COTAW(Zawgyi)

By Phyomyatsoe

257K 49.2K 791

bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ More

Into
Chapter(1+2)
Chapter(3+4)
Chapter (5+6)
Chapter (7+8)
Chapter (9+10)
Chapter (11+12)
Chapter (13+14)
Chapter(15+16)
Chapter(17+18)
Chapter(19+20)ဟေးရွမ်ရီမြို့ပြင်ထွက်သွားတယ်
Chapter(21+22)
Chapter(23+24)
Chapter(25+26)
Chapter(27+28)
Chapter(29+30)
Chapyer(31+32):ပြဇာတ်(2)
Chapter(33+34+35)
Chapter 36:ဒီဘဝမှာတော့သူ့ကိုယုံကြည်မယ်
Chapter38:ဝူပုဖန်
Chapter39:ဒီလိုပြောရအောင်မင်းအရှက်မရှိဘူးလား?
Chapter40:မှော်လက်နက်တွေလုပ်ဖို့ပစ္စည်းတွေကမလုံလောက်ဘူးလား?
Chapter41:သူတို့အားလုံးကိုမှော်လက်နက်တွေလုပ်ပေးရမယ်
Chapter42:မင်းရူးနေတာလား?
Chapter43:ကျွန်တော့်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(1)
Chapter44:ကျွန်တော်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(2)
Chapter45:မင်းကငါ့ကိုမတွန်းလှန်နဲ့
Chapter46:ကိုင်လို့လဲမကောင်းဘူး
Chapter47:စုန်းတွေရဲ့ရိုးရာပွဲတော်
Chapter48:ခင်ဗျားတတ်နိုင်ပါတယ်
Chapter49:နိမိတ်ဆိုး
Chapter50:သူကအိမ်ရှေ့စံမင်းသား
Chapter51:သူ့ရဲ့ကံတရားကပြောင်းလဲသွားတယ်
Chapter52:သူတို့တော့တိုင်ပတ်ပြီ(1)
Chapter53:သူတို့တော့တိုင်ပတ်ပြီ(2)
Chapter54:ဒါက...
Chapter55:မင်းကအမှားလုပ်တာဖြစ်မယ်
Chapter56:လူတွေကိုကစားမယ်
Chapter57:မင်းတို့အရမ်းလွန်သွားပြီ
Chapter58-မင်းတို့ကိုယ်မင်းတို့လူလို့ခေါ်နိုင်သေးလား?
Chapter59:သူကကောင်းချီးပေးခံရတာဘဲ(1)
Chapter60:သူကကောင်းချီးပေးခံရတာဘဲ(2)
Chapter61:ဒါဆိုသူပေါ့
Chapter62:အဲဒါကအကောင်ပေါက်တော့မယ်
Chapter63:ကလေးလေးထွက်လာပြီ(1)
Chapter64:ကလေးလေးထွက်လာပြီ(2)
Chapter65:မင်းကကိုယ့်ကိုလက်ထပ်ထားတာလေ
Chapter66:ကလေးကကြီးတာအရမ်းမြန်တယ်
Chapter67:သူတို့ကရိုက်ခံရတယ်
Chapter68:သူကမွန်းစတားလေးဘဲ
Chapter(69)လင်းမိုဟန်
Chapter70:အပ်မှာအပ်ချည်ကိုထိုးမယ်(1)
Chapter(71+72)
Chapter73
Chapter74
Chapter(75+76)
Chapter(77-78)
Chapter79
Chapter:80
Chapter81:သူကကြင်နာတတ်တယ်(1)
Chapter:82
Chapter:83
Chapter:84
Chapter85
Chapter86
Chapter87
Chapter88
Chapter(89+90)
Chapter91
Chapter92
Chapter93
Chapter94
Chapter95
Chapter96
Chapter(97)
Chapter(98+99)
Chapter(100)
Chapter(101+102)
Chapter(103+104)
Chapter(105+106)
Chapter(107+108)
Chapter(109)
Chapter(110)A+B
Chapter(111+112+113)
Chapter(114+115)
Chapter(116)
Chapter(117+118)
Chapter(119+120)
Chapter(121+122)
Chapter(123+124)
Chapter(125)
(126+127)
Chapter(128+129+130)
Chapter(131+132+133+134)
Chapter(135+136+137)
Chapter(138+139+140)
Chapter(141+142+143)
Chapter(144+145)
Chapter(146+147+148)
Chapter(149+150+151+152)
Chapter(153+154+155+156+157)
Chapter(158 to 160)
Chapter(161 to 163)
Chapter(164 +165)
Chapter(166+167)
Chapter(168+169+170)
Chapter(171+172+173)
Chapter(174+175)
Chapter(176+177)
Chapter(178+179)
Chapter(180+181)
Chapter(182+183)
Chapter(184 +185)
Chapter(186+187)
Chapter(188+189)
Chapter(190+191)
Chapter(192+193+194)
Chapter(195+196+197)
Chapter(198+199+200)
Chapter(201-203)
Chapter(204+205)
Chapter(206-208)
Ch(209+210)
211-212
213-214
215-216
217-219
220+221
222-223
224+225
226-228
229+230
231+232
233-235
236-238
239-240
241-242
243-245
246-247
248-250
251-253
254-256
257-258
259-261
262-264
265-267
268-271
272-274
275-277
278-280
283+285
286-287
288-290
291-292
293-295
296-297
298-299
Ch(300-301)
302-303
304-305
306-308
309-310
311-313
314-316
317-318
319-320
321-322
323-324
325-326
327-328
Ch(329-330)
331-332
333-334
335-336
337-338
339-341
342-343
344-345
346-347
348-349
350-351
352-353
354-355
356-357
358-359
360-361
Hi

