အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 305K 23.6K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 29

13K 2.1K 248
By Xiao_Dream

Unicode

Wechatအပ်လို့ရမလား
_____________________

တကယ်လို့ဒီကိစ္စကိုသာ တစ်ခြားသူကလုပ်လိုက်ရင် ပရိသတ်တွေဆီကဝေဖန်ခံနေရပြီ။ ပြီးတော့ပြိုင်ပွဲဝင်တွေကြားမှာ ညီအစ်ကိုဆက်ဆံရေးလိုမျိုးနေကြပေမဲ့ တကယ်တမ်းမှာပြိုင်ဘက်ဆက်ဆံရေးပဲ။ အဲ့တာကိုမြင်တတ်တဲ့သူတိုင်း သိကြတယ်။

ဒါပေမဲ့ဒီကိစ္စကို ဖုကျင်းရှောင်းကသာလုပ်မယ်ဆိုရင်တော့ ငြိမ်သက်နေကြပြီး တဟားဟားနဲ့ပဲရယ်နေကြမှာ။ ပြီးတော့လော့ဂျစ်ကျကျပြောရရင် အန်းရန်ကိုယ်တိုင်ကလည်း သူ့စိတ်နဲ့သူအဖွဲ့ထဲဝင်လာတာဖြစ်တယ်။ တခြားခြေလှမ်းတစ်ထောင်လောက်

ထပ်ဆုတ်ပြီးပြောရရင် ဖန်တွေအကုန်လုံးက သူ့ရဲ့စိတ်ကိုသိကြတယ်။ ဒါကသူလုပ်နိုင်တာပဲလေ။ ရိုက်ကူးရေးအဖွဲ့ရဲ့ရလဒ်ကတော့ အပြည့်ပဲ။

ဘာကိုမှမသိသေးတဲ့အန်းရန်ကတော့ မျက်နှာဖုံးကိုယူလိုက်ပြီးတော့ တွေဝေစွာနဲ့မေးလိုက်တယ် "အဲ့တာဆို ကောတို့နှစ်ယောက်က ဘာလို့မတပ်သေးတာလဲ?"

"ကိုယ်တို့လား?" ဖုကျင်းရှောင်းကတော့ ရုပ်ရှင်ဧကရာဇ်ပီသစွာပဲ ဘယ်မူမမှန်မှုကိုမှရှာမတွေ့နိုင်လေဘူး။ သူက "ကိုယ်တို့ကတပ်ပြီးခဲ့ပြီ ဒါကကိုယ်တို့အဖွဲ့ရဲ့ အမွေလေ မင်းကအသစ်ဆိုတော့ သေချာပေါက်မင်းကိုပေးရမှာပေါ့"

ဒီစကားမမူမှန်တာဘာမှမရှိလေဘူး။

အန်းရန်က အမြဲတမ်းမသေချာတဲ့ခံစားချက်မျိုးရနေလေတယ်။

ဖုကျင်းရှောင်းရဲ့အပြုံးက ထွက်ပေါ်လာတော့တယ်။ လူ့စိတ်ကိုဆွဲဆောင်နိုင်တဲ့နေရာမှာ တော်လေတယ်။ သူကပြန်ယူတဲ့မဲ့ပုံစံလုပ်လုပ်လေတယ် "မတပ်ချင်ရင်လဲထားလိုက်ပါတော့"

ကြည့်ရတာမျက်နှာဖုံးကို ပြန်ယူလိုက်တော့ အန်းရန်ကမြန်မြန်ပဲပြန်လုထားလိုက်တယ်။ ရတနာတစ်ခုလိုယူလိုက်ပြီး အလျင်အမြန်မျက်နှာပေါ်တပ်ထားလိုက်တယ်။ နောက်တော့ဖုကျင်းရှောင်း အထင်လွဲသွားမှာကိုစိုးရိမ်နေတဲ့အတိုင်း "မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော်ကကောတို့အဖွဲ့ထဲဝင်ချင်ပါတယ်"

ဖုကျင်းရှောင်းက ရယ်လိုက်တယ်။

Live roomထဲက ပရိသတ်တွေက ပိုလို့တောင်ရယ်သေတော့မတတ် ဖြစ်ကုန်တော့တယ် :

"မင်းငယ်ပါသေးတယ် ကလေးရယ်"

"ဒုက္ခရောက်စေတာတော့မကောင်းပေမဲ့ ငါမကူနိုင်စွာပဲရယ်ချင်နေတုန်းပဲ"

"ဖုကောကရက်စက်လိုက်တဲ့သူပဲ"

ကျန်ရှင်းဆွေ့က မူလနေရာမှာပဲ ကြောင်အနေတုန်းပဲ။ သူ့အမူအရာကလည်း ရယ်ချင်နေတဲ့ပုံပေါက်နေသေးတယ်။ ဒီမတိုင်ခင်ကပရိသတ် သူ့အပေါ်မှာရှိနေတဲ့အမြင်က တုံးအလွန်းတဲ့ပိုက်ဆံ၂သောင်းကောပဲ။ ဒါပေမဲ့ဒီbattleကိုတွေ့ပြီးနောက်မှာတော့ ပရိသတ်တွေသိလိုက်ရတာက ပြိုင်ပွဲဝင်တွေတော်တော်များများက ဉာဏ်ကောင်းလွန်းပြီး ပြောင်းပြန်အနေနဲ့တုံးအတဲ့ဒီကလေးကတော့ ဆွဲဆောင်မှုတစ်မျိုးရှိနေလေတယ်။ အထူးသဖြင့် ထူးခြားတဲ့ရုပ်ရှင်ဧကရာဇ်ဖု နောက်ကနေလိုက်နေတဲ့အချိန် မြေခွေးအမြီးကြီးနောက်ကနေလိုက်နေတဲ့ ယုန်ဖြူလေးလိုပဲ။ ဒီလိုတုံးအမှုမျိုးက အရမ်းကိုချစ်ဖို့ကောင်းနေလေတယ်။

ဖုကျင်းရှောင်းနောက်လှည့်ကြည့်လိုက်ပြီး ကျန်ရှင်းဆွေ့ကိုပုတ်လိုက်တယ် "သွားရအောင်"

ကျန်ရှင်းဆွေ့အလျင်အမြန် ခေါင်းငြိမ့်လိုက်ပြီး "ကောင်းပြီ"

သူတို့အုပ်စုခြေလှမ်းအနည်းငယ်သွားပြီးတော့ အပေါ်ထပ်ကနေကြေညာတဲ့အသံကြားလိုက်ရတယ် "ဒီပြိုင်ပွဲပြီးဆုံးဖို့ ၁၀မိနစ်ပဲကျန်ရှိပါတော့တယ် အထုတ်မခံရသေးဘဲ ကျန်ရှိနေတဲ့ပြိုင်ပွဲဝင် အယောက်၃၀ရှိပါသေးတယ် အနီအသင်းဘက်က၁၉ယောက် အပြာအသင်းဘက်က၁၁ယောက် အရင်ကအနီသင်းဘက်က ၄၃မှတ် အပြာသင်းဘက်က၅၄မှတ် ကျွန်မတို့သုံးထပ်မြောက် လေးထပ်မြောက်နဲ့ ငါးထပ်မြောက်ရဲ့ ထွက်ပေါက်တွေအကုန်ပိတ်ပါတော့မယ် ပြိုင်ပွဲဝင်တွေအကုန် ပထမထပ်နဲ့ကန်တင်းဆီ သွားပေးကြပါ"

အဲ့တာကကျုံ့နေတဲ့စက်ဝိုင်းလိုပဲ။

မင်းပုန်းနေရင်တောင်မဖြစ်နိုင်ဘူး။ အမှောင်ထဲမှာပုန်းနေတဲ့သူတွေ ထွက်လာအောင်အဓိကထားထားတာ။ ပြီးတော့ အားလုံးစုပြီးbattleဆိုင်ကြအောင်လို့ပေါ့။

အန်းရန်က "ငါတို့မှာဘယ်လိုလုပ် ဒီလောက်လူနည်းနည်းလေးပဲ ကျန်နေခဲ့ရတာလဲ"

ကျန်ရှင်းဆွေ့ကလေးမျက်နှာကို အကဲခတ်ရင်း "အနီသင်းဘက်က လုပ်နိုင်စွမ်းပိုကောင်းတယ်လေ"

"ဒါပေမဲ့ငါတို့ဘက်ကအမှတ်ပိုများတယ်လေ အဲ့ဒီအဖြုတ်ခံထားရတဲ့သူတွေရဲ့ တံဆိပ်တွေကဘယ်သူ့ဆီမှာလဲမသိဘူး?" အန်းရန်ကမသိလိုက်ပါသာနဲ့ မေးလိုက်တယ်။ တကယ်တော့တစ်လျှောက်လုံး သူ့ဘေးကနှစ်ယောက်ကိုကြည့်နေခဲ့တယ်။

ကျန်ရှင်းဆွေ့ခဏတွေဝေသွားတော့တယ်။ ပြောသင့်လားမပြောသင့်လားဆိုတာ စဥ်းစားနေမိတယ်။

ဖုကျင်းရှောင်းကအန်းရန်ကိုတစ်ချက်ကြည့်လိုက်ပြီးတော့ ဖြည်းညှင်းတဲ့လေသံနဲ့ "ဘယ်လိုပဲဖြစ်ဖြစ် မင်းဆီမှာတော့မဟုတ်ဘူး"

".........."

ဒီစကားကဘာမှတော့မမှားပါဘူး။ အဲ့တာကမောက်မာပြီး မမြင်နိုင်ဘူး။

အန်းရန်ရဲ့အမူအရာပြောင်းသွားတော့တယ်။ သူကဖုကျင်းရှောင်းနဲ့ပြိုင်မပြောရဲလေဘူး။ ဒါကသူသံသယဝင်နေတဲ့အချက်ဆိုတာလည်း သေချာပေါက်သတိထားမိတာပေါ့။ အဲ့တာကြောင့်သူလည်း မေးမနေလိုက်တော့ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သူမထင်ထားမိမှာက သူကအမှတ်တွေခွဲဝေရချင်လို့ ပါဝင်လာတာပေမဲ့ အဲ့တာကထူးခြားကောင်းမွန်တဲ့ အစတစ်ခုမဟုတ်ဘဲ သူ့အိမ်မက်ဆိုးတွေရဲ့အစပဲဖြစ်လာခဲ့တယ်။

သူတို့အုပ်စုဒုတိယထပ်ကိုဆင်းတော့ အနီအသင်းသားနဲ့ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။

အနီအသင်းသားတွေကြောင်အသွားတော့တယ်။ အသင်းသားတွေကိုဦးဆောင်လာတဲ့သူက ကျိုးရွှင်ဖြစ်တယ်။ သူကရေသေနတ်ကိုကိုင်ထားသေးတယ်။ မျက်နှာချင်းဆိုင်ကလာနေတဲ့သူက အပြာသင်းသားသုံးယောက်ဆိုတော့ ရေသေနတ်ကိုအသင့်ပြင်ထားတော့တယ်။

အနောက်ကသူတစ်ယောက်က "မျက်နှာဖုံးလူသား မျက်နှာဖုံးလူသားပဲ ကျိုးကော!"

ကျိုးရွှင်လည်းသတိထားမိလိုက်တယ်။ သူကစိတ်ဆိုးစွာနဲ့ "လတ်စသတ်တော့သူကိုး"

"သူငါတို့အသင်းသားတွေအများကြီးကို အထုတ်ခံရအောင်လုပ်ခဲ့တာ" အနောက်ကညီငယ်လေးကပြောလာတယ် "ကျိုးကော အပြာသင်းလက်ထဲက အမှတ်ကဒီလောက်များတာ လူတွေအများကြီးက အဲ့မျက်နှာဖုံးလူသားဖုန်းထဲမှာရှိနေတာ ကျွန်တော်တို့....."

ကျိုးရွှင်က တစ်ခွန်းပြောလိုက်တယ် "ငါသေချာပေါက်သိတာပေါ! ဒါပေမဲ့အဲ့ဒီမျက်နှာဖုံးလူသားဘေးမှာ ဖုကောရှိနေတာမမြင်ဘူးလား?"

ဘယ်သူကမှဖုကျင်းရှောင်းကို မဖြုတ်ရဲကြဘူး။

သူအဲ့ဒီမှာရပ်နေတာကိုက ဖိအားတစ်ခုလိုဖြစ်နေပြီ။

ငယ်သားလေးက အားတင်းပြီးဆက်ပြောတယ် "အဲ့တာဆိုကျွန်တော်တို့ဖုကောကိုမဖြုတ်ဘဲ အဲ့ဒီမျက်နှာဖုံးလူသားကိုပဲ လက်စားချေရင်ရပြီ အဲ့မျက်နှာဖုံးလူသားကို မပြေးသွားစေနဲ့!"

ကျိုးရွှင်ကလည်းအဲ့လိုပဲ စဥ်းစားထားတာပဲ။ သူဒီတစ်ခေါက်မဲနှိုက်တာက ကံမကောင်းပဲ အန်းရန်နဲ့တစ်သင်းထဲမကျခဲ့ဘူး။ တစ်လျှောက်လုံးသူ့စိတ်ထဲက မြတ်နိုးသူလေးနဲ့ တွေ့မှာကိုစိုးရိမ်နေခဲ့ရတာ။ တကယ်လို့မတတ်သာပဲတွေ့ခဲ့ရလို့ ကောင်းကောင်းဟန်မဆောင်နိုင်ခဲ့ဘဲ ပြိုင်ပွဲရှုံးသွားခဲ့ရင်မျက်နှာလည်းပြနိုင်တော့မှာမဟုတ်ဘူး။ ဒီတစ်ခါတော့ကံကအရမ်းကောင်းနေပြီ။ ဒီနေရာမှာမျက်နှာဖုံးလူသားနဲ့တွေ့လိုက်ရတယ်။ အဲ့တော့မျက်နှာဖုံးလူသားကိုသာ ဆွဲချနိုင်ရင် ပြဿနာအားလုံးက ဖြေရှင်းပြီးသားဖြစ်မသွားဘူးလား?

ဒါပေမဲ့ဖုကောကရှိနေပြီး သူတို့ကလည်းနှစ်ယောက်သုံးယောက်တင်ဆိုတော့ ဖြေရှင်းလို့မကောင်းဘူး။

"ဟေး မင်းတို့လည်းရှိနေတာပဲ" စဥ်းစားနေတုန်းပဲ မဝေးလှတဲ့လှေကားကနေအသံကြားလိုက်ရတယ် "ငါကလည်းအနီသင်းကပဲ တိုက်ဆိုင်လိုက်တာ"

စစ်ကူလာပြီ!

ကျိုးရွှင်ကသက်ပြင်းချလိုက်နိုင်ပြီး အရှေ့ကိုညွှန်ပြကာ ပြောလိုက်တယ် "ဟိုဘက် မျက်နှာဖုံးလူသားရှိတယ်"

ဘာမှများများစားစားပြောစရာမလိုဘဲ ဆင်းလာတဲ့အနီအသင်းသားက 'မျက်နှာဖုံးလူသား' ဆိုတာကြားလိုက်တာနဲ့ အမူအရာတစ်ခုလုံးက တည်တံ့သွားတော့တယ် "ဘယ်မှာလဲ?"

များများနည်းနည်း တစ်ချို့သူတွေရဲ့သူငယ်ချင်းတွေနဲ့ တစ်ချို့သူတွေက ဒီမျက်နှာဖုံးလူသားကြောင့်အထုတ်ခံလိုက်ကြရတာ။ အဲ့တော့ပဋိပက္ခက ပိုလို့ကြီးလာတော့တယ်။ သေချာပေါက်ပိုအရေးကြီးတာရှိသေးတာပေါ့။ မျက်နှာဖုံးလူသားလက်ထဲမှာ တံဆိပ်တွေအများဆုံးရှိတယ်ဆိုတာ လူတိုင်းသိတယ်လေ။ ဒီလောက်ကြီးတဲ့အသားတုံးကြီးကို။ ကြေညာချက်ထဲမှာပြောတဲ့ ဂဏန်းကိုအကုန်ကြားပြီးကြပြီလေ။ အဲ့တာကလုနိုင်ရင် လုနိုင်တဲ့သူဟာပဲမလား?

နှစ်ဖက်သားက အချင်းချင်းကြည့်လိုက်ကြပြီး နှစ်ဖက်လုံးကအားလုံးကို တွက်ချက်ပြီးသွားကြပြီဖြစ်တယ်။

ကျိုးရွှင်ကဟိုဘက်အဖွဲ့က အရင်ချလာမှာကြောက်နေပေမဲ့ သူ့မှာစဥ်းစားနေဖို့အချိန်မရှိတော့ဘူး။ သူ့နောက်ကအသင်းသားတွေကိုပဲ အမိန့်ပေးလိုက်တော့တယ် "သူတို့ကိုထွက်မပြေးစေနဲ့ အမြန်ရှေ့မတက်သေးဘူးလား!"

ခလုတ်နှိပ်လိုက်သလိုမျိုး အကုန်လုံးကရှေ့ပြေးတက်လာကြတော့တယ်။ ပြီးတော့အားလုံးကလည်း ရှေ့ဆုံးမှာရောက်နေချင်ကြတယ်။

ကော်ရစ်တာအဆုံးမှာ အန်းရန်ကပြေးလာနေကြတဲ့ အနီအသင်းသားတွေကို ကြောင်ကြည့်နေတယ်။ သနားစရာကောင်းပြီး အကူအညီမဲ့စွာပေါ့။

အရှေ့ကဖုကျင်းရှောင်းက အစောကတည်းကပြင်ဆင်ပြီးသွားပြီ။ သူကခေါင်းလှည့်လိုက်ပြီး နောက်ကနှစ်ယောက်ကိုတစ်ခွန်းပဲပြောလိုက်တယ် "ပြေး"

Battleနေရာအခြေအနေက ဘယ်လိုဖြစ်နေမှာမလို့လဲ။ ဟွားလားလားနဲ့ခြေသံတွေက စက်သေနတ်ပစ်သလိုထွက်ပေါ်နေတယ်။ ကျိုးရွှင်တို့က ဒီတစ်ခေါက် အဆုံးထိလုပ်တော့မှာ။ ပြီးတော့သူတို့ပစ်မှတ်က မျက်နှာဖုံးလူသားဆိုတာ သိသာလွန်းတယ်။ အန်းရန်လည်းအတူတူပြေးချင်ပေမဲ့ မထင်ထားမိတာက ကျိုးရွှင်တို့ကရူးနေသလိုမျိုး အပြေးလာပြီး ရေသေနတ်တွေနဲ့ပစ်တော့တယ်။ အားလုံးကအသားတုံးကြီးကိုပဲ ပစ်မှတ်ထားနေကြတယ်။ တခြားနှစ်ယောက်ကိုတော့ ဒီတိုင်းလျစ်လျူရှုလိုက်ကြတော့တယ်။

အန်းရန်ကခုခံဖို့ကြိုးစားရင်း "မင်းတို့....."

