COTAW(Zawgyi)
By Phyomyatsoe
257K 49.2K 791
bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ More
Into
Chapter(1+2)
Chapter(3+4)
Chapter (5+6)
Chapter (7+8)
Chapter (9+10)
Chapter (11+12)
Chapter (13+14)
Chapter(15+16)
Chapter(17+18)
Chapter(19+20)ဟေးရွမ်ရီမြို့ပြင်ထွက်သွားတယ်
Chapter(21+22)
Chapter(23+24)
Chapter(25+26)
Chapter(27+28)
Chapter(29+30)
Chapyer(31+32):ပြဇာတ်(2)
Chapter(33+34+35)
Chapter 36:ဒီဘဝမှာတော့သူ့ကိုယုံကြည်မယ်
Chapter38:ဝူပုဖန်
Chapter39:ဒီလိုပြောရအောင်မင်းအရှက်မရှိဘူးလား?
Chapter40:မှော်လက်နက်တွေလုပ်ဖို့ပစ္စည်းတွေကမလုံလောက်ဘူးလား?
Chapter41:သူတို့အားလုံးကိုမှော်လက်နက်တွေလုပ်ပေးရမယ်
Chapter42:မင်းရူးနေတာလား?
Chapter43:ကျွန်တော့်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(1)
Chapter44:ကျွန်တော်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(2)
Chapter45:မင်းကငါ့ကိုမတွန်းလှန်နဲ့
Chapter46:ကိုင်လို့လဲမကောင်းဘူး
Chapter47:စုန်းတွေရဲ့ရိုးရာပွဲတော်
Chapter48:ခင်ဗျားတတ်နိုင်ပါတယ်
Chapter49:နိမိတ်ဆိုး
Chapter50:သူကအိမ်ရှေ့စံမင်းသား
Chapter51:သူ့ရဲ့ကံတရားကပြောင်းလဲသွားတယ်
Chapter52:သူတို့တော့တိုင်ပတ်ပြီ(1)
Chapter53:သူတို့တော့တိုင်ပတ်ပြီ(2)
Chapter54:ဒါက...
Chapter55:မင်းကအမှားလုပ်တာဖြစ်မယ်
Chapter56:လူတွေကိုကစားမယ်
Chapter57:မင်းတို့အရမ်းလွန်သွားပြီ
Chapter58-မင်းတို့ကိုယ်မင်းတို့လူလို့ခေါ်နိုင်သေးလား?
Chapter59:သူကကောင်းချီးပေးခံရတာဘဲ(1)
Chapter60:သူကကောင်းချီးပေးခံရတာဘဲ(2)
Chapter61:ဒါဆိုသူပေါ့
Chapter62:အဲဒါကအကောင်ပေါက်တော့မယ်
Chapter63:ကလေးလေးထွက်လာပြီ(1)
Chapter64:ကလေးလေးထွက်လာပြီ(2)
Chapter65:မင်းကကိုယ့်ကိုလက်ထပ်ထားတာလေ
Chapter66:ကလေးကကြီးတာအရမ်းမြန်တယ်
Chapter67:သူတို့ကရိုက်ခံရတယ်
Chapter68:သူကမွန်းစတားလေးဘဲ
Chapter(69)လင်းမိုဟန်
Chapter70:အပ်မှာအပ်ချည်ကိုထိုးမယ်(1)
Chapter(71+72)
Chapter73
Chapter74
Chapter(75+76)
Chapter(77-78)
Chapter79
Chapter:80
Chapter81:သူကကြင်နာတတ်တယ်(1)
Chapter:82
Chapter:83
Chapter:84
Chapter85
Chapter86
Chapter87
Chapter88
Chapter(89+90)
Chapter91
Chapter92
Chapter93
Chapter94
Chapter95
Chapter96
Chapter(97)
Chapter(98+99)
Chapter(100)
Chapter(101+102)
Chapter(103+104)
Chapter(105+106)
Chapter(107+108)
Chapter(109)
Chapter(110)A+B
Chapter(111+112+113)
Chapter(114+115)
Chapter(116)
Chapter(117+118)
Chapter(119+120)
Chapter(121+122)
Chapter(123+124)
Chapter(125)
(126+127)
Chapter(128+129+130)
Chapter(131+132+133+134)
Chapter(135+136+137)
Chapter(138+139+140)
Chapter(141+142+143)
Chapter(144+145)
Chapter(146+147+148)
Chapter(149+150+151+152)
Chapter(153+154+155+156+157)
Chapter(158 to 160)
Chapter(161 to 163)
Chapter(164 +165)
Chapter(166+167)
Chapter(168+169+170)
Chapter(171+172+173)
Chapter(174+175)
Chapter(176+177)
Chapter(178+179)
Chapter(180+181)
Chapter(182+183)
Chapter(184 +185)
Chapter(186+187)
Chapter(188+189)
Chapter(190+191)
Chapter(192+193+194)
Chapter(195+196+197)
Chapter(198+199+200)
Chapter(201-203)
Chapter(204+205)
Chapter(206-208)
Ch(209+210)
211-212
213-214
215-216
217-219
220+221
222-223
224+225
226-228
229+230
231+232
233-235
236-238
239-240
241-242
243-245
246-247
248-250
251-253
254-256
257-258
259-261
262-264
265-267
268-271
272-274
275-277
278-280
281-282
283+285
286-287
288-290
291-292
293-295
296-297
298-299
Ch(300-301)
302-303
304-305
309-310
311-313
314-316
317-318
319-320
321-322
323-324
325-326
327-328
Ch(329-330)
331-332
333-334
335-336
337-338
339-341
342-343
344-345
346-347
348-349
350-351
352-353
354-355
356-357
358-359
360-361
Hi
306-308
260 58 0
By Phyomyatsoe
306-307
Chapter(306)
ကျိန်စာကရှောင်ရှားလို့မရနိုင်ဘူး(1)