281-282

254 68 4
By Phyomyatsoe

281-282
Chapter(281)
အန္တရာယ်(2)

ဝူရှိက ဝူချွင်ချင်က လုံခြုံသွားတာကိုကြည့်ပြီး ငိုနေရာမှ ပျော်ရွှင်သွားပြီး "အဖေ အဖေက အခုလုံခြုံသွားပြီ"

အဲဒီကျင့်ကြံသူနှစ်ယောက်က သေဆုံးသွားကတည်းက သူ့ဖခင်ကို သတ်ဖို့ရည်ရွယ်တဲ့သူ မရှိတော့ဘူးလို့ဆိုလိုတာဘဲ။

"ရုန်အာ အဖေရဲ့ပခုံးမှာ ရပ်နေတာက ဘာတိရစ္ဆာန်အမျိုးးလဲ?ဘယ်အချိန်တုန်းက အဖေမှာအဲဒါရှိနေတာလဲ?"

"အဲဒါက ဟွမ်ရီ"

"ဒါပေမဲ့ အဲဒါကသေးလွန်းတယ်"ဝူရှိက အံ့အားသင့်သွားတယ်။

"သားရိုင်းတွေက အကြီးအသေးပြောင်းလို့ရတယ်။ကံကောင်းစွာဘဲ မင်းအဖေက အဲဒီသားရိုင်းကို ခေါ်သွားခဲ့တာဘဲ"ဝူချန်လွီကပြောလိုက်တယ်။

"မဟုတ်ဘူး။အဖေက သူရှိနေတာကို သိမှာမဟုတ်ဘူး။ဟွမ်ရီက အဖေ့အမိန့်ကိုနာခံမှာမဟုတ်တာကြောင့် အဖေ သိမှာမဟုတ်ဘူး။ရုန်အာ မင်းမလား?မင်းက ဟွန်ရီကို အဖေ့ရဲ့အိတ်ကပ်ထဲမှာ ပုန်းနေခိုင်းတာမလား?"ဝူရှိက မေးလိုက်တယ်။

"မင်းနဲ့အတူလည်း တစ်ကောင်ရှိတယ်"ဝူရုန်က ခေါင်းငြိမ့်ပြီးပြောလိုက်တယ်။

"ငါ့မှာလည်းတစ်ကောင်ရှိတာလား?"ဝူရှိက သူမခါးက အိတ်ကပ်ထဲကိုရကြည့်လိုက်တော့ သေးငယ်တဲ့ငှက်ကလေးက ခေါင်းထုတ်ကြည့်လာပြီး"ကွတ်ခူး"

သူမက အရမ်းစိတ်လှုပ်ရှားသွားပြီး"ရုန်အာ အဲဒါက အရမ်းကောင်းတယ်။မင်း ဘယ်အဆင့်ကိုဘဲ ပြိုင်ပွဲဝင်ရပါစေ ကွတ်ခူးနဲ့ဟွန်ရီသာရှိရင် မင်းကဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ရှောင်နိုင်လိမ့်မယ်"

"ငါတော့ နောက်ပြိုင်ပွဲတွေမှာ သားရိုင်းတွေကိုယူခွင့်ပေးလိမ့်မယ်လို့ မထင်ဘူး"ဝူရုန်က အဓိပ္ပာယ်ပါပါပြောလိုက်တယ်။

ပြိုင်ကွင်းထဲမှာတော့ ဝူချွင်ချင်က သူ့ပခုံးပေါ်က သားရိုင်းက ဟွန်ရီဆိုတာ မှတ်မိသွားတယ်။

ဝူပုဖန်က ဝူချွင်ချင်က အန္တရာယ်ကနေ လွတ်မြှောက်သွားပြီဖြစ်တာကြောင့် ဝူချွင်ချင်ကို လာဆွဲထူတယ်။

ဝူချွင်ချင်က ကျေးဇူးတင်စကားပြောလိုက်ပြီး ဝူပုဖန်၏အကူအညီကို ငြင်းဆန်လိုက်တယ်။သူက သူ့ဘာသာသူသာ ထလိုက်တယ်။

ဝူပုဖန်က ထပ်ပြီးပြောလိုက်တယ်"ချွင်ချင် ငါတို့ အခု ...."

