အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 305K 23.6K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 38.1

12.1K 1.8K 79
By Xiao_Dream

Unicode

Debutနေရာ ထွက်ပေါ်လာခြင်း
____________________________

သူတို့ထွက်လာကြပြီးနောက် တောင်ဆက်တက်ကြတော့တယ်။

ကျန်ရှင်းဆွေ့တို့က အဆင့်သိပြီးကြပြီဖြစ်တယ်။ စောနကတောင်တက်တာကလည်း တော်တော်ပင်ပန်းရတယ်။ ကျန်နေတဲ့အပိုင်းကလည်းအတော်မတ်ပြီး တောင်တက်တာက တကယ်ပဲခန္ဓာကိုယ်အားသုံးရတဲ့ အလုပ်ဖြစ်တယ်။ အထူးသဖြင့်ညလယ်ကြီးမှာဆိုတော့ လူတွေကဗိုက်အရမ်းဆာနေကြပြီ။ တောင်တက်ရင်းတက်ရင်းနဲ့ အစာစားချင်လာတော့တယ်။

လမ်းဘေးဆိုင်လေးတစ်ခုကို ဖြတ်သွားချိန်မှာ 'ပန်ကိတ်လိပ်'ရောင်းနေတာတွေ့လိုက်ရတယ်။

[မုန့်ကိုအောက်မှာပုံလေးနဲ့ပြပေးမယ်နော် ဘယ်လိုခေါ်မှန်းမသိလို့အဆင်ပြေသလို ရေးလိုက်ပါတယ်]

ဗိုက်အရမ်းဆာနေတော့ ဒီဆိုင်ကိုကျော်မသွားနိုင်ကြဘူး။ ကျန်ရှင်းဆွေ့တခြားသူတွေကို မေးလိုက်တယ် "စားမလား?"

ရှန်ရှင်းချန်ကမြန်မြန်ပဲ ခေါင်းငြိမ့်လိုက်တယ် "စားမယ်!"

ဒါပေမဲ့ ပြဿနာတစ်ခုထပ်တွေ့လာရပြန်တယ်။ သူတို့တစ်ယောက်မှ ပိုက်ဆံပါမလာဘူး။

မုန့်ရောင်းတဲ့အန်တီကြီးက ဘေးကထိုင်ခုံပေါ်မှာထိုင်နေတယ်။ လူငယ်လေးတွေကို သနားနေတာမျိုးမရှိဘဲ အကြွေးဝယ်လို့ရမဲ့ပုံလည်း မပေါ်လေဘူး။

စူးရှတဲ့အကြည့်တွေနဲ့ ကျန်ရှင်းဆွေ့က မဝေးတဲ့နေရာက တဲလေးထဲမှာမုန့်စားနေတဲ့ တစ်ယောက်ကို သတိထားမိသွားတယ်။

နင်ဇယ်က "ဖုကောတို့ပဲ"

ရှန်ရှင်းချန်ကမျက်လုံးလေး တောက်ပသွားပြီး အပြေးသွားတော့တယ် "ဖုကော ထူရာလောင်ရှီး!"

နည်းပြတွေအကုန်လုံးက ကားစီးပြီးတက်လာကြပြီး အခုခဏနားတဲ့အချိန်မှာ မနက်စာစားနေကြတာြဖစ်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့လိုကျောင်းသားတွေကပဲ ပင်ပန်းလွန်းတဲ့အလုပ်ဖြစ်တဲ့ တောင်တက်ခြင်းကိုလုပ်နေရပြီး စီစဥ်သူတွေမကောင်းဘူးလို့ပဲ အော်နေနိုင်တာဖြစ်တယ်။

ကျန်ရှင်းဆွေ့နဲ့ နင်ဇယ်အတူတူလိုက်သွားလိုက်တော့ အဝေးကြီးကနေကို ရှန်ရှင်းချန်ရဲ့အစာစားဖို့ တောင်းဆိုနေသံကို ကြားနေရတယ် "ကျွန်တော်တို့ကိုခေါ်ပြီး အတူတူစားရအောင်ပါ ကျွန်တော်ဗိုက်ဆာနေပြီ!"

ထူရာကအားနာစွာနဲ့ပဲ ပြုံးလိုက်ကာ "ရှင်းချန် ကျဲတို့ကလည်းအတူတူစားဖို့ခေါ်ချင်ပေမဲ့ ရိုက်ကူးရေးအဖွဲ့က ခွင့်ပြုမထားဘူးလေ မင်းတို့ကိုယ့်အားကိုကိုးပြီး မုန့်စားဖို့လဲလှည်ရမှာ မင်းတို့မှာ'StarBean'တွေရှိတယ်မလား အဲ့ဒီ'StarBean'တွေသုံးပြီး ဝယ်လို့ရတယ် 'StarBean'တစ်ခုကို တစ်ယွမ်လေ"

အဲ့ကျတော့မှ သူတို့'StarBean'တွေ မသုံးရသေးဘူးဆိုတာ သတိရကြတော့တယ်။

ပြီးတော့ ကံမကောင်းတာက ရှန်ရှင်းချန်ကဘယ်တော့မှ မခြွေတာတတ်တဲ့သူပဲ။ အရင်တစ်ခေါက်ပြိုင်ပွဲတုန်းက ရေပြွတ်တစ်လက်ဝယ်လိုက်ပြီး နောက်ပိုင်းမှာပစ္စည်းမျိုးစုံကို လဲလှယ်လိုက်သေးတယ်။ အစောကတည်းက'StarBean'တွေ သုံးကုန်သွားလေပြီ။

နင်ဇယ်ကလည်း အစောကတည်းက 'StarBean'တွေကို ဝိတ်တုံးတွေနဲ့လဲလိုက်ပြီ။

ကျန်ရှင်းဆွေ့က "ကျွန်တော့်မှာနည်းနည်းကျန်သေးတယ် ကျွန်တော်ဝယ်လိုက်မယ်"

သူ့မှာ'StarBean'အခု၃၀ရှိနေသေးတယ်။ ဒါပေမဲ့မထင်ထားတာက တောင်ပေါ်ကပစ္စည်းတွေက အရမ်းစျေးကြီးလိမ့်မယ်လို့ပဲ။

အာရီ(အန်တီ)က လက်ထောင်ပြီးစျေးနှုန်းကိုပြောလာတယ် "အလိပ်ကို အသားထည့်မှာလားမထည့်ဘူးလား အသားထည့်ရင်၂၀ယွမ်ပါ"

တကယ်လို့အသားမထည့်ရင် တစ်လိပ်လုံးက ဂျူးတွေချည်းပဲဖြစ်နေလိမ့်မယ်။ သူတို့အားလုံးစားနိုင်မှာမဟုတ်ဘူး။ အဲ့တာကြောင့် သေချာပေါက်အသားထည့်ရတယ်။ နင်ဇယ်နဲ့ရှန်ရှင်းချန်က ကျန်နေသေးတဲ့ 'StarBean'၁၀ခုကို ခြစ်ကုတ်ထုတ်လိုက်ပြီး ပန်ကိတ်လိပ်၂လိပ်ဝယ်လိုက်ကြတယ်။ ဒါပေမဲ့ ယောက်ျားလေး၃ယောက် စားဖို့အထိတော့ လုံလောက်မနေခဲ့ဘူး။

ရှန်ရှင်းချန်မဝေးလှတဲ့နေရာက နည်းပြတွေစားပွဲပေါ်က မနက်စာတွေကိုကြည့်နေတယ်။ သွားရည်တွေတောင် မျက်လုံးထဲကနေ စီးကျလာတော့မတတ်ပဲ။

ကျန်ရှင်းဆွေ့ သူ့ကိုအကြည့်တွေလျှော့ဖို့ ပြောနေတုန်းမှာပဲ ရုတ်တရက် စားပွဲဘေးကသူက အော်ပြောလိုက်တာကို ကြားလိုက်ရတယ် "ကျန်ရှင်းဆွေ့"

စကားပြောနေတဲ့ ကောင်လေးကြောင်သွားပြီး နောက်လှည့်ကြည့်လိုက်တယ်။

စားပွဲဘေးမှာထိုင်နေတဲ့ ဖုကျင်းရှောင်းက သူကြောင်နေတာမြင်တော့ လက်ကိုဝှေ့ရမ်းပြကာ "လာခဲ့"

ကျန်ရှင်းဆွေ့က သူ့ကိုခေါ်တာသေချာသွားတော့ အလျင်အမြန်ပြေးသွားလိုက်တယ် "လောင်ရှီး"

ဖုကျင်းရှောင်းက "ကိုယ့်ကိုတစ်ခုလောက် ကူညီပေးလို့ရမလား?"

ကျန်ရှင်းဆွေ့ခေါင်းငြိမ့်ပြတယ် "သေချာပေါက် ရတာပေါ့!"

ဖုကျင်းရှောင်းမျက်လုံးထဲမှာ အပြုံးရိပ်လေးတွေ သန်းလျက်ရှိတယ် "ကိုယ့်အတွက် ရေတစ်ပုလင်းလောက် သွားဝယ်ပေးပါလား"

ကျန်ရှင်းဆွေ့စဥ်းတောင် စဥ်းစားမနေဘဲနဲ့ ခေါင်းငြိမ့်လိုက်တယ် "ကောင်းပြီ!"

ရုပ်ရှင်ဧကရာဇ်ဖု ပိုက်ဆံပေးလိုက်တာနဲ့ အပြေးလေးသွားပြီး ရေသွားဝယ်တော့တယ်။ အနောက်ကထူရာက ကြည့်နေရင်း ရုတ်တရက်အံ့သြသွားရတယ်။ မေးစေ့ကိုကိုင်ကာပြောလိုက်တယ် "သူမင်းကို အရမ်းယုံကြည်တာပဲနော်"

ဖုကျင်းရှောင်း တစ်ရှူးတစ်ရွက်ယူကာ ကျော့ရှင်းစွာနဲ့လက်သုတ်လိုက်ပြီး ပြောလာတယ် "ငါကလည်း လူဆိုးမှမဟုတ်တာလေ"

ထူရာဆက်မပြောရဲတော့ဘူး။

အလုပ်အတူတူတွဲလုပ်လာတာကြာနေပေမဲ့ ဒီယောက်ျားက အလွန်ကြောက်ဖို့ကောင်းတယ်ဆိုတာ သူမသိတယ်။

ကျန်ရှင်းဆွေ့မြန်မြန်ပဲ ရေဝယ်ပြီးပြန်လာခဲ့တယ်။ ပြီးတော့ဖုကျင်းရှောင်းကိုပေးလိုက်တာ "လောင်ရှီးရဲ့ရေ"

ဖုကျင်းရှောင်းက "ရှဲ့ရှဲ့"

ကျန်ရှင်းဆွေ့သွားတော့မလို့ ခြေလှမ်းပြင်နေတုန်းမှာပဲ စကားသံထပ်ထွက်လာလေတယ် "ပြန်လာခဲ့"

သူလှည့်ကြည့်လိုက်တော့ လက်ထဲကိုအသားညှပ်ပေါင်မုန့်တစ်ခု ရောက်လာလေတယ်။ သူစားလို့မဝမှာ စိုးတာကြောင့်လာမသိဘူး။ ဖုကျင်းရှောင်းစက္ကူအိတ်လေးထဲကို ကြက်ဥပြုတ်နှစ်လုံးတောင် ထပ်ပြီးထည့်ပေးလိုက်သေးတယ် "အဆာမခံနဲ့"

?