ဘုရားစေတီက ထန်းရှင်းနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ပထမဆုံးဧကရာဇ်က တည်ဆောက်ခဲ့တာဖြစ်ပြီး များပြားလှတဲ့ငွေကြေး ကုန်ကျခဲ့တာဖြစ်တယ်။၎င်းကိုတည်ဆောက်ဖို့ သမိုင်းမှာ အလွန်အကန်အကျများခဲ့ပြီး ၄င်းက လင်းဖူဘုရားကျောင်း၏သင်္ကေတတစ်ခုဖြစ်တယ်။၎င်းအတွင်းမှာ အမျိုးမျိုးသောတန်ဖိုးကြီးရတနာတွေ မှော်လက်နက်တွေနှင့် ရှေးတုန်းက ကျောင်းထိုင်ဘုန်းတော်ကြီးတွေရဲ့ဓာတ်တော်တွေ တည်ရှိနေတယ်။သို့သော်လည်း အခုချိန်မှာတော့ ၄င်းကမီးလောင်သွားပြီး ပြာဖြစ်သွားပြီ။ရတနာတွေရဲ့ခြောက်ဆယ်ရာခိုင်နှုန်းကိုသာ ကယ်ဆယ်နိုင်ခဲ့တယ်။မှော်လက်နက်တွေအများစုနှင့် ကျောင်းထိုင်တွေရဲ့ဓာတ်တော်တွေက ထိပ်ဆုံးမှာရှိနေတာကြောင့် ပြာအဖြစ်ကို လောင်ကျွမ်းသွားပြီ။မီးတောက်တွေရဲ့လောင်ကျွမ်းမှုကြောင့် မှော်လက်နက်တွေ၏စိတ်စွမ်းအင်တွေက မီးလောင်သွားပြီး မှော်လက်နက်တွေကို လွယ်လင့်တကူ လောင်ကျွမ်းသွားစေတာဖြစ်တယ်။
"ဘာဖြစ်သွားတာလဲ?ဘယ်သူက မီးရှို့လိုက်တာလဲ?"အကြီးအကဲထန်းမြောင်က သူ့ရဲ့ဆရာသခင်၏ဓာတ်တော်ကလည်း ဘုရားစေတီအတွင်းမှာ ရှိနေတာကြောင့် ကျယ်လောင်စွာ အော်လိုက်တယ်။
"......."ဝူချန်ဇီ
ဧည့်သည်ဆောင်ကို သန့်ရှင်းရေးတာဝန်ယူရတဲ့ ကိုရင်လေးက အလောင်းတွေကို လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်တယ်"အကြီးအကဲထန်းမြောင် သူတို့က ဘုရားစေတီကို မီးရှို့တဲ့သူဘဲ"
အကြီးအကဲထန်းမြောင်က ဒီသတင်းကို ကြားတော့ တုန်လှုပ်သွားတယ်။သူတို့ကမီးရှို့တဲ့သူလား?ဒါပေမဲ့ သူက ဒီလူတွေကို ဘုရားကျောင်းကိုခေါ်ခဲ့တဲ့သူဘဲ။ဒါကဆိုလိုတာက သူ့ကိုဘဲ အပြစ်တင်ရမှာလို့ ဆိုလိုတာလား?တကယ်လို့ သူကသာ သူတို့ကို ဒီထဲကို မခေါ်ခဲ့ရင် ဒီလိုအဖြစ်အပျက်တွေက ဖြစ်လာမှာမဟုတ်ဘူး။
သူက လူစုလူဝေးကို ကြည့်လိုက်တယ်။ဘုန်းကြီးတွေအားလုံးက အလောင်းတွေကို စိုက်ကြည့်နေကြတယ်။အဲဒီနောက်မှာတော့ သူက လူစုထဲက ဝူချန်ဇီကို မြင်သွားတယ်။
အကြီးအကဲထန်းမြောင်က မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသတကြီး မေးလိုက်တယ်"ဂရန်းမစ္စတာ မင်း ကျုပ်ကို ရှင်းပြသင့်တယ်လို့ မထင်ဘူးလား?"
လူတိုင်းက ဝူချန်ဇီကို ကြည့်လိုက်တယ်။
"ဘယ်လိုလုပ်ပြီး ဒါက ဂရန်းမစ္စတာနှင့် သက်ဆိုင်တာလဲ?"အကြီးအကဲထန်းကျီကမေးလိုက်တယ်။
သူခိုးတွေထဲက တစ်ယောက်က ဝူချန်ဇီရဲ့အစောင့်ဖြစ်သော်လည်းဘဲ လူတိုင်းက ဝူချန်ဇီက ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ခိုးယူမှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။
အကြီးအကဲထန်းမြောင်က ဝူချန်ဇီကို စိုက်ကြည့်ပြီးပြောလိုက်တယ်"ဘာကြောင့်လဲဆိုတော့ ဂရန်းမစ္စတာက ကျုပ်ကို အဲဒီဧည့်သည်တွေကို ခေါ်သွားဖို့ တောင်းဆိုခဲ့လို့ဘဲ"
ဒီကိစ္စကိုပြောရရင် သူက ဒီဧည့်သည်တွေကို မနှစ်သက်ပေမဲ့ ဂရန်းမစ္စတာက တောင်းဆိုတာကြောင့် ခေါ်ခဲ့တာဖြစ်တယ်။သူက ဂရန်းမစ္စတာ တောင်းဆိုတာမဟုတ်ရင် သူခေါ်ခဲ့မှာ မဟုတ်ဘူး။
လူအုပ်ကြီးက ဝူချန်ဇီကို ကြည့်လိုက်ပြီး တုန်လှုပ်သွားတယ်။
"......."ဝူချန်ဇီက အလွန်ကို စိတ်အနှောင့်အယှက်ဖြစ်သွားတယ်။အကြီးအကဲထန်းမြောင် စန်းလန်နှင့် ဝူချန်ဇီကသာ စန်းလန်တို့ကို လင်းဖူဘုရားကျောင်းကို ပို့တဲ့သူက ဝူချန်ဇီဆိုတာ သိတဲ့သူတွေဖြစ်တယ်။သူက အကြီးအကဲထန်းမြောင်က ဒီလျှို့ဝှက်ချက်ကို အမြဲတမ်း ထိန်းသိမ်းထားလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။ဒီကိစ္စမှာ ဝူရုန်က သူက စန်းလန်တို့ကို ဘုရားကျောင်းထဲမှာတွေ့ခဲ့ပေမဲ့ ဝူရုန် ဝူချန်ဇီသည် စန်းလန်တို့ကို လင်းဖူဘုရားကျောင်းပို့လိုက်တဲ့သူဆိုတာ မသိပါဘူး။
"ကျုပ်က သူတို့ကို အကြီးအကဲထန်းမြောင်ကို ခေါ်သွားဖို့တောင်းဆိုခဲ့တာက ကျုပ် သူတို့အပေါ်စာနာလို့ဘဲ။ဒါပေမဲ့ ကျုပ် သူတို့က ဘယ်လိုလုပ်ပြီး.... "သူက အလွန်ကို ဝမ်းနည်းနေတဲ့ပုံပေါ်နေပြီး"သူတို့က ဒီလိုမျိုးမကောင်းတာကို လုပ်ရဲကြတယ်"
သူကို့ကြည့်ရတာ ဝမ်းနည်းနေပြီး ဒေါသထွက်နေပုံပေါ်ပြီး အခြားသူတွေကတောင် ဒီလိုမျိုးအတွေးဝင်လာစေတယ်။
ရုတ်တရက်အကြီးအကဲထန်းဇောင်က စူးစူးဝါးဝါး အော်လိုက်တယ်။
"ဘာဖြစ်တာလဲ?"ကျောင်းထိုင်ဘုန်းတော်ကြီးက မေးလိုက်တယ်။
"ကျောင်းထိုင်ဆရာတော် ဗုဒ္ဓမှော်လက်နက်ကို ကြည့်အုန်း"အကြီးအကဲထန်းဇောင်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ကျောင်းထိုင်ဘုန်းတော်ကြီးကို ပြသလိုက်တယ်။ရွှေရောင်ဘောလုံးပေါ်မှာ ရှေးအက္ခရာတွေက ရှိတယ်။ဒါပေမဲ့ အခုချိန်မှာတော့ ရွှေရောင်ဘောလုံး၏မျက်နှာပြင်က ချောမွတ်နေတယ်။၎င်းကို စိတ်စွမ်းအင်သုံးပြီး အသက်သွင်းလိုက်တဲ့မှာ ၄င်းကရွှေရောင်ကြာပန်းပုံ ပြောင်းသွားတာတယ်။၎င်းက အခြားသောပုံစံတွေကို မပြောင်းနိုင်ဘူး။အတိအကျကို သူခိုးတွေက ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ခိုးယူသွားပြီး ၄င်းနေရာမှာ အစားထိုးထားတာဖြစ်တယ်။
"ဘာကြောင့်လဲ?ဘယ်လိုဖြစ်တာလဲ?"ကျောင်းထိုင်ဘုန်းတော်ကြီးက မူးဝေသွားပြီး မြေကြီးပေါ်လဲကျသွားတယ်။အကြီးအကဲထန်းဇောင်က လျှင်မြန်စွာ သူကို ထိန်းပြီး မတ်တပ်ရပ်နိုင်အောင် ကူညီပေးလိုက်ပြီး"အဆင်ပြေရဲ့လား?"
