COTAW(Zawgyi)

Phyomyatsoe tarafından

257K 49.2K 791

bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ Daha Fazla

Into
Chapter(1+2)
Chapter(3+4)
Chapter (5+6)
Chapter (7+8)
Chapter (9+10)
Chapter (11+12)
Chapter (13+14)
Chapter(15+16)
Chapter(17+18)
Chapter(19+20)ဟေးရွမ်ရီမြို့ပြင်ထွက်သွားတယ်
Chapter(21+22)
Chapter(23+24)
Chapter(25+26)
Chapter(27+28)
Chapter(29+30)
Chapyer(31+32):ပြဇာတ်(2)
Chapter(33+34+35)
Chapter 36:ဒီဘဝမှာတော့သူ့ကိုယုံကြည်မယ်
Chapter38:ဝူပုဖန်
Chapter39:ဒီလိုပြောရအောင်မင်းအရှက်မရှိဘူးလား?
Chapter40:မှော်လက်နက်တွေလုပ်ဖို့ပစ္စည်းတွေကမလုံလောက်ဘူးလား?
Chapter41:သူတို့အားလုံးကိုမှော်လက်နက်တွေလုပ်ပေးရမယ်
Chapter42:မင်းရူးနေတာလား?
Chapter43:ကျွန်တော့်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(1)
Chapter44:ကျွန်တော်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(2)
Chapter45:မင်းကငါ့ကိုမတွန်းလှန်နဲ့
Chapter46:ကိုင်လို့လဲမကောင်းဘူး
Chapter47:စုန်းတွေရဲ့ရိုးရာပွဲတော်
Chapter48:ခင်ဗျားတတ်နိုင်ပါတယ်
Chapter49:နိမိတ်ဆိုး
Chapter50:သူကအိမ်ရှေ့စံမင်းသား
Chapter51:သူ့ရဲ့ကံတရားကပြောင်းလဲသွားတယ်
Chapter52:သူတို့တော့တိုင်ပတ်ပြီ(1)
Chapter53:သူတို့တော့တိုင်ပတ်ပြီ(2)
Chapter54:ဒါက...
Chapter55:မင်းကအမှားလုပ်တာဖြစ်မယ်
Chapter56:လူတွေကိုကစားမယ်
Chapter57:မင်းတို့အရမ်းလွန်သွားပြီ
Chapter58-မင်းတို့ကိုယ်မင်းတို့လူလို့ခေါ်နိုင်သေးလား?
Chapter59:သူကကောင်းချီးပေးခံရတာဘဲ(1)
Chapter60:သူကကောင်းချီးပေးခံရတာဘဲ(2)
Chapter61:ဒါဆိုသူပေါ့
Chapter62:အဲဒါကအကောင်ပေါက်တော့မယ်
Chapter63:ကလေးလေးထွက်လာပြီ(1)
Chapter64:ကလေးလေးထွက်လာပြီ(2)
Chapter65:မင်းကကိုယ့်ကိုလက်ထပ်ထားတာလေ
Chapter66:ကလေးကကြီးတာအရမ်းမြန်တယ်
Chapter67:သူတို့ကရိုက်ခံရတယ်
Chapter68:သူကမွန်းစတားလေးဘဲ
Chapter(69)လင်းမိုဟန်
Chapter70:အပ်မှာအပ်ချည်ကိုထိုးမယ်(1)
Chapter(71+72)
Chapter73
Chapter74
Chapter(75+76)
Chapter(77-78)
Chapter79
Chapter:80
Chapter81:သူကကြင်နာတတ်တယ်(1)
Chapter:82
Chapter:83
Chapter:84
Chapter85
Chapter86
Chapter87
Chapter88
Chapter(89+90)
Chapter91
Chapter92
Chapter93
Chapter94
Chapter95
Chapter96
Chapter(97)
Chapter(98+99)
Chapter(100)
Chapter(101+102)
Chapter(103+104)
Chapter(105+106)
Chapter(107+108)
Chapter(109)
Chapter(110)A+B
Chapter(111+112+113)
Chapter(114+115)
Chapter(116)
Chapter(117+118)
Chapter(119+120)
Chapter(121+122)
Chapter(123+124)
Chapter(125)
(126+127)
Chapter(128+129+130)
Chapter(131+132+133+134)
Chapter(135+136+137)
Chapter(138+139+140)
Chapter(141+142+143)
Chapter(144+145)
Chapter(146+147+148)
Chapter(149+150+151+152)
Chapter(153+154+155+156+157)
Chapter(158 to 160)
Chapter(161 to 163)
Chapter(164 +165)
Chapter(166+167)
Chapter(168+169+170)
Chapter(171+172+173)
Chapter(174+175)
Chapter(176+177)
Chapter(178+179)
Chapter(180+181)
Chapter(182+183)
Chapter(184 +185)
Chapter(186+187)
Chapter(188+189)
Chapter(190+191)
Chapter(192+193+194)
Chapter(195+196+197)
Chapter(198+199+200)
Chapter(201-203)
Chapter(204+205)
Chapter(206-208)
Ch(209+210)
211-212
213-214
215-216
217-219
220+221
222-223
224+225
226-228
229+230
231+232
233-235
236-238
239-240
241-242
243-245
246-247
248-250
251-253
254-256
257-258
259-261
262-264
265-267
268-271
272-274
275-277
278-280
281-282
286-287
288-290
291-292
293-295
296-297
298-299
Ch(300-301)
302-303
304-305
306-308
309-310
311-313
314-316
317-318
319-320
321-322
323-324
325-326
327-328
Ch(329-330)
331-332
333-334
335-336
337-338
339-341
342-343
344-345
346-347
348-349
350-351
352-353
354-355
356-357
358-359
360-361
Hi

283+285

256 64 0
Phyomyatsoe tarafından

283-285
Chapter(283)
အုပ်စုခွဲခြင်း(2)

ဝူချန်ဇီက ဝူရုန်က ပြိုင်ကွင်းထဲကို အခြားသူတွေနှင့်အတူ ဝင်လာတာကို တွေ့လိုက်ရတယ်။

ဝူရုန်ရဲ့လှပလွန်းတဲ့ရုပ်ရည်က လူထုကိုချက်ချင်းဘဲ ဆွဲဆောင်သွားတယ်။သူတို့က သူ့အကြောင်းကို မပြောဘဲမနေနိုင်ဘူး။

လင်းမိုဟန်က ဝူရုန်ကို ပြိုင်ကွင်းထဲမှာတွေ့တော့ ထခုန်လုနီးပါးဘဲ။သူက သူ့လူတွေကို ဝူရုန်ရဲ့နာမည်ကို အဆင့်တစ်ပြိုင်ပွဲတုန်းက သွားရောက်စစ်ဆေးခိုင်းသေးတယ်။ဒါပေမဲ့ သူက ဝူရုန်ရဲ့အမည်ကို အဆင့်တစ်မှာ မတွေ့ခဲ့တာကြောင့် သူတွေးလိုက်တာက ဝူရုန်က စိတ်စွမ်းအင်မရှိတာကြောင့် ပြိုင်ပွဲမဝင်ရတော့ဘူးလို့ ထင်ခဲ့တာဖြစ်တယ်။အံ့အားသင့်စရာကောင်းတာက ဝူရုန်ကို အဆင့်ခြောက်ပြိုင်ပွဲမှာတွေ့နေရပြီ။