ကျိုးရွှင်ကရက်စက်တဲ့အသံနဲ့ "ဒီတစ်ခေါက်မင်းဘယ်ပြေးမလဲ ကြည့်ကြသေးတာပေါ့"

ကောင်းကင်ပေါ်ကနေရေတွေကျလာတော့တယ်။ အန်းရန်လည်းဆုတ်စရာလမ်းမရှိတော့လေဘူး။ အရင်ကအန်းရန်ကန်တင်းတံခါးကို တမင်ဖွင့်ထားခဲ့ကာ ရေသေနတ်ကိုင်ထားတဲ့ရှန်ရှင်းချန်ကို ကျန်ရှင်းဆွေ့ကိုရှာတွေ့စေခဲ့သလိုပဲ။ လုံးဝမထင်ထားတာက ပြန်ခံနေရတာကကိုယ်ဖြစ်နေလိမ့်မယ်လို့ပဲ။ ပြီးတော့သူ့ရဲ့သူငယ်ချင်းကောင်းကြီးလည်းဖြစ်တယ်။

အန်းရန် : "..........."

လူအုပ်ကြီးကတိုးလာကြပြီး သူ့တံဆိပ်ကိုဖြုတ်သွားကြတော့တယ်။ ကျိုးရွှင်ကြည့်လိုက်မိတော့မှ ကြောင်အသွားတော့တယ်။ တွေဝေစွာနဲ့ခေါင်းလှည့်ကြည့်လိုက်တယ် "ရန်ရန်?"

ရေတွေစိုနေတဲ့အန်းရန်က သနားစရာကောင်းနေတယ်လို့ ပြောလို့ရတယ်။ သူကမျက်နှာဖုံးကိုချွတ်ချလိုက်ပြီး ငိုချင်နေပေမဲ့ငိုချလို့မရဘူးဖြစ်နေလေတယ်။ ဒီအချိန်မှာနတ်သားလိုအလှမျိုး ဘယ်လိုလုပ်ရှိနေတော့မှာလဲ။ ဆံပင်တွေကလည်းရှုပ်ပွနေပြီဖြစ်ကာ ပြင်ထားတာတွေလည်းပျက်နေပြီ။ ကြည့်ရတာပုံမှန်ဖြစ်လွန်းလို့ ထပ်ပြီးတောင်ပုံမှန်ဖြစ်နိုင်တော့မှာမဟုတ်ဘူး။

Liveထဲကပရိသတ်တွေကလည်း ပြောကုန်ကြပြီ :

"ဒါကသနားစရာမကောင်းလွန်းဘူးလား"

"ငါတို့ရဲ့နတ်သားလေးရန်ရန်က တကယ်ခက်ခဲရတာပဲ"

"ဒီလိုကြည့်ရတော့လည်း သူကအဲ့လောက်ချောတာလည်း မဟုတ်တော့သလိုပဲ ခံစားရတယ်......"

"သေချာစဥ်းစားကြည့်ရင် ဒီတစ်ခေါက်ပြိုင်ပွဲဝင်တော်တော်များများက ရေပက်ခံလိုက်ရတယ် ပြင်ထားတာတွေမရှိတော့တဲ့အခါကျ အလှတွေလျော့သွားသလိုပဲ တစ်ယောက်ကလွဲပြီး...."

"ကျန်ရှင်းဆွေ့"

အန်းရန်ရဲ့ပြင်းထန်တဲ့ ဆန့်ကျင်ဘက်ကိုတွေ့ပြီးသွားတော့ ပရိသတ်တော်တော်များများက ရုတ်တရက် လှုံ့ဆော်ခံလိုက်ရတယ်။ ဒီတစ်ပတ်ရဲ့ကျောင်းသားတွေအားလုံးရဲ့ ရေပက်ခံရတဲ့ရိုက်ချက်တွေနဲ့ ဓာတ်ပုံတွေကိုယှဥ်ကြည့်လိုက်ရင် ဒီနေရာမှာရိုက်ချက်တွေအများဆုံးယူထားတာက 'ယွမ်၂သောင်းကော'ပဲဖြစ်တယ်!

မမှားဘူး။ သူပဲ။ မပြင်ထားတဲ့သူ။ မမှားဘူး။ သူပဲ။ ရေပက်ခံလိုက်ရတာတောင် တခြားသူတွေလိုမိတ်ကပ်ပြန်လိမ်းဖို့ စဥ်းစားမနေပဲ မျက်နှာကိုသုတ်ပြီးပြေးသွားတဲ့သူ။ မမှားဘူး။ ယွမ်၂သောင်းကောက ဒီလူအုပ်ထဲကကွဲထွက်နေတဲ့သူပဲ!

ပရိသတ်တွေကလည်း ခံစားချက်တွေပြောနေကြတယ် :

"တကယ်ကို ခေါင်းတုံးပေါက်လေးက ရုပ်ရည်အကောင်းဆုံးပဲ"

"တကယ်တော့ သေချာကြည့်ကြည့်ရင် ငါ့အထင်သူကအရမ်းကြည့်လို့ကောင်းတယ်ဟ"

"အစကငါထင်တာ ဘယ်နှယ့်မှမနေလောက်ဘူးလို့ ဒါပေမဲ့သူကစိတ်ဝင်စားဖို့ကောင်းသားပဲ"

"သုံးဖက်မြင်ရုပ်ရည်လည်းအရမ်းကောင်းပြီး ချစ်စရာလည်းကောင်းတယ်"

အန်းရန်ကဘယ်တုန်းကမှ ကင်မရာရိုက်ချက်အတွက် တိုက်ခိုက်နေရလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ရလဒ်ကတော့ အရှေ့အနောက်မိတ်ကပ်ပြင်တာများလွန်းနေတာကြောင့် ကျန်ရှင်းဆွေ့ကိုကူညီပေးသလိုဖြစ်သွားခဲ့တော့တယ်။ ပြီးတော့အကုန်လုံးကလည်း သူ့အတွက်ရင်နာမပေးကြတော့ဘူး။ ပြောင်းပြန်အနေနဲ့ သူ့ရဲ့ဒီလိုပုံစံကြောင့် နှိုင်းယှဥ်ခံထားရတဲ့ ပုံတွေတောင်ထွက်လာလိုက်သေးတယ်!

တခြားတစ်ဖက်ကတော့ လူအုပ်ကြီးထဲကနေ ကန်တင်းအထိပြေးထွက်လာတဲ့ ကျန်ရှင်းဆွေ့က ခြေထောက်တွေတောင်ထုံနေပြီလို့ ခံစားနေရတော့တယ်။ ဒီတစ်ဘဝလုံး အဲ့လောက်ထိအလှုံ့ဆော်မခံရဖူးဘူး။

ဘေးကဖုကျင်းရှောင်းက သူ့ကိုတစ်ချက်ကြည့်လာတယ် "ဒီလောက်နဲ့မရတော့ဘူးလား?"

"အင်?" ကျန်ရှင်းဆွေ့ခေါင်းမော့ကြည့်လိုက်တယ်။ ရုပ်ရှင်ဧကရာဇ်အရှင်ကလည်း အတူတူပြေးခဲ့ရပေမဲ့ မျက်နှာလည်းနီမနေ မောလည်းမောမနေတာကို တွေ့လိုက်ရတယ်။ စူးစမ်းစွာနဲ့သူက "ကော ကောကဘာလို့သက်လုံအဲ့လောက်ကောင်းနေရတာလဲဟင်?"

ဖုကျင်းရှောင်းကမျက်ခုံးပင့်လိုက်ပြီး ညှင်သာမနေပဲပြောလိုက်တယ် "မင်းလေ့ကျင့်ခန်းလုပ်တာနည်းလွန်းနေလို့ပါ"

ကျန်ရှင်းဆွေ့ကအသံတိုးတိုးနဲ့ပြောလာတယ် "ကျွန်တော်ဒီအချိန်အတွင်းမှာ လေ့ကျင့်တာမူးလဲတော့မတတ်ပဲဟာကို..."

"လေ့ကျင့်ခန်းလုပ်တာက ရေရှည်လုပ်နေမှရတာ" ဖုကျင်းရှောင်းက ကလေးရဲ့တွေးခေါ်ပုံမှားနေတာကို ထောက်ပြနေတယ်။ ဒါပေမဲ့ဝေဖန်နေတဲ့အသံမျိုးလုံးဝမဟုတ်ဘူး။ ပေါ့ပေါ့ပါးပါးပဲ "ရေရှည်လေ့ကျင့်ပြီးသန်မာတဲ့ ကိုယ်ခန္ဓာရှိတာက အနုပညာလောကထဲမှာအလုပ်လုပ်ရင် ကြံ့ခိုင်နေတာကမင်းရဲ့ကိုယ်ပိုင်အရည်အချင်းတစ်ခုပဲ"

ကျန်ရှင်းဆွေ့ကစိတ်ထဲမှာတော့ 'ကောကကျွန်တော့ကိုပြောနေသေးတယ် ကောကိုယ်တိုင်ကျတော့ အလုပ်ကြောင့်လည်ချောင်းလည်း ပျက်စီးဖူးပြီးပြီ အစာအိမ်ကလည်းမကောင်းဘူး တစ်ကိုယ်လုံးကလည်း ဇာတ်ကားရိုက်ထားတာတွေကြောင့် ဘယ်နေရာမဆိုဒဏ်ရာတွေနဲ့ချည်းပဲ အဲ့တာတောင်ကျွန်တော့ကို ခန္ဓာကိုယ်ကိုဂရုစိုက်ဖို့ ပြောနေသေးတယ်'

သူ့စိတ်ထဲမှာအပြစ်တင်နေတာကြောင့် အပြင်ကအမူအရာကလည်း ထိန်းမနိုင်အောင်ဖြစ်သွားရတော့တယ်။ ဖုကျင်းရှောင်းကမျက်လုံးတွေမှေးကျဉ်းလိုက်ပြီး ပြောလာတယ် "စိတ်ထဲမှာကိုယ့်ကို ဘာမကောင်းတာတွေများ ပြောနေတာလဲ?"

ကျန်ရှင်းဆွေ့တစ်ကိုယ်လုံးတောင့်တင်းသွားတော့တယ်!

သူဖုကျင်းရှောင်းကိုလည်း မကြည့်ရဲတော့ဘူး။ ဒီလူကစိတ်များဖတ်တတ်သလား?

ဖုကျင်းရှောင်းကမျက်ခုံးပင့်ပြီး ပြောလာတဲ့လေသံထဲမှာ ခြိမ်းခြောက်မှုတစ်ချို့ပါနေလေတယ် "ယိုး ကိုယ်ပြောတာမှန်သွားတာလား?"

ကျန်ရှင်းဆွေ့ကတုန်လှုပ်နေပေမဲ့ ဖုကျင်းရှောင်းရဲ့နက်မှောင်တဲ့မျက်ဝန်းတွေကို ကြည့်လိုက်ဆဲဖြစ်တယ်။ ပြီးတော့မှဖုကျင်းရှောင်းက လိမ်ပြောတဲ့သူတွေကိုမုန်းမှန်းသတိရသွားကာ လိမ်လိမ်မာမာနဲ့ပြောလာတယ် "ကျွန်တော်မှားပါတယ် နောက်ထပ်မလုပ်ရဲတော့ပါဘူး ကျွန်တော်သေချာပေါက်ကောင်းကောင်းလေ့ကျင့်မှာပါ"

သူကြောက်နေတဲ့ပုံလေးက ချစ်ဖို့ကောင်းလိုက်တာဆိုတာ ပြောမနေနဲ့တော့။

ဖုကျင်းရှောင်း ရယ်သံတွေမထိန်းချုပ်ထားနိုင်တော့ဘူး။ သူ့စိတ်ထဲပဲ့တင်သံထပ်နေပြီ။ အရင်ကလို အပြုံးတုတွေနဲ့ကွဲပြားစွာပဲ မျက်စိရှေ့ကကလေးကို စနောက်ရယ်မောနေတာဖြစ်တယ်။

Liveထဲကပရိသတ်တွေကလည်း ရယ်မောနေကြတော့တယ် :

"ဒီနှစ်ယောက်သားက ချစ်ဖို့ကောင်းလိုက်ကြတာ"

"ချိုမြိန်နေတယ်လို့ ဘယ်လိုလုပ်ခံစားမိနေပါလိမ့်www"

"ချန်ရှင်ချောင်နဲ့အန်းရန်ရဲ့cpအချိန်တုန်းကတောင် ငါအဲ့လိုမခံစားခဲ့ရဘူး သူတို့နှစ်ယောက်စကားပြောနေတော့ကျ ငါနှုတ်ခမ်းတွေမြောက်တက်နေတာ ဆွဲချလိုက်တောင်မရတော့ဘူး"

"ဖုကောက သူများကိုအနိုင်ကျင့်ရတာတော်တော်ကြိုက်တာပဲရော"

..........

ပြောနေတုန်းမှာပဲ ကြေညာသံထွက်ပေါ်လာတယ် :

"အချိန်ပြည့်ပါပြီ ဒီတစ်ခေါက်ပြိုင်ပွဲပြီးဆုံးပါပြီ အနီအသင်းကစုစုပေါင်း၅၁မှတ်ရရှိပြီး အပြာသင်းကစုစုပေါင်း၅၇မှတ်ရရှိသွားပါတယ် ဒီပြိုင်ပွဲမှာအနိုင်ရသွားသူက အပြာဘက်ကဖြစ်ပါတယ် တံဆိပ်အများဆုံးရတဲ့အနိုင်ရသူကို စတင်ရေတွက်ပါပြီ အားလုံးဟောထဲမှာစုပေးကြပါ"

ကြေညာသံပြီးဆုံးသွားတော့ အပြင်ဘက်ကနေပျော်ရွှင်အော်ဟစ်နေတဲ့အသံတွေကြားနေရတယ်။ အပြာသင်းတွေပျော်လွန်းလို့ရူးနေကြပြီ။

ကျန်ရှင်းဆွေ့ကြေညာသံကိုကြားတော့ အရမ်းပျော်သွားတော့တယ်။ မျက်ဝန်းတွေတောက်ပနေကာ ခေါင်းမော့ပြီးဖုကျင်းရှောင်းကို ပြုံးပြလိုက်တယ် "ကျွန်တော်တို့နိုင်လိမ့်မယ်လို့မထင်ထားဘူး"

"အင်း" ဖုကျင်းရှောင်းကခေါင်းငြိမ့်ပြတယ်။ ပြီတော့တံဆိပ်ကိုဆွဲဖြုတ်ကာ အသံနိမ့်နိမ့်နဲ့ "ကိုယ်တို့နိုင်ပြီ"

ကျန်ရှင်းဆွေ့ရဲ့လှုပ်ရှားမှုတွေ ရပ်တန့်ကုန်တော့တယ်။

ကိုယ်တို့...

ဖုကျင်းရှောင်းပြောတာ ကိုယ်တို့တဲ့။

လစ်စသတ်တော့တစ်နေ့လောက်တော့ရှိတာပဲ။ ဒီလောက်ပျော်ရတဲ့တစ်နေ့တော့ရှိတာပဲ။ သူကဖုကျင်းရှောင်းအဲ့မှာကိုယ်တို့။ သူမဟုတ်ဘူး။ မင်းလည်းမဟုတ်ဘူး။ ကိုယ်တို့။

[T/N ဒီနားကိုနားလည်လားဟင်။ dreamရေးရင်းနဲ့ရှုပ်သွားလို့။ ဖုကျင်းရှောင်းက'ကိုယ်တို့'လို့ သုံးပြီးပြောတော့ ကျန်ရှင်းဆွေ့က သူတို့နှစ်ယောက်ကအတူတူပဲဆိုတော့သဘော တစ်ယောက်စီမဟုတ်တော့ဘူးဆိုတဲ့ပုံမျိုးပြောချင်တာပါ။ ရှင်းအောင်မရေးတတ်တော့လို့ပါ]

ဒါကရုပ်ရှင်ဧကရာဇ်အရှင် ဒီတိုင်းပြောလိုက်တဲ့စကားဖြစ်နိုင်ပေမဲ့ ကျန်ရှင်းဆွေ့နားထဲမှာတော့ ထူးထူးခြားခြားဖြစ်နေတယ်။ သူကအချိန်အတော်ကြာ ခြောက်သွေ့နေခဲ့တဲ့ရေမြှုပ်တစ်ခုလိုဖြစ်ပြီးတော့ မရနိုင်တဲ့နွေးထွေးမှုတွေကို ဂရုတစိုက်စုပ်ယူနေပြီးတော့ သေသေချာချာသိမ်းဆည်းလို့ထားတယ်။

ဖုကျင်းရှောင်းကတံဆိပ်ကို သူ့ကိုပေးလိုက်ပြီးပြောလာတယ် "ဘာကြောင်နေတာလဲ တံဆိပ်တွေကိုအရှေ့မှာသွားအပ်လိုက်တော့လေ"

ကျန်ရှင်းဆွေ့က မြန်မြန်လက်ခံလိုက်ပြီး အသံပြုလိုက်တယ် "ကောင်းပြီ"

ပြန်ဖြေပြီးတော့မှ သတိထားမိသွားတာက အဲ့တာကတံဆိပ်နှစ်ခုဆိုတာပဲ။ ခဏလောက်တွေဝေပြီးတော့မှ "ကော ကျွန်တော်ဒီတစ်ခုအပ်ရင်ရပြီ ကောရဲ့တံဆိပ်ကိုလည်းအပ်ရမှာလား?"