ကျောင်းထိုင်ဘုန်းတော်ကြီးက သူ့လက်ကိုဝေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်တယ်"ကျုပ်တို့ ကျုပ်တို့အတွက် အရှင်မင်းကြီးကို ကိစ္စတစ်ခုလုံးစုံစမ်းစစ်ဆေးဖို့ တင်ပြရမယ်"
ဝူချန်ဇီက အရာရာတိုင်းက သူစီစဉ်ထားတဲ့အတိုင်း မဖြစ်တာကြောင့် မျက်မှောင်ကြုတ်လိုက်တယ်။သူက ဖြေရှင်းချက်ပေးရတော့မယ်။
ဝူရုန်က ဟေးရွမ်ရီ၏လက်မောင်းထဲနေ မီးလောင်သွားတဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တစ်ယောက်မှမမြင်နိုင်အောင် တောက်ပစွာပြုံးလိုက်တယ်။
မကြာခင်မှာတော့ ဒီသတင်းက အရှင်မင်းကြီးနားထဲရောက်သွားတယ်။အရှင်မင်းကြီးက ကိုယ်ရံတော်အစောင့်အကြပ်တွေနှင့် လင်းဖူဘုရားကျောင်းကို ရောက်လာပြီး ဘုရားစေတီက မီးလောင်သွားတာကို တွေ့တော့ ဒေါသအရမ်းထွက်သွားတယ်။သူက ဒီကိစ္စမှာ ဝူချန်ဇီက ပါဝင်နေမှန်းသိတော့ ပိုပြီးဒေါသထွက်လာတယ်။
"ဂရန်းမစ္စတာ ကိုယ်တော် မင်းကို အလုပ်ပြန်ဝင်ဖို့ဘဲ ပြောတာပါ။ဒါက မင်း ကိုယ်တော့်ကို ပြန်ပေးလိုက်တာလား?မင်းအလုပ်ပြန်ဝင်ပြီး ဒုတိယမြောက်နေ့မှာဘဲ ဘာတွေဖြစ်သွားလဲ ကြည့်စမ်း!မင်းရဲ့အနီးကပ်အစောင့်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ခိုးသွားတာလား?ပြီးတော့ အခြားသူတွေက ဘုရားစေတီကို မီးရှို့သွားတာလား?ဒီကိစ္စအားလုံးရဲ့နောက်မှာ ဘာဘဲဖြစ်ဖြစ် မင်းရဲ့အပြစ်က ရှောင်လွှဲလို့မရနိုင်ဘူး"
"အရှင် စိတ်အေးအေးထားပါ။ကျေးဇူးပြုပြီး စိတ်လျော့ပါ"မိန်းမစိုးချုပ်က နှစ်သိမ့်လိုက်တယ်။
"အရှင် ကျုပ်ရဲ့အမှားအတွက် ခွင့်လွတ်ပေးဖို့ တောင်းဆိုပါတယ်။ကျုပ်ကို သနားညှာတာပေးပါ"ဝူချန်ဇီက ဒူးထောက်ပြီး တောင်းပန်လိုက်တယ်။
လင်းမိုဟန်၏နှုတ်ခမ်းထောင့်တွေက သိသာစွာ ကော့တက်သွားတယ်။
ဒီအချိန်မှာ ဝူချန်ဇီက လွတ်မြှောက်ဖို့ မဖြစနိုင်ဘူး။
"သနားညှာတာမှု"အရှင်မင်းကြီးက ဟန်ဆောင်ပြုံးလိုက်ပြီး"မင်းရဲ့အမှားက မင်းကို ခေါင်းဖြတ်လိုက်ရင်တောင် ခွင့်လွှတ်ပေးလို့ မရဘူး"
ဝူချန်ဇီရဲ့မျက်ဝန်းထဲမှာ ခိုင်မာမှု အေးစက်မှုတွေနှင့် တောက်လောင်နေပြီး ပြောလိုက်တယ်"အရှင် အရှင်ကဆုံးဖြတ်ချက်မချခင် ကျုပ်နဲ့အတူလာပြီး ဒီကို တစ်စုံတစ်ခု လာလုပ်တဲ့ ဝူရုန်ကိုလည်း စုံစမ်းစစ်ဆေးသင့်ပါတယ်"
လင်းမိုဟန်၏မျက်ဝန်းတွေက အေးစက်သွားတယ်။
"ဝူရုန်?"အရှင်မင်းကြီးက စိတ်ရှုပ်သွားတယ်။
"ပြိုင်ပွဲနေ့တုန်းက အရှင့်ထံမှာ ခြားနားတဲ့ ဆုကို ပေးဖို့ တောင်းဆိုခဲ့တဲ့ တစ်ယောက်ပါ"
"ဘာကြောင့် သူကပါလာရတာလဲ?"အရှင်မင်းကြီးက ပိုပြီးတောင်စိတ်ရှုပ်သွားတယ်။
"တကယ်လို့ သူကသာ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ကြည့်ဖို့မတောင်းဆိုခဲ့ဘူးဆိုရင် ကျုပ်က သူ့ကိုလင်းဖူဘုရားကျောင်းကို ခေါ်ခဲ့မှာ မဟုတ်ဘူး။ပြီးတော့ ကျုပ်ကလွှဲရင် သူနဲ့သူ့ခင်ပွန်းက ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို မြင်ခဲ့ရတဲ့သူဘဲ"
အင်ပါယာအရှင်က ဒီအကြောင်းကို တွေးလိုက်ပြီး မိန်းမစိုးခေါင်းဆောင်ကို ဝူရုန်နှင့်ဟေးရွမ်ရီနှစ်ယောက်စလုံးကို ခေါ်ခိုင်းလိုက်တယ်။
ဝူရုန်နှင့်ဟေးရွမ်ရီက အင်ပါယာအရှင်မင်းကြီးနှင့်အိမ်ရှေ့စံမင်းသားကို တွေ့ဖို့ လာခဲ့ကြတယ်။
အင်ပါယာအရှင်မင်းကြီးက ဝူရုန်ကို ခက်ထန်စွာ မေးလိုက်တယ်"ဂရန်းမစ္စတာ ပြောတာတော့ မင်းက ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ကြည့်ဖို့တောင်းဆိုတာကြောင့် ဒီအဖြစ်အပျက်တွေဖြစ်လာရတာလို့ပြောတယ်။ဒါ့ကြောင့် ဒီပြသနာအားလုံးရဲ့အစက မင်းဘဲ။ဒါကို မင်းက ဘယ်လိုဖြေရှင်းချက်ပေးမလဲ?"