ဝူရုန်လို ဥာဏ်ကောင်းတဲ့သူက သူ့ကိုယ်သူသတ်သေတဲ့လုပ်ရပ်မျိုးတော့ လုပ်မှာမဟုတ်ဘူး။ဒါပေမဲ့အခုသူက ဝူရုန်ကို ပြိုင်ကွင်းထဲမှာ တွေ့နေရတယ်။

အဆင့်ခြောက်ပြိုင်ပွဲဝင်တွေက အဆင့်ငါးပြိုင်ပွဲဝင်တွေထက်သိသိသာသာနည်းတာကြောင့် ပရိတ်သတ်တွေရဲ့ရှေ့ဆုံးမှာရှိနေတဲ့ဟေးရွမ်ရီက ပြိုင်ကွင်းထဲကိုဝင်လာတဲ့ ဝူရုန်ကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။သူတို့က ဝူရုန်ကို နီးနီးကပ်ကပ်မြင်နိုင်ဖို့အတွက် လက်မှတ်ဖိုးအများကြီးပေးဝယ်ခဲ့ရတာဖြစ်တယ်။

"အဲဒါ ပါးပါးဘဲ။ပါးပါး..."ဟေးရွမ်ထန်ရဲ့လက်မောင်းပေါ်ကနေ ဥကလေးက စိတ်လှုပ်ရှားစွာခုန်ပြီး အော်လိုက်တယ်။

ဟေးရွမ်ထန်က သူ့ကိုထိန်းလိုက်ပြီး"ငါလည်းမြင်တယ်။ခုန်နေတာရပ်တော့။မင်း ငါ့ခြေထောက်ကိုနာအောင် လုပ်မိနေပြီ"

ဥကလေးက နှုတ်ခမ်းဆူလိုက်တယ်။

နူမူက စိုးရိမ်သွာတယ်"ရုန်အာက ဘယ်လိုလုပ်ပြီး အဆင့်ခြောက် ပြိုင်ပွဲဝင်ဖြစ်နေရတာလဲ?"

နှစ်သစ်ကူးမတိုင်တုန်းက သူက ဝူရုန်ရဲ့ခန္ဓာကိုယ်ထဲက ပြုစားကပ်ပါးတွေကို ရှင်းထုတ်ပေးခဲ့ရတာဖြစ်တယ်။ဒီလောက်အချိန်တိုလေးနဲ့ဘယ်လိုလုပ်ပြီး ဒီအဆင့်ထိ ရောက်လာဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ?ဟေးရွမ်ရီက ဝူရုန်ကို လျှင်မြန်စွာအဆင့်တက်နိုင်တဲ့ ဆေးတွေကို ကျွေးခဲ့လို့လား?

"ကျုပ်လည်း မသိဘူး"ဟေးရွမ်ရီက ပြောလိုက်တယ်။

တကယ်ကိုဘဲ သူက ဘာတွေဖြစ်ပျက်ခဲ့မှန်းကို မသိပါဘူး။သူတို့တွေ စာရင်းသွင်းတဲ့နေ့တုန်းက ဝူရုန်က ဒေါသတကြီးပြန်လာခဲ့ပြီး ပြိုင်ပွဲအကြောင်းကို ဘာမှမပြောခဲ့ဘူး။

ဂေါင်တုန်က သူမသားအတွက် စိုးရိမ်သွားတယ်။အဆင့်ခြောက်ပြိုင်ပွဲကို မပြောနဲ့အုန်း။အဆင့်သုံး အဆင့်လေး အဆင့်ငါးပြိုင်ပွဲတွေကတောင် ရက်စက်လွန်းတယ်။သူမက ဝူရုန်က စိတ်စွမ်းအင်ရှိတာကို သိနေပေမဲ့လည်း သူမက ဝူရုန်က တိုက်ခိုက်တဲ့အတွေ့အကြုံမရှိတာ စိတ်စွမ်းအင်လုံလောက်အောင် မသန်မာကို စိုးရိမ်နေတုန်းဘဲ။သူမက ဝူရုန်ရဲ့လျှို့ဝှက်စွမ်းရည်တွေအကြောင်းတွေးမိတော့ ဝူရုန်ကို ဒီလောက်ထိမစိုးရိမ်တော့ဘူး။

"သူနိုင်လိမ့်မယ်မလား?ဟုတ်တယ်မလား?"ဟေးရွမ်ထန်က ဝမ်းနည်းစွာ ပြောလိုက်တယ်"ငါ့ရဲငွေတွေအကုန်လုံးကို သူ့အပေါ်လောင်းကြေးထပ်ထားတာ။သူသာရှုံးရင် ငါလည်းအားလုံးရှုံးသွားလိမ့်မယ်။အကိုကြီး ငါ့မင်္ဂလာဆောင်တဲ့အချိန်ကျရင် မင်းပေးရမယ်"

ဥကလေးက သူ့ဦးလေးကို လှည့်ကြည့်ပြီးပြောလိုက်တယ်"သားသားကလည်း သားသားရဲ့ပါးပါးကို သားသားရဲ့ငွေတွေအားလုံးလောင်းထားတယ်"

"မင်း ငွေတွေကို ဘယ်နေရာကနေရတာလဲ?"ဟေးရွမ်ထန်ကမေးလိုက်တယ်။

သူ့အကိုနှင့်မရီးက ကလေးကိုအရမ်းချစ်သော်လည်းဘဲ ဥကလေးကအရမ်းငယ်လွန်းတာကြောင့် သူတို့က ကလေးကိုပျက်စီးအောင် ငွေပေးကိုင်မှာမဟုတ်ဘူး။သူတို့ ကလေးတောင်းဆိုသမျှကိုသာ ဝယ်ပေးလိမ့်မယ်။

"သားက ကွတ်ခူးရဲ့အနီရောင်စာအိတ်ကို သုံးတာလေ။သားက နိုင်တဲ့အချိန်ကျရင် သားတို့ ဝေစုခွဲကြမယ်"ဥကလေးက ပြောလိုက်တယ်။

"ကွတ်ခူးက အနီရောင်စာအိတ်ကို ဘယ်ကနေရတာလဲ?"

