Chapter(304)
၎င်းကမျက်စိကျိန်းအောင်တောက်ပလွန်းတယ်(1)
လူတိုင်းက ဝူရုန်ကို ကြည့်လာတယ်။
ဝူရုန်က တောက်ပစွာပြုံးလိုက်ပြီး ပြောလိုက်တယ်"ကျွန်တော်ရဲ့ဘဝမှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို အနီးကပ်ကြည့်ရှူခွင့်ရတာကြောင့် စိတ်လှုပ်ရှားနေတာပါ။ပြီးတော့ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့စိတ်စွမ်းအင်ကိုတောင် ခံစားမိသေးတယ်။အခြားသူကျင့်ကြံသူတွေဆို သူတို့တစ်ဘဝလုံး ၎င်းကိုမြင်ဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး"
"ဒါကအမှန်ဘဲ။ကမ္ဘာပေါ်မှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်တွေက အများကြီးမရှိဘူး။ကျုပ်ကနှစ်ပေါင်းသုံးရာလောက် အသက်ရှင်နေထိုင်ခဲ့ပေမဲ့ ကျုပ်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်သုံးခုရှိတယ်ဆိုတာကိုသာကြားဖူးတယ်။တစ်ခုကတော့ မင်းတို့အခု မြင်နေရတဲ့'ဗုဒ္ဓ မှော်လက်နက်'ဘဲ။အခြားနှစ်ခုကတော့ အခြားနိုင်ငံတွေမှာရှိတယ်။ကျုပ် အဲဒါတွေကို မြင်တောင်မမြင်ဖူးဘူး"
"ဒါဆို ခင်ဗျားပြောတာက ကမ္ဘာပေါ်မှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်(၃)ခုရှိတာလား?"ဝူရုန်ကမေးလိုက်တယ်။
"ဒီထင်ပိုပြီးရှိတာလည်း ဖြစ်နိုင်တယ်။အခုချိန်ထိ ကျုပ်တို့က ဘယ်မှာရှိမှန်းမသိတာလဲဖြစ်နိုင်တယ်"
"ကျွန်တော်က ၎င်းကို ထိလို့ရလား?"ဝူရုန်ကမေးလိုက်တယ်။
"မင်းထိလို့ရပေါ့"ကျောင်းထိုင်ဘုန်းတော်ကြီးက ပြောလိုက်တယ်။
ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်က ကျိုးပဲ့လွယ်တဲ့အရာမဟုတ်ဘူး။ဒါ့ကြောင့် ဝူရုန်က ထိလို့ရတယ်။
ဝူရုန်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို သူ့လက်နှစ်ဖက်နှင့် ကိုင်လိုက်ပြီး မေးလိုက်တယ်"ကျွန်တော်က ဒါကို ပြတင်းပေါက်က နေရောင်အောက်မှာ ကြည့်လို့ရလား?"