"အရှင် ကျွန်တော်က တကယ်ကိုမှားခဲ့ပါတယ်။အရှင်လည်းသိတဲ့အတိုင်း ကျွန်တော်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ကြည့်ဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ ဂရန်းမစ္စတာက ကျွန်တော့်ရဲ့တောင်းဆိုချက်ကို ခွင့်မပြုခဲ့ပါဘူး။ကျွန်တော့်အိမ်မက်ကိုလည်း အမှန်ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ဒါပေမဲ့ ဒီမနက်ကျွန်တော် အိပ်နေတဲ့အချိန်မှာ ဂရန်းမစ္စတာက ရောက်လာပြီး လင်းဖူဘုရားကျောင်းမှာ ကောင်းကင်ဘုံနှင့်သင်ဆိုင်တဲ့မှော်လက်နက်ကို သွားကြည့်ဖို့ ပြောခဲ့ပါတယ်။တကယ်လို့ ကျွန်တော့်မှာ ဒီမှော်လက်နက်ကို ခိုးဖို့ရည်ရွယ်ချက်ရှိရင်တောင် ကျွန်တော့်မှာ ဒီအတွက်ပြင်ဆင်ချိန်မရှိပါဘူး။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လင်းဖူဘုရားကျောင်းရဲ့ရတနာကို ခိုးဖို့ခက်ခဲလွန်းတယ်ဆိုတာ သိပါတယ်။ဒါ့အပြင် ကျွန်တော်တို့ ဒီကိုမရောက်ခင်တုန်းက ကျွန်တော်နဲ့ကျွန်တော့်ခင်ပွန်းက အဲဒီမှော်လက်နက်ကို ဘုရားစေတီထဲမှာ ကြည့်ခွင့်ရမယ်လို့ မျှော်လင့်ခဲ့ပါတယ်။မမျှော်လင့်ဘဲ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ဘုရားစေတီအပြင်ကို ထုတ်ခဲ့ပါတယ်။ကျွန်တော်တို့က ၄င်းကို ကျောင်းထိုင်ဘုန်းတော်ကြီးရဲ့တရားထိုင်တဲ့အခန်းမှာ တွေ့ခဲ့ရတာဘဲ။ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကအပြင်မှာရှိနေတဲ့အချိန်မှာ ၄င်းကိုခိုးဖို့ဘယ်လိုလုပ်ကျွန်တော်က တွေးမိမှာလဲ?ဒါ့အပြင် ကျွန်တော်က သူခိုးတစ်ယောက်ကိုမှလည်း မသိပါဘူး။ဘယ်လိုလုပ်ပြီး မှော်လက်နက်ကိုခိုးဖို့ ကျွန်တော် အမိန့်ပေးနိုင်မှာလဲ?"ဝူရုန်က ရှည်လျားစွာ ရှင်းပြလိုက်တယ်။
ဝူရုန်၏ရှင်းပြချက်က ကျိုးကြောင်းခိုင်လုံပြီး ပြန်ပြီး ခုခံဖို့မဖြစ်နိုင်ဘူး။
------------
Chapter(307)
ကျိန်စာကရှောင်လွှဲလို့မရဘူး(2)
"အရှင်ဟူ မင်းဘယ်လိုထင်လဲ?"အင်ပါယာအရှင်မင်းကြီးက ဒီကိစ္စကို တာဝန်ယူထားတဲ့ အရှင်ဟူကို မေးလိုက်တယ်။
"အရှင်မင်းကြီး ဒီလူငယ်လေးပြောတဲ့အတိုင်းဆို ဒီကိစ္စတွေအားလုံးရဲ့အစက သူဖြစ်တယ်။ဒါပေမဲ့ ဒီကိစ္စက သူလုပ်တာမဖြစ်နိုင်ဘူး။သူခိုးတွေထဲက တစ်ယောက်ဖြစ်တဲ့ အစောင့်ယိုက ဝူရုန်ရဲ့အမိန့်ကို နားထောင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး"အရှင်ဟူက ပြန်ဖြေလိုက်တယ်။
"သူက ယိုကျင်းခန်ကို စိတ်ညှို့ထားတာဖြစ်မှာပေါ့"ဝူချန်ဇီက ငြင်းခုံလိုက်တယ်။
"ကျုပ်သိသလောက်ဆိုရင် ဒီလူငယ်က အဆင့်ခြောက် ကျင့်ကြံသူဘဲ။ဘယ်လိုလုပ်ပြီး အဆင့်ခုနှစ်ကျင့်ကြံသူကို စိတ်ညှို့နိုင်မှာလဲ?"အရှင်ဟူက မေးလိုက်တယ်။
"သူက ယိုကျင်းခန်ကို စိတ်ညှို့ဖို့ တစ်စုံတစ်ယောက်ကို တောင်းဆိုထားတာဘဲဖြစ်လိမ့်မယ်"
"အဲဒီလိုဆိုရင် အဲဒီတစ်စုံတစ်ယောက်က မင်းဘဲဖြစ်လိမ့်မယ်။ဂရန်းမစ္စတာ ကျုပ်သိသလောက်ဆိုရင် မင်းရဲ့စိတ်ဝိညာဉ်ဘာသာစကားက အရမ်းအစွမ်းထက်တယ်။မင်းပြစ်မှုတွေ ပေါ်သွားတဲ့အချိန်မှာ မင်းရဲ့ဂျူနီယာကို အပြစ်တင်ဖို့ သူလုပ်ခဲ့တာလို့ ပုံချဘဲ"လင်းမိုဟန်က လှောင်လိုက်တယ်။
"အရှင့်သား စကားပြောတာကို ကြည့်ပြောပါ။ကျုပ်လို ဂရန်းမစ္စတာက ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ခိုးမှာလဲ?"ဝူချန်ဇီက တင်းမာစွာ ပြောလိုက်တယ်။
"ကျုပ်စကားက ဘာမှားလို့လဲ?ယိုကျင်းခန်က မင်းရဲ့အစောင့် မဟုတ်လို့လား?မင်းက အဲဒီလူတွေကို လင်းဖူဘုရားကျောင်းကို ပို့ခဲ့တဲ့တစ်ယောက်ဘဲ မဟုတ်လို့လား?ဒါက ကျုပ်ရဲ့ထင်မြင်ချက်က မမှားဘူးဆိုတာ သိသာနေတာဘဲ။ဒီလိုမှ ကျုပ်က ပိုပြီးအရေးကြီးတာကို ပြောစရာရှိသေးတယ်"