"ဖေဖေက ကွတ်ခူးကိုပေးထားတာလေ။"

"အကိုကြီး မင်း ငှက်တစ်ကောင်ကိုတောင် အနီရောင်စာအိတ်ပေးတာလား?"ဟေးရွမ်ထန်က တုန်လှုပ်သွားတယ်။

"........."ဟေးရွမ်ရီ

"တိတ်တိတ်နေစမ်း!ပြိုင်ပွဲ စနေပြီ"နူမူက ဟေးရွမ်ထန်ရဲ့ပခုံးကိုပုတ်ပြီးပြောလိုက်တယ်။

ပြိုင်ကွင်းထဲမှာတော့ ဝူရုန်က ဝူယန်လန်ရှိရာကို လျှောက်သွားလိုက်တယ်။

ဝူယန်လန်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ဝင့်ကြွားစွာနှင့်ဘဲ မတ်မတ်ပြန်နေလိုက်တယ်။ဒါပေမဲ့ သူက ဝူရုန်ကို ရှောင်နေတာ မောင်းထုတ်တာမျိုး မရှိဘူး။

ဝူရုန်ရဲ့နှုတ်ခမ်းတွေကကော့တက်သွားပြီး အလှပဆုံးပြုံးလိုက်တယ်။သူ့ရဲ့အနက်ရောင်မျက်ဝန်းတွေက တောက်ပနေပြီး အသက်ရှူမှားလောက်အောင် လှပတာကြောင့် ဝူယန်လန်က သူ့စိတ်သူ ဆုံးရှုံးသွားတယ်။ဝူရုန်က ဝူယုကို လက်ဝေ့ယမ်းပြလိုက်ပြီး"ဝမ်းကွဲအကို ငါတို့နဲ့လာပူးပေါင်းလေ"

"........."ဝူယု

"........."ဝူရှူယန်

"........."ဝူယန်လန်

ဝူယန်လန်က ဝူရုန်က ဝတုတ်နေတဲ့အချိန်တုန်းက တစ်ကြိမ်တွေ့ဖူးပြီး သူက ဝူရုန်က ယောကျာ်းတစ်ယောက်နှင့်လက်ထပ်ထားမှန်းသိခဲ့ရတော့ ဝူရုန်အတွက် စိတ်မကောင်းဖြစ်ခဲ့ဖူးတယ်။နောက်တစ်ကြိမ်သူက ဝူရုန်နှင့်ပြန်တွေ့တော့ ဝူရုန်က ယစ်မူးစရာကောင်းလှအောင် လှပလာတာကို တွေ့ခဲ့ရတယ်။သူက ဒီလူက သူဂိုလင်းမြို့မှာတွေ့ခဲ့တဲ့ ဝတုတ်နေတဲ့လူဆိုတာ မယုံကြည်နိုင်ခဲ့ဘူး။သူက ဝူရုန်က ဝိတ်ကျသွားတော့ ယောကျာ်းတစ်ယောက်က ဒီလောက်ထိလှလာလိမ့်မယ်လို့ မယုံကြည်နိုင်ခဲ့ဘူး။ဒါကြောင့် သူက ဝူရုန်က စိတ်စွမ်းအင်မရှိပေမဲ့လည်း မုန်းတီးတာမျိုးမရှိခဲ့ဘူး။

ဝူယန်လန်ရဲ့သူငယ်ချင်းက ဝူယန်လန်က ဝူရုန်ကို မောင်းမထုတ်ကတည်းက ဘာမှမပြောတော့ဘူး။

ဝူယုနှင့်ဝူရှူယန်က မျက်လုံးချင်းဆက်သွယ်လိုက်ပြီး"ငါတို့က သွားသင့်လား?"

"သွားကြတာပေါ့"ဝူရှူယန်က တစ်ချက်လောက်တွေးလိုက်ပြီး ပြောလိုက်တယ်။

အရင်ပြိုင်ပွဲတွေတုန်းက လူတွေကအများကြီးသေဆုံးခဲ့တယ်။ဒါကြောင့် သူတို့က ပိုပြီးဂရုစိုက်ဖို့လိုတယ်။သူတို့ဘဲနေတာထက် တစ်စုတစ်စည်းထဲနေတာက ပိုကောင်းတယ်။ဝူရုန်က ကိစ္စအားလုံးနှင့်ပတ်သက်ဆက်နွယ်နေတာတော့ မဟုတ်ဘူး။

ဝူယုက ဝူရုန်တို့ဘက်ကို လျှောက်လာပြီး ဝူယန်လန်ကို ကြည့်လိုက်တယ်။သူက ဘယ်အရာကများ မာနကြီးတဲ့ဝူယန်လန်က ဝူရုန်ကို နေစေလိုက်တာလဲဆိုတာ သူသိချင်တယ်။

ဝူရှူယန်နှင့်သူငယ်ချင်းတွေကလည်း လျှောက်လာခဲ့တယ်။ရုတ်တရက် တရားသူကြီးက မောင်းထုပြီး ကြေငြာလိုက်တယ်"ပြိုင်ပွဲစတင်ပြီ"

အသံကရပ်သွားတာနှင့် လူတိုင်းက စတင်ပြီးတိုက်ခိုက်ကြတယ်။

ဝူချန်ဇီပို့ထားတဲ့ ကျင့်ကြံသူတွေက သူတို့၏အစွမ်းထက်ဆုံးစွမ်းအားတွေကို ဝူရုန်ထံကို ပစ်လွတ်လိုက်တယ်။

ဝူရုန်က လျှင်မြန်စွာနှင့် ဝူယန်လန်ရဲ့နောက်ကို ခြေလှမ်းလိုက်တယ်။

ဝူယန်လန်ရဲ့သူငယ်ချင်းက တန်ပြန်တိုက်ခိုက်မှုကို လုပ်ဆောင်လိုက်တယ်။

ဘုန်း!စိတ်စွမ်းအင်တွေက တိုက်မိပြီးပေါက်ကွဲသွားတယ်။

" "-ီးဘဲ။သူတို့က စပြီး စွမ်းအားကြီးတဲ့တိုက်ခိုက်မှုကို လုပ်တာဘဲ"ဝူယန်လန်ရဲ့သူငယ်ချင်းက ဒေါသတကြီးပြောလိုက်တယ်။

"သူတို့က ငါတို့ကိုသတ်ချင်နေတာဘဲ"ဝူယန်လန်က ပြောလိုက်တယ်။

ဝူချန်ဇီက သူမြင်လိုက်တာကို ကြည့်ပြီးမျက်မှောင်ကြုတ်လိုက်တယ်။ဝူရုန်က သူ့ကိုယ်သူ သူ့မြစ်ရဲ့နောက်မှာနေပြီး ပုန်းနေတယ်။သူက ဝူယန်လန်ကို ဝူရုန်နှင့်ဝေးဝေးနေဖို့ သတိပေးခဲ့သင့်တာ။ဒါပေမဲ့ ဝူဝေ့ရွယ်ကြောင့် ဝူဝေ့ချူ ဆောင်ရန်နှင့်ဝူယန်လန်တို့က သူနှင့်ပြသနာတက်ခဲ့တယ်။အဲဒီနောက်ပိုင်းကစပြီး သူတို့က သူနှင့်အကွာအဝေးတစ်ခုခြားပြီး နေခဲ့တယ်။

ဝူယန်လန်ရဲ့သူငယ်ချင်းက စိတ်ရှုပ်သွားတယ်"သူတို့က ယိုမိသားစုက မဟုတ်လား?ဘာကြောင့် သူတို့က ငါတို့ကို သတ်ချင်နေတာလဲ?သူတို့က လင်း ရန် လု ယီ ဝမ်မိသားစုတွေကို အရင်ဆုံးတိုက်ခိုက်သင့်တာ မဟုတ်လား?"

