူက လှောင်လိုက်တယ်။
"ဒါဆိုတော့ ဆရာသခင်က မကြာခင်မှာ ထွက်သွားတော့မှာလို့ဆိုလိုတာလား?"ဝူရုန်က မေးလိုက်တယ်။
နူမူက ခေါင်းငြိမ့်လိုက်ပြီး"ငါက မနက်ဖြန် မဟုတ်ရင် တဘက်ခါဆို ထွက်သွားဖြစ်လိမ့်မယ်။ငါပြောခဲ့တာတွေကို မှတ်ထားပါ။မင်းအလိုရှိတဲ့အခါ စုန်းကလန်ကိုလာပြီး ငါ့ကိုလာရှာပါ"
"ကျွန်တော်သိပြီ"
ဝူရုန်နှင့်ဟေးရွမ်ရီက သူတို့ရဲ့ခြံဝင်းကို ပြန်လာခဲ့တယ်။
"ကျွန်တော်တို့ရဲ့ခြံဝင်းက အကောင်းဆုံးဘဲ"ဝူရုန်က နေရောင်အောက်မှာ အသက်ပြင်းပြင်းရှူလိုက်တယ်။
အဲဒီနောက်မှာတော့ သူက ဟေးရွမ်ရီကိုယ်ပေါ်ကို ခုန်တက်လိုက်ပြီး သူ့လက်တွေခြေတွေကို ဟေးရွမ်ရီကိုယ်ပေါ်မှာ တွယ်ကပ်ထားလိုက်ပြီး"ကျွန်တော့်ရဲ့ခန္ဓာကိုယ်က အရမ်းစေးကပ်နေတယ်။ရေအရင်ချိုးရင်းနဲ့ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ကြည့်ရအောင်"
ဝူရုန်က သူ့ရဲ့တကယ့်ပုံမှန်အစစ်မှန်ကို ဟေးရွမ်ရီရှေ့မှာသာ ဖော်ထုတ်ပြီး သက်သောင့်သက်သာ စိတ်လျော့ပြီးနေနိုင်တယ်။သူက သူ့ရဲ့မိဘတွေရှေ့မှာတောင် ဟန်ဆောင်ဖုန်းကွယ်ခဲ့ပြီး အခြားလူတွေရှေ့မှာတော့ အမြဲသတိရှိနေတယ်။သူက သူ့ရဲ့မိဘတွေကို သူတို့ရဲ့သားက အရင်တုန်းကလို ကြင်နာပြီး ရိုးသားတဲ့ သားတစ်ယောက် မဟုတ်တော့ဘူးဆိုတာ မသိစေချင်တာကြောင့် သူ့မိဘတွေရဲ့ရှေ့မှာ သူ့ရဲ့သွေးအေးတဲ့နှလုံးသားမဲ့တဲ့ပုံကို မပြတာဖြစ်တယ်။
ဟေးရွမ်ရီ၏နှုတ်ခမ်းထောင့်တွေက ကော့တက်သွားပြီး သူက ဝူရုန်ကို ပွေ့ချီပြီး ရေချိုးခန်းထဲကို ဝင်သွားလိုက်ပြီး သူတို့ရဲ့အဝတ်အစားတွေကို ဖယ်ရှားလိုက်ပြီးနောက် အစေခံတွေအဆင်သင့်ပြင်ထားပေးတဲ့ ရေချိုးစည်ထံကို ဝင်လိုက်တယ်။
"တကယ်လို့ ကျွန်တော်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို အပြင်ကို ထုတ်လိုက်ရင် တစ်ယောက်ယောက်က ၄င်းရဲ့စိတ်စွမ်းအားတွေကို ခံစားနိုင်လောက်လား?"ဝူရုန်က သူ့ကိုဖက်ထားတဲ့သူကို မေးလိုက်တယ်။
"တစ်အိမ်လုံးကို ဘယ်လိုစိတ်စွမ်းအင်မှ မထွက်သွားနိုင်အောင် ထူးခြားကြီးမားတဲ့ အစီအရင်နဲ့ ကာကွယ်ထားတယ်"ဟေးရွမ်ရီက ပြောလိုကတယ်။
ဝူရုန်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ထုတ်ယူပြီး ဟေးရွမ်ရီကို ပေးပြီး ပြုံးပြီးမေးလိုက်တယ်"ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ငွေပြားတစ်သန်းနဲ့လဲလိုက်ရတာ အကျိုးရှိတယ်မလား?"