လင်းမုဟန်က အင်ပါယာအရှင်မင်းကြီးကို ပြောလိုက်တယ်"ခမည်းတော် သားတော်က အရေးကြီးအရာတစ်ခုကို မှတ်မိသွားပြီ"
"ပြောကြည့်"
"သားတော်ဒီကို ရောက်တဲ့အချိန်တုန်းက အကြီးအကဲထန်းဇောင်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်အစစ်နေရာမှာ အတုကို အစားထိုးထားတယ်လို့ပြောတယ်။ပြီးတော အဲဒီအတုကလည်း ကြာပန်းသဏ္ဍာန် ပြောင်းလဲနိုင်တယ်"
"ဒါကအမှန်ဘဲ"အင်ပါယာအရှင်မင်းကြီးက ခေါင်းငြိမ့်လိုက်တယ်။
"သားတော်သိသလောက်ဆိုရင် ခမည်းတော်ရယ် ကျောင်းထိုင်ဘုန်းတော်ကြီးရယ် ဂရန်းမစ္စတာနဲ့ အကြီးအကဲတွေကဘဲ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ပုံစံပြောင်းနိုင်တယ်။အခြားသူတွေက ကာင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ရဲ့တည်ရှိမှုကို သိပေမဲ့ တခြားလူတွေက ဘယ်လိုပုံပြောင်းနိုင်တယ်ဆိုတာ မသိဘူး။ဒီအကြောင်းကို တွေးကြည့်မယ်ဆိုရင် သားတော်ရဲ့မယ်တော် နိုင်ငံရဲ့မိခင်မိဖုရားခေါင်ကြီးကတောင် ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ရဲ့ပုံစံတွေကို မသိဘူး။ဒါကို ကြုံရာလူမပြောနဲ့ အစိုးရအဖွဲ့အစည်းက လူတွေတောင် မသိနိုင်ဘူး"လင်းမိုဟန်ကပြောလိုက်ပြီး ဒါက လူတိုင်းကို တစ်စုံတစ်ခုကို တွေးတောမိစေတယ်။
"မင်းဘယ်လိုရှင်းပြချင်သေးလဲ?ဂရန်းမစ္စတာ"အရှင်မင်းကြီးက ဝူချန်ဇီကို မေးလိုက်တယ်။
"......."ဝူချန်ဇီ
သူက ဘယ်လိုအကြောင်းပြချက်ပေးရမလဲဆိုတာ မသိတော့ဘူး။အရှင်မင်းကြီး ကျောင်းထိုင်ဘုန်းတော်ကြီး အကြီးအကဲတွေက သူ့ကိုထောင်ချောက်ဆိုင်ဖို့ ဝူရုန်ကို ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်၏သတင်းအချက်အလက်တွေကို ပြောပြတယ်ဆိုတာက မဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့ ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ဘုရားကျောင်းက အကြီးအကဲတွေက သူ့ကို ဆန့်ကျင်ဖို့ ထောင်ချောက်ဆင်စရာ အကြောင်းရင်းမရှိဘူး။ပြီးတော့ အရှင်မင်းကြီးက သူ့ကိုအပြစ်ပေးဖို့ နည်းလမ်းများစွာရှိပြီး ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်က ကောင်းတဲ့ရွေးချယ်မှု မဟုတ်ဘူး။
ဒါဆို ဘယ်သူက ဝူရုန်ကို ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်၏ပုံစံကို ပြောပြလိုက်တာလဲ?
သူက ဝူရုန်ကို ကြည့်လိုက်တော့ ဝူရုန်က ခေါင်းငုံ့ပြီး မြေကြီးကို ကြည့်နေတာကို တွေ့လိုက်ရတယ်။သူက ဝူရုန်ကို အထင်မသေးခဲ့သင့်ဘူး။ပြီးတော့ ဒီအချိန်မှာ သူက ဝူရုန်ကို အရှုံးပေးမှာမဟုတ်ဘူး။
"အရှင်မင်းကြီး ယိုကျင်းခန်က ကျုပ်ရဲ့အနီးကပ်အစောင့်တွေထဲက တစ်ယောက်ပါ။သူက ပုံမှန်ဆိုရင် ကျုပ်ရဲ့နောက်ကို နေရာတိုင်းလိုက်နေရတာပါ။ဖြစ်တိုင်တာက ကျုပ်က အရက်မူးနေတဲ့ တစ်ရက်မှာ မတော်တဆနဲ့ ဒီအကြောင်းကို ပြောလိုက်မိတာဖြစ်မယ်။ဒါက သူက ဒီအကြောင်းကို ဘယ်လိုသိသွားလဲဆိုတာဘဲ"
ဝူရုန်က သူ့ရဲ့မျက်လုံးထောင့်ကနေ ဝူချန်ဇီကို ကြည့်လိုက်တယ်။ကြည့်ရတာတော့ ဝူချန်ဇီက ယိုကျင်းခန်ကို အပြစ်ပုံချလိုက်မယ့်ပုံဘဲ။
လင်းမိုဟန်က ဝူချန်ဇီရဲ့ရည်ရွယ်ချက်ကို နားလည်တာကြောင့် လှောင်ရယ်ပြီးပြောလိုက်တယ်"ဂရန်းမစ္စတာ မင်းက ဝူရုန်က ယိုကျင်းခန်ကို စိတ်ညှို့ပြီး ကောင်းကင်ဘုံနှင့် သက်ဆိုင်တဲ့ မှော်လက်နက်ရဲ့ပုံစံကို ပြောခိုင်းတာလို့ ပြောချင်တာလား?"