"ဖြစ်နိုင်တာက သူတို့က ငါ့အဒေါ်ရဲ့ကိစ္စကြောင့် ငါတို့ကိုမုန်းနေတာဖြစ်မယ်"ဝူယန်လန်က ရှင်းပြလိုက်တယ်"ဘာဘဲဖြစ်ဖြစ်ပါ သူတို့က တိုက်ခိုက်လာတော့လည်း ငါတို့လည်း ပြန်တိုက်တာပေါ့"

"ကောင်းပြီ"

ဝူရုန်ကို သတ်ချင်နေတဲ့ ကျင့်ကြံသူတွေက ဖိအားကို ခံစားရတယ်။ဂရန်းမစ္စတာက ဝူရုန်ကို သတ်ဖို့ သူတို့ကိုလွတ်လိုက်ပြီး ဂရန်းမစ္စတာရဲ့မြစ်က ဝူရုန်ကို သူတို့ထံကနေ ကာကွယ်နေတယ်။ဘယ်လိုဖြစ်တာလဲ?သူတို့ ဘယ်လိုလုပ်ရတော့မလဲ?သူတို့က ဂရန်းမစ္စတာရဲ့မြစ်ကို ထိခိုက်စေမိရင် ဘယ်လိုဖြစ်မလဲ?

"ငါတို့ဘယ်လိုလုပ်မလဲ?"ဝူရုန်ကို သတ်ဖို့လုပ်နေတဲ့ ကျင့်ကြံသူတစ်ယောက်က သူ့ရဲ့အဖော်ကို မေးလိုက်တယ်"လေးဆယ့်ငါးမိနစက မကြာခင်ရောက်တော့မယ်။သူက ပြိုင်ကွင်းကနေ ထွက်သွားရင် ငါတို့မှာ သူ့ကိုသတ်ဖို့အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး"

သူ့ရဲ့အဖော်က ပြောလိုက်တယ်"ငါတို့ရဲ့တာဝန်က ဝူရုန်ကို သတ်ဖို့ဘဲ။ဝူမိသားစု ငါတို့ရဲ့ရည်ရွယ်ချက်ကို သိမှာသေချာတယ်။သူတို့သာ ငါတို့ရဲ့ရည်ရွယ်ချက်ကို သိရင် ဝူရုန်ကို ကာကွယ်ပေးတော့မှာမဟုတ်ဘူး"

သူတို့က နောက်ထပ်တိုက်ခိုက်မှုလုပ်ပြီး ဝူရုန်ကို ဦးတည်နေတာကြောင့် ဝူယန်လန်က သူတို့ဘာလုပ်နေတာဆိုတာ သိပါလိမ့်မယ်။မကြာခင်မှာတော့ ဝူယန်လန်က သူတို့ရဲ့ရည်ရွယ်ချက်ကို သိသွားတယ်။

"သူတို့က ဝူရုန်ကို သတ်ချင်နေတာဘဲ"ဝူယန်လန်ရဲ့သူငယ်ချင်းက ပြောလိုက်တယ်။

ဝူယန်လန်က နောက်လှည့်ပြီးမေးလိုက်တယ်"မင်း သူတို့ကို ရန်စထားလား?"

ဝူရုန်က ဖြေလိုက်တယ်"မင်း ငါ့ကိုသိပါတယ်။ငါက ဒီကိုရောက်တာတောင် မကြာသေးဘူး။ငါ ဘယ်လိုလုပ်ပြီး မိသားစုဆယ်စုက တစ်စုံတစ်ယောက်ကို ရန်စထားရမှာလဲ?"

"သူတို့က မင်းကိုဘာကြောင့် သတ်ချင်နေတာလဲ?"

"ငါလည်း ဘာကြောင့်လဲဆိုတာ သိချင်တယ်။မင်း သူတို့ကို ဘာကြောင့်လဲဆိုတာ မေးပေးနိုင်မလား?"

"........."ဝူယန်လန်

ဝူယုက သူတို့ပြောဆိုနေတာကို ကြားပြီး အတွေးတစ်ခု ဝင်လာတယ်။

-------------------------------------

Chapter(284)
ငါ ငါ့တူလေးရဲ့မင်္ဂလာဆောင်အတွက်ပေးမယ်(1)

ယိုမိသားစုကကျင့်ကြံသူတွေက ဝူယန်လန်က သူတို့က ဝူရုန်ကို သတ်ဖို့ရည်ရွယ်တယ်ဆိုတာ သိသွားရင် ဝူရုန်ကို ကာကွယ်တော့မှာ မဟုတ်ဘူးလို့ တွေးလိုက်တယ်။ဒါကြောင့် သူတို့ရဲ့နောက်တစ်ကြီမ်တိုက်ခိုက်မှုက သေစေနိုင်တဲ့အထိ စွမ်းအားပြင်းထန်တယ်။

ဝူရုန်က တိုက်ခိုက်မှုကို ရှောင်ဖို့အတွက် ဝူယန်လန်ရဲ့နောက်ကို ခုန်ဝင်လိုက်တယ်။သူက တက်ကြွစွာနဲ့ ယိုမိသားစုရဲ့တိုက်ခိုက်မှုကို ရှောင်ရှားလိုက်နိုင်တယ်။ဒါပေမဲ့ တစ်စုံတစ်ယောက်ကတော့ သူတို့ထက် ပိုပြီးဒေါသထွက်နေတယ်။ဝူယုက ဝူရုန်ကို ယိုမိသားစုက ကျင့်ကြံသူရှိရာကို တွန်းထုတ်လိုက်ပေမဲ့ ဝူရုန်က ရှောင်ရှားလိုက်ပြီး ဝူယန်လန်ကို အကာအကွယ်ယူနိုင်လိုက်တယ်။ဝူယုက ဒေါသထွက်လွန်းတာကြောင့် ဝူရုန်ကို သူကိုယ်တိုင် တိုက်ရိုက်သတ်ပစ်ဖို့ ဆန္ဒရှိတယ်။

ဝူယန်လန်နှင့်သူ့ရဲ့အဖော်က ဝူရုန်ကို တိုက်ခိုက်လာတဲ့တိုက်ခိုက်မှုကိုတွေကို သုံးကြိမ်တိုင်တိုင် ခုခံပေးခဲ့တယ်။အဲဒီနောက်မှာတော့ သူတို့က  ဝူရုန်ကို သတ်ဖို့လုပ်နေတဲ့သူတွေကို ပိုပြီးခက်ထန်ကြမ်းစွာ တန်ပြန်တိုက်ခိုက်ကြပြီး သူတို့ကို ပြိုင်ကွင်းရဲ့အစွန်အနားကို ရောက်အောင် တွန်းထုတ်ကြတယ်။