ဟေးရွမ်ရီက ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ယူလိုက်ပြီး ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်တယ်။ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်က ကြာပန်းသဏ္ဍာန်ပြောင်းလဲသွားတယ်။
"ခင်ဗျားက ဂါထာကို မှတ်မိတယ်"ဝူရုန်က အံ့အားသင့်သွားတယ်။
သူက မှန်ကန်တဲ့ဂါထာမရှိဘဲ မှော်လက်နက်ကို အသက်မသွင်းနိုင်မှာ အမှန်တကယ်ကို စိုးရိမ်နေတာဖြစ်တယ်။
"အင်း"ဟေးရွမ်ရီက ဆက်လက်ပြီး မှော်လက်နက်ကို ဓမ္မခေါင်းလောင်း ပုံစံပြောင်းလဲစေလိုက်ပြီး" သဘောကျစရာကောင်းတဲ့ မှော်လက်နက်ဘဲ!ဒါက ခြားနားတဲ့ပုံစံတွေကို ပြောင်းလဲနိုင်တယ်"
အများအားဖြင့် သူလုပ်တဲ့ မှော်လက်နက်တွေက ပုံစံတစ်မျိုးရှိပြီး အဲဒါတွေက မီးအိမ်ပုံစံကိုဘဲ ပြောင်းလဲနိုင်တယ်။
ဝူရုန်က ဟေးရွမ်ရီက ဒီမှော်လက်နက်ကို အသုံးပြုနိုင်တာကို ကြည့်ပြီး ပြောလိုက်တယ်"ခင်ဗျားက ဒါကို ခင်ဗျားရဲ့ကိုယ်ပိုင်အဖြစ် သိမ်းထားနိုင်တယ်"
"ကိုယ် အရှင်မင်းကြီးက မင်းက မှော်လက်နက်ကို ယူခဲ့တယ်ဆိုတာ ခန့်မှန်းမိမှာကို ကြောက်မိတယ်"ဟေးရွမ်ရီက ပြောလိုက်တယ်။
ဝူရုန်က ဒီနေ့ အရှင်မင်းကြီးက သူ့ကို စိုက်ကြည့်ပြီး ပြောသွားခဲ့တာကို သတိရသွားတယ်။
ဝူရုန်က အရှင်မင်းကြီးက သူက ဆုပေးတဲ့နေ့တုန်းက သူတောင်းဆိုခဲ့တာကို သဘောမတူနိုင်ဘူးဆိုတာသိတယ်။ဒါပေမဲ့ သူက အကြောင်းပြချက်တစ်ခုအဖြစ်နဲ့ သူကတောင်းဆိုခဲ့တာဖြစ်တယ်။အရှင်မင်းကြီးက သူ့ကို ဘုရားစေတီထဲဝင်ပြီး ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ကြည့်ဖို့ ခွင့်ပြုမှာ မဟုတ်သလို ဝူချန်ဇီကလည်း ဒီတောင်းဆိုခဲ့လည်း အရှင်မင်းကြီးက ခွင့်ပြုချက်ပေးမှာ မဟုတ်ဘူး။ဒါကြောင့် ဝူချန်ဇီက သူ့ကြည့်ဖို့ မှော်လက်နက်ကို အပြင်ကို ထုတ်လာရုံဘဲရှိတယ်။အရင်ဘဝတုန်းက သူသိခဲ့တာက ဝူချန်ဇီက ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ညှိုနှိုင်းပြီး မှော်လက်နက်ကို ဘုရားစေတီအပြင်ကို ထုတ်လာနိုင်တယ်ဆိုတာဘဲ။ဒီကိစ္စမှာလည်း သူက စန်းလန်နှင့် သူ့နောက်လိုက်တွေကို စိတ်ညှို့တဲ့ပညာရပ်ကို သုံးပြီး ဘုရားစေတီကို မီးရှို့ခိုင်းလိုက်တာဖြစ်မယ်။