"အဘိုးက ကျွန်တော့်ကို ရှင်းပြစရာမလိုပါဘူး။ကျွန်တော်နားလည်တယ်"ဝူချွင်ချင်က သူ့ကိုဖြတ်ပြောလိုက်တယ်။

သူက ဝူပုဖန်ကလည်း သေမှာကြောက်တာကို နားလည်တယ်။ဒါပေမဲ့ ဝူပုဖန်ရဲ့မထူးမခြားတဲ့ အပြုအမူက သူ့ခံစားချက်ကို နာကျင်စေတယ်။သူက စကားအများကြီးမပြောချင်တော့ဘူး။ဒါကြောင့် သူက လေးဆယ့်ငါးမိနစ်ပြည့်တာနှင့်ပြိုင်ကွင်းကနေ ထွက်လာခဲ့တယ်။

"အဖေ အဆင်ပြေရဲ့လား?"ဝူရှိက မေးလိုက်တယ်။

"အဖေ အဆင်ပြေတယ်"ဝူချွင်ချင်က ပြုံးပြီး ပြင်းထန်စွာ ပြောလိုက်တယ်"အဲဒီကျင့်ကြံသူတွေက ငါ့ကိုအသေသတ်ဖို့ လုပ်ခဲ့ကြဘဲ။ဒါပေမဲ့ သူတို့က ဘယ်သူလဲ?သူတို့ ဘယ်သူ့အမိန့်ကြောင့် လုပ်ရတာလဲ?"

"သူတို့က ဂိုလင်းမြို့ကဝူမိသားစုကို သတ်ဖို့လုပ်တဲ့သူနဲ့ တစ်ဖက်ထဲဘဲဖြစ်လိမ့်မယ်"ဝူချန်လွီက ပြောလိုက်တယ်။

"......."ဝူချွင်ချင်

တကယ်ဘဲ ဝူချန်ဇီက သူတို့ကိုသတ်ချင်နေတာဆိုရင် အင်ပါယာမြို့မှာအစွမ်းမရှိတဲ့အတွက် ခက်ခဲသွားပြီ။ပြီးတော့ သူတို့ရဲ့စိတ်စွမ်းအင်ကလည်း ဝူချန်ဇီထက် နိမ့်တယ်။ဒါကြောင့် အရမ်းအန္တများတဲ့အခြေအနေမှာရှိတယ်။

ဝူရုန်က ဝူချွင်ချင်က ဘာကို စိုးရိမ်နေတာလဲဆိုတာ နားလည်ပြီး"အန္တရယ် များလွန်းတယ်"

ဝူချွင်ချင်က ခေါင်းငြိမ့်လိုက်တယ်။

ဝူချန်ဇီက သူတို့ကိုသတ်ချင်တယ်ဆိုရင် ဘယ်နေရာကိုဘဲဖြစ်ဖြစ် သူတို့ကို့ သတ်ဖို့ လူလွတ်လိမ့်မယ်။ဒါပေမဲ့ ဘာကြောင့် ဝူချန်ဇီက သူတို့ကို သတ်ချင်ရတာလဲ?

"ရုန်အာ ဒီမှာ"ဝူရှိက သူ့ခါးက အိတ်ကလေးကိုဖြည်ပြီး ဝူရုန်ကို ပေးလိုက်တယ်။

"ဘာလို့ငါ့ကိုပေးတာလဲ?"ဝူရုန်က မေးလိုက်တယ်။

"ကွတ်ခူးကအထဲမှာ ရှိတယ်။မင်းက သူ့ကို ကျင့်ကြံသူတွေကို တိုက်ခိုက်တဲ့အချိန်မှာ သုံးလို့ရတယ်"

ဝူရုန်ကို သူမကိုငြင်းပယ်ဖို့နှလုံးသားမရှိဘူး။ဒါကြောင့် သူက လက်ခံလိုက်တယ်။

ဝူချွင်ချင်ကလည်း သူ့ပခုံးပေါ်က သန်းဝေနေတဲ့ ဟွန်ရီကို ကြည့်လိုင်တော့ ဟွန်ရီကပြောလိုက်တယ်"မင်း ငါ့ကို သူ့ကိုကူညီဖို့ ပြောမလို့လား?"

"အင်း"

ဝူချွင်ချင်က ဟွန်ရီကို ဝူရုန်ကို ပေးလိုက်ပြီး"နောက်ပြိုင်ပွဲမှာ မင်းနာမည်ပါရင် သူ့ကိုခေါ်သွားလိုက်လိုက်"

ဝူရုန်ရဲ့အမည်က အဆင့်တစ်ပြိုင်ပွဲမှာ မပါတုန်းက သူက ဝူရုန်အတွက် အရမ်းပျော်နေခဲ့တာ။ဒါပေမဲ့ အခုချိန်မှာ ပြန်တွေးကြည့်တော့ ဝူချန်ဇီက ဝူရုန်ရဲ့အမည်ကို အခြားပြိုင်ပွဲမှာ ထားလိုက်တာဖြစ်နိုင်တယ်။အဆိုးဆုံးက ဝူရုန်ရဲ့အမည်နှင့်ဝူချန်ဇီရဲ့အမည်ကို တစ်စုံတစ်ယောက်က ပြောင်းလိုက်တာတောင် ဖြစ်နိုင်တယ်။ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် အလွန်ကိုဆိုးဝါးလွန်းတယ်။စိတ်စွမ်းအင်မရှိတဲ့သူက ဘယ်လိုလုပ်ပြီးအဆင့်ကိုးကျင့်ကြံသူကို တိုက်ခိုက်နိုင်မှာလဲ?