ကျန်ရှင်းဆွေ့လုံးဝမထင်ထားမိဘူး။ သူထပ်ပြီး ကြောင်အကာ ဖုကျင်းရှောင်းကိုကြည့်နေမိတော့တယ် "လောင်ရှီး....."

အနောက်ကရှန်ရှင်းချန်က မကျေနပ်ဖြစ်ကာ ပြောလာတော့တယ် "နည်းပြတွေက ပြိုင်ပွဲဝင်တွေကို မကူညီရဘူးလို့ ပြောထားတာမဟုတ်ဘူးလား ကျွန်တော်လည်းလိုချင်တယ်လေ"

ဖုကျင်းရှောင်းမျက်ခွံလှန်ကြည့်လိုက်ပြီး "ဒါကသူ့ရဲ့သွားဝယ်ပေးခလေ ကိုယ်ကကူညီပေးနေတာမလို့လား?"

".........."

ရှန်းရှင်းချန်က ထပ်ပြောလာတယ် "ကျွန်တော်လည်း ပြေးဝယ်ပေးလို့ရတယ်"

အသံကကျယ်လွန်းပြီး နားစည်တွေတုန်ခါသွားရတယ်။ ဖုကျင်းရှောင်း အဲ့တာကိုမကြိုက်တော့ "ဆူလိုက်တာ"

ပါးစပ်ကဆူတယ်ပြောနေပေမဲ့ ဖုကျင်းရှောင်းထူရာကို တစ်ချက်ကြည့်လိုက်တယ်။ သူ့အကြည့်ကိုရလိုက်တော့ ထူရာလည်းမတတ်နိုင်တော့ဘဲ "အဲ့တာဆို ကျဲကိုလည်းရေတစ်ပုလင်းလောက် ကူပြီးဝယ်ပေးပါဦး"

ရှန်ရှင်းချန်လည်း အပြေးသွားပြီးဝယ်ပေးလိုက်တယ်။ သူပြန်လာတော့ ထူရာလည်းစားပွဲပေါ်က စားစရာတွေအကုန် ထည့်ပေးလိုက်တော့တယ်။

ပရိသတ်တွေဒါကိုမြင်တော့ စခရင်တစ်ခုလုံး'ဟဟ'တွေနဲ့ပဲ ပြည့်သွားတော့တယ် :

"ဖုကောနဲ့ ထူရာကျဲက ကလေးတွေကိုအတော် စောင့်ရှောက်ပေးတတ်တာပဲ"

"ကြည့်ရတာအတုလိုမဟုတ်ပေမဲ့လေ"

"ဟားဟားဟား ရေဝယ်တာ စိတ်ထဲရှိနေတာမျိုးတော့ မဟုတ်ဘူးပဲ!"

စားစရာတွေယူပြီးသွားတော့ ကျန်ရှင်းဆွေ့နဲ့သူတို့ အသားညှပ်ပေါင်မုန့်ကို ခွဲဝေစားကာ တောင်ဆက်တက်ကြတော့တယ်။ ဒီတစ်ခေါက်တော့ စားသောက်ပြီးသွားတာကြောင့် တောင်တက်ရတာပေါ့ပါးသွားသလိုပဲ။ သုံးလေးနာရီလောက် ဆက်တက်ပြီး နောက်ဆုံးတော့ သူတို့အုပ်စုတောင်ထိပ်ထိ တက်နိုင်လာကြပြီ။ ပြီးတော့ဒီအချိန်မှာ မနက်ငါးနာရီလောက်ဖြစ်နေလေပြီ။ ကောင်းကင်ကအခုမှ လင်းလာနေတုန်းဖြစ်တယ်။ တောင်ပေါ်ကလေက အနည်းငယ်အေးပေမဲ့ တောင်တက်ပြီးလာတဲ့သူတွေအတွက်ပြောရရင် ပူအိုက်နေကြတဲ့အတွက် လေလေးတိုက်နေမှ နေလို့အဆင်ပြေဖြစ်တယ်။

ရိုက်ကူးရေးအဖွဲ့ကနည်းပြတွေက အစောကတည်းကစောင့်နေကြပြီ။

တစ်ဖြည်းဖြည်းနဲ့ လမ်းပေါ်ကနေ ကျောင်းသားတွေတော်တော်များများ တက်လာနိုင်နေကြပြီ။ ဒါပေမဲ့အားလုံးက အစုအစုလေးတွေနဲ့ တက်လာကြတာဖြစ်တယ်။ တောင်ထိပ်မှာရပ်လိုက်ကြပြီး မနက်ခင်းရဲ့လေညှင်းလေးကို တိတ်တဆိတ်ခံစားနေကြတယ်။

ဖုကျင်းရှောင်းက "ပင်ပန်းကြလား?"

အားလုံးကသံပြိုင်အော်လာကြတယ် "ပင်ပန်းပါတယ်!"

"လေ့ကျင့်ရတာထက် ပိုပင်ပန်းတာလား?"

"အတူတူနီးပါး ပင်ပန်းပါတယ်!"

ဖုကျင်းရှောင်း နှုတ်ခမ်းတွေကိုတွန့်ကွေးလိုက်ပြီး "တောင်အောက်ဆင်းရတဲ့လမ်းကတော့ ပင်ပန်းမှာမဟုတ်ဘူး ဒါပေမဲ့တစ်ဘဝလုံး ခေါင်းမော့သွားနိုင်တော့မှာ မဟုတ်ဘူး"

"ကျောင်းသားတွေအားလုံးနီးပါး ကိုယ့်အဆင့်ကိုသိပြီးကြလောက်ပြီလို့ ကိုယ်ထင်တယ်" ဖုကျင်းရှောင်းအားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး "အခုစိတ်အခြေနေဘယ်လိုလဲ?"

အားလုံးတစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြပေမဲ့ ဘာမှပြောမလာကြဘူး။

ဖုကျင်းရှောင်းအနောက်က ကျောက်တုံးကိုမှီလိုက်ပြီးတော့ ဖြည်းညှင်းစွာပြောလိုက်တယ် "အရည်အချင်းမပြည့်မှီတဲ့ ကျောင်းသားတွေအားလုံး ကတ်ပေါ်မှာရေးထားတဲ့ စကားတစ်ခွန်းကို တွေ့လိုက်ရမယ်လို့ ကိုယ်ထင်တယ် အဲ့တာက'တောင်ဆက်တက်ဖို့ကို အချိန်မရွေးလက်လျှော့နိုင်ပြီး ပြန်အနားယူလို့ရပါတယ်'လို့ပေါ့ ဒါပေမဲ့ကိုယ်နဲ့ နည်းပြတွေဒီကိုရောက်လာတဲ့အချိန်မှာ ရခဲ့တဲ့သတင်းက ဒီနေရာက၅၆ယောက်လုံး တစ်ယောက်မှမလျှော့သွားဘူးဆိုတာပဲ"

လူတစ်ဝက်လောက်က ထွက်သွားရမယ်ဆိုပေမဲ့ အားလုံးကနောက်ဆုံးထိ ကြိုးစားခဲ့ကြတုန်းပဲ။

ဖုကျင်းရှောင်းရဲ့မျက်နှာပေါ်မှာ ချီးကျူးတဲ့အရိပ်အယောင်လေးတွေ ပေါ်လာတယ် "အခု အားလုံးနောက်လှည့်လိုက်"

သူတို့အားလုံးနောက်လှည့်လိုက်ကြတယ်။ သူတို့အနောက်က ရှုခင်းတွေကိုကျောပေးထားတဲ့အချိန်မှာပဲ ပြောင်းလဲမှုတစ်မျိုးကိုတွေ့လိုက်ရတယ်။ ကောင်းကင်ကြီးက တဖြည်းဖြည်းနဲ့ရွှေရောင်သန်းလာလေပြီ။ ရွှေရောင်လေးကလည်း တိမ်တွေကြားထဲက ထွက်လာနေလေပြီ။ နေလုံးကြီးကတဖြည်းဖြည်းမြင့်တက်လာနေတယ်။ ညအမှောင်တွေကို တဖြည်းဖြည်းဝါးမျိုသွားပြီး တောက်ပလာကာ တိမ်ပင်လယ်ကြီးက အားလုံးရဲ့မျက်စိရှေ့ပေါ်လာနေပြီး ရွှေရောင်အလင်းတွေကလည်း အားလုံးပေါ်ကို ဖြန့်ကျက်လို့ထားတယ်။

ဘယ်စကားလုံးကမှ အခုအချိန်မှာဖြစ်ပေါ်နေရတဲ့ စိတ်ခံစားချက်ကိုပေါ်လွင်အောင် ဖော်ပြနိုင်ခြင်းမရှိဘူး။

တောင်တက်ရတုန်းက နွမ်းနယ်မှုတွေပြေပျောက်သွားရပြီး အားလုံးရဲ့နှလုံးသားထဲမှာ အစွဲမြဲဆုံးကျန်နေခဲ့တာက ဒီလိုလတ်ဆတ်တဲ့နေရောင်ခြည်လေးပဲဖြစ်တယ်။

ဖုကျင်းရှောင်းအသံကအနောက်ကနေ ထွက်လာတယ် "မင်းတို့တစ်ယောက်စီတိုင်း ဒီလိုနွေးထွေးမှုမျိုးကို အမြဲထိန်းသိမ်းထားလို့ရတယ် သွားရမဲ့လမ်းက ဘယ်လောက်ပဲဝေးနေပါစေ ဘယ်လောက်ပဲပင်ပန်းရပါစေ လုံးဝလက်မလျှော့ကြပါနဲ့ ကြိုးစားပြီးအားတင်းထားမှုကြောင့်ပဲ နေရောင်ကိုမြင်တွေ့နိုင်ကြတာ"

