Chapter(291)
လောင်းကြေးပမာဏ(1)
အင်ပါယာအရှင်က ဆုချီးမြှင့်ပြီးတဲ့အချိန်မှာတော့ မိသားစုတွေက ဆုချီးမြှင့်ရမယ့်အချိန်ဖြစ်တယ်။
ဝူရုန်နှင့်အခြားသောကျင့်ကြံသူနှစ်ယောက်က အခြားလူတွေရဲ့မနာလို ဝန်တိုမှုတွေရဲ့အောက်မှာ ဝူမိသားစုရှိရာကို လျှောက်လာခဲ့တယ်။
ဝူရှူယနန်က ဝူရုန်ကို သတ်ပစ်ချင်လွန်းတာကြောင့် သူ့မျက်လုံးတွေက နီရဲနေပြီး ဒေါသအရမ်းထွက်နေတယ်။သူက ဒီအရှုံးသမားက သန်မာနေတာကို လျှို့ဝှက်ထားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။စာရင်းသွင်းတုန်းကတောင် အဆင့်တစ်ပြိုင်ပွဲမှာ သွင်းခဲ့ပြီး အခုတော့ အဆင့်ခြောက်ကျင့်ကြံသူဖြစ်နေတယ်။စာရင်းသွင်းတဲ့နေ့တုန်းက ဝူရုန်က သူတို့ပြန်သွားမှ စာရင်းသွင်းတဲ့နေရာကို ပြန်လာပြီး ပြောင်းလဲခဲ့ဖြစ်မယ်။
ဘာလိုလဲဖြစ်ဖြစ် သူက ဝူရုန်ကို မုန်းတီးတယ်။
ဆုပေးခြင်း အခန်းအနားမှာ ခေါင်းဆောင်ဝူက ပြောလိုက်တယ်"မင်းတို့က ငါ့စီမှာ တောင်းဆိုမှုတစ်ခုလုပ်နိုင်တယ်။တကယ်လို့ အခုချိန်မှာ မင်းတို့က မစဉ်းစားရသေးရင် နောက်မှ ပြောလည်းရတယ်။ဒျါပမဲ့ နောက်နှစ်ပြိုင်ပွဲမတိုင်ခင် ပြောဖို့တော့ သတိရပေါ့။ငါပြောတာ နားလည်လား?"
အခြားကျင့်ကြံသူနှစ်ယောက်က ခေါင်းငြိမ့်လိုက်ပြီး"ကျွန်တော်တို့ သိပါပြီ"
ခေါင်းဆောင်ဝူက ဝူရုန်ကို မေးလိုက်တယ်"ဝူရုန် မင်းကရော"
"ကျွန်တော်က ဂရန်းမစ္စတာက လုပ်ပေးနိုင်တဲ့အရာကိုသာတောင်းဆိုချင်တယ်"ဝူရုန်က ပြောလိုက်တယ်။
ဝူချန်ဇီက ဝူရုန်က အင်ပါယာအရှင်ကို တောင်းဆိုတဲ့ကိစ္စသာဖြစ်လိမ့်မယ်လို့ ယူဆလိုက်တယ်။
"ဘာကိစ္စလဲ?အရင်ဆုံး မင်းပြောကြည့်လေ"ခေါင်းဆောင်ဝူက ဝူချန်ဇီကို ကြည့်ပြီးပြောလိုက်တယ်။
"ကျွန်တော်က အရှင်မင်းကြီးထံမှာတောင်းဆိုထားတဲ့ ကိစ္စကိုသာ ဂရန်းမစ္စတာထံမှာတောင်းဆိုချင်တယ်။ဒါကြောင့် ကျွန်တော်က ထပ်မပြောတော့ဘူး။တကယ်လို့ ဂရန်းမစ္စတာအတွက် ခက်ခဲတယ်ဆိုရင် ကျွန်တော်က နောက်မှ အခြားတစ်ခုကို တောင်းဆိုပါမယ်"
"ငါက အခုဂရန်းမစ္စတာနဲ့ပြောစရာရှိသေးတယ်။အခုနောက်ကျနေပြီ။မင်းက အရင်ဆုံး အနားယူဖို့သွားတော့"ခေါင်းဆောင်ဝူက ခေါင်းငြိမ့်ပြီးပြောလိုက်တယ်။
"ဟုတ်"
လူတိုင်းက စိတ်ပျက်သွားတယ်။