ဒီမနက်တုန်းက သူကမနက်စာစားနေတဲ့အချိန်မှာ သူက ခိုးကြောင်ခိုးဝှက်နှင့် စန်းလန်၏နောက်လိုက်တွေရဲ့အကူအညီနှင့် အရိပ်ဖုန်းကွယ်ခြင်းစွမ်းရည်ကို သုံးပြီး လင်းဖူဘုရားကျောင်း၏ဧည့်သည်ဆောင်ကနေ ထွက်သွားခဲ့တာဖြစ်တယ်။ကံကောင်းစွာနှင့်ဘဲ အဲဒီလူတွေက သူ့လောက် စွမ်းအားမမြင့်ဘူး။ဒါကဘဲ သူက သူတို့ကို စိတ်ညှို့လိုက်နိုင်တာဖြစ်တယ်။သူက အမဲရောင်ဝတ်ဆင်ထားတဲ့အဲဒီလူတွေရဲ့ အရိပ်ကနေ လိုက်သွားခဲ့တာဖြစ်တယ်။အဲဒီနောက်မှာတော့ သူက အကြီးအကဲထန်းဇောင်နောက်ကိုလိုက်သွားပြီး ဘုရားစေတီအထဲကို ဝင်သွားပြီး ထောင့်တစ်နေရာမှာ စိတ်စွမ်းအင်နှင့်မီးရှို့ခဲ့တာဖြစ်တယ်။စန်းလန်၏နောက်လိုက်တွေကတောင် မီးငြိမ့်ဖို့ ကျဆုံးခဲ့ပြီး စိတ်စွမ်းအင်မီးက ဘုရားစေတီတစ်ခုလုံးကို ပြာကျသွားစေခဲ့တာဖြစ်တယ်။
---------------------------
Chapter(310)
ကိုယ်က အဲဒါကို အထဲမှာပိုထားရရင်လည်း စိတ်မရှိဘူး(2)
နောက်တော့ သူတို့ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို သွားကြည့်တဲ့အချိန်မှာ သူက ပြတင်းပေါက်ကို လျှောက်သွားပြီး နေရောင်အောက်မှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ကြည့်တဲ့အခွင့်အရေးကို သုံးပြီး သူကအရိပ်ဖုန်းကွယ်ခြင်းစွမ်းရည်ကို အသုံးပြုပြီး မှော်လက်နက်အစစ်နှင့် အတုကိုလဲလိုက်တာဖြစ်တယ်။သူက ဝူချန်ဇီဖမ်းမမိအောင် အရူးလုပ်ဖို့အတွက် ဝူချန်လီဆွဲပေးခဲ့တဲ့ ပုံရိပ်ယောင် ရှေးအက္ခရာကိုလည်းအသုံးပြုခဲ့သေးတယ်။အဆင့်ကိုးကျင့်ကြံသူ၏ရှေးအက္ခရာကသာလျှင် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ကို အရူးလုပ်နိုင်တာဖြစ်တယ်။
ပုံရိပ်ယောင် ရှေ့အက္ခရာက ဝူချန်လွီက သူ့ကိုပေးခဲ့တာ မဟုတ်ပါဘူး။ပြီးတော့ သူက သူ့ရဲ့လျှို့ဝှက်ချက်ကို ဝူချန်လွီမသိရှိအောင် ပိုပြီးဂရုစိုက်ဖို့အတွက် သူက ဝူချန်လွီထံမှာ တောင်းဆိုစရာအကြောင်းမရှိဘူး။ပုံရိပ်ယောင်အက္ခရာက ဝူရှိပိုင်ဆိုင်တာဖြစ်ပြီး ဝူချန်လွီက သူမကို အရေးပေါ်အခြေအနေမှ ကာကွယ်ရန်ဖြစ်တယ်။သူက ၄င်းကို ဝူရှိထံက ယူခဲ့တာဖြစ်တယ်။