ဖုကျင်းရှောင်းက ခေါင်းငြိမ့်ကာ "အမှတ်ထည့်တွက်လို့ရတယ်"

တံဆိပ်ပေါ်ကအနက်ရောင်စာလုံးတွေက ပုံမှန်အက္ခရာဖြစ်ပြီးတော့ စတုရန်းနဲ့စက်ဝိုင်းမှာရေးထားတဲ့ 'ဖုကျင်းရှောင်း' ဆိုတဲ့သုံးလုံးရှိလေတယ်။ ကျန်ရှင်းဆွေ့လက်ကို တင်းတင်းဆုပ်လိုက်မိပြီး ခဏလောက်တုံ့ဆိုင်းသွားရတယ်။

ဖုကျင်းရှောင်းတိုက်တွန်းလာတယ် "မြန်မြန်သွား နောက်ထပ်နောက်ကျနေရင် ကင်မရာမရှိတော့ပဲနေမယ်"

".....ကောင်းပါပြီ"

သူ့ခြေလှမ်းလေးနဲ့ အမှတ်တွက်တဲ့နေရာကိုအပြေးသွားပြီး တံဆိပ်ပြားတွေသွားပို့လိုက်တယ်။ ဝန်ထမ်းလေးက တစ်ချက်ကြည့်လိုက်ပြီး "ဒီဟာမရဘူး ဖုကောရဲ့တံဆိပ်က မင်းကိုယ်တိုင်ဖြုတ်တာမဟုတ်လို့ အမှတ်ထဲထည့်တွက်လို့မရဘူး"

ကျန်ရှင်းဆွေ့လည်း ဝမ်းနည်းသွားတာမျိုးမရှိဘဲ "ကိစ္စမရှိပါဘူး"

ဝန်ထမ်းလေးကတံဆိပ်ပြားကို ဘေးကပုံးထဲထည့်မလို့လုပ်နေတဲ့အချိန်မှာပဲ ကျန်ရှင်းဆွေ့ကမြန်မြန်ပြောလာတယ် "အိုင်းဟိုဟာလေ အမှတ်မတွက်ဘူးဆိုတော့ အဲ့ဒီတံဆိပ်ကျွန်တော်ကိုပေးလိုက်လို့ရလား?"

ဝန်ထမ်းလေးကအံ့သြတဲ့ပုံနဲ့သူ့ကို ကြည့်လိုက်တယ်။

"ကျွန်တော်ပြောတဲ့အဓိပ္ပာယ်က....." ကျန်ရှင်းဆွေ့နည်းနည်းအားနာနေရပြီး "ဘယ်လိုပဲဖြစ်ဖြစ်အမှတ်မတွက်ဘူးလေ"

ဝန်ထမ်းလေးကစိတ်ထဲမှာ ထူးဆန်းနေပေမဲ့ ဘာမှမပြောလာပဲ "ရတယ်လေ မင်းယူသွားလိုက်ပါ"

ကျန်ရှင်းဆွေ့ကတံဆိပ်လေးကို ပုံးထဲကနေမြန်မြန်ပဲ ပြန်ယူလိုက်တယ်။ ဒီတံဆိပ်လေးကအနွေးဓာတ်အနည်းငယ် ကျန်ရှိနေသလိုပဲ။ သူကရတနာလေးတစ်ခုလို သူ့အိတ်ကပ်ထဲထည့်ထားလိုက်တော့တယ်။

ဒီတစ်လောပျော်ရွှင်နေရတာ အိမ်မက်တစ်ခုလိုတောင်ဖြစ်နေပြီ။ တစ်နေ့မှာသူအိမ်မက်ကနေနိုးလာမှာကို ကြောက်နေရတယ်။ အဲ့အချိန်ကျရင်ဘယ်လိုလုပ်ရမလဲ။ ဒီဘဝမှာကံကောင်းတာဒီတစ်ခေါက်ပဲရှိတော့လောက်မှာ။ ဒါပေမဲ့လုံလောက်နေပါပြီ။ အထုတ်ခံရပြီး ဒီနေရာကထွက်သွားရရင်တောင် ဒီပစ္စည်းလေးရှိနေတော့ သူ့အကြောင်းတွေးပြီး အမှတ်ရနေလို့ရတာပေါ့။ အဲ့တာဆိုလုံလောက်နေပါပြီ။

..........

သူထွက်သွားတော့မဲ့အချိန်မှာ ဝန်ထမ်းလေးကအော်ပြောလိုက်ပြီး သူ့ကိုတားလိုက်တယ်။

ကျန်ရှင်းဆွေ့ကခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။ ဝန်ထမ်းလေးက စာအိတ်တစ်ခုကိုယူပြီး သူ့ကိုပေးလာတယ် "သေချာကိုင်ထား အရင်မဖွင့်လိုက်နဲ့အုန်း"

ဒီ[StarLight]လို့ရေးထားတဲ့ စာအိတ်လေးသူ့လက်ထဲရောက်လာတဲ့အခါမှာ ကျန်ရှင်းဆွေ့လည်း စိတ်ထဲထင်တာနေတာလေးရှိတယ်။ ဒီအထဲကပစ္စည်းက ဒီတစ်ခေါက်ပြိုင်ပွဲရဲ့ နောက်ဆုံးနာမည်စာရင်း ဖြစ်နေမှာစိုးရတယ်။

ထွက်လာပြီးတော့ အပြင်ကနေတစ်ယောက်ကလှမ်းအော်နေတယ် "ကျန်ရှင်းဆွေ့ လာခဲ့!"

ညနေခင်းနေရောင်အောက်မှာ သူ့အခန်းဖော်တွေကတန်းစီရပ်နေကြတယ်။ ဦးဆောင်လာတဲ့ရှန်ရှင်းချန်က သူ့ကိုလက်ရမ်းပြနေတယ်။

ရှန်ရှင်းချန်ကစိတ်မရှည်စွာနဲ့ "ဘာတွေအချိန်ဆွဲနေတာလဲ! မြန်မြန်လာ!"

ကျန်ရှင်းဆွေ့ခြေလှမ်းတွေကိုစလိုက်ပြီး ခြေလှမ်းကျယ်ကျယ်နဲ့သွားလိုက်တယ်။ နောက်နီးလာတဲ့အခါကျနေတာ့ ဘာလို့မှန်းမသိ ခြေလှမ်းသေးလေးတွေဖြစ်သွားကာ နောက်ဆုံးတော့အခန်းဖော်တွေဆီ ပြေးသွားလိုက်တော့တယ်။

"ဘာလို့အဲ့လောက်နှေးနေရတာလဲ" ရှန်ရှင်းချန်ကရေရွတ်ရင်း "မင်းဟိုမှာပျော်နေပြီး ပြန်မလာချင်တော့လို့လား?"

ကျန်ရှင်းဆွေ့ကခေါင်းခါပြီး "မဟုတ်ပါဘူး"

ရှန်ရှင်းချန်က'ဟွန့်'ခနဲလုပ်ကာ "အဲ့လိုမှတော်သေးတယ်!"

ဘေးနားကဝမ်းရှန်းကောကလည်း ပြုံးရယ်ကာပြောလာတယ် "ကျွန်တော်တို့ဒီနေ့ ကံကောင်းမှုတွေရှိနေတာပဲ မင်းကသေချာပေါက် ပထမရမှာ ဟော့ပေါ့စီစဥ်လို့ရပြီး ဆွေ့ဆွေ့နဲ့တစ်ဆောင်တည်းတူတူနေရတာ အရမ်းကံကောင်းတာပဲ"

နင်ဇယ်လည်းခေါင်းငြိမ့်ကာ "ကံကောင်းတာပဲ"

ကျန်ရှင်းဆွေ့သူတို့စကားတွေကြားတော့ စိတ်ထဲနွေးထွေးသွားရတယ်။ သူခေါင်းငုံ့မိလိုက်ပြီး အသံတိုးတိုးနဲ့ "မင်းတို့နဲ့ခင်မင်ရတာကလည်း ငါ့အတွက်ကံကောင်းတာပါပဲ"

ဘေးပတ်ဝန်းကျင်ကအသံတွေက ဆူညံလွန်းတာကြောင့် အကုန်လုံးကရှင်းရှင်းလင်းလင်းမကြားလိုက်ကြဘူး။

ဒါပေမဲ့ကျန်ရှင်းဆွေ့ဂရုမစိုက်ပါဘူး။ ဘာလို့ဆို သူသဘောပေါက်ပြီးသား တကယ့်တကယ်အရေးကြီးတဲ့ခံစားချက်က အသံကျယ်နဲ့သွားပြောပြေနေဖို့မလိုဘူး။ သူ့စိတ်လေးထဲမှာသိမ်းထားဖို့ လုံလောက်နေပါပြီ။

..........

ညစာ...

ရိုက်ကူးရေးအဖွဲ့လည်း အရမ်းကြီးရိုးသားနေတာမဟုတ်ဘဲ ကန်တင်းထဲမှာဘူဖေးစီစဥ်ပေးတယ်။

နောက်ဆုံးအနိုင်ရတဲ့အပြာသင်းကို အထူးဆုထပ်ပေးခဲ့တယ်။ တခြားအသင်းထပ်ဘူဖေးထဲမှာ ဟော့ပေါ့ထပ်တိုးလာတာဖြစ်တယ်။ ဒီတစ်ခဏမှာအနီသင်းကို ဆာလောင်စေနေတော့တယ်။

အနီသင်းရဲ့ခေါင်းဆောင်ထဲက တစ်ယောက်ဖြစ်တဲ့ ရှန်ရှင်းချန်ကတော့ ပထမဆုံးအချိန်ကတည်းက အပြာသင်းဘက်ရောက်လာတော့တယ်။ ကျန်ရှင်းဆွေ့ဘေးမှာထိုင်ပြီး အားမနာနေဘဲ စပြီးစားတော့တယ်။ တခြားအနီသင်းသားတွေကလည်း သင်ယူပြီးလာစားသောက်ကြတယ်။ အစကအပြာသင်းသားတွေကလည်း နည်းနည်းမစားခိုင်းတဲ့ပုံ ဟန်လုပ်နေကြပေမဲ့ နောက်တော့တူတူစားစေတော့တယ်။ အားလုံးကတူတူထိုင်ပြီး သိုက်သိုက်ဝန်းဝန်းနဲ့ စားကြတော့တယ်။

အရင်ကနှစ်သင်းရဲ့မကျေနပ်ချက်တွေကလည်း ပြေပျောက်သွားကြပြီ။

ယောက်ျားလေးတွေက တစ်ချို့အချိန်တွေမှာတကယ်ကောင်းတယ်။ ဘာရန်ညှိုးမှရှိမနေဘူး။

ဒါပေမဲ့စားနေတဲ့အချိန်တွင်းမှာ လူတော်တော်များများကစိတ်ထဲလေးနေတုန်းပဲ။ အဲ့တာကသေချာပေါက် ကိုယ်အထုတ်ခံလိုက်ရမှာကို ကြောက်နေမိတဲ့သူတွေပေါ့။

"ဘယ်အချိန်ကျမှစာအိတ်ဖွင့်ကြည့်နိုင်မှာလဲ?"

"ငါစားလို့တောင်မဝင်တော့ဘူး....."

"တကယ်ထူးဆန်းလွန်းတယ်"

ဒါပေမဲ့ စားပဲစားနေကြတဲ့ အုပ်စုလည်းရှိသေးတယ်။ စာအိတ်ကိစ္စကို စိတ်ထဲထည့်မနေဘူး။

ရှန်ရှင်းချန်က ဝမ်းရှန်းကောနဲ့နင်ဇယ်တို့ အနည်းငယ်စိုးရိမ်နေတာမြင်တော့ "ဘာလို့ရိုက်ကူးရေးအဖွဲ့က ငါတို့ကိုကြည့်ပြီးတော့မှ ထမင်းမစားခိုင်းတာလဲသိလား သူကအားလုံးအတူတူ မကျေနပ်ချက်တွေ ကွဲကွာနေတာတွေ ဖြစ်မနေဘဲ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ တူတူထမင်းလေးစားစေချင်တာ မင်းတို့အဲ့လောက်တွေးနေပြီး ရိုက်ကူးရေးအဖွဲ့ရဲ့စေတနာကို အလဟဿဖြစ်စေလိုက်တာမဟုတ်ဘူးလား?"

ဒီလူကအတည်ကြီးအမှားထောက်ပြလာတော့လည်း ဟုတ်နေတာပဲ။

ဝမ်းရှန်းကောနဲ့နင်ဇယ် စဥ်းစားကြည့်တော့လည်း မှန်နေတာပဲ။ နောက်ဆုံးထမင်းတစ်နပ်တော့ ကောင်းကောင်းစားသင့်တယ်လေ။ အဲ့တာကြောင့်ခေါင်းငြိမ့်လိုက်တယ်။

အဲ့အချိန်မှာပဲ မဝေးတဲ့နေရာကနေ တံခါးဖွင့်သံကြားလိုက်ရတယ်။ နည်းပြတွေလာကြတာဖြစ်တယ်။ နည်းပြတွေလာပြီဆိုတော့ အားလုံးကစိတ်လှုပ်ရှားနေကြတယ်။ တစ်ယောက်ကအလျင်အမြန်ပဲ "လောင်ရှီး လာပြီးအတူတူစားရအောင်လေ"

ထူရာကပိုအဆင်ပြေပြီး ကျောင်းသားတွေကလည်း သူမကိုသဘောကျကြတယ်။ သူမကပြုံးပြလိုက်ပြီး ပျော်နေတဲ့အမူအရာလေးနဲ့ "ဝါး မွှေးလိုက်တာ"

"လောင်ရှီးတို့စားပြီးကြပြီလား?"

"လောင်ရှီး ဒီဘက်လာစားလေ"

ကျောင်းသားတွေအကုန်လုံးကနွေးထွေးနေကြတယ်။ စိတ်အားထက်သန်စွာနဲ့ နှုတ်ဆက်နေကြတယ်။

ဖုကျင်းရှောင်းက အင်္ကျီလဲပြီးသွားလေပြီ။ သူကပေါ့ပေါ့ပါးပါး အားကစားအင်္ကျီပဲဝတ်ထားခဲ့တယ်။ ပထမဆုံးအကြိမ်ထွက်လာတုန်းကဝတ်တဲ့ အနောက်တိုင်းဝတ်စုံကလွဲရင် နောက်ပိုင်းမှာလူငယ်လေးတွေရဲ့ကျော်ကြားမှုမလုမိအောင် ရုပ်ရှင်ဧကရာဇ်ဝတ်တာတွေအကုန်လုံးက ဒီလိုမျိုးပေါ့ပေါ့ပါးပါး အားကစားဝတ်စုံတွေချည်းပဲဖြစ်တယ်။ ဒါပေမဲ့တခြားသူတွေဝတ်ရင် ဆွဲဆောင်နိုင်မှုကပုံမှန်လောက်ပဲဆိုပေမဲ့ သူဝတ်လိုက်တော့ဆွဲဆောင်မှုရှိနေသေးတယ်။

ကျောင်းသားတွေအကုန်လုံးက နည်းပြတွေကိုနှုတ်ဆက်နေကြတယ်။

ကျန်ရှင်းဆွေ့လည်း အစကတွေဝေနေသေးတယ်။ ဒါပေမဲ့သူ့မျက်လုံးထောင့်ကနေ အန်းရန်ကထိုင်ခုံအလွတ်ကို သူ့ဘေးရွေ့နေတာမြင်လိုက်ရတယ်။ ကြည့်ရတာဖုကျင်းရှောင်းကနှုတ်ဆက်ဖို့ ပြင်နေပုံပဲ။ အဲ့တာကိုမြင်လိုက်တော့ စောနကတွေဝေမှုတွေက ဘယ်ရောက်သွားမှန်းတောင်မသိတော့ဘူး။ ဒီနေ့ပြိုင်ပွဲမှာတုန်းက ဖုကျင်းရှောင်းပြောဖူးတာကို သူရုတ်တရက်စဥ်းစားမိသွားတယ်။ သည်းခံခြင်းနဲ့ ကြောက်ရွံ့ခြင်းက ရန်သူကိုနောက်ဆုတ်သွားစေမှာ မဟုတ်ဘူးတဲ့။ နှလုံးသားအောက်ခြေကနေ သူသတ္တိတွေထွက်လာတော့တယ်။

ဖုကျင်းရှောင်းကိုနှုတ်ဆက်တဲ့သူတွေ အရမ်းများတယ်။

အန်းရန်ကလည်း လက်ကိုမြှောက်လိုက်ပြီး "ဖုကော....."