ကျောင်းထိုင်ဘုန်းတော်ကြီးက ခေါင်းငြိမ့်လိုက်တယ်။
ဝူရုန်က ပြတင်းပေါက်ရှိရာကို လျှောက်သွားလိုက်ပြီး ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို နေရောင်အောက်မှာ ထားကြည့်လိုက်တယ်။ရွှေရောင်ကြာပန်းပေါ်ကို နေရောင်တွေက ဖြတ်သန်းသွားပြီး ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်က သန်းချီတဲ့ရွှေရောင်အလင်းတန်းတွေက အလင်းပြန်လာပြီး မှော်လက်နက်ကနေတစ်ဆင့် အလင်းတန်းတွေက ကောင်းကင်ပေါ်ကို တက်သွားတယ်။၎င်းက လှပပြီး မျက်စိကျိန်းလောက်အောင် တောက်ပလွန်းတယ်။ဒါပေမဲ့ အလင်းတန်းတွေက တောက်ပလွန်းတာကြောင့် တိုက်ရိုက်ကြည့်လို့ မကောင်းဘူး။ဒါကြောင့် လူတိုင်းက သူတို့ရဲ့မျက်လုံးတွေကို စောင်း၍သာ ကြည့်ကြတယ်။
"ဒါက အရမ်းကို တောက်ပလွန်းတယ်"ဝူရုန်က ၎င်းကို ကောင်းကောင်းလေ့လာလိုက်ပြီးနောက် စားပွဲပေါ်မှာပြန်ထားလိုက်တယ်။သူက လက်ခုပ်တီးလိုက်ပြီး ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် အကြီးအကဲတွေကို ကျေးဇူးတင်လိုက်ပြီး"ကျွန်တော်တို့က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ကြည့်ဖို့ အခွင့်အရေးရတဲ့အတွက် တကယ်ကို ပျော်ရွှင်ခဲ့ရပါတယ်"
သူက ဘဏ်လက်မှတ် အထပ်လိုက်ကို ထုတ်ယူလိုက်ပြီးပြောလိုက်တယ်"ဒီဘဏ်မှတ်တွေက ငွေပြားတစ်သန်းနှင့်ညီမျှပါတယ်။ကျေးဇူးပြုပြီး ဒါကို ကျွန်တော်တို့က ဆရာတော်ကို ကျေးဇူးတင်ခြင်းနှင့် ကျွန်တော်တို့ ဘုရားကျောင်းကို ထောက်ပံ့ဖို့အတွက်ယူပါ။ဘုရားကျောင်းက ပိုပြီးတိုးတက်လာဖို့ မျှော်လင့်ပါတယ်"
"ကျေးဇူးတင်တယ်။မင်းတို့ကို ဆုမွန်ကောင်းတောင်းပေးပါတယ်။မင်းတို့က အမြဲတမ်း ပျော်ရွှင်တဲ့ စုံတွဲဖြစ်ပါစေလို့ ကျုပ်တို့က ဆန္ဒပြုပါတယ်"ကျောင်းထိုင်ဘုန်းတော်ကြီးက ဘဏ်လက်မှတ်တွေကို လက်ခံလိုက်တယ်။
ဝူချန်ဇီက ဟေးရွမ်ရီတို့၏ရက်ရောမှုကို သဘောကျသွားတယ်။သူက ကျေးဇူးတင်တဲ့အတွက် ဘုရားကျောင်းကို ငွေပြားတစ်သန်းတောင်ပေးနိုင်တယ်။
"အခု ကျွန်တော်တို့ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို မြင်ပြီးပြီဆိုတော့ ကျွန်တော်တို့ ဗုဒ္ဓခန်းမကိုသွားပြီး ဆုတောင်းဝတ်ပြုသင့်တယ်"ဝူရုန်ကပြောလိုက်တယ်။
ကျောင်းထိုင်ဘုန်းတော်ကြီးက အကြီးအကဲထန်းဇောင်ကို ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ဘုရားထဲမှာပြန်ထားဖို့ စေခိုင်းလိုက်ပြီး ကိုရင်လေးတစ်ပါးကို ဝူရုန်နှင့်ဟေးရွမ်ရီကို ဗုဒ္ဓခန်းမကိုလိုက်ပို့ဖို့ပြောလိုက်တယ်။
ဝူချန်ဇီက တရားထိုင်တဲ့အခန်းထဲမှာ ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် တစ်စုံတစ်ခုကို ဆွေးနွေးဖို့ ကျန်နေခဲ့တယ်။
ဝူရုန်က ဗုဒ္ဓခန်းမကို ရောက်တော့ ဒူးထောက်ပြီး ဗုဒ္ဓကို နှလုံးသားထဲကနေ သုံးကြိမ်ဦးညွှတ်လိုက်တယ်။အရှင်ဘုရား ဒီနေ့ တပည့်တော်လုပ်ခဲ့တာကို စိတ်မရှိဖို့ မျှော်လင့်ပါတယ်....