တစ်နာရီခန့်ကြာပြီးချိန်မှာတော့ ပြိုင်ပွဲပြီးဆုံးသွားပြီး လင်းမိသားစုက အနိုင်ရရှိသွားတယ်။

တရားသူကြီးက အနိုင်ရရှိသူကို ကြေငြာပြီးချိန်မှာတော့ "မိသားစုဆယ်စုရဲ့ခေါင်းဆောင်တွေရဲ့ဆွေးနွေးချက်အရ သားရိုင်းတွေက မှော်လင်နက်တွေနှင့်တူတယ်။ဒါကြောင့် သားရိုင်းတွေကိုလည်း ပြိုင်ပွဲအတွင်းမှာ ခွင့်မပြုဘူး"

"သူတို့ ဘယ်လိုလုပ်ပြီး ငါတို့ကို ဒီလိုလုပ်ရဲတာလဲ?"ဝူရှိက စိတ်ဆိုးမာန်ဆိုးနှင့် တရာသူကြီးကို တင်းမာစွာ စိုက်ကြည့်လိုက်တယ်။

ဝူချွင်ချင်က မျက်မှောင်ကြုတ်လိုက်တယ်။

ဝူရုန်က ကွတ်ခူးနှင့်ဟွန်ရီကို သူတို့ကိုပြန်ပေးလိုက်ပြီး"သားရိုင်းတွေကို ခွင့်မပြုကတည်းက သူတို့ကို မင်းတို့ရှိမှာ ထားခဲ့မယ်"

အဆင့်မြင့်သားရိုင်းတွေကို ပိုင်ဆိုင်တဲ့ကျင့်ကြံသူတွေက အများကြီးမရှိဘူး။ဒါကြောင့်သူတို့က တစ်စုံတစ်ယောက်က သားရိုင်းနှင့်တိုက်ခိုက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ဒါကြောင့် တစ်ယောက်ကမှ တရားသူကြီးရဲ့ကြေငြာချက်ကို မဆန့်ကျင်ကြဘူး။

"ငါက ငါ့ရဲ့နာမည်က စာရင်းမှာပါလား သွားကြည့်အုန်းမယ်"ဝူရုန်က ဝူမိသားစုအတွက် နေရာကို ပြန်လာခဲ့တယ်။

"ငါ မင်းနဲ့အတူလိုက်မယ်"ဝူရှိက ဝူရုန်နှင့်အတူလိုက်သွားတယ်။

သူတို့က ဝူမိသားစုရဲ့နေရာကို ရောက်သွားတဲ့အချိန်မှာတော့ အဆင့်ခြောက်ကျင့်ကြံသူအားလုံးက ခေါင်းဆောင်ဝူက သူတို့ရဲ့အမည်ကို ဖတ်တာကို စောင့်နေကြတယ်။ဒီပြိုင်ပွဲဝင်တွေက အဆင့်ငါးပြိုင်ပွဲဝင်တွေက တစ်ဝက်လောက်နည်းပါးတယ်။အဆင့်ခြောက်ကျင့်ကြံသူဖြစ်ဖို့ဆိုတာ မလွယ်ကူဘူး။

ဝူရုန်က လျှောက်လာခဲ့တဲ့အချိန်မှာတော့ အားလုံး အာရုံစိုက်မိသွားတယ်။

"ရုန်အာ မင်းက ဘာကြောင့် ဒီနေရာကို လာတာလဲ?"ဝူယုက ဝူရုန်ကို မြင်တာကြောင့် မေးလိုက်တယ်။

"ငါက ဒီပြိုင်ပွဲမှာ ပါသလားဆိုတာ လာကြည့်တာ"ဝူရုန်က ပြုံးပြီးပြောလိုက်တယ်။

ဝူရှူယန်က ရှေ့ကိုလျှောက်လာပြီး လှောင်လိုက်တယ်"နောက်ပြိုင်ပွဲက အဆင့်ခြောက်ပြိုင်ပွဲဘဲ။ဘယ်လိုလုပ်ပြီး မင်းလိုအရှုံးသမားက ရောက်နိုင်မှာလဲ?ရယ်စရာကောင်းလိုက်တာ"

"မင်းဘာကိုဆိုလိုချင်တာလဲ?"ဝူရှိက ဝူရုန်ကို သူ့နောက်မှာထားပြီး ကာကွယ်လိုက်တယ်။

"ငါက ငါပြောတဲ့အတိုင်းဘဲလေ"

