အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 305K 23.6K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 35.2

12.4K 2.1K 158
By Xiao_Dream

Unicode

မားမား
_______

"Happy Birthday!"

အခန်းထဲမှာ ဂုဏ်ပြုသံတွေနဲ့ ဆူညံသွားတော့တယ်။

ကျန်ရှင်းဆွေ့မျက်လုံးဖွင့်ကြည့်လိုက်တော့ ဝမ်းရှန်းကောရော နင်ဇယ်ရောနှစ်ယောက်လုံး အဲ့ဒီမှာရပ်နေကြတယ်။ ရှန်ရှင်းချန်ကနောက်မှာရပ်နေပြီး သုံးယောက်လုံးကပြုံးရယ်နေကြတယ်။ လက်ထဲမှာလည်းမီးရှူးမီးပန်းလေးတွေကိုင်ထားတုန်းပဲ။

"မင်း...မင်းတို့..." ကျန်ရှင်းဆွေ့ ချက်ချင်းမတုံ့ပြန်နိုင်လေဘူး။ စကားပြောတဲ့အချိန်မှာ ထစ်တောင်ထစ်နေလိုက်သေးတယ် "မင်းတို့ဒါက?"

ရှန်ရှင်းချန်က နှာခေါင်းလေးပွတ်လိုက်ကာ ချောမောနေပုံဖမ်းပြီး "မတွေ့ဘူးလား မင်းအတွက်မွေးနေ့လုပ်ပေးတာလေ ဒီနေ့ကမင်းမွေးနေ့မဟုတ်လား?"

ကျန်ရှင်းဆွေ့စကားပြောချင်တယ်။ သူတို့ဘယ်လိုသိတာလဲဆိုတာမေးချင်တယ်။ သူဘယ်လိုခိုးထွက်လာတာလဲဆိုတာ မေးချင်တယ်။ ဘယ်ကမီးရှူးမီးပန်းတွေလဲလို့ မေးချင်တယ်။ စကားလုံးတွေများပြားလွန်းပြီး နောက်ဆုံးဘာကိုအရင်ပြောသင့်မှန်း မသိတော့ဘူး။ သူတုံ့ဆိုင်းသွားပေမဲ့ ဘာစကားမှထွက်မလာနိုင်ဘဲ မျက်လုံးတွေပဲနီရဲလာခဲ့ရတယ်။

ရှန်ရှင်းချန်ကအလျင်အမြန်ပဲ "အိုက်ရိုးအိုက်ရိုး ကောကိုကျေးဇူးတင်စရာမလိုပါဘူး ကောကဒီတိုင်းပြောပေးရုံပါ မင်းလုံးဝခန္ဓာကိုယ်ကိုသုံးပြီး ကတိမပေးရဘူးနော် ငါကမင်းကို ညီလေးလိုပဲမြင်တာ"

".........."

ကျန်ရှင်းဆွေ့မျက်ရည်လေးတွေဝဲပြီး ရယ်လိုက်မိတယ်။

ဘာလို့ဒီကောင်လေးက လေထုကိုတစ်စက္ကန့်အတွင်း ချိုးဖျက်နိုင်စွမ်းရှိနေရတာလဲ?

နင်ဇယ်က ကျန်ရှင်းဆွေ့ကိုအထဲခေါ်တယ် "အထဲကိုလာ"

ကျန်ရှင်းဆွေ့လည်း သူနဲ့အတူတူအရှေ့ဆက်သွားလိုက်တယ်။ ဖဲကြိုးလေးတွေနောက်မှာ စားပွဲတစ်လုံးကိုတွေ့လိုက်ရတယ်။ စားပွဲပေါ်မှာအကြော်ပန်းကန်တွေတွေ့လိုက်ရတယ်။ ကြည့်ရတာနည်းနည်းတော့ ထူးဆန်းနေလေတယ်။ ဥပမာ အားလူးကြော်တို့၊ တို့ဖူးနဲ့ဂေါ်ဖီနဲ့တို့ ပြီးတော့ ဟင်းချိုရည်။ အမျိုးမျိုးသောဟင်းတွေ အတူတူရောလိုက်တော့ ကြည့်ရတာတစ်မျိုးဖြစ်နေတော့တယ်။

နင်ဇယ်က "အားလုံးက ရှင်းချန်ရဲ့အကြံပေးချက်တွေလေ သူကမင်းမွေးနေ့မှာ ကိုယ်တိုင်ချက်ချင်လို့တဲ့"

ဝမ်းရှန်းကောကတိုင်ကြားတဲ့ပုံနဲ့ "ဒါပေမဲ့ တကယ်စားမကောင်းဘူး"

ရှန်ရှင်းချန်ကခြိမ်းခြောက်တဲ့ပုံနဲ့ အော်လိုက်တယ် "ဘာပြောတယ်?"

ဝမ်းရှန်းကောအဲ့ဒီတော့မှ ပါးစပ်ပိတ်သွားတော့တယ်။

တကယ်တော့သူပြောစရာမလိုပါဘူး။ ကြည့်ရုံနဲ့တင် ကျန်ရှင်းဆွေ့က ဒီဟင်းတွေအရသာဘယ်လိုနေမလဲဆိုတာ သိနိုင်ပါတယ်။ ဒါပေမဲ့ မီးရှူးမီးပန်းတွေထွက်လာသလိုပဲ သူ့စိတ်ထဲမှာလည်း နွေးထွေးလို့နေတယ်။ ဒီလိုအသက်ဝင်နေတဲ့နေရာမှာ သူကျေနပ်မှုပဲခံစားရတယ်။

ရှန်ရှင်းချန်က "မင်းငါ့ကိုမမုန်းနဲ့နော် မင်းကိုစားကောင်းတာလေး ကျွေးမှာပါ"

ကျန်ရှင်းဆွေ့သံသယဖြစ်စွာနဲ့ "ဘာလဲ?"

ရှန်ရှင်းချန်ကျေနပ်သွားတယ်။ ကျန်ရှင်းဆွေ့နောက်လှည့်ကြည့်လိုက်တော့ မဝေးတဲ့နေရာမှာ အမျိုးသမီးတစ်ယောက်တံခါးဝမှာ ရပ်နေတာကိုတွေ့လိုက်ရတယ်။ အခုကဆောင်းတွင်းရောက်နေတာဆိုတော့ အမျိုးသမီးကအတွင်းအင်္ကျီကို အဖြူရောက်သိုးမွှေးအင်္ကျီဝတ်ထားပြီး လိမ္မော်ရောင်ဖျော့ဖျော့ အပေါ်ထပ်အင်္ကျီကိုထပ်ဝတ်ထားတယ်။ သိမ်မွေ့လှပတဲ့ကျောက်ရင်ထိုးလေးထိုးထားပြီး ပုခုံးပေါ်ကျနေတဲ့ နက်မှောင်တဲ့ဆံနွယ်တွေက အနည်းငယ်ကောက်နေတယ်။ သူမကိုကြည့်ရတာ အသက်၄၀နားကပ်နေပြီလို့ထင်ရပေမဲ့ နူးညံ့တဲ့အငွေ့အသက်လေးတွေတော့ လွှမ်းခြုံထားဆဲပဲ။

ဖဲကြိုးတွေကလေထဲဝဲနေကာ အကွာအဝေးတစ်ခုကြားက မျက်လုံးနှစ်စုံဟာ အကြည့်ဆုံမိသွားတယ်။

ကျန်ရှင်းဆွေ့မူလနေရာမှာပဲ ကြောင်အကာရပ်နေမိတယ်။ ထူးခြားတဲ့ခံစားချက်မျိုးရလိုက်ပေမဲ့ ဘယ်လိုတုံ့ပြန်မှုမျိုးလုပ်ရမလဲဆိုတာ သူမသိတော့ဘူး။ ဘာစကားမှလည်းပြောမထွက်လာလေဘူး။

ရှန်ရှင်းချန်ကပြောလိုက်တယ် "မား ဘာလို့အခုမှလာတာလဲ"

"မိုးရွာတော့ လမ်းမှာကားပိတ်နေလို့" ရွှီအန်းကျန်းက ဖြည်းဖြည်းပြောတယ်။ သူမရဲ့အသံကအေးချမ်းကာ နူးညံ့လို့နေတယ်။ လက်ထဲမှာပစ္စည်းတွေအများကြီးလည်း ကိုင်ထားသေးတယ် "လုံးဝမမီတော့ဘူးထင်နေတာ မီလို့တော်သေးတာပေါ့"

ရှန်ရှင်းချန်က သူ့အမေတစ်ယောက်တည်း လာလိမ့်မယ်လို့ မထင်ထားမိဘူး။

သူမကကောင်းကောင်းဝတ်စားထားပြီး ကြည့်ရတာမနက်အစောကတည်းက ထပြီးပြင်ဆင်ထားပုံပဲ။ သင့်တော်တဲ့အဝတ်ကိုဝတ်၊ ယူမဲ့ပစ္စည်းတွေအစောကတည်းက အဆင်သင့်ပြင်ထားပြီး ဂရုတစိုက်နဲ့လာခဲ့တယ်။

ရှန်ရှင်းချန်က မြန်မြန်လျှောက်သွားလိုက်ပြီး ပစ္စည်းတွေယူပေးလိုက်တယ် "ဘာလို့ဒီလောက်အများကြီး ဝယ်လာရတာလဲ အကုန်လုံးကျွန်တော့အတွက် ဝယ်လာတာတွေချည်းပဲမလား ဒီထဲကဘယ်ဟာက မွေးနေ့လက်ဆောင်လဲ?"

"မဟုတ်ဘူး" ရွှီအန်းကျန်းက "အကုန်လုံးကရှင်းဆွေ့အတွက် လက်ဆောင်တွေ"

ရှန်ရှင်းချန်သူ့မျက်လုံးသူတောင်မယုံနိုင်လေဘူး။

ရွှီအန်းကျန်းက ဖြည်းဖြည်းချင်းကျန်ရှင်းဆွေ့ရှေ့ လျှောက်သွားလိုက်တယ်။ သူခေါင်းမော့ပြီး မျက်စိရှေ့ကကလေးလေးကိုကြည့်လိုက်တယ်။ ကျန်ရှင်းဆွေ့ကမီးရောင်တွေအောက်မှာရပ်နေပြီး အလင်းတွေကိုနောက်ကျောပေးထားတယ်။ သူကရှန်ရှင်းချန်ထပ် ခေါင်းတစ်လုံးလောက်ပိုနိမ့်တယ်။ သူ့တစ်ကိုယ်လုံးကပိန်ပါးနေပြီး မျက်နှာလေးကလည်း သိပ်မရင့်ကျက်သေးပုံပေါ်တယ်။ ရှန်ရှင်းချန်နဲ့တော်တော်ဆင်တဲ့ မျက်နှာပေါက်လေးက အခုချိန်မှာ သူမကိုကြောင်ကြည့်နေတယ်။ ဒီပုံစံလေးကလိမ္မာနေပြီး လူတွေကိုသနားသွားစေတယ်။

ရွှီအန်းကျန်းဘယ်အချိန်ပဲဖြစ်ဖြစ် သူ့အရှေ့မှာရပ်လိုက်တိုင်း ရင်ထဲမှာနာကျင်မှုတွေအပြည့်ဖြစ်နေရတယ် "မင်း....."

ကျန်ရှင်းဆွေ့လည်း မဆိုင်းမတွပဲ သူမလှမ်းလာတဲ့လက်လေးကို ဆုပ်ကိုင်လိုက်ပြီး နူးညံ့ပြတ်သားတဲ့အသံနဲ့ "မင်္ဂလာပါ အန်တီ"

နွေးထွေးနေတဲ့လက်တွေက ရွှီအန်းကျန်းရဲ့အေးစက်နေတဲ့လက်တွေကို ဆုပ်ကိုင်လာတယ်။

ရွှီအန်းကျန်းအနွေးဓာတ်ကို ခံစားပြီးတဲ့နောက်မှာ မသိလိုက်ပါသာနဲ့ ကျန်ရှင်းဆွေ့လက်ကိုပြန်ဆုပ်ကိုင်လိုက်တယ် "မင်္ဂလာပါ"

ရှန်ရှင်းချန်ကအနားရောက်လာပြီး "မား ကျွန်တော်ယူလာခိုင်းတဲ့ ကိတ်မုန့်ရော?"