အဲ့အချိန်မှာပဲ မျက်နှာချင်းဆိုင်ကလာတဲ့ ပြတ်ပြတ်သားသားအသံကိုကြားလိုက်ရတယ်။ ကျန်ရှင်းဆွေ့ကသတ္တိရှိရှိနဲ့ ခေါ်လိုက်တယ် "ဖုကော ဒီမှာနေရာရှိတယ်"

တကယ်တော့ဒီအသံကကန်တင်းထဲမှာ ကျယ်မနေဘဲ တခြားပြိုင်ပွဲဝင်တွေရဲ့အသံထက်တိုးပေမဲ့ အစောကပြုံးရယ်ပြီး တခြားကျောင်းသားတွေနဲ့ နှုတ်ဆက်ဖို့ငြင်းဆန်နေတဲ့ ဖုကျင်းရှောင်းက ခေါင်းလှည့်ကြည့်လာတယ်။ သူခြေလှမ်းတွေလှမ်းလာပြီး ကျန်ရှင်းဆွေ့ဘေးမှာထိုင်ချလိုက်တယ်။ တွေဝေမှုအနည်းငယ်တောင်ရှိမနေဘူး။

ကျန်ရှင်းဆွေ့လည်းသူပြောတာ အောင်မြင်သွားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ သူကဘေးကသူကို ကြောင်ပြီးကြည့်နေမိတယ်။

ဖုကျင်းရှောင်းရေချိုးပြီးသွားပြီထင်တယ်။ သူ့ကိုပေါ်ကနေအမွှေးနံ့တစ်ခုရနေတယ်။ ဘယ်လိုလဲတော့ပြောမပြတတ်ဘူး။ ဒါပေမဲ့ရေမွှေးတွေထက်တောင်ပိုမွှေးသေးတယ်။ ဒီလူလိုမျိုးပဲ နက်ရှိုင်းပြီးဆွဲဆောင်မှုရှိတယ်။

ဖုကျင်းရှောင်းက သူ့ကိုတစ်ချက်ကြည့်ပြီး အသံနိမ့်နိမ့်နဲ့ "ငါ့ကိုနှုတ်ဆက်ပြီး ထမင်းခေါ်ကျွေးဖို့တော့ သတိရသေးတယ်ပေါ့ ကျေးဇူးမမေ့သေးဘူးပဲ"

ကျန်ရှင်းဆွေ့ စိတ်နဲ့ကိုယ်ပြန်ကပ်သွားပြီး အလျင်အမြန်ပြောလိုက်တယ် "မမေ့ပါဘူး"

သူမမေ့ဘူးဆိုတာပြသဖို့ ကျန်ရှင်းဆွေ့ချီးမွမ်းလိုက်သေးတယ်။ သူကအသံတိုးတိုးနဲ့ "ဒီနေ့ကောကြောင့်ပဲ ဒီတစ်နပ်ကိုကျွန်တော်စားနိုင်တာပါ"

"အဲ့တာကလွန်သွားပါပြီ မင်းလည်းတခြားသူတွေရဲ့တံဆိပ်ကိုဖြုတ်ဖို့ အားသုံးခဲ့ရတာပဲလေ" ဖုကျင်းရှောင်းကသူ့ကို "ကိုယ်တို့ကရဲဘော်ရဲဘက်တွေပဲ ရဲဘော်ရှောင်ကျန်"

ဒီစကားကကလေးလေးတွေကို စဖို့ဒီတိုင်းပြောလိုက်တာပေမဲ့ နားထောင်ရတာတော့ တော်တော်ရင်းနှီးတဲ့ခံစားချက်မျိုးရလေတယ်။

ကျန်ရှင်းဆွေ့နားထဲမှာအဲ့စကားလေးက တဝဲလည်လည်ဖြစ်နေတော့တယ်။ သူ့စိတ်လှုပ်ရှားမှုတွေကိုဖုံးကွယ်ဖို့ ရုပ်ရှင်ဧကရာဇ်အရှင်ကို အချဥ်ကူစပ်ပေးလိုက်တယ်။ သူကအချဥ်စပ်တာကောင်းတယ်။ ရှန်ရှင်းချန်တစ်ခါမြည်းကြည့်ပြီးတော့ တဝူးဝူးနဲ့ဖြစ်နေခဲ့တာကြောင့် တခြားစားပွဲကလူတွေတောင် သူ့ကိုကူပြီးစပ်ပေးဖို့ပြောခဲ့ကြတာ။ အဲ့တာကြောင့် ကျန်ရှင်းဆွေ့က ဖုကျင်းရှောင်းကိုလည်းကူပြီးစပ်ပေးဖြစ်တာ။ ပြီးတော့ဘာမှားတယ်လို့မှလဲ မခံစားရလေဘူး။

တစ်ပန်းကန်စပ်ပြီးသွားတော့ ကျန်ရှင်းဆွေ့ကဖုကျင်းရှောင်းကို ကမ်းပေးလိုက်တယ် "ကောကိုပေးတာ"

ရှန်ရှင်းချန်ကသူ့ကိုကြည့်လာပြီး ပြောလာတယ် "မင်းဘာလို့နံနံပင်မထည့်တာလဲ အဲ့တာကစားလို့ကောင်းတာကို"

ကျန်ရှင်းဆွေ့ကအပြစ်ရှိစိတ်နဲ့ ပန်းကန်ကိုကိုင်ထားလိုက်တယ်။ စိတ်ကလည်းပြောင်းဆန်နေကာ အမှတ်တမဲ့ပြောလိုက်တယ် "အာ ကျွန်တော်မေ့သွားတာ"

ဖုကျင်းရှောင်းကပန်းကန်ကိုယူလိုက်ပြီး မျက်ခွံလှန်ပြီး ဘေးကသူကိုကြည့်လိုက်တယ်။ နက်မှောင်တဲ့မျက်ဝန်းတွေက စိတ်ကိုထွင်းဖောက်မြင်နိုင်နေသလိုမျိုးပဲ။ နောက်ဆုံးပန်းကန်ကိုချလိုက်ပြီး ပြောလာတယ် "ကိစ္စမရှိပါဘူး ကိုယ်ကနံနံမစားတာနဲ့အတော်ပါပဲ"

ကျန်ရှင်းဆွေ့ကအဲ့တော့မှ ပြုံးရယ်ကာ "အင်း အဲ့တာကိုကောင်းပြီ ကျွန်တော်မထည့်လိုက်လို့တော်သေးတယ်"

သရုပ်ဆောင်တကယ်မကောင်းတာပဲ။

ဖုကျင်းရှောင်းစိတ်ထဲကနေ မှတ်ချက်ပေးနေမိတယ်။

ထမင်းစားတာပြီးသွားတော့ ကျောင်းသားတစ်ချို့က သူတို့ထွက်သွားတော့မယ်လို့ ထင်နေကြတယ်။ နောက်ဆုံးစားပြီးသွားတော့ အားလုံးကဝမ်းနည်းနေကြတော့တယ်။ စားသောက်ပြီးသွားကြတော့ ကင်မရာရိုက်ချက်တွေကို ရှောင်တာတွေနဲ့အကွာအဝေးထားတာတွေလည်းလျော့ကုန်ကြတော့တယ်။ ပြီးတော့တစ်ယောက်ဆိုနည်းပြဆီတောင် ရောက်ကုန်ကြတယ်။ သူကထူရာဆီရောက်သွားပြီး ပြုံးကာပြောတယ် "ထူရာကျဲ တကယ်လို့ကျွန်တော့အထုတ်ခံလိုက်ရရင် ကျဲလက်မှတ်လေးများရနိုင်မလား?"

ထူရာကအမူအကျင့်အရမ်းကောင်းတာကြောင့် "သေချာပေါက်ရတာပေါ့"

တစ်ချို့နည်းပြတွေနဲ့ ဆက်ဆံရေးကောင်းတဲ့တစ်ချို့တွေကလည်း သတ္တိသုံးပြီးပြောလာတယ် "ထူရာကျဲ Wechatအပ်လို့ရမလား?"

ထူရာကပြုံးပြီး "ကိစ္စမရှိဘူး"

တစ်ယောက်ကစလိုက်တာနဲ့ တခြားသူတွေကလည်းသတ္တိထုတ်သုံးလာကြတော့တယ်။ တော်တော်များများက ဖုကျင်းရှောင်းကိုကြည့်နေကြတယ်။ တကယ်လို့ရုပ်ရှင်ဧကရာဇ်ကိုသာ wechatအပ်နိုင်ရင် ဒီတစ်ခေါက်လာရတာ အလကားဖြစ်တော့မှာမဟုတ်ဘူး။ ပြန်သွားရရင်တောင် သူငယ်ချင်းတွေနဲ့မိသားစုရှေ့မှာ ကြွားလို့ရနိုင်တယ်။

ဒါပေမဲ့ဖုကျင်းရှောင်းရဲ့ဒေါသကြောင့် ဘယ်သူကမှရှေ့ထွက်လာပြီး မမေးရဲကြဘူး။

အားလုံးရဲ့မျှော်လင့်နေတဲ့မျက်လုံးတွေအောက်မှာ ဖုကျင်းရှောင်းကတူကိုချလိုက်ပြီး သက်ပြင်းရှိုက်ကာ ခေါင်းမော့ပြောလိုက်တယ် "အပ်လို့ရတယ်"

ဘယ်သူမှစကားမပြောရဲကြပေမဲ့ ရုပ်ရှင်ဧကရာဇ်စကားကြောင့် တော်တော်များများကပျော်ရွှင်သံတွေထွက်လာတော့တယ်။ ဒီကဖုန်းယူလို့မရတာကြောင့် သူတို့ကစာအုပ်လေးယူလာကြပြီး မှတ်ထားလိုက်ကြတယ်။ လူတစ်ခုကဝန်းရံနေကြတော့တယ်။ အသက်ဝင်စွာပဲ ဆက်သွယ်ဖို့လိပ်စာကို ချမှတ်နေကြတော့တယ်။

ကျန်ရှင်းဆွေ့လည်းအပ်ချင်ပေမဲ့ ရှေ့တိုးလို့မရဘူးဖြစ်နေတယ်။

သူကအဲ့ဒီ့အပ်နေကြတဲ့သူတွေကိုအားလည်းကျ စိတ်လည်းလောနေမိပေမဲ့ ဘေးမှာပဲမျက်လုံးနဲ့ကြည့်နေရတယ်။ အရင်အခေါက်တွေတုန်းကလိုပဲပေါ့။ အဲ့လူအုပ်ကြီးရဲ့အလယ်က အလင်းတွေတောက်ပနေတဲ့သူကို အဝေးကနေပဲငေးကြည့်နေနိုင်မှာ။ သူကဇာတ်လိုက်လေ။ မွေးကတည်းက ထွန်းလင်းတောက်ပနေတဲ့သူပေါ့။ သူကတော့သာမာန်လူလေးပဲ။ မွေးကတည်းကအမြှောက်စာခံလေး။ ဒီလိုမျိုးတစ်ချိန်မှာမဖြစ်ခဲ့ဖူးဘူး။ ကျန်ရှင်းဆွေ့သူ့ရဲ့ သာမာန်ဖြစ်လွန်းနေမှုကို မုန်းတယ်။ သူ့ရဲ့လုံလောက်အောင်မတော်တာကို မုန်းတယ်။ သူကအမြှောက်စာခံလေးဖြစ်နေတာကို မုန်းတယ်။

တကယ်လို့သူသာလုံလောက်အောင်ကောင်းရင် သူသာလုံလောက်အောင်ယုံကြည်မှုရှိရင် သူလည်းအရှေ့တက်ပြီးwechatတောင်းနိုင်ပြီ.....

ကျန်ရှင်းဆွေ့ရဲ့လက်တွေက မသိလိုက်ပါသာတင်းကျပ်သွားတော့တယ်။ စိတ်ထဲမှာစစ်ဖြစ်နေတဲ့အချိန် ဘေးကနေအသံထွက်လာတယ် "မင်းဒီမှာဘာကြောင်နေတာလဲ?"

သူစိတ်နဲ့လူပြန်ကပ်သွားရပြီး ရှန်ရှင်းချန်ရဲ့မျက်နှာကိုမြင်လိုက်ရတယ်။

ရှန်ရှင်းချန်ကသူ့ခြေထောက်ကို ဖွဖွကန်လိုက်ပြီး "လိုချင်ရင်သွားလေ!"

သူအကန်ခံလိုက်ရပြီး ပြန်ရပ်ကာ ထစ်အအနဲ့ပြောလာတယ် "မဟုတ် ကျွန်တော်...."

"ကျွန်တော် ကျွန်တော် ကျွန်တော် မင်းကrepeatလုပ်တဲ့စက်လား" ရှန်ရှင်းချန်ကနှာတစ်ချက်မှုတ်လိုက်တယ်။ သူ့ကိုဖြည်းဖြည်းတွန်းကာ "မင်းအမူအရာကို ဒီသခင်လေးကမမြင်နိုင်ဘူးထင်လို့လား ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစမ်းပါ မြန်မြန်သွား!"

ကျန်ရှင်းဆွေ့အတွန်းတစ်ချက်က ရှေ့ကိုခြေလှမ်းတော်တော်များများရောက်သွားလေတယ်။ ကြောင်တောင်တောင်နဲ့ လူအုပ်ကြီးဘေးမှာရပ်နေလေတယ်။ သူနှလုံးကထွက်လာတော့မတတ်ခုန်နေတော့တယ်။ စကားတွေတောင်ပျောက်ဆုံးရတဲ့အထိ စိတ်လှုပ်ရှားနေမိတော့တယ်။

ပြီးတော့ဒီအချိန်မှာ လူအုပ်ထဲကဖုကျင်းရှောင်းက သူ့ကိုသတိထားမိသွားတဲ့အတိုင်း ကြည့်လာတယ်။

ကျန်ရှင်းဆွေ့ပါးစပ်ဖွင့်ဟလိုက်ပြီး လှုပ်ရှားဖို့တောင်မေ့နေတယ်။ မူလနေရာမှာပဲကြောင်ပြီးရပ်နေမိတယ်။

ဖုကျင်းရှောင်းတစ်ချက်ကြည့်လိုက်ပြီး မျက်လုံးအောက်ခြေမှာ ရယ်ချင်နေတာကို ဖုံးအုပ်ထားတယ်။ သူကလူအုပ်ကိုဖြတ်သွားပြီး ကျန်ရှင်းဆွေ့ရှေ့မှာရပ်လိုက်တယ်။ အသံနိမ့်နိမ့်ကအယောင်ဆောင်နေသလိုမျိုး "ကိုယ့်ကိုရှာနေတာလား?"

ကျန်ရှင်းဆွေ့စိတ်လှုပ်ရှားနေပေမဲ့ ခေါင်းငြိမ့်ပြလိုက်ဆဲဖြစ်ကာ ဒီဘဝလုံးရဲ့သတ္တိတွေကိုစုပြီး ပါးစပ်ဖွင့်ဟလိုက်တယ် "ကျွန်တော် ကျွန်တော်မေးချင်တာ....."

"အင်း ကိုယ်လည်းမင်းကိုမေးချင်နေတာ" ဖုကျင်းရှောင်းရဲ့အသံက ဖြည်းညှင်းစွာထွက်ပေါ်လာတယ်။ အရမ်းယဥ်ကျေးနေပြီး မေးလာတယ် "မင်းနဲ့wechatအပ်လို့ရမလား ရဲဘော်ရှောင်ကျန်"

____________________
Word – 8333
Oct 11th, 2022 (Tue)
Xiao Dream

အားးးးးး ဖုကော!!!!!!!!!!

နောက်ကျမယ်ဆိုပြီး နောက်တစ်နေ့ကူးသွားတယ်။ ဟီးဟီး မနေ့ကပြန်နေရင်းအိပ်ပျော်သွားလို့ပါ။ ခွေးလွှတ်ကြပါဗျို့။ အဲ့တာနဲ့ဒီနေ့နိုးတော့ ရေးတာလေးလတ်စသတ်ပြီးတင်ပေးလိုက်ရပါတယ်။ ဒီအပိုင်းလည်းရှည်တယ်။ နောက်ပိုင်းဟာတွေက ဒီလောက်လောက်အရှည်တွေချည်း ဖြစ်တော့မယ်ထင်တယ်ဗျို့။ ကောင်းကောင်းဖတ်ကြပါ။ ပြီးမှကောမန့်တွေrpပြန်ပါမယ်နော်။ ဘိုင့်ဘိုင်။






Zawgyi

Wechatအပ္လို႔ရမလား
_____________________

တကယ္လို႔ဒီကိစၥကိုသာ တစ္ျခားသူကလုပ္လိုက္ရင္ ပရိသတ္ေတြဆီကေဝဖန္ခံေနရၿပီ။ ၿပီးေတာ့ၿပိဳင္ပြဲဝင္ေတြၾကားမွာ ညီအစ္ကိုဆက္ဆံေရးလိုမ်ိဳးေနၾကေပမဲ့ တကယ္တမ္းမွာၿပိဳင္ဘက္ဆက္ဆံေရးပဲ။ အဲ့တာကိုျမင္တတ္တဲ့သူတိုင္း သိၾကတယ္။

ဒါေပမဲ့ဒီကိစၥကို ဖုက်င္းေရွာင္းကသာလုပ္မယ္ဆိုရင္ေတာ့ ၿငိမ္သက္ေနၾကၿပီး တဟားဟားနဲ႔ပဲရယ္ေနၾကမွာ။ ၿပီးေတာ့ေလာ့ဂ်စ္က်က်ေျပာရရင္ အန္းရန္ကိုယ္တိုင္ကလည္း သူ႔စိတ္နဲ႔သူအဖြဲ႕ထဲဝင္လာတာျဖစ္တယ္။ တျခားေျခလွမ္းတစ္ေထာင္ေလာက္

ထပ္ဆုတ္ၿပီးေျပာရရင္ ဖန္ေတြအကုန္လုံးက သူ႔ရဲ႕စိတ္ကိုသိၾကတယ္။ ဒါကသူလုပ္ႏိုင္တာပဲေလ။ ႐ိုက္ကူးေရးအဖြဲ႕ရဲ႕ရလဒ္ကေတာ့ အျပည့္ပဲ။

ဘာကိုမွမသိေသးတဲ့အန္းရန္ကေတာ့ မ်က္ႏွာဖုံးကိုယူလိုက္ၿပီးေတာ့ ေတြေဝစြာနဲ႔ေမးလိုက္တယ္ "အဲ့တာဆို ေကာတို႔ႏွစ္ေယာက္က ဘာလို႔မတပ္ေသးတာလဲ?"