အကြီးအကဲထန်းဇောင်က မှော်လက်နက်ကို ဘုရားစေတီထဲကို ပြန်ပို့တဲ့အခါ သူက စန်းလန်၏နောက်လိုက်တွေကို စိတ်ညှို့ပြီး မှော်လက်နက်ကို ခိုးယူခိုင်းလိုက်တာဖြစ်တယ်။ဒါက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို သတ်ဖို့ အစီအစဉ်ဖြစ်တယ်။ဒီကိစ္စမှာ ဝူချန်ဇီကသာ အပြစ်တင်ခံရပြီး ကျောင်းထိုင်ဘုန်းတော်ကြီးက စန်းလန်၏နောက်လိုက်တွေက မှော်လက်နက်ကို အတုနှင့်လဲလိုက်တဲ့သူဟု ထင်လိမ့်မယ်။ဒါကဘဲ ဝူရုန်က ဒီပြစ်မှုမှာ အပြစ်ကင်းသူဖြစ်လာလိမ့်မယ်။
ယိုကျင်းခန်အတွက်ကတော့ သူက လင်းမိုဟန်ကို ဘုရားကျောင်းကို ခေါ်ခဲ့ဖို့ ပြောလိုက်တာဖြစ်တယ်။ဘာကြောင်လဲဆိုတော့ သူက ဘုရားစေတီက မီးလောင်ခြင်းနှင့် မှော်လက်နက်ခိုးယူခြင်းမှာ ဝူချန်ဇီကို လုံလောက်အောင် ဆွဲမချနိုင်မှာစိုးတာကြောင့်ဖြစ်တယ်။ဒါ့ကြောင့် သူက လင်းမိုဟန်ကို ယိုမိသားစုကိုလည်း ပါဝင်လာအောင် တောင်းတိုခဲ့တာဖြစ်တယ်။ယုမိသားစုကိုသာ ဖယ်ထုတ်လိုက်နိုင်ရင် အိရှေ့စံမင်းသားနှင့် ဒုတိယမင်းသားကြား ညမျှမှုက ကြာရှည်စွာ မတည်ရှိနိုင်တော့ဘဲ အိမ်ရှေ့စံမင်းသားက ပိုပြီးအလေးသာလာမည်ဖြစ်တယ်။
"သူက အဲလောက်ထိ အသက်မရှည်နိုင်ဘူး။တကယ်လို့သူသိသွားရင် ကျွန်တော်မကြောက်ဘူး။ဒါ့အပြင် ကျွန်တော်က သူ့သားကြီးထီးနန်းရအောင် ကူညီပေးတာလေ။သူက အဲဒီအတွက် ကျွန်တော့်ကို ကျေးဇူးတင်သင့်တယ်။မှော်လက်နက်ကတော့ ကျေးဇူးတင် လက်ဆောင်ပေါ့"ဝူရုန်က ပြောလိုက်တယ်။
"မင်းမှန်တယ်။ကိုယ်တို့ သူသိသွားရင်တောင် ကြောက်စရာမလိုဘူး"ဟေးရွမ်ရီက ဝူရုန်ကို သူ့လက်မောင်းထဲမှာ ဖက်ထားလိုက်တယ်။
တကယ်လို့များ အင်ပါယာအရှင်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကြောင့် ဝူရုန်ကို ထိခိုက်အောင် လုပ်ခဲ့မယ်ဆိုရင် သူက အင်ပါယာအရှင်ကို အချိန်မတိုင်မှီ သူ့ဘဝကိုအဆုံးသတ်ပေးရလိမ့်မယ်။
ရုတ်တရက် ဝူရုန်က သူ့ရဲ့မဖော်ပြအပ်တဲ့ နေရာမှာ ပွတ်တိုက်ခံလိုက်ရတာကြောင့် ရှက်သွေးဖျာလာတယ်။သူက ဟေးရွမ်ရီကို ရှက်ရွံ့ခက်ထန်စွာ ကြည့်လိုက်ပြီး"ခင်ဗျား ဘာတွေလုပ်နေတာလဲ?"