သူကအမွှေးနံ့သာတိုင်ကို မီးခွက်ထဲမှာ ထည့်လိုက်ပြီးနောက် ပြန်လာခဲ့တယ်။
အဲဒီနောက်မှာတော့ အပြင်ကနေ တစ်စုံတစ်ယောက်က အော်လိုက်တယ်"မီးလောင်နေပြီ...မီးလောင်နေပြီ... ဘုရားစေတီကို မီးလောင်နေပြီ"
ဘုရားကို လာရောက်လည်ပတ်သူတွေက အထိတ်တလန့်နှင့် ခန်းမအပြင်ကို ပြေးထွက်လာကြတယ်။
ဝူရုန်က သူထွန်းညှိထားတဲ့ အမွှေးနံ့သာတိုင်သုံးတိုင်တွေက မကျိုးကတည်းက အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး လုံးဝမလှုပ်ရှားဘူး။သူက လှည့်လိုက်ပြီး ဟေးရွမ်ရီနှင့်အတူ အနောက်ဘက်ခြံဝင်းကို လျှောက်လာခဲ့ကြတယ်။
ဘုန်းကြီးတစ်ပါးက စိုးရိမ်တကြီးအော်လိုက်တယ်"သူခိုးတွေကိုဖမ်း...သူတို့မှော်လက်နက်တွေကို ခိုးနေတယ်... "
ဘုန်းကြီးတွေက ဘုရားစေတီထံကို ပြေးသွားကြပြီး အရေးပေါ်ခေါင်းလောင်းကို ရှည်ကြာစွာထိုးလိုက်ကြတယ်။ဘုရားကျောင်းတစ်ခုကို အစောင့်တွေက ပိတ်ဆို့လိုက်ပြီး လာရောက်လည်ပတ်သူတွေကို တားမြစ်လိုက်တယ်။
တစ်နာရီခွဲလောက်ကြာပြီးချိန်မှာတော့ ဘုရားစေတီက ပြန်တိတ်ဆိတ်သွားတယ်။
ဝူရုန်နှင့်ဟေးရွမ်ရီကို သူတို့က ခန်းမအပြင်ကိုရောက်ရှိလာတဲ့အချိန်မှာ ဘုန်းကြီးတစ်ပါးက တားဆီးလိုက်တယ်။
"ကျွန်တော်တို့က ဂရန်းမစ္စတာနှင့်အတူလာတာ"ဝူရုန်က ရှင်းပြလိုက်တယ်။
ဝူချန်ဇီက ဝူရုန်တို့ကို မြင်တော့ သူတို့ကို သွားခွင့်ပြုဖို့ ဘုန်းကြီးကို ပြောလိုက်တယ်။
"ဘာဖြစ်တာလဲ?"ဝူရုန်ကမေးလိုက်တယ်။
ဝူချန်ဇီက သူတို့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး ဒေါသတကြီးပြောလိုက်တယ်"အကြီးအကဲထန်းဇောင်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ဘုရားစေတီထဲမှာ ပြန်ထားတဲ့အချိန်မှာ လုယက်ဖို့ ကြိုးစားကြတယ်။ပြီးတော့ သူတို့က နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဘုရားစေတီကိုတောင်မှ မီးရှို့သွားတယ်။သူတို့ရဲ့ပစ်မှုက ခွင့်လွတ်လို့မရဘူး"
ဘုန်းကြီးတွေက ဝူချန်ဇီပြောတာကို ကြားတော့ ဒေါသအရမ်းထွက်ကြတယ်။သူတို့က မကောင်းတဲ့လူဆိုးတွေကို အပြစ်ခံရဖို့ ကျိန်ဆဲကြတော့တယ်။
"ဘယ်လိုလုပ်ပြီးတော့လဲ?ဘယ်သူကများ ဒီလောက်ကောက်ကျစ်ယုတ်မာတာမျိုးကို လုပ်ဖို့ သတ္တိရှိတာလဲ?"ဝူရုန်က တုန်လှုပ်စွာမေးလိုက်တယ်။
"ကျောင်းထိုင်ဘုန်းတော်ကြီးနဲ့ အကြီးအကဲတွေက အထဲကို ဝင်ကြည့်နေပြီ"