"ရှူယန်"ဝူယုက ဝူရှူယန်ကို တားဆီးလိုက်တယ်။

ဝူရှူယန်က နှာခေါင်းရှုံ့လိုက်တယ်။

အဲဒီအချိန်မှာဘဲ ခေါင်းဆောင်ဝူက လျှောက်လာခဲ့တယ်။

------------------------------------------

Chapter(282)
အုပ်စုခွဲထွက်ခြင်း(1)

"မင်းတို့ရဲ့နာမည်ကို ကြားရင် ပြန်ဖြေပါ"ခေါင်းဆောင်ဝူက ပြောလိုက်တယ်။

ဝူယုနှင့်ဝူရှူရန်က သူတို့ရဲ့နေရာကို ပြန်သွားလိုက်တယ်။

ခေါင်းဆောင်ဝူက စာအုပ်ကိုဖွင့်လိုက်ပြီး ဖတ်လိုက်တယ်"ဝူရှူယန်"

"ဟုတ်"ဝူရှူယန်ကပြောလိုက်တယ်။

"ဝူယန်လန်"

"ဟုတ်"ဝူယန်လန်က ပြန်ဖြေလိုက်တယ်။

"ဝူယု"ခေါင်းဆောင်ဝူက ကျင့်ကြံသူနှစ်ဆယ်လောက်ရဲ့အမည်ကို ဖတ်ပြီးချိန်မှာ ဝူယုကို ခေါ်လိုက်တယ်။

"ဟုတ်"ဝူယုကဖြေလိုက်တယ်။

အနားယူတဲ့နေရာကနေ ရန်လန်ယုက စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်"ငါ့သား တကယ်ကိုပါတယ်"

ဝူချွင်လီကလည်း ပျော်ရွှင်နေတယ်။ဒါပေမဲ့ အရင်ပြိုင်ပွဲအခြေအနေတွေ ကြောင့် သူ့သားကို စိုးရိမ်နေတယ်။

"ဝူရုန်"ခေါင်းဆောင်ဝူက ဝူရုန်ရဲ့အမည်ကို ဖတ်လိုက်တယ်။

ဒီအကြောင်းကို ဝူရုန်က သိထားပြီးသားဖြစ်တယ်။

"လာစမ်းပါ။စိတ်စွမ်းအင်မရှိတဲ့သူက အဆင့်ခြောက်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရင် သေမှာသေချာတယ်"ဝူရှောင်ရန်က လှောင်လိုက်တယ်။

"ငါတို့ စာရင်းပေးတုန်းက ငါ့အကိုက အဆင့်တစ်ပြိုင်ပွဲမှာ စာရင်းပေးတာ သေချာပါတယ်။ဘာကြောင့် အခုက အဆင့်ခြောက်ပြိုင်ပွဲမှာရှိနေရတာလဲ?သူက စိတ်စွမ်းအင်မရှိဘူး။သူ အဲဒီမှာ သေသွားလိမ့်မယ်။ခေါင်းဆောင် ကျေးဇူးပြုပြီး ငါ့အကိုကို ပြိုင်ပွဲကနှုတ်ထွက်ခွင့်ပြုပါ"ဝူရှိက ကျယ်လောင်စွာ ပြောလိုက်တယ်။

"ငါကလည်း သူက ဘာကြောင့်အဆင့်ခြောက်ကို ရောက်နေလဲဆိုတာ မပြာတတ်ဘူး"ခေါင်းဆောင်ဝူက စာရင်းမှတ်တဲ့လူကို ဝူရုန်ကို အဆင့်ရှစ်ပြိုင်ပွဲမှာ ထားဖို့ သေချာပြောခဲ့တာကြောင့် စဉ်းစားမရအောင်ဖြစ်နေတယ်။ဒါပေမဲ့ ဘာကြောင့် ဝူရုန်က အဆင့်ခြောက်ပြိုင်ပွဲမှာ ပါနေရတာလဲ?

ဝူရုန်ကို အဆင့်ရှစ်ပြိုင်ပွဲမှာထားခဲ့ရတဲ့အကြောင်းရင်းက ဝူရုန်မှာ တိုက်ခိုက်မှုကိုတွေကို ကာကွယ်နိုင်တဲ့ စွမ်းအားကြီးမှော်လက်နက်တွေရှိနေမှာ စိုးတာကြောင့်ဖြစ်တယ်။ဒါပေမဲ့ သူက ဝူရုန်ကို အဆင့်ကိုးပြိုင်ပွဲမှာ မထားခဲ့တာက ဝူချန်ဇီက လူထုရှေ့မှာ ကိုယ့်မိသားစုဝင်ကို မကယ်ဘူးဆိုရင် ခက်ခဲသည့်အခြေအနေဖြစ်သွားမှာကြောင့်ဖြစ်တယ်။ဒါကြောင့် သူက ဝူရုန်ကို အဆင့်ရှစ်ပြိုင်ပွဲမှာ ထားခိုင်းခဲ့တာဖြစ်တယ်။