"ဝူရုန်က ဘာတောင်းဆိုတာလဲ?"ခေါင်းဆောင်ဝူက ဝူချန်ဇီကို မေးလိုက်တယ်။
ဝူချန်ဇီက မျက်မှောင်ကြုတ်လိုက်ပြီး"သူပြောတာက သူ့ခင်ပွန်းက မှော်လက်နက်တွေကို စိတ်ဝင်စားလို့ လင်းဖူဘုရားကျောင်းက ကောင်းကင်ဘုံနဲ့သက်ဆိုင်တဲ့မှော်လက်နက်ကို အနီးကပ်ကြည့်ချင်တယ်တဲ့။သူက အရှင်မင်းကြီးထံမှာ ဆုလာဘ်အတွက် ဒီတောင်းဆိုတာမှု လုပ်ခဲ့တာဘဲ"
"ဘုရားထဲကို ဝင်ဖို့ဆိုတာ မလွယတ်ကူဘူး။အရှင်မင်းကြီးက သူ့ကို ဘုရားထဲဝင် ခွင့်ပြုဆိုတာ မဖြစ်နိုင်ဘူး"ခေါင်းဆောင်ဝူက ပြောလိုက်တယ်။
"ဟုတ်တယ် သူက သဘောတူမှာ မဟုတ်ဘူး"ဝူချန်ဇီက အင်ပါယာအရှင်ရဲ့အပြုအမူကို ပြန်တွေးပြီးပြောလိုက်တယ်။
အနည်းဆုံးတော့ သူက အချိန်တိုအတွင်း သဘောတူမှာ မဟုတ်ဘူး။
"ဒီတော့ သူက အရှင်မင်းကြီးက ခွင့်မပြုသေးကတည်းက မင်းရဲ့အကူအညီကိုတောင်းတာပေါ့။ဒါကဆိုးဝါးတာ ဖြစ်လာနိုင်လား?"
"ငါလည်း ဒါကို စိုးရိမ်နေတာ။ငါက သူကတစ်ခုခုကို ကြံစည်ထားတယ်လို့ထင်နေတယ်"
"ဒါဆိုလည်း သူ့ကိုမကူညီနဲ့ပေါ့"
"ဒါကအရမ်းဆိုးတာတော့ မဟုတ်ပါဘူး။သူက ငါတို့ကို ဆန့်ကျင်ဖို့ စီစဉ်ထားရင် ငါတို့ကလည်း သူ့ကို ပြန်ဆန့်ကျင်ထာပေါ့"ဝူချန်ဇီက လှောင်လိုက်တယ်။
"မင်းက ဘယ်လိုလုပ်ချင်လို့လဲ?"
"ငါ့မှာပြီးပြည့်စုံတဲ့ အစီအစဉ်ရှိတယ်။ဟုတ်သားဘဲ။ဂိုလင်းမြို့ကလူ ဘယ်လောက်သေသွားတလဲ?"ဝူချန်ဇီကမေးလိုက်တယ်။
"အားလုံးပေါင်းသုံးဆယ့်တစ်ယောက်"
"သိပ်မများဘူးဘဲ"ဝူချန်ဇီကမျက်မှောင်ကြုတ်လိုက်တယ်။
"သူတို့ကို စောင့်ကြည့်ဖို့စီစဉ်ထားတယ်။ဒါကြောင့် သူတို့က အလွယ်တကူ လှုပ်ရှားလို့ရမှာ မဟုတ်ဘူး"
"ငါတို့က အိမ်ပြန်ပြီး သူတို့ကိုသတ်ဖို့ အစီအစဉ်ကောင်းကောင်းချရမယ်"ဝူချန်ဇီက ပြောလိုက်တယ်။
"ဒါက စီစဉ်ပြီးသွားပြီ"ခေါင်းဆောင်ဝူက ပြုံးပြီးပြောလိုက်တယ်။
သူတို့က ပြိုင်ကွင်းကနေထွက်လာတဲ့အချိန်မှာတော့ နေလုံးဝင်သွာပြီဖြစ်တယ်။
"ငါက ဒီကနေ အသက်ရှင်ရက်ထွက်လာနိုင်တာ အံ့သြစရာဘဲ"ဝူရှိက အသက်ရှူထုတ်ပြီး ပြောလိုက်တယ်။
ပြိုင်ပွဲအတွင်းက သေခါနီးအတွေ့အကြုံသုံးခုက သူမကို ကြောက်လန့်စေတုန်းဘဲ။ပြိုင်ပွဲအတွင်းမှာ ဂိုလင်းမြို့က ဝူမိသားစုဝင်အများစုက သေဆုံးသွားကြတယ်။ဂိုလင်းမြို့က ဝူမိသားစုဝင်တွေအကြောင်းတွေးမိတာနှင့် သူမကကံကောင်းလို့ အသက်ရှင်ကျန်ရစ်တာလို့တွေးမိတယ်။