သူမဘယ်ဟာကိုမှဖွင့်မပြောလေဘူး။

ရွှီအန်းကျန်းစိတ်နဲ့ကိုယ်ပြန်ကပ်သွားပြီး အဲ့တာကိုပြောရမှာ တွေဝေစွာနဲ့  "အဲ့တာကလေ မားမားအစကကိုယ့်ပါကိုယ် ကိတ်မုန့်လေးလုပ်ချင်တာ နောက်ဆုံးဘာဖြစ်သွားမှန်းမသိဘူး အကြိမ်အများကြီး လုပ်မရဘူးဖြစ်နေတာ အဲ့တာနဲ့မတတ်နိုင်တော့ဘဲ လူလွှတ်ပြီးသွားဝယ်ခိုင်းထားရတယ်"

ရှန်ရှင်းချန်က "ဒါဘာဖြစ်မှန်းမသိဘူးလား မားရဲ့အဲ့ဒီအိမ်ထိန်းက ဘယ်လိုလုပ်ပြီးမားကို မီးဖိုချောင်ဝင်ခိုင်းရဲရတာလဲ"

သူတို့အိမ်ကတစ်ယောက်မှ ဒီလိုအရည်အချင်းမျိုးမရှိဘူး။

ရွှီအန်းကျန်းက သူ့ကိုစိုက်ကြည့်လာတယ်။

ရှန်ရှင်းချန်ကမေးလိုက်တယ် "အဲ့တာဆို မားဘယ်သူ့ကိုသွားဝယ်ခိုင်းလိုက်တာလဲ?"

ရွှီအန်းကျန်းပြောတဲ့မဲ့ဆဲဆဲမှာ အပြင်ဘက်တံခါးက နောက်တစ်ခေါက်အဖွင့်ခံလိုက်ရတယ်။ သွယ်လျတဲ့ခြေထောက်လေးက ဝင်ရောက်လာတယ်။ တံခါးဝမှာထွက်ပေါ်လာတဲ့အမျိုးသားက အနောက်တိုင်းဝတ်စုံနဲ့ဖြစ်တယ်။ သူကအစီအစဥ်တစ်ခုခုကနေ အမြန်လာခဲ့ရပုံပေါ်တယ်။ ကိုယ်ပေါ်ကအနက်ရောင်အနောက်တိုင်းဝတ်စုံက ဖြောင့်စင်းလို့နေတယ်။ ဖုကျင်းရှောင်းပရိသတ်တွေရှေ့မှာ ဒီလိုဝတ်စုံပြည့်နဲ့ထွက်ပေါ်လာတာ အရမ်းကြာခဲ့လှပြီ။ ချောမောတဲ့မျက်နှာလေးနဲ့ မြင့်မြတ်တဲ့စိတ်ထားလေးက သူ့ကိုအားလုံးရဲ့အကြည့်တွေ သိမ်းယူလိုက်သလိုဖြစ်နေတော့တယ်။ သူ့လက်ထဲမှာပစ္စည်းတွေကိုင်ထားတယ်။ အခန်းတွင်းလေထုကိုချိုးဖျက်လိုက်ပြီး ရယ်ကာ "ကျွန်တော်လာတာနောက်ကျသွားပြီလား?"

ရွှီအန်းကျန်းက "အန်တီလည်းစောနကမှရောက်တာ ပင်ပန်းသွားရပြီကျင်းရှောင်းရေ"

"ဘယ်ကသာ မဒမ်အားနာလွန်းနေပါပြီ" ဖုကျင်းရှောင်းအနားလျှောက်လာရင်းပြောတယ် "အစောကတည်းက မှာထားပြီးသားပါ တကယ်ဆိုစောရောက်သင့်ပေမဲ့ ရာသီဥတုကြောင့် နည်းနည်းနောက်ကျနေတာ"

ကျန်ရှင်းဆွေ့နားထောင်ပြီးတော့ နည်းနည်းကြောင်အနေတုန်းပဲ။ ဒါပေမဲ့တစ်ခွန်းကိုတော့ ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ် _____ အစောကတည်းကမှာထားပြီးသားတဲ့။

ဘာ...အဓိပ္ပာယ်လဲ?

အစောကတည်းက သူ့အတွက်ကိတ်မုန့်မှာထားပေးတာလား?

ဒီလူတွေဘယ်လိုသိကြတာလဲ? ကျန်ရှင်းဆွေ့မိုးပေါ်က ပိုင်မုန့်ကြီးကျလာသလို ခံစားလိုက်ရတယ်။ သူ့တစ်ကိုယ်လုံးဘာဖြစ်နေမှန်းမသိတော့ဘူး။ တစ်ဖက်ကအရမ်းပျော်နေရသလို တစ်ဖက်ကလည်း ဒါတွေအားလုံးကအစစ်အမှန်ဟုတ်မနေမှာကို စိုးရိမ်နေမိတယ်။

ဖုကျင်းရှောင်းကသူ့ရှေ့မှာရပ်လိုက်ပြီး ချောမောတဲ့ယောက်ျားလေးက ခေါင်းငုံ့ကာသူ့ကိုကြည့်လာတယ် "မတွေ့ရတာကြာပြီနော်"

ကျန်ရှင်းဆွေ့လက်တွေကို ကိုယ်ဘေးမှဆုပ်ထားလိုက်မိတယ်။ ခေါင်းဖြည်းဖြည်းငြိမ့်ပြကာ "မတွေ့ဖြစ်တာအချိန်တစ်ခုလောက်ရှိနေတာ အမှန်ပဲ ကောအလုပ်သွားလုပ်တာလား?"

"အင်း လုပ်စရာအလုပ်လေးတွေ နည်းနည်းရှိနေလို့" ဖုကျင်းရှောင်းသူ့ကိုယ်ပေါ် ဝေ့ဝဲကြည့်လိုက်ပြီး "ခန္ဓာကိုယ်ပြန်ကောင်းလာပြီလား?"

ကျန်ရှင်းဆွေ့က "အဆင်ပြေပါတယ်"

"ကိုယ့်အထင်တော့မင်း သိပ်အဆင်ပြေမနေဘူး" ဖုကျင်းရှောင်းရဲ့အသံထဲမှာ လေးနက်မှုတွေပါဝင်နေတယ် "အချိန်မီလို့တော်သေးတယ် ဒီလိုတောင်ဖြစ်နေပြီကို မွေးနေ့မလုပ်ဘဲနေချင်တုန်းလား မင်းဒီနေ့ဒီအခွင့်အရေးနဲ့လွဲသွားရင် ကျန်းမာရေးကောင်းအောင် ဘယ်သွားဆုတောင်းတော့မှာလဲ?"

ကျန်ရှင်းဆွေ့မျက်လုံးအောက်ခြေမှာ အပြုံးလေးတွေထွက်ပေါ်လာရတော့တယ် "ရှဲ့ရှဲ့နင်"

[ဆွေ့ဆွေ့က တစ်လျောက်လုံး '您 - nin' ဆိုပြီး ယဥ်ယဥ်ကျေးကျေးသုံးသွားတာပါနော် မြန်မာလိုနာမ်စားတွေ မသုံးတတ်တော့လို့ပါ]

သူတို့စကားပြောနေကြတော့ တခြားသူတွေကအံ့အားသင့်ကုန်ကြတော့တယ်။

ရှန်ရှင်းချန်ကအဆင်ပြေနေသေးပေမဲ့ နင်ဇယ်နဲ့ဝမ်းရှန်းကောတို့ကတော့ ကျန်ရှင်းဆွေ့နဲ့ဖုလောင်ရှီးတို့ ဒီလောက်ရင်းရင်းနီးနီးစကားပြောနိုင်လိမ့်မယ်လို့ မထင်ထားကြဘူး။ သူတို့ကသေရမှာကြောက်ကြပါတယ်နော်။ ပြီးတော့ ဖုကောက ကျန်ရှင်းဆွေ့အပေါ်ဆက်ဆံတာနဲ့ တခြားသူတွေအပေါ်ဆက်ဆံတာလည်း သိပ်မတူဘူးလို့ခံစားရတယ်။

ဖုကျင်းရှောင်း ကိတ်မုန့်ကိုစားပွဲပေါ်ချလိုက်ပြီး "ဖွင့်ကြည့်လိုက်ဦး ပုံပျက်နေပြီလားလို့"

နင်ဇယ်အလျင်အမြန်ပဲ ကိတ်မုန့်ကိုဖွင့်ကြည့်လိုက်တယ်။

ပုံမပျက်နေသေးဘူး။ ပြီးတော့ အဲ့တာကအပြာရောင် နှစ်ထပ်ကိတ်ကြီးဖြစ်တယ်။ ကိတ်မုန့်ထိပ်မှာ ရွှေရောင်ကြယ်တစ်ခုကို တပ်ဆင်ထားတာက ဆွဲဆောင်မှုအပြည့်နဲ့ဖြစ်တယ်။

နင်ဇယ်နဲ့ဝမ်းရှန်းကောက အလျင်အမြန်ပဲ ဖယောင်းတိုင်ထွန်းဖို့ ကူညီပေးကြတယ်။ မကြာခင်ပဲကိတ်မုန့်ပေါ်မှာ နွေးထွေးတဲ့အဝါရောင်ဖယောင်းတိုင်တွေနဲ့ လင်းထိန်လို့နေလေပြီ။ အခန်းထဲမှာကြည့်ရတာ လူကိုစိတ်လှုပ်ရှားစေလေတယ်။ သူတို့နှစ်ယောက် စားပွဲဘေးမှာရပ်ရင်းပြုံးကာ "Happy Birthdayပါ ဆွေ့ဆွေ့"

ကျန်ရှင်းဆွေ့ဖယောင်းတိုင်တွေဆီက အနွေးဓာတ်ရမှသာ တကယ့်အစစ်အမှန်ဆိုတာကို ယုံကြည်နိုင်တော့တယ်။

ဖုကျင်းရှောင်းကဘေးမှာရပ်နေပြီး သူ့နာမည်ကိုခေါ်လာခဲ့တယ် "ကျန်ရှင်းဆွေ့"

ကျန်ရှင်းဆွေ့လှည့်ကြည့်လိုက်တယ်။

ဖုကျင်းရှောင်းနှုတ်ခမ်းတွေ တွန့်ကွေးသွားပြီး သူဘယ်နားကမှန်းမသိ ရွှေသရဖူလေး ထုတ်ယူလာခဲ့တယ်။ ဒါကမွေးနေ့ရှင်ပဲ ဆောင်းရတဲ့ဟာမျိုးလေ။ ပြီးတော့ ဖုကျင်းရှောင်းက သရဖူလေးကိုကိုယ်တိုင်လုပ်ပေးခဲ့တာ။ သူကလက်ဝေ့ရမ်းပြပြီး "ဒီကိုလာ"

ကျန်ရှင်းဆွေ့ ခြေလှမ်းအနည်းငယ်လှမ်းပြီး သူ့ရှေ့ရောက်သွားခဲ့တယ်။ ခြေလှမ်းတိုင်းမှာ ရင်ထဲပူလာရတယ်။

ရင်တွေတလှပ်လှပ်ခုန်နေကာ အောက်မှာရပ်နေတဲ့ကောင်လေးက အနည်းငယ်တွေဝေစွာနဲ့ သူ့အိုင်ဒေါကိုကြည့်လို့နေတယ်။ ဒါက အရင်ကသူ့အတွက် ပြောရမယ်ဆိုရင် လုံးဝမဖြစ်နိုင်တဲ့သူက သူ့ရှေ့လာရပ်နေတာပဲ။ အားလုံးကအိမ်မက်တစ်ခုလိုပဲ။

ဖုကျင်းရှောင်းသူ့ကိုကြည့်လာပြီး ပြောလာတယ် "မွေးနေ့လက်ဆောင်"

နှစ်ယောက်ရဲ့အကွာအဝေး အရမ်းနီးလာတော့မှ ကျန်ရှင်းဆွေ့သတိထားမိသွားတယ်။ သရဖူလေးကစက္ကူနဲ့လုပ်ထားတာမဟုတ်ဘူး။ ပြီးတော့အတွင်းထဲမှာ စာထွင်းထားသလိုပဲ။ အဲ့တာက 'F'လို့ထွင်းထားတာဖြစ်တယ်။ အရမ်းကိုမှရှင်းလင်းလို့နေတယ်။ တခြားသူတွေဆိုရင် တွေဝေနေလောက်ပေမဲ့ ကျန်ရှင်းဆွေ့ကတော့ ကြည့်လိုက်တာနဲ့မှတ်မိသွားပြီ။ အဲ့တာက၂၀၀၇မှာ repeaterတစ်ယောက်အနေနဲ့ ဖုကျင်းရှောင်းရှိုးတစ်ခုမှာ ထပ်ပြီးဝင်ပြိုင်တဲ့အချိန်တုန်းက ချန်ပီယံဖြစ်သွားတဲ့ အမှတ်တရပစ္စည်းပဲ။

ပြီးတော့ ဒါကcenterနေရာကသူမှ ရနိုင်တဲ့သရဖူပဲ။

ကျန်ရှင်းဆွေ့ဒီအခါမှာတော့ ဟန်ဆောင်နေဖို့တောင် မစဥ်းစားမိတော့ဘူး။ သူထစ်အစွာနဲ့ပြောလာခဲ့တယ် "ဒါ...ဒါက....."