ဝူယန်လန်က ဒေါသတကြီးနဲ့လေသံကို နိမ့်ပြီးပြောလိုက်တယ်"ငါတို့ အခုပြိုင်ပွဲဝင်နေတာ။မင်းတို့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ ရန်ငြိုးတွေကို နောက်မှမရှင်းနိုင်ဘူးလား?အဲဒီအချိန်ကျရင် မင်းတို့က ဝူရုန်ကို ဘာဘဲလုပ်လုပ် ငါ ဝင်ပါမှာ မဟုတ်ဘူး။အခုတော့ ငါတို့အသင်းဖြစ်ပြီး အခြားမိသားစုတွေကို ဆန့်ကျင်တိုက်ခိုက်ရမယ်"

ယိုမိသားစုက ကျင့်ကြံသူက လှောင်လိုက်တယ်"ဂရန်းမစ္စတာက ငါတို့ကို ဝူရုန်ကို တိုက်ခိုက်နေတဲ့အချိန်အတွင်းမှာ သတ်ခိုင်းလိုက်တာဘဲ။တကယ်လို့ မင်းက မင်းဘိုးဘိုးကြီးရဲ့အစီအစဉ်တွေကို မပျက်စီးစေချင်ဘူးဆိုရင် မင်း သူနဲ့ဝေးဝေးနေသင့်တယ်။သူက လေးဆယ့်ငါးမိနစ်ပြည့်ပြီးလို့ပြိုင်ကွင်းကနေ နှုတ်ထွက်သွားရင် ငါတို့ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး"

ဝူယန်လန်နှင့်သူ့အဖော်က တုန်လှုပ်သွားတယ်။

ယိုမိသားစုက ကျင့်ကြံသူတွေက ဒီအခွင့်အရေးကို သုံးပြီး သူတို့အပေါ်ကနေ ခုန်ကျော်ပြီး ဝူရုန်ထံကို စိတ်ဝိညာဉ်ပစ်လွှတ်လိုက်တယ်။

ဝူရုန်က ပြိုင်ကွင်းရဲ့အစွန်ကို ပြေးသွားလိုက်တယ်။ရုတ်တရက် တရားသူကြီးက မောင်းထုပြီး ကြေငြာလိုက်တယ်"လေးဆယ့်ငါးမိနစ်ပြည့်ပြီ"

အရင်ပြိုင်ပွဲတွေတုန်းက ဒီလိုကြေငြာတာမျိုးမရှိဘူး။အကြောင်းပြချက်ကတော့ အဆင့်ခြောက်ကျင့်ကြံသူတွေက ရှားပါးတာကြောင့်ဖြစ်တယ်။မိသားစုဆယ်စုက ပါရမီရှိတဲ့ ကျင့်ကြံသူတွေကို ပြိုင်ပွဲအတွင်းမှာ မဆုံးရှုံးချင်ဘူး။ဒါကြောင့် အဆင့်ခြောက်ပြိုင်ပွဲမှာ မောင်းတီးပေးတာဖြစ်တယ်။

ိယိုမိသားစု ကျင့်ကြံသူတွေက ဝူရုန်က ပြိုင်ကွင်းထဲကနေ ခုန်ချသွားတော့မယ့်အချိန်မှာ သူတို့တုန်လှုပ်သွားကြတယ်။

အခြားမိသားစုကလည်း ပြိုင်ကွင်းကနေ ထွက်သွားကြတယ်။မကြာခင်မှာ ဆောင် ကျန်း လု ယီိမိသားစုက ကျင့်ကြံသူတွေသာ နှုတ်ထွက်သွားကြတယ်။

ယိုမိသာစု ကျင့်ကြံသူက အော်လိုက်တယ်"သေစမ်း...ငါ သူ့ကိုသတ်လို့ရတော့မှာကို"

"သူက ကံကောင်းသွားတာဘဲ"

"ငါတို့လူတွေက ပြိုင်ကွင်းထဲကနေထွက်သွားပြီ။ငါတို့လည်း အခု သွားသင့်ပြီ"

သူတို့က ဝူရုန်ကို ပြိုင်ကွင်းထဲမှာ သတ်ဖို့ရည်ရွယ်တာဖြစ်တယ်။သူတို့ အခုချိန်မှာ ပြိုင်ကွင်းထဲမှာရှိနေရင် အခြားမိသားစုတွေရဲ့ပစ်မှတ်ဖြစ်သွားလိမ့်မယ်။ဒါကြောင့် သူတို့ပြိုင်ပွဲကနေ နုတ်ထွက်တာက ပိုကောင်းတယ်။

သူတို့က ပြိုင်ကွင်းထဲကနေ ထွက်ဖို့လုပ်တဲ့အချိန်မှာဘဲ မောင်းထုသံထွက်ပေါ်လာပြီး တရားသူကြီးက ကြေငြာလိုက်တယ်"လေးဆယ့်ငါးမိနစ်ပြည့်ပြီ"

သူတို့ မောင်းထုသံကြားတော့ ကြောင်အသွားတယ်။သူတို့က နောက်လှည့်ကြည့်လိုက်တော့ အခြားမိသားစုဝင်တိုင်းက ပြိုင်ကွင်းထဲမှာရှိနေဆဲဖြစ်တယ်။နောက်တော့မှ အရည်အချင်းနိမ့်တဲ့မိသားစုဝင်တွေက ပြိုင်ကွင်းကနေ နှုတ်ထွက်သွားကြတယ်။အဲဒီနောက်မှာတော့ ဝူ ရုန် လင်းနှင့်ကျန်းမိသားစုတွေသာကျန်ရှိတယ်။ပြီးတော့ ဝူရုန်က ပြိုင်ကွင်းရဲ့အလယ်မှာ ရပ်နေတယ်။

"ဘာမှားတာလဲ?ဝူရုန်က ပြိုင်ကွင်းထဲက ထွက်သွားပြီမဟုတ်လား?ဒါပေမဲ့ သူ ဘာကြောင့် အဲဒီမှာရှိနေရတာလဲ?"သူတို့ တုန်လှုပ်သွားတယ်။

အခြားလူတွေကလည်း တုန်လှုပ်သွားတယ်။ကျင့်ကြံသူတစ်ယောက်က အော်လိုက်တယ်"ငါတို့ အထင်မှားနေတာဘဲ။အရင်က ငါတို့မြင်ခဲ့တာက အမြင်မှားသွားတာဘဲ။အခု ငါတို့မြင်တာမှ အမှန်ဘဲ"

"သေစမ်း!အဲဒါက ဝူယန်လန်ရဲ့ပုံရိပ်ယောင်လှည့်စားမှုဘဲ"