"မင်းက တကယ့်ကိုအရူးမလေးဘဲ"ဝူချွင်ချင်က ပြုံးပြီးပြောလိုက်တယ်။
ဝူချန်လွီက တစ်လျှောက်လုံးပြုံးနေခဲ့တယ်။
ဝူရုန်က သူတို့ဘက်ကို လျှောက်လာတဲ့အမျိုးသားတစ်ယောက်ကို တွေ့တဲ့အချိန်မှာ သူ့အပြုံးကအေးခဲသွားတယ်။သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြည့်ကောင်းတဲ့ရုပ်ရည်နှင့် တော်ဝင်အငွေ့အသက်တွေရှိတယ်။သူ့ရဲ့အသားရည်က ဖြူရော်ပြီး သူ့နှုတ်ခမ်းတွေက ပါးလွတယ်။သူက ဝူရုန်ကို စိုက်ကြည့်နေပြီး သူ့မျက်ဝန်းတွေကပြုံးနေတယ်။သူ့ရဲ့လက်ထဲမှာ စာအုပ်ကိုကိုင်ထားပြီး အပြာရောင်လက်အိတ်ကို ဝတ်ဆင်ထားတယ်။
သူက ရှူဂျွန်ဘဲ။
ဝူရုန်ရဲ့နှလုံးကတုန်ရီလာတယ်။ဒီလူက ဟေးရွမ်ရီက သူကိုပြောပြထားတဲ့ ပုံစံနှင့်တူညီနေတာကြောင့် သူက ရှူဂျွန်ဆိုတာ သေချာတယ်။
ဒါပေမဲ့ သူကဘာလို့ဒီနေရာမှာ ရှိနေတာလဲ?သူ့ကိုသတ်ချင်လို့လား?
သူက အရင်ဆုံးထွက်ပြေးသင့်လား?
ကံကောင်းတာက ဝူချန်လွီက သူတို့ဘက်မှာ ရှိတာကြောင့် ရှူဂျွန်က သူတို့ကိုထိခိုက်အောင်လုပ်မှာ စိုးရိမ်စရာမလိုဘူး။ဒါ့အပြင် ရှူဂျွန်က ကျင့်ကြံသူတွေ အများအပြားရှိနေတဲ့ ဒီနေရာမှာ သူ့ကိုထိခိုက်အောင်လုပ်ဖို့ ရူးနေတဲ့လူ မဟုတ်ဘူး။
ဝူချွင်ချင်က ဝူရုန်ကဆုလာဘ်ခံရရှိတဲ့ သေတ္တာကို ကိုင်ထားပြီး ဝူရုန်က နှေးကွေးစွာ သွားနေကတည်းက မေးလိုက်တယ်"ရုန်အာ ဘာကြည့်နေတာလဲ?"
ဝူရုန်က ဝူချွင်ချင်ကို ကြည့်လိုက်ပြီး ရှူဂျွန်ကို ပြန်ကြည့်လိုက်တော့သွားလိုက်ပြီး ဖြစ်တယ်။ဝူရုန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပေမဲ့ သူ့ကိုမတွေ့ဘဲ ဝူပုဖန်နှင့်အခြားလူတွေက အဖြူရောင်ပိတ်စအုပ်ထားတဲ့ အလောင်းတွေကို သယ်လာတာကိုသာ တွေ့လိုက်ရတယ်။ပြီးတော့ သူတို့က အဓိကခန်းမရဲ့ ဘေးတံခါးကနေ ထွက်သွားကြတယ်။
ဝူရုန်က ဝူချွင်ချင်ကို ပြန်ကြည့်ပြီးပြောလိုက်တယ်"ဘိုးဘိုးကြီးနဲ့တခြားလူတွေက အလောင်းတွေကို သယ်သွားပြီ"
ဝူချွင်ချင်က ကြည့်လိုက်ပြီးနောက် သက်ပြင်းချပြီးပြောလိုက်တယ်"ဒီနောက်ပိုင်း ကိစ္စတွေအများကြီးဖြစ်ပျက်ခဲ့ပြီးနောက်မှာ သူတို့နဲ့ ပတ်သက်တာ လုံလောက်ပြီ။ငါ သူတို့အပေါ်လုပ်ပေးခဲ့တာက လုံလောက်ပြီ"
