Ch(296-297)
Chapter(296)
ပြောင်းလဲသွားတဲ့သူ(2)
"သူဘဲ ငါသေချာတယ်"ဝူယုက ရူးသွပ်စွာအော်လိုက်ပြီး"ငါ့ပစ္စည်းကို ဝူရုန်ခိုးထားတာ"
အဲဒီနောက်မှာတော့ သူက တောင်းပန်လိုက်တယ်"ရုန်အာ ငါတောင်းပန်ပါတယ်။ကျေးဇူးပြုပြီး ကျောက်တုံးကို ငါ့ကိုပြန်ပေးပါ။အဲဒါမရှိဘဲ ငါ အသက်မရှင်နိုင်ဘူး။ငါမင်းကို တောင်းပန်ပါတယ်"
အဲဒီနောက်မှာ သူက ဝူရုန်ကို ဒူးထောက်အရိုအသေပေးလိုက်တယ်။
"......."ကြည့်ရတာတော့ ဝူယုက အသိစိတ်လွတ်သွားတဲ့ပုံဘဲ။ရန်လန်ယုက သူ့သားက ဝူရုန်ကို ဒူးထောက်အရိုအသေပေးလိုက်တာကို မယုံနိုင်ဘူး။ဒါ့ကြောင့် သူမက ဝူရုန်ကို ပိုပြီးမုန်းတီးလာပြီး ဝူရုန်က သူ့သားပစ္စည်းကို ယူထားတယ်ဆိုတာ ပိုပြီးသေချာသွားတယ်။
"ဝူရုန် အဲဒါကို ပြန်ပေးလိုက်"
"ဝူရုန် ငါတို့ မင်းကို ထိခိုက်အောင် မလုပ်စေချင်ဘူးဆိုရင် မင်းအဲဒါကို ဝူယုကို ပြန်ပေးတာ ပိုကောင်းမယ်"ဝူချွင်လီက ခြိမ်းခြောက်လိုက်တယ်။
ဟေးရွမ်ရီက သူ့ကိုအေးစက်စွာ စိုက်ကြည့်လာတာကြောင့် ဝူချွင်လီရဲ့ခြေထောက်တွေကို တုန်ရီသွားစေတယ်။
"နင်တို့ ရူးနေတာလား?"ဝူရှိက ခြံဝင်းနားမှာ ချောင်းနားထောင်နေရာမှ ပြေးထွက်လာပြီး ပြောလိုက်တယ်။
"ဘိုးဘိုးကြီးက ဝူယုရဲ့ပစ္စည်းကို ငါ့အကို မယူဘူးဆိုတာသက်သေပြပြီးသားဘဲ။ဒါကို ဘာကြောင့် နင်တို့ သူ့ကိုစွပ်စွဲချင်ရတာလဲ?"
ရန်လန်ယုက ဝူပုဖန်ကို အေးစက်စွာ စိုက်ကြည့်ပြီး ညည်းတွားလိုက်တယ်"အခု ဝူရုန်က အဆင့်ခြောက်ကျင့်ကြံသူဖြစ်နေပြီဆိုတော့ သူ့ဘက်လိုက်ပြီးပြောမှာပေါ့"
ဝူပုဖန်က စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်တယ်"အဓိပ္ပာယ်မရှိလိုက်တာ"
"ငါတို့ကို ဒီနေရာကို မကြိုဆိုဘူးဆိုတော့ အိမ်ပြန်ပြီး မနက်ဖြန်မနက်မှဘဲ လာရအောင်"ဝူချွင်ချင်က ပြောလိုက်တယ်။
သူက ဒီမိသားစုတွေနှင့် ပိုပြီး ဝေးဝေးနေသင့်တယ်။ဝူယုက သူတို့ ထွက်သွားတော့မယ်လို့ ပြောသံကြားတော့ ပိုပိုပြီးစိတ်လှုပ်ရှားလာတယ်။သူက ထရပ်လိုက်ပြီး"မင်းတို့ သွားလို့ရဘူး။မင်းတို့မသွားရဘူး"