လီလောင်ရှီးပြုံးလိုက်ပြီး "မင်းတို့အခု အထုတ်ခံလိုက်ရတယ်ဆိုရင်တောင် လက်မလျှော့ကြနဲ့ မင်းတို့သတ္တိရှိရှိနဲ့ လျှောက်လှမ်းရမယ်မလား တကယ်လို့အရမ်းပင်ပန်းနေရင် အံ့ကြိတ်ပြီးကြိုးစားရမှာပေါ့"

"ဒီလိုမှပဲ" ဖုကျင်းရှောင်းရဲ့အသံ ဖြည်းညှင်းနေပေမဲ့ ခွန်အားအပြည့်ပါလေတယ်။ သူ့စကားလုံးတိုင်းက ကျောင်းသားတွေရဲ့နှလုံးသားထဲ စိမ့်ဝင်သွားကြတယ် "မင်းတို့မျှော်လင့်ချက်တွေရှိလာပြီး အနိုင်ရသူနဲ့အတူ အရုဏ်ဦးအလင်းရောင်ကို မြင်တွေ့နိုင်ကြမှာ"

နေလုံးကြီးက တဖြည်းဖြည်းမြင့်တက်နေတယ်။ ရွှေဝါရောင်နေရောင်က လူတိုင်းရဲ့ပုခုံးတွေအပေါ်ကိုသက်ဆင်းသွားပြီး မျှော်လင့်ချက်တွေယူဆောင်လာပေးနေတယ်။

နေရောင်က အရမ်းတောက်ပလွန်းနေတာကြောင့်မလို့လားမသိ ကျောင်းသားတွေအားလုံး ခေါင်းတွေငုံ့နေကြပြီး မျက်ဝန်းတွေလည်းနီလို့နေတယ်။ ပြီးတော့အနည်းငယ်ရှက်ကို့ရှက်ကန်းနဲ့ မျက်ရည်တွေသုတ်လိုက်ကြတယ်။ အစကသူတို့ အနည်းငယ်ဝမ်းနည်းနေပေမဲ့ ရိုက်ကူးရေးအဖွဲ့ရဲ့အစီအစဥ်ကြောင့် သူတို့စိတ်ထဲကဝမ်းနည်းမှုတွေပျောက်သွားရတော့တယ်။

သူတို့ကြိုးစားရမယ်။ အရှုံးပေးလိုက်လို့မရဘူး။ အောက်ကိုသက်ဆင်းသွားလို့မဖြစ်ဘူး။ အားတင်းပြီးကြိုးစားနေမှပဲ အောင်မြင်မှုကိုရယူနိုင်မှာ။

..........

လဝက်ကြာပြီးနောက်

ကျန်ရှိနေတဲ့ကျောင်းသား၁၆ယောက်က နောက်ဆုံးပြိုင်ပွဲကို ဆက်လက်ယှဥ်ပြိုင်ကြတယ်။

'StarLight'အစီအစဥ်က စုစုပေါင်း၄လကြာမြင့်ခဲ့တယ်။ ပူပြင်းတဲ့နွေကနေ ဆောင်းဦးပိုင်းရောက်လာတဲ့အချိန်ထိပဲ။ အားကစားခန်းမလေးထဲမှာ လူတွေအများကြီး သွေးမျက်ရည်တွေနဲ့ ပျော်စရာတွေကျခဲ့ရတယ်။ အဲ့တာကငယ်ရွယ်မှုတွေနဲ့ အမှတ်တရတွေအများကြီးကို သယ်ဆောင်ထားတုန်းပဲ။

ဒီနေ့ဖိုင်နယ်ပြိုင်ပွဲနေ့ပဲ။ အားကစားခန်းမရဲ့ အစည်ကားဆုံးနေလည်းဖြစ်တယ်။ မီဒီယာတွေရဲ့ကားတွေကလည်း အနောက်တံခါးမှာ ရပ်ထားကြတယ်။  liveလွှင့်ဖို့နဲ့ ပြိုင်ပွဲဝင်တွေကိုအင်တာဗျူးတာ အဆင်ပြေဖို့အတွက် ပရိသတ်တွေလက်မှတ်ဖြတ်ပြီး အထဲဝင်ဖို့ကို အရှေ့တံခါးမှာစီစဥ်ထားတာဖြစ်တယ်။ ဒီနေ့ပြိုင်ပွဲဝင်တွေရဲ့ မိသားစုတွေတော်တော်များများလာကြတယ်။ ပြိုင်ပွဲဝင်တွေရဲ့ ကုမ္ပဏီတွေလည်းလာကြတယ်။ လေးလဆိုတဲ့ ရက်၁၀၀ကျော်အတွင်းမှာ ပင်ပန်းခဲ့တာတွေအားလုံးက ဒီနေ့မှာနံပါတ်လေးတစ်ခုအနေနဲ့ ကျန်ရှိနေခဲ့တယ်။

..........

စင်နောက်မှာ

အရှုပ်ထွေးကြီးဖြစ်နေကြတယ်။

မိတ်ကပ်ဆရာက ပြိုင်ပွဲဝင်တွေကိုပြင်ဆင်ပေးနေတယ်။ ဒီနေ့ကကျောင်းသား၁၀၈ယောက်လုံး ပြန်လာကြတာဖြစ်တယ်။ မတူညီတဲ့ပြိုင်ပွဲဝင်တွေရဲ့ အဝတ်အစားတွေရော ဖျော်ဖြေရေးဝတ်စုံတွေရော ပြင်ဆင်ရတာဖြစ်တယ်။ ဒီတစ်ခေါက် ဧည့်သည်နည်းပြတွေရော လာတာကြောင့် လည်ထွက်နေအောင်ကို အလုပ်များနေတော့တယ်။

ကျန်ရှင်းဆွေ့ ရှန်ရှင်းချန်ရဲ့အဝတ်တွေကို ပြန်ပြင်ပေးရင်းနဲ့ ပြောလိုက်တယ် "မင်းအိမ်သာသွားတာ ဘယ်လိုလုပ်ပြီးဒီလိုဖြစ်လာတာလဲ ဖျော်ဖြေနေတဲ့အချိန် ဖန်တွေမြင်သွားပြီး အရယ်ခံရမှာမကြောက်ဘူးလား"

ရှန်ရှင်းချန်နှာမှုတ်လိုက်ပြီး "ကော်လံလေးခေါက်နေရုံပါဟ ကောရဲ့ချောမောမှုက ကော်လံလေးကြောင့် ပျက်သွားမတဲ့လား"

".........."

ရှန်ရှင်းချန်ကို သူ့ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေကို သူ့ဆီတစ်ဝက်လောက်ခွဲပေးစေချင်လိုက်တာ။

ကျန်ရှင်းဆွေ့မတတ်သာဘဲ သက်ပြင်းချလိုက်တယ်။ ဒါပေမဲ့စကားတော့ပြောမလာဘူး။

အရှေ့ဘက်မှာပွဲစဖွင့်နေပြီဖြစ်တယ်။ ဒီတစ်ခေါက်ဖျော်ဖြေပွဲက အရင်ကပုံတွေနဲ့မတူတော့ဘူး။ အားလုံးကိုအဆင့်မြှင့်ထားပြီး ၃၆၀ဒီဂရီမြင်ကွင်းနဲ့ဖြစ်တယ်။ စင်ပေါ်ကမီးရောင်တွေက နွေးထွေးတဲ့အဝါဘက်သန်းကာ တောက်ပနေတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ပရိသတ်တွေနဲ့ပြည့်နှက်နေတယ်။ အရမ်းပဲစည်ကားလို့ပေါ့။

စင်ပေါ်မှာမြူတွေလို ထွက်ပေါ်လာတာနဲ့ နည်းပြတွေလည်း စင်ပေါ်တက်လာကြတယ်။

ဒီနေ့နည်းပြတွေအားလုံးက အဝတ်အစားကိုလေးလေးနက်နက်ပဲ ဝတ်ဆင်ထားတယ်။ ထူရာက အဖြူရောင်ပွဲတက်ဂါဝန်လေးကို ဝတ်ဆင်ထားတယ်။ ဖုကျင်းရှောင်းက တွေ့ရခဲစွာပဲ စိမ်းပြာရောင်အနောက်တိုင်းအင်္ကျီ ဝတ်ထားတယ်။ အမြဲပေါ့ပေါ့ပါးပါးပဲ ဝတ်တတ်တဲ့လီလောင်ရှီးလည်း သပ်ရပ်တဲ့အင်္ကျီပြောင်းဝတ်ထားလေတယ်။ ဒီနေ့က ကျောင်းသားတွေအဖွဲ့စဖွဲ့မဲ့ညဖြစ်တော့ နည်းပြတွေရော နယ်ပယ်အရပ်ရပ်ကလာကြတဲ့သူတွေပါ လေးစားမှုပြသကြတယ်။

..........

လီလောင်ရှီးကင်မရာကို ကြည့်ကာပြောလိုက်တယ် " 'StarLight'ရဲ့ဖိုင်နယ်ပြိုင်ပွဲကို လာရောက်ပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ် ဒီနေ့ညမှာ ကျွန်တော်တို့ကျောင်းသား၁၀၈ယောက်က သူတို့ရဲ့ဆုယူရမဲ့အခမ်းအနားရှိပါမယ်။ ပြီးတော့ကျွန်တော်တို့ဖိုင်နယ်မှာ ကျန်ရှိနေသေးတဲ့ပြိုင်ပွဲဝင်တွေအတွက်ကတော့ ပွဲဦးထွက်နေရာ၆နေရာ ထွက်လာပါလိမ့်မယ်!"