သူ့မိသားစုအပေါ်သွေးအေးမုန်းတီးမှုတွေ မရှိပေမဲ့ သူ့မိသားစုကသူ့ကို စိတ်အနှောင့်အယှက်ပေးတာသာကိုသာ ခံစားရတယ်။တကယ်လို့သူက သူတို့ရဲ့ကိစ္စတွေမှာ ဝင်ရှုပ်ရင်လည်း သူတို့ရဲ့အရေးကိစ္စတွေကို ပိုဖြေရှင်းစေပြီး ပြသနာတက်ဖြစ်လာစေလိမ့်မယ်။သူက ဒီကိစ္စတွေကို ဖြေရှင်းဖို့ မလိုအပ်ဘူး။ဒါ့အပြင် ဝူပုဖန်က အကြီးအကဲဖြစ်ပြီး သူက ဂျူနီယာတစ်ယောက်သာဖြစ်လို့ ဝူပုဖန်ကိုဆန့်ကျင်ပြီး ဂိုလင်းမြို့ကလူတွေအားလုံးအတွက် ရပ်တည်ပေးစရာ မလိုအပ်ဘူး။ဘယ်လိုဘဲဖြစ်ဖြစ် သူက ဂိုလင်းမြို့က ဝူမိသားစုဝင်တွေအတွက် စိတ်မကောင်းဖြစ်မှုတော့ ကျန်ရစ်နေဆဲဖြစ်တယ်။
"အဖေ အဲဒီမှာ အမေဘဲ"ဝူရှိက ဂေါင်တုန်ရှိရာကို ပြေးသွားလိုက်တယ်။
ဟေးရွမ်ထန်နှင့် ဥကလေးက သူမထက်တောင် ပိုပြီးတော့ စိတ်လှုပ်ရှားနေသေးတယ်။သူတို့က အဝေးမှာကတည်းက ကျယ်လောင်စွာ အော်နေကြတယ်"ရုန်အာ ရုန်အာ ငါတို့ဒီမှာ"
"ပါးပါး ပါးပါး သားတို့ဒီမှာ"
အစောင့်တွေက လျှင်မြန်စွာ ရှေ့တက်လာပြီး ဝူရုန်လက်ထဲက သေတ္တာကို သွားတယ်လိုက်တယ်။ဥကလေးက ဝူရုန်ထံကိုပြေးလာပြီး ဝူရုန်၏ခြေထောက်ကိုဖက်လိုက်ပြီး"ပါးပါး ပါးပါးက အရမ်းအံ့သြစရာကောင်းတယ်"
"ပါးပါးက အခုမှ အဆင့်ခြောက်ကျင့်ကြံသူဘဲရှိသေးတယ်။ဘယ်လိုလုပ်အရမ်းအံ့သြစရာကောင်းပါ့မလဲ?"ဝူရုန်က ဥကလေးကိုကောက်ချီလိုက်ပြီးပြောလိုက်တယ်။
"ပါးပါးက သားစိတ်ထဲမှာ အကောင်းဆုံးဘဲ"
"ဥကလေး မင်းက ငွေတွေနိုင်ကတည်းက စကားတွေချိုနေတာဘဲ"ဟေးရွမ်ထန်က ပြောလိုက်တယ်။
"သားက ဘယ်လောက်နိုင်တာလဲ?"ဝူရုန်က မေးလိုက်တယ်။
ဥကလေးက လက်ငါးချောင်းထောင်လိုက်ပြီး တခစ်ခစ်ရယ်ပြီး ပြောလိုက်တယ်"ငွေပြားငါးသောင်း"
ပြီးတော့ သူကနှုတ်ခမ်းဆူလိုက်ပြီး မပျော်မရွှင်နဲ့"ကွတ်ခူးမှာက ငွေပြားငါးထောင်ဘဲ ရှိလို့ပေါ့။မဟုတ်ရင် သားက ပိုပြီးနိုင်မှာ"
"ငါးသောင်းကလည်း များနေပြီ။ငါလည်း ငါ့အကိုကို လောင်းကြေးထပ်ချင်တယ်"ဝူရှိက မနာလိုစွာ ပြောလိုက်တယ်။
"ရှိအာ ငါဘယ်လောက်နိုင်လဲမှန်းကြည့်"ဟေးရွမ်ထန်က မချေမငံနှင့်ပြောလိုက်တယ်။
"ငွေပြားတစ်သိန်းလား?"ဝူရှိက ခန့်မှန်းလိုက်တယ်။
"ထပ်မှန်းအုန်း"ဟေးရွမ်ထန်က ခေါင်းခါလိုက်တယ်။
"နှစ်သိန်းလား?"