"ကိုယ္တို႔လား?" ဖုက်င္းေရွာင္းကေတာ့ ႐ုပ္ရွင္ဧကရာဇ္ပီသစြာပဲ ဘယ္မူမမွန္မႈကိုမွရွာမေတြ႕ႏိုင္ေလဘူး။ သူက "ကိုယ္တို႔ကတပ္ၿပီးခဲ့ၿပီ ဒါကကိုယ္တို႔အဖြဲ႕ရဲ႕ အေမြေလ မင္းကအသစ္ဆိုေတာ့ ေသခ်ာေပါက္မင္းကိုေပးရမွာေပါ့"

ဒီစကားမမူမွန္တာဘာမွမရွိေလဘူး။

အန္းရန္က အၿမဲတမ္းမေသခ်ာတဲ့ခံစားခ်က္မ်ိဳးရေနေလတယ္။

ဖုက်င္းေရွာင္းရဲ႕အၿပဳံးက ထြက္ေပၚလာေတာ့တယ္။ လူ႔စိတ္ကိုဆြဲေဆာင္ႏိုင္တဲ့ေနရာမွာ ေတာ္ေလတယ္။ သူကျပန္ယူတဲ့မဲ့ပုံစံလုပ္လုပ္ေလတယ္ "မတပ္ခ်င္ရင္လဲထားလိုက္ပါေတာ့"

ၾကည့္ရတာမ်က္ႏွာဖုံးကို ျပန္ယူလိုက္ေတာ့ အန္းရန္ကျမန္ျမန္ပဲျပန္လုထားလိုက္တယ္။ ရတနာတစ္ခုလိုယူလိုက္ၿပီး အလ်င္အျမန္မ်က္ႏွာေပၚတပ္ထားလိုက္တယ္။ ေနာက္ေတာ့ဖုက်င္းေရွာင္း အထင္လြဲသြားမွာကိုစိုးရိမ္ေနတဲ့အတိုင္း "မဟုတ္ပါဘူး မဟုတ္ပါဘူး ကြၽန္ေတာ္ကေကာတို႔အဖြဲ႕ထဲဝင္ခ်င္ပါတယ္"

ဖုက်င္းေရွာင္းက ရယ္လိုက္တယ္။

Live roomထဲက ပရိသတ္ေတြက ပိုလို႔ေတာင္ရယ္ေသေတာ့မတတ္ ျဖစ္ကုန္ေတာ့တယ္ :

"မင္းငယ္ပါေသးတယ္ ကေလးရယ္"

"ဒုကၡေရာက္ေစတာေတာ့မေကာင္းေပမဲ့ ငါမကူႏိုင္စြာပဲရယ္ခ်င္ေနတုန္းပဲ"

"ဖုေကာကရက္စက္လိုက္တဲ့သူပဲ"

က်န္ရွင္းေဆြ႕က မူလေနရာမွာပဲ ေၾကာင္အေနတုန္းပဲ။ သူ႔အမူအရာကလည္း ရယ္ခ်င္ေနတဲ့ပုံေပါက္ေနေသးတယ္။ ဒီမတိုင္ခင္ကပရိသတ္ သူ႔အေပၚမွာရွိေနတဲ့အျမင္က တုံးအလြန္းတဲ့ပိုက္ဆံ၂ေသာင္းေကာပဲ။ ဒါေပမဲ့ဒီbattleကိုေတြ႕ၿပီးေနာက္မွာေတာ့ ပရိသတ္ေတြသိလိုက္ရတာက ၿပိဳင္ပြဲဝင္ေတြေတာ္ေတာ္မ်ားမ်ားက ဉာဏ္ေကာင္းလြန္းၿပီး ေျပာင္းျပန္အေနနဲ႔တုံးအတဲ့ဒီကေလးကေတာ့ ဆြဲေဆာင္မႈတစ္မ်ိဳးရွိေနေလတယ္။ အထူးသျဖင့္ ထူးျခားတဲ့႐ုပ္ရွင္ဧကရာဇ္ဖု ေနာက္ကေနလိုက္ေနတဲ့အခ်ိန္ ေျမေခြးအၿမီးႀကီးေနာက္ကေနလိုက္ေနတဲ့ ယုန္ျဖဴေလးလိုပဲ။ ဒီလိုတုံးအမႈမ်ိဳးက အရမ္းကိုခ်စ္ဖို႔ေကာင္းေနေလတယ္။

ဖုက်င္းေရွာင္းေနာက္လွည့္ၾကည့္လိုက္ၿပီး က်န္ရွင္းေဆြ႕ကိုပုတ္လိုက္တယ္ "သြားရေအာင္"

က်န္ရွင္းေဆြ႕အလ်င္အျမန္ ေခါင္းၿငိမ့္လိုက္ၿပီး "ေကာင္းၿပီ"

သူတို႔အုပ္စုေျခလွမ္းအနည္းငယ္သြားၿပီးေတာ့ အေပၚထပ္ကေနေၾကညာတဲ့အသံၾကားလိုက္ရတယ္ "ဒီၿပိဳင္ပြဲၿပီးဆုံးဖို႔ ၁၀မိနစ္ပဲက်န္ရွိပါေတာ့တယ္ အထုတ္မခံရေသးဘဲ က်န္ရွိေနတဲ့ၿပိဳင္ပြဲဝင္ အေယာက္၃၀ရွိပါေသးတယ္ အနီအသင္းဘက္က၁၉ေယာက္ အျပာအသင္းဘက္က၁၁ေယာက္ အရင္ကအနီသင္းဘက္က ၄၃မွတ္ အျပာသင္းဘက္က၅၄မွတ္ ကြၽန္မတို႔သုံးထပ္ေျမာက္ ေလးထပ္ေျမာက္နဲ႔ ငါးထပ္ေျမာက္ရဲ႕ ထြက္ေပါက္ေတြအကုန္ပိတ္ပါေတာ့မယ္ ၿပိဳင္ပြဲဝင္ေတြအကုန္ ပထမထပ္နဲ႔ကန္တင္းဆီ သြားေပးၾကပါ"

အဲ့တာကက်ဳံ႕ေနတဲ့စက္ဝိုင္းလိုပဲ။

မင္းပုန္းေနရင္ေတာင္မျဖစ္ႏိုင္ဘူး။ အေမွာင္ထဲမွာပုန္းေနတဲ့သူေတြ ထြက္လာေအာင္အဓိကထားထားတာ။ ၿပီးေတာ့ အားလုံးစုၿပီးbattleဆိုင္ၾကေအာင္လို႔ေပါ့။

အန္းရန္က "ငါတို႔မွာဘယ္လိုလုပ္ ဒီေလာက္လူနည္းနည္းေလးပဲ က်န္ေနခဲ့ရတာလဲ"

က်န္ရွင္းေဆြ႕ကေလးမ်က္ႏွာကို အကဲခတ္ရင္း "အနီသင္းဘက္က လုပ္ႏိုင္စြမ္းပိုေကာင္းတယ္ေလ"

"ဒါေပမဲ့ငါတို႔ဘက္ကအမွတ္ပိုမ်ားတယ္ေလ အဲ့ဒီအျဖဳတ္ခံထားရတဲ့သူေတြရဲ႕ တံဆိပ္ေတြကဘယ္သူ႔ဆီမွာလဲမသိဘူး?" အန္းရန္ကမသိလိုက္ပါသာနဲ႔ ေမးလိုက္တယ္။ တကယ္ေတာ့တစ္ေလွ်ာက္လုံး သူ႔ေဘးကႏွစ္ေယာက္ကိုၾကည့္ေနခဲ့တယ္။

က်န္ရွင္းေဆြ႕ခဏေတြေဝသြားေတာ့တယ္။ ေျပာသင့္လားမေျပာသင့္လားဆိုတာ စဥ္းစားေနမိတယ္။

ဖုက်င္းေရွာင္းကအန္းရန္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေတာ့ ျဖည္းညႇင္းတဲ့ေလသံနဲ႔ "ဘယ္လိုပဲျဖစ္ျဖစ္ မင္းဆီမွာေတာ့မဟုတ္ဘူး"

".........."

ဒီစကားကဘာမွေတာ့မမွားပါဘူး။ အဲ့တာကေမာက္မာၿပီး မျမင္ႏိုင္ဘူး။

အန္းရန္ရဲ႕အမူအရာေျပာင္းသြားေတာ့တယ္။ သူကဖုက်င္းေရွာင္းနဲ႔ၿပိဳင္မေျပာရဲေလဘူး။ ဒါကသူသံသယဝင္ေနတဲ့အခ်က္ဆိုတာလည္း ေသခ်ာေပါက္သတိထားမိတာေပါ့။ အဲ့တာေၾကာင့္သူလည္း ေမးမေနလိုက္ေတာ့ဘူး။

ဘယ္လိုပဲျဖစ္ျဖစ္ သူမထင္ထားမိမွာက သူကအမွတ္ေတြခြဲေဝရခ်င္လို႔ ပါဝင္လာတာေပမဲ့ အဲ့တာကထူးျခားေကာင္းမြန္တဲ့ အစတစ္ခုမဟုတ္ဘဲ သူ႔အိမ္မက္ဆိုးေတြရဲ႕အစပဲျဖစ္လာခဲ့တယ္။

သူတို႔အုပ္စုဒုတိယထပ္ကိုဆင္းေတာ့ အနီအသင္းသားနဲ႔ဆုံရလိမ့္မယ္လို႔ မထင္ထားခဲ့မိဘူး။

အနီအသင္းသားေတြေၾကာင္အသြားေတာ့တယ္။ အသင္းသားေတြကိုဦးေဆာင္လာတဲ့သူက က်ိဳး႐ႊင္ျဖစ္တယ္။ သူကေရေသနတ္ကိုကိုင္ထားေသးတယ္။ မ်က္ႏွာခ်င္းဆိုင္ကလာေနတဲ့သူက အျပာသင္းသားသုံးေယာက္ဆိုေတာ့ ေရေသနတ္ကိုအသင့္ျပင္ထားေတာ့တယ္။

အေနာက္ကသူတစ္ေယာက္က "မ်က္ႏွာဖုံးလူသား မ်က္ႏွာဖုံးလူသားပဲ က်ိဳးေကာ!"

က်ိဳး႐ႊင္လည္းသတိထားမိလိုက္တယ္။ သူကစိတ္ဆိုးစြာနဲ႔ "လတ္စသတ္ေတာ့သူကိုး"

"သူငါတို႔အသင္းသားေတြအမ်ားႀကီးကို အထုတ္ခံရေအာင္လုပ္ခဲ့တာ" အေနာက္ကညီငယ္ေလးကေျပာလာတယ္ "က်ိဳးေကာ အျပာသင္းလက္ထဲက အမွတ္ကဒီေလာက္မ်ားတာ လူေတြအမ်ားႀကီးက အဲ့မ်က္ႏွာဖုံးလူသားဖုန္းထဲမွာရွိေနတာ ကြၽန္ေတာ္တို႔....."

က်ိဳး႐ႊင္က တစ္ခြန္းေျပာလိုက္တယ္ "ငါေသခ်ာေပါက္သိတာေပါ! ဒါေပမဲ့အဲ့ဒီမ်က္ႏွာဖုံးလူသားေဘးမွာ ဖုေကာရွိေနတာမျမင္ဘူးလား?"

ဘယ္သူကမွဖုက်င္းေရွာင္းကို မျဖဳတ္ရဲၾကဘူး။

သူအဲ့ဒီမွာရပ္ေနတာကိုက ဖိအားတစ္ခုလိုျဖစ္ေနၿပီ။

ငယ္သားေလးက အားတင္းၿပီးဆက္ေျပာတယ္ "အဲ့တာဆိုကြၽန္ေတာ္တို႔ဖုေကာကိုမျဖဳတ္ဘဲ အဲ့ဒီမ်က္ႏွာဖုံးလူသားကိုပဲ လက္စားေခ်ရင္ရၿပီ အဲ့မ်က္ႏွာဖုံးလူသားကို မေျပးသြားေစနဲ႔!"

က်ိဳး႐ႊင္ကလည္းအဲ့လိုပဲ စဥ္းစားထားတာပဲ။ သူဒီတစ္ေခါက္မဲႏႈိက္တာက ကံမေကာင္းပဲ အန္းရန္နဲ႔တစ္သင္းထဲမက်ခဲ့ဘူး။ တစ္ေလွ်ာက္လုံးသူ႔စိတ္ထဲက ျမတ္ႏိုးသူေလးနဲ႔ ေတြ႕မွာကိုစိုးရိမ္ေနခဲ့ရတာ။ တကယ္လို႔မတတ္သာပဲေတြ႕ခဲ့ရလို႔ ေကာင္းေကာင္းဟန္မေဆာင္ႏိုင္ခဲ့ဘဲ ၿပိဳင္ပြဲရႈံးသြားခဲ့ရင္မ်က္ႏွာလည္းျပႏိုင္ေတာ့မွာမဟုတ္ဘူး။ ဒီတစ္ခါေတာ့ကံကအရမ္းေကာင္းေနၿပီ။ ဒီေနရာမွာမ်က္ႏွာဖုံးလူသားနဲ႔ေတြ႕လိုက္ရတယ္။ အဲ့ေတာ့မ်က္ႏွာဖုံးလူသားကိုသာ ဆြဲခ်ႏိုင္ရင္ ျပႆနာအားလုံးက ေျဖရွင္းၿပီးသားျဖစ္မသြားဘူးလား?

ဒါေပမဲ့ဖုေကာကရွိေနၿပီး သူတို႔ကလည္းႏွစ္ေယာက္သုံးေယာက္တင္ဆိုေတာ့ ေျဖရွင္းလို႔မေကာင္းဘူး။

"ေဟး မင္းတို႔လည္းရွိေနတာပဲ" စဥ္းစားေနတုန္းပဲ မေဝးလွတဲ့ေလွကားကေနအသံၾကားလိုက္ရတယ္ "ငါကလည္းအနီသင္းကပဲ တိုက္ဆိုင္လိုက္တာ"

စစ္ကူလာၿပီ!

က်ိဳး႐ႊင္ကသက္ျပင္းခ်လိုက္ႏိုင္ၿပီး အေရွ႕ကိုၫႊန္ျပကာ ေျပာလိုက္တယ္ "ဟိုဘက္ မ်က္ႏွာဖုံးလူသားရွိတယ္"

ဘာမွမ်ားမ်ားစားစားေျပာစရာမလိုဘဲ ဆင္းလာတဲ့အနီအသင္းသားက 'မ်က္ႏွာဖုံးလူသား' ဆိုတာၾကားလိုက္တာနဲ႔ အမူအရာတစ္ခုလုံးက တည္တံ့သြားေတာ့တယ္ "ဘယ္မွာလဲ?"

မ်ားမ်ားနည္းနည္း တစ္ခ်ိဳ႕သူေတြရဲ႕သူငယ္ခ်င္းေတြနဲ႔ တစ္ခ်ိဳ႕သူေတြက ဒီမ်က္ႏွာဖုံးလူသားေၾကာင့္အထုတ္ခံလိုက္ၾကရတာ။ အဲ့ေတာ့ပဋိပကၡက ပိုလို႔ႀကီးလာေတာ့တယ္။ ေသခ်ာေပါက္ပိုအေရးႀကီးတာရွိေသးတာေပါ့။ မ်က္ႏွာဖုံးလူသားလက္ထဲမွာ တံဆိပ္ေတြအမ်ားဆုံးရွိတယ္ဆိုတာ လူတိုင္းသိတယ္ေလ။ ဒီေလာက္ႀကီးတဲ့အသားတုံးႀကီးကို။ ေၾကညာခ်က္ထဲမွာေျပာတဲ့ ဂဏန္းကိုအကုန္ၾကားၿပီးၾကၿပီေလ။ အဲ့တာကလုႏိုင္ရင္ လုႏိုင္တဲ့သူဟာပဲမလား?

ႏွစ္ဖက္သားက အခ်င္းခ်င္းၾကည့္လိုက္ၾကၿပီး ႏွစ္ဖက္လုံးကအားလုံးကို တြက္ခ်က္ၿပီးသြားၾကၿပီျဖစ္တယ္။

က်ိဳး႐ႊင္ကဟိုဘက္အဖြဲ႕က အရင္ခ်လာမွာေၾကာက္ေနေပမဲ့ သူ႔မွာစဥ္းစားေနဖို႔အခ်ိန္မရွိေတာ့ဘူး။ သူ႔ေနာက္ကအသင္းသားေတြကိုပဲ အမိန္႔ေပးလိုက္ေတာ့တယ္ "သူတို႔ကိုထြက္မေျပးေစနဲ႔ အျမန္ေရွ႕မတက္ေသးဘူးလား!"

ခလုတ္ႏွိပ္လိုက္သလိုမ်ိဳး အကုန္လုံးကေရွ႕ေျပးတက္လာၾကေတာ့တယ္။ ၿပီးေတာ့အားလုံးကလည္း ေရွ႕ဆုံးမွာေရာက္ေနခ်င္ၾကတယ္။

ေကာ္ရစ္တာအဆုံးမွာ အန္းရန္ကေျပးလာေနၾကတဲ့ အနီအသင္းသားေတြကို ေၾကာင္ၾကည့္ေနတယ္။ သနားစရာေကာင္းၿပီး အကူအညီမဲ့စြာေပါ့။

အေရွ႕ကဖုက်င္းေရွာင္းက အေစာကတည္းကျပင္ဆင္ၿပီးသြားၿပီ။ သူကေခါင္းလွည့္လိုက္ၿပီး ေနာက္ကႏွစ္ေယာက္ကိုတစ္ခြန္းပဲေျပာလိုက္တယ္ "ေျပး"

Battleေနရာအေျခအေနက ဘယ္လိုျဖစ္ေနမွာမလို႔လဲ။ ဟြားလားလားနဲ႔ေျခသံေတြက စက္ေသနတ္ပစ္သလိုထြက္ေပၚေနတယ္။ က်ိဳး႐ႊင္တို႔က ဒီတစ္ေခါက္ အဆုံးထိလုပ္ေတာ့မွာ။ ၿပီးေတာ့သူတို႔ပစ္မွတ္က မ်က္ႏွာဖုံးလူသားဆိုတာ သိသာလြန္းတယ္။ အန္းရန္လည္းအတူတူေျပးခ်င္ေပမဲ့ မထင္ထားမိတာက က်ိဳး႐ႊင္တို႔က႐ူးေနသလိုမ်ိဳး အေျပးလာၿပီး ေရေသနတ္ေတြနဲ႔ပစ္ေတာ့တယ္။ အားလုံးကအသားတုံးႀကီးကိုပဲ ပစ္မွတ္ထားေနၾကတယ္။ တျခားႏွစ္ေယာက္ကိုေတာ့ ဒီတိုင္းလ်စ္လ်ဴရႈလိုက္ၾကေတာ့တယ္။

အန္းရန္ကခုခံဖို႔ႀကိဳးစားရင္း "မင္းတို႔....."

က်ိဳး႐ႊင္ကရက္စက္တဲ့အသံနဲ႔ "ဒီတစ္ေခါက္မင္းဘယ္ေျပးမလဲ ၾကည့္ၾကေသးတာေပါ့"

ေကာင္းကင္ေပၚကေနေရေတြက်လာေတာ့တယ္။ အန္းရန္လည္းဆုတ္စရာလမ္းမရွိေတာ့ေလဘူး။ အရင္ကအန္းရန္ကန္တင္းတံခါးကို တမင္ဖြင့္ထားခဲ့ကာ ေရေသနတ္ကိုင္ထားတဲ့ရွန္ရွင္းခ်န္ကို က်န္ရွင္းေဆြ႕ကိုရွာေတြ႕ေစခဲ့သလိုပဲ။ လုံးဝမထင္ထားတာက ျပန္ခံေနရတာကကိုယ္ျဖစ္ေနလိမ့္မယ္လို႔ပဲ။ ၿပီးေတာ့သူ႔ရဲ႕သူငယ္ခ်င္းေကာင္းႀကီးလည္းျဖစ္တယ္။

အန္းရန္ : "..........."