ထူရာကမိုက်ခ်ယူပြီး ကင်မရာကိုပြုံးပြီး ကြည့်ကာဆက်ပြောတယ် "အခုအတွက်ကတော့ ကျွန်မတို့ရဲ့မဲပေးတဲ့ အစီအစဥ်ကစတင်နေပါပြီ ဒီနေ့၇နာရီကနေ ၁၀နာရီခွဲအတွင်းမှာ အားလုံးကို မဲပေးနိုင်ပြီး အားလုံးကိုယ်ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို အဖွဲ့ဖွဲ့နိုင်ဖို့ကူညီနိုင်ပါတယ် ဒါကနောက်ဆုံးကြိုးစားခြင်းပဲဖြစ်ပြီး နောက်ဆုံးပွဲလည်းဖြစ်ပါတယ်"

ဖုကျင်းရှောင်းက ဆက်ပြောတယ် "အခုကနေစပြီး 'Octopus Live App' 'Little Sun Live App'တို့ကနေ မဲပေးဖို့စတင်ဖွင့်လှစ်လိုက်ပါပြီ အားလုံးသောကြယ်လေးတွေက အဆင့်အများဆုံးဘုရင် အကျော်ကြားဆုံးဘုရင် တို့အတွက်မဲပေးဖို့ပါဝင်နိုင်ပါတယ် ပြီးတော့မဲအနိုင်ရရှိသူက ဒီAppနှစ်ခုရဲ့ spokespersonဖြစ်လာမှာပါ 'StarLight'မှာ မင်းတို့ကြိုက်တဲ့ပြိုင်ပွဲဝင်ကို မဲသွားပေးလိုက်ပါတော့နော်"

ပွဲတစ်ခုလုံးမှာ လူတွေအပြည့်ပဲဖြစ်ပြီး လေထုကလည်း စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်လာတော့တယ်။

လီလောင်ရှီးက ဆက်ပြီးမိတ်ဆက်လာတယ် "ဒီညကျွန်တော်တို့ပြိုင်ပွဲဝင်၁၆ယောက်က အဖွဲ့သုံးဖွဲ့ခွဲလိုက်ပြီး အားလုံးကိုအံ့အားသင့်ဖို့ကောင်းတဲ့ ဖျော်ဖြေမှုတွေယူဆောင်လာပေးမှာမလို့ အားလုံးအတူတူစောင့်ကြည့်လိုက်ရအောင်နော်"

မီးရောင်တွေမှိတ်လိုက်တာနဲ့ ပထမဆုံးအဖွဲ့က စင်ပေါ်တက်လာတော့တယ်။

အန်းရန်းနဲ့လီရွှိအန်းတို့ရဲ့ပထမအဖွဲ့ ဖျော်ဖြေမဲ့သီချင်းက ကဗျာဆန်ဆန်နဲ့ ပေါက်ကွဲလွယ်တဲ့အမျိုးအစားကို ပေါင်းစပ်ထားတဲ့ 'Sun'ဖြစ်တယ်။ အန်းရန်ဒီနေ့ပြင်ဆင်ထားတာက အကြံအကြီးကြီးဖြစ်တယ်။ မြူးကြွပြီး ချစ်ဖို့လည်းကောင်းတဲ့ဝတ်စုံက အင်္ကျီဒီဇိုင်းအဖွဲ့ကို ဆယ်ခါလောက်ပြင်ခိုင်းပြီးမှ ရလာတဲ့ဝတ်စုဖြစ်တယ်။ စင်အောက်ကဖန်တွေကလည်း သူတို့ကိုမြင်လိုက်ရတာနဲ့ အော်ဟစ်လာတယ် :

"ရန်ရန် ကျားရို!"

"debutနိုင်ရမယ်နော်!"

"ကျွန်တော်ကကျစ်ကောရဲ့ဖန်ပါ သေချာပေါက်မင်းကို မဲပေးမယ်!"

လီရွှိအန်းအပါအဝင် ဒီအဖွဲ့ထဲမှာကျော်ကြားတဲ့ပြိုင်ပွဲဝင်တွေပါကြတယ်။ သူတို့ဖျော်ဖြေနေတဲ့အချိန်မှာ ပွဲထဲမှာလည်းတူညီစွာပဲ သက်ဝင်နေကြတယ်။ ပထမဆုံးဖျော်ဖြေမှုနဲ့ အစကောင်းတယ်လို့ပြောလို့ရတယ်။ မကြာခင်ပဲဒုတိယအဖွဲ့ဖျော်ဖြေဖို့အလှည့် ရောက်လာခဲ့တယ်။ ကျန်ရှင်းဆွေ့တို့ကတတိယအဖွဲ့ထဲမှာဖြစ်တယ်။ အဲ့တာကြောင့်တစ်လျှောက်လုံး စင်အောက်မှာရှိနေခဲ့တယ်။

စောကနစလို့ ရှန်ရှင်းချန်စိတ်လှုပ်ရှားနေတော့တယ်။

ကျန်ရှင်းဆွေ့က သူနဲ့နင်ဇယ်ကိုကြည့်ပြီး ပြောလိုက်တယ် "စိတ်မလှုပ်ရှားပါနဲ့ နောက်ဆုံးတစ်ညပဲကျန်တော့တာ ငါတို့ကောင်းကောင်းဖျော်ဖြေနိုင်ရမယ် အနည်းဆုံးပရိသတ်တွေဆီမှာ အမြင်ကောင်းလေးချန်ထားခဲ့နိုင်ရမယ်"

ရှန်ရှင်းချန်သူ့ကို စိုက်ကြည့်လိုက်ပြီးတော့ "မင်းဘာစကားပြောတာလဲ ဘာနောက်ဆုံးတစ်ညလဲ?"

ကျန်ရှင်းဆွေ့မတတ်နိုင်တော့ဘဲ "ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ငါစကားမှားတာ"

နင်ဇယ်လက်ထုတ်လိုက်ပြီး "အတူတူကြိုးစားကြတာပေါ့"

အသင်းတူတဲ့တခြားသူတွေလည်း ရောက်လာကြတယ်။ ဒီအချိန်မှာ အားလုံးစိတ်ထဲမှာ တူညီတဲ့အရာတစ်ခုကိုပဲ တွေးနေကြတယ်။ ဖျော်ဖြေမှုကိုအကောင်းဆုံးလုပ်ရမယ်။ ဘယ်နောင်တမှချန်မထားခဲ့ဘူး။

မြန်မြန်ပဲ အရှေ့ကနေအသံကြားလိုက်ရတယ် "ဆက်လက်ပြီး နောက်ဆုံးအဖွဲ့ကိုဖိတ်ခေါ်ပါတယ် သူတို့ဆိုမဲ့သီချင်းကတော့ 'ကမ္ဘာကြီးကအလွယ်တကူပြိုလဲမှာမဟုတ်ဘူး'ပဲဖြစ်ပါတယ်"

__________________
Word – 4712
Nov 21,2022(Mon)
Xiao Dream

"ပန်ကိတ်လိပ်"ဆိုတာက ပြောင်းဖူးမှုန့်၊ ဂျုံဖြူ၊ ကြက်ဥနဲ့ ဂျူးတို့ သုံးပြီးတော့ ပြုလုပ်တဲ့မုန့်ပါတဲ့။ ရှန်းတုန်းကဒေသထွက် အစားအစာတစ်မျိုးလို့ ပြောပါတယ်။ မုန့်နာမည် ဘယ်လိုခေါ်လဲဆိုတာ သိကြရင်လည်း ပြောပြပေးသွားကြပါအုန်းနော်။ Dreamမသိလို့ပါ။

သူတို့တက်နေကြတဲ့ 'ထိုက်တောင်'ဆိုတာက ထိုက်အန်းမြို့ရဲ့မြောက်ဘက်မှာ တည်ရှိပြီးတော့ သမိုင်းနဲ့ယဥ်ကျေးမှုဆိုင်ရာ အရေးပါတဲ့တောင်ဖြစ်တယ်လို့ ပြောပါတယ်။ 'ထိုက်တောင်'က တရုတ်နိုင်ငံ ရှန်တုန်းမြို့ရဲ့အမြင့်ဆုံးနေရာပါတဲ့။ အဓိကတောင်ထိပ်ဖြစ်တဲ့ ယွီဟွမ်တောင်ထိပ်က ပင်လယ်ရေမျက်နှာပြင်အထက် 1532.7မီတာမြင့်တယ်လို့ တွေ့ပါတယ်ဗျ။

ဒါတွေက Dreamရှာတွေ့တာကို နားလည်သလောက် ပြန်ရေးထားတာမလို့ တစ်စုံတစ်ခုမှားယွင်းခဲ့သည်ရှိသော် တောင်းပန်ပါတယ်နော်။

ဒါဒါလေးတစ်ယောက်ကို ၆နာရီလောက်တင်ပေးမယ်ပြောပြီး အခုမှတင်နိုင်သွားပါတယ်။ နောက်ကျနေလို့တောင်းပန်ပါတယ်နော် ဒါဒါလေးဗျ။ စာရှည်သွားပါပြီ။ ကောင်းသောညလေးဖြစ်ကြပါစေနော်။


Zawgyi

Debutေနရာ ထြက္ေပၚလာျခင္း
____________________________

သူတို႔ထြက္လာၾကၿပီးေနာက္ ေတာင္ဆက္တက္ၾကေတာ့တယ္။

က်န္ရွင္းေဆြ႕တို႔က အဆင့္သိၿပီးၾကၿပီျဖစ္တယ္။ ေစာနကေတာင္တက္တာကလည္း ေတာ္ေတာ္ပင္ပန္းရတယ္။ က်န္ေနတဲ့အပိုင္းကလည္းအေတာ္မတ္ၿပီး ေတာင္တက္တာက တကယ္ပဲခႏၶာကိုယ္အားသုံးရတဲ့ အလုပ္ျဖစ္တယ္။ အထူးသျဖင့္ညလယ္ႀကီးမွာဆိုေတာ့ လူေတြကဗိုက္အရမ္းဆာေနၾကၿပီ။ ေတာင္တက္ရင္းတက္ရင္းနဲ႔ အစာစားခ်င္လာေတာ့တယ္။

လမ္းေဘးဆိုင္ေလးတစ္ခုကို ျဖတ္သြားခ်ိန္မွာ 'ပန္ကိတ္လိပ္'ေရာင္းေနတာေတြ႕လိုက္ရတယ္။

[မုန္႔ကိုေအာက္မွာပုံေလးနဲ႔ျပေပးမယ္ေနာ္ ဘယ္လိုေခၚမွန္းမသိလို႔အဆင္ေျပသလို ေရးလိုက္ပါတယ္]

ဗိုက္အရမ္းဆာေနေတာ့ ဒီဆိုင္ကိုေက်ာ္မသြားႏိုင္ၾကဘူး။ က်န္ရွင္းေဆြ႕တျခားသူေတြကို ေမးလိုက္တယ္ "စားမလား?"

ရွန္ရွင္းခ်န္ကျမန္ျမန္ပဲ ေခါင္းၿငိမ့္လိုက္တယ္ "စားမယ္!"