ဖုကျင်းရှောင်းရဲ့မျက်လုံးတွေ နက်မှောင်သွားပြီး အသံနိမ့်နဲ့ "မင်းဒါကိုသိတာလား"

ကျန်ရှင်းဆွေ့ပိုလို့တောင် ထစ်အသွားတော့တယ်။ အခုချိန်မှာ ဝန်ခံလိုက်သင့်လား မသင့်ဘူးလားဆိုတာ မသိတော့ဘူး။

"ဒါက၂၀၀၇တုန်းက ကိုယ် 'The King of Singers'ကို ဝင်ပြိုင်တုန်းက ရခဲ့တဲ့အမှတ်တရလက်ဆောင်လေ" ဖုကျင်းရှောင်း အဲ့တာကိုလက်ထဲမှာ လှည့်ကစားနေတယ်။ အသံနိမ့်ပြီး သံလိုက်လိုဆွဲငင်တတ်တဲ့အသံနဲ့ ဖြည်းဖြည်းဆက်ပြောလာတယ် "အဲ့အချိန်တုန်းက ကိုယ်နာမည်မကြီးသေးဘူး ဖန်ကလည်းနည်းနည်းပဲရှိတယ် ၂၀၀၅တုန်းက 'The King of Singers'ရဲ့ ပထမseason ကိုဝင်ပြိုင်တုန်းက ရှုံးနိမ့်သွားခဲ့တယ် ဖန်အများကြီးလည်း ဆုံးရှုံးခဲ့ရတယ် ကိုယ့်ကိုယ်ကိုလည်း ငါလုပ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေဝင်လာခဲ့တယ်"

ဖုကျင်းရှောင်းပြောရင်းနဲ့ နှုတ်ခမ်းလေးတွေကွေးတက်လာတယ် "နောက်ကျတော့ ဖန်လေးတစ်ယောက်က နေ့တိုင်းကိုယ့်ကိုအားပေးစကားတွေ လာလာပြောတယ် သူအမြဲပြောလေ့ရှိတဲ့စကားက အထုတ်ခံလိုက်ရတာက ကိုယ်မလုပ်နိုင်တော့လို့မဟုတ်ဘူးတဲ့ သူကကိုယ့်ကို ကိုယ့်လုပ်နိုင်စွမ်းကိုယုံကြည်ခိုင်းတယ် အနာဂတ်မှာတော့ လှပတဲ့မနက်ဖြန်တွေရှိလာလိမ့်မယ်တဲ့"

အဲ့အချိန်တုန်းက ကျန်ရှင်းဆွေ့ငယ်နေသေးတယ်။ ပြောခဲ့တဲ့စကားတွေကလည်း ရိုးစင်းတယ်။ ဒါပေမဲ့ သူတစ်ခါမှမစဥ်းစားဖူးတာက သူငယ်ရွယ်တုန်းက နွေးထွေးမှုတွေကြောင့်၊ သူပြောခဲ့တဲ့ သာမန်ထက်လွန်ကဲတဲ့ ရိုးသားတဲ့စကားတွေကြောင့်ပဲ အနုပညာရှင်လေးတစ်ယောက်ကို ဒီလိုအားတွေဖြစ်လာစေခဲ့တာ။ သူ့ရဲ့အတူတူရှိနေပေးခဲ့တာတွေကြောင့်လည်း နောက်ပိုင်းပိရမစ်ထိပ်မှာ ရွှေရောင်ထွန်းလင်းတဲ့သူ ဖြစ်လာခဲ့တာ။

ဖုကျင်းရှောင်း အနားကပ်လာပြီး အသံနိမ့်နဲ့ "အခုဒီသရဖူလေးကို မင်းကိုပေးမယ်"

ကျန်ရှင်းဆွေ့စိတ်ထဲ နွေးထွေးသွားရတယ်။ သူ့မျက်စိရှေ့ကသူကို မယုံနိုင်ဖြစ်နေရတယ်။

ဖုကျင်းရှောင်းနက်ရှိုင်းတဲ့မျက်ဝန်းတွေမှာ အပြုံးလေးချိတ်ဆွဲထားပြီး မျက်ဝန်းထဲမှာ သူ့ပါသူတောင်မသိလိုက်တဲ့ နူးညံ့မှုတွေလည်း ပါဝင်နေတယ်။ နိမ့်ပြီးဆွဲဆောင်မှုအားကောင်းတဲ့အသံနဲ့ "Happy Birthday"

အနီးနားကနေ ထွက်ပေါ်လာတဲ့အသံကြောင့် ကျန်ရှင်းဆွေ့နားတွေ နီရဲသွားရတယ်။

အနောက်က ရှန်ရှင်းချန်ကအနားလာကာပြောတယ် "အိုက်ရား မြန်မြန်ဖယောင်းတိုင်မှုတ်လို့မရဘူးလား အားလုံးကစားဖို့စောင့်နေကြတာ!"

".........."

လေထဲတစ်ခဏလောက် တိတ်ဆိတ်သွားရတယ်။

ကျန်ရှင်းဆွေ့စိတ်နဲ့ကိုယ် အမြန်ပြန်ကပ်သွားပြီး အပြေးသွားကာ "ကောင်း...ကောင်းပြီ....."

သူကိတ်မုန်ဘေးမှာရပ်လိုက်ပြီး အဲ့နားမှာရပ်နေတဲ့ ရွှီအန်းကျန်းကိုတွေ့လိုက်ရတယ်။ သူမကိုပြုံးပြလိုက်ပြီး လက်တွေကိုစုအုပ်ကာ ဆုတောင်းလိုက်တယ်။ အရင်ကပြောသလို ခန္ဓာကိုယ်ကျန်းမာဖို့ ဆုတောင်းတာမျိုးမဟုတ်ဘဲ နွေးထွေးတဲ့မီးရောင်လေးကို ဆုတောင်းလိုက်တာက 'အခုအချိန်ကပျော်ရွှင်မှုတွေက ဆက်ရှိနေနိုင်ပြီး ဒီနေ့ဒီနေရာမှာရှိနေတဲ့သူအားလုံး ကျန်းမာကြပြီး လိုရာဆန္ဒတွေပြည့်ဝကြပါစေ' လို့ပဲ။

အခန်းတွင်းမှာ ဒီလိုတိတ်ဆိတ်နေပြီးတော့ အပြင်ဘက်မှာတော့မိုးတွေ သဲကြီးမဲကြီးရွာချနေတယ်။ ကောင်းကင်ပေါ်မှာ လျှပ်စီးတွေကလည်း လက်နေသေးတယ်။ ဘေးကရွှီအန်းကျန်းက ရှေ့ကကောင်ငယ်လေးကို ကြည့်နေမိတယ်။ သူ့ရဲ့မျက်နှာပေါက်က ရှန်ရှင်းချန်နဲ့အတော်တူလေတယ်။ အထူးသဖြင့် မျက်ခုံးတွေနိမ့်ဆင်းလာတဲ့အချိန်မှာ ပေါ်လာတဲ့မျက်ဝန်းတစ်စုံက လုံးဝတစ်ထပ်တည်းနီးပါးပဲ။

အတွေးထဲမှာ

ကျန်ရှင်းဆွေ့ရဲ့ပုံရိပ်တွေက ရွှီအန်းကျန်းအိမ်မက်ထဲက ကောင်လေးနဲ့တစ်ပုံစံတည်းပဲ။

အားလုံးကသေပြီပြောကြတယ်။ အဲ့တာကသူမရဲ့စိတ်ပြဿနာလို့ပြောကြတယ်။ ဒါပေမဲ့အိမ်မက်မက်တိုင်း ရွှီအန်းကျန်းဒီကောင်လေးကို မက်မိတယ်။ သူကသူမရဲ့နောက်ကနေလိုက်နေပြီး ငိုကာ "မားမား မားမား"လို့အော်နေတယ်။ သူကဆူညံတဲ့ကလေးမျိုးမဟုတ်ဘူး။ အပြန်အလှန်အားဖြင့် နားလည်မှုရှိတဲ့ကလေးမျိုးပဲ။ သူ့အိမ်မက်တွေထဲမှာ တဖြည်းဖြည်းနဲ့ကြီးပြင်းလာခဲ့တယ်။

ရွှီအန်းကျန်းသူ့ကိုမက်တိုင်း အိမ်မက်ထဲမှာသူမက third personမြင်ကွင်းကနေ မြင်ရတယ်။ အမြဲတမ်းအဝေးကနေပဲ ကြည့်နေခွင့်ရှိခဲ့တယ်။

သူလမ်းလျှောက်သင်နေတာကို ကြည့်နေခဲ့တယ်။ သူစာသင်နေတာကို ကြည့်နေခဲ့တယ်။ သူတဖြည်းဖြည်းကြီးပြင်းလာတာကို ကြည့်နေခဲ့တယ်။ သူငိုနေတဲ့အချိန်တွေမှာလည်း ဘာမှမလုပ်ပေးနိုင်ပဲ ကြည့်နေခဲ့ရတယ်။ သူအနိုင်ကျင့်ခံရတဲ့အချိန်တွေမှာလည်း ထွက်ပြီးမကူညီပေးနိုင်ပြန်ဘူး။ ကြာလာတဲ့နဲ့အမျှ သူမအတွေးထဲကကောင်လေးရဲ့ပုံရိပ်တွေက တဖြည်းဖြည်းနဲ့ဝေဝါးလာခဲ့တယ်။ သူမကတော့ ပိုတိုးလို့တောင် တွေးမိလာတော့တယ်။

ရှန်ရှင်းချန်က "ဆုတောင်းပြီးပြီဆိုတော့ လက်ဆောင်ဖွင့်လို့ရပြီ မား ဘာဝယ်လာခဲ့လဲ?"