လူအုပ္ႀကီးကတိုးလာၾကၿပီး သူ႔တံဆိပ္ကိုျဖဳတ္သြားၾကေတာ့တယ္။ က်ိဳး႐ႊင္ၾကည့္လိုက္မိေတာ့မွ ေၾကာင္အသြားေတာ့တယ္။ ေတြေဝစြာနဲ႔ေခါင္းလွည့္ၾကည့္လိုက္တယ္ "ရန္ရန္?"

ေရေတြစိုေနတဲ့အန္းရန္က သနားစရာေကာင္းေနတယ္လို႔ ေျပာလို႔ရတယ္။ သူကမ်က္ႏွာဖုံးကိုခြၽတ္ခ်လိုက္ၿပီး ငိုခ်င္ေနေပမဲ့ငိုခ်လို႔မရဘူးျဖစ္ေနေလတယ္။ ဒီအခ်ိန္မွာနတ္သားလိုအလွမ်ိဳး ဘယ္လိုလုပ္ရွိေနေတာ့မွာလဲ။ ဆံပင္ေတြကလည္းရႈပ္ပြေနၿပီျဖစ္ကာ ျပင္ထားတာေတြလည္းပ်က္ေနၿပီ။ ၾကည့္ရတာပုံမွန္ျဖစ္လြန္းလို႔ ထပ္ၿပီးေတာင္ပုံမွန္ျဖစ္ႏိုင္ေတာ့မွာမဟုတ္ဘူး။

Liveထဲကပရိသတ္ေတြကလည္း ေျပာကုန္ၾကၿပီ :

"ဒါကသနားစရာမေကာင္းလြန္းဘူးလား"

"ငါတို႔ရဲ႕နတ္သားေလးရန္ရန္က တကယ္ခက္ခဲရတာပဲ"

"ဒီလိုၾကည့္ရေတာ့လည္း သူကအဲ့ေလာက္ေခ်ာတာလည္း မဟုတ္ေတာ့သလိုပဲ ခံစားရတယ္......"

"ေသခ်ာစဥ္းစားၾကည့္ရင္ ဒီတစ္ေခါက္ၿပိဳင္ပြဲဝင္ေတာ္ေတာ္မ်ားမ်ားက ေရပက္ခံလိုက္ရတယ္ ျပင္ထားတာေတြမရွိေတာ့တဲ့အခါက် အလွေတြေလ်ာ့သြားသလိုပဲ တစ္ေယာက္ကလြဲၿပီး...."

"က်န္ရွင္းေဆြ႕"

အန္းရန္ရဲ႕ျပင္းထန္တဲ့ ဆန္႔က်င္ဘက္ကိုေတြ႕ၿပီးသြားေတာ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ႐ုတ္တရက္ လႈံ႕ေဆာ္ခံလိုက္ရတယ္။ ဒီတစ္ပတ္ရဲ႕ေက်ာင္းသားေတြအားလုံးရဲ႕ ေရပက္ခံရတဲ့႐ိုက္ခ်က္ေတြနဲ႔ ဓာတ္ပုံေတြကိုယွဥ္ၾကည့္လိုက္ရင္ ဒီေနရာမွာ႐ိုက္ခ်က္ေတြအမ်ားဆုံးယူထားတာက 'ယြမ္၂ေသာင္းေကာ'ပဲျဖစ္တယ္!

မမွားဘူး။ သူပဲ။ မျပင္ထားတဲ့သူ။ မမွားဘူး။ သူပဲ။ ေရပက္ခံလိုက္ရတာေတာင္ တျခားသူေတြလိုမိတ္ကပ္ျပန္လိမ္းဖို႔ စဥ္းစားမေနပဲ မ်က္ႏွာကိုသုတ္ၿပီးေျပးသြားတဲ့သူ။ မမွားဘူး။ ယြမ္၂ေသာင္းေကာက ဒီလူအုပ္ထဲကကြဲထြက္ေနတဲ့သူပဲ!

ပရိသတ္ေတြကလည္း ခံစားခ်က္ေတြေျပာေနၾကတယ္ :

"တကယ္ကို ေခါင္းတုံးေပါက္ေလးက ႐ုပ္ရည္အေကာင္းဆုံးပဲ"

"တကယ္ေတာ့ ေသခ်ာၾကည့္ၾကည့္ရင္ ငါ့အထင္သူကအရမ္းၾကည့္လို႔ေကာင္းတယ္ဟ"

"အစကငါထင္တာ ဘယ္ႏွယ့္မွမေနေလာက္ဘူးလို႔ ဒါေပမဲ့သူကစိတ္ဝင္စားဖို႔ေကာင္းသားပဲ"

"သုံးဖက္ျမင္႐ုပ္ရည္လည္းအရမ္းေကာင္းၿပီး ခ်စ္စရာလည္းေကာင္းတယ္"

အန္းရန္ကဘယ္တုန္းကမွ ကင္မရာ႐ိုက္ခ်က္အတြက္ တိုက္ခိုက္ေနရလိမ့္မယ္လို႔ မထင္ထားမိခဲ့ဘူး။ ရလဒ္ကေတာ့ အေရွ႕အေနာက္မိတ္ကပ္ျပင္တာမ်ားလြန္းေနတာေၾကာင့္ က်န္ရွင္းေဆြ႕ကိုကူညီေပးသလိုျဖစ္သြားခဲ့ေတာ့တယ္။ ၿပီးေတာ့အကုန္လုံးကလည္း သူ႔အတြက္ရင္နာမေပးၾကေတာ့ဘူး။ ေျပာင္းျပန္အေနနဲ႔ သူ႔ရဲ႕ဒီလိုပုံစံေၾကာင့္ ႏႈိင္းယွဥ္ခံထားရတဲ့ ပုံေတြေတာင္ထြက္လာလိုက္ေသးတယ္!

တျခားတစ္ဖက္ကေတာ့ လူအုပ္ႀကီးထဲကေန ကန္တင္းအထိေျပးထြက္လာတဲ့ က်န္ရွင္းေဆြ႕က ေျခေထာက္ေတြေတာင္ထုံေနၿပီလို႔ ခံစားေနရေတာ့တယ္။ ဒီတစ္ဘဝလုံး အဲ့ေလာက္ထိအလႈံ႕ေဆာ္မခံရဖူးဘူး။

ေဘးကဖုက်င္းေရွာင္းက သူ႔ကိုတစ္ခ်က္ၾကည့္လာတယ္ "ဒီေလာက္နဲ႔မရေတာ့ဘူးလား?"

"အင္?" က်န္ရွင္းေဆြ႕ေခါင္းေမာ့ၾကည့္လိုက္တယ္။ ႐ုပ္ရွင္ဧကရာဇ္အရွင္ကလည္း အတူတူေျပးခဲ့ရေပမဲ့ မ်က္ႏွာလည္းနီမေန ေမာလည္းေမာမေနတာကို ေတြ႕လိုက္ရတယ္။ စူးစမ္းစြာနဲ႔သူက "ေကာ ေကာကဘာလို႔သက္လုံအဲ့ေလာက္ေကာင္းေနရတာလဲဟင္?"

ဖုက်င္းေရွာင္းကမ်က္ခုံးပင့္လိုက္ၿပီး ညႇင္သာမေနပဲေျပာလိုက္တယ္ "မင္းေလ့က်င့္ခန္းလုပ္တာနည္းလြန္းေနလို႔ပါ"

က်န္ရွင္းေဆြ႕ကအသံတိုးတိုးနဲ႔ေျပာလာတယ္ "ကြၽန္ေတာ္ဒီအခ်ိန္အတြင္းမွာ ေလ့က်င့္တာမူးလဲေတာ့မတတ္ပဲဟာကို..."

"ေလ့က်င့္ခန္းလုပ္တာက ေရရွည္လုပ္ေနမွရတာ" ဖုက်င္းေရွာင္းက ကေလးရဲ႕ေတြးေခၚပုံမွားေနတာကို ေထာက္ျပေနတယ္။ ဒါေပမဲ့ေဝဖန္ေနတဲ့အသံမ်ိဳးလုံးဝမဟုတ္ဘူး။ ေပါ့ေပါ့ပါးပါးပဲ "ေရရွည္ေလ့က်င့္ၿပီးသန္မာတဲ့ ကိုယ္ခႏၶာရွိတာက အႏုပညာေလာကထဲမွာအလုပ္လုပ္ရင္ ႀကံ့ခိုင္ေနတာကမင္းရဲ႕ကိုယ္ပိုင္အရည္အခ်င္းတစ္ခုပဲ"

က်န္ရွင္းေဆြ႕ကစိတ္ထဲမွာေတာ့ 'ေကာကကြၽန္ေတာ့ကိုေျပာေနေသးတယ္ ေကာကိုယ္တိုင္က်ေတာ့ အလုပ္ေၾကာင့္လည္ေခ်ာင္းလည္း ပ်က္စီးဖူးၿပီးၿပီ အစာအိမ္ကလည္းမေကာင္းဘူး တစ္ကိုယ္လုံးကလည္း ဇာတ္ကား႐ိုက္ထားတာေတြေၾကာင့္ ဘယ္ေနရာမဆိုဒဏ္ရာေတြနဲ႔ခ်ည္းပဲ အဲ့တာေတာင္ကြၽန္ေတာ့ကို ခႏၶာကိုယ္ကိုဂ႐ုစိုက္ဖို႔ ေျပာေနေသးတယ္'

သူ႔စိတ္ထဲမွာအျပစ္တင္ေနတာေၾကာင့္ အျပင္ကအမူအရာကလည္း ထိန္းမႏိုင္ေအာင္ျဖစ္သြားရေတာ့တယ္။ ဖုက်င္းေရွာင္းကမ်က္လုံးေတြေမွးက်ဥ္းလိုက္ၿပီး ေျပာလာတယ္ "စိတ္ထဲမွာကိုယ့္ကို ဘာမေကာင္းတာေတြမ်ား ေျပာေနတာလဲ?"

က်န္ရွင္းေဆြ႕တစ္ကိုယ္လုံးေတာင့္တင္းသြားေတာ့တယ္!

သူဖုက်င္းေရွာင္းကိုလည္း မၾကည့္ရဲေတာ့ဘူး။ ဒီလူကစိတ္မ်ားဖတ္တတ္သလား?

ဖုက်င္းေရွာင္းကမ်က္ခုံးပင့္ၿပီး ေျပာလာတဲ့ေလသံထဲမွာ ၿခိမ္းေျခာက္မႈတစ္ခ်ိဳ႕ပါေနေလတယ္ "ယိုး ကိုယ္ေျပာတာမွန္သြားတာလား?"

က်န္ရွင္းေဆြ႕ကတုန္လႈပ္ေနေပမဲ့ ဖုက်င္းေရွာင္းရဲ႕နက္ေမွာင္တဲ့မ်က္ဝန္းေတြကို ၾကည့္လိုက္ဆဲျဖစ္တယ္။ ၿပီးေတာ့မွဖုက်င္းေရွာင္းက လိမ္ေျပာတဲ့သူေတြကိုမုန္းမွန္းသတိရသြားကာ လိမ္လိမ္မာမာနဲ႔ေျပာလာတယ္ "ကြၽန္ေတာ္မွားပါတယ္ ေနာက္ထပ္မလုပ္ရဲေတာ့ပါဘူး ကြၽန္ေတာ္ေသခ်ာေပါက္ေကာင္းေကာင္းေလ့က်င့္မွာပါ"

သူေၾကာက္ေနတဲ့ပုံေလးက ခ်စ္ဖို႔ေကာင္းလိုက္တာဆိုတာ ေျပာမေနနဲ႔ေတာ့။

ဖုက်င္းေရွာင္း ရယ္သံေတြမထိန္းခ်ဳပ္ထားႏိုင္ေတာ့ဘူး။ သူ႔စိတ္ထဲပဲ့တင္သံထပ္ေနၿပီ။ အရင္ကလို အၿပဳံးတုေတြနဲ႔ကြဲျပားစြာပဲ မ်က္စိေရွ႕ကကေလးကို စေနာက္ရယ္ေမာေနတာျဖစ္တယ္။

Liveထဲကပရိသတ္ေတြကလည္း ရယ္ေမာေနၾကေတာ့တယ္ :

"ဒီႏွစ္ေယာက္သားက ခ်စ္ဖို႔ေကာင္းလိုက္ၾကတာ"

"ခ်ိဳၿမိန္ေနတယ္လို႔ ဘယ္လိုလုပ္ခံစားမိေနပါလိမ့္www"

"ခ်န္ရွင္ေခ်ာင္နဲ႔အန္းရန္ရဲ႕cpအခ်ိန္တုန္းကေတာင္ ငါအဲ့လိုမခံစားခဲ့ရဘူး သူတို႔ႏွစ္ေယာက္စကားေျပာေနေတာ့က် ငါႏႈတ္ခမ္းေတြေျမာက္တက္ေနတာ ဆြဲခ်လိုက္ေတာင္မရေတာ့ဘူး"

"ဖုေကာက သူမ်ားကိုအႏိုင္က်င့္ရတာေတာ္ေတာ္ႀကိဳက္တာပဲေရာ"

..........

ေျပာေနတုန္းမွာပဲ ေၾကညာသံထြက္ေပၚလာတယ္ :

"အခ်ိန္ျပည့္ပါၿပီ ဒီတစ္ေခါက္ၿပိဳင္ပြဲၿပီးဆုံးပါၿပီ အနီအသင္းကစုစုေပါင္း၅၁မွတ္ရရွိၿပီး အျပာသင္းကစုစုေပါင္း၅၇မွတ္ရရွိသြားပါတယ္ ဒီၿပိဳင္ပြဲမွာအႏိုင္ရသြားသူက အျပာဘက္ကျဖစ္ပါတယ္ တံဆိပ္အမ်ားဆုံးရတဲ့အႏိုင္ရသူကို စတင္ေရတြက္ပါၿပီ အားလုံးေဟာထဲမွာစုေပးၾကပါ"

ေၾကညာသံၿပီးဆုံးသြားေတာ့ အျပင္ဘက္ကေနေပ်ာ္႐ႊင္ေအာ္ဟစ္ေနတဲ့အသံေတြၾကားေနရတယ္။ အျပာသင္းေတြေပ်ာ္လြန္းလို႔႐ူးေနၾကၿပီ။

က်န္ရွင္းေဆြ႕ေၾကညာသံကိုၾကားေတာ့ အရမ္းေပ်ာ္သြားေတာ့တယ္။ မ်က္ဝန္းေတြေတာက္ပေနကာ ေခါင္းေမာ့ၿပီးဖုက်င္းေရွာင္းကို ၿပဳံးျပလိုက္တယ္ "ကြၽန္ေတာ္တို႔ႏိုင္လိမ့္မယ္လို႔မထင္ထားဘူး"

"အင္း" ဖုက်င္းေရွာင္းကေခါင္းၿငိမ့္ျပတယ္။ ၿပီေတာ့တံဆိပ္ကိုဆြဲျဖဳတ္ကာ အသံနိမ့္နိမ့္နဲ႔ "ကိုယ္တို႔ႏိုင္ၿပီ"

က်န္ရွင္းေဆြ႕ရဲ႕လႈပ္ရွားမႈေတြ ရပ္တန္႔ကုန္ေတာ့တယ္။

ကိုယ္တို႔...

ဖုက်င္းေရွာင္းေျပာတာ ကိုယ္တို႔တဲ့။

လစ္စသတ္ေတာ့တစ္ေန႔ေလာက္ေတာ့ရွိတာပဲ။ ဒီေလာက္ေပ်ာ္ရတဲ့တစ္ေန႔ေတာ့ရွိတာပဲ။ သူကဖုက်င္းေရွာင္းအဲ့မွာကိုယ္တို႔။ သူမဟုတ္ဘူး။ မင္းလည္းမဟုတ္ဘူး။ ကိုယ္တို႔။

[T/N ဒီနားကိုနားလည္လားဟင္။ dreamေရးရင္းနဲ႔ရႈပ္သြားလို႔။ ဖုက်င္းေရွာင္းက'ကိုယ္တို႔'လို႔ သုံးၿပီးေျပာေတာ့ က်န္ရွင္းေဆြ႕က သူတို႔ႏွစ္ေယာက္ကအတူတူပဲဆိုေတာ့သေဘာ တစ္ေယာက္စီမဟုတ္ေတာ့ဘူးဆိုတဲ့ပုံမ်ိဳးေျပာခ်င္တာပါ။ ရွင္းေအာင္မေရးတတ္ေတာ့လို႔ပါ]

ဒါက႐ုပ္ရွင္ဧကရာဇ္အရွင္ ဒီတိုင္းေျပာလိုက္တဲ့စကားျဖစ္ႏိုင္ေပမဲ့ က်န္ရွင္းေဆြ႕နားထဲမွာေတာ့ ထူးထူးျခားျခားျဖစ္ေနတယ္။ သူကအခ်ိန္အေတာ္ၾကာ ေျခာက္ေသြ႕ေနခဲ့တဲ့ေရျမႇဳပ္တစ္ခုလိုျဖစ္ၿပီးေတာ့ မရႏိုင္တဲ့ေႏြးေထြးမႈေတြကို ဂ႐ုတစိုက္စုပ္ယူေနၿပီးေတာ့ ေသေသခ်ာခ်ာသိမ္းဆည္းလို႔ထားတယ္။

ဖုက်င္းေရွာင္းကတံဆိပ္ကို သူ႔ကိုေပးလိုက္ၿပီးေျပာလာတယ္ "ဘာေၾကာင္ေနတာလဲ တံဆိပ္ေတြကိုအေရွ႕မွာသြားအပ္လိုက္ေတာ့ေလ"

က်န္ရွင္းေဆြ႕က ျမန္ျမန္လက္ခံလိုက္ၿပီး အသံျပဳလိုက္တယ္ "ေကာင္းၿပီ"

ျပန္ေျဖၿပီးေတာ့မွ သတိထားမိသြားတာက အဲ့တာကတံဆိပ္ႏွစ္ခုဆိုတာပဲ။ ခဏေလာက္ေတြေဝၿပီးေတာ့မွ "ေကာ ကြၽန္ေတာ္ဒီတစ္ခုအပ္ရင္ရၿပီ ေကာရဲ႕တံဆိပ္ကိုလည္းအပ္ရမွာလား?"