"ငါက အဲဒီထက်ကို အများကြီးပိုလောင်းထားတယ်"ဟေးရွမ်ထန်က မျက်လုံးလှန်ပြီး ပြောလိုက်တယ်။
"မင်းက ဘယ်လောက်တောင်လောင်းထားတာလဲ?ဝူရှိက တုန်လုပ်စွာ မေးလိုက်တယ်။
"ငွေပြားငါးသိန်း"ဟေးရွမ်ထန်က မချေမငံပြောလိုက်တယ်။တကယ်လို့ ဝူရုန်ကသာ သူ့မှာရှိတာ အားလုံးလောင်းဖို့ ဖိအားမပေးခဲ့ဘူးဆိုရင် သူက ဒီလောက်ထိလောင်းမှာ မဟုတ်ဘူး။
ဝူရှိက အံ့အားသင့်မှုကြောင့် ပါးစပ်ပွင့်ဟသွားပြီး"ငွေပြားငါးသိန်းဆိုတော့ ဆယ်ဆထပ်ပေါင်းလိုက်ရင် ငါးသန်းရတာပေါ့ ဟုတ်လား?"
"ဟုတ်တယ်"ဟေးရွမ်ထန်က ကျယ်လောင်စွာ ရယ်မောလိုက်တယ်။
"ဘာကြောင့် ဒီလာက်ထိ အဆများရတာလဲ?"ဝူချွင်ချင်ကို မေးလိုက်တယ်။
"ဘာကြောင့်လဲဆိုတော့ ရုန်အာကို လောင်းတဲ့သူမရှိဘူးလေ။ဒါကြောင့် အမြင့်ဆုံးဆယ်ဆထိဖြစ်သွားတာ"ဟေးရွမ်ထန်ကပြောလိုက်တယ်။
"ငါ့အကိုက ဘယ်လောက်ထနိုင်လဲ ခန့်မှန်းကြည့်"
ဝူရုန်က တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ ဟေးရွမ်ရီနားကို လျှောက်သွားပြီး တိုးတိုးလေးပြောလိုက်တယ်"တကယ်လို့ ခင်ဗျားက ခင်ဗျားညီထက်လောင်းတာနည်းရင် ဒီညကြမ်းပြင်မှာ အိပ်ရမယ်"
"........"ဟေးရွမ်ရီ
ဂေါင်တုန်က လွှဲပြီး အခြားသူတွေက စိတ်စွမ်းအင်ရှိတာကြောင့် ဝူရုန်ပြောတာကို ကြားလိုက်ရတယ်။သူတို့က ပေါက်ထွက်မတတ်ရယ်မောလိုက်တယ်။
ဟေးရွမ်ထန်က ပြုံးပြီးပြောလိုက်တယ်"ရုန်အာ မင်းက သူ့ဇနီးလေ။ဘယ်လိုလုပ်ပြီးသူက ငါ့ထက်လောင်းတာနည်းမှာလဲ။သူက ငါ့နိုင်ထားတဲ့ ပမာဏကို လောင်းထားတယ်။တကယ်လို့ မလျော်နိုင်မှာကြောင့်သာ မဟုတ်ရင် သူကဒီထက်ပိုပြီးလောင်းဖို့ရည်ရွယ်ထားတာ"
ငွေပြားငါးသန်းကို ဆယ်စနဲ့ဆိုတော့ သူ့အကိုက ငွေပြားသန်းငါးဆယိအနိုင်ရရှိခဲ့တယ်။
ဝူရုန်က နှာမှုတ်လိုက်ပြီး"မဆိုးပါဘူး"
"အခု ကိုယ်က ဘယ်လောက်နိုင်လဲဆိုတာ မင်းသိသွားပြီ။အခု ကိုယ်က ဘယ်မှာ အိပ်ရမှာလဲ?"ဟေးရွမ်ရီက အသံနိမ့်ပြီးမေးလိုက်တယ်။
"......."ဝူရုန်
-----------------------
Chapter(292)
လောင်းကြေးပမာဏ(2)
ဟေးရွမ်ထန်က ဝူရုန်နှင့်ဟေးရွမ်ရီကြားကို ခေါင်းတိုးဝင်လိုက်ပြီး ဝူရုန်ကို အသံတိုးပြီးပြောလိုက်တယ်"သူက အပေါက်ထဲမှာ အိပ်နိုင်တယ်ဟုတ်တယ်မလား?"