ရွှီအန်းကျန်းစိတ်နဲ့ကိုယ်ပြန်ကပ်သွားပြီး မျက်ဝန်းတွေကျဉ်းမြောင်းသွားရတယ်။ သူ့စိတ်ခံစားချက်တွေ အမြန်ပြန်သိမ်းလိုက်ပြီးမှ စားပွဲဘေးလျှောက်သွားလိုက်တယ်။ အပေါ်ကပစ္စည်းတွေကို စီရီလိုက်ပြီးတော့မှ ကိုယ်ကိုလှည့်လိုက်ပြီး ကျန်ရှင်းဆွေ့ကိုပြုံးပြကာ "အားရီ(အန်တီ)က မင်းဘာလိုသလဲမသိတော့ ကိုယ့်ပါကိုယ်ပဲ ကြည့်ကျက်ဝယ်လာခဲ့တာ မင်းသဘောကျပါ့မလားတော့ မသိဘူး"

ကျန်ရှင်းဆွေ့အနားရောက်လာပြီး သူမဘေးမှာရပ်ကာပြောတယ် "အန်တီ့ကို ကုန်ကျစေမိပြီ"

ရွှီအန်းကျန်းခေါင်းခါလိုက်တယ်။ အိတ်ထဲကနေ ဖြည်းဖြည်းထုတ်ယူလာပြတယ် "ဒါကအကကတဲ့အချိန်မှာသုံးဖို့ ဒူးကာ အန်တီမင်းတို့အစီအစဥ်ကို ကြည့်နေတဲ့အချိန် အမြဲတမ်းဒူးက ခိုက်မိတတ်လို့လေ အဲ့တာကြောင့်မင်းအသုံးလိုမလားလို့ ပြီးတော့ဒီဟာ ဒါက ကယ်လ်စီယမ်ဓာတ်ဖြည့်ပေးတဲ့ဟာ မင်းခန္ဓာကိုယ်ကလည်း အမီဖွံ့ဖြိုးရမယ်လေ မင်းအရမ်းပိန်လွန်းနေတယ် မင်းအရင်အပိုင်းတုန်းက ဖျားသွားသေးတယ်ဆို သေချာပေါက် ခန္ဓာကိုယ်ကိုဂရုစိုက်ရမယ် ပြီးတော့ပြီးတော့ ပြီးတော့ဒီဟာ ဒါကမင်းကြိုက်ပါ့မလားတော့မသိဘူး ဒါက....."

သူမတစ်လျှောက်လုံး တတွတ်တွတ်နဲ့ပြောနေတယ်။ ဒါပေမဲ့ သူမရှေ့မှာရပ်နေတဲ့ကောင်လေးကတော့ စိတ်ရှည်ရှည်နဲ့နားထောင်ပေးနေဆဲပဲ။

ရွှီအန်းကျန်းစကားတွေ အများကြီးပြောပြီးတဲ့နောက်မှာ နူးညံ့တဲ့မျက်ဝန်းတစ်စုံနဲ့ကြည့်လာခဲ့တယ်။ ကျန်ရှင်းဆွေ့ပစ္စည်းတွေကိုင်ထားပြီး အနည်းငယ်ရှက်နေပေမဲ့ နောက်ဆုံးမှာတော့ ခေါင်းငြိမ့်ကာပြောလာခဲ့တယ် "ကျွန်တော်ကြိုက်ပါတယ်"

"ဟိုဟာ ဒါတွေကစျေးမကြီးလွန်းဘူးလား" ကျန်ရှင်းဆွေ့လက်ဆောင်တွေ ကိုင်ထားရင်း တိုးတိုးလေးပြောလိုက်တယ် "ကျွန်တော်တစ်ခါမှ လက်ဆောင်တွေဒီလောက်အများကြီး မရဖူးဘူး"

ရွှီအန်းကျန်းသူ့ရှေ့က ပိန်ပိန်သေးသေးကလေးလေး ကူရာမဲ့စွာလက်ဆောင်တွေ ကိုင်ထားတာကိုကြည့်ရင်း အဲ့လိုအားနည်းနေတဲ့ပုံစံက သူမကိုရင်ထဲနာကျင်ရစေတယ်။

နှစ်တွေ၊ လတွေအကြာကြီးမှာ သူမကနေ့ရက်တွေကို ခက်ခဲစွာဖြတ်သန်းခဲ့တယ်။ ဘာလို့လဲဆိုတော့သူမအမြဲစဥ်းစားမိနေလို့ပဲ။ တကယ်လို့ သူ့ကလေးလေးသာမသေရင် ဒီနေ့ကသူ့မွေးနေ့ပဲဖြစ်လိမ့်မယ်။ သူကဘယ်လိုပုံစံရှိနေလိမ့်မလဲ။ သူဘာတွေကြိုက်လိမ့်မလဲ။ သူ့ကိုဘာလက်ဆောင်ပေးရင် ကောင်းမလဲ။ သူအခုဆိုဘယ်လောက်လောက်တောင် အရပ်တွေမြင့်နေလိမ့်မလဲ။ ကောင်းကောင်းရောရှင်သန်နေရဲ့လား။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့မှာတော့ အဲ့လိုမျိုးအထီးကျန်တဲ့ခံစားချက်မျိုးမရတဲ့ ပထမဆုံးနေ့ပဲ။ ကျန်ရှင်းဆွေ့ကိုမြင်လိုက်ရတဲ့အချိန်မှာ ထူးဆန်းတဲ့ခံစားချက်မျိုးရလိုက်ရတယ်။ သူမစိတ်ထဲပြည့်ဝသွားသလိုပဲ။

"ဂျိန်း!"

အပြင်ဘက်မှာ မိုးတွေထပ်ပြီးခြိမ်းနေတာဖြစ်တယ်။ အဲ့တာတွေက ရွှီအန်းကျန်းကိုတုန်လှုပ်သွားစေတော့တယ်။

သူမအရှေ့ကကျန်ရှင်းဆွေ့ကိုကြည့်လိုက်ပြီး သူမကိုယ်တိုင်တောင်မသိလိုက်ဘဲ လက်ကိုဖြည်းဖြည်းဆန့်လိုက်ကာ တွေဝေစွာနဲ့မေးလာတယ် "အန်တီမင်းကိုဖက်လို့ရမလား?"

ကျန်ရှင်းဆွေ့ကြောင်အသွားမိတယ်။ ဘာလို့ရွှီအန်းကျန်းက ဒီလိုပြောလာသလဲဆိုတာ သူမသိဘူး။ ဒါပေမဲ့သူမငြင်းလိုက်ဘဲ လက်ထဲကပစ္စည်းတွေကိုဘေးမှချလိုက်တယ်။ ပြီးတော့ခေါင်းငြိမ့်ပြီး ပြုံးပြလိုက်ကာ "ရပါတယ်"

အပြင်ဘက်မှာမိုးသံတွေက တဗြောင်းဗြောင်းနဲ့ကျနေတယ်။ လူငယ်လေးကမီးရောင်အောက်မှာရပ်နေပြီး မျက်ဝန်းထဲမှာပြုံးရိပ်တွေနဲ့ သူမကိုကြည့်နေတယ်။

သူမအတွေးထဲမှာ ရွှီအန်းကျန်းထပ်ပြီးတော့ အဲ့ဒီကလေးလေးကိုမြင်ယောင်လာရပြန်တယ်။ အိမ်မက်ထဲမှာသူမနောက်ကနေ "မားမား မားမား"နဲ့လိုက်နေခဲ့တာ။ နောက်တော့ကလေးလေးကို အမှောင်ထုကဝါးမြိုသွားခဲ့တယ်။ အဲ့လိုနဲ့ပဲသူမဆီကနေ ထွက်ခွာသွားခဲ့တယ်။ သူမဘယ်လိုမှ ဖမ်းယူမထားနိုင်ဘူး။ ဘယ်လိုမှလည်းထိန်းမထားနိုင်ဘူး။ ဘာမှမရှိတဲ့လေထုကိုပဲ စိတ်ပျက်စွာဖမ်းဆုပ်မိခဲ့ရတယ်။

ရွှီအန်းကျန်းဖြည်းဖြည်းချင်းရှေ့တိုးလာတယ်။ တစ်လှမ်းချင်းစီက ကျန်ရှင်းဆွေ့ဆီကိုဦးတည်နေတယ်။ အိမ်မက်ထဲကကလေးလေးကို ဆွဲကိုင်ထားသလိုပဲ။ လက်တွေကိုဆန့်တန်းလိုက်ပြီး သူ့ကိုဖက်လိုက်တယ်။ ဒါပေမဲ့အရင်ကအမြဲတမ်း လေထုကိုပဲဖမ်းဆုပ်မိပေမဲ့ အခုတော့ နွေးထွေးတဲ့ရင်ခွင်တဲ့ကျရောက်သွားရတယ်။ ကိုယ်လေးကပိန်ပါးနေပေမဲ့ အနွေးဓာတ်လေးကို ခံစားလို့ရနေတယ်။

သူမလွတ်ထွက်မသွားခဲ့ဘူး။

သူမဖမ်းဆုပ်နိုင်ခဲ့တယ်။

ရွှီအန်းကျန်းရဲ့အသက်ရှူသံတွေက နှေးကွေးလာရတယ်။ သူမရင်ထဲကဝမ်းနည်းမှုတွေက တောတောင်ပင်လယ်တွေလို တုန်လှုပ်နေရတယ်။ ကျန်ရှင်းဆွေ့ကို တင်းတင်းကျပ်ကျပ်ဖက်ထားကာ သူမရဲ့မျက်ရည်တွေကို ထိန်းချုပ်မထားနိုင်တော့ဘူး။ အနည်းငယ်တုန်ယင်စွာနဲ့ ပြောလာခဲ့တယ် "ကလေး....."

ကျန်ရှင်းဆွေ့မူလက ရိုးရိုးပဲပွေ့ဖက်ထားချင်ခဲ့တာဖြစ်ပေမဲ့ တကယ်ပွေ့ဖက်လိုက်ရတဲ့အချိန်မှာ အထူးသဖြင့် ဝမ်းနည်းနေတဲ့မျက်ဝန်းတွေနဲ့ ဆုံလိုက်ရတဲ့အချိန်မှာ သူ့ရင်ထဲကနေ ထူးဆန်းတဲ့ခံစားချက်ရလိုက်ရတယ်။ အဲ့တာအတော်လေးထူးဆန်းတဲ့ခံစားချက်မျိုးဖြစ်ပြီး သူကိုယ်တိုင်လည်း ဘယ်လိုကိုင်တွယ်ရမှန်းမသိလေဘူး။ ရွှီအန်းကျန်ရဲ့တုန်ယင်နေတဲ့အသံက နားထဲကနေထွက်ပေါ်လာတော့ ကျန်ရှင်းဆွေ့မျက်ဝန်းတွေ တုန်ခါသွားမိပြီး လက်တွေကသူ့ထိန်းချုပ်မှုအောက်မှာမရှိတော့ဘဲ ရွှီအန်းကျန်းကိုသိုင်းဖက်ထားလိုက်မိတယ်။ ကူရာမဲ့စွာပဲ အသံတိုးတိုးနဲ့ ခေါ်လိုက်မိတော့တယ် "မားမား....."

____________________
Word – 5420
Nov 10,2022(Thu)
Xiao Dream



Zawgyi

မားမား
_______

"Happy Birthday!"

အခန္းထဲမွာ ဂုဏ္ျပဳသံေတြနဲ႔ ဆူညံသြားေတာ့တယ္။

က်န္ရွင္းေဆြ႕မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ဝမ္းရွန္းေကာေရာ နင္ဇယ္ေရာႏွစ္ေယာက္လုံး အဲ့ဒီမွာရပ္ေနၾကတယ္။ ရွန္ရွင္းခ်န္ကေနာက္မွာရပ္ေနၿပီး သုံးေယာက္လုံးကၿပဳံးရယ္ေနၾကတယ္။ လက္ထဲမွာလည္းမီးရႉးမီးပန္းေလးေတြကိုင္ထားတုန္းပဲ။

"မင္း...မင္းတို႔..." က်န္ရွင္းေဆြ႕ ခ်က္ခ်င္းမတုံ႔ျပန္ႏိုင္ေလဘူး။ စကားေျပာတဲ့အခ်ိန္မွာ ထစ္ေတာင္ထစ္ေနလိုက္ေသးတယ္ "မင္းတို႔ဒါက?"

ရွန္ရွင္းခ်န္က ႏွာေခါင္းေလးပြတ္လိုက္ကာ ေခ်ာေမာေနပုံဖမ္းၿပီး "မေတြ႕ဘူးလား မင္းအတြက္ေမြးေန႔လုပ္ေပးတာေလ ဒီေန႔ကမင္းေမြးေန႔မဟုတ္လား?"