"ဝူယု ဘာမှားနေတာလဲ?"အခြားလူတွေကလည်း ဘာဖြစ်တာလဲဆိုတာ ခြံဝင်းထဲကို လာကြည့်ကြတယ်။
"တစ်ယောက်မှ မသွားရဘူး"ဝူယုက ဓားအိမ်ထဲက ဓားကို ဆွဲထုတ်ပြီး လူတိုင်းကို ချိန်ရွယ်ပြီး"အဲဒါကို ပြန်ပေး!မဟုတ်ရင် မင်းတို့ တစ်ယောက်မှ မသွားရဘူး"
ရန်လန်ယုနှင့်ဝူချွင်လီက ထိတ်လန့်မှုကြောင့် နေရာမှာဘဲ အေးခဲသွားတယ်။
"သူ ရူးနေတာလား?"တစ်စုံတစ်ယောက်က အော်လိုက်တယ်။
"နင်ကဘဲ အရူး!"ရန်လန်ယုက ဒေါသတကြီး ပြန်အော်လိုက်တယ်။
"ယုအာ ဓားကိုချလိုက်။ဘယ်သူ့ကိုမှ မထိခိုက်စေနဲ့"
"အဲဒါကို ငါ့ကိုပေးစမ်း!မဟုတ်ရင် ငါမင်းကိုသတ်မယ်"ဝူယုက ဝူချွင်လီရှိရာကို ဓားကိုဝေ့ယမ်းလိုက်တယ်။
"ချွင်လီ သတိထား"ဝူပုဖန်က သတိပေးလိုက်တယ်။
"အား"ဝူချွင်လီက နာကျင်စွာ အော်လိုက်တယ်။သူ့ရဲ့ဘယ်ဘက် လက်မောင်းက ပြတ်သွားတယ်။သူက သူ့သားက သူ့ကိုထိခိုက်အောင် လုပ်လိမ့်မယ်လို့ မထင်ထားတာကြောင့် သူကမခုခံခဲ့တာဖြစ်တယ်။
"ဘုရားရေ...သူက သူ့အဖေရဲ့လက်မောင်းကို ဖြတ်လိုက်တယ်။သူ ရူးနေပြီ"အခြားလူတွေက ကြောက်လန့်တကြားအော်လိုက်တယ်။
"ယုအာ သူက နင့်အဖေလေ။ဘယ်လိုလုပ်ပြီး သူ့ကိုထိခိုက်အောင် လုပ်ရတာလဲ?"ရန်လန်ယုက စိုးရိမ်တကြီးအော်လိုက်တယ်။
"ကြည့်လိုက် ဝူယုရဲ့မျက်လုံးက အနက်ရောင် ပြောင်းသွားပြီ"တစ်စုံတစ်ယောက်က အော်လိုက်တယ်။
လူတိုင်းက ကြည့်လိုက်တော့ ဝူယုရဲ့မျက်သားအဖြူတွေက အနက်ရောင်ပြောင်းသွားတာကို တွေ့လိုက်ရတယ်။
"သူနဲ့ဝေးဝေးနေ! သူက နတ်ဆိုးစိတ်ဝိညာဉ် လွှမ်းမိုးခံရတာဘဲ။သူ တစ်ယောက်ကိုမှ မမှတ်မိနိုင်ဘူး"
"ငါ့သားက နတ်ဆိုးစိတ်ဝိညာဉ်လွှမ်းမိုးခံရတာ မဖြစ်နိုင်ဘူး။သူက ဝူရုန်က သူ့ပစ္စည်းခိုးလို့ ဒေါသထွက်နေတာကြောင့်ဘဲ"ရန်လန်ယုက ဒေါသတကြီးပြောလိုက်တယ်။
ဘယ်သူကမှ သူမပြောတာကို အရေးမလုပ်ပါဘူး။ဘယ်သူကများ ဒီအမဲရောင် မျက်လုံးတွေက ဘာကိုဆိုလိုတယ်ဆိုတာ မသိလို့လဲ?