ဒါေပမဲ့ ျပႆနာတစ္ခုထပ္ေတြ႕လာရျပန္တယ္။ သူတို႔တစ္ေယာက္မွ ပိုက္ဆံပါမလာဘူး။

မုန္႔ေရာင္းတဲ့အန္တီႀကီးက ေဘးကထိုင္ခုံေပၚမွာထိုင္ေနတယ္။ လူငယ္ေလးေတြကို သနားေနတာမ်ိဳးမရွိဘဲ အေႂကြးဝယ္လို႔ရမဲ့ပုံလည္း မေပၚေလဘူး။

စူးရွတဲ့အၾကည့္ေတြနဲ႔ က်န္ရွင္းေဆြ႕က မေဝးတဲ့ေနရာက တဲေလးထဲမွာမုန္႔စားေနတဲ့ တစ္ေယာက္ကို သတိထားမိသြားတယ္။

နင္ဇယ္က "ဖုေကာတို႔ပဲ"

ရွန္ရွင္းခ်န္ကမ်က္လုံးေလး ေတာက္ပသြားၿပီး အေျပးသြားေတာ့တယ္ "ဖုေကာ ထူရာေလာင္ရွီး!"

နည္းျပေတြအကုန္လုံးက ကားစီးၿပီးတက္လာၾကၿပီး အခုခဏနားတဲ့အခ်ိန္မွာ မနက္စာစားေနၾကတာျဖစ္တယ္။ ဆန္႔က်င္ဘက္အေနနဲ႔ သူတို႔လိုေက်ာင္းသားေတြကပဲ ပင္ပန္းလြန္းတဲ့အလုပ္ျဖစ္တဲ့ ေတာင္တက္ျခင္းကိုလုပ္ေနရၿပီး စီစဥ္သူေတြမေကာင္းဘူးလို႔ပဲ ေအာ္ေနႏိုင္တာျဖစ္တယ္။

က်န္ရွင္းေဆြ႕နဲ႔ နင္ဇယ္အတူတူလိုက္သြားလိုက္ေတာ့ အေဝးႀကီးကေနကို ရွန္ရွင္းခ်န္ရဲ႕အစာစားဖို႔ ေတာင္းဆိုေနသံကို ၾကားေနရတယ္ "ကြၽန္ေတာ္တို႔ကိုေခၚၿပီး အတူတူစားရေအာင္ပါ ကြၽန္ေတာ္ဗိုက္ဆာေနၿပီ!"

ထူရာကအားနာစြာနဲ႔ပဲ ၿပဳံးလိုက္ကာ "ရွင္းခ်န္ က်ဲတို႔ကလည္းအတူတူစားဖို႔ေခၚခ်င္ေပမဲ့ ႐ိုက္ကူးေရးအဖြဲ႕က ခြင့္ျပဳမထားဘူးေလ မင္းတို႔ကိုယ့္အားကိုကိုးၿပီး မုန္႔စားဖို႔လဲလွည္ရမွာ မင္းတို႔မွာ'StarBean'ေတြရွိတယ္မလား အဲ့ဒီ'StarBean'ေတြသုံးၿပီး ဝယ္လို႔ရတယ္ 'StarBean'တစ္ခုကို တစ္ယြမ္ေလ"

အဲ့က်ေတာ့မွ သူတို႔'StarBean'ေတြ မသုံးရေသးဘူးဆိုတာ သတိရၾကေတာ့တယ္။

ၿပီးေတာ့ ကံမေကာင္းတာက ရွန္ရွင္းခ်န္ကဘယ္ေတာ့မွ မေႁခြတာတတ္တဲ့သူပဲ။ အရင္တစ္ေခါက္ၿပိဳင္ပြဲတုန္းက ေရႁပြတ္တစ္လက္ဝယ္လိုက္ၿပီး ေနာက္ပိုင္းမွာပစၥည္းမ်ိဳးစုံကို လဲလွယ္လိုက္ေသးတယ္။ အေစာကတည္းက'StarBean'ေတြ သုံးကုန္သြားေလၿပီ။

နင္ဇယ္ကလည္း အေစာကတည္းက 'StarBean'ေတြကို ဝိတ္တုံးေတြနဲ႔လဲလိုက္ၿပီ။

က်န္ရွင္းေဆြ႕က "ကြၽန္ေတာ့္မွာနည္းနည္းက်န္ေသးတယ္ ကြၽန္ေတာ္ဝယ္လိုက္မယ္"

သူ႔မွာ'StarBean'အခု၃၀ရွိေနေသးတယ္။ ဒါေပမဲ့မထင္ထားတာက ေတာင္ေပၚကပစၥည္းေတြက အရမ္းေစ်းႀကီးလိမ့္မယ္လို႔ပဲ။

အာရီ(အန္တီ)က လက္ေထာင္ၿပီးေစ်းႏႈန္းကိုေျပာလာတယ္ "အလိပ္ကို အသားထည့္မွာလားမထည့္ဘူးလား အသားထည့္ရင္၂၀ယြမ္ပါ"

တကယ္လို႔အသားမထည့္ရင္ တစ္လိပ္လုံးက ဂ်ဴးေတြခ်ည္းပဲျဖစ္ေနလိမ့္မယ္။ သူတို႔အားလုံးစားႏိုင္မွာမဟုတ္ဘူး။ အဲ့တာေၾကာင့္ ေသခ်ာေပါက္အသားထည့္ရတယ္။ နင္ဇယ္နဲ႔ရွန္ရွင္းခ်န္က က်န္ေနေသးတဲ့ 'StarBean'၁၀ခုကို ျခစ္ကုတ္ထုတ္လိုက္ၿပီး ပန္ကိတ္လိပ္၂လိပ္ဝယ္လိုက္ၾကတယ္။ ဒါေပမဲ့ ေယာက္်ားေလး၃ေယာက္ စားဖို႔အထိေတာ့ လုံေလာက္မေနခဲ့ဘူး။

ရွန္ရွင္းခ်န္မေဝးလွတဲ့ေနရာက နည္းျပေတြစားပြဲေပၚက မနက္စာေတြကိုၾကည့္ေနတယ္။ သြားရည္ေတြေတာင္ မ်က္လုံးထဲကေန စီးက်လာေတာ့မတတ္ပဲ။

က်န္ရွင္းေဆြ႕ သူ႔ကိုအၾကည့္ေတြေလွ်ာ့ဖို႔ ေျပာေနတုန္းမွာပဲ ႐ုတ္တရက္ စားပြဲေဘးကသူက ေအာ္ေျပာလိုက္တာကို ၾကားလိုက္ရတယ္ "က်န္ရွင္းေဆြ႕"

စကားေျပာေနတဲ့ ေကာင္ေလးေၾကာင္သြားၿပီး ေနာက္လွည့္ၾကည့္လိုက္တယ္။

စားပြဲေဘးမွာထိုင္ေနတဲ့ ဖုက်င္းေရွာင္းက သူေၾကာင္ေနတာျမင္ေတာ့ လက္ကိုေဝွ႔ရမ္းျပကာ "လာခဲ့"

က်န္ရွင္းေဆြ႕က သူ႔ကိုေခၚတာေသခ်ာသြားေတာ့ အလ်င္အျမန္ေျပးသြားလိုက္တယ္ "ေလာင္ရွီး"

ဖုက်င္းေရွာင္းက "ကိုယ့္ကိုတစ္ခုေလာက္ ကူညီေပးလို႔ရမလား?"

က်န္ရွင္းေဆြ႕ေခါင္းၿငိမ့္ျပတယ္ "ေသခ်ာေပါက္ ရတာေပါ့!"

ဖုက်င္းေရွာင္းမ်က္လုံးထဲမွာ အၿပဳံးရိပ္ေလးေတြ သန္းလ်က္ရွိတယ္ "ကိုယ့္အတြက္ ေရတစ္ပုလင္းေလာက္ သြားဝယ္ေပးပါလား"

က်န္ရွင္းေဆြ႕စဥ္းေတာင္ စဥ္းစားမေနဘဲနဲ႔ ေခါင္းၿငိမ့္လိုက္တယ္ "ေကာင္းၿပီ!"

႐ုပ္ရွင္ဧကရာဇ္ဖု ပိုက္ဆံေပးလိုက္တာနဲ႔ အေျပးေလးသြားၿပီး ေရသြားဝယ္ေတာ့တယ္။ အေနာက္ကထူရာက ၾကည့္ေနရင္း ႐ုတ္တရက္အံ့ၾသသြားရတယ္။ ေမးေစ့ကိုကိုင္ကာေျပာလိုက္တယ္ "သူမင္းကို အရမ္းယုံၾကည္တာပဲေနာ္"

ဖုက်င္းေရွာင္း တစ္ရႉးတစ္႐ြက္ယူကာ ေက်ာ့ရွင္းစြာနဲ႔လက္သုတ္လိုက္ၿပီး ေျပာလာတယ္ "ငါကလည္း လူဆိုးမွမဟုတ္တာေလ"

ထူရာဆက္မေျပာရဲေတာ့ဘူး။

အလုပ္အတူတူတြဲလုပ္လာတာၾကာေနေပမဲ့ ဒီေယာက္်ားက အလြန္ေၾကာက္ဖို႔ေကာင္းတယ္ဆိုတာ သူမသိတယ္။

က်န္ရွင္းေဆြ႕ျမန္ျမန္ပဲ ေရဝယ္ၿပီးျပန္လာခဲ့တယ္။ ၿပီးေတာ့ဖုက်င္းေရွာင္းကိုေပးလိုက္တာ "ေလာင္ရွီးရဲ႕ေရ"

ဖုက်င္းေရွာင္းက "ရွဲ႕ရွဲ႕"

က်န္ရွင္းေဆြ႕သြားေတာ့မလို႔ ေျခလွမ္းျပင္ေနတုန္းမွာပဲ စကားသံထပ္ထြက္လာေလတယ္ "ျပန္လာခဲ့"

သူလွည့္ၾကည့္လိုက္ေတာ့ လက္ထဲကိုအသားညႇပ္ေပါင္မုန္႔တစ္ခု ေရာက္လာေလတယ္။ သူစားလို႔မဝမွာ စိုးတာေၾကာင့္လာမသိဘူး။ ဖုက်င္းေရွာင္းစကၠဴအိတ္ေလးထဲကို ၾကက္ဥျပဳတ္ႏွစ္လုံးေတာင္ ထပ္ၿပီးထည့္ေပးလိုက္ေသးတယ္ "အဆာမခံနဲ႔"

?

က်န္ရွင္းေဆြ႕လုံးဝမထင္ထားမိဘူး။ သူထပ္ၿပီး ေၾကာင္အကာ ဖုက်င္းေရွာင္းကိုၾကည့္ေနမိေတာ့တယ္ "ေလာင္ရွီး....."