ဝူရုန်က နောက်လှည့်ပြီး သူတို့ကို တောက်ပစွာ ပြုံးပြလိုက်တယ်။

ဝူချန်ဇီက ဒီမြင်ကွင်းကို ကြည့်ပြီး ဝူရုန်ကို လေးဆယ့်ငါးမိနစ်မတိုင်ခင် မသတ်နိုင်ခဲ့လို့ မုန်းတီးတယ်။

ဝူယန်လန်က ဝူရုန်နားချဉ်းကပ်ပြီး ပြောလိုက်တယ်"မင်းအခု သွားသင့်ပြီ"

ဝူရုန်က အန္တရာယ်ကင်းဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။တကယ်လို့ သူသာ ထပ်ပြီး ရှိနေရင် သူသတ်ခံရလိမ့်မယ်။

"အိုး"ဝူရုန်က ကိုယ်ကို လှည့်လိုက်တဲ့အချိန်မှာဘဲ ဝူရှူယန်က ဝူရုန်ရဲ့လက်မောင်းကို ဆုတ်ကိုင်ပြီး"သူက ပြိုင်ကွင်းထဲမှာ တိုက်ခိုက်ဖို့ အခွင့်အရေး များများမရှိဘူး။သူ ဒီပြိုင်ပွဲမှာ နည်းနည်းလောက်ပိုပြီးပျော်သင့်တယ်"

ဝူယန်လန်က သူ့ကိုခက်ထန်စွာ စိုက်ကြည့်လိုက်တယ်။

ဝူယုက အော်လိုက်တယ်"သခင်လေးယန်လန် သတိထား"

ဝူယန်လန်က ရုတ်ချည်းလှည့်ကြည့်လိုက်ပြီး ယိုမိသားစုက ကျင့်ကြံသူတွေရဲ့တိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်လိုက်တယ်။

"ဝူရုန် လာခဲ့ ဒီမှာနေပြီး ပျော်ရအောင်"ဝူရှူယန်က ဝူရုန်ရဲ့လက်ကောက်ဝတ်ကိုကိုင်ပြီး ဝူရုန်ကို ရန်နှင့်လင်းမိသားစုရှိရာကို ဆွဲခေါ်သွားလိုက်တယ်။

ဝူရှိက ထိတ်လန့်စွာ အော်လိုက်တယ်"အခု လေးဆယ့်ငါးမိနစ်ပြည့်ပြီလေ။ဘာကြောင့် သူ ပြိုင်ကွင်းကနေထွက်မလာသေးတာလဲ?"

"ငါက သူမလုပ်နိုင်မှာ ကြောက်မိတယ်"ဝူချန်လွီက ဝူရုန်ရဲ့လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုတ်ကိုင်ထားတဲ့ ဝူရှူယန်ကို ကြည့်ပြီး ပြောလိုက်တယ်။

ဝူချွင်ချင်က ပြင်းထန်စွာပြောလိုက်တယ်"ဝူရုန်ရဲ့လက်ကို ကိုင်ထားတဲ့သူက စာရင်းသွင်းတဲ့နေ့တုန်းက ဝူယုနဲ့အတူလာတဲ့သူမဟုတ်လား?"

ဝူရှိက အော်လိုက်တယ်"သူကလည်းဝူမိသားစုဝင်ဘဲ။သေလိုက်!သူက ငါ့အကိုကို အသုံးမဝင်တဲ့အရှုံးသမားဆိုပြီး အထင်သေးနေတာ။ဒါပေမဲ့ အခုတော့ သူက ငါ့အကိုကို ပြိုင်ကွင်းကနေ မထွက်နိုင်အောင် လုပ်နေတယ်။ဒါက သူ ငါ့အကိုကို ပြိုင်ကွင်းထဲမှာ သေအောင် လုပ်နေတာဘဲမလား?ဘယ်လိုတောင် ရက်စက်တဲ့သူလဲ?ဝူယုရဲ့သူငယ်ချင်းဖြစ်နေတာ အံ့သြစရာမရှိတော့ဘူး"

တော်ဝင်ပွဲကြည့်စင်မှာထိုင်နေတဲ့ လင်းမိုဟန်က ထိုင်ခုံကိုတင်းကျပ်စွာ ဆုတ်ကိုင်ထားပြီး ပြိုင်ကွင်းထဲကို တင်းမာစွာစိုက်ကြည့်နေတယ်။

ပြိုင်ကွင်းထဲမှာတော့ ဝူရှူယန်က ဝူရုန်ကို ဆွဲခေါ်လာပြီး အခြားမိသားစုတွေ တိုက်ခိုက်နေတဲ့နေရာကို လာခဲ့တယ်။တိုက်ခိုက်မှုတွေ လာတဲ့အချိန်မှာတော့ သူက ဝူရုန်ကို ဒိုင်းကာသဖွယ်အသုံးပြုလိုက်တယ်။

ဝူရုန်က သူ့ကိုဘယ်လိုလုပ်ပြီး လုပ်ခွင့်ပေးရမှာလဲ။ဝူရုန်က ခိုင်မာစွာ မတ်တပ်ရပ်နေပြီး ကျီစားလိုက်တယ်"မင်းသိလား?ငါ့ခင်ပွန်းက မင်း ငါ့လက်ကို ကိုင်ထားတာတွေ့ရင် သူ သဝန်တိုလိမ့်မယ်"

"သေစမ်း"ဝူရှူယန်က သူ့ရဲ့အစီအစဉ်က အလုပ်မဖြစ်ကတည်းက တိုက်ခိုက်မှုကို ခုခံလိုက်တယ်။သူက ဒီအရှုံးသမားက ဘာကြောင့် သူက တွန်းထုတ်လို့မရနိုင်အောင်အထိ စွမ်းအင်တွေရှိနေမှန်းမတွေးနိုင်ဘူး။

"ဟုတ်တယ် သူတို့ကို သတ်လိုက် သူတို့အားလုံးကို သတ်လိုက်"ဝူရုန်က အခြားသောယိုမိသားစုရဲ့တိုက်ခိုက်မှုကို ဝူရှူယန်ကို တွန်းထုတ်ပြီး ခုခံလိုက်တယ်။

ဝူရှူယန်က ကျင့်ကြံသူနှစ်ယောက်ရဲ့တိုက်ခိုက်မှုကို တစ်ချိန်ထဲရင်ဆိုင်လိုက်ရတယ်။
-------------------------------

Chapter(285)
ငါက ငါ့တူလေးရဲ့မင်္ဂလာဆောင်အတွက်ပေးမယ်(2)

ရုတ်တရက် ဝူရှူယန်က ကျင့်ကြံသူနှစ်ယောက်ရဲ့တိုက်ခိုက်မှုကို သူ့ရဲ့ဓားကို အသုံးပြုပြီး ခံယူလိုက်ရတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဝူရှူယန်ရဲ့ဓားက ကျိုးသွားခဲ့ပြီးနောက်ဆုတ်လိုက်ရတယ်။အဲဒီနောက်မှာတော့ သူက တန်ပြန်သက်ရောက်တဲ့ စိတ်စွမ်းအားကို မခံနိုင်တာကြောင့် သွေးအန်လိုက်တယ်။

ဝူရှူယန်ရဲ့အဖော်တွေက ကျင့်ကြံသူတွေရဲ့တိုက်ခိုက်မှုကို ဟန့်တားလိုက်ပြီး"ရှူယန် မင်းအဆင်ပြေရဲ့လား?"