ဝူချန်ဇီကပြောလိုက်တယ်"ကျုပ်က ဒီကိစ္စတစ်ခုလုံးကို ဝူရုန်လုပ်တယ်လို့ သံသယရှိရုံပါ။ဒါပေမဲ့ ကျုပ်က သူလုပ်တာသေချာတယ်လို့ မပြောပါဘူး။အရှင့်သားရဲ့ခွဲခြားစိတ်ဖြာမှုအရဆိုရင်လည်း ဒီကိစ္စတစ်ခုလုံးကို ယိုကျင်းခန်က အစီအစဉ်ချဖို့ဆိုတာ ပိုပြီးဖြစ်နိုင်တယ်ဆိုတာ သိမှာပါ။ဘာကြောင့်လဲဆိုတော့ သူက ကျုပ်က အစောင့်တွေခေါ်ပြီး ဘုရားကျောင်းကို သွားမယ်ဆိုတာ သူသိတော့ သူက ကျုပ်က ဝူရုန်ကို ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို သွားကြည့်မယ်လို့ ယူဆလိုက်တာကြောင့်ဘဲ"
"ဒါပေမဲ့ မင်းပြောတော့ ဝူရုန်နှင့် သူ့ခင်ပွန်းကဘဲ မင်းတို့က ဘုရားကျောင်းမှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို သွားကြည့်မယ်ဆိုတာ သိတယ်လို့ မပြောခဲ့ဘူးလား?"အရှင်မင်းကြီးက ပြောလိုက်တယ်။
"ဒါကအမှန်ဘဲ။ဒါပေမဲ့ ကျုပ်က ယိုကျင်းခန်ကို ဒီနေ့အလုပ်မသွားဘူးလို့ ပြောခဲ့တယ်။ကျုပ်ရဲ့ခန့်မှန်းချက်အရဆိုရင် သူက ကျုပ်ဒီနေ့ဘယ်သွားလဲဆိုတာ နောက်ယောင်ခံလိုက်ပြီး ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကိ ခိုးဖို့လုပ်ခဲ့တာဘဲ ဖြစ်ရမယ်"
"မင်းဘယ်လိုထင်လဲ?အရှင်ဟူ"အရှင်မင်းကြီးက မေးလိုက်တယ်။
"အရှင်မင်းကြီး ကျုပ်ကလည်း ယိုကျင်းခန်က အရာရာကို စိစဉ်ပြီး လုပ်ခဲ့တဲ့သူဆိုတာ သဘောတူတယ်။ဘာကြောင့်လဲဆိုတော့ သူက ဖမ်းမိတာနဲ့ ချက်ချင်း သူ့ကိုယ်သူသတ်သေသွားတာကြောင့်ဘဲ။ဒါက သူက အပြစ်ပေးခံရမှာကို ကြောက်တယ်ဆိုတာ ညွှန်ပြနေတာဘဲ"
အရှင်မင်းကြီးက ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်တယ်"ဂရန်းမစ္စတာ ငိုယ်တော်အရင်ကပြောခဲ့သလိုဘဲ မင်းက ဒီကိစ္စမှာ မပါဝင်ဆိုရင်တောင် မင်းက အပြစ်ကင်းတဲ့သူ မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ မင်းက ဝူရုန်ကို ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ကြည့်ဖို့ ခေါ်လာတဲ့သူဖြစ်ပြီး ယိုကျင်းခန်က မင်းရဲ့အစောင့်ဖြစ်သလို အဲဒီလူတွေကိုလည်း မင်းက လင်းဖူဘုရားကျောင်းကို ခေါ်ခဲ့တဲ့သူဖြစ်တာကြောင့်ဘဲ။အခု ကိုယ်တော်က မင်းကိုရာထူးက ထုတ်ပယ်ပြီး ဒီကိစ္စတစ်ခုလုံးကို စုံစမ်းစစ်ဆေးရမယ်။ဒါနဲ့ပတ်သက်ပြီး မင်းမှာပြသနာရှိလား?"
လုံးဝအပြစ်ပေးတာနှင့်စာရင် ဒါက တော်သေးတယ်။
"ကျုပ်မှာ ဘာပြသနာမရှိပါဘူး။ကျုပ်က အရှင့်ရဲ့အပြစ်ဒဏ်ကို လက်ခံပါတယ်"
လင်းမိုဟန်နှင့်ဝူရုန်က မျက်လုံးချင်းဆုံသွားပေမဲ့ လျှင်မြန်စွာဘဲ အကြည့်လွှဲလိုက်ကြတယ်။
အရှင်မင်းကြီးက အရှင်ဟူကို တင်းမာစွာပြောလိုက်တယ်"ဘုရားစေတီကို မီးရှို့ပြီး ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ခိုးယူတယ်ဆိုတာ ကြီးမားတဲ့ပြစ်မှုဘဲ။မင်းက ဒီကိစ္စတစ်ခုလုံးကို စုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်တဲ့ တစ်မိသားစုလုံးကို ခေါင်းဖြတ်ကွက်မျက်လိုက်"
ကောင်းကင်ဘုံနှင့်သပ်ဆိုင်တဲ့မှော်လက်နက်ဆိုတာ နိုင်ငံကို ကာကွယ်တဲ့ ရတနာဖြစ်တယ်။၎င်းကို ခိုးယူတာကို လုံးဝခွင့်လွတ်လို့မရဘူး။
"ဟုတ် အရှင်"
အရှင်မင်းကြီးက လျှောက်သွားလိုက်ပြီး သူက အပြင်ကို မထွက်ခင် ခဏရပ်ပြီး ဝူရုန်ကို ကြည့်ပြီးပြောလိုက်တယ်"မင်းတို့ ကိုယ်တော့်စကားကို မှတ်ထားပါ။ကိုယ်တော်က ဒီကိစ္စတစ်ခုလုံးရဲ့အမှန်တရားကို အကောင်းဆုံးကြိုးစားပြီး စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ဖြစ်နိုင်သမျှအမြန်ဆုံး ပြန်ရယူဖို့ ကြိုးစားရမယ်။ဘုရားစေတီကို ပြန်တည်ဆောက်ဖို့အတွက်တော့.... "
သူက သူ့နောက်မှာရှိတဲ့ ဝူချန်ဇီကို ကြည့်ပြီး"ဂရန်းမစ္စတာက အားလုံးကို လုပ်ပေးလိမ့်မယ်။သူက သူတို့ကို ဘုရားကျောင်းထဲ ခေါ်လာတဲ့ တစ်ယောက်ဘဲ"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ဘုန်းကြီးတွေက ကျေးဇူးတင်လိုက်တယ်။