က်န္ရွင္းေဆြ႕စကားေျပာခ်င္တယ္။ သူတို႔ဘယ္လိုသိတာလဲဆိုတာေမးခ်င္တယ္။ သူဘယ္လိုခိုးထြက္လာတာလဲဆိုတာ ေမးခ်င္တယ္။ ဘယ္ကမီးရႉးမီးပန္းေတြလဲလို႔ ေမးခ်င္တယ္။ စကားလုံးေတြမ်ားျပားလြန္းၿပီး ေနာက္ဆုံးဘာကိုအရင္ေျပာသင့္မွန္း မသိေတာ့ဘူး။ သူတုံ႔ဆိုင္းသြားေပမဲ့ ဘာစကားမွထြက္မလာႏိုင္ဘဲ မ်က္လုံးေတြပဲနီရဲလာခဲ့ရတယ္။

ရွန္ရွင္းခ်န္ကအလ်င္အျမန္ပဲ "အိုက္႐ိုးအိုက္႐ိုး ေကာကိုေက်းဇူးတင္စရာမလိုပါဘူး ေကာကဒီတိုင္းေျပာေပး႐ုံပါ မင္းလုံးဝခႏၶာကိုယ္ကိုသုံးၿပီး ကတိမေပးရဘူးေနာ္ ငါကမင္းကို ညီေလးလိုပဲျမင္တာ"

".........."

က်န္ရွင္းေဆြ႕မ်က္ရည္ေလးေတြဝဲၿပီး ရယ္လိုက္မိတယ္။

ဘာလို႔ဒီေကာင္ေလးက ေလထုကိုတစ္စကၠန္႔အတြင္း ခ်ိဳးဖ်က္ႏိုင္စြမ္းရွိေနရတာလဲ?

နင္ဇယ္က က်န္ရွင္းေဆြ႕ကိုအထဲေခၚတယ္ "အထဲကိုလာ"

က်န္ရွင္းေဆြ႕လည္း သူနဲ႔အတူတူအေရွ႕ဆက္သြားလိုက္တယ္။ ဖဲႀကိဳးေလးေတြေနာက္မွာ စားပြဲတစ္လုံးကိုေတြ႕လိုက္ရတယ္။ စားပြဲေပၚမွာအေၾကာ္ပန္းကန္ေတြေတြ႕လိုက္ရတယ္။ ၾကည့္ရတာနည္းနည္းေတာ့ ထူးဆန္းေနေလတယ္။ ဥပမာ အားလူးေၾကာ္တို႔၊ တို႔ဖူးနဲ႔ေဂၚဖီနဲ႔တို႔ ၿပီးေတာ့ ဟင္းခ်ိဳရည္။ အမ်ိဳးမ်ိဳးေသာဟင္းေတြ အတူတူေရာလိုက္ေတာ့ ၾကည့္ရတာတစ္မ်ိဳးျဖစ္ေနေတာ့တယ္။

နင္ဇယ္က "အားလုံးက ရွင္းခ်န္ရဲ႕အႀကံေပးခ်က္ေတြေလ သူကမင္းေမြးေန႔မွာ ကိုယ္တိုင္ခ်က္ခ်င္လို႔တဲ့"

ဝမ္းရွန္းေကာကတိုင္ၾကားတဲ့ပုံနဲ႔ "ဒါေပမဲ့ တကယ္စားမေကာင္းဘူး"

ရွန္ရွင္းခ်န္ကၿခိမ္းေျခာက္တဲ့ပုံနဲ႔ ေအာ္လိုက္တယ္ "ဘာေျပာတယ္?"

ဝမ္းရွန္းေကာအဲ့ဒီေတာ့မွ ပါးစပ္ပိတ္သြားေတာ့တယ္။

တကယ္ေတာ့သူေျပာစရာမလိုပါဘူး။ ၾကည့္႐ုံနဲ႔တင္ က်န္ရွင္းေဆြ႕က ဒီဟင္းေတြအရသာဘယ္လိုေနမလဲဆိုတာ သိႏိုင္ပါတယ္။ ဒါေပမဲ့ မီးရႉးမီးပန္းေတြထြက္လာသလိုပဲ သူ႔စိတ္ထဲမွာလည္း ေႏြးေထြးလို႔ေနတယ္။ ဒီလိုအသက္ဝင္ေနတဲ့ေနရာမွာ သူေက်နပ္မႈပဲခံစားရတယ္။

ရွန္ရွင္းခ်န္က "မင္းငါ့ကိုမမုန္းနဲ႔ေနာ္ မင္းကိုစားေကာင္းတာေလး ေကြၽးမွာပါ"

က်န္ရွင္းေဆြ႕သံသယျဖစ္စြာနဲ႔ "ဘာလဲ?"

ရွန္ရွင္းခ်န္ေက်နပ္သြားတယ္။ က်န္ရွင္းေဆြ႕ေနာက္လွည့္ၾကည့္လိုက္ေတာ့ မေဝးတဲ့ေနရာမွာ အမ်ိဳးသမီးတစ္ေယာက္တံခါးဝမွာ ရပ္ေနတာကိုေတြ႕လိုက္ရတယ္။ အခုကေဆာင္းတြင္းေရာက္ေနတာဆိုေတာ့ အမ်ိဳးသမီးကအတြင္းအက်ႌကို အျဖဴေရာက္သိုးေမႊးအက်ႌဝတ္ထားၿပီး လိေမၼာ္ေရာင္ေဖ်ာ့ေဖ်ာ့ အေပၚထပ္အက်ႌကိုထပ္ဝတ္ထားတယ္။ သိမ္ေမြ႕လွပတဲ့ေက်ာက္ရင္ထိုးေလးထိုးထားၿပီး ပုခုံးေပၚက်ေနတဲ့ နက္ေမွာင္တဲ့ဆံႏြယ္ေတြက အနည္းငယ္ေကာက္ေနတယ္။ သူမကိုၾကည့္ရတာ အသက္၄၀နားကပ္ေနၿပီလို႔ထင္ရေပမဲ့ ႏူးညံ့တဲ့အေငြ႕အသက္ေလးေတြေတာ့ လႊမ္းၿခဳံထားဆဲပဲ။

ဖဲႀကိဳးေတြကေလထဲဝဲေနကာ အကြာအေဝးတစ္ခုၾကားက မ်က္လုံးႏွစ္စုံဟာ အၾကည့္ဆုံမိသြားတယ္။

က်န္ရွင္းေဆြ႕မူလေနရာမွာပဲ ေၾကာင္အကာရပ္ေနမိတယ္။ ထူးျခားတဲ့ခံစားခ်က္မ်ိဳးရလိုက္ေပမဲ့ ဘယ္လိုတုံ႔ျပန္မႈမ်ိဳးလုပ္ရမလဲဆိုတာ သူမသိေတာ့ဘူး။ ဘာစကားမွလည္းေျပာမထြက္လာေလဘူး။

ရွန္ရွင္းခ်န္ကေျပာလိုက္တယ္ "မား ဘာလို႔အခုမွလာတာလဲ"

"မိုး႐ြာေတာ့ လမ္းမွာကားပိတ္ေနလို႔" ႐ႊီအန္းက်န္းက ျဖည္းျဖည္းေျပာတယ္။ သူမရဲ႕အသံကေအးခ်မ္းကာ ႏူးညံ့လို႔ေနတယ္။ လက္ထဲမွာပစၥည္းေတြအမ်ားႀကီးလည္း ကိုင္ထားေသးတယ္ "လုံးဝမမီေတာ့ဘူးထင္ေနတာ မီလို႔ေတာ္ေသးတာေပါ့"

ရွန္ရွင္းခ်န္က သူ႔အေမတစ္ေယာက္တည္း လာလိမ့္မယ္လို႔ မထင္ထားမိဘူး။

သူမကေကာင္းေကာင္းဝတ္စားထားၿပီး ၾကည့္ရတာမနက္အေစာကတည္းက ထၿပီးျပင္ဆင္ထားပုံပဲ။ သင့္ေတာ္တဲ့အဝတ္ကိုဝတ္၊ ယူမဲ့ပစၥည္းေတြအေစာကတည္းက အဆင္သင့္ျပင္ထားၿပီး ဂ႐ုတစိုက္နဲ႔လာခဲ့တယ္။

ရွန္ရွင္းခ်န္က ျမန္ျမန္ေလွ်ာက္သြားလိုက္ၿပီး ပစၥည္းေတြယူေပးလိုက္တယ္ "ဘာလို႔ဒီေလာက္အမ်ားႀကီး ဝယ္လာရတာလဲ အကုန္လုံးကြၽန္ေတာ့အတြက္ ဝယ္လာတာေတြခ်ည္းပဲမလား ဒီထဲကဘယ္ဟာက ေမြးေန႔လက္ေဆာင္လဲ?"

"မဟုတ္ဘူး" ႐ႊီအန္းက်န္းက "အကုန္လုံးကရွင္းေဆြ႕အတြက္ လက္ေဆာင္ေတြ"

ရွန္ရွင္းခ်န္သူ႔မ်က္လုံးသူေတာင္မယုံႏိုင္ေလဘူး။

႐ႊီအန္းက်န္းက ျဖည္းျဖည္းခ်င္းက်န္ရွင္းေဆြ႕ေရွ႕ ေလွ်ာက္သြားလိုက္တယ္။ သူေခါင္းေမာ့ၿပီး မ်က္စိေရွ႕ကကေလးေလးကိုၾကည့္လိုက္တယ္။ က်န္ရွင္းေဆြ႕ကမီးေရာင္ေတြေအာက္မွာရပ္ေနၿပီး အလင္းေတြကိုေနာက္ေက်ာေပးထားတယ္။ သူကရွန္ရွင္းခ်န္ထပ္ ေခါင္းတစ္လုံးေလာက္ပိုနိမ့္တယ္။ သူ႔တစ္ကိုယ္လုံးကပိန္ပါးေနၿပီး မ်က္ႏွာေလးကလည္း သိပ္မရင့္က်က္ေသးပုံေပၚတယ္။ ရွန္ရွင္းခ်န္နဲ႔ေတာ္ေတာ္ဆင္တဲ့ မ်က္ႏွာေပါက္ေလးက အခုခ်ိန္မွာ သူမကိုေၾကာင္ၾကည့္ေနတယ္။ ဒီပုံစံေလးကလိမၼာေနၿပီး လူေတြကိုသနားသြားေစတယ္။

႐ႊီအန္းက်န္းဘယ္အခ်ိန္ပဲျဖစ္ျဖစ္ သူ႔အေရွ႕မွာရပ္လိုက္တိုင္း ရင္ထဲမွာနာက်င္မႈေတြအျပည့္ျဖစ္ေနရတယ္ "မင္း....."

က်န္ရွင္းေဆြ႕လည္း မဆိုင္းမတြပဲ သူမလွမ္းလာတဲ့လက္ေလးကို ဆုပ္ကိုင္လိုက္ၿပီး ႏူးညံ့ျပတ္သားတဲ့အသံနဲ႔ "မဂၤလာပါ အန္တီ"

ေႏြးေထြးေနတဲ့လက္ေတြက ႐ႊီအန္းက်န္းရဲ႕ေအးစက္ေနတဲ့လက္ေတြကို ဆုပ္ကိုင္လာတယ္။

႐ႊီအန္းက်န္းအေႏြးဓာတ္ကို ခံစားၿပီးတဲ့ေနာက္မွာ မသိလိုက္ပါသာနဲ႔ က်န္ရွင္းေဆြ႕လက္ကိုျပန္ဆုပ္ကိုင္လိုက္တယ္ "မဂၤလာပါ"

ရွန္ရွင္းခ်န္ကအနားေရာက္လာၿပီး "မား ကြၽန္ေတာ္ယူလာခိုင္းတဲ့ ကိတ္မုန္႔ေရာ?"

သူမဘယ္ဟာကိုမွဖြင့္မေျပာေလဘူး။

႐ႊီအန္းက်န္းစိတ္နဲ႔ကိုယ္ျပန္ကပ္သြားၿပီး အဲ့တာကိုေျပာရမွာ ေတြေဝစြာနဲ႔  "အဲ့တာကေလ မားမားအစကကိုယ့္ပါကိုယ္ ကိတ္မုန္႔ေလးလုပ္ခ်င္တာ ေနာက္ဆုံးဘာျဖစ္သြားမွန္းမသိဘူး အႀကိမ္အမ်ားႀကီး လုပ္မရဘူးျဖစ္ေနတာ အဲ့တာနဲ႔မတတ္ႏိုင္ေတာ့ဘဲ လူလႊတ္ၿပီးသြားဝယ္ခိုင္းထားရတယ္"

ရွန္ရွင္းခ်န္က "ဒါဘာျဖစ္မွန္းမသိဘူးလား မားရဲ႕အဲ့ဒီအိမ္ထိန္းက ဘယ္လိုလုပ္ၿပီးမားကို မီးဖိုေခ်ာင္ဝင္ခိုင္းရဲရတာလဲ"

သူတို႔အိမ္ကတစ္ေယာက္မွ ဒီလိုအရည္အခ်င္းမ်ိဳးမရွိဘူး။

႐ႊီအန္းက်န္းက သူ႔ကိုစိုက္ၾကည့္လာတယ္။

ရွန္ရွင္းခ်န္ကေမးလိုက္တယ္ "အဲ့တာဆို မားဘယ္သူ႔ကိုသြားဝယ္ခိုင္းလိုက္တာလဲ?"