ဝူရှူယန်က သွေးအန်လိုက်ပြီးနောက် သွေးတွေကို သုတ်ပစ်လိုက်ပြီး"ငါအဆင်ပြေတယ်"

သူက ဝူရုန်ဘက်ကို လှည့်လိုက်ပြီး စိုက်ကြည့်လိုက်၍ပြောလိုက်တယ်"မင်းအရှုံးသမား"

"မင်း ငါကအရှုံးသမားမှန်းသိရဲ့သားနဲ့ ငါကိုဘာကြောင့် နေခိုင်းခဲ့တာလဲ?"ဝူရုန်က လှောင်လိုက်တယ်။

"မင်းပြိုင်ပွဲကနေ ထွက်ချင်တယ်မလား?အိမ်မက်သာမက်နေလိုက်!"ဝူရှူယန်ရဲ့မူလအစီအစဉ်က ဝူရုန်ကို အရူးလုပ်ဖို့ဖြစ်တယ်။ဒါပေမဲ့ အခုချိန်မှာတော့ သူက ဒေါသထွက်လွန်းလို့ ဝူရုန်ကို သတ်ပစ်ချင်တယ်။

သို့သော်လည်း သူက ဒေါသထွက်လွန်းပေမဲ့ အသိဥာဏ်တော့ မဆုံးရှုံးသေးဘူး။သူက ဝူရုန်ကို လူထုရှေ့မှာ သတ်ခဲ့ရင် အပြစ်ပေးခံရလိမ့်မယ်။

ဝူရှူယန်က နာကျင်မှု သက်သာလာတာနဲ့ ဝူရုန်ကို လျှင်မြန်စွာ မိသားစုလေးစုတိုက်ခိုက်နေတဲ့နေတဲ့အလယ်ကို ဆွဲခေါ်သွားလိုက်တယ်။

ဝူရှိရဲ့မျက်လုံးတွေက ကြောက်လန့်စွ ပျူးကျယ်သွားပြီးအော်လိုက်တယ်"ရုန်အာ သတိထား"

"ရုန်အာ မှော်လက်နက်သုံး"ဝူချွင်ချင်က အော်လိုက်တယ်။

တော်ဝင်ပွဲကြည့်စင်မှာ ကြည့်နေတဲ့ လင်းမိုဟန်က သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ရုတ်ချည်းထရပ်လိုက်တယ်။သူ့နားကလူတွေက သူ့ကိုစိတ်ရှုပ်စွာ ကြည့်လိုက်တယ်။

ပြိုင်ပွဲကို ကြည့်နေတဲ့ ဝူချန်ဇီကလည်း ဒီမြင်ကွင်းကြောင့် အပြုံးသေးသေးလေးဖြစ်ပေါ်လာတယ်။အဲဒီကလေးက သူ့အတွက်တော့ ဝူမိသားစုမှာအနှစ်သက်စရာအကောင်းဆုံးဘဲ။

ဝူယုကလည်း သူ့ရဲ့မျက်လုံးထောင့်ကနေ ဒါကို မြင်တယ်။သူက နောက်ဆုံးမှာတော့ ဒီအရှုံးသမားက သေဆုံးတော့မှာကို တွေးမိတာကြောင့် လှောင်ရယ်လိုက်တယ်။

ပရိတ်သတ်တွေက ဝူရုန်အတွက် ကြောက်လန့်သွားကြတယ်။သူတို့က ဒီလိုမျိုးလှပတဲ့အမျိုးသားလေးကို မသေစေချင်ကြဘူး။အချို့ဆိုရင် အော်ပြီးမှတောင် သတိပေးလိုက်ကြတယ်"ပြေးတော့"

"မှော်လက်နက်ကို သုံး။အသက်ရှင်ဖို့က ပထမဘဲ။နောက်မှ အပြစ်ဒဏ်ကို လက်ခံလိုက်"

ပြိုင်ကွင်းအတွင်းမှာ တိုက်ခိုက်နေတဲ့ အခြားသောမိသားစုတွေက ဂါထာတစ်ပုဒ်ရွတ်ဆိုတာကို ကြားလိုက်ရတယ်"ကောင်းကင်ဘုံက ယန် ကမ္ဘာမြေပေါ်ကယန် မသေမျိုးအင်မော်တယ်တွေရဲ့အမိန့်အရ သဘာဝတရားရဲ့စည်းမျဉ်းကိုးခုအရ ကျိုးပျက်စေ!"

တစ်ချိန်ထဲမှာဘဲ ကောင်းကင်ပေါ်ကနေ မမြင်နိုင်တဲ့ဖိအားတွေက ကျဆင်းလာပြီး သန်မာတဲ့ စိတ်စွမ်းအားဖုန်းလွှမ်းသွားပြီး ပေါက်ကွဲသွားတယ်။ပြိုင်ကွင်းရဲ့အလယ်မှာရှိနေတဲ့ ရာချီတဲ့ ကျင့်ကြံသူတွေက မြေကြီးပေါ်မှာ ဖိနှိပ်ခံလိုက်ရတယ်။

"ဘုန်း!"

ပြိုင်ကွင်းရဲ့အလယ်မှာ ပေါက်ကွဲမှုကြောင့် အခေါင်းပေါက်ကြီးဖြစ်သွားတယ်။ကျင့်ကြံသူတွေက ထိခိုက်ဒဏ်ရာရကြပြီး သွေးအန်ကုန်ကြတယ်။

အဲဒီအချိန်မှာတော့ အချိန်ခဏလောက် တိတ်ဆိတ်သွားတယ်။ပြိုင်ကွင်းရဲ့အစွန်းအဖျားမှာရှိနေတဲ့ ကျင့်ကြံသူတွေကသာ သက်သာရာရသွားကြတယ်။ဒါပေမဲ့ သူတို့က ဒီတိုက်ခိုက်မှုရဲ့ကြောက်စရာကောင်းတာကို မေ့မရဘူး။သူတို့က သူတို့ရဲ့ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲဆွဲပြီးမှ သတိဝင်လာကြတယ်။

ဘာဖြစ်သွားတာလဲ?