မကြာခင်မှာတော့ ဘုန်းကြီးတွေက အလောင်း(၃၇)လောင်းကိုဘုရားအရှေ့ဘက်ခြံဝင်းကိုသယ်လာခဲ့တယ်။သူတို့က ဘုရားစေတီထဲကို မှော်လက်နက်ခိုးဖို့ လာတဲ့သူတွေဘဲဖြစ်တယ်။သူတို့အားလုံးက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကိုလည်း ဖုံးကွယ်ထားတယ်။
ဝူချန်ဇီက ကျောင်းထိုင်ဘုန်းတော်ကြီးနားကို ချဉ်းကပ်သွားပြီး ပြောလိုက်တယ်"သူတို့က ကျုပ်တို့က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ကြည့်ဖို့လာမှန်း သိနေလိမ့်မယ်။ဒါကြောင့် ဒီအခွင့်အရေးကို သုံးပြီး ၎င်းကိုခိုးဖို့လာတာဘဲ"
ကျောင်းထိုင်ဘုန်းတော်ကြီးက သူပြောတာကို သဘောတူတယ်။ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်က ဘုရားစေတီထဲမှာ ထိန်းသိမ်းထားတဲ့အချိန်မှာ ခိုးဖို့မဖြစ်နိုင်ဘူး။၎င်းကို ဘုရားစေတီရဲ့အပြင်ကို ထုတ်ယူလာတဲ့အချိန်မှာ ခိုးဖို့အခွင့်အရေးရနိုင်တယ်။
"ဒါပေမဲ့ ကျုပ်တို့ဒီကိုလာတဲ့ရည်ရွယ်ချက်ကို သိတဲ့သူမရှိဘူး။ကမ္ဘာပေါ်မှာ ဘယ်သူကများ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို လိုချင်နေတာလဲ?"ဝူချန်ဇီက စိတ်ရှုပ်သွားတယ်။
သူက ပြောနေရင်းနှင့် ဝူရုန်နှင့်ဟေးရွမ်ရီကို ကြည့်လိုက်တယ်။
ကျောင်းထိုင်ဘုန်းတော်ကြီးကလည်း ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
"ကျုပ်တို့က အရင်ဆုံး ဒီအလောင်းတွေက ဘယ်သူလဲဆိုတာ ကြည့်သင့်တယ်"အကြီးအကဲထန်းဇောင်က ပြောလိုက်တယ်။
ကျောင်းထိုင်ဘုန်းတော်ကြီးက ခေါင်းငြိမ့်လိုက်ပြီး သဘောတူလိုက်တယ်။
----------------------------
Chapter(305)
၎င်းကမျက်စိကျိန်းအောင်တောက်ပလွန်းတယ်(2)
ဝူချန်ဇီက ဝူရုန်ကို လျှင်မြန်စွာ ကြည့်လိုက်ပြီး'ဝူရုန် အပြစ်ဒဏ်ခံဖို့သာ စောင့်နေလိုက်'လို့တွေးလိုက်ပြီး သူ့ရဲ့နှုတ်ခမ်းထောင့်တွေက ကော့တက်သွားတယ်။
ဝူရုန်က သူ့ကိုဝူချန်ဇီက စိုက်ကြည့်နေတာကို သတိထားမိပြီး သူကကြည့်လိုက်တော့ ဝူချန်ဇီရဲ့လျှို့ဝှက်ကြံစည်နေတဲ့ မျက်လုံးတွေကို မြင်လိုက်တာကြောင့် သူကမျက်မှောင်ကြုတ်လိုက်တယ်။
ဘုန်းကြီးတွေက အလောင်းတွေက မျက်နှာဖုံးထားတာတွေကို ဖယ်ရှားလိုက်တယ်။
ဝူချန်ဇီက အလောင်းတွေကို လျှင်မြန်စွာ ကြည့်လိုက်ပြီး သူကတုန်လှုပ်သွားတယ်။သူတို့က ဘယ်သူတွေလဲ?သူတို့က ဘာကြောင့် သူစီစဉ်ထားတဲ့ လူတွေနဲ့မတူရတာလဲ?