ဟေးရွမ်ရီက ဝူရုန်၏နားသီးလေးကို နမ်းလိုက်ပြီး အက်ကွဲနေတဲ့အသံနှင့် ပြောလိုက်တယ်"ဒီမနက် ရထားလုံးပေါ်မှာ သုတ်ရေတွေအားလုံးကို မင်းရဲ့ခန္ဓာကိုယ်ထဲမှာ သုတ်လွတ်ခဲ့တယ်။တကယ်လို့ ကိုယ် သူတို့ကို အပြင်မထုတ်ဘူးဆိုရင် မင်းက နေမကောင်းဖြစ်လိမ့်မယ်"
"ဒါက တစ်နေ့လုံးရှိပြီလေ။သူတို့ အပြင်ကို ရောက်သွားလောက်ပြီ"ဝူရုန်က ပြောလိုက်တယ်။
"ကိုယ်က အဲဒါကို ပိုပြီးထည့်ရမယ်"
"ဟေးရွမ်...အွမ်"ကျန်တဲ့စကားလုံးတွေကို ဟေးရွမ်ရီက မျိုချလိုက်တယ်။နောက်တော့ အပြင်မှာစောင့်နေတဲ့ အလောင်းကောင် အစေခံတွေက ရေချိုးခန်းထဲကနေ အမောတကော အသက်ရှူသံတွေ ငိုကြွေးသံတွေ ညည်းတွားသံတွေကိုသာ ကြားရတယ်။
ဘုရားစေတီသည် လင်းဖူဘုရားကျောင်း၏တည်ထောင်ခြင်းရဲ့သင်္ကေတဖြစ်ပြီး လင်းဖူဘုရားကျောင်း၏အမြင့်ဆုံးနေရာမှာ တည်ရှိတာကြောင့် မီးလောင်သွားတာကို ဖုန်းကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။နေ့တစ်ဝက်ကြာပြီးချိန်မှာတော့ ဒီသတင်းက ပြန့်သွားပြီး မြို့တော်ထဲကိုတောင် ကျော်သွားတယ်။ယိုမိသားစုက ဝူချန်ဇီက သူတို့ကို အပြစ်ပုံချလိုက်မှန်းသိသည့်အချိန်မှာတော့ တစ်မိသားစုလုံးက ဒီကိစ္စကြောင့် ခေါင်းဖြတ်ကွပ်မျက်ခံရနိုင်တယ်။သူတို့က ဝူမိသားစုကို ပရမ်းပတာဖြစ်သွားစေတယ်။
အခြားမိသားစုသုံးစုက ဝူချန်ဇီ၏ရက်စက်သည့်အပြုအမူကြောင့် စိတ်ပျက်သွားကြတယ်။သူတို့မိသားစုငါးစုက နှစ်ရာချီကြာအောင် ခင်မင်ရင်းနှီးခဲ့ပြီး ချည်နှောင်ထားခဲ့တာဖြစ်တယ်။သူတို့တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်ခဲ့ရင်တောင် ဝူချန်ဇီက သူတို့ကိုသေအောင် ဖိအားမပေးသင့်ဘူး။
ခေါင်းဆောင်ဝူက ယိုမိသားစုအရေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး သူကဧည့်သည်တွေထွက်သွားတဲ့အချိန်ထိ ပါးစပ်ပိတ်နေခဲ့တယ်။
သူက ဝူချန်ဇီ၏ခြံဝင်းကို သွားလိုက်ပြီး သူကခြံဝင်းတစ်ခုလုံးက ညစ်ပေရှုပ်ပွနေတာကို တွေ့လိုက်ရတယ်။သူက အရင်တုန်းက ဝူချန်ဇီက ဒီလောက်ထိ ဒေါသထွက်နေတာကို မမြင်ဖူးဘူး။
"အရှင်"
ဘန်း!ဝူချန်ဇီက စားပွဲပေါ်က ပန်းကန်တွေကို တွန်းထုတ်ပစ်လိုက်ပြီး"ငါ့ကို အရှင်လို့ထပ်မခေါ်နဲ့။မင်းငါ့ကို ဒီလိုထပ်မခေါ်နဲ့!ငါက ဂရန်းမစ္စတာ မဟုတ်တော့ဘူး"