"အဲဒါကို ငါ့ကိုပြန်ပေးစမ်း!အဲဒါကို ငါ့ကိုပြန်ပေးစမ်း"ဝူယုက နေရာတိုင်းကို ဓားနှင့်ဝေ့ယမ်းနေပြီး ရန်လန်ယုကိုတောင် ဖြတ်မိလုနီးပါးဘဲ။
"သူ့ကိုကြိုးချည်ထားလိုက်"ဝူပုဖန်က နောက်ဆုံးမှာတော့ သတိပြန်ဝင်လာတယ်။
သူအပါအဝင် အစောင့်တွေက မှော်လက်နက်တွေ ကြိုးတွေနှင့် ဝူယုကို ရှေ့တက်လာပြီး ဖမ်းလိုက်ကြတယ်။
အကြီးအကဲရှင်းက ဝူယုရဲ့သွေးခုန်နှုန်းကို စမ်းသပ်လိုက်ပြီး ဝူယုရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစိတ်စွမ်းအင်ကို ခံစားမိတာကြောင့်"ငါသူ့ရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစိတ်စွမ်းအင်ကို ခံစားမိတယ်။ဖြစ်နိုင်တာက သူကမကြာခင်မှာ ဆိုးယုတ်တဲ့နတ်ဆိုးအဖြစ်ကို ပြောင်းသွားတော့မယ်"
"သူက နတ်ဆိုးစိတ်စွမ်းအင်ကို စုတ်ယူခဲ့တာကြောင် ဒီလောက်မြန်မြန် အဆင့်တက်နိုင်လား?"တစ်စုံတစ်ယောက်က မေးလိုက်တယ်။
"အဓိပ္ပာယ်မရှိလိုက်တာ"ရန်လန်ယုက ငြင်းခုံလိုက်ပြီး ဒေါသတကြီးပြောလိုက်တယ်"ငါ့သားက ဘယ်တော့မှ နတ်ဆိုးစိတ်စွမ်းအင်ကို မစုတ်ယူခဲ့ဘူး။အဲဒါက ဝူရုန်...."
"ရန်လန်ယု နင်က အရာရာတိုင်းအတွက် ငါ့အကိုကိုဘဲ အပြစ်တင်မနေနဲ့"ဝူရှိက သူမကိုဖြတ်ပြောလိုက်တယ်။
"သူ့အပြင်ဘယ်သူရှိသေးလို့လဲ?ဝူယုက သူနဲ့မတွေ့ခင်တုန်းက အကောင်းချည်းဘဲ ရှိသေးတာ"
အကြီးအကဲရှင်းက ခေါင်းခါပြီး ပြောလိုက်တယ်"သူ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစိတ်စွမ်းအင်တွေရှိနေတာ လအနည်းငယ်လောက်ကြာနေပြီ။အခုမှ အသစ်ထည့်သွင်းထားတာမဟုတ်ဘူး"
ဝူရှိက လှောင်လိုက်တယ်"နင်ကြားတယ်မလား?ဝူယုခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစိတ်စွမ်းအင်တွေရှိနေတာ လအနည်းငယ်ကြာနေပြီတဲ့။ဒါက ငါ့အကိုလုပ်တာ မဟုတ်ဘူး"
ရန်လန်ယုက တုံ့ဆိုင်းနေပြီးမှ ဝူရုန်ကို အပြစ်တင်လိုက်တယ်"တကယ်ကိုဘဲ အရာရာတိုင်းက ဝူရုန်လုပ်တာဘဲ ဖြစ်ရမယ်။တစ်စုံတစ်ယောက်က ငါ့သားက နတ်ဆိုးစိတ်စွမ်းအင်ကြောင် အဆင့်မြန်မြန်တက်ခဲ့တာလို့ ပြောတယ်။ဒါဆို ဝူရုန်ကရော?"
သူမက မျက်လုံးတွေနီရဲနေပြီး ဝူရုန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့ိလိုက်ပြီး"ငါတို့အားလုံးက သူ စိတ်စွမ်းအင်မရှိဘူးဆိုတာ သိတယ်။ဒါပေမဲ့ သူက ရုတ်တရက်ကြီး အဆင့်ခြောက် ကျင့်ကြံသူဖြစ်လာတယ်။ဒါက သူကလည်း နတ်ဆိုးစိတ်ဝိညာဉ်ကို စုတ်ယူထားတာဘဲ မလား?"