မဟုတ်ဘူး!သူက မကောင်းတဲ့ခံစားချက်ရရှိလိုက်တယ်။
ကျောင်းထိုင်ဘုန်းတော်ကြီးက အလောင်းတွေနားကို ချဉ်းကပ်သွားပြီး လျှင်မြန်စွာကြည့်လိုက်ပြီးနောက် သူသိတဲ့သူတစ်ယောက်ကိုမှ မတွေ့ပါဘူး။သူကမေးလိုက်တယ်"မင်းတို့ အသက်ရှင်နေတဲ့လူ တစ်ယောက်ကို မဖမ်းမိဘူးလား?"
"တစ်ယောက်တော့ရှိတယ်"ဘုန်းကြီးတစ်ပါးက ဖြေလိုက်တယ်။
အဲဒီနောက်မှာတော့ ဘုန်းကြီးနှစ်ပါးက အနက်ရောင်ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ကို ချုပ်ကိုင်ပြီး ခေါ်လာတယ်။သူတို့က အဲဒီလူရဲ့မျက်နှာမှာကာထားတာကို ဖယ်လိုက်ပြီး ကျောင်းထိုင်ဘုန်းတော်ကြီးထံကို တွန်းပို့လိုက်တယ်။
အဲဒီလူက သူ့ရဲ့လျှာကို ကိုက်လိုက်ပြီး အဆိပ်သောက်လိုက်ပြီး သူ့ကိုယ်သူ သတ်သေသွားတယ်။အဲဒီနောက်မှာတော့ သူက မြေကြီးပေါ် ချက်ချင်းဘဲလဲကျသွားတယ်။
ကျောင်းထိုင်ဘုန်းတော်ကြီးက သူ့ကို ဆေးပြားတစ်ပြားကို ထုတ်ယူပြီးကျွေးလိုက်တယ်။ဒါပေမဲ့ ဒါက နောက်ကျသွားပြီ။
သူက အဲဒီလူရဲ့အသက်ရှူနှုန်းကို စမ်းကြည့်လိုက်တော့ ရပ်နေတာကို ခံစားမိတယ်။သူက သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်"သူသေသွားပြီ"
"သူက....သူက... "ဘုန်းကြီးတစ်ပါးက တုန်လှုပ်သွားပြီး အော်လိုက်တယ်။
"သူက ဘယ်သူလဲ?"ကျောင်းထိုင်ဘုန်းတော်ကြီးက ကြည့်လိုက်ပြီး ဘုန်းကြီးကို ခက်ထန်စွာ မေးလိုက်တယ်။
ဝူချန်ဇီကလည်း သိချင်တာကြောင့် ချဉ်းကပ်သွားပြီး သူမြင်လိုက်တဲ့သူကြောင့် တုန်လှုပ်သွားတယ်။သူက ဝူရုန်ကို အေးစက်ပြီးအန္တရာယ်ရှိတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။ကြောက်တတ်တဲ့သူဆိုရင် သူ့ရဲ့စိုက်ကြည့်မှုကြောင့် ကြောက်လန့်သွားနိုင်တယ်။
ဘုန်းကြီးက ဝူချန်ဇီရဲ့ အေးစက်နေတဲ့ မျက်နှာကို ကြည့်လိုက်ပြီး ပြောလိုက်တယ်"သူက ဂရန်းမစ္စတာအတွက် အလုပ်လုပ်ပေးနေတဲ့ အစောင့်ဘဲ။ကျုပ်က သူ့ကို အရင်တုန်းက အကြိမ်အနည်းငယ်လောက် မြင်ဖူးတယ်"
"ဘာ"လူတိုင်းက ဝူချန်ဇီကို ကြည့်လိုက်ပြီး တုန်လှုပ်သွားတယ်။