ဝူရုန်ရဲ့စိတ်ထဲမှာ ဗလာဖြစ်သွားပြီး တစ်ခဏလောက်ကြာမှ ဟေးရွမ်ထန်ပြောတဲ့"အပေါက်"ဆိုတာ ဘာကိုဆိုလိုမှန်းနားလည်သွားတယ်။သူက ရှက်သွေးဖျာသွားပြီး ဟေးရွမ်ထန်ကို တွန်းထုတ်လိုက်တယ်။
ဟေးရွမ်ထန်က ရှောင်တိမ်းလိုက်ပြီး"ငါက ရယ်စရာပြောတာ ရယ်စရာပြောတာ"
"စိတ်ကူးကောင်းဘဲ"ဟေးရွမ်ရီက ခေါင်းငြိမ့်ပြီးပြောလိုက်တယ်။
"ဟေးရွမ်ရီ"ဝူရုန်က သူ့ကို စိုက်ကြည့်လိုက်ပြီး"ခင်ဗျားရဲ့ညီလို ကပျက်ကချော်မလုပ်နဲ့"
"ဘာကြောင့် ငါက ကပျက်ကချော်လုပ်တယ်လို့ ပြောတာလဲ?"ဟေးရွမ်ထန်က မေးလိုက်တယ်။
"ဟွန်ရီ သူ့ကိုရိုက်"ဝူရုန်က ဟေးရွမ်ထန်ကို လက်ညှိုးထိုးပြီးပြောလိုက်တယ်။
ဝူချွင်ချင်၏အိတ်ကပ်ထဲကနေ ဟွန်ရီက ခုန်ထွက်လာပြီး ဟေးရွမ်ရီကို တိုက်ခိုက်လိုက်တယ်။
"ရုန်အာ ငါတောင်းပန်ပါတယ်"ဟေးရွမ်ထန်က ကြောက်လန့်စွာ ထွက်ပြေးသွားလိုက်တယ်။
ဝူရှိက ဟေးရွမ်ထန်ကို သဘောကျစွာကြည့်လိုက်ပြီး"အမေ လူကြီးမင်းနူမူကရော အကို့ကိုလောင်းကြေးထပ်လား?"
"အင်း"ဂေါင်တုန်က အင်းလို့ပြောလိုက်တယ်။သူမက သူမသားက စိတ်စွမ်းအင်ရှိပြီး သူမတို့ကလန်ရဲ့လျှို့ဝှက်စွမ်းရည်တွေကိုသာ အသုံးပြုမယ်ဆိုရင် သူမသားက နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိတယ်။
"ငါကဘယ်လိုလုပ်ပြီး ငါ့တပည့်ရဲ့ပြိုင်ပွဲကို လက်လွတ်ရမှာလဲ?ဆိုးတာက ဒီတစ်ခေါက် ငါနဲ့အတူငွေများများမပါလာတာဘဲ။မဟုတ်ရင် ဒီထက်ပိုနိုင်တယ်"နူမူကပြောလိုက်တယ်။
"ဒါက လောင်းကြေးမများဘူးဆိုရင်တောင် ပျော်စရာပါဘဲ"ဝူချန်လွီက ပြုံးပြီးပြောလိုက်တယ်။
ဟေးရွမ်ရီက ဝူရုန်ရဲ့လက်ကို ကိုင်လိုက်ပြီး"အခု အရမ်းနောက်ကျနေပြီ။ကိုယ်တို့အိမ်ကို အရင်ပြန်သင့်ပြီ"
ဝူချွင်ချင်ကလည်း ခေါင်းငြိမ့်လိုက်ပြီးပြောလိုက်တယ်"ဒီနေ့က အရမ်းရှည်လျားတာဘဲ။ငါတို့က အိမ်အရင်ပြန်ပြီး ညစာစားသင့်ပြီ"
"ကောင်းပြီ"
လူတိုင်းက ရထားလုံးရှိရာကို သွားလိုက်တယ်။
"ရုန်အာ မင်းက တိုက်ခိုက်တဲ့အချိန်တုန်းက အစီအရင်ကို ဘယ်လိုလုပ်ခဲ့တာလဲဆိုတာ ပြောပြလို့ရမလား?"ဝူချန်လွီကမေးလိုက်တယ်။
အခြားလူတွေကလည်း ဒီမေးခွန်းရဲ့အဖြေကို သိချင်ကြပြီး ဝူရုန်ကို ကြည့်လိုက်တယ်။
ဝူရုန်က ပြုံးပြီးပြောလိုက်တယ်"ဒါက တကယ်တော့ အရမ်းရိုးရှင်းတယ်။ကျွန်တော်က ဖိနပ်တွေကို ပြောင်းလဲမှုတစ်ချို့လုပ်လိုက်ရုံဘဲ။စင်ပေါ်ကို ရောက်တဲ့အချိန်မှာ ဖော်ထွင်းမမြင်နိုင်တဲ့အရည်ကို ဖိနပ်ကနေ ယိုစိမ့်အောင်လုပ်ပြီး အခြားကျင့်ကြံသူတွေကို ရှောင်ရှားရင်း ကျွန်တော်သွားတဲ့နေရာတိုင်းမှာ အစီအရင်ကို ဆွဲခဲ့တယ်။ဒီလောက်ဆိုရင် ဘယ်လိုလုပ်ခဲ့လဲဆိုတာ သိသာပါပြီ"