ဒါပေမဲ့ ပြိုင်ပွဲအတွင်းစည်းမျဉ်းအရ ပြိုင်ပွဲဝင်တိုင်းကို မှော်လက်နက်တွေ အသုံးပြုခွင့်မပြုထားဘူး။ဝူရုန်က အဆင့်ခြောက်ပြိုင်ပွဲမှာ ပါဝင်တယ်ဆိုရင်တောင် သူက စိတ်စွမ်းအင်မရှိတာကြောင့် အဆင့်ခြောက်ကျင့်ကြံသူတွေရဲ့တိုက်ခိုက်မှုကြောင့် အသက်ရှင်ဖို့မဖြစ်နိုင်ဘူး။

ခေါင်းဆောင်ဝူက အပြစ်ရှိတဲ့မျက်နှာကို ဟန်ဆောင်ပြီးပြောလိုက်တယ်"မင်းမြင်တဲ့အတိုင်းဘဲ အခြားလူတွေကို မပြောနဲ့အုံး... ဂရန်းမစ္စတာကတောင် အဆင့်တစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ရတယ်။ငါ ပြောင်းပေးဖို့ ဆန္ဒရှိပေမဲ့ အခြားခေါင်းဆောင်တွေက သဘောမတူဘူး။တကယ်လို့ ဝူရုန်က ပြိုင်ကွင်းထဲကို မသွားဘူးဆိုရင် စည်းမျဉ်းအရ အပြစ်ပေးခံရလိမ့်မယ်။ဒါပေမဲ့  အပြစ်ဒဏ်က ကြီးလေးလွန်းတာတော့ မင်းသိမှာ မဟုတ်ဘူး။သူက စိတ်စွမ်းအင်မရှိတာကြောင့် အပြစ်ဒဏ်ခံပြီးရင် အသက်ရှင်ဖို့ ဆိုတာမဖြစ်နိုင်ဘူး"

"ဒါဆို ပြိုင်ပွဲကိုရှောင်ဖို့ နည်းလမ်းမရှိဘူးပေါ့"ဝူရှိက စိုးရိမ်စွာ ပြောလိုက်တယ်။

ဝူရုန်က ဝူရှိရဲ့ပခုံးကို ပုတ်လိုက်ပြီး"ငါ ဒီပြိုင်ပွဲမှာ ပါဝင်ရလိမ့်မယ်လို့ ထင်ပြီးသားပါ။ငါ့ကို ဝမ်းကွဲအကိုဝူယုက ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည်တယ်။ဟုတ်တယ်မလား?ဝမ်းကွဲ"

ဝူရုန်က ဝူယုကို ကြည့်လိုက်တယ်။

ဝူယုက ရုတ်တရက် ဒီလိုမျိုးတောင်းဆိုလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ဒါပေမဲ့ သူက လူထုရှေ့မှာ ခေါင်းငြိမ့်ရုံသာတတ်နိုင်တယ်။

ဝူရှူယန်က သူ့ကိုကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ပြောတော့မယ့်အချိန်မှာဘဲ တစ်စုံတစ်ယောက်က ပျက်ရယ်ပြုလိုက်တယ်။

"ဝူရုန် ငါ့သားက ပြိုင်ပွဲမှာ အနိုင်ရရှိဖို့ ရည်ရွယ်ထားတာ။သူက သူ့အောင်မြင်မှုကို စွန့်လွတ်ပြီး မင်းကို ကာကွယ်ဖို့ဘာကြောင့် လုပ်ရမှာလဲ?"

လူတိုင်းက ကြည့်လာကြတယ်။ရန်လန်ယုက ဒေါသတကြီး ဆက်ပြောလိုက်တယ်"မင်းသာကျရှုံးရင် မင်းအပြစ်ဒဏ်ခံယူသင့်တယ်။ငါ့သားကို မင်းနဲ့အတူ ဆွဲမချနဲ့"

ဝူရုန်က သူမကို ကြည့်ပြီး ပြောလိုက်တယ်"အဒေါ် မင်းက ငါ့ခံစားချက်တွေကို နာကျင်စေတာဘဲ။ဝမ်းကွဲက ငါ့ကို လေးဆယ့်ငါးမိနစ်လောက် ကာကွယ်ပေးပြီးရင် ငါက ပြိုင်ပွဲကနေ လုံခြုံစွာနှုတ်ထွက်လာနိုင်တာဘဲ။ပြီးတော့ သူက ကျန်တဲ့အချိန်မှာ ဆက်ပြီး တိုက်ခိုက်လို့ရတာဘဲ။ငါ့ရဲ့ဝမ်းကွဲက ငါ့ကိုဒီလိုမျိုးနည်းနည်းလေးတောင် မကူညီချင်ဘူးလား?မင်းက ငါ့အပြစ်ပေးခံရမှာ ဘယ်လိုနှလုံးသားနဲ့ကြည့်နေနိုင်တာလဲ?မင်း အရမ်းရက်စက်တာဘဲ။ငါ့ရဲ့သေဆုံးခြင်းက မင်းတို့အားလုံးအတွက် ကောင်းမှာမဟုတ်ဘူး"