အေနာက္ကရွန္ရွင္းခ်န္က မေက်နပ္ျဖစ္ကာ ေျပာလာေတာ့တယ္ "နည္းျပေတြက ၿပိဳင္ပြဲဝင္ေတြကို မကူညီရဘူးလို႔ ေျပာထားတာမဟုတ္ဘူးလား ကြၽန္ေတာ္လည္းလိုခ်င္တယ္ေလ"

ဖုက်င္းေရွာင္းမ်က္ခြံလွန္ၾကည့္လိုက္ၿပီး "ဒါကသူ႔ရဲ႕သြားဝယ္ေပးခေလ ကိုယ္ကကူညီေပးေနတာမလို႔လား?"

".........."

ရွန္းရွင္းခ်န္က ထပ္ေျပာလာတယ္ "ကြၽန္ေတာ္လည္း ေျပးဝယ္ေပးလို႔ရတယ္"

အသံကက်ယ္လြန္းၿပီး နားစည္ေတြတုန္ခါသြားရတယ္။ ဖုက်င္းေရွာင္း အဲ့တာကိုမႀကိဳက္ေတာ့ "ဆူလိုက္တာ"

ပါးစပ္ကဆူတယ္ေျပာေနေပမဲ့ ဖုက်င္းေရွာင္းထူရာကို တစ္ခ်က္ၾကည့္လိုက္တယ္။ သူ႔အၾကည့္ကိုရလိုက္ေတာ့ ထူရာလည္းမတတ္ႏိုင္ေတာ့ဘဲ "အဲ့တာဆို က်ဲကိုလည္းေရတစ္ပုလင္းေလာက္ ကူၿပီးဝယ္ေပးပါဦး"

ရွန္ရွင္းခ်န္လည္း အေျပးသြားၿပီးဝယ္ေပးလိုက္တယ္။ သူျပန္လာေတာ့ ထူရာလည္းစားပြဲေပၚက စားစရာေတြအကုန္ ထည့္ေပးလိုက္ေတာ့တယ္။

ပရိသတ္ေတြဒါကိုျမင္ေတာ့ စခရင္တစ္ခုလုံး'ဟဟ'ေတြနဲ႔ပဲ ျပည့္သြားေတာ့တယ္ :

"ဖုေကာနဲ႔ ထူရာက်ဲက ကေလးေတြကိုအေတာ္ ေစာင့္ေရွာက္ေပးတတ္တာပဲ"

"ၾကည့္ရတာအတုလိုမဟုတ္ေပမဲ့ေလ"

"ဟားဟားဟား ေရဝယ္တာ စိတ္ထဲရွိေနတာမ်ိဳးေတာ့ မဟုတ္ဘူးပဲ!"

စားစရာေတြယူၿပီးသြားေတာ့ က်န္ရွင္းေဆြ႕နဲ႔သူတို႔ အသားညႇပ္ေပါင္မုန္႔ကို ခြဲေဝစားကာ ေတာင္ဆက္တက္ၾကေတာ့တယ္။ ဒီတစ္ေခါက္ေတာ့ စားေသာက္ၿပီးသြားတာေၾကာင့္ ေတာင္တက္ရတာေပါ့ပါးသြားသလိုပဲ။ သုံးေလးနာရီေလာက္ ဆက္တက္ၿပီး ေနာက္ဆုံးေတာ့ သူတို႔အုပ္စုေတာင္ထိပ္ထိ တက္ႏိုင္လာၾကၿပီ။ ၿပီးေတာ့ဒီအခ်ိန္မွာ မနက္ငါးနာရီေလာက္ျဖစ္ေနေလၿပီ။ ေကာင္းကင္ကအခုမွ လင္းလာေနတုန္းျဖစ္တယ္။ ေတာင္ေပၚကေလက အနည္းငယ္ေအးေပမဲ့ ေတာင္တက္ၿပီးလာတဲ့သူေတြအတြက္ေျပာရရင္ ပူအိုက္ေနၾကတဲ့အတြက္ ေလေလးတိုက္ေနမွ ေနလို႔အဆင္ေျပျဖစ္တယ္။

႐ိုက္ကူးေရးအဖြဲ႕ကနည္းျပေတြက အေစာကတည္းကေစာင့္ေနၾကၿပီ။

တစ္ျဖည္းျဖည္းနဲ႔ လမ္းေပၚကေန ေက်ာင္းသားေတြေတာ္ေတာ္မ်ားမ်ား တက္လာႏိုင္ေနၾကၿပီ။ ဒါေပမဲ့အားလုံးက အစုအစုေလးေတြနဲ႔ တက္လာၾကတာျဖစ္တယ္။ ေတာင္ထိပ္မွာရပ္လိုက္ၾကၿပီး မနက္ခင္းရဲ႕ေလညႇင္းေလးကို တိတ္တဆိတ္ခံစားေနၾကတယ္။

ဖုက်င္းေရွာင္းက "ပင္ပန္းၾကလား?"

အားလုံးကသံၿပိဳင္ေအာ္လာၾကတယ္ "ပင္ပန္းပါတယ္!"

"ေလ့က်င့္ရတာထက္ ပိုပင္ပန္းတာလား?"

"အတူတူနီးပါး ပင္ပန္းပါတယ္!"

ဖုက်င္းေရွာင္း ႏႈတ္ခမ္းေတြကိုတြန္႔ေကြးလိုက္ၿပီး "ေတာင္ေအာက္ဆင္းရတဲ့လမ္းကေတာ့ ပင္ပန္းမွာမဟုတ္ဘူး ဒါေပမဲ့တစ္ဘဝလုံး ေခါင္းေမာ့သြားႏိုင္ေတာ့မွာ မဟုတ္ဘူး"

"ေက်ာင္းသားေတြအားလုံးနီးပါး ကိုယ့္အဆင့္ကိုသိၿပီးၾကေလာက္ၿပီလို႔ ကိုယ္ထင္တယ္" ဖုက်င္းေရွာင္းအားလုံးကို ေဝ့ဝဲၾကည့္လိုက္ၿပီး "အခုစိတ္အေျခေနဘယ္လိုလဲ?"

အားလုံးတစ္ေယာက္နဲ႔တစ္ေယာက္ ၾကည့္လိုက္ၾကေပမဲ့ ဘာမွေျပာမလာၾကဘူး။

ဖုက်င္းေရွာင္းအေနာက္က ေက်ာက္တုံးကိုမွီလိုက္ၿပီးေတာ့ ျဖည္းညႇင္းစြာေျပာလိုက္တယ္ "အရည္အခ်င္းမျပည့္မွီတဲ့ ေက်ာင္းသားေတြအားလုံး ကတ္ေပၚမွာေရးထားတဲ့ စကားတစ္ခြန္းကို ေတြ႕လိုက္ရမယ္လို႔ ကိုယ္ထင္တယ္ အဲ့တာက'ေတာင္ဆက္တက္ဖို႔ကို အခ်ိန္မေ႐ြးလက္ေလွ်ာ့ႏိုင္ၿပီး ျပန္အနားယူလို႔ရပါတယ္'လို႔ေပါ့ ဒါေပမဲ့ကိုယ္နဲ႔ နည္းျပေတြဒီကိုေရာက္လာတဲ့အခ်ိန္မွာ ရခဲ့တဲ့သတင္းက ဒီေနရာက၅၆ေယာက္လုံး တစ္ေယာက္မွမေလွ်ာ့သြားဘူးဆိုတာပဲ"

လူတစ္ဝက္ေလာက္က ထြက္သြားရမယ္ဆိုေပမဲ့ အားလုံးကေနာက္ဆုံးထိ ႀကိဳးစားခဲ့ၾကတုန္းပဲ။

ဖုက်င္းေရွာင္းရဲ႕မ်က္ႏွာေပၚမွာ ခ်ီးက်ဴးတဲ့အရိပ္အေယာင္ေလးေတြ ေပၚလာတယ္ "အခု အားလုံးေနာက္လွည့္လိုက္"

သူတို႔အားလုံးေနာက္လွည့္လိုက္ၾကတယ္။ သူတို႔အေနာက္က ရႈခင္းေတြကိုေက်ာေပးထားတဲ့အခ်ိန္မွာပဲ ေျပာင္းလဲမႈတစ္မ်ိဳးကိုေတြ႕လိုက္ရတယ္။ ေကာင္းကင္ႀကီးက တျဖည္းျဖည္းနဲ႔ေ႐ႊေရာင္သန္းလာေလၿပီ။ ေ႐ႊေရာင္ေလးကလည္း တိမ္ေတြၾကားထဲက ထြက္လာေနေလၿပီ။ ေနလုံးႀကီးကတျဖည္းျဖည္းျမင့္တက္လာေနတယ္။ ညအေမွာင္ေတြကို တျဖည္းျဖည္းဝါးမ်ိဳသြားၿပီး ေတာက္ပလာကာ တိမ္ပင္လယ္ႀကီးက အားလုံးရဲ႕မ်က္စိေရွ႕ေပၚလာေနၿပီး ေ႐ႊေရာင္အလင္းေတြကလည္း အားလုံးေပၚကို ျဖန္႔က်က္လို႔ထားတယ္။

ဘယ္စကားလုံးကမွ အခုအခ်ိန္မွာျဖစ္ေပၚေနရတဲ့ စိတ္ခံစားခ်က္ကိုေပၚလြင္ေအာင္ ေဖာ္ျပႏိုင္ျခင္းမရွိဘူး။

ေတာင္တက္ရတုန္းက ႏြမ္းနယ္မႈေတြေျပေပ်ာက္သြားရၿပီး အားလုံးရဲ႕ႏွလုံးသားထဲမွာ အစြဲၿမဲဆုံးက်န္ေနခဲ့တာက ဒီလိုလတ္ဆတ္တဲ့ေနေရာင္ျခည္ေလးပဲျဖစ္တယ္။

ဖုက်င္းေရွာင္းအသံကအေနာက္ကေန ထြက္လာတယ္ "မင္းတို႔တစ္ေယာက္စီတိုင္း ဒီလိုေႏြးေထြးမႈမ်ိဳးကို အၿမဲထိန္းသိမ္းထားလို႔ရတယ္ သြားရမဲ့လမ္းက ဘယ္ေလာက္ပဲေဝးေနပါေစ ဘယ္ေလာက္ပဲပင္ပန္းရပါေစ လုံးဝလက္မေလွ်ာ့ၾကပါနဲ႔ ႀကိဳးစားၿပီးအားတင္းထားမႈေၾကာင့္ပဲ ေနေရာင္ကိုျမင္ေတြ႕ႏိုင္ၾကတာ"

လီေလာင္ရွီးၿပဳံးလိုက္ၿပီး "မင္းတို႔အခု အထုတ္ခံလိုက္ရတယ္ဆိုရင္ေတာင္ လက္မေလွ်ာ့ၾကနဲ႔ မင္းတို႔သတၱိရွိရွိနဲ႔ ေလွ်ာက္လွမ္းရမယ္မလား တကယ္လို႔အရမ္းပင္ပန္းေနရင္ အံ့ႀကိတ္ၿပီးႀကိဳးစားရမွာေပါ့"