ဝူချန်ဇီက သူရဲ့ဒေါသတွေကို လွှမ်းမိုးမခံရအောင် သူကအကောင်းဆုံးကြိုးစားပြီး သူ့ကိုသံသယမဖြစ်စေဖို့ တည်ငြိမ်စွာပြောလိုက်တယ်"သူက ကျုပ်ရဲ့အစောင့်ဆိုတာ အမှန်ဘဲ။သူ့အမည်က ယိုကျင်းခန်လို့ခေါ်တယ်။သူရဲ့အလုပ်က နန်းတော်ထဲကို ပြောင်းသွားပြီ။ဒါကြောင့် ကျုပ်က ဒီနေ့သူ့ကိုမခေါ်လာဘူး"
ဝူရုန်က ယိုကျင်းခန်ကို ဒီနေရာရောက်အောင် ကောင်းကောင်းလုပ်နိုင်တာဘဲ။
ဒါပေမဲ့ သူက ပြီးပြည့်စုံတဲ့ အစီအစဉ်ကို လုပ်ခဲ့တာဘဲ။ဘာကြောင့် သူ့ရဲ့အစီအစဉ်က ပြောင်းသွားရတာလဲ?
သူစီစဉ်ထားတဲ့ အဲဒီလူတွေက ဘယ်နေရာကို ရောက်သွားတာလဲ?
"အဲဒီမှာ ဘယ်သူလဲ?ဘယ်သူက ဝင်ပေါက်မှာရှိနေတာလဲ?"အကြီးအကဲထန်းကျီက ရုတ်တရက်အော်လိုက်တယိ။
ဘုန်းကြီးတစ်ပါးက ကိုရင်လေးတစ်ပါးကို ဖမ်းခေါ်လာခဲ့တယ်။
"နှုတ်ဆက်ပါတယ် ကျောင်းထိုင်ဘုန်းတော်ကြီး အကြီးအကဲများ"ကိုရင်လေးက ပြောလိုက်တယ်။
"ဘာကြောင့်မင်းက ဝင်ပေါက်မှာ လာပုန်းနေတာလဲ?"အကြီးအကဲထန်းကျီးက ဒေါသတကြီးမေးလိုက်တယ်။
"ကျွန်တော့်ရဲ့ပုံမှန်တာဝန်က လာရောက်လည်ပတ်သူတွေရံ့ခြံဝင်းကို သန့်ရှင်းရေးလုပ်ဖို့ပါ။ဒီသူခိုးတွေကို ကြည့်ရတာ ရင်းနှီးတယ်လို့ ခံစားရတာကြောင့် ကျွန်တော်က လာကြည့်တာပါ"ကိုရင်လေးက ဖြေလိုက်တယ်။
"မင်းက သူတို့ကို သိတာလား?"အကြီးအကဲထန်းကျီက အံ့အားသင့်သွားတယ်။
"ကျွန်တော် သူတို့ကိုမသိပါဘူး။ကျွန်တော်က သူတို့ကို ဘယ်လိုသိမှာလဲ?"ကိုရင်လေးက ခေါင်းခါပြီးပြောလိုက်တယ်။
"စိတ်အေးအေးထား။ကျုပ်မေးတာက မင်းသူတို့နဲ့ ဆုံဖူးလားဆိုတာဘဲ"
"ကျွန်တော် အရင်ဆုံး သူတို့ကို အနီးကပ်ကြည့်ဖို့လိုတယ်"
"သွားကြည့်လိုက်"
ကိုရင်လေးက နောက်လှည့်လိုက်ပြီး အလောင်းတွေကို သေချာသွားကြည့်လိုက်တယ်။အဲဒီနောက်မှာတော့ သူက အလောင်းတွေကို လက်ညှိုးထိုးပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်"ကျွန်တော် သူတို့ကို သိတယ်"
လူတိုင်းက သူတို့ကို ကြည့်လိုက်တယ်။
"သူတို့က ဘယ်သူလဲ?"ကျောင်းထိုင်ဘုန်းတော်ကြီးက မေးလိုက်တယ်။
"သူတို့က ဧည့်သည်ဆောင်မှာနေတဲ့ ဧည့်သည်တွေဘဲ"
"ဧည့်သည်ဆောင်မှာနေတဲ့ ဧည့်သည်တွေလား?"အကြီးအကဲထန်းကျီက မျက်မှောင်ကြုတ်လိုက်ပြီး"မင်းပြောတာက သူတို့က အကြီးအကဲထန်းမြောင် ခေါ်ထားတဲ့သူတွေလို့လား?"