"ချန်ဇီ ဒီနေ့ဘာဖြစ်ခဲ့တာလဲ?မင်းက ဝူရုန်ကို ထိခိုက်အောင် စီစဉ်ထားတာ မဟုတ်ဘူးလား?ဘာကြောင့် ယိုမိသားစုက ဘုရာကို မီးရှို့တဲ့လူဖြစ်သွားတာလဲ?"ခေါင်းဆောင်ဝူက မေးလိုက်ပြီး ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်လိုက်တယ်။
ဝူရုန်အကြောင်းပြောလိုက်တာနှင့် ဝူချန်ဇီ၏မျက်လုံးတွေက အေးစက်လာပြီး မကြာခင်မှာတော့ နီရဲလာပြီး"ငါက ဝူရုန်ကို လျော့တွက်မိသွားတယ်။ဒါကြောင့် အရာရာတိုင်းက ငါ့ထိန်းချုပ်မှုအောက်က လွတ်သွားတယ်။ကောင်းကင်ဘုံရဲ့မှော်လက်နက်ယူသွားခံရတယ်။ငါက ဝူရုန်က ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံရဲ့မှော်လက်နက်ရဲ့ပုံစံကို သိနေပြီး စီမံနိုင်လဲဆိုတာ မသိဘူး"
ခေါင်းဆောင်ဝူက ယိုမိသားစုထံမှ လင်းဖူဘုရားကျောင်းမှာ ဘာဖြစ်ခဲ့လဲဆိုတာ သိထားပြီးဖြစ်တယ်။ဒါကြောင့် သူ့ကိုအသေးစိတ်ပြောဖို့ မလိုအပ်ဘူး။
"ကျုပ်တို့အခု ဘာလုပ်ကြမလဲ?ကျုပ်တို့က ယိုမိသားစုတစ်ခုလုံျးခါင်ူဖြတ်ကွပ်မျက်ခံရမှာကို ကြည့်နေရမှာလား?ဒီလိုသာ အခြားမိသားစုသုံးခုက ကျုပ်တို့ကို စိတ်ပျက်ပြီး ထောက်ပံ့ပေးတော့မှာ မဟုတ်ဘူး"
တကယ်လို့ဒီလိုသာဖြစ်ခဲ့ရင် သူက ဝူမိသားစုက ဘယ်လို အဆုံးသတ်သွားမလဲဆိုတာ တွေးနိုင်တယ်။
"တကယ်ကိုဘဲ ငါတို့က သူတို့ချည်းဘဲ ထွက်သွားခိုင်းလို့မဖြစ်ဘူး။ဒါပေမဲ့ အခု ငါကဂရန်းမစ္စတာ မဟုတ်တော့ဘူး။ငါတို့က ဒီအချိန်မှာ အစီအစဉ်ကောင်းကောင်းချမှတ်ဖို့ လိုအပ်တယ်"
အခုချိန်မှာ သူ့ရဲ့မြစ်ကို ထောက်ပံ့ပေးဖို့ ယိုမိသားစုကို ပြန်ကယ်ဖို့လိုအပ်တယ်။သူ့မြစ်က အိမ်ရှေ့စံကိုကျော်ပြီး အင်ပါယာအရှင်ဖြစ်သွားတဲ့အချိန်မှာတော့ တခြားလူတွေရဲ့သေခြင်းကို ဂရုစိုက်ဖို့မလိုအပ်တော့ဘူး။
"အရှင်"ခြံဝင်းအပြင်ဘက်မှ အစောင့်ကပြောလိုက်တယ်။
"ငါ့ကို အရှင်လို့ထပ်မခေါ်နဲ့လို့ ပြောထားတယ်မလား?"ဝူချန်ဇီက ဒေါသတကြီးပြောလိုက်တယ်။
အစောင့်က ကြောက်ရွံ့စွာ နောက်တွန့်သွားပြီး အသံနိမ့်ပြီးပြောလိုက်တယ်"အရှင်... ဆရာ မင်းအတွက် သေတ္တာတစ်လုံးရောက်နေတယ်"
"ဘယ်သူစီကလဲ?"ဝူချန်ဇီကအေးစက်စွာ ပြောလိုက်တယ်။