ဝူရုန်ရဲ့နောက်ဆုံးစကားလုံးတွေက သူသာသေဆုံးသွားရင် အင်ပါယာအမိန့်တော်က တည်ရှိတော့မှာမဟုတ်ဘူးလို့ ဆိုလိုချင်တာဖြစ်တယ်။ပြီးတော့ ကျန်ရှိနေတဲ့ ဂိုလင်းမြို့က ဝူမိသားစုဝင်တွေကလည်း ဝူမိသားစုအတွင်းမှာ နေထိုင်ပြီး ဆေးကုသခွင့်ရတော့မဟုတ်ဘူး။

ဝူချွင်လီက သူဆိုလိုတာကို နားလည်ပြီး"မင်းစိတ်အေးအေးထားပါ။ဒါက လေးဆယ့်ငါးမိနစ်ဘဲလေ။သိပ်ကြာတာမဟုတ်ဘူး"

"ရှင်က ပြိုင်ကွင်းထဲမှာ အန္တရာယ်ဘယ်လောက်များလဲဆိုတာ သိရဲ့လား?ငါတို့သားက သူ့ကိုကာကွယ်ရင်း ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ?"ရန်လန်ယုက ပြောလိုက်တယ်။

"......"ဝူချွင်လီ

သူကတကယ်ကိုဘဲ ပြိုင်ကွင်းထဲမှာ အန္တရာယ်များတာကို သိပါတယ်။အဲဒီလူတွေက သူတို့ကိုသတ်ဖို့ရည်ရွယ်တာ သေချာတယ်။အခုဆိုရင် သူ့ရဲ့ပါရမီရှင်သားက အဆင့်ခြောက်ကို ရောက်နေပြီး ဝူရုန်အတွက်နဲ့ သူ့သားကို ထိခိုက်စေလို့မဖြစ်ဘူး။

"အခု မင်းရဲ့သားက စွမ်းအားကြီးလာပြီဆိုတော့ မင်းတို့က ငါတို့ကို စွန့်လွတ်ချင်ပြီပေါ့ ဟုတ်တယ်မလား?"တစ်စုံတစ်ယောက်ကပြောလိုက်တယ်။

အခြားသောဂိုလင်းမြို့က ဝူမိသားစုဝင်တွေကလည်း ဝူချွင်လီရဲ့အပြုအမူကြောင့် ကြမ်းတမ်းစွာ ကြည့်လာကြတယ်။တကယ်လို့ ဝူရုန်သာသေဆုံးသွားရင် ဝူချွင်လီနှင့်ရန်လန်ယုတို့က သူတို့သားပေါ်မှီခိုနိုင်ပြီး သူတို့ကတော့ မှီခိုစရာ တစ်ယောက်မှမရှိတော့ဘူး။

"ငါ ငါ့သားကို လုံခြုံစေချင်တာ ဘာမှားလို့လဲ?"ရန်လန်ယုက အော်လိုက်တယ်။

ဝူယုက ရန်လန်ယုက အခြားသူတွေနှင့်ပြသနာ တက်မှာစိုးတာ တားဆီးလိုက်ပြီး"အမေ တော်တော့ ကျွန်တော် လုံခြုံမှာပါ"

အဲဒီနောက်မှာတော့ သူက ဝူရုန်ဘက်ကို လှည့်ပြီးပြောလိုက်တယ်"ရုန်အာ တိုက်ခိုက်နေတဲ့အချိန်မှာ ကိစ္စတွေအများကြီး ဖြစ်သွားနိုင်တယ်။ငါ မင်းကို ကာကွယ်နိုင်ပါ့မလားဆိုတာ မသေချာဘူး။ဒါကို မင်းနားလည်မယ်လို့ ထင်တယ်"

"ငါသိပြီ"

"ကောင်းပြီ သွားကြစို့"

ဝူယုက အပြင်ကိ လျှောက်သွားလိုက်တယ်။

ဝူရှူယန်က သူ့နောက်ကိုလိုက်သွားပြီး အသံတိုးတိုးနှင့်မေးလိုက်တယ်"မင်း သူ့ကိုတကယ်ကာကွယ်မလို့လား?"

ဝူယုက ဘာမှပြန်မပြောတာကြောင့် ဝူရှူယန်က ဝူယုက ဝူရုန်ကို ကာကွယ်လိမ့်မယ်လို့ ထင်လိုက်တဲ့အချိန်မှာဘဲ ဝူယုက ရုတ်တရက် ပြောလိုက်တယ်။

"ဘယ်လိုဖြစ်နိုင်မှာလဲ?"