႐ႊီအန္းက်န္းေျပာတဲ့မဲ့ဆဲဆဲမွာ အျပင္ဘက္တံခါးက ေနာက္တစ္ေခါက္အဖြင့္ခံလိုက္ရတယ္။ သြယ္လ်တဲ့ေျခေထာက္ေလးက ဝင္ေရာက္လာတယ္။ တံခါးဝမွာထြက္ေပၚလာတဲ့အမ်ိဳးသားက အေနာက္တိုင္းဝတ္စုံနဲ႔ျဖစ္တယ္။ သူကအစီအစဥ္တစ္ခုခုကေန အျမန္လာခဲ့ရပုံေပၚတယ္။ ကိုယ္ေပၚကအနက္ေရာင္အေနာက္တိုင္းဝတ္စုံက ေျဖာင့္စင္းလို႔ေနတယ္။ ဖုက်င္းေရွာင္းပရိသတ္ေတြေရွ႕မွာ ဒီလိုဝတ္စုံျပည့္နဲ႔ထြက္ေပၚလာတာ အရမ္းၾကာခဲ့လွၿပီ။ ေခ်ာေမာတဲ့မ်က္ႏွာေလးနဲ႔ ျမင့္ျမတ္တဲ့စိတ္ထားေလးက သူ႔ကိုအားလုံးရဲ႕အၾကည့္ေတြ သိမ္းယူလိုက္သလိုျဖစ္ေနေတာ့တယ္။ သူ႔လက္ထဲမွာပစၥည္းေတြကိုင္ထားတယ္။ အခန္းတြင္းေလထုကိုခ်ိဳးဖ်က္လိုက္ၿပီး ရယ္ကာ "ကြၽန္ေတာ္လာတာေနာက္က်သြားၿပီလား?"

႐ႊီအန္းက်န္းက "အန္တီလည္းေစာနကမွေရာက္တာ ပင္ပန္းသြားရၿပီက်င္းေရွာင္းေရ"

"ဘယ္ကသာ မဒမ္အားနာလြန္းေနပါၿပီ" ဖုက်င္းေရွာင္းအနားေလွ်ာက္လာရင္းေျပာတယ္ "အေစာကတည္းက မွာထားၿပီးသားပါ တကယ္ဆိုေစာေရာက္သင့္ေပမဲ့ ရာသီဥတုေၾကာင့္ နည္းနည္းေနာက္က်ေနတာ"

က်န္ရွင္းေဆြ႕နားေထာင္ၿပီးေတာ့ နည္းနည္းေၾကာင္အေနတုန္းပဲ။ ဒါေပမဲ့တစ္ခြန္းကိုေတာ့ ရွင္းရွင္းလင္းလင္းၾကားလိုက္ရတယ္ _____ အေစာကတည္းကမွာထားၿပီးသားတဲ့။

ဘာ...အဓိပၸာယ္လဲ?

အေစာကတည္းက သူ႔အတြက္ကိတ္မုန္႔မွာထားေပးတာလား?

ဒီလူေတြဘယ္လိုသိၾကတာလဲ? က်န္ရွင္းေဆြ႕မိုးေပၚက ပိုင္မုန္႔ႀကီးက်လာသလို ခံစားလိုက္ရတယ္။ သူ႔တစ္ကိုယ္လုံးဘာျဖစ္ေနမွန္းမသိေတာ့ဘူး။ တစ္ဖက္ကအရမ္းေပ်ာ္ေနရသလို တစ္ဖက္ကလည္း ဒါေတြအားလုံးကအစစ္အမွန္ဟုတ္မေနမွာကို စိုးရိမ္ေနမိတယ္။

ဖုက်င္းေရွာင္းကသူ႔ေရွ႕မွာရပ္လိုက္ၿပီး ေခ်ာေမာတဲ့ေယာက္်ားေလးက ေခါင္းငုံ႔ကာသူ႔ကိုၾကည့္လာတယ္ "မေတြ႕ရတာၾကာၿပီေနာ္"

က်န္ရွင္းေဆြ႕လက္ေတြကို ကိုယ္ေဘးမွဆုပ္ထားလိုက္မိတယ္။ ေခါင္းျဖည္းျဖည္းၿငိမ့္ျပကာ "မေတြ႕ျဖစ္တာအခ်ိန္တစ္ခုေလာက္ရွိေနတာ အမွန္ပဲ ေကာအလုပ္သြားလုပ္တာလား?"

"အင္း လုပ္စရာအလုပ္ေလးေတြ နည္းနည္းရွိေနလို႔" ဖုက်င္းေရွာင္းသူ႔ကိုယ္ေပၚ ေဝ့ဝဲၾကည့္လိုက္ၿပီး "ခႏၶာကိုယ္ျပန္ေကာင္းလာၿပီလား?"

က်န္ရွင္းေဆြ႕က "အဆင္ေျပပါတယ္"

"ကိုယ့္အထင္ေတာ့မင္း သိပ္အဆင္ေျပမေနဘူး" ဖုက်င္းေရွာင္းရဲ႕အသံထဲမွာ ေလးနက္မႈေတြပါဝင္ေနတယ္ "အခ်ိန္မီလို႔ေတာ္ေသးတယ္ ဒီလိုေတာင္ျဖစ္ေနၿပီကို ေမြးေန႔မလုပ္ဘဲေနခ်င္တုန္းလား မင္းဒီေန႔ဒီအခြင့္အေရးနဲ႔လြဲသြားရင္ က်န္းမာေရးေကာင္းေအာင္ ဘယ္သြားဆုေတာင္းေတာ့မွာလဲ?"

က်န္ရွင္းေဆြ႕မ်က္လုံးေအာက္ေျခမွာ အၿပဳံးေလးေတြထြက္ေပၚလာရေတာ့တယ္ "ရွဲ႕ရွဲ႕နင္"

[ေဆြ႕ေဆြ႕က တစ္ေလ်ာက္လုံး '您 - nin' ဆိုၿပီး ယဥ္ယဥ္ေက်းေက်းသုံးသြားတာပါေနာ္ ျမန္မာလိုနာမ္စားေတြ မသုံးတတ္ေတာ့လို႔ပါ]

သူတို႔စကားေျပာေနၾကေတာ့ တျခားသူေတြကအံ့အားသင့္ကုန္ၾကေတာ့တယ္။

ရွန္ရွင္းခ်န္ကအဆင္ေျပေနေသးေပမဲ့ နင္ဇယ္နဲ႔ဝမ္းရွန္းေကာတို႔ကေတာ့ က်န္ရွင္းေဆြ႕နဲ႔ဖုေလာင္ရွီးတို႔ ဒီေလာက္ရင္းရင္းနီးနီးစကားေျပာႏိုင္လိမ့္မယ္လို႔ မထင္ထားၾကဘူး။ သူတို႔ကေသရမွာေၾကာက္ၾကပါတယ္ေနာ္။ ၿပီးေတာ့ ဖုေကာက က်န္ရွင္းေဆြ႕အေပၚဆက္ဆံတာနဲ႔ တျခားသူေတြအေပၚဆက္ဆံတာလည္း သိပ္မတူဘူးလို႔ခံစားရတယ္။

ဖုက်င္းေရွာင္း ကိတ္မုန္႔ကိုစားပြဲေပၚခ်လိုက္ၿပီး "ဖြင့္ၾကည့္လိုက္ဦး ပုံပ်က္ေနၿပီလားလို႔"

နင္ဇယ္အလ်င္အျမန္ပဲ ကိတ္မုန႔္ကိုဖြင့္ၾကည့္လိုက္တယ္။

ပုံမပ်က္ေနေသးဘူး။ ၿပီးေတာ့ အဲ့တာကအျပာေရာင္ ႏွစ္ထပ္ကိတ္ႀကီးျဖစ္တယ္။ ကိတ္မုန္႔ထိပ္မွာ ေ႐ႊေရာင္ၾကယ္တစ္ခုကို တပ္ဆင္ထားတာက ဆြဲေဆာင္မႈအျပည့္နဲ႔ျဖစ္တယ္။

နင္ဇယ္နဲ႔ဝမ္းရွန္းေကာက အလ်င္အျမန္ပဲ ဖေယာင္းတိုင္ထြန္းဖို႔ ကူညီေပးၾကတယ္။ မၾကာခင္ပဲကိတ္မုန္႔ေပၚမွာ ေႏြးေထြးတဲ့အဝါေရာင္ဖေယာင္းတိုင္ေတြနဲ႔ လင္းထိန္လို႔ေနေလၿပီ။ အခန္းထဲမွာၾကည့္ရတာ လူကိုစိတ္လႈပ္ရွားေစေလတယ္။ သူတို႔ႏွစ္ေယာက္ စားပြဲေဘးမွာရပ္ရင္းၿပဳံးကာ "Happy Birthdayပါ ေဆြ႕ေဆြ႕"

က်န္ရွင္းေဆြ႕ဖေယာင္းတိုင္ေတြဆီက အေႏြးဓာတ္ရမွသာ တကယ့္အစစ္အမွန္ဆိုတာကို ယုံၾကည္ႏိုင္ေတာ့တယ္။

ဖုက်င္းေရွာင္းကေဘးမွာရပ္ေနၿပီး သူ႔နာမည္ကိုေခၚလာခဲ့တယ္ "က်န္ရွင္းေဆြ႕"

က်န္ရွင္းေဆြ႕လွည့္ၾကည့္လိုက္တယ္။

ဖုက်င္းေရွာင္းႏႈတ္ခမ္းေတြ တြန္႔ေကြးသြားၿပီး သူဘယ္နားကမွန္းမသိ ေ႐ႊသရဖူေလး ထုတ္ယူလာခဲ့တယ္။ ဒါကေမြးေန႔ရွင္ပဲ ေဆာင္းရတဲ့ဟာမ်ိဳးေလ။ ၿပီးေတာ့ ဖုက်င္းေရွာင္းက သရဖူေလးကိုကိုယ္တိုင္လုပ္ေပးခဲ့တာ။ သူကလက္ေဝ့ရမ္းျပၿပီး "ဒီကိုလာ"

က်န္ရွင္းေဆြ႕ ေျခလွမ္းအနည္းငယ္လွမ္းၿပီး သူ႔ေရွ႕ေရာက္သြားခဲ့တယ္။ ေျခလွမ္းတိုင္းမွာ ရင္ထဲပူလာရတယ္။

ရင္ေတြတလွပ္လွပ္ခုန္ေနကာ ေအာက္မွာရပ္ေနတဲ့ေကာင္ေလးက အနည္းငယ္ေတြေဝစြာနဲ႔ သူ႔အိုင္ေဒါကိုၾကည့္လို႔ေနတယ္။ ဒါက အရင္ကသူ႔အတြက္ ေျပာရမယ္ဆိုရင္ လုံးဝမျဖစ္ႏိုင္တဲ့သူက သူ႔ေရွ႕လာရပ္ေနတာပဲ။ အားလုံးကအိမ္မက္တစ္ခုလိုပဲ။

ဖုက်င္းေရွာင္းသူ႔ကိုၾကည့္လာၿပီး ေျပာလာတယ္ "ေမြးေန႔လက္ေဆာင္"

ႏွစ္ေယာက္ရဲ႕အကြာအေဝး အရမ္းနီးလာေတာ့မွ က်န္ရွင္းေဆြ႕သတိထားမိသြားတယ္။ သရဖူေလးကစကၠဴနဲ႔လုပ္ထားတာမဟုတ္ဘူး။ ၿပီးေတာ့အတြင္းထဲမွာ စာထြင္းထားသလိုပဲ။ အဲ့တာက 'F'လို႔ထြင္းထားတာျဖစ္တယ္။ အရမ္းကိုမွရွင္းလင္းလို႔ေနတယ္။ တျခားသူေတြဆိုရင္ ေတြေဝေနေလာက္ေပမဲ့ က်န္ရွင္းေဆြ႕ကေတာ့ ၾကည့္လိုက္တာနဲ႔မွတ္မိသြားၿပီ။ အဲ့တာက၂၀၀၇မွာ repeaterတစ္ေယာက္အေနနဲ႔ ဖုက်င္းေရွာင္းရႈိးတစ္ခုမွာ ထပ္ၿပီးဝင္ၿပိဳင္တဲ့အခ်ိန္တုန္းက ခ်န္ပီယံျဖစ္သြားတဲ့ အမွတ္တရပစၥည္းပဲ။

ၿပီးေတာ့ ဒါကcenterေနရာကသူမွ ရႏိုင္တဲ့သရဖူပဲ။

က်န္ရွင္းေဆြ႕ဒီအခါမွာေတာ့ ဟန္ေဆာင္ေနဖို႔ေတာင္ မစဥ္းစားမိေတာ့ဘူး။ သူထစ္အစြာနဲ႔ေျပာလာခဲ့တယ္ "ဒါ...ဒါက....."