အခြားလူတွေကလည်း ဝူရုန်နားမှ အကွာအဝေးတစ်ခုခြားအောင် နောက်ဆုတ်ကုန်ကြတယ်။
"ငါ့အကိုက မတူဘူး။အရင်တုန်းက သူစိတ်စွမ်းအင်မရှိတာက သူ့ရဲ့စိတ်စွမ်းအင်နယ်မြေက ချိပ်ပိတ်ထားတာကြောင့်ဘဲ"
"နင်ပြောတာက အမှန်ဆိုရင်တောင် သူက ဘာကြောင့် ဒီလောက်မြန်မြန် အဆင့်တက်နိုင်ရတာလဲ?"
"........."ဝူရှိ
"အခု နင့်မှာ ပြောစရာမရှိတော့ဘူး မဟုတ်လား?"ရန်လန်ယုက လှောင်လိုက်တယ်။
------------------------------------------
Chapter(297)
ပြောင်းလဲသွားတဲ့လူ(3)
"ငါ ဒီလောက်မြန်မြန်အဆင့်တက်လာတာက ငါက အထူးစိတ်စွမ်းအင်တိုးတက်ဆေးတွေကို စားခဲ့လို့ဘဲ"
အခြားလူတွေက အံ့သြသွားကြတယ်။
အထူးစိတ်စွမ်းအင်တိုးတက်ဆေးက တကယ်ကိုဘဲ အချိန်တိုအတွင်းမှာ စိတ်စွမ်းအင်အဆင့်တွေကို နောက်တစ်ဆင့်ကို အမြန်ချိုးဖြတ်နိုင်အောင် ကူညီပေးတယ်။ဒီဆေးက ရှားပါးပြီး သာမန်ကျင့်ကြံသူတွေက မြင်ဖူးဖို့တောင်မလွယ်တာကို သူကတော့ ဒီဆေးကို စားခဲ့ရတယ်။
လူတိုင်းက ဝူရုန်ကို မနာလိုစွာ ကြည့်လိုက်ကြတယ်။သူတို့က ဟေးရွမ်ရီက အရမ်းချမ်းသာပြီး ဝူရုန်ကို တန်ဖိုးကြီးတဲ့ပစ္စည်းတွေနှင့် သတိုးသမီးတင်တောင်းလက်ဆောင်တွေကို ပို့နိုင်တာကြောင့် သူတို့က ဝူရုန်ရဲ့စကားကို သံသယမဖြစ်ဘူး။ဒါကြောင့် ဝူရုန်က သူက စိတ်စွမ်းအင်တိုးတက်ဆေးတွေကို စားလိုက်တာကြောင့်လို့ ပြောတဲ့အချိန်မှာ သူတို့က ဟေးရွမ်ရီက ဝူရုန်အတွက် ဝယ်ပေးတာလို့ဘဲ ယူဆလိုက်ကြတယ်။
ဝူရုန်က လူတိုင်းကိုကြည့်လိုက်ပြီး ပြောလိုက်တယ်"ငါက စိတ်စွမ်းအင်တိုးတက်ဆေးတစ်ပြားကို စားပြီးတဲ့အချိန်မှာ အဆင့်တစ်ကနေ အဆင့်သုံးကို ချိုးဖြတ်နိုင်ခဲ့တယ်။တကယ်လို့ မင်းတို့က ငါ့ကိုမယုံဘူးဆိုရင် အကြီးအကဲရှင်းကို ငါ့ရဲ့သွေးခုန်နှုန်းကို စမ်းသပ်စေပြီး ငါ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစိတ်စွမ်းအင်ရှိမရှိ စစ်ဆေးနိုင်တယ်"
အခြားလူတွေက ဝူရုန်ကို မနာလိုနေကြတယ်။