သူက အဆင့်တူကျင့်ကြံသူတွေကို တစ်ချက်ထဲနှင့်အနိုင်မတိုက်နိုင်မှာ စိုးရိမ်တာကြောင့် ကြိုတင်ပြင်ဆင်မှုတစ်ချို့လုပ်ခဲ့ပြီး လှည့်စားခဲ့ဖြစ်တယ်။
"အခု ငါသဘောပါက်ပြီ"ဝူချန်လွီက ချီးကျူးလိုက်တယ်"မင်းက အရမ်းဥာဏ်ကောင်းတာဘဲ"
သူက ဒီအစီအရင်တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ဘဲ ဝူရှိနှင့်ဝူချွင်ချင်တို့ကို သားရိုင်းပေးထားခဲ့တာကိုပါ ဆိုလိုတယ်။
"ကျွန်တော်က အခြားလူတွေက နည်းနည်းလေး ပိုပြီးသတိရှိသွားရုံပါ။ဥာဏ်ကောင်းတာတော့ မဟုတ်ပါဘူး"
သူက ဒီပြိုင်ပွဲမှာ ဝူချန်ဇီက သူတို့ငို ရိုက်ချဖို့ အကောင်းဆုံးကြိုးစားလိမ့်မယ်ဆိုတာ သူသိတယ်။ဒါကြောင့် သူကကြိုတင်ပြင်ဆင်ထားခဲ့တာဖြစ်တယ်။
ဝူချန်လွီက ဟေးအိမ်တော်မှာ ညစာစားပြီးချိန်မှာတော့ အိမ်ပြန်သွားတယ်။
နူမူကလည်း သူ့ခြံဝင်းကို ပြန်သွားတဲ့အချိန်မှ ဝူချွင်ချင်က ဝူရုန်ကို စိတ်စွမ်းအင်အကြောင်းမေးတော့တယ်။
ဝူရုန်က သူ့ကို သူ့အဘိုးပို့ပေးခဲ့သည့် အသက်ရှည်အချပ်ပြားကို ချိုးဖြတ်လိုက်ပြီး စိတ်စွမ်းအင်ရလာတဲ့အကြောင်းကို ပြောပြလိုက်တယ်။
"အဖေ ကျွန်တော်က ဒီလျှို့ဝှက်ချက်ကို အဖေကို မပြောပြဖို့ မရည်ရွယ်ပါဘူး။ဒါပေမဲ့ အဲဒီအချိန်တုန်းက ဒီအကြောင်းကို လူသိနည်းလေ ကျွန်တော်တို့အတွက် ပိုကောင်းလေ မလို့ပါ"
ဝူချွင်ချင်က ဝူရုန်က သူကမသန်မာလာခင်မှာ သတ်ခံရမှာကို စိုးရိမ်တာကြောင့် ဆိုတာကို နားလည်တယ်။
သူက ဂေါင်တုန်ကို မေးလိုက်တယ်"မင်းအဖေက ဘာကြောင့် ရုန်အာရဲ့စိတ်စွမ်းအင်ကို ချိတ်ပိတ်ခဲ့လဲ?"
ဒါကြောင့်သာ မဟုတ်ရင် သူ့သားက ဒီနှစ်တွေမှာ အရှက်ကွဲအကျိုးနည်းဖြစ်ခဲ့မှာ မဟုတ်ဘူး။
ဂေါင်တုန်က ဘာကြောင့်လဲဆိုတာ ခန့်မှန်းမိပေမဲ့ ခေါင်းခါလိုက်ပြီး"ကျွန်မလည်းမသိဘူး။အဖေက ဘာကြောင့် ရုန်အာကို ချိတ်ပိတ်ခဲ့လဲဆိုတာ မပြောတတ်ဘူး"
ဝူချွင်ချင်က ဒီကိစ္စက ဂေါင်တုန်ရဲ့ကလန်၏လျှို့ဝှက်စွမ်းရည်တွေနှင့် ပတ်သက်နေကတည်းက အများကြီးမမေးပါဘူး။သူက သူ့သားက သူ့ကိုယ်သူကာကွယ်နိုင်ကတည်းက သူကပျော်ရွှင်နေပြီဖြစ်တယ်။
"အမေ အဘိုးအကြောင်းကို ပိုပြောပြပါလား?"ဝူရှိကမေးလိုက်တယ်။