ဖုက်င္းေရွာင္းရဲ႕မ်က္လုံးေတြ နက္ေမွာင္သြားၿပီး အသံနိမ့္နဲ႔ "မင္းဒါကိုသိတာလား"

က်န္ရွင္းေဆြ႕ပိုလို႔ေတာင္ ထစ္အသြားေတာ့တယ္။ အခုခ်ိန္မွာ ဝန္ခံလိုက္သင့္လား မသင့္ဘူးလားဆိုတာ မသိေတာ့ဘူး။

"ဒါက၂၀၀၇တုန္းက ကိုယ္ 'The King of Singers'ကို ဝင္ၿပိဳင္တုန္းက ရခဲ့တဲ့အမွတ္တရလက္ေဆာင္ေလ" ဖုက်င္းေရွာင္း အဲ့တာကိုလက္ထဲမွာ လွည့္ကစားေနတယ္။ အသံနိမ့္ၿပီး သံလိုက္လိုဆြဲငင္တတ္တဲ့အသံနဲ႔ ျဖည္းျဖည္းဆက္ေျပာလာတယ္ "အဲ့အခ်ိန္တုန္းက ကိုယ္နာမည္မႀကီးေသးဘူး ဖန္ကလည္းနည္းနည္းပဲရွိတယ္ ၂၀၀၅တုန္းက 'The King of Singers'ရဲ႕ ပထမseason ကိုဝင္ၿပိဳင္တုန္းက ရႈံးနိမ့္သြားခဲ့တယ္ ဖန္အမ်ားႀကီးလည္း ဆုံးရႈံးခဲ့ရတယ္ ကိုယ့္ကိုယ္ကိုလည္း ငါလုပ္ႏိုင္ပါ့မလားဆိုတဲ့ အေတြးေတြဝင္လာခဲ့တယ္"

ဖုက်င္းေရွာင္းေျပာရင္းနဲ႔ ႏႈတ္ခမ္းေလးေတြေကြးတက္လာတယ္ "ေနာက္က်ေတာ့ ဖန္ေလးတစ္ေယာက္က ေန႔တိုင္းကိုယ့္ကိုအားေပးစကားေတြ လာလာေျပာတယ္ သူအၿမဲေျပာေလ့ရွိတဲ့စကားက အထုတ္ခံလိုက္ရတာက ကိုယ္မလုပ္ႏိုင္ေတာ့လို႔မဟုတ္ဘူးတဲ့ သူကကိုယ့္ကို ကိုယ့္လုပ္ႏိုင္စြမ္းကိုယုံၾကည္ခိုင္းတယ္ အနာဂတ္မွာေတာ့ လွပတဲ့မနက္ျဖန္ေတြရွိလာလိမ့္မယ္တဲ့"

အဲ့အခ်ိန္တုန္းက က်န္ရွင္းေဆြ႕ငယ္ေနေသးတယ္။ ေျပာခဲ့တဲ့စကားေတြကလည္း ႐ိုးစင္းတယ္။ ဒါေပမဲ့ သူတစ္ခါမွမစဥ္းစားဖူးတာက သူငယ္႐ြယ္တုန္းက ေႏြးေထြးမႈေတြေၾကာင့္၊ သူေျပာခဲ့တဲ့ သာမန္ထက္လြန္ကဲတဲ့ ႐ိုးသားတဲ့စကားေတြေၾကာင့္ပဲ အႏုပညာရွင္ေလးတစ္ေယာက္ကို ဒီလိုအားေတြျဖစ္လာေစခဲ့တာ။ သူ႔ရဲ႕အတူတူရွိေနေပးခဲ့တာေတြေၾကာင့္လည္း ေနာက္ပိုင္းပိရမစ္ထိပ္မွာ ေ႐ႊေရာင္ထြန္းလင္းတဲ့သူ ျဖစ္လာခဲ့တာ။

ဖုက်င္းေရွာင္း အနားကပ္လာၿပီး အသံနိမ့္နဲ႔ "အခုဒီသရဖူေလးကို မင္းကိုေပးမယ္"

က်န္ရွင္းေဆြ႕စိတ္ထဲ ေႏြးေထြးသြားရတယ္။ သူ႔မ်က္စိေရွ႕ကသူကို မယုံႏိုင္ျဖစ္ေနရတယ္။

ဖုက်င္းေရွာင္းနက္ရႈိင္းတဲ့မ်က္ဝန္းေတြမွာ အၿပဳံးေလးခ်ိတ္ဆြဲထားၿပီး မ်က္ဝန္းထဲမွာ သူ႔ပါသူေတာင္မသိလိုက္တဲ့ ႏူးညံ့မႈေတြလည္း ပါဝင္ေနတယ္။ နိမ့္ၿပီးဆြဲေဆာင္မႈအားေကာင္းတဲ့အသံနဲ႔ "Happy Birthday"

အနီးနားကေန ထြက္ေပၚလာတဲ့အသံေၾကာင့္ က်န္ရွင္းေဆြ႕နားေတြ နီရဲသြားရတယ္။

အေနာက္က ရွန္ရွင္းခ်န္ကအနားလာကာေျပာတယ္ "အိုက္ရား ျမန္ျမန္ဖေယာင္းတိုင္မႈတ္လို႔မရဘူးလား အားလုံးကစားဖို႔ေစာင့္ေနၾကတာ!"

".........."

ေလထဲတစ္ခဏေလာက္ တိတ္ဆိတ္သြားရတယ္။

က်န္ရွင္းေဆြ႕စိတ္နဲ႔ကိုယ္ အျမန္ျပန္ကပ္သြားၿပီး အေျပးသြားကာ "ေကာင္း...ေကာင္းၿပီ....."

သူကိတ္မုန္ေဘးမွာရပ္လိုက္ၿပီး အဲ့နားမွာရပ္ေနတဲ့ ႐ႊီအန္းက်န္းကိုေတြ႕လိုက္ရတယ္။ သူမကိုၿပဳံးျပလိုက္ၿပီး လက္ေတြကိုစုအုပ္ကာ ဆုေတာင္းလိုက္တယ္။ အရင္ကေျပာသလို ခႏၶာကိုယ္က်န္းမာဖို႔ ဆုေတာင္းတာမ်ိဳးမဟုတ္ဘဲ ေႏြးေထြးတဲ့မီးေရာင္ေလးကို ဆုေတာင္းလိုက္တာက 'အခုအခ်ိန္ကေပ်ာ္႐ႊင္မႈေတြက ဆက္ရွိေနႏိုင္ၿပီး ဒီေန႔ဒီေနရာမွာရွိေနတဲ့သူအားလုံး က်န္းမာၾကၿပီး လိုရာဆႏၵေတြျပည့္ဝၾကပါေစ' လို႔ပဲ။

အခန္းတြင္းမွာ ဒီလိုတိတ္ဆိတ္ေနၿပီးေတာ့ အျပင္ဘက္မွာေတာ့မိုးေတြ သဲႀကီးမဲႀကီး႐ြာခ်ေနတယ္။ ေကာင္းကင္ေပၚမွာ လွ်ပ္စီးေတြကလည္း လက္ေနေသးတယ္။ ေဘးက႐ႊီအန္းက်န္းက ေရွ႕ကေကာင္ငယ္ေလးကို ၾကည့္ေနမိတယ္။ သူ႔ရဲ႕မ်က္ႏွာေပါက္က ရွန္ရွင္းခ်န္နဲ႔အေတာ္တူေလတယ္။ အထူးသျဖင့္ မ်က္ခုံးေတြနိမ့္ဆင္းလာတဲ့အခ်ိန္မွာ ေပၚလာတဲ့မ်က္ဝန္းတစ္စုံက လုံးဝတစ္ထပ္တည္းနီးပါးပဲ။

အေတြးထဲမွာ

က်န္ရွင္းေဆြ႕ရဲ႕ပုံရိပ္ေတြက ႐ႊီအန္းက်န္းအိမ္မက္ထဲက ေကာင္ေလးနဲ႔တစ္ပုံစံတည္းပဲ။

အားလုံးကေသၿပီေျပာၾကတယ္။ အဲ့တာကသူမရဲ႕စိတ္ျပႆနာလို႔ေျပာၾကတယ္။ ဒါေပမဲ့အိမ္မက္မက္တိုင္း ႐ႊီအန္းက်န္းဒီေကာင္ေလးကို မက္မိတယ္။ သူကသူမရဲ႕ေနာက္ကေနလိုက္ေနၿပီး ငိုကာ "မားမား မားမား"လို႔ေအာ္ေနတယ္။ သူကဆူညံတဲ့ကေလးမ်ိဳးမဟုတ္ဘူး။ အျပန္အလွန္အားျဖင့္ နားလည္မႈရွိတဲ့ကေလးမ်ိဳးပဲ။ သူ႔အိမ္မက္ေတြထဲမွာ တျဖည္းျဖည္းနဲ႔ႀကီးျပင္းလာခဲ့တယ္။

႐ႊီအန္းက်န္းသူ႔ကိုမက္တိုင္း အိမ္မက္ထဲမွာသူမက third personျမင္ကြင္းကေန ျမင္ရတယ္။ အၿမဲတမ္းအေဝးကေနပဲ ၾကည့္ေနခြင့္ရွိခဲ့တယ္။

သူလမ္းေလွ်ာက္သင္ေနတာကို ၾကည့္ေနခဲ့တယ္။ သူစာသင္ေနတာကို ၾကည့္ေနခဲ့တယ္။ သူတျဖည္းျဖည္းႀကီးျပင္းလာတာကို ၾကည့္ေနခဲ့တယ္။ သူငိုေနတဲ့အခ်ိန္ေတြမွာလည္း ဘာမွမလုပ္ေပးႏိုင္ပဲ ၾကည့္ေနခဲ့ရတယ္။ သူအႏိုင္က်င့္ခံရတဲ့အခ်ိန္ေတြမွာလည္း ထြက္ၿပီးမကူညီေပးႏိုင္ျပန္ဘူး။ ၾကာလာတဲ့နဲ႔အမွ် သူမအေတြးထဲကေကာင္ေလးရဲ႕ပုံရိပ္ေတြက တျဖည္းျဖည္းနဲ႔ေဝဝါးလာခဲ့တယ္။ သူမကေတာ့ ပိုတိုးလို႔ေတာင္ ေတြးမိလာေတာ့တယ္။

ရွန္ရွင္းခ်န္က "ဆုေတာင္းၿပီးၿပီဆိုေတာ့ လက္ေဆာင္ဖြင့္လို႔ရၿပီ မား ဘာဝယ္လာခဲ့လဲ?"