သူတို့က နှစ်တွေအကြာကြီး ကျင့်ကြံပြီးမှ အဆင့်သုံးကို ချိုးဖြတ်နိုင်ခဲ့ပေမဲ့ ဝူရုန်ကတော့ စိတ်စွမ်းအင်တိုးတက်ဆေး တစ်ပြားရဲ့အကူအညီနှင့် အောင်မြင်နိုင်ခဲ့တယ်။
အကြီးအကဲရှင်းက ဝူရုန်ရဲ့သွေးခုန်နှုန်းကို စမ်းသပ်လိုက်ပြီး ပြောလိုက်တယ်"သူ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစိတ်စွမ်းအင်မရှိဘူး"
ရန်လန်ယုက ဝူရုန်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်တယ်။
"မဟုတ်ဘူး။မင်းသွားလို့မရဘူး။တစ်ယောက်မှ မသွားနဲ့။အဲဒါကို ငါ့ကိုပြန်ပေး! အဲဒါကိုပြန်ပေး"ဝူယုရဲ့မျက်လုံးတွေက ပိုပိုပြီးမဲနက်လာတယ်။ရုတ်တရက် သူက ရန်လန်ယုရဲ့ဘေးကို ရောက်လာပြီး သူမကို ကိုက်လိုက်တယ်။
"အား"ရန်လန်ယုက နာကျင်စွာ အော်လိုက်ပြီး သူမရဲ့နားရွက်တစ်ဖက်က ပြတ်ကျသွားပြီး"နင်... တိရစ္ဆာန်ကောင်!"
သူမက ဝူယုကို ရိုက်လိုက်တယ်။
"ငါမင်းကို သေတဲ့အထိကိုက်မယ်!မင်းကို သေတဲ့အထိကိုက်ပစ်မယ်"ဝူယုက ရူးသွပ်စွာ အော်လိုက်တယ်။
ရန်လန်ယုက ဝူယုက ရူးသွပ်သွားတာကို ကြည့်ပြီး ကြောက်ရွံ့လာတယ်။သူမက ဝူယုနှင့်ဝေးရာကို မြန်မြန်လေးသွားလိုက်တယ်။
"ဒါအတွက် နင်ဘယ်လိုပြောအုန်းမလဲ?"ဝူရှိက အသံနိမ့်ပြီး ပြောလိုက်တယ်။
ဝူအန်းရီက လူအုပ်ရဲ့နောက်ကွယ်ကနေ လှောင်လိုက်တယ်။မင်းက မင်းရဲ့သားကို ယုအာလို့ခေါ်ခဲ့တယ်မလား?အခုတော့ မင်းက တိရစ္ဆာန်လို့တောင် ခေါ်နေပြီ!!
"ဘယ်လို ကံကြမ္မာဆိုးလဲ?"ဝူချွင်လီက အကြီးအကဲရှင်းရဲ့ ကုသပေးမှုကြောင့် သက်သာလာပြီး"မင်း ငါ့သားကို ကယ်နိုင်သေးလား?"
အကြီးအကဲရှင်းက ခေါင်းခါပြီးပြောလိုက်တယ်"စိတ်မကောင်းဘူး။ငါလုပ်နိုင်တာဘာမှမရှိဘူး"
"ငါတို့ဘာလုပ်သင့်လဲ?သူက တစ်ချိန်လုံး ဒီလိုမျိုးဖြစ်နေရင် သူသေသွားလိမ့်မယ်"
အကြီးအကဲရှင်းက သက်ပြင်းချလိုက်တယ်။
"ဖြစ်နိုင်တာက ဂရန်းမစ္စတာဆိုရင် ကူညီနိုင်လောက်တယ်"တစ်စုံတစ်ယောက်က ပြောလိုက်တယ်။
ဝူချွင်လီ၏မျက်ဝန်းတွေက တောက်ပသွားတယ်။