"အဲဒါကို အထဲကိုယူခဲ့"ဝူချန်ဇီက ခဏလောက်တွေးလိုက်ပြီးတော့ပြောလိုက်တယ်။
"ဟုတ် လူကြီးမင်း"
မကြာခင်မှာတော့ အစောင့်လေးယောက်က ကြီးမားတဲ့ သေတ္တာတစ်လုံးကို သယ်လာတယ်။
"အဲဒါက လေးတာလား?အထဲမှာ ဘာပါလဲ?"ခေါင်းဆောင်ဝူက အံ့သြသွားတယ်။
"အထဲမှာဘာပါလဲ သိရအောင် အဲဒါကို ဖွင့်လိုက်"ဝူချန်ဇီကအေးစက်စွာ ပြောလိုက်တယ်။
ရုတ်တရက် သေတ္တာထံကနေ ထူးဆန်းတဲ့အသံတစ်ခု ထွက်ပေါ်လာတယ်။
"အသံထွက်နေတယ်"ခေါင်းဆောင်ဝူက စိုက်ကြည့်လိုက်ပြီး ဝူချန်ဇီနှင့်အတူ လျှင်မြန်စွာ နောက်ဆုတ်လိုက်တယ်။
ဝူချန်ဇီင သေတ္တာထဲကို စိတ်စွမ်းအင်ပို့လွတ်ပြီး သေတ္တာထဲမှာ ရှိသည့်အရာကို အာရုံခံကြည့်လိုက်ပြီးပြောလိုက်တယ်"သေတ္တာထဲမှာ လူတစ်ယောက်ရှိနေတယ်"
ခေါင်းဆောင်ဝူက သေတ္တာသယ်လာတဲ့ အစောင့်ထဲက တစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်"မင်း သေတ္တာကို ဖွင့်ကြည့်လိုက်"
"ဟုတ်"အစောင့်က တုံ့ဆိုင်းနေပေမဲ့ ခေါင်းငြိမ့်လိုက်တယ်။
သူက ဓားကို ဆွဲထုတ်လိုက်ပြီး သူ့ရဲ့ခါးစည်းကြိုးနှင့်ချည်လိုက်ပြီး သေတ္တာပေါ်က ကြိုးကို ဖြတ်လိုက်ပြီး လက်တစ်ဖက်က သေတ္တာအဖုံးကို မလိုက်ပြီး တစ်ဖက်ကတော့ သေတ္တာထဲက ထွက်လာမယ့်အရာကို ရွယ်ထားပြီး သေတ္တာအဖုံးကို မလိုက်တယ်။သူက သေတ္တာမှ အသံကို ကြားလိုက်တဲ့အချိန်မှာတော့ သေတ္တာရဲ့အဖုံးကိုလျှင်မြန်စွာ မလိုက်ပြီး ကြည့်လိုက်တဲ့အချိန်မှာ သေတ္တာထဲမှာ ကြိုးချည်ခံထားရတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။
"ဒါက လူတစ်ယောက်ဘဲ။သူ့ကိုကြိုးချည်ထားတယ်"
ခေါင်းဆောင်ဝူနှင့်ဝူချန်ဇီက ရှေ့တက်ပြီးကြည့်လိုက်တော့ သေတ္တာထဲမှာ ကြည့်ကောင်းတဲ့လူငယ်တစ်ယောက်ကို ကြိုးချည်ပြီးထည့်ထားတာကို တွေ့လိုက်ရတယ်။ပြီးတော့ သူတို့က နောက်ဆုံးမှာတော့ သူ့ကိုမှတ်မိပြီး ပြောလိုက်တယ်"မင်းက ဝူယု"
ဝူယုက ဝူချန်ဇီအသံကိုကြားတော့ စိတ်လှုပ်ရှားစွာ ရုန်းကန်လိုက်တယ်။ဒါပေမဲ့ သူက ဝူရုန်ပြောခဲ့တာကို သတိရသွားတော့ အေးခဲသွားတယ်။
ခေါင်းဆောင်ဝူက ဝူယု၏ပါးစပ်မှာချည်ထားတဲ့ အဝတ်စကို ဖယ်ပေးလိုက်ပြီး"မင်းက ဘာကြောင့် သေတ္တာထဲကို ရောက်နေတာလဲ?"