႐ႊီအန္းက်န္းစိတ္နဲ႔ကိုယ္ျပန္ကပ္သြားၿပီး မ်က္ဝန္းေတြက်ဥ္းေျမာင္းသြားရတယ္။ သူ႔စိတ္ခံစားခ်က္ေတြ အျမန္ျပန္သိမ္းလိုက္ၿပီးမွ စားပြဲေဘးေလွ်ာက္သြားလိုက္တယ္။ အေပၚကပစၥည္းေတြကို စီရီလိုက္ၿပီးေတာ့မွ ကိုယ္ကိုလွည့္လိုက္ၿပီး က်န္ရွင္းေဆြ႕ကိုၿပဳံးျပကာ "အားရီ(အန္တီ)က မင္းဘာလိုသလဲမသိေတာ့ ကိုယ့္ပါကိုယ္ပဲ ၾကည့္က်က္ဝယ္လာခဲ့တာ မင္းသေဘာက်ပါ့မလားေတာ့ မသိဘူး"

က်န္ရွင္းေဆြ႕အနားေရာက္လာၿပီး သူမေဘးမွာရပ္ကာေျပာတယ္ "အန္တီ့ကို ကုန္က်ေစမိၿပီ"

႐ႊီအန္းက်န္းေခါင္းခါလိုက္တယ္။ အိတ္ထဲကေန ျဖည္းျဖည္းထုတ္ယူလာျပတယ္ "ဒါကအကကတဲ့အခ်ိန္မွာသုံးဖို႔ ဒူးကာ အန္တီမင္းတို႔အစီအစဥ္ကို ၾကည့္ေနတဲ့အခ်ိန္ အၿမဲတမ္းဒူးက ခိုက္မိတတ္လို႔ေလ အဲ့တာေၾကာင့္မင္းအသုံးလိုမလားလို႔ ၿပီးေတာ့ဒီဟာ ဒါက ကယ္လ္စီယမ္ဓာတ္ျဖည့္ေပးတဲ့ဟာ မင္းခႏၶာကိုယ္ကလည္း အမီဖြံ႕ၿဖိဳးရမယ္ေလ မင္းအရမ္းပိန္လြန္းေနတယ္ မင္းအရင္အပိုင္းတုန္းက ဖ်ားသြားေသးတယ္ဆို ေသခ်ာေပါက္ ခႏၶာကိုယ္ကိုဂ႐ုစိုက္ရမယ္ ၿပီးေတာ့ၿပီးေတာ့ ၿပီးေတာ့ဒီဟာ ဒါကမင္းႀကိဳက္ပါ့မလားေတာ့မသိဘူး ဒါက....."

သူမတစ္ေလွ်ာက္လုံး တတြတ္တြတ္နဲ႔ေျပာေနတယ္။ ဒါေပမဲ့ သူမေရွ႕မွာရပ္ေနတဲ့ေကာင္ေလးကေတာ့ စိတ္ရွည္ရွည္နဲ႔နားေထာင္ေပးေနဆဲပဲ။

႐ႊီအန္းက်န္းစကားေတြ အမ်ားႀကီးေျပာၿပီးတဲ့ေနာက္မွာ ႏူးညံ့တဲ့မ်က္ဝန္းတစ္စုံနဲ႔ၾကည့္လာခဲ့တယ္။ က်န္ရွင္းေဆြ႕ပစၥည္းေတြကိုင္ထားၿပီး အနည္းငယ္ရွက္ေနေပမဲ့ ေနာက္ဆုံးမွာေတာ့ ေခါင္းၿငိမ့္ကာေျပာလာခဲ့တယ္ "ကြၽန္ေတာ္ႀကိဳက္ပါတယ္"

"ဟိုဟာ ဒါေတြကေစ်းမႀကီးလြန္းဘူးလား" က်န္ရွင္းေဆြ႕လက္ေဆာင္ေတြ ကိုင္ထားရင္း တိုးတိုးေလးေျပာလိုက္တယ္ "ကြၽန္ေတာ္တစ္ခါမွ လက္ေဆာင္ေတြဒီေလာက္အမ်ားႀကီး မရဖူးဘူး"

႐ႊီအန္းက်န္းသူ႔ေရွ႕က ပိန္ပိန္ေသးေသးကေလးေလး ကူရာမဲ့စြာလက္ေဆာင္ေတြ ကိုင္ထားတာကိုၾကည့္ရင္း အဲ့လိုအားနည္းေနတဲ့ပုံစံက သူမကိုရင္ထဲနာက်င္ရေစတယ္။

ႏွစ္ေတြ၊ လေတြအၾကာႀကီးမွာ သူမကေန႔ရက္ေတြကို ခက္ခဲစြာျဖတ္သန္းခဲ့တယ္။ ဘာလို႔လဲဆိုေတာ့သူမအၿမဲစဥ္းစားမိေနလို႔ပဲ။ တကယ္လို႔ သူ႔ကေလးေလးသာမေသရင္ ဒီေန႔ကသူ႔ေမြးေန႔ပဲျဖစ္လိမ့္မယ္။ သူကဘယ္လိုပုံစံရွိေနလိမ့္မလဲ။ သူဘာေတြႀကိဳက္လိမ့္မလဲ။ သူ႔ကိုဘာလက္ေဆာင္ေပးရင္ ေကာင္းမလဲ။ သူအခုဆိုဘယ္ေလာက္ေလာက္ေတာင္ အရပ္ေတြျမင့္ေနလိမ့္မလဲ။ ေကာင္းေကာင္းေရာရွင္သန္ေနရဲ႕လား။

ဘယ္လိုပဲျဖစ္ျဖစ္ ဒီေန႔မွာေတာ့ အဲ့လိုမ်ိဳးအထီးက်န္တဲ့ခံစားခ်က္မ်ိဳးမရတဲ့ ပထမဆုံးေန႔ပဲ။ က်န္ရွင္းေဆြ႕ကိုျမင္လိုက္ရတဲ့အခ်ိန္မွာ ထူးဆန္းတဲ့ခံစားခ်က္မ်ိဳးရလိုက္ရတယ္။ သူမစိတ္ထဲျပည့္ဝသြားသလိုပဲ။

"ဂ်ိန္း!"

အျပင္ဘက္မွာ မိုးေတြထပ္ၿပီးၿခိမ္းေနတာျဖစ္တယ္။ အဲ့တာေတြက ႐ႊီအန္းက်န္းကိုတုန္လႈပ္သြားေစေတာ့တယ္။

သူမအေရွ႕ကက်န္ရွင္းေဆြ႕ကိုၾကည့္လိုက္ၿပီး သူမကိုယ္တိုင္ေတာင္မသိလိုက္ဘဲ လက္ကိုျဖည္းျဖည္းဆန္႔လိုက္ကာ ေတြေဝစြာနဲ႔ေမးလာတယ္ "အန္တီမင္းကိုဖက္လို႔ရမလား?"

က်န္ရွင္းေဆြ႕ေၾကာင္အသြားမိတယ္။ ဘာလို႔႐ႊီအန္းက်န္းက ဒီလိုေျပာလာသလဲဆိုတာ သူမသိဘူး။ ဒါေပမဲ့သူမျငင္းလိုက္ဘဲ လက္ထဲကပစၥည္းေတြကိုေဘးမွခ်လိုက္တယ္။ ၿပီးေတာ့ေခါင္းၿငိမ့္ၿပီး ၿပဳံးျပလိုက္ကာ "ရပါတယ္"

အျပင္ဘက္မွာမိုးသံေတြက တေျဗာင္းေျဗာင္းနဲ႔က်ေနတယ္။ လူငယ္ေလးကမီးေရာင္ေအာက္မွာရပ္ေနၿပီး မ်က္ဝန္းထဲမွာၿပဳံးရိပ္ေတြနဲ႔ သူမကိုၾကည့္ေနတယ္။

သူမအေတြးထဲမွာ ႐ႊီအန္းက်န္းထပ္ၿပီးေတာ့ အဲ့ဒီကေလးေလးကိုျမင္ေယာင္လာရျပန္တယ္။ အိမ္မက္ထဲမွာသူမေနာက္ကေန "မားမား မားမား"နဲ႔လိုက္ေနခဲ့တာ။ ေနာက္ေတာ့ကေလးေလးကို အေမွာင္ထုကဝါးၿမိဳသြားခဲ့တယ္။ အဲ့လိုနဲ႔ပဲသူမဆီကေန ထြက္ခြာသြားခဲ့တယ္။ သူမဘယ္လိုမွ ဖမ္းယူမထားႏိုင္ဘူး။ ဘယ္လိုမွလည္းထိန္းမထားႏိုင္ဘူး။ ဘာမွမရွိတဲ့ေလထုကိုပဲ စိတ္ပ်က္စြာဖမ္းဆုပ္မိခဲ့ရတယ္။

႐ႊီအန္းက်န္းျဖည္းျဖည္းခ်င္းေရွ႕တိုးလာတယ္။ တစ္လွမ္းခ်င္းစီက က်န္ရွင္းေဆြ႕ဆီကိုဦးတည္ေနတယ္။ အိမ္မက္ထဲကကေလးေလးကို ဆြဲကိုင္ထားသလိုပဲ။ လက္ေတြကိုဆန္႔တန္းလိုက္ၿပီး သူ႔ကိုဖက္လိုက္တယ္။ ဒါေပမဲ့အရင္ကအၿမဲတမ္း ေလထုကိုပဲဖမ္းဆုပ္မိေပမဲ့ အခုေတာ့ ေႏြးေထြးတဲ့ရင္ခြင္တဲ့က်ေရာက္သြားရတယ္။ ကိုယ္ေလးကပိန္ပါးေနေပမဲ့ အေႏြးဓာတ္ေလးကို ခံစားလို႔ရေနတယ္။

သူမလြတ္ထြက္မသြားခဲ့ဘူး။

သူမဖမ္းဆုပ္ႏိုင္ခဲ့တယ္။

႐ႊီအန္းက်န္းရဲ႕အသက္ရႉသံေတြက ေႏွးေကြးလာရတယ္။ သူမရင္ထဲကဝမ္းနည္းမႈေတြက ေတာေတာင္ပင္လယ္ေတြလို တုန္လႈပ္ေနရတယ္။ က်န္ရွင္းေဆြ႕ကို တင္းတင္းက်ပ္က်ပ္ဖက္ထားကာ သူမရဲ႕မ်က္ရည္ေတြကို ထိန္းခ်ဳပ္မထားႏိုင္ေတာ့ဘူး။ အနည္းငယ္တုန္ယင္စြာနဲ႔ ေျပာလာခဲ့တယ္ "ကေလး....."

က်န္ရွင္းေဆြ႕မူလက ႐ိုး႐ိုးပဲေပြ႕ဖက္ထားခ်င္ခဲ့တာျဖစ္ေပမဲ့ တကယ္ေပြ႕ဖက္လိုက္ရတဲ့အခ်ိန္မွာ အထူးသျဖင့္ ဝမ္းနည္းေနတဲ့မ်က္ဝန္းေတြနဲ႔ ဆုံလိုက္ရတဲ့အခ်ိန္မွာ သူ႔ရင္ထဲကေန ထူးဆန္းတဲ့ခံစားခ်က္ရလိုက္ရတယ္။ အဲ့တာအေတာ္ေလးထူးဆန္းတဲ့ခံစားခ်က္မ်ိဳးျဖစ္ၿပီး သူကိုယ္တိုင္လည္း ဘယ္လိုကိုင္တြယ္ရမွန္းမသိေလဘူး။ ႐ႊီအန္းက်န္ရဲ႕တုန္ယင္ေနတဲ့အသံက နားထဲကေနထြက္ေပၚလာေတာ့ က်န္ရွင္းေဆြ႕မ်က္ဝန္းေတြ တုန္ခါသြားမိၿပီး လက္ေတြကသူ႔ထိန္းခ်ဳပ္မႈေအာက္မွာမရွိေတာ့ဘဲ ႐ႊီအန္းက်န္းကိုသိုင္းဖက္ထားလိုက္မိတယ္။ ကူရာမဲ့စြာပဲ အသံတိုးတိုးနဲ႔ ေခၚလိုက္မိေတာ့တယ္ "မားမား....."

____________________
Word – 5420
Nov 10,2022(Thu)
Xiao Dream

Continue Reading

You'll Also Like

282K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
138K 16.6K 76
ယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေး...
1.1M 57.5K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...