ဝူပုဖန်သည် ဝူချန်ဇီရဲ့ အကူအညီကို မလိုချင်တာကြောင့် တုံ့ဆိုင်းနေတယ်။တကယ်လို့ သူသာ ကူညီခဲ့ရင် လူတွေ ပိုပြီးသေလိမ့်မယ်။
"ခြံဝင်းထဲကို အရင်ပြန်ပြီး မနက်ဖြန်မှ ဒီအကြောင်းကို ပြန်ဆွေးနွေးရအောင်"အကြီးအကဲရှင်းက ပြောလိုက်တယ်။
သူတို့က ခြံဝင်းထဲကို ပြန်သွားကြတယ်။ဝူရုန်နှင့်ဝူချွင်ချင်ကလည်း ဝူရှောင်ရန်အတွက် ဝမ်းနည်းပူဆွေးပြီး အခြားလူတွေကလည်း စတင်ပြီးငိုကြွေးကြတယ်။
ဝူချွင်ချင်ရဲ့မျက်လုံးတွေက နီရဲနေတယ်။ဘယ်လိုဘဲပြောပြော ဒီအခေါင်းထဲက လူကသူ့ဖခင်ဝူရှောင်ရန်ဘဲလေ။
ဂေါင်တုန်က သူ့နောက်ကျောကို ပုတ်ပေးပြီးနှစ်သိမ့်ပေးလိုက်တယ်။
"နင့်ယောက္ခထီးက သေသွားပြီ။ဒါပေမဲ့ နင်က မျက်ရည်တစ်စက်တောင်ကျတာကို ငါမတွေ့ဘူး"မူရှူဝမ်က ရုတ်တရက် ညည်းတွားလိုက်တယ်။
ဝူရုန်နှင့်ဝူရှိက သူမကို ကြည့်လိုက်ကြတယ်။
"အမေ အခုအမေက အဖေ့ကို ဝမ်းနည်းပူဆွေးကြောင်း ပြရမယ့်အချိန်ဘဲ"ဝူချွင်ချင်က မူရှူဝမ်ကို ပြောလိုက်တယ်။
မူရှူဝမ်က အဝေးကို ကြည့်လိုက်ပြီး သူမက သူမသားက သူ့ဇနီးဘက်မှာဘဲရှိနေတာကို သိနေတာကြောင့် သူမ အံ့ကြိတ်ထားလိုက်တယ်။
နောက်တော့ လုံးဝတိတ်ဆိတ်သွားတယ်။
အစောင့်တွေက အခေါင်းတွေကို ဝူအိမ်တော်အပြင်ဘက်ကို သယ်လာပြီး ဝူမိသားစု၏ဘိုးဘွားပိုင် ခန်းမမှာချထားလိုက်တယ်။
ဘိုးဘွားပိုင်ခန်းမကို အသုဘအပြင်အဆင်အတိုင်း ပြင်ဆင်ထားတယ်။ခန်းမထဲကို တစ်ရာနီးပါးအခေါင်းတွေကိုချထားလို့ရအောင် လုံလောက်အောင်ကြီးမားတယ်။ဂိုလင်းမြို့က လေ့ကျင့်ရေးဆင်းနေတဲ့ ဝူမိသားစုဝင်တွေ နေ့လယ်ပိုင်းမှာ အသုဘအခမ်းအနားကိုရောက်လာကြတယ်။
လူတိုင်းကို ရှောင်ရှားနေတဲ့ ဝူရှားကတောင် ရောက်လာတယ်။သူက ဘိုးဘွားပိုင်ခန်းမထဲက တစ်ရာနီးပါးရှိတဲ့ အခေါင်းတွေကို ကြည့်ပြီး သူ့မျက်လုံးတွေက နီရဲလာပြီး"အဖေ အမေ"
ဝူရှန်းက ရင်းနှီးနေတဲ့အသံကြောင့် ငိုနေတာကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်ပြီး"ဝူရှားလား?"
ဝူရှားက ဝူရှန်းကို မေးလိုက်တယ်"အကို ဘာဖြစ်သွားတာလဲ?သူတို့ ဘယ်လိုသေသွားတာလဲ?"