"ကျွန်တော်မသိဘူး"ဝူယုက သူ့ကို ဝူရုန်၏သူငယ်ချင်းက ဖမ်းသွာတယ်ဆိုတာ ဝန်မခံရဲဘူး။တကယ်လို့ ဝူရုန်က သူ့ကိုပို့လိုက်တယ်ဆိုတာ ဝူချန်ဇီသိသွားရင် သူက သေချာကို သေရလိမ့်မယ်။
"ကျွန်တော် ဘုရားကျောင်းကို ရောက်တော့ အနောက်ကနေ ချောင်းရိုက်ခံလိုက်ရတယ်။ကျွန်တော်နိုးလာတော့ ဒီထဲကို ရောက်နေတာဘဲ"
ဝူမိသားစုအတွင်းမှာ နှစ်ပေါင်းများစွာ ချယ်လှယ်ခဲ့တဲ့ အတွေ့အကြုံအရ ခေါင်းဆောင်ဝူနှင့်ဝူချန်ဇီက သူ့ရဲ့စကားလုံးအနည်းငယ်နှင့်လွယ်လင့်တကူ လွတ်ပေးမှာမဟုတ်ဘူး။
"မင်းက ဒီထဲကို ဘာကြောင့် ရောက်နေတာလဲဆိုတာ တကယ်မသိတာလား?"
"ကျွန်တော်တကယ်ကို ဘာဖြစ်ပျက်ခဲ့လဲဆိုတာမသိဘူး"ဝူယုက သူ့နှလုံးထဲမှာ ကြောက်လန့်နေပေမဲ့ ထပ်ပြီးရှင်းပြလိုက်တယ်။
ဝူချန်ဇီကလှောင်လိုက်ပြီး သူကစိတ်ဝိဉ်ဘာသာစကားကို အသုံးပြုပြီး မေးမြန်းလိုက်တယ်"အမှန်ကိုပြောစမ်း!မင်းက ဒီထဲကို ဘယ်လိုရောက်နေတာလဲ?"
ဝူယုက အဆင့်ခြောက်ကျင့်ကြံသူတစ်ယောက်သာဖြစ်တာကြောင့် အဆင့်ကိုးကျင့်ကြံသူ၏စိတ်ဝိညာဉ်ဘာသာစကားကို ဆန့်ကျင်နိုင်စွမ်းမရှိတာကြောင့်"ဝူရုန်က ငါ့ကိုဒီထဲကိုထည့်ပြီး ဒီနေရာကို ပို့လိုက်တာ"
"ဒါဆို မင်းကို ငါက ဘာကြောင့်လင်းဖူဘုရားကျောင်းကို ပို့လိုက်သလဲဆိုတာ သိပြီးသွားပြီပေါ့"ဝူချန်ဇီကပြောလိုက်တယ်။
-------------------