"နန်းတော်ကို ပြန်မယ်"မိန်းမစိုးခေါင်းဆောင်က ကြေငြာလိုက်တယ်။
အရှင်မင်းကြီးနှင့်ဝူချန်ဇီက လင်းဖူဘုရားကျောင်းက ထွက်သွားလိုက်တယ်။
ဝူရုန်နှင့်ဟေးရွမ်ရီကလည်း ထွက်သွားကြတယ်။
--------------
Chapter(308)
ကျိန်စာကရှောင်လွှဲလို့မရနိုင်ဘူး(3)
အကြီးအကဲထန်းဇောင်က သူတို့ကို ကြည့်ပြီး တီးတိုးပြောလိုက်တယ်။
"ဖြစ်တာက ဖြစ်ပြီးသွားပြီ။ဒါက ရှောင်လွှဲလို့မရတဲ့ ဘေးဒုက္ခဘဲ။ကျန်စာက တကယ်ကိုဘဲ ရှောင်လွှဲလို့မဖြစ်နိုင်ဘူး။၎င်းက လင်းဖူဘုရားကျောင်းရဲ့ ကံကြမ္မာဂြိုလ်ဆိုးဖြစ်တယ်။ဒါပေမဲ့ အနည်းဆုံးတော့ ကျုပ်တို့တင်နေတဲ့ အကြွေးတွေကို ကျုပ်တို့အားလုံးက ပြန်ပေးဆပ်ရတာဘဲ"
ဝူရုန်နှင့် ဟေးရွမ်ရီက မကြာခင်မှာတော့ ဟေးအိမ်တော်ကို ပြန်ရောက်လာပြီး နူမူက တောက်ပတဲ့ အပြုံးကြီးနှင့် သူတို့ကို နှုတ်ဆက်လိုက်တယ်။
"ငါတို့က အဲဒီအချိန်တုန်းက လင်းဖူဘုရားကျောင်းက ထွက်ပြေးလာတဲ့ ဖူဂျင်ကို ဖမ်းမိခဲ့တယ်"
"စန်းလန်နဲ့ အခြားလူတွေကရော ဘယ်လိုလဲ?"ဝူရုန်က မေးလိုက်တယ်။
"စန်းလန်က အရမ်းဉာဏ်နီဉာဏ်နက်များပြီး ကလန်ကကျစ်ကျတဲ့သူဘဲ။သူနဲ့ အခြားလူသုံးယောက်က ငါတို့ရှိက လွတ်သွားတယ်။ကျန်တဲ့သူတွေက သတ်ပြီး မြစ်ထဲကို ပစ်ချခဲ့တယ်။ငါတို့က တစ်ယောက်ကလွှဲရင် ဂရန်းမစ္စတာရဲ့နောက်လိုက်တွေကိုလည်း သတ်ခဲ့တယ်"နူမူက ပြုံးပြီးပြောလိုက်တယ်။
"အဲဒါက ဘယ်သူလဲ?"
"မင်းသူ့ကိုတွေ့တဲ့အခါ မင်းသိလိမ့်မယ်။သူက ငါ့ခြံဝင်းထဲမှာဘဲ"
နူမူက သူတို့ကို သူ့ရဲ့အခန်းထဲကို ခေါ်သွားတယ်။လူတစ်ယောက်ကို ထိုင်ခုံပေါ်မှာ ကြိုးချည်ထားပြီး သူ့ရဲ့မျက်လုံးတွေကိုလည်း မမြင်ရအောင် အဝတ်စနဲ့ စည်းထားတယ်။
ဝူရုန်က အနီးကပ်သွားကြည့်လိုက်ပြီး ဒီလူက ဝူယုဆိုတာ မှတ်မိသွားတယ်။ဒီတော့ ဒီနေ့ ဝူချန်ဇီက ဘာကြောင့် သူ့ကို ဆန့်ကျင်ဖို့ ထောင်ချောက်ဆင်တာလဲဆိုတာ အားလုံးနားလည်သွားတယ်။ဝူယုက သူ့ရဲ့ဝမ်းကွဲအကိုဖြစ်တယ်။တကယ်လို့ ဒီကိစ္စတစ်ခုလုံးက ကျရှုံးခဲ့မယ်ဆိုရင် သူခိုးတွေရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဝူယုက ဝူရုန်၏ဝမ်းကွဲအကိုလည်းဖြစ်တာကြောင့် ဝူရုန်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ခိုးယူဖို့လုပ်တဲ့ အစီအစဉ် တစ်ခုလုံးမှာ သူကလည်း အတိအကျပါဝင်ပတ်သက်သွားလိမ့်မယ်။ဒီလိုသာ ဖြစ်လာပြီဆိုရင် ဂိုလင်းမြို့က ဝူမိသားစုတစ်ခုလုံးက ပါဝင်ပတ်သက်သွားလိမ့်မယ်။ဒါ့ကြောင့် အရှင်မင်းကြီးက တစ်မိသားစုလုံးကို ခေါင်းဖြတ်ကွပ်မျက်လိမ့်မယ်။
"ငါက သူဘယ်သူလဲဆိုတာ မသိဘူး။ဒါပေမဲ့ သူက မင်းနဲ့ငါ့ကို ဆေးဆိုင်မှာတုန်းက အတူမြင်ဖူးတယ်လို့ပြောပြီး မင်းရဲ့ဝမ်းကွဲအကိုလို့ ပြောခဲ့တယ်။ဒါကြောင့် ငါက သူ့ကို ဒီနေရာကို ခေါ်ခဲ့တာဘဲ"
"ရုန်အာ ရုန်အာ မင်းလား?"ဝူရုန်က နူမူရဲ့စကားကိုကြားတော့ စိတ်လှုပ်ရှားစွာ ခေါ်လိုက်တယ်။
"မင်းရဲ့ခန္ဓာကိုယ်ထဲက မကောင်းတဲ့ နတ်ဆိုးစိတ်စွမ်းအင်တွေကို ဖယ်ထုတ်ပြီးသွားပြီလား?"ဝူရုန်က မေးလိုက်တယ်။
"အင် ငါလုပ်ပြီးပြီ။ ငါလုပ်ပြီးပြီ။ဂရန်းမစ္စတာက ငါ့ကို အဲဒါကိုဖယ်ထုတ်ဖို့ ကူညီပေးခဲ့တယ်"ဝူယုက ဆက်ပြီးတော့ ပြောလိုက်တယ်။
"ရုန်အာ မင်းရဲ့သူငယ်ချင်းကို ပြောပေးပါ။ငါက သူလုပ်ခဲ့တဲ့အရာကို ဘယ်သူ့ကိုမှ မပြောပါဘူးလို့ သူ့ကိုပြောပေးပါ။ကျေးဇူးပြုပြီး သူ့ကို ငါ့ကိုလွတ်ပေးဖို့ ပြောပေးပါ။ငါကတိပေးတယ်။ငါက အဲဒီအကြောင်းကို တစ်လုံးမှမပြောပါဘူး"
ဝူရုန်က လှောင်ရယ်လိုက်တယ်။
ဒါကဘဲ ဝူယုက ဝူချန်ဇီက သူ့ကိုဆန့်ကျင်ဖို့ သူ(ဝူယု)က အသုံးချခဲ့ရတယ်ဆိုတာ မသိဘူးဆိုတာ ပြောပြနေတယ်။
ဝူယုက ဝူရုန်က စကားတစ်လုံးမှ ပြန်မပြောတာကြောင့် စိုးရိမ်လာပြီး မြန်မြန်လေး ထပ်ပြောလိုက်တယ်"ရုန်အာ တစ်ခုခုပြောပါ။မင်းကတကယ်ဘဲ မင်းသူငယ်ချင်းက ငါ့ကို သတ်လိုက်မှာကို ကြည့်နေနိုင်တာလား?"