လူအုပ်ကြီးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြိုင်ကွင်းထဲကို ကြည့်တော့ ပြိုင်ကွင်းရဲ့အလယ်မှာ လူတစ်ယောက်က မတ်တပ်ရပ်နေတာကို တွေ့လိုက်ရတယ်။ပြီးတော့ ပြိုင်ကွင်းရဲ့အလယ်မှာရှိနေတဲ့လူက ဝူရုန်ဖြစ်တယ်။

ဝူချန်ဇီက သူ့ထိုင်ခုံက ထရပ်လိုက်ပြီး ဝူရုန်ကို တင်းမာစွာ စိုက်ကြည့်လိုက်တယ်။

တော်ဝင်ပွဲကြည့်စင်က ပရိတ်သတ်တွေကလည်း ဘာဖြစ်သွားတာလဲဆိုတာ ထရပ်ကြည့်ကြတယ်။

လင်းမိုဟန်ကလည်းသူမြင်လိုက်ရတဲ့အရာကြောင့် အံ့အားသင့်သွားတယ်။

အခြားသောပွဲကြည့်စင်ကလူတွေကလည်း မတ်တပ်ရပ်ပြီး ထကြည့်လိုက်ကြတယ်။

ဂိုလင်းမြို့က ဝူမိသားစုဝင်တွေကလည်း သူတို့မြင်လိုက်ရတာကို သူတို့မယုံကြည်နိုင်ဘူး။

ဝူရှိကလည်း တုန်လှုပ်သွားပြီး"ဘာ ဘာဖြစ်တာလဲ?"

ဝူချွင်ချင်ကလည်း တုန်လှုပ်သွားတယ်။

ဝူချန်လွီက ဝူရုန်ကို လေးစားတဲ့မျက်လုံးတွေနှင့်စောင်းကြည့်လိုက်ပြီး ပြောလိုက်တယ်"မင်းရဲ့အကို တိုက်ခိုက်နေတဲ့အချိန်အတွင်းမှာ လျှို့ဝှက်စွာနဲ့ ကြီးမားတဲ့အစီအရင်တစ်ခုကို ပုံဖော်ခဲ့တာဘဲ။ပြိုင်ကွင်းထဲမှာ ဒီလောက်ကြီးမားတဲ့အစီအရင်ကို ဖော်ဆောင်နိုင်တဲ့သူကို ဘယ်တော့ကမှ မမြင်ခဲ့ဖူးဘူး။သူက ဒီနေ့မှာ ငါ့ကိုအမြင်ကျယ်စေတာဘဲ"

ပြိုင်ကွင်းထဲကို ရောက်ကတည်းက ဝူရုန်က တိုက်ခိုက်မှုတွေကိုသာ ရှောင်ရှားနေခဲ့ဖြစ်တယ်။ဒါပေမဲ့ သူက ဘယ်အချိန်ကတည်းကစပြီး အစီအရင်ကိုပုံဖော်လိုက်တာလဲ?ဝူချန်လွီကတောင် ဒါကို သတိမပြုမိပါဘူး။သူက ပြိုင်ပွဲပြီးသွားတဲ့အချိန် ဝူရုန်ကို ဘယ်လိုလုပ်ခဲ့တာလဲဆိုတာ မေးကြည့်ရမယ်။

"ဘာလဲ?အစီအရင်ဟုတ်လား?"ဝူရှိက စိတ်ရှုပ်သွားတယ်။

"ကြီးမြတ်တဲ့ ကောင်းကင်ဘုံအစီအရင်ဘဲ။ဒီအစီအရင် အစီအရင်အတွင်းမှာရှိနေတဲ့သူတိုင်းကို ဖိနှိပ်နိုင်တယ်"

"ဒါပေမဲ့ အဲဒီအစီအရင်ကို အသက်သွင်းဖို့ဆိုရင် စိတ်စွမ်းအားတွေလိုအပ်တယ်မဟုတ်လား?"ဝူရှိက ပိုပြီးတောင် စိတ်ရှုပ်သွားတယ်။

ဝူချန်လွီက သူမကို ကြည့်ပြီးပြောလိုက်တယ်"မင်းရဲ့အကိုက စိတ်စွမ်းအားရှိတယ်။အဲဒါကလည်း အရမ်းမြင့်တယ်"

"!!!!"ဝူရှိ

သူမရဲ့အကိုက စိတ်စွမ်းအားရှိတာလား?

ဒါပေမဲ့ ဒီအကြောင်းကို ညီမဖြစ်တဲ့သူက ဘာကြောင့်မသိရတာလဲ?

ဝူချွင်ချင်ကလည်း တုန်လှုပ်သွားပြီး"သူ စိတ်စွမ်းအားရှိတယ်လား?"

ဝူချန်လွီက သူတို့က ဒီအကြောင်းကို မသိတာက ထူးဆန်းတယ်လို့ခံစားရတယ်"မင်း နောက်ကျရင် သူ့ကိုမေးကြည့်လိုက်လေ"

အဲဒီအချိန်မှာဘဲ တစ်စုံတစ်ယောက်က အော်လိုက်တယ်"အံ့သြစရာဘဲ"

အဲဒီအချိန်မှ ပရိတ်သတ်တွေကလည်း သတိရပြန်ဝင်လာပြီး ဝူရုန်ကို လက်ခုပ်သီးပြီး အားပေးလိုက်ကြတယ်။

ပြိုင်ပွဲအတွင်းက ကျင့်ကြံသူတွေလည်း သူတို့က ပြိုင်ပွဲကနေ နှုတ်ထွက်ရင်ထွက် မဟုတ်ရင် သူတို့က ကန်ထုတ်ခံရတော့မှာဖြစ်တယ်။ကျင့်ကြံသူတစ်ယောက်ထဲက ရာချီတဲ့ကျင့်ကြံသူတွေကို တစ်ချက်တည်းနဲ့ မြေကြီးပေါ်လဲသိပ်နိုင်တယ်ဆိုတာ မရှိဖူးဘူး။

"အဲဒါ သားရဲ့ပါးပါး။သူက သားရဲ့ပါးပါး"ဥကလေးက စိတ်လှုပ်ရှားစွာနဲ့ ဟေးရွမ်ရီရဲ့ပေါင်ပေါ်မှာခုန်လိုက်ပြီး"သားရဲ့ပါးပါးက တကယ်ကို တော်တယ်။သူက တကယ်ကိုတော်တယ်"

ဟေးရွမ်ထန်က ဥကလေးကို စိတ်လှုပ်ရှားစွာ ဖက်လိုက်ပြီး"ငါကတိပေးတယ်။ငါ ငါ့ငါတူလေးရဲ့မင်္ဂလာဆောင်အတွက်ပေးမယ်"

"ဒါမှ ငါ့တပည့်"နူမူက ကျယ်လောင်စွာ ရယ်မောလိုက်တယ်။

"........"ဟေးရွမ်ရီက သူတို့ကို ကြည့်လိုက်ပြီး ဝူရုန်ကို ပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ ပြုံးလိုက်တယ်။

-----------------------------------------
paid gpဝင်လို့ရပါပြီ။

Okumaya devam et

Bunları da Beğeneceksin

231K 8.7K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
106K 16.5K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.3M 54.6K 66
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...