"ဂိုလင်းမြို့က ဝူမိသားစုဝင်တွေက လုပ်ကြံခံရတယ်။ငါတို့ ပြန်တိုက်ပေမဲ့ ငါတို့ရဲ့ရန်သူတွေက ငါတို့ထက်စွမ်းအားကြီးတယ်။ငါတို့မိသားစုတွေကို သူတို့ သတ်သွားတယ်"ဝူရှန်းက ဝမ်းနည်းစွာ ပြောလိုက်တယ်"မင်း အင်ပါယာမြို့တော်ကို ရောက်နေကတည်းက ဘာကြောင့် ငါတို့ကို လာမတွေ့ရတာလဲ?ငါတို့က မင်းကို ဘယ်လောက်စိုးရိမ်နေသလဲဆိုတာ မင်းသိလား?"
"အမေ အဖေ!ကျွန်တော်တောင်းပန်ပါတယ်"ဝူရှားငိုကြွေး၍ သူဖခင်ရဲ့အခေါင်းနားကို ကပ်သွားပြီး ဒူးထောက်လိုက်တယ်။
သူက အင်ပါယာမြို့တော်ကို ရောက်တော့ သူ့မိဘတွေက အသက်ရှင်နေသေးပြီး ဝူအိမ်တော်မှာနေထိုင်တယ်ဆိုတဲ့ သတင်းကို ကြားတယ်။သူက အရင်ဆုံး ဘာစီကိုလိုက်ရှာဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။ဒါပေမဲ့ သူက ဒီလိုမျိုးဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။တကယ်လို့ ဒီလိုမျိုးဖြစ်မယ်မှန်းသာသိခဲ့ရင် သူက သူ့မိဘတွေကိုဘဲ အရင်ဆုံးသွားတွေ့မှာဖြစ်တယ်။
ဝူရှန်းကလည်း ဒူးထောက်ပြီး ငိုနေပြီး"အခု မင်းနဲ့ငါဘဲရှိတော့တယ်"
ဝူရှားက ဒီစကားတွေကို ကြားတော့ ပိုပြီးပြင်းထန်စွာ ငိုကြွေးတယ်။
နောက်ခုနှစ်ရက်အတွင်းမှာတော့ အခြားမိသားစုတွေနှင့် လက်ထပ်သွားတဲ့ ဝူမိသားစုမှ သမီးတွေအားလုံးနှင့် လေ့ကျင့်ရေးခရီးလှည့်လည်သွားနေတဲ့ သူတွေက တစ်ယောက်ပြီး တစ်ယောက် ဘိုးဘွားပိုင်ခန်းမကို ရောက်လာကြတယ်။
"အဖေ"ကျယ်လောင်တဲ့ ငိုကြွေးသံက ဘိုးဘွားပိုင်ခန်းမထဲကို ပြန့်လွင့်လာတယ်။
ဝူချွင်ချင်က ကြည့်လိုက်တော့ မူရှူဝမ်နှင့်အရမ်းတူတဲ့ မိန်းကလေးတစ်ယောက်က ပြေးဝင်လာပြီး ဝူရှောင်ရန်၏အခေါင်းရှေ့မှာ ဒူးထောက်လိုက်ပြီး"အဖေ အဖေ့သမီးက ဒီမှာ"
"ချွင်ဟောင်"မူရှူဝမ်က စိတ်လှုပ်ရှားစွာ ခေါ်လိုက်တယ်။
"ညီမလေး"ဝူချွင်ချင် ဝူချွင်လီနှင့်ဝူချွင်တုန်တို့က မွန်းကျပ်စွာ ခေါ်လိုက်တယ်။
ဝူရှိနှင့်ဝူဘိုင်ကလည်းနှုတ်ဆက်လိုက်တယ်"ဒေါ်လေး"
ဝူချွင်ဟောင်က မျက်ရည်တွေကို သုတ်ပြီး"ငါကြားတာတော့ မင်းတို့ လုပ်ကြံခံရတယ်ဆို။မင်းတို့ အဆင်ပြေရဲ့လား?"
"ငါတို့ အဆင်ပြေတယ်"
"မင်းတို့ ဒီမှာရှိနေတာ အရမ်းကောင်းတယ်"ဝူချွင်ဟောင်က ငိုပြီးပြောလိုက်တယ်။
ဝူရုန်ရဲ့နှုတ်ခမ်းတွေက တွန့်သွားတယ်။သူမက ရင်ဆိုင်ဖို့ မလွယ်ဘူး။
----------------