ဝူချန်ဇီက ထန်းမြောင်ဆိုတဲ့ အမည်ကိုကြားတော့ သူက ဒီအလောင်းတွေက ဘယ်သူတွေလဲဆိုတာ နားလည်သွားပြီး သူ့နှလုံးသားက နှစ်မြှုပ်သွားတယ်။
"ဟုတ်တယ်"ကိုရင်လေးက ခေါင်းငြိမ့်လိုက်ပြီး"သူတို့ဘဲ။ကျွန်တော့်ရဲ့အလုပ်က ဧည့်သည်တွေရဲ့ခြံဝင်းကို သန့်ရှင်းရေးလုပ်တာဘဲ။ကျွန်တော် သူတို့ကို မကြာခဏမြင်ဖူးတယ်။ကျွန်တော် လုံးဝသေချာတယ်။ဒါပေမဲ့ ဧည့်သည်ဆောင်မှာနေတဲ့သူတွေက ဒီထက်ပိုများတယ်"
အကြီးအကဲထန်းကျီက ဘုန်းကြီးတွေကို ဧည့်သည်ဆောင်ပတ်ဝန်းကျင်မှာ စစ်ဆေးဖို့ အမိန့်ပေးလိုက်ပြီး ဘုန်းကြီးတစ်ပါးကို အကြီးအကဲထန်းမြောင်ကို သွားခေါ်ဖို့ ပြောလိုက်တယ်။
ဝူချန်ဇီက ဝူရုန်နားကို လျှောက်လာပြီး လေသံကိုနိမ့်ပြီး ခက်ထန်စွာ ပြောလိုက်တယ်"ဝူရုန် ကောင်းလိုက်တဲ့အစီအစဉ်ဘဲ!မင်းကို လျော့တွက်မိတာဘဲ!"
သူက ဧည့်သည်ဆောင်မှာနေတဲ့ အဲဒီလူတွေကို မေ့လျော့သွားတာကြောင့် သူ့ရဲ့ပြီးပြည့်စုံတဲ့ အစီအစဉ်က ပျက်စီးလုနီးပါးဖြစ်သွားတယ်။ဒါပေမဲ့ မေးစရာရှိတာက ဝူရုန်က ဘယ်လိုလုပ်ပြီး စန်းလန်တို့ ဒီနေရာမှာ နေတယ်ဆိုတာ ရှာတွေ့သွားတာလဲ။စန်းလန်နှင့်တခြားသူတွေကို ဘုရားကျောင်းထဲကို ပို့ထားတယ်ဆိုတာ အတွင်းလူယုံတွေသာ သိတာဖြစ်တယ်။
ဝူရုန်က ဝူချန်ဇီကို မဲမှောင်နေတဲ့ မျက်နှာနှင့်ကြည့်လိုက်ပြီး မေးလိုက်တယ်"ဒါက ခင်ဗျား ဘာကိုဆိုလိုတာလဲ?"