ဖုက်င္းေရွာင္းက ေခါင္းၿငိမ့္ကာ "အမွတ္ထည့္တြက္လို႔ရတယ္"

တံဆိပ္ေပၚကအနက္ေရာင္စာလုံးေတြက ပုံမွန္အကၡရာျဖစ္ၿပီးေတာ့ စတုရန္းနဲ႔စက္ဝိုင္းမွာေရးထားတဲ့ 'ဖုက်င္းေရွာင္း' ဆိုတဲ့သုံးလုံးရွိေလတယ္။ က်န္ရွင္းေဆြ႕လက္ကို တင္းတင္းဆုပ္လိုက္မိၿပီး ခဏေလာက္တုံ႔ဆိုင္းသြားရတယ္။

ဖုက်င္းေရွာင္းတိုက္တြန္းလာတယ္ "ျမန္ျမန္သြား ေနာက္ထပ္ေနာက္က်ေနရင္ ကင္မရာမရွိေတာ့ပဲေနမယ္"

".....ေကာင္းပါၿပီ"

သူ႔ေျခလွမ္းေလးနဲ႔ အမွတ္တြက္တဲ့ေနရာကိုအေျပးသြားၿပီး တံဆိပ္ျပားေတြသြားပို႔လိုက္တယ္။ ဝန္ထမ္းေလးက တစ္ခ်က္ၾကည့္လိုက္ၿပီး "ဒီဟာမရဘူး ဖုေကာရဲ႕တံဆိပ္က မင္းကိုယ္တိုင္ျဖဳတ္တာမဟုတ္လို႔ အမွတ္ထဲထည့္တြက္လို႔မရဘူး"

က်န္ရွင္းေဆြ႕လည္း ဝမ္းနည္းသြားတာမ်ိဳးမရွိဘဲ "ကိစၥမရွိပါဘူး"

ဝန္ထမ္းေလးကတံဆိပ္ျပားကို ေဘးကပုံးထဲထည့္မလို႔လုပ္ေနတဲ့အခ်ိန္မွာပဲ က်န္ရွင္းေဆြ႕ကျမန္ျမန္ေျပာလာတယ္ "အိုင္းဟိုဟာေလ အမွတ္မတြက္ဘူးဆိုေတာ့ အဲ့ဒီတံဆိပ္ကြၽန္ေတာ္ကိုေပးလိုက္လို႔ရလား?"

ဝန္ထမ္းေလးကအံ့ၾသတဲ့ပုံနဲ႔သူ႔ကို ၾကည့္လိုက္တယ္။

"ကြၽန္ေတာ္ေျပာတဲ့အဓိပၸာယ္က....." က်န္ရွင္းေဆြ႕နည္းနည္းအားနာေနရၿပီး "ဘယ္လိုပဲျဖစ္ျဖစ္အမွတ္မတြက္ဘူးေလ"

ဝန္ထမ္းေလးကစိတ္ထဲမွာ ထူးဆန္းေနေပမဲ့ ဘာမွမေျပာလာပဲ "ရတယ္ေလ မင္းယူသြားလိုက္ပါ"

က်န္ရွင္းေဆြ႕ကတံဆိပ္ေလးကို ပုံးထဲကေနျမန္ျမန္ပဲ ျပန္ယူလိုက္တယ္။ ဒီတံဆိပ္ေလးကအေႏြးဓာတ္အနည္းငယ္ က်န္ရွိေနသလိုပဲ။ သူကရတနာေလးတစ္ခုလို သူ႔အိတ္ကပ္ထဲထည့္ထားလိုက္ေတာ့တယ္။

ဒီတစ္ေလာေပ်ာ္႐ႊင္ေနရတာ အိမ္မက္တစ္ခုလိုေတာင္ျဖစ္ေနၿပီ။ တစ္ေန႔မွာသူအိမ္မက္ကေနႏိုးလာမွာကို ေၾကာက္ေနရတယ္။ အဲ့အခ်ိန္က်ရင္ဘယ္လိုလုပ္ရမလဲ။ ဒီဘဝမွာကံေကာင္းတာဒီတစ္ေခါက္ပဲရွိေတာ့ေလာက္မွာ။ ဒါေပမဲ့လုံေလာက္ေနပါၿပီ။ အထုတ္ခံရၿပီး ဒီေနရာကထြက္သြားရရင္ေတာင္ ဒီပစၥည္းေလးရွိေနေတာ့ သူ႔အေၾကာင္းေတြးၿပီး အမွတ္ရေနလို႔ရတာေပါ့။ အဲ့တာဆိုလုံေလာက္ေနပါၿပီ။

..........

သူထြက္သြားေတာ့မဲ့အခ်ိန္မွာ ဝန္ထမ္းေလးကေအာ္ေျပာလိုက္ၿပီး သူ႔ကိုတားလိုက္တယ္။

က်န္ရွင္းေဆြ႕ကေျခလွမ္းေတြကို ရပ္တန္႔လိုက္တယ္။ ဝန္ထမ္းေလးက စာအိတ္တစ္ခုကိုယူၿပီး သူ႔ကိုေပးလာတယ္ "ေသခ်ာကိုင္ထား အရင္မဖြင့္လိုက္နဲ႔အုန္း"

ဒီ[StarLight]လို႔ေရးထားတဲ့ စာအိတ္ေလးသူ႔လက္ထဲေရာက္လာတဲ့အခါမွာ က်န္ရွင္းေဆြ႕လည္း စိတ္ထဲထင္တာေနတာေလးရွိတယ္။ ဒီအထဲကပစၥည္းက ဒီတစ္ေခါက္ၿပိဳင္ပြဲရဲ႕ ေနာက္ဆုံးနာမည္စာရင္း ျဖစ္ေနမွာစိုးရတယ္။

ထြက္လာၿပီးေတာ့ အျပင္ကေနတစ္ေယာက္ကလွမ္းေအာ္ေနတယ္ "က်န္ရွင္းေဆြ႕ လာခဲ့!"

ညေနခင္းေနေရာင္ေအာက္မွာ သူ႔အခန္းေဖာ္ေတြကတန္းစီရပ္ေနၾကတယ္။ ဦးေဆာင္လာတဲ့ရွန္ရွင္းခ်န္က သူ႔ကိုလက္ရမ္းျပေနတယ္။

ရွန္ရွင္းခ်န္ကစိတ္မရွည္စြာနဲ႔ "ဘာေတြအခ်ိန္ဆြဲေနတာလဲ! ျမန္ျမန္လာ!"

က်န္ရွင္းေဆြ႕ေျခလွမ္းေတြကိုစလိုက္ၿပီး ေျခလွမ္းက်ယ္က်ယ္နဲ႔သြားလိုက္တယ္။ ေနာက္နီးလာတဲ့အခါက်ေနတာ့ ဘာလို႔မွန္းမသိ ေျခလွမ္းေသးေလးေတြျဖစ္သြားကာ ေနာက္ဆုံးေတာ့အခန္းေဖာ္ေတြဆီ ေျပးသြားလိုက္ေတာ့တယ္။

"ဘာလို႔အဲ့ေလာက္ေႏွးေနရတာလဲ" ရွန္ရွင္းခ်န္ကေရ႐ြတ္ရင္း "မင္းဟိုမွာေပ်ာ္ေနၿပီး ျပန္မလာခ်င္ေတာ့လို႔လား?"

က်န္ရွင္းေဆြ႕ကေခါင္းခါၿပီး "မဟုတ္ပါဘူး"

ရွန္ရွင္းခ်န္က'ဟြန္႔'ခနဲလုပ္ကာ "အဲ့လိုမွေတာ္ေသးတယ္!"

ေဘးနားကဝမ္းရွန္းေကာကလည္း ၿပဳံးရယ္ကာေျပာလာတယ္ "ကြၽန္ေတာ္တို႔ဒီေန႔ ကံေကာင္းမႈေတြရွိေနတာပဲ မင္းကေသခ်ာေပါက္ ပထမရမွာ ေဟာ့ေပါ့စီစဥ္လို႔ရၿပီး ေဆြ႕ေဆြ႕နဲ႔တစ္ေဆာင္တည္းတူတူေနရတာ အရမ္းကံေကာင္းတာပဲ"

နင္ဇယ္လည္းေခါင္းၿငိမ့္ကာ "ကံေကာင္းတာပဲ"

က်န္ရွင္းေဆြ႕သူတို႔စကားေတြၾကားေတာ့ စိတ္ထဲေႏြးေထြးသြားရတယ္။ သူေခါင္းငုံ႔မိလိုက္ၿပီး အသံတိုးတိုးနဲ႔ "မင္းတို႔နဲ႔ခင္မင္ရတာကလည္း ငါ့အတြက္ကံေကာင္းတာပါပဲ"

ေဘးပတ္ဝန္းက်င္ကအသံေတြက ဆူညံလြန္းတာေၾကာင့္ အကုန္လုံးကရွင္းရွင္းလင္းလင္းမၾကားလိုက္ၾကဘူး။

ဒါေပမဲ့က်န္ရွင္းေဆြ႕ဂ႐ုမစိုက္ပါဘူး။ ဘာလို႔ဆို သူသေဘာေပါက္ၿပီးသား တကယ့္တကယ္အေရးႀကီးတဲ့ခံစားခ်က္က အသံက်ယ္နဲ႔သြားေျပာေျပေနဖို႔မလိုဘူး။ သူ႔စိတ္ေလးထဲမွာသိမ္းထားဖို႔ လုံေလာက္ေနပါၿပီ။

..........

ညစာ...

႐ိုက္ကူးေရးအဖြဲ႕လည္း အရမ္းႀကီး႐ိုးသားေနတာမဟုတ္ဘဲ ကန္တင္းထဲမွာဘူေဖးစီစဥ္ေပးတယ္။

ေနာက္ဆုံးအႏိုင္ရတဲ့အျပာသင္းကို အထူးဆုထပ္ေပးခဲ့တယ္။ တျခားအသင္းထပ္ဘူေဖးထဲမွာ ေဟာ့ေပါ့ထပ္တိုးလာတာျဖစ္တယ္။ ဒီတစ္ခဏမွာအနီသင္းကို ဆာေလာင္ေစေနေတာ့တယ္။

အနီသင္းရဲ႕ေခါင္းေဆာင္ထဲက တစ္ေယာက္ျဖစ္တဲ့ ရွန္ရွင္းခ်န္ကေတာ့ ပထမဆုံးအခ်ိန္ကတည္းက အျပာသင္းဘက္ေရာက္လာေတာ့တယ္။ က်န္ရွင္းေဆြ႕ေဘးမွာထိုင္ၿပီး အားမနာေနဘဲ စၿပီးစားေတာ့တယ္။ တျခားအနီသင္းသားေတြကလည္း သင္ယူၿပီးလာစားေသာက္ၾကတယ္။ အစကအျပာသင္းသားေတြကလည္း နည္းနည္းမစားခိုင္းတဲ့ပုံ ဟန္လုပ္ေနၾကေပမဲ့ ေနာက္ေတာ့တူတူစားေစေတာ့တယ္။ အားလုံးကတူတူထိုင္ၿပီး သိုက္သိုက္ဝန္းဝန္းနဲ႔ စားၾကေတာ့တယ္။

အရင္ကႏွစ္သင္းရဲ႕မေက်နပ္ခ်က္ေတြကလည္း ေျပေပ်ာက္သြားၾကၿပီ။

ေယာက္်ားေလးေတြက တစ္ခ်ိဳ႕အခ်ိန္ေတြမွာတကယ္ေကာင္းတယ္။ ဘာရန္ညႇိဳးမွရွိမေနဘူး။

ဒါေပမဲ့စားေနတဲ့အခ်ိန္တြင္းမွာ လူေတာ္ေတာ္မ်ားမ်ားကစိတ္ထဲေလးေနတုန္းပဲ။ အဲ့တာကေသခ်ာေပါက္ ကိုယ္အထုတ္ခံလိုက္ရမွာကို ေၾကာက္ေနမိတဲ့သူေတြေပါ့။

"ဘယ္အခ်ိန္က်မွစာအိတ္ဖြင့္ၾကည့္ႏိုင္မွာလဲ?"

"ငါစားလို႔ေတာင္မဝင္ေတာ့ဘူး....."

"တကယ္ထူးဆန္းလြန္းတယ္"

ဒါေပမဲ့ စားပဲစားေနၾကတဲ့ အုပ္စုလည္းရွိေသးတယ္။ စာအိတ္ကိစၥကို စိတ္ထဲထည့္မေနဘူး။

ရွန္ရွင္းခ်န္က ဝမ္းရွန္းေကာနဲ႔နင္ဇယ္တို႔ အနည္းငယ္စိုးရိမ္ေနတာျမင္ေတာ့ "ဘာလို႔႐ိုက္ကူးေရးအဖြဲ႕က ငါတို႔ကိုၾကည့္ၿပီးေတာ့မွ ထမင္းမစားခိုင္းတာလဲသိလား သူကအားလုံးအတူတူ မေက်နပ္ခ်က္ေတြ ကြဲကြာေနတာေတြ ျဖစ္မေနဘဲ အားလုံးေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ တူတူထမင္းေလးစားေစခ်င္တာ မင္းတို႔အဲ့ေလာက္ေတြးေနၿပီး ႐ိုက္ကူးေရးအဖြဲ႕ရဲ႕ေစတနာကို အလဟႆျဖစ္ေစလိုက္တာမဟုတ္ဘူးလား?"

ဒီလူကအတည္ႀကီးအမွားေထာက္ျပလာေတာ့လည္း ဟုတ္ေနတာပဲ။

ဝမ္းရွန္းေကာနဲ႔နင္ဇယ္ စဥ္းစားၾကည့္ေတာ့လည္း မွန္ေနတာပဲ။ ေနာက္ဆုံးထမင္းတစ္နပ္ေတာ့ ေကာင္းေကာင္းစားသင့္တယ္ေလ။ အဲ့တာေၾကာင့္ေခါင္းၿငိမ့္လိုက္တယ္။

အဲ့အခ်ိန္မွာပဲ မေဝးတဲ့ေနရာကေန တံခါးဖြင့္သံၾကားလိုက္ရတယ္။ နည္းျပေတြလာၾကတာျဖစ္တယ္။ နည္းျပေတြလာၿပီဆိုေတာ့ အားလုံးကစိတ္လႈပ္ရွားေနၾကတယ္။ တစ္ေယာက္ကအလ်င္အျမန္ပဲ "ေလာင္ရွီး လာၿပီးအတူတူစားရေအာင္ေလ"

ထူရာကပိုအဆင္ေျပၿပီး ေက်ာင္းသားေတြကလည္း သူမကိုသေဘာက်ၾကတယ္။ သူမကၿပဳံးျပလိုက္ၿပီး ေပ်ာ္ေနတဲ့အမူအရာေလးနဲ႔ "ဝါး ေမႊးလိုက္တာ"

"ေလာင္ရွီးတို႔စားၿပီးၾကၿပီလား?"

"ေလာင္ရွီး ဒီဘက္လာစားေလ"

ေက်ာင္းသားေတြအကုန္လုံးကေႏြးေထြးေနၾကတယ္။ စိတ္အားထက္သန္စြာနဲ႔ ႏႈတ္ဆက္ေနၾကတယ္။

ဖုက်င္းေရွာင္းက အက်ႌလဲၿပီးသြားေလၿပီ။ သူကေပါ့ေပါ့ပါးပါး အားကစားအက်ႌပဲဝတ္ထားခဲ့တယ္။ ပထမဆုံးအႀကိမ္ထြက္လာတုန္းကဝတ္တဲ့ အေနာက္တိုင္းဝတ္စုံကလြဲရင္ ေနာက္ပိုင္းမွာလူငယ္ေလးေတြရဲ႕ေက်ာ္ၾကားမႈမလုမိေအာင္ ႐ုပ္ရွင္ဧကရာဇ္ဝတ္တာေတြအကုန္လုံးက ဒီလိုမ်ိဳးေပါ့ေပါ့ပါးပါး အားကစားဝတ္စုံေတြခ်ည္းပဲျဖစ္တယ္။ ဒါေပမဲ့တျခားသူေတြဝတ္ရင္ ဆြဲေဆာင္ႏိုင္မႈကပုံမွန္ေလာက္ပဲဆိုေပမဲ့ သူဝတ္လိုက္ေတာ့ဆြဲေဆာင္မႈရွိေနေသးတယ္။

ေက်ာင္းသားေတြအကုန္လုံးက နည္းျပေတြကိုႏႈတ္ဆက္ေနၾကတယ္။

က်န္ရွင္းေဆြ႕လည္း အစကေတြေဝေနေသးတယ္။ ဒါေပမဲ့သူ႔မ်က္လုံးေထာင့္ကေန အန္းရန္ကထိုင္ခုံအလြတ္ကို သူ႔ေဘးေ႐ြ႕ေနတာျမင္လိုက္ရတယ္။ ၾကည့္ရတာဖုက်င္းေရွာင္းကႏႈတ္ဆက္ဖို႔ ျပင္ေနပုံပဲ။ အဲ့တာကိုျမင္လိုက္ေတာ့ ေစာနကေတြေဝမႈေတြက ဘယ္ေရာက္သြားမွန္းေတာင္မသိေတာ့ဘူး။ ဒီေန႔ၿပိဳင္ပြဲမွာတုန္းက ဖုက်င္းေရွာင္းေျပာဖူးတာကို သူ႐ုတ္တရက္စဥ္းစားမိသြားတယ္။ သည္းခံျခင္းနဲ႔ ေၾကာက္႐ြံ႕ျခင္းက ရန္သူကိုေနာက္ဆုတ္သြားေစမွာ မဟုတ္ဘူးတဲ့။ ႏွလုံးသားေအာက္ေျခကေန သူသတၱိေတြထြက္လာေတာ့တယ္။

ဖုက်င္းေရွာင္းကိုႏႈတ္ဆက္တဲ့သူေတြ အရမ္းမ်ားတယ္။

အန္းရန္ကလည္း လက္ကိုေျမႇာက္လိုက္ၿပီး "ဖုေကာ....."