"ဒီလိုမွပဲ" ဖုက်င္းေရွာင္းရဲ႕အသံ ျဖည္းညႇင္းေနေပမဲ့ ခြန္အားအျပည့္ပါေလတယ္။ သူ႔စကားလုံးတိုင္းက ေက်ာင္းသားေတြရဲ႕ႏွလုံးသားထဲ စိမ့္ဝင္သြားၾကတယ္ "မင္းတို႔ေမွ်ာ္လင့္ခ်က္ေတြရွိလာၿပီး အႏိုင္ရသူနဲ႔အတူ အ႐ုဏ္ဦးအလင္းေရာင္ကို ျမင္ေတြ႕ႏိုင္ၾကမွာ"

ေနလုံးႀကီးက တျဖည္းျဖည္းျမင့္တက္ေနတယ္။ ေ႐ႊဝါေရာင္ေနေရာင္က လူတိုင္းရဲ႕ပုခုံးေတြအေပၚကိုသက္ဆင္းသြားၿပီး ေမွ်ာ္လင့္ခ်က္ေတြယူေဆာင္လာေပးေနတယ္။

ေနေရာင္က အရမ္းေတာက္ပလြန္းေနတာေၾကာင့္မလို႔လားမသိ ေက်ာင္းသားေတြအားလုံး ေခါင္းေတြငုံ႔ေနၾကၿပီး မ်က္ဝန္းေတြလည္းနီလို႔ေနတယ္။ ၿပီးေတာ့အနည္းငယ္ရွက္ကို႔ရွက္ကန္းနဲ႔ မ်က္ရည္ေတြသုတ္လိုက္ၾကတယ္။ အစကသူတို႔ အနည္းငယ္ဝမ္းနည္းေနေပမဲ့ ႐ိုက္ကူးေရးအဖြဲ႕ရဲ႕အစီအစဥ္ေၾကာင့္ သူတို႔စိတ္ထဲကဝမ္းနည္းမႈေတြေပ်ာက္သြားရေတာ့တယ္။

သူတို႔ႀကိဳးစားရမယ္။ အရႈံးေပးလိုက္လို႔မရဘူး။ ေအာက္ကိုသက္ဆင္းသြားလို႔မျဖစ္ဘူး။ အားတင္းၿပီးႀကိဳးစားေနမွပဲ ေအာင္ျမင္မႈကိုရယူႏိုင္မွာ။

..........

လဝက္ၾကာၿပီးေနာက္

က်န္ရွိေနတဲ့ေက်ာင္းသား၁၆ေယာက္က ေနာက္ဆုံးၿပိဳင္ပြဲကို ဆက္လက္ယွဥ္ၿပိဳင္ၾကတယ္။

'StarLight'အစီအစဥ္က စုစုေပါင္း၄လၾကာျမင့္ခဲ့တယ္။ ပူျပင္းတဲ့ေႏြကေန ေဆာင္းဦးပိုင္းေရာက္လာတဲ့အခ်ိန္ထိပဲ။ အားကစားခန္းမေလးထဲမွာ လူေတြအမ်ားႀကီး ေသြးမ်က္ရည္ေတြနဲ႔ ေပ်ာ္စရာေတြက်ခဲ့ရတယ္။ အဲ့တာကငယ္႐ြယ္မႈေတြနဲ႔ အမွတ္တရေတြအမ်ားႀကီးကို သယ္ေဆာင္ထားတုန္းပဲ။

ဒီေန႔ဖိုင္နယ္ၿပိဳင္ပြဲေန႔ပဲ။ အားကစားခန္းမရဲ႕ အစည္ကားဆုံးေနလည္းျဖစ္တယ္။ မီဒီယာေတြရဲ႕ကားေတြကလည္း အေနာက္တံခါးမွာ ရပ္ထားၾကတယ္။  liveလႊင့္ဖို႔နဲ႔ ၿပိဳင္ပြဲဝင္ေတြကိုအင္တာဗ်ဴးတာ အဆင္ေျပဖို႔အတြက္ ပရိသတ္ေတြလက္မွတ္ျဖတ္ၿပီး အထဲဝင္ဖို႔ကို အေရွ႕တံခါးမွာစီစဥ္ထားတာျဖစ္တယ္။ ဒီေန႔ၿပိဳင္ပြဲဝင္ေတြရဲ႕ မိသားစုေတြေတာ္ေတာ္မ်ားမ်ားလာၾကတယ္။ ၿပိဳင္ပြဲဝင္ေတြရဲ႕ ကုမၸဏီေတြလည္းလာၾကတယ္။ ေလးလဆိုတဲ့ ရက္၁၀၀ေက်ာ္အတြင္းမွာ ပင္ပန္းခဲ့တာေတြအားလုံးက ဒီေန႔မွာနံပါတ္ေလးတစ္ခုအေနနဲ႔ က်န္ရွိေနခဲ့တယ္။

..........

စင္ေနာက္မွာ

အရႈပ္ေထြးႀကီးျဖစ္ေနၾကတယ္။

မိတ္ကပ္ဆရာက ၿပိဳင္ပြဲဝင္ေတြကိုျပင္ဆင္ေပးေနတယ္။ ဒီေန႔ကေက်ာင္းသား၁၀၈ေယာက္လုံး ျပန္လာၾကတာျဖစ္တယ္။ မတူညီတဲ့ၿပိဳင္ပြဲဝင္ေတြရဲ႕ အဝတ္အစားေတြေရာ ေဖ်ာ္ေျဖေရးဝတ္စုံေတြေရာ ျပင္ဆင္ရတာျဖစ္တယ္။ ဒီတစ္ေခါက္ ဧည့္သည္နည္းျပေတြေရာ လာတာေၾကာင့္ လည္ထြက္ေနေအာင္ကို အလုပ္မ်ားေနေတာ့တယ္။

က်န္ရွင္းေဆြ႕ ရွန္ရွင္းခ်န္ရဲ႕အဝတ္ေတြကို ျပန္ျပင္ေပးရင္းနဲ႔ ေျပာလိုက္တယ္ "မင္းအိမ္သာသြားတာ ဘယ္လိုလုပ္ၿပီးဒီလိုျဖစ္လာတာလဲ ေဖ်ာ္ေျဖေနတဲ့အခ်ိန္ ဖန္ေတြျမင္သြားၿပီး အရယ္ခံရမွာမေၾကာက္ဘူးလား"

ရွန္ရွင္းခ်န္ႏွာမႈတ္လိုက္ၿပီး "ေကာ္လံေလးေခါက္ေန႐ုံပါဟ ေကာရဲ႕ေခ်ာေမာမႈက ေကာ္လံေလးေၾကာင့္ ပ်က္သြားမတဲ့လား"

".........."

ရွန္ရွင္းခ်န္ကို သူ႔ရဲ႕ကိုယ့္ကိုယ္ကိုယုံၾကည္မႈေတြကို သူ႔ဆီတစ္ဝက္ေလာက္ခြဲေပးေစခ်င္လိုက္တာ။

က်န္ရွင္းေဆြ႕မတတ္သာဘဲ သက္ျပင္းခ်လိုက္တယ္။ ဒါေပမဲ့စကားေတာ့ေျပာမလာဘူး။

အေရွ႕ဘက္မွာပြဲစဖြင့္ေနၿပီျဖစ္တယ္။ ဒီတစ္ေခါက္ေဖ်ာ္ေျဖပြဲက အရင္ကပုံေတြနဲ႔မတူေတာ့ဘူး။ အားလုံးကိုအဆင့္ျမႇင့္ထားၿပီး ၃၆၀ဒီဂရီျမင္ကြင္းနဲ႔ျဖစ္တယ္။ စင္ေပၚကမီးေရာင္ေတြက ေႏြးေထြးတဲ့အဝါဘက္သန္းကာ ေတာက္ပေနတယ္။ ပတ္ဝန္းက်င္တစ္ခုလုံးကလည္း ပရိသတ္ေတြနဲ႔ျပည့္ႏွက္ေနတယ္။ အရမ္းပဲစည္ကားလို႔ေပါ့။

စင္ေပၚမွာျမဴေတြလို ထြက္ေပၚလာတာနဲ႔ နည္းျပေတြလည္း စင္ေပၚတက္လာၾကတယ္။

ဒီေန႔နည္းျပေတြအားလုံးက အဝတ္အစားကိုေလးေလးနက္နက္ပဲ ဝတ္ဆင္ထားတယ္။ ထူရာက အျဖဴေရာင္ပြဲတက္ဂါဝန္ေလးကို ဝတ္ဆင္ထားတယ္။ ဖုက်င္းေရွာင္းက ေတြ႕ရခဲစြာပဲ စိမ္းျပာေရာင္အေနာက္တိုင္းအက်ႌ ဝတ္ထားတယ္။ အၿမဲေပါ့ေပါ့ပါးပါးပဲ ဝတ္တတ္တဲ့လီေလာင္ရွီးလည္း သပ္ရပ္တဲ့အက်ႌေျပာင္းဝတ္ထားေလတယ္။ ဒီေန႔က ေက်ာင္းသားေတြအဖြဲ႕စဖြဲ႕မဲ့ညျဖစ္ေတာ့ နည္းျပေတြေရာ နယ္ပယ္အရပ္ရပ္ကလာၾကတဲ့သူေတြပါ ေလးစားမႈျပသၾကတယ္။

..........

လီေလာင္ရွီးကင္မရာကို ၾကည့္ကာေျပာလိုက္တယ္ " 'StarLight'ရဲ႕ဖိုင္နယ္ၿပိဳင္ပြဲကို လာေရာက္ေပးၾကတဲ့အတြက္ အားလုံးကိုေက်းဇူးတင္ပါတယ္ ဒီေန႔ညမွာ ကြၽန္ေတာ္တို႔ေက်ာင္းသား၁၀၈ေယာက္က သူတို႔ရဲ႕ဆုယူရမဲ့အခမ္းအနားရွိပါမယ္။ ၿပီးေတာ့ကြၽန္ေတာ္တို႔ဖိုင္နယ္မွာ က်န္ရွိေနေသးတဲ့ၿပိဳင္ပြဲဝင္ေတြအတြက္ကေတာ့ ပြဲဦးထြက္ေနရာ၆ေနရာ ထြက္လာပါလိမ့္မယ္!"