ဝူချန်ဇီက ကျယ်လောင်စွာ အော်လိုက်တယ်။
ဟေးရွမ်ရီက ဝူရုန်ကို သူ့လက်မောင်းထဲဆွဲသွင်းလိုက်ပြီး ဝူချန်ဇီကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။
မကြာခင်မှာတော့ ဘုန်းကြီးတစ်ပါးက ရောက်လာပြီး တင်ပြလိုက်တယ်"ဧည့်သည်ဆောင်က ဧည့်သည်တွေအားလုံး လွတ်မြှောက်သွားတယ်"
"သူတို့ကို သွားဖမ်းလိုက်!"ကျောင်းထိုင်ဘုန်းတော်ကြီးက ခက်ထန်စွာ အမိန့်ပေးလိုက်တယ်။
"ဟုတ်"
အဲဒီနောက်မှာတော့ အကြီးအကဲထန်းမြောင်က ရောက်လာပြီး မေးလိုက်တယ်"ကျောင်းထိုင်ဆရာတော် ကျုပ်ကို ဘာအတွက်ရှာတာလဲ?"
"ကျုပ်ကြားတာတော့ မင်းက အဲဒီဧည့်သည်တွေကို ခေါ်ခဲ့တဲ့တစ်ယောက်ဆို"ကျောင်းထိုင်ဘုန်းတော်ကြီးက တင်းမာစွာ မေးလိုက်တယ်။
"ဟုတ်ပါတယ်"အကြီးအကဲထန်းမြောင်က စိတ်ရှုပ်သွားပြီး"သူတို့က ပြသနာရှာကြလို့လား?"
"မင်းဘာသာ မင်းကိုယ်တိုင် ကြည့်လိုက်"ကျောင်းထိုင်ဘုန်းတော်ကြီးက အလောင်းတွေကိုညွှန်ပြပြီး ပြောလိုက်တယ်"သူတို့က မင်းခေါ်ခဲ့တဲ့ဧည့်သည်တွေလား?"
အကြီးအကဲထန်းမြောင်က မြေကြီးပေါ်က ရင်းနှီးနေတဲ့လူတွေကို ကြည့်လိုက်ပြီး သူ့နှလုံးသားက နှစ်မြှုပ်သွားပြီး"သူတို့က ကျုပ်ခေါ်ခဲ့တဲ့သူတွေဘဲ။ဒါပေမဲ့ သူတို့က ဘာကြောင့် သေသွားတာလဲ?"
သူက သူ့ကိုလာခေါ်တဲ့ ဘုန်းကြီးကြောင့် သူကတရားထိုင်နေရာမှ မကြာခင်ကမှ ထွက်လာတာဖြစ်တယ်။ဒါ့ကြောင့် သူက ဘာတွေဖြစ်နေတာလဲဆိုတာ မသိပါဘူး။
အကြီးအကဲထန်းကျီက အော်လိုက်တယ်"သူတို့က ဘုရားစေတီကို မီးရှို့သွားတယ်။သူတို့က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ခိုးချင်တာကြောင့် သူတို့ အသတ်ခံရတာဘဲ။ထန်းမြောင် သူတို့ ဘယ်သူတွေလဲဆိုတာ မင်းသိလား?သူတို့ကို ဘာကြောင့်ခေါ်လာရတာလဲ?"
အကြီးအကဲထန်းမြောင်က ဒီသတင်းတွေကြောင့် တုန်လှုပ်သွားပြီး ဘုရားစေတီကို ကြည့်လိုက်တော့ တစ်ချိန်တုန်းက နေရောင်အောက်မှာ တောက်ပနေတဲ့ဘုရားစေတီက အခုချိန်မှာတော့ ပြာတွေကြောင့်ဖြူနေပြီး မီးခိုးတွေတောင် ထွက်နေတယ်။
-----------------------