အဲ့အခ်ိန္မွာပဲ မ်က္ႏွာခ်င္းဆိုင္ကလာတဲ့ ျပတ္ျပတ္သားသားအသံကိုၾကားလိုက္ရတယ္။ က်န္ရွင္းေဆြ႕ကသတၱိရွိရွိနဲ႔ ေခၚလိုက္တယ္ "ဖုေကာ ဒီမွာေနရာရွိတယ္"

တကယ္ေတာ့ဒီအသံကကန္တင္းထဲမွာ က်ယ္မေနဘဲ တျခားၿပိဳင္ပြဲဝင္ေတြရဲ႕အသံထက္တိုးေပမဲ့ အေစာကၿပဳံးရယ္ၿပီး တျခားေက်ာင္းသားေတြနဲ႔ ႏႈတ္ဆက္ဖို႔ျငင္းဆန္ေနတဲ့ ဖုက်င္းေရွာင္းက ေခါင္းလွည့္ၾကည့္လာတယ္။ သူေျခလွမ္းေတြလွမ္းလာၿပီး က်န္ရွင္းေဆြ႕ေဘးမွာထိုင္ခ်လိုက္တယ္။ ေတြေဝမႈအနည္းငယ္ေတာင္ရွိမေနဘူး။

က်န္ရွင္းေဆြ႕လည္းသူေျပာတာ ေအာင္ျမင္သြားလိမ့္မယ္လို႔ ထင္မထားမိခဲ့ဘူး။ သူကေဘးကသူကို ေၾကာင္ၿပီးၾကည့္ေနမိတယ္။

ဖုက်င္းေရွာင္းေရခ်ိဳးၿပီးသြားၿပီထင္တယ္။ သူ႔ကိုေပၚကေနအေမႊးနံ႔တစ္ခုရေနတယ္။ ဘယ္လိုလဲေတာ့ေျပာမျပတတ္ဘူး။ ဒါေပမဲ့ေရေမႊးေတြထက္ေတာင္ပိုေမႊးေသးတယ္။ ဒီလူလိုမ်ိဳးပဲ နက္ရႈိင္းၿပီးဆြဲေဆာင္မႈရွိတယ္။

ဖုက်င္းေရွာင္းက သူ႔ကိုတစ္ခ်က္ၾကည့္ၿပီး အသံနိမ့္နိမ့္နဲ႔ "ငါ့ကိုႏႈတ္ဆက္ၿပီး ထမင္းေခၚေကြၽးဖို႔ေတာ့ သတိရေသးတယ္ေပါ့ ေက်းဇူးမေမ့ေသးဘူးပဲ"

က်န္ရွင္းေဆြ႕ စိတ္နဲ႔ကိုယ္ျပန္ကပ္သြားၿပီး အလ်င္အျမန္ေျပာလိုက္တယ္ "မေမ့ပါဘူး"

သူမေမ့ဘူးဆိုတာျပသဖို႔ က်န္ရွင္းေဆြ႕ခ်ီးမြမ္းလိုက္ေသးတယ္။ သူကအသံတိုးတိုးနဲ႔ "ဒီေန႔ေကာေၾကာင့္ပဲ ဒီတစ္နပ္ကိုကြၽန္ေတာ္စားႏိုင္တာပါ"

"အဲ့တာကလြန္သြားပါၿပီ မင္းလည္းတျခားသူေတြရဲ႕တံဆိပ္ကိုျဖဳတ္ဖို႔ အားသုံးခဲ့ရတာပဲေလ" ဖုက်င္းေရွာင္းကသူ႔ကို "ကိုယ္တို႔ကရဲေဘာ္ရဲဘက္ေတြပဲ ရဲေဘာ္ေရွာင္က်န္"

ဒီစကားကကေလးေလးေတြကို စဖို႔ဒီတိုင္းေျပာလိုက္တာေပမဲ့ နားေထာင္ရတာေတာ့ ေတာ္ေတာ္ရင္းႏွီးတဲ့ခံစားခ်က္မ်ိဳးရေလတယ္။

က်န္ရွင္းေဆြ႕နားထဲမွာအဲ့စကားေလးက တဝဲလည္လည္ျဖစ္ေနေတာ့တယ္။ သူ႔စိတ္လႈပ္ရွားမႈေတြကိုဖုံးကြယ္ဖို႔ ႐ုပ္ရွင္ဧကရာဇ္အရွင္ကို အခ်ဥ္ကူစပ္ေပးလိုက္တယ္။ သူကအခ်ဥ္စပ္တာေကာင္းတယ္။ ရွန္ရွင္းခ်န္တစ္ခါျမည္းၾကည့္ၿပီးေတာ့ တဝူးဝူးနဲ႔ျဖစ္ေနခဲ့တာေၾကာင့္ တျခားစားပြဲကလူေတြေတာင္ သူ႔ကိုကူၿပီးစပ္ေပးဖို႔ေျပာခဲ့ၾကတာ။ အဲ့တာေၾကာင့္ က်န္ရွင္းေဆြ႕က ဖုက်င္းေရွာင္းကိုလည္းကူၿပီးစပ္ေပးျဖစ္တာ။ ၿပီးေတာ့ဘာမွားတယ္လို႔မွလဲ မခံစားရေလဘူး။

တစ္ပန္းကန္စပ္ၿပီးသြားေတာ့ က်န္ရွင္းေဆြ႕ကဖုက်င္းေရွာင္းကို ကမ္းေပးလိုက္တယ္ "ေကာကိုေပးတာ"

ရွန္ရွင္းခ်န္ကသူ႔ကိုၾကည့္လာၿပီး ေျပာလာတယ္ "မင္းဘာလို႔နံနံပင္မထည့္တာလဲ အဲ့တာကစားလို႔ေကာင္းတာကို"

က်န္ရွင္းေဆြ႕ကအျပစ္ရွိစိတ္နဲ႔ ပန္းကန္ကိုကိုင္ထားလိုက္တယ္။ စိတ္ကလည္းေျပာင္းဆန္ေနကာ အမွတ္တမဲ့ေျပာလိုက္တယ္ "အာ ကြၽန္ေတာ္ေမ့သြားတာ"

ဖုက်င္းေရွာင္းကပန္းကန္ကိုယူလိုက္ၿပီး မ်က္ခြံလွန္ၿပီး ေဘးကသူကိုၾကည့္လိုက္တယ္။ နက္ေမွာင္တဲ့မ်က္ဝန္းေတြက စိတ္ကိုထြင္းေဖာက္ျမင္ႏိုင္ေနသလိုမ်ိဳးပဲ။ ေနာက္ဆုံးပန္းကန္ကိုခ်လိုက္ၿပီး ေျပာလာတယ္ "ကိစၥမရွိပါဘူး ကိုယ္ကနံနံမစားတာနဲ႔အေတာ္ပါပဲ"

က်န္ရွင္းေဆြ႕ကအဲ့ေတာ့မွ ၿပဳံးရယ္ကာ "အင္း အဲ့တာကိုေကာင္းၿပီ ကြၽန္ေတာ္မထည့္လိုက္လို႔ေတာ္ေသးတယ္"

သ႐ုပ္ေဆာင္တကယ္မေကာင္းတာပဲ။

ဖုက်င္းေရွာင္းစိတ္ထဲကေန မွတ္ခ်က္ေပးေနမိတယ္။

ထမင္းစားတာၿပီးသြားေတာ့ ေက်ာင္းသားတစ္ခ်ိဳ႕က သူတို႔ထြက္သြားေတာ့မယ္လို႔ ထင္ေနၾကတယ္။ ေနာက္ဆုံးစားၿပီးသြားေတာ့ အားလုံးကဝမ္းနည္းေနၾကေတာ့တယ္။ စားေသာက္ၿပီးသြားၾကေတာ့ ကင္မရာ႐ိုက္ခ်က္ေတြကို ေရွာင္တာေတြနဲ႔အကြာအေဝးထားတာေတြလည္းေလ်ာ့ကုန္ၾကေတာ့တယ္။ ၿပီးေတာ့တစ္ေယာက္ဆိုနည္းျပဆီေတာင္ ေရာက္ကုန္ၾကတယ္။ သူကထူရာဆီေရာက္သြားၿပီး ၿပဳံးကာေျပာတယ္ "ထူရာက်ဲ တကယ္လို႔ကြၽန္ေတာ့အထုတ္ခံလိုက္ရရင္ က်ဲလက္မွတ္ေလးမ်ားရႏိုင္မလား?"

ထူရာကအမူအက်င့္အရမ္းေကာင္းတာေၾကာင့္ "ေသခ်ာေပါက္ရတာေပါ့"

တစ္ခ်ိဳ႕နည္းျပေတြနဲ႔ ဆက္ဆံေရးေကာင္းတဲ့တစ္ခ်ိဳ႕ေတြကလည္း သတၱိသုံးၿပီးေျပာလာတယ္ "ထူရာက်ဲ Wechatအပ္လို႔ရမလား?"

ထူရာကၿပဳံးၿပီး "ကိစၥမရွိဘူး"

တစ္ေယာက္ကစလိုက္တာနဲ႔ တျခားသူေတြကလည္းသတၱိထုတ္သုံးလာၾကေတာ့တယ္။ ေတာ္ေတာ္မ်ားမ်ားက ဖုက်င္းေရွာင္းကိုၾကည့္ေနၾကတယ္။ တကယ္လို႔႐ုပ္ရွင္ဧကရာဇ္ကိုသာ wechatအပ္ႏိုင္ရင္ ဒီတစ္ေခါက္လာရတာ အလကားျဖစ္ေတာ့မွာမဟုတ္ဘူး။ ျပန္သြားရရင္ေတာင္ သူငယ္ခ်င္းေတြနဲ႔မိသားစုေရွ႕မွာ ႂကြားလို႔ရႏိုင္တယ္။

ဒါေပမဲ့ဖုက်င္းေရွာင္းရဲ႕ေဒါသေၾကာင့္ ဘယ္သူကမွေရွ႕ထြက္လာၿပီး မေမးရဲၾကဘူး။

အားလုံးရဲ႕ေမွ်ာ္လင့္ေနတဲ့မ်က္လုံးေတြေအာက္မွာ ဖုက်င္းေရွာင္းကတူကိုခ်လိုက္ၿပီး သက္ျပင္းရႈိက္ကာ ေခါင္းေမာ့ေျပာလိုက္တယ္ "အပ္လို႔ရတယ္"

ဘယ္သူမွစကားမေျပာရဲၾကေပမဲ့ ႐ုပ္ရွင္ဧကရာဇ္စကားေၾကာင့္ ေတာ္ေတာ္မ်ားမ်ားကေပ်ာ္႐ႊင္သံေတြထြက္လာေတာ့တယ္။ ဒီကဖုန္းယူလို႔မရတာေၾကာင့္ သူတို႔ကစာအုပ္ေလးယူလာၾကၿပီး မွတ္ထားလိုက္ၾကတယ္။ လူတစ္ခုကဝန္းရံေနၾကေတာ့တယ္။ အသက္ဝင္စြာပဲ ဆက္သြယ္ဖို႔လိပ္စာကို ခ်မွတ္ေနၾကေတာ့တယ္။

က်န္ရွင္းေဆြ႕လည္းအပ္ခ်င္ေပမဲ့ ေရွ႕တိုးလို႔မရဘူးျဖစ္ေနတယ္။

သူကအဲ့ဒီ့အပ္ေနၾကတဲ့သူေတြကိုအားလည္းက် စိတ္လည္းေလာေနမိေပမဲ့ ေဘးမွာပဲမ်က္လုံးနဲ႔ၾကည့္ေနရတယ္။ အရင္အေခါက္ေတြတုန္းကလိုပဲေပါ့။ အဲ့လူအုပ္ႀကီးရဲ႕အလယ္က အလင္းေတြေတာက္ပေနတဲ့သူကို အေဝးကေနပဲေငးၾကည့္ေနႏိုင္မွာ။ သူကဇာတ္လိုက္ေလ။ ေမြးကတည္းက ထြန္းလင္းေတာက္ပေနတဲ့သူေပါ့။ သူကေတာ့သာမာန္လူေလးပဲ။ ေမြးကတည္းကအေျမႇာက္စာခံေလး။ ဒီလိုမ်ိဳးတစ္ခ်ိန္မွာမျဖစ္ခဲ့ဖူးဘူး။ က်န္ရွင္းေဆြ႕သူ႔ရဲ႕ သာမာန္ျဖစ္လြန္းေနမႈကို မုန္းတယ္။ သူ႔ရဲ႕လုံေလာက္ေအာင္မေတာ္တာကို မုန္းတယ္။ သူကအေျမႇာက္စာခံေလးျဖစ္ေနတာကို မုန္းတယ္။

တကယ္လို႔သူသာလုံေလာက္ေအာင္ေကာင္းရင္ သူသာလုံေလာက္ေအာင္ယုံၾကည္မႈရွိရင္ သူလည္းအေရွ႕တက္ၿပီးwechatေတာင္းႏိုင္ၿပီ.....

က်န္ရွင္းေဆြ႕ရဲ႕လက္ေတြက မသိလိုက္ပါသာတင္းက်ပ္သြားေတာ့တယ္။ စိတ္ထဲမွာစစ္ျဖစ္ေနတဲ့အခ်ိန္ ေဘးကေနအသံထြက္လာတယ္ "မင္းဒီမွာဘာေၾကာင္ေနတာလဲ?"

သူစိတ္နဲ႔လူျပန္ကပ္သြားရၿပီး ရွန္ရွင္းခ်န္ရဲ႕မ်က္ႏွာကိုျမင္လိုက္ရတယ္။

ရွန္ရွင္းခ်န္ကသူ႔ေျခေထာက္ကို ဖြဖြကန္လိုက္ၿပီး "လိုခ်င္ရင္သြားေလ!"

သူအကန္ခံလိုက္ရၿပီး ျပန္ရပ္ကာ ထစ္အအနဲ႔ေျပာလာတယ္ "မဟုတ္ ကြၽန္ေတာ္...."

"ကြၽန္ေတာ္ ကြၽန္ေတာ္ ကြၽန္ေတာ္ မင္းကrepeatလုပ္တဲ့စက္လား" ရွန္ရွင္းခ်န္ကႏွာတစ္ခ်က္မႈတ္လိုက္တယ္။ သူ႔ကိုျဖည္းျဖည္းတြန္းကာ "မင္းအမူအရာကို ဒီသခင္ေလးကမျမင္ႏိုင္ဘူးထင္လို႔လား ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိစမ္းပါ ျမန္ျမန္သြား!"

က်န္ရွင္းေဆြ႕အတြန္းတစ္ခ်က္က ေရွ႕ကိုေျခလွမ္းေတာ္ေတာ္မ်ားမ်ားေရာက္သြားေလတယ္။ ေၾကာင္ေတာင္ေတာင္နဲ႔ လူအုပ္ႀကီးေဘးမွာရပ္ေနေလတယ္။ သူႏွလုံးကထြက္လာေတာ့မတတ္ခုန္ေနေတာ့တယ္။ စကားေတြေတာင္ေပ်ာက္ဆုံးရတဲ့အထိ စိတ္လႈပ္ရွားေနမိေတာ့တယ္။

ၿပီးေတာ့ဒီအခ်ိန္မွာ လူအုပ္ထဲကဖုက်င္းေရွာင္းက သူ႔ကိုသတိထားမိသြားတဲ့အတိုင္း ၾကည့္လာတယ္။

က်န္ရွင္းေဆြ႕ပါးစပ္ဖြင့္ဟလိုက္ၿပီး လႈပ္ရွားဖို႔ေတာင္ေမ့ေနတယ္။ မူလေနရာမွာပဲေၾကာင္ၿပီးရပ္ေနမိတယ္။

ဖုက်င္းေရွာင္းတစ္ခ်က္ၾကည့္လိုက္ၿပီး မ်က္လုံးေအာက္ေျခမွာ ရယ္ခ်င္ေနတာကို ဖုံးအုပ္ထားတယ္။ သူကလူအုပ္ကိုျဖတ္သြားၿပီး က်န္ရွင္းေဆြ႕ေရွ႕မွာရပ္လိုက္တယ္။ အသံနိမ့္နိမ့္ကအေယာင္ေဆာင္ေနသလိုမ်ိဳး "ကိုယ့္ကိုရွာေနတာလား?"

က်န္ရွင္းေဆြ႕စိတ္လႈပ္ရွားေနေပမဲ့ ေခါင္းၿငိမ့္ျပလိုက္ဆဲျဖစ္ကာ ဒီဘဝလုံးရဲ႕သတၱိေတြကိုစုၿပီး ပါးစပ္ဖြင့္ဟလိုက္တယ္ "ကြၽန္ေတာ္ ကြၽန္ေတာ္ေမးခ်င္တာ....."

"အင္း ကိုယ္လည္းမင္းကိုေမးခ်င္ေနတာ" ဖုက်င္းေရွာင္းရဲ႕အသံက ျဖည္းညႇင္းစြာထြက္ေပၚလာတယ္။ အရမ္းယဥ္ေက်းေနၿပီး ေမးလာတယ္ "မင္းနဲ႔wechatအပ္လို႔ရမလား ရဲေဘာ္ေရွာင္က်န္"

____________________
Word – 8333
Oct 11th, 2022 (Tue)
Xiao Dream

အားးးးးး ဖုေကာ!!!!!!!!!!

ေနာက္က်မယ္ဆိုၿပီး ေနာက္တစ္ေန႔ကူးသြားတယ္။ ဟီးဟီး မေန႔ကျပန္ေနရင္းအိပ္ေပ်ာ္သြားလို႔ပါ။ ေခြးလႊတ္ၾကပါဗ်ိဳ႕။ အဲ့တာနဲ႔ဒီေန႔ႏိုးေတာ့ ေရးတာေလးလတ္စသတ္ၿပီးတင္ေပးလိုက္ရပါတယ္။ ဒီအပိုင္းလည္းရွည္တယ္။ ေနာက္ပိုင္းဟာေတြက ဒီေလာက္ေလာက္အရွည္ေတြခ်ည္း ျဖစ္ေတာ့မယ္ထင္တယ္ဗ်ိဳ႕။ ေကာင္းေကာင္းဖတ္ၾကပါ။ ၿပီးမွေကာမန္႔ေတြrpျပန္ပါမယ္ေနာ္။ ဘိုင့္ဘိုင္။

Continue Reading

You'll Also Like

14.4K 1.5K 18
→_→Mingukkie Short Story←_←
283K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
138K 16.6K 76
ယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေး...
1.3M 95.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.