ထူရာကမိုက္ခ္ယူၿပီး ကင္မရာကိုၿပဳံးၿပီး ၾကည့္ကာဆက္ေျပာတယ္ "အခုအတြက္ကေတာ့ ကြၽန္မတို႔ရဲ႕မဲေပးတဲ့ အစီအစဥ္ကစတင္ေနပါၿပီ ဒီေန႔၇နာရီကေန ၁၀နာရီခြဲအတြင္းမွာ အားလုံးကို မဲေပးႏိုင္ၿပီး အားလုံးကိုယ္ႀကိဳက္ႏွစ္သက္တဲ့ ၿပိဳင္ပြဲဝင္ကို အဖြဲ႕ဖြဲ႕ႏိုင္ဖို႔ကူညီႏိုင္ပါတယ္ ဒါကေနာက္ဆုံးႀကိဳးစားျခင္းပဲျဖစ္ၿပီး ေနာက္ဆုံးပြဲလည္းျဖစ္ပါတယ္"

ဖုက်င္းေရွာင္းက ဆက္ေျပာတယ္ "အခုကေနစၿပီး 'Octopus Live App' 'Little Sun Live App'တို႔ကေန မဲေပးဖို႔စတင္ဖြင့္လွစ္လိုက္ပါၿပီ အားလုံးေသာၾကယ္ေလးေတြက အဆင့္အမ်ားဆုံးဘုရင္ အေက်ာ္ၾကားဆုံးဘုရင္ တို႔အတြက္မဲေပးဖို႔ပါဝင္ႏိုင္ပါတယ္ ၿပီးေတာ့မဲအႏိုင္ရရွိသူက ဒီAppႏွစ္ခုရဲ႕ spokespersonျဖစ္လာမွာပါ 'StarLight'မွာ မင္းတို႔ႀကိဳက္တဲ့ၿပိဳင္ပြဲဝင္ကို မဲသြားေပးလိုက္ပါေတာ့ေနာ္"

ပြဲတစ္ခုလုံးမွာ လူေတြအျပည့္ပဲျဖစ္ၿပီး ေလထုကလည္း စိတ္လႈပ္ရွားမႈေတြနဲ႔ ျပည့္ႏွက္လာေတာ့တယ္။

လီေလာင္ရွီးက ဆက္ၿပီးမိတ္ဆက္လာတယ္ "ဒီညကြၽန္ေတာ္တို႔ၿပိဳင္ပြဲဝင္၁၆ေယာက္က အဖြဲ႕သုံးဖြဲ႕ခြဲလိုက္ၿပီး အားလုံးကိုအံ့အားသင့္ဖို႔ေကာင္းတဲ့ ေဖ်ာ္ေျဖမႈေတြယူေဆာင္လာေပးမွာမလို႔ အားလုံးအတူတူေစာင့္ၾကည့္လိုက္ရေအာင္ေနာ္"

မီးေရာင္ေတြမွိတ္လိုက္တာနဲ႔ ပထမဆုံးအဖြဲ႕က စင္ေပၚတက္လာေတာ့တယ္။

အန္းရန္းနဲ႔လီ႐ႊိအန္းတို႔ရဲ႕ပထမအဖြဲ႕ ေဖ်ာ္ေျဖမဲ့သီခ်င္းက ကဗ်ာဆန္ဆန္နဲ႔ ေပါက္ကြဲလြယ္တဲ့အမ်ိဳးအစားကို ေပါင္းစပ္ထားတဲ့ 'Sun'ျဖစ္တယ္။ အန္းရန္ဒီေန႔ျပင္ဆင္ထားတာက အႀကံအႀကီးႀကီးျဖစ္တယ္။ ျမဴးႂကြၿပီး ခ်စ္ဖို႔လည္းေကာင္းတဲ့ဝတ္စုံက အက်ႌဒီဇိုင္းအဖြဲ႕ကို ဆယ္ခါေလာက္ျပင္ခိုင္းၿပီးမွ ရလာတဲ့ဝတ္စုျဖစ္တယ္။ စင္ေအာက္ကဖန္ေတြကလည္း သူတို႔ကိုျမင္လိုက္ရတာနဲ႔ ေအာ္ဟစ္လာတယ္ :

"ရန္ရန္ က်ား႐ို!"

"debutႏိုင္ရမယ္ေနာ္!"

"ကြၽန္ေတာ္ကက်စ္ေကာရဲ႕ဖန္ပါ ေသခ်ာေပါက္မင္းကို မဲေပးမယ္!"

လီ႐ႊိအန္းအပါအဝင္ ဒီအဖြဲ႕ထဲမွာေက်ာ္ၾကားတဲ့ၿပိဳင္ပြဲဝင္ေတြပါၾကတယ္။ သူတို႔ေဖ်ာ္ေျဖေနတဲ့အခ်ိန္မွာ ပြဲထဲမွာလည္းတူညီစြာပဲ သက္ဝင္ေနၾကတယ္။ ပထမဆုံးေဖ်ာ္ေျဖမႈနဲ႔ အစေကာင္းတယ္လို႔ေျပာလို႔ရတယ္။ မၾကာခင္ပဲဒုတိယအဖြဲ႕ေဖ်ာ္ေျဖဖို႔အလွည့္ ေရာက္လာခဲ့တယ္။ က်န္ရွင္းေဆြ႕တို႔ကတတိယအဖြဲ႕ထဲမွာျဖစ္တယ္။ အဲ့တာေၾကာင့္တစ္ေလွ်ာက္လုံး စင္ေအာက္မွာရွိေနခဲ့တယ္။

ေစာကနစလို႔ ရွန္ရွင္းခ်န္စိတ္လႈပ္ရွားေနေတာ့တယ္။

က်န္ရွင္းေဆြ႕က သူနဲ႔နင္ဇယ္ကိုၾကည့္ၿပီး ေျပာလိုက္တယ္ "စိတ္မလႈပ္ရွားပါနဲ႔ ေနာက္ဆုံးတစ္ညပဲက်န္ေတာ့တာ ငါတို႔ေကာင္းေကာင္းေဖ်ာ္ေျဖႏိုင္ရမယ္ အနည္းဆုံးပရိသတ္ေတြဆီမွာ အျမင္ေကာင္းေလးခ်န္ထားခဲ့ႏိုင္ရမယ္"

ရွန္ရွင္းခ်န္သူ႔ကို စိုက္ၾကည့္လိုက္ၿပီးေတာ့ "မင္းဘာစကားေျပာတာလဲ ဘာေနာက္ဆုံးတစ္ညလဲ?"

က်န္ရွင္းေဆြ႕မတတ္ႏိုင္ေတာ့ဘဲ "ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္ ငါစကားမွားတာ"

နင္ဇယ္လက္ထုတ္လိုက္ၿပီး "အတူတူႀကိဳးစားၾကတာေပါ့"

အသင္းတူတဲ့တျခားသူေတြလည္း ေရာက္လာၾကတယ္။ ဒီအခ်ိန္မွာ အားလုံးစိတ္ထဲမွာ တူညီတဲ့အရာတစ္ခုကိုပဲ ေတြးေနၾကတယ္။ ေဖ်ာ္ေျဖမႈကိုအေကာင္းဆုံးလုပ္ရမယ္။ ဘယ္ေနာင္တမွခ်န္မထားခဲ့ဘူး။

ျမန္ျမန္ပဲ အေရွ႕ကေနအသံၾကားလိုက္ရတယ္ "ဆက္လက္ၿပီး ေနာက္ဆုံးအဖြဲ႕ကိုဖိတ္ေခၚပါတယ္ သူတို႔ဆိုမဲ့သီခ်င္းကေတာ့ 'ကမာၻႀကီးကအလြယ္တကူၿပိဳလဲမွာမဟုတ္ဘူး'ပဲျဖစ္ပါတယ္"

__________________
Word – 4712
Nov 21,2022(Mon)
Xiao Dream

"ပန္ကိတ္လိပ္"ဆိုတာက ေျပာင္းဖူးမႈန္႔၊ ဂ်ဳံျဖဴ၊ ၾကက္ဥနဲ႔ ဂ်ဴးတို႔ သုံးၿပီးေတာ့ ျပဳလုပ္တဲ့မုန္႔ပါတဲ့။ ရွန္းတုန္းကေဒသထြက္ အစားအစာတစ္မ်ိဳးလို႔ ေျပာပါတယ္။ မုန္႔နာမည္ ဘယ္လိုေခၚလဲဆိုတာ သိၾကရင္လည္း ေျပာျပေပးသြားၾကပါအုန္းေနာ္။ Dreamမသိလို႔ပါ။

သူတို႔တက္ေနၾကတဲ့ 'ထိုက္ေတာင္'ဆိုတာက ထိုက္အန္းၿမိဳ႕ရဲ႕ေျမာက္ဘက္မွာ တည္ရွိၿပီးေတာ့ သမိုင္းနဲ႔ယဥ္ေက်းမႈဆိုင္ရာ အေရးပါတဲ့ေတာင္ျဖစ္တယ္လို႔ ေျပာပါတယ္။ 'ထိုက္ေတာင္'က တ႐ုတ္ႏိုင္ငံ ရွန္တုန္းၿမိဳ႕ရဲ႕အျမင့္ဆုံးေနရာပါတဲ့။ အဓိကေတာင္ထိပ္ျဖစ္တဲ့ ယြီဟြမ္ေတာင္ထိပ္က ပင္လယ္ေရမ်က္ႏွာျပင္အထက္ 1532.7မီတာျမင့္တယ္လို႔ ေတြ႕ပါတယ္ဗ်။

ဒါေတြက Dreamရွာေတြ႕တာကို နားလည္သေလာက္ ျပန္ေရးထားတာမလို႔ တစ္စုံတစ္ခုမွားယြင္းခဲ့သည္ရွိေသာ္ ေတာင္းပန္ပါတယ္ေနာ္။

ဒါဒါေလးတစ္ေယာက္ကို ၆နာရီေလာက္တင္ေပးမယ္ေျပာၿပီး အခုမွတင္ႏိုင္သြားပါတယ္။ ေနာက္က်ေနလို႔ေတာင္းပန္ပါတယ္ေနာ္ ဒါဒါေလးဗ်။ စာရွည္သြားပါၿပီ။ ေကာင္းေသာညေလးျဖစ္ၾကပါေစေနာ္။

Continue Reading

You'll Also Like

38.2K 5.2K 6
နတ်ဆိုးလေးတစ်ကောင်က ကျင့်ကြံသူလေးရဲ့နောက်ကို တကောက်ကောက်လိုက်ပြီး သူနဲ့အိပ်ဖို့ ပြောနေတယ်။ I am just Translator and this precious story is not belong...
138K 16.6K 76
ယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေး...
1.1M 57.6K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...