သူမအမေက သူမမွေးကတည်းက အဘိုးရှိတယ်လို့သာပြောဖူးတယ်။ဒါပေမဲ့ သူမက ဒီထက်ပိုပြီး ဘာမှမပြောခဲ့ဘူး။
ဂေါင်တုန်က သူမရဲ့ဖခင်အကြောင်းတွေးမိတော့ နူးညံ့စွာ ပြုံးလိုက်ပြီး ပြောလိုက်တယ်"မင်းတို့အဘိုးက ကစားရတာကြိုက်တဲ့ အမျိုးသားတစ်ယောက်ဘဲ။ယောကျာ်းလေးတစ်ယောက်အနေနဲ့ သူက ခရီးသွားရတာ နှစ်သက်တယ်။သူ့ကိုတစ်လမှာ တစ်ကြိမ်တွေ့ဖို့တောင် မလွယ်ဘူး။ဒါပေမဲ့ သူပြန်လာတဲ့ အချိန်တိုင်း သူက အမေ့အတွက် ကစာစရာတွေ စားစရာတွေ ယူလာလေ့ရှိတယ်"
"အဘွားရဲ့အကြောင်းကရော"ဝူရှိကမေးလိုက်တယ်။
ဂေါင်တုန်ရဲ့အပြုံးက အေးခဲသွားပြီး သူမကခေါင်းခါလိုက်ပြီး"အမေဘဝမှာ တစ်ခါမှ မင်းတို့အဘွားကို မမြင်ဖူးဘူး။ငါ့အဖေပြောတာတော့ သူမက အမေ့ကို မွေးတဲ့အချိန်မှာ သေသွားတယ်လို့ပြောတယ်"
"အမေက အဘိုးနဲ့တူတာလား?"ဝူရှိကမေးလိုက်တယ်။
"မင်းတို့အဘိုးပြောတာတော့ အမေက မင်းတို့အဘွားနဲ့တူတာတဲ့"
"အမေ့မှာ မွေးချင်းတွေရှိလား?"
"မရှိဘူး"
"အမေ အဘိုးက အမေ့ကို တစ်ဘဝလုံးမမြင်ချင်တော့ဘူးလား?သူက သမီးတို့အားလုံးကိုတောင် မတွေ့ဖူးဘူး"
ဂေါင်တုန်က တိတ်ဆိတ်သွားတယ်။
ဥကလေးက ဝူရုန်ကိုယ်ပေါ်ကို ပစ်ဝင်လိုက်ပြီး မေးလိုက်တယ်"ပါးပါး သားက ဘယ်သူနဲ့တူတာလဲ?"
ဝူရုန်က ဥကလေးကို ပွေ့ချီလိုက်ပြီး ဟေးရွမ်ရီနှင့်မျက်နှာချင်းဆိုင်ထိုင်ခိုင်းလိုက်ပြီး"သားရဲ့ ဖေဖေကို ကြည့်လိုက်။သားကြီးလာရင် သားရဲ့အဖေနဲ့ဘယ်လောက်တူလဲဆိုတာ သိရလိမ့်မယ်"
"သားက ပါးပါးနဲ့ဘာကြောင့် မတူရတာလဲ?"ဥကလေးက နှုတ်ခမ်းဆူလိုက်တယ်။
"........"ဟေးရွမ်ရီ
သူ့သားက သူ့ရဲ့ရုပ်ရည်နှင့်ပတ်သက်ပြီး စိတ်ရှုပ်နေတယ်ပေါ့။
အရင်ဘဝတုန်းက အကြောင်းတွေကို ဝူရုန်က ပြန်သတိရသွားပြီး ဝူရုန်က ဥကလေးကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး"ဘာကြောင့်လဲဆိုတော့ ပါးပါးက သားကို သားအဖေနဲ့တူစေချင်လို့ပေါ့"
"ဥကလေး မင်းက မင်းအဖေနဲ့တူတော့ မင်းပါးပါးက မင်းကိုပိုချစ်လိမ့်မယ်"ဟေးရွမ်ထန်က ပြောလိုက်တယ်။
"တကယ်လား ပါးပါး"ဥကလေးက ဝူရုန်ကို မေးလိုက်တယ်။
"မင်းက ပါးပါးရဲ့သားလေ။သားက ဘယ်သူနဲ့ဘဲတူတူ ပါးပါးက အရမ်းချစ်တယ်"ဝူရုန်က ဥကလေးရဲ့နှာခေါင်းကို ဆွဲလိုက်ပြီးပြောလိုက်တယ်။
ဥကလေးက ပျော်ရွှင်စွာ တခစ်ခသ်ရယ်မောလိုက်တယ်။
"အခုက အရမ်းနောက်ကျနေပြီ။ငါတို့လည်း ပြန်တော့မယ်"ဂေါင်တုန်က ပြုံးပြီး ပြောလိုက်တယ်။
"ကောင်းပြီ"
------------------------------------------