"ဝူယု မင်းက လင်းဖူဘုရားကျောင်းကို ဘာလာလုပ်လဲဆိုတာ ငါ့ကို ပြောပြနိုင်လား?"ဝူရုန်က မေးလိုက်တယ်။
ဝူရုန်က ရုတ်တရက်ကြီး ဒီမေးခွန်းမေးခံလိုက်ရတာကြောင့် တိတ်ဆိတ်သွားတယ်။
"မင်းက ငါ့ရဲ့မေးခွန်းကို ပြန်မဖြေရင် ငါကဘယ်လိုလုပ်ပြီး ကူညီလို့ရမှာလဲ?ဒါပေမဲ့ မင်းက ငါ့ကို မပြောဘူးဆိုရင်တောင် ငါက အဖြေကို သိပြီးသားဘဲ"
ဝူရုန်က ရှေ့ကိုလျှောက်လာပြီး ဝူယုရဲ့နားနားကို ကပ်ပြီးတိုးတိုးလေးပြောလိုက်တယ်"ဝူချန်ဇီက မင်းကို ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ခိုးခိုင်းတာမဟုတ်လား?ငါပြောတာမှန်တယ်မလား?မင်းလို အဆင့်ခြောက်ကျင့်ကြံသူတစ်ယောက်က လင်းဖူဘုရားကျောင်းက ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ခိုးရဲတယ်ဆိုတော့ တော်တော်သတ္တိရှိရတာဘဲ။မင်းက မင်းကိုယ်မင်း အရမ်းအထင်ကြီးနေတာဘဲ"
"မင်းက ဒါကို ဘယ်လိုလုပ်ပြီး သိတာလဲ?"ဝူယုက တုတ်လှုပ်သွားတယ်။
"ဝူချန်ဇီက မင်းကိုကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကိ ဘာကြောင့် ခိုးခိုင်းလဲသိလား?"ဝူရုန်က ထပ်မေးလိုက်တယ်။
"သူက ဘာကြောင့်လဲဆိုတာတော့ အသေးစိတ်မပြောဘူး။ဒါပေမဲ့ သူပြောတာတော့ သူက ငါ့ခန္ဓာကိုယ်ထဲက မကောင်းတဲ့နတ်ဆိုးစိတ်စွမ်းအင်တွေကို ဖယ်ထုတ်ပေးခဲ့တာကြောင့် ငါက သူ့ကိုကျေးဇူးဆပ်တဲ့အနေနဲ့ သူပြောတာလုပ်ပေးဖို့ တာဝန်ရှိတယ်လို့ပြောတယ်။ပြီးတော့ သူက တကယ်လို့ ငါသာအောင်မြင်ခဲ့ရင် အခြားဆုလာဘ်ကိုလည်း ပေးမယ်လို့ပြောတယ်"ဝူယုက သူ့ကိုယ်သူ ညွှန်ပြလိုက်ပြီး ထပ်ပြောလိုက်တယ်"ငါပြောတက အမှန်တရားပါ။ငါ့ကိုယုံကြည်ပေးပါ"
"တကယ်ကိုဘဲ ငါက မင်းကိုယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုတော့ တကယ်လို့ မင်းကသာ မင်းဒီလိုလုပ်လိုက်ရင် ဘာဖြစ်မလဲဆိုတာ သိခဲ့ရင် မင်းက ဝူချန်ဇီကို ကူညီမှာ မဟုတ်လို့ဘဲ"ဝူရုန်က ပြုံးပြီးပြောလိုက်တယ်။
"ဘာကြောင့်လဲ?ငါ့က သူ့ကို ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ယူပေးတာဘဲလေ"
"သူက ဂရန်းမစ္စတာတစ်ယောက်အနေနဲ့ တကယ်လို့သူသာ လိုချင်ရင် ဘယ်အချိန်ဖြစ်ဖြစ် ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ယူနိုင်တယ်။သူက မင်းကို ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ခိုးခိုင်းတဲ့ တကယ့်ရည်ရွယ်ချက်က မင်းသာကျရှုံးသွားရင် မင်းက ငါ့ကိုဒီကိစ္စထဲမှာ ဆွဲထည့်နိုင်လို့ဘဲ။တကယ်လို့ မင်းသာကျရှုံးသွားရင် မင်းအပါအဝင် ငါတို့မိသားစုရဲ့မျိုးဆက်သုံးဆက်က ခေါင်းဖြတ်ကွပ်မျက်ခံရလိမ့်မယ်။ဒီလိုဆိုရင် ငါအပါအဝင် ဂိုလင်းမြို့က ဝူမိသားစုအားလုံးက ခေါင်းဖြတ်ကွပ်မျက်ခံရလိမ့်မယ်"
သူက ဝူချန်ဇီကို ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ကြည့်ဖို့ တောင်းဆိုလိုက်ကတည်းက သူက ဝူချန်ဇီက သူ့ကိုဆန့်ကျင်ဖို့အစီအစဉ်တွေ လုပ်လိမ့်မယ်ဆိုတာ ယူဆထားပြီးသားဖြစ်တယ်။သူက ဝူချန်ဇီက သူ့ကိုသတ်ဖို့ ဘယ်လိုလုပ်နိုင်လဲဆိုတာ စိတ်ကူးကြည့်ခဲ့တယ်။ဒါပေမဲ့ သူက ဘယ်တော့မှ ဝူချန်ဇီက သူ့ရဲ့မိသားစုကို ထိခိုက်စေလိမ့်မယ်လို့ မတွေးခဲ့မိဘူး။ကံကောင်းစွာနှင့်ဘဲ အသေးစိတ်အချက်အလက်တွေကို မလွှဲချောချင်တာကြောင့် နူမူကို လင်းဖူဘုရားကျောင်း၏အပြင်ဘက်မှာစောင့်နေဖို့ တောင်းဆိုခဲ့တယ်။အံ့သြစရာကောင်းစွာဘဲ သူတို့ရောက်လာတဲ့အချိန်မှာဘဲ ဝူချန်ဇီရဲ့နောက်လိုက်တွေကို ဖမ်းနိုင်ခဲ့ပြီး လဲနိုင်ခဲ့ပြီး ဝူချန်ဇီရဲ့လုပ်ရပ်ကို တားဆီးနိုင်ခဲ့တယ်။
"!!!"ဝူယု
ဒီတော့ ဒါကအမှန်တရားပေါ့။တကယ်လို့ သူသာ ဒီအကြောင်းကို သိခဲ့ရင် သူက လုပ်မှာမဟုတ်ဘူး။
-------------------
Continue Reading
You'll Also Like
4.5M 519K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
1M 53K 46
240K 9K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.3M 136K 70
Love has no race!