ဝူရှူယန်က ပြုံးဖြဲဖြဲလုပ်လိုက်ပြီး"နောက်ကျရင် ငါဘာလုပ်ရမလဲသိပြီ"

ဝူယုရဲ့နှုတ်ခမ်းထောင့်တွေက ကော့တက်သွားတယ်။

သူတို့ရဲ့နောက်မှာတော့ ဝူရှိက စိုးရိမ်စွာ ပြောလိုက်တယ်"မင်း တကယ်ဘဲ ဝူယုက မင်းကိုကာကွယ်ပေးလိမ့်မယ်လို့ယုံကြည်နေတာလား?"

သူမက ဝူယုက ကြောင်သူတော်ဆိုတာ သိသွားကတည်းက ဝူယုက ဝူရုန်ကို ကာကွယ်ပေးလိမ့်မယ်လို့ မယုံကြည်ပါဘူး။

"ရှိအာ ငါ့ကိုယုံပါ။ငါက မင်းတို့ထင်သလို အသုံးမဝင်တဲ့လူမဟုတ်ပါဘူး"ဝူရုန်က ပြုံးလိုက်ပြီး ဝူရှိရဲ့ဆံပင်တွေကို ပွတ်သပ်ပြီး ခိုင်မာစွာ ပြောလိုက်တယ်"ငါက မင်းနဲ့အဖေကို စိတ်ပျက်စေမှာ မဟုတ်ဘူး"

သူတို့က အပြင်ကို ထွက်လာတဲ့အချိန်မှာတော့ ဝူချွင်ချင်နှင့်ဝူချန်လွီက သူတို့နားကို ချဉ်းကပ်လာပြီး"မင်းရဲ့နာမည်က စာရင်းထဲမှာပါတာလား?"

"ဟုတ်တယ်"ဝူရှိက မျက်ရည်ဝဲပြီး ပြောလိုက်တယ်။

ဝူချွင်ချင်က ထိတ်လန့်သွားပြီး ပြိုင်ကွင်းထဲကို ဦးတည်သွားနေတဲ့ ဝူရုန်ကို တားဆီးလိုက်ချင်တယ်။ဒါပေမဲ့ သူက ဒီလိုမျိုး ရွေးချယ်ပိုင်ခွင့်မရှိဘူးဆိုတာ သိနေတယ်။သူက မေးလိုက်တယ်"ငါ့သား မင်းဘယ်လိုဆက်လုပ်မလဲ?"

"ပြိုင်ကွင်းထဲကို သွားမယ်"ဝူရုန်က ပြောလိုက်တယ်။

"ပြိုင်ကွင်းထဲကို ရောက်ရင် မင်းရဲ့လုံခြုံရေးကိုသာဦးစားပေးပါ။စည်းမျဉ်းတွေကို စိတ်ထဲမထားနဲ့။မင်းအန္တရာယ်ရှိလာရင် မှော်လက်နက်ကို အသုံးပြုလိုက်။ဒဏ်ရာ မရစေနဲ့"ဝူချန်လွီကပြောလိုက်တယ်။

"ကျွန်တော်သိပြီ"

ဝူချွင်ချင်က သက်ပြင်းချပြီး စိုးရိမ်စွာ ပြောလိုက်တယ်"ဂရုစိုက်ပါ။လိုအပ်လာရင် မင်းရဲ့ဆရာသခင်သင်ပေးထားတာကို အသုံးပြုလိုက်"

"ကျွန်တော်သိပြီ"

ဝူရုန်တို့ ထွက်သွားတဲ့အချိန်မှာတော့ ခေါင်းဆောင်ဝူကလည်း ထွက်လာခဲ့ပြီး ဝူချန်ဇီရှိရာကို လျှောက်သွားပြီး ပြောလိုက်တယ်"လူကြီးမင်း ဝူရုန်က အဆင့်ခြောက်ပြိုင်ပွဲမှာ ပါဝင်လိမ့်မယ်"

"အရာရာတိုင်းက အဆင်သင့်ဖြစ်ပြီလား?"ဝူချန်ဇီကမေးလိုက်တယ်။

"ဟုတ်"

"ဒီထက်ပိုပြီး အမှားမလုပ်ရင်ကောင်းမယ်"ဝူချန်ဇီက အေးစက်စွာ ပြောလိုက်တယ်။

အဆင့်ငါးပြိုင်ပွဲတုန်းက ဝူချွင်ချင်ကို သတ်ဖို့ စီစဉ်ထားခဲ့တယ်။ဒါပေမဲ့ ဝူချွင်ချင်ထံမှာ စွမ်းအားကြီးတဲ့သားရိုင်းရှိနေပြီး သူ့အတွက်အလုပ်လုပ်ပေးနေတဲ့ပါရမီရှိတဲ့ကျင့်ကြံသူနှစ်ယောက်ကို သေစေခဲ့တယ်။

"ကျွန်တော် ဝူရုန်ကို ပြိုင်ပွဲစပြီးတာနဲ့ သတ်ပစ်ဖို့ သေချာစီစဉ်ထားတယ်"

"အရမ်းကောင်းတယ်"

----------------------------------------------

Continue Reading

You'll Also Like

153K 15.7K 64
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
1.3M 53.9K 65
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
228K 8.5K 38
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
578K 57.3K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...